Unicode
အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း
အပိုင်း ၁၀
သူမ ရန်ချန်းကို အရူးလို့ ပြောခဲ့ပေမယ့် သူက တစ်စုံတစ်ဦးထက် ပိုပြီး ကျိုးကြောင်းဆီလျော်နေသေးသည်။
ထိုကိစ္စက သူမရဲ့ ကျန်ရှိတဲ့ တစ်နေ့တာလုံးရဲ့ စိတ်အခြေနေကို ပျက်စီးစေခဲ့ သည်။
အပြန်လမ်းတွင် ညစာဝယ်ဖို့ ဟိုတယ်နဲ့ စားသောက်ဆိုင်ဖြစ်တဲ့ ကျွီသဲလို့ရှေ့တွင် ရပ်လိုက်သည်။
ချန်ကျင်းယောင် အိမ်ပြန်ရောက်တဲ့အခါ ပန်းကန်တွေကို ဗီရိုပေါ်လိုက်ပြီး ဝင်ပေါက်နားမှာ ဖိနပ်လဲဖို့ ငုံ့ကြည့်လိုက်သည်။ သူမမျက်နှာပေါ်က အမူအရာက သိပ်ပျော်မနေဘူး။ အများအားဖြင့် တုနီက သူမကို ကြိုဖို့အတွက် ခြေထောက်များကို ဖြည်းညှင်းစွာ လာပွတ်တိုက်လေ့ရှိသည်။ ဒါပေမယ့် ဒီနေ့ မရောက်လာခဲ့ပေ။ ချန်ကျင်းယောင်က သူ့ကို အကြိမ်ပေါင်းများစွာ အော်ခေါ်ခဲ့ပေမယ့် ကြောင်လေးက ထွက်မလာသေးပေ။
“အော်နေတာ ရပ်လိုက်” ပြင်းထန်တဲ့ အသံက ထွက်ပေါ်လာခဲ့သည်။ မာနအရိပ်အယောင်နဲ့ လူငယ်က ပြောခဲ့သည်။ “သားရဲလေးက ငါ့လက်ထဲမှာ”
အံ့အားသင့်စွာနဲ့ ချန်ကျင်းယောင်က သူမပါးစပ်ကို ပိတ်လိုက်ပြီး သူမ အိမ်ထဲစီး ဖိနပ်တစ်ရံနဲ့ အိမ်ထဲကို ဖြည်းညှင်းစွာ လှမ်းဝင်သွားခဲ့သည်။
"ငါ့မိန်းမက ဘာအရည်အချင်းမှ မရှိဘူး၊ မင်း အိမ်ပြန်လာရင် မင်း ပြောရမယ့် ပထမဆုံးစာကြောင်းက 'ယောက်ျား၊ ငါပြန်လာပြီ!' ဖြစ်ရမယ့်အစား 'တုနီ! တုနီပဲ!' " ရန်ချန်းက ရယ်မောစွာနဲ့ နောက်ပြောင်ပြီး စွပ်စွဲခဲ့သည်။ သူ နောက်ထပ် မညည်းညူနိုင်ခင် အကြောင်းအရာကို ရုတ်တရက် ပြောင်းလိုက်ပြီး ကြားရခဲတဲ့ ညင်သာတဲ့အသံနဲ့ ပြောလိုက်သည်။ "မလှုပ်နဲ့၊ အေးအေးဆေးဆေးနေ"
ချန်ကျင်းယောင် ဧည့်ခန်းထဲရောက်တော့ ရန်ချန်းက အိမ်နေရင်း အဝတ်အစားနဲ့ ဆိုဖာပေါ်မှာ ထိုင်နေပြီး တုနီကို သူ့လက်နှစ်ဖက်ကြားထဲ ထည့်ထားခဲ့သည်။ သူက ချွန်ထက်သော ခြေသည်းတွေ ညှပ်ပေးနေစဉ် ကြောင်လေးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
