နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [60]

1K 144 14
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၆၀)

နဉ်ရှီ ရှိနေ၍လား မပြောတတ်၊ ချန်းရှီကွေ့တစ်ယောက် ယနေ့ညတွင် ထင်မှတ်မထားအောင် နူးညံ့နေပြီး ပြောရဆိုရ လွယ်ကူနေကြောင်း လူတိုင်း သတိပြုမိလိုက်သည်။ တချို့အချိန်များဆိုလျှင် ချန်းရှီကွေ့နှင့် နဉ်ရှီတို့ လက်ချင်းယှက်နေတာကို သွားသွားကြည့်မိပြီး အမှုမဲ့အမှတ်မဲ့ ခွေးစာစားကြရပြန်သည်။

သို့နှင့် တွေ့ဆုံပွဲက ပျော်ပျော်ရွှင်ရွှင် ပြီးဆုံးသွားခဲ့လေ၏။ စုံတွဲကြားမှ အချစ်ရိပ်ကြင်နာရိပ်များကို ထိုင်ကြည့်နေခဲ့ရသော်လည်း နဉ်ရှီဟာ ချန်းရှီကွေ့အတွက် မည်မျှအရေးကြီးကြောင်း လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့လေသည်။

သူတို့၏ အသိုင်းအဝိုင်းထဲတွင် ရုပ်ရှင်သရုပ်ဆောင်များနှင့် ချစ်ကြိုက်သူ အများအပြားရှိသော်လည်း အတော်များများကတော့ အပျော်အပျက်သာ။ တချို့သာ အတည်သဘောထားကြသည်။ နဉ်ရှီအပေါ် ပြုမူဆက်ဆံပုံများကို ကြည့်ရုံမျှဖြင့် ချန်းရှီကွေ့က ဤ relationship ကို အလေးအနက်ထားမှန်း သူတို့ အတပ်ပြောနိုင်ခဲ့သည်။

“အစ်ကိုချန်းက ပုံမှန်ဆိုရင် တိတ်ဆိတ်နေရောပဲ.. အခုတော့ တစ်ချိန်လုံး တက်ကြွနေပုံများ..” ချောင်မန်က ဟိုတယ်ဝင်ပေါက်တွင် မတ်တပ်ရပ်လိုက်ရင်း နဉ်ရှီအတွက် ကားတံခါးဖွင့်ပေးနေသော ချန်းရှီကွေ့ကို စပ်စုနေခဲ့သည်။ သူတို့နှစ်ယောက်လုံး ကားထဲဝင်ပြီးနောက် ကားက ဟိုတယ်ထဲမှ ဖြည်းညင်းစွာ ထွက်သွားတော့သည်။ “ဒီသတင်းသာ ပျံ့နှံ့သွားရင်ဖြင့် သူဌေးကတော်ကြီးတွေ အတင်းတုပ်စရာ ထပ်တိုးပြီပဲ..”

ချန်းရှီကွေ့သည် လူငယ်မျိုးဆက်တွင် အထူးချွန်ဆုံးလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး သူ၏ အောင်မြင်မှုများကြောင့် လူအများ မုန်းတီးကြသည်အထိ။ ထိုလူများသာ ချန်းရှီကွေ့ မင်းသမီးတစ်ယောက်နှင့်တွဲနေမှန်း သိသွားကြလျှင် နောက်ကွယ်၌ ဟားတိုက်လှောင်ရယ်နေကြမည်ပင်။

“အတင်းတုပ်တော့ရော ဘာဖြစ်လဲ..?” ထောင်ရှန်းရန်က မျက်ခုံးပင့်ကာ.. “သူတို့က အစ်ကိုချန်းရဲ့ နောက်ကွယ်မှာသာ အတင်းတုပ်ရဲကြတာပါ.. မျက်နှာချင်းဆိုင်တွေ့လိုက်တာနဲ့ အပြေးသွားပြီး မျက်နှာမလုပ်တဲ့လူ ဘယ်သူရှိလို့လဲ..?”

“အဲ့တာတော့ အမှန်ပဲ.. အစ်ကိုချန်းလိုလူက ဘာမှကြောက်နေစရာမလိုဘူး..” ချောင်မန်က တစ်ခဏ တုံ့ဆိုင်းသွားပြီးနောက်.. “ငါ တကယ်စိုးရိမ်နေတာက နဉ်ရှီအတွက်ပဲ..”

စကားလုံးတွေက တစ်ခါတရံမှာ သက်ရောက်မှုပြင်းထန်လွန်းတယ်။ အစ်ကိုချန်းက လူတွေရဲ့အမြင်ကို လျစ်လျူရှုထားနိုင်ပေမယ့် နဉ်ရှီကျတော့ရော..?

အချိန်တစ်ခုစာ ရင်းနှီးကျွမ်းဝင်ပြီးနောက် နဉ်ရှီဟာ စည်းစိမ်ဥစ္စာအတွက် သူမကိုယ်သူမ ရောင်းစားမည့်လူမဟုတ်မှန်း သူတို့ သိလိုက်သည်။ ထိုစိတ်ဓာတ်က ကောင်းသော်လည်း ဆိုးကျိုးရှိနေပြန်၏။ ထိုသို့မာနကြီးလွန်းသော လူတစ်ယောက်ဟာ သူမကို ဖျော်ဖြေရေးပစ္စည်းတစ်ခုလိုသာ ရှုမြင်ကြသော လူအများအလယ်တွင် ရပ်တည်နိုင်မည်မဟုတ်ပေ။

ထောင်ရှန်းရန်က ကားထွက်သွားသော ဦးတည်ရာဘက်သို့ လှည့်ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။ ပြီးနောက် တစ်ခဏ တိတ်ဆိတ်နေပြီးမှ ပြောလာခဲ့သည်။

“သူတို့ လက်တွဲဖို့ ဆုံးဖြတ်ထားမှတော့ ဒီလိုကိစ္စမျိုးတွေ ကြုံတွေ့ရမယ်ဆိုတာ စဉ်းစားပြီးသား ဖြစ်မှာပါ..”

ချောင်မန်လည်း ဘာမှဆက်မပြောခဲ့ချေ။ သူဟာ ထောင်ရှန်းရန်နှင့် ငယ်သူငယ်ချင်းများဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက အစ်ကိုချန်းနှင့် ခင်မင်လာခဲ့တာဖြစ်သည်။ နောက်ပိုင်း အစ်ကိုချန်းနှင့် ဦးလေးချန်းတို့ အက်စီးဒန့်ဖြစ်ပြီး အမွေဆက်ခံသူကိစ္စ ရှုပ်ထွေးလာချိန်မှာပင် သူတို့မိသားစုက အစ်ကိုချန်းကို ကူညီပေးခဲ့သည်။

တကယ်တော့ ထိုနှစ်များက သူတို့၏ မိသားစုများသည် အစ်ကိုချန်းကို အနည်းငယ်သာ ပံ့ပိုးပေးနိုင်ခဲ့၏။ သို့သော် အစ်ကိုချန်းကတော့ နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူတို့အတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးခဲ့သည်။ သူ၏မိဘများပင် သူ ငယ်စဉ်က ဘာတစ်ခုမှ မှန်အောင်မလုပ်နိုင်ဘဲ ချန်းရှီကွေ့ကို ကူညီပေးအောင် အကြီးအကျယ် ဂျီတိုက်ခဲ့သည့် ကိစ္စတစ်ခုတည်းသာ မှန်အောင်လုပ်နိုင်ခဲ့သည်ဟု ပြောလာသည်အထိ။

“ငါတို့တွေ ညီတစ်ကိုဖြစ်လာတာ ဘယ်လောက်ကြာပြီလဲ.. နောက်ဆုံးတော့ အစ်ကိုချန်း တစ်စုံတစ်ယောက်ကို ချစ်မိသွားတာ မြင်နိုင်ခဲ့ပြီ.. သူ အသည်းကွဲရမယ်ဆိုရင် ဝမ်းနည်းစရာကြီး..” ချောင်မန်က ထောင်ရှန်းရန်ကို သိုင်းဖက်လိုက်ကာ.. “မင်းက နိုင်ငံခြားမှာ နှစ်နှစ်လောက်နေခဲ့တာဆိုတော့… သွားကြစို့.. ဒီနှစ်နှစ်အတွင်း မင်းမသိလိုက်တာတွေ လိုက်ပြပေးမယ်..”

ထောင်ရှန်းရန်က သူရဲ့လက်ကို တွန်းဖယ်လိုက်ပြီး ငြင်းဆန်လိုက်သည်။ “မင်း ငါ့ကို ဘယ်ခေါ်သွားမလဲဆိုတာ ကြိုသိနေပြီးသား.. မလိုက်တော့ဘူး.. အိမ်ပြန်အိပ်မယ်..!”

“ကျစ်..!” ချောင်မန်က စိတ်မဆိုးပေ။ သူက ပခုံးတွန့်ကာ သူ့ရဲ့ကားဆီသို့ လျှောက်သွားလေသည်။ ကားနားအရောက် ပိုင်လု၏ကားက သူ၏ဘေးနားတွင် ရပ်တန့်လာခဲ့သည်။

“အစ်မလု..” ချောင်မန်က ကားပြတင်းသို့ ခါးကိုင်းလိုက်ကာ.. “အစ်မလည်း အိမ်ပြန်တော့မလို့လား..?”

“ဘာမှလုပ်စရာမရှိတော့ဘူးလေ.. ငါလည်း အိမ်ပြန်ရမှာပေါ့..” ပိုင်လု၏အကြည့်က သူ့လက်ထဲမှ ကားသော့ဆီကို ရောက်သွားသည်။ “နင့်ဘာသာ ကားမောင်းပြီး အိမ်ပြန်မလို့လား..?”

ချောင်မန်က ခေါင်းကုတ်ကာ မလုံမလဲ ပြုံးလိုက်သည်။ “မမောင်းရဲပါဘူး.. အရက်သောက်ပြီး ကားမောင်းမှန်း အဖေသိသွားရင် ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးပစ်လိမ့်မယ်..”

သိပ်မကြာခင်က ကျင်းချန်သည် ကားမောင်းပြိုင်ရင်း အများပိုင်ပစ္စည်းအချို့ကို ဝင်တိုက်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်လာခဲ့ဖူး၏။ ထိုကိစ္စက ဖုံးကွယ်ခံလိုက်ရသော်လည်း သူတို့၏အသိုင်းအဝိုင်းထဲတွင် ကျင်းမိသားစု အတော်လေး အရှက်ရခဲ့ရသည်။

အထက်တန်းလွှာမိသားစုတိုင်းတွင် ဂုဏ်ယူဝင့်ကြွားရသော မျိုးဆက်သစ်လူငယ်အဖြစ် အနည်းဆုံး တစ်ယောက်၊ နှစ်ယောက်တော့ ရှိတတ်သည်ပင်။ သို့တိုင် ကျင်းမိသားစု၏ ကလေးနှစ်ယောက်လုံးကတော့ အဆင်အခြင်ကင်းမဲ့ပြီး မိသားစုအတွက် ဘာမှတာဝန်ယူနိုင်စွမ်းမရှိကြပေ။

ပိုင်လုက ခေါင်းညိတ်ပြပြီး ဘာမှထပ်ပြောမလာခဲ့ပေ။

သူမ စိတ်အခြေအနေမကောင်းမှန်း ချောင်မန် သိလိုက်သည်။ အစ်ကိုချန်းအပေါ် ခံစားချက်ရှိနေသေး၍ ဖြစ်နိုင်၏။ သို့သော် အချစ်နှင့်ခံစားချက်က ဖိအားပေး၍မရပေ။

“ချောင်မန်.. ရှန်းရန် ခုနကပြောနေတာလေ.. နဉ်ရှီနဲ့အစ်ကိုချန်းက ရေစက်ပါတယ်ဆိုတာ.. ပြီးတော့ အချိန်အများကြီး အလဟဿ ဖြစ်ခဲ့ရတယ်လို့တောင် ပါသေးတယ်.. အဲ့အကြောင်း နင်သိလား..?” ပိုင်လုက ထိုအကြောင်း ပိုသိနိုင်မလား မျှော်လင့်ချက်ဖြင့် ချောင်မန်ကို ကြည့်လိုက်သည်။

“ကျွန်တော်လည်း သေချာမသိဘူး..” ချောင်မန်က ပိုင်လုကို သေသေချာချာ အကဲခတ်လိုက်ပြီး နဉ်ရှီအကြောင်း ထည့်ပြောလာသည့်တိုင် သူမ မျက်နှာမပြောင်းသွားတာ သေချာသွားတော့မှ အကျယ်တဝင့် ရှင်းပြလာခဲ့သည်။ “အစ်ကိုချန်းက အစ်မနဉ်ရှီကို သိတာ အတော်ကြာပြီပြောတယ်.. ဒါပေမဲ့ အစ်မနဉ်ရှီက ရုတ်တရက် ကျောင်းထွက်ပြီး နိုင်ငံခြားထွက်သွားတော့ အစ်ကိုချန်းလည်း သူ့ရဲ့ခံစားချက်တွေကို သိုဝှက်ထားလိုက်ရတာတဲ့..”

