Heartless December❄️ ZG versi...

Novella_1001

2.6K 275 40

HD က အစအဆုံးတစ်နေရာတည်း မဆံ့လို့ ZG book သက်သက်လုပ်ပေးထားတာပါ။ နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်... Еще

Author's snow ski speech🎿
အပိုင်း ၂ : အရည်ပျော်နေတဲ့နှင်း
အပိုင်း ၃ : ပထမဆုံးအယ်လ်ကိုဟောအနမ်းက လူမှားတာတဲ့လား
အပိုင်း ၄ : ရင်ဘတ်နာတာ မေတ္တာဆိုပဲ၊ ဘယ်လို logic ကြီးလဲ၊ မှန်လိုက်တာ
အပိုင်း ၅ : သန္နိဌာန်ချလိုက်ပြီ၊ ဆရာဖြစ်ပေးပါ
အပိုင်း ၆ : ဂိုက်ဆရာက OCD သမား ဖြစ်နေတယ်
အပိုင်း ၇ : နှလုံးသားမရှိဘူး
အပိုင်း ၈ : အခုက... လက်ရှိချစ်သူဖြစ်သွားတာလား
Unskippable Ads 💬
အပိုင်း ၉ : စွန့်ပစ်လိုက်တဲ့ ကျန်ရှိနေခြင်းတွေ
အပိုင်း ၁၀ : တရားဟောဆရာနဲ့လိပ်
အပိုငျး ၁၁ : ဘီလူးခေါင်းနဲ့မင်းသားလေးကို ဆရာတော်မိခြင်း
အပိုင်း ၁၂ : ဖတ်ရခက်တဲ့ စာအုပ်
အပိုင်း ၁၃ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၁
🚨 အပိုင်း ၁၄ : ချစ်တဲ့သူရဲ့ချစ်သူဟောင်းက ပုံပြင်လာပြောနေတယ် ၂
အပိုင်း ၁၅ : တတိယဘီးတော့ အဖြစ်မခံနိုင်ဘူး
အပိုင်း ၁၆ : စိတ်ပျက်ခံလိုက်ရပြီ
အပိုင်း ၁၇ : သံတမန်နည်းနဲ့ အချော့ခံရခြင်း
အပိုင်း ၁၈ : ယူကလစ်ပင်နဲ့ ကိုအားလားဝက်ဝံ
အပိုင်း ၁၉ : သံယောဇဉ်သေးသေးလေး
အပိုင်း ၂၀ : အအေးမိသူအထူးခံစားခွင့်
အပိုင်း ၂၁ : ငါးကြော်အခိုးခံရတဲ့ခံစားချက်
အပိုင်း ၂၂ : လူပြက်ကလေးမောင်ရွှေရိုး
အပိုင်း ၂၃ : မုန့်တောင်းစားချင်တဲ့ကလေး
အပိုင်း ၂၄ : အပေါင်းအသင်းကြောင့် မျက်နှာပျက်ရခြင်း
အပိုင်း ၂၅ : ဂိုက်ဆရာ VS အမြွှာညီနောင်နဲ့ကြောင်ချစ်သူ
အပိုင်း ၂၆ : လက်ရှိချစ်သူ role ကို လက်မလွှတ်နိုင်ဘူး
အပိုင်း ၂၇ : အိမ်နဲ့တူတဲ့အိမ်မှာ
အပိုင်း ၂၈ : ကန်ထုတ်ခံရခြင်းများ
အပိုင်း ၂၉ : stalker ကျွန်တော်
အပိုင်း ၃၀ : ရေစိုနေတဲ့မျက်ဝန်းတွေ
Talking, Appreciating YOU
အပိုင်း ၃၁ : ပစ္စည်းတစ်ခုလို သဘောထားပါ
အပိုင်း ၃၂ : ကျွန်တော်က Shiba
အပိုင်း ၃၃ : အသည်းတစ်တင်းစာခွဲလာသူထံမှာ အခွင့်ထူးခံစားရခြင်း
အပိုင်း ၃၄ : တစ်ရှူးနဲ့မျက်ရည်သုတ်ခဲ့ရဖူးတယ်
အပိုင်း ၃၅ : စောင့်နေတတ်ဖို့ အသင်ခံထားရတဲ့ခွေးကလေး
အပိုင်း ၃၆ : လူမှားခံရပြန်ပြီ
အပိုင်း ၃၇ : ရည်းစားဟောင်းနဲ့ထောပတ်သီး
အပိုင်း ၃၈ : ခေါင်းပုတ်ပေးတာကြိုက်တဲ့ကိစ္စက မထူးဆန်းဘူးမလား
Explaining some stuffs
အပိုင်း ၃၉ : ထရော်မာရလိုက်တယ်
အပိုင်း ၄၀ : ကြောင် ၁၂ ကောင်မွေးထားတဲ့လူနဲ့ သတင်းထူးတစ်ခု
အပိုင်း ၄၁ : အံ့ဖွယ် Omega ပါကလား
အပိုင်း ၄၂ : ကံဆိုးတဲ့ခွေးကလေးသွားရာ မိုးလိုက်လို့ရွာ
အပိုင်း ၄၃ : နှင်းပန်းပွင့်
အပိုင်း ၄၄ : လိပ်ပြာဘ၀ကို ရောက်ချင်လှပြီလေ
အပိုင်း ၄၅ : ရေခဲကျွန်းမြောကြီးရဲ့ မသင်္ကာဖွယ် ပြောင်းလဲမှုများ
အပိုင်း ၄၆ : ဟာချီကိုမဟုတ်ခဲ့တဲ့ကျွန်တော်
အပိုင်း ၄၇ : တစ်ဖက်သတ်ချစ်တဲ့ကာရိုက်တာ
အပိုင်း ၄၈ : ခေါင်းအုံးရွေးတော်သူ
အပိုင်း ၄၉ : ပန်းနဲ့မတူတဲ့ပန်း
အပိုင်း ၅၀ : ဒီအထူးဧည့်သည်တော်က မှော်သုံးတတ်ပုံပဲ
Heartless December Character Facts 50
အပိုင်း ၅၁ : ကိုယ်တွေ့အတည်ပြုထားလိုက်ရတဲ့မုသားတစ်
အပိုင်း ၅၂ : အချစ်ကြောင့်ဖြစ်ရတဲ့စစ်ပွဲတွေ
အပိုင်း ၅၃ : မသေမျိုးစစ်သည်‌တော်ရဲ့အထူးနေ့
အပိုင်း ၅၄ : တတိယအကြိမ်မြောက်မြိုချလိုက်တဲ့ ဝိုင်စက်တွေအကြောင်း
အပိုင်း ၅၅ : တကယ်ပဲ ရေခဲအရည်ပျော်မယ့်လက္ခဏာလား