သူမက ထိုနေရာတွင် ရပ်ကာ ငေးကြည့်နေခဲ့ပြီး အရင်က သူမရဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေက ပျောက်ကွယ်သွားခဲ့သည်။
လူနဲ့ကြောင်ကြားက နေ့စဉ်တိုက်ပွဲများ ရပ်တန့်သွားခဲ့သည်။ တုနီက ရန်ချနကို ရန်မလိုခဲ့ပေ။ အဲ့ဒါက ဒေါသကြီးတဲ့ကြောင်တစ်ကောင်အတွက် အံ့သြစရာပဲ။ အခုလိုနောက်ပြန်ဆုတ်ပြီး သဟဇာတဖြစ်မှုတစ်မျိုးကို ဖန်တီးကာ အပေးအယူလုပ်ဖို့ မလွယ်ကူပါ။
"စားဖို့ အဆင်သင့်ဖြစ်ရင် လက်ဆေး"
ချန်ကျင်းယောင်ရဲ့ အလုပ်ချိန်က ၄နာရီခွဲတွင် ပြီးဆုံးသွားခဲ့ပြီး အခုက ၅ နာရီ ထိုးလုနီးပါးရှိနေပြီဖြစ်သည်။
ညစာစားပြီးရင် အိပ်ကြသည်။
တကယ်တော့ ချန်ကျင်းယောင်ရဲ့ သူမ ကျားမတစ်ကောင်ဖြစ်တယ်ဆိုတဲ့ ကောလာဟလက တခြားအမျိုးသမီးရဲ့ အဆက်အသွယ် နံပါတ်တွေကို နာမည်ပျက် စာရင်းသွင်းထားတာကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပေ။
အာ့ကွမ်းကို ပိတ်ထားတာ တစ်ပတ်နီးပါးကြာသွားခဲ့ပြီး ရန်ချန်းက သူ့စကားအတိုင်း အမှန်တကယ် လိုက်နာခဲ့သည်။ အိမ်ရှင်ထီးတစ်ယောက်လို ပျော်ရွှင်စွာနဲ့ အိမ်မှာပဲနေခဲ့သည်။ နေ့တိုင်း သူနဲ့ တုနီရဲ့ 'သားအဖ' ဆက်ဆံရေးကို ပြုစုပျိုးထောင်တာကလွဲပြီး ဘာဆန္ဒမှမရှိဘဲ ပျင်းရိနေခဲ့သည်။
သခင်လေးက ရုတ်တရက် တိတ်ဆိတ်သွားပြီး သူ့အသိုင်းအဝိုင်းထဲက ထွက်သွားခဲ့သည်။ တခြားသူတွေရဲ့ အမြင်၌ အနောက်ဘက်မှ နေထွက်လာသလိုပင်။ တခြားသူတွေက မမှန်းဘဲ မနေနိုင်ခဲ့ကြပေ။ သူတို့စိတ်ထဲမှာ ပထမဆုံးပေါ်လာတာက ရန်ချန်းက မကြာခင်ကမှ လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်ရေးက ဇနီးတစ်ယောက်ရဲ့ ချုပ်ချယ်မှုကို ကိုယ်စားပြုနေသည်။
ချန်ကျင်းယောင်က သူမခင်ပွန်းရဲ့ ဖုန်းထဲက တခြား အမျိုးသမီးနံပါတ်ကို အမည်ပျက်စာရင်းသွင်းခဲ့တယ်ဆိုတဲ့ ကောလာဟလနဲ့ ပူးတွဲရှိနေခဲ့သည်။
