နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

נכתב על ידי Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... עוד

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [62.1]

947 135 2
נכתב על ידי Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၆၂/၁)

လူထုအမြင်ဟူသည် မမြင်နိုင်သော အင်အားတစ်မျိုးပင်။ ထို့ကြောင့် လိုင်းပေါ်တွင် နဉ်ရှီ၏ အတန်းဖော်စာရင်းများ ပေါက်ကြားလာသောအခါ မည်သူမျှ မအံ့ဩခဲ့ပေ။ တချို့တတ်နိုင်စွမ်းသော အင်တာနက်သုံးစွဲသူများဆိုလျှင် ‘လှပသော အိမ်ငယ်ကလေး’ ၏ Post တွင်ပါသည့် ကျောင်းပြောင်းကျောင်းသူ အလှလေးနှင့် ကျောင်းမြက်ခင်းစိမ်းလေးကိုပင် ရှာတွေ့ခဲ့ကြသည်။

နဉ်ရှီအား စတိုခန်းထဲ တွန်းထည့်ခဲ့သူများ၏ အချက်အလက်များလည်း ပေါ်ပေါက်လာပြီး သူတို့၏ လက်ရှိအလုပ်နေရာများအထိ ပါဝင်လာ၏။ သို့သော် ဖော်ထုတ်ခဲ့သော အင်တာနက်သုံးစွဲသူများသည် ဥပဒေဘောင်အတွင်းမှသာ လှုပ်ရှားခဲ့ပြီး ထိုလူများ၏ နာမည်ကို ‘Mr/Miss X’ ဟု အစားသုံးကာ သူတို့အလုပ်လုပ်ရာ ကုမ္ပဏီနာမည်များကိုလည်း ဝါးပေးထားသည်။

ထိုသို့ ဝါးပေးထားသည့်တိုင် သူတို့၏ အလုပ်အကိုင်ကတော့ သိသာနေဆဲ။ အင်တာနက်သုံးစွဲသူများကို ရှော့ရသွားစေသည့် အချက်ကား သူတို့ထဲမှ နှစ်ယောက်သည် ကျောင်းဆရာ/မများ ဖြစ်နေကြခြင်းပင်။

ထိုကျောင်းဆရာနှစ်ယောက်သည် လက်တွေ့ဘဝတွင် ကျောင်းသား/သူများကို ပညာသင်ကြားနေရင်း အွန်လိုင်းပေါ်မှာတော့ အတိတ်မှအမှားများကို ဝန်ခံရန် အကြောက်အကန် ငြင်းဆန်နေခဲ့သည်။ သူတို့က နဉ်ရှီကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်ခဲ့ကြပြီး နဉ်ရှီအား အတိုက်အခံလုပ်ရန် လူထုကိုပင် အားပေးလှုံ့ဆော်ခဲ့သေးသည်။

သူတို့လိုဆရာမျိုးက ကျောင်းသားတွေအတွက် သင့်တော်ပါ့မလား..?

အင်တာနက်သုံးစွဲသူအများစုက ပညာရေးဝန်ကြီးဌာနသို့ ဖုန်းဆက်ကာ ထိုပြဿနာကောင်နှစ်ကောင်ကို ရှာဖွေစုံစမ်းရန်၊ ပညာရေးလောကမှ ထုတ်ပယ်ရန် တောင်းဆိုခဲ့ကြလေသည်။

ထိုကိစ္စက အချိန်နှင့်တပြေးညီ ကြီးထွားလာခဲ့လေ၏။ ဆိုရှယ်မီဒီယာမှ အရေးပါအရာရောက်သူများ၏ တွန်းအားပေးမှုကြောင့် ပညာရေးလောကတွင် ကျောင်းတွင်းအနိုင်ကျင့်မှုများကို ဂရုတစိုက်ဖြင့် စတင်စောင့်ကြည့်လာကြသည်။ ထို့အပြင် အင်တာနက်သုံးစွဲသူများနှင့် ကျောင်းသားမိဘများသည် ပညာရေးဝန်ကြီးဌာနသို့ ဖုန်းခေါ်ဆိုကာ ဝေဖန်မေးခွန်းထုတ်ခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနမှ ထိုကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့လေသည်။

သူတို့နှစ်ဦးသာ အမှန်တကယ် နောင်တရခဲ့လျှင် အင်တာနက်သုံးစွဲသူများသည် ဤမျှ ဒေါသထွက်လိမ့်မည်မဟုတ်။ သို့သော် သူတို့နှစ်ဦးက နောင်တ,မရရုံသာမက သူတို့၏အမှားကို ဖုံးကွယ်ရန်အတွက် အမှန်တရားကို သိုဝှက်ကာ နဉ်ရှီအား အပြစ်ပုံချရန်ပင် ကြိုးစားခဲ့ကြသည်။

သူတို့တွေက ဒီလောက်အရှက်မဲ့နိုင်မှတော့ အင်တာနက်သုံးစွဲသူတွေလည်း သူတို့ကို လွတ်မြောက်ခွင့် မပေးနိုင်တော့ဘူးပေါ့..!

