ပြန်လည်မွေးဖွားလာသော အမြောက်စ...

Galing kay PrettiOcean

142K 15.2K 401

This is not my own story Higit pa

Part-1
Part-2
Part-3
Part-4
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55
Part-56
Part-57
Part-58
Part-59
Part-60
Part-61
Part-62
Part-63
Part-64
Part-65
Part-66
Part-67
Part-68
Part-69
Part-70
Part-71
Part-72
Part-73
Part-74
Part-75
Part-76
Part-77
Part-78
Part-79
Part-80
Part-81
Part-82
Part-83
Part-84
Part-85
Part-86
Part-87
Part-88
Part-89
Part-90
Part-91
Part-92
Part-93
Part-94
Part-95
Part-96
Part-97
Part-98
Part-99
Part-100
Part-101
Part-102
Part-103
Part 104
Part-105

Part-5

1.8K 209 13
Galing kay PrettiOcean

Chapter 5

"အား-!!!"

မော့ဝုဟန်မှာ မျက်နှာကို ရိုက်ခံလိုက်ရကာ အော်ဟစ်လိုက်သည်။

မော့ဝုဟန် အရိုက်ခံရပြီး လဲကျသွားသည်ကို အခြားအစေခံများက မြင်လိုက်ရသောအခါတွင် ခဏမျှ အထိတ်တလန့် ဖြစ်ကုန်ကြသည်။ သူတို့ထဲမှတစ်ဦးက အလွန်ထိတ်လန့်နေကာ စကားကိူချောချောမွေ့မွေ့ပင် မဆိုနိုင်ချေ။ သူ့ခြေထောက်များက တုန်ရီနေပြီး အော်ပြောလိုက်သည်။

"ကျိုးသွားပြီ၊ ကျိုးသွားပြီ!၊ ပဉ္စမသခင်လေးရဲ့နှာခေါင်းကသွေးထွက်နေတယ်၊ သခင်ငယ်လေးက သူ့ကို နှာခေါင်းသွေးထွက်တဲ့အထိ ရိုက်ပစ်လိုက်ပြီ !!!"

"ငါ-ိုး... ထွက်သွားစမ်း!!!"

မော့ဝုဟန်က သူ့အားလာကူညီသူများကို ဘေးသို့တွန်းထုတ်ပစ်လေသည်။ သူကခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်ပြီး မော့တိကိုစိုက်ကြည့်ရင်း မြေပြင်မှထလိုက်သည်။

"မော့တိ သတ္တိတွေသိပ်ရှိနေတာပဲ၊ မင်းကငါ့ကိုတောင် ရိုက်ရဲတယ်လား၊ မင်းအခု အရမ်းအင်အားရှိနေပြီပေါ့လေ အာ...၊ မင်းကရှောင်ကွေ့ကိုသာမက ငါ့ကိုပါ ထိခိုက်စေခဲ့တာ၊ မင်းက တကယ့်ကိူ တိရစ္ဆာန်ကောင်ဖြစ်သွားဖို့ ကြိုးစားနေတာလား"

"ကျွန်တော်မဟုတ်... ကျွန်တော်.. ကျွန်တော်က ဂရုမစိုက်မိဘဲ အိတ်ကချော်ကျသွားရုံလေးပါ..."

မော့တိက မော့ဝုဟန်အား ကြောက်ရွံ့စွာကြည့်လိုက်သည်။ လွန်ခဲ့သော ဆယ့်ခုနစ်နှစ်တာကာလအတွင်း သူအရိုက်ခံရသည့်အချိန်တိုင်း ကြည့်လေ့ရှိသောအကြည့်ပင်။ ကြောက်ရွံ့မှုက သူ့အား မသိစိတ်ဖြင့် နောက်ကို ဆုတ်လိုက်စေသည်။ သူကခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းရင်းဖြင့်

"ကျွန်တော်မရည်ရွယ်ပါဘူး၊ ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ရပါဘူး ၊ ပဉ္စမအစ်ကို ကျွန်တော် မရည်ရွယ်ခဲ့ပါဘူးဗျာ"

"မင်းလိမ်ရဲနေတုန်းလား!!!"

အနာဂတ်တွင် မော့ဝုဟန်က ကမ္ဘာကျော်ထိပ်တန်းမော်ဒယ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ကမ္ဘာပေါ်ရှိ ဆွဲဆောင်မှုအရှိဆုံး အမျိုးသားမော်ဒယ်များထဲမှ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံရလိမ့်မည်။ ယခုမူ သူက1.85mရှိပြီဖြစ်ကာ ကြွက်သားများကလည်း လုံးဝဖွံ့ဖြိုးနေပေပြီ။ သူနစ်စုံတစ်ယောက်ကို ရိုက်နှက်ဖို့ ကြိုးစားနေသည်ကို ကြည့်ရသည်မှာ အမှန်ပင် ကြောက်စရာကောင်း၏။

သူက လက်ဆစ်တွေကို တင်းတင်းဆုပ်ရင်း လှေကားပေါ်ကို ပြေးတက်ပြီး မော့တိ၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

မော့တိ၏အတွင်းပိုင်း၌ ပြင်းထန်သည့်အရောင်တစ်ချက်လက်သွားသော်လည်း သူက ယင်းအားထုတ်ဖော်မပြခဲ့ပေ။ သူက တစ်ဖက်သို့ လှည့်၍ ပြေးသွားလိုက်၏။ ပြေးနေရင်း သူကသက်ညှာပေးဖို့လည်း တောင်းဆိုနေသေးသည်။

"ပဉ္စမအစ်ကို၊ ကျွန်တော် မရည်ရွယ်ပါဘူး ၊ ကျွန်တော်တကယ်မရည်ရွယ်ပါဘူး၊ ကျွန်တော့်ကို မရိုက်ပါနဲ့နော်၊ ကျွန်တော်ကအခုမှ ဆေးရုံကပြန်လာတာလေ၊ ကျွန်တော် လုံးလုံးမသက်သာသေးဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့"

"ငါမင်းကိုရိုက်မှာ၊ ရက်စက်တဲ့ကောင်၊ အခုမှဆေးရုံကဆင်းလာတာလို့ ပြောရဲသေးတယ်နော်၊ ရှောင်ကွေ့ကသတိလစ်သွားတာ ခုထိဆေးရုံကတောင် မထွက်လာရသေးဘူးကွ၊ မင်းတောင်းပန်ခဲ့လား၊ မင်းသူ့ဆီသွားလည်ခဲ့ရဲ့လား"