ယခုတော့ ပိုင်လုလည်း ဖြစ်ပျက်သမျှအလုံးစုံကို နားလည်သွားချေပြီ။ သူမက ပြုံးလိုက်ကာ သူမ၏ ခံစားချက်ကို လုံးဝ ဖယ်ထုတ်ပစ်လိုက်တော့သည်။

တကယ်တော့ သူမက အစကတည်းက ရှုံးနိမ့်နေခဲ့တာပဲ။ သူတို့နှစ်ယောက်က နှစ်တွေအကြာကြီး ဝေးကွာခဲ့ပြီးတာတောင် ပြန်လည်ဆုံစည်းနိုင်ခဲ့တာပဲလေ.. အဲ့တာကို သူ(မ)က ဘာအတွက် မနာလိုဖြစ်နေရဦးမှာလဲ..?

***

“Goodnight” နဉ်ရှီက ကားပေါ်မှဆင်းကာ ချန်းရှီကွေ့ကို လက်ပြနှုတ်ဆက်လိုက်သည်။

“ခဏလေး..” ချန်းရှီကွေ့လည်း ကားပေါ်မှာဆင်းလာပြီး သူမအနား လျှောက်သွားကာ သူမ၏ နှုတ်ခမ်းထက်သို့ အနမ်းဖွဖွ ခြွေလိုက်လေသည်။

“Goodnight” သူက ပြုံးကာ နဉ်ရှီ၏ဆံပင်ကို သပ်တင်ပေးရင်း.. “အိပ်မက်လှလှမက်ပါစေ..”

နဉ်ရှီလည်း သူမ၏နှုတ်ခမ်းကို လက်ဖြင့်ထိကာ ဓာတ်လှေကားသို့ အပြေးသွားတော့သည်။ ဓာတ်လှေကားထဲ ရောက်သွားသည့်တိုင် ချန်းရှီကွေ့၏ ခပ်သောသောရယ်သံကို ကြားနေရသယောင်။

“CEO ဖြစ်ပြီး မျက်နှာပြောင်လိုက်တာ..” နဉ်ရှီက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက်တွင်မူ သူမ၏နှုတ်ခမ်းများ ကွေးညွတ်သွားကာ အပြုံးတစ်ခု ဖြစ်တည်လာခဲ့လေသည်။

နဉ်ရှီ၏တိုက်ခန်း မီးလင်းလာတာ မြင်လိုက်ရတော့မှ ချန်းရှီကွေ့လည်း တစ်ခါမှမခံစားဖူးသော ပျော်ရွှင်မှုများဖြင့် တစိမ့်စိမ့် ပြုံးနေမိရင်း သူ၏ဒရိုက်ဘာကို ကားမှန်တင်ခွင့်ပြုလိုက်တော့သည်။

***

နောက်လများတွင် နဉ်ရှီသည် ရုပ်ရှင်ရိုက်သည်မှလွဲ၍ သူမ၏အချိန်များကို ချန်းရှီကွေ့နှင့်အတူ ထမင်းစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်ဖြင့် ကုန်ဆုံးခဲ့လေ၏။ တစ်ခါတရံတွင် ချန်းရှီကွေ့၏ သူငယ်ချင်းကောင်းများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ သူမ၏ နေ့ရက်များကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာ ဖြတ်သန်းနေခဲ့လေသည်။

သို့သော် နဉ်ရှီ၏ ငြိမ်းအေးနေသော ဘဝလေးက အွန်လိုင်းပေါ်မှ ဓာတ်ပုံတစ်ပုံကြောင့် ပျက်စီးသွားရပြန်သည်။

တစ်စုံတစ်ယောက်က သူမ အထက်တန်းတုန်းက ဓာတ်ပုံကို တင်လာခဲ့သည်။ ထိုဓာတ်ပုံထဲတွင် နဉ်ရှီသည် အတော်လေး ကြည့်ရဆိုးသော ကျောင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမနှင့်မလိုက်ဖက်သည့် ponytail ပုံစံ ဆံပင်စည်းထား၏။ သူမ၏ ပြည့်ဖောင်းဖောင်းမျက်နှာနှင့် တွဲဖက်လိုက်သောအခါ ဓာတ်ပုံထဲမှပုံစံက လက်ရှိရုပ်ရည်နှင့် အတော်လေး ကွာခြားနေတော့သည်။

ပို့စ်တင်ခဲ့သူက နဉ်ရှီ၏ အတန်းဖော်ဟောင်းတစ်ဦး ဖြစ်နိုင်သည်။ ထိုပို့စ်တွင် နဉ်ရှီဟာ ဝတုတ်ပြီး ရုပ်ဆိုးကြောင်း၊ ထို့အပြင် ကျောင်းက နာမည်အကြီးဆုံး ကောင်လေးကိုပင် တိတ်တခိုး ချစ်မြတ်နိုးခဲ့သဖြင့် မိန်းကလေးတိုင်း မုန်းတီးခဲ့ကြကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံပေါ်ထွက်လာချိန်တွင် လူတိုင်း ရှော့ရသွားကြ၏။ နတ်ဘုရားမလေးလို လှရက်လွန်းသည့် နဉ်ရှီသည် တစ်ချိန်တုန်းက ဤမျှရုပ်ဆိုးခဲ့ဖူးကြောင်း လူတိုင်း မထင်မှတ်ထားခဲ့ပေ။ တချို့ဆိုလျှင် ထိုပုံကိုကြည့်ပြီး နဉ်ရှီ၏ မျက်နှာကိုပင် ထပ်မကြည့်နိုင်တော့ဘူးဟု ပြောလာသည်အထိ။

နဉ်ရှီကို ပလက်စတစ်ဆာဂျရီ လုပ်ခဲ့တာလားဟု သံသယဝင်သူများလည်း ရှိလာခဲ့သည်။ မည်သို့ဆိုစေ ယခင်နှင့် လက်ရှိရုပ်ရည်က အရမ်းကွာခြားလွန်းနေသည် မဟုတ်ပါလား။

သို့သော် ဓာတ်ပုံတင်လိုက်သော အကောင့်ပိုင်ရှင်ကို အရမ်းစိတ်ပုတ်တာပဲဟု ထင်မြင်ကြသူများလည်း ရှိနေကြသေး၏။ နဉ်ရှီ နာမည်ကြီးနေချိန်မှ ထိုအကောင့်ပိုင်ရှင်ဟာ ဓာတ်ပုံအဟောင်း ထုတ်ဖော်လာပြီး နဉ်ရှီကို သပုပ်လေလွင့် ပြောလာသည်။ ထို့ကြောင့် ထိုသူဟာ အထက်တန်းကျောင်းမှ အကျင့်မကောင်းသည့် အတန်းဖော်ဟောင်း ဖြစ်လိမ့်မည်။

ဤသို့ဖြင့် အွန်လိုင်းပေါ်တွင် အမျိုးမျိုး ဆွေးနွေးနေကြတော့သည်။ တချို့ ‘အတွင်းလူ’ ဆိုသူများက နဉ်ရှီဟာ အရင်တုန်းက အမှတ်ကောင်းသဖြင့် တခြားလူများအပေါ် နှိမ်ချဆက်ဆံတတ်ကြောင်း ထုတ်ပြောလာကြပြန်သည်။ နောက်တစ်ဖွဲ့ကလည်း နဉ်ရှီကို အထက်တန်းတုန်းက မတော်တဆဖြစ်ရပ်ကို အသုံးချကာ နာမည်ကျော်ကြားအောင် လုပ်နေသည်ဟု ပြောဆိုလာကြပြီး တချို့ဆိုလျှင် ‘လက်ဖက်စိမ်းခွေးမ’ဟု ခေါ်ဝေါ်ဆဲရေးကြတော့သည်။

Anti-fan A : “နဉ်ရှီရဲ့ အနုပညာရှင်မဟုတ်တဲ့ ချစ်သူကောင်လေးတော့ သူ့ရည်းစားရဲ့ အထက်တန်းတုန်းက ဓာတ်ပုံကိုမြင်ပြီး ထရော်မာရသွားပြီလားမသိ..?”

Anti-fan B : “နတ်ဘုရားမ ပရိသတ်တွေရေ.. နင်တို့နတ်ဘုရားမရဲ့ ဓာတ်ပုံဟောင်းကို မြင်ပြီးတာတောင် ချစ်နိုင်ကြတုန်းလား..?”

အင်တာနက်ဟူသည် တကယ့်ကို အံ့မခန်းတီထွင်မှုတစ်ခုပင်။ လူများစွာကို အကွာအဝေး လျော့ချပေးပြီး ကောင်းသောအရာများ မျှဝေပေးနိုင်အောင် ကူညီပေး၏။ သို့သော် တချို့လူများ၏ မကောင်းသော ခံစားချက်များ စွန့်ထုတ်ရာ နေရာတစ်ခုလည်း ဖြစ်နေပြန်သည်။ ထိုလူများဟာ နေ့စဉ်ပုံမှန်ဘဝတွင် ယဉ်ကျေးဖော်ရွေကောင်း ဖော်ရွေပေလိမ့်မည်။ သို့သော် အင်တာနက်ပေါ်မှာတော့ သရုပ်အမှန်ကို ဖုံးကွယ်ထားနိုင်သဖြင့် သူတို့၏ အမှောင်ဘက်ခြမ်းကို ရဲရဲတင်းတင်း ထုတ်ဖော်ပြလာတော့သည်။

သိပ်မကြာခင်မှာပင် အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်တစ်ဦးက ပလတ်စတစ်ဆာဂျရီအကြောင်း ခွဲခြမ်းစိတ်ဖြာပြပြီး နဉ်ရှီ၏ မျက်နှာက ခွဲစိတ်ပြုပြင်ထားခြင်းမရှိဘဲ ရာခိုင်နှုန်းပြည့် သဘာဝအတိုင်းသာ ဖြစ်ကြောင်း အတည်ပြုလာခဲ့သည်။

‘Tan Haixian Ji’ မှ မိတ်ကပ်ဆရာတစ်ဦးကလည်း သူမဟာ ဘယ်သူ ပလတ်စတစ်ဆာဂျရီလုပ်ထားလဲ၊ မလုပ်ဘူးလဲဆိုတာ ခွဲခြားသိနိုင်သည်အထိ အနုပညာရှင်များစွာနှင့် လက်တွဲလုပ်ကိုင်ဖူးကြောင်း တင်လာခဲ့သည်။ သူမက နဉ်ရှီသာ ခွဲစိတ်ပြုပြင်ထားလျှင် သူမ၏ မိတ်ကပ်လိမ်းခြယ်သည့် ပစ္စည်းများကို ကိုယ်တိုင်မြိုချပြမည်ဟုပင် ကျိန်ဆိုလာခဲ့၏။

