နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

155K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [55]

1K 133 4
By Lazy_Little_Meow

[Unicode]

“မစ္စတာချန်း...” ချန်းရှီကွေ့၏ဘေးတွင်ထိုင်နေသူက ‘Tán Hǎixiān jì’၏ နောက်ထပ်ရင်းနှီးမြှုပ်နှံသူပင်။ ချန်းရှီကွေ့က ဒီအမျိုးသမီးသရုပ်ဆောင်အပေါ် စိတ်ဝင်စားနေပေမယ့် အောင်အောင်မြင်မြင် မလိုက်နိုင်သေးကြောင်း ‌‌ ကောလာဟလ‌တွေကြားခဲ့ဖူးသည်မှာ ကြာလှပြီ။ ဤအကြောင်းအရာကြောင့် သူတို့၏လူမှုအသိုင်းအဝိုင်းတွင် ချန်းရှီကွေ့ကို အများကပင် ‌ပြက်ရယ်ပြုခဲ့ကြသေးသည်။ “ဒီအမျိုးသမီးသရုပ်‌ဆောင်က ရိုက်ကွင်းမှာဆို အရမ်းအလုပ်ကြိုးစားတယ်လို့ ပရိုဂျူဆာက ကျုပ်ကို အရင်က ပြောဖူးတယ်။ ချင်းချုံဟိုင်က သူ့ကိုဘာလို့သဘောတွေ့နေလဲဆိုတာ မထူးဆန်းတော့ပါဘူးဗျာ”

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို စိတ်ဝင်စားနေသောအခါ လူတွေက သူမကို ချီးမွမ်းဂုဏ်ပြုကြလျှင် သူမကိုပိုးပန်းနိုင်ခြင်းရှိမရှိကို ပဓာနမထားဘဲ သူလည်းပဲပျော်ရွှင်ရသည်ပင်။ ဤသည်က သူကြိုက်သောအရာကို အသိအမှတ်ပြုခြင်းပင်။

အသေအချာပင်...ချန်းရှီကွေ့က သူ့စကားတွေကြောင့် မသိစိတ်အရ ပြုံးလိုက်၏။ “နဉ်ရှီက အဲ့လိုပဲလေ။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ သူမက ဘာပဲလုပ်လုပ် တတ်နိုင်သလောက် အကောင်းဆုံးလုပ်တာ...”

ရင်းနှီးမြှုပ်နှံသူက ဒီသရုပ်ဆောင်ဟာ တကယ်ကိုစွမ်းဆောင်နိုင်တာပဲလို့ သူ့ကိုယ်သူပြန်တွေးရင်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ချန်းရှီကွေ့၏ အသံနေအသံထားကို ကြည့်ရုံနဲ့တင် နူးညံ့ညင်သာမှုက ယိုစိမ့်လာတာကို တွေ့နိုင်ပေသည်။

ကျင်းမိသားစုနှင့်ပိုင်မိသားစုမှ သခင်မလေးတွေက ချန်းရှီကွေ့ကို စိတ်ဝင်စားနေကြသည်ဟု ကောလာဟလထွက်ခဲ့ဖူးသည်။ သူတို့က ချန်းရှီကွေ့ရဲ့စိတ်ဝင်စားမှုကို အောင်မြင်စွာ မဖမ်းဆုပ်နိုင်သေးပေမယ့် ဒီသရုပ်‌ဆောင်မင်းသမီးကတော့ လုပ်နိုင်ခဲ့တယ်လေ!

စင်မြင့်ထက်တွင် အခမ်းအနားမှူးက နဉ်ရှီကို ‌မေးလိုက်သည်။ “နတ်မိမယ်ချင်းယန်အဖြစ် သရုပ်ဆောင်တုန်းက ရင်ဆိုင်ရတဲ့အရာတွေထဲ ဘယ်ဟာကအခက်ခဲဆုံးလဲ?”

နဉ်ရှီပြုံးလိုက်သည်။ “နတ်မိမယ်ချင်းယန်က ပြီးပြည့်စုံတဲ့ နတ်သမီးတစ်ပါးရဲ့စံနမူနာဆိုတာကို ဝတ္ထုရဲ့ဖန်တွေကတော့ သိကြမှာပါ။ ဒါကြောင့်မို့ အခက်ခဲဆုံးအပိုင်းကတော့ နတ်ဘုရားမလိုအော်ရာတွေကို ဖော်ပြရတာနဲ့ လက်ဟန်ခြေဟန်တွေ လုပ်ပြရတာကိုပေါ့”

နဉ်ရှီက အမှန်ကိုပြောနေခြင်းပင်။ ပြောရလျှင် နတ်မိမယ်ချင်းယန်၏ သရုပ်ဆောင်အကြောင်း ဆွေးနွေးစဉ်တွင် ဤအခြင်းအရာက လူတိုင်းအစိုးရိမ်ရဆုံးကိစ္စပင်။ ဖျော်ဖြေရေးလောကရှိ ဘယ်မင်းသမီးမှ ပြီးပြည့်စုံသည့် နတ်မိမယ်ချင်းယန်ကို အမှန်ပင်ဖော်ကျူးနိုင်မည်မဟုတ်ဟု လူတိုင်းခံစားမိကြသည်။

နတ်မိမယ်ကို မည်သူမျှမမြင်ဖူးသေး သို့သော် လူတိုင်းငယ်ငယ်ကတည်းက သူတို့အကြောင်းကို ပုံပြင်များအဖြစ်တော့ ကြားဖူးခဲ့ကြသည်။ ထို့ကြောင့် သူတို့မှာ နတ်သမီးတွေနှင့်ပတ်သက်၍ စိတ်ကူးယဉ်အိပ်မက်တွေ ရှိကြစမြဲပင်။

ဤသည်က နဉ်ရှီ၏ဇာတ်ကောင်ဟာ အစကတည်းက လူအများကြား အငြင်းပွားဖွယ်ဖြစ်နေခဲ့ရတာ၏ အကြောင်းအရင်းပင်။ ရုပ်ရှင်မိတ်ဆက်ပွဲ ပြီးသွားသည့်နောက်တွင် ဖန်တွေ၏အာရုံစိုက်စရာ ဖြစ်လာလိမ့်မည်။

“အဲ့အကြောင်း ပြောရဦးမယ်။ နဥ်ရှီက အဲ့ဇာတ်ကောင်နေရာကို ကောင်းကောင်းသရုပ်ဆောင်နိုင်ဖို့အတွက် နတ်သမီးတွေနဲ့ပက်သက်တဲ့ ဆောင်းပါးတွေအများကြီး လိုက်ရှာဖတ်ခဲ့တာ။ အဲ့တုန်းကဆို သူ့(မ)ဖုန်းရဲ့ wallpaper ကအစ သွမ့်ဟွမ်က အကနတ်သမီးရဲ့ ပျံသန်းနေဟန်*ပုံပဲ။ ပြီးတော့တိုက်ခန်းတစ်ခုလုံးကိုတောင် အကနတ်သမီးရဲ့ ပုံရိပ်တွေနဲ့ အလှဆင်ထားသေးတယ်!” စွန်းယွီဟန် စပြောလာ၏။ “အဲ့အချိန်က ရှီရှီကကျင့်ကြံရေးလမ်းကြောင်းထဲ ဝင်တော့မယ်ဆိုပြီးတော့တောင် စလိုက်ကြသေးတယ်”
[T/N: သွမ့်ဟွမ်ရဲ့ဂူတွေမှာရှိတဲ့ ရှေးဟောင်းနံရံဆေးရေးပန်းချီကားကပုံတွေပေါ့နော်။ ဖေးထျန်း(အက/ဂီတနတ်သမီး)လို့ ခေါ်ကြပါတယ်တဲ့။ အောက်မှာပုံထည့်ပေးထားတယ်နော်။]

“သွမ့်ဟွမ်က အကနတ်သမီးရဲ့ ပျံသန်းနေဟန်ပုံလား?” အမျိုးသမီးအခမ်းအနားမှူးက ‌အံ့ဩသွားပုံရသည်။ “‌ဒါက အဆင့်မြင့်သွားပြီ!”

“အဲ့ဒီ နတ်မိမယ်ပျံသန်းနေတဲ့ပုံရိပ်တွေက လှတယ်လို့ ခံစားမိလို့ရယ်” နဉ်ရှီက ခေါင်းကိုလှည့်ပြီး နောက်ထပ်တွေးတောလိုက်သည်။ “အဲ့ဒါက ကျွန်မပုံဖော်ထားတဲ့ နတ်မိမယ်ပုံစံမျိုးလဲ ဖြစ်နိုင်တယ်‌..”