ခင်ပွန်းအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ထားတဲ့ ကျားမတစ်ကောင်အဖြစ် သူမကို ပြောဆိုခဲ့ကြသည်။ ရန်ချန်းက သူ့ဗီလိန် ဇနီးကို ကြောက်ရွံ့နေပေလိမ့်မည်။
ရိုးရိုးသားသားပြောရရင် အဲ့ဒါက ဒီလောက်ကြီးကြီးမားမားတော့ မဟုတ်ပေ။
ဒါပေမယ့် ညစာစားပြီးချိန် တခြားသူတွေရဲ့ အတင်းအဖျင်းပြောခံရပြီး ထောက်ပြခံရတာ တကယ်ကို အဆင်မပြေချေ။
မင်းသာ ဒီလိုဖြစ်နေတာ သိရင် မင်းဂရုမစိုက်ဘူးလို့ ပြောဖို့ခက်ခဲသည်။
ညစာစားချိန်။
လင်မယားနှစ်ယောက်သား ဧည့်ခန်းထဲကထွက်ပြီး ထမင်းစားကြသည်။
သူတို့ စားပြီးသွားတဲ့အခါ၊ ရန်ချန်းက အားကစားချန်နယ်က နောက်ဆုံးရ သတင်းတွေကို ဆိုဖာပေါ် လှဲလျောင်းကာ တီဗီကို ဘေးတိုက်ကြည့်နေခဲ့သည်။
ချန်ကျင်းယောင်က ဖြတ်သွားပြီး တော်ဝင်သခင်လေးရဲ့ ခြေထောက်ကို ကန်ထုတ်လိုက်သည်။ "ထပြီး ကျွန်မကိုလည်း နေရာနည်းနည်းပေး။" အဲ့ဒါက ဆိုဖာအရှည်ကြီးဖြစ်ပေမယ့် ရန်ချန်း ပျင်းရိစွာ လှဲချလိုက်ပြီးနောက် နေရာတစ်ခုလုံး ယူထားခဲ့သည်။
ရန်ချန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားပြီး ပြန်ဖေခဲ့သည်။ “မင်း ကိုယ်နဲ့ လာအိပ်လို့ရတယ်”
“ကျွန်မ ရှင့်ရဲ့ဗိုက်ပေါ်မှာလည်း ကနိုင်တယ်” သူမက ပြောခဲ့သည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ရှိစွာ စိုက်ကြည့်ရင်း လေထုက ခဏတာ တိတ်ဆိတ်သွားခဲ့သည်။
"ကောင်းပြီ" ရန်ချန်းက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး အနေအထားပြောင်းကာ ထထိုင်လိုက်သည်။ "ကိုယ် မင်းကို ကြောက်လို့ လာခွင့်ပေးလိုက်မယ်။ လာလှဲလိုက်"
နင့်ပါးစပ်ကြောင့် နင်သေလိမ့်မယ်!
ချန်ကျင်းယောင်က မျက်ဖြူလှန်ပြလိုက်ပြီး သူ့ကို ပြန်စိုက်ကြည့်နေခဲ့သည်။ “ကြောက်စရာကောင်းတာက ရှင်မကြာခင်က အပြင်ထွက်ရတာ ကြောက်နေတာမဟုတ်ဘူးလား။ ဘယ်သူသိမှာလဲ။ တစ်နေ့ကျရင် ရဲတွေက ကျွန်မတို့အိမ်တံခါးကို လာခေါက်ပြီး ကျွန်မက ကျွန်မယောက်ျားကို သတ်ပစ်လိုက်တယ်လို့ သံသယဖြစ်နိုင်တယ်။”