နဉ်ရှီအား ပလတ်စတစ်ဆာဂျရီကိစ္စဖြင့် တိုက်ခိုက်၍မရသောအခါ ရေတပ်နှင့် anti-fan များလည်း အထက်တန်းတုန်းက နဉ်ရှီ၏ ရုပ်ရည်အပေါ် ဦးတည်လာကြတော့သည်။ ဘယ်လောက် မနှစ်မြို့စရာကောင်းကြောင်း ပြောဆိုလာကြတော့သည်။

အချိန်တိုအတွင် သူတို့က နဉ်ရှီဟာ ဘယ်သူ့အမှားကြောင့်မှမဟုတ်ဘဲ သူမလုပ်ခဲ့သည့် လုပ်ရပ်များကြောင့်သာ အနိုင်ကျင့်ခံရတာဖြစ်ကြောင်း ကောက်ချက်ဆွဲကြပြန်သည်။

“အစ်မရှီရှီ.. အဲ့တာတွေ ဆက်မကြည့်နဲ့တော့..” ရုပ်ရှင်ရိုက်ပြီး ခေတ္တအနားယူနေချိန် Weibo ကြည့်နေသော နဉ်ရှီကိုကြည့်ပြီး ရှောင်ယန်လည်း မကောင်းသည့်မှတ်ချက်များကြောင့် နဉ်ရှီ စိတ်ထိခိုက်မှာကို စိုးရိမ်နေတော့သည်။ သူမက ဆက်ပြောလာသည်။ “အစ်ကိုကျန်းက အဲ့ကိစ္စအတွက် စုံစမ်းခိုင်းထားပြီးပြီတဲ့.. အွန်လိုင်းတစ်ခုလုံး အဲ့အကြောင်းတွေ လိုက်ဖြန့်ပြီး အစ်မရှီရှီကို တကူးတက လိုက်တိုက်ခိုက်နေပုံထောက်ရင် နောက်ကွယ်မှာ တစ်ခုခုရှိနေမှာ သေချာတယ်..”

“အဆင်ပြေပါတယ်.. သူတို့ ငါ့အပေါ် လုပ်ခဲ့တာနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူး..” နဉ်ရှီက သူမကို လှောင်ပြောင်ဆဲရေးနေသည့် Comment များကိုကြည့်ကာ ရယ်မောလိုက်သည်။ သူမက ထိုအတန်းဖော်ဟောင်းများ ပေါ်ထွက်လာမည့်အချိန်ကို စောင့်နေခြင်းသာ။ နောက်ဆုံးတော့ ထိုအချိန်သို့ ရောက်လာခဲ့ချေပြီ။

Anti-fan 1 : “နတ်ဘုရားမလေးနဉ်ရှီရဲ့ ဓာတ်ပုံကို တစ်နေ့တစ်ခါကြည့်ရုံနဲ့ နင်တို့ရဲ့ စားချင်သောက်ချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်နော်.. ဒါနဲ့ အခုလောက်ဆို သူ(မ)ရည်းစား ဘယ်လောက်တောင် စိတ်ဆင်းရဲနေပြီလဲမသိ..?”

Anti-fan 2 : “သူ(မ)ဘာသာ အပေါင်းအသင်းမဆံ့ဘဲ ကျောင်းမှာ အနိုင်ကျင့်ခံရတယ်လို့ ပြောရဲသေးတယ်.. နတ်ဘုရားမလေးနဉ်က အရှက်မဲ့လိုက်တာနော်..?”

Anti-fan 3 : “ရုပ်ဆိုးမတွေက ပြဿနာရှာရတာ သိပ်ကြိုက်တာနော်.. ကျောင်းရဲ့အသည်းကျော်လေးကိုတောင် ကြိတ်ကြိုက်ရဲတာ စဉ်းစားကြည့်လိုက်တော့.. အဲ့မိန်းမက တကယ့်ကို နတ်ဘုရားမပဲ.. တခြားလူတွေ မယှဉ်သာအောင် အရေထူလွန်းတဲ့ နတ်ဘုရားမလေ..”

အလားတူ ရိုင်းစိုင်းသော မှတ်ချက်များစွာလည်း ရေးသားလာကြသည်။ သူတို့က နဉ်ရှီအပေါ် သူတို့၏ အမုန်းတရားများကို ထုတ်ဖော်ပြလာပြီး ဤဖြစ်ရပ်ကြောင့် ကျော်ကြားမှုများ ဆုံးရှုံးကာ နလန်ပြန်မထူနိုင်သည်အထိ ဖြစ်စေချင်နေကြတော့သည်။ နဉ်ရှီနှင့်ပတ်သက်သမျှ အရာအားလုံး ဆိုးဆိုးဝါးဝါး ဖြစ်ပျက်သွားတော့မှသာ သူတို့ ကျေနပ်ကြလိမ့်မည်ထင့်။

ရှောင်ဟန်ကတော့ ထိုမှတ်ချက်များကိုဖတ်ရင်း ဒေါပွနေတော့သည်။

ခံရတဲ့လူက သူမ,မဟုတ်တာတောင် ဒီလောက်ဒေါသထွက်နေမိတာ အစ်မရှီရှီဆိုရင် ဘယ်လောက်တောင် ဒေါသထွက်နေလိမ့်မလဲ..?

နဉ်ရှီ : “ကျွန်မရဲ့ ဓာတ်ပုံအဟောင်းတွေကို သိမ်းပေးထားတဲ့ အတန်းဖော်ဟောင်းတို့.. ကျေးဇူးတင်ပါတယ်နော်.. ဓာတ်ပုံတွေက ကိုယ်အလေးချိန်လျော့ကျဖို့အတွက် အရမ်းအသုံးဝင်တာ.. လူအများကြီး အကျိုးအမြတ်ရနိုင်တော့မှာဆိုတော့အရမ်းမိုက်တာပဲ.. ဝိတ်ချချင်တဲ့သူတိုင်း ဓာတ်ပုံတွေကို စိတ်ကြိုက်ယူသုံးလို့ရပါတယ်နော်.. အဲ့အတွက် ကျွန်မ အဖိုးအခ မတောင်းပါဘူး .. :)”

နဉ်ရှီသာ Anti-fan များနှင့် ရန်ဖြစ်နေလျှင် တခြားလူများပါ သူမအပေါ် မျက်မုန်းကျိုးလာလိမ့်မည်။ တကယ်တော့ ယခုလို အဖြစ်အပျက်မျိုး ကြုံတွေ့လာရလျှင် အမျိုးသမီးအနုပညာရှင်တိုင်း အနှီကောလာဟလများ ချက်ချင်းပျောက်ကွယ်သွားကာ ဘယ်သောအခါမှ ပြန်မပေါ်လာစေဖို့ မျှော်လင့်နေကြမည်ပင်။ သို့သော် နဉ်ရှီကတော့ ထိုသို့မဟုတ်။ တခြားလူများနှင့် ရန်မဖြစ်ရုံသာမက သူမက ထိုဓာတ်ပုံများကိုပင် ပြန်တင်ကာ စိတ်ကြိုက်အသုံးပြုနိုင်ကြောင်း ဝမ်းသာအားရ ပြောနေသေးသည်။ ထိုအပြုအမူသည် anti-fan များ၏ နိုင့်ထက်စီးနင်း ပြောဆိုပုံများကို ပိုမိုပေါ်လွင်စေခဲ့၏။

ဖြတ်သွားဖြတ်လာ 1 : “ရိုးရိုးသားသားပြောရရင် ပွဲကြည့်သူအနေနဲ့ အဲ့ anti-fan တွေက တကယ်ကို တစ်ခုခုပဲနော်.. ဒီတစ်ခေါက်တော့ ငါက နဉ်ရှီဘက်ကပဲ.. ပြီးတော့ ဒီလောက်ယဉ်ကျေးသိမ်မွေ့အောင် ပြောဆိုတတ်တဲ့သူက သူတို့ပြောသလို လူမှုရေးခေါင်းပါးတဲ့ anti-social ပုံစံနဲ့ တခြားစီပဲ.. ငါ့အထင်တော့ အရင်တုန်းက သူ(မ)ကို အနိုင်ကျင့်ခဲ့တဲ့လူတွေက အခုမှ ကြောက်လန့်တကြားနဲ့ နဉ်ရှီကို ဝိုင်းတိုက်ခိုက်နေကြတာထင်တယ်..”

ဖြတ်သွားဖြတ်လာ 2 : “အနိုင်ကျင့်ခံရတာ ခံရတဲ့လူရဲ့ အမှားပေါ့.. ဟုတ်လား..? ဘယ်လိုလော့ဂျစ်မျိုးပါလိမ့်..? ငါတော့ အနိုင်ကျင့်မခံခဲ့ရလို့ ငါ့အထက်တန်းကျောင်းက အတန်းဖော်ဟောင်းတွေကို သိပ်ပြီးကျေးဇူးတင်တာပဲ.. ငါက အသားအရမ်းမဲပြီး မဝတ်စားတတ်ခဲ့ဘူးလေ.. သူငယ်ချင်းတို့ရေ ငါ့ဓာတ်ပုံတင်ပြီး ငါ့ချစ်သူကောင်လေးကို အိပ်မက်ဆိုးမက်အောင် မလုပ်တာ ကျေးဇူးပဲ.. နင်တို့က တကယ့်ကို လူကောင်းတွေပဲ..”

အင်တာနက်သုံးစွဲသူအများအပြားဟာ အသံတိတ် ပွဲကြည့်နေကြသော်လည်း ဘာမှမတွေးဘဲ ထိုင်နေကြတာမဟုတ်ပေ။ ကျောင်းသားများက နဉ်ရှီကို အနိုင်ကျင့်ခဲ့သည်။ သို့သော် နဉ်ရှီသည် ထူးချွန်ကျောင်းသားဖြစ်ပြီး ကျောင်းမှ ဆုများစွာကိုလည်း ရရှိခဲ့ဖူး၏။ ထိုအရာအားလုံး မှတ်တမ်းမှတ်ရာ ရှိပေသည်။ သို့သော် ထိုသူများကတော့ နဉ်ရှီဟာ အပေါင်းအသင်းမဆံ့သူဖြစ်ပြီး သူမ၏ရုပ်ရည်ကိုမှမထောက် ကျောင်းရဲ့မင်းသားလေးကိုပင် ကြိတ်ကြိုက်နေသည်ဟု ဆိုလာကြသည်။ ထိုစကားများက နှုတ်ပြောသာဖြစ်ပြီး သက်သေမရှိပေ။

တရားခံက ယခုလိုပြောလာတယ် : ငါက နစ်နာသူကို ထိခိုက်စေခဲ့တယ်.. ဒါပေမဲ့ အဲ့တာ နစ်နာသူအမှားပဲတဲ့။

သက်သေလုံးဝမရှိဘူး။ အဲ့တော့ စဉ်းစားဆင်ခြင်တတ်တဲ့လူတွေက ဘယ်သူ့ကို ယုံကြည်ပေးမလဲ..?

