system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.21) [Return]

4.5K 529 38
By TeeKo0

Unicode

ရှောင်ကျန့်နိုးလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အရမ်းကိုလန်းဆန်းတတ်ကြွနေပြီး မမြင်နိုင်သည့်စွမ်းအားကြီးတစ်ရပ်ကိန်းအောင်းနေသလိုခံစားရ၏။ ဖြစ်နိုင်ရင်အခုချက်ချင်းလက်ငင်း တောင်ကြီးတစ်ခုလုံးကိုလက်သီးတစ်ချက်နဲ့ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်သည်ဟု ထင်ယောင်ထင်မှားဖြစ်လာသည်အထိပင်။

သူရောက်နေတဲ့နေရာက အမ်......အရင်က ပြောင်ပြောင် ပြောင်ပြောင်ပစ္စည်းတွေရှိတဲ့အခန်းထဲကိုပါပဲ။ ဒါပေမယ့် သူ့စကားကိုလန့်သွားဟန်ပေါ်ကာ အနှီးပြောင်ပြောင်လက်လက်နဲ့ တန်ဖိုးကြီးရတနာတွေကိုတော့အခန်းထဲတွင် ဖယ်ထုတ်ခြင်းခံထားရသည်။ ထိုအစား ရိုးရိုးရှင်းရှင်းနှင့်တန်ဖိုးကြီး သဘာဝရတနာတွေဖြင့်အစားထိုးခြင်းခံထားရသည်။ ကြည့်ရတာ ဝမ်ရိပေါ်က သူ့အပေါ်ကြွားလုံးထုတ်ဖို့အခွင့်အရေးကိုလက်မလျော့သေးဘူးထင်၏။

အခန်းကိုလှည့်ပတ်ကြည့်လိုက်တော့ ဝမ်ရိပေါ်အပါအဝင် မည်သည့်သက်ရှိသက်မဲ့ကိုမှ မတွေ့ရပေ။ သူ့ကို အခန်းထဲတစ်ယောက်တည်းပြစ်သွားတာပေါ့လေ။

သူမကျေနပ်ပေမယ့်လည်း နှာခေါင်းတစ်ချက်သာရှုံ့ရုံရှုံ့လိုက်သည်။ သူနားလည်သည်။ ဝမ်ရိပေါ်နဲ့သူက ဘာမှပတ်သတ်မှုမရှိသေးတဲ့သူစိမ်းသာသာလူတွေဆိုတာကိုလေ။ ဘယ်သူကမှ သူစိမ်းတစ်ယောက်အတွက် တကူးတက အသေးစိတ်အာရုံစိုက်မနေဘူး။ ဒါပေမယ့် သူအိပ်မပျော်သွားခင်က ဝမ်ရိပေါ်ရဲ့အပြုအမူကိုဘယ်လိုရှင်းပြရမလဲ။ သူ့အတွက် နှလုံးသားထဲကိုလက်ဖြင့်ကိုယ်တိုင်ဖောက်ထုတ်၍ နှလုံးသွေးအဆီအနှစ် နှစ်ဆယ်ကျော်ကို လိုလိုလားလားပေးအပ်ခဲ့သည်။

ကံကောင်းတာတစ်ခုက ဝမ်ရိပေါ်ကိုယ်တိုင် ၎င်းကိုအသေအချာထိန်းချုပ်၍ သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုစိတ်တိုင်းကျ နူးနူးညံ့ညံ့သန့်စင်စေ၍ပင်။ မဟုတ်ရင် သွေးအဆီအနှစ်တစ်စက်နဲ့တင် သူ့ဝိဥာဥ်ရောခန္ဓာကိုယ်ပါ အစအနဖော်မရအောင်ပေါက်ကွဲပျက်ဆီးသွားလိမ့်မယ်။

ရှောင်ကျန့်ပိုပြီးတောင်စိတ်ရှုပ်ထွေးသွားသေးသည်။ ဝမ်ရိပေါ်ရဲ့ သူ့ကိုမမှတ်မိရင်တောင် ဦးစားပေး၊ ကာကွယ်တတ်သည့်အပြုအမူပေါ် နှစ်သိမ့်ကြည်နူးရသော်လည်းပဲ သူက မြေခွေးလေးလို့ပြောခဲ့ရင် ယုံကြည်ပါမလား။

မြေခွေးလေးနဲ့ အနီးစပ်ဆုံးတူညီသည့် တရားမဝင်host ချူကျင်း တောင်မှပဲ မသေမရှင် ဖြစ်သွားခဲ့သည်မဟုတ်ပါလား။ သူ့လို ဆွဲဆောင်မှုမရှိ၊ အသေအလဲအားနည်း ပျော့ညံ့တဲ့ ခပ်စွာစွာသာမန်လူသားတစ်ယောက်ရဲ့စကားကိုတကယ်ပဲယုံပါ့မလား။ ချူကျင်းဆိုရင် သူ့ကိုယ်သူ မြေခွေးလေးရှောင်ကျန့်ဆိုပြီး တထစ်ချပြောခဲ့သေးသည်။ ဒါပေမယ့်ဝမ်ရိပေါ် စိတ်အခြေအနေကို လောင်စာဆီထပ်ထည့်လိုက်မိရုံကလွဲရင် ဘာမှမပြောင်းလဲသွားခဲ့ပေ။

"သခင်လေး နိုးလာပြီ"

တံခါးဝတွင် ဝိဥာဥ်ရတနာတစ်ချို့သယ်ဆောင်ထားသည့် စွမ်းအားကြီးနတ်ဆိုးတစ်ကောင်ဟာ ပျော်ရွှင်စွာဖြင့်အခန်းထဲပြေးဝင်လာသည်။ ဝိဥာဥ်ရတနာတွေကို ဘေးစားပွဲပေါ်တင်လိုက်ပြီး ရှောင်ကျန့်ကို လေးလေးစားစားကြည့်သည်။

"ကျွန်တော်က ဟွာဖိန့်ပါ....သခင်လေး မသက်မသာခံစားနေရသေးလား"

ရှောင်ကျန့်ဟာ သူ့မျက်တောင်လေးကိုနှစ်ချက်ဆင့်ခပ်လိုက်မိပြီး ခေါင်းခါပြလိုက်သည်။ သူခေါင်းရှုပ်သွားသလိုခံစားလိုက်ရ၏။

"ဘာလို့ ကျွန်တော့်ကို သခင်လေးလို့ ခေါ်နေတာလဲ သိလို့ရမလား...."

အဆင့်မြင့်နတ်ဆိုး ဟွာဖိန့်က ရိုကျိုးစွာပင် ပြန်ဖြေသည်။

"သခင်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အရှင့်ရဲ့ နှလုံးသွေးအဆီအနှစ် အစက်နှစ်ဆယ်ကျော်တောင် စီးဆင်းနေပါတယ်.....ပြောရရင် အခုဆိုကျွန်တော်မျိုးတို့အတွက် သခင်လေးက နတ်ဆိုးမျိုးနွယ်ရဲ့အသန့်စင်တကာ့ အသန့်စင်ဆုံး နတ်ဆိုးနတ်ဘုရားသွေးတွေပိုင်ဆိုင်တဲ့ဒုတိယမြောက်သခင်လိုပါပဲ...."

"....."

ရှောင်ကျန့်ကြောင်တောင်တောင်မျက်နှာဖြင့် မိုးပေါ်မော့ကြည့်မိလိုက်သည်။ ဘောက်မဲ့ကြောင့် ဟွာဖိန့် ရဲ့စကားကနေတစ်ဆင့် သူက ဝမ်ရိပေါ်ရဲ့'သား'တစ်ယောက်ဖြစ်သွားသလိုခံစားလိုက်ရတာလဲ။ နောက်တစ်ခါ ဝမ်ရိပေါ်ကိုသူတွေ့ရင် "ဖေဖေ" လို့မခေါ်ရလောက်ပါဘူးနော်။ ဟုတ်တယ်မလား။

ဖေဖေ ရိပေါ် : "....."

ပြောမရဘူး။ ဝမ်ရိပေါ်က "ဟေ....ငါ့သား" လို့ပြန်ဖြေချင်ဖြေနေမှာ။

ရှောင်ကျန့် : "....."

ဖလူး....ဖလူး.....သောက်ကျိုးနည်းအတွေးတွေအားလုံး ဝေးဝေးသွားစမ်း!!!!

"အဟမ်း....ငါအိပ်ပျော်သွားတာလား"

"ဟုတ်ပါတယ်သခင်လေး"

ရှောင်ကျန့် သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိမ်းသက်လှသောစွမ်းအားအလုံးအထည်ကြီးကိုအတွေးရောက်သွားသည်။ ကြည့်ရတာ ဝမ်ရိပေါ်ရဲ့နှလုံးသွေးတွေက သူ၏သေမျိုးခန္ဓာကိုယ်ကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည့်ပုံပင်။ နတ်ဆိုးဧကရာဇ်ရဲ့နှလုံးသွေးအဆီအနှစ်နှစ်ဆယ်ကျော်က သာမန်သေမျိုးလူသားတစ်ယောက်ကို အထွတ်အထိပ်ကျင့်ကြံဆင့်ပိုင်ဆိုင်သည့် နတ်ဆိုးတစ်ကောင်အဖြစ်တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။

"ငါ အိပ်နေတာ ဘယ်လောက်ကြာသွားပြီလဲ"

"တစ်လပါ သခင်လေး"

ဒါက အရမ်းကြီးမကြာမြင့်ပေ။ သူထင်ရသလောက်တော့ ဝမ်ရိပေါ်က သူ့ကိုယ်ထဲမှာရှိတဲ့ သွေးအဆီအနှစ်တွေကို သန့်စင်ဖို့ရန် ဘေးကနေကူညီပံ့ပိုးပေးခဲ့သည့်ဟန်ရ၏။ မဟုတ်ရင် နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသွေးအဆီအနှစ်တစ်စက်ကို နှစ်ပေါင်းထောင်နဲ့ချီ ကြိုးစားစုပ်ယူနေရပေလိမ့်မည်။

ရှောင်ကျန့်စိတ်ခံစားချက်တွေမှာ တစ်ဖြည်းဖြည်းပြန်လည်ငြိမ်သက်သွားပြီးနောက် တရားမဝင် host၊ ချူကျင်း၏နောက်ဆက်တွဲအဖြစ်အပျက်တွေအကြောင်း အာရုံရောက်သွားသည်။

"ငါသိချင်လို့တစ်ခုလောက်မေးပါရစေအုံး"

"မေးပါ သခင်လေး...."

စွမ်းအားကြီးနတ်ဆိုးဟွာဖိန့် က တစ်လက်လက်တောက်ပနေသည့်မျက်လုံးကြီးတွေဖြင့် ရှောင်ကျန့်ကိုလေးစားစွာကြည့်သည်။ အကယ်၍ရှောင်ကျန့်သာ သူ့ကိုဒီနေရာမှာတင်သတ်သေခိုင်းရင် ချက်ချင်းလက်ငင်းကြီး ကိုယ့်ကိုယ်ကို သတ်သေနိုင်သည်အထိ ရိုသေလေးစားမှုတို့ယိုဖိတ်နေလေသည်။

နတ်ဆိုးတွေက ကိုယ့်ထက်အင်အားကြီးတဲ့လူတွေကို ရိုသေလေးစားပြီးနှစ်ခြိုက်၊သဘောကျကြသည် ဟူသောအတင်းအဖျင်းစကားမှာ သွေးထွက်အောင်မှန်သည့်ပုံပင်။

"နတ်ဆိုးနန်းတော်ရှေ့မှာ ပြဿနာလာရှာသွားတဲ့ လှလှပပလူငယ်လေးလေ....သူဘာဆက်ဖြစ်သွားလဲ...."

ချူကျင်းအကြောင်းမေးသည့်အခါတွင် ဟွာဖိန့်၏မျက်လုံးအတွင်း၌ချူကျင်းအပေါ် အထင်သေးရှုံ့ချဟန် ရှင်းရှင်းလင်းလင်းပေါ်ပေါက်လာသည်။ ဟွာဖိန့်က ချူကျင်းအပေါ်ထင်ထင်ရှားရှားကြီးကိုစက်စုပ်ရွံရှာနေသည်။

"သူက ဘယ်လိုကြည့်ကြည့်သေချာပေါက် အတုအယောင် တစ်ယောက်သက်သက်ပါ....သခင်လေးရဲ့အာရုံစူးစိုက်မှုကိုရဖို့မထိုက်တန်ပါဘူး...."

ရှောင်ကျန့်မျက်လုံးလေးတွေမှာ တစ်နည်းတစ်ဖုံဝင်းလက်သွားသည်။

"အတုအယောင် ဆိုတာဘာကိုပြောတာလဲ"

ဟွာဖိန့်က ဝမ်းနည်းစွာသက်ပြင်းအသာချရင်း ရှင်းပြသည်။

"သခင်လေး အရှင့်ရဲ့နာမည်ကြီးအချစ်ဇာတ်လမ်းအကြောင်းကိုသိလား.....နတ်ဆိုးဧကရာဇ်နဲ့ အမြှီးကိုးချောင်းနတ်ဘုရားမြေခွေး ရဲ့အချစ်ဇာတ်လမ်းလေ...."

ဟွာဖိန့်၏မျက်နှာမှာ ချက်ချင်းပင် ခိုးကြောင်ခိုးဝှက်အတင်းစကားပြောနေရသလိုမျိုး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သေးသည်။

"ကျွန်တော် အမြှီးကိုးချောင်းမြေခွေးရဲ့တကယ့်မျက်နှာအစစ်ကို တစ်ကြိမ်မြင်ဖူးလိုက်တယ်.....သူက ခန္ဓာကိုယ်သက်သက်ဆိုပေမယ့် ဖော်ပြမတတ်နိုင်လောက်အောင်ကိုလှတယ်....ဘယ်လောက်ထိလဲဆိုရင် ကျွန်တော်မျိုးခဏလေး ဖြတ်ကနဲမြင်လိုက်ရတာတောင်မှ အဲ့ဒီမျက်နှာလေးကိုတစ်သက်မမေ့နိုင်လောက်တဲ့အထိပဲ....."

"....."