“ဝတ္ထုထဲမှာက နတ်မိမယ်ချင်းယန် တင့်တင့်တယ်တယ်ကတဲ့အပိုင်းကို ဖော်ကျူးထားတယ်ပေါ့နော်။ အဲ့ဒီအခန်းက ဇာတ်ကားမှာ ပါလာမှာလား?” အမျိုးသားအခမ်းအနားမှူးက စူးစူးစမ်းစမ်း မေးလိုက်သည်။ “မိန်းမလှလေးကနေတာကို ကြည့်ရမယ်ဆိုရင် ရင်ခုန်စရာကောင်းမှာပဲ”

နဉ်ရှီက မေးခွန်းကို အတည်ပြုခြင်းမရှိ၊ ငြင်းဆိုခြင်းလည်းမပြုဘဲ တိတ်တဆိတ်ပြုံးရင်း ခေါင်းကိုငုံ့လိုက်သည်။

ဤအခိုက်တွင် ဒါရိုက်တာချင်းက ပြန်‌ဖြေလိုက်သည်။ “ပရိသတ်တွေ စိတ်မပျက်စေရပါဘူး”

အခမ်းအနားမှာရှိနေကြသည့် ရုပ်ရှင်ဝေဖန်သူတွေ၏အာရုံက သူ၏မှတ်ချက်ကြောင့် စနိုးစနောင့်ဖြစ်သွားရသည်။ ဒါရိုက်တာချင်းက ဒီဇာတ်ဝင်ခန်းကို ရိုက်ခဲ့သည်ထင်။ ထိုဇာတ်ဝင်ခန်းက ယုတ္တိရှိသော စွမ်းဆောင်ချက်ပင်။ အဆုံးတွင် နတ်မိမယ်ချင်းယန်က ဤဇာတ်ကား၏ လျှို့ဝှက်အဆန်းကြယ်ဆုံးအရာများထဲတွင် တစ်ခုအပါဝင်အဝင်ဖြစ်သည်လေ။ အကဇာတ်ဝင်ခန်းကို ကောင်းစွာရိုက်ကူးနိုင်ခဲ့လျှင် ဇာတ်ကားက မလွဲမသွေ ပိုပြီးအာရုံစိုက်ခံရမှာပင်။

သို့သော် လတ်တလောတွင် ရုပ်ရှင်ထုတ်လုပ်ရေးများက အကဇာတ်ဝင်ခန်းနှင့်ပတ်သက်၍ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်ခဲ့ကြပေ။ အများစုက အံ့ဩချင်ယောင်ဆောင်နေကြဆဲဖြစ်သော်လည်း ဇာတ်ကားအများစုတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော အကဇာတ်ကွက်သည် အမြဲလိုလို ခပ်ညံ့ညံ့ကကွက်တစ်ခုအဖြစ်သာ အဆုံးသတ်သွားရသည်။

အသေအချာကို ဒါရိုက်တာတစ်ယောက်တည်း၏ အမှားပဲမဟုတ်ချေ။ ရုပ်ရုပ်ထုတ်လုပ်ရေးများက ကုန်ကျစရိတ်ကြီးမားသည့်အလျောက် ဒါရိုက်တာက ဇာတ်ကွက်ကို ပိုကောင်းအောင် ရိုက်ချင်ရင်တောင်မှ ပရိုဂျူဆာတွေက သဘောတူလိမ့်မည်မဟုတ်ပေ။ သရုပ်ဆောင်တွေက အသေအချာကို ပူးပေါင်းပေးကြမည်မဟုတ်သည့်အပြင် ပရိသတ်များကလည်း အကဇာတ်ဝင်ခန်းက ရင်သပ်ရှုမောဖွယ်ကောင်းသည်ဖြစ်‌စေ၊မကောင်းသည်ဖြစ်စေ ဇီဇာကြောင်နေကြမည်မဟုတ်။

လူတွေရဲ့အကြိုက်က မတည်ငြိမ်တော့ ဒါရိုက်တာလည်း ဘာမှမတတ်နိုင်ပေ။

ချင်းချုံဟိုင်က ဤကန့်သတ်ချက်ကိုကျော်လွှားကာ ရင်သပ်ရှုမောဖွယ်ကောင်း‌သော အကဇာတ်ဝင်ခန်းတစ်ခု ရိုက်ကူးခဲ့ရန်သာ သူတို့မျှော်လင့်နိုင်တော့သည်။

အခုချိန်တွင် ကြော်ငြာသင့်သည်များကို ကြော်ငြာထားပြီးပြီ။ အိမ်တွင် ရုပ်မြင်သံကြားထုတ်လွှင့်မှုကို ကြည့်နေကြသော ပရိသတ်များသည်ပင် ဇာတ်ကားကို စိတ်ဝင်တစားရှိကြသည်။ မိတ်ဆက်ပွဲပြီးသွားသည်နှင့် ဇာတ်ကားပြသခြင်းဟာလည်း စတင်လေတော့သည်။

သူတို့မျက်လုံးကို ဖမ်းစားသွားခဲ့သည့် မြင်ကွင်းက ပရိသတ်တွေကို ဒဏ္ဍာရီလာ ရှန်းရှကမ္ဘာထဲသို့ ဆွဲခေါ်သွားရင်း တစ်ဖန်ပေါ်ထွက်လာသည်။

ကျင့်ကြံခြင်းခရီးစဉ်ပေါ်ရှိ အမျိုးသားဇာတ်လိုက်၊ သူ့ကိုအဖော်ပြုပေးနေသည့် အမျိုးသမီးဇာတ်လိုက်နှင့် ထိုခရီး‌စဉ်တစ်လျှောက်တွင် တွေ့ခဲ့ရသော နတ်ဆိုးများက ပရိသတ်များ ထိုင်ခုံပေါ်တွင် မြဲမြဲထိုင်နေရသည့် အဓိကသော့ချက်များပင်။

နဉ်ရှီ၏ဇာတ်ကောင် နတ်မိမယ်ချင်းယန်က တိမ်တိုက်များဆီမှ လွင့်မျောလာပြီး လူတိုင်းက အညှို့ခံလိုက်ရတော့၏။ အ‌ကြောင်းမှာ သူတို့မြင်နေရတာက နဉ်ရှီမဟုတ်ဘဲ နတ်မိမယ်စင်စစ်မို့လို့ပင်။

အဓိကဇာတ်လမ်းဇာတ်အိမ်သည် နတ်မိမယ်တွေက သေမျိုးတွေကို ဘယ်လိုကူညီနိုင်တယ် ဆိုတဲ့အကြောင်းမဟုတ်၊ လူသားတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်ခြင်းက ကောင်းကင်ဘုံကို ဘယ်လိုအောင်နိုင်ခဲ့ပြီး နတ်မိမယ်တွေဟာလည်း သေမျိုးတွေယုံကြည်ထားသလို တသီးတခြားဖြစ်မနေ၊ ပြီးပြည့်စုံမနေဆိုသည့်အကြောင်းပင်။

ကောင်းကင်နန်းတော်၌ နတ်မိမယ်ချင်းယန်က နတ်ဘုရားတွေရှေ့ ကပြဖျော်ဖြေနေချိန် သေမျိုးကမ္ဘာကတော့ နှစ်တစ်ရာအတွင်းတွင် အဆိုးရွားဆုံးသော မိုးခေါင်ခြင်းကို ခံစားနေရရှာ၏။ သူတို့ဒူးထောက်ကာ နတ်ဘုရားတွေထံ ဆုတောင်းခဲ့ပေမယ့် နတ်ဘုရားတွေကတော့ သူတို့ကို ကိုးကွယ်သူတွေ၏ဆုတောင်းစကားများကို လွယ်လွယ်ပင်မေ့ပျောက်သွားခဲ့ပြီး ထိုအစား အရေးမပါသောကိစ္စများတွင်သာ မွေ့လျော်နေခဲ့သည်။

မူရင်းဝတ္ထုက ဇာတ်လိုက်၏ကျင့်ကြံရေးနှင့်အောင်မြင်မှုအပေါ် အာရုံစိုက်ထားပေမယ့် ဇာတ်ကားကတော့ လူ့သဘောသဘာဝ၊နတ်မျိုးနွယ်နှင့် လူတို့၏စိတ်နေစိတ်ထားကို မီးမောင်းထိုးပြထားသည်။ ဇာတ်ကားက ပရိသတ်များအား လူတိုင်း ကိုယ့်အားကိုယ်ကိုးတတ်ဖို့ရန်၊ ပိုမိုသန်မာလာစေရန်နှင့် လာမည့်အနာဂတ်ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်စေရန် ရည်ရွယ်ထားသည်။ ဇာတ်ကား၏အရှေ့ပိုင်းတွေက လူတိုင်းကြိုက်နှစ်သက်စေမည့်အပိုင်းတွေဖြစ်ပြီး နောက်ပိုင်းတွေက ပို၍နက်နဲလာကာ အပြုသဘောဆောင်သော အတွေးအခေါ်များက ပျံ့နှံ့လျက်ရှိ၏။

အကဇာတ်ဝင်ခန်းက အလွန်နူးညံ့သိမ်မွေ့လှပေသည်။ ပရိသတ်များက မတတ်သာစွာ ဇာတ်ဝင်ခန်းထဲတွင် သူတို့ကိုယ်သူတို့ စီးမြောပါဝင်ခံစားမိကြတော့သည်။ သို့သော် ၎င်းသည် နတ်ဘုရားတွေက မည်မျှပင်အေးစက်ကာရက်စက်ကြောင်း ဖော်ပြနေသည့် ဇာတ်ဝင်ခန်း၏အလှတရားပင်။

ဇာတ်ကား၏ဇာတ်သိမ်းက အတော်လေးကို မရေမရာပင်။ နှစ်သက်ဖွယ်ကောင်းသော တောင်များနှင့်သမုဒ္ဒရာများက တိမ်တွေ၊မြူတွေနှင့် ဖုံးလွှမ်းခံရဆဲဆိုသော်ငြား နတ်ဘုရားကို ကိုးကွယ်သည့်လူများကတော့ လျော့ပါးသထက်လျော့ပါးသွားသည်ကို မြင်နိုင်ပေသည်။

အဖိုးအိုက အမျိုးသားဇာတ်လိုက်ကို‌ မေးလိုက်သည်။ “လူလေး ဘယ်သွားမလို့လဲကွယ့်?”