နဉ်ရှီအား စတိုခန်းထဲ ပိတ်လှောင်ခဲ့သူများအပြင် အင်တာနက်သုံးစွဲသူများ အာရုံစိုက်နေသည်ကား ကျောင်းပြောင်းကျောင်းသူ အလှလေးနှင့် ကျောင်းမြက်ခင်းစိမ်းလေး ဖြစ်၏။ မူလပို့စ်တင်ခဲ့သူက သူတို့၏နာမည်ကို တိတိကျကျ မဖော်ပြခဲ့သော်လည်း ဖော်ထုတ်ခဲ့သူက ‘အကြီးဆုံး သံထည်ပစ္စည်းကော်ပိုရေးရှင်းရဲ့ သမီး’ နဲ့ ‘လတ်တလော တရားမဝင်သားကြောင့် ပြဿနာတက်နေတဲ့ သူဌေးမိသားစုရဲ့ သား’ ဟူ၍ သုံးနှုန်းထားရာ အင်တာနက်သုံးစွဲသူများအတွက် သူတို့၏ အချက်အလက်ကို ခန့်မှန်းရှာဖွေရန် လုံလောက်နေပြီဖြစ်သည်။

နဉ်ရှီတက်ခဲ့သော အထက်တန်းကျောင်းသည် မြို့တော်၏ ပထမအဆင့် အထက်တန်းကျောင်းဖြစ်ပြီး သူတို့၏အတန်းတွင် ကျောင်းသား ငါးဆယ်ထက်မနည်း ရှိခဲ့ပါသော်လည်း အင်တာနက်သုံးစွဲသူများက ကျောင်းသားများ၏ နောက်ခံအနေအထားကို တစ်ယောက်မကျန် နှံ့နှံ့စပ်စပ် ရှာဖွေနိုင်ခဲ့သည်။

ဖြတ်သွားဖြတ်လာလေးပါ : “အဲ့နှစ်ယောက်ကို ငါသိနေတယ်နော်.. မနှစ်က သူဌေးမိသားစုနှစ်စုရဲ့ သခင်လေးနဲ့ သခင်မလေး ကြီးကြီးကျယ်ကျယ် စေ့စပ်ခဲ့တဲ့ အခမ်းအနားဗီဒီယိုတွေကို ပြန်ရှာကြည့်ကြဟေ့.. မင်းတို့ရှာနေတဲ့ အမှန်တရားကို တွေ့လိမ့်မယ်..”

ဝေစစ်ချီ၏ မိဘများသည် သံထည်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရာမှ ကုမ္ပဏီကြီး ထူထောင်နိုင်ခဲ့တာဖြစ်ပြီး မြို့တော်တွင် လူသိများထင်ရှား၏။

ချန်း*ယီကျွင်း၏ မိသားစုသည်တော့ အိမ်ခြံမြေလုပ်ငန်းနှင့် မိတ်ကပ်အလှကုန်လုပ်ငန်း လုပ်ကိုင်ကြကာ လက်တလောတွင် သူ၏ဖခင်၌ တရားမဝင်ကလေး ရှိနေကြောင်း ကောလာဟလများ ပြန့်နှံ့နေလေသည်။ မိသားစုလုပ်ငန်းကို ချန်း*ယီကျွင်း ဆက်ခံနိုင်ပါတော့မလား မသေချာသည့် အနေအထားပင်။

အချက်အလက်များ ထွက်ပေါ်လာသည်နှင့် အင်တာနက်သုံးစွဲသူများဟာ သူတို့၏ ဓာတ်ပုံများကို ရှာဖွေရင်း ထိုနှစ်ယောက်ထံသို့ အလုံးအရင်း ရောက်သွားကြတော့သည်။

အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးက မစ်ဝေဟာ သူမ၏ နှာခေါင်းနှင့် မေးရိုးကို filler ထည့်ထားကြောင်း၊ မျက်လုံးမှာလည်း ပြုပြင်ထားသည့် အရိပ်အယောင်တချို့ရှိကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ထိုသို့ ဟိုနည်းနည်း သည်နည်းနည်း ပြုပြင်ထားသည့်တိုင် သူမ၏အလှက နဉ်ရှီကို မယှဉ်နိုင်ခဲ့ပေ။

