အပိုင်း ၂၉ unicode

208 26 6
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၉

"မင်းတို့နှစ်ယောက်က ဝမ်းဆက်ပါလား။တယောက်က လက်၊ တယောက်က ခြေထောက်။"

"အာ..အဖြစ်ကတော့ကွာ...မပြောချင်ပါဘူး။ငါတို့က ကားကို သွားတိုးမိတာကွ။"

ကျောင်းရောက်တော့ ပတ်တီး ကိုယ်စီနှင့် ဖြစ်နေသည့် အာနီနှင့်သူ့ကို သူငယ်ချင်းတွေက ဝိုင်းဝန်းပြောလေသည်။ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရလေသည်။

"မင်းတို့နှစ်ယောက်ကလည်း ဖြစ်ရမယ်။ကားပိုင်ရှင်က သဘောကောင်းလို့ပေါ့။သူတို့အမှားလည်း မဟုတ်ဘဲနဲ့ ဆေးကုပေးတယ် ဆိုကတည်းက အင်း...အဲ့လူတွေ မဆိုးဘူး။"

သူငယ်ချင်းတွေကတော့ လူငယ်တွေ ထုံးစံ တယောက်တပေါက် ဝေဖန်ပြောဆိုနေကြလေသည်။သူတို့သူငယ်ချင်း အုပ်စုတွေဟာ ကျောင်းမတက်ခင်အချိန်လေး ရသလောက်လေးကို ကန်တင်းမှာ ထိုင်ပြီး စကားစမြည် ပြောဆိုတတ်ကြလေသည်။တယောက်အကြောင်း တယောက် သိနေကြသူတွေကြောင့် ဖြစ်ကြောင်းကုန်စင်တွေကို ရင်ဖွင့်ကြလေသည်။ရယ်ကာမောကာ ပြောဆိုကြရင်းဖြင့် အတန်းတက်ချိန် ရောက်တော့ အတန်းတက်ကြသည်။

"အာနီ အဲ့ဒါ မင်းကောင်မလေးအိမ် သွားလို့ ဖြစ်ကြတာ မဟုတ်လား။"

"အာ...မင်းကလဲ။ငါ့ကောင်မလေး မဟုတ်သေးပါဘူးကွာ။"

"မင်း ကောင်မလေး အခု မဟုတ်ရင်တောင် နောင်ဖြစ်ချင်တာ မဟုတ်လား။"

"အာ...အေး ဟုတ်တယ်။သူက နောင်အနာဂတ်မှာ ငါ့ရဲ့ ကောင်မလေးပဲ။"

"ငါက မင်းကို နိမိတ်ဖတ်ပေးလိုက်တာ မင်းကျေနပ်တော့။"

"အာ..ကျေနပ်တယ်ကွာ။ကျေးဇူးတင်တယ် သူငယ်ချင်း။ငါနဲ့ နှင်းနဲ့ ချစ်သူဖြစ်ရင် မင်းတို့ကို တဝိုင်းကျွေးမယ်။"

"စားရချည်ပေါ့ကွာ။"

ကန်တင်းထိုင်ပြီး တယောက်တပေါက် စကားတွေ ပြောဆိုပြီးကြတော့ ကျောင်းတက်ချိန် ရောက်သွားသောကြောင့် အတန်းဆီသို့ အပြေးသွားကြသည်။သူကတော့ ခြေထောက် ထိထားသည့်အတွက် သူငယ်ချင်းတွေလိုတော့ ပြေးလွှားမသွားနိုင်။ခပ်ဖြေးဖြေးသာ လျှောက်ရလေသည်။ကိုကြီး က ကျောင်းနားဖို့ ပြောပေမယ့် အတန်းမတက်လျှင် စာနောက်ကျမည် စိုး၍ ကျောင်းသို့ ရောက်လာခြင်း ဖြစ်သည်။ဘယ်လိုကိစ္စတွေပဲ ရှိပါစေ။ကျောင်းစာကိုတော့ အပြတ်မခံနိုင်ပေ။သူ့ကျောင်းစရိတ်က နည်းသည့် ပိုက်ဆံ မဟုတ်။ကျူရှင်လည်း ယူသေးသောကြောင့် ပိုက်ဆံက ပိုကုန်လေသည်။ကိုကြီး ကလည်း ဆေးကျောင်းတက်နေသူ။ငယ်လေး ကလည်း ဆယ်တန်း ဆိုတော့ သူ့တို့အိမ်မှာ စားစရိတ်ထက် ကျောင်းစရိတ်က ပိုကုန်လေသည်။သူတို့ကို ဒီအချိန်ထိ မငြိုမငြင်ဘဲ ပိုက်ဆံရှာပြီး ကျောင်းထားပေးသော ကိုကြီးကို သနားသည်။ဒါ့ကြောင့် စနေ၊တနင်္ဂနွေ ဆိုရင် အာနီ့ အိမ်သွားပြီး အာနီ အိမ်နားမှ ကလေးတွေကို စာပြပေးသည်။စာပြပေးခ ပိုက်ဆံရလေသည်။သူ စာသင်ပြီး ပိုက်ဆံရှာနေသည်ကိုတော့ ကိုကြီး မသိပေ။ကိုကြီး ကိုလည်း ပြောလို့မဖြစ်ပေ။ကိုကြီးက သူတို့ကို ကျောင်းစာဘဲ အဓိက ထားပြီး ကြိုးစားစေချင်သည်။သူ ငွေရှာလို့ ပင်ပန်းရင် ပင်ပန်းပစေ။သူတို့ကိုတော့ ငွေရှာခိုင်းမည် မဟုတ်။ဘွဲ့မရသေးဘဲ ငွေရှာတာ သိရင် ကိုကြီး သူ့ကို ဆူလိမ့်မည်။ဒါ့ကြောင့် ကိုကြီး မသိအောင် ဝင်ငွေရအောင် ရှာသည်။ပိုက်ဆံကို စုထားသည်။ကိုကြီး လိုအပ်တဲ့ အခါ သူပေးဖို့လည်း စိတ်ကူးထားလေသည်။ကိုကြီး မုန့်ဖိုးပေးသော ပိုက်ဆံဆိုလျှင်လည်း အကုန် သူ မသုံး။အိမ်က ထမင်းချိုင့် ယူသွားသောကြောင့် သူ့မှာ အပြင်စာ ဝယ်စားဖို့အတွက် သိပ်မလိုအပ်ပေ။သူငယ်ချင်းတွေနှင့် ကန်တင်း ထိုင်ရင်လည်း ဘာမှမစားတာ များသည်။ရံဖန်ရံခါ အအေးတခွက်လောက်ပဲ သောက်တာလောက်ပင် ရှိသည်။သူငယ်ချင်းတွေက ရုပ်ရှင်ကြည့်ဖို့ ခေါ်ရင်လည်း သူ မလိုက်။ငြင်းလေသည်။အပျော်အပါး အတွက် ဆိုလျှင် ဘာကိုမှ ပိုက်ဆံ အကုန်မခံ။သူ့ သူငယ်ချင်းတွေ အကုန်လုံးကလည်း သူ့အကြောင်းကို သိလေသည်။

"ခိုင်မာနှောင်ကြိုး"Hikayelerin yaşadığı yer. Şimdi keşfedin