သူပြောလေလေ ဒေါသထွက်လာလေလေပင်။

"သေစမ်း...၊ ရှောင်ကွေ့က ကြင်ကြင်နာနာနဲ့ မင်းကိုသောက်စရာပေးခဲ့ပေမယ့် မင်းကသူ့ကိုစွပ်စွဲတယ်၊ မင်းကိုကိုးနဲ့ ဓါတ်မတည့်ဘူးဆိုတာ သိလားလို့တောင် မေးလိုက်သေးတယ်၊ ငါမင်းကိုပြောပါရစေ မော့တိ၊ မင်းရဲ့ အမှိုက်လိုရည်ရွယ်ချက်တွေကို ရှင်းပစ်စမ်းပါ မဟုတ်လို့ကတော့ မင်းကို ငါသတ်ပစ်မယ်၊ မင်းမှာအလာ့ဂျစ်ရှိရှိမရှိရှိ ငါတို့နဲ့ဘာလုပ်စရာမှ ရှိမနေဘူး၊ ဒါ့အပြင် မင်းဓာတ်မတည့်မှုကြောင့် သေသွားရင် ငါတို့မိသားစုက မင်းလိုအမှိုက်ကောင်မျိုး မရှိတော့လို့ သန့်ရှင်းသွားလိမ့်မယ်"

မော့ဝုဟန်က ဆက်လက်ကျိန်ဆဲနေပြီး မော့တိကိုလိုက်ဖမ်းနေသည်။ သူကျိန်ဆဲနေရင်း မျက်နှာကလည်း နီသထက်နီလာကာ လုံခြုံရေးအစောင့်အများအပြားကို မော့တိအား မလွတ်မြောက်နိုင်အောင် တားဆီးရန် အမိန့်ပေးလိုက်သည်။

မော့တိက အဘက်ဘက်မှ ပိတ်ဆို့ခံလိုက်ရသည်။ သူ့မျက်လုံးက အေးစက်သွားပြီး ရိုးရိုးရှင်းရှင်းပင် လှည့်ကာ မော့ဝုဟန်ထံ တည့်တည့်ပြေးသွားလိုက်၏။

မော့ဝုဟန်မှာ မော့တိက သူ့ထံအရှိန်ဖြင့်ပြေးလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူက မျက်ထောင့်နီဖြင့် ကြည့်လိုက်ရင်း လက်သီးတင်းတင်းဆုပ်ကာ မော့တိ၏ရင်ဘတ်ထံ ချိန်ရွယ်ထားလိုက်သည်။ သို့ပေသိ မမျှော်လင့်ထားစွာပင် သူ့ခြေထောက် လှုပ်ရှားသွားသည်နှင့် သူခြေချော်ပြီး နောက်ပြန်လဲကျသွားသည်။ သူ့ခေါင်းနောက်ဘက်က မြေပြင်ဖြင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွား၏။

မော့ဝုဟန်က ပြင်းထန်စွာပြုတ်ကျသွားပြီး သူ့မြင်အာရုံမှာ မည်းမှောင်သွားကာ အော်ပင်မအော်နိုင်ချေ။

အစေခံများမှာ ရယ်ချင်စိတ်နှင့်အတူ တုန်လှုပ်ခြောက်ခြားသွားကာ လူတိုင်းက နေရာတွင် မတ်တပ်ရပ်နေကြသော်လည်း သူတို့၏ နှလုံးသားများကမူ အလိုအလျောက် တုန်လှုပ်နေကြသည်။ ကံကောင်းစွာဖြင့် တစ်ယောက်က တုန့်ပြန်နိုင်သွားပြီး မြေပြင်တွင်လဲကျနေဆဲ မော့ဝုဟန်ကို အမြန်ကူညီပေးလိုက်သည်။

အားလုံးက ယနေ့ တကယ်ကို ဘာတွေဖြစ်ပျက်နေသည်လဲဟု တွေးနေကြသည်။ ယခင်က သခင်လေးငါးမှ သခင်ငယ်လေးအား သင်ခန်းစာပေးလျှင် အမြဲလိုလို ချောချောမွေ့မွေ့ပင်ဖြစ်၏။ သို့ပေသိ ယနေ့တွင်မူ သခင်လေးငါးမှာ နှာခေါင်းသွေးထွက်သွားရုံမှမက ခေါင်းကိူလည်း ရိုက်မိသွားသေးသည်။

အဲတာက ခေါင်းနော်!။ တစ်ခုခုသာမှားယွင်းသွားရင် သူတို့လိုအစေခံလေးတွေက မော့မိသားစုရဲ့အငြိုးတွေကို မဖြေရှင်းနိုင်ဘူး။

ပြီးနောက်တွင် မော့တိက ဗလာဖြစ်နေသည့် ဂျယ်လီထုတ်လေးကို ကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်ကာ သဲလွန်စချန်မထားခဲ့ချေ။ ထို့နောက်တွင် သူက မော့ဝုဟန်အနားသို့ မဝံ့မရဲလျှောက်သွားလိုက်ကာ သူ၏ကျောပိုးအိတ်ကို ကောက်ယူလိုက်သည်။

"ကျွန်... ကျွန်တော် ဒုတိယဦးလေးနဲ့အဒေါ်ကို ရှာလိုက်မယ်၊ သူတို့ကို ပဉ္စမအစ်ကိုကို ဆေးရုံပို့ပေးဖို့ ပြောလိုက်မယ်နော်"

မော့တိက စကားတစ်ခွန်းကိုပြောလိုက်ပြီး ဗီလာဂိတ်ပြင်ပကို အမြန်ထွက်လာလိုက်သည်။ အစေခံများနှင့်အစောင့်များမှာ ရှုပ်ထွေးနေကြပြီး သူ့အား မည်သူကမှမတားဆီးခဲ့ပေ။ သို့သော်လည်း သူစိတ်သက်သာရာရသွားစဥ်မှာပင် မော့မိသားစု၏အကြီးဆုံးနှင့်အရှည်လျားဆုံး Lincolnက ဗီလာသံတံခါးရှေ့တွင် ရပ်သွားသည်ကို မြင်လိုက်ရသည်။

မော့တိ၏နှလုံးသားက ရပ်တန့်သွားပြီး အံကြိတ်လိုက်သည်။

ဒီတိုက်ဆိုင်မှုက ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်လဲ။ ကြည့်ရတာတော့ သူဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ ကမ္ဘာကြီးရဲ့စွမ်းအားက သူ့အတွက်ဆိုးဝါးဦးတည်ချက်ကို အတင်းအကြပ်တွန်းပို့နေပုံပဲ။

"အိုး? ဒါကရှောင်တိလေးမလား၊ ရှောင်တိ ပြန်လာပြီ ..."

ဦးဆုံးထွက်လာသူမှာ သူ၏အကြီးဆုံးဦးလေးမော့ရှစ်ချန်နှင့်သူ့ဇနီးလင်းရုန်ဖန်ဖြစ်သည်။ လင်းရုန်ဖန်က အကြည့်တစ်ချက်ဖြင့်ပင် မော့တိအားမြင်သွားပြီး အပြုံးတစ်ခုဖြင့် ကားဘက်လှည့်ကာ အော်လိုက်လေသည်။

"တတိယမောင်လေးနဲ့ ယောက်မလေး နင်တို့မိသားစုရဲ့ရှောင်တိပြန်ရောက်နေပြီ !"

