နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [56]

1K 121 2
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၅၆)

"ကျေးဇူးပြုပြီး ထိုင်ခုံလဲပေးလို့ရမလား ခင်ဗျ..?" ချန်းရှီကွေ့က အခန်းထောင့်တွင် ထိုင်နေသော ကျူးမိုလီကို တစ်ချက်ကြည့်ကာ ကျန်းဖေးဖေးထံ လျှောက်သွားလိုက်သည်။ "နဉ်ရှီနဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ.."

"ရတာပေါ့.. ရတာပေါ့.." ကျန်းဖေးဖေးက သူမ၏ထိုင်ခုံနေရာမှ ချက်ချင်း ထပေးသည်။

"ကျေးဇူးတင်ပါတယ်.." ချန်းရှီကွေ့က ခေါင်းဆတ်ကာ ကျန်းဖေးဖေးကို ကျေးဇူးတင်လိုက်သည်။ မပြောပလောက်သည့် အပြုအမူဖြစ်သော်ငြား အထက်တန်းလွှာတစ်ဦး၏ ကြော့ရှင်းထည်ဝါမှုများ ပါဝင်နေသည်။ သူ့ရဲ့လက်ထဲက ဇွန်းနဲ့ခက်ရင်းတွေက သူ့ရဲ့ပုံရိပ်အပေါ် သက်ရောက်မှု ရှိနေပေမယ့်ပေါ့။

"ရပါတယ်ရှင်.." ကျန်းဖေးဖေးက ညင်သာစွာ ပြန်ပြောလိုက်ရင်း ချန်းရှီကွေ့၏ မူလထိုင်ခုံသို့ အမြန်သွားလိုက်၏။ ပြီးနောက် ရင်ဘတ်ကို ဖိထားမိရင်း တွေးလိုက်မိသည်။

ဒီလောက်ညှို့ဓာတ်ပြင်းတဲ့ ယောက်ျားမျိုး ရှိနေသေးတာလား..?

သူမက လေးစားလွန်းသော မျက်ဝန်းများဖြင့် နဉ်ရှီကို ခိုးကြည့်လိုက်၏။

နဉ်ရှီက တကယ့်ကို အောင်နိုင်သူဘုရင်မတစ်ပါးပဲ။ ဒီအတိုင်းထိုင်နေရင်းတောင် ဒီလိုညှို့ဓာတ်ပြင်းတဲ့ ယောက်ျားတစ်ယောက်ကို ဆွဲဆောင်နိုင်တယ်..!

တခြားလူများလည်း ချန်းရှီကွေ့၏ အပြုအမူကို သတိထားမိသွားပြီး အခြေအနေကို နားလည်လိုက်ကြသည်။ ကျူးမိုလီ ရောက်မလာခင်က ဥက္ကဋ္ဌချန်းသည် နဉ်ရှီအပေါ် မြတ်နိုးတန်ဖိုးထားကြောင်း ဖော်ပြခဲ့သော်လည်း ထိုင်ခုံလဲရန် မတောင်းဆိုခဲ့ပေ။ ကျူးမိုလီရောက်လာပြီးနောက် ဥက္ကဋ္ဌချန်း၏ အမူအရာ ပြောင်းလဲသွားခြင်းက နဉ်ရှီနှင့် ကျူးမိုလီကြားမှ ပြဿနာအပေါ် သူ မည်မျှသတိထားကြောင်း၊ ထိုင်ခုံလဲရန် တောင်းဆိုလိုက်ခြင်းက နဉ်ရှီအား ကျူးမိုလီ ကိုယ်ထိလက်ရောက် စော်ကားလာမှာ စိုးရိမ်နေကြောင်း ဖော်ပြနေလေ၏။

ချန်းရှီကွေ့ကဲ့သို့ ချမ်းသာကြွယ်ဝသည့် လူကုံထံမိသားစုမှ လူတစ်ယောက်သည် ပုံမှန်အားဖြင့် ယဉ်ကျေးသော အမူအကျင့်ဖြင့်သာ နေထိုင်တတ်သည်။ စားသောက်နေစဉ် ထိုင်ခုံလဲခိုင်းခြင်းကို တကယ့်ကို မယဉ်ကျေးသော အပြုအမူအဖြစ် သတ်မှတ်နိုင်ပေသည်။ ချန်းရှီကွေ့လို အထင်ကရပုဂ္ဂိုလ်တစ်ဦး ပြုလုပ်တတ်သော အပြုအမူမဟုတ်ပေ။

သို့တိုင် နဉ်ရှီအတွက် သူ ပြုလုပ်ခဲ့သည်။

အမျိုးသားဇာတ်လိုက်ဖြစ်သူ ရှောက်ချုန်းတစ်ယောက် သူတို့စားပွဲဝိုင်းမှ တခြားသူများ အံ့ဩဟန်မပြသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် သူလည်း ကျိုးဟိုင်လီထံမှ သင်ယူကာ ဘာမှမမြင်၊ မကြားသလို ဟန်ဆောင်နေလိုက်သည်။

ပါတီမှာ တခြားနာမည်ကျော် Celebrities တွေ အများကြီးရှိပေမယ့် ဘယ်သူကများ ဒီဥက္ကဋ္ဌချန်းရဲ့ နောက်ခံကို ယှဉ်နိုင်မှာတဲ့လဲ..?

ချန်းရှီကွေ့ နေရာရွှေ့လာလိမ့်မည်ဟု နဉ်ရှီလည်း ထင်မထားခဲ့ပေ။ သူမက ခေါင်းစောင်းကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

"ကျွန်မကို စိတ်မချလို့လား..?"

"မင်းကို စိတ်မချလို့မဟုတ်ဘူး.. တခြားလူတွေကို မယုံကြည်လို့ပါ.." ချန်းရှီကွေ့က ဟင်းခပ်သည့်တူဖြင့် နဉ်ရှီအကြိုက် ဟင်းလျာတချို့ လှမ်းယူကာ သူမ၏ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ "အန္တရာယ်ကင်းဖို့ အရေးကြီးတယ်.. ဘယ်လောက်ပဲ ဖြစ်နိုင်ချေနည်းပါစေ အမြဲတမ်း သတိရှိနေသင့်တယ်.."

ထိုစကားကြောင့် နဉ်ရှီ ပြုံးလိုက်ပြီး ဘာမှထပ်မပြောခဲ့ပေ။ ချန်းရှီကွေ့ ထည့်ပေးသော ဟင်းများကိုသာ ဆက်စားနေလိုက်သည်။

စွန်းယွီဟန်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် သစ်သီးဖျော်ရည် သောက်နေလိုက်သည်။

ဘေးကနှစ်ယောက်က ပုံမှန်မဟုတ်တဲ့ အပြုအမူမျိုး မလုပ်ခဲ့ပါဘူး။ အဲ့တာကို သူက ဘာလို့ အချစ်လှိုင်းတွေ ဝင်ဆောင့်နေသလို ခံစားနေရတာလဲ..?

ကျူးမိုလီက တစ်ဖန်ပြန်လည်အသက်ဝင်လာသော လူအုပ်ကြီးကိုကြည့်ပြီး ဘာမပြောညာမပြောဖြင့် ဝိုင်တစ်ခွက် ကောက်ကိုင်လိုက်သည်။ ပြီးနောက် အံတင်းတင်းကြိတ်ကာ မတ်တပ်ထရပ်လိုက်ပြီး အဓိကစားပွဲဝိုင်းသို့ လျှောက်သွား၏။

လက်ထောက်များက ကပျာကယာ တူချလိုက်ပြီး ကျူးမိုလီ၏ အပြုအမူကို သတိအနေအထားဖြင့် စောင့်ကြည့်နေတော့သည်။

"ဒါရိုက်တာချင်း.. ကျွန်မရဲ့ မရင့်ကျက်မှုကြောင့် ရိုက်ကူးရေးအဖွဲ့ကို ပြဿနာများစေခဲ့ပါတယ်.." ကျူးမိုလီက ချင်းချုံဟိုင်အနား လျှောက်သွားကာ ဦးညွှတ်လိုက်ပြီး ဖန်ခွက်မြှောက်ကာ ပြောလာသည်။ "ရှင့်အတွက် ဂုဏ်ပြုပါတယ်.."