ရေတပ်များသည် ပရိသတ်များကို လမ်းကြောင်းလွှဲရမည့် သူတို့၏ တာဝန်အတိုင်း နဉ်ရှီကို လူမသိသူမသိ မျက်နှာပြင်ထားသယောင် သတင်းဖြန့်ခဲ့ဖူး၏။ ယခုတော့ အမှန်တရားက ပြောင်းပြန်ဖြစ်နေသည်။ လှောင်ပြောင်အနိုင်ကျင့်ခံခဲ့ရသော နဉ်ရှီက တစ်နေ့တခြား ပိုမိုလှပလာပြီး နဉ်ရှီအား အနိုင်ကျင့်ရန် ဦးဆောင်ဦးနင်းပြုခဲ့သူ ဝေစစ်ချီကတော့ ပလက်စတစ်ဆာဂျရီ လုပ်ထားရသည်။

ကမ္ဘာပေါ်တွင် ဖုံးကွယ်ထားနိုင်သော လျို့ဝှက်ချက်ဟူ၍မရှိ။ နဉ်ရှီနှင့် ဝေစစ်ချီက ဥပမာပင်။

သိပ်မကြာခင်မှာပင် ဝေစစ်ချီနှင့် ချန်း*ယီကျွင်းတို့၏ Weibo acc များကို အင်တာနက်သုံးစွဲသူများ ရှာတွေ့သွားသည်။ သူတို့နှစ်ဦးက အချင်းချင်း Follow ထားကြပြီး အပြန်အလှန် ချစ်ကြောင်းကြင်နာကြောင်း Post တင်ထားသေး၏။ သို့သော် ယခုနှစ်အတွင်း ချန်း*ယီကျွင်းသည် Weibo ပေါ်တွင် ဘာမှမတင်ခဲ့ပေ။ ဝေစစ်ချီကတော့ သူမ၏ ဇိမ်ခံပစ္စည်းများကို ကြွားလုံးထုတ်သည်မှလွဲ၍ နဉ်ရှီအကြောင်း သွားပုပ်လေလွင့်ပြောထားသည့် Comment ကိုသာ Repost ပြန်တင်ထားသည်။ သူမက Repost များတွင် ကြမ်းတမ်းရက်စက်သည့် Comment များပင် ထပ်ရေးထားသေးသည်။

သူမ၏ Weibo Acc ကို လှန်လှောကြည့်ပြီးနောက် အင်တာနက်သုံးစွဲသူများပင် ကမ္ဘာကြီးအပေါ် အမြင်ပြောင်းသွားသလို ခံစားလိုက်ရ၏။

ဒီမိန်းမက ဘာလို့ဒီလောက်တောင် အရှက်မဲ့နိုင်ရတာလဲဟ..?

ဝေစစ်ချီက Post များကိုဖျက်ကာ User name ကို ပြောင်းလိုက်သဖြင့် အင်တာနက်သုံးစွဲသူများလည်း သူမ၏ Post များကို သိပ်မကြည့်လိုက်ရပေ။ သို့သော် သူမ ဘာပဲလုပ်လုပ် အကျိုးမထူးတော့၊ လူအများက သူမ၏ Post များကို Screenshot ရိုက်ထားပြီးချေပြီ။ သူတို့က ဝေစစ်ချီ၏အကွက်ကို ရိပ်မိနေသဖြင့် Weibo Post များကိုကြည့်ရင်း သူမ၏ Comments များကိုပါ Screenshot ရိုက်ခဲ့လိုက်သည်။

ထိုစဉ်မှာပင် ပြဿနာကြီးဖြစ်ပြီးကတည်းက နဉ်ရှီ တစ်ခါမှထွက်မလာသေးကြောင်း နဉ်ရှီ၏ ပရိသတ်များ သတိထားမိသွား၏။ သူမ၏ မန်နေဂျာက ရှေ့ထွက်ကာ နဉ်ရှီ နေကောင်းကြောင်း ပြောကြားခဲ့သော်လည်း နဉ်ရှီကို လူကိုယ်တိုင် မမြင်ရသရွေ့ ပရိသတ်များခမျာ စိတ်ပူနေကြတော့သည်။

