Translated by Melinoe_Megami
[Unicode]
အခန်း - (၆၄/၂)
ယနေ့ခေတ် အင်တာနက်တခွင် ပွဲများစွာဖြင့် စည်ကားနေတော့သည်။ ထို့အပြင် ချန်းရှီကွေ့၏ ပို့စ်များလည်း နာမည်ကြီးနေသဖြင့် ကျို့ကျီ၏ PR Team က ပြဿနာသိပ်မဖြေရှင်းလိုက်ရပေ။
ကျို့ကျီ၏ဘော့စ်ဖြစ်သူ လီကျန့်ဟွေခမျာလည်း ချန်းရှီကွေ့နှင့်နဉ်ရှီ တွဲနေကြောင်း သိသွားပြီးနောက် ငုတ်တုတ်မေ့သွားရသည်။ အတော်ကြာ အသံတိတ်သွားပြီးမှ ကျန်းချင်းယွင်အား အံ့ဩတကြီး လှည့်ကြည့်ကာ.. “နဉ်ရှီနဲ့ ချန်းရှီကွေ့က ချစ်သူတွေ..? မင်းဘာလို့ စောစောက မပြောပြတာလဲ..?”
“သူဌေး.. ကျွန်တော်လည်း ဒီမတိုင်ခင်က မသိခဲ့ဘူး..” ယခုအခြေအနေမျိုး မရောက်ခင်အထိ ကျန်းချင်းယွင်က လီကျန့်ဟွေ့အား လုံးဝမပြောပြခဲ့သလို နဉ်ရှီတို့၏ ဆက်ဆံရေးကို သူ တစ်ချိန်လုံး သတိထားမိနေမှန်း သိခွင့်ပြုလိမ့်မည် မဟုတ်ပေ။ “မစ္စတာချန်းက နဉ်ရှီနဲ့ သူငယ်ချင်းတွေပါလို့ ထုတ်ပြောခဲ့ဖူးတော့ ကျွန်တော်လည်း အဲ့အကြောင်း သိပ်မတွေးမိလိုက်တာ.. သူတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက အရမ်းကွာခြားတယ်လေ.. ကျွန်တော်လည်း ဘယ်လိုလုပ် လျှောက်တွေးရဲမှာလဲ..?”
ကျန်းချင်းယွင် အမှန်အတိုင်းပြောနေမှန်း လီကျန့်ဟွေ သိလိုက်သည်။ သူကိုယ်တိုင်ကလည်း ချန်းရှီကွေ့ကို သတိကြီးပြီး စည်းကမ်းကြီးသည့် ယောက်ျားတစ်ဦးလို့သာ မှတ်ယူထား၏။ ယခုလို မိန်းကလေးအနုပညာရှင်တစ်ဦးနှင့် ချစ်ကြိုက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကိုယ်ပိုင်ဖျော်ဖြေရေးကုမ္ပဏီကိုအဆင့်တစ်ခုတွင် ရပ်တည်နိုင်သည်အထိ စီမံအုပ်ချုပ်နိုင်သော လီကျန့်ဟွေသည် ငတုံးမဟုတ်ပေ။ ထိုကောလာဟလများဟာ အစကတည်းက မှန်ကောင်းမှန်လိမ့်မည်။ သို့သော် သူက ‘နဉ်ရှီကြောင့် ချန်းရှီကွေ့က ကျို့ကျီမှာ ရင်းနှီးမြှုပ်နှံတာ’ ဟူသည့် ကောလာဟလများကို တကယ်တမ်း မယုံကြည်ခဲ့ပေ။ သို့တိုင် နဉ်ရှီ၏ ကျော်ကြားမှုကို စန်းတင်နိုင်ရန်အတွက် သူက ကောလာဟလများကို ငြင်းဆန်မနေဘဲ တစ်ခါတရံ PR Team ကိုပင် အသုံးပြု၍ နဉ်ရှီကို ထိပ်သီးသတင်းဖြစ်လာအောင် ကူညီစေခဲ့သေး၏။
ထိုသတင်းများဟာ ကောလာဟာလမဟုတ်ဘဲ အမှန်ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှမတွေးခဲ့ဖူးပေ။
လီကျန့်ဟွေအတွက် ဖြေသိမ့်စရာကား ကုမ္ပဏီက နဉ်ရှီအပေါ် ကောင်းကောင်း ဆက်ဆံပေးခဲ့ခြင်းပင်။ သူမကို အားသွန်ခွန်စိုက် မြှင့်တင်ပေးခဲ့ရုံသာမက သူမ ကြုံတွေ့ခဲ့ရသည့် ပြဿနာများကိုလည်း ကူညီဖြေရှင်းပေးခဲ့သေးသည်။
အစကတော့ လူတစ်ယောက်နှင့် စာချုပ်ချုပ်ခြင်းကို သာမာန်ဖြစ်ရပ်လိုသာ သဘောထားခဲ့သည်။ ယခုတော့ ထိုအကြောင်း ပြန်တွေးမိပြီး လီကျန့်ဟွေမှာ စိတ်လှုပ်ရှားလာရသည်။ “ချင်းယွင်.. ကံကောင်းလို့ ငါတို့ နဉ်ရှီနဲ့ စာချုပ်ချုပ်နိုင်ခဲ့တာပဲ..”