ဖြတ်သွားဖြတ်လာ fan : “နဉ်ရှီရဲ့ အထက်တန်းကျောင်းက အတန်းဖော်တွေက ကြောက်စရာပဲနော်.. သူတို့ရဲ့စကားလုံးတွေကနေ နဉ်ရှီအပေါ် လုပ်ခဲ့တာကြောင့် ‌နောင်တရနေတဲ့အငွေ့အသက်မျိုး လုံးဝမခံစားမိဘူး.. နဉ်ရှီကို ကျောင်းမြက်ခင်းစိမ်းလေးကို ကြိုက်နေကောင်းလားဆိုပြီး ပွက်လောရိုက်နေကြပြီး စာတော်လို့ ဘဝင်မြင့်နေပါတယ်ဆိုပြီးလည်း အပြစ်တင်ကြသေးတယ်.. သူတို့ကိုယ်သူတို့ အမှန်တရားရဲ့ ဘက်တော်သားပုံစံနဲ့ နဉ်ရှီကိုတော့ အနိုင်ကျင့်ခံရတာ ထိုက်တန်တယ်ဆိုပြီး ဗီလိန်ဇာတ်သွင်းနေကြတာ.. ငါတော့ နဉ်ရှီ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင်ကို ပုံဖော်မိနေပြီဟေ့.. အဲ့လူတွေက နဉ်ရှီကို အဆင့်ကောင်းလို့ မနာလိုဖြစ်နေကြတာ နေမှာပေါ့.. ပြီးတော့ ဝလို့ဆိုပြီး စနောက်ကြတာနေမယ်.. ကောင်လေးတစ်ယောက်ကို ကြိတ်ကြိုက်နေတယ်ဆိုတာလည်း အမှန်မဟုတ်လောက်ဘူး.. နဉ်ရှီကို အနိုင်ကျင့်ပြီး သူတို့ရဲ့မနာလိုစိတ်တွေကို ဖုံးကွယ်နိုင်ဖို့ သပ်သပ်ဆင်ခြေပေးနေကြတာ ဖြစ်မယ်.. နဉ်ရှီက နင်တို့ကို အနိုင်ကျင့်မှာမဟုတ်သလို အော်ငေါက်ခဲ့မှာလည်း မဟုတ်ဘူး.. ဘာလို့ မဟုတ်ကဟုတ်ကတွေ ပြောရတာလဲ..? ပြီးတော့ နဉ်ရှီရဲ့ကောင်လေး စိတ်ဒဏ်ရာရတော့မယ်ဆိုပြီး လှောင်ပြောင်နေတဲ့ လူစားမျိုးကလည်း ရှိသေးရဲ့.. အဲ့တော့ anti-fan တွေကို တစ်ခုလောက် မေးကြည့်ချင်တယ်.. ဘယ်သူ့အပေါ်မှ အပြစ်မလုပ်ဘဲ သူ့ဘာဘာ ရုပ်ရှင်ရိုက်နေတဲ့ လူတစ်ယောက်ကို လိုက်တိုက်ခိုက်နေတာ နင်တို့ ဝဋ်ပြန်လည်မှာ မကြောက်ကြဘူးလား..?”

အနှီမှတ်ချက်က repost နှင့် Like များစွာ ရရှိခဲ့လေ၏။ နဉ်ရှီဘက်တွင် အခြေအနေကောင်းလာသည်နှင့် တခြားလူများလည်း ရှေ့ထွက်ကာ ပြောဆိုလာကြသည်။ ကျောင်းမှာအနိုင်ကျင့်ခံခဲ့ရပြီး နဉ်ရှီ၏ အားပေးကူညီမှုရရှိခဲ့သော ကလေးငယ်များ၏ မိဘများလည်း ပါဝင်လာကြလေသည်။

မိဘတစ်ဦးက နဉ်ရှီ သူတို့ကလေးထံ ပို့ပေးခဲ့သော စာများ၊ email များ၊ ဓာတ်ပုံနှင့် လှူဒါန်းငွေများကို လိုင်းပေါ်တင်ကာ လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက ထောက်ပံ့လာသည့် ဘဏ်စာရင်းကိုပင် တွဲတင်လာခဲ့သည်။ လှူဒါန်းငွေရရှိသူများက တစ်ဦးနှင့်တစ်ဦး မတူညီကြသော်လည်း ထိုလူများကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သူများပင်။ တချို့ဆို အနိုင်ကျင့်ခံရပြီး ကိုယ်လက်အင်္ဂါ မသန်စွမ်းတော့သည်အထိ။ တစ်ချို့ဆို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကြလေသည်။

တချို့စာများဆိုလျှင် အလွန်ဟောင်းနွမ်းနေပြီဖြစ်သည်။ တံဆိပ်ခေါင်းက နှစ်အတော်ကြာနေပြီဖြစ်မှန်း ဖော်ပြနေသလို လှူဒါန်းငွေကလည်း သိပ်မများပေ။ သို့သော် နဉ်ရှီ၏ ပရိသတ်များသည် ထိုစဉ်က နဉ်ရှီဟာ မိဘနှစ်ပါးကွယ်လွန်သွားပြီး ကျောင်းတက်နေဆဲသာဖြစ်ကြောင်း သိလိုက်ကြ၏။ ထိုအခြေအနေမျိုးမှာပင် အနိုင်ကျင့်ခံရသည့် ကလေးငယ်များအတွက် ပိုက်ဆံပို့ပေးနိုင်သည်က ချီးမွမ်းဖွယ်ကောင်းနေပြီဖြစ်သည်။

Anti-fan များက နဉ်ရှီအား ကျောင်းတွင်းအနိုင်ကျင့်မှုကို ခုတုံးလုပ်ပြီး နာမည်ကျော်ကြားအောင် လုပ်နေသည်ဟု တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ထိုနှစ်များက နဉ်ရှီသည် သရုပ်ဆောင်မဖြစ်သေးသည့်အပြင် ဆင်းရဲသည့် မိဘမဲ့ကျောင်းသူတစ်ဦးသာ၊ သို့တိုင် နစ်နာသူများအတွက် တတ်စွမ်းသမျှ လုပ်ပေးခဲ့သည်။ သူမသာ ဟန်ဆောင်နေသည်ဆိုလျှင် အဘယ်အတွက် ဟန်ဆောင်ရမည်နည်း။

ထိုအရာများကို မြင်ပြီးနောက် အင်တာနက်သုံးစွဲသူများလည်း ဒေါသထွက်လာကြတော့သည်။ သူတို့က နစ်နာသူများကိုယ်စား ဒေါသထွက်နေကြပြီး နဉ်ရှီအပေါ် အမှားလုပ်ခဲ့သလိုပင် ခံစားနေကြရသည်။

အရာအားလုံးက ရုတ်ချည်း ထိန်းချုပ်မှုလွတ်သွားသဖြင့် နောက်ကွယ်မှလူလည်း နောင်တရလာတော့သည်။

နဉ်ရှီ၏ အတန်းဖော်ဟောင်းဆိုသူလည်း ပို့စ်ဖျက်ကာ Account ကိုပင် အပြီးဖျက်သွားတော့သည်။ သို့သော် နောက်ကျသွားချေပြီ။

…………………………………………………

Meli’s Note : အားလုံးသိကြမှာပါ။ ဒီ novel လေးကို Meli နဲ့ Meow တို့ တူတူဘာသာပြန်နေကြတယ်ဆိုတာ။ အခု Meow လေး ဘာသာပြန်နေတဲ့ Novel တစ်ပုဒ်ကို တခြားဘာသာပြန်သူက သိရက်နဲ့ ဘာမှလာမပြောဘဲ ပြိုင်တင်နေပါတယ်။ Meow လေးက အစကတော့ နဉ်ရှီတို့ကို အာရုံစိုက်ထားပြီး အဲ့ novel ကို ဖြည်းဖြည်းရေးဖို့ လုပ်ထားတာပါ။ ဒါပေမဲ့ အခုလိုဖြစ်လာတော့ အဲ့ novel ကိုပဲ အာရုံစိုက်ရတော့မှာပေါ့။ အဲတာကြောင့် နဉ်ရှီကိုတော့ Meli ပဲ ဆက်ပြန်သွားမှာပါ။ Meow လေးက ဒီကိစ္စကြောင့် အရမ်းဝမ်းနည်းနေတာဆိုတော့ ဝိုင်းပြီး Support ပေးကြပါဦးနော်။ အဲ့တာမှ Meow လေးလည်း အားရှိပြီး ဆက်ပြန်နိုင်မှာပါ။

Meow's Note: မမပြောတဲ့အတိုင်းပါပဲ။ ကိုယ်တို့ခဏခွဲရပါဦးမယ် အချစ်တို့ရယ်။ ကိုယ့်ကိုမမေ့‌အောင် အားရင်အားသလို ချန်းကောတို့ဘက်လှည့်လာမှာပါ😆 လော"ဆယ် ကိုယ်ကိုင်နေတဲ့နန်းတွင်းလေးကို အပ်ပုဒိတ်မြန်အောင် ဖိုက်ရမှာမို့ အားပေးကြဦးနော်။ ဒီမှာတော့ ခဏတာ နှုတ်ဆက်ခဲ့ပါတယ်။
…………………………………………………

[Zawgyi]

အပိုင္း - (၆၀)

နဉ္ရွီ ရိွေန၍လား မေျပာတတ္၊ ခ်န္းရွီေကြ့တစ္ေယာက္ ယေန့ညတြင္ ထင္မွတ္မထားေအာင္ ႏူးညံ့ေနၿပီး ေျပာရဆိုရ လြယ္ကူေနေၾကာင္း လူတိုင္း သတိျပဳမိလိုက္သည္။ တခ်ိဳ႕အခ်ိန္မ်ားဆိုလ်ွင္ ခ်န္းရွီေကြ့ႏွင့္ နဉ္ရွီတို႔ လက္ခ်င္းယွက္ေနတာကို သြားသြားၾကၫ့္မိၿပီး အမႈမဲ့အမွတ္မဲ့ ေခြးစာစားၾကရျပန္သည္။

သို႔ႏွင့္ ေတြ့ဆံုပြဲက ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ၿပီးဆံုးသြားခဲ့ေလ၏။ စံုတြဲၾကားမွ အခ်စ္ရိပ္ၾကင္နာရိပ္မ်ားကို ထိုင္ၾကၫ့္ေနခဲ့ရေသာ္လည္း နဉ္ရွီဟာ ခ်န္းရွီေကြ့အတြက္ မည္မ်ွအေရးႀကီးေၾကာင္း လူတိုင္း ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ခဲ့ေလသည္။

သူတို႔၏ အသိုင္းအဝိုင္းထဲတြင္ ရုပ္ရွင္သရုပ္ေဆာင္မ်ားႏွင့္ ခ်စ္ႀကိဳက္သူ အမ်ားအျပားရိွေသာ္လည္း အေတာ္မ်ားမ်ားကေတာ့ အေပ်ာ္အပ်က္သာ။ တခ်ိဳ႕သာ အတည္သေဘာထားၾကသည္။ နဉ္ရွီအေပၚ ျပဳမူဆက္ဆံပံုမ်ားကို ၾကၫ့္ရံုမ်ျွဖင့္ ခ်န္းရွီေကြ့က ဤ relationship ကို အေလးအနက္ထားမွန္း သူတို႔ အတပ္ေျပာႏိုင္ခဲ့သည္။

“အစ္ကိုခ်န္းက ပံုမွန္ဆိုရင္ တိတ္ဆိတ္ေနေရာပဲ.. အခုေတာ့ တစ္ခ်ိန္လံုး တက္ႂကြေနပံုမ်ား..” ေခ်ာင္မန္က ဟိုတယ္ဝင္ေပါက္တြင္ မတ္တပ္ရပ္လိုက္ရင္း နဉ္ရွီအတြက္ ကားတံခါးဖြင့္ေပးေနေသာ ခ်န္းရွီေကြ့ကို စပ္စုေနခဲ့သည္။ သူတို႔ႏွစ္ေယာက္လံုး ကားထဲဝင္ၿပီးေနာက္ ကားက ဟိုတယ္ထဲမွ ျဖည္းညင္းစြာ ထြက္သြားေတာ့သည္။ “ဒီသတင္းသာ ပ်ံ့ႏွံ႔သြားရင္ျဖင့္ သူေဌးကေတာ္ႀကီးေတြ အတင္းတုပ္စရာ ထပ္တိုးၿပီပဲ..”