•••••••••••
Zawgyi
အဓိက ဇာတ္လိုက္နဲ႔ လက္ထပ္ျခင္း
အပိုင္း ၁၀
သူမ ရန္ခ်န္းကို အ႐ူးလို႔ ေျပာခဲ့ေပမယ့္ သူက တစ္စုံတစ္ဦးထက္ ပိုၿပီး က်ိဳးေၾကာင္းဆီေလ်ာ္ေနေသးသည္။
ထိုကိစၥက သူမရဲ႕ က်န္႐ွိတဲ့ တစ္ေန႔တာလုံးရဲ႕ စိတ္အေျခေနကို ပ်က္စီးေစခဲ့ သည္။
အျပန္လမ္းတြင္ ညစာဝယ္ဖို႔ ဟိုတယ္နဲ႔ စားေသာက္ဆိုင္ျဖစ္တဲ့ ကြၽီသဲလို႔ေ႐ွ႕တြင္ ရပ္လိုက္သည္။
ခ်န္က်င္းေယာင္ အိမ္ျပန္ေရာက္တဲ့အခါ ပန္းကန္ေတြကို ဗီ႐ိုေပၚလိုက္ၿပီး ဝင္ေပါက္နားမွာ ဖိနပ္လဲဖို႔ ငုံ႔ၾကည့္လိုက္သည္။ သူမမ်က္ႏွာေပၚက အမူအရာက သိပ္ေပ်ာ္မေနဘူး။ အမ်ားအားျဖင့္ တုနီက သူမကို ႀကိဳဖို႔အတြက္ ေျခေထာက္မ်ားကို ျဖည္းညႇင္းစြာ လာပြတ္တိုက္ေလ့႐ွိသည္။ ဒါေပမယ့္ ဒီေန႔ မေရာက္လာခဲ့ေပ။ ခ်န္က်င္းေယာင္က သူ႕ကို အႀကိမ္ေပါင္းမ်ားစြာ ေအာ္ေခၚခဲ့ေပမယ့္ ေၾကာင္ေလးက ထြက္မလာေသးေပ။
“ေအာ္ေနတာ ရပ္လိုက္” ျပင္းထန္တဲ့ အသံက ထြက္ေပၚလာခဲ့သည္။ မာနအရိပ္အေယာင္နဲ႔ လူငယ္က ေျပာခဲ့သည္။ “သားရဲေလးက ငါ့လက္ထဲမွာ”
အံ့အားသင့္စြာနဲ႔ ခ်န္က်င္းေယာင္က သူမပါးစပ္ကို ပိတ္လိုက္ၿပီး သူမ အိမ္ထဲစီး ဖိနပ္တစ္ရံနဲ႔ အိမ္ထဲကို ျဖည္းညႇင္းစြာ လွမ္းဝင္သြားခဲ့သည္။
"ငါ့မိန္းမက ဘာအရည္အခ်င္းမွ မ႐ွိဘူး၊ မင္း အိမ္ျပန္လာရင္ မင္း ေျပာရမယ့္ ပထမဆုံးစာေၾကာင္းက 'ေယာက်္ား၊ ငါျပန္လာၿပီ!' ျဖစ္ရမယ့္အစား 'တုနီ! တုနီပဲ!' " ရန္ခ်န္းက ရယ္ေမာစြာနဲ႔ ေနာက္ေျပာင္ၿပီး စြပ္စြဲခဲ့သည္။ သူ ေနာက္ထပ္ မညည္းညဴႏိုင္ခင္ အေၾကာင္းအရာကို ႐ုတ္တရက္ ေျပာင္းလိုက္ၿပီး ၾကားရခဲတဲ့ ညင္သာတဲ့အသံနဲ႔ ေျပာလိုက္သည္။ "မလႈပ္နဲ႔၊ ေအးေအးေဆးေဆးေန"
ခ်န္က်င္းေယာင္ ဧည့္ခန္းထဲေရာက္ေတာ့ ရန္ခ်န္းက အိမ္ေနရင္း အဝတ္အစားနဲ႔ ဆိုဖာေပၚမွာ ထိုင္ေနၿပီး တုနီကို သူ႕လက္ႏွစ္ဖက္ၾကားထဲ ထည့္ထားခဲ့သည္။ သူက ခြၽန္ထက္ေသာ ေျခသည္းေတြ ညႇပ္ေပးေနစဥ္ ေၾကာင္ေလးကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားခဲ့သည္။