အမျိုးသားဇာတ်လိုက်က အဝေးက တောင်တွေဆီကြည့်လိုက်သည်။ ခဏကြာပြီးနောက်တွင် သူပါးစပ်ဟလာသည်။ “ကျွန်တော် လူတစ်ယောက်ကိုရှာနေတာ”

“မင်းဘယ်သူ့ကိုရှာနေတာလဲ?” လူအိုကြီးက မေးလိုက်သည်။

အမျိုးသားဇာတ်လိုက်က စကားတစ်ခွန်းမှမဆိုတော့ဘဲ ခေါင်းသာခါလိုက်ကာ လူအုပ်ကြားထဲ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ဇာတ်ကားထဲ၌ အမျိုးသမီးဇာတ်လိုက်သည် နတ်ဆိုးတွေလက်ထဲ သေဆုံးသွားပြီးနောက် လူပြန်ဝင်စားခဲ့သည်။ နတ်မိမယ်ချင်းယန်က နတ်ဆိုးတွေ၏တိုက်ခိုက်မှုမှ ရှင်သန်လွတ်မြောက်ခဲ့သော်လည်း သေမျိုးတွေ၏ကိစ္စရပ်တွေထဲ ဝင်ရောက်စွက်ဖက်ခဲ့သောကြောင့် ကောင်းကင်ဘုံဧကရာဇ်က သူမအား ဒဏ်ခတ်ခဲ့သည်။ သူမ၏အမတအစွမ်းကို ပြန်ယူသွားပြီး သူမ၏စိတ်ဝိညာဉ်အား ဖျက်ဆီးပစ်ခဲ့သည်။ နတ်မိမယ်ချင်းယန်သည် ဤကမ္ဘာမှ ပျောက်ကွယ်သွားတော့၏။

သို့ဖြစ်၍ အမျိုးသားဇာတ်လိုက်ရှာနေသူက အမျိုးသမီးဇာတ်လိုက်၏လူဝင်စား ဖြစ်ကောင်းဖြစ်နိုင်၏။ သို့ပေသိ ဇာတ်သိမ်းပိုင်းကို နတ်မိမယ်ချင်းယန်စတင်ပေါ်ပေါက်ခဲ့သည့် နေရာအတိအကျတွင် ရိုက်ကူးခဲ့တာကြောင့် ရုပ်ရှင်ဝေဖန်သူတချို့က သူရှာနေသည်မှာ နတ်မိမယ်ချင်းယန်ဖြစ်နိုင်သည်ဟု ခံစားမိကြသည်။

ဇာတ်ကားပြီးသွားချိန် ခန်းမတစ်ခုလုံးက စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားရကာ ပြီးမှ လက်ခုပ်သံကျယ်ကျယ်များက တစ်ခန်းလုံးတွင် ပြည့်နှက်သွားသည်။

‘Tán Hǎixiān jì’၏ ရုပ်ရှင်အဖွဲ့သားအားလုံး စင်ပေါ်တက်လာပြီး ကျေးဇူးတင်သည့်အနေနှင့် ပရိသတ်တို့ကို ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ဇာတ်ကား၏နာမည်က ‘Tán Hǎixiān jì’ဖြစ်ပေမယ့် အကြောင်းအရာကတော့ မသေမျိုးလောကကို သရော်မှုအပြည့်ပင်။ ထိုအချက်က ချင်းချုံဟိုင်ကို အောင်မြင်စေခဲ့သည်။ အနည်းဆုံးတော့ သူ၏conceptက ဆင်ဆာအဖွဲ့နှင့် ရုပ်ရှင်ဝေဖန်ရေးသမားတွေကို ကျော်လွှားနိုင်ခဲ့သည်။
==========
“အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်တစ်ခု ဖြစ်လာဖို့!Cheer!” သီးသန့်ခန်းထဲတွင် ‘Tán Hǎixiān jì’၏ ရုပ်ရှင်အဖွဲ့သားများက သူတို့၏ခွက်များကို မြှောက်လိုက်ကြ၏။ သူတို့အားလုံး စိတ်ကောင်းဝင်နေသည်။

ထိုညကတင် ရုပ်ရှင်ဇာတ်ကားကို စတင်,တင်ဆက်ခဲ့ပြီး box-office မှဝင်ငွေများကို မရေတွက်ရသေးသော်လည်း ရုပ်ရှင်ပြသစဉ်က ပရိသတ်၏တုံ့ပြန်မှုအရ ဤရုပ်ရှင်သည် မလွဲမသွေ အောင်မြင်လာတော့မည်ဆိုတာကို သူတို့အား အာမခံနေပါ၏။

ပုံမှန်အားဖြင့် သူတို့က ဒါရိုက်တာကို မစနောက်ရဲကြပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့စိတ်ကိုဒုန်းဒုန်းချလို့ ဒါရိုက်တာချင်းကို အောင်ပွံခံရန် အလှည့်ပေးလိုက်သည်။ ကံကောင်းစွာဖြင့် သူတို့ထိန်းထားနိုင်၍ပင် မဟုတ်လျှင် ဒါရိုက်တာချင်းတစ်ယောက် တော်တော်မူးသွားလောက်သည်။

သို့သော်ငြား သူတို့ထဲကအများစုက ရင်းနှီးမြှုပ်နှံသူနှစ်ယောက်ကိုတော့ သွားမစရဲကြပေ။ ရင်းနှီးမြှုပ်နှံသူတွေ၏နှစ်သက်ခံရဖို့ မျှော်လင့်ကြသော်လည်း သူတို့နေရာတွင် အဓိကသရုပ်ဆောင်က အကျအနထိုင်နေတာကိုမြင်တော့ မလှုပ်ရှားရဲကြတော့ပေ။

ကျန်းဖေးဖေးက ဇာတ်ကားထဲ၌ ဒုတိယအမျိုးသမီးဗီလိန်ဇာတ်ကောင်ဖြစ်သည်။ သူမ၏ဇာတ်ဝင်ခန်းက အများကြီးရယ်လို့ မဟုတ်သော်လည်း ကျူးမိုလီ၏ကျဆုံးခန်းကနေ အကျိုးအမြတ်ရလိုက်သည်။ သူမက နဉ်ရှီ၏ဘေးတွင်ထိုင်နေပြီး နဉ်ရှီ၏လက်မောင်းကို စပ်စပ်စုစုနှင့် ပုတ်လိုက်သည်။ “ရှီရှီ...နင် ဥက္ကဌချန်းနဲ့ သူငယ်ချင်းဘယ်လိုလုပ်ရဲတာလဲ? သူ့ကြည့်ရတာ တကယ်ကိုခက်ထန်တဲ့ပုံပဲ..”

နဉ်ရှီက သူမ၏သိလိုစိတ်ပြင်းပြနေသောမျက်နှာကို ကြည့်လိုက်သည်။ ဒါပေမယ့် သူမ၏အကြည့်များထဲတွင် မျှော်လင့်ရိပ်သန်းနေတာကိုလည်း သတိထားမိလိုက်သည်။ နဉ်ရှီက ကျန်းဖေးဖေး၏ ဖုံးကွယ်ထားသောရည်ရွယ်ချက်ကို မသိချင်ယောင်ဆောင်လိုက်ပြီး ပြုံးလိုက်၏။ “ကျွန်မကျင့်သားရသွားလို့ ဖြစ်မယ်...ပြောရမယ်ဆို ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာကြာပြီလေ”

“ဟမ်?” ကျန်းဖေးဖေးက အလွန်အမင်းအံ့အားသင့်သွားသည်။ “ရှင်တို့တွေက တကယ်ပဲ နှစ်တွေအကြာကြီး သူငယ်ချင်းကောင်းတွေ ဖြစ်ခဲ့ကြတာလား?”

“ဟုတ်တယ်” နဉ်ရှီဆက်မပြောဘဲ ပြုံးသာပြုံးလိုက်သည်။

ကျန်းဖေးဖေးက မနာလိုအားကျနေရ၏။ သူမမှာသာ အဲ့လိုအင်အားကြီးတဲ့ သူငယ်ချင်းရှိ‌ခဲ့မယ်ဆိုလျှင် နဉ်ရှီလိုမျိုး တည်ငြိမ်နိုင်လိမ့်မည်မဟုတ်သည့်အပြင် ထိုလူ၏နှစ်သက်မှုကိုရဖို့ ကြိုးစားမိလောက်သည်။

ဒီလိုအင်အားကြီးတဲ့ယောက်ျားနဲ့ သူငယ်ချင်းလုပ်နိုင်တာက ကျိန်းသေပေါက်ကို နဉ်ရှီရဲ့စရိုက်ကြောင့်ပဲ ဖြစ်လိမ့်မယ်!

ပြောရမယ်ဆို ပြီးပြည့်စုံမှုဆိုတာက မွေးရာပါပဲလေ။

အစာစားနေစဉ်တွင် ရုတ်တရက် ချန်းရှီကွေ့က လက်ကိုဆန့်လို့ အခွံခွာထားသော ပုစွန်ထုပ်တစ်ပန်းကန်ကို နဉ်ရှီရှေ့တွင် ချပေးလိုက်သည်။

သူတို့၏စားပွဲပေါ်က လူတွေက နဉ်ရှီ၏သေသေချာချာ လက်သည်းဆေးဆိုးထားသောလက်များကို ကြည့်လိုက်ကာ တိတ်ဆိတ်နေသော ချန်းရှီကွေ့ကို ကြည့်လိုက်ပြန်သည်။ ထို့နောက် သူတို့၏စိတ်ထဲတွင် ရုန်းကန်နေရသည့်တိုင် ထိုမြင်ကွင်းကိုတော့ မမြင်လိုက်သလို ဟန်ဆောင်လိုက်သည်။

ဒါဆို ကောလာဟလတွေက မှန်နေတာပေါ့။ ချန်းလုပ်ငန်းစုရဲ့ဥက္ကဌက နဉ်ရှီကို တကယ်စိတ်ဝင်စားနေတာပဲ!