အနုပညာလောကထဲ ချင်းချုံဟိုင် ကျင်လည်ခဲ့သည်မှာ နှစ်နှစ်ဆယ်တင်းတင်း ပြည့်လုချေပြီ။ ထို့ကြောင့် သရုပ်ဆောင်မျိုးစုံ တွေ့ကြုံခဲ့ဖူးသည်။ ကျူးမိုလီသည် အတွင်းကြိတ်ကြံစည်တတ်သော သရုပ်ဆောင်များထဲမှ တစ်ယောက်ဖြစ်ပြီး သူမ၏ ဂုဏ်ပြုမှုကို လက်ခံလိုက်လျှင်ပင် သူမအား ကူညီပေးမည်မဟုတ်ပေ။

လုပ်ငန်းခွင်တိုင်းတွင် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ရှိကြပေ၏။ ပြဿနာရှာခဲ့သူက ကျူးမိုလီပင် ဖြစ်သောကြောင့် အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်။

နဉ်ရှီကို အနိုင်ကျင့်ခဲ့စဉ်က လူအများသည် ကျူးမိုလီကို မောက်မာလွန်းပြီး လူသစ်တွေအပေါ် အနိုင်ကျင့်သည့်အတွက် သူမ၏ စိတ်သဘောထားကိုသာ သံသယဝင်ကြလိမ့်မည်။ သို့သော် ချန်ကျင်းကျင်း၏ နှစ်ပတ်လည်နေ့တွင် ကျင်းဟုန်ခိုင်နှင့် တွေ့ဆုံခဲ့ကြောင်း လူမိသွားသောအခါ သူမ မည်မျှတုံးအ,ကြောင်း ပေါ်လွင်လာတော့သည်။

ဒါရိုက်တာချင်းက သူမ၏ ဂုဏ်ပြုမှုကို လက်ခံလိုက်သော်ငြား ဘာမှမပြောဘဲ အသံတိတ်နေသဖြင့် ကျူးမိုလီတစ်ယောက် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံသူဘက်လှည့်ကာ ဂုဏ်ပြုစကား ပြောလိုက်သည်။ သို့သော် ထိုသူက သူမကို အဖက်ပင်မလုပ်ဘဲ သူမ၏ ဂုဏ်ပြုမှုကို တည့်တိုးငြင်းပယ်ပစ်လိုက်၏။

ထို့အပြင် သူမ၏ ဖြူဖတ်ဖြူလျော် မျက်နှာကိုကြည့်ကာ မျက်နှာထားတင်းတင်းဖြင့် ပြောလာသည်။

"မစ်ကျူးကြည့်ရတာ နေမကောင်းဘူးထင်တယ်.. စောစောပြန်နားလိုက်ပါလား..? ပြန်လို့ရအောင် ကျုပ် စီစဉ်ပေးမယ်လေ.."

"ဖူး..!" အခန်းထဲမှတစ်ယောက်က ထရယ်လိုက်၏။

ကျူးမိုလီမှာ အနှီရယ်မောသံကြောင့် မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သို့သော် အကျပ်အတည်းကြားတွင် ရယ်မောလှောင်ပြောင်သူကို လှည့်မရှာအားပေ။ ရင်းနှီးမြှုပ်နှံသူကို အပြုံးဖြင့် ကျေးဇူးတင်စကားဆိုပြီး နဉ်ရှီဘက် လှည့်လိုက်သည်။

ကျူးမိုလီ၏ အပြုအမူက လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့သည်။

ပွဲကြီးပွဲကောင်း စပြီဟေ့..!

"နဉ်ရှီ.." ကျူးမိုလီက လက်ဆစ်များပင် သွေးရောင်ပျောက်သည်အထိ ဖန်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ မျက်နှာပေါ်မှာတော့ သိမ်မွေ့နှိမ့်ချသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားဆဲ။ : "တောင်းပန်ပါတယ်.. အရင်က ပြဿနာတွေအများကြီး ဖြစ်စေခဲ့မိတယ်.. ကျွန်မကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်.."

ကျူးမိုလီ၏ မာနကို ဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကိုနှိမ်ချကာ ပြုမူလိုက်ပုံက ယခင် သွေးနားထင်ရောက်လွန်းသော အပြုအမူနှင့် လုံးဝ ကွာခြားနေတော့သည်။ နဉ်ရှီသာ စိတ်ပျော့ညံ့လျှင်၊ သို့မဟုတ် ကြင်နာတတ်လွန်းလျှင် လက်ရှိအခြေအနေအရ တောင်းပန်မှုကို လက်ခံလိုက်မိမည်ပင်။

ဒါပေမဲ့ သူမက ဘာလို့လဲ..?

တစ်ခွန်းနှစ်ခွန်းလောက် တောင်းပန်လိုက်ရုံနဲ့ ကျူးမိုလီရဲ့ အတိတ်ကလုပ်ရပ်ကြောင့် ဘာမှမဖြစ်သလို ဘာလို့ ဟန်ဆောင်ပေးရမှာလဲ..?

ကျူးမိုလီက နဉ်ရှီအား စေ့စေ့ကြည့်ကာ သူမ၏တုံ့ပြန်မှုကို အသံတိတ် စောင့်ဆိုင်းနေလေ၏။ ချန်းလုပ်ငန်းစု၏ CEO က နဉ်ရှီကို လိုက်နေကြောင်း ကောလာဟလ ကြားခဲ့ဖူးသည်။ ချန်းရှီကွေ့၏ရှေ့တွင် နဉ်ရှီက သဘောမတူဘဲ နေနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။

"ကျူးလောင်ရှီးက ဘယ်ကိစ္စကို ပြောနေတာလဲ..?" နဉ်ရှီသည် လက်ထဲမှဖန်ခွက်ကို လှည့်လိုက်ရင်း သူမ၏ မျက်နှာထက်ဝယ် အပြုံးတစ်ခု ထင်ဟပ်လာ၏။ သူမက ကျူးမိုလီကို စေ့စေ့ကြည့်ကာ ပြန်မေးလိုက်သည်။ "ကျွန်မက ရိုက်ကူးရေးမှာ အရေးပါတဲ့လူလို ဟန်လုပ်နေပါတယ်လို့ အွန်လိုင်းပေါ်မှာ လူငှားပြီး အပုပ်ချခဲ့တဲ့ကိစ္စကို ပြောတာလား..? ဒါမှမဟုတ် နောက်ပိုင်း ရေတပ်ငှားပြီး ကျွန်မက ဥက္ကဋ္ဌချန်းရဲ့ sugar baby လို့ သတင်းလျှောက်ဖြန့်ခဲ့တဲ့ ကိစ္စကို ပြောတာလား..?"

ကျူးမိုလီ၏ မျက်နှာအမူအရာက တောင့်ခဲသွားသည်။

သူ နောက်ကွယ်ကစေခိုင်းခဲ့တဲ့ ကိစ္စတိုင်းကို နဉ်ရှီ တကယ်ကြီး သိနေတာလား..?

"ကျူးလောင်ရှီက အနုပညာလောကမှာ စီနီယာကျပါတယ်.. ကျွန်မလို ဂျူနီယာလေးက စီနီယာတစ်ယောက်ကို ခွင့်လွှတ်ပါတယ်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ..?" နဉ်ရှီက စားပွဲပေါ်သို့ ဖန်ခွက်ချလိုက်ကာ ဘာကိုမှဂရုမစိုက်ဟန်ဖြင့်.. "ကျူးလောင်ရှီ.. ကျေးဇူးပြုပြီး နောက်ဆို ဒီကိစ္စကို ပြန်အစမဖော်ပါနဲ့လား..?"

နဉ်ရှီသည် အနုပညာလောက၏ လူသစ်တစ်ယောက် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် လက်တလောတွင် နာမည်ကြီးနေ၏။ သူမက ခွင့်လွှတ်ပေးရမည့် ကိစ္စအကြောင်း ထပ်ပြီးအစဖော်မလာရန် ပြောလိုက်ခြင်းက အနိုင်ကျင့်ခံခဲ့ရသည့် ဖြစ်ရပ်ကို ဘယ်တုန်းကမှမရှိခဲ့ဖူးသည့် ကိစ္စတစ်ခုလို ဘယ်သောအခါမှ ဟန်ဆောင်ပေးမည်မဟုတ်ကြောင်း ကျူးမိုလီကို ဗြောင်ပြောလိုက်ခြင်းပင်။

"မစ်နဉ် ခွင့်လွှတ်ပေးနိုင်အောင် ကျွန်မ ဘာလုပ်ပေးရမလဲ..?"

ကျူးမိုလီတစ်ယောက် သူမ၏ဘဝတွင် ဤမျှအထိ တစ်ခါမှ အောက်ကျမခံဖူးပေ။

"ရယ်စရာတွေ ပြောနေတာပဲ.. လူတစ်ယောက်ကို နာကျင်အောင်လုပ်ပြီးမှ Cheer up လေးလုပ်ပြီး ခွင့်လွှတ်ခံချင်နေတာလား..?" စွန်းယွီဟန်က ဘေးနားမှ အေးစက်စက် ခနဲ့လိုက်သည်။ "ကျူးမိုလီ.. နင်နဲ့ အဲ့လိုကံကောင်းမှုမျိုးနဲ့ ထိုက်တန်တယ်လို့ ငါတော့ လုံးဝမထင်ဘူး..!"

