Part-29

1.6K 213 19
                                    


Chapter 29

မော့တိသည် မုထျန်းဟန် အမေရိကကို ပြန်သွားမည်ဆိုသည့်အကြောင်းကို မမျှော်လင့်ထားခဲ့ပါ။ အနည်းငယ် ထိတ်လန့်သွားရသည်။

"အခြေအနေအရပေါ့။ အမှန်ပြောရရင် ပြဿနာက အရမ်းအကြီးကြီးတော့ မဟုတ်ပါဘူး။ ငါ သွားပေးမယ်လို့ ပြောပေမဲ့ သူကိုက သူကိုယ်တိုင် သွားဖြေရှင်းချင်နေတာ။ ဟင်း... တကယ်ပါပဲ..."

"ငါက ဒီနယ်ပယ်တစ်ဝိုက်က ကိုင်တွယ်ဖြေရှင်းရခက်တဲ့မြေခွေးအိုကြီးတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ သူက ငါ့ကို ဆက်ဆံပုံက မဟုတ်သေးပါဘူး။"

လိုင်သယ်စစ်က ညည်းညူလိုက်သည်။

မော့တိ ကားထဲသို့ နုံးခွေစွာ ဝင်ထိုင်ပြီး ကားတံခါးကို ပိတ်လိုက်သည်။ ယခင်က ခံစားနေခဲ့ရသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများသည် ကွယ်ပျောက်သွားရသည်။

လိုင်သယ်စစ်က မော့တိ၏လောလောလတ်လတ်မျက်နှာပေးကို သတိထား မြင်နေရသော်လည်း မည်သို့အားပေးနှစ်သိမ့်ရမှန်း မသိသောကြောင့် သက်ပြင်းသာချနိုင်သည်။

မုအာ ပြန်မလာလောက်တော့သည်ကို လိုင်သယ်စစ် ခံစားမိသည်။ ဆိုရလျှင် ယခုအချိန်သည် ထွက်သွားရန် အကောင်းဆုံးအချိန်ဖြစ်သည်ပဲ။ မုထျန်းဟန်သည် မော့တိကို သူတတ်စွမ်းသ၍ ကူညီထောက်ပံ့ပေးခဲ့သည်။ ကောင်လေးလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားခဲ့ပြီ။ မည့်သည့်အကြောင်းကြောင့် ဤနေရာတွင် ဆက်နေပြီး ကောင်လေး၏အသဲကို ကျီစားပြီး သူ့ကိုယ်သူ သားရဲကောင်ဘဝသို့ အရောက်ခံမည်နည်း။

စံအိမ်သို့ရောက်သောအခါ မော့တိသည် လိုင်သယ်စစ်ကို ကျေးဇူးတင်စကား တစ်ခါထပ်ဆိုပြီး ကားပေါ်မှဆင်းသွားသည်။ ထို့နောက် အသက်မပါစွာဖြင့် အိမ်တံခါးသွားဖွင့်လေသည်။

တံခါးဖွင့်ရန်အတွက် လက်ဗွေဖတ်စက်ပေါ်သို့ လက်ချောင်းတင်ရန်အလုပ်တွင် တံခါးမကြီးသည် ဂျောက်ခနဲ အသံမြည်ကာ ပွင့်သွားသည်။

ယခုအချိန် လေဆိပ်တွင် ရှိနေသင့်သော မုထျန်းဟန်သည် တံခါးပေါက်ဝတွင် မတ်တပ်ရပ်ကာ သူ့အား ကြင်ကြင်နာနာ ကြည့်နေသည်။

ပြန်လည်မွေးဖွားလာသော အမြောက်စာဇာတ်ကောင်Where stories live. Discover now