"သခင်လေး ခုနကမေးတဲ့ကျူးကျော်သူက တကယ်လှတယ်ဆိုတာကျွန်တော်ဝန်ခံပါတယ်.....ဒါပေမယ့် ကျွန်တော်က နတ်ဘုရားသားရဲရဲ့ တကယ့်မျက်နှာအစစ်ကိုမြင်တွေ့ဖူးတဲ့အခါကျတော့ သူ့မျက်နှာက အရမ်းအတုအယောင်ဆန်လွန်းသလိုခံစားရတယ်.....သဘာဝကျကျလှတာမျိုးမဟုတ်ပဲနဲ့ အတင်းအကြပ်ဖန်တီးလုပ်ယူထားသလိုမျိုးကြီး.....ဘယ်သူမဆို နတ်ဘုရားသားရဲရဲ့လှပမှုကိုမြင်ဖူးရင် အဲ့ဒီကျူးကျော်သူ မျက်နှာက ဘယ်လောက်တောင်အတုအယောင်ဆန်လွန်းလည်းဆိုတာ သိလာလိမ့်မယ်...."

ရှောင်ကျန့် စိတ်ထဲကနေ ဟွာဖိန့်ကိုလက်မ အကြီးကြီးထောင်ပြလိုက်သည်။ ဒီတစ်ယောက်က တကယ့် ဟာကွက်ကိုတန်းသိတာပဲ။ ရိပေါ်ဒေါသထွက်သွားတာလည်းမထူးဆန်းပါဘူး။

"ငါနောက်ထပ်သိချင်တာတစ်ခုရှိသေးတယ်....."

"ပြောပါသခင်လေး.....ကျွန်တော်သိသမျှ မချွင်းမချန် အကုန်ပြောပြပါ့မယ်....."

"မင်းတို့ရဲ့အရှင်....သူ့နားကို နတ်ဘုရားသားရဲအယောင်ဆောင်ပြီး လာကပ်တဲ့လူမျိုးရှိလား"

ဒီလိုဆိုရင် သူ့ကိုယ်သူဖွင့်ချပြဖို့ ပိုခက်ခဲသွားလိမ့်မယ်။

"အမ်.....ခဏနော် သခင်လေး...."

ဟွာဖိန့်က အလေးအနက်ရေတွက်နေသလိုမျိုးသူ့ဦးနှောက်ကို ပြင်းပြင်းထန်ထန်အလုပ်ပေးနေသည်။

"....."

နင့်မေကြီးတော်။ ဘယ်လောက်တောင်များနေလို့ လေးလေးနက်နက်ကြီး ရေတွက်နေရတာတုန်း။

ဒီလိုနဲ့ ဟွာဖိန့်၏ရေတွက်မှုမှာ ဆယ့်ငါးမိနစ်လောက်ကြာမြင့်သွားသည်။

"သခင်လေးတွေ့ခဲ့တဲ့ကျူးကျော်အပါအဝင်ဆိုရင် စုစုပေါင်း ၄၆၄၂ ယောက်ပါ...."

ရှောင်ကျန့် : "......."

ရှောင်ကျန့် : "?????"

ရှောင်ကျန့် : "!!!!!!!"

ငါလူး!!!!.... တကယ်ကြီးလား!!!

ဟွာဖိန့်ရဲ့စကားအဆုံးမှာ ရှောင်ကျန့်၏ကိုယ့်ကိုယ်ကို ဖော်ထုတ်မည့်အစီအစဥ်လေးမှာ ပင်လယ်ရေနဲ့အတူ လျောကနဲမြောပါသွားလေသည်။ ဒီလောက်လူအရေအတွက်အောက်တွင် သာမန်ရုပ်ရည်၊ သာမန်ပိန်ပိန်ပါးပါးခန္ဓာနဲ့ သူက ကိုယ့်ကိုယ်ကို "ကျွန်တော်က အမြှီးကိုးချောင်းနတ်ဘုရားသားရဲ မြေခွေးပါ ခင်ဗျ" လို့သွားပြောမိရင် လူအများတံတွေးခွက်မှာ မြောပါရုံတင်မဟုတ်ပဲ၊ ဝမ်ရိပေါ်လက်ချက်နဲ့တင်ကိစ္စလျောသွားနိုင်သည်ဟုခံစားရ၏။

မဖြစ်ဘူး။ မဖြစ်ဘူး။ မြေခွေးခန္ဓာကိုယ်ထဲပြန်ဝင်ဖို့ အခွင့်ကောင်းကိုရှာမှရမယ်။ မဟုတ်ရင် ဒီသာမန်ဆန်လွန်းသည့် ခန္ဓာကိုယ်နဲ့မျက်နှာက အဟန့်အတားကြီးတစ်ခုဖြစ်လာနိုင်သည်။ မဟုတ်။ မြေခွေးခန္ဓာမှမဟုတ်ရင် ဘယ်လောက်လှပချောမောတဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ဖြစ်ဖြစ် ဈာန်လျောသွားမည်မှာ ရာခိုင်နှုန်းပြည့်သေချာသည်။

အာ....ရိပေါ်ကိုအဖြစ်မှန်မပြောပြမိလို့တော်သေးတယ်။ မဟုတ်ရင် လက်လွန်ကုန်မှ သူ့ယောက်ျားရင်ကွဲနာကျပြီး လဲသေသွားအုံးမယ်။

ရှောင်ကျန့်ဟာ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို လေးလေးနက်နက်ချမှတ်ထားလိုက်ပြီး မြေခွေးခန္ဓာကိုယ်ထဲပြန်မရောက်သ၍ သူ့ကိုယ်သူဖုံးကွယ်ထားဖို့ရန် ဆုံးဖြတ်လိုက်သည်။

"မင်းတို့ ဘာပြောနေကြတာလဲ"

ရှောင်ကျန့်နှင့် ဟွာဖိန့်၏ခန္ဓာကိုယ်မှာ တောင့်ကနဲဖြစ်သွားသည်။ ဟွာဖိန့်ဟာ သူ့ခေါင်းကိုတောင့်တောင့်ကြီးအနောက်သို့လှည့်ကြည့်လိုက်လေရာ နာဂစ်တိုက်တော့မလိုမျိုးစိတ်အခြေအနေနဲ့ မဲမှောင်နေသောမျက်နှာဖြင့် ဝမ်ရိပေါ်ကိုတွေ့လိုက်ရသည်။ ဟွာဖိန့် တစ်ကိုယ်လုံး ရှိသမျှအမွှေးတွေအကုန်ထောင် ကုန်ပြီး ကြီးမားသည့်အန္တရာယ်အငွေ့အသက်ကိုခံစားလိုက်ရသည်။

"အ..အ...အ....အ ရှင်......"

ဟွာဖိန့်ဟာတုန်ရီနေသည့်ခန္ဓာကိုယ်ဖြင့် ဝမ်ရိပေါ်ကိုအလျှင်အမြန်အရိုအသေပေးလိုက်ပြီးလှစ်ကနဲနေအောင်ပြေးထွက်ပျောက်ကွယ်သွားတော့သည်။ ဝမ်ရိပေါ်မှာ စကားပြောချိန်မရလိုက်သည်အထိ ဟွာဖိန့်ဟာ မော်တာတတ်ထားသည်ထက်တောင်မြန်ဆန်သေးသည်။

"....."

"....."

ရှောင်ကျန့်ဟာ ခြေထောက်အပိုပါသလိုမျိုး မြန်ဆန်လွန်းသည့် ဟွာဖိန့်၏နောက်ကျောကိုပါးစပ်အဟောင်းသားလေးဖြင့်စိုက်ကြည့်ရင်း ဝမ်ရိပေါ်၏ ရှာလကာရည်အပြည့်ဖြင့်ချောင်းဟမ့်သံကိုကြားသည့်အခါတွင် အူကြောင်ကြောင်လှည့်ကြည့်လာသည်။

ဝမ်နတ်ဆိုး၏ မျက်နှာမှာအလိုလိုက်အခံထားရသည့် သမီးပျိုလေးတစ်ယောက်လိုမျိုးဆူပုတ်နေပြီး ရှောင်ကျန့်အကြည့်ကသူ့ဆီရောက်လာကာမှ ကျေနပ်စွာပြုံးလိုက်သည်။ ပြီးတော့ သူ့မျက်နှာ၊လည်ဂုတ်နဲ့နားရွက်ဖျားတွေမှာ ပန်းသီးလေးတစ်လုံးလိုမျိုးနီရဲသွား၏။

ဘာကြောင့်ဆို အိပ်ယာထကာစ ရှောင်ကျန့်ဟာဆွဲဆောင်မှုရှိလှသည်။ အတွင်းဝတ်အဖြူတစ်ထည်တည်းဝတ်ဆင်ထားတာမဟုတ်သော်လည်းပဲ လူးလှိမ့်ထားသလိုမျိုးအနည်းငယ်လျော့တိလျော့ရဲနိုင်လှ၏။ အင်္ကျီရင်ဘတ်ကအနည်းငယ်ဟ နေပြီး လှပတဲ့လိပ်ပြာတောင်ပံရိုးကိုထင်ထင်ရှားရှားကြီးမြင်တွေ့နေရသည်။ နှလုံးသွေးအဆီအနှစ်၏သန့်စင်ပေးမှုကိုခံထားရတာကြောင့် ရှောင်ကျန့်ရဲ့အသားအရေမှာ မိန်းကလေးတွေတောင်နှိုင်းယှဥ်မရသည်အထိ နူးညံ့အိထွေးလာသည်။ သူ့ရဲ့ခပ်ကြမ်းကြမ်းဆံနွယ်တွေတောင် ပျော့ပြောင်းစင်းကျလာသည်အထိပင်။

သူ့မျက်နှာမှာပြောင်းလဲသွားတာမျိုးမရှိသော်လည်းပဲ အပြစ်အနာအဆာကင်းမဲ့သည့်အသားအရည်က သာမန်ရုပ်ရည်ကနေ အတော်အသင့်ကြည့်ကောင်းသည့်မျက်နှာလေးအဖြစ်သို့ပြောင်းလဲသွားစေခဲ့သည်။ အထူးသဖြင့်သူ့ရဲ့လှပလွန်းတဲ့မျက်လုံးလေးတွေက မည်သူမဆိုအသိအမှတ်ပြုလောက်သည်အထိ တောက်ပလင်းလက်လွန်းနေခဲ့သည်။

ပွယောင်းယောင်းဆံပင်လေးတွေရယ်၊ ဖယိုဖရဲအဝတ်အစားတွေရယ်၊ ဖိအိပ်ထားတာကြောင့်ခပ်ရဲရဲလေးဖြစ်နေသည့်ပါးမို့မို့လေးတွေရယ်က ဝမ်ရိပေါ်ရင်တစ်ခုလုံးကိုသေလောက်အောင် ပြောင်းဆန်သွားစေသည်။

သူ့ရင်ထဲထူးဆန်းသည့်အပူမီးတောက်တစ်ချို့တောက်လောင်လာပြီး ၎င်းအပူမီးတွေမှာခန္ဓာကိုယ်အပေါ်ပိုင်းကနေ အလယ်ပိုင်းတစ်နေရာဆီသို့စုပုံလာ၏။ ခြေဖျားလက်ဖျားတွေဓာတ်လိုက်သလိုမျိုးကျဥ်တတ်လာပြီးပြင်းပြသည့်ဆန္ဒတစ်ရပ်ဟာ သူ့ခေါင်းတစ်ခုလုံးကိုပူထူသွားစေသည်။ ပြီးနောက် သူ့ရဲ့ မုန်လာဥကြီးမှာ ငေါက်ကနဲထထိုင်လာလေသည်။

ဝမ်ရိပေါ် : "....."

လန့်ဖြန့်သွားသည့် ဝမ်ရိပေါ်ဟာ သူ့ရဲ့ရိုးသားလွန်းတဲ့အောက်ပိုင်းကို အတွင်းအားဖြင့် ချက်ချင်းထောင်မလာစေရန်မနည်းထိန်းချုပ်လိုက်ရသည်။ စိတ်ထဲကနေ သူ့ကိုယ်သူအသေအလဲဆဲဆိုလိုက်မိပြီး မြေခွေးလေးရဲ့ လှပလွန်းတဲ့မျက်နှာလေးကိုသာ တွေးတောနေလိုက်သည်။

သူချစ်တာ မြေခွေးလေး တစ်ယောက်တည်း။ ရှောင်ကျန့်တစ်ယောက်တည်းကိုချစ်တာ။ ဘေးလူတစ်ယောက်ကြောင့်လမ်းလွဲသွားလို့မဖြစ်ဘူး။

ပုံမှန်ဆိုရင် ဒီလိုအန္တရာယ်များသည့်လူသားကို ခပ်ဝေးဝေးပို့လွှတ်လိုက်သင့်သည်ဆိုသော်ညားလည်း သူ့မသိစိတ်က ထိုလုပ်ရပ်ကိုအပြင်းအထန်ငြင်းဆန်နေလေသည်။ သူဘာဆက်လုပ်ရမှန်းမသိတော့လောက်အောင် အထိ ခေါင်းတစ်ခုလုံး ကြိုးထုံးမြောက်များစွာဖြင့်ရှုပ်ထွေးနောက်ကျိလာသည်။

သူ့စိတ်ထဲဘယ်လောက်ပဲ ရှုပ်ရှပ်ခတ်နေပါစေ ဝမ်ရိပေါ်ရဲ့ ပြိုင်ဘက်ကင်းမျက်လုံးတွေဟာ ရှောင်ကျန့်တစ်ကိုယ်လုံးကိုအသားစ သေးသေးလေးပါမချန် လောဘတကြီးအငမ်းမရ၊ စိုက်ကြည့်နေမိသည်။ ရှောင်ကျန့်မှာ ရိပေါ်၏ မီးဝင်းဝင်းတောက်နေသည့်မျက်လုံးတွေကြောင့် ထိတ်လန့်စွာအင်္ကျီလည်ပင်းကို ခပ်တင်းတင်းစေ့ချလိုက်မိသည်။

ဝမ်ရိပေါ်မျက်လုံးအတွင်း၌ နှမြောတသ ဟန်ပေါ်ပေါက်လာသည်။ သို့ပေမယ့်လည်း သူဒီကိုမရောက်ခင် ဒီသာမန်လူသားလေးက ဟွာဖိန့်နဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာကိုသတိရသွားသည့်အခါတွင် လုံးဝမတည်ငြိမ်နိုင်တော့ပေ။ အဓိပ်ပါယျက ဟွာဖိန့်က ဒီပုံစံလေးကိုသူ့ထက်အရင် မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတယ်လို့ဆိုလိုတာမဟုတ်ဘူးလား။

ဂျွတ်!

"....."