"အဲ့အမှိုက်သရိုက်က ဘယ်လိုတောင် ပြန်လာရဲတာလဲ!"

မော့ရှစ်ဟုန်က ကားမှန်ကိုချပြီး မော့တိကိုမြင်လိုက်လျှင် ဒေါသနှင့်ရွံမုန်းမှုတို့အား သူ့အကြည့်ထဲတွင် တွေ့လိုက်ရသည်။ သူ၏သားအရင်းကို ကြည့်နေသည်နှင့်မတူဘဲ ရန်သူအား ကြည့်နေသကဲ့သို့ပင်။

သို့ပေသိ သူ၏ရတနာမျက်ရှုသမီးငယ်လေးကြောင့် မော့ရှစ်ဟုန်က မော့တိအား ချက်ချင်း သင်ခန်းစာမပေးသေးပေ။ သူကခေါင်းကိုလှည့်လိုက်သည်နှင့် နူးညံ့သိမ်မွေ့သောပုံစံသို့ပြောင်းသွားကာ တိုးတိုးလေးပြောလိုက်သည်။

"လာ လိမ္မာတဲ့သမီးလေး၊ ကားပြင်ထွက်ရင် ဂရုစိုက်၊ နောက်ဆိုရင် အဲဒီ့ရက်စက်တဲ့ကောင်ကို အာရုံမစိုက်နဲ့တော့၊ မင်းပြန်သက်သာအောင်နေရမယ်၊ ဒေါသလည်းမထွက်နဲ့၊ အများကြီးလည်း မတွေးနဲ့တော့"

"အဖေ၊ ရှောင်တိကို အဲလိုမပြောပါနဲ့၊ ကျွန်မ... တကယ်ကိုမှားသွားတာပါ၊ သူအိမ်မှာလား၊ ကျွန်မသူ့ကိုတွေ့ချင်တယ်"

မော့လျှိုကွေ့၏ ချိုမြပြီးနူးညံ့သည့်အသံက ကားထဲမှရှင်းလင်းစွာ ထွက်လာသည်။

"ရှောင်ကွေ့၊ မင်းဘာအမှားမှ မလုပ်ခဲ့ဘူး၊ တတိယဦးလေးပြောတာမှန်တယ်၊ မော့တိက အဲလိုအရာမျိုးကိုလုပ်ခဲ့တာ၊ သူ့စိတ်ကအဆိပ်သင့်နေပြီ၊ မင်းသူ့ကို အရာရာတိုင်း ခွင့်လွှတ်ပေးနေလို့မရဘူး၊ အဲဒါကသူ့ကို ပိုပြီးအထိန်းအကွပ်မဲ့စေလိမ့်မယိ"

ငယ်ရွယ်ပြီးကြည်ရှင်းသည့်အသံက မော့လျှိုကွေ့၏စကားကို ဖြတ်လိုက်ပြီး သူကညင်သာစွာဆက်ပြောသည်။

"ရှောင်ကွေ့ မင်းကအရမ်းကိုကြင်နာပြီး စိတ်ထားကောင်းလွန်းနေတုန်းပဲ၊ မော့တိကို ငါတို့ပဲကိုင်တွယ်လိုက်မယ်၊ အခုထိ မူးနေတုန်းပဲလား၊ သွေးအားနည်းတာက တကယ့်ကိုပြဿနာကြီးပဲ၊ ပေါ့ပေါ့လေးမတွေးနဲ့၊ အဲ့ဆရာဝန်တွေက အဆင်ပြေတယ်လို့ပြောရင်တောင် ဘာမှမဖြစ်တော့တာမဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်၊ စတုတ္ထအစ်ကို၊ ကျွန်မ မမူးတော့ဘူး၊ အခုကျွန်မ လုံးဝခေါင်းမူးမနေတော့ဘူး "

မော့လျှိုကွေ့က အခြားလူများ၏ ဂရုစိုက်မှုနှင့် စိတ်ပူမှုကြားမှ အပြုံးလေးဖြင့် ဆိုလိုက်သည်။ ပြီးနောက် သူမက စကပ်ကိုမကာ ကားပြင်ကို ထွက်လာခဲ့လေသည်။ အလင်းရောင်အောက်မှ မော့တိအား မြင်လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"ရှောင်တိ... နင်ပြန်လာပြီ၊ ငါနင့်ဆီ ဆေးရုံကို လာလည်ဖို့လုပ်နေတာ၊ အခုသက်သာသွားပြီလား"

မော့တိက အနည်းငယ် ကြောက်လန့်နေပုံရပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွားလိုက်သည်။ သူက အမြန်ပင်ပြန်ဖြေသည်။

"ငါ...ငါ အဆင်ပြေတယ်"

အနည်းဆုံးတော့ ငါမသေခဲ့ဘူးလေ။

"နင်အဆင်ပြေတာကောင်းတယ်၊ ငါတောင်းပန်ပါတယ်နော်၊ နင်ကိုကိုးနဲ့ဓာတ်မတည့်တာ ငါမသိခဲ့ဘူး"

မော့လျှိုကွေ့က နောင်တဖြင့်ဆိုလာသည်။

"ဒီမတိုင်ခင်က နင်ဓာတ်မတည့်တဲ့ တုန့်ပြန်မျိုးမှုရှိတာကို ငါမမြင်ဖူးတော့လေ၊ ဒါကြောင့်..."

အရင်ကတစ်ခါမှ မတွေ့ဖူးဘူး...

မော့တိ သူ့စိတ်ထဲမှ ရယ်ချင်စိတ်ကိုသာ ခံစားရသည်။ သူကခေါင်းငုံ့ပြီး တိုးတိုးလေးပြောလိုက်သည်။

"မမ၊ တကယ်တော့... တကယ်တော့လေ၊ ဂျူနီယာအထက်တန်း နှစ်ဝက်စာမေးပွဲပြီးတော့ ငါကိုကိုးကို မတော်တဆသောက်မိပြီး အရေးပေါ်ကုသမှုခံခဲ့ရတာ၊ မမက အဖေ၊ အမေ၊ ပဉ္စမအစ်ကိုတို့နဲ့အတူ ခရီးထွက်နေတာလေ၊ နင်တောင် ငါ့ကိုဖုန်းခေါ်ခဲ့သေးတယ်၊ မေ့သွားပြီလားဟင်"

ထိုအချိန်က သူဆေးရုံတွင် ၈ရက်နေခဲ့ရသည်။ သူ့မှတ်ဥာဏ်၏အနက်ရှိုင်းဆုံးနေရာတွင် သူ့မိသားစုဝင်များက သူ့အားတစ်ကြိမ်တည်းသာ ဖုန်းခေါ်ခဲ့ပြီး တစ်ယောက်လေးတောင်မှ သူ့ထံလာမလည်ခဲ့ပေ။

မော့လျှိုကွေ့၏မျက်နှာ ရှက်ရွံ့မှုနှင့်အတူ နီရဲသွားသည်။

"ဆောရီးပါ၊ ငါတောင်းပန်ပါတယ်ဟာ၊ ငါမမှတ်မိဘူး၊ ငါ..."