အပိုင်း ၅၆ : ချစ်တဲ့မျက်စိနဲ့မကြည့်နဲ့တဲ့ဗျာ မဖြစ်နိုင်တာတွေ
အပိုင်း ၅၇ : နောက်ဆုံးတော့ နှစ်ယောက်တည်းခရီးသွားရပြီ
အပိုင်း ၅၈ : ၃၄ပါးမြောက်နတ်သားနဲ့အသူရာငယ်
အပိုင်း ၅၉ : ယနေ့ညအတွက် အပူချိန်ခန့်မှန်းချက်
အပိုင်း ၆၀ : ကျွန်တော်ဘာလို့ နှလုံးသားရှိနေတာလဲ
အပိုင်း ၆၀ short extra : ‌ခေါက်ဆွဲပြုတ်နဲ့မဖြေရှင်းနိုင်တဲ့ပြဿနာ
အပိုင်း ၆၁ : ခွေးတိုးပေါက်ကချောင်းနေရပြီ
အပိုင်း ၆၂ : သူ့ချစ်သူဟောင်းကချပေးသွားတဲ့ ရုပ်ရှင်လက်မှတ်
အပိုင်း ၆၃ : မလွတ်မြောက်နိုင်ဘူး
အပိုင်း ၆၄ : လိုက်ဖမ်းပေးတာခံလိုက်ရတယ်၊ ဒါပေမယ့်...
အပိုင်း ၆၅ : ကျွန်တော်မသိခဲ့ခြင်းတွေ
အပိုင်း ၆၆ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၁
အပိုင်း ၆၇ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၂
အပိုင်း ၆၈ : နှင်းပန်းပွင့်ရဲ့ဒိုင်ယာရီကို ခိုးဖတ်ခြင်း ၃
အပိုင်း ၆၉ : ကျေးဇူးပြုပြီး ထွက်မသွားပါနဲ့
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၁
အပိုင်း ၆၉ side story : ရေခဲနတ်သား၏ private မီးဖိုချောင် ၂
အပိုင်း ၆၉ side story : နာဖျားနေသော နှလုံးသား
အပိုင်း ၇၀ : ရေခဲမြစ်ထဲမှ နိုးထလာခြင်း
အပိုင်း ၇၁ : ခေါင်းပုတ်ပေးနေတယ်၊ ဘာမှမပြောဘဲ ခေါင်းပုတ်ပေးနေတယ်
အပိုင်း ၇၂ : ခွေးကလေးကိုလက်ပေးသင်သူ
အပိုင်း ၇၃ : ခေါင်းလောင်းလေးတွေမြည်နေပြီ
အပိုင်း ၇၄ : နာမည်ခေါ်ပါတော့
အပိုင်း ၇၅ : ကွတ်ကီးခိုးမှုပေါ်သွားခြင်း
အပိုင်း ၇၆ : လက်စဖျောက်ခံရတော့မလို့
အပိုင်း ၇၇ : ကျွန်တော်လမ်းလျှောက်သင်ပေးမယ်
အပိုင်း ၇၈ : ၆နှစ်ငယ်တယ် ဒါပေမယ့် ၆ ကီလိုပိုများတယ်
အပိုင်း ၇၉ : ကော်ဇောနီခင်းကြိုဆိုမှု
အပိုင်း ၈၀ : ကြောင်ဂေဟာသို့ အလည်တစ်ခေါက်
အပိုင်း ၈၁ : အိမ်ကနေပြန်လည်ကြိုဆိုပါတယ် ကိုကို
အပိုင်း ၈၂ : အိပ်ဖန်စောင့်ခွင့်ရရှိခဲ့ပြီ
အပိုင်း ၈၂ short extra : ဘက်တီးရီးယားတို့၏စွန့်စားခန်းများ
အပိုင်း ၈၃ : ကျွန်တော်တို့ဇာတ်လမ်းက ဇာတ်ရှိန်တက်နေရဲ့လား
အပိုင်း ၈၄ : အနာဂတ်မှာတော်ရမယ့်ဆွေမျိုးနဲ့ လက်ဖက်ရည်ဖိတ်ချခြင်း
အပိုင်း ၈၅ : မီးပင်လယ်ကိုလက်ပစ်ကူးခဲ့တယ်
အပိုင်း ၈၆ : ဒီဇင်ဘာကနှလုံးသားမရှိဘူး
အပိုင်း ၈၇ : ဒါပေမယ့် ဒီဇင်ဘာဟာအသက်ရှူနေသေးတယ်
အပိုင်း ၈၈ : ခေါင်းပုတ်စာချုပ်
အပိုင်း ၈၉ : ယုံကြည်ချက်လွန်ကဲတာက ကောင်းတဲ့အကျင့်ပါ
အပိုင်း ၉၀ : တစ်ခါတုန်းကဇာတ်လမ်းတစ်ပုဒ်
အပိုင်း ၉၁ : မထင်မှတ်ထားသောတွေ့ဆုံခြင်းများ
အပိုင်း ၉၁ side story : စာမျက်နှာတစ်ဆယ့်ကိုး
အပိုင်း ၉၂ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၁
အပိုင်း ၉၃ : တစ်နှစ်တာကို မှန်ထောင်ကြည့်ခြင်း ၂
အပိုင်း ၉၄ : ကျွန်တော်တို့က အတူရှိမှဖြစ်မှာ
အပိုင်း ၉၅ : အသစ်ပြန်ဖြစ်လာတယ်
အပိုင်း ၉၆ : နှလုံးသားလက်ဆောင်
အပိုင်း ၉၇ : နှစ်သစ်ကူးညဟာ တစ်ဖန်ရောက်လာပြန်
အပိုင်း ၉၈ : ငါမင်းကိုချစ်တယ်
အပိုင်း ၉၉ : ကျွန်တော့်ရဲ့နှလုံးသားမဲ့ဒီဇင်ဘာ
🐶 (L.K)² Experience Survey ❄️
နှလုံးသားရှာတွေ့ခဲ့သူထံမှ ကျေးဇူးတင်လွှာ
(L.K)² cut 1 : နှင်းပန်းပွင့်နှင့်အနမ်းခြွေခြင်း
(L.K)² cut 2 : ပထမဦးဆုံး တရားဝင်ဗာလင်တိုင်း
(L.K)² cut 3 : လည်ပတ်ကြိုးပျောက်နေတဲ့ခွေးပေါက်ကလေး
A letter to L Khun ❄️
(L.K)² special : ဟော်လိုဝင်း စပယ်ရှယ်
Hapi D³! Woof 🐶
Happy New Year!! 🎊
Vday Chibi Art ❤️🤍