သနားစရာ နတ်ဆိုးလေးဟွာဖိန့်အတွက် အမွှေးတိုင်ထွန်းပေးလိုက်ကြရအောင်။

ရှောင်ကျန့်ဟာ ဝမ်ရိပေါ်ရဲ့ဆိုးဝါးသထက်ဆိုးဝါးလာသည့်ရာသီဥတုအခြေအနေကိုကြည့်ရင်း တံတွေးတစ်ချက်မြိုချလိုက်သည်။ ကြည့်ရတာ ဟို ချူကျင်းရဲ့အယောင်ဆောင်ကိစ္စကြောင့်စိတ်တိုနေသေးတာများလား။ တော်သေးတာပေါ့....သူဘာမှဖွင့်မပြောရသေးလို့။

ရှောင်ကျန့် ရင်တစ်ထိတ်ထိတ်ရှိနေပေမယ့်လည်း အဆင်ပြေနေပါသေးသည်။

"ကျေးဇူးတင်ပါတယ်...."

"ဘာကိုလဲ"

ဝမ်ရိပေါ်က နှာမှုတ်လိုက်ရင်း ဂရုမစိုက်သလိုမျိုးခေါင်းကိုဘေးလှည့်လိုက်သည်။ သို့ပေမယ့် သစ္စာဖောက်သည့်မျက်လုံးတွေကတော့ ထောင့်နားလေးကနေ ရှောင်ကျန့်ကိုခိုးကြည့်နေသည်။

"ခင်ဗျား ကျွန်တော့်ကိုအကြိမ်ကြိမ်ကယ်ခဲ့တယ်လေ..... ဒီ့အတွက် ကျွန်တော်ဘယ်လိုကျေးဇူးပြန်ဆပ်ရမှန်းတောင်မသိတော့ဘူး"

"ဟမ့်....ကျေးဇူးတင်ရကောင်းမှန်းတော့သိသေးသားပဲ"

"ကျွန်တော်တကယ်ပြောတာပါ.....ခင်ဗျားဘာခိုင်းခိုင်း ကျွန်တော်မဆိုင်းမတွလုပ်ပေးဖို့အာမခံပါတယ်...."

"ကောင်းပြီလေ....မင်းခန္ဓာကိုယ်ထဲမှာ ငါ့ရဲ့နှလုံးသွေးအဆီအနှစ် အစက်နှစ်ဆယ်ကျော်စီးဆင်းနေတယ်....ဒါကြောင့်မင်းအခုကစပြီး နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သွားပြီ....မင်းကို သန်မာလာစေဖို့ ငါက စွမ်းအင်ထောက်ပံ့ပေးခဲ့တာကြောင့် အခုကစပြီး မင်းကငါ့နောက်လိုက်ပဲ...."

ရှောင်ကျန့်မျက်လုံးလေးတွေမှာလင်းလက်သွားသည်။ သူ့ယောက်ျားနားမှာနေနိုင်မယ့်အခွင့်အရေးကိုဘယ်လိုလုပ်ငြင်းဆန်နိုင်မှာတဲ့လဲ။

"ဟုတ်ကဲ့....ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်....ဒါနဲ့လေ....ကျွန်တော့်နာမည်က လျှိုချွမ်လို့ခေါ်ပါတယ်ဗျ....အရှင့်နာမည်ကိုရော သိလို့ရမလား"

ရှောင်ကျန့်ရဲ့တောက်ပလွန်းတဲ့အပြုံးလေးကိုမြင်သည့်အခါတွင် ဝမ်ရိပေါ်၏ နားရွက်ဖျားတွေမှာနီရဲတွတ်လာပြီးရှက်ရွံ့စွာမျက်နှာလွှဲလိုက်သည်။

"ဝမ်ရိပေါ်...."

"ဟုတ်....ကျွန်တော်သေချာမှတ်ထားပါ့မယ်...."

"အဟမ်း....ပြီးတော့ငါ့ကို အရှင်လို့မခေါ်နဲ့...."

တစ်ခြားသူတွေက သူ့ကိုအရှင်၊ ဒါမှမဟုတ် သခင်လို့ခေါ်ဝေါ်ကြပေမယ့်လည်း ဒီလူသားလေးကိုကျတော့ ထိုသို့မသုံးနှုန်းစေချင်ပေ။ ဘာကြောင့်မှန်းမသိပဲ သူ့နားထဲတွင် မြေခွေးလေး၏ 'ရိပေါ်' ဆိုသည့်အသံဆာဆာလေးကိုကြားယောင်မိလိုက်သည်။ သူ့ပါးစပ်ဟာ ပြုစားခံထားရသလိုမျိုး ကိုယ်ကိုယ်တိုင်ပင်မထင်မှတ်ထားသည့်စကားကိုပြောလိုက်မိ၏။

"ငါ့ကို ရိပေါ် လို့ခေါ်...."

ရှောင်ကျန့်မျက်တောင်နှစ်ချက်ဆင့်ခပ်လိုက်မိသည်။ ဘယ်လက်အောက်ငယ်သားကများ ကိုယ်ကြောက်ရွံ့လေးစားရတဲ့ခေါင်းဆောင်ကိုနာမည်တိုက်ရိုက်ခေါ်ရဲလို့လဲ။ ခေါ်မယ့်ခေါ် သူငယ်ချင်းအရင်းကြီးတွေမှပဲဖြစ်နိုင်လိမ့်မယ်။ မေးစရာက မည်သူကများ ဝမ်နတ်ဆိုးကြီးနဲ့သူငယ်ချင်းဖြစ်ရဲတဲ့သတ္တိရှိမှာတဲ့လဲ။ ရှောင်ကျန့်ကလွဲရင်ပေါ့။

ရှောင်ကျန့် နားမလည်ပေမယ့်လည်း တစ်ခြားသူတွေလိုမျိုးကြောက်ရွံ့တုံ့ဆိုင်းခြင်းတော့မရှိပေ။

"ရိပေါ်...."

ထိုအသံလေးက ဝမ်ရိပေါ်၏ရင်ဘတ်တစ်ခုလုံးကို နူးညံ့လွန်းသည့်အက်ဆစ်လေးနဲ့တစ်ဖြည်းဖြည်းလှိုက်စားသွားသလိုပင်။ မြေခွေးလေးမရှိတော့ကတည်းက ဟောင်းလောင်းပေါက်ဖြစ်နေသည့်သူ့ရင်ဘတ်ကြီးဟာ တစ်ဖြည်းဖြည်းပြန်ပြည့်လာသလိုမျိုးခံစားရ၏။ ကျေနပ်နှစ်သိမ့်လွန်းတာကြောင့် နှုတ်ခမ်းထောင့်စွန်းတွေတောင်ဖုံးဖိမရအောင် အပေါ်သို့ကွေးတတ်လာသည်။

"အင်း....တော်တယ်...."

လှပလွန်းသည့်အပြုံးတွေဖြင့် ဝမ်နတ်ဆိုးကြီးဟာ ရှောင်ကျန့်ခေါင်းလေးကို ခပ်ဖွဖွထိတွေ့ပွတ်သပ်ပေးလိုက်သည်။ ယခုအချိန်တွင်သူဘယ်လောက်တောင် ပျော်ရွှင်နေလဲဆိုတာ မျက်လုံးတွေကနေတစ်ဆင့် လူတိုင်းမြင်တွေ့နိုင်သည်။

"ဒီနေ့တော့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေနဲ့အသားကျအောင် နားလိုက်အုံး....မနက်ဖြန် ငါတစ်နေရာသွားစရာရှိတယ်....မင်းပါလိုက်ခဲ့"

"ဟုတ်..."

*************

"အမ်း.....ကျွန်တော်တို့ဘယ်တော့များရောက်မှာလဲ"

"နည်းနည်းလောက်ထပ်လျှောက်ရင်ရောက်ပြီ"

"ဒါပေမယ့် ခင်ဗျား ဒီလိုပြောနေတာ သုံးဆယ့်ခြောက်ခါရှိနေပြီဗျ"

ရှောင်ကျန့်က ငိုမဲ့မဲ့မျက်နှာဖြင့်ဝမ်ရိပေါ်ကိုကြည့်သည်။ သူတို့ရောက်နေတာက အဆုံးမရှိအောင်ကျယ်ပြောတဲ့ကန္တာရအလည်ကြီးမှာဖြစ်သည်။ ဦးတည်ရာနေရာကသဲကန္တာရ အစွန်းတစ်ဖက်မှာရှိတဲ့ 'အမည်မဲ့'မြို့ကိုဖြစ်သည်။

အမည်မဲ့ ဆိုတာက မြို့နာမည်ဖြစ်ပြီး ပြောရရင် ဖုံးကွယ်နေသည့်မြို့တစ်ခုပင်။ နောက်တစ်ခုထပ်ပြောရရင် ကျင့်ကြံရေးလောကကြီး၌ နတ်ဆိုးတွေမကျူးကျော်နိုင်သည့် ပျောက်ဆုံးနေသောမြို့ဖြစ်သည်။ မကျူးကျော်နိုင်တာဆိုတာထက် ထိုမြို့က လူတိုင်းမဝင်နိုင်သည့် နေရာတစ်ခုတွင်တည်ရှိနေတာကြောင့်ဆိုရင်ပိုမှန်ပေလိမ့်မည်။ မြို့ရဲ့တည်နေရာကိုမသိပဲ နတ်ဆိုးတွေအနေနဲ့ထိုနေရာကို သိမ်းပိုက်ဖို့ရန်မှာ မဖြစ်နိုင်ပေ။

မေးချင်မေးနိုင်သည်။ မည်သည့်နေရာမဆိုအတွေးတစ်ချက်နဲ့ရောက်အောင်သွားနိုင်တဲ့ နတ်ဆိုးကြီးက ဘောက်မဲ့ကြောင့် ခြေကျင်လမ်းလျှောက်နေရတာလဲဆိုပြီးတော့လေ။ သူလည်းမေးပါသေးသည်။

ဝမ်ရိပေါ်က ပြန်ဖြေရှာသည်။ ဘယ်လောက်ပဲစွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်ပါစေ။ သူတစ်ခါမှမရောက်ဖူးတဲ့၊တစ်နည်းအားဖြင့်လမ်းလုံးဝမသိတဲ့နေရာကို တန်းပြီးနေရာမရွှေ့ပြောင်းနိုင်ပေ။ ဝမ်နတ်ဆိုးကြီးက နတ်ဆိုးတိုင်းပြည်နေရာအနှံ့ကိုစိတ်တိုင်းကျ ကူးပြောင်းနိုင်သည်။ သို့သော်လည်းပဲ ကျယ်ပြောလှသည့်ကျင့်ကြံရေးလောကကြီးထဲရှိ နေရာတိုင်းကို မရောက်ခဲ့ဖူးပေ။ သူလျှောက်လည်ဖူးတာဆိုလို့ မြေခွေးလေးနဲ့အတူ ဟိုစပ်စပ်ဒီစပ်စပ် လူသိများတဲ့ နေရာတွေကိုသာဖြစ်သည်။

ဟုတ်ပြီ။ နေရာမရွှေ့ပြောင်းနိုင်ရင်တောင် ပျံသန်းနိုင်တဲ့ကျင့်ကြံရေးရတနာတွေနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျင့်ကြံသူတွေကဲ့သို့မောပန်းနိုင်စွမ်းမရှိသည့်သက်လုံဖြင့် တစ်စက္ကန့်ကို မိုင်ပေါင်းများစွာသွားလာနိုင်ပါသော်လည်း ဘာအကြောင်းကြောင့် သာမန်လူတွေလို လမ်းလျှောက်နေကြပါသနည်း။

အမှန်တကယ်တွင် သူတို့သာမဟုတ်ပဲ ဘယ်လောက်စွမ်းအားကြီးတဲ့ကျင့်ကြံသူမဆို ကန္တာရထဲသို့ခြေချမိသည်နှင့် မည်သည့်ရတနာမှအသုံးမဝင်တော့သည့်အပြင် ပြင်းထန်လွန်းသည့်မြေဆွဲအားကြောင့် သာမန်လူတွေလိုမျိုးလမ်းလျှောက်ရုံသာတတ်နိုင်လေသည်။ ကျင့်ကြံဆင့်မြင့်လေ၊ မြေဆွဲအားကပိုမိုပြင်းထန်လေဖြစ်သည်။ ထို့ကြောင့်ကျင့်ကြံသူအုပ်စုကြီးဟာ  အမည်မဲ့ကန္တာရကိုဖြတ်ကျော်ချင်လျှင် သာမန်လူတွေလိုမျိုး လှည်းဖြင့်ခရီးသွားတာမျိုး၊ ဒါမှမဟုတ်ခြေလျင် ခရီးသွားရုံသာတတ်နိုင်၏။

ဒါကအရေးမကြီးသေးပါဘူး။ နတ်ဆိုးဧကရာဇ်အပေါ် အနှီးလျှို့ဝှက်ဆန်းကျယ်လှသောမြေဆွဲအားက လုံးဝမသက်ရောက်တာပြောစရာကိုမလိုပေ။ နတ်ဆိုးဧကရာဇ်၏နှလုံးသွေးအဆီအနှစ်ကိုပိုင်ဆိုင်ထားသည့်ရှောင်ကျန့်ဆိုရင်တောင် ထိုနည်း၎င်းပင်ဖြစ်သည်။

သို့ပေမယ့် ခန့်မှန်းရခက်လှသည့်စိတ်အခြေအနေနှင့် နတ်ဆိုးကြီးဟာ ကန္တာရထဲခြေချပြီဆိုကတည်းက သာမန်လူတွေလိုမျိုးအေးအေးဆေးဆေး လမ်းလျှောက်နေလေသည်။ သူပြောတာတော့ သူတို့သာ သာမန်လူတွေနဲ့ကွဲထွက်ပြီး ပျံသန်းနေခဲ့မယ်ဆိုရင် ကျင့်ကြံသူတိုင်းရဲ့အာရုံကိုဆွဲဆောင်နိုင်ပြီး မလိုအပ်တဲ့ပြဿနာတွေနှင့် ကြန့်ကြာမှုတွေရှိလာနိုင်သည်တဲ့လေ။

နင့်မေကြီးတော်!!!....ဒီလိုအီလေးဆွဲပြီးလမ်းလျှောက်နေတာကမှ နဂိုထက် အဆပေါင်းများစွာပိုကြန့်ကြာနေတာမဟုတ်ဘူးလား။ ပြဿနာတွေကိုရှောင်ဖို့လို့လာမပြောနဲ့။ စွမ်းအားကြီးမားလှတဲ့ ဝမ်နတ်ဆိုးကြီးက ဘယ်အရာကိုများတကူးတက ရှောင်ဖို့အထိ သူရဲဘောကြောင်သွားတာများလဲ။ ကလေးသွားပြောတောင်မယုံဘူး။ ဟုတ်ပြီလား။

