နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

168K 17K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [54]

1.1K 136 2
By Lazy_Little_Meow

[Unicode]

သူမဟာ ကိစ္စတွေကို အတွေးလွန်နေခြင်းဖြစ်မည်ဟု စွန်းယွီဟန်က တွေးလိုက်မိသည်။ ချန်းရှီကွေ့လိုလူမျိုးက သူ့မာနကိုခဝါချပြီး လူတစ်ယောက်ကို စိတ်ကျေနပ်စေတဲ့ ချစ်ခွင့်ပန်ခြင်းနည်းလမ်းကို ဘယ်လိုလုပ်အသုံးပြုနိုင်မှာလဲ? သူ့လိုအဆင့်အတန်းထဲက ယောက်ျားတွေက အဖိုးတန်လက်ဝတ်ရတနာတွေ၊ ကားတွေ၊ အိတ်တွေ၊ ဒါမှမဟုတ် အိမ်ကိုတောင် ပေးကြလိမ့်မည်၊ သို့သော် ထိုသို့သော ရိုမန့်တစ်ဆန်ဆန်ပုံရိပ်များတွင်တော့ အားထုတ်ရန်ဆန္ဒမရှိကြပေ။

အဘယ်ကြောင့်ဆိုသော် သူတို့၏အမြင်တွင် မိန်းမများဟာ ထိုသို့သောပစ္စည်းများကို သဘောကျသည် ဟူ၍ပင်။ သူတို့ကိုစိတ်ကျေနပ်စေရန် ယောက်ျားများအနေနှင့် ဘာမှသိပ်တွေးစရာမလို။ ထိုအခြင်းအရာသည် သူတို့ကထိုအမျိုးသမီးကို မကြိုက်ဟု မဆိုလို။ သူတို့၏စိတ်နှလုံးထဲ၌ ငွေဟူသည် သူတို့အတွက် အမျိုးသမီးတစ်ယောက်ကို ပေးရန်ဆန္ဒရှိပြီး ပေးနိုင်သောအရာခပ်သိမ်းပင်။

သို့သော်ငြား မိန်းမအများစုအတွက်မူ ပိုက်ဆံသည် ဒုတိယနေရာတွင်ပင်။ သူတို့ဘဝတစ်လျှောက်လုံး အမှတ်တရရှိသွားမည့်အရာက လက်ဆောင်များ၏နောက်ကွယ်က ယောက်ျားတို့၏ရိုးသားစစ်မှန်မှုနှင့် အတွေးပင်။

လက်ဆောင်က ဈေးမကြီးတာမျိုး ဖြစ်ရင်ဖြစ်မည်; ၎င်းက ကားတစ်စီး သို့မဟုတ် လက်ဝတ်လက်စားထက် ဈေးနိမ့်ကောင်းနိမ့်လိမ့်မည်; သို့သော် သူတို့လိုနေတာက ပိုက်ဆံမဟုတ်...သူမအတွက် လေးနက်၍အဓိပ္ပာယ်ရှိသော လက်ဆောင်တစ်ခုကို စဉ်းစားရန်အတွက် ထိုအမျိုးသား၏ဆန္ဒရှိမှုပင်။

ဟုတ်ပေသည် ပိုက်ဆံကို မည်သူမျှမမုန်း၊ သို့သော် စစ်မှန်ရိုးသားမှုကိုလည်း လူတိုင်းကြိုက်နှစ်သက်ကြပေသည်။ သူဌေးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်အပေါ် သုံးဖြုန်းပေးရန် ဆန္ဒရှိသည်မှာ အထူးအဆန်းမဟုတ်ပေ; သို့သော် ထိုအမျိုးသမီးထံ ဂရုတစိုက်ရှိပေးသည်ကား သူတို့အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲပင်။

ယုတ္တိရှိရှိပြောရမည်ဆိုလျှင် ပုံထဲရှိစုံတွဲက နဉ်ရှီနှင့်ချန်းရှီကွေ့ မဖြစ်နိုင်ပေ။ သို့ပေသိ သူမ၏ဆင်ခြင်တုံတရားကတော့ နောက်တစ်မျိုးပြောနေ၏။

“နဉ်ရှီ...” စွန်းယွီဟန်က သူမ၏မေးခွန်းကို စိတ်ထဲကပြင်နေရင်း တံတွေးမျိုချလိုက်သည်။ “တို့ မင်းကို ဂုဏ်မပြုပေးရသေးဘူးနော်! ငါတို့ရှီရှီရဲ့နှလုံးသားကို အောင်နိုင်သွားတဲ့ ကံကောင်းသူလေးက ဘယ်သူပါလိမ့်?”

“ကျေးဇူး” နဉ်ရှီကပြုံးလိုက်ပြီး သူမမျက်နှာကိုဖုံးလိုက်သည်။ “သူကကံကောင်းတယ်လို့ ကျွန်မလည်းထင်မိတယ်”

နဉ်ရှီက သူမ၏အချစ်ရေးကို တရားဝင်ချပြပြီးဖြစ်၏။ ထိုသတင်းက နာရီအနည်းငယ်အတွင်းမှာပင် ဖျော်ဖြေရေးလောကတစ်ခုလုံးကို ပျံ့နှံ့သွားလေပြီ။ မိတ်ကပ်ပညာရှင်များကိုယ်တိုင်လည်း ထိုအကြောင်းကို မမေးရဲကြပေ။ သို့ပေမယ့် စွန်းယွီဟန်က ထိုကိစ္စအကြောင်း ပြောလာသည်ကို တွေ့လိုက်သည်နှင့် သူတို့လည်း ပြောင်ပြောင်တင်းတင်းပင် အဲ့ဒီကိစ္စရဲ့ ကောင်းတာလေးတွေကို တမင်ပြောရင်း စတင်ဆွေးနွေးလာကြတော့သည်။

အခန်းထဲတွင်ရှိနေသောလူများက မပိန်းကြ‌ပေ။ အခုချိန်မှာ နဉ်ရှီက မကျော်ကြားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော် ‘Tán Hǎixiān jì’ ရုပ်ရှင်ထုတ်လွှင့်သည်နှင့် ၎င်းရုပ်ရှင်က box office မှာ အံ့ဩဖွယ်ကောင်းစွာ အရှုံးပေါ်သွားလျှင်တောင် နဉ်ရှီကတော့ သူမ၏သရုပ်ဆောင်စွမ်းရည်နှင့် ကျော်ကြားသွားမှာပင်။

အမှန်မှာ နဉ်ရှီသည် ဖျော်ဖြေရေးလုပ်ငန်းတွင် ထိပ်ဆုံးအဆင့်ထိပင် မြင့်တက်သွားနိုင်သည်။

နတ်မိမယ်ချင်းယန်၏ကဏ္ဍဟာ အမှန်ပင် အရေးပါလွန်းပြီး ပရိသတ်တွေ ဆွဲဆောင်ခံရသော ဇာတ်ကောင်လည်းဖြစ်သည်။ ဤသည်က သင့်လျော်သော သရုပ်ဆောင်တစ်ယောက်ရဖို့အရေး ဒါရိုက်တာချင်းတစ်ယောက် အချိန်နှင့်လုံ့လတွေ အများကြီးစိုက်ထုတ်ထားရပြီး နောက်ဆုံး၌ နဉ်ရှီကို ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းပင်။

ဒါ့အပြင် EQမြင့်ပြီး အောင်မြင်မှုအတွက် ကံပါလာတဲ့သရုပ်ဆောင်တစ်ယောက်နဲ့ ဘယ်သူက ဆက်ဆံရေးကောင်းမတည်ဆောက်ချင်ဘဲ ရှိမလဲ?

စွန်းယွီဟန်နှင့်နဉ်ရှီသည် ဆက်ဆံရေးကောင်းတစ်ခုရှိပေမယ့် ထိုညတွင်တော့ သူမဟာ နဉ်ရှီအပေါ် သာမန်ထက်ပိုပြီး နွေးထွေးပျူငှာစွာ ပြုမူခဲ့သည်။ တခြားလူတွေက ခြားနားမှုကို သတိမမူမိလောက်သော်လည်း နဉ်ရှီကတော့ ရှင်းရှင်းလင်းလင်းကိုပင် ခံစားမိလေ၏။

အခြားလူ‌တွေကို စိတ်ရင်းနှင့် ကောင်းကောင်းဆက်ဆံပေးသည့်လူဟူ၍မရှိပေ။ စွန်းယွီဟန်က တစ်ခုခုကို သံသယဖြစ်သွားကြောင်း နဉ်ရှီခံစားမိသည်။ သို့ပေမယ့် ၎င်းကနဉ်ရှီကို စိတ်အနှောင့်အယှက်မဖြစ်စေပေ။ စွန်းယွီဟန်သည် သတင်းလိုက်မဖြန့်တတ်သည့်အပြင် သူမ၏လျှို့ဝှက်ချက်ကိုပင် ကူဖုံးပေးထားမည့် ထက်မြက်သောမိန်းမတစ်ယောက်ဖြစ်ကြောင်း သူမသိလေ၏။

အနှီအမျိုးသမီးက သင်နိမ့်ကျသည့်အချိန် သင့်ကိုဘယ်တော့မှ ထိခိုက်လိမ့်မည်မဟုတ် သင်အောင်မြင်နေလျှင် သင့်ဘေးမှာပင်ရှိနေလိမ့်မည်။

နဉ်ရှီသည် ထိုသို့သောလူမျိုးကို သဘောကျပေသည်။ အဆုံးတွင် အရှေ့ကပြောခဲ့သလိုမျိုးလုပ်နိုင်ရန် အနည်းအကျဉ်းကသာ ကြင်နာတတ်ကြ၏။

စွန်းယွီဟန်က နဉ်ရှီ၏တုံ့ပြန်ပုံကို မြင်လိုက်ပြီး နဉ်ရှီမိတ်ကပ်ပြင်ပြီးသည်နှင့် နဉ်ရှီကိုWelfie*ရိုက်ရန် ဆွဲခေါ်လာကာ သူတို့နှစ်ယောက်ပုံကိုဖြူပြီးလှအောင်လို့ filterအချို့ပင် သုံးလိုက်သေးသည်။
[Welfie - Workout Selfie]

စွန်းယွီဟန်: မှန်ကြီးရေ မှန်ကြီးရေ... ကျေးဇူးပြုပြီး ကျွန်မကိုပြောပြပါ။ ကျွန်မတို့နှစ်ယောက်က ဒီကမ္ဘာပေါ်မှာ အလှဆုံးမိန်းမနှစ်ယောက်မဟုတ်လား?

နဉ်ရှီ: ဟုတ်တာပေါ့![စာကြွင်း: ငါကမှော်မှန်ကြီးပါ]
(Retweet စွန်းယွီဟန်: မှန်ကြီးရေ မှန်ကြီးရေ... ကျေးဇူးပြုပြီး ကျွန်မကိုပြောပြပါ။ ကျွန်မတို့နှစ်ယောက်က ဒီကမ္ဘာပေါ်မှာ အလှဆုံးမိန်းမနှစ်ယောက်မဟုတ်လား?)