သူမက ထိုေနရာတြင္ ရပ္ကာ ေငးၾကည့္ေနခဲ့ၿပီး အရင္က သူမရဲ႕ ဆိုး႐ြားတဲ့ စိတ္အေျခအေနက ေပ်ာက္ကြယ္သြားခဲ့သည္။
လူနဲ႔ေၾကာင္ၾကားက ေန႔စဥ္တိုက္ပြဲမ်ား ရပ္တန္႔သြားခဲ့သည္။ တုနီက ရန္ခ်နကို ရန္မလိုခဲ့ေပ။ အဲ့ဒါက ေဒါသႀကီးတဲ့ေၾကာင္တစ္ေကာင္အတြက္ အံ့ၾသစရာပဲ။ အခုလိုေနာက္ျပန္ဆုတ္ၿပီး သဟဇာတျဖစ္မႈတစ္မ်ိဳးကို ဖန္တီးကာ အေပးအယူလုပ္ဖို႔ မလြယ္ကူပါ။
"စားဖို႔ အဆင္သင့္ျဖစ္ရင္ လက္ေဆး"
ခ်န္က်င္းေယာင္ရဲ႕ အလုပ္ခ်ိန္က ၄နာရီခြဲတြင္ ၿပီးဆုံးသြားခဲ့ၿပီး အခုက ၅ နာရီ ထိုးလုနီးပါး႐ွိေနၿပီျဖစ္သည္။
ညစာစားၿပီးရင္ အိပ္ၾကသည္။
တကယ္ေတာ့ ခ်န္က်င္းေယာင္ရဲ႕ သူမ က်ားမတစ္ေကာင္ျဖစ္တယ္ဆိုတဲ့ ေကာလာဟလက တျခားအမ်ိဳးသမီးရဲ႕ အဆက္အသြယ္ နံပါတ္ေတြကို နာမည္ပ်က္ စာရင္းသြင္းထားတာေၾကာင့္ ျဖစ္ေပၚလာတာ မဟုတ္ေပ။
အာ့ကြမ္းကို ပိတ္ထားတာ တစ္ပတ္နီးပါးၾကာသြားခဲ့ၿပီး ရန္ခ်န္းက သူ႕စကားအတိုင္း အမွန္တကယ္ လိုက္နာခဲ့သည္။ အိမ္႐ွင္ထီးတစ္ေယာက္လို ေပ်ာ္႐ႊင္စြာနဲ႔ အိမ္မွာပဲေနခဲ့သည္။ ေန႔တိုင္း သူနဲ႔ တုနီရဲ႕ 'သားအဖ' ဆက္ဆံေရးကို ျပဳစုပ်ိဳးေထာင္တာကလြဲၿပီး ဘာဆႏၵမွမ႐ွိဘဲ ပ်င္းရိေနခဲ့သည္။
သခင္ေလးက ႐ုတ္တရက္ တိတ္ဆိတ္သြားၿပီး သူ႕အသိုင္းအဝိုင္းထဲက ထြက္သြားခဲ့သည္။ တျခားသူေတြရဲ႕ အျမင္၌ အေနာက္ဘက္မွ ေနထြက္လာသလိုပင္။ တျခားသူေတြက မမွန္းဘဲ မေနႏိုင္ခဲ့ၾကေပ။ သူတို႔စိတ္ထဲမွာ ပထမဆုံးေပၚလာတာက ရန္ခ်န္းက မၾကာခင္ကမွ လက္ထပ္ခဲ့တာျဖစ္ၿပီး အိမ္ေထာင္ေရးက ဇနီးတစ္ေယာက္ရဲ႕ ခ်ဳပ္ခ်ယ္မႈကို ကိုယ္စားျပဳေနသည္။
ခ်န္က်င္းေယာင္က သူမခင္ပြန္းရဲ႕ ဖုန္းထဲက တျခား အမ်ိဳးသမီးနံပါတ္ကို အမည္ပ်က္စာရင္းသြင္းခဲ့တယ္ဆိုတဲ့ ေကာလာဟလနဲ႔ ပူးတြဲ႐ွိေနခဲ့သည္။