ထို့နောက် သူတို့ နဉ်ရှီ၏တုံ့ပြန်မှုကို အကဲခတ်ကြည့်လိုက်သည်။ သူမက မျက်နှာချိုသွေးပြမနေသလို ရွံ့တွန့်တွန့်လည်း ဖြစ်မနေပါချေ။ သဘာဝကျစွာပင် သူမ၏တူကိုယူလို့ ပုစွန်ထုပ်များကို စတင်စားတော့သည်။ ဒီအကျင့်ဖြစ်နေမှုကြီးက...တကယ်ကို ပုံမှန်မဟုတ်နေဘူးပဲ။

ဒီလိုပုံစံမျိုးက ကြီးစိုးခြယ်လှယ်တတ်တဲ့ CEOတွေရဲ့ အကြိုက်များလား? သူတို့ကို ပိုးပန်းသူတွေကိုတော့ ဂရုမစိုက်ဘဲ သူတို့ရဲ့ဆွဲဆောင်မှုကို အဖက်မလုပ်တဲ့သူတွေကိုကျ သဘောကျနေတာမျိုးလား?

နဉ်ရှီက စားပွဲပေါ်က တခြားလူတွေ၏ ထိတ်လန့်မှုကို မသိချင်ယောင်ဆောင်ထားလိုက်သည်။ သူမပုစွန်နှစ်ခုစားပြီးနောက်တွင် သီးသန့်ခန်းတွင် ရုတ်ခြည်းဆိုသလို တံခါးခေါက်သံပေါ်ထွက်လာခဲ့သည်။ တံခါးနှင့်အနီးဆုံးတွင်ရှိသောသူက တံခါးသွားဖွင့်ကြည့်လိုက်တော့ ဝင်ပေါက်မှာ ကျူးမိုလီကိုတွေ့လိုက်ရသည်။

သူတို့သူမကို မတွေ့ခဲ့ရသည်မှာ အချိန်တချို့လောက်ရှိပြီ။ ကျူးမိုလီက နုံးချိနေပုံပေါက်သည်။ သူမက အခန်းထဲကို အလောတကြီးဝင်လာကာ ‌အနီးအနားဝန်းကျင်ကို အကဲခတ်ပြီးနောက်တွင် သူမ၏အကြည့်က နဉ်ရှီ၏စားပွဲထံသို့ ကျရောက်သွားသည်။

ကျူးမိုလီ၏နဉ်ရှီအပေါ် အနိုင်ကျင့်မှုကို တစ်ဖွဲ့လုံးက သိထားခဲ့သည်။ အခန်းထဲကလေထုအခြေအနေက ရုတ်တရက်ဆိုသလို ကသိကအောက်နိုင်လာကာ ဒီအခန်းထဲ သူမပေါ်လာပုံကို ကြည့်နေကြ၏။

ရုပ်ရှင်အဖွဲ့က သူမကိုမိတ်ဆက်ပွဲတွင်သာမက ညစာစားပွဲတွင်ပါ မဖိတ်ကြားခဲ့ပေ။ သူမဒီမှာပေါ်လာပြီး ဘာလုပ်ဖို့ကြိုးစားနေတာလဲ?

သူမ၏ထွက်ပေါ်လာမှုက ရုတ်တရက်ဆန်ပြီး လူအများစုက သူမကိုမကြိုဆိုမှန်း ကျူးမိုလီတစ်ယောက် သိပါ၏။ သို့ပေမယ့် အခုချိန်မှာ သူမကကြံရာမရဖြစ်နေပြီး ရုပ်ရှင်အဖွဲ့သားများနှင့် ဆက်ဆံရေးကောင်းတည်ဆောက်ဖို့ကလွဲ၍ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားမထိတော့ပေ။

“ကျူးလောင်ရှီး...ဒီမှာ ဝင်ထိုင်လို့ရပါတယ်” ဒါရိုက်တာ၏လက်ထောက်က ကျူးမိုလီကို ပင်မစားပွဲနှင့် ခပ်ဝေးဝေးတွင်ရှိသည့် အခန်း‌ထောင့်ရှိစားပွဲဆီ ဆွဲခေါ်၍ ခပ်မြန်မြန်ပင် တုံ့ပြန်လာ၏။

အတိတ်ကကျူးမိုလီဆိုလျှင် ထိုသို့သောခုံတွင် နေရာချ‌ပေးတာနှင့် ဒေါသထွက်နိုင်လောက်သည်။ သို့သော် သူမကတော့ တိတ်တိတ်လေးထိုင်ကာ သူမစားပွဲရှိလူများကို ပြုံးပင်ပြုံးပြလိုက်သေးသည်။

အခန်းထဲကလေထုက မြန်မြန်ဆန်ဆန်ပင် ပြန်ကောင်းလာပေမယ့် ကျူးမိုလီကို အားလုံးက တမင်ရည်ရွယ်၍ဖြစ်စေ မဖြစ်စေ ဖယ်ကြဉ်ထားကြဆဲပင်။ သို့တိုင် ကျူးမိုလီကတော့ အနှီအေးစက်စက်သဘောထားကို ကြံ့ကြံ့ခိုင်နိုင်ဆဲပင်။

“ဒီဟာက သု့ရဲ့အကျိုးဆက်ဆိုတာသိရင် အရင်ကဘာလို့အဲ့လိုလုပ်ခဲ့သေးလဲ?” စွန်းယွီဟန်က နဉ်ရှီကို တီးတိုးပြောလိုက်သည်။ “သူအရူးထလာမှာစိုးလို့ နောက်ဆို သူ့ဘေးကဝေးဝေးနေ...”

အခုချိန်တွင် ကျူးမိုလီက အပယ်ခံထားရသည့်အခြေအနေတွင် ရှိနေသည်ဖြစ်ရာ သူမသာ စိတ်ဖောက်လာလျှင် ဘာမဆိုလုပ်နိုင်စွမ်းရှိပေသည်။

“ကျွန်မသိပါတယ်...ကျေးဇူးပါ အစ်မယွီဟန်” နဉ်ရှီက စွန်းယွီဟန်ကို ပြုံးပြလိုက်ပြီး ခေါင်းထောင်ကြည့်လိုက်တော့ ချန်းရှီကွေ့ သူမကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

န‌ဉ်ရှီသူ့ကို မျက်စပစ်လိုက်သည်။ ချန်းရှီကွေ့၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ်သို့ ကော့တက်သွားကာ သူ့အမူအရာက ပျော့ပျောင်းသွားလေ၏။
________________

Meow's Note: ပုံတွေကို မမရှီ သူ့အိမ်မှာချိတ်ထားတာလည်း မပြောနဲ့လေ။ တအားလှတာကို ဟီး။ ကတဲ့vdတွေကြည့်ချင်ရင် YouTubeမှာ Dunhuang style/danceဆိုပြီး ရှာကြည့်လို့ရတယ်နော်။ ဒါနဲ့ မန့်တွေသိပ်မတွေ့ရတော့‌ ပြန်ရတာအားပြတ်တယ်ကွယ်'(
_________________

[Zawgyi]

“မစၥတာခ်န္း..” ခ်န္းရွီေကြ့၏ေဘးတြင္ထိုင္ေနသူက ‘Tán Hǎixiān jì’၏ ေနာက္ထပ္ရင္းႏွီးျမႇဳပ္ႏွံသူပင္။ ခ်န္းရွီေကြ့က ဒီအမ်ိဳးသမီးသရုပ္ေဆာင္အေပၚ စိတ္ဝင္စားေနေပမယ့္ ေအာင္ေအာင္ျမင္ျမင္ မလိုက္ႏိုင္ေသးေၾကာင္း ‌‌ ေကာလာဟလ‌ေတြၾကားခဲ့ဖူးသည္မွာ ၾကာလွၿပီ။ ဤအေၾကာင္းအရာေၾကာင့္ သူတို႔၏လူမႈအသိုင္းအဝိုင္းတြင္ ခ်န္းရွီေကြ့ကို အမ်ားကပင္ ‌ျပက္ရယ္ျပဳခဲ့ၾကေသးသည္။ “ဒီအမ်ိဳးသမီးသရုပ္‌ေဆာင္က ရိုက္ကြင္းမွာဆို အရမ္းအလုပ္ႀကိဳးစားတယ္လို႔ ပရိုဂ်ူဆာက က်ဳပ္ကို အရင္က ေျပာဖူးတယ္။ ခ်င္းခ်ံဳဟိုင္က သူ႔ကိုဘာလို႔သေဘာေတြ့ေနလဲဆိုတာ မထူးဆန္းေတာ့ပါဘူးဗ်ာ”

ေယာက္်ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို စိတ္ဝင္စားေနေသာအခါ လူေတြက သူမကို ခ်ီးမြမ္းဂုဏ္ျပဳၾကလ်ွင္ သူမကိုပိုးပန္းႏိုင္ျခင္းရိွမရိွကို ပဓာနမထားဘဲ သူလည္းပဲေပ်ာ္ရႊင္ရသည္ပင္။ ဤသည္က သူႀကိဳက္ေသာအရာကို အသိအမွတ္ျပဳျခင္းပင္။

အေသအခ်ာပင္...ခ်န္းရွီေကြ့က သူ႔စကားေတြေၾကာင့္ မသိစိတ္အရ ၿပံဳးလိုက္၏။ “နဉ္ရွီက အဲ့လိုပဲေလ။ ဘယ္ေလာက္ပဲ ခက္ခဲၾကမ္းတမ္းေနပါေစ သူမက ဘာပဲလုပ္လုပ္ တတ္ႏိုင္သေလာက္ အေကာင္းဆံုးလုပ္တာ...”

