နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [58]

1K 142 2
By Lazy_Little_Meow

[Unicode]

အခန်း (၅၈)

ဒါရိုက်တာလင်ရဲ့ ဇာတ်ကားထဲရှိ သရုပ်ဆောင်ရွေးချယ်မှုတွေက မီဒီယာကို ထိတ်လန့်သွားစေခဲ့သည်။ အမျိုးသားဇာတ်လိုက်က Bအဆင့်ဝင် သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အမျိုးသမီးဇာတ်လိုက်က အောင်မြင်ကျော်ကြားမှုရဲ့ အထွတ်အထိပ်မှာ ရှိနေပေမယ့်လည်း box-office rating တွေအတွက် သူမကိုစံအနေနဲ့သဘောထားဖို့ မျှော်လင့်မယ်ဆိုရင်တော့ အရမ်းများလွန်းနေပြီမဟုတ်လား?

ကံကောင်းစွာနှင့် ဇာတ်ပို့သရုပ်ဆောင်တွေအားလုံးက ‌ဆုရထားသည့် ဝါရင့်သရုပ်ဆောင်များဖြစ်ကာ သူတို့၏သရုပ်ဆောင်စွမ်းရည်ကြောင့် လူသိများတာမို့ သရုပ်ဆောင်တွေကို စန်းတင်ပေးနေပါ၏။

“ဒါရိုက်တာလင်...နဉ်ရှီကို အမျိုးသမီးဇာတ်လိုက်အဖြစ် ရွေးထားရတဲ့အကြောင်းရင်းက သူမရဲ့ကျော်ကြားမှုက ဇာတ်ကားအတွက် box office မှာ အကူအညီဖြစ်လို့လား?”

“နဉ်ရှီရဲ့ပုံပန်းသွင်ပြင်နဲ့ သရုပ်ဆောင်စွမ်းရည်တွေက ဇာတ်ကားထဲက အမျိုးသမီးဇာတ်လိုက်ရဲ့ကာရိုက်တာနဲ့ တော်တော်လေးကို လိုက်ဖက်တယ်ပေါ့နော်။ သူ(မ)က ဘာကျော်ကြားမှုမှမရှိတဲ့ လူသစ်သရုပ်ဆောင်တစ်ယောက် ဖြစ်နေရင်တောင် ဒီဇာတ်ကောင်ကို သူ(မ)ဆီ ပေးနေအုံးမှာပဲ”

မီဒီယာ: “...”

သတင်းထောက်တွေက ဒါရိုက်တာဆီမှ ဘာသတင်းမှအစ်အောက်မေးလို့မရခဲ့တာကြောင့် သူတို့က နဉ်ရှီနောက်ကိုသာလိုက်ကြတော့သည်။ လတ်တလောမှာ နဉ်ရှီက တော်တော်လေးကို နာမည်ကြီးနေသည်ဖြစ်ရာ သူတို့၏ဆောင်းပါးတွင် သူမနာမည်ပါနေသရွေ့ သတင်းဖတ်သူတွေနဲ့ပတ်သက်လို့ ဘာမှစိတ်ပူစရာမလိုတော့ပေ။

သတင်းထောက်တွေကို စိတ်အကျေနပ်စေဆုံးကတော့ နဉ်ရှီ၏ သူတို့ကိုစကားပြောနေစဉ်က စိတ်နေသဘောထားပင်။ သူမက ကျောင်းတွင်းအကြမ်းဖက်မှုကိစ္စရပ်တုန်းက အခိုင်အမာရပ်တည်ပေးတဲ့အချိန်ကလွဲလို့ ပုံမှန်အားဖြင့် ဖော်ရွေပြီး တလေးတစားရှိကာ အများအားဖြင့် အလိုက်အထိုက်ပြောပေးလေသည်။

“နဉ်ရှီ...ဒီတစ်ခေါက်က ခေါင်းဆောင်မင်းသမီးအဖြစ် ပထမဆုံးသရုပ်ဆောင်ရမယ်ဆိုတော့ စိတ်လှုပ်ရှားနေလား?”

“ကျွန်မ ကျိန်းသေပေါက်ကို စိတ်လှုပ်ရှားရတာပေါ့...‌ဒါပေမယ့် ဒါရိုက်တာလင်ရဲ့ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရတယ်ဆိုကတည်းက ရင်ဖိုစရာကောင်းနေပြီလေ” နဉ်ရှီက ကင်မရာကို ပျော်ပျော်ကြီးပြုံးပြလိုက်၏။ “ဒါရိုက်တာလင်ရဲ့စံနှုန်းတွေနဲ့ ကိုက်ညီအောင်၊ အားလုံးကို စိတ်မပျက်စေရအောင် အကောင်းဆုံးကြိုးစားပါ့မယ်...”

ရုပ်ရှင်ကန်‌တော့ပွဲအခမ်းအနားဖြစ်တာကြောင့် သတင်းထောက်တွေက အငြင်းပွားဖွယ်အကြောင်းအရာတွေကို ဉာဏ်ရှိရှိနဲ့ ရှောင်ရှားခဲ့လေ၏။ သို့အတွက် လေထုအခြေအနေက ကြည်နူးဖွယ်ကောင်းနေသည်။

အင်တာဗျူးပြီးဆုံးသွားပြီးနောက် မိတ်ကပ်ဆရာက နဉ်ရှီကို မိတ်ကပ်ပြင်ပေးလိုက်သည်။ ပြီးသည်နှင့် ပထမဆုံးရိုက်ကူးရေး စတင်လေတော့သည်။

ရိုက်ကူးရေးပေါင်းများစွာနှင့် ကြုံခဲ့ဖူးပြီဖြစ်သော နဉ်ရှီမှာ ကင်မရာအရှေ့က ရွေ့လျားမှုတွေနှင့် အသားကျနေခဲ့ပြီ။ ထို့ပြင် ကောင်းလီ၏သရုပ်‌ဆောင်စွမ်းရည်က အပြစ်ဆိုဖွယ်မရှိသည်ဖြစ်ရာ ရိုက်ကူးရေး၏ပထမဆုံးနေ့က အဆင်ပြေပြေနှင့် ဖြစ်မြောက်သွားလေ၏။

ချန်းရှီကွေ့ ရိုက်ကွင်းကို ရောက်သည့်အခိုက်မှာ နဉ်ရှီက ဒီနေ့အတွက် နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးနေနှင့်ပြီ။ သူမ၏ငါးရံ့နှစ်ကောင်ဖမ်းတတ်သော ရည်းစားဟောင်းကို ပက်ပက်စက်စက်ရိုက်မည့် ဇာတ်ဝင်ခန်းပင်။

“Cameras, standby...အသင့်ပြင်..စမယ်”

“Cut! နဉ်ရှီရေ မင်းရဲ့ခံစားချက်တွေက လိုနေသေးတယ်” လင်ရှုကျဲ၏ခေါင်းက ကင်မရာနောက်ကနေ ပေါ်လာ၏။ “မင်ရွှယ်က စိတ်လွတ်ကိုယ်လွတ်နေတတ်တယ်ဆိုပေမယ့် သူ့ရဲ့ရည်းစားဟောင်းကိုတော့ တကယ်ချစ်တယ်။ ဒါကြောင့်မို့ မင်းအကြည့်က ပိုပြီး‌ရှုပ်ထွေးဖို့လိုတယ်။ နှစ်မိနစ်လောက်နားရအောင်...ပြီးရင် ထပ်ရိုက်ကြည့်တာပေါ့”

နဉ်ရှီခေါင်းညိတ်လိုက်ပြီး ကိုယ်ကိုကိုင်းလိုက်က  သူမ၏ရည်းစားဟောင်းနေရာတွင် သရုပ်ဆောင်‌သောမင်းသားကို ပြောလိုက်သည်။ “ကျွန်မ တောင်းပန်ပါတယ်”

သရုပ်ဆောင်မင်းသားက လက်တွေကိုခါရင်းငြင်းလိုက်ကာ သာမန်ကာလျှံကာ ပြောလိုက်သည်။ “ဒီအခန်းပြီးရင် ငါတော့ နောက်ဆို ငါ့မိန်းမကို စိတ်တိုအောင်လုပ်ရဲမှာမဟုတ်တော့ဘူးကွ”

ရိုက်ကွင်းဘေးက အဖွဲ့သားများက တသောသောရယ်ကြတော့သည်။ ထိုသူက မ.ယ.ကဆိုတာ လူတိုင်းသိကြသည့်လျှို့ဝှက်ချက်တစ်ခုပင်။ သို့ပေမယ့် သူကလူမိုက်ရုပ်ပေါက်နေတော့ အမြဲတမ်း ဗီလိန်၊ ခင်ပွန်းဟောင်း၊ ရည်းစားဟောင်းနေရာတွေမှာ သရုပ်ဆောင်လေ့ရှိသည်။