နောက်ဆုံးသော ခိုကိုးရာအနေဖြင့် ကျိုးကျန်းချွမ်၊ စွန်းယွီဟန်နှင့် ကျိုးဟိုင်လီ.. စသည့် နဉ်ရှီ၏ သူငယ်ချင်းများ Weibo Account တွင် စာသွားရေးကြ‌လေသည်။ နဉ်ရှီ၏ ပုံရိပ်ကို မထိခိုက်စေရန်အလို့ငှာ သူတို့က စိတ်ရင်းကိုပြ၍ သိမ်မွေ့ယဉ်ကျေးသော စကားလုံးများကိုသာ အသုံးပြုခဲ့ကြသည်။

တချို့ဆိုလျှင် ချန်းရှီကွေ့၏ Weibo Account ၌ နဉ်ရှီကို အတိတ်၏ စိတ်ဒဏ်ရာဆိုးမှ ရုန်းထွက်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင် အားပေးကူညီပေးပါရန် ဂရုတစိုက် တောင်းဆိုခဲ့ကြသည်။

နဉ်ရှီပရိသတ်များ၏ အပြုအမူကို လူတိုင်း မြင်နိုင်ပေ၏။ သို့သော် မည်သူမျှ အမြင်ကပ်စရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာဟု မထင်ကြပေ။ ထိုအစား ထိုသို့သော ပရိသတ်များရှိသည့်အတွက် နဉ်ရှီအတွက်ပင် ဝမ်းသာပေးကြသေးသည်။

ဂရုစိုက်ခံရခြင်းက စိတ်ချမ်းမြေ့ဖွယ်ကိစ္စတစ်ရပ်ပင်။

တချို့ Media များလည်း နဉ်ရှီ၏ ပရိသတ်များကို သတိထားမိလာပြီး သူတို့၏ လုပ်ရပ်ကောင်းများအတွက် ချီးကျူးလာကြ၏။

တကယ်တော့ ချန်းရှီကွေ့၏ Account တွင် စာသွားရေးခဲ့ကြသော ပရိသတ်များသည် သူတို့၏ ကံကောင်းမှုကို ကံစမ်းလိုက်ရုံသာ။ သူတို့၏စိတ်ထဲ ထင်ထားသည်က ချန်းရှီကွေ့ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် Weibo အသုံးမပြုလောက်ဟူ၍။

သူတို့ မထင်ထားသည်ကား ထိုနေ့ညနေဘက်တွင် ချန်းရှီကွေ့ Post တင်လာခြင်းပင်။ ဓာတ်ပုံတစ်ပုံနှင့်အတူ Caption အတိုတစ်ကြောင်းသာ တွဲတင်ထား၏။ ဓာတ်ပုံကတော့ ကြည်လင်ရှင်းသန့်နေသည့် အသည်းပုံ ဖန်လုံးလေးသာ။

ချန်းရှီကွေ့ : “ကျွန်တော့်ရဲ့ နှလုံးသားလေးက ကြည်လင်နေတယ်။ ဘာအစွန်းအထင်းမှ မရှိဘူး။” [ဓာတ်ပုံ]

အင်တာနက်သုံးစွဲသူများ : ???

ဘာအဓိပ္ပါယ်လဲ..?

Bouncing Bear : အားးးးးးးးးးးးးးး!!!!!!

........................

[Zawgyi]

အခန္း - (၆၂/၁)

လူထုအျမင္ဟူသည္ မျမင္ႏိုင္ေသာ အင္အားတစ္မ်ိဳးပင္။ ထို႔ေၾကာင့္ လိုင္းေပၚတြင္ နဉ္ရွီ၏ အတန္းေဖာ္စာရင္းမ်ား ေပါက္ၾကားလာေသာအခါ မည္သူမ်ွ မအံ့ဩခဲ့ေပ။ တခ်ိဳ႕တတ္ႏိုင္စြမ္းေသာ အင္တာနက္သံုးစြဲသူမ်ားဆိုလ်ွင္ ‘လွပေသာ အိမ္ငယ္ကေလး’ ၏ Post တြင္ပါသၫ့္ ေက်ာင္းေျပာင္းေက်ာင္းသူ အလွေလးႏွင့္ ေက်ာင္းျမက္ခင္းစိမ္းေလးကိုပင္ ရွာေတြ့ခဲ့ၾကသည္။