ရင္းႏွီးျမႇဳပ္ႏွံသူက ဒီသရုပ္ေဆာင္ဟာ တကယ္ကိုစြမ္းေဆာင္ႏိုင္တာပဲလို႔ သူ႔ကိုယ္သူျပန္ေတြးရင္း ၿပံဳးကာ ေခါင္းညိတ္လိုက္သည္။ ခ်န္းရွီေကြ့၏ အသံေနအသံထားကို ၾကၫ့္ရံုနဲ႔တင္ ႏူးညံ့ညင္သာမႈက ယိုစိမ့္လာတာကို ေတြ့ႏိုင္ေပသည္။

က်င္းမိသားစုႏွင့္ပိုင္မိသားစုမွ သခင္မေလးေတြက ခ်န္းရွီေကြ့ကို စိတ္ဝင္စားေနၾကသည္ဟု ေကာလာဟလထြက္ခဲ့ဖူးသည္။ သူတို႔က ခ်န္းရွီေကြ့ရဲ့စိတ္ဝင္စားမႈကို ေအာင္ျမင္စြာ မဖမ္းဆုပ္ႏိုင္ေသးေပမယ့္ ဒီသရုပ္‌ေဆာင္မင္းသမီးကေတာ့ လုပ္ႏိုင္ခဲ့တယ္ေလ!

စင္ျမင့္ထက္တြင္ အခမ္းအနားမွဴးက နဉ္ရွီကို ‌ေမးလိုက္သည္။ “နတ္မိမယ္ခ်င္းယန္အျဖစ္ သရုပ္ေဆာင္တုန္းက ရင္ဆိုင္ရတဲ့အရာေတြထဲ ဘယ္ဟာကအခက္ခဲဆံုးလဲ?”

နဉ္ရွီၿပံဳးလိုက္သည္။ “နတ္မိမယ္ခ်င္းယန္က ၿပီးျပၫ့္စံုတဲ့ နတ္သမီးတစ္ပါးရဲ့စံနမူနာဆိုတာကို ဝတၴုရဲ့ဖန္ေတြကေတာ့ သိၾကမွာပါ။ ဒါေၾကာင့္မို႔ အခက္ခဲဆံုးအပိုင္းကေတာ့ နတ္ဘုရားမလိုေအာ္ရာေတြကို ေဖာ္ျပရတာနဲ႔ လက္ဟန္ေျခဟန္ေတြ လုပ္ျပရတာကိုေပါ့”

နဉ္ရွီက အမွန္ကိုေျပာေနျခင္းပင္။ ေျပာရလ်ွင္ နတ္မိမယ္ခ်င္းယန္၏ သရုပ္ေဆာင္အေၾကာင္း ေဆြးေနြးစဉ္တြင္ ဤအျခင္းအရာက လူတိုင္းအစိုးရိမ္ရဆံုးကိစၥပင္။ ေဖ်ာ္ေျဖေရးေလာကရိွ ဘယ္မင္းသမီးမွ ၿပီးျပၫ့္စံုသၫ့္ နတ္မိမယ္ခ်င္းယန္ကို အမွန္ပင္ေဖာ္က်ူးႏိုင္မည္မဟုတ္ဟု လူတိုင္းခံစားမိၾကသည္။

နတ္မိမယ္ကို မည္သူမ်ွမျမင္ဖူးေသး သို႔ေသာ္ လူတိုင္းငယ္ငယ္ကတည္းက သူတို႔အေၾကာင္းကို ပံုျပင္မ်ားအျဖစ္ေတာ့ ၾကားဖူးခဲ့ၾကသည္။ ထို႔ေၾကာင့္ သူတို႔မွာ နတ္သမီးေတြႏွင့္ပတ္သက္၍ စိတ္ကူးယဉ္အိပ္မက္ေတြ ရိွၾကစၿမဲပင္။

ဤသည္က နဉ္ရွီ၏ဇာတ္ေကာင္ဟာ အစကတည္းက လူအမ်ားၾကား အျငင္းပြားဖြယ္ျဖစ္ေနခဲ့ရတာ၏ အေၾကာင္းအရင္းပင္။ ရုပ္ရွင္မိတ္ဆက္ပြဲ ၿပီးသြားသၫ့္ေနာက္တြင္ ဖန္ေတြ၏အာရံုစိုက္စရာ ျဖစ္လာလိမ့္မည္။

“အဲ့အေၾကာင္း ေျပာရၪီးမယ္။ နဥ္ရွီက အဲ့ဇာတ္ေကာင္ေနရာကို ေကာင္းေကာင္းသရုပ္ေဆာင္ႏိုင္ဖို႔အတြက္ နတ္သမီးေတြနဲ႔ပက္သက္တဲ့ ေဆာင္းပါးေတြအမ်ားႀကီး လိုက္ရွာဖတ္ခဲ့တာ။ အဲ့တုန္းကဆို သူ႔(မ)ဖုန္းရဲ့ wallpaper ကအစ သြမ့္ဟြမ္က အကနတ္သမီးရဲ့ ပ်ံသန္းေနဟန္*ပံုပဲ။ ၿပီးေတာ့တိုက္ခန္းတစ္ခုလံုးကိုေတာင္ အကနတ္သမီးရဲ့ ပံုရိပ္ေတြနဲ႔ အလွဆင္ထားေသးတယ္!” စြန္းယြီဟန္ စေျပာလာ၏။ “အဲ့အခ်ိန္က ရွီရွီကက်င့္ႀကံေရးလမ္းေၾကာင္းထဲ ဝင္ေတာ့မယ္ဆိုၿပီးေတာ့ေတာင္ စလိုက္ၾကေသးတယ္”
[T/N: သြမ့္ဟြမ္ရဲ့ဂူေတြမွာရိွတဲ့ ေရွးေဟာင္းနံရံေဆးေရးပန္းခ်ီကားကပံုေတြေပါ့ေနာ္။ ေဖးထ်န္း(အက/ဂီတနတ္သမီး)လို႔ ေခၚၾကပါတယ္တဲ့။ ေအာက္မွာပံုထၫ့္ေပးထားတယ္ေနာ္။]

“သြမ့္ဟြမ္က အကနတ္သမီးရဲ့ ပ်ံသန္းေနဟန္ပံုလား?” အမ်ိဳးသမီးအခမ္းအနားမွဴးက ‌အံ့ဩသြားပံုရသည္။ “‌ဒါက အဆင့္ျမင့္သြားၿပီ!”

“အဲ့ဒီ နတ္မိမယ္ပ်ံသန္းေနတဲ့ပံုရိပ္ေတြက လွတယ္လို႔ ခံစားမိလို႔ရယ္” နဉ္ရွီက ေခါင္းကိုလွၫ့္ၿပီး ေနာက္ထပ္ေတြးေတာလိုက္သည္။ “အဲ့ဒါက ကြၽန္မပံုေဖာ္ထားတဲ့ နတ္မိမယ္ပံုစံမ်ိဳးလဲ ျဖစ္ႏိုင္တယ္‌..”

“ဝတၴုထဲမွာက နတ္မိမယ္ခ်င္းယန္ တင့္တင့္တယ္တယ္ကတဲ့အပိုင္းကို ေဖာ္က်ူးထားတယ္ေပါ့ေနာ္။ အဲ့ဒီအခန္းက ဇာတ္ကားမွာ ပါလာမွာလား?” အမ်ိဳးသားအခမ္းအနားမွဴးက စူးစူးစမ္းစမ္း ေမးလိုက္သည္။ “မိန္းမလွေလးကေနတာကို ၾကၫ့္ရမယ္ဆိုရင္ ရင္ခုန္စရာေကာင္းမွာပဲ”

နဉ္ရွီက ေမးခြန္းကို အတည္ျပဳျခင္းမရိွ၊ ျငင္းဆိုျခင္းလည္းမျပဳဘဲ တိတ္တဆိတ္ၿပံဳးရင္း ေခါင္းကိုငံု႔လိုက္သည္။

ဤအခိုက္တြင္ ဒါရိုက္တာခ်င္းက ျပန္‌ေျဖလိုက္သည္။ “ပရိသတ္ေတြ စိတ္မပ်က္ေစရပါဘူး”

အခမ္းအနားမွာရိွေနၾကသၫ့္ ရုပ္ရွင္ေဝဖန္သူေတြ၏အာရံုက သူ၏မွတ္ခ်က္ေၾကာင့္ စႏိုးစေနာင့္ျဖစ္သြားရသည္။ ဒါရိုက္တာခ်င္းက ဒီဇာတ္ဝင္ခန္းကို ရိုက္ခဲ့သည္ထင္။ ထိုဇာတ္ဝင္ခန္းက ယုတၲိရိွေသာ စြမ္းေဆာင္ခ်က္ပင္။ အဆံုးတြင္ နတ္မိမယ္ခ်င္းယန္က ဤဇာတ္ကား၏ လ်ိႈ႔ဝွက္အဆန္းၾကယ္ဆံုးအရာမ်ားထဲတြင္ တစ္ခုအပါဝင္အဝင္ျဖစ္သည္ေလ။ အကဇာတ္ဝင္ခန္းကို ေကာင္းစြာရိုက္ကူးႏိုင္ခဲ့လ်ွင္ ဇာတ္ကားက မလြဲမေသြ ပိုၿပီးအာရံုစိုက္ခံရမွာပင္။