“မစ္စတာချန်း..” ကျန်းချင်းယွင်လှည့်ကြည့်လိုက်တော့ ချန်းရှီကွေ့လာနေတာကို မြင်လိုက်ရသည်။ သူချန်းရှီကွေ့ဆီသွားပြီး ပြောလိုက်သည်။ “နဉ်ရှီက အခုနောက်ဆုံးအခန်းကို ရိုက်နေပြီ...ထိုင်ပါဦးဗျ”

“ဟုတ် ကျေးဇူးပါ” ချန်းရှီကွေ့က ရိုက်ကွင်းဘေးမှာ တိတ်တိတ်လေး ရပ်နေလိုက်သည်။ နဉ်ရှီ၏ပျော်ရွှင်နေပုံကိုကြည့်ရင်း သူ့အမူအရာက ပျော့ပျောင်းသွားလေသည်။

“ဟုတ်ပြီ ထပ်ရိုက်ကြမယ်...အားလုံး အသင့်ပြင်”

ဒီတစ်ခါတော့ ရိုက်ကူးရေးက ပိုပြီးအဆင်ပြေလာ၏။ ကျန်းချင်းယွင်က Camera 1ကိုသုံးပြီး နဉ်ရှီ၏အကြည့်ကို zoomချဲ့လိုက်သည်။ ပြီးနောက် စိတ်ကျေနပ်စွာနှင့် ခေါင်းတညိတ်ညိတ်လုပ်နေတော့၏။

“ကောင်းတယ်...ရိုက်လို့ပြီးပြီ!” လင်ရှုကျဲက လက်ခုပ်တီးလိုက်သည်။ “လူတိုင်း မနက်ဖြန် အချိန်မှီရောက်ပါစေနော်”

နဉ်ရှီက ရိုက်ကွင်းထဲက ထွက်လာတော့ ကျန်းချင်းယွင်ဘေးမှာရပ်နေသည့် ချန်းရှီကွေ့ကို တွေ့လိုက်ရသည်။ သူမပြုံးပြီး လက်ထဲကလက်ဆွဲအိတ်ကို အဖွဲ့သားတစ်ယောက်ဆီပေးလိုက်သည်။ “ဘယ်လိုဖြစ်လို့ အစောကြီးရောက်နေတာလဲ? ကျွန်မတို့အခုမထွက်ရင် တအားနောက်ကျသွားမှာလား?”

“ကိုယ် အလုပ် နာရီဝက်စောပြီးလို့” ချန်းရှီကွေ့က သူ့ရဲ့လက်ပတ်နာရီပေါ်မှ အချိန်ကိုကြည့်လိုက်သည်။ “အချိန်ရသေးတယ်...မင်းရဲ့မိတ်ကပ်ကို အရင်သွားဖျက်လိုက်အုံး...ကိုယ်မင်းကို ဒီမှာစောင့်နေမယ်”

“ဟုတ်ကဲ့ပါ” နဉ်ရှီခေါင်းညိတ်လိုက်ကာ မိတ်ကပ်ခန်းဘက်ကို လှည့်ထွက်သွားတော့သည်။ ဖန်သားပြင်ထက်တွင် သူမ၏မိတ်ကပ်ထင်းနေစေရန် မိတ်ကပ်ပညာရှင်က မိတ်ကပ်ထူထူလိမ်းထားခဲ့၏။ သို့ဖြစ်၍ ထိုပုံစံမျိုးနှင့် သူ့သူငယ်ချင်းတွေကို သွားတွေ့ရန် မသင့်တော်ပေ။

နဉ်ရှီက မိတ်ကပ်ဖျက်ပြီးသည်နှင့် သူမ၏အဝတ်အစားတွေကိုလဲလိုက်ပြီး မိတ်ကပ်ပါးပါးလေး လိမ်းလိုက်သည်။

နာရီဝက်ကျော်သွားလေပြီ။ ကျန်းချင်းယွင်ကြည့်လိုက်တော့ နဉ်ရှီက ပြင်နေဆဲပင်။ သူချန်းရှီကွေ့ဘက်ကို ခိုးကြည့်လိုက်ပြန်သည်။ ကံကောင်းစွာဖြင့် သူကြည့်ရတာစိတ်မရှည်နေတဲ့ပုံ မပေါ်ပေ။

ချန်ကျန်းကျန်း ကျင်းဟုန်ခိုင်နှင့်တွဲနေစဉ်အခါက သူမက သူ့အပေါ် တအားကို ထောက်ထားညှာတာပေးခဲ့ပြီး သူ့ကို အဝတ်လဲခန်းအပြင်ဘက်မှာ အကြာကြီး မစောင့်ဆိုင်းစေခဲ့။ ဖြစ်တန်သည်မှာ ချန်ကျန်းကျန်းနှင့်ကျင်းဟုန်ခိုင်ကြားက ဆက်ဆံရေးက အစကတည်းက မညီမျှခဲ့တာကြောင့် သူတို့၏‌ဆက်ဆံရေးက ထိုနည်းလမ်းအတိုင်း အဆုံးသတ်သွားတာဖြစ်သည်။

ချန်ကျန်းကျန်း ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့သော မြင်ကွင်းကို ပြန်တွေးမိတော့ ကျန်းချင်းယွင်ခိုက်ခိုက်တုန်သွားရ၏။

“အစ်ကိုကျန်း...အဆင်ပြေရဲ့လား?” နဉ်ရှီက စိတ်ပူနေပုံနှင့် သူ့ရှေ့မှာ ပေါ်လာသည်။ “အစ်ကို့ကြည့်ရတာ ဖြူဖျော့နေတာပဲ...‌နေမကောင်းလို့လား?”

“အစ်ကိုနေကောင်းပါတယ်” ကျန်းချင်းယွင်က ဖျော့ဖျော့လေးသာ ပြုံးပြလိုက်ပြီး သူထုတ်ထားသည့်စီးကရက်ကို ဘူးထဲပြန်ထည့်လိုက်သည်။ “မင်း မစ္စတာချန်းနဲ့သွားဒိတ်မယ်ဆိုတော့ အစ်ကိုအရင်ပြန်ပြီ”

သူ့ဖုန်းကအမြဲဖွင့်ထားတာကြောင့် သူ့ကိုအချိန်မရွေး ဖုန်းခေါ်နိုင်ကြောင်း သူမကို ဆက်ပြောချင်‌ခဲ့ပေမယ့် သူတို့က ချန်းရှီကွေ့‌အရှေ့မှာ ရှိနေတာကြောင့် ထိုစကားများကို မပြောဖြစ်လိုက်ပေ။

နဉ်ရှီက ကျန်းချင်းယွင်ကို မသင်္ကာဖြစ်စွာ ကြည့်လိုက်သည်။ သို့ပေမယ့် သူ့ကြည့်ရတာအဆင်ပြေပုံပေါက်နေတာမို့ သူတို့ကိုနှုတ်ဆက်ခဲ့တော့သည်။

သူတို့ကားထဲရောက်မှပဲ နဉ်ရှီအနားယူရတော့သည်။ “ကျွန်မတော်တော်မောနေပြီ”

ချန်းရှီကွေ့က သူမကို ခါးပတ်,ပတ်ပေးရန် ကိုယ်ကိုစောင်းလိုက်သည်။ “ဇာတ်ကွက်ကို သေချာရိုက်ထားသား”

“ရှင်ကြောက်သွားသေးလား?” နဉ်ရှီ မျက်ခုံးပင့်လိုက်သည်။ “ဟင်?”

“ကြောက်စရာဘာရှိလို့လဲ?” ချန်းရှီကွေ့က ရယ်ချင်စိတ်ကို ထိန်းလိုက်ကာ ခဏလောက်ငြိမ်နေပြီးမှ ပြောလိုက်သည်။ “ရှီရှီ...ကိုယ်ကသူ့လိုမဟုတ်ဘူး”

“ကိုယ်မင်းကို ဘယ်တော့မှ အဲ့လိုဆက်ဆံမှာမဟုတ်ဘူး” သူ့အသံက ညှို့အားပြင်းကာ ဆွဲဆောင်နိုင်လေ၏။ “မင်းဝမ်းနည်းနေရင် ကိုယ်မခံစားနိုင်ဘူး”

နဉ်ရှီပြုံးလိုက်ကာ စကားတစ်ခွန်းမျှမဆိုဘဲ သူ့ပခုံးထက်တွင် ခေါင်းတင်ထားလိုက်လေ၏။

ခဏကြာသော် ချန်းရှီကွေ့က သူ့ပခုံးထက်မှာ တစ်စက်မှမရွေ့ဘဲ မှီနေသည့် နဉ်ရှီကိုကြည့်လိုက်သည်။ သူမ အိပ်ပျော်သွားလေပြီ။ သူမရုပ်ရှင်ရိုက်တုန်းက ကြုံခဲ့ရသော ရုပ်ပိုင်းဆိုင်ရာ အပြင်းအထန်အားစိုက်မှုကို ပြန်တွေးမိတော့ သူဒါရိုင်ဘာကို ညင်သာစွာ ပြောလိုက်သည်။ “ဖြည်းဖြည်းနဲ့မှန်မှန်ပဲမောင်း”