မဟုတ်လျှင် ဤရှားပါးကျောက်မျက်လေးကို တခြားသူများ ပိုင်ဆိုင်သွားလိမ့်မည်။
ကျန်းချင်းယွင်ခမျာ ထီပေါက်သလို ပျော်မြူးနေသော သူ၏သူဌေးကို ကြည့်ရင်း ဘာမှမပြောနိုင်တော့သလို ခံစားလိုက်ရလေသည်။
***
“ဖြန်း..!”
ဝေမိသားစု၏ နေအိမ်တွင်..
ဝေသုန်လိုင်က ဝေစစ်ချီကို ပါးရိုက်ပစ်လိုက်သည်။ သူဟာ ဝေစစ်ချီကို နှစ်ပေါင်းများစွာ အလိုလိုက်လာခဲ့ပြီး ပထမဆုံးအကြိမ် ပါးရိုက်လိုက်ခြင်းပင်။
“သုန်လိုင်.. မင်းဘာလုပ်တာလဲ..!” ဝေမားမားက သူမ၏သမီးအပေါ် လက်ပါလာသော သားဖြစ်သူကိုကြည့်ပြီး သမီးကို နောက်ပို့ကာ ကာကွယ်ထားလိုက်သည်။ “ပြဿနာတစ်ခုခုဆိုရင်တောင် အမေတို့တွေ ဖြေရှင်းလို့ရနေတာပဲ.. ကိုယ့်ညီမကိုယ် ဘာလို့ရိုက်နှက်နေတာလဲ..?”
ညီမဖြစ်သူကို ကာကွယ်နေသော အမေကိုကြည့်ကာ ဝေသုန်လိုင်လည်း ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။ ပြီးနောက် အက်ကွဲစွာ ပြောလာသည်။ “အမေ… ဝေမိသားစု အဆုံးသတ်သွားပြီ..”
“ဘာတွေပြောနေတာလဲ..?” သားဖြစ်သူ၏ မျက်နှာကိုကြည့်ပြီး ဝေမားမားလည်း စိတ်ပူလာခဲ့၏။ “အ.. အပြင်လူတွေက ပြဿနာကို အကျယ်ချဲ့နေကြရုံတင် မဟုတ်ဘူးလား..? ဘယ်လိုဖြစ်လို့……”
ဝေမားမား၏စိတ်ထဲတွင် အွန်လိုင်းပေါ်၌ ပြဿနာမည်မျှကြီးပါစေ၊ ရက်အနည်းငယ်ကြာပြီးနောက် ငြိမ်သက်သွားကြမည်ပင်။ သမီးဖြစ်သူ၏ ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်သော်လည်း အဘယ်ကို ဂရုစိုက်ရမည်နည်း။
ဝေသုန်လိုင်က သူ၏အမေကို လှည့်ကြည့်လိုက်သည်။ မျက်ဝန်းများက ရဲရဲနီနေပြီး ခါးသီးစွာ ပြောလာခဲ့သည်။ “အဲ့လောက် ရိုးရှင်းမယ်ဆိုရင် ကောင်းတာပေါ့.. လွန်ခဲ့တဲ့နှစ်နာရီလောက်က ကျွန်တော့်ဆီကို အခွန်ဌာနကနေ ဆင့်ခေါ်စာရောက်လာတယ်.. တစ်ယောက်ယောက်က ကျွန်တော်တို့ကုမ္ပဏီကို အခွန်ရှောင်ပြီး ငွေအလွဲသုံးစားလုပ်နေပါတယ်လို့ တိုင်လိုက်တယ်တဲ့..”
“မင်း ဘာတွေပြောနေတာလဲ..?” ဝေမားမား၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး.. “အဓိပ္ပါယ်မရှိတဲ့ သတင်းတွေ ဘယ်သူ လျှောက်ဖြန့်နေတာလဲ..? သက်သေမရှိဘဲ ဘယ်လိုလုပ် ပါးစပ်စည်းကမ်းမရှိ လျှောက်ပြောနိုင်ရတာလဲ..?”
“သက်သေမရှိရင် ဘယ်လိုလုပ် ဆင့်ခေါ်ခံရမှာလဲ..?” ဝေသုန်လိုင်၏ အကြည့်က ဝေစစ်ချီပေါ် ရောက်သွားသည်။ သူ့ညီမအပေါ် စိတ်ပျက်မှုကို မဖုံးကွယ်နိုင်တော့ပေ။ “နင်သိလား.. အဖေ့ကို အခွန်ဌာနက ခေါ်သွားပြီ..”
အစ်ကိုဖြစ်သူ၏ စကားကိုကြားပြီးနောက် ဝေစစ်ချီ၏ရင်ထဲ နင့်ခနဲ ခံစားလိုက်ရ၏။ ကြမ်းခင်းပေါ် ယိုင်ကျသွားပြီး.. “အဖေ့ကို ဘာလို့ ခေါ်သွားကြတာလဲ..?!”