သို႔ေသာ္ လတ္တေလာတြင္ ရုပ္ရွင္ထုတ္လုပ္ေရးမ်ားက အကဇာတ္ဝင္ခန္းႏွင့္ပတ္သက္၍ ျဖစ္ျဖစ္ေျမာက္ေျမာက္ မလုပ္ႏိုင္ခဲ့ၾကေပ။ အမ်ားစုက အံ့ဩခ်င္ေယာင္ေဆာင္ေနၾကဆဲျဖစ္ေသာ္လည္း ဇာတ္ကားအမ်ားစုတြင္ စိတ္လႈပ္ရွားဖြယ္ေကာင္းေသာ အကဇာတ္ကြက္သည္ အၿမဲလိုလို ခပ္ညံ့ညံ့ကကြက္တစ္ခုအျဖစ္သာ အဆံုးသတ္သြားရသည္။

အေသအခ်ာကို ဒါရိုက္တာတစ္ေယာက္တည္း၏ အမွားပဲမဟုတ္ေခ်။ ရုပ္ရုပ္ထုတ္လုပ္ေရးမ်ားက ကုန္က်စရိတ္ႀကီးမားသၫ့္အေလ်ာက္ ဒါရိုက္တာက ဇာတ္ကြက္ကို ပိုေကာင္းေအာင္ ရိုက္ခ်င္ရင္ေတာင္မွ ပရိုဂ်ူဆာေတြက သေဘာတူလိမ့္မည္မဟုတ္ေပ။ သရုပ္ေဆာင္ေတြက အေသအခ်ာကို ပူးေပါင္းေပးၾကမည္မဟုတ္သၫ့္အျပင္ ပရိသတ္မ်ားကလည္း အကဇာတ္ဝင္ခန္းက ရင္သပ္ရႈေမာဖြယ္ေကာင္းသည္ျဖစ္‌ေစ၊မေကာင္းသည္ျဖစ္ေစ ဇီဇာေၾကာင္ေနၾကမည္မဟုတ္။

လူေတြရဲ့အႀကိဳက္က မတည္ၿငိမ္ေတာ့ ဒါရိုက္တာလည္း ဘာမွမတတ္ႏိုင္ေပ။

ခ်င္းခ်ံဳဟိုင္က ဤကန႔္သတ္ခ်က္ကိုေက်ာ္လႊားကာ ရင္သပ္ရႈေမာဖြယ္ေကာင္း‌ေသာ အကဇာတ္ဝင္ခန္းတစ္ခု ရိုက္ကူးခဲ့ရန္သာ သူတို႔ေမ်ွာ္လင့္ႏိုင္ေတာ့သည္။

အခုခ်ိန္တြင္ ေၾကာ္ျငာသင့္သည္မ်ားကို ေၾကာ္ျငာထားၿပီးၿပီ။ အိမ္တြင္ ရုပ္ျမင္သံၾကားထုတ္လႊင့္မႈကို ၾကၫ့္ေနၾကေသာ ပရိသတ္မ်ားသည္ပင္ ဇာတ္ကားကို စိတ္ဝင္တစားရိွၾကသည္။ မိတ္ဆက္ပြဲၿပီးသြားသည္ႏွင့္ ဇာတ္ကားျပသျခင္းဟာလည္း စတင္ေလေတာ့သည္။

သူတို႔မ်က္လံုးကို ဖမ္းစားသြားခဲ့သၫ့္ ျမင္ကြင္းက ပရိသတ္ေတြကို ဒ႑ာရီလာ ရွန္းရွကမ႓ာထဲသို႔ ဆြဲေခၚသြားရင္း တစ္ဖန္ေပၚထြက္လာသည္။

က်င့္ႀကံျခင္းခရီးစဉ္ေပၚရိွ အမ်ိဳးသားဇာတ္လိုက္၊ သူ႔ကိုအေဖာ္ျပဳေပးေနသၫ့္ အမ်ိဳးသမီးဇာတ္လိုက္ႏွင့္ ထိုခရီး‌စဉ္တစ္ေလ်ွာက္တြင္ ေတြ့ခဲ့ရေသာ နတ္ဆိုးမ်ားက ပရိသတ္မ်ား ထိုင္ခံုေပၚတြင္ ၿမဲျမဲထိုင္ေနရသၫ့္ အဓိကေသာ့ခ်က္မ်ားပင္။

နဉ္ရွီ၏ဇာတ္ေကာင္ နတ္မိမယ္ခ်င္းယန္က တိမ္တိုက္မ်ားဆီမွ လြင့္ေမ်ာလာၿပီး လူတိုင္းက အၫွို႔ခံလိုက္ရေတာ့၏။ အ‌ေၾကာင္းမွာ သူတို႔ျမင္ေနရတာက နဉ္ရွီမဟုတ္ဘဲ နတ္မိမယ္စင္စစ္မို႔လို႔ပင္။

အဓိကဇာတ္လမ္းဇာတ္အိမ္သည္ နတ္မိမယ္ေတြက ေသမ်ိဳးေတြကို ဘယ္လိုကူညီႏိုင္တယ္ ဆိုတဲ့အေၾကာင္းမဟုတ္၊ လူသားတစ္ေယာက္၏ စိတ္ဓာတ္ႀကံ့ခိုင္ျခင္းက ေကာင္းကင္ဘံုကို ဘယ္လိုေအာင္ႏိုင္ခဲ့ၿပီး နတ္မိမယ္ေတြဟာလည္း ေသမ်ိဳးေတြယံုၾကည္ထားသလို တသီးတျခားျဖစ္မေန၊ ၿပီးျပၫ့္စံုမေနဆိုသၫ့္အေၾကာင္းပင္။

ေကာင္းကင္နန္းေတာ္၌ နတ္မိမယ္ခ်င္းယန္က နတ္ဘုရားေတြေရ႔ွ ကျပေဖ်ာ္ေျဖေနခ်ိန္ ေသမ်ိဳးကမ႓ာကေတာ့ ႏွစ္တစ္ရာအတြင္းတြင္ အဆိုးရြားဆံုးေသာ မိုးေခါင္ျခင္းကို ခံစားေနရရွာ၏။ သူတို႔ဒူးေထာက္ကာ နတ္ဘုရားေတြထံ ဆုေတာင္းခဲ့ေပမယ့္ နတ္ဘုရားေတြကေတာ့ သူတို႔ကို ကိုးကြယ္သူေတြ၏ဆုေတာင္းစကားမ်ားကို လြယ္လြယ္ပင္ေမ့ေပ်ာက္သြားခဲ့ၿပီး ထိုအစား အေရးမပါေသာကိစၥမ်ားတြင္သာ ေမြ့ေလ်ာ္ေနခဲ့သည္။

မူရင္းဝတၴုက ဇာတ္လိုက္၏က်င့္ႀကံေရးႏွင့္ေအာင္ျမင္မႈအေပၚ အာရံုစိုက္ထားေပမယ့္ ဇာတ္ကားကေတာ့ လူ႔သေဘာသဘာဝ၊နတ္မ်ိဳးႏြယ္ႏွင့္ လူတို႔၏စိတ္ေနစိတ္ထားကို မီးေမာင္းထိုးျပထားသည္။ ဇာတ္ကားက ပရိသတ္မ်ားအား လူတိုင္း ကိုယ့္အားကိုယ္ကိုးတတ္ဖို႔ရန္၊ ပိုမိုသန္မာလာေစရန္ႏွင့္ လာမၫ့္အနာဂတ္ကို ရဲရဲဝံ့ဝံ့ရင္ဆိုင္ႏိုင္ေစရန္ ရည္ရြယ္ထားသည္။ ဇာတ္ကား၏အေရ႔ွပိုင္းေတြက လူတိုင္းႀကိဳက္ႏွစ္သက္ေစမၫ့္အပိုင္းေတျြဖစ္ၿပီး ေနာက္ပိုင္းေတြက ပို၍နက္နဲလာကာ အျပဳသေဘာေဆာင္ေသာ အေတြးအေခၚမ်ားက ပ်ံ့ႏွံ႔လ်က္ရိွ၏။

အကဇာတ္ဝင္ခန္းက အလြန္ႏူးညံ့သိမ္ေမြ့လွေပသည္။ ပရိသတ္မ်ားက မတတ္သာစြာ ဇာတ္ဝင္ခန္းထဲတြင္ သူတို႔ကိုယ္သူတို႔ စီးေျမာပါဝင္ခံစားမိၾကေတာ့သည္။ သို႔ေသာ္ ၄သည္ နတ္ဘုရားေတြက မည္မ်ွပင္ေအးစက္ကာရက္စက္ေၾကာင္း ေဖာ္ျပေနသၫ့္ ဇာတ္ဝင္ခန္း၏အလွတရားပင္။

ဇာတ္ကား၏ဇာတ္သိမ္းက အေတာ္ေလးကို မေရမရာပင္။ ႏွစ္သက္ဖြယ္ေကာင္းေသာ ေတာင္မ်ားႏွင့္သမုဒၵရာမ်ားက တိမ္ေတြ၊ျမဴေတြႏွင့္ ဖံုးလႊမ္းခံရဆဲဆိုေသာ္ျငား နတ္ဘုရားကို ကိုးကြယ္သၫ့္လူမ်ားကေတာ့ ေလ်ာ့ပါးသထက္ေလ်ာ့ပါးသြားသည္ကို ျမင္ႏိုင္ေပသည္။

အဖိုးအိုက အမ်ိဳးသားဇာတ္လိုက္ကို‌ ေမးလိုက္သည္။ “လူေလး ဘယ္သြားမလို႔လဲကြယ့္?”