“ဟုတ်ကဲ့ပါ ဘော့စ်” ဒါရိုင်ဘာက ကားနောက်ကြည့်မှန်ကနေ ကြည့်လိုက်စဉ် သူ့သူဌေးကညာဘက်ကိုစောင်းထားပြီး မစ္စနဉ်၏ခေါင်းက သူ့ပခုံးပေါ်ရှိနေကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည်ကို တွေ့လိုက်သည်။

ဒါရိုင်ဘာက အရှေ့ကမီးပွိုင့်ကိုတွေ့တော့ သူအရှိန်လျှော့လိုက်သည်။
=====
“ရှန်းရန် နင်အခုပြန်လာပြီဆိုတော့ ပြည်တွင်းမှာ လုပ်ငန်းတိုးချဲ့ဖို့ ရည်ရွယ်ထားတာလား?” ပိုင်လုက သူမအတွက် ဝိုင်တစ်ခွက်ငှဲ့လိုက်ပြီး ဖြည်းဖြည်းချင်း သောက်နေ၏။

“ဟုတ်တယ်” ပိုင်လုက အဆင်ပြေပုံမရသည်ကို ထောင်ရှန်းရန်သတိထားမိလိုက်ပေမယ့် ထောက်ထားစွာနှင့်ပင် သူမ၏အဖြစ်ကို ဖော်ကောင်မလုပ်လိုက်ပေ။ သူ့နာရီကိုငုံ့ကြည့်ပြီး ပြောလိုက်သည်။ “ငါ့အစ်ကိုဝမ်းကွဲက ဒီနေ့နောက်ကျနေပါလား...ထူးထူးဆန်းဆန်း”

ဤနေရာတွင်ရှိနေသော လူအနည်းစုထဲတွင် ချန်းရှီကွေ့က အချိန်အတိကျဆုံးပင်။ သို့ဖြစ်၍ နှစ်နှစ်ကြာပြီးနောက်တွင် သူ့ဝမ်းကွဲလည်း နောက်ကျလာလိမ့်မည်ဟု သူမထင်ထားခဲ့။

ထောင်ရှန်းရန်က ချန်းရှီကွေ့အကြောင်းပြောလာတာကို ကြားလိုက်တော့ ပိုင်လု၏မျက်နှာက မသက်မသာဖြစ်သွားပုံရသည်။ သူမ၏ခွက်ကိုချပြီး တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်၏။ “သူကြားထဲမှာ နှောင့်နှေးစရာရှိလို့ ဖြစ်ပါလိမ့်မယ်”

တွေ့ဆုံပွဲက ထောင်ရှန်းရန်အတွက် ကြိုဆိုပွဲပင်။ သို့ဖြစ်၍ သီးသန့်ခန်းထဲရှိလူများသည် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကြသည်။ သူတို့ထဲကတစ်ယောက်က ပြောင်စပ်စပ်နှင့် ပြောလိုက်သည်။ “အစ်ကိုချန်းက သူ့ကောင်မလေးကိုခေါ်လာလို့ နောက်ကျနေတာဖြစ်မယ်”

သူနဲ့အနီးဆုံးမှာရှိသောသူငယ်ချင်းက သူ့ကျောကိုရိုက်ရင်း ပြောလိုက်သည်။ “ပေါက်ကရတွေ အစ်ကိုချန်းက ဘယ်တုန်းကရည်းစားထားဖူးလို့လဲ?!”

ဒီပုဂ္ဂိုလ်ကတော့ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ။ ပြောရမယ်ဆို ပိုင်လုက အစ်ကိုချန်းကို ကြိုက်နေတယ်ဆိုတာကို မသိတဲ့လူမရှိတာမှမဟုတ်ဘဲ!

ရုတ်ခြည်းဆိုသလို မြူးကြွနေသောအခြေအနေက အရင်းခံရာမသိရသည့် ကသိကအောက်နိုင်မှုအဖြစ်ကို ရောက်သွားသည်။ ထောင်ရှန်းရန်က မသိချင်ယောင်ဆောင်လိုက်ကာ သူ့ဖုန်းကိုသာ ငုံ့ကြည့်နေတော့သည်။

ဒီမှာရှိသည့်လူများအနက် သူနှင့်ချန်းရှီကွေ့က ဝမ်းကွဲတော်စပ်ကြသလို အနီးစပ်ဆုံးလည်းဖြစ်ကြသည်။ အနှီလူများက စကားပြောတာ ဖြစ်ကတတ်ဆန်းနိုင်လွန်းကြသည်...သူတို့တကယ်ပဲ အမှတ်တမဲ့ပြောမိတာလား ဒါမှမဟုတ် သူတစ်ခုခုပြောလာအောင် လှည့်စားဖို့ ကြိုးစားနေကြတာလားဆိုတာ ဘယ်သူသွားသိမလဲ?

သူတို့၏အသိုင်းအဝိုင်းတွင် လူတိုင်းကသူငယ်ချင်းဖြစ်ပုံရပေမယ့်လည်း စီးပွားရေးအသိုင်းအဝိုင်းတွင်မူ မည်သူမျှတစ်သက်လုံး သူငယ်ချင်းဖြစ်နေကြမည်မဟုတ်။ အကယ်၍ သူတို့မိသားစု၏စီးပွားရေးလျှို့ဝှက်ချက်များကို အမှတ်တမဲ့ဖော်ထုတ်မိလျှင် သူတို့ဆုံးရှုံးသွားနိုင်သည့် ငွေပမာဏက အနည်းအကျဉ်းမဟုတ်ပါချေ။

နှစ်နှစ်ကြာပြီး‌နောက်မှာ သူပြည်ပမှပြန်လာတာ မကြာသေး။ သူတို့က ဖော်ရွေနေကြဆဲဖြစ်သော်လည်း လူတွေရဲ့နှလုံးသားက ပြောင်းလဲတတ်သည်။ သူ့အ‌နေနဲ့ သတိမဲ့လို့ မဖြစ်ပေ။

“မစ္စတာချန်း... ဝင်လာပါဗျ” တံခါးကပွင့်သွားပြီး ဝန်ထမ်းက လူနှစ်ယောက်ကို ပေးဝင်လိုက်သည်။

ထောင်ရှန်းရန်က ချန်းရှီ‌ကွေ့ဝင်လာသည်ကို မြင်တာနှင့် သူ့မျက်နှာထက်ဝယ် အပြုံးတစ်ပွင့်က ပေါ်လာခဲ့သည်။ သူက ချက်ချင်း ဆိုဖာပေါ်မှထလိုက်ကာ ပြော၏။ “အစ်ကိုချန်း...နောက်ဆုံးတော့ အစ်ကိုရောက်လာပြီ” ထို့နောက် ချန်းရှီကွေ့က မိန်းမလှလေးတစ်ယောက်ရဲ့လက်ကို ကိုင်ထားတာကို သတိထားမိလိုက်သည်။ “ဒီတစ်ယောက်က...မရီးလား?”

“အဟမ်း!” ချန်းရှီကွေ့က ချောင်းဟန့်လိုက်သည်။ “ဘာတွေလျှောက်ပြောနေတာလဲ?” သူထိုစကားများကို ပြောလိုက်သော်ငြား အားပါးတရပြုံးနေခဲ့ပါ၏။ “မင်းကို ‌မိတ်ဆက်ပေးရအုံးမယ်...ဒါ အစ်ကို့ချစ်သူ နဉ်ရှီ”

ချန်းရှီကွေ့က သူ၏အချစ်ရေးအကြောင်းကို ဝန်ခံလိုက်သည့်အခိုက် ထောင်ရှန်းရန်၏မျက်နှာထက်ဝယ် အံ့အားသင့်ခြင်းအရိပ်အယောင်က ဖြတ်သန်းသွားလေ၏။ “ဟိုင်း အစ်မရှီရှီ...ကျွန်တော့်နာမည်က ထောင်ရှန်းရန်ပါ။ ကျွန်တော့်ကို ရှောင်ထောင်လို့ခေါ်လို့ရပါတယ်... ပြီးတော့ ကျွန်တော်နဲ့အစ်ကိုချန်းက ဝမ်းကွဲတော်စပ်ပါတယ်ဗျ”

နဉ်ရှီက သူမ၏အရှေ့ရှိ တောက်ပစွာ ပြုံးပြနေသောယောက်ျားလေးကို ကြည့်လိုက်တော့ လွန်ခဲ့သောခုနစ်နှစ်က မှတ်ဉာဏ်တစ်ခုကို ပြန်လည်သတိရမိသွားသည်။ ထိုနေ့ ကျောင်းဆင်းပြီးနောက် မွန်းလွဲချိန်တွင် လူငယ်တစ်ယောက်က သူမဆီပြေးလာပြီး လက်နှစ်ဖက်နှင့် ရည်းစားစာကို ကမ်းပေးခဲ့သည်။