“စစ်ချီ.. ဝေလုပ်ငန်းစုမရှိရင် နင်က ဘာမှမဟုတ်ဘူးဆိုတာ သိရဲ့လား..?” ဝေသုန်လိုင်မှာ ဝေစစ်ချီကို ဆက်မပြောနိုင်အောင်ပင်။ “ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ.. အဲ့နှစ်က ဘာဖြစ်ခဲ့တာလဲ..? အစ်ကို အမှန်အတိုင်း သိရမှဖြစ်မယ်..”
ဝေမားမားမှာ သူမ၏သမီးကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်မိသည်။
“ကျွန်မ….” ဝေစစ်ချီလည်း သူမ၏အမေကို မျက်နှာချင်းမဆိုင်ရဲတော့ပေ။ ခေါင်းငုံ့ကာ ဖြစ်ရပ်တစ်ခုလုံးကို အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ လက်ရှိအချိန်မှာတော့ ဘာတစ်ခုကိုမျှ မထိမ်ချန်ထားရဲတော့ဘဲ ချန်းယီကျွင်းက နဉ်ရှီ သူ့ကို ကြိတ်ကြိုက်နေပါတယ်လို့ သူမကို ပြောခဲ့သည်အထိ အစအဆုံး ထုတ်ပြောပြလာခဲ့သည်။
“ချန်းယီကျွင်းက အဲ့လိုပြောတာနဲ့ပဲ မဆင်မခြင် ယုံလိုက်တယ်ပေါ့.. နင်က ငတုံးလား..?” ဝေသုန်လိုင်က ဝေစစ်ချီကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။ “နဉ်ရှီက ချန်းယီကျွင်းကို တကယ်ကြိုက်နေတော့ရော ဘာဖြစ်လဲ..? ချန်းယီကျွင်းသာ ပြန်မကြိုက်သရွေ့ ဘာစိုးရိမ်စရာရှိလို့လဲ..? မိန်းကလေးတစ်ယောက်ကို စတိုခန်းထဲ တစ်ညလုံး သော့ခတ်ထားတဲ့အပြင် လွယ်အိတ်နဲ့ ဖုန်းကိုပါ ဖွက်ထားသေးတယ်..? အဲ့လိုကိစ္စမျိုးတွေ နင် ဘယ်လိုများ လုပ်နိုင်ရတာလဲ..? နင်မွှေးလိုက်တဲ့ မီးကြောင့် ဘယ်လောက်အထိ ပြဿနာတက်သွားနိုင်သလဲဆိုတာ တွေးကြည့်ခဲ့ရဲ့လား..? မကောင်းတဲ့လူတွေ ကျောင်းထဲရောက်လာပြီး မတော်တဆ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ..? ယောက်ျားတစ်ယောက်အတွက်နဲ့ နင့်မှာ ဆင်ခြင်တုံတရားတောင် မရှိတော့ဘူးလား..? အသိစိတ်လွတ်သွားပြီလား..?”
“ကျွန်မက သူ့ကို တစ်ညလောက် ခြောက်လှန့်ချင်ခဲ့ရုံပါ.. အဲ့လောက်ထိ ပြဿနာတက်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..” ဝေစစ်ချီက ငိုရှိုက်ကာ အော်ဟစ်လာသည်။ “အဲ့ကောင်မကြောင့် ကျွန်မ ဒီလိုအခြေအနေမျိုး ဖြစ်နေတာတောင် အစ်ကိုကပါ ဘာလို့ ဆူပူနေရတာလဲ..?”
“သူများမိသားစုကို တစ်စစီဖြစ်အောင် လုပ်ခဲ့ကတည်းက တစ်နေ့ပြန်ပြီး လက်စားချေခံရမယ်ဆိုတာ ကြိုသိသင့်တယ်လေ..” ဝေသုန်လိုင်က သူကိုယ်တိုင် အလိုလိုက်ထားခဲ့သော ညီမဖြစ်သူကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ “စစ်ချီ.. ဒီအခြေအနေ ရောက်လာတာတောင် နောင်တ,မရသေးဘူးလား..?”
ဝေစစ်ချီက မျက်နှာအုပ်ကာ ငိုရှိုက်နေပြီး ဝေသုန်လိုင်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
သူမ၏အပြုအမူကို ကြည့်ပြီး ဝေသုန်လိုင်လည်း သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။ သူက ပင်ပန်းနွမ်းနယ်စွာ ပြောလာသည်။ “အမေ.. ဒီည ကျွန်တော် ညစာပြန်မစားတော့ဘူး..”
