အပိုင်း ၂၃ unicode

225 21 13
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၃

ဧပရယ့်ကို သူ အိမ်မှာ နေချိန်၊ အတူရှိနေချိန်ဆိုရင် အကဲခတ် ကြည့်ခဲ့သည်။သူ့ညီလို့ ပြောပေမယ့် ဧပရယ့် စိတ်ကို တခါတလေ ခန့်မှန်းရခက်လေသည်။အခုလို လူပျိုဖြစ်စ အရွယ်လေး ဆိုတော့ ပိုပြီး ခန့်မှန်းရခက်လေသည်။စကားလည်း နည်းလာသည်။ကလေးစိတ်မကုန်သေးတော့ လမ်းထွက်ဆော့တာတော့ ရှိပေမယ့် အိမ်မှာ နေချိန်ဆိုရင်တော့ တယောက်တည်း စာဖတ်တာမျိုးသာ ရှိလာသည်။စာဖတ်တာကိုတော့ သူလည်း အားပေးပါသည်။

ဧပရယ်နှင့် စကားပြောချိန်မှာတော့ အကိုက အလိုက်သိစွာပင် ငယ်လေးကိုခေါ်ကာ ကိုသားတို့ အိမ်ကို ထွက်သွားလေသည်။သူလည်း ဧပရယ်နှင့် နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် စကားပြော ဖြစ်ပါသည်။

"ကိုဧည့်သည်က ပြောတယ်။ဧပရယ် အဆင့်ကျသွားတယ်တဲ့။"

"ဟုတ်ကဲ့။ဒီအပတ်စာမေးပွဲမှာ သားအဆင့်ကျသွားပါတယ်။နောင်မဖြစ်စေရပါဘူး။"

"အဆင့်ကျသွားလို့ ကိုကြီး အပြစ်ပြောနေတာ မဟုတ်ဘူးနော်။ဧပရယ် စာတော်တာကိုလည်း ကိုကြီး သိပြီးသား။ကိုကြီး သိချင်တာက ဧပရယ်မှာ ဘာများလိုအပ်ချက် ရှိနေသလဲ။ကိုကြီး ဆိုလိုတာက ဧပရယ့် လိုအပ်ချက်တွေကို ကိုကြီး ဘာများဖြည့်ဆည်းပေးရမလဲ။"

"ဘာမှမလိုပါဘူး ကိုကြီး။"

"မုန့်ဖိုးကော ကိုကြီး ထပ်တိုးပေးရဦးမလား။ဘယ်လောက်လိုချင်လဲ။"

"ဟို...မုန့်ဖိုး ထပ်မလိုပါဘူး ကိုကြီး။ကိုကြီး ပေးတဲ့ မုန့်ဖိုးတွေကိုလည်း သား စုထားပါတယ်။"

"အခုတလော မှိုင်နေတာကကော ဘာလို့များလဲ ဧပရယ်။ကိုကြီး သိလို့ရမလား။"

"သား မှိုင်နေတယ်လို့ ဘယ်သူပြောလဲ ကိုကြီး။"

"ကိုကြီး လည်း သတိထားမိတာ ရှိလို့ပါ။ကိုကြီး က အလုပ်လုပ်နေပေမယ့် ညီလေးတွေကို ပစ်ထားမယ်လို့ ထင်နေတာလား။"

အကို ပြောသည် ဆိုတာကိုတော့ သူ မပြောတော့။အကိုနှင့်ညီ ကြားမှာ အဖုအထစ် မဖြစ်စေချင်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now