နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [65.2]

924 132 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၅/၂)

အချစ်ရေးကိစ္စ ဖွင့်ချလိုက်ပြီးနောက် ရုပ်ရှင်အဖွဲ့သားများ၏ နဉ်ရှီအပေါ် ပြုမူဆက်ဆံပုံက အပြောင်းလဲကြီး ပြောင်းလဲသွားသော်လည်း နဉ်ရှီသည် အလုပ်ကိုသာ အာရုံစိုက်ထားဆဲ။ ငိုရမည်ဆိုလျှင် ငိုပေးလိုက်သည်။ ချော်လဲရမည့် နေရာရောက်လျှင် ချော်လဲပေးလိုက်သည်။ ယခင်လို ပရော်ဖက်ရှင်နယ်ဆန်ဆန် သရုပ်ဆောင်နေဆဲပင်။ ထိုအပြုအမူလေးကြောင့် သူမကို ကြည့်မရဖြစ်နေခဲ့သော တချို့လူများပင် အမြင်သစ်ဖြင့် ရှုမြင်လာကြတော့သည်။

မနက်ခင်းပိုင်းရိုက်ကွင်းက ရှောရှောရှူရှူ ပြီးဆုံးသွားခဲ့လေ၏။ ညနေပိုင်းတွင် နဉ်ရှီအတွက် ရိုက်ကွက်နှစ်ခုသာ ရှိသဖြင့် အားလပ်ချိန်ရနေသည်။ ထိုအချိန်တွင် ‘ချန်း*ချီယန်’ ဟု သူ့ကိုယ်သူ မိတ်ဆက်လာသော လူတစ်ယောက်က သူမထံ ဖုန်းခေါ်လာသဖြင့် နဉ်ရှီလည်း ထိုလူနှင့် အတော်ကြာအောင် စကားပြောလိုက်ရသည်။

“မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးမယ်..?” နဉ်ရှီက ကိုင်ထားသော ဇာတ်ညွှန်းကိုလှန်ရင်း အသာမျက်တောင်ခပ်လိုက်သည်။ “မစ္စတာချန်း*.. ရှင် ကျွန်မပြောနေတာကို နားမလည်ဘူးပဲ..”

“ဟုတ်တယ်.. ကျွန်မ ချန်း*ယီကျွင်းကိုမုန်းတယ်.. ဒါပေမဲ့ အဲ့တာက ရှင်တို့နဲ့ပူးပေါင်းမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလေ..” နဉ်ရှီက ခနဲတဲ့တဲ့ ပြောလိုက်သည်။ “ရှင့်အမေက ချန်း*ကွမ်ရုန်မှာ မိန်းမရှိမှန်း သိနေတာတောင် ပျော်ပျော်ကြီး သခင်မ,တက်လုပ်နေတာ မလား.. ပြီးတော့ တရားဝင်မိန်းမဆီက ရသမျှအကုန်လိုချင်နေပြန်တယ်.. ရှင့်အမေရော၊ ရှင်ရော၊ ပြီးတော့ ချန်း*မိသားစုက အဖေရော၊ သားရော.. ကျွန်မအတွက်တော့ အကုန်လုံး အတူတူနဲ့အနူနူချည်းပဲ..”

“လူတစ်ယောက်က အဲ့လောက် အရှက်မမဲ့သင့်ဘူး..” ဖုန်းတစ်ဖက်မှ ဒေါသတကြီး အော်ဟစ်သံကြောင့် နဉ်ရှီ ပြန်ပြောလိုက်သည်။ “ကျွန်မက ရှင့်ကို တမင်အတိုက်အခံလုပ်နေတာတော့ မဟုတ်ပါဘူး.. ဒါပေမဲ့ ရှင့်အမေ၊ ချန်း*ယီကျွင်း၊ ချန်း*ကွမ်ရုန်၊ ပြီးတော့ ရှင်တို့အားလုံး ကောင်းတဲ့လူတွေ မဟုတ်ဘူး..”

တစ်ဖက်မှ အယုတ္တအနတ္တစကားများကို ဆက်ပြီးနားမထောင်လိုတော့သဖြင့် နဉ်ရှီလည်း ဖုန်းချပစ်လိုက်တော့သည်။

ရယ်စရာကောင်းတဲ့လူတွေ ပြုံပြီးရောက်ချလာတာပဲ.. ဘာဖြစ်ချင်နေကြပါလိမ့်..?

***

“ဒီခွေးမ..!” ဖုန်းချသွားသည့် ‘တီ.. တီ.. တီ’ မြည်သံကို ကြားလိုက်ရသဖြင့် ချန်း*ချီယန် ဒေါသထွက်သွားပြီး ဖုန်းကိုပင် နံရံသို့ ပစ်ပေါက်မိလုမတတ်။

“ဘာဖြစ်တာလဲ..? နဉ်ရှီက ငါတို့နဲ့ မပူးပေါင်းချင်ဘူးတဲ့လား..?” ရှဲ့ကျောင်းကျောင်းမှာ မျက်နှာပျက်ယွင်းနေသော သားဖြစ်သူကို ကြည့်ပြီး နားမလည်နိုင်ဖြစ်နေတော့သည်။ “ချန်းယီကျွင်းနဲ့ ရန်ငြိုးရှိတယ်မဟုတ်ဘူးလား..? ဘာလို့ ငါတို့နဲ့ မပူးပေါင်းချင်ရတာလဲ..?”

ရန်သူရဲ့ရန်သူက မိတ်ဆွေပဲလေ။ ဘာလို့ ဒီနည်းလမ်းက နဉ်ရှီပေါ်မှာ အလုပ်မဖြစ်ရတာလဲ..?