ခ်န္းရွီေကြ့သည္ လူငယ္မ်ိဳးဆက္တြင္ အထူးခြၽန္ဆံုးလူငယ္တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး သူ၏ ေအာင္ျမင္မႈမ်ားေၾကာင့္ လူအမ်ား မုန္းတီးၾကသည္အထိ။ ထိုလူမ်ားသာ ခ်န္းရွီေကြ့ မင္းသမီးတစ္ေယာက္ႏွင့္တြဲေနမွန္း သိသြားၾကလ်ွင္ ေနာက္ကြယ္၌ ဟားတိုက္ေလွာင္ရယ္ေနၾကမည္ပင္။

“အတင္းတုပ္ေတာ့ေရာ ဘာျဖစ္လဲ..?” ေထာင္ရွန္းရန္က မ်က္ခံုးပင့္ကာ.. “သူတို႔က အစ္ကိုခ်န္းရဲ့ ေနာက္ကြယ္မွာသာ အတင္းတုပ္ရဲၾကတာပါ.. မ်က္ႏွာခ်င္းဆိုင္ေတြ့လိုက္တာနဲ႔ အေျပးသြားၿပီး မ်က္ႏွာမလုပ္တဲ့လူ ဘယ္သူရိွလို႔လဲ..?”

“အဲ့တာေတာ့ အမွန္ပဲ.. အစ္ကိုခ်န္းလိုလူက ဘာမွေၾကာက္ေနစရာမလိုဘူး..” ေခ်ာင္မန္က တစ္ခဏ တံု႔ဆိုင္းသြားၿပီးေနာက္.. “ငါ တကယ္စိုးရိမ္ေနတာက နဉ္ရွီအတြက္ပဲ..”

စကားလံုးေတြက တစ္ခါတရံမွာ သက္ေရာက္မႈျပင္းထန္လြန္းတယ္။ အစ္ကိုခ်န္းက လူေတြရဲ့အျမင္ကို လ်စ္လ်ူရႈထားႏိုင္ေပမယ့္ နဉ္ရွီက်ေတာ့ေရာ..?

အခ်ိန္တစ္ခုစာ ရင္းႏွီးကြၽမ္းဝင္ၿပီးေနာက္ နဉ္ရွီဟာ စည္းစိမ္ဥစၥာအတြက္ သူမကိုယ္သူမ ေရာင္းစားမၫ့္လူမဟုတ္မွန္း သူတို႔ သိလိုက္သည္။ ထိုစိတ္ဓာတ္က ေကာင္းေသာ္လည္း ဆိုးက်ိဳးရိွေနျပန္၏။ ထိုသို႔မာနႀကီးလြန္းေသာ လူတစ္ေယာက္ဟာ သူမကို ေဖ်ာ္ေျဖေရးပစၥည္းတစ္ခုလိုသာ ရႈျမင္ၾကေသာ လူအမ်ားအလယ္တြင္ ရပ္တည္ႏိုင္မည္မဟုတ္ေပ။

ေထာင္ရွန္းရန္က ကားထြက္သြားေသာ ဦးတည္ရာဘက္သို႔ လွၫ့္ၾကၫ့္လိုက္ရင္း သက္ျပင္းခ်လိုက္သည္။ ၿပီးေနာက္ တစ္ခဏ တိတ္ဆိတ္ေနၿပီးမွ ေျပာလာခဲ့သည္။

“သူတို႔ လက္တြဲဖို႔ ဆံုးျဖတ္ထားမွေတာ့ ဒီလိုကိစၥမ်ိဳးေတြ ႀကံဳေတြ့ရမယ္ဆိုတာ စဉ္းစားၿပီးသား ျဖစ္မွာပါ..”

ေခ်ာင္မန္လည္း ဘာမွဆက္မေျပာခဲ့ေခ်။ သူဟာ ေထာင္ရွန္းရန္ႏွင့္ ငယ္သူငယ္ခ်င္းမ်ားျဖစ္ၿပီး လြန္ခဲ့ေသာ ႏွစ္ေပါင္းမ်ားစြာထဲက အစ္ကိုခ်န္းႏွင့္ ခင္မင္လာခဲ့တာျဖစ္သည္။ ေနာက္ပိုင္း အစ္ကိုခ်န္းႏွင့္ ဦးေလးခ်န္းတို႔ အက္စီးဒန႔္ျဖစ္ၿပီး အေမြဆက္ခံသူကိစၥ ရႈပ္ေထြးလာခ်ိန္မွာပင္ သူတို႔မိသားစုက အစ္ကိုခ်န္းကို ကူညီေပးခဲ့သည္။

တကယ္ေတာ့ ထိုႏွစ္မ်ားက သူတို႔၏ မိသားစုမ်ားသည္ အစ္ကိုခ်န္းကို အနည္းငယ္သာ ပံ့ပိုးေပးႏိုင္ခဲ့၏။ သို႔ေသာ္ အစ္ကိုခ်န္းကေတာ့ ႏွစ္ေပါင္းမ်ားစြာ ၾကာသြားသၫ့္တိုင္ သူတို႔အတြက္ စီးပြားေရးအခြင့္အလမ္းမ်ား ဖန္တီးေပးခဲ့သည္။ သူ၏မိဘမ်ားပင္ သူ ငယ္စဉ္က ဘာတစ္ခုမွ မွန္ေအာင္မလုပ္ႏိုင္ဘဲ ခ်န္းရွီေကြ့ကို ကူညီေပးေအာင္ အႀကီးအက်ယ္ ဂ်ီတိုက္ခဲ့သၫ့္ ကိစၥတစ္ခုတည္းသာ မွန္ေအာင္လုပ္ႏိုင္ခဲ့သည္ဟု ေျပာလာသည္အထိ။

“ငါတို႔ေတြ ညီတစ္ကိုျဖစ္လာတာ ဘယ္ေလာက္ၾကာၿပီလဲ.. ေနာက္ဆံုးေတာ့ အစ္ကိုခ်န္း တစ္စံုတစ္ေယာက္ကို ခ်စ္မိသြားတာ ျမင္ႏိုင္ခဲ့ၿပီ.. သူ အသည္းကြဲရမယ္ဆိုရင္ ဝမ္းနည္းစရာႀကီး..” ေခ်ာင္မန္က ေထာင္ရွန္းရန္ကို သိုင္းဖက္လိုက္ကာ.. “မင္းက ႏိုင္ငံျခားမွာ ႏွစ္ႏွစ္ေလာက္ေနခဲ့တာဆိုေတာ့… သြားၾကစို႔.. ဒီႏွစ္ႏွစ္အတြင္း မင္းမသိလိုက္တာေတြ လိုက္ျပေပးမယ္..”

ေထာင္ရွန္းရန္က သူရဲ့လက္ကို တြန္းဖယ္လိုက္ၿပီး ျငင္းဆန္လိုက္သည္။ “မင္း ငါ့ကို ဘယ္ေခၚသြားမလဲဆိုတာ ႀကိဳသိေနၿပီးသား.. မလိုက္ေတာ့ဘူး.. အိမ္ျပန္အိပ္မယ္..!”

“က်စ္..!” ေခ်ာင္မန္က စိတ္မဆိုးေပ။ သူက ပခံုးတြန႔္ကာ သူ႔ရဲ့ကားဆီသို႔ ေလ်ွာက္သြားေလသည္။ ကားနားအေရာက္ ပိုင္လု၏ကားက သူ၏ေဘးနားတြင္ ရပ္တန႔္လာခဲ့သည္။

“အစ္မလု..” ေခ်ာင္မန္က ကားျပတင္းသို႔ ခါးကိုင္းလိုက္ကာ.. “အစ္မလည္း အိမ္ျပန္ေတာ့မလို႔လား..?”

“ဘာမွလုပ္စရာမရိွေတာ့ဘူးေလ.. ငါလည္း အိမ္ျပန္ရမွာေပါ့..” ပိုင္လု၏အၾကၫ့္က သူ႔လက္ထဲမွ ကားေသာ့ဆီကို ေရာက္သြားသည္။ “နင့္ဘာသာ ကားေမာင္းၿပီး အိမ္ျပန္မလို႔လား..?”

ေခ်ာင္မန္က ေခါင္းကုတ္ကာ မလံုမလဲ ၿပံဳးလိုက္သည္။ “မေမာင္းရဲပါဘူး.. အရက္ေသာက္ၿပီး ကားေမာင္းမွန္း အေဖသိသြားရင္ ကြၽန္ေတာ့္ေျခေထာက္ကို ရိုက္ခ်ိဳးပစ္လိမ့္မယ္..”

သိပ္မၾကာခင္က က်င္းခ်န္သည္ ကားေမာင္းၿပိဳင္ရင္း အမ်ားပိုင္ပစၥည္းအခ်ိဳ႕ကို ဝင္တိုက္ခဲ့ေၾကာင္း ေကာလဟာလမ်ား ထြက္ေပၚလာခဲ့ဖူး၏။ ထိုကိစၥက ဖံုးကြယ္ခံလိုက္ရေသာ္လည္း သူတို႔၏အသိုင္းအဝိုင္းထဲတြင္ က်င္းမိသားစု အေတာ္ေလး အရွက္ရခဲ့ရသည္။

အထက္တန္းလႊာမိသားစုတိုင္းတြင္ ဂုဏ္ယူဝင့္ႂကြားရေသာ မ်ိဳးဆက္သစ္လူငယ္အျဖစ္ အနည္းဆံုး တစ္ေယာက္၊ ႏွစ္ေယာက္ေတာ့ ရိွတတ္သည္ပင္။ သို႔တိုင္ က်င္းမိသားစု၏ ကေလးႏွစ္ေယာက္လံုးကေတာ့ အဆင္အျခင္ကင္းမဲ့ၿပီး မိသားစုအတြက္ ဘာမွတာဝန္ယူႏိုင္စြမ္းမရိွၾကေပ။

ပိုင္လုက ေခါင္းညိတ္ျပၿပီး ဘာမွထပ္ေျပာမလာခဲ့ေပ။

သူမ စိတ္အေျခအေနမေကာင္းမွန္း ေခ်ာင္မန္ သိလိုက္သည္။ အစ္ကိုခ်န္းအေပၚ ခံစားခ်က္ရိွေနေသး၍ ျဖစ္ႏိုင္၏။ သို႔ေသာ္ အခ်စ္ႏွင့္ခံစားခ်က္က ဖိအားေပး၍မရေပ။

“ေခ်ာင္မန္.. ရွန္းရန္ ခုနကေျပာေနတာေလ.. နဉ္ရွီနဲ႔အစ္ကိုခ်န္းက ေရစက္ပါတယ္ဆိုတာ.. ၿပီးေတာ့ အခ်ိန္အမ်ားႀကီး အလဟႆ ျဖစ္ခဲ့ရတယ္လို႔ေတာင္ ပါေသးတယ္.. အဲ့အေၾကာင္း နင္သိလား..?” ပိုင္လုက ထိုအေၾကာင္း ပိုသိႏိုင္မလား ေမ်ွာ္လင့္ခ်က္ျဖင့္ ေခ်ာင္မန္ကို ၾကၫ့္လိုက္သည္။

“ကြၽန္ေတာ္လည္း ေသခ်ာမသိဘူး..” ေခ်ာင္မန္က ပိုင္လုကို ေသေသခ်ာခ်ာ အကဲခတ္လိုက္ၿပီး နဉ္ရွီအေၾကာင္း ထၫ့္ေျပာလာသၫ့္တိုင္ သူမ မ်က္ႏွာမေျပာင္းသြားတာ ေသခ်ာသြားေတာ့မွ အက်ယ္တဝင့္ ရွင္းျပလာခဲ့သည္။ “အစ္ကိုခ်န္းက အစ္မနဉ္ရွီကို သိတာ အေတာ္ၾကာၿပီေျပာတယ္.. ဒါေပမဲ့ အစ္မနဉ္ရွီက ရုတ္တရက္ ေက်ာင္းထြက္ၿပီး ႏိုင္ငံျခားထြက္သြားေတာ့ အစ္ကိုခ်န္းလည္း သူ႔ရဲ့ခံစားခ်က္ေတြကို သိုဝွက္ထားလိုက္ရတာတဲ့..”

