Part-63

1K 124 0
                                    

Chapter 63

သို့ပေမယ့် သူလုပ်ရန်ကျန်ရှိနေသေးသည်။ စုန့်ယွီလက်ထဲ၌ရှိသော အသံဖိုင်နှင့် ဓါတ်ပုံတွေကို ယူပြီး မော့မိသားစု အသိုင်းအဝိုင်းနှင့် မြို့တော်ရှိ အဆင့်အတန်းမြင့် မိသားစုများထံ မေးလ်ပို့ရမည်။

သေချာပေါက်ကို သူမယုံကြည်နိုင်သေးပေ။ ဤကိစ္စက မလုပ်ခင် စုန့်ယွီဆီမှ ခွင့်ပြုချက်ကို မေးဖို့လိုသေးသည်။

စုန့်ယွီက ချက်ချင်း သဘောတူလိုက်ပြီး ထိုသို့လုပ်ရန် သူက ပိုပြီးတောင်ပျော်နေသေးသည်။

"ငါ အဲဒီနေရာက ထွက်လာတော့ အဲဒီစကားလုံးတွေကို အသံသွင်းမထားခဲ့တာ အတော်နောင်တရတယ်။ အဲဒီလူညံ့လူဖျင်းတွေက သနားစရာမိန်းကလေးတစ်ယောက်ကို လိမ်ညာလှည့်စားဖို့ ကြိုးစားမှာကို ငါကစိုးရိမ်ရုံပါ။ ဒီခိုင်လုံတဲ့သက်သေတွေကို အင်တာနက်ပေါ်တင်ချင်ပေမဲ့ ကောင်းတဲ့ကိစ္စဖြစ်လာမှာ မဟုတ်ဘူး။ သံပူတုန်းနာနာမရိုက်ရင် ငါတို့ကိုတောင်ပြန်ပြီး ထိခိုက်နိုင်တယ်။ပြီးတော့ အဲဒီအမှိုက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားလိမ့်မယ်"

"မင်းရဲ့ဓါတ်ပုံတွေနဲ့ ဆက်စပ်နေတဲ့ အသံဖိုင် ငါတို့ဆီမှာရှိတာပဲ။ သူ့ကိုကောင်းကောင်း ရိုက်ချနိုင်မှာပါ"

မော့တိပြုံး၍ ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးစုန့်။ ဒီဟာကို အရင်ဆုံးမြို့တော်မှာရှိတဲ့ မိသားစုအတော်များများဆီ ကျွန်တော်ပို့လိုက်မယ်။ ဒုတိယအဒေါ်ရဲ့ စရိုက်က အရမ်းကို ဘဝင်မြင့်လွန်းတယ်။ သူ့သားဘယ်လောက်ပဲဆိုးဆိုး မြင့်မြတ်တဲ့မိသားစုတွေက မိန်းကလေးတွေကသာ သူ့သားနဲ့ထိုက်တန်တယ်လို့ ထင်နေတာ။ ဒါကြောင့် ကျွန်တော်တို့ အဲဒီလူတွေကနေ စသင့်တယ်"

"ဒါဆို ပွဲကတော့ လှပြီပဲ"

စုန့်ယွီပြောပြီး

"သူတို့ကို အဲဒီမိသားစုတွေက ဘယ်လိုအမှုန့်ခြေမလဲဆိုတာ ကြည့်ကြတာပေါ့"

"ဒါက သူတို့ကို အမှုန့်ခြေဖို့အတွက်တော့ မလုံလောက်သေးဘူး။ ဒါပေမဲ့ သူတို့ ဘာမှမဖြစ်ဘဲ နေမှာတော့မဟုတ်ဘူး"

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now