ချန်း*ချီယန်သည် နဉ်ရှီက သူတို့နှစ်ဦးကို အထင်သေးစက်ဆုပ်နေကြောင်း ရှဲ့ကျောင်းကျောင်းကို မပြောပြရဲပေ။ သို့ဖြစ်ရာ ဒေါသကို မြိုသိပ်ထားပြီး သူ့ရဲ့အမေကို ရှင်းပြလိုက်သည်။ “သူ(မ)က ကျွန်တော်တို့နဲ့ သိပ်မရင်းနှီးဘူးလေ.. ပြီးတော့ သူ့(မ)နောက်မှာ ချန်းရှီကွေ့လည်း ရှိနေတာဆိုတော့ ကျွန်တော်တို့နဲ့ မပူးပေါင်းချင်တာ သဘာဝကျပါတယ်..”

“အဲ့ဟာမမှာ ချန်းရှီကွေ့လို ရည်းစားမျိုးသာ မရှိဘူးဆိုရင် အမေလည်း သားကို ဖုန်းဆက်ခိုင်းမှာမဟုတ်ဘူး..” ရှဲ့ကျောင်းကျောင်းက အထင်သေးသလို နှာမှုတ်လိုက်ရင်း.. “သရုပ်ဆောင်လေးတစ်ယောက်က ဘာလုပ်နိုင်မှာမလို့လဲ..?”

ချန်း*ချီယန်က နားထောင်ရုံသာ နားထောင်နေပြီး ဘာမှပြန်မပြောခဲ့ပေ။

“ထက်မြက်တဲ့ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဘယ်လိုအပိုင်သိမ်းရမလဲဆိုတာပဲ နားလည်ထားရင် ရပြီ..” ရှဲ့ကျောင်းကျောင်းက နုဖတ်နေသော သူမ၏လက်ချောင်းများကို ကော့ကြည့်လိုက်သည်။ သိပ်မကြာခင်ကမှ ဆေးဆိုးထားသော လက်သည်းတချို့ အနည်းငယ် အရောင်ပျက်သွားသည်ကို မြင်သောအခါ သူမက မျက်မှောင်ကြုတ်လိုက်ရင်း.. “အခု သား ကုမ္ပဏီထဲ ရောက်လာနိုင်ပြီဆိုတော့ ချန်း*ယီကျွင်းကို သတိထားရမယ်.. အဲ့အကောင် နောက်ကွယ်ကနေ လှည့်ကွက်တွေသုံးနေမှာပဲ ငါစိုးရိမ်တာ..”

“စိတ်မပူပါနဲ့.. ချန်း*ယီကျွင်းက မိသားစုကို အရှက်ရအောင် လုပ်ခဲ့တာလေ.. အဖေက သူ့ကို ဒေါသထွက်နေတုန်းပဲ.. အခုချိန်မှာ သူ ဘာလှည့်ကွက်များ သုံးနိုင်ဦးမှာလဲ..?” လက်တလောဖြစ်ရပ်များကြောင့် စိုးရိမ်သောကများနေမည့် ချန်း*ယီကျွင်းအကြောင်း စဉ်းစားမိရင်း ချန်း*ချီယန်တစ်ယောက် ပြောမပြတတ်အောင် အားရကျေနပ်နေတော့သည်။

ဤနှစ်များတွင် ချန်း*ယီကျွင်းသည် ထင်ရှားကျော်ကြားသည့် တရားဝင်သခင်လေးအဖြစ် နေထိုင်နိုင်ခဲ့၏။ လူအများက ချန်း*ယီကျွင်း၏ မျက်နှာသာပေးမှုကို လိုချင်နေကြသည့်အချိန် သူနှင့် သူမိခင်ကတော့ အတင်းပြောစရာ ဖြစ်ခဲ့ရသည်။ အပေါ်ယံတွင် သူ့ကို ခင်မင်ရင်းနှီးသလို ဆက်ဆံနေကြသော်လည်း နောက်ကွယ်မှာတော့ အထင်သေးနေကြမှန်း သူ သိသည်။

သူတို့နှစ်ယောက်လုံးက အဖေ့ရဲ့ သားတွေချည်းပဲလေ။ ဘာလို့ ချန်း*ယီကျွင်းကိုပဲ အလေးထားနေကြတာလဲ..?

“ဟုတ်တယ်.. မင်းအဖေလည်း အခုဆို အပြင်မှာတောင် မျက်နှာမပြရဲတော့ဘူး..” ရှဲ့ကျောင်းကျောင်းက မေးချီလိုက်ရင်း.. “ဟိုမိန်းမရဲ့ မိသားစုက အင်အားတောင့်နေလို့သာပေါ့.. မဟုတ်ရင် မင်းအဖေက အဲ့မိန်းမကို ကွာပစ်တာကြာပြီ..”