ယခုေတာ့ ပိုင္လုလည္း ျဖစ္ပ်က္သမ်ွအလံုးစံုကို နားလည္သြားေခ်ၿပီ။ သူမက ၿပံဳးလိုက္ကာ သူမ၏ ခံစားခ်က္ကို လံုးဝ ဖယ္ထုတ္ပစ္လိုက္ေတာ့သည္။

တကယ္ေတာ့ သူမက အစကတည္းက ရႈံးနိမ့္ေနခဲ့တာပဲ။ သူတို႔ႏွစ္ေယာက္က ႏွစ္ေတြအၾကာႀကီး ေဝးကြာခဲ့ၿပီးတာေတာင္ ျပန္လည္ဆံုစည္းႏိုင္ခဲ့တာပဲေလ.. အဲ့တာကို သူ(မ)က ဘာအတြက္ မနာလိုျဖစ္ေနရဦးမွာလဲ..?

***

“Goodnight” နဉ္ရွီက ကားေပၚမွဆင္းကာ ခ်န္းရွီေကြ့ကို လက္ျပႏႈတ္ဆက္လိုက္သည္။

“ခဏေလး..” ခ်န္းရွီေကြ့လည္း ကားေပၚမွာဆင္းလာၿပီး သူမအနား ေလ်ွာက္သြားကာ သူမ၏ ႏႈတ္ခမ္းထက္သို႔ အနမ္းဖြဖြ ေႁခြလိုက္ေလသည္။

“Goodnight” သူက ၿပံဳးကာ နဉ္ရွီ၏ဆံပင္ကို သပ္တင္ေပးရင္း.. “အိပ္မက္လွလွမက္ပါေစ..”

နဉ္ရွီလည္း သူမ၏ႏႈတ္ခမ္းကို လက္ျဖင့္ထိကာ ဓာတ္ေလွကားသို႔ အေျပးသြားေတာ့သည္။ ဓာတ္ေလွကားထဲ ေရာက္သြားသၫ့္တိုင္ ခ်န္းရွီေကြ့၏ ခပ္ေသာေသာရယ္သံကို ၾကားေနရသေယာင္။

“CEO ျဖစ္ၿပီး မ်က္ႏွာေျပာင္လိုက္တာ..” နဉ္ရွီက ခပ္တိုးတိုး ေရရြတ္လိုက္၏။ ထို႔ေနာက္တြင္မူ သူမ၏ႏႈတ္ခမ္းမ်ား ေကြးၫြတ္သြားကာ အၿပံဳးတစ္ခု ျဖစ္တည္လာခဲ့ေလသည္။

နဉ္ရွီ၏တိုက္ခန္း မီးလင္းလာတာ ျမင္လိုက္ရေတာ့မွ ခ်န္းရွီေကြ့လည္း တစ္ခါမွမခံစားဖူးေသာ ေပ်ာ္ရႊင္မႈမ်ားျဖင့္ တစိမ့္စိမ့္ ၿပံဳးေနမိရင္း သူ၏ဒရိုက္ဘာကို ကားမွန္တင္ခြင့္ျပဳလိုက္ေတာ့သည္။

***

ေနာက္လမ်ားတြင္ နဉ္ရွီသည္ ရုပ္ရွင္ရိုက္သည္မွလြဲ၍ သူမ၏အခ်ိန္မ်ားကို ခ်န္းရွီေကြ့ႏွင့္အတူ ထမင္းစားလိုက္၊ ရုပ္ရွင္ၾကၫ့္လိုက္ျဖင့္ ကုန္ဆံုးခဲ့ေလ၏။ တစ္ခါတရံတြင္ ခ်န္းရွီေကြ့၏ သူငယ္ခ်င္းေကာင္းမ်ားႏွင့္လည္း ေတြ့ဆံုခဲ့ေသးသည္။ သူမ၏ ေန့ရက္မ်ားကို ေကာင္းေကာင္းမြန္မြန္ ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနခဲ့ေလသည္။

သို႔ေသာ္ နဉ္ရွီ၏ ၿငိမ္းေအးေနေသာ ဘဝေလးက အြန္လိုင္းေပၚမွ ဓာတ္ပံုတစ္ပံုေၾကာင့္ ပ်က္စီးသြားရျပန္သည္။

တစ္စံုတစ္ေယာက္က သူမ အထက္တန္းတုန္းက ဓာတ္ပံုကို တင္လာခဲ့သည္။ ထိုဓာတ္ပံုထဲတြင္ နဉ္ရွီသည္ အေတာ္ေလး ၾကၫ့္ရဆိုးေသာ ေက်ာင္းဝတ္စံုကို ဝတ္ဆင္ထားၿပီး သူမႏွင့္မလိုက္ဖက္သၫ့္ ponytail ပံုစံ ဆံပင္စည္းထား၏။ သူမ၏ ျပၫ့္ေဖာင္းေဖာင္းမ်က္ႏွာႏွင့္ တြဲဖက္လိုက္ေသာအခါ ဓာတ္ပံုထဲမွပံုစံက လက္ရိွရုပ္ရည္ႏွင့္ အေတာ္ေလး ကြာျခားေနေတာ့သည္။

ပို႔စ္တင္ခဲ့သူက နဉ္ရွီ၏ အတန္းေဖာ္ေဟာင္းတစ္ဦး ျဖစ္ႏိုင္သည္။ ထိုပို႔စ္တြင္ နဉ္ရွီဟာ ဝတုတ္ၿပီး ရုပ္ဆိုးေၾကာင္း၊ ထို႔အျပင္ ေက်ာင္းက နာမည္အႀကီးဆံုး ေကာင္ေလးကိုပင္ တိတ္တခိုး ခ်စ္ျမတ္ႏိုးခဲ့သျဖင့္ မိန္းကေလးတိုင္း မုန္းတီးခဲ့ၾကေၾကာင္း ေဖာ္ျပထားသည္။

ဓာတ္ပံုေပၚထြက္လာခ်ိန္တြင္ လူတိုင္း ေရွာ့ရသြားၾက၏။ နတ္ဘုရားမေလးလို လွရက္လြန္းသၫ့္ နဉ္ရွီသည္ တစ္ခ်ိန္တုန္းက ဤမ်ွရုပ္ဆိုးခဲ့ဖူးေၾကာင္း လူတိုင္း မထင္မွတ္ထားခဲ့ေပ။ တခ်ိဳ႕ဆိုလ်ွင္ ထိုပံုကိုၾကၫ့္ၿပီး နဉ္ရွီ၏ မ်က္ႏွာကိုပင္ ထပ္မၾကၫ့္ႏိုင္ေတာ့ဘူးဟု ေျပာလာသည္အထိ။

နဉ္ရွီကို ပလက္စတစ္ဆာဂ်ရီ လုပ္ခဲ့တာလားဟု သံသယဝင္သူမ်ားလည္း ရိွလာခဲ့သည္။ မည္သို႔ဆိုေစ ယခင္ႏွင့္ လက္ရိွရုပ္ရည္က အရမ္းကြာျခားလြန္းေနသည္ မဟုတ္ပါလား။

သို႔ေသာ္ ဓာတ္ပံုတင္လိုက္ေသာ အေကာင့္ပိုင္ရွင္ကို အရမ္းစိတ္ပုတ္တာပဲဟု ထင္ျမင္ၾကသူမ်ားလည္း ရိွေနၾကေသး၏။ နဉ္ရွီ နာမည္ႀကီးေနခ်ိန္မွ ထိုအေကာင့္ပိုင္ရွင္ဟာ ဓာတ္ပံုအေဟာင္း ထုတ္ေဖာ္လာၿပီး နဉ္ရွီကို သပုပ္ေလလြင့္ ေျပာလာသည္။ ထို႔ေၾကာင့္ ထိုသူဟာ အထက္တန္းေက်ာင္းမွ အက်င့္မေကာင္းသၫ့္ အတန္းေဖာ္ေဟာင္း ျဖစ္လိမ့္မည္။

ဤသို႔ျဖင့္ အြန္လိုင္းေပၚတြင္ အမ်ိဳးမ်ိဳး ေဆြးေနြးေနၾကေတာ့သည္။ တခ်ိဳ႕ ‘အတြင္းလူ’ ဆိုသူမ်ားက နဉ္ရွီဟာ အရင္တုန္းက အမွတ္ေကာင္းသျဖင့္ တျခားလူမ်ားအေပၚ ႏိွမ္ခ်ဆက္ဆံတတ္ေၾကာင္း ထုတ္ေျပာလာၾကျပန္သည္။ ေနာက္တစ္ဖြဲ႔ကလည္း နဉ္ရွီကို အထက္တန္းတုန္းက မေတာ္တဆျဖစ္ရပ္ကို အသံုးခ်ကာ နာမည္ေက်ာ္ၾကားေအာင္ လုပ္ေနသည္ဟု ေျပာဆိုလာၾကၿပီး တခ်ိဳ႕ဆိုလ်ွင္ ‘လက္ဖက္စိမ္းေခြးမ’ဟု ေခၚေဝၚဆဲေရးၾကေတာ့သည္။

Anti-fan A : “နဉ္ရွီရဲ့ အႏုပညာရွင္မဟုတ္တဲ့ ခ်စ္သူေကာင္ေလးေတာ့ သူ႔ရည္းစားရဲ့ အထက္တန္းတုန္းက ဓာတ္ပံုကိုျမင္ၿပီး ထေရာ္မာရသြားၿပီလားမသိ..?”

Anti-fan B : “နတ္ဘုရားမ ပရိသတ္ေတြေရ.. နင္တို႔နတ္ဘုရားမရဲ့ ဓာတ္ပံုေဟာင္းကို ျမင္ၿပီးတာေတာင္ ခ်စ္ႏိုင္ၾကတုန္းလား..?”

အင္တာနက္ဟူသည္ တကယ့္ကို အံ့မခန္းတီထြင္မႈတစ္ခုပင္။ လူမ်ားစြာကို အကြာအေဝး ေလ်ာ့ခ်ေပးၿပီး ေကာင္းေသာအရာမ်ား မ်ွေဝေပးႏိုင္ေအာင္ ကူညီေပး၏။ သို႔ေသာ္ တခ်ိဳ႕လူမ်ား၏ မေကာင္းေသာ ခံစားခ်က္မ်ား စြန႔္ထုတ္ရာ ေနရာတစ္ခုလည္း ျဖစ္ေနျပန္သည္။ ထိုလူမ်ားဟာ ေန့စဉ္ပံုမွန္ဘဝတြင္ ယဉ္ေက်းေဖာ္ေရြေကာင္း ေဖာ္ေရြေပလိမ့္မည္။ သို႔ေသာ္ အင္တာနက္ေပၚမွာေတာ့ သရုပ္အမွန္ကို ဖံုးကြယ္ထားႏိုင္သျဖင့္ သူတို႔၏ အေမွာင္ဘက္ျခမ္းကို ရဲရဲတင္းတင္း ထုတ္ေဖာ္ျပလာေတာ့သည္။

သိပ္မၾကာခင္မွာပင္ အလွအပဆိုင္ရာ ခြဲစိတ္ဆရာဝန္တစ္ဦးက ပလတ္စတစ္ဆာဂ်ရီအေၾကာင္း ခြဲျခမ္းစိတ္ျဖာျပၿပီး နဉ္ရွီ၏ မ်က္ႏွာက ခြဲစိတ္ျပဳျပင္ထားျခင္းမရိွဘဲ ရာခိုင္ႏႈန္းျပၫ့္ သဘာဝအတိုင္းသာ ျဖစ္ေၾကာင္း အတည္ျပဳလာခဲ့သည္။