ရှောင်ကျန့် ဒေါသတကြီးအံကြိတ်လိုက်သည်။ တကယ်လို့ ဝမ်ရိပေါ်သာ နေရောင်ကိုရှောင်ဖို့အတွက် လူသုံးကိုယ်စာလောက်အရိပ်ပေးနိုင်သည့် ထီးကြီးသာသူ့အပေါ်ရှိမနေပါက ပူပြင်းလွန်းသည့်နေရောင်ကြောင့် ဝမ်နတ်ဆိုး၏မျက်နှာကိုကုတ်ဖဲ့ဆွဲဖဲ့ပြစ်လိုက်နိုင်သည်။

ဂါး!!!! တွေးရင်း၊ တွေးရင် ဒေါသထွက်လိုက်တာ။ ဒီအတိုင်းသွားမယ်ဆိုရင်တောင် အနည်းဆုံး လှည်းလေးတော့ငှားလာသင့်ပါတယ်။

ဝမ်ရိပေါ်ဟာ လက်ထဲတွင်အဖြူရောင်ဆီစိမ်ထီးကို ကိုင်ထားရင်း ဆူပုတ်နေသည့်မျက်နှာပိုင်ရှင်ရှောင်ကျန့်ဘက်ကိုမျက်လုံးထောင့်ကပ်ကာကြည့်လိုက်သည်။ သူ့မျက်လုံးအတွင်း၌ ရယ်ချင်သည့်စိတ်ခံစားချက်နှင့် နှစ်သက်ကြည်နူးမှုတွေပြည့်လျှံနေပြီး ရှောင်ကျန့်နဲ့နှစ်ယောက်တည်းရှိနေရတာကိုဘယ်လောက်တောင် ကျေနပ်နေမှန်းအထင်းသားပေါ်လွင်နေလေသည်။

ဝမ်ရိပေါ်က သူ့မျက်နှာကိုပြောင်းလဲထားသည်။ အတော်လေးချောမောပြီးလူကြီးလူကောင်းဆန်သည့်မျက်နှာဖြစ်သော်လည်းပဲ သူ့မူရင်းမျက်နှာကိုတော့နှိုင်းယှဥ်မရပေ။

ဒီအတိုင်းလမ်းလျှောက်ရတာက သေချာပေါက်သူ့တွင်ရည်ရွယ်ချက်ရှိသည်။ ဒီလူသား၏ခန္ဓာကိုယ်ထဲကစွမ်းအင်တွေက အရမ်းများပြားလွန်းသည်။ ရုတ်တရတ်ကြီးရရှိလာသည့်စွမ်းအင်တွေက များပြားလွန်းတာကြောင့်ကျင့်သားရဖို့ရန်အချိန်အတော်ကြာပေးရပေလိမ့်မည်။ တစ်ခြားနေရာတွေ၌ ကျင့်ကြံဆင့်ကိုထုတ်သုံး၍ သွားလာတာက ကိစ္စမရှိပေမယ့်၊ ဒီကန္တာရက မြေဆွဲအားအရမ်းပြင်းထန်လွန်းနေသည်။ ကျင့်သားမရသေးသည့် စွမ်းအင်တွေကိုအလောတကြီးသာထုတ်သုံးမိလိုက်ရင် မြေဆွဲအားကြောင့်အခန့်မသိပါက ခန္ဓာကိုယ်အတွင်းဖောက်လွဲဖောက်ပြန်ဖြစ်သွားနိုင်၏။

ဒါကဒီလူသားလေးအတွက်အန္တရာယ်များလွန်းသည်။ ဖြစ်နိုင်ချေနည်းတယ်ဆိုရင်တောင် သူလက်မခံနိုင်ပေ။ ထို့ကြောင့် ခန္ဓာကိုယ်ထဲကစွမ်းအင်တွေနှင့် မြေဆွဲအားကိုအသုံးပြု၍ အချိန်ပေးကာလမ်းလျှောက်စေခြင်းဖြင့် ဒီလူသားလေးအတွက်အကျိုးဖြစ်ထွန်းစေလိမ့်မည်။

အဟမ်း။ အဓိကအကြောင်းပြချက်ကတော့ သူဒီလိုနှစ်ယောက်တည်းလမ်းလျှောက်ရတာသဘောကျသည်။ ဒါက သူနဲ့မြေခွေးလေးနှစ်ယောက်အတူ လည်ပတ်စဥ်က ခံစားချက်မျိုးနဲ့ဆင်တူလွန်းသည်။ တစ်လောကလုံးသူတို့နှစ်ယေညက်သာရှိနေသည့်ခံစားချက်မျိုး။

သူ့ကိုယ်သူဘယ်လောက်ပဲသတိပေးနေပါစေ၊ မလွန်ဆန်နိုင်စွာဖြင့် နှစ်ယောက်တည်းအတူတူအချိန်အတော်ကြာရှိနေနိုင်မည့် လမ်းကိုခပ်တည်တည် ရွေးချယ်လိုက်လေသည်။ မောပန်းမည့်ကိစ္စကိုတော့ ဒီလူသားလေးက အခုသာမန်လူမှမဟုတ်တော့တာ။ မိုင်ပေါင်းသိန်းသန်းချီတစ်ထိုင်တည်းပြေးသွားရင်တောင် မောပန်းဖို့လုံးဝ၊လုံးဝ မဖြစ်နိုင်ဘူး။

သူဒီတစ်ခေါက် အမည်မဲ့မြို့သို့ဦးတည်လာရသည့်ရည်ရွယ်ချက်က သေချာပေါက်မြေခွေးလေးကိုပြန်လည်အသက်သွင်းဖို့ရန်ပင်။ အရင်ချိန်တွေတုန်းက မြေခွေးလေးနဲ့ပတ်သပ်တဲ့ကိစ္စရပ်တွေအားလုံးကို မည်သို့မှကြန့်ကြာလိုစိတ်မရှိပဲ အမြန်ဆုံးနည်းနဲ့ လုပ်ဆောင်တတ်သည်။

ဒီတစ်ခေါက် အမည်မဲ့မြို့သို့ဦးတည်ရသည့်ရည်ရွယ်ချက်က မြေခွေးလေးကိုပြန်အသက်သွင်းဖို့ နောက်ဆုံးလိုအပ်သည့်ပစ္စည်းတစ်ခုဟာ ထိုနေရာတွင် တည်ရှိနေကြောင်းသတင်းအတိအကျရထား၍ဖြစ်သည်။ မြေခွေးလေးကိုအသက်ပြန်သွင်းနိုင်ဖို့သိပ်မကြာတော့ပေ။ ပုံမှန်သူ့စိတ်နဲ့သာဆိုရင် အလောတကြီး အမည်မဲ့မြို့ကိုပြေးသွားပြီး ထိုပစ္စည်းကို အတင်းအကြပ်ရယူလိုက်မည်မှာပြောစရာကိုမလိုချေ။ သို့ပေမယ့်အခု သူ့ဘေးနားက လူသားလေးအတွက် ရည်ရွယ်ချက်ရှိရှိ အေးဆေးစွာဖြင့်ခရီးသွားလာသလိုမျိုး နေနေမိသည်။

ပိုပြီးအရေးကြီးသည်က သူမြေခွေးလေးကိုပြန်အသက်သွင်းဖို့စိတ်အားထက်သန်နေဆဲဆိုပေမယ့် အရင်ကလောက်စိတ်ဓာတ်မပြင်းပြတော့သလိုမျိုးခံစားရသည်။ ဒါကဘာကြောင့်မှန်းတိတိကျကျမသိသော်လည်းပဲ သူ့ဘေးကဒီလူသားကြောင့်ပဲဆိုတာ သူ့မသိစိတ်ကပြောပြနေသည်။

ဟင်း.....သူတကယ်ရူးသွားပြီထင်သည်။

သူတို့နေ့တစ်ဝက်လောက် ကန္တာရအလည်၊ ပူပြင်းသောနေရောင်အောက်တွင် လျှောက်လှမ်းလာခဲ့ကြသည်။ သူတို့စွမ်းအားကိုမထုတ်သုံးပါသော်လည်း လမ်းလျှောက်နိုင်စွမ်းကတော့ သာမန်လူတွေထက်မြန်ဆန်သည်။

နေရာတိုင်း တံလျပ်တွေနဲ့ သဲသောင်ပြင်တွေချည်းသာမြင်တွေ့နေရတာကြောင့် ရှောင်ကျန့်ဟာပျင်းလွန်းလို့သေတော့မလိုတောင်ခံစားနေရ၏။ အကယ်၍ ဝမ်ရိပေါ်ကိုင်ထားသည့် သူ့ခေါင်းပေါ်ကဆီစိမ်ထီးတွင် အေးမြစေသောအစီအရင်သာမရှိပါက မီးနဲ့ထိပ်တိုက်တွေ့သည့်ဖယောင်းတိုင်လိုမျိုးအရည်ပျော်သွားလောက်သည်။

"ဘယ်အချိန်ရောက်မှာလဲ"

"နည်းနည်းလောက်ထပ်လျှောက်ရင်ရောက်ပြီ"

ရှောင်ကျန့် : "....."

ခင်ဗျားဒီလိုပြောနေတာ ခြောက်ဆယ့်ခုနှစ်ခေါက်ရှိပြီဆိုတာသိရဲ့လား.....ဟမ်။

"အဲ....အရှေ့မှာ လှည်းတန်းတစ်ခုရှိနေတယ်...."

ရှောင်ကျန့်မျက်နှာက သိသိသာသာဝင်းလက်သွားသော်လည်းပဲ ဝမ်ရိပေါ်မျက်နှာကတော့ချက်ချင်းမဲပုတ်သွားသည်။ တမင်သက်သက် သူတို့နှစ်ယောက်ကြားရှုပ်ရှုပ်ရှပ်ရှပ်အရာတွေပါလာမှာစိုးလို့ လမ်းလျှောက်နေတာမဟုတ်ပါလား။

"ရိပေါ်....ကျွန်တော်တို့လိုက်လို့ရမလား သွားမေးကြည့်ရအောင်လေ"

ဝမ်ရိပေါ် က သဘောတူလား၊မတူလား သေသေချာချာမသိသည့်အသံမျိုးဖြင့် အင်း၊အဲသာလုပ်နေသည်။ နောက်ဆုံးလမ်းလျှောက်ချင်စိတ်မရှိတော့သည့်ရှောင်ကျန့်ဟာ တတ်ကြွစွာ ဆီစိမ်ထီးအောက်ကနေထွက်ခွာ၍ လှည်းတန်းရှိရာဆီသို့ပြေးထွက်သွားသည်။

ဝမ်ရိပေါ်၏မျက်နှာမှာအတော်လေးမဲမှောင်သွားပါသော်ညားလည်း ရှောင်ကျန့်ရဲ့တောက်ပလွန်းသောမျက်လုံးလေးတွေကိုမြင်သည့်အခါတွင် မတားရက်နိုင်တော့ပေ။

ဆီစိမ်ထီးအောက်ကထွက်ခွာလိုက်သည်နှင့် နဂိုအေးမြနေသည့်ပတ်ဝန်းကျင်မှာ အလွန်အမင်းပူလောင်နေသည်ကို ရှောင်ကျန့်သိသိသာသာခံစားမိလိုက်သည်။ မူလက တစ်ချိန်လုံး ဆီစိမ်ထီးအောက်တွင်နေနေရတာကြောင့် ပြင်ပအပူချိန်ကိုသတိမထားမိခဲ့ပေ။ အခုမှ ကန္တာရထဲက နေရောင်ခြည်ဟာသာမန်အဆင့်နိမ့်ကျင့်ကြံသူတွေကိုတောင်အငွေ့ပျံသွားနိုင်သည်အထိပြင်းထန်လွန်းလှကြောင်းသိလိုက်ရသည်။

နေရောင်ခြည်က ရှောင်ကျန့်ကိုမဟန့်တားနိုင်၍သာတော်သေးသည်။ အကယ်၍သူသာယခုချိန်ထိသာမန်လူတစ်ယောက်ဖြစ်နေခဲ့ရင် အမှန်တကယ်ဖယောင်းတိုင်လိုမျိုးအရည်ပျော်ကျသွားပေလိမ့်မည်။

ရှောင်ကျန့်တွေတွေလေးရပ်၍ နေရောင်ခြည်ကိုမျက်မှောင်ကြုပ်ကာမော့ကြည့်နေမိချိန်မှာပင် သူ့အပေါ် အရိပ်တစ်ခုအုပ်မိုးလာပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးမြသွားကြောင်းခံစားလိုက်ရသည်။ သူ့အပေါ်တွင် ကြီးမားသည့်အဖြူရောင်ဆီစိမ်ထီးကအုပ်မိုးထားပြီးနေရောင်ခြည်ဒဏ်မှကာကွယ်ထားသည်။ ထိုအရာ၏တရားခံဖြစ်သူဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကို မနိုင်ဘူးဟူသည့်ဟန်ပန်ဖြင့် သက်ပြင်းခပ်သာသာချ၏။ သူ့မျက်လုံးအတွင်း၌ သူကိုယ်တိုင်တောင်သတိမထားမိသည့် တုန်နေအောင်အလိုလိုက်ချင်သောဆန္ဒတွေပြည့်လျှံနေလေသည်။

"နေပူထဲ တအားဇွတ်မပြေးနဲ့....မင်းကသာမန်လူတစ်ယောက်မဟုတ်တော့တာမှန်ပေမယ့် အသားတွေနေလောင်ကုန်ရင်ဘယ်လိုလုပ်မလဲ...."

ရှောင်ကျန့်က သွားလေးဖြဲပြလိုက်သည်။

"လှည်းနဲ့လိုက်ချင်တာမဟုတ်လား....သွားမယ်လေ...."