***

ချန်း*ယီကျွင်းသည် နဉ်ရှီကို လူသိရှင်ကြား တောင်းပန်ခဲ့လေသည်။ သူ၏ စကားအသွားအလာက တကယ့်ကို စိတ်ရင်းပါသော်လည်း နဉ်ရှီဘက်မှ တုံ့ပြန်မှုမရှိခဲ့ချေ။ ဝေစစ်ချီ၏ ရိုင်းရိုင်းစိုင်းစိုင်း အပြုအမူနှင့်ယှဉ်လျှင် ချန်း*ယီကျွင်းက သူ မည်မျှနောင်တရကြောင်း ကောင်းကောင်း ဖော်ပြနိုင်ခဲ့သည်။ သို့ဖြစ်ရာ ‘သူက အနည်းဆုံးတော့ နောင်တရသွားပြီပဲလေ..’ ဟူ၍ မြင်လာသူများ ရှိလာပြီး သူတို့၏အမြင်တွင်  နဉ်ရှီ၏ အဖက်မလုပ်မှုက အမြင်မသင့်စရာ ဖြစ်လာတော့သည်။

ဖြတ်သွားဖြတ်လာလေးပါ : “သူ့ကို ခွင့်လွှတ်မလား၊ မခွင့်လွှတ်ဘူးလားဆိုတာ ငါတို့နဲ့မဆိုင်ဘူးလေ.. အဲ့ကိစ္စက နဉ်ရှီ ဆုံးဖြတ်ရမှာ.. နင်တို့တွေက နဉ်ရှီလား.. နဉ်ရှီခံစားခဲ့ရသလို ခံစားဖူးလား.. အဲ့တော့ ပါးစပ်ပိတ်ပြီး ကီးဘုတ်နောက်ကနေ သူတော်စင်ကြီး လုပ်နေကြတာတွေ ရပ်လိုက်ကြတော့..!”

ထို Comment က လူတိုင်းကို အသိစိတ်ပြန်ဝင်သွားစေသည်။ ချန်း*ယီကျွင်း၏ တောင်းပန်စာက မည်မျှစိတ်ရင်းပါပါစေ၊ နဉ်ရှီ၏ မိဘများ ဆုံးပါးသွားရသည့်အဖြစ်ကို ပြန်အဖက်မဆယ်နိုင်တော့ပေ။ တောင်းပန်စာလေးတစ်စောင်က သူ့ကြောင့် နာကျင်ခံစားခဲ့ရသမျှကို အဘယ်သို့ ပြန်လည်ပြင်ဆင်နိုင်မည်နည်း။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးလေး : “မင်းသာ တကယ်စိတ်ရင်းပါရင် နဉ်ရှီကို မျက်နှာချင်းဆိုင်တွေ့ပြီး တောင်းပန်သင့်တယ် မဟုတ်ဘူးလား.. အွန်လိုင်းပေါ်မှာ တောင်းပန်စာလေးတင်ပြီး ဘာလုပ်တာလဲ.. လူမြင်ကောင်းအောင်လား..? ဒါမှမဟုတ် မင်းကို ခွင့်လွှတ်လာအောင် နဉ်ရှီကို ဖိအားပေးချင်လို့လား..?”

ထိုသူကတော့ နဉ်ရှီ၏ ပညာရေးအရည်အချင်းအကြောင်း ပထမဆုံးတင်ခဲ့သော Weibo User ပင်။ သူ့တွင် Follower အများကြီးရှိသောကြောင့် Post တင်လိုက်သည်နှင့် လူအများ သဘောတူလာကြ၏။

ဟုတ်တာပေါ့။ တကယ်စိတ်ရင်းပါလျှင် အွန်လိုင်းပေါ်မှာ အများကြီးပြောနေစရာ မလိုဘူးလေ။ လူချင်းတွေ့ပြီး တိုက်ရိုက် တောင်းပန်သင့်တာပေါ့။ နဉ်ရှီက တခြားဂြိုဟ်မှာ သွားနေနေတာမှမဟုတ်တာ။ သူမကို ဘာလို့သွားမရှာတာလဲ..?

တစ်နေ့တာ ရိုက်ကူးရေးပြီးနောက် ရိုက်ကွင်းမှထွက်လာချိန်တွင် နဉ်ရှီ၏ကားကို သတင်းထောက်များ ဝန်းရံလာခဲ့လေ၏။ ချက်ချင်းဆိုသလို လူအရေအတွက် များပြားလာသဖြင့် နဉ်ရှီမှာ ထွက်မရတော့ပေ။

ဘော်ဒီဂတ်က ထိုအခြေအနေကိုမြင်ပြီး သတင်းထောက်များကို ဖယ်ရှားရန် ကားအပြင်သို့ ချက်ချင်း ထွက်သွားခဲ့သည်။

“နဉ်ရှီ.. ချန်း*လုပ်ငန်းရဲ့သခင်လေးက အစ်မကို လူသိရှင်ကြား တောင်းပန်ခဲ့တယ်နော်.. သူ့ကို ခွင့်လွှတ်ပေးမှာလားရှင့်..?”

“နဉ်ရှီ.. မစ္စတာချန်းနဲ့ Relationship ကို ဝန်ခံပြီးပြီဆိုတော့ မကြာခင် လက်ထပ်တော့မှာလား..?”

“မေးပါရစေ.. အရင်တုန်းက ချန်း*ယီကျွင်းကို ကြိတ်ကြိုက်ခဲ့တယ်ဆိုတာ အမှန်ပဲလား..?”

နဉ်ရှီက ကားမှန်ချလိုက်ပြီး အပြင်ဘက်မှ မိုက်ကရိုဖုန်းများ၊ pen recorder များ ထိုးပေးကာ သူမကို အင်တာဗျူးချင်နေကြသော သတင်းထောက်များကို ဝေ့ကြည့်လိုက်သည်။ ပြီးနောက် mask ချွတ်လိုက်ပြီး.. “အခုထိတော့ ဘယ်သူမှ ကိုယ်တိုင်ကိုယ်ကျ လာမတောင်းပန်သေးပါဘူး..”

“အရင်ကအနိုင်ကျင့်ခဲ့တဲ့ အတန်းဖော်တွေအားလုံး တစ်ယောက်မှ မဆက်သွယ်လာကြဘူးလို့ ဆိုလိုတာလားဗျ..?”