သူ့အဖေ အန္တရာယ်ကင်းကင်း ပြန်ရောက်လာနိုင်ဖို့အရေး အဘိုးအဘွားများဆီသွားပြီး တောင်းပန်ရချေဦးမည်။
သူက နဉ်ရှီကို သာမာန်ရုပ်ရှင်မင်းသမီးအဖြစ်သာ မှတ်ထင်ထားသော်လည်း ယနေ့တော့ ဝေစစ်ချီက မကောင်းဆိုးဝါးကို အတိုက်အခံပြုမိခဲ့ကြောင်း သူ သဘောပေါက်သွားချေပြီ။
နဉ်ရှီသည် ကျိန်းသေပေါက် သာမာန်လူတစ်ယောက် မဟုတ်နိုင်ပေ။
ဝေမားမားလည်း သားဖြစ်သူ၏ အရိပ်အခြေကို ကြည့်ပြီး ခေါင်းညိတ်ပြရုံသာ တတ်နိုင်ခဲ့သည်။
***
မိုးချုပ်သွားမှ နဉ်ရှီ ပြန်နိုးလာ၏။ အင်္ကျီလဲကာ အောက်ဆင်းလာသည်နှင့် ဆိုဖာပေါ်ထိုင်ပြီး သတင်းစာဖတ်နေသော ချန်းရှီကွေ့ကို မြင်လိုက်ရသည်။
“နိုးပြီလား..?” နဉ်ရှီ ဆင်းလာသည်ကို မြင်သောအခါ ချန်းရှီကွေ့က ဖတ်လက်စသတင်းစာကို စားပွဲပေါ်တင်လိုက်ပြီး.. “ဒီနေ့ ညစာကို အိမ်မှာစားမလား.. အပြင်ထွက်စားချင်လား..?”
အိမ်..?
နဉ်ရှီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာခဲ့သည်။ “ကျွန်မရဲ့မိဘတွေ ပြောပြခဲ့ဖူးတာရှိတယ်.. အိမ်ပြောင်းလာတဲ့ ပထမဆုံးရက်မှာ အိမ်မှာပဲ မီးမွှေးပြီး ချက်ပြုတ်သင့်တယ်တဲ့.. အဲ့တာမှ အနာဂတ်မှာ ကျော်ကြားအောင်မြင်မှာတဲ့လေ..”
ဤကား ပထမဆုံးအကြိမ် နဉ်ရှီက သူမ၏ မိဘတွေအကြောင်း တက်တက်ကြွကြွ ပြောပြလာခြင်းပင်။ ချန်းရှီကွေ့မှာ တစ်ခဏ အသံတိတ်သွား၏။ သို့သော် နဉ်ရှီ၏ အပြုံးမျက်နှာကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်ရင်း.. “ဟုတ်ပါပြီ..”
နှစ်ယောက်သား ရိုးရိုးရှင်းရှင်း ညစာစားလိုက်ကြသည်။ ပြီးနောက် ဆိုဖာပေါ်ထိုင်ကာ အတူတူ TV ကြည့်ကြသည်။ ထိုအချိန်မှသာ ချန်နယ်အကုန်လုံးနီးပါး သူမ၏သတင်းကို ကြေညာနေကြောင်း နဉ်ရှီ သတိပြုမိလိုက်သည်။
သတင်းကြေညာသူတစ်ယောက်က ချန်းရှီကွေ့ဟာ ဝေစစ်ချီကို ရက်ရက်စက်စက် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ကြေညာလာချိန်မှာတော့ နဉ်ရှီလည်း ချန်းရှီကွေ့ကို အသာလှည့်ကြည့်လိုက်မိရင်း.. “ဘာလုပ်လိုက်လို့လဲ..?”
ချန်းရှီကွေ့က လှီးစိတ်ပြီးသား သစ်သီးပန်းကန်ကို နဉ်ရှီရှေ့သို့ ပို့ပေးကာ.. “ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး..”
“အဲ့ကိစ္စက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ..? ကျုပ်က သူ့ကို ပျော်ပျော်ကြီး အလိုလိုက်ထားမှာ..!” နဉ်ရှီက ချန်းရှီကွေ့အား ပြုံးပြကာ မျက်ခုံးပင့်လိုက်ရင်း.. “ဟမ်..?”
…………………………………………….
[Zawgyi]
အခန္း - (၆၄/၂)
ယေန့ေခတ္ အင္တာနက္တခြင္ ပြဲမ်ားစြာျဖင့္ စည္ကားေနေတာ့သည္။ ထို႔အျပင္ ခ်န္းရွီေကြ့၏ ပို႔စ္မ်ားလည္း နာမည္ႀကီးေနသျဖင့္ က်ိဳ႕က်ီ၏ PR Team က ျပႆနာသိပ္မေျဖရွင္းလိုက္ရေပ။
က်ိဳ႕က်ီ၏ေဘာ့စ္ျဖစ္သူ လီက်န႔္ေဟြခမ်ာလည္း ခ်န္းရွီေကြ့ႏွင့္နဉ္ရွီ တြဲေနေၾကာင္း သိသြားၿပီးေနာက္ ငုတ္တုတ္ေမ့သြားရသည္။ အေတာ္ၾကာ အသံတိတ္သြားၿပီးမွ က်န္းခ်င္းယြင္အား အံ့ဩတႀကီး လွၫ့္ၾကၫ့္ကာ.. “နဉ္ရွီနဲ႔ ခ်န္းရွီေကြ့က ခ်စ္သူေတြ..? မင္းဘာလို႔ ေစာေစာက မေျပာျပတာလဲ..?”