အင်တာနက်သုံးစွဲသူ A: ကြည့်တာနဲ့တင် ဒီနှစ်ယောက်က သူငယ်ချင်းစစ်စစ်တွေမှန်း ပြောနိုင်တယ်။

အင်တာနက်သုံးစွဲသူ B: Aရေ နင့်ကြည့်ရတာ တော်တော်သိတဲ့ပုံပဲ...ခိခိခိ။

ပုံမှန်အားဖြင့် အချို့လူတွေက Weibo ပေါ်တွင် postတင်လျှင် သူတို့၏အကောင်းဆုံးပုံများကို ရွေးတင်လေ့ရှိကြသည်။ ပုံထဲကလူတွေက သူငယ်ချင်းတွေဆိုလျှင်...သူတို့အနေနှင့် ပုံမှန်အတိုင်းဖြစ်နေရန်သာ လိုအပ်သည်။ ထိုလူနှစ်ယောက်က သူငယ်ချင်းအစစ်တွေလားဆိုတာကို ခန့်မှန်းနိုင်ဖို့ တစ်ယောက်ယောက်က အဖွဲ့လိုက်ဓာတ်ပုံများစွာကို အမှန်ပင် အသုံးပြုခဲ့သည်။

အင်တာနက်သုံးစွဲသူ C: နတ်ဘုရားမနှစ်ယောက် ရဲတင်းနေပုံကိုကြည့်ရင်း ငါလည်း ရုတ်တရက် ငါ့ကိုယ်ငါအရှက်မရှိသလို ခံစားလာရတယ်။

အင်တာနက်သုံးစွဲသူ D: ရက်စ် ရက်စ် အားလုံးလှတယ်...မင်းတို့နှစ်ယောက်လုံးက အလှဆုံးပဲ။

အခြားလူများက နဉ်ရှီကို ဂုဏ်ပြုပေးနေကြစဉ် နဉ်ရှီ၏ချစ်သူကောင်လေးက ဘယ်သူလဲဆိုပြီး မေးလာကြသည့် အင်တာနက်သုံးစွဲသူအချို့ပင်ရှိသေးသည်။ Postတင်ပြီးနောက်ပိုင်း တုံ့ပြန်ချက်တွေက စည်ကားလျက်ပင်။ မကြာမီ “နတ်ဘုရားမနှစ်ယောက်ဖြစ်တဲ့ စွန်းယွီဟန်နဲ့နဉ်ရှီတို့ရဲ့ ဓာတ်ပုံတွေက ပန်းချီကားတစ်ချပ်လို လှရက်ပါပေတယ်” ဆိုသည့် topicက Weibo တွင် trendingဖြစ်လာတော့သည်။ ယင်းtopicက ထိပ်ဆုံးနေရာတွင်တည်ရှိနေကာ “ရို့မန့်တစ်ဆန်ဆန်ချစ်ခွင့်ပန်ခံရတဲ့ မိန်းကလေးက ကျန်းရွှယ်” ဆိုသည့် topic ကို နံပါတ်နှစ်နေရာသို့ ဆွဲချသွားလေ၏။

ကျန်းရွှယ်၏PR teamက အခြေအနေကို ချက်ချင်းသတိထားမိသွားပြီး ကျန်းရွှယ်ကို Top Spotနေရာသို့ ရောက်လာအောင် စန်းတင်ပေးနိုင်ဖို့အတွက် အရင်းအမြစ်အင်အားများစွာကို စိုက်ထုတ်ပေးတော့သည်။

“ကျန်းရွှယ်...အဲ့အကြောင်းကိုမေ့လိုက်ရအောင်” သူမ၏မန်နေဂျာသည် နာမည်ကြီးတော်တော်များများက စွန်းယွီဟန်နှင့်နဉ်ရှီ၏Weibo postများကို repost လုပ်လာကြသည်ကို မြင်လိုက်၍ စိုးရိမ်နေ၏။ “ငါတို့ဘက်ကစန်းတင်နေခဲ့တာကို မီဒီယာကသာသိသွားကြည့်...မင်းအနေနဲ့ ဒုက္ခများတော့မှာ”

ကျန်းရွှယ်လည်း ဤအခြင်းအရာကို စိုးရိမ်နေခဲ့ပေမယ့် သူမ၏main pageတွင် အခြားနာမည်ကျော်များက နဉ်ရှီနှင့်စွန်းယွီဟန်၏ပို့စ်ကို repost လုပ်နေကြတာကို မြင်လိုက်သည့်အခိုက် သူမ၏မနာလိုစိတ်ကို မထိန်းထားနိုင်တော့ပေ။

‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ၏ရုပ်ရှင်ထုတ်လုပ်ရေးအတွင်း နဉ်ရှီသည် အရံဇာတ်ကောင်အသေးစားနှင့် လူသစ်တစ်ယောက်ဖြစ်နေချိန် ကျန်းရွှယ်က ဒုတိယအမျိုးသမီးဇာတ်ဆောင်ဖြစ်နေချေပြီ။ တစ်နှစ်ပင်ရှိသေးသောအချိန်တွင် နဉ်ရှီက စွန်းယွီဟန်လိုမျိုး Aအဆင့်ရှိသရုပ်ဆောင်နှင့်ဆက်ဆံရေးကို စတင်ကြွားလုံးထုတ်နေစဉ်မှာ သူမကတော့ မီဒီယာ၏အာရုံစိုက်မှုကိုရဖို့အတွက် အမည်မသိ ရိုမန့်တစ်ဆန်ဆန် ချစ်ခွင့်ပန်တာကို အသုံးချနေရ၏။ ကျန်းရွှယ်ထိုသို့ဂရုတစိုက်လုပ်ခဲ့၍သာလျှင် ခေါင်းလျှော်ရည်ကြော်ငြာရန် သဘောတူညီချက်ကို ရခဲ့တော့သည်။

“ထုတ်ကုန်အတွက် သဘောတူညီချက်က ဖြေရှင်းပြီးသွားပြီလား?” ကျန်းရွှယ်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ပက်ကနဲ မေးလိုက်သည်။ ‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’မှ ကျော်ကြားမှုအချို့ရရှိခဲ့သော်လည်း ဇာတ်ကောင်ကောင်းကောင်းတစ်ခုမှ မရခဲ့ဖူးပေ။ သူမပါဝင်သရုပ်ဆောင်ထားသည့်ဒရာမာကလည်း ထုတ်လွှင့်ဖို့အတွက် မစီစဉ်ရသေး။ ဤသဘောတူညီချက်ကိုမရခဲ့ပါက အနာဂတ်တွင် ပိုကောင်းသည့်ဇာတ်ကောင်များကိုရဖို့ ပို၍ခက်ခဲလာလိမ့်မည်။

“ကုန်ထုတ်တဲ့သူက အကြောင်းမပြန်လာသေးဘူး” ကနဦးက ကုန်ထုတ်သူသည် ဤထုတ်ကုန်ကိုကြော်ငြာရန်အတွက် နဉ်ရှီကိုအလိုရှိခဲ့ပေမယ့် ကျန်းချင်းယွင်က သဘောမတူခဲ့ကြောင်းကိုတော့ ကျန်းရွှယ်၏မန်နေဂျာက သူမကိုမပြောပြလိုက်ပါချေ။

မန်နေဂျာက ကျန်းရွှယ်၏အခြေအနေအပေါ် ဝမ်းနည်းသွားရသည်။ မည်သို့ဆိုဆို သူ၏အနုပညာရှင်က ‘ကိုယ့်နှလုံးသားက မင်းကိုပဲတမ်းတနေမိတယ်’ ရုပ်ရှင်မှ လူသစ်တစ်‌ယောက်က မလိုချင်သည့် သဘောတူညီတစ်ခုကိုရဖို့အရေး နည်းလမ်းမျိုးစုံသုံးရသော အခြေအနေတွင် ရှိနေသည်လေ။

“နည်းနည်းလောက်ဆက်ပြီး တောင့်ခံကြည့်ကြတာပေါ့” ကျန်းရွှယ် တွေဝေသွားသေးသည်၊ ပြီးနောက် သူမ၏အကြည့်တွေက ဆုံးဖြတ်ပြီးသွားပုံရသည်။ “ဒီည ‘Tán Hǎixiān jì’ရဲ့ရုပ်ရှင်မိတ်ဆက်ပွဲစတာနဲ့ ကျွန်မတို့သတင်းကို trending listမှာ နံပါတ်သုံးအထိ လျှော့ချပစ်ရမယ်”

သူမသာမကြိုးစားခဲ့ရင် ဒီအသိုင်းအဝိုင်းမှာ ဘယ်လိုရှင်သန်နိုင်မှာလဲ?

ပြောရမယ်ဆို ဒီလုပ်ငန်းခွင်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေမှ အများကြီး...ပြီးရင် မီဒီယာအားပေးမှုကိုရရှိဖို့အတွက် hot topicကိုသုံးတာ သူမတစ်ယောက်တည်းမှမဟုတ်ဘဲ။ နဉ်ရှီလည်း လူထုရဲ့သဘောကျမှုကိုရဖို့ ကျောင်းတွင်းအကြမ်းဖက်မှုဆိုတဲ့ trend ကို မသုံးခဲ့လို့လား?

ချစ်ခွင့်ပန်တဲ့သတင်းကို သူမရဲ့ကျော်ကြားမှုအတွက် သုံးလိုက်တာက ဘာများမှားနေလို့လဲ?

‘Tán Hǎixiān jì’၏ ရုပ်ရှင်မိတ်ဆက်ပွဲက မစတင်သေးသော်ငြား ဖိတ်ကြားခံထားရသော ရုပ်ရှင်ဝေဖန်သူ‌များ၊ သတင်းထောက်များနှင့် အထူးဧည့်သည်တော်များက နေရာယူပြီးနှင့်ပြီ။ မိတ်ဆက်ပွဲအတွက် အခမ်းအနားမှူးများက ပြည်တွင်းရုပ်မြင်သံကြားအတွက် ထိုသို့သောဖျော်ဖြေပွဲတွေကို ပုံမှန်လက်ခံလေ့မရှိသည့် Aအဆင့်ဝင်hostနှစ်ယောက်ပဲဖြစ်သည်။ ရုပ်သံဌာနကလည်း သူတို့အား ထိုအလုပ်တွေကို တိုးတိုးတိတ်တိတ် လက်ခံထားခွင့်မပေးပေ။ သို့သော်ငြား ဒါရိုက်တာချင်းကိုကူညီဖို့အတွက် ဒီညအခမ်းအနားတွင်  သူတို့ရောက်ရှိနေတာက ဖျော်ဖြေရေးလောကတွင် ဒါရိုက်တာချင်းက မည်မျှပင်လေးစားဖွယ်ကောင်းကြောင်း ပြနေ၏။

ချန်းရှီကွေ့က ပွဲကျင်းပရာနေရာကို ဝင်ရဖို့အတွက် သူ၏အထူးဖိတ်ကြားချက်ကို အသုံးပြုခဲ့သည်။ ရုပ်ရှင်၏ရင်းနှီးမြှုပ်နှံသူများထဲမှတစ်ယောက် ဖြစ်သည့်အလျောက် သူ၏နေရာမှာ ပထမဆုံးခုံတန်းဖြစ်ပြီး အကောင်းဆုံးမြင်ကွင်းရသည့်ထောင့်ကပင်။

ချန်းရှီကွေ့၏အနားတွင်ထိုင်နေသော အချို့နာမည်ကျော်များက သူ့ကိုမှတ်မိသွားကာ စိတ်လှုပ်ရှားသွားကြ၏။ သို့ပေမယ့် ပွဲကျင်းပရာနေရာက သတင်းထောက်များနှင့် ပြုံတိုးနေရာ သူတို့လည်း ပြောင်ပြောင်တင်းတင်း မလှုပ်ရှားရဲပေ။ မဟုတ်လျှင် သူတို့၏အပြုအမူတွေကို မီဒီယာက ဝေဖန်ကြလိမ့်မည်။ သို့ဖြစ်၍ သူတို့အနေနှင့် ချန်းရှီကွေ့ရှိရာကိုသာ အကြည့်တချို့ ပစ်လွှတ်နိုင်တော့သည်။