"မော့တိ!!!"

မော့လျှိုကွေ့ အဆုံးထိမပြောရသေးမှီမှာပင် မော့ရှစ်ဟုန်၏အသံနက်နက်က ထွက်ပေါ်လာသည်။ သူ၏လှိုက်တက်လာသောဒေါသတို့ကို ဖိနှိပ်ကာ ပြောလိုက်၏။  "မင်း အဖျက်ကောင်၊ မင်းအစ်မကို နှိပ်စက်ချင်သေးတာလား!!"

"မင်းကငါ့ကိုဒေါသထွက်သေအောင်လုပ်နေတာပဲ၊ ဘယ်လိုလုပ် ငါမင်းလိုကောင်ကို မွေးခဲ့မိတာလဲ !"

မော့ရှစ်ဟုန်က သူ့သမီးလေးကို ဖျားနာသွားသည်အထိ သူ့ကိုယ်သူအပြစ်တင်စေခဲ့သည့် စွပ်စွဲချက်အား မော့တိမှ ထပ်ခါတလဲလဲ ပြောရန် ကြိုးစားနေသည်ကို မြင်လျှင် ဒေါသကိုဖိနှိပ်ကာ ဆိုလိုက်သည်။

"မင်းတကယ်လုပ်ရဲတယ်၊ ငါတို့ရှေ့မှာတောင် မင်းအစ်မကို အပြစ်တင်ရဲတဲ့ သတ္တိရှိနေတယ်"

မော့တိက သူ့စကားကြောင့် တုန်လှုပ်သွားဟန်ဖြင့် ခေါင်းကို အမြန်ခါလိုက်သည်။

"မဟုတ်ပါဘူး ၊ အဖေ... ကျွန်တော်က ကျွန်တော်ကိုကိုးနဲ့မတည့်တာကို ပြောချင်ရုံလေးပါ၊ ကျွန်တော့်အလာ့ဂျစ်က ရုတ်တရက်ပေါ်လာတာမဟုတ်သလို မမကိုထိခိုက်စေချင်စိတ်လည်း မရှိပါဘူး၊ ကျွန်တော်က..."

"ကျွန်တော်က... ဘာလဲ၊ ပါးစပ်ပိတ်ထားလိုက်တော့ !" ကြည်လင်သောမျက်နှာနှင့် လှပသည့် အမျိုးသမီးတစ်ဦးက လျင်မြန်စွာ ရောက်ရှိလာပြီး မော့တိအား အဓိပ္ပါယ်အပြည့်ပါသောအကြည့်ကို ပေးလိုက်သည်။ မော့တိက ခေါင်းအမြန်ငုံ့ကာ မျက်လုံးများ နီရဲလာသည်။

............

စာရေးသူမှာပြောစရာရှိပါတယ်

မော့မိသားစုမှာ မြေး၇ယောက်ရှိပါတယ်: မော့ယီ(1)ချန်း၊ မော့အာ့(2)ချမ်၊ မော့စန်း(3)ကျစ်၊ မော့စစ်(4)လန်၊ မော့ဝု(5)ဟန်၊ မော့လျှို(6)ကွေ့ ၊ ပြီးတော့ မော့တိ။ သူတို့ဘယ်သူလဲဆိုတာ မမှတ်မိရင် သူတို့နာမည်တွေရဲ့ အလယ်အက္ခရာကိုပဲ သတိရလိုက်ပါ။. Yi, Er, San, Si, Wu, Liu (တရုတ်လို နံပါတ်၁ကနေ၆အထိပါ၊ မော့တိနာမည်က အဲ့patternအတိုင်းမဟုတ်ပါဘူး၊ နောက်ဆုံးအခန်းမှာ အဲ့အကြောင်းရှင်းပြပါ့မယ်)

သူတို့ထဲမှာ မော့ယီနှင့် မော့စစ်က (1 and 4) အကြီးဆုံးမိသားစုကပါ။ အမွှာတွေဖြစ်တဲ့ မော့အာ့၊ မော့စန်းနှင့် မော့ဝုက ဒုတိယဦးလေးရဲ့မိသားစုက၊ မော့လျှိုကွေ့နဲ့မော့တိကတော့ မော့ရှစ်ဟုန်နှင့်သူ့မိန်းမရဲ့ကလေးတွေ။

Xxxxxx

Chapter 5

"အား-!!!"

ေမာ့ဝုဟန္မွာ မ်က္ႏွာကို ႐ိုက္ခံလိုက္ရကာ ေအာ္ဟစ္လိုက္သည္။

ေမာ့ဝုဟန္ အ႐ိုက္ခံရၿပီး လဲက်သြားသည္ကို အျခားအေစခံမ်ားက ျမင္လိုက္ရေသာအခါတြင္ ခဏမွ် အထိတ္တလန႔္ ျဖစ္ကုန္ၾကသည္။ သူတို႔ထဲမွတစ္ဦးက အလြန္ထိတ္လန္႔ေနကာ စကားကိူေခ်ာေခ်ာေမြ႕ေမြ႕ပင္ မဆိုႏိုင္ေခ်။ သူ႔ေျခေထာက္မ်ားက တုန္ရီေနၿပီး ေအာ္ေျပာလိုက္သည္။

"က်ိဳးသြားၿပီ၊ က်ိဳးသြားၿပီ!၊ ပၪၥမသခင္ေလးရဲ႕ႏွာေခါင္းကေသြးထြက္ေနတယ္၊ သခင္ငယ္ေလးက သူ႔ကို ႏွာေခါင္းေသြးထြက္တဲ့အထိ ႐ိုက္ပစ္လိုက္ၿပီ !!!"

"ငါ-ိုး... ထြက္သြားစမ္း!!!"