"ဟုတ်"

__________________________________________________________

Zawgyi

ေရွာင္က်န့္နိုးလာသည္။ သူ႕ခႏၶာကိုယ္တစ္ခုလုံး အရမ္းကိုလန္းဆန္းတတ္ႂကြေနၿပီး မျမင္နိုင္သည့္စြမ္းအားႀကီးတစ္ရပ္ကိန္းေအာင္းေနသလိုခံစားရ၏။ ျဖစ္နိုင္ရင္အခုခ်က္ခ်င္းလက္ငင္း ေတာင္ႀကီးတစ္ခုလုံးကိုလက္သီးတစ္ခ်က္နဲ႕ေပါက္ကြဲထြက္သြားေအာင္ လုပ္နိုင္သည္ဟု ထင္ေယာင္ထင္မွားျဖစ္လာသည္အထိပင္။

သူေရာက္ေနတဲ့ေနရာက အမ္......အရင္က ေျပာင္ေျပာင္ ေျပာင္ေျပာင္ပစၥည္းေတြရွိတဲ့အခန္းထဲကိုပါပဲ။ ဒါေပမယ့္ သူ႕စကားကိုလန့္သြားဟန္ေပၚကာ အႏွီးေျပာင္ေျပာင္လက္လက္နဲ႕ တန္ဖိုးႀကီးရတနာေတြကိုေတာ့အခန္းထဲတြင္ ဖယ္ထုတ္ျခင္းခံထားရသည္။ ထိုအစား ရိုးရိုးရွင္းရွင္းႏွင့္တန္ဖိုးႀကီး သဘာဝရတနာေတြျဖင့္အစားထိုးျခင္းခံထားရသည္။ ၾကည့္ရတာ ဝမ္ရိေပၚက သူ႕အေပၚႂကြားလုံးထုတ္ဖို႔အခြင့္အေရးကိုလက္မေလ်ာ့ေသးဘူးထင္၏။

အခန္းကိုလွည့္ပတ္ၾကည့္လိုက္ေတာ့ ဝမ္ရိေပၚအပါအဝင္ မည္သည့္သက္ရွိသက္မဲ့ကိုမွ မေတြ႕ရေပ။ သူ႕ကို အခန္းထဲတစ္ေယာက္တည္းျပစ္သြားတာေပါ့ေလ။

သူမေက်နပ္ေပမယ့္လည္း ႏွာေခါင္းတစ္ခ်က္သာရႈံ႕႐ုံရႈံ႕လိုက္သည္။ သူနားလည္သည္။ ဝမ္ရိေပၚနဲ႕သူက ဘာမွပတ္သတ္မႈမရွိေသးတဲ့သူစိမ္းသာသာလူေတြဆိုတာကိုေလ။ ဘယ္သူကမွ သူစိမ္းတစ္ေယာက္အတြက္ တကူးတက အေသးစိတ္အာ႐ုံစိုက္မေနဘူး။ ဒါေပမယ့္ သူအိပ္မေပ်ာ္သြားခင္က ဝမ္ရိေပၚရဲ႕အျပဳအမူကိုဘယ္လိုရွင္းျပရမလဲ။ သူ႕အတြက္ ႏွလုံးသားထဲကိုလက္ျဖင့္ကိုယ္တိုင္ေဖာက္ထုတ္၍ ႏွလုံးေသြးအဆီအႏွစ္ ႏွစ္ဆယ္ေက်ာ္ကို လိုလိုလားလားေပးအပ္ခဲ့သည္။

ကံေကာင္းတာတစ္ခုက ဝမ္ရိေပၚကိုယ္တိုင္ ၎ကိုအေသအခ်ာထိန္းခ်ဳပ္၍ သူ႕ခႏၶာကိုယ္တစ္ခုလုံးကိုစိတ္တိုင္းက် ႏူးႏူးညံ့ညံ့သန့္စင္ေစ၍ပင္။ မဟုတ္ရင္ ေသြးအဆီအႏွစ္တစ္စက္နဲ႕တင္ သူ႕ဝိဥာဥ္ေရာခႏၶာကိုယ္ပါ အစအနေဖာ္မရေအာင္ေပါက္ကြဲပ်က္ဆီးသြားလိမ့္မယ္။

ေရွာင္က်န့္ပိုၿပီးေတာင္စိတ္ရႈပ္ေထြးသြားေသးသည္။ ဝမ္ရိေပၚရဲ႕ သူ႕ကိုမမွတ္မိရင္ေတာင္ ဦးစားေပး၊ ကာကြယ္တတ္သည့္အျပဳအမူေပၚ ႏွစ္သိမ့္ၾကည္ႏူးရေသာ္လည္းပဲ သူက ေျမေခြးေလးလို႔ေျပာခဲ့ရင္ ယုံၾကည္ပါမလား။

ေျမေခြးေလးနဲ႕ အနီးစပ္ဆုံးတူညီသည့္ တရားမဝင္host ခ်ဴက်င္း ေတာင္မွပဲ မေသမရွင္ ျဖစ္သြားခဲ့သည္မဟုတ္ပါလား။ သူ႕လို ဆြဲေဆာင္မႈမရွိ၊ အေသအလဲအားနည္း ေပ်ာ့ညံ့တဲ့ ခပ္စြာစြာသာမန္လူသားတစ္ေယာက္ရဲ႕စကားကိုတကယ္ပဲယုံပါ့မလား။ ခ်ဴက်င္းဆိုရင္ သူ႕ကိုယ္သူ ေျမေခြးေလးေရွာင္က်န့္ဆိုၿပီး တထစ္ခ်ေျပာခဲ့ေသးသည္။ ဒါေပမယ့္ဝမ္ရိေပၚ စိတ္အေျခအေနကို ေလာင္စာဆီထပ္ထည့္လိုက္မိ႐ုံကလြဲရင္ ဘာမွမေျပာင္းလဲသြားခဲ့ေပ။

"သခင္ေလး နိုးလာၿပီ"

တံခါးဝတြင္ ဝိဥာဥ္ရတနာတစ္ခ်ိဳ႕သယ္ေဆာင္ထားသည့္ စြမ္းအားႀကီးနတ္ဆိုးတစ္ေကာင္ဟာ ေပ်ာ္႐ႊင္စြာျဖင့္အခန္းထဲေျပးဝင္လာသည္။ ဝိဥာဥ္ရတနာေတြကို ေဘးစားပြဲေပၚတင္လိုက္ၿပီး ေရွာင္က်န့္ကို ေလးေလးစားစားၾကည့္သည္။

"ကြၽန္ေတာ္က ဟြာဖိန့္ပါ....သခင္ေလး မသက္မသာခံစားေနရေသးလား"

ေရွာင္က်န့္ဟာ သူ႕မ်က္ေတာင္ေလးကိုႏွစ္ခ်က္ဆင့္ခပ္လိုက္မိၿပီး ေခါင္းခါျပလိုက္သည္။ သူေခါင္းရႈပ္သြားသလိုခံစားလိုက္ရ၏။

"ဘာလို႔ ကြၽန္ေတာ့္ကို သခင္ေလးလို႔ ေခၚေနတာလဲ သိလို႔ရမလား...."

အဆင့္ျမင့္နတ္ဆိုး ဟြာဖိန့္က ရိုက်ိဳးစြာပင္ ျပန္ေျဖသည္။

"သခင္ေလးရဲ႕ ခႏၶာကိုယ္ထဲမွာ အရွင့္ရဲ႕ ႏွလုံးေသြးအဆီအႏွစ္ အစက္ႏွစ္ဆယ္ေက်ာ္ေတာင္ စီးဆင္းေနပါတယ္.....ေျပာရရင္ အခုဆိုကြၽန္ေတာ္မ်ိဳးတို႔အတြက္ သခင္ေလးက နတ္ဆိုးမ်ိဳးႏြယ္ရဲ႕အသန့္စင္တကာ့ အသန့္စင္ဆုံး နတ္ဆိုးနတ္ဘုရားေသြးေတြပိုင္ဆိုင္တဲ့ဒုတိယေျမာက္သခင္လိုပါပဲ...."

"....."

ေရွာင္က်န့္ေၾကာင္ေတာင္ေတာင္မ်က္ႏွာျဖင့္ မိုးေပၚေမာ့ၾကည့္မိလိုက္သည္။ ေဘာက္မဲ့ေၾကာင့္ ဟြာဖိန့္ ရဲ႕စကားကေနတစ္ဆင့္ သူက ဝမ္ရိေပၚရဲ႕'သား'တစ္ေယာက္ျဖစ္သြားသလိုခံစားလိုက္ရတာလဲ။ ေနာက္တစ္ခါ ဝမ္ရိေပၚကိုသူေတြ႕ရင္ "ေဖေဖ" လို႔မေခၚရေလာက္ပါဘူးေနာ္။ ဟုတ္တယ္မလား။

ေဖေဖ ရိေပၚ : "....."

ေျပာမရဘူး။ ဝမ္ရိေပၚက "ေဟ....ငါ့သား" လို႔ျပန္ေျဖခ်င္ေျဖေနမွာ။

ေရွာင္က်န့္ : "....."

ဖလူး....ဖလူး.....ေသာက္က်ိဳးနည္းအေတြးေတြအားလုံး ေဝးေဝးသြားစမ္း!!!!

"အဟမ္း....ငါအိပ္ေပ်ာ္သြားတာလား"

"ဟုတ္ပါတယ္သခင္ေလး"

ေရွာင္က်န့္ သူ႕ခႏၶာကိုယ္ထဲမွာရွိတဲ့ စိမ္းသက္လွေသာစြမ္းအားအလုံးအထည္ႀကီးကိုအေတြးေရာက္သြားသည္။ ၾကည့္ရတာ ဝမ္ရိေပၚရဲ႕ႏွလုံးေသြးေတြက သူ၏ေသမ်ိဳးခႏၶာကိုယ္ကို အႀကီးအက်ယ္ေျပာင္းလဲသြားေစခဲ့သည့္ပုံပင္။ နတ္ဆိုးဧကရာဇ္ရဲ႕ႏွလုံးေသြးအဆီအႏွစ္ႏွစ္ဆယ္ေက်ာ္က သာမန္ေသမ်ိဳးလူသားတစ္ေယာက္ကို အထြတ္အထိပ္က်င့္ႀကံဆင့္ပိုင္ဆိုင္သည့္ နတ္ဆိုးတစ္ေကာင္အျဖစ္တိုက္ရိုက္ေျပာင္းလဲသြားေစခဲ့သည္။

"ငါ အိပ္ေနတာ ဘယ္ေလာက္ၾကာသြားၿပီလဲ"

"တစ္လပါ သခင္ေလး"

ဒါက အရမ္းႀကီးမၾကာျမင့္ေပ။ သူထင္ရသေလာက္ေတာ့ ဝမ္ရိေပၚက သူ႕ကိုယ္ထဲမွာရွိတဲ့ ေသြးအဆီအႏွစ္ေတြကို သန့္စင္ဖို႔ရန္ ေဘးကေနကူညီပံ့ပိုးေပးခဲ့သည့္ဟန္ရ၏။ မဟုတ္ရင္ နတ္ဆိုးဧကရာဇ္ရဲ႕ ႏွလုံးေသြးအဆီအႏွစ္တစ္စက္ကို ႏွစ္ေပါင္းေထာင္နဲ႕ခ်ီ ႀကိဳးစားစုပ္ယူေနရေပလိမ့္မည္။

ေရွာင္က်န့္စိတ္ခံစားခ်က္ေတြမွာ တစ္ျဖည္းျဖည္းျပန္လည္ၿငိမ္သက္သြားၿပီးေနာက္ တရားမဝင္ host၊ ခ်ဴက်င္း၏ေနာက္ဆက္တြဲအျဖစ္အပ်က္ေတြအေၾကာင္း အာ႐ုံေရာက္သြားသည္။

"ငါသိခ်င္လို႔တစ္ခုေလာက္ေမးပါရေစအုံး"

"ေမးပါ သခင္ေလး...."

စြမ္းအားႀကီးနတ္ဆိုးဟြာဖိန့္ က တစ္လက္လက္ေတာက္ပေနသည့္မ်က္လုံးႀကီးေတြျဖင့္ ေရွာင္က်န့္ကိုေလးစားစြာၾကည့္သည္။ အကယ္၍ေရွာင္က်န့္သာ သူ႕ကိုဒီေနရာမွာတင္သတ္ေသခိုင္းရင္ ခ်က္ခ်င္းလက္ငင္းႀကီး ကိုယ့္ကိုယ္ကို သတ္ေသနိုင္သည္အထိ ရိုေသေလးစားမႈတို႔ယိုဖိတ္ေနေလသည္။

နတ္ဆိုးေတြက ကိုယ့္ထက္အင္အားႀကီးတဲ့လူေတြကို ရိုေသေလးစားၿပီးႏွစ္ၿခိဳက္၊သေဘာက်ၾကသည္ ဟူေသာအတင္းအဖ်င္းစကားမွာ ေသြးထြက္ေအာင္မွန္သည့္ပုံပင္။

"နတ္ဆိုးနန္းေတာ္ေရွ႕မွာ ျပႆနာလာရွာသြားတဲ့ လွလွပပလူငယ္ေလးေလ....သူဘာဆက္ျဖစ္သြားလဲ...."

ခ်ဴက်င္းအေၾကာင္းေမးသည့္အခါတြင္ ဟြာဖိန့္၏မ်က္လုံးအတြင္း၌ခ်ဴက်င္းအေပၚ အထင္ေသးရႈံ႕ခ်ဟန္ ရွင္းရွင္းလင္းလင္းေပၚေပါက္လာသည္။ ဟြာဖိန့္က ခ်ဴက်င္းအေပၚထင္ထင္ရွားရွားႀကီးကိုစက္စုပ္႐ြံရွာေနသည္။

"သူက ဘယ္လိုၾကည့္ၾကည့္ေသခ်ာေပါက္ အတုအေယာင္ တစ္ေယာက္သက္သက္ပါ....သခင္ေလးရဲ႕အာ႐ုံစူးစိုက္မႈကိုရဖို႔မထိုက္တန္ပါဘူး...."

ေရွာင္က်န့္မ်က္လုံးေလးေတြမွာ တစ္နည္းတစ္ဖုံဝင္းလက္သြားသည္။

"အတုအေယာင္ ဆိုတာဘာကိုေျပာတာလဲ"

ဟြာဖိန့္က ဝမ္းနည္းစြာသက္ျပင္းအသာခ်ရင္း ရွင္းျပသည္။

"သခင္ေလး အရွင့္ရဲ႕နာမည္ႀကီးအခ်စ္ဇာတ္လမ္းအေၾကာင္းကိုသိလား.....နတ္ဆိုးဧကရာဇ္နဲ႕ အျမႇီးကိုးေခ်ာင္းနတ္ဘုရားေျမေခြး ရဲ႕အခ်စ္ဇာတ္လမ္းေလ...."

ဟြာဖိန့္၏မ်က္ႏွာမွာ ခ်က္ခ်င္းပင္ ခိုးေၾကာင္ခိုးဝွက္အတင္းစကားေျပာေနရသလိုမ်ိဳး ေဘးဘီဝဲယာကို လွည့္ပတ္ၾကည့္လိုက္ေသးသည္။

"ကြၽန္ေတာ္ အျမႇီးကိုးေခ်ာင္းေျမေခြးရဲ႕တကယ့္မ်က္ႏွာအစစ္ကို တစ္ႀကိမ္ျမင္ဖူးလိုက္တယ္.....သူက ခႏၶာကိုယ္သက္သက္ဆိုေပမယ့္ ေဖာ္ျပမတတ္နိုင္ေလာက္ေအာင္ကိုလွတယ္....ဘယ္ေလာက္ထိလဲဆိုရင္ ကြၽန္ေတာ္မ်ိဳးခဏေလး ျဖတ္ကနဲျမင္လိုက္ရတာေတာင္မွ အဲ့ဒီမ်က္ႏွာေလးကိုတစ္သက္မေမ့နိုင္ေလာက္တဲ့အထိပဲ....."