ခဏကြာပြီးနောက် ပွဲကျင်းပရာနေရာက ပြည့်သွားပြီး ခန်းမကြီးထဲက မီးရောင်တွေက ရုတ်တရက် မှိန်ကျသွားသည်။ ပွဲခန်းမကြီးက အမှောင်ထုထဲပိတ်မိနေတော့သည်။

“ဒုံ~” ဗျက်စောင်း*သံထွက်ပေါ်လာပြီး Screen က ရုတ်တရက် လင်းထိန်လာသည်။ တိမ်များအလယ် တည်ရှိနေသည့် ကျင့်ကြံရေးဂိုဏ်းတစ်ခု၏ရှုခင်းကို ပရိသတ်များအား ပြသလျက်ရှိ၏။

တိမ်တွေဆီမှ ကျက်သရေအဖြာဖြာနှင့်တင့်တယ်သော နတ်မိမယ်တစ်ပါး ပေါ်ထွက်လာပေသည်။ ပရိသတ်တွေက သူမ၏မျက်နှာကို မမြင်ရသေးသော်ငြား နတ်ဘုရားသဖွယ် ရောင်ဝါနှင့် အမျိုးအမည်မသိရသော အေးစိမ့်စိမ့်ခံစားချက်တို့ကို ချန်လှပ်သွားလေ၏။

ထို့နောက်တွင် မှင်သက်ဖွယ်ကောင်းပြီး နိဗ္ဗာန်သဖွယ် ရှုခင်း၏ပုံရိပ်အချို့ ပေါ်လာကာ ၎င်းနှင့်အတူတွဲဖက်ပါရှိသော စာတန်းကလည်း ရှေးဟောင်းတရုတ်ဘာသာစကားကို အသုံးပြုထားသည်။

ဗျက်စောင်းသံက တဖြည်းဖြည်းတိုးညင်းသွားကာ နောက်ဆုံးတွင် ကျယ်ပြောသောသမုဒ္ဒရာက ဝန်းရံထားသည့် တောင်တစ်တောင်က ပေါ်ထွက်လာသည်။

ပွဲခန်းမက နောက်တစ်ဖန် လင်းထိန်သွားသည်။ အခမ်းအနားမှူးများက အခမ်းအနားကို စတင်ကျင်းပရန် စင်ပေါ်သို့တက်လာကြ၏။ သို့သော် ပရိသတ်များက သူတို့အခုလေးတင် ကြည့်ခဲ့ရသည့် မြင်ကွင်း‌တွေထဲ နစ်မြောနေကြဆဲပင်။

လူပြိန်းတွေက သတင်းထွက်လာမှ ဘယ်လိုတုံပြန်ရမလဲဆိုတာ စဥ်းစားကြပြီး လူတော်တွေက သတင်းကို ဖန်တီးသည့်နေရာတွင်သာ အာရုံစိုက်တတ်ကြသည်။ သူတို့ ယခုတင်ကြည့်ခဲ့သည့် ရှုခင်းပုံ၏စိတ်ကူးယဉ်အိပ်မက်သဖွယ် ဓာတ်ပုံeffectတွေက ဖန်တီးရန်အတွက် ထုတ်လုပ်ရေးစရိတ် များစွာကုန်ကျနိုင်လောက်သည်။

ထုတ်လုပ်ရေးအဖွဲ့က ကံကောင်းကြသည်။ ချန်းလုပ်ငန်းစု၏ဥက္ကဌက ရိုက်ကူးရေးနှောင်းပိုင်းတွင် ထုတ်လုပ်ရေးပိုင်းကို စပွန်ဆာပေးရန် စိတ်လိုလက်ရ ကမ်းလှမ်းခဲ့သည်။ ဤအကြောင်းကြောင့် သူတို့က post-production ပိုင်းတွင် များစွာအားစိုက်ထုတ်နိုင်ခဲ့ကြသည်။ မဟုတ်လျှင် ဒါရိုက်တာချင်းက လုပ်နိုင်သွားခဲ့ချိန် ဒါရိုက်တာအများစုက ၎င်းကိုဆလံသသွားခဲ့မှာမဟုတ်!

ပရိသတ်တွေက ချင်းချုံဟိုင်ပြောပြသည့် ရုပ်ရှင်အဖွဲ့သားတို့၏အခက်အခဲတွေနှင့် သူတို့မည်သို့ကျော်လွှားရင်ဆိုင်ခဲ့ရပုံကို နားထောင်နေစဉ် ပရိသတ်တွေထဲက ဒါရိုက်တာအနည်းငယ်က သက်ပြင်းချလိုက်ကြသည်။ သူတို့၏ဇာတ်ကားတွေအတွက် ရင်းနှီးမြှုပ်နှံမှုများများရခဲ့မည်ဆိုလျှင် ချင်းချုံဟိုင်ကြုံခဲ့ရသည်ထက် ပိုမိုခက်ခဲသောအရာတွေကို ရင်ဆိုင်ရန် ဆန္ဒရှိပေသည်။

ကံမကောင်းစွာနှင့် ဘဝကမမျှတ။ ယှဉ်ပြိုင်နေလို့ ဘာမှအကျိုးမရှိပေ။

“အခု...ကျွန်တော်တို့ ဇာတ်ကားရဲ့အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသားဇာတ်လိုက်ကို ဖိတ်ခေါ်လိုက်ကြတာပေါ့ဗျာ” အခမ်းအနားမှူးများက ဖိတ်ခေါ်ဟန်ပြုလိုက်၏။ စင်ပေါ်ရှိ 'ရှန်ယွင်'* တိမ်တိုက်အသွင် တံခါးက ဖြည်းညင်းစွာ ပွင့်လာပြီး ရှောက်ချုန်းနှင့်စွန်းယွီဟန်တို့က လက်တွဲလျက် ထွက်ပေါ်လာလေသည်။
[祥云 (xiang yun) - နတ်တွေသုံးတဲ့ ဒဏ္ဍာရီလာတိမ်တိုက်တွေကို ရည်ညွှန်းတာပါ။]

သူတိူ့နှစ်ယောက်လုံးသည် ဖျော်ဖြေရေးလုပ်ငန်းတွင် Aအဆင့်ဝင်သူများဖြစ်ကြပြီး သူတို့၏ရှိုးများသည်လည်း များသောအားဖြင့် box office တွင် ရေပန်းစားကြပေသည်။ ထို့ကြောင့် သူတို့၏ထွက်ပေါ်လာမှုက ပရိသတ်များထံမှ တဖြောင်းဖြောင်းမြည်နေသော လက်ခုပ်သံများနှင့် လိုက်ဖက်ညီလေသည်။

အခမ်းအနားမှူးများက ဇာတ်လိုက်နှစ်ယောက်ကို မိတ်ဆက်ပေးပြီးနောက် ဇာတ်ပို့သရုပ်ဆောင်များထဲမှ ပို၍ထင်ရှားကျော်ကြားသော အနုပညာရှင်များကို ဖိတ်ခေါ်လိုက်လေ၏။ ထိုလူတွေထဲတွင် ကျိုးဟိုင်လီသည်လည်း အပါအဝင်ဖြစ်သည်။

ဤအနုပညာရှင်များက ဇာတ်ကား၏ဇာတ်လိုက်များ မဟုတ်ပေမယ့် အခမ်းအနားများက သူတို့ကို ညီတူညီမျှပင် ဆက်ဆံကြသည်။ တစ်ခါတရံ ဇာတ်လိုက်များကို ဆက်ဆံသည်ထက်ပင် ပို၍လေးစားသမှုရှိလေ၏။

“ဒီနေ့မှာ အံ့မခန်းဖြစ်ဖွယ်ကောင်းတဲ့ သရုပ်ဆောင်တွေအများကြီးကို တွေ့လိုက်ရတော့ ကျွန်မတကယ်ကို စိတ်လှုပ်ရှားမိပါတယ်.. အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရတဲ့အလုပ် ပြီးသွားဖို့ကိုတောင် မစောင့်နိုင်တော့ဘူး..ဒါမှ ကျွန်မဇာတ်ကားကြည့်လို့ရမှာလေ.." အမျိုးသမီးအခမ်းအနားမှူးက စိတ်လှုပ်ရှားပြီး ဆန္ဒစောနေပုံရသည်။ “ဒါရိုက်တာချင်း..ရှင် ဒီနေ့ ကျွန်မကို ကောင်းကောင်းမကြီးမှူးပေးနိုင်လို့ဆိုပြီး အပြစ်တင်လို့မရဘူးနော်။ ရှင့်ကိုယ်ရှင်ပဲ အပြစ်တင်လိုက်ပါတော့...ဇာတ်ကားကို ကြည့်ရတာ သေ‌သေချာချာ ရိုက်ကူးထားပုံပဲ...ကျွန်မ အဲ့အကြောင်းကို တွေးနေလွန်းလို့ အခုအလုပ်ကို သေချာမလုပ်နိုင်တော့ဘူး..”

“မင်းဘယ်လောက်ပဲ ဆန္ဒစောနေပါစေ ဒီဇာတ်ကားရဲ့အရေးကြီးတဲ့ဇာတ်ကောင်ကို ကျော်သွားလို့မရဘူးကွ!” အမျိုးသားအခမ်းအနားမှူးက ပဟေဠိဆန်စွာ ပြောလာခဲ့သည်။ “အားလုံးပဲ...အဲ့ဒါဘာဇာတ်ကောင်လဲ?”

“နတ်မိမယ်ချင်းယန်!”

မိတ်ဆက်ပွဲ၏လက်မှတ်များကို ဝယ်နိုင်ခဲ့သည့် ကံကောင်းသောဖန်များက ပြန်လည်တုန့်ပြန်လာကြသည်။

“ဟုတ်ပါတယ်...နတ်မိမယ်ချင်းယန်ပါပဲ” အမျိုးသားအခမ်းအနားမှူးက အသံမြှင့်၍ ပြောလိုက်၏။ “နတ်မိမယ်ချင်းယန်နေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး နဉ်ရှီကို ကြိုဆိုလိုက်ကြရအောင်!”

ဘယ်သူကြီးလဲ?နဉ်ရှီ?!

လူတော်တော်များများ ရှော့ခ်ရသွားကြသည်။ နဉ်ရှီက အမှန်ပဲ ‘Tán Hǎixiān jì’ရဲ့ ရိုက်ကူးရေးတွင် ပါဝင်နိုင်ခဲ့ပြီး နတ်မိမယ်ချင်းယန်ရဲ့နေရာကိုတောင် ရနိုင်ခဲ့တာလား?!

လူအများစုက အံ့အားသင့်ထိတ်လန့်နေကြဆဲဖြစ်တာကြောင့် သူမအတွက် လက်ခုပ်သံက ‌ဟိုတစ်စုသည်တစ်စုဖြစ်နေတော့သည်။

“ဖြောင်း ဖြောင်း ဖြောင်း!” ချန်းရှီကွေ့က သူ့လက်ကိုမြှောက်ထားတော့ သူ့ထံမှ ကျယ်လောင်ပြတ်သားသော လက်ခုပ်သံက သူ့ဘေးဝန်းကျင်က ပရိသတ်များကို အသိပြန်ဝင်စေကာ သူတို့အားလုံးလည်းပဲ အားပါးတရ လက်ခုပ်သြဘာချီးမြှင့်ကြတော့သည်။

အခမ်းအနားအစတွင် မစ္စတာချန်းက ယဉ်ကျေးမှုအရသာ လက်ခုပ်တီးပေးခဲ့သည်။ သို့ပေမယ့် ဒီတစ်ကြိမ်တွင်တော့ သူက အားမာန်ပါလှစွာ တုန့်ပြန်လာခဲ့ရာ သူနှင့်နဉ်ရှီတွင် ဆက်ဆံရေးကောင်းရှိကြောင်း သိသာလှပေသည်။

တခြားလူတွေလည်း အတူတူပင်...သူတို့အနေနှင့် မစ္စတာချန်းကို မျက်နှာသာပေးမှဖြစ်မည်။

လက်ခုပ်တီးရမယ်! သူတို့အနေနဲ့ လက်ခုပ်ကျယ်ကျယ်တီးမှရမယ်!!