အပိုင်း ၁ : ပြုစားခံလိုက်ရပြီ

314 6 0
Novella_1001

❄️❄️❄️

ကျွန်တော်က ဒီဇင်ဘာနဲ့ပက်သက်သမျှ အားလုံးကိုသဘောကျတယ်။ အေးစိမ့်တဲ့ရာသီဥတု၊ ခြောက်သွေ့တဲ့လေထု၊ ဆွယ်တာတွေ၊ မာဖလာတွေ၊ နှင်းမမည်တဲ့နှင်းမှုန်တွေကြောင့် စိုစွတ်နေတဲ့ညတွေ။
ကျွန်တော်သဘောအကျဆုံးကတော့...
ဒီဇင်ဘာမှာ ကျွန်တော်နဲ့ဝင်တိုက်မိခဲ့တဲ့လူတစ်ယောက်။
ဒီဇင်ဘာကပေးတဲ့ ပါကင်ထုတ်အကြီးကြီးနဲ့ လက်ဆောင်ကြီးပေါ့ဗျာ။

* * *

"အား... အေးလိုက်တာကွာ..."

ဒီဇင်ဘာမနက်အစောကြီးမှာ စက်ဘီးစီးရတာ
အတော်ကို စွန့်စားရတဲ့အလုပ်ပဲ။ စက်ဘီးတစ်ချက်နင်းလိုက်တိုင်း အပူချိန်ဖင်ကပ်နေတဲ့လေထုထဲ တိုးဝင်သွားရလို့ အသည်းခိုက်အောင် အေးတာကတစ်မျိုး၊
မြူပိတ်နေတဲ့လမ်းထဲ ဘယ်အကွေ့မှာများ ကုန်တင်ကားနဲ့ဝင်တိုက်ပြီး နတ်ပြည်လားမလဲ တွေးပူရတာကတစ်မျိုး။ ဒါဆိုမစီးနဲ့ပေါ့လို့ ဝင်ပြောစရာရှိတယ်။
အို... မစီးလို့မှမရတာပဲဗျာ။ ဒီဇင်ဘာကျောင်းပိတ်ရက်လေးမှာ ကောင်းကောင်းနှပ်ဖို့ စိတ်ကူးထားတဲ့ ကျွန်တော့်ကို အိမ်ကမွေးသမိခင်က သိပ်အရေးကြီးလှတဲ့မစ်ရှင်တစ်ခု တာဝန်ပေးထားသကိုး။ အဖြစ်သနစ်က အောက်ပါအတိုင်းအစပြုတယ် လို့ ပြောရမယ်။

"ဒီဇင်ဘာပိတ်ရက်ဆိုပြီး နေဖင်ထိုးအောင်အိပ်မနေဘဲနဲ့ လန်းလန်းဆန်းဆန်းရှိအောင် စောစောထ၊ မဟာဝိဇ္ဇာဘွဲ့အတွက် စာတမ်းရေးနေတဲ့ နင့်အစ်ကိုကြီးကို သွားကူပြီး အခန်းရှင်းပေးချည်... ရေကုန်ရေခန်း စာကြိုးစားတဲ့သူနား များများနေပေးမှ နည်းနည်းဖြစ်ဖြစ် စာကြိုးစားချင်စိတ်လေး ပေါက်လာမှာ... စာမေးပွဲက ဖင်နားကပ်နေပြီ"