“သူေဌး.. ကြၽန္ေတာ္လည္း ဒီမတိုင္ခင္က မသိခဲ့ဘူး..” ယခုအေျခအေနမ်ိဳး မေရာက္ခင္အထိ က်န္းခ်င္းယြင္က လီက်န႔္ေဟြ့အား လံုးဝမေျပာျပခဲ့သလို နဉ္ရွီတို႔၏ ဆက္ဆံေရးကို သူ တစ္ခ်ိန္လံုး သတိထားမိေနမွန္း သိခြင့္ျပဳလိမ့္မည္ မဟုတ္ေပ။ “မစၥတာခ်န္းက နဉ္ရွီနဲ႔ သူငယ္ခ်င္းေတြပါလို႔ ထုတ္ေျပာခဲ့ဖူးေတာ့ ကြၽန္ေတာ္လည္း အဲ့အေၾကာင္း သိပ္မေတြးမိလိုက္တာ.. သူတို႔ႏွစ္ေယာက္ရဲ့ အဆင့္အတန္းက အရမ္းကြာျခားတယ္ေလ.. ကြၽန္ေတာ္လည္း ဘယ္လိုလုပ္ ေလ်ွာက္ေတြးရဲမွာလဲ..?”
က်န္းခ်င္းယြင္ အမွန္အတိုင္းေျပာေနမွန္း လီက်န႔္ေဟြ သိလိုက္သည္။ သူကိုယ္တိုင္ကလည္း ခ်န္းရွီေကြ့ကို သတိႀကီးၿပီး စည္းကမ္းႀကီးသၫ့္ ေယာက္်ားတစ္ဦးလို႔သာ မွတ္ယူထား၏။ ယခုလို မိန္းကေလးအႏုပညာရွင္တစ္ဦးႏွင့္ ခ်စ္ႀကိဳက္သြားလိမ့္မည္ဟု မေမ်ွာ္လင့္ထားခဲ့ေပ။
ကိုယ္ပိုင္ေဖ်ာ္ေျဖေရးကုမၸဏီကိုအဆင့္တစ္ခုတြင္ ရပ္တည္ႏိုင္သည္အထိ စီမံအုပ္ခ်ဳပ္ႏိုင္ေသာ လီက်န႔္ေဟြသည္ ငတံုးမဟုတ္ေပ။ ထိုေကာလာဟလမ်ားဟာ အစကတည္းက မွန္ေကာင္းမွန္လိမ့္မည္။ သို႔ေသာ္ သူက ‘နဉ္ရွီေၾကာင့္ ခ်န္းရွီေကြ့က က်ိဳ႕က်ီမွာ ရင္းႏွီးျမႇဳပ္ႏွံတာ’ ဟူသၫ့္ ေကာလာဟလမ်ားကို တကယ္တမ္း မယံုၾကည္ခဲ့ေပ။ သို႔တိုင္ နဉ္ရွီ၏ ေက်ာ္ၾကားမႈကို စန္းတင္ႏိုင္ရန္အတြက္ သူက ေကာလာဟလမ်ားကို ျငင္းဆန္မေနဘဲ တစ္ခါတရံ PR Team ကိုပင္ အသံုးျပဳ၍ နဉ္ရွီကို ထိပ္သီးသတင္းျဖစ္လာေအာင္ ကူညီေစခဲ့ေသး၏။
ထိုသတင္းမ်ားဟာ ေကာလာဟာလမဟုတ္ဘဲ အမွန္ျဖစ္ေနလိမ့္မည္ဟု သူ တစ္ခါမွမေတြးခဲ့ဖူးေပ။
လီက်န႔္ေဟြအတြက္ ေျဖသိမ့္စရာကား ကုမၸဏီက နဉ္ရွီအေပၚ ေကာင္းေကာင္း ဆက္ဆံေပးခဲ့ျခင္းပင္။ သူမကို အားသြန္ခြန္စိုက္ ျမႇင့္တင္ေပးခဲ့ရံုသာမက သူမ ႀကံဳေတြ့ခဲ့ရသၫ့္ ျပႆနာမ်ားကိုလည္း ကူညီေျဖရွင္းေပးခဲ့ေသးသည္။
အစကေတာ့ လူတစ္ေယာက္ႏွင့္ စာခ်ဳပ္ခ်ဳပ္ျခင္းကို သာမာန္ျဖစ္ရပ္လိုသာ သေဘာထားခဲ့သည္။ ယခုေတာ့ ထိုအေၾကာင္း ျပန္ေတြးမိၿပီး လီက်န႔္ေဟြမွာ စိတ္လႈပ္ရွားလာရသည္။ “ခ်င္းယြင္.. ကံေကာင္းလို႔ ငါတို႔ နဉ္ရွီနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့တာပဲ..”
မဟုတ္လ်ွင္ ဤရွားပါးေက်ာက္မ်က္ေလးကို တျခားသူမ်ား ပိုင္ဆိုင္သြားလိမ့္မည္။
က်န္းခ်င္းယြင္ခမ်ာ ထီေပါက္သလို ေပ်ာ္ျမဴးေနေသာ သူ၏သူေဌးကို ၾကၫ့္ရင္း ဘာမွမေျပာႏိုင္ေတာ့သလို ခံစားလိုက္ရေလသည္။
***
“ျဖန္း..!”
ေဝမိသားစု၏ ေနအိမ္တြင္..