နဉ်ရှီက စင်ပေါ်ကို တက်လာသည်။ အခမ်းအနားမှူးများနှင့် စကားအနည်းငယ်ပြောပြီးနောက်တွင် ဘေးတစ်ဖက်မှာ တိတ်တဆိတ်သွားရပ်နေတော့၏။ သူမကိုအထင်ကြီးလာအောင် မကြိုးစားသလို ထင်ရှားကျော်ကြားမှုကိုလည်း ခိုးယူခြင်းမရှိပေ။ ဤအခြင်းအရာက ပရိသတ်တွေကို သူမအပေါ် နှစ်သက်မှုတိုးစေ၏။ သူတို့၏ကျော်ကြားမှုကိုကြွားဝါပြီး ဟိတ်ဟန်များတတ်သော အနုပညာရှင်တွေနှင့်ယှဉ်လျှင် သူတို့က လက်တွေ့ကျပြီး ခပ်လျှိုလျှိုသာနေတတ်သည့် အနုပညာရှင်များကို ပို‌၍သဘောကျတတ်ကြပေသည်။

“ဒါရိုက်တာချင်း...သရုပ်ဆောင်တွေထဲမှာ မင်းသမီးလှလှလေးတွေအများကြီးရှိတယ်ပေါ့နော်။ ခင်ဗျားအမြင်မှာ ဘယ်သူကအကောင်းဆုံး သရုပ်ဆောင်ခဲ့တယ်လို့ထင်လဲ?”

အမျိုးသားအခမ်းအနားမှူးက အတင်းအဖျင်းပြောချင်သည့် မျက်နှာထားကို တမင်လုပ်ထားပြီး မိုက်ကို ဒါရိုက်တာချင်းထံသို့ လွှဲပေးလိုက်သည်။

ဒါရိုက်တာချင်းက အမျိုးသားအခမ်းအနားမှူးကို တစ်ချက်ဝေ့ကြည့်ရင်း တသောသောရယ်လေ၏။ “ဒီနေ့ မင်းတို့တွေ ငါ့ကို အလွတ်မပေးဘူးဆိုတာ ငါသိနေတယ်..” သူလှည့်ပြီး အနောက်က အမျိုးသမီးသရုပ်ဆောင်များကို ကြည့်လိုက်သည်။ “ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျုပ်ရဲ့သရုပ်ဆောင်တွေအားလုံးကို အားရနှစ်ခြိုက်မိပါတယ်။ ဘာလို့ဆို ကျုပ်သဘောမကျတဲ့အခန်းတွေရှိရင် သူတို့ကိုပြန်ရိုက်ခိုင်းတယ်လေ”

ပရိသတ်များထံမှ လက်ခုပ်ဩဘာသံများက ချက်ချင်းပင် ခန်းမထဲတွင် မြည်သွားသည်။

“ဒါရိုက်တာချင်းကတော့ မျှော်လင့်ထားတဲ့အတိုင်း စေ့စပ်သူပါပဲဗျာ! အရမ်းကောင်းတယ်!” အမျိုးသားအခမ်းအနားမှူးကလည်း စတင်ချီးမွမ်းထောပနာပြုလာ၏။

ဒါရိုက်တာချင်းက အပြုံးလေးနှင့် ဆက်ပြောသည်။ “စွန်းယွီဟန်က အရမ်းကိုတော်တဲ့ အမျိုးသမီးဇာတ်လိုက်တစ်ယောက်ပဲ။ ဟိုင်လီရဲ့သရုပ်ဆောင်စွမ်းရည်တွေကတော့ ပြောနေစရာမလိုတော့ဘူး။ မင်းတို့စိတ်မပျက်စေရဘူး။ ကျုပ်ကိုအံ့အားအသင့်စေဆုံးက နဉ်ရှီရဲ့ဖျော်ဖြေမှုပဲ။ အစက ကျုပ်သူ့ကို နတ်မိမယ်ချင်းယန်ရဲ့နေရာအတွက် ရွေးခဲ့တာက သူ့ရဲ့အလှတရား‌‌ကြောင့်နဲ့ ရောင်ဝါနဲ့ပြီးပြည့်စုံမှုတွေကြောင့်ပေါ့နော်။ ကျုပ်တို့ရိုက်ကူးရေးလုပ်နေတဲ့အချိန် သူကအဖွဲ့သားတွေကို စပရိုက်အကြီးကြီး တိုက်ချမယ်လို့ ဘယ်သူကသွားသိမလဲ?”

“သူကျုပ်တို့အဖွဲ့ထဲ စဝင်တုန်းက သရုပ်ဆောင်အရည်အချင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိသလို ဝိုင်ယာကြိုးနဲ့လည်း အချိတ်မခံရဖူးသေးဘူး။ သူ့ရဲ့သရုပ်ဆောင်ချက်တွေက မှန်းသလောက်မဖြစ်နေမှာ၊ နတ်မိမယ်ချင်းယန်အတွက် ဇာတ်ကောင်‌ဆက်တင်ကို သက်ရောက်မှာကို အမြဲစိုးရိမ်နေခဲ့ရတာ” ဒါရိုက်တာချင်းပြောရင်း သူ့ကိုယ်သူရယ်သွမ်းသွေးလိုက်သည်။ “ဒီကလေးမက အလုပ်အရမ်းကြိုးစားမယ်လို့ ဘယ်သူသိမှာလဲ..
ဇာတ်ကွက်တစ်ခုကို လုံးဝပြီးပြည့်စုံစေဖို့အတွက်နဲ့ ဒီကလေးက ဝိုင်ယာကြိုးပေါ်မှာ အကြာကြီးနေလိုက်သေးတာ။ သိုင်းချတဲ့အခန်းတွေ ပိုပြီးချောမွေ့ဖို့အတွက်ဆိုရင်လည်း သူက ဘေးမှာနေပြီး လှုပ်ရှားပုံကိုလေ့လာနေခဲ့တာ...ဒါကြောင့်မို့ effectsတွေက လုံးဝအံ့ဩတုန်လှုပ်စရာ ဖြစ်နေတာပေါ့..”

ဒါရိုက်တာချင်း တစ်ယောက်ယောက်ကို ချီးကျူးသည်မှာ ဖြစ်လေ့ဖြစ်ထမရှိ။ သို့သော် ကျိုးဟိုင်လီနှင့် စွန်းယွီဟန်လိုမျိုး အရင်က သူချီးမွမ်းခဲ့သည့်သူများမှာ ဖျော်ဖြေရေးလောကတွင် Aအဆင့်ဝင် သရုပ်ဆောင်များဖြစ်လာခဲ့ကြသည်။

ယခု နဉ်ရှီအတွက် သူ၏ချီးကျူးမှုများကို သူတို့ကြားလိုက်ရသည့်အခိုက် သူမကို လုံးလုံးလျားလျား မတူကွဲပြားသည့်အမြင်နှင့် ကြည့်လာကြသည်။

ဆိုလိုရင်းက တစ်ခုတည်းပင် - သူမက သိပ်မကြာခင်မှာ နာမည်ကြီးလာတော့မှာပဲ!

တစ်ဖက်ရှိနဉ်ရှီ၏တုံ့ပြန်ပုံလေးကတော့ ပရိသတ်တွေကို ရှက်ကိုးရှက်ကန်းပြုံးပြလိုက်ပြီးနောက် စကားတစ်လုံးမဆိုဘဲ ခေါင်းငုံ့လိုက်တာပင်ဖြစ်သည်။

နဉ်ရှီ၏တုံ့ပြန်မှုမှာ လူသစ်တစ်ယောက်အနေနှင့် ရရှိလာသည့် ချီးမွမ်းမှုများကြောင့် ရှက်ရွံ့နေသည်ဟု အများကထင်ကြသည်။တစ်ဖက်တွင်မူ ချန်းရှီကွေ့က သူမမျက်နှာထက်မှ ရှက်ရွံ့နေသောအကြည့်ကို မြင်လိုက်စဉ် ပြုံးလိုက်မိလေ၏။
___________
Meow's Note: နောက်ကျသွားလို့ သွေ့ပုကျိပါကွယ်။ ကိုယ် သင်တန်းကပရောဂျက်တွေပိနေတဲ့အပြင် menstruationဒဏ်ပါခံနေရလို့ရယ်။ နောက်တစ်ပိုင်းကမမှီတော့လို့ မနက်ဖြန်လောက် လာမယ်နော်။
___________

[Zawgyi]

သူမဟာ ကိစၥေတြကို အေတြးလြန္ေနျခင္းျဖစ္မည္ဟု စြန္းယြီဟန္က ေတြးလိုက္မိသည္။ ခ်န္းရွီေကြ့လိုလူမ်ိဳးက သူ႔မာနကိုခဝါခ်ၿပီး လူတစ္ေယာက္ကို စိတ္ေက်နပ္ေစတဲ့ ခ်စ္ခြင့္ပန္ျခင္းနည္းလမ္းကို ဘယ္လိုလုပ္အသံုးျပဳႏိုင္မွာလဲ? သူ႔လိုအဆင့္အတန္းထဲက ေယာက္်ားေတြက အဖိုးတန္လက္ဝတ္ရတနာေတြ၊ ကားေတြ၊ အိတ္ေတြ၊ ဒါမွမဟုတ္ အိမ္ကိုေတာင္ ေပးၾကလိမ့္မည္၊ သို႔ေသာ္ ထိုသို႔ေသာ ရိုမန႔္တစ္ဆန္ဆန္ပံုရိပ္မ်ားတြင္ေတာ့ အားထုတ္ရန္ဆႏၵမရိွၾကေပ။

အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔၏အျမင္တြင္ မိန္းမမ်ားဟာ ထိုသို႔ေသာပစၥည္းမ်ားကို သေဘာက်သည္ ဟူ၍ပင္။ သူတို႔ကိုစိတ္ေက်နပ္ေစရန္ ေယာက္်ားမ်ားအေနႏွင့္ ဘာမွသိပ္ေတြးစရာမလို။ ထိုအျခင္းအရာသည္ သူတို႔ကထိုအမ်ိဳးသမီးကို မႀကိဳက္ဟု မဆိုလို။ သူတို႔၏စိတ္ႏွလံုးထဲ၌ ေငြဟူသည္ သူတို႔အတြက္ အမ်ိဳးသမီးတစ္ေယာက္ကို ေပးရန္ဆႏၵရိွၿပီး ေပးႏိုင္ေသာအရာခပ္သိမ္းပင္။

သို႔ေသာ္ျငား မိန္းမအမ်ားစုအတြက္မူ ပိုက္ဆံသည္ ဒုတိယေနရာတြင္ပင္။ သူတို႔ဘဝတစ္ေလ်ွာက္လံုး အမွတ္တရရိွသြားမၫ့္အရာက လက္ေဆာင္မ်ား၏ေနာက္ကြယ္က ေယာက္်ားတို႔၏ရိုးသားစစ္မွန္မႈႏွင့္ အေတြးပင္။

လက္ေဆာင္က ေဈးမႀကီးတာမ်ိဳး ျဖစ္ရင္ျဖစ္မည္; ၄က ကားတစ္စီး သို႔မဟုတ္ လက္ဝတ္လက္စားထက္ ေဈးနိမ့္ေကာင္းနိမ့္လိမ့္မည္; သို႔ေသာ္ သူတို႔လိုေနတာက ပိုက္ဆံမဟုတ္...သူမအတြက္ ေလးနက္၍အဓိပၸာယ္ရိွေသာ လက္ေဆာင္တစ္ခုကို စဉ္းစားရန္အတြက္ ထိုအမ်ိဳးသား၏ဆႏၵရိွမႈပင္။