နဉ္ရွီအား စတိုခန္းထဲ တြန္းထၫ့္ခဲ့သူမ်ား၏ အခ်က္အလက္မ်ားလည္း ေပၚေပါက္လာၿပီး သူတို႔၏ လက္ရိွအလုပ္ေနရာမ်ားအထိ ပါဝင္လာ၏။ သို႔ေသာ္ ေဖာ္ထုတ္ခဲ့ေသာ အင္တာနက္သံုးစြဲသူမ်ားသည္ ဥပေဒေဘာင္အတြင္းမွသာ လႈပ္ရွားခဲ့ၿပီး ထိုလူမ်ား၏ နာမည္ကို ‘Mr/Miss X’ ဟု အစားသံုးကာ သူတို႔အလုပ္လုပ္ရာ ကုမၸဏီနာမည္မ်ားကိုလည္း ဝါးေပးထားသည္။

ထိုသို႔ ဝါးေပးထားသၫ့္တိုင္ သူတို႔၏ အလုပ္အကိုင္ကေတာ့ သိသာေနဆဲ။ အင္တာနက္သံုးစြဲသူမ်ားကို ေရွာ့ရသြားေစသၫ့္ အခ်က္ကား သူတို႔ထဲမွ ႏွစ္ေယာက္သည္ ေက်ာင္းဆရာ/မမ်ား ျဖစ္ေနၾကျခင္းပင္။

ထိုေက်ာင္းဆရာႏွစ္ေယာက္သည္ လက္ေတြ့ဘဝတြင္ ေက်ာင္းသား/သူမ်ားကို ပညာသင္ၾကားေနရင္း အြန္လိုင္းေပၚမွာေတာ့ အတိတ္မွအမွားမ်ားကို ဝန္ခံရန္ အေၾကာက္အကန္ ျငင္းဆန္ေနခဲ့သည္။ သူတို႔က နဉ္ရွီကို ရည္ရြယ္ခ်က္ရိွရိွ နာမည္ဖ်က္ခဲ့ၾကၿပီး နဉ္ရွီအား အတိုက္အခံလုပ္ရန္ လူထုကိုပင္ အားေပးလႈံ႔ေဆာ္ခဲ့ေသးသည္။

သူတို႔လိုဆရာမ်ိဳးက ေက်ာင္းသားေတြအတြက္ သင့္ေတာ္ပါ့မလား..?

အင္တာနက္သံုးစြဲသူအမ်ားစုက ပညာေရးဝန္ႀကီးဌာနသို႔ ဖုန္းဆက္ကာ ထိုျပႆနာေကာင္ႏွစ္ေကာင္ကို ရွာေဖြစံုစမ္းရန္၊ ပညာေရးေလာကမွ ထုတ္ပယ္ရန္ ေတာင္းဆိုခဲ့ၾကေလသည္။

ထိုကိစၥက အခ်ိန္ႏွင့္တေျပးညီ ႀကီးထြားလာခဲ့ေလ၏။ ဆိုရွယ္မီဒီယာမွ အေရးပါအရာေရာက္သူမ်ား၏ တြန္းအားေပးမႈေၾကာင့္ ပညာေရးေလာကတြင္ ေက်ာင္းတြင္းအႏိုင္က်င့္မႈမ်ားကို ဂရုတစိုက္ျဖင့္ စတင္ေစာင့္ၾကၫ့္လာၾကသည္။ ထို႔အျပင္ အင္တာနက္သံုးစြဲသူမ်ားႏွင့္ ေက်ာင္းသားမိဘမ်ားသည္ ပညာေရးဝန္ႀကီးဌာနသို႔ ဖုန္းေခၚဆိုကာ ေဝဖန္ေမးခြန္းထုတ္ခဲ့သျဖင့္ ပညာေရးဝန္ႀကီးဌာနမွ ထိုကိစၥႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးမည္ျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့ေလသည္။

သူတို႔ႏွစ္ဦးသာ အမွန္တကယ္ ေနာင္တရခဲ့လ်ွင္ အင္တာနက္သံုးစြဲသူမ်ားသည္ ဤမ်ွ ေဒါသထြက္လိမ့္မည္မဟုတ္။ သို႔ေသာ္ သူတို႔ႏွစ္ဦးက ေနာင္တ,မရရံုသာမက သူတို႔၏အမွားကို ဖံုးကြယ္ရန္အတြက္ အမွန္တရားကို သိုဝွက္ကာ နဉ္ရွီအား အျပစ္ပံုခ်ရန္ပင္ ႀကိဳးစားခဲ့ၾကသည္။

သူတို႔ေတြက ဒီေလာက္အရွက္မဲ့ႏိုင္မွေတာ့ အင္တာနက္သံုးစြဲသူေတြလည္း သူတို႔ကို လြတ္ေျမာက္ခြင့္ မေပးႏိုင္ေတာ့ဘူးေပါ့..!