နဉ်ရှီက ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။ ထိုအစား ချန်းရှီကွေ့နှင့်သူမ၏ ဆက်ဆံရေးအကြောင်း ထုတ်ပြောပြလိုက်သည်။ “ရှီကွေ့နဲ့ ကျွန်မက လောလောဆယ် Date လုပ်နေပါတယ်.. လက်ထပ်ဖို့ကိုတော့ ကျွန်မတို့နှစ်ယောက်လုံး လောလောဆယ် မစဉ်းစားရသေးပါဘူး.. စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ..”

“အဲ့တာဆို ချန်း*ယီကျွင်းကို သဘောကျခဲ့တယ်ဆိုတာလည်း အမှန်ပဲလား..?”

သတင်းထောက်ထံမှ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ နဉ်ရှီမှာ အားရပါးရ ထရယ်မိလုမတတ်။

ရှင်းရှင်းပြောရရင် ချန်း*ယီကျွင်းကို တစ်ခါလေးတောင် မျက်လုံးထဲမထည့်ခဲ့ဖူးတာလေ။ ဘယ်လိုလုပ် ကြိတ်ကြိုက်ရမှာလဲ..?

“အဲ့နှစ်တုန်းက ကျွန်မက အတန်းထဲမှာ အဆင့်ကောင်းရဖို့ပဲ ကြိုးစားနေခဲ့တာပါ.. ကျွန်မရဲ့ အတွေးအားလုံးက မေးခွန်းတွေကို ဘယ်လိုဖြေရမလဲ၊ အမှတ်ကောင်းအောင် ဘယ်လိုကြိုးစားရမလဲ ဆိုတာတွေချည်းပဲ.. ဘယ်လိုလုပ် တခြားတစ်ယောက်ကို သတိပြုနိုင်ဦးမှာလဲ..?” နဉ်ရှီက မယုံကြည်နိုင်ဟန်ဖြင့် ကင်မရာဘက်သို့ လှည့်ကြည့်လိုက်ရင်း.. “ပထမအဆင့် အထက်တန်းကျောင်းမှာ အဆင့်ကောင်းရဖို့ဆိုတာ တကယ့်ကို ခက်ခဲပါတယ်..”

သတင်းထောက်၏စိတ်ထဲ…

နဉ်ရှီရဲ့လေသံက ဒီလောက်ယဉ်ကျေးနေတာတောင် ဘာလို့ ‘ချန်းယီကျွင်းက သူ့ကိုယ်သူ ဘာထင်နေတာလဲ.. သူ့ကို တစ်ခါမှ စိတ်မဝင်စားဖူးပါဘူး..’ လို့ ပြောနေသလို ထင်ရတာလဲ..?

ဒါပေမဲ့… ပထမအဆင့် အထက်တန်းကျောင်းမှာ အဆင့်ကောင်းရဖို့ဆိုတာ တကယ့်ကို ခက်ခဲတာတော့ အမှန်ပဲ..!

တကယ်တော့ လူတိုင်း ကျောင်းတွင် အဆင့်ကောင်းရချင်ကြသည်ပင်။ သို့ဖြစ်ရာ အဆင့်ကောင်းကောင်းရဖို့ မည်မျှခက်ခဲမှန်း လူတိုင်း မှန်းဆနိုင်ကြပေသည်။

သို့နှင့် နဉ်ရှီ၏ စကားလုံးတိုင်းက ပြီးပြည့်စုံသွားတော့၏။ ‘အဆင့်ကောင်းဖို့က ဒီလောက်အရေးကြီးတာ၊ ကျောင်းမြက်လေးကို ဘာလို့ အားအားယားယား သွားကြိုက်နိုင်ဦးမှာလဲ’ ဟူ၍။

သတင်းထောက်များ မည်သို့စကားလှည့်ပါစေ၊ ပထမအဆင့် အထက်တန်းကျောင်းသည် နာမည်ဂုဏ်သတင်း ကျော်စောပြီးသားဖြစ်၍ အတန်းထဲတွင် အဆင့်ကောင်းရရန် မည်မျှခက်ခဲကြောင်း လူတိုင်း နားလည်နိုင်ပေလိမ့်မည်။

…………………………………………………….

[Zawgyi]

အပိုင္း - (၆၅/၂)

အခ်စ္ေရးကိစၥ ဖြင့္ခ်လိုက္ၿပီးေနာက္ ရုပ္ရွင္အဖြဲ႔သားမ်ား၏ နဉ္ရွီအေပၚ ျပဳမူဆက္ဆံပံုက အေျပာင္းလဲႀကီး ေျပာင္းလဲသြားေသာ္လည္း နဉ္ရွီသည္ အလုပ္ကိုသာ အာရံုစိုက္ထားဆဲ။ ငိုရမည္ဆိုလ်ွင္ ငိုေပးလိုက္သည္။ ေခ်ာ္လဲရမၫ့္ ေနရာေရာက္လ်ွင္ ေခ်ာ္လဲေပးလိုက္သည္။ ယခင္လို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ သရုပ္ေဆာင္ေနဆဲပင္။ ထိုအျပဳအမူေလးေၾကာင့္ သူမကို ၾကၫ့္မရျဖစ္ေနခဲ့ေသာ တခ်ိဳ႕လူမ်ားပင္ အျမင္သစ္ျဖင့္ ရႈျမင္လာၾကေတာ့သည္။