ဟုတ္ေပသည္ ပိုက္ဆံကို မည္သူမ်ွမမုန္း၊ သို႔ေသာ္ စစ္မွန္ရိုးသားမႈကိုလည္း လူတိုင္းႀကိဳက္ႏွစ္သက္ၾကေပသည္။ သူေဌးသားတစ္ေယာက္က အမ်ိဳးသမီးတစ္ေယာက္အေပၚ သံုးျဖဳန္းေပးရန္ ဆႏၵရိွသည္မွာ အထူးအဆန္းမဟုတ္ေပ; သို႔ေသာ္ ထိုအမ်ိဳးသမီးထံ ဂရုတစိုက္ရိွေပးသည္ကား သူတို႔အတြက္ေတာ့ ျဖစ္ေတာင့္ျဖစ္ခဲပင္။

ယုတၲိရိွရိွေျပာရမည္ဆိုလ်ွင္ ပံုထဲရိွစံုတြဲက နဉ္ရွီႏွင့္ခ်န္းရွီေကြ့ မျဖစ္ႏိုင္ေပ။ သို႔ေပသိ သူမ၏ဆင္ျခင္တံုတရားကေတာ့ ေနာက္တစ္မ်ိဳးေျပာေန၏။

“နဉ္ရွီ...” စြန္းယြီဟန္က သူမ၏ေမးခြန္းကို စိတ္ထဲကျပင္ေနရင္း တံေတြးမ်ိဳခ်လိုက္သည္။ “တို႔ မင္းကို ဂုဏ္မျပဳေပးရေသးဘူးေနာ္! ငါတို႔ရွီရွီရဲ့ႏွလံုးသားကို ေအာင္ႏိုင္သြားတဲ့ ကံေကာင္းသူေလးက ဘယ္သူပါလိမ့္?”

“ေက်းဇူး” နဉ္ရွီကၿပံဳးလိုက္ၿပီး သူမမ်က္ႏွာကိုဖံုးလိုက္သည္။ “သူကကံေကာင္းတယ္လို႔ ကြၽန္မလည္းထင္မိတယ္”

နဉ္ရွီက သူမ၏အခ်စ္ေရးကို တရားဝင္ခ်ျပၿပီးျဖစ္၏။ ထိုသတင္းက နာရီအနည္းငယ္အတြင္းမွာပင္ ေဖ်ာ္ေျဖေရးေလာကတစ္ခုလံုးကို ပ်ံ့ႏွံ႔သြားေလၿပီ။ မိတ္ကပ္ပညာရွင္မ်ားကိုယ္တိုင္လည္း ထိုအေၾကာင္းကို မေမးရဲၾကေပ။ သို႔ေပမယ့္ စြန္းယြီဟန္က ထိုကိစၥအေၾကာင္း ေျပာလာသည္ကို ေတြ့လိုက္သည္ႏွင့္ သူတို႔လည္း ေျပာင္ေျပာင္တင္းတင္းပင္ အဲ့ဒီကိစၥရဲ့ ေကာင္းတာေလးေတြကို တမင္ေျပာရင္း စတင္ေဆြးေနြးလာၾကေတာ့သည္။

အခန္းထဲတြင္ရိွေနေသာလူမ်ားက မပိန္းၾက‌ေပ။ အခုခ်ိန္မွာ နဉ္ရွီက မေက်ာ္ၾကားတာမ်ိဳး ျဖစ္ေကာင္းျဖစ္လိမ့္မည္။ သို႔ေသာ္ ‘Tán Hǎixiān jì’ ရုပ္ရွင္ထုတ္လႊင့္သည္ႏွင့္ ၄ရုပ္ရွင္က box office မွာ အံ့ဩဖြယ္ေကာင္းစြာ အရႈံးေပၚသြားလ်ွင္ေတာင္ နဉ္ရွီကေတာ့ သူမ၏သရုပ္ေဆာင္စြမ္းရည္ႏွင့္ ေက်ာ္ၾကားသြားမွာပင္။

အမွန္မွာ နဉ္ရွီသည္ ေဖ်ာ္ေျဖေရးလုပ္ငန္းတြင္ ထိပ္ဆံုးအဆင့္ထိပင္ ျမင့္တက္သြားႏိုင္သည္။

နတ္မိမယ္ခ်င္းယန္၏က႑ဟာ အမွန္ပင္ အေရးပါလြန္းၿပီး ပရိသတ္ေတြ ဆြဲေဆာင္ခံရေသာ ဇာတ္ေကာင္လည္းျဖစ္သည္။ ဤသည္က သင့္ေလ်ာ္ေသာ သရုပ္ေဆာင္တစ္ေယာက္ရဖို႔အေရး ဒါရိုက္တာခ်င္းတစ္ေယာက္ အခ်ိန္ႏွင့္လံု႔လေတြ အမ်ားႀကီးစိုက္ထုတ္ထားရၿပီး ေနာက္ဆံုး၌ နဉ္ရွီကို ေရြးခ်ယ္လိုက္ရသၫ့္ အေၾကာင္းအရင္းပင္။

ဒါ့အျပင္ EQျမင့္ၿပီး ေအာင္ျမင္မႈအတြက္ ကံပါလာတဲ့သရုပ္ေဆာင္တစ္ေယာက္နဲ႔ ဘယ္သူက ဆက္ဆံေရးေကာင္းမတည္ေဆာက္ခ်င္ဘဲ ရိွမလဲ?

စြန္းယြီဟန္ႏွင့္နဉ္ရွီသည္ ဆက္ဆံေရးေကာင္းတစ္ခုရိွေပမယ့္ ထိုညတြင္ေတာ့ သူမဟာ နဉ္ရွီအေပၚ သာမန္ထက္ပိုၿပီး ေနြးေထြးပ်ူငွာစြာ ျပဳမူခဲ့သည္။ တျခားလူေတြက ျခားနားမႈကို သတိမမူမိေလာက္ေသာ္လည္း နဉ္ရွီကေတာ့ ရွင္းရွင္းလင္းလင္းကိုပင္ ခံစားမိေလ၏။

အျခားလူ‌ေတြကို စိတ္ရင္းႏွင့္ ေကာင္းေကာင္းဆက္ဆံေပးသၫ့္လူဟူ၍မရိွေပ။ စြန္းယြီဟန္က တစ္ခုခုကို သံသယျဖစ္သြားေၾကာင္း နဉ္ရွီခံစားမိသည္။ သို႔ေပမယ့္ ၄ကနဉ္ရွီကို စိတ္အေနွာင့္အယွက္မျဖစ္ေစေပ။ စြန္းယြီဟန္သည္ သတင္းလိုက္မျဖန႔္တတ္သၫ့္အျပင္ သူမ၏လ်ိႈ႔ဝွက္ခ်က္ကိုပင္ ကူဖံုးေပးထားမၫ့္ ထက္ျမက္ေသာမိန္းမတစ္ေယာက္ျဖစ္ေၾကာင္း သူမသိေလ၏။

အႏွီအမ်ိဳးသမီးက သင္နိမ့္က်သၫ့္အခ်ိန္ သင့္ကိုဘယ္ေတာ့မွ ထိခိုက္လိမ့္မည္မဟုတ္ သင္ေအာင္ျမင္ေနလ်ွင္ သင့္ေဘးမွာပင္ရိွေနလိမ့္မည္။

နဉ္ရွီသည္ ထိုသို႔ေသာလူမ်ိဳးကို သေဘာက်ေပသည္။ အဆံုးတြင္ အေရ႔ွကေျပာခဲ့သလိုမ်ိဳးလုပ္ႏိုင္ရန္ အနည္းအက်ဉ္းကသာ ၾကင္နာတတ္ၾက၏။

စြန္းယြီဟန္က နဉ္ရွီ၏တံု႔ျပန္ပံုကို ျမင္လိုက္ၿပီး နဉ္ရွီမိတ္ကပ္ျပင္ၿပီးသည္ႏွင့္ နဉ္ရွီကိုWelfie*ရိုက္ရန္ ဆြဲေခၚလာကာ သူတို႔ႏွစ္ေယာက္ပံုကိုျဖဴျပီးလွေအာင္လို႔ filterအခ်ိဳ႕ပင္ သံုးလိုက္ေသးသည္။
[Welfie - Workout Selfie]

စြန္းယြီဟန္: မွန္ႀကီးေရ မွန္ႀကီးေရ... ေက်းဇူးျပဳျပီး ကြၽန္မကိုေျပာျပပါ။ ကြၽန္မတို႔ႏွစ္ေယာက္က ဒီကမ႓ာေပၚမွာ အလွဆံုးမိန္းမႏွစ္ေယာက္မဟုတ္လား?

နဉ္ရွီ: ဟုတ္တာေပါ့![စာႂကြင္း: ငါကေမွာ္မွန္ႀကီးပါ]
(Retweet စြန္းယြီဟန္: မွန္ႀကီးေရ မွန္ႀကီးေရ... ေက်းဇူးျပဳျပီး ကြၽန္မကိုေျပာျပပါ။ ကြၽန္မတို႔ႏွစ္ေယာက္က ဒီကမ႓ာေပၚမွာ အလွဆံုးမိန္းမႏွစ္ေယာက္မဟုတ္လား?)

အင္တာနက္သံုးစြဲသူ A: ၾကၫ့္တာနဲ႔တင္ ဒီႏွစ္ေယာက္က သူငယ္ခ်င္းစစ္စစ္ေတြမွန္း ေျပာႏိုင္တယ္။

အင္တာနက္သံုးစြဲသူ B: Aေရ နင့္ၾကၫ့္ရတာ ေတာ္ေတာ္သိတဲ့ပံုပဲ...ခိခိခိ။

ပံုမွန္အားျဖင့္ အခ်ိဳ႕လူေတြက Weibo ေပၚတြင္ postတင္လ်ွင္ သူတို႔၏အေကာင္းဆံုးပံုမ်ားကို ေရြးတင္ေလ့ရိွၾကသည္။ ပံုထဲကလူေတြက သူငယ္ခ်င္းေတြဆိုလ်ွင္...သူတို႔အေနႏွင့္ ပံုမွန္အတိုင္းျဖစ္ေနရန္သာ လိုအပ္သည္။ ထိုလူႏွစ္ေယာက္က သူငယ္ခ်င္းအစစ္ေတြလားဆိုတာကို ခန႔္မွန္းႏိုင္ဖို႔ တစ္ေယာက္ေယာက္က အဖြဲ႔လိုက္ဓာတ္ပံုမ်ားစြာကို အမွန္ပင္ အသံုးျပဳခဲ့သည္။

အင္တာနက္သံုးစြဲသူ C: နတ္ဘုရားမႏွစ္ေယာက္ ရဲတင္းေနပံုကိုၾကၫ့္ရင္း ငါလည္း ရုတ္တရက္ ငါ့ကိုယ္ငါအရွက္မရိွသလို ခံစားလာရတယ္။

အင္တာနက္သံုးစြဲသူ D: ရက္စ္ ရက္စ္ အားလံုးလွတယ္...မင္းတို႔ႏွစ္ေယာက္လံုးက အလွဆံုးပဲ။