"....."

"သခင္ေလး ခုနကေမးတဲ့က်ဴးေက်ာ္သူက တကယ္လွတယ္ဆိုတာကြၽန္ေတာ္ဝန္ခံပါတယ္.....ဒါေပမယ့္ ကြၽန္ေတာ္က နတ္ဘုရားသားရဲရဲ႕ တကယ့္မ်က္ႏွာအစစ္ကိုျမင္ေတြ႕ဖူးတဲ့အခါက်ေတာ့ သူ႕မ်က္ႏွာက အရမ္းအတုအေယာင္ဆန္လြန္းသလိုခံစားရတယ္.....သဘာဝက်က်လွတာမ်ိဳးမဟုတ္ပဲနဲ႕ အတင္းအၾကပ္ဖန္တီးလုပ္ယူထားသလိုမ်ိဳးႀကီး.....ဘယ္သူမဆို နတ္ဘုရားသားရဲရဲ႕လွပမႈကိုျမင္ဖူးရင္ အဲ့ဒီက်ဴးေက်ာ္သူ မ်က္ႏွာက ဘယ္ေလာက္ေတာင္အတုအေယာင္ဆန္လြန္းလည္းဆိုတာ သိလာလိမ့္မယ္...."

ေရွာင္က်န့္ စိတ္ထဲကေန ဟြာဖိန့္ကိုလက္မ အႀကီးႀကီးေထာင္ျပလိုက္သည္။ ဒီတစ္ေယာက္က တကယ့္ ဟာကြက္ကိုတန္းသိတာပဲ။ ရိေပၚေဒါသထြက္သြားတာလည္းမထူးဆန္းပါဘူး။

"ငါေနာက္ထပ္သိခ်င္တာတစ္ခုရွိေသးတယ္....."

"ေျပာပါသခင္ေလး.....ကြၽန္ေတာ္သိသမွ် မခြၽင္းမခ်န္ အကုန္ေျပာျပပါ့မယ္....."

"မင္းတို႔ရဲ႕အရွင္....သူ႕နားကို နတ္ဘုရားသားရဲအေယာင္ေဆာင္ၿပီး လာကပ္တဲ့လူမ်ိဳးရွိလား"

ဒီလိုဆိုရင္ သူ႕ကိုယ္သူဖြင့္ခ်ျပဖို႔ ပိုခက္ခဲသြားလိမ့္မယ္။

"အမ္.....ခဏေနာ္ သခင္ေလး...."

ဟြာဖိန့္က အေလးအနက္ေရတြက္ေနသလိုမ်ိဳးသူ႕ဦးႏွောက္ကို ျပင္းျပင္းထန္ထန္အလုပ္ေပးေနသည္။

"....."

နင့္ေမႀကီးေတာ္။ ဘယ္ေလာက္ေတာင္မ်ားေနလို႔ ေလးေလးနက္နက္ႀကီး ေရတြက္ေနရတာတုန္း။

ဒီလိုနဲ႕ ဟြာဖိန့္၏ေရတြက္မႈမွာ ဆယ့္ငါးမိနစ္ေလာက္ၾကာျမင့္သြားသည္။

"သခင္ေလးေတြ႕ခဲ့တဲ့က်ဴးေက်ာ္အပါအဝင္ဆိုရင္ စုစုေပါင္း ၄၆၄၂ ေယာက္ပါ...."

ေရွာင္က်န့္ : "......."

ေရွာင္က်န့္ : "?????"

ေရွာင္က်န့္ : "!!!!!!!"

ငါလူး!!!!.... တကယ္ႀကီးလား!!!

ဟြာဖိန့္ရဲ႕စကားအဆုံးမွာ ေရွာင္က်န့္၏ကိုယ့္ကိုယ္ကို ေဖာ္ထုတ္မည့္အစီအစဥ္ေလးမွာ ပင္လယ္ေရနဲ႕အတူ ေလ်ာကနဲေျမာပါသြားေလသည္။ ဒီေလာက္လူအေရအတြက္ေအာက္တြင္ သာမန္႐ုပ္ရည္၊ သာမန္ပိန္ပိန္ပါးပါးခႏၶာနဲ႕ သူက ကိုယ့္ကိုယ္ကို "ကြၽန္ေတာ္က အျမႇီးကိုးေခ်ာင္းနတ္ဘုရားသားရဲ ေျမေခြးပါ ခင္ဗ်" လို႔သြားေျပာမိရင္ လူအမ်ားတံေတြးခြက္မွာ ေျမာပါ႐ုံတင္မဟုတ္ပဲ၊ ဝမ္ရိေပၚလက္ခ်က္နဲ႕တင္ကိစၥေလ်ာသြားနိုင္သည္ဟုခံစားရ၏။

မျဖစ္ဘူး။ မျဖစ္ဘူး။ ေျမေခြးခႏၶာကိုယ္ထဲျပန္ဝင္ဖို႔ အခြင့္ေကာင္းကိုရွာမွရမယ္။ မဟုတ္ရင္ ဒီသာမန္ဆန္လြန္းသည့္ ခႏၶာကိုယ္နဲ႕မ်က္ႏွာက အဟန့္အတားႀကီးတစ္ခုျဖစ္လာနိုင္သည္။ မဟုတ္။ ေျမေခြးခႏၶာမွမဟုတ္ရင္ ဘယ္ေလာက္လွပေခ်ာေမာတဲ့မ်က္ႏွာနဲ႕ ခႏၶာကိုယ္ျဖစ္ျဖစ္ ဈာန္ေလ်ာသြားမည္မွာ ရာခိုင္ႏႈန္းျပည့္ေသခ်ာသည္။

အာ....ရိေပၚကိုအျဖစ္မွန္မေျပာျပမိလို႔ေတာ္ေသးတယ္။ မဟုတ္ရင္ လက္လြန္ကုန္မွ သူ႕ေယာက္်ားရင္ကြဲနာက်ၿပီး လဲေသသြားအုံးမယ္။

ေရွာင္က်န့္ဟာ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုကို ေလးေလးနက္နက္ခ်မွတ္ထားလိုက္ၿပီး ေျမေခြးခႏၶာကိုယ္ထဲျပန္မေရာက္သ၍ သူ႕ကိုယ္သူဖုံးကြယ္ထားဖို႔ရန္ ဆုံးျဖတ္လိုက္သည္။

"မင္းတို႔ ဘာေျပာေနၾကတာလဲ"

ေရွာင္က်န့္ႏွင့္ ဟြာဖိန့္၏ခႏၶာကိုယ္မွာ ေတာင့္ကနဲျဖစ္သြားသည္။ ဟြာဖိန့္ဟာ သူ႕ေခါင္းကိုေတာင့္ေတာင့္ႀကီးအေနာက္သို႔လွည့္ၾကည့္လိုက္ေလရာ နာဂစ္တိုက္ေတာ့မလိုမ်ိဳးစိတ္အေျခအေနနဲ႕ မဲေမွာင္ေနေသာမ်က္ႏွာျဖင့္ ဝမ္ရိေပၚကိုေတြ႕လိုက္ရသည္။ ဟြာဖိန့္ တစ္ကိုယ္လုံး ရွိသမွ်အေမႊးေတြအကုန္ေထာင္ ကုန္ၿပီး ႀကီးမားသည့္အႏၱရာယ္အေငြ႕အသက္ကိုခံစားလိုက္ရသည္။

"အ..အ...အ....အ ရွင္......"

ဟြာဖိန့္ဟာတုန္ရီေနသည့္ခႏၶာကိုယ္ျဖင့္ ဝမ္ရိေပၚကိုအလွ်င္အျမန္အရိုအေသေပးလိုက္ၿပီးလွစ္ကနဲေနေအာင္ေျပးထြက္ေပ်ာက္ကြယ္သြားေတာ့သည္။ ဝမ္ရိေပၚမွာ စကားေျပာခ်ိန္မရလိုက္သည္အထိ ဟြာဖိန့္ဟာ ေမာ္တာတတ္ထားသည္ထက္ေတာင္ျမန္ဆန္ေသးသည္။

"....."

"....."

ေရွာင္က်န့္ဟာ ေျခေထာက္အပိုပါသလိုမ်ိဳး ျမန္ဆန္လြန္းသည့္ ဟြာဖိန့္၏ေနာက္ေက်ာကိုပါးစပ္အေဟာင္းသားေလးျဖင့္စိုက္ၾကည့္ရင္း ဝမ္ရိေပၚ၏ ရွာလကာရည္အျပည့္ျဖင့္ေခ်ာင္းဟမ့္သံကိုၾကားသည့္အခါတြင္ အူေၾကာင္ေၾကာင္လွည့္ၾကည့္လာသည္။

ဝမ္နတ္ဆိုး၏ မ်က္ႏွာမွာအလိုလိုက္အခံထားရသည့္ သမီးပ်ိဳေလးတစ္ေယာက္လိုမ်ိဳးဆူပုတ္ေနၿပီး ေရွာင္က်န့္အၾကည့္ကသူ႕ဆီေရာက္လာကာမွ ေက်နပ္စြာၿပဳံးလိုက္သည္။ ၿပီးေတာ့ သူ႕မ်က္ႏွာ၊လည္ဂုတ္နဲ႕နား႐ြက္ဖ်ားေတြမွာ ပန္းသီးေလးတစ္လုံးလိုမ်ိဳးနီရဲသြား၏။

ဘာေၾကာင့္ဆို အိပ္ယာထကာစ ေရွာင္က်န့္ဟာဆြဲေဆာင္မႈရွိလွသည္။ အတြင္းဝတ္အျဖဴတစ္ထည္တည္းဝတ္ဆင္ထားတာမဟုတ္ေသာ္လည္းပဲ လူးလွိမ့္ထားသလိုမ်ိဳးအနည္းငယ္ေလ်ာ့တိေလ်ာ့ရဲနိုင္လွ၏။ အကၤ်ီရင္ဘတ္ကအနည္းငယ္ဟ ေနၿပီး လွပတဲ့လိပ္ျပာေတာင္ပံရိုးကိုထင္ထင္ရွားရွားႀကီးျမင္ေတြ႕ေနရသည္။ ႏွလုံးေသြးအဆီအႏွစ္၏သန့္စင္ေပးမႈကိုခံထားရတာေၾကာင့္ ေရွာင္က်န့္ရဲ႕အသားအေရမွာ မိန္းကေလးေတြေတာင္ႏွိုင္းယွဥ္မရသည္အထိ ႏူးညံ့အိေထြးလာသည္။ သူ႕ရဲ႕ခပ္ၾကမ္းၾကမ္းဆံႏြယ္ေတြေတာင္ ေပ်ာ့ေျပာင္းစင္းက်လာသည္အထိပင္။

သူ႕မ်က္ႏွာမွာေျပာင္းလဲသြားတာမ်ိဳးမရွိေသာ္လည္းပဲ အျပစ္အနာအဆာကင္းမဲ့သည့္အသားအရည္က သာမန္႐ုပ္ရည္ကေန အေတာ္အသင့္ၾကည့္ေကာင္းသည့္မ်က္ႏွာေလးအျဖစ္သို႔ေျပာင္းလဲသြားေစခဲ့သည္။ အထူးသျဖင့္သူ႕ရဲ႕လွပလြန္းတဲ့မ်က္လုံးေလးေတြက မည္သူမဆိုအသိအမွတ္ျပဳေလာက္သည္အထိ ေတာက္ပလင္းလက္လြန္းေနခဲ့သည္။

ပြေယာင္းေယာင္းဆံပင္ေလးေတြရယ္၊ ဖယိုဖရဲအဝတ္အစားေတြရယ္၊ ဖိအိပ္ထားတာေၾကာင့္ခပ္ရဲရဲေလးျဖစ္ေနသည့္ပါးမို႔မို႔ေလးေတြရယ္က ဝမ္ရိေပၚရင္တစ္ခုလုံးကိုေသေလာက္ေအာင္ ေျပာင္းဆန္သြားေစသည္။

သူ႕ရင္ထဲထူးဆန္းသည့္အပူမီးေတာက္တစ္ခ်ိဳ႕ေတာက္ေလာင္လာၿပီး ၎အပူမီးေတြမွာခႏၶာကိုယ္အေပၚပိုင္းကေန အလယ္ပိုင္းတစ္ေနရာဆီသို႔စုပုံလာ၏။ ေျခဖ်ားလက္ဖ်ားေတြဓာတ္လိုက္သလိုမ်ိဳးက်ဥ္တတ္လာၿပီးျပင္းျပသည့္ဆႏၵတစ္ရပ္ဟာ သူ႕ေခါင္းတစ္ခုလုံးကိုပူထူသြားေစသည္။ ၿပီးေနာက္ သူ႕ရဲ႕ မုန္လာဥႀကီးမွာ ေငါက္ကနဲထထိုင္လာေလသည္။

ဝမ္ရိေပၚ : "....."