ေဝသုန္လိုင္က ေဝစစ္ခ်ီကို ပါးရိုက္ပစ္လိုက္သည္။ သူဟာ ေဝစစ္ခ်ီကို ႏွစ္ေပါင္းမ်ားစြာ အလိုလိုက္လာခဲ့ၿပီး ပထမဆံုးအႀကိမ္ ပါးရိုက္လိုက္ျခင္းပင္။
“သုန္လိုင္.. မင္းဘာလုပ္တာလဲ..!” ေဝမားမားက သူမ၏သမီးအေပၚ လက္ပါလာေသာ သားျဖစ္သူကိုၾကၫ့္ၿပီး သမီးကို ေနာက္ပို႔ကာ ကာကြယ္ထားလိုက္သည္။ “ျပႆနာတစ္ခုခုဆိုရင္ေတာင္ အေမတို႔ေတြ ေျဖရွင္းလို႔ရေနတာပဲ.. ကိုယ့္ညီမကိုယ္ ဘာလို႔ရိုက္ႏွက္ေနတာလဲ..?”
ညီမျဖစ္သူကို ကာကြယ္ေနေသာ အေမကိုၾကၫ့္ကာ ေဝသုန္လိုင္လည္း ဆိုဖာေပၚ ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္မိသည္။ ၿပီးေနာက္ အက္ကြဲစြာ ေျပာလာသည္။ “အေမ… ေဝမိသားစု အဆံုးသတ္သြားၿပီ..”
“ဘာေတြေျပာေနတာလဲ..?” သားျဖစ္သူ၏ မ်က္ႏွာကိုၾကၫ့္ၿပီး ေဝမားမားလည္း စိတ္ပူလာခဲ့၏။ “အ.. အျပင္လူေတြက ျပႆနာကို အက်ယ္ခ်ဲ့ေနၾကရံုတင္ မဟုတ္ဘူးလား..? ဘယ္လိုျဖစ္လို႔……”
ေဝမားမား၏စိတ္ထဲတြင္ အြန္လိုင္းေပၚ၌ ျပႆနာမည္မ်ွႀကီးပါေစ၊ ရက္အနည္းငယ္ၾကာၿပီးေနာက္ ၿငိမ္သက္သြားၾကမည္ပင္။ သမီးျဖစ္သူ၏ ဂုဏ္သိကၡာကို ထိခိုက္လာႏိုင္ေသာ္လည္း အဘယ္ကို ဂရုစိုက္ရမည္နည္း။
ေဝသုန္လိုင္က သူ၏အေမကို လွၫ့္ၾကၫ့္လိုက္သည္။ မ်က္ဝန္းမ်ားက ရဲရဲနီေနၿပီး ခါးသီးစြာ ေျပာလာခဲ့သည္။ “အဲ့ေလာက္ ရိုးရွင္းမယ္ဆိုရင္ ေကာင္းတာေပါ့.. လြန္ခဲ့တဲ့ႏွစ္နာရီေလာက္က ကြၽန္ေတာ့္ဆီကို အခြန္ဌာနကေန ဆင့္ေခၚစာေရာက္လာတယ္.. တစ္ေယာက္ေယာက္က ကြၽန္ေတာ္တို႔ကုမၸဏီကို အခြန္ေရွာင္ၿပီး ေငြအလြဲသံုးစားလုပ္ေနပါတယ္လို႔ တိုင္လိုက္တယ္တဲ့..”
“မင္း ဘာေတြေျပာေနတာလဲ..?” ေဝမားမား၏မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနၿပီး.. “အဓိပၸါယ္မရိွတဲ့ သတင္းေတြ ဘယ္သူ ေလ်ွာက္ျဖန႔္ေနတာလဲ..? သက္ေသမရိွဘဲ ဘယ္လိုလုပ္ ပါးစပ္စည္းကမ္းမရိွ ေလ်ွာက္ေျပာႏိုင္ရတာလဲ..?”
“သက္ေသမရိွရင္ ဘယ္လိုလုပ္ ဆင့္ေခၚခံရမွာလဲ..?” ေဝသုန္လိုင္၏ အၾကၫ့္က ေဝစစ္ခ်ီေပၚ ေရာက္သြားသည္။ သူ႔ညီမအေပၚ စိတ္ပ်က္မႈကို မဖံုးကြယ္ႏိုင္ေတာ့ေပ။ “နင္သိလား.. အေဖ့ကို အခြန္ဌာနက ေခၚသြားၿပီ..”
အစ္ကိုျဖစ္သူ၏ စကားကိုၾကားၿပီးေနာက္ ေဝစစ္ခ်ီ၏ရင္ထဲ နင့္ခနဲ ခံစားလိုက္ရ၏။ ၾကမ္းခင္းေပၚ ယိုင္က်သြားၿပီး.. “အေဖ့ကို ဘာလို႔ ေခၚသြားၾကတာလဲ..?!”
“စစ္ခ်ီ.. ေဝလုပ္ငန္းစုမရိွရင္ နင္က ဘာမွမဟုတ္ဘူးဆိုတာ သိရဲ့လား..?” ေဝသုန္လိုင္မွာ ေဝစစ္ခ်ီကို ဆက္မေျပာႏိုင္ေအာင္ပင္။ “ပြင့္ပြင့္လင္းလင္း ေျပာစမ္းပါ.. အဲ့ႏွစ္က ဘာျဖစ္ခဲ့တာလဲ..? အစ္ကို အမွန္အတိုင္း သိရမျွဖစ္မယ္..”