"ဖူး..!"

ဘေးစားပွဲဝိုင်းများမှ ထ,မရယ်သူ မရှိသလောက်ပင်။

ကျူးမိုလီမှာ စိတ်အခြေအနေ မကောင်းတော့ပေ။ ယခင်နှစ်များက ကျင်းဟုန်ခိုင်၏ အထောက်အပံ့၊ 'သူမအပေါ် သစ္စာရှိလိမ့်မည်' ဟူသောအထင်ဖြင့် လူအများအပြားကို ရန်စမိခဲ့လေသည်။ ယခုတော့ သူမ နိမ့်ကျနေချိန်တွင် ထိုသူများက သူတို့၏ဒေါသကို ထွက်ပေါက်ပေးရန်အတွက် သူမကို အရှက်ခွဲရန် မစောင့်နိုင်ကြတော့ပေ။

မည်သည့်နယ်ပယ်တွင်မဆို လေယူရာယိမ်းတတ်သူများ ရှိနေတတ်စမြဲ။ ထိုလူများဟာ ကျူးမိုလီ ကျော်ကြားစဉ်က 'အစ်မ'၊ 'လောင်ရှီး' စသည်ဖြင့် ခေါ်ဝေါ်တတ်ကြသော်လည်း ယခုလို အကျပ်အတည်းထဲ ရောက်နေချိန်မှာတော့ ချက်ချင်းဆိုသလို အပြုအမူ ပြောင်းသွားကြသည်။

"ကျူးလောင်ရှီး.. စောစောအိမ်ပြန်ပြီး အနားယူတာ ကောင်းမယ်ထင်တယ်.." လက်ထောက်တစ်ယောက်က ဖိတ်ခေါ်နေဟန် လက်အမူအရာဖြင့်.. "ဒီမှာ လူအရမ်းများတော့ မွန်းကြပ်လိမ့်မယ်.. ရှင့်ကျန်းမာရေးအတွက် မကောင်းဘူးနော်.."

"လိုက်ပို့စရာမလိုဘူး.. ငါ့ခြေထောက်နဲ့ငါ လမ်းလျှောက်နိုင်တယ်.." ဒီလူတွေ သူမအပေါ် ရိုသေလေးစားမှု ပြတော့မည်မဟုတ်မှန်း ကျူးမိုလီ သိလိုက်သည်။ ဖန်ခွက်ထဲမှ လက်ကျန်ဝိုင်များကို သွန်ပစ်လိုက်ပြီးနောက် အခန်းထဲမှ လူအားလုံးကို ဝေ့ကြည့်လိုက်၏။ သူမ၏အကြည့်က နဉ်ရှီပေါ်တွင် အခြေကျသွားပြီး.. "တစ်နေ့ ငါ ဒီနေ့ည ခံစားခဲ့ရသလိုမျိုး နင်လည်း ခံစားရလိမ့်မယ်.."

သူမက ချန်းရှီကွေ့ကို ခပ်လှောင်လှောင်ကြည့်ကာ.. "ယောက်ျားတွေရဲ့ စကားချိုချိုကို လုံးဝမယုံလိုက်နဲ့.. နင် နိမ့်ကျသွားတဲ့အချိန် သူတို့တွေက ယုန်တစ်ကောင်ထက်တောင် ပိုမြန်အောင် ထွက်ပြေးသွားမှာ.."

"ရှင့်ဘာသာရှင် လူဖျင်းလူညံ့တစ်ယောက်နဲ့ ကြုံတွေ့ခဲ့တာနဲ့ပဲ တခြားယောက်ျားတွေလည်း အဲ့လိုမျိုးပဲလို့ ထင်မနေနဲ့လေ.." နဉ်ရှီက အေးတိအေးစက် ပြောလိုက်သည်။ "ကျွန်မရဲ့ အနာဂတ်အတွက် ရှင် စိုးရိမ်ပေးစရာမလိုဘူး.."

"ဟမ့်..! နင် အဲ့လိုမျိုး ဘယ်လောက်ကြာကြာ ဆက်ပြောနိုင်ဦးမလဲ စောင့်ကြည့်ကြသေးတာပေါ့.." ပြီးနောက် ရိုက်ကူးရေးအဖွဲ့ ၏ လက်ထောက်ကို လှည့်ကြည့်ပြီး တွန်းဖယ်လိုက်ကာ အခန်းအပြင်သို့ ထွက်သွားတော့သည်။

"ကြည့်စမ်းပါဦး အပြောင်းအလဲ မြန်ချက်.. အခြေအနေမဟန်တာနဲ့ ချက်ချင်း လှည့်ပြေးသွားတော့တာပဲ.. အဲ့တစ်ယောက် သရုပ်ဆောင်မကောင်းဘူးလို့ ဘယ်သူပြောလဲ..?" ကျူးမိုလီနှင့် အမြဲလိုလို အစေးမကပ်သော စွန်းယွီဟန်က မတုံ့မဆိုင်း ဝေဖန်ခနဲ့လိုက်သည်။

ဘေးပတ်ဝန်းကျင်မှ လူများလည်း တစ်ယောက်တစ်ပေါက်စီ စတင်သဘောတူလာကြ၏။ နဉ်ရှီကတော့ စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းငုံ့ကာ ဆက်စားနေလိုက်သည်။

ကျူးမိုလီ ပေါ်ထွက်လာမှုကြောင့် တစ်ဖွဲ့လုံး ထမင်းစားချင်စိတ် မရှိတော့ပေ။ ဒါရိုက်တာချင်းလည်း ရိုက်ကူးရေးအဖွဲ့၏ အတင်းပြောသံများကြောင့် ရင်းနှီးမြှုပ်နှံသူ တစ်မျိုးတစ်မည် မြင်သွားမည်စိုး၍ ပါတီကို ခပ်မြန်မြန် အဆုံးသတ်လိုက်သည်။

"ကိုယ် လိုက်ပို့ပေးမယ်.." ဟိုတယ်မှ ထွက်လာချိန်တွင် ပြင်ပလေထုက အနည်းငယ် အေးစိမ့်စိမ့် ဖြစ်နေချေပြီ။ ဘော်ဒီဂတ်က ချန်းရှီကွေ့ကို အိတ်တစ်လုံး ကမ်းပေးလာသည်။ ချန်းရှီကွေ့သည် အိတ်ထဲမှ ပိုးပဝါတစ်ထည် ထုတ်ယူကာ နဉ်ရှီ၏ ပခုံးပေါ် လွှမ်းခြုံပေးလိုက်သည်။ ပြီးနောက် ဒါရိုက်တာချင်းနှင့် ကျန်ရိုက်ကူးရေးအဖွဲ့သားများဘက်သို့ လှည့်ကာ.. "အားလုံးကို ကျေးဇူးတင်ပါတယ်.. ကျွန်တော် နဉ်ရှီကို ပြန်ပို့လိုက်ပါ့မယ်.."

ရိုက်ကူးရေးအဖွဲ့လည်း သူတို့နှစ်ဦးကို နှုတ်ဆက်စကား ပြန်ပြောလာ၏။ သူတို့ထွက်သွားတော့မှ လက်ထောက်ဒါရိုက်တာက ခပ်တိုးတိုး ပြောလာသည်။ "နဉ်ရှီရဲ့ Non-celebrity ချစ်သူကောင်လေးဆိုတာ မစ္စတာချန်းများလား..?"

အကုန်လုံး တစ်ယောက်မျက်မှာ တစ်ယောက်ကြည့်ပြီး နောက်ဆုံးတော့ တစ်စုံတစ်ယောက်က ထပြောလိုက်သည်။

"မဟုတ်တာ.. မဖြစ်နိုင်ဘူး.."

သူတို့နှစ်ယောက်သာ တကယ်တွဲနေရင် နဉ်ရှီက သူတို့ Relationship အကြောင်း ဖုံးကွယ်ထားတဲ့အထိ ရူးမိုက်ပါ့မလား..? ဘာပဲပြောပြော ချန်းရှီကွေ့ရဲ့ ဂုဏ်အရှိန်အဝါက နဉ်ရှီအတွက် အကျိုးရှိတယ်လေ..!

အနည်းဆုံး ချန်းရှီကွေ့ရဲ့ နာမည်နဲ့တွဲပြီး ဖော်ပြခံရမယ်ဆိုရင်တောင် ချန်းမိသားစုထဲ လက်ထပ်ဝင်ရောက်နိုင်ဖို့ အခွင့်အရေး ပိုများသွားပြီမဟုတ်လား..!