လန့္ျဖန့္သြားသည့္ ဝမ္ရိေပၚဟာ သူ႕ရဲ႕ရိုးသားလြန္းတဲ့ေအာက္ပိုင္းကို အတြင္းအားျဖင့္ ခ်က္ခ်င္းေထာင္မလာေစရန္မနည္းထိန္းခ်ဳပ္လိုက္ရသည္။ စိတ္ထဲကေန သူ႕ကိုယ္သူအေသအလဲဆဲဆိုလိုက္မိၿပီး ေျမေခြးေလးရဲ႕ လွပလြန္းတဲ့မ်က္ႏွာေလးကိုသာ ေတြးေတာေနလိုက္သည္။

သူခ်စ္တာ ေျမေခြးေလး တစ္ေယာက္တည္း။ ေရွာင္က်န့္တစ္ေယာက္တည္းကိုခ်စ္တာ။ ေဘးလူတစ္ေယာက္ေၾကာင့္လမ္းလြဲသြားလို႔မျဖစ္ဘူး။

ပုံမွန္ဆိုရင္ ဒီလိုအႏၱရာယ္မ်ားသည့္လူသားကို ခပ္ေဝးေဝးပို႔လႊတ္လိုက္သင့္သည္ဆိုေသာ္ညားလည္း သူ႕မသိစိတ္က ထိုလုပ္ရပ္ကိုအျပင္းအထန္ျငင္းဆန္ေနေလသည္။ သူဘာဆက္လုပ္ရမွန္းမသိေတာ့ေလာက္ေအာင္ အထိ ေခါင္းတစ္ခုလုံး ႀကိဳးထုံးေျမာက္မ်ားစြာျဖင့္ရႈပ္ေထြးေနာက္က်ိလာသည္။

သူ႕စိတ္ထဲဘယ္ေလာက္ပဲ ရႈပ္ရွပ္ခတ္ေနပါေစ ဝမ္ရိေပၚရဲ႕ ၿပိဳင္ဘက္ကင္းမ်က္လုံးေတြဟာ ေရွာင္က်န့္တစ္ကိုယ္လုံးကိုအသားစ ေသးေသးေလးပါမခ်န္ ေလာဘတႀကီးအငမ္းမရ၊ စိုက္ၾကည့္ေနမိသည္။ ေရွာင္က်န့္မွာ ရိေပၚ၏ မီးဝင္းဝင္းေတာက္ေနသည့္မ်က္လုံးေတြေၾကာင့္ ထိတ္လန့္စြာအကၤ်ီလည္ပင္းကို ခပ္တင္းတင္းေစ့ခ်လိဳက္မိသည္။

ဝမ္ရိေပၚမ်က္လုံးအတြင္း၌ ႏွေျမာတသ ဟန္ေပၚေပါက္လာသည္။ သို႔ေပမယ့္လည္း သူဒီကိုမေရာက္ခင္ ဒီသာမန္လူသားေလးက ဟြာဖိန့္နဲ႕ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စကားေျပာေနတာကိုသတိရသြားသည့္အခါတြင္ လုံးဝမတည္ၿငိမ္နိုင္ေတာ့ေပ။ အဓိပ္ပါယ်က ဟြာဖိန့္က ဒီပုံစံေလးကိုသူ႕ထက္အရင္ မ်က္ျမင္ကိုယ္ေတြ႕ႀကဳံလိုက္ရတယ္လို႔ဆိုလိုတာမဟုတ္ဘူးလား။

ဂြၽတ္!

"....."

သနားစရာ နတ္ဆိုးေလးဟြာဖိန့္အတြက္ အေမႊးတိုင္ထြန္းေပးလိုက္ၾကရေအာင္။

ေရွာင္က်န့္ဟာ ဝမ္ရိေပၚရဲ႕ဆိုးဝါးသထက္ဆိုးဝါးလာသည့္ရာသီဥတုအေျခအေနကိုၾကည့္ရင္း တံေတြးတစ္ခ်က္ၿမိဳခ်လိဳက္သည္။ ၾကည့္ရတာ ဟို ခ်ဴက်င္းရဲ႕အေယာင္ေဆာင္ကိစၥေၾကာင့္စိတ္တိုေနေသးတာမ်ားလား။ ေတာ္ေသးတာေပါ့....သူဘာမွဖြင့္မေျပာရေသးလို႔။

ေရွာင္က်န့္ ရင္တစ္ထိတ္ထိတ္ရွိေနေပမယ့္လည္း အဆင္ေျပေနပါေသးသည္။

"ေက်းဇူးတင္ပါတယ္...."

"ဘာကိုလဲ"

ဝမ္ရိေပၚက ႏွာမႈတ္လိုက္ရင္း ဂ႐ုမစိုက္သလိုမ်ိဳးေခါင္းကိုေဘးလွည့္လိုက္သည္။ သို႔ေပမယ့္ သစၥာေဖာက္သည့္မ်က္လုံးေတြကေတာ့ ေထာင့္နားေလးကေန ေရွာင္က်န့္ကိုခိုးၾကည့္ေနသည္။

"ခင္ဗ်ား ကြၽန္ေတာ့္ကိုအႀကိမ္ႀကိမ္ကယ္ခဲ့တယ္ေလ..... ဒီ့အတြက္ ကြၽန္ေတာ္ဘယ္လိုေက်းဇူးျပန္ဆပ္ရမွန္းေတာင္မသိေတာ့ဘူး"

"ဟမ့္....ေက်းဇူးတင္ရေကာင္းမွန္းေတာ့သိေသးသားပဲ"

"ကြၽန္ေတာ္တကယ္ေျပာတာပါ.....ခင္ဗ်ားဘာခိုင္းခိုင္း ကြၽန္ေတာ္မဆိုင္းမတြလုပ္ေပးဖို႔အာမခံပါတယ္...."

"ေကာင္းၿပီေလ....မင္းခႏၶာကိုယ္ထဲမွာ ငါ့ရဲ႕ႏွလုံးေသြးအဆီအႏွစ္ အစက္ႏွစ္ဆယ္ေက်ာ္စီးဆင္းေနတယ္....ဒါေၾကာင့္မင္းအခုကစၿပီး နတ္ဆိုးမ်ိဳးႏြယ္ဝင္တစ္ေယာက္ျဖစ္သြားၿပီ....မင္းကို သန္မာလာေစဖို႔ ငါက စြမ္းအင္ေထာက္ပံ့ေပးခဲ့တာေၾကာင့္ အခုကစၿပီး မင္းကငါ့ေနာက္လိုက္ပဲ...."

ေရွာင္က်န့္မ်က္လုံးေလးေတြမွာလင္းလက္သြားသည္။ သူ႕ေယာက္်ားနားမွာေနနိုင္မယ့္အခြင့္အေရးကိုဘယ္လိုလုပ္ျငင္းဆန္နိုင္မွာတဲ့လဲ။

"ဟုတ္ကဲ့....ကြၽန္ေတာ္အေကာင္းဆုံး ႀကိဳးစားပါ့မယ္....ဒါနဲ႕ေလ....ကြၽန္ေတာ့္နာမည္က လွ်ိုခြၽမ္လို႔ေခၚပါတယ္ဗ်....အရွင့္နာမည္ကိုေရာ သိလို႔ရမလား"

ေရွာင္က်န့္ရဲ႕ေတာက္ပလြန္းတဲ့အၿပဳံးေလးကိုျမင္သည့္အခါတြင္ ဝမ္ရိေပၚ၏ နား႐ြက္ဖ်ားေတြမွာနီရဲတြတ္လာၿပီးရွက္႐ြံ႕စြာမ်က္ႏွာလႊဲလိုက္သည္။

"ဝမ္ရိေပၚ...."

"ဟုတ္....ကြၽန္ေတာ္ေသခ်ာမွတ္ထားပါ့မယ္...."

"အဟမ္း....ၿပီးေတာ့ငါ့ကို အရွင္လို႔မေခၚနဲ႕...."

တစ္ျခားသူေတြက သူ႕ကိုအရွင္၊ ဒါမွမဟုတ္ သခင္လို႔ေခၚေဝၚၾကေပမယ့္လည္း ဒီလူသားေလးကိုက်ေတာ့ ထိုသို႔မသုံးႏႈန္းေစခ်င္ေပ။ ဘာေၾကာင့္မွန္းမသိပဲ သူ႕နားထဲတြင္ ေျမေခြးေလး၏ 'ရိေပၚ' ဆိုသည့္အသံဆာဆာေလးကိုၾကားေယာင္မိလိုက္သည္။ သူ႕ပါးစပ္ဟာ ျပဳစားခံထားရသလိုမ်ိဳး ကိုယ္ကိုယ္တိုင္ပင္မထင္မွတ္ထားသည့္စကားကိုေျပာလိုက္မိ၏။

"ငါ့ကို ရိေပၚ လို႔ေခၚ...."

ေရွာင္က်န့္မ်က္ေတာင္ႏွစ္ခ်က္ဆင့္ခပ္လိုက္မိသည္။ ဘယ္လက္ေအာက္ငယ္သားကမ်ား ကိုယ္ေၾကာက္႐ြံ႕ေလးစားရတဲ့ေခါင္းေဆာင္ကိုနာမည္တိုက္ရိုက္ေခၚရဲလို႔လဲ။ ေခၚမယ့္ေခၚ သူငယ္ခ်င္းအရင္းႀကီးေတြမွပဲျဖစ္နိုင္လိမ့္မယ္။ ေမးစရာက မည္သူကမ်ား ဝမ္နတ္ဆိုးႀကီးနဲ႕သူငယ္ခ်င္းျဖစ္ရဲတဲ့သတၱိရွိမွာတဲ့လဲ။ ေရွာင္က်န့္ကလြဲရင္ေပါ့။

ေရွာင္က်န့္ နားမလည္ေပမယ့္လည္း တစ္ျခားသူေတြလိုမ်ိဳးေၾကာက္႐ြံ႕တုံ႕ဆိုင္းျခင္းေတာ့မရွိေပ။

"ရိေပၚ...."

ထိုအသံေလးက ဝမ္ရိေပၚ၏ရင္ဘတ္တစ္ခုလုံးကို ႏူးညံ့လြန္းသည့္အက္ဆစ္ေလးနဲ႕တစ္ျဖည္းျဖည္းလွိုက္စားသြားသလိုပင္။ ေျမေခြးေလးမရွိေတာ့ကတည္းက ေဟာင္းေလာင္းေပါက္ျဖစ္ေနသည့္သူ႕ရင္ဘတ္ႀကီးဟာ တစ္ျဖည္းျဖည္းျပန္ျပည့္လာသလိုမ်ိဳးခံစားရ၏။ ေက်နပ္ႏွစ္သိမ့္လြန္းတာေၾကာင့္ ႏႈတ္ခမ္းေထာင့္စြန္းေတြေတာင္ဖုံးဖိမရေအာင္ အေပၚသို႔ေကြးတတ္လာသည္။

"အင္း....ေတာ္တယ္...."

လွပလြန္းသည့္အၿပဳံးေတြျဖင့္ ဝမ္နတ္ဆိုးႀကီးဟာ ေရွာင္က်န့္ေခါင္းေလးကို ခပ္ဖြဖြထိေတြ႕ပြတ္သပ္ေပးလိုက္သည္။ ယခုအခ်ိန္တြင္သူဘယ္ေလာက္ေတာင္ ေပ်ာ္႐ႊင္ေနလဲဆိုတာ မ်က္လုံးေတြကေနတစ္ဆင့္ လူတိုင္းျမင္ေတြ႕နိုင္သည္။

"ဒီေန႕ေတာ့ ခႏၶာကိုယ္ထဲက စြမ္းအင္ေတြနဲ႕အသားက်ေအာင္ နားလိုက္အုံး....မနက္ျဖန္ ငါတစ္ေနရာသြားစရာရွိတယ္....မင္းပါလိုက္ခဲ့"

"ဟုတ္..."

*************

"အမ္း.....ကြၽန္ေတာ္တို႔ဘယ္ေတာ့မ်ားေရာက္မွာလဲ"

"နည္းနည္းေလာက္ထပ္ေလွ်ာက္ရင္ေရာက္ၿပီ"

"ဒါေပမယ့္ ခင္ဗ်ား ဒီလိုေျပာေနတာ သုံးဆယ့္ေျခာက္ခါရွိေနၿပီဗ်"

ေရွာင္က်န့္က ငိုမဲ့မဲ့မ်က္ႏွာျဖင့္ဝမ္ရိေပၚကိုၾကည့္သည္။ သူတို႔ေရာက္ေနတာက အဆုံးမရွိေအာင္က်ယ္ေျပာတဲ့ကႏၱာရအလည္ႀကီးမွာျဖစ္သည္။ ဦးတည္ရာေနရာကသဲကႏၱာရ အစြန္းတစ္ဖက္မွာရွိတဲ့ 'အမည္မဲ့'ၿမိဳ႕ကိုျဖစ္သည္။

အမည္မဲ့ ဆိုတာက ၿမိဳ႕နာမည္ျဖစ္ၿပီး ေျပာရရင္ ဖုံးကြယ္ေနသည့္ၿမိဳ႕တစ္ခုပင္။ ေနာက္တစ္ခုထပ္ေျပာရရင္ က်င့္ႀကံေရးေလာကႀကီး၌ နတ္ဆိုးေတြမက်ဴးေက်ာ္နိုင္သည့္ ေပ်ာက္ဆုံးေနေသာၿမိဳ႕ျဖစ္သည္။ မက်ဴးေက်ာ္နိုင္တာဆိုတာထက္ ထိုၿမိဳ႕က လူတိုင္းမဝင္နိုင္သည့္ ေနရာတစ္ခုတြင္တည္ရွိေနတာေၾကာင့္ဆိုရင္ပိုမွန္ေပလိမ့္မည္။ ၿမိဳ႕ရဲ႕တည္ေနရာကိုမသိပဲ နတ္ဆိုးေတြအေနနဲ႕ထိုေနရာကို သိမ္းပိုက္ဖို႔ရန္မွာ မျဖစ္နိုင္ေပ။

ေမးခ်င္ေမးနိုင္သည္။ မည္သည့္ေနရာမဆိုအေတြးတစ္ခ်က္နဲ႕ေရာက္ေအာင္သြားနိုင္တဲ့ နတ္ဆိုးႀကီးက ေဘာက္မဲ့ေၾကာင့္ ေျခက်င္လမ္းေလွ်ာက္ေနရတာလဲဆိုၿပီးေတာ့ေလ။ သူလည္းေမးပါေသးသည္။

ဝမ္ရိေပၚက ျပန္ေျဖရွာသည္။ ဘယ္ေလာက္ပဲစြမ္းအားႀကီးတဲ့လူတစ္ေယာက္ျဖစ္ပါေစ။ သူတစ္ခါမွမေရာက္ဖူးတဲ့၊တစ္နည္းအားျဖင့္လမ္းလုံးဝမသိတဲ့ေနရာကို တန္းၿပီးေနရာမေ႐ႊ႕ေျပာင္းနိုင္ေပ။ ဝမ္နတ္ဆိုးႀကီးက နတ္ဆိုးတိုင္းျပည္ေနရာအႏွံ႕ကိုစိတ္တိုင္းက် ကူးေျပာင္းနိုင္သည္။ သို႔ေသာ္လည္းပဲ က်ယ္ေျပာလွသည့္က်င့္ႀကံေရးေလာကႀကီးထဲရွိ ေနရာတိုင္းကို မေရာက္ခဲ့ဖူးေပ။ သူေလွ်ာက္လည္ဖူးတာဆိုလို႔ ေျမေခြးေလးနဲ႕အတူ ဟိုစပ္စပ္ဒီစပ္စပ္ လူသိမ်ားတဲ့ ေနရာေတြကိုသာျဖစ္သည္။