ေမာ့ဝုဟန္က သူ႔အားလာကူညီသူမ်ားကို ေဘးသို႔တြန္းထုတ္ပစ္ေလသည္။ သူကခက္ခက္ခဲခဲ မ်က္ေတာင္ခတ္လိုက္ၿပီး ေမာ့တိကိုစိုက္ၾကည့္ရင္း ေျမျပင္မွထလိုက္သည္။

"ေမာ့တိ သတၱိေတြသိပ္ရွိေနတာပဲ၊ မင္းကငါ့ကိုေတာင္ ႐ိုက္ရဲတယ္လား၊ မင္းအခု အရမ္းအင္အားရွိေနၿပီေပါ့ေလ အာ...၊ မင္းကေရွာင္ေကြ႕ကိုသာမက ငါ့ကိုပါ ထိခိုက္ေစခဲ့တာ၊ မင္းက တကယ့္ကိူ တိရစာၦန္ေကာင္ျဖစ္သြားဖို႔ ႀကိဳးစားေနတာလား"

"ကြၽန္ေတာ္မဟုတ္... ကြၽန္ေတာ္.. ကြၽန္ေတာ္က ဂ႐ုမစိုက္မိဘဲ အိတ္ကေခ်ာ္က်သြား႐ုံေလးပါ..."

ေမာ့တိက ေမာ့ဝုဟန္အား ေၾကာက္႐ြံ႕စြာၾကည့္လိုက္သည္။ လြန္ခဲ့ေသာ ဆယ့္ခုနစ္ႏွစ္တာကာလအတြင္း သူအ႐ိုက္ခံရသည့္အခ်ိန္တိုင္း ၾကည့္ေလ့ရွိေသာအၾကည့္ပင္။ ေၾကာက္႐ြံ႕မႈက သူ႔အား မသိစိတ္ျဖင့္ ေနာက္ကို ဆုတ္လိုက္ေစသည္။ သူကေခါင္းကို ျပင္းျပင္းထန္ထန္ ခါယမ္းရင္းျဖင့္

"ကြၽန္ေတာ္မရည္႐ြယ္ပါဘူး၊ ရည္႐ြယ္ခ်က္ရွိရွိလုပ္တာ မဟုတ္ရပါဘူး ၊ ပၪၥမအစ္ကို ကြၽန္ေတာ္ မရည္႐ြယ္ခဲ့ပါဘူးဗ်ာ"

"မင္းလိမ္ရဲေနတုန္းလား!!!"

အနာဂတ္တြင္ ေမာ့ဝုဟန္က ကမာၻေက်ာ္ထိပ္တန္းေမာ္ဒယ္တစ္ဦး ျဖစ္လာေပလိမ့္မည္။ ကမာၻေပၚရွိ ဆြဲေဆာင္မႈအရွိဆုံး အမ်ိဳးသားေမာ္ဒယ္မ်ားထဲမွ တစ္ဦးအျဖစ္လည္း သတ္မွတ္ခံရလိမ့္မည္။ ယခုမူ သူက1.85mရွိၿပီျဖစ္ကာ ႂကြက္သားမ်ားကလည္း လုံးဝဖြံ႕ၿဖိဳးေနေပၿပီ။ သူနစ္စုံတစ္ေယာက္ကို ႐ိုက္ႏွက္ဖို႔ ႀကိဳးစားေနသည္ကို ၾကည့္ရသည္မွာ အမွန္ပင္ ေၾကာက္စရာေကာင္း၏။

သူက လက္ဆစ္ေတြကို တင္းတင္းဆုပ္ရင္း ေလွကားေပၚကို ေျပးတက္ၿပီး ေမာ့တိ၏ ေကာ္လာကို ဆြဲကိုင္လိုက္သည္။

ေမာ့တိ၏အတြင္းပိုင္း၌ ျပင္းထန္သည့္အေရာင္တစ္ခ်က္လက္သြားေသာ္လည္း သူက ယင္းအားထုတ္ေဖာ္မျပခဲ့ေပ။ သူက တစ္ဖက္သို႔ လွည့္၍ ေျပးသြားလိုက္၏။ ေျပးေနရင္း သူကသက္ညႇာေပးဖို႔လည္း ေတာင္းဆိုေနေသးသည္။

"ပၪၥမအစ္ကို၊ ကြၽန္ေတာ္ မရည္႐ြယ္ပါဘူး ၊ ကြၽန္ေတာ္တကယ္မရည္႐ြယ္ပါဘူး၊ ကြၽန္ေတာ့္ကို မ႐ိုက္ပါနဲ႔ေနာ္၊ ကြၽန္ေတာ္ကအခုမွ ေဆး႐ုံကျပန္လာတာေလ၊ ကြၽန္ေတာ္ လုံးလုံးမသက္သာေသးဘူး၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို မ႐ိုက္ပါနဲ႔"

"ငါမင္းကို႐ိုက္မွာ၊ ရက္စက္တဲ့ေကာင္၊ အခုမွေဆး႐ုံကဆင္းလာတာလို႔ ေျပာရဲေသးတယ္ေနာ္၊ ေရွာင္ေကြ႕ကသတိလစ္သြားတာ ခုထိေဆး႐ုံကေတာင္ မထြက္လာရေသးဘူးကြ၊ မင္းေတာင္းပန္ခဲ့လား၊ မင္းသူ႔ဆီသြားလည္ခဲ့ရဲ႕လား"

သူေျပာေလေလ ေဒါသထြက္လာေလေလပင္။

"ေသစမ္း...၊ ေရွာင္ေကြ႕က ၾကင္ၾကင္နာနာနဲ႔ မင္းကိုေသာက္စရာေပးခဲ့ေပမယ့္ မင္းကသူ႔ကိုစြပ္စြဲတယ္၊ မင္းကိုကိုးနဲ႔ ဓါတ္မတည့္ဘူးဆိုတာ သိလားလို႔ေတာင္ ေမးလိုက္ေသးတယ္၊ ငါမင္းကိုေျပာပါရေစ ေမာ့တိ၊ မင္းရဲ႕ အမႈိက္လိုရည္႐ြယ္ခ်က္ေတြကို ရွင္းပစ္စမ္းပါ မဟုတ္လို႔ကေတာ့ မင္းကို ငါသတ္ပစ္မယ္၊ မင္းမွာအလာ့ဂ်စ္ရွိရွိမရွိရွိ ငါတို႔နဲ႔ဘာလုပ္စရာမွ ရွိမေနဘူး၊ ဒါ့အျပင္ မင္းဓာတ္မတည့္မႈေၾကာင့္ ေသသြားရင္ ငါတို႔မိသားစုက မင္းလိုအမႈိက္ေကာင္မ်ိဳး မရွိေတာ့လို႔ သန္႔ရွင္းသြားလိမ့္မယ္"

ေမာ့ဝုဟန္က ဆက္လက္က်ိန္ဆဲေနၿပီး ေမာ့တိကိုလိုက္ဖမ္းေနသည္။ သူက်ိန္ဆဲေနရင္း မ်က္ႏွာကလည္း နီသထက္နီလာကာ လုံၿခဳံေရးအေစာင့္အမ်ားအျပားကို ေမာ့တိအား မလြတ္ေျမာက္ႏိုင္ေအာင္ တားဆီးရန္ အမိန္႔ေပးလိုက္သည္။