ခင္ပြန္းအေပၚ တင္းက်ပ္တဲ့ စည္းကမ္းေတြ ခ်မွတ္ထားတဲ့ က်ားမတစ္ေကာင္အျဖစ္ သူမကို ေျပာဆိုခဲ့ၾကသည္။ ရန္ခ်န္းက သူ႕ဗီလိန္ ဇနီးကို ေၾကာက္႐ြံ႕ေနေပလိမ့္မည္။
႐ိုး႐ိုးသားသားေျပာရရင္ အဲ့ဒါက ဒီေလာက္ႀကီးႀကီးမားမားေတာ့ မဟုတ္ေပ။
ဒါေပမယ့္ ညစာစားၿပီးခ်ိန္ တျခားသူေတြရဲ႕ အတင္းအဖ်င္းေျပာခံရၿပီး ေထာက္ျပခံရတာ တကယ္ကို အဆင္မေျပေခ်။
မင္းသာ ဒီလိုျဖစ္ေနတာ သိရင္ မင္းဂ႐ုမစိုက္ဘူးလို႔ ေျပာဖို႔ခက္ခဲသည္။
ညစာစားခ်ိန္။
လင္မယားႏွစ္ေယာက္သား ဧည့္ခန္းထဲကထြက္ၿပီး ထမင္းစားၾကသည္။
သူတို႔ စားၿပီးသြားတဲ့အခါ၊ ရန္ခ်န္းက အားကစားခ်န္နယ္က ေနာက္ဆုံးရ သတင္းေတြကို ဆိုဖာေပၚ လွဲေလ်ာင္းကာ တီဗီကို ေဘးတိုက္ၾကည့္ေနခဲ့သည္။
ခ်န္က်င္းေယာင္က ျဖတ္သြားၿပီး ေတာ္ဝင္သခင္ေလးရဲ႕ ေျခေထာက္ကို ကန္ထုတ္လိုက္သည္။ "ထၿပီး ကြၽန္မကိုလည္း ေနရာနည္းနည္းေပး။" အဲ့ဒါက ဆိုဖာအ႐ွည္ႀကီးျဖစ္ေပမယ့္ ရန္ခ်န္း ပ်င္းရိစြာ လွဲခ်လိုက္ၿပီးေနာက္ ေနရာတစ္ခုလုံး ယူထားခဲ့သည္။
ရန္ခ်န္းရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေတြက ေကာ့တက္သြားၿပီး ျပန္ေဖခဲ့သည္။ “မင္း ကိုယ္နဲ႔ လာအိပ္လို႔ရတယ္”
“ကြၽန္မ ႐ွင့္ရဲ႕ဗိုက္ေပၚမွာလည္း ကႏိုင္တယ္” သူမက ေျပာခဲ့သည္။
ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ အဓိပၸါယ္႐ွိစြာ စိုက္ၾကည့္ရင္း ေလထုက ခဏတာ တိတ္ဆိတ္သြားခဲ့သည္။
"ေကာင္းၿပီ" ရန္ခ်န္းက ေလးေလးနက္နက္ သက္ျပင္းခ်လိုက္ၿပီး အေနအထားေျပာင္းကာ ထထိုင္လိုက္သည္။ "ကိုယ္ မင္းကို ေၾကာက္လို႔ လာခြင့္ေပးလိုက္မယ္။ လာလွဲလိုက္"
နင့္ပါးစပ္ေၾကာင့္ နင္ေသလိမ့္မယ္!
ခ်န္က်င္းေယာင္က မ်က္ျဖဴလွန္ျပလိုက္ၿပီး သူ႕ကို ျပန္စိုက္ၾကည့္ေနခဲ့သည္။ “ေၾကာက္စရာေကာင္းတာက ႐ွင္မၾကာခင္က အျပင္ထြက္ရတာ ေၾကာက္ေနတာမဟုတ္ဘူးလား။ ဘယ္သူသိမွာလဲ။ တစ္ေန႔က်ရင္ ရဲေတြက ကြၽန္မတို႔အိမ္တံခါးကို လာေခါက္ၿပီး ကြၽန္မက ကြၽန္မေယာက်္ားကို သတ္ပစ္လိုက္တယ္လို႔ သံသယျဖစ္ႏိုင္တယ္။”
#17.5.2023