ကြိုးစားတဲ့သူဆိုတာတော့မှန်ပါတယ်။ Western movies, series နဲ့ japan anime တွေ ညလုံးပေါက် ထိုင်ကြည့်တဲ့နေရာမှာလေ။ ဒီမျိုးဒီရိုးပဲ ဘာထူးမှာလဲ။ မွေးရာပါကောင်းတဲ့မှတ်ဉာဏ်လေးကို အားကိုးပြီး ပညာတတ်လက်မှတ်ယူလာတာများ။ ဘယ်နားက ရေကုန်ရေခန်း။ Anime Blu-ray ၀ယ်စုရင်း ရေခန်းသွားတာဆိုရင်တော့ ဟုတ်လိမ့်မယ်။

[A/N* Blu-ray - High quality resolution ကြောင့် ရုပ်ထွက်ပြတ်သားပြီး အသံကြည်လင်သည့်အပြင် data မပျက်စီးဘဲ နှစ်ရှည်ကြာခံသည့် special disc တစ်မျိုး။ Anime Blu ray တစ်ချို့မှာ TV နှင့် DVD version တွင် မပါသည့် ထပ်ဆောင်းထည့်သွင်းထားသော scenes များ၊ uncensored sences များပါ ပါရှိတတ်သည်။ ]

"အမေကလည်း... ဒီပိတ်ရက်လေးနားရတာကိုဗျာ...
ပြီးတော့ စာကအေးဆေးပါ... အမေ့သားက တစ်ချိန်လုံးစာမလုပ်ပေမယ့် ဉာဏ်ကောင်းပြီးသား..."

"ဒီကောင်လေးဟာ ကပ်တီးကပ်ဖဲ့နဲ့၊ သွားစမ်းပါ... ဘာဝေးလို့လဲ ဒီနားဒီနားလေးပဲ၊ နောက်ပြီးမမသက်က သူ့သားကို ငါ့ဆီအပ်ထားတာ... တူလည်းသားပဲ... ဂရုစိုက်ပေးရမှာပေါ့..."

မနက် ၆ခွဲ ၇နာရီကြီးမှာ သားအရင်းလေး မေးချင်းရိုက်နေမှာကျ မမြင်ဘူး။ ဪ... အမေတို့များ အဲ့သလို ချစ်ကြင်နာတာ။

မော်လမြိုင်ကနေ မန္တလေးကိုကျောင်းလာတက်နေတဲ့
အစ်ကိုဝမ်းကွဲက ကျမ်းပြုပုဂ္ဂိုလ်ဖြစ်နေပြီကိုး။
အင်္ဂလိပ်စာ မဟာဝိဇ္ဇာဘွဲ့အတွက် အဆောင်နဲ့ကျောင်း ကူးသန်းနေရတာနဲ့၊ ကူးသန်းမနေရတဲ့နေ့‌ဆို ကိုယ့်ကိုယ်ကိုယ်ဆုချတဲ့အနေနဲ့ snacks တွေ ရင်ခွင်ပိုက်ပြီး သူကြိုက်တဲ့ဇာတ်ကားတွေကို မိုးလင်းပေါက်ထိ ထိုင်ကြည့်နေတတ်တာမို့ သူ့အခန်းက ကြွက်သိုက်လို ရှုပ်ပွနေတတ်လေတော့ သန့်ရှင်းရေးနတ်ဘုရားကျွန်တော်သာ မကယ်မရင် သူပြုစုနေတဲ့ကျမ်းထဲမှာ ပင့်ကူအိမ်အထွေးလိုက်နဲ့ ပိုးဟပ်တစ်ဒါဇင်ပါလာမှာတွေ အာရုံရနေပါရဲ့။
ကျွန်တော်ငယ်ငယ်ထဲက ဒီအစ်ကိုဝမ်းကွဲနဲ့ပဲ လည်ပင်းညစ်ပြီး အတူကြီးလာကြတာ သူတို့မိသားစုမော်လမြိုင်ကို မပြောင်းခင်ထိ။ သူ့ခမျာ သိပ်အလိုလိုက်တဲ့အမေအဖေတွေနဲ့ခွဲပြီး တစ်ယောက်တည်း ကျောင်းလာတက်နေရတာဆိုတော့ တစ်ခါတစ်လေ အငယ်ကအကြီးကို စောင့်ရှောက်ရမယ့်တာဝန်လည်း ရှိနေတာပေါ့လေ။

"ကောင်းပါပေ့ လင်းခန့်‌ရာ... အိမ်ကအစ်မနဲ့ညီမကိုလိုက်ပြီး ကြည့်ရှုပေးရရုံမကလို့ ဒီအတောင့်အတင်း ယောက်ျားရင့်မာကြီးကိုပါ မနက်စာသွားလုပ်ပေးရအုံးမယ်... မြတ်စွာဘုရား... အလတ်တွေက ဒီလိုပဲဒုက္ခများကြသလား..."

ကိုယ့်အဖြစ်ကိုယ်စာနာရင်း ဟူးခနဲမှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတိုလေးကြောင့် အေးစက်စက်လေထုထဲ အငွေ့စီးကြောင်းတစ်ခု ကျန်နေခဲ့ရဲ့။ အသက်ဝဝရှူပြီး စက်ဘီးကို ခပ်သွက်သွက်လေး အရှိန်တင်နင်းလိုက်တယ်။ ဒီတစ်ကွေ့ဆို အစ်ကိုတို့ အဆောင်လမ်းထဲ ရောက်ပြီလေ။

"ကျွီ... ဒုန်း..."