“ဟယ်လို ကျွန်တော်ကဘေးအခန်းကပါ။ ဒီစာက ကျွန်တော့်ဝမ်းကွဲဆီကပါဗျ” သူမလက်ထဲကို စာထည့်ပြီးသည်နှင့် သူကရှက်ကိုးရှက်ကန်းနှင့် ပြေးသွားတော့သည်။ သူ့နာမည်ကိုမေးဖို့ အခွင့်အရေးပင်မရလိုက်။

နောက်ပိုင်းတွင် အခြားကျောင်းသားများက သူမကို ရည်းစားစာရခဲ့သည့်အတွက် လှောင်ပြောင်လာကြ၏။ အချို့ကျောင်းသူများဆိုလျှင် စာနဲ့လွယ်အိတ်ကိုလုပြီး အိမ်သာဘေးက သိုလှောင်ခန်းထဲတွင် သူမကို သော့ခတ်ပိတ်ထားကြသည်။

နဉ်ရှီကထိုအချက်ထိ တွေးလိုက်မိတော့ သူမ၏အမူအရာက ရှုပ်ထွေးလာ၏။ “ကျွန်မ ရှင့်ကိုမှတ်မိတယ်”

“ဟမ်?" ထောင်ရှန်းရန်က နဉ်ရှီကို အံ့အားတကြီး ကြည့်လိုက်သည်။ သူ့ဝမ်းကွဲရဲ့ကောင်မလေးက ရုတ်တရက် ဒီလိုစကားပြောလာမည်ဟု သူမထင်ထားခဲ့။

“ကျွန်မအထက်တန်းတုန်းက ရှင်ကဘေးအခန်းကပဲ” နဉ်ရှီက ရုတ်တရက် ချန်းရှီကွေ့ဘက် လှည့်လိုက်သည်။ “ကျွန်မတောင်းပန်ပါတယ်...ရှင်ပေးခဲ့တဲ့စာတွေထဲက အကြောင်းအရာကို ဖတ်ဖို့အခွင့်အရေး ဘယ်တော့မှမရခဲ့ဘူး”

မူလကရည်းစားစာကို ပေးသူမှာ ချန်းရှီကွေ့ပင်။ သို့ဖြစ်၍ လွန်ခဲ့သောခုနစ်နှစ်ကတည်းက ချန်းရှီကွေ့က သူမကိုချစ်ရေးဆိုဖို့ ပြင်ဆင်ခဲ့ပြီးသားပင်။ သို့ပေမယ့် ကိစ္စတွေအားလုံးက ထိုအထိဖြစ်သွားလိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားပေ။

ချန်းရှီကွေ့က နဉ်ရှီကို စိတ်မကောင်းမဖြစ်စေချင်တာကြောင့် အတိတ်အကြောင်းပြန်ဖော်နေတာကို တမင်ပင်ငြင်းပယ်လိုက်သည်။ နှစ်ပေါင်းများစွာကြာပြီးတာတောင် နဉ်ရှီက ထောင်ရှန်းရန်ကို မှတ်မိနေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

သူခေါင်းခါလိုက်သည်။ “ကိုယ်သာ နည်းနည်းဖြစ်ဖြစ် သတ္တိပိုရှိခဲ့ပြီး မင်းဆီ ကိုယ်တိုင်ကိုယ်ကျ လာပြီးချစ်ရေးဆိုခဲ့မယ်ဆိုရင်...ရှန်းရန်နဲ့ စာမပို့ခိုင်းခဲ့ရင်...ဖြစ်နိုင်တာ...”

ဖြစ်နိုင်တာက... အရာအားလုံး ကွဲပြားသွားလောက်သည်။

ထိုနှစ်က သူနဉ်ရှီအရှေ့ကို ပေါ်မလာခဲ့သည့်အကြောင်းနှင့်ပတ်သက်၍ မကြာခဏနောင်တရခဲ့ဖူးသည်။ သူသာချစ်ရေးဆိုခဲ့လျှင် နဉ်ရှီက သူမမိဘတွေကို ဆုံးရှုံးလိုက်ရမှာမဟုတ်သလို အခက်အခဲပေါင်းများစွာကိုလည်း ရင်ဆိုင်ခဲ့ရမည်မဟုတ်ပေ။

“ခင်ဗျား... ခင်ဗျားက အဲ့ဒီအချိန်တုန်းက ကျောင်းသူလား?!” ထောင်ရှန်းရန်က နဉ်ရှီကို အံ့အားတကြီးကြည့်လိုက်ပြီး ချန်းရှီကွေ့ကို ထပ်ကြည့်ပြန်သည်။ “အဲ့ဒီနှစ်က ဘာလို့ ရုတ်တရက်ကြီး ကျောင်းထွက်သွားတာလဲ?”

သူ့ဝမ်းကွဲက ခရီးသွားစရာရှိတာကြောင့် သူ့အားအကူအညီတောင်းခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။ ဘေးအခန်းက ကျောင်းသူတစ်ယောက်အား စာလွှဲပေးရန် သူ့ကိုအပ်သွားခဲ့သည်။ နှစ်တွေကြာလာတော့ သူလည်း ထိုမိန်းကလေး၏နာမည်ကို မေ့သွားခဲ့ပြီ။ အနှီမိန်းကလေးက ရုတ်တရက်ကျောင်းကထွက်သွားတာကိုသာ မှတ်မိနေခဲ့ပြီး သူ့ဝမ်းကွဲဟာလည်း အချိန်အကြာကြီး ဝမ်းနည်းနေခဲ့ရ၏။

ဤအခြင်းအရာကိုတွေးနေရင်း သူမထိန်းနိုင်ဘဲ ရယ်မိတော့သည်။ “ကံကြမ္မာဆိုတာ တကယ်အံ့ဩစရာကောင်းတာပဲ”

နှစ်ပေါင်းများစွာကြာပြီးနောက်မှာ ဒီနှစ်ယောက် အတူရှိသွားနိုင်ခဲ့တာဟာ ကံကြမ္မာမဟုတ်လို့ တခြားဘာဖြစ်ရမှာလဲ?
_______________
Meow's Note: ကြာသွားလို့ ဆောရီးပါရှင်။ အကြောင်းပြချက်တွေ သီကုံးရေးနေရင် စာစီစာကုံးတစ်ပုဒ်တောင် ရေးလို့ရလောက်လို့ ပြောမနေတော့ပါဘူး။ အခုတောင် လူကနုံးချိချိနဲ့ နေလို့သိပ်မကောင်းဘူးကွယ်။ နောက်ဆို အရင်ကလိုမျိုး အပ်ပုဒိတ်မှန်နိုင်‌ချေနည်းပါတယ်။ ၅လပိုင်းထဲ အလုပ်တွေတအားရှုပ်လို့ရယ်"(
_______________

[Zawgyi]

အခန္း (၅၈)

ဒါရိုက္တာလင္ရဲ့ ဇာတ္ကားထဲရိွ သရုပ္ေဆာင္ေရြးခ်ယ္မႈေတြက မီဒီယာကို ထိတ္လန႔္သြားေစခဲ့သည္။ အမ်ိဳးသားဇာတ္လိုက္က Bအဆင့္ဝင္ သရုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး အမ်ိဳးသမီးဇာတ္လိုက္က ေအာင္ျမင္ေက်ာ္ၾကားမႈရဲ့ အထြတ္အထိပ္မွာ ရိွေနေပမယ့္လည္း box-office rating ေတြအတြက္ သူမကိုစံအေနနဲ႔သေဘာထားဖို႔ ေမ်ွာ္လင့္မယ္ဆိုရင္ေတာ့ အရမ္းမ်ားလြန္းေနၿပီမဟုတ္လား?

ကံေကာင္းစြာႏွင့္ ဇာတ္ပို႔သရုပ္ေဆာင္ေတြအားလံုးက ‌ဆုရထားသည့္ ဝါရင့္သရုပ္ေဆာင္မ်ားျဖစ္ကာ သူတို႔၏သရုပ္ေဆာင္စြမ္းရည္ေၾကာင့္ လူသိမ်ားတာမို႔ သရုပ္ေဆာင္ေတြကို စန္းတင္ေပးေနပါ၏။

“ဒါရိုက္တာလင္...နဉ္ရွီကို အမ်ိဳးသမီးဇာတ္လိုက္အျဖစ္ ေရြးထားရတဲ့အေၾကာင္းရင္းက သူမရဲ့ေက်ာ္ၾကားမႈက ဇာတ္ကားအတြက္ box office မွာ အကူအညီျဖစ္လို႔လား?”