ေဝမားမားမွာ သူမ၏သမီးကို မယံုၾကည္ႏိုင္စြာ လွၫ့္ၾကၫ့္လိုက္မိသည္။
“ကြၽန္မ….” ေဝစစ္ခ်ီလည္း သူမ၏အေမကို မ်က္ႏွာခ်င္းမဆိုင္ရဲေတာ့ေပ။ ေခါင္းငံု႔ကာ ျဖစ္ရပ္တစ္ခုလံုးကို အထစ္ထစ္အေငါ့ေငါ့ ေျပာလာသည္။ လက္ရိွအခ်ိန္မွာေတာ့ ဘာတစ္ခုကိုမ်ွ မထိမ္ခ်န္ထားရဲေတာ့ဘဲ ခ်န္းယီကြၽင္းက နဉ္ရွီ သူ႔ကို ႀကိတ္ႀကိဳက္ေနပါတယ္လို႔ သူမကို ေျပာခဲ့သည္အထိ အစအဆံုး ထုတ္ေျပာျပလာခဲ့သည္။
“ခ်န္းယီကြၽင္းက အဲ့လိုေျပာတာနဲ႔ပဲ မဆင္မျခင္ ယံုလိုက္တယ္ေပါ့.. နင္က ငတံုးလား..?” ေဝသုန္လိုင္က ေဝစစ္ခ်ီကို စိတ္ပ်က္လက္ပ်က္ ၾကၫ့္လိုက္သည္။ “နဉ္ရွီက ခ်န္းယီကြၽင္းကို တကယ္ႀကိဳက္ေနေတာ့ေရာ ဘာျဖစ္လဲ..? ခ်န္းယီကြၽင္းသာ ျပန္မႀကိဳက္သေရြ့ ဘာစိုးရိမ္စရာရိွလို႔လဲ..? မိန္းကေလးတစ္ေယာက္ကို စတိုခန္းထဲ တစ္ညလံုး ေသာ့ခတ္ထားတဲ့အျပင္ လြယ္အိတ္နဲ႔ ဖုန္းကိုပါ ဖြက္ထားေသးတယ္..? အဲ့လိုကိစၥမ်ိဳးေတြ နင္ ဘယ္လိုမ်ား လုပ္ႏိုင္ရတာလဲ..? နင္ေမႊးလိုက္တဲ့ မီးေၾကာင့္ ဘယ္ေလာက္အထိ ျပႆနာတက္သြားႏိုင္သလဲဆိုတာ ေတြးၾကၫ့္ခဲ့ရဲ့လား..? မေကာင္းတဲ့လူေတြ ေက်ာင္းထဲေရာက္လာၿပီး မေတာ္တဆ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္ၾကမလဲ..? ေယာက္်ားတစ္ေယာက္အတြက္နဲ႔ နင့္မွာ ဆင္ျခင္တံုတရားေတာင္ မရိွေတာ့ဘူးလား..? အသိစိတ္လြတ္သြားၿပီလား..?”
“ကြၽန္မက သူ႔ကို တစ္ညေလာက္ ေျခာက္လွန႔္ခ်င္ခဲ့ရံုပါ.. အဲ့ေလာက္ထိ ျပႆနာတက္သြားလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး..” ေဝစစ္ခ်ီက ငိုရိႈက္ကာ ေအာ္ဟစ္လာသည္။ “အဲ့ေကာင္မေၾကာင့္ ကြၽန္မ ဒီလိုအေျခအေနမ်ိဳး ျဖစ္ေနတာေတာင္ အစ္ကိုကပါ ဘာလို႔ ဆူပူေနရတာလဲ..?”
“သူမ်ားမိသားစုကို တစ္စစီျဖစ္ေအာင္ လုပ္ခဲ့ကတည္းက တစ္ေန့ျပန္ၿပီး လက္စားေခ်ခံရမယ္ဆိုတာ ႀကိဳသိသင့္တယ္ေလ..” ေဝသုန္လိုင္က သူကိုယ္တိုင္ အလိုလိုက္ထားခဲ့ေသာ ညီမျဖစ္သူကို ေအးတိေအးစက္ စိုက္ၾကၫ့္လိုက္သည္။ “စစ္ခ်ီ.. ဒီအေျခအေန ေရာက္လာတာေတာင္ ေနာင္တ,မရေသးဘူးလား..?”
ေဝစစ္ခ်ီက မ်က္ႏွာအုပ္ကာ ငိုရိႈက္ေနၿပီး ေဝသုန္လိုင္၏ ေမးခြန္းကို ျပန္မေျဖခဲ့ေပ။
သူမ၏အျပဳအမူကို ၾကၫ့္ၿပီး ေဝသုန္လိုင္လည္း သက္ျပင္းခ်ရံုသာ တတ္ႏိုင္ခဲ့သည္။ သူက ပင္ပန္းႏြမ္းနယ္စြာ ေျပာလာသည္။ “အေမ.. ဒီည ကြၽန္ေတာ္ ညစာျပန္မစားေတာ့ဘူး..”