မနက္ခင္းပိုင္းရိုက္ကြင္းက ေရွာေရွာရႉရႉ ၿပီးဆံုးသြားခဲ့ေလ၏။ ညေနပိုင္းတြင္ နဉ္ရွီအတြက္ ရိုက္ကြက္ႏွစ္ခုသာ ရိွသျဖင့္ အားလပ္ခ်ိန္ရေနသည္။ ထိုအခ်ိန္တြင္ ‘ခ်န္း*ခ်ီယန္’ ဟု သူ႔ကိုယ္သူ မိတ္ဆက္လာေသာ လူတစ္ေယာက္က သူမထံ ဖုန္းေခၚလာသျဖင့္ နဉ္ရွီလည္း ထိုလူႏွင့္ အေတာ္ၾကာေအာင္ စကားေျပာလိုက္ရသည္။

“မ်က္ႏွာခ်င္းဆိုင္ေတြ့ၿပီး ေဆြးေနြးမယ္..?” နဉ္ရွီက ကိုင္ထားေသာ ဇာတ္ၫႊန္းကိုလွန္ရင္း အသာမ်က္ေတာင္ခပ္လိုက္သည္။ “မစၥတာခ်န္း*.. ရွင္ ကြၽန္မေျပာေနတာကို နားမလည္ဘူးပဲ..”

“ဟုတ္တယ္.. ကြၽန္မ ခ်န္း*ယီကြၽင္းကိုမုန္းတယ္.. ဒါေပမဲ့ အဲ့တာက ရွင္တို႔နဲ႔ပူးေပါင္းမယ္ဆိုတဲ့ အဓိပၸါယ္မဟုတ္ဘူးေလ..” နဉ္ရွီက ခနဲတဲ့တဲ့ ေျပာလိုက္သည္။ “ရွင့္အေမက ခ်န္း*ကြမ္ရုန္မွာ မိန္းမရိွမွန္း သိေနတာေတာင္ ေပ်ာ္ေပ်ာ္ႀကီး သခင္မ,တက္လုပ္ေနတာ မလား.. ၿပီးေတာ့ တရားဝင္မိန္းမဆီက ရသမ်ွအကုန္လိုခ်င္ေနျပန္တယ္.. ရွင့္အေမေရာ၊ ရွင္ေရာ၊ ၿပီးေတာ့ ခ်န္း*မိသားစုက အေဖေရာ၊ သားေရာ.. ကြၽန္မအတြက္ေတာ့ အကုန္လံုး အတူတူနဲ႔အႏူႏူခ်ည္းပဲ..”

“လူတစ္ေယာက္က အဲ့ေလာက္ အရွက္မမဲ့သင့္ဘူး..” ဖုန္းတစ္ဖက္မွ ေဒါသတႀကီး ေအာ္ဟစ္သံေၾကာင့္ နဉ္ရွီ ျပန္ေျပာလိုက္သည္။ “ကြၽန္မက ရွင့္ကို တမင္အတိုက္အခံလုပ္ေနတာေတာ့ မဟုတ္ပါဘူး.. ဒါေပမဲ့ ရွင့္အေမ၊ ခ်န္း*ယီကြၽင္း၊ ခ်န္း*ကြမ္ရုန္၊ ၿပီးေတာ့ ရွင္တို႔အားလံုး ေကာင္းတဲ့လူေတြ မဟုတ္ဘူး..”

တစ္ဖက္မွ အယုတၲအနတၲစကားမ်ားကို ဆက္ၿပီးနားမေထာင္လိုေတာ့သျဖင့္ နဉ္ရွီလည္း ဖုန္းခ်ပစ္လိုက္ေတာ့သည္။

ရယ္စရာေကာင္းတဲ့လူေတြ ၿပံဳၿပီးေရာက္ခ်လာတာပဲ.. ဘာျဖစ္ခ်င္ေနၾကပါလိမ့္..?

***

“ဒီေခြးမ..!” ဖုန္းခ်သြားသၫ့္ ‘တီ.. တီ.. တီ’ ျမည္သံကို ၾကားလိုက္ရသျဖင့္ ခ်န္း*ခ်ီယန္ ေဒါသထြက္သြားၿပီး ဖုန္းကိုပင္ နံရံသို႔ ပစ္ေပါက္မိလုမတတ္။

“ဘာျဖစ္တာလဲ..? နဉ္ရွီက ငါတို႔နဲ႔ မပူးေပါင္းခ်င္ဘူးတဲ့လား..?” ရွဲ႔ေက်ာင္းေက်ာင္းမွာ မ်က္ႏွာပ်က္ယြင္းေနေသာ သားျဖစ္သူကို ၾကၫ့္ၿပီး နားမလည္ႏိုင္ျဖစ္ေနေတာ့သည္။ “ခ်န္းယီကြၽင္းနဲ႔ ရန္ၿငိဳးရိွတယ္မဟုတ္ဘူးလား..? ဘာလို႔ ငါတို႔နဲ႔ မပူးေပါင္းခ်င္ရတာလဲ..?”

ရန္သူရဲ့ရန္သူက မိတ္ေဆြပဲေလ။ ဘာလို႔ ဒီနည္းလမ္းက နဉ္ရွီေပၚမွာ အလုပ္မျဖစ္ရတာလဲ..?

ခ်န္း*ခ်ီယန္သည္ နဉ္ရွီက သူတို႔ႏွစ္ဦးကို အထင္ေသးစက္ဆုပ္ေနေၾကာင္း ရွဲ႔ေက်ာင္းေက်ာင္းကို မေျပာျပရဲေပ။ သို႔ျဖစ္ရာ ေဒါသကို ၿမိဳသိပ္ထားၿပီး သူ႔ရဲ့အေမကို ရွင္းျပလိုက္သည္။ “သူ(မ)က ကြၽန္ေတာ္တို႔နဲ႔ သိပ္မရင္းႏွီးဘူးေလ.. ၿပီးေတာ့ သူ႔(မ)ေနာက္မွာ ခ်န္းရွီေကြ့လည္း ရိွေနတာဆိုေတာ့ ကြၽန္ေတာ္တို႔နဲ႔ မပူးေပါင္းခ်င္တာ သဘာဝက်ပါတယ္..”