နဉ္ရွီအား စတိုခန္းထဲ ပိတ္ေလွာင္ခဲ့သူမ်ားအျပင္ အင္တာနက္သံုးစြဲသူမ်ား အာရံုစိုက္ေနသည္ကား ေက်ာင္းေျပာင္းေက်ာင္းသူ အလွေလးႏွင့္ ေက်ာင္းျမက္ခင္းစိမ္းေလး ျဖစ္၏။ မူလပို႔စ္တင္ခဲ့သူက သူတို႔၏နာမည္ကို တိတိက်က် မေဖာ္ျပခဲ့ေသာ္လည္း ေဖာ္ထုတ္ခဲ့သူက ‘အႀကီးဆံုး သံထည္ပစၥည္းေကာ္ပိုေရးရွင္းရဲ့ သမီး’ နဲ႔ ‘လတ္တေလာ တရားမဝင္သားေၾကာင့္ ျပႆနာတက္ေနတဲ့ သူေဌးမိသားစုရဲ့ သား’ ဟူ၍ သံုးႏႈန္းထားရာ အင္တာနက္သံုးစြဲသူမ်ားအတြက္ သူတို႔၏ အခ်က္အလက္ကို ခန႔္မွန္းရွာေဖြရန္ လံုေလာက္ေနၿပီျဖစ္သည္။

နဉ္ရွီတက္ခဲ့ေသာ အထက္တန္းေက်ာင္းသည္ ၿမိဳ႔ေတာ္၏ ပထမအဆင့္ အထက္တန္းေက်ာင္းျဖစ္ၿပီး သူတို႔၏အတန္းတြင္ ေက်ာင္းသား ငါးဆယ္ထက္မနည္း ရိွခဲ့ပါေသာ္လည္း အင္တာနက္သံုးစြဲသူမ်ားက ေက်ာင္းသားမ်ား၏ ေနာက္ခံအေနအထားကို တစ္ေယာက္မက်န္ ႏွံ႔ႏွံ့စပ္စပ္ ရွာေဖြႏိုင္ခဲ့သည္။

ျဖတ္သြားျဖတ္လာေလးပါ : “အဲ့ႏွစ္ေယာက္ကို ငါသိေနတယ္ေနာ္.. မႏွစ္က သူေဌးမိသားစုႏွစ္စုရဲ့ သခင္ေလးနဲ႔ သခင္မေလး ႀကီးႀကီးက်ယ္က်ယ္ ေစ့စပ္ခဲ့တဲ့ အခမ္းအနားဗီဒီယိုေတြကို ျပန္ရွာၾကၫ့္ၾကေဟ့.. မင္းတို႔ရွာေနတဲ့ အမွန္တရားကို ေတြ့လိမ့္မယ္..”

ေဝစစ္ခ်ီ၏ မိဘမ်ားသည္ သံထည္ပစၥည္းမ်ား ေရာင္းဝယ္ေဖာက္ကားရာမွ ကုမၸဏီႀကီး ထူေထာင္ႏိုင္ခဲ့တာျဖစ္ၿပီး ၿမိဳ႔ေတာ္တြင္ လူသိမ်ားထင္ရွား၏။

ခ်န္း*ယီကြၽင္း၏ မိသားစုသည္ေတာ့ အိမ္ၿခံေျမလုပ္ငန္းႏွင့္ မိတ္ကပ္အလွကုန္လုပ္ငန္း လုပ္ကိုင္ၾကကာ လက္တေလာတြင္ သူ၏ဖခင္၌ တရားမဝင္ကေလး ရိွေနေၾကာင္း ေကာလာဟလမ်ား ျပန႔္ႏွံ႔ေနေလသည္။ မိသားစုလုပ္ငန္းကို ခ်န္း*ယီကြၽင္း ဆက္ခံႏိုင္ပါေတာ့မလား မေသခ်ာသၫ့္ အေနအထားပင္။

အခ်က္အလက္မ်ား ထြက္ေပၚလာသည္ႏွင့္ အင္တာနက္သံုးစြဲသူမ်ားဟာ သူတို႔၏ ဓာတ္ပံုမ်ားကို ရွာေဖြရင္း ထိုႏွစ္ေယာက္ထံသို႔ အလံုးအရင္း ေရာက္သြားၾကေတာ့သည္။