အားလားလား...။ ရောက်ခါနီးမှ ဘယ်သူနဲ့ဝင်တိုက်မိသလဲမသိ။
ကျွန်တော်ပြိုင်ဘီးလေးလည်း မြေခလို့ ကျွန်တော်လည်း
ကတ္တရာလမ်းပေါ် လက်ထောက်လျက် ပြုတ်ကျသွားရတာ။
အေးစက်နေတဲ့ဆောင်းတွင်းဆိုတော့ လက်ဖဝါးပြဲရုံလေးတောင်
စိမ့်ပြီးနာပါ့။ ကိုယ်က အရှိန်မလျှော့ဘဲကွေ့မိတော့လည်း
ကိုယ်တိုက်မိတဲ့သူကို ပြူးပြဲကြည့်ပြီး တောင်းပန်ရတာပေါ့။

"ဆောရီးပါဗျ... ကျွန်တော်အရှိန်များနေလို့ ဝင်တိုက်မိတာ...
ဘာဖြစ်သွားသေးလဲ..."

"ဘယ်ရောက်သွားပြီလဲ..."

"..."

လမ်းပေါ်မယ် နှစ်ယောက်လုံး ထိုင်လျက်လဲနေတဲ့အထဲ
ကျွန်တော်သာ တစ်ယောက်တည်းစကားပြောနေတာ တစ်ဖက်လူကဖြင့် ဆွယ်တာအဖြူလက်ရှည်ပေါ်က ထပ်ဝတ်ထားတဲ့ ကုတ်အမည်းကြီး၊ ဂုတ်ပေါ်ကလျှောကျနေတဲ့မာဖလာအနီနဲ့ ဆံပင်နက်နက်တွေပဲမြင်ရပြီး မျက်နှာက လမ်းမပေါ်ငုံ့လို့ ဘာကိုရှာမှန်းမသိ အရေးတကြီးရှာနေပါရဲ့။ မေးတာတောင်မဖြေနိုင်...။

"အစ်ကို ဘာရှာနေတာလဲ.. "

လက်ကိုလှမ်းပုတ်မေးလိုက်တော့မှ မော့ကြည့်လာပြီး
သူ့မျက်လုံးသူပွတ်ရင်း၊ မျက်ခုံးတန်းနှစ်ကြောင်းကို ဆွဲဆွဲကျုံ့ရင်း ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပါရော။

"မျက်မှန်..."

ဪ...။ သူက မျက်လုံးလေးလုံးပိုင်ရှင်ပဲ။

"အဲ... ဒီဟာထင်တယ်..."

"အင်း..."

လက်တစ်လှမ်းမှာကျနေတဲ့ ကိုင်းအကြည်နဲ့မျက်မှန်ပါးလေးကို ကောက်ပေးလိုက်တော့ အင်္ကျီစနဲ့အသာ‌ပွတ်ပြီး ကောက်တပ်လိုက်ရင်း...။

"ဆောရီး..."

"အဲ... ရပါတယ်... ကျွန်တော်ကမှား..."

"အာ... နောက်ကျနေပြီ..."

မျက်မှန်ကိုင်းကလေးလက်နဲ့ပင့်လို့ ကုတ်အင်္ကျီလက်အောက်က နာရီကိုလှန်ကြည့်ပြီး မျက်ကလဲဆန်ပြာဖြစ်သွားပုံက ဖြူပြီးသားသူ့မျက်နှာတောင် နှစ်ဆလောက် သွေးဆုပ်ဖြူလျော်သွားသလိုလို။

"ဟိုလေ... ဘာဖြစ်သွားသေး..."

"..."

ဟောဗျာ..။ ဘာစကားပြန်မှမရဘဲ နောက်ကကျားလိုက်သလို သူ့အိတ်သူဆွဲပြီး ပြေးတော့တာပဲ။

"ဘယ်လိုလူလဲဟ..."

ကိုယ့်ဟာကိုယ်ဖုတ်ဖတ်ခါပြီး ပြန်ထမယ်အလုပ် စက်ဘီးဘေးမှာ မြွေနီကလေးခွေနေသယောင် အပုံလိုက်ရှိနေတဲ့ မာဖလာလေးက ဆုံချက်ထဲဝင်လာပါရဲ့။

"ဟော... မာဖလာကျန်နေခဲ့ပြန်ပြီ..."

အဲ့ဒီမြွေနီကလေးကို ကောက်ယူကြည့်လိုက်တော့ အစွန်းတစ်ဖက်မှာ ထိုးထားတဲ့ L.K ဆိုတဲ့ အဖြူရောင်အင်္ဂလိပ်စာလုံးနှစ်လုံးက ထင်းလို့။

" L.K... L.K က ဘာလဲ... ငါ့နာမည်လား... "

ကုန်းရုန်းထပြီး သူပြေးသွားတဲ့ လမ်းဘက်ကြည့်လိုက်တော့
သက်ရှိရယ်လို့ ခြင်တစ်ကောင်တောင်မရှိတော့...။

"ဒီနားမှာနေတာဆိုရင်တော့ ပြန်ပေးလို့ရမှာပါလေ..."