"နင်တို့တွေ အကောင်ကြီးကြီးတွေရဲ့ အတင်းအဖျင်းကို သိပ်မပြောကြနဲ့.." ကျိုးဟိုင်လီက ဗြောင်ပြောလိုက်သည်။ "ဒီနယ်ပယ်အပြင်က လူတွေ ကြိုက်သလိုပြော ဘာမှမဖြစ်ဘူး.. ဒါပေမဲ့ ဒီနယ်ပယ်ထဲ ကျင်လည်နေတဲ့ ငါတို့က ပြဿနာတတ်နိုင်တဲ့ ကိစ္စမှန်သမျှကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်တယ်.."

ကျန်လူများလည်း ထိတ်လန့်သွားပြီး ကပျာကယာ ပါးစပ်ပိတ်လိုက်ကြသည်။

ကျိုးလောင်ရှီးပြောတာ မှန်တယ်။ ဥက္ကဋ္ဌချန်းနဲ့ နဉ်ရှီကြားမှာ ဘယ်လိုဆက်ဆံရေးပဲရှိရှိ၊ သူတို့ပါးစပ်ကနေ သတင်းပြန့်ပြီး သတင်းတွေ ချဲ့ကားသွားရင် ပြဿနာတက်မယ့်လူက သူတို့တွေပဲ..!

"ဝန်ခံဖို့ အချိန်ကျပြီ.. ရှင် ခုနက တမင်လုပ်လိုက်တာမလား..?" နဉ်ရှီက ချန်းရှီကွေ့၏ရင်ဘတ်ကို လက်ညှိုးဖြင့် အသာတို့ကာ ပြောလိုက်သည်။

"ဘာကို တမင်လုပ်ရမှာလဲ..?" ချန်းရှီကွေ့က သူမ၏လက်ချောင်းလေးကို ဆွဲယူလိုက်၏။ ဩရှရှရယ်သံက ပဲ့တင်ထပ်နေပြီး.. "နောက်ကျနေပြီလေ.. တခြားလူကို လိုက်ပို့ခိုင်းရမှာ စိတ်မချဘူး.."

"စိတ်မချရဆုံးလူက ရှင်ပဲလေ.." နဉ်ရှီက ချန်းရှီကွေ့ကို မျက်စောင်းထိုးလိုက်ကာ.. "မဟုတ်လို့လား..?"

ချန်းရှီကွေ့က ပြုံးကာ သူမလေးကို ရင်ခွင်ထဲ ဆွဲပွေ့ပစ်လိုက်သည်။ ပြီးနောက် ဆံနွယ်များကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း.. "လူတိုင်းကို မင်းက ကိုယ့်ရဲ့မိန်းကလေးဆိုတာ သိစေချင်တယ်.."

နဉ်ရှီက သူ့ကို မော့ကြည့်ကာ.. "အဲ့လိုမျိုး တကယ် ဖြစ်စေချင်တာလား..?"

ချန်းရှီကွေ့က နဉ်ရှီအား နူးညံ့နွေးထွေးစွာ ငုံ့မိုးကြည့်လာ၏။ နူးညံ့လွန်းရကား နဉ်ရှီပင် သူ၏ အကြည့်ထဲ နစ်မွန်းပျော်ဝင်သွားတော့မယောင်...

"အင်း.." ချန်းရှီကွေ့က ပြုံးသည်။ "ဒါပေမဲ့ မင်းက ကိုယ့်ရဲ့ပေါင်လုံးကို ဖက်တွယ်ဖို့ ကြိုးစားနေတယ်လို့ တခြားလူတွေ ပြောလာမှာကိုတော့ ကိုယ် မလိုလားဘူး.."

"အဓိပ္ပါယ်မရှိတာတွေ.. ကျွန်မက ဘာလို့ ရှင့်ရဲ့ပေါင်လုံးကို ဖက်ရမှာလဲ..?" နဉ်ရှီက တခစ်ခစ်ရယ်ကာ ချန်းရှီကွေ့၏ခါးကို ဖက်လိုက်ရင်း.. "ခါးဖက်ရတာပဲ ပိုကြိုက်တယ်.."

ချန်းရှီကွေ့ထံမှ ရယ်သံ ထွက်လာပြန်၏။

နောက်တစ်ရက်မနက်...

'Tan Haixian Ji' ၏ အွန်လိုင်းပရိသတ်များသည် ရုပ်ရှင်အတွက် အင်တိုက်အားတိုက် Review ပေးထားကြ၏။ နဉ်ရှီ၏ Weibo Account သို့ အတော်များများ ရောက်ချလာပြီး သူတို့လည်း သူမ၏ ပရိသတ်ဖြစ်သွားပြီဖြစ်ကြောင်း Comment ရေးထားကြလေသည်။

သူတို့ အပိုလုပ်နေခြင်းမဟုတ်၊ နတ်မိမယ်ချင်းယန်အဖြစ် အသက်သွင်းပုံဖော်ထားသော နဉ်ရှီ၏ အသွင်အပြင်တစ်ခုချင်းစီက သူတို့မျှော်လင့်ထားသည်နှင့် အံဝင်ခွင်ကျဖြစ်နေပြီး ငယ်စဉ်ကလေးဘဝက ပုံဖော်ခဲ့ဖူးသော နတ်မိမယ်များကို ပြန်လည်အမှတ်ရလာစေ၏။

သိပ်မကြာခင်မှာပဲ 'Tan Haixian Ji' ၏ ကြည့်ရှုနှုန်းသည် ရုပ်ရှင်ရုံများ၏ ထိုင်ခုံရောင်းချမှုစာရင်းအရ သန်းငါးရာကျော် ရှိလာခဲ့သည်။ ထိုရုပ်ရှင်မှ ဝင်ငွေများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိသာနေတော့သည်။

ဘယ်အချိန်က စတင်လာမှန်းမသိ၊ လူအတော်များများက နဉ်ရှီအား 'နတ်ဘုရားမ နဉ်ရှီ' ဟူ၍ ခေါ်ဝေါ်လာကြလေသည်။ သို့နှင့် နဉ်ရှီ၏ ပရိသတ်များသည်လည်း 'နတ်ဘုရားမ'၏ ပရိသတ်များ <<Goddess's fans>> ဟူ၍ ဖြစ်လာတော့သည်။

..........................................................

[Zawgyi]

အခန္း - (၅၆)

"ေက်းဇူးျပဳျပီး ထိုင္ခံုလဲေပးလို႔ရမလား ခင္ဗ်..?" ခ်န္းရွီေကြ့က အခန္းေထာင့္တြင္ ထိုင္ေနေသာ က်ူးမိုလီကို တစ္ခ်က္ၾကၫ့္ကာ က်န္းေဖးေဖးထံ ေလ်ွာက္သြားလိုက္သည္။ "နဉ္ရွီနဲ႔ ေဆြးေနြးစရာေလး ရိွလို႔ပါ.."

"ရတာေပါ့.. ရတာေပါ့.." က်န္းေဖးေဖးက သူမ၏ထိုင္ခံုေနရာမွ ခ်က္ခ်င္း ထေပးသည္။

"ေက်းဇူးတင္ပါတယ္.." ခ်န္းရွီေကြ့က ေခါင္းဆတ္ကာ က်န္းေဖးေဖးကို ေက်းဇူးတင္လိုက္သည္။ မေျပာပေလာက္သၫ့္ အျပဳအမူျဖစ္ေသာ္ျငား အထက္တန္းလႊာတစ္ဦး၏ ေၾကာ့ရွင္းထည္ဝါမႈမ်ား ပါဝင္ေနသည္။ သူ႔ရဲ့လက္ထဲက ဇြန္းနဲ႔ခက္ရင္းေတြက သူ႔ရဲ့ပံုရိပ္အေပၚ သက္ေရာက္မႈ ရိွေနေပမယ့္ေပါ့။

"ရပါတယ္ရွင္.." က်န္းေဖးေဖးက ညင္သာစြာ ျပန္ေျပာလိုက္ရင္း ခ်န္းရွီေကြ့၏ မူလထိုင္ခံုသို႔ အျမန္သြားလိုက္၏။ ၿပီးေနာက္ ရင္ဘတ္ကို ဖိထားမိရင္း ေတြးလိုက္မိသည္။

ဒီေလာက္ၫွို႔ဓာတ္ျပင္းတဲ့ ေယာက္်ားမ်ိဳး ရိွေနေသးတာလား..?

သူမက ေလးစားလြန္းေသာ မ်က္ဝန္းမ်ားျဖင့္ နဉ္ရွီကို ခိုးၾကၫ့္လိုက္၏။

နဉ္ရွီက တကယ့္ကို ေအာင္ႏိုင္သူဘုရင္မတစ္ပါးပဲ။ ဒီအတိုင္းထိုင္ေနရင္းေတာင္ ဒီလိုၫွို႔ဓာတ္ျပင္းတဲ့ ေယာက္်ားတစ္ေယာက္ကို ဆြဲေဆာင္ႏိုင္တယ္..!