အလွအပဆိုင္ရာ ခြဲစိတ္ဆရာဝန္တစ္ဦးက မစ္ေဝဟာ သူမ၏ ႏွာေခါင္းႏွင့္ ေမးရိုးကို filler ထၫ့္ထားေၾကာင္း၊ မ်က္လံုးမွာလည္း ျပဳျပင္ထားသၫ့္ အရိပ္အေယာင္တခ်ိဳ႕ရိွေၾကာင္း အတိအလင္း ေျပာၾကားခဲ့သည္။ ထိုသို႔ ဟိုနည္းနည္း သည္နည္းနည္း ျပဳျပင္ထားသည့္တိုင္ သူမ၏အလွက နဉ္ရွီကို မယွဉ္ႏိုင္ခဲ့ေပ။

ေရတပ္မ်ားသည္ ပရိသတ္မ်ားကို လမ္းေၾကာင္းလႊဲရမၫ့္ သူတို႔၏ တာဝန္အတိုင္း နဉ္ရွီကို လူမသိသူမသိ မ်က္ႏွာျပင္ထားသေယာင္ သတင္းျဖန႔္ခဲ့ဖူး၏။ ယခုေတာ့ အမွန္တရားက ေျပာင္းျပန္ျဖစ္ေနသည္။ ေလွာင္ေျပာင္အႏိုင္က်င့္ခံခဲ့ရေသာ နဉ္ရွီက တစ္ေန့တျခား ပိုမိုလွပလာၿပီး နဉ္ရွီအား အႏိုင္က်င့္ရန္ ဦးေဆာင္ဦးနင္းျပဳခဲ့သူ ေဝစစ္ခ်ီကေတာ့ ပလက္စတစ္ဆာဂ်ရီ လုပ္ထားရသည္။

ကမ႓ာေပၚတြင္ ဖံုးကြယ္ထားႏိုင္ေသာ လ်ိဳ႕ဝွက္ခ်က္ဟူ၍မရိွ။ နဉ္ရွီႏွင့္ ေဝစစ္ခ်ီက ဥပမာပင္။

သိပ္မၾကာခင္မွာပင္ ေဝစစ္ခ်ီႏွင့္ ခ်န္း*ယီကြၽင္းတို႔၏ Weibo acc မ်ားကို အင္တာနက္သံုးစြဲသူမ်ား ရွာေတြ့သြားသည္။ သူတို႔ႏွစ္ဦးက အခ်င္းခ်င္း Follow ထားၾကၿပီး အျပန္အလွန္ ခ်စ္ေၾကာင္းၾကင္နာေၾကာင္း Post တင္ထားေသး၏။ သို႔ေသာ္ ယခုႏွစ္အတြင္း ခ်န္း*ယီကြၽင္းသည္ Weibo ေပၚတြင္ ဘာမွမတင္ခဲ့ေပ။ ေဝစစ္ခ်ီကေတာ့ သူမ၏ ဇိမ္ခံပစၥည္းမ်ားကို ႂကြားလံုးထုတ္သည္မွလြဲ၍ နဉ္ရွီအေၾကာင္း သြားပုပ္ေလလြင့္ေျပာထားသၫ့္ Comment ကိုသာ Repost ျပန္တင္ထားသည္။ သူမက Repost မ်ားတြင္ ၾကမ္းတမ္းရက္စက္သၫ့္ Comment မ်ားပင္ ထပ္ေရးထားေသးသည္။

သူမ၏ Weibo Acc ကို လွန္ေလွာၾကၫ့္ၿပီးေနာက္ အင္တာနက္သံုးစြဲသူမ်ားပင္ ကမ႓ာႀကီးအေပၚ အျမင္ေျပာင္းသြားသလို ခံစားလိုက္ရ၏။

ဒီမိန္းမက ဘာလို႔ဒီေလာက္ေတာင္ အရွက္မဲ့ႏိုင္ရတာလဲဟ..?

ေဝစစ္ခ်ီက Post မ်ားကိုဖ်က္ကာ User name ကို ေျပာင္းလိုက္သျဖင့္ အင္တာနက္သံုးစြဲသူမ်ားလည္း သူမ၏ Post မ်ားကို သိပ္မၾကၫ့္လိုက္ရေပ။ သို႔ေသာ္ သူမ ဘာပဲလုပ္လုပ္ အက်ိဳးမထူးေတာ့၊ လူအမ်ားက သူမ၏ Post မ်ားကို Screenshot ရိုက္ထားၿပီးေခ်ၿပီ။ သူတို႔က ေဝစစ္ခ်ီ၏အကြက္ကို ရိပ္မိေနသျဖင့္ Weibo Post မ်ားကိုၾကၫ့္ရင္း သူမ၏ Comments မ်ားကိုပါ Screenshot ရိုက္ခဲ့လိုက္သည္။