ေမာ့တိက အဘက္ဘက္မွ ပိတ္ဆို႔ခံလိုက္ရသည္။ သူ႔မ်က္လုံးက ေအးစက္သြားၿပီး ႐ိုး႐ိုးရွင္းရွင္းပင္ လွည့္ကာ ေမာ့ဝုဟန္ထံ တည့္တည့္ေျပးသြားလိုက္၏။

ေမာ့ဝုဟန္မွာ ေမာ့တိက သူ႔ထံအရွိန္ျဖင့္ေျပးလာမည္ဟု ေမွ်ာ္လင့္မထားခဲ့ေပ။ သူက မ်က္ေထာင့္နီျဖင့္ ၾကည့္လိုက္ရင္း လက္သီးတင္းတင္းဆုပ္ကာ ေမာ့တိ၏ရင္ဘတ္ထံ ခ်ိန္႐ြယ္ထားလိုက္သည္။ သို႔ေပသိ မေမွ်ာ္လင့္ထားစြာပင္ သူ႔ေျခေထာက္ လႈပ္ရွားသြားသည္ႏွင့္ သူေျခေခ်ာ္ၿပီး ေနာက္ျပန္လဲက်သြားသည္။ သူ႔ေခါင္းေနာက္ဘက္က ေျမျပင္ျဖင့္ ျပင္းျပင္းထန္ထန္ ေဆာင့္မိသြား၏။

ေမာ့ဝုဟန္က ျပင္းထန္စြာျပဳတ္က်သြားၿပီး သူ႔ျမင္အာ႐ုံမွာ မည္းေမွာင္သြားကာ ေအာ္ပင္မေအာ္ႏိုင္ေခ်။

အေစခံမ်ားမွာ ရယ္ခ်င္စိတ္ႏွင့္အတူ တုန္လႈပ္ေျခာက္ျခားသြားကာ လူတိုင္းက ေနရာတြင္ မတ္တပ္ရပ္ေနၾကေသာ္လည္း သူတို႔၏ ႏွလုံးသားမ်ားကမူ အလိုအေလ်ာက္ တုန္လႈပ္ေနၾကသည္။ ကံေကာင္းစြာျဖင့္ တစ္ေယာက္က တုန္႔ျပန္ႏိုင္သြားၿပီး ေျမျပင္တြင္လဲက်ေနဆဲ ေမာ့ဝုဟန္ကို အျမန္ကူညီေပးလိုက္သည္။

အားလုံးက ယေန႔ တကယ္ကို ဘာေတြျဖစ္ပ်က္ေနသည္လဲဟု ေတြးေနၾကသည္။ ယခင္က သခင္ေလးငါးမွ သခင္ငယ္ေလးအား သင္ခန္းစာေပးလွ်င္ အၿမဲလိုလို ေခ်ာေခ်ာေမြ႕ေမြ႕ပင္ျဖစ္၏။ သို႔ေပသိ ယေန႔တြင္မူ သခင္ေလးငါးမွာ ႏွာေခါင္းေသြးထြက္သြား႐ုံမွမက ေခါင္းကိူလည္း ႐ိုက္မိသြားေသးသည္။

အဲတာက ေခါင္းေနာ္!။ တစ္ခုခုသာမွားယြင္းသြားရင္ သူတို႔လိုအေစခံေလးေတြက ေမာ့မိသားစုရဲ႕အၿငိဳးေတြကို မေျဖရွင္းႏိုင္ဘူး။

ၿပီးေနာက္တြင္ ေမာ့တိက ဗလာျဖစ္ေနသည့္ ဂ်ယ္လီထုတ္ေလးကို ေကာက္ယူၿပီး သူ႔အိတ္ကပ္ထဲထည့္ကာ သဲလြန္စခ်န္မထားခဲ့ေခ်။ ထို႔ေနာက္တြင္ သူက ေမာ့ဝုဟန္အနားသို႔ မဝံ့မရဲေလွ်ာက္သြားလိုက္ကာ သူ၏ေက်ာပိုးအိတ္ကို ေကာက္ယူလိုက္သည္။

"ကြၽန္... ကြၽန္ေတာ္ ဒုတိယဦးေလးနဲ႔အေဒၚကို ရွာလိုက္မယ္၊ သူတို႔ကို ပၪၥမအစ္ကိုကို ေဆး႐ုံပို႔ေပးဖို႔ ေျပာလိုက္မယ္ေနာ္"

ေမာ့တိက စကားတစ္ခြန္းကိုေျပာလိုက္ၿပီး ဗီလာဂိတ္ျပင္ပကို အျမန္ထြက္လာလိုက္သည္။ အေစခံမ်ားႏွင့္အေစာင့္မ်ားမွာ ရႈပ္ေထြးေနၾကၿပီး သူ႔အား မည္သူကမွမတားဆီးခဲ့ေပ။ သို႔ေသာ္လည္း သူစိတ္သက္သာရာရသြားစဥ္မွာပင္ ေမာ့မိသားစု၏အႀကီးဆုံးႏွင့္အရွည္လ်ားဆုံး Lincolnက ဗီလာသံတံခါးေရွ႕တြင္ ရပ္သြားသည္ကို ျမင္လိုက္ရသည္။

ေမာ့တိ၏ႏွလုံးသားက ရပ္တန္႔သြားၿပီး အံႀကိတ္လိုက္သည္။

ဒီတိုက္ဆိုင္မႈက ဘယ္ေလာက္ေတာင္ အံ့ၾသစရာေကာင္းလိုက္လဲ။ ၾကည့္ရတာေတာ့ သူဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား၊ ကမာၻႀကီးရဲ႕စြမ္းအားက သူ႔အတြက္ဆိုးဝါးဦးတည္ခ်က္ကို အတင္းအၾကပ္တြန္းပို႔ေနပုံပဲ။

"အိုး? ဒါကေရွာင္တိေလးမလား၊ ေရွာင္တိ ျပန္လာၿပီ ..."

ဦးဆုံးထြက္လာသူမွာ သူ၏အႀကီးဆုံးဦးေလးေမာ့ရွစ္ခ်န္ႏွင့္သူ႔ဇနီးလင္း႐ုန္ဖန္ျဖစ္သည္။ လင္း႐ုန္ဖန္က အၾကည့္တစ္ခ်က္ျဖင့္ပင္ ေမာ့တိအားျမင္သြားၿပီး အၿပဳံးတစ္ခုျဖင့္ ကားဘက္လွည့္ကာ ေအာ္လိုက္ေလသည္။

"တတိယေမာင္ေလးနဲ႔ ေယာက္မေလး နင္တို႔မိသားစုရဲ႕ေရွာင္တိျပန္ေရာက္ေနၿပီ !"