အျခားလူမ်ားက နဉ္ရွီကို ဂုဏ္ျပဳေပးေနၾကစဉ္ နဉ္ရွီ၏ခ်စ္သူေကာင္ေလးက ဘယ္သူလဲဆိုၿပီး ေမးလာၾကသၫ့္ အင္တာနက္သံုးစြဲသူအခ်ိဳ႕ပင္ရိွေသးသည္။ Postတင္ၿပီးေနာက္ပိုင္း တံု႔ျပန္ခ်က္ေတြက စည္ကားလ်က္ပင္။ မၾကာမီ “နတ္ဘုရားမႏွစ္ေယာက္ျဖစ္တဲ့ စြန္းယြီဟန္နဲ႔နဉ္ရွီတို႔ရဲ့ ဓာတ္ပံုေတြက ပန္းခ်ီကားတစ္ခ်ပ္လို လွရက္ပါေပတယ္” ဆိုသၫ့္ topicက Weibo တြင္ trendingျဖစ္လာေတာ့သည္။ ယင္းtopicက ထိပ္ဆံုးေနရာတြင္တည္ရိွေနကာ “ရို႔မန႔္တစ္ဆန္ဆန္ခ်စ္ခြင့္ပန္ခံရတဲ့ မိန္းကေလးက က်န္းရႊယ္” ဆိုသၫ့္ topic ကို နံပါတ္ႏွစ္ေနရာသို႔ ဆြဲခ်သြားေလ၏။

က်န္းရႊယ္၏PR teamက အေျခအေနကို ခ်က္ခ်င္းသတိထားမိသြားၿပီး က်န္းရႊယ္ကို Top Spotေနရာသို႔ ေရာက္လာေအာင္ စန္းတင္ေပးႏိုင္ဖို႔အတြက္ အရင္းအျမစ္အင္အားမ်ားစြာကို စိုက္ထုတ္ေပးေတာ့သည္။

“က်န္းရႊယ္...အဲ့အေၾကာင္းကိုေမ့လိုက္ရေအာင္” သူမ၏မန္ေနဂ်ာသည္ နာမည္ႀကီးေတာ္ေတာ္မ်ားမ်ားက စြန္းယြီဟန္ႏွင့္နဉ္ရွီ၏Weibo postမ်ားကို repost လုပ္လာၾကသည္ကို ျမင္လိုက္၍ စိုးရိမ္ေန၏။ “ငါတို႔ဘက္ကစန္းတင္ေနခဲ့တာကို မီဒီယာကသာသိသြားၾကၫ့္...မင္းအေနနဲ႔ ဒုကၡမ်ားေတာ့မွာ”

က်န္းရႊယ္လည္း ဤအျခင္းအရာကို စိုးရိမ္ေနခဲ့ေပမယ့္ သူမ၏main pageတြင္ အျခားနာမည္ေက်ာ္မ်ားက နဉ္ရွီႏွင့္စြန္းယြီဟန္၏ပို႔စ္ကို repost လုပ္ေနၾကတာကို ျမင္လိုက္သၫ့္အခိုက္ သူမ၏မနာလိုစိတ္ကို မထိန္းထားႏိုင္ေတာ့ေပ။

‘ကိုယ့္ႏွလံုးသားက မင္းကိုပဲ တမ္းတေနမိတယ္’ ၏ရုပ္ရွင္ထုတ္လုပ္ေရးအတြင္း နဉ္ရွီသည္ အရံဇာတ္ေကာင္အေသးစားႏွင့္ လူသစ္တစ္ေယာက္ျဖစ္ေနခ်ိန္ က်န္းရႊယ္က ဒုတိယအမ်ိဳးသမီးဇာတ္ေဆာင္ျဖစ္ေနေခ်ၿပီ။ တစ္ႏွစ္ပင္ရိွေသးေသာအခ်ိန္တြင္ နဉ္ရွီက စြန္းယြီဟန္လိုမ်ိဳး Aအဆင့္ရိွသရုပ္ေဆာင္ႏွင့္ဆက္ဆံေရးကို စတင္ႂကြားလံုးထုတ္ေနစဉ္မွာ သူမကေတာ့ မီဒီယာ၏အာရံုစိုက္မႈကိုရဖို႔အတြက္ အမည္မသိ ရိုမန႔္တစ္ဆန္ဆန္ ခ်စ္ခြင့္ပန္တာကို အသံုးခ်ေနရ၏။ က်န္းရႊယ္ထိုသို႔ဂရုတစိုက္လုပ္ခဲ့၍သာလ်ွင္ ေခါင္းေလ်ွာ္ရည္ေၾကာ္ျငာရန္ သေဘာတူညီခ်က္ကို ရခဲ့ေတာ့သည္။

“ထုတ္ကုန္အတြက္ သေဘာတူညီခ်က္က ေျဖရွင္းၿပီးသြားၿပီလား?” က်န္းရႊယ္က ႏႈတ္ခမ္းကိုတင္းတင္းေစ့ကာ ပက္ကနဲ ေမးလိုက္သည္။ ‘ကိုယ့္ႏွလံုးသားက မင္းကိုပဲ တမ္းတေနမိတယ္’မွ ေက်ာ္ၾကားမႈအခ်ိဳ႕ရရိွခဲ့ေသာ္လည္း ဇာတ္ေကာင္ေကာင္းေကာင္းတစ္ခုမွ မရခဲ့ဖူးေပ။ သူမပါဝင္သရုပ္ေဆာင္ထားသၫ့္ဒရာမာကလည္း ထုတ္လႊင့္ဖို႔အတြက္ မစီစဉ္ရေသး။ ဤသေဘာတူညီခ်က္ကိုမရခဲ့ပါက အနာဂတ္တြင္ ပိုေကာင္းသၫ့္ဇာတ္ေကာင္မ်ားကိုရဖို႔ ပို၍ခက္ခဲလာလိမ့္မည္။

“ကုန္ထုတ္တဲ့သူက အေၾကာင္းမျပန္လာေသးဘူး” ကနဦးက ကုန္ထုတ္သူသည္ ဤထုတ္ကုန္ကိုေၾကာ္ျငာရန္အတြက္ နဉ္ရွီကိုအလိုရိွခဲ့ေပမယ့္ က်န္းခ်င္းယြင္က သေဘာမတူခဲ့ေၾကာင္းကိုေတာ့ က်န္းရႊယ္၏မန္ေနဂ်ာက သူမကိုမေျပာျပလိုက္ပါေခ်။

မန္ေနဂ်ာက က်န္းရႊယ္၏အေျခအေနအေပၚ ဝမ္းနည္းသြားရသည္။ မည္သို႔ဆိုဆို သူ၏အႏုပညာရွင္က ‘ကိုယ့္ႏွလံုးသားက မင္းကိုပဲတမ္းတေနမိတယ္’ ရုပ္ရွင္မွ လူသစ္တစ္‌ေယာက္က မလိုခ်င္သၫ့္ သေဘာတူညီတစ္ခုကိုရဖို႔အေရး နည္းလမ္းမ်ိဳးစံုသံုးရေသာ အေျခအေနတြင္ ရိွေနသည္ေလ။

“နည္းနည္းေလာက္ဆက္ၿပီး ေတာင့္ခံၾကၫ့္ၾကတာေပါ့” က်န္းရႊယ္ ေတြေဝသြားေသးသည္၊ ၿပီးေနာက္ သူမ၏အၾကၫ့္ေတြက ဆံုးျဖတ္ၿပီးသြားပံုရသည္။ “ဒီည ‘Tán Hǎixiān jì’ရဲ့ရုပ္ရွင္မိတ္ဆက္ပြဲစတာနဲ႔ ကြၽန္မတို႔သတင္းကို trending listမွာ နံပါတ္သံုးအထိ ေလ်ွာ့ခ်ပစ္ရမယ္”

သူမသာမႀကိဳးစားခဲ့ရင္ ဒီအသိုင္းအဝိုင္းမွာ ဘယ္လိုရွင္သန္ႏိုင္မွာလဲ?

ေျပာရမယ္ဆို ဒီလုပ္ငန္းခြင္မွာ ျဖစ္ပ်က္ေနတဲ့ကိစၥေတြမွ အမ်ားႀကီး...ၿပီးရင္ မီဒီယာအားေပးမႈကိုရရိွဖို႔အတြက္ hot topicကိုသံုးတာ သူမတစ္ေယာက္တည္းမွမဟုတ္ဘဲ။ နဉ္ရွီလည္း လူထုရဲ့သေဘာက်မႈကိုရဖို႔ ေက်ာင္းတြင္းအၾကမ္းဖက္မႈဆိုတဲ့ trend ကို မသံုးခဲ့လို႔လား?

ခ်စ္ခြင့္ပန္တဲ့သတင္းကို သူမရဲ့ေက်ာ္ၾကားမႈအတြက္ သံုးလိုက္တာက ဘာမ်ားမွားေနလို႔လဲ?

‘Tán Hǎixiān jì’၏ ရုပ္ရွင္မိတ္ဆက္ပြဲက မစတင္ေသးေသာ္ျငား ဖိတ္ၾကားခံထားရေသာ ရုပ္ရွင္ေဝဖန္သူ‌မ်ား၊ သတင္းေထာက္မ်ားႏွင့္ အထူးဧၫ့္သည္ေတာ္မ်ားက ေနရာယူၿပီးႏွင့္ၿပီ။ မိတ္ဆက္ပြဲအတြက္ အခမ္းအနားမွဴးမ်ားက ျပည္တြင္းရုပ္ျမင္သံၾကားအတြက္ ထိုသို႔ေသာေဖ်ာ္ေျဖပြဲေတြကို ပံုမွန္လက္ခံေလ့မရိွသၫ့္ Aအဆင့္ဝင္hostႏွစ္ေယာက္ပဲျဖစ္သည္။ ရုပ္သံဌာနကလည္း သူတို႔အား ထိုအလုပ္ေတြကို တိုးတိုးတိတ္တိတ္ လက္ခံထားခြင့္မေပးေပ။ သို႔ေသာ္ျငား ဒါရိုက္တာခ်င္းကိုကူညီဖို႔အတြက္ ဒီညအခမ္းအနားတြင္  သူတို႔ေရာက္ရိွေနတာက ေဖ်ာ္ေျဖေရးေလာကတြင္ ဒါရိုက္တာခ်င္းက မည္မ်ွပင္ေလးစားဖြယ္ေကာင္းေၾကာင္း ျပေန၏။

ခ်န္းရွီေကြ့က ပြဲက်င္းပရာေနရာကို ဝင္ရဖို႔အတြက္ သူ၏အထူးဖိတ္ၾကားခ်က္ကို အသံုးျပဳခဲ့သည္။ ရုပ္ရွင္၏ရင္းႏွီးျမႇဳပ္ႏွံသူမ်ားထဲမွတစ္ေယာက္ ျဖစ္သၫ့္အေလ်ာက္ သူ၏ေနရာမွာ ပထမဆံုးခံုတန္းျဖစ္ၿပီး အေကာင္းဆံုးျမင္ကြင္းရသၫ့္ေထာင့္ကပင္။

ခ်န္းရွီေကြ့၏အနားတြင္ထိုင္ေနေသာ အခ်ိဳ႕နာမည္ေက်ာ္မ်ားက သူ႔ကိုမွတ္မိသြားကာ စိတ္လႈပ္ရွားသြားၾက၏။ သို႔ေပမယ့္ ပြဲက်င္းပရာေနရာက သတင္းေထာက္မ်ားႏွင့္ ၿပံဳတိုးေနရာ သူတို႔လည္း ေျပာင္ေျပာင္တင္းတင္း မလႈပ္ရွားရဲေပ။ မဟုတ္လ်ွင္ သူတို႔၏အျပဳအမူေတြကို မီဒီယာက ေဝဖန္ၾကလိမ့္မည္။ သို႔ျဖစ္၍ သူတို႔အေနႏွင့္ ခ်န္းရွီေကြ့ရိွရာကိုသာ အၾကၫ့္တခ်ိဳ႕ ပစ္လႊတ္ႏိုင္ေတာ့သည္။