“နဉ္ရွီရဲ့ပံုပန္းသြင္ျပင္နဲ႔ သရုပ္ေဆာင္စြမ္းရည္ေတြက ဇာတ္ကားထဲက အမ်ိဳးသမီးဇာတ္လိုက္ရဲ့ကာရိုက္တာနဲ႔ ေတာ္ေတာ္ေလးကို လိုက္ဖက္တယ္ေပါ့ေနာ္။ သူ(မ)က ဘာေက်ာ္ၾကားမႈမွမရိွတဲ့ လူသစ္သရုပ္ေဆာင္တစ္ေယာက္ ျဖစ္ေနရင္ေတာင္ ဒီဇာတ္ေကာင္ကို သူ(မ)ဆီ ေပးေနအံုးမွာပဲ”

မီဒီယာ: “...”

သတင္းေထာက္ေတြက ဒါရိုက္တာဆီမွ ဘာသတင္းမွအစ္ေအာက္ေမးလို႔မရခဲ့တာေၾကာင့္ သူတို႔က နဉ္ရွီေနာက္ကိုသာလိုက္ၾကေတာ့သည္။ လတ္တေလာမွာ နဉ္ရွီက ေတာ္ေတာ္ေလးကို နာမည္ႀကီးေနသည္ျဖစ္ရာ သူတို႔၏ေဆာင္းပါးတြင္ သူမနာမည္ပါေနသေရြ့ သတင္းဖတ္သူေတြနဲ႔ပတ္သက္လို႔ ဘာမွစိတ္ပူစရာမလိုေတာ့ေပ။

သတင္းေထာက္ေတြကို စိတ္အေက်နပ္ေစဆံုးကေတာ့ နဉ္ရွီ၏ သူတို႔ကိုစကားေျပာေနစဉ္က စိတ္ေနသေဘာထားပင္။ သူမက ေက်ာင္းတြင္းအၾကမ္းဖက္မႈကိစၥရပ္တုန္းက အခိုင္အမာရပ္တည္ေပးတဲ့အခ်ိန္ကလြဲလို႔ ပံုမွန္အားျဖင့္ ေဖာ္ေရြၿပီး တေလးတစားရိွကာ အမ်ားအားျဖင့္ အလိုက္အထိုက္ေျပာေပးေလသည္။

“နဉ္ရွီ...ဒီတစ္ေခါက္က ေခါင္းေဆာင္မင္းသမီးအျဖစ္ ပထမဆံုးသရုပ္ေဆာင္ရမယ္ဆိုေတာ့ စိတ္လႈပ္ရွားေနလား?”

“ကြၽန္မ က်ိန္းေသေပါက္ကို စိတ္လႈပ္ရွားရတာေပါ့...‌ဒါေပမယ့္ ဒါရိုက္တာလင္ရဲ့ဇာတ္ကားမွာ သရုပ္ေဆာင္ခြင့္ရတယ္ဆိုကတည္းက ရင္ဖိုစရာေကာင္းေနၿပီေလ” နဉ္ရွီက ကင္မရာကို ေပ်ာ္ေပ်ာ္ႀကီးၿပံဳးျပလိုက္၏။ “ဒါရိုက္တာလင္ရဲ့စံႏႈန္းေတြနဲ႔ ကိုက္ညီေအာင္၊ အားလံုးကို စိတ္မပ်က္ေစရေအာင္ အေကာင္းဆံုးႀကိဳးစားပါ့မယ္...”

ရုပ္ရွင္ကန္‌ေတာ့ပြဲအခမ္းအနားျဖစ္တာေၾကာင့္ သတင္းေထာက္ေတြက အျငင္းပြားဖြယ္အေၾကာင္းအရာေတြကို ဉာဏ္ရိွရိွနဲ႔ ေရွာင္ရွားခဲ့ေလ၏။ သို႔အတြက္ ေလထုအေျခအေနက ၾကည္ႏူးဖြယ္ေကာင္းေနသည္။

အင္တာဗ်ူးၿပီးဆံုးသြားၿပီးေနာက္ မိတ္ကပ္ဆရာက နဉ္ရွီကို မိတ္ကပ္ျပင္ေပးလိုက္သည္။ ၿပီးသည္ႏွင့္ ပထမဆံုးရိုက္ကူးေရး စတင္ေလေတာ့သည္။

ရိုက္ကူးေရးေပါင္းမ်ားစြာႏွင့္ ႀကံဳခဲ့ဖူးၿပီျဖစ္ေသာ နဉ္ရွီမွာ ကင္မရာအေရ႔ွက ေရြ့လ်ားမႈေတြႏွင့္ အသားက်ေနခဲ့ၿပီ။ ထို႔ျပင္ ေကာင္းလီ၏သရုပ္‌ေဆာင္စြမ္းရည္က အျပစ္ဆိုဖြယ္မရိွသည္ျဖစ္ရာ ရိုက္ကူးေရး၏ပထမဆံုးေန့က အဆင္ေျပျပေႏွင့္ ျဖစ္ေျမာက္သြားေလ၏။

ခ်န္းရွီေကြ့ ရိုက္ကြင္းကို ေရာက္သၫ့္အခိုက္မွာ နဉ္ရွီက ဒီေန့အတြက္ ေနာက္ဆံုးဇာတ္ဝင္ခန္းကို ရိုက္ကူးေနႏွင့္ၿပီ။ သူမ၏ငါးရံ့ႏွစ္ေကာင္ဖမ္းတတ္ေသာ ရည္းစားေဟာင္းကို ပက္ပက္စက္စက္ရိုက္မၫ့္ ဇာတ္ဝင္ခန္းပင္။

“Cameras, standby...အသင့္ျပင္..စမယ္”

“Cut! နဉ္ရွီေရ မင္းရဲ့ခံစားခ်က္ေတြက လိုေနေသးတယ္” လင္ရႈက်ဲ၏ေခါင္းက ကင္မရာေနာက္ကေန ေပၚလာ၏။ “မင္ရႊယ္က စိတ္လြတ္ကိုယ္လြတ္ေနတတ္တယ္ဆိုေပမယ့္ သူ႔ရဲ့ရည္းစားေဟာင္းကိုေတာ့ တကယ္ခ်စ္တယ္။ ဒါေၾကာင့္မို႔ မင္းအၾကၫ့္က ပိုၿပီး‌ရႈပ္ေထြးဖို႔လိုတယ္။ ႏွစ္မိနစ္ေလာက္နားရေအာင္...ၿပီးရင္ ထပ္ရိုက္ၾကၫ့္တာေပါ့”

နဉ္ရွီေခါင္းညိတ္လိုက္ၿပီး ကိုယ္ကိုကိုင္းလိုက္က  သူမ၏ရည္းစားေဟာင္းေနရာတြင္ သရုပ္ေဆာင္‌ေသာမင္းသားကို ေျပာလိုက္သည္။ “ကြၽန္မ ေတာင္းပန္ပါတယ္”

သရုပ္ေဆာင္မင္းသားက လက္ေတြကိုခါရင္းျငင္းလိုက္ကာ သာမန္ကာလ်ွံကာ ေျပာလိုက္သည္။ “ဒီအခန္းၿပီးရင္ ငါေတာ့ ေနာက္ဆို ငါ့မိန္းမကို စိတ္တိုေအာင္လုပ္ရဲမွာမဟုတ္ေတာ့ဘူးကြ”

ရိုက္ကြင္းေဘးက အဖြဲ႔သားမ်ားက တေသာေသာရယ္ၾကေတာ့သည္။ ထိုသူက မ.ယ.ကဆိုတာ လူတိုင္းသိၾကသၫ့္လ်ိႈ႔ဝွက္ခ်က္တစ္ခုပင္။ သို႔ေပမယ့္ သူကလူမိုက္ရုပ္ေပါက္ေနေတာ့ အၿမဲတမ္း ဗီလိန္၊ ခင္ပြန္းေဟာင္း၊ ရည္းစားေဟာင္းေနရာေတြမွာ သရုပ္ေဆာင္ေလ့ရိွသည္။

“မစၥတာခ်န္း..” က်န္းခ်င္းယြင္လွၫ့္ၾကၫ့္လိုက္ေတာ့ ခ်န္းရွီေကြ့လာေနတာကို ျမင္လိုက္ရသည္။ သူခ်န္းရွီေကြ့ဆီသြားၿပီး ေျပာလိုက္သည္။ “နဉ္ရွီက အခုေနာက္ဆံုးအခန္းကို ရိုက္ေနၿပီ...ထိုင္ပါဦးဗ်”

“ဟုတ္ ေက်းဇူးပါ” ခ်န္းရွီေကြ့က ရိုက္ကြင္းေဘးမွာ တိတ္တိတ္ေလး ရပ္ေနလိုက္သည္။ နဉ္ရွီ၏ေပ်ာ္ရႊင္ေနပံုကိုၾကၫ့္ရင္း သူ႔အမူအရာက ေပ်ာ့ေပ်ာင္းသြားေလသည္။

“ဟုတ္ၿပီ ထပ္ရိုက္ၾကမယ္...အားလံုး အသင့္ျပင္”