ထိုစဉ္မွာပင္ ျပႆနာႀကီးျဖစ္ၿပီးကတည္းက နဉ္ရွီ တစ္ခါမွထြက္မလာေသးေၾကာင္း နဉ္ရွီ၏ ပရိသတ္မ်ား သတိထားမိသြား၏။ သူမ၏ မန္ေနဂ်ာက ေရ႔ွထြက္ကာ နဉ္ရွီ ေနေကာင္းေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း နဉ္ရွီကို လူကိုယ္တိုင္ မျမင္ရသေရြ့ ပရိသတ္မ်ားခမ်ာ စိတ္ပူေနၾကေတာ့သည္။

ေနာက္ဆံုးေသာ ခိုကိုးရာအေနျဖင့္ က်ိဳးက်န္းခြၽမ္၊ စြန္းယြီဟန္ႏွင့္ က်ိဳးဟိုင္လီ.. စသၫ့္ နဉ္ရွီ၏ သူငယ္ခ်င္းမ်ား Weibo Account တြင္ စာသြားေရးၾက‌ေလသည္။ နဉ္ရွီ၏ ပံုရိပ္ကို မထိခိုက္ေစရန္အလို႔ငွာ သူတို႔က စိတ္ရင္းကိုျပ၍ သိမ္ေမြ့ယဉ္ေက်းေသာ စကားလံုးမ်ားကိုသာ အသံုးျပဳခဲ့ၾကသည္။

တခ်ိဳ႕ဆိုလ်ွင္ ခ်န္းရွီေကြ့၏ Weibo Account ၌ နဉ္ရွီကို အတိတ္၏ စိတ္ဒဏ္ရာဆိုးမွ ရုန္းထြက္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္ႏိုင္ေအာင္ အားေပးကူညီေပးပါရန္ ဂရုတစိုက္ ေတာင္းဆိုခဲ့ၾကသည္။

နဉ္ရွီပရိသတ္မ်ား၏ အျပဳအမူကို လူတိုင္း ျမင္ႏိုင္ေပ၏။ သို႔ေသာ္ မည္သူမ်ွ အျမင္ကပ္စရာ၊ စိတ္အေနွာင့္အယွက္ျဖစ္စရာဟု မထင္ၾကေပ။ ထိုအစား ထိုသို႔ေသာ ပရိသတ္မ်ားရိွသၫ့္အတြက္ နဉ္ရွီအတြက္ပင္ ဝမ္းသာေပးၾကေသးသည္။

ဂရုစိုက္ခံရျခင္းက စိတ္ခ်မ္းေျမ့ဖြယ္ကိစၥတစ္ရပ္ပင္။

တခ်ိဳ႕ Media မ်ားလည္း နဉ္ရွီ၏ ပရိသတ္မ်ားကို သတိထားမိလာၿပီး သူတို႔၏ လုပ္ရပ္ေကာင္းမ်ားအတြက္ ခ်ီးက်ူးလာၾက၏။

တကယ္ေတာ့ ခ်န္းရွီေကြ့၏ Account တြင္ စာသြားေရးခဲ့ၾကေသာ ပရိသတ္မ်ားသည္ သူတို႔၏ ကံေကာင္းမႈကို ကံစမ္းလိုက္ရံုသာ။ သူတို႔၏စိတ္ထဲ ထင္ထားသည္က ခ်န္းရွီေကြ့ကဲ့သို႔ေသာ ပုဂၢိုလ္တစ္ဦးသည္ Weibo အသံုးမျပဳေလာက္ဟူ၍။

သူတို႔ မထင္ထားသည္ကား ထိုေန့ညေနဘက္တြင္ ခ်န္းရွီေကြ့ Post တင္လာျခင္းပင္။ ဓာတ္ပံုတစ္ပံုႏွင့္အတူ Caption အတိုတစ္ေၾကာင္းသာ တြဲတင္ထား၏။ ဓာတ္ပံုကေတာ့ ၾကည္လင္ရွင္းသန႔္ေနသၫ့္ အသည္းပံု ဖန္လံုးေလးသာ။

ခ်န္းရွီေကြ့ : “ကြၽန္ေတာ့္ရဲ့ ႏွလံုးသားေလးက ၾကည္လင္ေနတယ္။ ဘာအစြန္းအထင္းမွ မရိွဘူး။” [ဓာတ္ပံု]

အင္တာနက္သံုးစြဲသူမ်ား : ???

ဘာအဓိပၸါယ္လဲ..?

Bouncing Bear : အားးးးးးးးးးးးးးး!!!!!!

........................

המשך קריאה

You'll Also Like

28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...