တျခားလူမ်ားလည္း ခ်န္းရွီေကြ့၏ အျပဳအမူကို သတိထားမိသြားၿပီး အေျခအေနကို နားလည္လိုက္ၾကသည္။ က်ူးမိုလီ ေရာက္မလာခင္က ဥကၠ႒ခ်န္းသည္ နဉ္ရွီအေပၚ ျမတ္ႏိုးတန္ဖိုးထားေၾကာင္း ေဖာ္ျပခဲ့ေသာ္လည္း ထိုင္ခံုလဲရန္ မေတာင္းဆိုခဲ့ေပ။ က်ူးမိုလီေရာက္လာၿပီးေနာက္ ဥကၠ႒ခ်န္း၏ အမူအရာ ေျပာင္းလဲသြားျခင္းက နဉ္ရွီႏွင့္ က်ူးမိုလီၾကားမွ ျပႆနာအေပၚ သူ မည္မ်ွသတိထားေၾကာင္း၊ ထိုင္ခံုလဲရန္ ေတာင္းဆိုလိုက္ျခင္းက နဉ္ရွီအား က်ူးမိုလီ ကိုယ္ထိလက္ေရာက္ ေစာ္ကားလာမွာ စိုးရိမ္ေနေၾကာင္း ေဖာ္ျပေနေလ၏။

ခ်န္းရွီေကြ့ကဲ့သို႔ ခ်မ္းသာႂကြယ္ဝသၫ့္ လူကံုထံမိသားစုမွ လူတစ္ေယာက္သည္ ပံုမွန္အားျဖင့္ ယဉ္ေက်းေသာ အမူအက်င့္ျဖင့္သာ ေနထိုင္တတ္သည္။ စားေသာက္ေနစဉ္ ထိုင္ခံုလဲခိုင္းျခင္းကို တကယ့္ကို မယဉ္ေက်းေသာ အျပဳအမူအျဖစ္ သတ္မွတ္ႏိုင္ေပသည္။ ခ်န္းရွီေကြ့လို အထင္ကရပုဂၢိုလ္တစ္ဦး ျပဳလုပ္တတ္ေသာ အျပဳအမူမဟုတ္ေပ။

သို႔တိုင္ နဉ္ရွီအတြက္ သူ ျပဳလုပ္ခဲ့သည္။

အမ်ိဳးသားဇာတ္လိုက္ျဖစ္သူ ေရွာက္ခ်ဳန္းတစ္ေယာက္ သူတို႔စားပြဲဝိုင္းမွ တျခားသူမ်ား အံ့ဩဟန္မျပသည္ကို သတိျပဳမိလိုက္၏။ ထို႔ေၾကာင့္ သူလည္း က်ိဳးဟိုင္လီထံမွ သင္ယူကာ ဘာမွမျမင္၊ မၾကားသလို ဟန္ေဆာင္ေနလိုက္သည္။

ပါတီမွာ တျခားနာမည္ေက်ာ္ Celebrities ေတြ အမ်ားႀကီးရိွေပမယ့္ ဘယ္သူကမ်ား ဒီဥကၠ႒ခ်န္းရဲ့ ေနာက္ခံကို ယွဉ္ႏိုင္မွာတဲ့လဲ..?

ခ်န္းရွီေကြ့ ေနရာေရႊ့လာလိမ့္မည္ဟု နဉ္ရွီလည္း ထင္မထားခဲ့ေပ။ သူမက ေခါင္းေစာင္းကာ တည္တည္ၿငိမ္ၿငိမ္ ေမးလိုက္သည္။

"ကြၽန္မကို စိတ္မခ်လို႔လား..?"

"မင္းကို စိတ္မခ်လို႔မဟုတ္ဘူး.. တျခားလူေတြကို မယံုၾကည္လို႔ပါ.." ခ်န္းရွီေကြ့က ဟင္းခပ္သၫ့္တူျဖင့္ နဉ္ရွီအႀကိဳက္ ဟင္းလ်ာတခ်ိဳ႕ လွမ္းယူကာ သူမ၏ပန္းကန္ထဲ ထၫ့္ေပးလိုက္သည္။ "အႏၲရာယ္ကင္းဖို႔ အေရးႀကီးတယ္.. ဘယ္ေလာက္ပဲ ျဖစ္ႏိုင္ေခ်နည္းပါေစ အၿမဲတမ္း သတိရိွေနသင့္တယ္.."

ထိုစကားေၾကာင့္ နဉ္ရွီ ၿပံဳးလိုက္ၿပီး ဘာမွထပ္မေျပာခဲ့ေပ။ ခ်န္းရွီေကြ့ ထၫ့္ေပးေသာ ဟင္းမ်ားကိုသာ ဆက္စားေနလိုက္သည္။

စြန္းယြီဟန္လည္း တည္တည္ၿငိမ္ၿငိမ္ျဖင့္ သစ္သီးေဖ်ာ္ရည္ ေသာက္ေနလိုက္သည္။

ေဘးကႏွစ္ေယာက္က ပံုမွန္မဟုတ္တဲ့ အျပဳအမူမ်ိဳး မလုပ္ခဲ့ပါဘူး။ အဲ့တာကို သူက ဘာလို႔ အခ်စ္လိႈင္းေတြ ဝင္ေဆာင့္ေနသလို ခံစားေနရတာလဲ..?

က်ူးမိုလီက တစ္ဖန္ျပန္လည္အသက္ဝင္လာေသာ လူအုပ္ႀကီးကိုၾကၫ့္ၿပီး ဘာမေျပာညာမေျပာျဖင့္ ဝိုင္တစ္ခြက္ ေကာက္ကိုင္လိုက္သည္။ ၿပီးေနာက္ အံတင္းတင္းႀကိတ္ကာ မတ္တပ္ထရပ္လိုက္ၿပီး အဓိကစားပြဲဝိုင္းသို႔ ေလ်ွာက္သြား၏။

လက္ေထာက္မ်ားက ကပ်ာကယာ တူခ်လိုက္ၿပီး က်ူးမိုလီ၏ အျပဳအမူကို သတိအေနအထားျဖင့္ ေစာင့္ၾကၫ့္ေနေတာ့သည္။

"ဒါရိုက္တာခ်င္း.. ကြၽန္မရဲ့ မရင့္က်က္မႈေၾကာင့္ ရိုက္ကူးေရးအဖြဲ႔ကို ျပႆနာမ်ားေစခဲ့ပါတယ္.." က်ူးမိုလီက ခ်င္းခ်ံဳဟိုင္အနား ေလ်ွာက္သြားကာ ဦးၫႊတ္လိုက္ၿပီး ဖန္ခြက္ေျမႇာက္ကာ ေျပာလာသည္။ "ရွင့္အတြက္ ဂုဏ္ျပဳပါတယ္.."

အႏုပညာေလာကထဲ ခ်င္းခ်ံဳဟိုင္ က်င္လည္ခဲ့သည္မွာ ႏွစ္ႏွစ္ဆယ္တင္းတင္း ျပၫ့္လုေခ်ၿပီ။ ထို႔ေၾကာင့္ သရုပ္ေဆာင္မ်ိဳးစံု ေတြ့ႀကံဳခဲ့ဖူးသည္။ က်ူးမိုလီသည္ အတြင္းႀကိတ္ႀကံစည္တတ္ေသာ သရုပ္ေဆာင္မ်ားထဲမွ တစ္ေယာက္ျဖစ္ၿပီး သူမ၏ ဂုဏ္ျပဳမႈကို လက္ခံလိုက္လ်ွင္ပင္ သူမအား ကူညီေပးမည္မဟုတ္ေပ။

လုပ္ငန္းခြင္တိုင္းတြင္ သက္ဆိုင္ရာ စည္းမ်ဉ္းစည္းကမ္းမ်ား ရိွၾကေပ၏။ ျပႆနာရွာခဲ့သူက က်ူးမိုလီပင္ ျဖစ္ေသာေၾကာင့္ အက်ိဳးဆက္မ်ားကို ရင္ဆိုင္ရလိမ့္မည္။

နဉ္ရွီကို အႏိုင္က်င့္ခဲ့စဉ္က လူအမ်ားသည္ က်ူးမိုလီကို ေမာက္မာလြန္းၿပီး လူသစ္ေတြအေပၚ အႏိုင္က်င့္သၫ့္အတြက္ သူမ၏ စိတ္သေဘာထားကိုသာ သံသယဝင္ၾကလိမ့္မည္။ သို႔ေသာ္ ခ်န္က်င္းက်င္း၏ ႏွစ္ပတ္လည္ေန့တြင္ က်င္းဟုန္ခိုင္ႏွင့္ ေတြ့ဆံုခဲ့ေၾကာင္း လူမိသြားေသာအခါ သူမ မည္မ်ွတံုးအ,ေၾကာင္း ေပၚလြင္လာေတာ့သည္။