အမ်ိဳးသားဇာတ္လိုက္က အေဝးက ေတာင္ေတြဆီၾကၫ့္လိုက္သည္။ ခဏၾကာၿပီးေနာက္တြင္ သူပါးစပ္ဟလာသည္။ “ကြၽန္ေတာ္ လူတစ္ေယာက္ကိုရွာေနတာ”

“မင္းဘယ္သူ႔ကိုရွာေနတာလဲ?” လူအိုႀကီးက ေမးလိုက္သည္။

အမ်ိဳးသားဇာတ္လိုက္က စကားတစ္ခြန္းမွမဆိုေတာ့ဘဲ ေခါင္းသာခါလိုက္ကာ လူအုပ္ၾကားထဲ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားေတာ့သည္။

ဇာတ္ကားထဲ၌ အမ်ိဳးသမီးဇာတ္လိုက္သည္ နတ္ဆိုးေတြလက္ထဲ ေသဆံုးသြားၿပီးေနာက္ လူျပန္ဝင္စားခဲ့သည္။ နတ္မိမယ္ခ်င္းယန္က နတ္ဆိုးေတြ၏တိုက္ခိုက္မႈမွ ရွင္သန္လြတ္ေျမာက္ခဲ့ေသာ္လည္း ေသမ်ိဳးေတြ၏ကိစၥရပ္ေတြထဲ ဝင္ေရာက္စြက္ဖက္ခဲ့ေသာေၾကာင့္ ေကာင္းကင္ဘံုဧကရာဇ္က သူမအား ဒဏ္ခတ္ခဲ့သည္။ သူမ၏အမတအစြမ္းကို ျပန္ယူသြားၿပီး သူမ၏စိတ္ဝိညာဉ္အား ဖ်က္ဆီးပစ္ခဲ့သည္။ နတ္မိမယ္ခ်င္းယန္သည္ ဤကမ႓ာမွ ေပ်ာက္ကြယ္သြားေတာ့၏။

သို႔ျဖစ္၍ အမ်ိဳးသားဇာတ္လိုက္ရွာေနသူက အမ်ိဳးသမီးဇာတ္လိုက္၏လူဝင္စား ျဖစ္ေကာင္းျဖစ္ႏိုင္၏။ သို႔ေပသိ ဇာတ္သိမ္းပိုင္းကို နတ္မိမယ္ခ်င္းယန္စတင္ေပၚေပါက္ခဲ့သည့္ ေနရာအတိအက်တြင္ ရိုက္ကူးခဲ့တာေၾကာင့္ ရုပ္ရွင္ေဝဖန္သူတခ်ိဳ႕က သူရွာေနသည္မွာ နတ္မိမယ္ခ်င္းယန္ျဖစ္ႏိုင္သည္ဟု ခံစားမိၾကသည္။

ဇာတ္ကားၿပီးသြားခ်ိန္ ခန္းမတစ္ခုလံုးက စကၠန႔္အနည္းငယ္ေလာက္ တိတ္ဆိတ္သြားရကာ ၿပီးမွ လက္ခုပ္သံက်ယ္က်ယ္မ်ားက တစ္ခန္းလံုးတြင္ ျပၫ့္ႏွက္သြားသည္။

‘Tán Hǎixiān jì’၏ ရုပ္ရွင္အဖြဲ႔သားအားလံုး စင္ေပၚတက္လာၿပီး ေက်းဇူးတင္သၫ့္အေနႏွင့္ ပရိသတ္တို႔ကို ဦးၫႊတ္ဂါရဝျပဳလိုက္ၾကသည္။

ဇာတ္ကား၏နာမည္က ‘Tán Hǎixiān jì’ျဖစ္ေပမယ့္ အေၾကာင္းအရာကေတာ့ မေသမ်ိဳးေလာကကို သေရာ္မႈအျပၫ့္ပင္။ ထိုအခ်က္က ခ်င္းခ်ံဳဟိုင္ကို ေအာင္ျမင္ေစခဲ့သည္။ အနည္းဆံုးေတာ့ သူ၏conceptက ဆင္ဆာအဖြဲ႔ႏွင့္ ရုပ္ရွင္ေဝဖန္ေရးသမားေတြကို ေက်ာ္လႊားႏိုင္ခဲ့သည္။
==========
“ေအာင္ျမင္ေက်ာ္ၾကားတဲ့ ရုပ္ရွင္တစ္ခု ျဖစ္လာဖို႔!Cheer!” သီးသန႔္ခန္းထဲတြင္ ‘Tán Hǎixiān jì’၏ ရုပ္ရွင္အဖြဲ႔သားမ်ားက သူတို႔၏ခြက္မ်ားကို ေျမႇာက္လိုက္ၾက၏။ သူတို႔အားလံုး စိတ္ေကာင္းဝင္ေနသည္။

ထိုညကတင္ ရုပ္ရွင္ဇာတ္ကားကို စတင္,တင္ဆက္ခဲ့ၿပီး box-office မွဝင္ေငြမ်ားကို မေရတြက္ရေသးေသာ္လည္း ရုပ္ရွင္ျပသစဉ္က ပရိသတ္၏တံု႔ျပန္မႈအရ ဤရုပ္ရွင္သည္ မလြဲမေသြ ေအာင္ျမင္လာေတာ့မည္ဆိုတာကို သူတို႔အား အာမခံေနပါ၏။

ပံုမွန္အားျဖင့္ သူတို႔က ဒါရိုက္တာကို မစေနာက္ရဲၾကေပမယ့္ အခုခ်ိန္မွာေတာ့ သူတို႔ရဲ့စိတ္ကိုဒုန္းဒုန္းခ်လို႔ ဒါရိုက္တာခ်င္းကို ေအာင္ပြံခံရန္ အလွၫ့္ေပးလိုက္သည္။ ကံေကာင္းစြာျဖင့္ သူတို႔ထိန္းထားႏိုင္၍ပင္ မဟုတ္လ်ွင္ ဒါရိုက္တာခ်င္းတစ္ေယာက္ ေတာ္ေတာ္မူးသြားေလာက္သည္။

သို႔ေသာ္ျငား သူတို႔ထဲကအမ်ားစုက ရင္းႏွီးျမႇဳပ္ႏွံသူႏွစ္ေယာက္ကိုေတာ့ သြားမစရဲၾကေပ။ ရင္းႏွီးျမႇဳပ္ႏွံသူေတြ၏ႏွစ္သက္ခံရဖို႔ ေမ်ွာ္လင့္ၾကေသာ္လည္း သူတို႔ေနရာတြင္ အဓိကသရုပ္ေဆာင္က အက်အနထိုင္ေနတာကိုျမင္ေတာ့ မလႈပ္ရွားရဲၾကေတာ့ေပ။

က်န္းေဖးေဖးက ဇာတ္ကားထဲ၌ ဒုတိယအမ်ိဳးသမီးဗီလိန္ဇာတ္ေကာင္ျဖစ္သည္။ သူမ၏ဇာတ္ဝင္ခန္းက အမ်ားႀကီးရယ္လို႔ မဟုတ္ေသာ္လည္း က်ူးမိုလီ၏က်ဆံုးခန္းကေန အက်ိဳးအျမတ္ရလိုက္သည္။ သူမက နဉ္ရွီ၏ေဘးတြင္ထိုင္ေနၿပီး နဉ္ရွီ၏လက္ေမာင္းကို စပ္စပ္စုစုႏွင့္ ပုတ္လိုက္သည္။ “ရွီရွီ...နင္ ဥကၠဌခ်န္းနဲ႔ သူငယ္ခ်င္းဘယ္လိုလုပ္ရဲတာလဲ? သူ႔ၾကၫ့္ရတာ တကယ္ကိုခက္ထန္တဲ့ပံုပဲ..”

နဉ္ရွီက သူမ၏သိလိုစိတ္ျပင္းျပေနေသာမ်က္ႏွာကို ၾကၫ့္လိုက္သည္။ ဒါေပမယ့္ သူမ၏အၾကၫ့္မ်ားထဲတြင္ ေမ်ွာ္လင့္ရိပ္သန္းေနတာကိုလည္း သတိထားမိလိုက္သည္။ နဉ္ရွီက က်န္းေဖးေဖး၏ ဖံုးကြယ္ထားေသာရည္ရြယ္ခ်က္ကို မသိခ်င္ေယာင္ေဆာင္လိုက္ၿပီး ၿပံဳးလိုက္၏။ “ကြၽန္မက်င့္သားရသြားလို႔ ျဖစ္မယ္...ေျပာရမယ္ဆို ကြၽန္မတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ သိခဲ့ၾကတာၾကာၿပီေလ”

“ဟမ္?” က်န္းေဖးေဖးက အလြန္အမင္းအံ့အားသင့္သြားသည္။ “ရွင္တို႔ေတြက တကယ္ပဲ ႏွစ္ေတြအၾကာႀကီး သူငယ္ခ်င္းေကာင္းေတြ ျဖစ္ခဲ့ၾကတာလား?”

“ဟုတ္တယ္” နဉ္ရွီဆက္မေျပာဘဲ ၿပံဳးသာၿပံဳးလိုက္သည္။

က်န္းေဖးေဖးက မနာလိုအားက်ေနရ၏။ သူမမွာသာ အဲ့လိုအင္အားႀကီးတဲ့ သူငယ္ခ်င္းရိွ‌ခဲ့မယ္ဆိုလ်ွင္ နဉ္ရွီလိုမ်ိဳး တည္ၿငိမ္ႏိုင္လိမ့္မည္မဟုတ္သၫ့္အျပင္ ထိုလူ၏ႏွစ္သက္မႈကိုရဖို႔ ႀကိဳးစားမိေလာက္သည္။

ဒီလိုအင္အားႀကီးတဲ့ေယာက္်ားနဲ႔ သူငယ္ခ်င္းလုပ္ႏိုင္တာက က်ိန္းေသေပါက္ကို နဉ္ရွီရဲ့စရိုက္ေၾကာင့္ပဲ ျဖစ္လိမ့္မယ္!