ကျွန်တော်လည်း ကိုယ့်စက်ဘီးကိုယ်ထူ၊ အေးစက်နေတဲ့ လည်ပင်းတစ်ဝိုက် မာဖလာကိုအသင့်ကောက်ပတ်ပြီး လမ်းထဲဆက်လိမ့်ခဲ့ပါရဲ့။ အဆောင်ရှေ့မှာ စက်ဘီးလေးရပ်ပြီး လှေကားပေါ် ခပ်သွက်သွက်တက်ခဲ့တယ်။ အဆောင်လို့ အလွယ်ခေါ်လိုက်ပေမယ့် နှစ်ထပ်တိုက်ခန်းတွဲ တစ်ခုရဲ့ အပေါ်ထပ်တစ်ခန်းမှာ အစ်ကိုကငှါးနေတာပါ။ ခါတိုင်းဆို အိမ်မှာနဲ့ အပြင်မှာပဲတွေ့ဖြစ်တာမို့ ကျွန်တော်လည်း သူ့နေရာကို ရောက်ဖူးတာ သိပ်မကြာသေးဘူး။

တိုက်ခန်းလေးက ကျဉ်းပေမယ့် ရေမီးအစုံ၊ အိပ်ခန်း၊ ရေချိုးခန်းအိမ်သာ၊ မီးဖိုချောင်နဲ့ အပြည့်အစုံရယ်။ အစ်ကိုကသာ ဟင်းလည်းကောင်းကောင်းမချက်တတ်၊အပြင်ထွက်ရမှာလည်းပျင်းတဲ့ အိမ်တွင်းပုန်းသမားမို့ အမေက သူ့တူ အိမ်ထမင်းအိမ်ဟင်းစားဖြစ်အောင်ဆိုပြီး ပို့ပို့ပေးတတ်တယ်။ အခုတော့ တစ်ချက်လွှတ်အမိန့်နဲ့ ကျွန်တော်သွားချက်ပေးနေရပြီ။ ကျွန်တော့်စိတ်နဲ့သာဆို ယောင်လို့တောင် သူ့တိုက်ခန်းဘက် ခြေဦးမလှည့်ဘူး။ အိမ်လာရင်ခဏခဏမြင်နေကျ ဒီမျက်နှာကြီး တကူးတကလာကြည့်ဖို့ရာ ဒီလောက်အစောကြီးလည်း မထချင်ဘူးလေ။ နေ့လည်နေ့ခင်းဘက် ရောက်မိရင်လည်း သူ့အခန်းပွစာကြဲနေတာကို ကြည့်ကောင်းအောင် နည်းနည်းရှင်းပေးပြီး ကြာကြာမနေနိုင်ဘူး... ဟင်းထချက်မပေးရခင် လစ်ပြေးတာပဲ။ မထူးလည်း သူမအားကိုယ်မအားနဲ့ သူဝယ်စုထားတဲ့ anime figures တွေနဲ့ DVD, Blu-ray တွေကလည်း ‌အကုန်နီးပါး မွှေပြီးပြီလေ။

"ငခန့်... ရောက်လာပြီလား..."

ဂွမ်းစောင်ကြီးကိုယ်မှာပတ်ပြီး တံခါးဖွင့်ပေးပါတဲ့ အစ်ကိုတော်က အိပ်ရာထဲက လူးလဲထလာပုံပဲ။

"မင်း ထမင်းကြော်ပြီးရင်နှိုး... ဝှား..."
နောက်တော့ ဆိုဖာအသေးလေးပေါ် မှောက်လျက်ကြီး ပြန်ရောက်သွားပါရော။

"ပြန်အိပ်မနေနဲ့ဗျာ... ထတော့...
ထမင်းကြော်တာ ဘယ်နှစ်မိနစ်မှမကြာဘူး"

ကြွက်သိုက်ထက်ရှုပ်နေတဲ့ အခန်းထဲက ပြန့်လကျဲ စာအုပ်တွေနဲ့ အင်္ကျီတွေ၊ အသင့်စားခေါက်ဆွဲဗူးခွံတွေကို မိုင်းရှင်းလင်းရေးနယ်မြေ ဖြတ်လျှောက်ရသလို မထိအောင် ကျော်ခွသွားလိုက်ရင်း...။

"ပလာစတာရှိလား..."

"အံဆွဲထဲမှာ... ဘာဖြစ်လို့လဲ..."

"လမ်းမှာ စက်ဘီးလဲလာလို့... ဒီလမ်းထဲအကွေ့ကျမှ လူတစ်ယောက်နဲ့ ဝင်တိုက်တာဗျာ..."

"ဈေးသွားတဲ့ အောက်ထပ်ကအဒေါ်ကြီးနဲ့လား..."

"ဘယ်ကလာ... အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ မျက်မှန်နဲ့အစ်ကိုကြီးတစ်ယောက်ဗျ... အစ်ကိုနဲ့ရွယ်တူလောက်ပဲ"

"ငါ့လောက်တော့ မချောဘူးပေါ့..."

"လာလာချည်သေးရဲ့ဗျာ... အစ်ကိုက ကြွက်သိုက်ထဲကကြွက်မင်းသား... ဟိုက
ကိုရီးယားမင်းသားလို ချောမောသန့်ပြန့်နေတာ..."

"လင်းတလေး..."

ပြောရင်းဆိုရင်းပဲ လက်ဖဝါးက ပြဲသွားတဲ့နေရာကို ရေဆေးပြီးသုတ်၊ ပလာစတာလေးကပ်... နောက်တော့ ကြွက်သိုက်ထဲကို စည်ပင်ကားဝင်ရတော့တာပေါ့။ ပစ်စရာရှိတာပစ်၊ ချိတ်စရာအင်္ကျီတွေချိတ်၊ စာအုပ်တွေလိုက်ထပ်။

"ဘာဖြစ်သွားလဲမေးနေတုန်း ဟိုက သုတ်သုတ်ပြာပြာနဲ့
ထွက်သွားတာ... မာဖလာတောင်ကျနေခဲ့သေး... စာထိုးထားတယ် L.K တဲ့... "

"ဝှါး... အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ မျက်မှန်နဲ့ L.K လား... ဒါဆို အယ်လ်ခွန်းနေမှာ..."

"ဟမ်... အယ်လ် ဘာ..."

"အယ်လ်ခွန်း... ငါနဲ့မေဂျာတူသူငယ်ချင်း၊
ဟိုဘက်ခန်းမှာနေတယ်၊ ခုဏ‌လေးကမှ ထွက်သွားတာ..."