ဒါရိုက္တာခ်င္းက သူမ၏ ဂုဏ္ျပဳမႈကို လက္ခံလိုက္ေသာ္ျငား ဘာမွမေျပာဘဲ အသံတိတ္ေနသျဖင့္ က်ူးမိုလီတစ္ေယာက္ ႏႈတ္ခမ္းတင္းတင္းေစ့လိုက္မိသည္။ ထို႔ေနာက္ ရင္းႏွီးျမႇဳပ္ႏွံသူဘက္လွၫ့္ကာ ဂုဏ္ျပဳစကား ေျပာလိုက္သည္။ သို႔ေသာ္ ထိုသူက သူမကို အဖက္ပင္မလုပ္ဘဲ သူမ၏ ဂုဏ္ျပဳမႈကို တၫ့္တိုးျငင္းပယ္ပစ္လိုက္၏။

ထို႔အျပင္ သူမ၏ ျဖဴဖတ္ျဖဴေလ်ာ္ မ်က္ႏွာကိုၾကၫ့္ကာ မ်က္ႏွာထားတင္းတင္းျဖင့္ ေျပာလာသည္။

"မစ္က်ူးၾကၫ့္ရတာ ေနမေကာင္းဘူးထင္တယ္.. ေစာေစာျပန္နားလိုက္ပါလား..? ျပန္လို႔ရေအာင္ က်ဳပ္ စီစဉ္ေပးမယ္ေလ.."

"ဖူး..!" အခန္းထဲမွတစ္ေယာက္က ထရယ္လိုက္၏။

က်ူးမိုလီမွာ အႏွီရယ္ေမာသံေၾကာင့္ မ်က္ႏွာျဖတ္ရိုက္ခံလိုက္ရသလို ခံစားလိုက္ရသည္။ သို႔ေသာ္ အက်ပ္အတည္းၾကားတြင္ ရယ္ေမာေလွာင္ေျပာင္သူကို လွၫ့္မရွာအားေပ။ ရင္းႏွီးျမႇဳပ္ႏွံသူကို အၿပံဳးျဖင့္ ေက်းဇူးတင္စကားဆိုၿပီး နဉ္ရွီဘက္ လွၫ့္လိုက္သည္။

က်ူးမိုလီ၏ အျပဳအမူက လူတိုင္း၏အာရံုကို ဖမ္းစားသြားခဲ့သည္။

ပြဲႀကီးပြဲေကာင္း စၿပီေဟ့..!

"နဉ္ရွီ.." က်ူးမိုလီက လက္ဆစ္မ်ားပင္ ေသြးေရာင္ေပ်ာက္သည္အထိ ဖန္ခြက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္လိုက္သည္။ မ်က္ႏွာေပၚမွာေတာ့ သိမ္ေမြ့ႏိွမ့္ခ်သၫ့္ အၿပံဳးတစ္ခုကို ခ်ိတ္ဆြဲထားဆဲ။ : "ေတာင္းပန္ပါတယ္.. အရင္က ျပႆနာေတြအမ်ားႀကီး ျဖစ္ေစခဲ့မိတယ္.. ကြၽန္မကို ခြင့္လႊတ္ေပးဖို႔ ေမ်ွာ္လင့္ပါတယ္.."

က်ူးမိုလီ၏ မာနကို ေဘးဖယ္ထားၿပီး ကိုယ့္ကိုယ္ကိုႏိွမ္ခ်ကာ ျပဳမူလိုက္ပံုက ယခင္ ေသြးနားထင္ေရာက္လြန္းေသာ အျပဳအမူႏွင့္ လံုးဝ ကြာျခားေနေတာ့သည္။ နဉ္ရွီသာ စိတ္ေပ်ာ့ညံ့လ်ွင္၊ သို႔မဟုတ္ ၾကင္နာတတ္လြန္းလ်ွင္ လက္ရိွအေျခအေနအရ ေတာင္းပန္မႈကို လက္ခံလိုက္မိမည္ပင္။

ဒါေပမဲ့ သူမက ဘာလို႔လဲ..?

တစ္ခြန္းႏွစ္ခြန္းေလာက္ ေတာင္းပန္လိုက္ရံုနဲ႔ က်ူးမိုလီရဲ့ အတိတ္ကလုပ္ရပ္ေၾကာင့္ ဘာမွမျဖစ္သလို ဘာလို႔ ဟန္ေဆာင္ေပးရမွာလဲ..?

က်ူးမိုလီက နဉ္ရွီအား ေစ့ေစ့ၾကၫ့္ကာ သူမ၏တံု႔ျပန္မႈကို အသံတိတ္ ေစာင့္ဆိုင္းေနေလ၏။ ခ်န္းလုပ္ငန္းစု၏ CEO က နဉ္ရွီကို လိုက္ေနေၾကာင္း ေကာလာဟလ ၾကားခဲ့ဖူးသည္။ ခ်န္းရွီေကြ့၏ေရ႔ွတြင္ နဉ္ရွီက သေဘာမတူဘဲ ေနႏိုင္လိမ့္မည္ဟု သူမ မယံုၾကည္ေပ။

"က်ူးေလာင္ရွီးက ဘယ္ကိစၥကို ေျပာေနတာလဲ..?" နဉ္ရွီသည္ လက္ထဲမွဖန္ခြက္ကို လွၫ့္လိုက္ရင္း သူမ၏ မ်က္ႏွာထက္ဝယ္ အၿပံဳးတစ္ခု ထင္ဟပ္လာ၏။ သူမက က်ူးမိုလီကို ေစ့ေစ့ၾကၫ့္ကာ ျပန္ေမးလိုက္သည္။ "ကြၽန္မက ရိုက္ကူးေရးမွာ အေရးပါတဲ့လူလို ဟန္လုပ္ေနပါတယ္လို႔ အြန္လိုင္းေပၚမွာ လူငွားၿပီး အပုပ္ခ်ခဲ့တဲ့ကိစၥကို ေျပာတာလား..? ဒါမွမဟုတ္ ေနာက္ပိုင္း ေရတပ္ငွားၿပီး ကြၽန္မက ဥကၠ႒ခ်န္းရဲ့ sugar baby လို႔ သတင္းေလ်ွာက္ျဖန႔္ခဲ့တဲ့ ကိစၥကို ေျပာတာလား..?"

က်ူးမိုလီ၏ မ်က္ႏွာအမူအရာက ေတာင့္ခဲသြားသည္။

သူ ေနာက္ကြယ္ကေစခိုင္းခဲ့တဲ့ ကိစၥတိုင္းကို နဉ္ရွီ တကယ္ႀကီး သိေနတာလား..?

"က်ူးေလာင္ရွီက အႏုပညာေလာကမွာ စီနီယာက်ပါတယ္.. ကြၽန္မလို ဂ်ူနီယာေလးက စီနီယာတစ္ေယာက္ကို ခြင့္လႊတ္ပါတယ္လို႔ ဘယ္လိုလုပ္ေျပာႏိုင္မွာလဲ..?" နဉ္ရွီက စားပြဲေပၚသို႔ ဖန္ခြက္ခ်လိုက္ကာ ဘာကိုမွဂရုမစိုက္ဟန္ျဖင့္.. "က်ူးေလာင္ရွီ.. ေက်းဇူးျပဳျပီး ေနာက္ဆို ဒီကိစၥကို ျပန္အစမေဖာ္ပါနဲ႔လား..?"

နဉ္ရွီသည္ အႏုပညာေလာက၏ လူသစ္တစ္ေယာက္ ျဖစ္ေကာင္းျဖစ္ေပလိမ့္မည္။ သို႔ေသာ္ လက္တေလာတြင္ နာမည္ႀကီးေန၏။ သူမက ခြင့္လႊတ္ေပးရမၫ့္ ကိစၥအေၾကာင္း ထပ္ၿပီးအစေဖာ္မလာရန္ ေျပာလိုက္ျခင္းက အႏိုင္က်င့္ခံခဲ့ရသၫ့္ ျဖစ္ရပ္ကို ဘယ္တုန္းကမွမရိွခဲ့ဖူးသၫ့္ ကိစၥတစ္ခုလို ဘယ္ေသာအခါမွ ဟန္ေဆာင္ေပးမည္မဟုတ္ေၾကာင္း က်ူးမိုလီကို ေျဗာင္ေျပာလိုက္ျခင္းပင္။

"မစ္နဉ္ ခြင့္လႊတ္ေပးႏိုင္ေအာင္ ကြၽန္မ ဘာလုပ္ေပးရမလဲ..?"