“အဲ့ဟာမမွာ ခ်န္းရွီေကြ့လို ရည္းစားမ်ိဳးသာ မရိွဘူးဆိုရင္ အေမလည္း သားကို ဖုန္းဆက္ခိုင္းမွာမဟုတ္ဘူး..” ရွဲ႔ေက်ာင္းေက်ာင္းက အထင္ေသးသလို ႏွာမႈတ္လိုက္ရင္း.. “သရုပ္ေဆာင္ေလးတစ္ေယာက္က ဘာလုပ္ႏိုင္မွာမလို႔လဲ..?”

ခ်န္း*ခ်ီယန္က နားေထာင္ရံုသာ နားေထာင္ေနၿပီး ဘာမျွပန္မေျပာခဲ့ေပ။

“ထက္ျမက္တဲ့ မိန္းမတစ္ေယာက္က ေယာက္်ားတစ္ေယာက္ရဲ့ ႏွလံုးသားကို ဘယ္လိုအပိုင္သိမ္းရမလဲဆိုတာပဲ နားလည္ထားရင္ ရၿပီ..” ရွဲ႔ေက်ာင္းေက်ာင္းက ႏုဖတ္ေနေသာ သူမ၏လက္ေခ်ာင္းမ်ားကို ေကာ့ၾကၫ့္လိုက္သည္။ သိပ္မၾကာခင္ကမွ ေဆးဆိုးထားေသာ လက္သည္းတခ်ိဳ႕ အနည္းငယ္ အေရာင္ပ်က္သြားသည္ကို ျမင္ေသာအခါ သူမက မ်က္ေမွာင္ၾကဳတ္လိုက္ရင္း.. “အခု သား ကုမၸဏီထဲ ေရာက္လာႏိုင္ၿပီဆိုေတာ့ ခ်န္း*ယီကြၽင္းကို သတိထားရမယ္.. အဲ့အေကာင္ ေနာက္ကြယ္ကေန လွၫ့္ကြက္ေတြသံုးေနမွာပဲ ငါစိုးရိမ္တာ..”

“စိတ္မပူပါနဲ႔.. ခ်န္း*ယီကြၽင္းက မိသားစုကို အရွက္ရေအာင္ လုပ္ခဲ့တာေလ.. အေဖက သူ႔ကို ေဒါသထြက္ေနတုန္းပဲ.. အခုခ်ိန္မွာ သူ ဘာလွၫ့္ကြက္မ်ား သံုးႏိုင္ဦးမွာလဲ..?” လက္တေလာျဖစ္ရပ္မ်ားေၾကာင့္ စိုးရိမ္ေသာကမ်ားေနမၫ့္ ခ်န္း*ယီကြၽင္းအေၾကာင္း စဉ္းစားမိရင္း ခ်န္း*ခ်ီယန္တစ္ေယာက္ ေျပာမျပတတ္ေအာင္ အားရေက်နပ္ေနေတာ့သည္။

ဤႏွစ္မ်ားတြင္ ခ်န္း*ယီကြၽင္းသည္ ထင္ရွားေက်ာ္ၾကားသၫ့္ တရားဝင္သခင္ေလးအျဖစ္ ေနထိုင္ႏိုင္ခဲ့၏။ လူအမ်ားက ခ်န္း*ယီကြၽင္း၏ မ်က္ႏွာသာေပးမႈကို လိုခ်င္ေနၾကသၫ့္အခ်ိန္ သူႏွင့္ သူမိခင္ကေတာ့ အတင္းေျပာစရာ ျဖစ္ခဲ့ရသည္။ အေပၚယံတြင္ သူ႔ကို ခင္မင္ရင္းႏွီးသလို ဆက္ဆံေနၾကေသာ္လည္း ေနာက္ကြယ္မွာေတာ့ အထင္ေသးေနၾကမွန္း သူ သိသည္။

သူတို႔ႏွစ္ေယာက္လံုးက အေဖ့ရဲ့ သားေတြခ်ည္းပဲေလ။ ဘာလို႔ ခ်န္း*ယီကြၽင္းကိုပဲ အေလးထားေနၾကတာလဲ..?

“ဟုတ္တယ္.. မင္းအေဖလည္း အခုဆို အျပင္မွာေတာင္ မ်က္ႏွာမျပရဲေတာ့ဘူး..” ရွဲ႔ေက်ာင္းေက်ာင္းက ေမးခ်ီလိုက္ရင္း.. “ဟိုမိန္းမရဲ့ မိသားစုက အင္အားေတာင့္ေနလို႔သာေပါ့.. မဟုတ္ရင္ မင္းအေဖက အဲ့မိန္းမကို ကြာပစ္တာၾကာၿပီ..”