သူ႔အေဖ အႏၲရာယ္ကင္းကင္း ျပန္ေရာက္လာႏိုင္ဖို႔အေရး အဘိုးအဘြားမ်ားဆီသြားၿပီး ေတာင္းပန္ရေခ်ဦးမည္။
သူက နဉ္ရွီကို သာမာန္ရုပ္ရွင္မင္းသမီးအျဖစ္သာ မွတ္ထင္ထားေသာ္လည္း ယေန့ေတာ့ ေဝစစ္ခ်ီက မေကာင္းဆိုးဝါးကို အတိုက္အခံျပဳမိခဲ့ေၾကာင္း သူ သေဘာေပါက္သြားေခ်ၿပီ။
နဉ္ရွီသည္ က်ိန္းေသေပါက္ သာမာန္လူတစ္ေယာက္ မဟုတ္ႏိုင္ေပ။
ေဝမားမားလည္း သားျဖစ္သူ၏ အရိပ္အေျခကို ၾကၫ့္ၿပီး ေခါင္းညိတ္ျပရံုသာ တတ္ႏိုင္ခဲ့သည္။
***
မိုးခ်ဳပ္သြားမွ နဉ္ရွီ ျပန္ႏိုးလာ၏။ အက်ႌလဲကာ ေအာက္ဆင္းလာသည္ႏွင့္ ဆိုဖာေပၚထိုင္ၿပီး သတင္းစာဖတ္ေနေသာ ခ်န္းရွီေကြ့ကို ျမင္လိုက္ရသည္။
“ႏိုးၿပီလား..?” နဉ္ရွီ ဆင္းလာသည္ကို ျမင္ေသာအခါ ခ်န္းရွီေကြ့က ဖတ္လက္စသတင္းစာကို စားပြဲေပၚတင္လိုက္ၿပီး.. “ဒီေန့ ညစာကို အိမ္မွာစားမလား.. အျပင္ထြက္စားခ်င္လား..?”
အိမ္..?
နဉ္ရွီ၏ မ်က္ႏွာေပၚတြင္ အၿပံဳးတစ္ခု ထင္ဟပ္လာခဲ့သည္။ “ကြၽန္မရဲ့မိဘေတြ ေျပာျပခဲ့ဖူးတာရိွတယ္.. အိမ္ေျပာင္းလာတဲ့ ပထမဆံုးရက္မွာ အိမ္မွာပဲ မီးေမႊးၿပီး ခ်က္ျပဳတ္သင့္တယ္တဲ့.. အဲ့တာမွ အနာဂတ္မွာ ေက်ာ္ၾကားေအာင္ျမင္မွာတဲ့ေလ..”
ဤကား ပထမဆံုးအႀကိမ္ နဉ္ရွီက သူမ၏ မိဘေတြအေၾကာင္း တက္တက္ႂကြၾကြ ေျပာျပလာျခင္းပင္။ ခ်န္းရွီေကြ့မွာ တစ္ခဏ အသံတိတ္သြား၏။ သို႔ေသာ္ နဉ္ရွီ၏ အၿပံဳးမ်က္ႏွာကိုၾကၫ့္ကာ ေခါင္းညိတ္ျပလိုက္ရင္း.. “ဟုတ္ပါၿပီ..”
ႏွစ္ေယာက္သား ရိုးရိုးရွင္းရွင္း ညစာစားလိုက္ၾကသည္။ ၿပီးေနာက္ ဆိုဖာေပၚထိုင္ကာ အတူတူ TV ၾကၫ့္ၾကသည္။ ထိုအခ်ိန္မွသာ ခ်န္နယ္အကုန္လံုးနီးပါး သူမ၏သတင္းကို ေၾကညာေနေၾကာင္း နဉ္ရွီ သတိျပဳမိလိုက္သည္။
သတင္းေၾကညာသူတစ္ေယာက္က ခ်န္းရွီေကြ့ဟာ ေဝစစ္ခ်ီကို ရက္ရက္စက္စက္ ျပန္လည္တံု႔ျပန္ခဲ့ေၾကာင္း ေၾကညာလာခ်ိန္မွာေတာ့ နဉ္ရွီလည္း ခ်န္းရွီေကြ့ကို အသာလွၫ့္ၾကၫ့္လိုက္မိရင္း.. “ဘာလုပ္လိုက္လို႔လဲ..?”
ခ်န္းရွီေကြ့က လွီးစိတ္ၿပီးသား သစ္သီးပန္းကန္ကို နဉ္ရွီေရ႔ွသို႔ ပို႔ေပးကာ.. “ဘာမွေထြေထြထူးထူး မဟုတ္ပါဘူး..”
“အဲ့ကိစၥက ခင္ဗ်ားနဲ႔ဘာဆိုင္လို႔လဲ..? က်ဳပ္က သူ႔ကို ေပ်ာ္ေပ်ာ္ႀကီး အလိုလိုက္ထားမွာ..!” နဉ္ရွီက ခ်န္းရွီေကြ့အား ၿပံဳးျပကာ မ်က္ခံုးပင့္လိုက္ရင္း.. “ဟမ္..?”
…………………………………………….