က်ူးမိုလီတစ္ေယာက္ သူမ၏ဘဝတြင္ ဤမ်ွအထိ တစ္ခါမွ ေအာက္က်မခံဖူးေပ။

"ရယ္စရာေတြ ေျပာေနတာပဲ.. လူတစ္ေယာက္ကို နာက်င္ေအာင္လုပ္ၿပီးမွ Cheer up ေလးလုပ္ၿပီး ခြင့္လႊတ္ခံခ်င္ေနတာလား..?" စြန္းယြီဟန္က ေဘးနားမွ ေအးစက္စက္ ခနဲ႔လိုက္သည္။ "က်ူးမိုလီ.. နင္နဲ႔ အဲ့လိုကံေကာင္းမႈမ်ိဳးနဲ႔ ထိုက္တန္တယ္လို႔ ငါေတာ့ လံုးဝမထင္ဘူး..!"

"ဖူး..!"

ေဘးစားပြဲဝိုင္းမ်ားမွ ထ,မရယ္သူ မရိွသေလာက္ပင္။

က်ူးမိုလီမွာ စိတ္အေျခအေန မေကာင္းေတာ့ေပ။ ယခင္ႏွစ္မ်ားက က်င္းဟုန္ခိုင္၏ အေထာက္အပံ့၊ 'သူမအေပၚ သစၥာရိွလိမ့္မည္' ဟူေသာအထင္ျဖင့္ လူအမ်ားအျပားကို ရန္စမိခဲ့ေလသည္။ ယခုေတာ့ သူမ နိမ့္က်ေနခ်ိန္တြင္ ထိုသူမ်ားက သူတို႔၏ေဒါသကို ထြက္ေပါက္ေပးရန္အတြက္ သူမကို အရွက္ခြဲရန္ မေစာင့္ႏိုင္ၾကေတာ့ေပ။

မည္သၫ့္နယ္ပယ္တြင္မဆို ေလယူရာယိမ္းတတ္သူမ်ား ရိွေနတတ္စၿမဲ။ ထိုလူမ်ားဟာ က်ူးမိုလီ ေက်ာ္ၾကားစဉ္က 'အစ္မ'၊ 'ေလာင္ရွီး' စသည္ျဖင့္ ေခၚေဝၚတတ္ၾကေသာ္လည္း ယခုလို အက်ပ္အတည္းထဲ ေရာက္ေနခ်ိန္မွာေတာ့ ခ်က္ခ်င္းဆိုသလို အျပဳအမူ ေျပာင္းသြားၾကသည္။

"က်ူးေလာင္ရွီး.. ေစာေစာအိမ္ျပန္ၿပီး အနားယူတာ ေကာင္းမယ္ထင္တယ္.." လက္ေထာက္တစ္ေယာက္က ဖိတ္ေခၚေနဟန္ လက္အမူအရာျဖင့္.. "ဒီမွာ လူအရမ္းမ်ားေတာ့ မြန္းၾကပ္လိမ့္မယ္.. ရွင့္က်န္းမာေရးအတြက္ မေကာင္းဘူးေနာ္.."

"လိုက္ပို႔စရာမလိုဘူး.. ငါ့ေျခေထာက္နဲ႔ငါ လမ္းေလ်ွာက္ႏိုင္တယ္.." ဒီလူေတြ သူမအေပၚ ရိုေသေလးစားမႈ ျပေတာ့မည္မဟုတ္မွန္း က်ူးမိုလီ သိလိုက္သည္။ ဖန္ခြက္ထဲမွ လက္က်န္ဝိုင္မ်ားကို သြန္ပစ္လိုက္ၿပီးေနာက္ အခန္းထဲမွ လူအားလံုးကို ေဝ့ၾကၫ့္လိုက္၏။ သူမ၏အၾကၫ့္က နဉ္ရွီေပၚတြင္ အေျခက်သြားၿပီး.. "တစ္ေန့ ငါ ဒီေန့ည ခံစားခဲ့ရသလိုမ်ိဳး နင္လည္း ခံစားရလိမ့္မယ္.."

သူမက ခ်န္းရွီေကြ့ကို ခပ္ေလွာင္ေလွာင္ၾကၫ့္ကာ.. "ေယာက္်ားေတြရဲ့ စကားခ်ိဳခ်ိဳကို လံုးဝမယံုလိုက္နဲ႔.. နင္ နိမ့္က်သြားတဲ့အခ်ိန္ သူတို႔ေတြက ယုန္တစ္ေကာင္ထက္ေတာင္ ပိုျမန္ေအာင္ ထြက္ေျပးသြားမွာ.."

"ရွင့္ဘာသာရွင္ လူဖ်င္းလူညံ့တစ္ေယာက္နဲ႔ ႀကံဳေတြ့ခဲ့တာနဲ႔ပဲ တျခားေယာက္်ားေတြလည္း အဲ့လိုမ်ိဳးပဲလို႔ ထင္မေနနဲ႔ေလ.." နဉ္ရွီက ေအးတိေအးစက္ ေျပာလိုက္သည္။ "ကြၽန္မရဲ့ အနာဂတ္အတြက္ ရွင္ စိုးရိမ္ေပးစရာမလိုဘူး.."

"ဟမ့္..! နင္ အဲ့လိုမ်ိဳး ဘယ္ေလာက္ၾကာၾကာ ဆက္ေျပာႏိုင္ဦးမလဲ ေစာင့္ၾကၫ့္ၾကေသးတာေပါ့.." ၿပီးေနာက္ ရိုက္ကူးေရးအဖြဲ႔ ၏ လက္ေထာက္ကို လွၫ့္ၾကၫ့္ၿပီး တြန္းဖယ္လိုက္ကာ အခန္းအျပင္သို႔ ထြက္သြားေတာ့သည္။

"ၾကၫ့္စမ္းပါဦး အေျပာင္းအလဲ ျမန္ခ်က္.. အေျခအေနမဟန္တာနဲ႔ ခ်က္ခ်င္း လွၫ့္ေျပးသြားေတာ့တာပဲ.. အဲ့တစ္ေယာက္ သရုပ္ေဆာင္မေကာင္းဘူးလို႔ ဘယ္သူေျပာလဲ..?" က်ူးမိုလီႏွင့္ အၿမဲလိုလို အေစးမကပ္ေသာ စြန္းယြီဟန္က မတံု႔မဆိုင္း ေဝဖန္ခနဲ႔လိုက္သည္။

ေဘးပတ္ဝန္းက်င္မွ လူမ်ားလည္း တစ္ေယာက္တစ္ေပါက္စီ စတင္သေဘာတူလာၾက၏။ နဉ္ရွီကေတာ့ စကားတစ္ခြန္းမ်ွ မေျပာဘဲ ေခါင္းငံု႔ကာ ဆက္စားေနလိုက္သည္။

က်ူးမိုလီ ေပၚထြက္လာမႈေၾကာင့္ တစ္ဖြဲ႔လံုး ထမင္းစားခ်င္စိတ္ မရိွေတာ့ေပ။ ဒါရိုက္တာခ်င္းလည္း ရိုက္ကူးေရးအဖြဲ႔၏ အတင္းေျပာသံမ်ားေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူ တစ္မ်ိဳးတစ္မည္ ျမင္သြားမည္စိုး၍ ပါတီကို ခပ္ျမန္ျမန္ အဆံုးသတ္လိုက္သည္။

"ကိုယ္ လိုက္ပို႔ေပးမယ္.." ဟိုတယ္မွ ထြက္လာခ်ိန္တြင္ ျပင္ပေလထုက အနည္းငယ္ ေအးစိမ့္စိမ့္ ျဖစ္ေနေခ်ၿပီ။ ေဘာ္ဒီဂတ္က ခ်န္းရွီေကြ့ကို အိတ္တစ္လံုး ကမ္းေပးလာသည္။ ခ်န္းရွီေကြ့သည္ အိတ္ထဲမွ ပိုးပဝါတစ္ထည္ ထုတ္ယူကာ နဉ္ရွီ၏ ပခံုးေပၚ လႊမ္းၿခံဳေပးလိုက္သည္။ ၿပီးေနာက္ ဒါရိုက္တာခ်င္းႏွင့္ က်န္ရိုက္ကူးေရးအဖြဲ႔သားမ်ားဘက္သို႔ လွၫ့္ကာ.. "အားလံုးကို ေက်းဇူးတင္ပါတယ္.. ကြၽန္ေတာ္ နဉ္ရွီကို ျပန္ပို႔လိုက္ပါ့မယ္.."