‘Tan Haixian Ji’ မွ မိတ္ကပ္ဆရာတစ္ဦးကလည္း သူမဟာ ဘယ္သူ ပလတ္စတစ္ဆာဂ်ရီလုပ္ထားလဲ၊ မလုပ္ဘူးလဲဆိုတာ ခြဲျခားသိႏိုင္သည္အထိ အႏုပညာရွင္မ်ားစြာႏွင့္ လက္တြဲလုပ္ကိုင္ဖူးေၾကာင္း တင္လာခဲ့သည္။ သူမက နဉ္ရွီသာ ခြဲစိတ္ျပဳျပင္ထားလ်ွင္ သူမ၏ မိတ္ကပ္လိမ္းျခယ္သၫ့္ ပစၥည္းမ်ားကို ကိုယ္တိုင္ၿမိဳခ်ျပမည္ဟုပင္ က်ိန္ဆိုလာခဲ့၏။

နဉ္ရွီအား ပလတ္စတစ္ဆာဂ်ရီကိစၥျဖင့္ တိုက္ခိုက္၍မရေသာအခါ ေရတပ္ႏွင့္ anti-fan မ်ားလည္း အထက္တန္းတုန္းက နဉ္ရွီ၏ ရုပ္ရည္အေပၚ ဦးတည္လာၾကေတာ့သည္။ ဘယ္ေလာက္ မႏွစ္ၿမိဳ႔စရာေကာင္းေၾကာင္း ေျပာဆိုလာၾကေတာ့သည္။

အခ်ိန္တိုအတြင္ သူတို႔က နဉ္ရွီဟာ ဘယ္သူ႔အမွားေၾကာင့္မွမဟုတ္ဘဲ သူမလုပ္ခဲ့သၫ့္ လုပ္ရပ္မ်ားေၾကာင့္သာ အႏိုင္က်င့္ခံရတာျဖစ္ေၾကာင္း ေကာက္ခ်က္ဆြဲၾကျပန္သည္။

“အစ္မရွီရွီ.. အဲ့တာေတြ ဆက္မၾကၫ့္နဲ႔ေတာ့..” ရုပ္ရွင္ရိုက္ၿပီး ေခတၲအနားယူေနခ်ိန္ Weibo ၾကၫ့္ေနေသာ နဉ္ရွီကိုၾကၫ့္ၿပီး ေရွာင္ယန္လည္း မေကာင္းသၫ့္မွတ္ခ်က္မ်ားေၾကာင့္ နဉ္ရွီ စိတ္ထိခိုက္မွာကို စိုးရိမ္ေနေတာ့သည္။ သူမက ဆက္ေျပာလာသည္။ “အစ္ကိုက်န္းက အဲ့ကိစၥအတြက္ စံုစမ္းခိုင္းထားၿပီးၿပီတဲ့.. အြန္လိုင္းတစ္ခုလံုး အဲ့အေၾကာင္းေတြ လိုက္ျဖန႔္ၿပီး အစ္မရွီရွီကို တကူးတက လိုက္တိုက္ခိုက္ေနပံုေထာက္ရင္ ေနာက္ကြယ္မွာ တစ္ခုခုရိွေနမွာ ေသခ်ာတယ္..”

“အဆင္ေျပပါတယ္.. သူတို႔ ငါ့အေပၚ လုပ္ခဲ့တာနဲ႔ယွဉ္ရင္ ဘာမွမဟုတ္ေသးဘူး..” နဉ္ရွီက သူမကို ေလွာင္ေျပာင္ဆဲေရးေနသၫ့္ Comment မ်ားကိုၾကၫ့္ကာ ရယ္ေမာလိုက္သည္။ သူမက ထိုအတန္းေဖာ္ေဟာင္းမ်ား ေပၚထြက္လာမၫ့္အခ်ိန္ကို ေစာင့္ေနျခင္းသာ။ ေနာက္ဆံုးေတာ့ ထိုအခ်ိန္သို႔ ေရာက္လာခဲ့ေခ်ၿပီ။

Anti-fan 1 : “နတ္ဘုရားမေလးနဉ္ရွီရဲ့ ဓာတ္ပံုကို တစ္ေန့တစ္ခါၾကၫ့္ရံုနဲ႔ နင္တို႔ရဲ့ စားခ်င္ေသာက္ခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏိုင္တယ္ေနာ္.. ဒါနဲ႔ အခုေလာက္ဆို သူ(မ)ရည္းစား ဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲေနၿပီလဲမသိ..?”

Anti-fan 2 : “သူ(မ)ဘာသာ အေပါင္းအသင္းမဆံ့ဘဲ ေက်ာင္းမွာ အႏိုင္က်င့္ခံရတယ္လို႔ ေျပာရဲေသးတယ္.. နတ္ဘုရားမေလးနဉ္က အရွက္မဲ့လိုက္တာေနာ္..?”

Anti-fan 3 : “ရုပ္ဆိုးမေတြက ျပႆနာရွာရတာ သိပ္ႀကိဳက္တာေနာ္.. ေက်ာင္းရဲ့အသည္းေက်ာ္ေလးကိုေတာင္ ႀကိတ္ႀကိဳက္ရဲတာ စဉ္းစားၾကၫ့္လိုက္ေတာ့.. အဲ့မိန္းမက တကယ့္ကို နတ္ဘုရားမပဲ.. တျခားလူေတြ မယွဉ္သာေအာင္ အေရထူလြန္းတဲ့ နတ္ဘုရားမေလ..”

အလားတူ ရိုင္းစိုင္းေသာ မွတ္ခ်က္မ်ားစြာလည္း ေရးသားလာၾကသည္။ သူတို႔က နဉ္ရွီအေပၚ သူတို႔၏ အမုန္းတရားမ်ားကို ထုတ္ေဖာ္ျပလာၿပီး ဤျဖစ္ရပ္ေၾကာင့္ ေက်ာ္ၾကားမႈမ်ား ဆံုးရႈံးကာ နလန္ျပန္မထူႏိုင္သည္အထိ ျဖစ္ေစခ်င္ေနၾကေတာ့သည္။ နဉ္ရွီႏွင့္ပတ္သက္သမ်ွ အရာအားလံုး ဆိုးဆိုးဝါးဝါး ျဖစ္ပ်က္သြားေတာ့မွသာ သူတို႔ ေက်နပ္ၾကလိမ့္မည္ထင့္။

ေရွာင္ဟန္ကေတာ့ ထိုမွတ္ခ်က္မ်ားကိုဖတ္ရင္း ေဒါပြေနေတာ့သည္။

ခံရတဲ့လူက သူမ,မဟုတ္တာေတာင္ ဒီေလာက္ေဒါသထြက္ေနမိတာ အစ္မရွီရွီဆိုရင္ ဘယ္ေလာက္ေတာင္ ေဒါသထြက္ေနလိမ့္မလဲ..?

နဉ္ရွီ : “ကြၽန္မရဲ့ ဓာတ္ပံုအေဟာင္းေတြကို သိမ္းေပးထားတဲ့ အတန္းေဖာ္ေဟာင္းတို႔.. ေက်းဇူးတင္ပါတယ္ေနာ္.. ဓာတ္ပံုေတြက ကိုယ္အေလးခ်ိန္ေလ်ာ့က်ဖို႔အတြက္ အရမ္းအသံုးဝင္တာ.. လူအမ်ားႀကီး အက်ိဳးအျမတ္ရႏိုင္ေတာ့မွာဆိုေတာ့အရမ္းမိုက္တာပဲ.. ဝိတ္ခ်ခ်င္တဲ့သူတိုင္း ဓာတ္ပံုေတြကို စိတ္ႀကိဳက္ယူသံုးလို႔ရပါတယ္ေနာ္.. အဲ့အတြက္ ကြၽန္မ အဖိုးအခ မေတာင္းပါဘူး .. :)”

နဉ္ရွီသာ Anti-fan မ်ားႏွင့္ ရန္ျဖစ္ေနလ်ွင္ တျခားလူမ်ားပါ သူမအေပၚ မ်က္မုန္းက်ိဳးလာလိမ့္မည္။ တကယ္ေတာ့ ယခုလို အျဖစ္အပ်က္မ်ိဳး ႀကံဳေတြ့လာရလ်ွင္ အမ်ိဳးသမီးအႏုပညာရွင္တိုင္း အႏွီေကာလာဟလမ်ား ခ်က္ခ်င္းေပ်ာက္ကြယ္သြားကာ ဘယ္ေသာအခါမွ ျပန္မေပၚလာေစဖို႔ ေမ်ွာ္လင့္ေနၾကမည္ပင္။ သို႔ေသာ္ နဉ္ရွီကေတာ့ ထိုသို႔မဟုတ္။ တျခားလူမ်ားႏွင့္ ရန္မျဖစ္ရံုသာမက သူမက ထိုဓာတ္ပံုမ်ားကိုပင္ ျပန္တင္ကာ စိတ္ႀကိဳက္အသံုးျပဳႏိုင္ေၾကာင္း ဝမ္းသာအားရ ေျပာေနေသးသည္။ ထိုအျပဳအမူသည္ anti-fan မ်ား၏ ႏိုင့္ထက္စီးနင္း ေျပာဆိုပံုမ်ားကို ပိုမိုေပၚလြင္ေစခဲ့၏။

ျဖတ္သြားျဖတ္လာ 1 : “ရိုးရိုးသားသားေျပာရရင္ ပြဲၾကၫ့္သူအေနနဲ႔ အဲ့ anti-fan ေတြက တကယ္ကို တစ္ခုခုပဲေနာ္.. ဒီတစ္ေခါက္ေတာ့ ငါက နဉ္ရွီဘက္ကပဲ.. ၿပီးေတာ့ ဒီေလာက္ယဉ္ေက်းသိမ္ေမြ့ေအာင္ ေျပာဆိုတတ္တဲ့သူက သူတို႔ေျပာသလို လူမႈေရးေခါင္းပါးတဲ့ anti-social ပံုစံနဲ႔ တျခားစီပဲ.. ငါ့အထင္ေတာ့ အရင္တုန္းက သူ(မ)ကို အႏိုင္က်င့္ခဲ့တဲ့လူေတြက အခုမွ ေၾကာက္လန႔္တၾကားနဲ႔ နဉ္ရွီကို ဝိုင္းတိုက္ခိုက္ေနၾကတာထင္တယ္..”

ျဖတ္သြားျဖတ္လာ 2 : “အႏိုင္က်င့္ခံရတာ ခံရတဲ့လူရဲ့ အမွားေပါ့.. ဟုတ္လား..? ဘယ္လိုေလာ့ဂ်စ္မ်ိဳးပါလိမ့္..? ငါေတာ့ အႏိုင္က်င့္မခံခဲ့ရလို႔ ငါ့အထက္တန္းေက်ာင္းက အတန္းေဖာ္ေဟာင္းေတြကို သိပ္ၿပီးေက်းဇူးတင္တာပဲ.. ငါက အသားအရမ္းမဲၿပီး မဝတ္စားတတ္ခဲ့ဘူးေလ.. သူငယ္ခ်င္းတို႔ေရ ငါ့ဓာတ္ပံုတင္ၿပီး ငါ့ခ်စ္သူေကာင္ေလးကို အိပ္မက္ဆိုးမက္ေအာင္ မလုပ္တာ ေက်းဇူးပဲ.. နင္တို႔က တကယ့္ကို လူေကာင္းေတြပဲ..”