***

ခ်န္း*ယီကြၽင္းသည္ နဉ္ရွီကို လူသိရွင္ၾကား ေတာင္းပန္ခဲ့ေလသည္။ သူ၏ စကားအသြားအလာက တကယ့္ကို စိတ္ရင္းပါေသာ္လည္း နဉ္ရွီဘက္မွ တံု႔ျပန္မႈမရိွခဲ့ေခ်။ ေဝစစ္ခ်ီ၏ ရိုင္းရိုင္းစိုင္းစိုင္း အျပဳအမူႏွင့္ယွဉ္လ်ွင္ ခ်န္း*ယီကြၽင္းက သူ မည္မ်ွေနာင္တရေၾကာင္း ေကာင္းေကာင္း ေဖာ္ျပႏိုင္ခဲ့သည္။ သို႔ျဖစ္ရာ ‘သူက အနည္းဆံုးေတာ့ ေနာင္တရသြားၿပီပဲေလ..’ ဟူ၍ ျမင္လာသူမ်ား ရိွလာၿပီး သူတို႔၏အျမင္တြင္  နဉ္ရွီ၏ အဖက္မလုပ္မႈက အျမင္မသင့္စရာ ျဖစ္လာေတာ့သည္။

ျဖတ္သြားျဖတ္လာေလးပါ : “သူ႔ကို ခြင့္လႊတ္မလား၊ မခြင့္လႊတ္ဘူးလားဆိုတာ ငါတို႔နဲ႔မဆိုင္ဘူးေလ.. အဲ့ကိစၥက နဉ္ရွီ ဆံုးျဖတ္ရမွာ.. နင္တို႔ေတြက နဉ္ရွီလား.. နဉ္ရွီခံစားခဲ့ရသလို ခံစားဖူးလား.. အဲ့ေတာ့ ပါးစပ္ပိတ္ၿပီး ကီးဘုတ္ေနာက္ကေန သူေတာ္စင္ႀကီး လုပ္ေနၾကတာေတြ ရပ္လိုက္ၾကေတာ့..!”

ထို Comment က လူတိုင္းကို အသိစိတ္ျပန္ဝင္သြားေစသည္။ ခ်န္း*ယီကြၽင္း၏ ေတာင္းပန္စာက မည္မ်ွစိတ္ရင္းပါပါေစ၊ နဉ္ရွီ၏ မိဘမ်ား ဆံုးပါးသြားရသၫ့္အျဖစ္ကို ျပန္အဖက္မဆယ္ႏိုင္ေတာ့ေပ။ ေတာင္းပန္စာေလးတစ္ေစာင္က သူ႔ေၾကာင့္ နာက်င္ခံစားခဲ့ရသမ်ွကို အဘယ္သို႔ ျပန္လည္ျပင္ဆင္ႏိုင္မည္နည္း။

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးေလး : “မင္းသာ တကယ္စိတ္ရင္းပါရင္ နဉ္ရွီကို မ်က္ႏွာခ်င္းဆိုင္ေတြ့ၿပီး ေတာင္းပန္သင့္တယ္ မဟုတ္ဘူးလား.. အြန္လိုင္းေပၚမွာ ေတာင္းပန္စာေလးတင္ၿပီး ဘာလုပ္တာလဲ.. လူျမင္ေကာင္းေအာင္လား..? ဒါမွမဟုတ္ မင္းကို ခြင့္လႊတ္လာေအာင္ နဉ္ရွီကို ဖိအားေပးခ်င္လို႔လား..?”

ထိုသူကေတာ့ နဉ္ရွီ၏ ပညာေရးအရည္အခ်င္းအေၾကာင္း ပထမဆံုးတင္ခဲ့ေသာ Weibo User ပင္။ သူ႔တြင္ Follower အမ်ားႀကီးရိွေသာေၾကာင့္ Post တင္လိုက္သည္ႏွင့္ လူအမ်ား သေဘာတူလာၾက၏။

ဟုတ္တာေပါ့။ တကယ္စိတ္ရင္းပါလ်ွင္ အြန္လိုင္းေပၚမွာ အမ်ားႀကီးေျပာေနစရာ မလိုဘူးေလ။ လူခ်င္းေတြ့ၿပီး တိုက္ရိုက္ ေတာင္းပန္သင့္တာေပါ့။ နဉ္ရွီက တျခားၿဂိဳဟ္မွာ သြားေနေနတာမွမဟုတ္တာ။ သူမကို ဘာလို႔သြားမရွာတာလဲ..?

တစ္ေန့တာ ရိုက္ကူးေရးၿပီးေနာက္ ရိုက္ကြင္းမွထြက္လာခ်ိန္တြင္ နဉ္ရွီ၏ကားကို သတင္းေထာက္မ်ား ဝန္းရံလာခဲ့ေလ၏။ ခ်က္ခ်င္းဆိုသလို လူအေရအတြက္ မ်ားျပားလာသျဖင့္ နဉ္ရွီမွာ ထြက္မရေတာ့ေပ။

ေဘာ္ဒီဂတ္က ထိုအေျခအေနကိုျမင္ၿပီး သတင္းေထာက္မ်ားကို ဖယ္ရွားရန္ ကားအျပင္သို႔ ခ်က္ခ်င္း ထြက္သြားခဲ့သည္။

“နဉ္ရွီ.. ခ်န္း*လုပ္ငန္းရဲ့သခင္ေလးက အစ္မကို လူသိရွင္ၾကား ေတာင္းပန္ခဲ့တယ္ေနာ္.. သူ႔ကို ခြင့္လႊတ္ေပးမွာလားရွင့္..?”

“နဉ္ရွီ.. မစၥတာခ်န္းနဲ႔ Relationship ကို ဝန္ခံၿပီးၿပီဆိုေတာ့ မၾကာခင္ လက္ထပ္ေတာ့မွာလား..?”

“ေမးပါရေစ.. အရင္တုန္းက ခ်န္း*ယီကြၽင္းကို ႀကိတ္ႀကိဳက္ခဲ့တယ္ဆိုတာ အမွန္ပဲလား..?”