"အယ်လ်... အယ်လ်ခွန်း...
နာမည်က လျှာခလုတ်တိုက်လိုက်တာ..."

"သူက ကချင်လေ..."

"ဪ... အဲ့ဒါကြောင့် သူ့အသံက နည်းနည်းစကားဝဲသလို ဖြစ်နေတာကိုး... ဒါဆိုလည်း မာဖလာကို ဒီမှာထားခဲ့တော့မယ်၊ အဲ့ဒီအစ်ကို့သူငယ်ချင်းပြန်လာရင် ပေးလိုက်..."

ကျွန်တော့်လည်ပင်းပေါ်က အဖြုတ်ခံလိုက်ရတဲ့ မာဖလာလေးဟာ စားပွဲပေါ်မှာခွေလို့။ ထမင်းကြော်ကို နှစ်ယောက်စာကြော်၊ ကိုယ်ပါဝင်စားပြီးတဲ့နောက် တစ်ပတ်လုံးရှုပ်ထားတဲ့အသိုက်ကြီးကို နှစ်ယောက်သား သန့်ရှင်းရေးမန္တာန်တွေမှုတ်ရပြီလေ။

"ဝှါး..."

"တစ်ချိန်လုံးသမ်းနေတာပဲဗျာ..."

"ငါမှ အိပ်ရေးမဝသေးတာ... မနေ့ညက နောက်ကျမှ အိပ်ရတာဟ..."

တစ်ယောက်တည်းနေပေလို့သာပဲ။ စာလေးဘာလေးလုပ်ပြီး ရုပ်ရည်ကလေးက ကြည့်ပျော်ရှုပျော်ရှိပေမယ့်... ဒီလိုပစ်စလက်ခတ်နေပုံကြီးနဲ့ မိန်းမကတော့ရနေအုံးမယ်။

သန့်ရှင်းရေးအခမ်းအနားပြီးတော့ မနက် ၉နာရီခွဲ။
ကျွန်တော် ညစ်ပတ်အိုးအစ်ကိုရဲ့အခန်းထဲက ပြန်ထွက်လာတော့ လှေကားကတက်လာတဲ့ မာဖလာပိုင်ရှင် အစ်ကို့သူငယ်ချင်းနဲ့ ဒုတိယမ္ပိ ထပ်တွေ့ရတာပဲ။ ကုတ်အင်္ကျီကို ချွတ်ပြီးလက်ပေါ်တင်လို့ ဂျင်းပြာရောင်ဘောင်းဘီ၊ အားကစားဖိနပ်အနက်ရောင်လေးနဲ့ တစ်လှမ်းချင်းလျှောက်လာတာ။ ဪ... စတိုင်ကျအောင်နေတတ်တဲ့ လူချောတွေများ။
အနွေးဘောင်းဘီအပွနဲ့ ဂျာကင်ပြာကြီးပဲ လပေါက်ဝတ်တဲ့
ကြွက်မင်းသားအစ်ကိုဝမ်းကွဲနဲ့ ကွာခြားလိုက်လေခြင်း။

"အစ်ကို..."

"..."

"အစ်ကို..."

လှမ်းခေါ်ပေမယ့် သူက ကျွန်တော့်ကို ကျော်သွားသဗျ။ ဒီလူအကောင်လိုက်ကြီးကို မမြင်တာများလား။ သူ့မျက်မှန် ပါဝါတိုးဖို့တော့လိုနေပြီ။

"အစ်ကိုအယ်လ်ခွန်း..."

"..."

နာမည်တပ်ခေါ်မှ လှည့်ကြည့်တော့တာပဲ။

"ကျွန်တော့်ကိုမှတ်မိလား... မနက်က အစ်ကို့ကို စက်ဘီးနဲ့ဝင်ကျုံးတဲ့တစ်ယောက်လေ..."

"ဟုတ်လား... မသိဘူး..."

ကြည့်ရတာ တကယ်ကိုမသိပုံပဲ။ တွေ့ဖူးသမျှ လူတိုင်းမမေ့နိုင်တဲ့ ကျွန်တော့်ရဲ့ချောမောမှုနဲ့ ကြင်နာဖော်ရွေမှုအပေါ်တောင် ပြန်ပြီး သံသယ၀င်ရမလို။

"အဟဲ... မသိလည်းရပါတယ်၊
တခြားမဟုတ်ဘူးရယ်၊ ဘာဖြစ်သွားသေးလဲ မေးမလို့ပါ..."

"မဖြစ်ပါဘူး... ဘာမှ..."

"ဪ... တော်သေးတာပေါ့... ဒါနဲ့ အစ်ကို့မာဖလာကျကျန်နေခဲ့လို့ ကျွန်တော်ယူလာတယ်... ခဏ..."

"..."

"အစ်ကိုက ကမန်းကတမ်းထပြေးသွားတာကိုး...
မာဖလာအစွန်းမှာ နာမည်အတိုကောက် စာလုံးရေးထားတာနဲ့ ကျွန်တော့်အစ်ကိုကိုမေးကြည့်လိုက်တာ သူကပြောလို့.."

အစ်ကိုတော့်အခန်းထဲ မာဖလာပြန်ဝင်ယူပြီး ပိုင်ရှင်လက်ထဲတစ်ခါတည်း ထည့်ပေးဖို့လုပ်တော့...။

"..."