ဒီတစ္ခါေတာ့ ရိုက္ကူးေရးက ပိုၿပီးအဆင္ေျပလာ၏။ က်န္းခ်င္းယြင္က Camera 1ကိုသံုးၿပီး နဉ္ရွီ၏အၾကၫ့္ကို zoomခ်ဲ့လိုက္သည္။ ၿပီးေနာက္ စိတ္ေက်နပ္စြာႏွင့္ ေခါင္းတညိတ္ညိတ္လုပ္ေနေတာ့၏။

“ေကာင္းတယ္...ရိုက္လို႔ၿပီးၿပီ!” လင္ရႈက်ဲက လက္ခုပ္တီးလိုက္သည္။ “လူတိုင္း မနက္ျဖန္ အခ်ိန္မွီေရာက္ပါေစေနာ္”

နဉ္ရွီက ရိုက္ကြင္းထဲက ထြက္လာေတာ့ က်န္းခ်င္းယြင္ေဘးမွာရပ္ေနသၫ့္ ခ်န္းရွီေကြ့ကို ေတြ့လိုက္ရသည္။ သူမၿပံဳးၿပီး လက္ထဲကလက္ဆြဲအိတ္ကို အဖြဲ႔သားတစ္ေယာက္ဆီေပးလိုက္သည္။ “ဘယ္လိုျဖစ္လို႔ အေစာႀကီးေရာက္ေနတာလဲ? ကြၽန္မတို႔အခုမထြက္ရင္ တအားေနာက္က်သြားမွာလား?”

“ကိုယ္ အလုပ္ နာရီဝက္ေစာၿပီးလို႔” ခ်န္းရွီေကြ့က သူ႔ရဲ့လက္ပတ္နာရီေပၚမွ အခ်ိန္ကိုၾကၫ့္လိုက္သည္။ “အခ်ိန္ရေသးတယ္...မင္းရဲ့မိတ္ကပ္ကို အရင္သြားဖ်က္လိုက္အံုး...ကိုယ္မင္းကို ဒီမွာေစာင့္ေနမယ္”

“ဟုတ္ကဲ့ပါ” နဉ္ရွီေခါင္းညိတ္လိုက္ကာ မိတ္ကပ္ခန္းဘက္ကို လွၫ့္ထြက္သြားေတာ့သည္။ ဖန္သားျပင္ထက္တြင္ သူမ၏မိတ္ကပ္ထင္းေနေစရန္ မိတ္ကပ္ပညာရွင္က မိတ္ကပ္ထူထူလိမ္းထားခဲ့၏။ သို႔ျဖစ္၍ ထိုပံုစံမ်ိဳးႏွင့္ သူ႔သူငယ္ခ်င္းေတြကို သြားေတြ့ရန္ မသင့္ေတာ္ေပ။

နဉ္ရွီက မိတ္ကပ္ဖ်က္ၿပီးသည္ႏွင့္ သူမ၏အဝတ္အစားေတြကိုလဲလိုက္ၿပီး မိတ္ကပ္ပါးပါးေလး လိမ္းလိုက္သည္။

နာရီဝက္ေက်ာ္သြားေလၿပီ။ က်န္းခ်င္းယြင္ၾကၫ့္လိုက္ေတာ့ နဉ္ရွီက ျပင္ေနဆဲပင္။ သူခ်န္းရွီေကြ့ဘက္ကို ခိုးၾကၫ့္လိုက္ျပန္သည္။ ကံေကာင္းစြာျဖင့္ သူၾကၫ့္ရတာစိတ္မရွည္ေနတဲ့ပံု မေပၚေပ။

ခ်န္က်န္းက်န္း က်င္းဟုန္ခိုင္ႏွင့္တြဲေနစဉ္အခါက သူမက သူ႔အေပၚ တအားကို ေထာက္ထားၫွာတာေပးခဲ့ၿပီး သူ႔ကို အဝတ္လဲခန္းအျပင္ဘက္မွာ အၾကာႀကီး မေစာင့္ဆိုင္းေစခဲ့။ ျဖစ္တန္သည္မွာ ခ်န္က်န္းက်န္းႏွင့္က်င္းဟုန္ခိုင္ၾကားက ဆက္ဆံေရးက အစကတည္းက မညီမ်ွခဲ့တာေၾကာင့္ သူတို႔၏‌ဆက္ဆံေရးက ထိုနည္းလမ္းအတိုင္း အဆံုးသတ္သြားတာျဖစ္သည္။

ခ်န္က်န္းက်န္း ကိုယ့္ကိုယ္ကိုယ္သတ္ေသခဲ့ေသာ ျမင္ကြင္းကို ျပန္ေတြးမိေတာ့ က်န္းခ်င္းယြင္ခိုက္ခိုက္တုန္သြားရ၏။

“အစ္ကိုက်န္း...အဆင္ေျပရဲ့လား?” နဉ္ရွီက စိတ္ပူေနပံုႏွင့္ သူ႔ေရ႔ွမွာ ေပၚလာသည္။ “အစ္ကို႔ၾကၫ့္ရတာ ျဖဴေဖ်ာ့ေနတာပဲ...‌ေနမေကာင္းလို႔လား?”

“အစ္ကိုေနေကာင္းပါတယ္” က်န္းခ်င္းယြင္က ေဖ်ာ့ေဖ်ာ့ေလးသာ ၿပံဳးျပလိုက္ၿပီး သူထုတ္ထားသၫ့္စီးကရက္ကို ဘူးထဲျပန္ထၫ့္လိုက္သည္။ “မင္း မစၥတာခ်န္းနဲ႔သြားဒိတ္မယ္ဆိုေတာ့ အစ္ကိုအရင္ျပန္ၿပီ”

သူ႔ဖုန္းကအၿမဲဖြင့္ထားတာေၾကာင့္ သူ႔ကိုအခ်ိန္မေရြး ဖုန္းေခၚႏိုင္ေၾကာင္း သူမကို ဆက္ေျပာခ်င္‌ခဲ့ေပမယ့္ သူတို႔က ခ်န္းရွီေကြ့‌အေရ႔ွမွာ ရိွေနတာေၾကာင့္ ထိုစကားမ်ားကို မေျပာျဖစ္လိုက္ေပ။

နဉ္ရွီက က်န္းခ်င္းယြင္ကို မသကၤာျဖစ္စြာ ၾကၫ့္လိုက္သည္။ သို႔ေပမယ့္ သူ႔ၾကၫ့္ရတာအဆင္ေျပပံုေပါက္ေနတာမို႔ သူတို႔ကိုႏႈတ္ဆက္ခဲ့ေတာ့သည္။

သူတို႔ကားထဲေရာက္မွပဲ နဉ္ရွီအနားယူရေတာ့သည္။ “ကြၽန္မေတာ္ေတာ္ေမာေနၿပီ”

ခ်န္းရွီေကြ့က သူမကို ခါးပတ္,ပတ္ေပးရန္ ကိုယ္ကိုေစာင္းလိုက္သည္။ “ဇာတ္ကြက္ကို ေသခ်ာရိုက္ထားသား”

“ရွင္ေၾကာက္သြားေသးလား?” နဉ္ရွီ မ်က္ခံုးပင့္လိုက္သည္။ “ဟင္?”

“ေၾကာက္စရာဘာရိွလို႔လဲ?” ခ်န္းရွီေကြ့က ရယ္ခ်င္စိတ္ကို ထိန္းလိုက္ကာ ခဏေလာက္ၿငိမ္ေနၿပီးမွ ေျပာလိုက္သည္။ “ရွီရွီ...ကိုယ္ကသူ႔လိုမဟုတ္ဘူး”

“ကိုယ္မင္းကို ဘယ္ေတာ့မွ အဲ့လိုဆက္ဆံမွာမဟုတ္ဘူး” သူ႔အသံက ၫွို႔အားျပင္းကာ ဆြဲေဆာင္ႏိုင္ေလ၏။ “မင္းဝမ္းနည္းေနရင္ ကိုယ္မခံစားႏိုင္ဘူး”

နဉ္ရွီၿပံဳးလိုက္ကာ စကားတစ္ခြန္းမ်ွမဆိုဘဲ သူ႔ပခံုးထက္တြင္ ေခါင္းတင္ထားလိုက္ေလ၏။

ခဏၾကာေသာ္ ခ်န္းရွီေကြ့က သူ႔ပခံုးထက္မွာ တစ္စက္မွမေရြ့ဘဲ မွီေနသၫ့္ နဉ္ရွီကိုၾကၫ့္လိုက္သည္။ သူမ အိပ္ေပ်ာ္သြားေလၿပီ။ သူမရုပ္ရွင္ရိုက္တုန္းက ႀကံဳခဲ့ရေသာ ရုပ္ပိုင္းဆိုင္ရာ အျပင္းအထန္အားစိုက္မႈကို ျပန္ေတြးမိေတာ့ သူဒါရိုင္ဘာကို ညင္သာစြာ ေျပာလိုက္သည္။ “ျဖည္းျဖည္းနဲ႔မွန္မွန္ပဲေမာင္း”