"အဲ့အမႈိက္သ႐ိုက္က ဘယ္လိုေတာင္ ျပန္လာရဲတာလဲ!"

ေမာ့ရွစ္ဟုန္က ကားမွန္ကိုခ်ၿပီး ေမာ့တိကိုျမင္လိုက္လွ်င္ ေဒါသႏွင့္႐ြံမုန္းမႈတို႔အား သူ႔အၾကည့္ထဲတြင္ ေတြ႕လိုက္ရသည္။ သူ၏သားအရင္းကို ၾကည့္ေနသည္ႏွင့္မတူဘဲ ရန္သူအား ၾကည့္ေနသကဲ့သို႔ပင္။

သို႔ေပသိ သူ၏ရတနာမ်က္ရႈသမီးငယ္ေလးေၾကာင့္ ေမာ့ရွစ္ဟုန္က ေမာ့တိအား ခ်က္ခ်င္း သင္ခန္းစာမေပးေသးေပ။ သူကေခါင္းကိုလွည့္လိုက္သည္ႏွင့္ ႏူးညံ့သိမ္ေမြ႕ေသာပုံစံသို႔ေျပာင္းသြားကာ တိုးတိုးေလးေျပာလိုက္သည္။

"လာ လိမၼာတဲ့သမီးေလး၊ ကားျပင္ထြက္ရင္ ဂ႐ုစိုက္၊ ေနာက္ဆိုရင္ အဲဒီ့ရက္စက္တဲ့ေကာင္ကို အာ႐ုံမစိုက္နဲ႔ေတာ့၊ မင္းျပန္သက္သာေအာင္ေနရမယ္၊ ေဒါသလည္းမထြက္နဲ႔၊ အမ်ားႀကီးလည္း မေတြးနဲ႔ေတာ့"

"အေဖ၊ ေရွာင္တိကို အဲလိုမေျပာပါနဲ႔၊ ကြၽန္မ... တကယ္ကိုမွားသြားတာပါ၊ သူအိမ္မွာလား၊ ကြၽန္မသူ႔ကိုေတြ႕ခ်င္တယ္"

ေမာ့လွ်ိဳေကြ႕၏ ခ်ိဳျမၿပီးႏူးညံ့သည့္အသံက ကားထဲမွရွင္းလင္းစြာ ထြက္လာသည္။

"ေရွာင္ေကြ႕၊ မင္းဘာအမွားမွ မလုပ္ခဲ့ဘူး၊ တတိယဦးေလးေျပာတာမွန္တယ္၊ ေမာ့တိက အဲလိုအရာမ်ိဳးကိုလုပ္ခဲ့တာ၊ သူ႔စိတ္ကအဆိပ္သင့္ေနၿပီ၊ မင္းသူ႔ကို အရာရာတိုင္း ခြင့္လႊတ္ေပးေနလို႔မရဘူး၊ အဲဒါကသူ႔ကို ပိုၿပီးအထိန္းအကြပ္မဲ့ေစလိမ့္မယိ"

ငယ္႐ြယ္ၿပီးၾကည္ရွင္းသည့္အသံက ေမာ့လွ်ိဳေကြ႕၏စကားကို ျဖတ္လိုက္ၿပီး သူကညင္သာစြာဆက္ေျပာသည္။

"ေရွာင္ေကြ႕ မင္းကအရမ္းကိုၾကင္နာၿပီး စိတ္ထားေကာင္းလြန္းေနတုန္းပဲ၊ ေမာ့တိကို ငါတို႔ပဲကိုင္တြယ္လိုက္မယ္၊ အခုထိ မူးေနတုန္းပဲလား၊ ေသြးအားနည္းတာက တကယ့္ကိုျပႆနာႀကီးပဲ၊ ေပါ့ေပါ့ေလးမေတြးနဲ႔၊ အဲ့ဆရာဝန္ေတြက အဆင္ေျပတယ္လို႔ေျပာရင္ေတာင္ ဘာမွမျဖစ္ေတာ့တာမဟုတ္ဘူး"

"ေက်းဇူးတင္ပါတယ္၊ စတုတၳအစ္ကို၊ ကြၽန္မ မမူးေတာ့ဘူး၊ အခုကြၽန္မ လုံးဝေခါင္းမူးမေနေတာ့ဘူး "

ေမာ့လွ်ိဳေကြ႕က အျခားလူမ်ား၏ ဂ႐ုစိုက္မႈႏွင့္ စိတ္ပူမႈၾကားမွ အၿပဳံးေလးျဖင့္ ဆိုလိုက္သည္။ ၿပီးေနာက္ သူမက စကပ္ကိုမကာ ကားျပင္ကို ထြက္လာခဲ့ေလသည္။ အလင္းေရာင္ေအာက္မွ ေမာ့တိအား ျမင္လိုက္ရေသာအခါတြင္ သူမ၏ မ်က္လုံးမ်ား ႐ုတ္တရက္ ေတာက္ပလာသည္။

"ေရွာင္တိ... နင္ျပန္လာၿပီ၊ ငါနင့္ဆီ ေဆး႐ုံကို လာလည္ဖို႔လုပ္ေနတာ၊ အခုသက္သာသြားၿပီလား"

ေမာ့တိက အနည္းငယ္ ေၾကာက္လန႔္ေနပုံရၿပီး ေနာက္သို႔ ေျခတစ္လွမ္းဆုတ္သြားလိုက္သည္။ သူက အျမန္ပင္ျပန္ေျဖသည္။

"ငါ...ငါ အဆင္ေျပတယ္"

အနည္းဆုံးေတာ့ ငါမေသခဲ့ဘူးေလ။

"နင္အဆင္ေျပတာေကာင္းတယ္၊ ငါေတာင္းပန္ပါတယ္ေနာ္၊ နင္ကိုကိုးနဲ႔ဓာတ္မတည့္တာ ငါမသိခဲ့ဘူး"

ေမာ့လွ်ိဳေကြ႕က ေနာင္တျဖင့္ဆိုလာသည္။

"ဒီမတိုင္ခင္က နင္ဓာတ္မတည့္တဲ့ တုန္႔ျပန္မ်ိဳးမႈရွိတာကို ငါမျမင္ဖူးေတာ့ေလ၊ ဒါေၾကာင့္..."

အရင္ကတစ္ခါမွ မေတြ႕ဖူးဘူး...