အင္တာနက္သံုးစြဲသူအမ်ားအျပားဟာ အသံတိတ္ ပြဲၾကၫ့္ေနၾကေသာ္လည္း ဘာမွမေတြးဘဲ ထိုင္ေနၾကတာမဟုတ္ေပ။ ေက်ာင္းသားမ်ားက နဉ္ရွီကို အႏိုင္က်င့္ခဲ့သည္။ သို႔ေသာ္ နဉ္ရွီသည္ ထူးခြၽန္ေက်ာင္းသားျဖစ္ၿပီး ေက်ာင္းမွ ဆုမ်ားစြာကိုလည္း ရရိွခဲ့ဖူး၏။ ထိုအရာအားလံုး မွတ္တမ္းမွတ္ရာ ရိွေပသည္။ သို႔ေသာ္ ထိုသူမ်ားကေတာ့ နဉ္ရွီဟာ အေပါင္းအသင္းမဆံ့သူျဖစ္ၿပီး သူမ၏ရုပ္ရည္ကိုမွမေထာက္ ေက်ာင္းရဲ့မင္းသားေလးကိုပင္ ႀကိတ္ႀကိဳက္ေနသည္ဟု ဆိုလာၾကသည္။ ထိုစကားမ်ားက ႏႈတ္ေျပာသာျဖစ္ၿပီး သက္ေသမရိွေပ။

တရားခံက ယခုလိုေျပာလာတယ္ : ငါက နစ္နာသူကို ထိခိုက္ေစခဲ့တယ္.. ဒါေပမဲ့ အဲ့တာ နစ္နာသူအမွားပဲတဲ့။

သက္ေသလံုးဝမရိွဘူး။ အဲ့ေတာ့ စဉ္းစားဆင္ျခင္တတ္တဲ့လူေတြက ဘယ္သူ႔ကို ယံုၾကည္ေပးမလဲ..?

ျဖတ္သြားျဖတ္လာ fan : “နဉ္ရွီရဲ့ အထက္တန္းေက်ာင္းက အတန္းေဖာ္ေတြက ေၾကာက္စရာပဲေနာ္.. သူတို႔ရဲ့စကားလံုးေတြကေန နဉ္ရွီအေပၚ လုပ္ခဲ့တာေၾကာင့္ ‌ေနာင္တရေနတဲ့အေငြ့အသက္မ်ိဳး လံုးဝမခံစားမိဘူး.. နဉ္ရွီကို ေက်ာင္းျမက္ခင္းစိမ္းေလးကို ႀကိဳက္ေနေကာင္းလားဆိုၿပီး ပြက္ေလာရိုက္ေနၾကၿပီး စာေတာ္လို႔ ဘဝင္ျမင့္ေနပါတယ္ဆိုၿပီးလည္း အျပစ္တင္ၾကေသးတယ္.. သူတို႔ကိုယ္သူတို႔ အမွန္တရားရဲ့ ဘက္ေတာ္သားပံုစံနဲ႔ နဉ္ရွီကိုေတာ့ အႏိုင္က်င့္ခံရတာ ထိုက္တန္တယ္ဆိုၿပီး ဗီလိန္ဇာတ္သြင္းေနၾကတာ.. ငါေတာ့ နဉ္ရွီ ရွင္သန္ခဲ့ရတဲ့ ပတ္ဝန္းက်င္ကို ပံုေဖာ္မိေနၿပီေဟ့.. အဲ့လူေတြက နဉ္ရွီကို အဆင့္ေကာင္းလို႔ မနာလိုျဖစ္ေနၾကတာ ေနမွာေပါ့.. ၿပီးေတာ့ ဝလို႔ဆိုၿပီး စေနာက္ၾကတာေနမယ္.. ေကာင္ေလးတစ္ေယာက္ကို ႀကိတ္ႀကိဳက္ေနတယ္ဆိုတာလည္း အမွန္မဟုတ္ေလာက္ဘူး.. နဉ္ရွီကို အႏိုင္က်င့္ၿပီး သူတို႔ရဲ့မနာလိုစိတ္ေတြကို ဖံုးကြယ္ႏိုင္ဖို႔ သပ္သပ္ဆင္ေျခေပးေနၾကတာ ျဖစ္မယ္.. နဉ္ရွီက နင္တို႔ကို အႏိုင္က်င့္မွာမဟုတ္သလို ေအာ္ေငါက္ခဲ့မွာလည္း မဟုတ္ဘူး.. ဘာလို႔ မဟုတ္ကဟုတ္ကေတြ ေျပာရတာလဲ..? ၿပီးေတာ့ နဉ္ရွီရဲ့ေကာင္ေလး စိတ္ဒဏ္ရာရေတာ့မယ္ဆိုၿပီး ေလွာင္ေျပာင္ေနတဲ့ လူစားမ်ိဳးကလည္း ရိွေသးရဲ့.. အဲ့ေတာ့ anti-fan ေတြကို တစ္ခုေလာက္ ေမးၾကည့္ခ်င္တယ္.. ဘယ္သူ႔အေပၚမွ အျပစ္မလုပ္ဘဲ သူ႔ဘာဘာ ရုပ္ရွင္ရိုက္ေနတဲ့ လူတစ္ေယာက္ကို လိုက္တိုက္ခိုက္ေနတာ နင္တို႔ ဝဋ္ျပန္လည္မွာ မေၾကာက္ၾကဘူးလား..?”

အႏွီမွတ္ခ်က္က repost ႏွင့္ Like မ်ားစြာ ရရိွခဲ့ေလ၏။ နဉ္ရွီဘက္တြင္ အေျခအေနေကာင္းလာသည္ႏွင့္ တျခားလူမ်ားလည္း ေရ႔ွထြက္ကာ ေျပာဆိုလာၾကသည္။ ေက်ာင္းမွာအႏိုင္က်င့္ခံခဲ့ရၿပီး နဉ္ရွီ၏ အားေပးကူညီမႈရရိွခဲ့ေသာ ကေလးငယ္မ်ား၏ မိဘမ်ားလည္း ပါဝင္လာၾကေလသည္။

မိဘတစ္ဦးက နဉ္ရွီ သူတို႔ကေလးထံ ပို႔ေပးခဲ့ေသာ စာမ်ား၊ email မ်ား၊ ဓာတ္ပံုႏွင့္ လႉဒါန္းေငြမ်ားကို လိုင္းေပၚတင္ကာ လြန္ခဲ့ေသာ ႏွစ္ႏွစ္ခန႔္ကတည္းက ေထာက္ပံ့လာသၫ့္ ဘဏ္စာရင္းကိုပင္ တြဲတင္လာခဲ့သည္။ လႉဒါန္းေငြရရိွသူမ်ားက တစ္ဦးႏွင့္တစ္ဦး မတူညီၾကေသာ္လည္း ထိုလူမ်ားကေတာ့ ေက်ာင္းတြင္းအႏိုင္က်င့္မႈေၾကာင့္ ဆိုးဆိုးရြားရြား ထိခိုက္ခဲ့သူမ်ားပင္။ တခ်ိဳ႕ဆို အႏိုင္က်င့္ခံရၿပီး ကိုယ္လက္အဂၤါ မသန္စြမ္းေတာ့သည္အထိ။ တစ္ခ်ိဳ႕ဆို စိတ္ပိုင္းဆိုင္ရာ ထိခိုက္သြားၾကေလသည္။

တခ်ိဳ႕စာမ်ားဆိုလ်ွင္ အလြန္ေဟာင္းႏြမ္းေနၿပီျဖစ္သည္။ တံဆိပ္ေခါင္းက ႏွစ္အေတာ္ၾကာေနၿပီျဖစ္မွန္း ေဖာ္ျပေနသလို လႉဒါန္းေငြကလည္း သိပ္မမ်ားေပ။ သို႔ေသာ္ နဉ္ရွီ၏ ပရိသတ္မ်ားသည္ ထိုစဉ္က နဉ္ရွီဟာ မိဘႏွစ္ပါးကြယ္လြန္သြားၿပီး ေက်ာင္းတက္ေနဆဲသာျဖစ္ေၾကာင္း သိလိုက္ၾက၏။ ထိုအေျခအေနမ်ိဳးမွာပင္ အႏိုင္က်င့္ခံရသၫ့္ ကေလးငယ္မ်ားအတြက္ ပိုက္ဆံပို႔ေပးႏိုင္သည္က ခ်ီးမြမ္းဖြယ္ေကာင္းေနၿပီျဖစ္သည္။

Anti-fan မ်ားက နဉ္ရွီအား ေက်ာင္းတြင္းအႏိုင္က်င့္မႈကို ခုတံုးလုပ္ၿပီး နာမည္ေက်ာ္ၾကားေအာင္ လုပ္ေနသည္ဟု တိုက္ခိုက္ခဲ့ၾကသည္။ သို႔ေသာ္ ထိုႏွစ္မ်ားက နဉ္ရွီသည္ သရုပ္ေဆာင္မျဖစ္ေသးသၫ့္အျပင္ ဆင္းရဲသၫ့္ မိဘမဲ့ေက်ာင္းသူတစ္ဦးသာ၊ သို႔တိုင္ နစ္နာသူမ်ားအတြက္ တတ္စြမ္းသမ်ွ လုပ္ေပးခဲ့သည္။ သူမသာ ဟန္ေဆာင္ေနသည္ဆိုလ်ွင္ အဘယ္အတြက္ ဟန္ေဆာင္ရမည္နည္း။

ထိုအရာမ်ားကို ျမင္ၿပီးေနာက္ အင္တာနက္သံုးစြဲသူမ်ားလည္း ေဒါသထြက္လာၾကေတာ့သည္။ သူတို႔က နစ္နာသူမ်ားကိုယ္စား ေဒါသထြက္ေနၾကၿပီး နဉ္ရွီအေပၚ အမွားလုပ္ခဲ့သလိုပင္ ခံစားေနၾကရသည္။

အရာအားလံုးက ရုတ္ခ်ည္း ထိန္းခ်ဳပ္မႈလြတ္သြားသျဖင့္ ေနာက္ကြယ္မွလူလည္း ေနာင္တရလာေတာ့သည္။

နဉ္ရွီ၏ အတန္းေဖာ္ေဟာင္းဆိုသူလည္း ပို႔စ္ဖ်က္ကာ Account ကိုပင္ အၿပီးဖ်က္သြားေတာ့သည္။ သို႔ေသာ္ ေနာက္က်သြားေခ်ၿပီ။

…………………………………………………

Meli’s Note : အားလံုးသိၾကမွာပါ။ ဒီ novel ေလးကို Meli နဲ႔ Meow တို႔ တူတူဘာသာျပန္ေနၾကတယ္ဆိုတာ။ အခု Meow ေလး ဘာသာျပန္ေနတဲ့ Novel တစ္ပုဒ္ကို တျခားဘာသာျပန္သူက သိရက္နဲ႔ ဘာမွလာမေျပာဘဲ ၿပိဳင္တင္ေနပါတယ္။ Meow ေလးက အစကေတာ့ နဉ္ရွီတို႔ကို အာရံုစိုက္ထားၿပီး အဲ့ novel ကို ျဖည္းျဖည္းေရးဖို႔ လုပ္ထားတာပါ။ ဒါေပမဲ့ အခုလိုျဖစ္လာေတာ့ အဲ့ novel ကိုပဲ အာရံုစိုက္ရေတာ့မွာေပါ့။ အဲတာေၾကာင့္ နဉ္ရွီကိုေတာ့ Meli ပဲ ဆက္ျပန္သြားမွာပါ။ Meow ေလးက ဒီကိစၥေၾကာင့္ အရမ္းဝမ္းနည္းေနတာဆိုေတာ့ ဝိုင္းၿပီး Support ေပးၾကပါဦးေနာ္။ အဲ့တာမွ Meow ေလးလည္း အားရိွၿပီး ဆက္ျပန္ႏိုင္မွာပါ။

Meow's Note: မမေျပာတဲ့အတိုင္းပါပဲ။ ကိုယ္တို႔ခဏခြဲရပါဦးမယ္ အခ်စ္တို႔ရယ္။ ကိုယ့္ကိုမေမ့‌ေအာင္ အားရင္အားသလို ခ်န္းေကာတို႔ဘက္လွၫ့္လာမွာပါ😆 ေလာ"ဆယ္ ကိုယ္ကိုင္ေနတဲ့နန္းတြင္းေလးကို အပ္ပုဒိတ္ျမန္ေအာင္ ဖိုက္ရမွာမို႔ အားေပးၾကဦးေနာ္။ ဒီမွာေတာ့ ခဏတာ ႏႈတ္ဆက္ခဲ့ပါတယ္။
…………………………………………………

Continue Reading

You'll Also Like

297K 30.2K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။