“ဟုတ္ကဲ့ပါ ေဘာ့စ္” ဒါရိုင္ဘာက ကားေနာက္ၾကၫ့္မွန္ကေန ၾကၫ့္လိုက္စဉ္ သူ႔သူေဌးကညာဘက္ကိုေစာင္းထားၿပီး မစၥနဉ္၏ေခါင္းက သူ႔ပခံုးေပၚရိွေနကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေနသည္ကို ေတြ့လိုက္သည္။

ဒါရိုင္ဘာက အေရ႔ွကမီးပြိုင့္ကိုေတြ့ေတာ့ သူအရိွန္ေလ်ွာ့လိုက္သည္။
=====
“ရွန္းရန္ နင္အခုျပန္လာၿပီဆိုေတာ့ ျပည္တြင္းမွာ လုပ္ငန္းတိုးခ်ဲ့ဖို႔ ရည္ရြယ္ထားတာလား?” ပိုင္လုက သူမအတြက္ ဝိုင္တစ္ခြက္ငွဲ႔လိုက္ၿပီး ျဖည္းျဖည္းခ်င္း ေသာက္ေန၏။

“ဟုတ္တယ္” ပိုင္လုက အဆင္ေျပပံုမရသည္ကို ေထာင္ရွန္းရန္သတိထားမိလိုက္ေပမယ့္ ေထာက္ထားစြာႏွင့္ပင္ သူမ၏အျဖစ္ကို ေဖာ္ေကာင္မလုပ္လိုက္ေပ။ သူ႔နာရီကိုငံု႔ၾကၫ့္ၿပီး ေျပာလိုက္သည္။ “ငါ့အစ္ကိုဝမ္းကြဲက ဒီေန့ေနာက္က်ေနပါလား...ထူးထူးဆန္းဆန္း”

ဤေနရာတြင္ရိွေနေသာ လူအနည္းစုထဲတြင္ ခ်န္းရွီေကြ့က အခ်ိန္အတိက်ဆံုးပင္။ သို႔ျဖစ္၍ ႏွစ္ႏွစ္ၾကာၿပီးေနာက္တြင္ သူ႔ဝမ္းကြဲလည္း ေနာက္က်လာလိမ့္မည္ဟု သူမထင္ထားခဲ့။

ေထာင္ရွန္းရန္က ခ်န္းရွီေကြ့အေၾကာင္းေျပာလာတာကို ၾကားလိုက္ေတာ့ ပိုင္လု၏မ်က္ႏွာက မသက္မသာျဖစ္သြားပံုရသည္။ သူမ၏ခြက္ကိုခ်ၿပီး တည္တည္ၿငိမ္ၿငိမ္ႏွင့္ ေျပာလိုက္၏။ “သူၾကားထဲမွာ ေနွာင့္ေနွးစရာရိွလို႔ ျဖစ္ပါလိမ့္မယ္”

ေတြ့ဆံုပြဲက ေထာင္ရွန္းရန္အတြက္ ႀကိဳဆိုပြဲပင္။ သို႔ျဖစ္၍ သီးသန႔္ခန္းထဲရိွလူမ်ားသည္ တစ္ေယာက္ႏွင့္တစ္ေယာက္ ရင္းႏွီးၾကသည္။ သူတို႔ထဲကတစ္ေယာက္က ေျပာင္စပ္စပ္ႏွင့္ ေျပာလိုက္သည္။ “အစ္ကိုခ်န္းက သူ႔ေကာင္မေလးကိုေခၚလာလို႔ ေနာက္က်ေနတာျဖစ္မယ္”

သူနဲ႔အနီးဆံုးမွာရိွေသာသူငယ္ခ်င္းက သူ႔ေက်ာကိုရိုက္ရင္း ေျပာလိုက္သည္။ “ေပါက္ကရေတြ အစ္ကိုခ်န္းက ဘယ္တုန္းကရည္းစားထားဖူးလို႔လဲ?!”

ဒီပုဂၢိုလ္ကေတာ့ အဓိပၸာယ္မရိွတာေတြ ေျပာေနတာပဲ။ ေျပာရမယ္ဆို ပိုင္လုက အစ္ကိုခ်န္းကို ႀကိဳက္ေနတယ္ဆိုတာကို မသိတဲ့လူမရိွတာမွမဟုတ္ဘဲ!

ရုတ္ျခည္းဆိုသလို ျမဴးႂကြေနေသာအေျခအေနက အရင္းခံရာမသိရသည့္ ကသိကေအာက္ႏိုင္မႈအျဖစ္ကို ေရာက္သြားသည္။ ေထာင္ရွန္းရန္က မသိခ်င္ေယာင္ေဆာင္လိုက္ကာ သူ႔ဖုန္းကိုသာ ငံု႔ၾကၫ့္ေနေတာ့သည္။

ဒီမွာရိွသၫ့္လူမ်ားအနက္ သူႏွင့္ခ်န္းရွီေကြ့က ဝမ္းကြဲေတာ္စပ္ၾကသလို အနီးစပ္ဆံုးလည္းျဖစ္ၾကသည္။ အႏွီလူမ်ားက စကားေျပာတာ ျဖစ္ကတတ္ဆန္းႏိုင္လြန္းၾကသည္...သူတို႔တကယ္ပဲ အမွတ္တမဲ့ေျပာမိတာလား ဒါမွမဟုတ္ သူတစ္ခုခုေျပာလာေအာင္ လွၫ့္စားဖို႔ ႀကိဳးစားေနၾကတာလားဆိုတာ ဘယ္သူသြားသိမလဲ?

သူတို႔၏အသိုင္းအဝိုင္းတြင္ လူတိုင္းကသူငယ္ခ်င္းျဖစ္ပံုရေပမယ့္လည္း စီးပြားေရးအသိုင္းအဝိုင္းတြင္မူ မည္သူမ်ွတစ္သက္လံုး သူငယ္ခ်င္းျဖစ္ေနၾကမည္မဟုတ္။ အကယ္၍ သူတို႔မိသားစု၏စီးပြားေရးလ်ိႈ႔ဝွက္ခ်က္မ်ားကို အမွတ္တမဲ့ေဖာ္ထုတ္မိလ်ွင္ သူတို႔ဆံုးရႈံးသြားႏိုင္သၫ့္ ေငြပမာဏက အနည္းအက်ဉ္းမဟုတ္ပါေခ်။

ႏွစ္ႏွစ္ၾကာၿပီး‌ေနာက္မွာ သူျပည္ပမျွပန္လာတာ မၾကာေသး။ သူတို႔က ေဖာ္ေရြေနၾကဆဲျဖစ္ေသာ္လည္း လူေတြရဲ့ႏွလံုးသားက ေျပာင္းလဲတတ္သည္။ သူ႔အ‌ေနနဲ႔ သတိမဲ့လို႔ မျဖစ္ေပ။

“မစၥတာခ်န္း... ဝင္လာပါဗ်” တံခါးကပြင့္သြားၿပီး ဝန္ထမ္းက လူႏွစ္ေယာက္ကို ေပးဝင္လိုက္သည္။

ေထာင္ရွန္းရန္က ခ်န္းရွီ‌ေကြ့ဝင္လာသည္ကို ျမင္တာႏွင့္ သူ႔မ်က္ႏွာထက္ဝယ္ အၿပံဳးတစ္ပြင့္က ေပၚလာခဲ့သည္။ သူက ခ်က္ခ်င္း ဆိုဖာေပၚမွထလိုက္ကာ ေျပာ၏။ “အစ္ကိုခ်န္း...ေနာက္ဆံုးေတာ့ အစ္ကိုေရာက္လာၿပီ” ထို႔ေနာက္ ခ်န္းရွီေကြ့က မိန္းမလွေလးတစ္ေယာက္ရဲ့လက္ကို ကိုင္ထားတာကို သတိထားမိလိုက္သည္။ “ဒီတစ္ေယာက္က...မရီးလား?”