ခဏၾကာၿပီးေနာက္ ပြဲက်င္းပရာေနရာက ျပၫ့္သြားၿပီး ခန္းမႀကီးထဲက မီးေရာင္ေတြက ရုတ္တရက္ မိွန္က်သြားသည္။ ပြဲခန္းမႀကီးက အေမွာင္ထုထဲပိတ္မိေနေတာ့သည္။

“ဒံု~” ဗ်က္ေစာင္း*သံထြက္ေပၚလာၿပီး Screen က ရုတ္တရက္ လင္းထိန္လာသည္။ တိမ္မ်ားအလယ္ တည္ရိွေနသၫ့္ က်င့္ႀကံေရးဂိုဏ္းတစ္ခု၏ရႈခင္းကို ပရိသတ္မ်ားအား ျပသလ်က္ရိွ၏။

တိမ္ေတြဆီမွ က်က္သေရအျဖာျဖာႏွင့္တင့္တယ္ေသာ နတ္မိမယ္တစ္ပါး ေပၚထြက္လာေပသည္။ ပရိသတ္ေတြက သူမ၏မ်က္ႏွာကို မျမင္ရေသးေသာ္ျငား နတ္ဘုရားသဖြယ္ ေရာင္ဝါႏွင့္ အမ်ိဳးအမည္မသိရေသာ ေအးစိမ့္စိမ့္ခံစားခ်က္တို႔ကို ခ်န္လွပ္သြားေလ၏။

ထို႔ေနာက္တြင္ မွင္သက္ဖြယ္ေကာင္းၿပီး နိဗၺာန္သဖြယ္ ရႈခင္း၏ပံုရိပ္အခ်ိဳ႕ ေပၚလာကာ ၄ႏွင့္အတူတြဲဖက္ပါရိွေသာ စာတန္းကလည္း ေရွးေဟာင္းတရုတ္ဘာသာစကားကို အသံုးျပဳထားသည္။

ဗ်က္ေစာင္းသံက တျဖည္းျဖည္းတိုးညင္းသြားကာ ေနာက္ဆံုးတြင္ က်ယ္ေျပာေသာသမုဒၵရာက ဝန္းရံထားသၫ့္ ေတာင္တစ္ေတာင္က ေပၚထြက္လာသည္။

ပြဲခန္းမက ေနာက္တစ္ဖန္ လင္းထိန္သြားသည္။ အခမ္းအနားမွဴးမ်ားက အခမ္းအနားကို စတင္က်င္းပရန္ စင္ေပၚသို႔တက္လာၾက၏။ သို႔ေသာ္ ပရိသတ္မ်ားက သူတို႔အခုေလးတင္ ၾကၫ့္ခဲ့ရသၫ့္ ျမင္ကြင္း‌ေတြထဲ နစ္ေျမာေနၾကဆဲပင္။

လူၿပိန္းေတြက သတင္းထြက္လာမွ ဘယ္လိုတံုျပန္ရမလဲဆိုတာ စဥ္းစားၾကၿပီး လူေတာ္ေတြက သတင္းကို ဖန္တီးသၫ့္ေနရာတြင္သာ အာရံုစိုက္တတ္ၾကသည္။ သူတို႔ ယခုတင္ၾကၫ့္ခဲ့သၫ့္ ရႈခင္းပံု၏စိတ္ကူးယဉ္အိပ္မက္သဖြယ္ ဓာတ္ပံုeffectေတြက ဖန္တီးရန္အတြက္ ထုတ္လုပ္ေရးစရိတ္ မ်ားစြာကုန္က်ႏိုင္ေလာက္သည္။

ထုတ္လုပ္ေရးအဖြဲ႔က ကံေကာင္းၾကသည္။ ခ်န္းလုပ္ငန္းစု၏ဥကၠဌက ရိုက္ကူးေရးေနွာင္းပိုင္းတြင္ ထုတ္လုပ္ေရးပိုင္းကို စပြန္ဆာေပးရန္ စိတ္လိုလက္ရ ကမ္းလွမ္းခဲ့သည္။ ဤအေၾကာင္းေၾကာင့္ သူတို႔က post-production ပိုင္းတြင္ မ်ားစြာအားစိုက္ထုတ္ႏိုင္ခဲ့ၾကသည္။ မဟုတ္လ်ွင္ ဒါရိုက္တာခ်င္းက လုပ္ႏိုင္သြားခဲ့ခ်ိန္ ဒါရိုက္တာအမ်ားစုက ၄ကိုဆလံသသြားခဲ့မွာမဟုတ္!

ပရိသတ္ေတြက ခ်င္းခ်ံဳဟိုင္ေျပာျပသၫ့္ ရုပ္ရွင္အဖြဲ႔သားတို႔၏အခက္အခဲေတြႏွင့္ သူတို႔မည္သို႔ေက်ာ္လႊားရင္ဆိုင္ခဲ့ရပံုကို နားေထာင္ေနစဉ္ ပရိသတ္ေတြထဲက ဒါရိုက္တာအနည္းငယ္က သက္ျပင္းခ်လိုက္ၾကသည္။ သူတို႔၏ဇာတ္ကားေတြအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားမ်ားရခဲ့မည္ဆိုလ်ွင္ ခ်င္းခ်ံဳဟိုင္ႀကံဳခဲ့ရသည္ထက္ ပိုမိုခက္ခဲေသာအရာေတြကို ရင္ဆိုင္ရန္ ဆႏၵရိွေပသည္။

ကံမေကာင္းစြာႏွင့္ ဘဝကမမ်ွတ။ ယွဉ္ၿပိဳင္ေနလို႔ ဘာမွအက်ိဳးမရိွေပ။

“အခု...ကြၽန္ေတာ္တို႔ ဇာတ္ကားရဲ့အမ်ိဳးသားဇာတ္လိုက္နဲ႔ အမ်ိဳးသားဇာတ္လိုက္ကို ဖိတ္ေခၚလိုက္ၾကတာေပါ့ဗ်ာ” အခမ္းအနားမွဴးမ်ားက ဖိတ္ေခၚဟန္ျပဳလိုက္၏။ စင္ေပၚရိွ 'ရွန္ယြင္'* တိမ္တိုက္အသြင္ တံခါးက ျဖည္းညင္းစြာ ပြင့္လာၿပီး ေရွာက္ခ်ဳန္းႏွင့္စြန္းယြီဟန္တို႔က လက္တြဲလ်က္ ထြက္ေပၚလာေလသည္။
[祥云 (xiang yun) - နတ္ေတြသံုးတဲ့ ဒ႑ာရီလာတိမ္တိုက္ေတြကို ရည္ၫႊန္းတာပါ။]

သူတိူ႔ႏွစ္ေယာက္လံုးသည္ ေဖ်ာ္ေျဖေရးလုပ္ငန္းတြင္ Aအဆင့္ဝင္သူမ်ားျဖစ္ၾကၿပီး သူတို႔၏ရိႈးမ်ားသည္လည္း မ်ားေသာအားျဖင့္ box office တြင္ ေရပန္းစားၾကေပသည္။ ထို႔ေၾကာင့္ သူတို႔၏ထြက္ေပၚလာမႈက ပရိသတ္မ်ားထံမွ တေျဖာင္းေျဖာင္းျမည္ေနေသာ လက္ခုပ္သံမ်ားႏွင့္ လိုက္ဖက္ညီေလသည္။

အခမ္းအနားမွဴးမ်ားက ဇာတ္လိုက္ႏွစ္ေယာက္ကို မိတ္ဆက္ေပးၿပီးေနာက္ ဇာတ္ပို႔သရုပ္ေဆာင္မ်ားထဲမွ ပို၍ထင္ရွားေက်ာ္ၾကားေသာ အႏုပညာရွင္မ်ားကို ဖိတ္ေခၚလိုက္ေလ၏။ ထိုလူေတြထဲတြင္ က်ိဳးဟိုင္လီသည္လည္း အပါအဝင္ျဖစ္သည္။

ဤအႏုပညာရွင္မ်ားက ဇာတ္ကား၏ဇာတ္လိုက္မ်ား မဟုတ္ေပမယ့္ အခမ္းအနားမ်ားက သူတို႔ကို ညီတူညီမ်ွပင္ ဆက္ဆံၾကသည္။ တစ္ခါတရံ ဇာတ္လိုက္မ်ားကို ဆက္ဆံသည္ထက္ပင္ ပို၍ေလးစားသမႈရိွေလ၏။

“ဒီေန့မွာ အံ့မခန္းျဖစ္ဖြယ္ေကာင္းတဲ့ သရုပ္ေဆာင္ေတြအမ်ားႀကီးကို ေတြ့လိုက္ရေတာ့ ကြၽန္မတကယ္ကို စိတ္လႈပ္ရွားမိပါတယ္.. အခမ္းအနားမွဴးအျဖစ္ ေဆာင္ရြက္ရတဲ့အလုပ္ ၿပီးသြားဖို႔ကိုေတာင္ မေစာင့္ႏိုင္ေတာ့ဘူး..ဒါမွ ကြၽန္မဇာတ္ကားၾကၫ့္လို႔ရမွာေလ.." အမ်ိဳးသမီးအခမ္းအနားမွဴးက စိတ္လႈပ္ရွားၿပီး ဆႏၵေစာေနပံုရသည္။ “ဒါရိုက္တာခ်င္း..ရွင္ ဒီေန့ ကြၽန္မကို ေကာင္းေကာင္းမႀကီးမွဴးေပးႏိုင္လို႔ဆိုၿပီး အျပစ္တင္လို႔မရဘူးေနာ္။ ရွင့္ကိုယ္ရွင္ပဲ အျပစ္တင္လိုက္ပါေတာ့...ဇာတ္ကားကို ၾကၫ့္ရတာ ေသ‌ေသခ်ာခ်ာ ရိုက္ကူးထားပံုပဲ...ကြၽန္မ အဲ့အေၾကာင္းကို ေတြးေနလြန္းလို႔ အခုအလုပ္ကို ေသခ်ာမလုပ္ႏိုင္ေတာ့ဘူး..”

“မင္းဘယ္ေလာက္ပဲ ဆႏၵေစာေနပါေစ ဒီဇာတ္ကားရဲ့အေရးႀကီးတဲ့ဇာတ္ေကာင္ကို ေက်ာ္သြားလို႔မရဘူးကြ!” အမ်ိဳးသားအခမ္းအနားမွဴးက ပေဟဠိဆန္စြာ ေျပာလာခဲ့သည္။ “အားလံုးပဲ...အဲ့ဒါဘာဇာတ္ေကာင္လဲ?”

“နတ္မိမယ္ခ်င္းယန္!”

မိတ္ဆက္ပြဲ၏လက္မွတ္မ်ားကို ဝယ္ႏိုင္ခဲ့သၫ့္ ကံေကာင္းေသာဖန္မ်ားက ျပန္လည္တုန႔္ျပန္လာၾကသည္။

“ဟုတ္ပါတယ္...နတ္မိမယ္ခ်င္းယန္ပါပဲ” အမ်ိဳးသားအခမ္းအနားမွဴးက အသံျမႇင့္၍ ေျပာလိုက္၏။ “နတ္မိမယ္ခ်င္းယန္ေနရာမွာ သရုပ္ေဆာင္တဲ့ မင္းသမီး နဉ္ရွီကို ႀကိဳဆိုလိုက္ၾကရေအာင္!”

ဘယ္သူႀကီးလဲ?နဉ္ရွီ?!

လူေတာ္ေတာ္မ်ားမ်ား ေရွာ့ခ္ရသြားၾကသည္။ နဉ္ရွီက အမွန္ပဲ ‘Tán Hǎixiān jì’ရဲ့ ရိုက္ကူးေရးတြင္ ပါဝင္ႏိုင္ခဲ့ၿပီး နတ္မိမယ္ခ်င္းယန္ရဲ့ေနရာကိုေတာင္ ရႏိုင္ခဲ့တာလား?!