ေမာ့တိ သူ႔စိတ္ထဲမွ ရယ္ခ်င္စိတ္ကိုသာ ခံစားရသည္။ သူကေခါင္းငုံ႔ၿပီး တိုးတိုးေလးေျပာလိုက္သည္။

"မမ၊ တကယ္ေတာ့... တကယ္ေတာ့ေလ၊ ဂ်ဴနီယာအထက္တန္း ႏွစ္ဝက္စာေမးပြဲၿပီးေတာ့ ငါကိုကိုးကို မေတာ္တဆေသာက္မိၿပီး အေရးေပၚကုသမႈခံခဲ့ရတာ၊ မမက အေဖ၊ အေမ၊ ပၪၥမအစ္ကိုတို႔နဲ႔အတူ ခရီးထြက္ေနတာေလ၊ နင္ေတာင္ ငါ့ကိုဖုန္းေခၚခဲ့ေသးတယ္၊ ေမ့သြားၿပီလားဟင္"

ထိုအခ်ိန္က သူေဆး႐ုံတြင္ ၈ရက္ေနခဲ့ရသည္။ သူ႔မွတ္ဥာဏ္၏အနက္ရႈိင္းဆုံးေနရာတြင္ သူ႔မိသားစုဝင္မ်ားက သူ႔အားတစ္ႀကိမ္တည္းသာ ဖုန္းေခၚခဲ့ၿပီး တစ္ေယာက္ေလးေတာင္မွ သူ႔ထံလာမလည္ခဲ့ေပ။

ေမာ့လွ်ိဳေကြ႕၏မ်က္ႏွာ ရွက္႐ြံ႕မႈႏွင့္အတူ နီရဲသြားသည္။

"ေဆာရီးပါ၊ ငါေတာင္းပန္ပါတယ္ဟာ၊ ငါမမွတ္မိဘူး၊ ငါ..."

"ေမာ့တိ!!!"

ေမာ့လွ်ိဳေကြ႕ အဆုံးထိမေျပာရေသးမွီမွာပင္ ေမာ့ရွစ္ဟုန္၏အသံနက္နက္က ထြက္ေပၚလာသည္။ သူ၏လႈိက္တက္လာေသာေဒါသတို႔ကို ဖိႏွိပ္ကာ ေျပာလိုက္၏။  "မင္း အဖ်က္ေကာင္၊ မင္းအစ္မကို ႏွိပ္စက္ခ်င္ေသးတာလား!!"

"မင္းကငါ့ကိုေဒါသထြက္ေသေအာင္လုပ္ေနတာပဲ၊ ဘယ္လိုလုပ္ ငါမင္းလိုေကာင္ကို ေမြးခဲ့မိတာလဲ !"

ေမာ့ရွစ္ဟုန္က သူ႔သမီးေလးကို ဖ်ားနာသြားသည္အထိ သူ႔ကိုယ္သူအျပစ္တင္ေစခဲ့သည့္ စြပ္စြဲခ်က္အား ေမာ့တိမွ ထပ္ခါတလဲလဲ ေျပာရန္ ႀကိဳးစားေနသည္ကို ျမင္လွ်င္ ေဒါသကိုဖိႏွိပ္ကာ ဆိုလိုက္သည္။

"မင္းတကယ္လုပ္ရဲတယ္၊ ငါတို႔ေရွ႕မွာေတာင္ မင္းအစ္မကို အျပစ္တင္ရဲတဲ့ သတၱိရွိေနတယ္"

ေမာ့တိက သူ႔စကားေၾကာင့္ တုန္လႈပ္သြားဟန္ျဖင့္ ေခါင္းကို အျမန္ခါလိုက္သည္။

"မဟုတ္ပါဘူး ၊ အေဖ... ကြၽန္ေတာ္က ကြၽန္ေတာ္ကိုကိုးနဲ႔မတည့္တာကို ေျပာခ်င္႐ုံေလးပါ၊ ကြၽန္ေတာ့္အလာ့ဂ်စ္က ႐ုတ္တရက္ေပၚလာတာမဟုတ္သလို မမကိုထိခိုက္ေစခ်င္စိတ္လည္း မရွိပါဘူး၊ ကြၽန္ေတာ္က..."

"ကြၽန္ေတာ္က... ဘာလဲ၊ ပါးစပ္ပိတ္ထားလိုက္ေတာ့ !" ၾကည္လင္ေသာမ်က္ႏွာႏွင့္ လွပသည့္ အမ်ိဳးသမီးတစ္ဦးက လ်င္ျမန္စြာ ေရာက္ရွိလာၿပီး ေမာ့တိအား အဓိပၸါယ္အျပည့္ပါေသာအၾကည့္ကို ေပးလိုက္သည္။ ေမာ့တိက ေခါင္းအျမန္ငုံ႔ကာ မ်က္လုံးမ်ား နီရဲလာသည္။

............

စာေရးသူမွာေျပာစရာရွိပါတယ္

ေမာ့မိသားစုမွာ ေျမး၇ေယာက္ရွိပါတယ္: ေမာ့ယီ(1)ခ်န္း၊ ေမာ့အာ့(2)ခ်မ္၊ ေမာ့စန္း(3)က်စ္၊ ေမာ့စစ္(4)လန္၊ ေမာ့ဝု(5)ဟန္၊ ေမာ့လွ်ိဳ(6)ေကြ႕ ၊ ၿပီးေတာ့ ေမာ့တိ။ သူတို႔ဘယ္သူလဲဆိုတာ မမွတ္မိရင္ သူတို႔နာမည္ေတြရဲ႕ အလယ္အကၡရာကိုပဲ သတိရလိုက္ပါ။. Yi, Er, San, Si, Wu, Liu (တ႐ုတ္လို နံပါတ္၁ကေန၆အထိပါ၊ ေမာ့တိနာမည္က အဲ့patternအတိုင္းမဟုတ္ပါဘူး၊ ေနာက္ဆုံးအခန္းမွာ အဲ့အေၾကာင္းရွင္းျပပါ့မယ္)

သူတို႔ထဲမွာ ေမာ့ယီႏွင့္ ေမာ့စစ္က (1 and 4) အႀကီးဆုံးမိသားစုကပါ။ အမႊာေတြျဖစ္တဲ့ ေမာ့အာ့၊ ေမာ့စန္းႏွင့္ ေမာ့ဝုက ဒုတိယဦးေလးရဲ႕မိသားစုက၊ ေမာ့လွ်ိဳေကြ႕နဲ႔ေမာ့တိကေတာ့ ေမာ့ရွစ္ဟုန္ႏွင့္သူ႔မိန္းမရဲ႕ကေလးေတြ။

Xxxxxx

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

4.2K 388 25
သွမ့်ရွေ့xသွမ့်ရန် အရိုးစစ်
223K 7.2K 21
Who thought it would end like this? Who thought you would love a....a human. Should you reveal the truth? Or should you not? A/n, I know Juuzou probe...
210K 4.7K 69
imagines as taylor swift as your mom and travis kelce as your dad
190K 32.8K 122
story title လေးကို Description မှာထည့်ပေးထားမယ် တစ်ပတ် သုံးပိုင်း တင်ပေးပါမယ်နော် ဖတ်ပေးကြပါဦး???????? all credit to original author & e translator