အပိုင်း ၂၅ unicode

176 22 6
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၂၅

ကျောင်းစတက်ပြီ ဆိုတာနှင့် ကျူရှင်တက်ဖို့ အတွက် တိုင်ပင်ကြ၊ဆွေးနွေးကြတာ အစဉ်အလာ တခုပင် ဖြစ်သည်။ဟိုဆရာနဲ့မတက်ချင်၊ ဒီဆရာနဲ့ မတက်ချင် ဆိုပြီး တယောက်တပေါက်နှင့် ရန်ဖြစ်ကြတာကလည်း ထုံးစံလိုပင်။

"ငါကတော့ ဒီနှစ် အိမ်မှာ ခေါ်သင်မယ်။နင်တို့ လိုက်တက်မလား။"

"အိမ်မှာ ခေါ်သင်ရအောင် ဘယ်ဆရာက နင့်အိမ်လိုက်သင်မှာလဲ။ဆရာတွေက အားကြတယ် မဟုတ်လား။ဆရာရယ်...သမီး အိမ်လိုက်သင်ပေးပါလား သွားပြောရင် ထိပ်ခေါက်လိုက်လို့ နင့်ဆံပင်မွှေး တပင်မှ မရှိဖြစ်သွားမယ်။"

"ဆရာ မအားမှန်းတော့ ငါလည်း သိတာပေါ့။ငါဖြစ်ချင်တာ ငါပြောတာပဲလေ။"

နွေးနွေးမြင့်အောင် နှင့် နေလင်းထက်သူ တို့ကတော့ ထုံးစံအတိုင်း စကားနိုင်လုနေဆဲပါ။

"ဟဲ့..ဟဲ့..Roll 1 တို့ အုပ်စုကတော့ Guide တောင် ဌားပြီးနေပြီ။"

"နင် ဘယ်ကနေ သတင်းကြားလာတာလဲ။"

ဒီစကားတွေကိုတော့ အိမ်သစ်မေ က ပြောခြင်း ဖြစ်သည်။အိမ်သစ်မေ သည် ပထမနှစ် ကတည်းက တွဲလာသူများထဲက တယောက်ဖြစ်သည်။ကျောင်းမှာတော့ တွေ့ဖြစ်ကြသည်။

"သူတို့က Roll 1 ,2,3 တွေကိုး ကြိုးစားအားထုတ်မှု ငါတို့ထက် ပိုမှာပေါ့။အဲ့လောက်ထိ စိတ်အပင်ပန်း မခံပါနဲ့ သူငယ်ချင်းရာ။တက္ကသိုလ်ရဲ့ အရသာကို အေးဆေးလေး ခံစားရင်း စာမေးပွဲ အောင်,အောင် လုပ်ကြတာပေါ့။"

"အေးဆေးတွေ သိပ်လုပ်မနေနဲ့။supply မထိဘဲ လွတ်လွတ်ကျွတ်ကျွတ် အောင်ဖို့ကလည်း အရေးကြီးသေးတယ်။"

"အဲ့စကားကို ငါတို့က နင့်ကို ပြောရမှာပါ။"

မိန်းကလေးနှစ်ယောက် စကားပြောနေသည့် ကြားထဲသို့ စကားလာပြောသူကို နွေးနွေးမြင့်အောင် တို့က နှိပ်ကွက်ပါတော့သည်။စကားဝိုင်းထဲ ဝင်လာသူကတော့ သူ၏ ငယ်ကျိုးငယ်နာ ဖော်မည်စိုး၍ ငြိမ်ကုတ်သွားသည်။ခဏပါပဲ။

"ဒီနှစ်တော့ ဒီလိုလုပ်ကြမလား။ကိုယ်မလိုက်တဲ့ ဘာသာကို ကျူရှင်သီးသန့်တက်ပြီး နည်းနည်းလိုက်နိုင်တဲ့ ဘာသာကိုတော့ စီနီယာတယောက်ကိုပဲ အကူအညီတောင်းပြီး သင်ခိုင်းလိုက်မယ်ဟာ။ငါတို့တွေက စာအရမ်းညံ့တယ် သူမှ မဟုတ်တာလေ။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now