လူအမ်ားစုက အံ့အားသင့္ထိတ္လန႔္ေနၾကဆဲျဖစ္တာေၾကာင့္ သူမအတြက္ လက္ခုပ္သံက ‌ဟိုတစ္စုသည္တစ္စုျဖစ္ေနေတာ့သည္။

“ေျဖာင္း ေျဖာင္း ေျဖာင္း!” ခ်န္းရွီေကြ့က သူ႔လက္ကိုေျမႇာက္ထားေတာ့ သူ႔ထံမွ က်ယ္ေလာင္ျပတ္သားေသာ လက္ခုပ္သံက သူ႔ေဘးဝန္းက်င္က ပရိသတ္မ်ားကို အသိျပန္ဝင္ေစကာ သူတို႔အားလံုးလည္းပဲ အားပါးတရ လက္ခုပ္ၾသဘာခ်ီးျမႇင့္ၾကေတာ့သည္။

အခမ္းအနားအစတြင္ မစၥတာခ်န္းက ယဉ္ေက်းမႈအရသာ လက္ခုပ္တီးေပးခဲ့သည္။ သို႔ေပမယ့္ ဒီတစ္ႀကိမ္တြင္ေတာ့ သူက အားမာန္ပါလွစြာ တုန္႔ျပန္လာခဲ့ရာ သူႏွင့္နဉ္ရွီတြင္ ဆက္ဆံေရးေကာင္းရိွေၾကာင္း သိသာလွေပသည္။

တျခားလူေတြလည္း အတူတူပင္...သူတို႔အေနႏွင့္ မစၥတာခ်န္းကို မ်က္ႏွာသာေပးမျွဖစ္မည္။

လက္ခုပ္တီးရမယ္! သူတို႔အေနနဲ႔ လက္ခုပ္က်ယ္က်ယ္တီးမွရမယ္!!

နဉ္ရွီက စင္ေပၚကို တက္လာသည္။ အခမ္းအနားမွဴးမ်ားႏွင့္ စကားအနည္းငယ္ေျပာၿပီးေနာက္တြင္ ေဘးတစ္ဖက္မွာ တိတ္တဆိတ္သြားရပ္ေနေတာ့၏။ သူမကိုအထင္ႀကီးလာေအာင္ မႀကိဳးစားသလို ထင္ရွားေက်ာ္ၾကားမႈကိုလည္း ခိုးယူျခင္းမရိွေပ။ ဤအျခင္းအရာက ပရိသတ္ေတြကို သူမအေပၚ ႏွစ္သက္မႈတိုးေစ၏။ သူတို႔၏ေက်ာ္ၾကားမႈကိုႂကြားဝါၿပီး ဟိတ္ဟန္မ်ားတတ္ေသာ အႏုပညာရွင္ေတြႏွင့္ယွဉ္လ်ွင္ သူတို႔က လက္ေတြ့က်ၿပီး ခပ္လ်ိႈလ်ိႈသာေနတတ္သၫ့္ အႏုပညာရွင္မ်ားကို ပို‌၍သေဘာက်တတ္ၾကေပသည္။

“ဒါရိုက္တာခ်င္း...သရုပ္ေဆာင္ေတြထဲမွာ မင္းသမီးလွလွေလးေတြအမ်ားႀကီးရိွတယ္ေပါ့ေနာ္။ ခင္ဗ်ားအျမင္မွာ ဘယ္သူကအေကာင္းဆံုး သရုပ္ေဆာင္ခဲ့တယ္လို႔ထင္လဲ?”

အမ်ိဳးသားအခမ္းအနားမွဴးက အတင္းအဖ်င္းေျပာခ်င္သၫ့္ မ်က္ႏွာထားကို တမင္လုပ္ထားၿပီး မိုက္ကို ဒါရိုက္တာခ်င္းထံသို႔ လႊဲေပးလိုက္သည္။

ဒါရိုက္တာခ်င္းက အမ်ိဳးသားအခမ္းအနားမွဴးကို တစ္ခ်က္ေဝ့ၾကၫ့္ရင္း တေသာေသာရယ္ေလ၏။ “ဒီေန့ မင္းတို႔ေတြ ငါ့ကို အလြတ္မေပးဘူးဆိုတာ ငါသိေနတယ္..” သူလွၫ့္ၿပီး အေနာက္က အမ်ိဳးသမီးသရုပ္ေဆာင္မ်ားကို ၾကၫ့္လိုက္သည္။ “ဒါရိုက္တာတစ္ေယာက္အေနနဲ႔ က်ဳပ္ရဲ့သရုပ္ေဆာင္ေတြအားလံုးကို အားရႏွစ္ၿခိဳက္မိပါတယ္။ ဘာလို႔ဆို က်ဳပ္သေဘာမက်တဲ့အခန္းေတြရိွရင္ သူတို႔ကိုျပန္ရိုက္ခိုင္းတယ္ေလ”

ပရိသတ္မ်ားထံမွ လက္ခုပ္ဩဘာသံမ်ားက ခ်က္ခ်င္းပင္ ခန္းမထဲတြင္ ျမည္သြားသည္။

“ဒါရိုက္တာခ်င္းကေတာ့ ေမ်ွာ္လင့္ထားတဲ့အတိုင္း ေစ့စပ္သူပါပဲဗ်ာ! အရမ္းေကာင္းတယ္!” အမ်ိဳးသားအခမ္းအနားမွဴးကလည္း စတင္ခ်ီးမြမ္းေထာပနာျပဳလာ၏။

ဒါရိုက္တာခ်င္းက အၿပံဳးေလးႏွင့္ ဆက္ေျပာသည္။ “စြန္းယြီဟန္က အရမ္းကိုေတာ္တဲ့ အမ်ိဳးသမီးဇာတ္လိုက္တစ္ေယာက္ပဲ။ ဟိုင္လီရဲ့သရုပ္ေဆာင္စြမ္းရည္ေတြကေတာ့ ေျပာေနစရာမလိုေတာ့ဘူး။ မင္းတို႔စိတ္မပ်က္ေစရဘူး။ က်ဳပ္ကိုအံ့အားအသင့္ေစဆံုးက နဉ္ရွီရဲ့ေဖ်ာ္ေျဖမႈပဲ။ အစက က်ဳပ္သူ႔ကို နတ္မိမယ္ခ်င္းယန္ရဲ့ေနရာအတြက္ ေရြးခဲ့တာက သူ႔ရဲ့အလွတရား‌‌ေၾကာင့္နဲ႔ ေရာင္ဝါနဲ႔ၿပီးျပၫ့္စံုမႈေတြေၾကာင့္ေပါ့ေနာ္။ က်ဳပ္တို႔ရိုက္ကူးေရးလုပ္ေနတဲ့အခ်ိန္ သူကအဖြဲ႔သားေတြကို စပရိုက္အႀကီးႀကီး တိုက္ခ်မယ္လို႔ ဘယ္သူကသြားသိမလဲ?”

“သူက်ဳပ္တို႔အဖြဲ႔ထဲ စဝင္တုန္းက သရုပ္ေဆာင္အရည္အခ်င္းနဲ႔ပတ္သက္ၿပီး အေတြ့အႀကံဳမရိွသလို ဝိုင္ယာႀကိဳးနဲ႔လည္း အခ်ိတ္မခံရဖူးေသးဘူး။ သူ႔ရဲ့သရုပ္ေဆာင္ခ်က္ေတြက မွန္းသေလာက္မျဖစ္ေနမွာ၊ နတ္မိမယ္ခ်င္းယန္အတြက္ ဇာတ္ေကာင္‌ဆက္တင္ကို သက္ေရာက္မွာကို အၿမဲစိုးရိမ္ေနခဲ့ရတာ” ဒါရိုက္တာခ်င္းေျပာရင္း သူ႔ကိုယ္သူရယ္သြမ္းေသြးလိုက္သည္။ “ဒီကေလးမက အလုပ္အရမ္းႀကိဳးစားမယ္လို႔ ဘယ္သူသိမွာလဲ..
ဇာတ္ကြက္တစ္ခုကို လံုးဝၿပီးျပၫ့္စံုေစဖို႔အတြက္နဲ႔ ဒီကေလးက ဝိုင္ယာႀကိဳးေပၚမွာ အၾကာႀကီးေနလိုက္ေသးတာ။ သိုင္းခ်တဲ့အခန္းေတြ ပိုၿပီးေခ်ာေမြ့ဖို႔အတြက္ဆိုရင္လည္း သူက ေဘးမွာေနၿပီး လႈပ္ရွားပံုကိုေလ့လာေနခဲ့တာ...ဒါေၾကာင့္မို႔ effectsေတြက လံုးဝအံ့ဩတုန္လႈပ္စရာ ျဖစ္ေနတာေပါ့..”

ဒါရိုက္တာခ်င္း တစ္ေယာက္ေယာက္ကို ခ်ီးက်ူးသည္မွာ ျဖစ္ေလ့ျဖစ္ထမရိွ။ သို႔ေသာ္ က်ိဳးဟိုင္လီႏွင့္ စြန္းယြီဟန္လိုမ်ိဳး အရင္က သူခ်ီးမြမ္းခဲ့သၫ့္သူမ်ားမွာ ေဖ်ာ္ေျဖေရးေလာကတြင္ Aအဆင့္ဝင္ သရုပ္ေဆာင္မ်ားျဖစ္လာခဲ့ၾကသည္။

ယခု နဉ္ရွီအတြက္ သူ၏ခ်ီးက်ူးမႈမ်ားကို သူတို႔ၾကားလိုက္ရသၫ့္အခိုက္ သူမကို လံုးလံုးလ်ားလ်ား မတူကြဲျပားသၫ့္အျမင္ႏွင့္ ၾကၫ့္လာၾကသည္။

ဆိုလိုရင္းက တစ္ခုတည္းပင္ - သူမက သိပ္မၾကာခင္မွာ နာမည္ႀကီးလာေတာ့မွာပဲ!

တစ္ဖက္ရိွနဉ္ရွီ၏တံု႔ျပန္ပံုေလးက ပရိသတ္ေတြကို ရွက္ကိုးရွက္ကန္းၿပံဳးလိုက္ၿပီးေနာက္ စကားတစ္လံုးမဆိုဘဲ ေခါင္းငံု႔လိုက္တာပင္ျဖစ္သည္။

နဉ္ရွီ၏တံု႔ျပန္မႈမွာ လူသစ္တစ္ေယာက္အေနႏွင့္ ရရိွလာသၫ့္ ခ်ီးမြမ္းမႈမ်ားေၾကာင့္ ရွက္ရြံ႔ေနသည္ဟု အမ်ားကထင္ၾကသည္။တစ္ဖက္တြင္မူ ခ်န္းရွီေကြ့က သူမမ်က္ႏွာထက္မွ ရွက္ရြံ႔ေနေသာအၾကၫ့္ကို ျမင္လိုက္စဉ္ ၿပံဳးလိုက္မိေလ၏။
___________
Meow's Note: ေနာက္က်သြားလို႔ ေသြ့ပုက်ိပါကြယ္။ ကိုယ္ သင္တန္းကပေရာဂ်က္ေတြပိေနတဲ့အျပင္ menstruationဒဏ္ပါခံေနရလို႔ရယ္။ ေနာက္တစ္ပိုင္းကမမွီေတာ့လို႔ မနက္ျဖန္ေလာက္ လာမယ္ေနာ္။
___________

Continue Reading

You'll Also Like

66.9K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
14.6K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
139K 5.8K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
2.7M 92.6K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...