ေျပာရမယ္ဆို ၿပီးျပၫ့္စံုမႈဆိုတာက ေမြးရာပါပဲေလ။

အစာစားေနစဉ္တြင္ ရုတ္တရက္ ခ်န္းရွီေကြ့က လက္ကိုဆန႔္လို႔ အခြံခြာထားေသာ ပုစြန္ထုပ္တစ္ပန္းကန္ကို နဉ္ရွီေရ႔ွတြင္ ခ်ေပးလိုက္သည္။

သူတို႔၏စားပြဲေပၚက လူေတြက နဉ္ရွီ၏ေသေသခ်ာခ်ာ လက္သည္းေဆးဆိုးထားေသာလက္မ်ားကို ၾကၫ့္လိုက္ကာ တိတ္ဆိတ္ေနေသာ ခ်န္းရွီေကြ့ကို ၾကၫ့္လိုက္ျပန္သည္။ ထို႔ေနာက္ သူတို႔၏စိတ္ထဲတြင္ ရုန္းကန္ေနရသၫ့္တိုင္ ထိုျမင္ကြင္းကိုေတာ့ မျမင္လိုက္သလို ဟန္ေဆာင္လိုက္သည္။

ဒါဆို ေကာလာဟလေတြက မွန္ေနတာေပါ့။ ခ်န္းလုပ္ငန္းစုရဲ့ဥကၠဌက နဉ္ရွီကို တကယ္စိတ္ဝင္စားေနတာပဲ!

ထို႔ေနာက္ သူတို႔ နဉ္ရွီ၏တံု႔ျပန္မႈကို အကဲခတ္ၾကၫ့္လိုက္သည္။ သူမက မ်က္ႏွာခ်ိဳေသြးျပမေနသလို ရြံ႔တြန႔္တြန႔္လည္း ျဖစ္မေနပါေခ်။ သဘာဝက်စြာပင္ သူမ၏တူကိုယူလို႔ ပုစြန္ထုပ္မ်ားကို စတင္စားေတာ့သည္။ ဒီအက်င့္ျဖစ္ေနမႈႀကီးက...တကယ္ကို ပံုမွန္မဟုတ္ေနဘူးပဲ။

ဒီလိုပံုစံမ်ိဳးက ႀကီးစိုးျခယ္လွယ္တတ္တဲ့ CEOေတြရဲ့ အႀကိဳက္မ်ားလား? သူတို႔ကို ပိုးပန္းသူေတြကိုေတာ့ ဂရုမစိုက္ဘဲ သူတို႔ရဲ့ဆြဲေဆာင္မႈကို အဖက္မလုပ္တဲ့သူေတြကိုက် သေဘာက်ေနတာမ်ိဳးလား?

နဉ္ရွီက စားပြဲေပၚက တျခားလူေတြ၏ ထိတ္လန႔္မႈကို မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။ သူမပုစြန္ႏွစ္ခုစားၿပီးေနာက္တြင္ သီးသန႔္ခန္းတြင္ ရုတ္ျခည္းဆိုသလို တံခါးေခါက္သံေပၚထြက္လာခဲ့သည္။ တံခါးႏွင့္အနီးဆံုးတြင္ရိွေသာသူက တံခါးသြားဖြင့္ၾကၫ့္လိုက္ေတာ့ ဝင္ေပါက္မွာ က်ူးမိုလီကိုေတြ့လိုက္ရသည္။

သူတို႔သူမကို မေတြ့ခဲ့ရသည္မွာ အခ်ိန္တခ်ိဳ႕ေလာက္ရိွၿပီ။ က်ူးမိုလီက ႏံုးခ်ိေနပံုေပါက္သည္။ သူမက အခန္းထဲကို အေလာတႀကီးဝင္လာကာ ‌အနီးအနားဝန္းက်င္ကို အကဲခတ္ၿပီးေနာက္တြင္ သူမ၏အၾကၫ့္က နဉ္ရွီ၏စားပြဲထံသို႔ က်ေရာက္သြားသည္။

က်ူးမိုလီ၏နဉ္ရွီအေပၚ အႏိုင္က်င့္မႈကို တစ္ဖြဲ႔လံုးက သိထားခဲ့သည္။ အခန္းထဲကေလထုအေျခအေနက ရုတ္တရက္ဆိုသလို ကသိကေအာက္ႏိုင္လာကာ ဒီအခန္းထဲ သူမေပၚလာပံုကို ၾကၫ့္ေနၾက၏။

ရုပ္ရွင္အဖြဲ႔က သူမကိုမိတ္ဆက္ပြဲတြင္သာမက ညစာစားပြဲတြင္ပါ မဖိတ္ၾကားခဲ့ေပ။ သူမဒီမွာေပၚလာၿပီး ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲ?

သူမ၏ထြက္ေပၚလာမႈက ရုတ္တရက္ဆန္ၿပီး လူအမ်ားစုက သူမကိုမႀကိဳဆိုမွန္း က်ူးမိုလီတစ္ေယာက္ သိပါ၏။ သို႔ေပမယ့္ အခုခ်ိန္မွာ သူမကႀကံရာမရျဖစ္ေနၿပီး ရုပ္ရွင္အဖြဲ႔သားမ်ားႏွင့္ ဆက္ဆံေရးေကာင္းတည္ေဆာက္ဖို႔ကလြဲ၍ ဘာဆက္လုပ္ရမလဲဆိုတာ စဉ္းစားမထိေတာ့ေပ။

“က်ူးေလာင္ရွီး...ဒီမွာ ဝင္ထိုင္လို႔ရပါတယ္” ဒါရိုက္တာ၏လက္ေထာက္က က်ူးမိုလီကို ပင္မစားပြဲႏွင့္ ခပ္ေဝးေဝးတြင္ရိွသည့္ အခန္း‌ေထာင့္ရိွစားပြဲဆီ ဆြဲေခၚ၍ ခပ္ျမန္ျမန္ပင္ တံု႔ျပန္လာ၏။

အတိတ္ကက်ူးမိုလီဆိုလ်ွင္ ထိုသို႔ေသာခံုတြင္ ေနရာခ်‌ေပးတာႏွင့္ ေဒါသထြက္ႏိုင္ေလာက္သည္။ သို႔ေသာ္ သူမကေတာ့ တိတ္တိတ္ေလးထိုင္ကာ သူမစားပြဲရိွလူမ်ားကို ၿပံဳးပင္ၿပံဳးျပလိုက္ေသးသည္။

အခန္းထဲကေလထုက ျမန္ျမန္ဆန္ဆန္ပင္ ျပန္ေကာင္းလာေပမယ့္ က်ူးမိုလီကို အားလံုးက တမင္ရည္ရြယ္၍ျဖစ္ေစ မျဖစ္ေစ ဖယ္ၾကဉ္ထားၾကဆဲပင္။ သို႔တိုင္ က်ူးမိုလီကေတာ့ အႏွီေအးစက္စက္သေဘာထားကို ႀကံ့ႀကံ့ခိုင္ႏိုင္ဆဲပင္။

“ဒီဟာက သု႔ရဲ့အက်ိဳးဆက္ဆိုတာသိရင္ အရင္ကဘာလို႔အဲ့လိုလုပ္ခဲ့ေသးလဲ?” စြန္းယြီဟန္က နဉ္ရွီကို တီးတိုးေျပာလိုက္သည္။ “သူအရူးထလာမွာစိုးလို႔ ေနာက္ဆို သူ႔ေဘးကေဝးေဝးေန...”

အခုခ်ိန္တြင္ က်ူးမိုလီက အပယ္ခံထားရသၫ့္အေျခအေနတြင္ ရိွေနသည္ျဖစ္ရာ သူမသာ စိတ္ေဖာက္လာလ်ွင္ ဘာမဆိုလုပ္ႏိုင္စြမ္းရိွေပသည္။

“ကြၽန္မသိပါတယ္...ေက်းဇူးပါ အစ္မယြီဟန္” နဉ္ရွီက စြန္းယြီဟန္ကို ၿပံဳးျပလိုက္ၿပီး ေခါင္းေထာင္ၾကၫ့္လိုက္ေတာ့ ခ်န္းရွီေကြ့ သူမကို စိုက္ၾကၫ့္ေနတာကို ေတြ့လိုက္ရသည္။

န‌ဉ္ရွီသူ႔ကို မ်က္စပစ္လိုက္သည္။ ခ်န္းရွီေကြ့၏ႏႈတ္ခမ္းမ်ားက အၿပံဳးတစ္ခုအျဖစ္သို႔ ေကာ့တက္သြားကာ သူ႔အမူအရာက ေပ်ာ့ေပ်ာင္းသြားေလ၏။
________________

Meow's Note: ပံုေတြကို မမရွီ သူ႔အိမ္မွာခ်ိတ္ထားတာလည္း မေျပာနဲ႔ေလ။ တအားလွတာကို ဟီး။ ကတဲ့vdေတြၾကၫ့္ခ်င္ရင္ YouTubeမွာ Dunhuang style/danceဆိုၿပီး ရွာၾကၫ့္လို႔ရတယ္ေနာ္။ ဒါနဲ႔ မန႔္ေတြသိပ္မေတြ့ရေတာ့‌ ျပန္ရတာအားျပတ္တယ္ကြယ္'(
_________________

Continue Reading

You'll Also Like

124K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
1.5M 189K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
220K 19.9K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...