ရိုက္ကူးေရးအဖြဲ႔လည္း သူတို႔ႏွစ္ဦးကို ႏႈတ္ဆက္စကား ျပန္ေျပာလာ၏။ သူတို႔ထြက္သြားေတာ့မွ လက္ေထာက္ဒါရိုက္တာက ခပ္တိုးတိုး ေျပာလာသည္။ "နဉ္ရွီရဲ့ Non-celebrity ခ်စ္သူေကာင္ေလးဆိုတာ မစၥတာခ်န္းမ်ားလား..?"

အကုန္လံုး တစ္ေယာက္မ်က္မွာ တစ္ေယာက္ၾကၫ့္ၿပီး ေနာက္ဆံုးေတာ့ တစ္စံုတစ္ေယာက္က ထေျပာလိုက္သည္။

"မဟုတ္တာ.. မျဖစ္ႏိုင္ဘူး.."

သူတို႔ႏွစ္ေယာက္သာ တကယ္တြဲေနရင္ နဉ္ရွီက သူတို႔ Relationship အေၾကာင္း ဖံုးကြယ္ထားတဲ့အထိ ရူးမိုက္ပါ့မလား..? ဘာပဲေျပာေျပာ ခ်န္းရွီေကြ့ရဲ့ ဂုဏ္အရိွန္အဝါက နဉ္ရွီအတြက္ အက်ိဳးရိွတယ္ေလ..!

အနည္းဆံုး ခ်န္းရွီေကြ့ရဲ့ နာမည္နဲ႔တြဲၿပီး ေဖာ္ျပခံရမယ္ဆိုရင္ေတာင္ ခ်န္းမိသားစုထဲ လက္ထပ္ဝင္ေရာက္ႏိုင္ဖို႔ အခြင့္အေရး ပိုမ်ားသြားၿပီမဟုတ္လား..!

"နင္တို႔ေတြ အေကာင္ႀကီးႀကီးေတြရဲ့ အတင္းအဖ်င္းကို သိပ္မေျပာၾကနဲ႔.." က်ိဳးဟိုင္လီက ေျဗာင္ေျပာလိုက္သည္။ "ဒီနယ္ပယ္အျပင္က လူေတြ ႀကိဳက္သလိုေျပာ ဘာမွမျဖစ္ဘူး.. ဒါေပမဲ့ ဒီနယ္ပယ္ထဲ က်င္လည္ေနတဲ့ ငါတို႔က ျပႆနာတတ္ႏိုင္တဲ့ ကိစၥမွန္သမ်ွကို အတတ္ႏိုင္ဆံုး ေရွာင္ရွားသင့္တယ္.."

က်န္လူမ်ားလည္း ထိတ္လန႔္သြားၿပီး ကပ်ာကယာ ပါးစပ္ပိတ္လိုက္ၾကသည္။

က်ိဳး‌ေလာင္ရွီးေျပာတာ မွန္တယ္။ ဥကၠ႒ခ်န္းနဲ႔ နဉ္ရွီၾကားမွာ ဘယ္လိုဆက္ဆံေရးပဲရိွရိွ၊ သူတို႔ပါးစပ္ကေန သတင္းျပန႔္ၿပီး သတင္းေတြ ခ်ဲ့ကားသြားရင္ ျပႆနာတက္မယ့္လူက သူတို႔ေတြပဲ..!

"ဝန္ခံဖို႔ အခ်ိန္က်ၿပီ.. ရွင္ ခုနက တမင္လုပ္လိုက္တာမလား..?" နဉ္ရွီက ခ်န္းရွီေကြ့၏ရင္ဘတ္ကို လက္ၫွိုးျဖင့္ အသာတို႔ကာ ေျပာလိုက္သည္။

"ဘာကို တမင္လုပ္ရမွာလဲ..?" ခ်န္းရွီေကြ့က သူမ၏လက္ေခ်ာင္းေလးကို ဆြဲယူလိုက္၏။ ဩရွရွရယ္သံက ပဲ့တင္ထပ္ေနၿပီး.. "ေနာက္က်ေနၿပီေလ.. တျခားလူကို လိုက္ပို႔ခိုင္းရမွာ စိတ္မခ်ဘူး.."

"စိတ္မခ်ရဆံုးလူက ရွင္ပဲေလ.." နဉ္ရွီက ခ်န္းရွီေကြ့ကို မ်က္ေစာင္းထိုးလိုက္ကာ.. "မဟုတ္လို႔လား..?"

ခ်န္းရွီေကြ့က ၿပံဳးကာ သူမေလးကို ရင္ခြင္ထဲ ဆြဲေပြ့ပစ္လိုက္သည္။ ၿပီးေနာက္ ဆံႏြယ္မ်ားကို ခပ္ဖြဖြ ပြတ္သပ္ေပးရင္း.. "လူတိုင္းကို မင္းက ကိုယ့္ရဲ့မိန္းကေလးဆိုတာ သိေစခ်င္တယ္.."

နဉ္ရွီက သူ႔ကို ေမာ့ၾကၫ့္ကာ.. "အဲ့လိုမ်ိဳး တကယ္ ျဖစ္ေစခ်င္တာလား..?"

ခ်န္းရွီေကြ့က နဉ္ရွီအား ႏူးညံ့ေနြးေထြးစြာ ငံု႔မိုးၾကၫ့္လာ၏။ ႏူးညံ့လြန္းရကား နဉ္ရွီပင္ သူ၏ အၾကၫ့္ထဲ နစ္မြန္းေပ်ာ္ဝင္သြားေတာ့မေယာင္...

"အင္း.." ခ်န္းရွီေကြ့က ၿပံဳးသည္။ "ဒါေပမဲ့ မင္းက ကိုယ့္ရဲ့ေပါင္လံုးကို ဖက္တြယ္ဖို႔ ႀကိဳးစားေနတယ္လို႔ တျခားလူေတြ ေျပာလာမွာကိုေတာ့ ကိုယ္ မလိုလားဘူး.."

"အဓိပၸါယ္မရိွတာေတြ.. ကြၽန္မက ဘာလို႔ ရွင့္ရဲ့ေပါင္လံုးကို ဖက္ရမွာလဲ..?" နဉ္ရွီက တခစ္ခစ္ရယ္ကာ ခ်န္းရွီေကြ့၏ခါးကို ဖက္လိုက္ရင္း.. "ခါးဖက္ရတာပဲ ပိုႀကိဳက္တယ္.."

ခ်န္းရွီေကြ့ထံမွ ရယ္သံ ထြက္လာျပန္၏။

ေနာက္တစ္ရက္မနက္...

'Tan Haixian Ji' ၏ အြန္လိုင္းပရိသတ္မ်ားသည္ ရုပ္ရွင္အတြက္ အင္တိုက္အားတိုက္ Review ေပးထားၾက၏။ နဉ္ရွီ၏ Weibo Account သို႔ အေတာ္မ်ားမ်ား ေရာက္ခ်လာၿပီး သူတို႔လည္း သူမ၏ ပရိသတ္ျဖစ္သြားၿပီျဖစ္ေၾကာင္း Comment ေရးထားၾကေလသည္။

သူတို႔ အပိုလုပ္ေနျခင္းမဟုတ္၊ နတ္မိမယ္ခ်င္းယန္အျဖစ္ အသက္သြင္းပံုေဖာ္ထားေသာ နဉ္ရွီ၏ အသြင္အျပင္တစ္ခုခ်င္းစီက သူတို႔ေမ်ွာ္လင့္ထားသည္ႏွင့္ အံဝင္ခြင္က်ျဖစ္ေနၿပီး ငယ္စဉ္ကေလးဘဝက ပံုေဖာ္ခဲ့ဖူးေသာ နတ္မိမယ္မ်ားကို ျပန္လည္အမွတ္ရလာေစ၏။

သိပ္မၾကာခင္မွာပဲ 'Tan Haixian Ji' ၏ ၾကၫ့္ရႈႏႈန္းသည္ ရုပ္ရွင္ရံုမ်ား၏ ထိုင္ခံုေရာင္းခ်မႈစာရင္းအရ သန္းငါးရာေက်ာ္ ရိွလာခဲ့သည္။ ထိုရုပ္ရွင္မွ ဝင္ေငြမ်ားစြာ ရရိွႏိုင္မည္ျဖစ္ေၾကာင္း သိသာေနေတာ့သည္။

ဘယ္အခ်ိန္က စတင္လာမွန္းမသိ၊ လူအေတာ္မ်ားမ်ားက နဉ္ရွီအား 'နတ္ဘုရားမ နဉ္ရွီ' ဟူ၍ ေခၚေဝၚလာၾကေလသည္။ သို႔ႏွင့္ နဉ္ရွီ၏ ပရိသတ္မ်ားသည္လည္း 'နတ္ဘုရားမ'၏ ပရိသတ္မ်ား <<Goddess's fans>> ဟူ၍ ျဖစ္လာေတာ့သည္။

..........................................................

Continue Reading

You'll Also Like

107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
1.5M 191K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
236K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...