“အဟမ္း!” ခ်န္းရွီေကြ့က ေခ်ာင္းဟန႔္လိုက္သည္။ “ဘာေတြေလ်ွာက္ေျပာေနတာလဲ?” သူထိုစကားမ်ားကို ေျပာလိုက္ေသာ္ျငား အားပါးတရၿပံဳးေနခဲ့ပါ၏။ “မင္းကို ‌မိတ္ဆက္ေပးရအံုးမယ္...ဒါ အစ္ကို႔ခ်စ္သူ နဉ္ရွီ”

ခ်န္းရွီေကြ့က သူ၏အခ်စ္ေရးအေၾကာင္းကို ဝန္ခံလိုက္သၫ့္အခိုက္ ေထာင္ရွန္းရန္၏မ်က္ႏွာထက္ဝယ္ အံ့အားသင့္ျခင္းအရိပ္အေယာင္က ျဖတ္သန္းသြားေလ၏။ “ဟိုင္း အစ္မရွီရွီ...ကြၽန္ေတာ့္နာမည္က ေထာင္ရွန္းရန္ပါ။ ကြၽန္ေတာ့္ကို ေရွာင္ေထာင္လို႔ေခၚလို႔ရပါတယ္... ၿပီးေတာ့ ကြၽန္ေတာ္နဲ႔အစ္ကိုခ်န္းက ဝမ္းကြဲေတာ္စပ္ပါတယ္ဗ်”

နဉ္ရွီက သူမ၏အေရ႔ွရိွ ေတာက္ပစြာ ၿပံဳးျပေနေသာေယာက္်ားေလးကို ၾကၫ့္လိုက္ေတာ့ လြန္ခဲ့ေသာခုနစ္ႏွစ္က မွတ္ဉာဏ္တစ္ခုကို ျပန္လည္သတိရမိသြားသည္။ ထိုေန့ ေက်ာင္းဆင္းၿပီးေနာက္ မြန္းလြဲခ်ိန္တြင္ လူငယ္တစ္ေယာက္က သူမဆီေျပးလာၿပီး လက္ႏွစ္ဖက္ႏွင့္ ရည္းစားစာကို ကမ္းေပးခဲ့သည္။

“ဟယ္လို ကြၽန္ေတာ္ကေဘးအခန္းကပါ။ ဒီစာက ကြၽန္ေတာ့္ဝမ္းကြဲဆီကပါဗ်” သူမလက္ထဲကို စာထၫ့္ၿပီးသည္ႏွင့္ သူကရွက္ကိုးရွက္ကန္းႏွင့္ ေျပးသြားေတာ့သည္။ သူ႔နာမည္ကိုေမးဖို႔ အခြင့္အေရးပင္မရလိုက္။

ေနာက္ပိုင္းတြင္ အျခားေက်ာင္းသားမ်ားက သူမကို ရည္းစားစာရခဲ့သၫ့္အတြက္ ေလွာင္ေျပာင္လာၾက၏။ အခ်ိဳ႕ေက်ာင္းသူမ်ားဆိုလ်ွင္ စာနဲ႔လြယ္အိတ္ကိုလုၿပီး အိမ္သာေဘးက သိုေလွာင္ခန္းထဲတြင္ သူမကို ေသာ့ခတ္ပိတ္ထားၾကသည္။

နဉ္ရွီကထိုအခ်က္ထိ ေတြးလိုက္မိေတာ့ သူမ၏အမူအရာက ရႈပ္ေထြးလာ၏။ “ကြၽန္မ ရွင့္ကိုမွတ္မိတယ္”

“ဟမ္?" ေထာင္ရွန္းရန္က နဉ္ရွီကို အံ့အားတႀကီး ၾကၫ့္လိုက္သည္။ သူ႔ဝမ္းကြဲရဲ့ေကာင္မေလးက ရုတ္တရက္ ဒီလိုစကားေျပာလာမည္ဟု သူမထင္ထားခဲ့။

“ကြၽန္မအထက္တန္းတုန္းက ရွင္ကေဘးအခန္းကပဲ” နဉ္ရွီက ရုတ္တရက္ ခ်န္းရွီေကြ့ဘက္ လွၫ့္လိုက္သည္။ “ကြၽန္မေတာင္းပန္ပါတယ္...ရွင္ေပးခဲ့တဲ့စာေတြထဲက အေၾကာင္းအရာကို ဖတ္ဖို႔အခြင့္အေရး ဘယ္ေတာ့မွမရခဲ့ဘူး”

မူလကရည္းစားစာကို ေပးသူမွာ ခ်န္းရွီေကြ့ပင္။ သို႔ျဖစ္၍ လြန္ခဲ့ေသာခုနစ္ႏွစ္ကတည္းက ခ်န္းရွီေကြ့က သူမကိုခ်စ္ေရးဆိုဖို႔ ျပင္ဆင္ခဲ့ၿပီးသားပင္။ သို႔ေပမယ့္ ကိစၥေတြအားလံုးက ထိုအထိျဖစ္သြားလိမ့္မည္ဟု ဘယ္သူမွမေမ်ွာ္လင့္ထားေပ။

ခ်န္းရွီေကြ့က နဉ္ရွီကို စိတ္မေကာင္းမျဖစ္ေစခ်င္တာေၾကာင့္ အတိတ္အေၾကာင္းျပန္ေဖာ္ေနတာကို တမင္ပင္ျငင္းပယ္လိုက္သည္။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတာေတာင္ နဉ္ရွီက ေထာင္ရွန္းရန္ကို မွတ္မိေနလိမ့္မည္ဟု သူမထင္ထားခဲ့ေပ။

သူေခါင္းခါလိုက္သည္။ “ကိုယ္သာ နည္းနည္းျဖစ္ျဖစ္ သတၲိပိုရိွခဲ့ၿပီး မင္းဆီ ကိုယ္တိုင္ကိုယ္က် လာၿပီးခ်စ္ေရးဆိုခဲ့မယ္ဆိုရင္...ရွန္းရန္နဲ႔ စာမပို႔ခိုင္းခဲ့ရင္...ျဖစ္ႏိုင္တာ...”

ျဖစ္ႏိုင္တာက... အရာအားလံုး ကြဲျပားသြားေလာက္သည္။

ထိုႏွစ္က သူနဉ္ရွီအေရ႔ွကို ေပၚမလာခဲ့သၫ့္အေၾကာင္းႏွင့္ပတ္သက္၍ မၾကာခဏေနာင္တရခဲ့ဖူးသည္။ သူသာခ်စ္ေရးဆိုခဲ့လ်ွင္ နဉ္ရွီက သူမမိဘေတြကို ဆံုးရႈံးလိုက္ရမွာမဟုတ္သလို အခက္အခဲေပါင္းမ်ားစြာကိုလည္း ရင္ဆိုင္ခဲ့ရမည္မဟုတ္ေပ။

“ခင္ဗ်ား... ခင္ဗ်ားက အဲ့ဒီအခ်ိန္တုန္းက ေက်ာင္းသူလား?!” ေထာင္ရွန္းရန္က နဉ္ရွီကို အံ့အားတႀကီးၾကၫ့္လိုက္ၿပီး ခ်န္းရွီေကြ့ကို ထပ္ၾကၫ့္ျပန္သည္။ “အဲ့ဒီႏွစ္က ဘာလို႔ ရုတ္တရက္ႀကီး ေက်ာင္းထြက္သြားတာလဲ?”

သူ႔ဝမ္းကြဲက ခရီးသြားစရာရိွတာေၾကာင့္ သူ႔အားအကူအညီေတာင္းခဲ့သည္ကို ရွင္းရွင္းလင္းလင္းမွတ္မိေနေသးသည္။ ေဘးအခန္းက ေက်ာင္းသူတစ္ေယာက္အား စာလႊဲေပးရန္ သူ႔ကိုအပ္သြားခဲ့သည္။ ႏွစ္ေတြၾကာလာေတာ့ သူလည္း ထိုမိန္းကေလး၏နာမည္ကို ေမ့သြားခဲ့ၿပီ။ အႏွီမိန္းကေလးက ရုတ္တရက္ေက်ာင္းကထြက္သြားတာကိုသာ မွတ္မိေနခဲ့ၿပီး သူ႔ဝမ္းကြဲဟာလည္း အခ်ိန္အၾကာႀကီး ဝမ္းနည္းေနခဲ့ရ၏။

ဤအျခင္းအရာကိုေတြးေနရင္း သူမထိန္းႏိုင္ဘဲ ရယ္မိေတာ့သည္။ “ကံၾကမၼာဆိုတာ တကယ္အံ့ဩစရာေကာင္းတာပဲ”

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္မွာ ဒီႏွစ္ေယာက္ အတူရိွသြားႏိုင္ခဲ့တာဟာ ကံၾကမၼာမဟုတ္လို႔ တျခားဘာျဖစ္ရမွာလဲ?
_______________
Meow's Note: ၾကာသြားလို႔ ေဆာရီးပါရွင္။ အေၾကာင္းျပခ်က္ေတြ သီကံုးေရးေနရင္ စာစီစာကံုးတစ္ပုဒ္ေတာင္ ေရးလို႔ရေလာက္လို႔ ေျပာမေနေတာ့ပါဘူး။ အခုေတာင္ လူကႏံုးခ်ိခ်ိနဲ႔ ေနလို႔သိပ္မေကာင္းဘူးကြယ္။ ေနာက္ဆို အရင္ကလိုမ်ိဳး အပ္ပုဒိတ္မွန္ႏိုင္‌ေခ်နည္းပါတယ္။ ၅လပိုင္းထဲ အလုပ္ေတြတအားရႈပ္လို႔ရယ္"(
_______________

Continue Reading

You'll Also Like

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
296K 30K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
237K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...