သူက ကျွန်တော်ကမ်းပေးနေတဲ့မာဖလာကို တွေတွေကြီးစိုက်ကြည့်လို့ ကြက်သေသေနေပါရဲ့။ သူ့မျက်နှာကြည့်ရတာ ပျော်ရွှင်မှုမှန်သမျှ ဆွဲအနုတ်ခံထားရတဲ့ပုံစံနဲ့ တစ်ခုခုကို အလွန်အမင်း စိတ်ပျက်နေသလိုလို။

"အဲ‌လေ... ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့မေ့နေတာ...
ကျွန်တော်က ဒီအခန်းမှာနေတဲ့ အံထူးမြတ်ရဲ့ ညီတစ်ဝမ်းကွဲ လင်းခန့်ပါ၊ အစ်ကိုတို့က သူငယ်ချင်းတွေဆို..."

"အဲ့ဒီမာဖလာ... မင်းယူလိုက်တော့..."

"ဗျာ..."

နောက်တော့ တစ်ခွန်းမှဆက်မပြောဘဲ သူ့အခန်းသူ တံခါးသော့ဖွင့်ပြီး ဝင်သွားတော့တာပဲ။

"ဟမ်... တကယ်ယူရမှာလား..."

လှမ်းကြည့်လိုက်တော့ တံခါးလက်ကိုင်ဘုမှာ သော့တန်းလန်းကြီးနဲ့။

"ဒေါက်... ဒေါက်..."

"ဒီမှာ... အစ်ကို... "

"အစ်ကိုအယ်လ်ခွန်း... တံခါးဖွင့်ပါအုံးဗျ..."

သူ့မာဖလာကြီးကိုင်၊ လျှာခလုတ်တိုက်တဲ့ သူ့နာမည်ကိုခေါ်လို့ တံခါးတဒုန်းဒုန်းထုနေရင်း နှစ်မိနစ်သုံးမိနစ်ကြာမှ ဂျောက်ခနဲ တံခါးဖွင့်သံကြားရတော့တယ်။

"ဒီမှာ သော့ကတန်းလန်းကြီးကျန်နေ..."

"..."

တံခါးပွင့်လာတဲ့နေရာမှာ ရပ်နေတဲ့လူက...
နှင်းလိုဖြူတဲ့ ဆွယ်တာလက်ရှည်လေးဝတ်ထားတယ်။
မဟူရာရောင်ဆံပင်စင်းဖြောင့်ဖြောင့်တွေက နဖူးပေါ်ဝဲကျလို့...။ ဆံစအောက်ကမျက်လုံးတွေကတော့ ခုဏကလို မျက်မှန်ပါးလေးနဲ့ ကွယ်မနေတော့ဘူး။ နောက်ပြီး... အခုမှသေသေချာချာမြင်ရတဲ့ အဲ့ဒီမျက်ဝန်းနက်တွေက...။

"အ... အစ်ကို... ငိုနေတာလား..."

"..."

ဟုတ်ပါရဲ့...။ တယ်ကြည့်ကောင်းတဲ့ မျက်လုံးလှလှတစ်စုံက
အရည်ကြည်တွေဝေ့သီလို့...။ ကြည့်နေရင်းပဲ သူ့ရဲ့ချောမွတ်နေတဲ့ ပါးပြင်ပေါ်ကို မြစ်တစ်စင်းစီးကျလာခဲ့တယ်။

ဘုရားရေ...။
တစ်ယောက်ယောက် ကျွန်တော့်ကို အသိစိတ်ဝင်အောင်
နာနာလေးတစ်ချက် ဖြတ်ရိုက်ပေးလို့ရမလား။
အခုလေးတင်ပဲ ယောက်ျားတစ်ယောက် မျက်ရည်ကျနေတဲ့ပုံစံကိုကြည့်ရင်း "လှလိုက်တာ.." လို့ တွေးလိုက်မိတယ်။

ဆောင်းရာသီရဲ့ အအေးဓာတ်က စိတ်ကိုရော
ဖောက်ပြားစေနိုင်တာလား။ ဒီဇင်ဘာကဝေက မာဖလာယောင်ဆောင်ထားတဲ့ မြွေနီတစ်ကောင်ကို လည်ပင်းမှာပတ်ပေးပြီး ကျွန်တော့်ကိုပြုစားလိုက်ပြီလား။
မဟုတ်မှလွဲရော... ကျွန်တော့်လည်ပင်းမှာ အပေါက်နှစ်ပေါက် ရှိနေပြီလား။

___________________________________
To be continued...

💖💖💖

ပြုစားလိုက်ပါပြီ။ ဒီအပိုင်းဖတ်မိတဲ့သူဟာ အခုကစပြီး ပြီးတဲ့ထိ လိုက်ခဲ့ရပါတော့မယ်။ မလိုက်ရင် Novella ကိုယ်တိုင် အိပ်မက်ထဲ လာလှန့်မှာပါ။ (⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡🔪

C'mon! Long way to go, darlings~

Novella ✒️

Продолжить чтение

Вам также понравится

Royally yours Srinidhi Chava

Любовные романы

2M 111K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
138K 5K 11
" You're so oblivious Chandler. " " To what? " " To the fact that you've already fallen for her. " chandler bing x oc friends season 1-5
465 66 13
တံငါရနံ့ သင်းထုံလှိုင်သော မြစ်ဝကျွန်းပေါ်ဒေသလေး၌ ပွင့်လန်းခဲ့သော ချစ်ပန်းလေးတပွင့်။
895 119 5
သားသမီးဘဝကနေ မိဘဖြစ်လာကြပေမယ့် သားသမီးတွေအပေါ်နားလည်မပေးနိုင်တဲ့ မိဘတွေအားရည်စူးသည်။ အိမ်တွင်းအကြမ်းဖက်မှုကိုအများဆုံးခံနေရသူများသည် သားသမီးဟူသော ငါတ...