နဉ္ရွီက ကားမွန္ခ်လိုက္ၿပီး အျပင္ဘက္မွ မိုက္ကရိုဖုန္းမ်ား၊ pen recorder မ်ား ထိုးေပးကာ သူမကို အင္တာဗ်ူးခ်င္ေနၾကေသာ သတင္းေထာက္မ်ားကို ေဝ့ၾကၫ့္လိုက္သည္။ ၿပီးေနာက္ mask ခြၽတ္လိုက္ၿပီး.. “အခုထိေတာ့ ဘယ္သူမွ ကိုယ္တိုင္ကိုယ္က် လာမေတာင္းပန္ေသးပါဘူး..”

“အရင္ကအႏိုင္က်င့္ခဲ့တဲ့ အတန္းေဖာ္ေတြအားလံုး တစ္ေယာက္မွ မဆက္သြယ္လာၾကဘူးလို႔ ဆိုလိုတာလားဗ်..?”

နဉ္ရွီက ထိုေမးခြန္းကို ျပန္မေျဖခဲ့ေပ။ ထိုအစား ခ်န္းရွီေကြ့ႏွင့္သူမ၏ ဆက္ဆံေရးအေၾကာင္း ထုတ္ေျပာျပလိုက္သည္။ “ရွီေကြ့နဲ႔ ကြၽန္မက ေလာေလာဆယ္ Date လုပ္ေနပါတယ္.. လက္ထပ္ဖို႔ကိုေတာ့ ကြၽန္မတို႔ႏွစ္ေယာက္လံုး ေလာေလာဆယ္ မစဉ္းစားရေသးပါဘူး.. စိုးရိမ္ေပးတဲ့အတြက္ ေက်းဇူးပါ..”

“အဲ့တာဆို ခ်န္း*ယီကြၽင္းကို သေဘာက်ခဲ့တယ္ဆိုတာလည္း အမွန္ပဲလား..?”

သတင္းေထာက္ထံမွ ထိုေမးခြန္းကို ၾကားလိုက္ရေသာအခါ နဉ္ရွီမွာ အားရပါးရ ထရယ္မိလုမတတ္။

ရွင္းရွင္းေျပာရရင္ ခ်န္း*ယီကြၽင္းကို တစ္ခါေလးေတာင္ မ်က္လံုးထဲမထၫ့္ခဲ့ဖူးတာေလ။ ဘယ္လိုလုပ္ ႀကိတ္ႀကိဳက္ရမွာလဲ..?

“အဲ့ႏွစ္တုန္းက ကြၽန္မက အတန္းထဲမွာ အဆင့္ေကာင္းရဖို႔ပဲ ႀကိဳးစားေနခဲ့တာပါ.. ကြၽန္မရဲ့ အေတြးအားလံုးက ေမးခြန္းေတြကို ဘယ္လိုေျဖရမလဲ၊ အမွတ္ေကာင္းေအာင္ ဘယ္လိုႀကိဳးစားရမလဲ ဆိုတာေတြခ်ည္းပဲ.. ဘယ္လိုလုပ္ တျခားတစ္ေယာက္ကို သတိျပဳႏိုင္ဦးမွာလဲ..?” နဉ္ရွီက မယံုၾကည္ႏိုင္ဟန္ျဖင့္ ကင္မရာဘက္သို႔ လွၫ့္ၾကၫ့္လိုက္ရင္း.. “ပထမအဆင့္ အထက္တန္းေက်ာင္းမွာ အဆင့္ေကာင္းရဖို႔ဆိုတာ တကယ့္ကို ခက္ခဲပါတယ္..”

သတင္းေထာက္၏စိတ္ထဲ…

နဉ္ရွီရဲ့ေလသံက ဒီေလာက္ယဉ္ေက်းေနတာေတာင္ ဘာလို႔ ‘ခ်န္းယီကြၽင္းက သူ႔ကိုယ္သူ ဘာထင္ေနတာလဲ.. သူ႔ကို တစ္ခါမွ စိတ္မဝင္စားဖူးပါဘူး..’ လို႔ ေျပာေနသလို ထင္ရတာလဲ..?

ဒါေပမဲ့… ပထမအဆင့္ အထက္တန္းေက်ာင္းမွာ အဆင့္ေကာင္းရဖို႔ဆိုတာ တကယ့္ကို ခက္ခဲတာေတာ့ အမွန္ပဲ..!

တကယ္ေတာ့ လူတိုင္း ေက်ာင္းတြင္ အဆင့္ေကာင္းရခ်င္ၾကသည္ပင္။ သို႔ျဖစ္ရာ အဆင့္ေကာင္းေကာင္းရဖို႔ မည္မ်ွခက္ခဲမွန္း လူတိုင္း မွန္းဆႏိုင္ၾကေပသည္။

သို႔ႏွင့္ နဉ္ရွီ၏ စကားလံုးတိုင္းက ၿပီးျပၫ့္စံုသြားေတာ့၏။ ‘အဆင့္ေကာင္းဖို႔က ဒီေလာက္အေရးႀကီးတာ၊ ေက်ာင္းျမက္ေလးကို ဘာလို႔ အားအားယားယား သြားႀကိဳက္ႏိုင္ဦးမွာလဲ’ ဟူ၍။

သတင္းေထာက္မ်ား မည္သို႔စကားလွၫ့္ပါေစ၊ ပထမအဆင့္ အထက္တန္းေက်ာင္းသည္ နာမည္ဂုဏ္သတင္း ေက်ာ္ေစာၿပီးသားျဖစ္၍ အတန္းထဲတြင္ အဆင့္ေကာင္းရရန္ မည္မ်ွခက္ခဲေၾကာင္း လူတိုင္း နားလည္ႏိုင္ေပလိမ့္မည္။

…………………………………………………….

Continue Reading

You'll Also Like

236K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
3M 235K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023