ဟုတ္ၿပီ။ ေနရာမေ႐ႊ႕ေျပာင္းနိုင္ရင္ေတာင္ ပ်ံသန္းနိုင္တဲ့က်င့္ႀကံေရးရတနာေတြနဲ႕ပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ က်င့္ႀကံသူေတြကဲ့သို႔ေမာပန္းနိုင္စြမ္းမရွိသည့္သက္လုံျဖင့္ တစ္စကၠန့္ကို မိုင္ေပါင္းမ်ားစြာသြားလာနိုင္ပါေသာ္လည္း ဘာအေၾကာင္းေၾကာင့္ သာမန္လူေတြလို လမ္းေလွ်ာက္ေနၾကပါသနည္း။

အမွန္တကယ္တြင္ သူတို႔သာမဟုတ္ပဲ ဘယ္ေလာက္စြမ္းအားႀကီးတဲ့က်င့္ႀကံသူမဆို ကႏၱာရထဲသို႔ေျခခ်မိသည္ႏွင့္ မည္သည့္ရတနာမွအသုံးမဝင္ေတာ့သည့္အျပင္ ျပင္းထန္လြန္းသည့္ေျမဆြဲအားေၾကာင့္ သာမန္လူေတြလိုမ်ိဳးလမ္းေလွ်ာက္႐ုံသာတတ္နိုင္ေလသည္။ က်င့္ႀကံဆင့္ျမင့္ေလ၊ ေျမဆြဲအားကပိုမိုျပင္းထန္ေလျဖစ္သည္။ ထို႔ေၾကာင့္က်င့္ႀကံသူအုပ္စုႀကီးဟာ  အမည္မဲ့ကႏၱာရကိုျဖတ္ေက်ာ္ခ်င္လွ်င္ သာမန္လူေတြလိုမ်ိဳး လွည္းျဖင့္ခရီးသြားတာမ်ိဳး၊ ဒါမွမဟုတ္ေျခလ်င္ ခရီးသြား႐ုံသာတတ္နိုင္၏။

ဒါကအေရးမႀကီးေသးပါဘူး။ နတ္ဆိုးဧကရာဇ္အေပၚ အႏွီးလွ်ို႔ဝွက္ဆန္းက်ယ္လွေသာေျမဆြဲအားက လုံးဝမသက္ေရာက္တာေျပာစရာကိုမလိုေပ။ နတ္ဆိုးဧကရာဇ္၏ႏွလုံးေသြးအဆီအႏွစ္ကိုပိုင္ဆိုင္ထားသည့္ေရွာင္က်န့္ဆိုရင္ေတာင္ ထိုနည္း၎ပင္ျဖစ္သည္။

သို႔ေပမယ့္ ခန့္မွန္းရခက္လွသည့္စိတ္အေျခအေနႏွင့္ နတ္ဆိုးႀကီးဟာ ကႏၱာရထဲေျခခ်ၿပီဆိုကတည္းက သာမန္လူေတြလိုမ်ိဳးေအးေအးေဆးေဆး လမ္းေလွ်ာက္ေနေလသည္။ သူေျပာတာေတာ့ သူတို႔သာ သာမန္လူေတြနဲ႕ကြဲထြက္ၿပီး ပ်ံသန္းေနခဲ့မယ္ဆိုရင္ က်င့္ႀကံသူတိုင္းရဲ႕အာ႐ုံကိုဆြဲေဆာင္နိုင္ၿပီး မလိုအပ္တဲ့ျပႆနာေတြႏွင့္ ၾကန့္ၾကာမႈေတြရွိလာနိုင္သည္တဲ့ေလ။

နင့္ေမႀကီးေတာ္!!!....ဒီလိုအီေလးဆြဲၿပီးလမ္းေလွ်ာက္ေနတာကမွ နဂိုထက္ အဆေပါင္းမ်ားစြာပိုၾကန့္ၾကာေနတာမဟုတ္ဘူးလား။ ျပႆနာေတြကိုေရွာင္ဖို႔လို႔လာမေျပာနဲ႕။ စြမ္းအားႀကီးမားလွတဲ့ ဝမ္နတ္ဆိုးႀကီးက ဘယ္အရာကိုမ်ားတကူးတက ေရွာင္ဖို႔အထိ သူရဲေဘာေၾကာင္သြားတာမ်ားလဲ။ ကေလးသြားေျပာေတာင္မယုံဘူး။ ဟုတ္ၿပီလား။

ေရွာင္က်န့္ ေဒါသတႀကီးအံႀကိတ္လိုက္သည္။ တကယ္လို႔ ဝမ္ရိေပၚသာ ေနေရာင္ကိုေရွာင္ဖို႔အတြက္ လူသုံးကိုယ္စာေလာက္အရိပ္ေပးနိုင္သည့္ ထီးႀကီးသာသူ႕အေပၚရွိမေနပါက ပူျပင္းလြန္းသည့္ေနေရာင္ေၾကာင့္ ဝမ္နတ္ဆိုး၏မ်က္ႏွာကိုကုတ္ဖဲ့ဆြဲဖဲ့ျပစ္လိုက္နိုင္သည္။

ဂါး!!!! ေတြးရင္း၊ ေတြးရင္ ေဒါသထြက္လိုက္တာ။ ဒီအတိုင္းသြားမယ္ဆိုရင္ေတာင္ အနည္းဆုံး လွည္းေလးေတာ့ငွားလာသင့္ပါတယ္။

ဝမ္ရိေပၚဟာ လက္ထဲတြင္အျဖဴေရာင္ဆီစိမ္ထီးကို ကိုင္ထားရင္း ဆူပုတ္ေနသည့္မ်က္ႏွာပိုင္ရွင္ေရွာင္က်န့္ဘက္ကိုမ်က္လုံးေထာင့္ကပ္ကာၾကည့္လိုက္သည္။ သူ႕မ်က္လုံးအတြင္း၌ ရယ္ခ်င္သည့္စိတ္ခံစားခ်က္ႏွင့္ ႏွစ္သက္ၾကည္ႏူးမႈေတြျပည့္လွ်ံေနၿပီး ေရွာင္က်န့္နဲ႕ႏွစ္ေယာက္တည္းရွိေနရတာကိုဘယ္ေလာက္ေတာင္ ေက်နပ္ေနမွန္းအထင္းသားေပၚလြင္ေနေလသည္။

ဝမ္ရိေပၚက သူ႕မ်က္ႏွာကိုေျပာင္းလဲထားသည္။ အေတာ္ေလးေခ်ာေမာၿပီးလူႀကီးလူေကာင္းဆန္သည့္မ်က္ႏွာျဖစ္ေသာ္လည္းပဲ သူ႕မူရင္းမ်က္ႏွာကိုေတာ့ႏွိုင္းယွဥ္မရေပ။

ဒီအတိုင္းလမ္းေလွ်ာက္ရတာက ေသခ်ာေပါက္သူ႕တြင္ရည္႐ြယ္ခ်က္ရွိသည္။ ဒီလူသား၏ခႏၶာကိုယ္ထဲကစြမ္းအင္ေတြက အရမ္းမ်ားျပားလြန္းသည္။ ႐ုတ္တရတ္ႀကီးရရွိလာသည့္စြမ္းအင္ေတြက မ်ားျပားလြန္းတာေၾကာင့္က်င့္သားရဖို႔ရန္အခ်ိန္အေတာ္ၾကာေပးရေပလိမ့္မည္။ တစ္ျခားေနရာေတြ၌ က်င့္ႀကံဆင့္ကိုထုတ္သုံး၍ သြားလာတာက ကိစၥမရွိေပမယ့္၊ ဒီကႏၱာရက ေျမဆြဲအားအရမ္းျပင္းထန္လြန္းေနသည္။ က်င့္သားမရေသးသည့္ စြမ္းအင္ေတြကိုအေလာတႀကီးသာထုတ္သုံးမိလိုက္ရင္ ေျမဆြဲအားေၾကာင့္အခန့္မသိပါက ခႏၶာကိုယ္အတြင္းေဖာက္လြဲေဖာက္ျပန္ျဖစ္သြားနိုင္၏။

ဒါကဒီလူသားေလးအတြက္အႏၱရာယ္မ်ားလြန္းသည္။ ျဖစ္နိုင္ေခ်နည္းတယ္ဆိုရင္ေတာင္ သူလက္မခံနိုင္ေပ။ ထို႔ေၾကာင့္ ခႏၶာကိုယ္ထဲကစြမ္းအင္ေတြႏွင့္ ေျမဆြဲအားကိုအသုံးျပဳ၍ အခ်ိန္ေပးကာလမ္းေလွ်ာက္ေစျခင္းျဖင့္ ဒီလူသားေလးအတြက္အက်ိဳးျဖစ္ထြန္းေစလိမ့္မည္။

အဟမ္း။ အဓိကအေၾကာင္းျပခ်က္ကေတာ့ သူဒီလိုႏွစ္ေယာက္တည္းလမ္းေလွ်ာက္ရတာသေဘာက်သည္။ ဒါက သူနဲ႕ေျမေခြးေလးႏွစ္ေယာက္အတူ လည္ပတ္စဥ္က ခံစားခ်က္မ်ိဳးနဲ႕ဆင္တူလြန္းသည္။ တစ္ေလာကလုံးသူတို႔ႏွစ္ေယညက္သာရွိေနသည့္ခံစားခ်က္မ်ိဳး။

သူ႕ကိုယ္သူဘယ္ေလာက္ပဲသတိေပးေနပါေစ၊ မလြန္ဆန္နိုင္စြာျဖင့္ ႏွစ္ေယာက္တည္းအတူတူအခ်ိန္အေတာ္ၾကာရွိေနနိုင္မည့္ လမ္းကိုခပ္တည္တည္ ေ႐ြးခ်ယ္လိုက္ေလသည္။ ေမာပန္းမည့္ကိစၥကိုေတာ့ ဒီလူသားေလးက အခုသာမန္လူမွမဟုတ္ေတာ့တာ။ မိုင္ေပါင္းသိန္းသန္းခ်ီတစ္ထိုင္တည္းေျပးသြားရင္ေတာင္ ေမာပန္းဖို႔လုံးဝ၊လုံးဝ မျဖစ္နိုင္ဘူး။

သူဒီတစ္ေခါက္ အမည္မဲ့ၿမိဳ႕သို႔ဦးတည္လာရသည့္ရည္႐ြယ္ခ်က္က ေသခ်ာေပါက္ေျမေခြးေလးကိုျပန္လည္အသက္သြင္းဖို႔ရန္ပင္။ အရင္ခ်ိန္ေတြတုန္းက ေျမေခြးေလးနဲ႕ပတ္သပ္တဲ့ကိစၥရပ္ေတြအားလုံးကို မည္သို႔မွၾကန့္ၾကာလိုစိတ္မရွိပဲ အျမန္ဆုံးနည္းနဲ႕ လုပ္ေဆာင္တတ္သည္။

ဒီတစ္ေခါက္ အမည္မဲ့ၿမိဳ႕သို႔ဦးတည္ရသည့္ရည္႐ြယ္ခ်က္က ေျမေခြးေလးကိုျပန္အသက္သြင္းဖို႔ ေနာက္ဆုံးလိုအပ္သည့္ပစၥည္းတစ္ခုဟာ ထိုေနရာတြင္ တည္ရွိေနေၾကာင္းသတင္းအတိအက်ရထား၍ျဖစ္သည္။ ေျမေခြးေလးကိုအသက္ျပန္သြင္းနိုင္ဖို႔သိပ္မၾကာေတာ့ေပ။ ပုံမွန္သူ႕စိတ္နဲ႕သာဆိုရင္ အေလာတႀကီး အမည္မဲ့ၿမိဳ႕ကိုေျပးသြားၿပီး ထိုပစၥည္းကို အတင္းအၾကပ္ရယူလိုက္မည္မွာေျပာစရာကိုမလိုေခ်။ သို႔ေပမယ့္အခု သူ႕ေဘးနားက လူသားေလးအတြက္ ရည္႐ြယ္ခ်က္ရွိရွိ ေအးေဆးစြာျဖင့္ခရီးသြားလာသလိုမ်ိဳး ေနေနမိသည္။

ပိုၿပီးအေရးႀကီးသည္က သူေျမေခြးေလးကိုျပန္အသက္သြင္းဖို႔စိတ္အားထက္သန္ေနဆဲဆိုေပမယ့္ အရင္ကေလာက္စိတ္ဓာတ္မျပင္းျပေတာ့သလိုမ်ိဳးခံစားရသည္။ ဒါကဘာေၾကာင့္မွန္းတိတိက်က်မသိေသာ္လည္းပဲ သူ႕ေဘးကဒီလူသားေၾကာင့္ပဲဆိုတာ သူ႕မသိစိတ္ကေျပာျပေနသည္။

ဟင္း.....သူတကယ္႐ူးသြားၿပီထင္သည္။

သူတို႔ေန႕တစ္ဝက္ေလာက္ ကႏၱာရအလည္၊ ပူျပင္းေသာေနေရာင္ေအာက္တြင္ ေလွ်ာက္လွမ္းလာခဲ့ၾကသည္။ သူတို႔စြမ္းအားကိုမထုတ္သုံးပါေသာ္လည္း လမ္းေလွ်ာက္နိုင္စြမ္းကေတာ့ သာမန္လူေတြထက္ျမန္ဆန္သည္။

ေနရာတိုင္း တံလ်ပ္ေတြနဲ႕ သဲေသာင္ျပင္ေတြခ်ည္းသာျမင္ေတြ႕ေနရတာေၾကာင့္ ေရွာင္က်န့္ဟာပ်င္းလြန္းလို႔ေသေတာ့မလိုေတာင္ခံစားေနရ၏။ အကယ္၍ ဝမ္ရိေပၚကိုင္ထားသည့္ သူ႕ေခါင္းေပၚကဆီစိမ္ထီးတြင္ ေအးျမေစေသာအစီအရင္သာမရွိပါက မီးနဲ႕ထိပ္တိုက္ေတြ႕သည့္ဖေယာင္းတိုင္လိုမ်ိဳးအရည္ေပ်ာ္သြားေလာက္သည္။

"ဘယ္အခ်ိန္ေရာက္မွာလဲ"

"နည္းနည္းေလာက္ထပ္ေလွ်ာက္ရင္ေရာက္ၿပီ"

ေရွာင္က်န့္ : "....."

ခင္ဗ်ားဒီလိုေျပာေနတာ ေျခာက္ဆယ့္ခုႏွစ္ေခါက္ရွိၿပီဆိုတာသိရဲ႕လား.....ဟမ္။

"အဲ....အေရွ႕မွာ လွည္းတန္းတစ္ခုရွိေနတယ္...."

ေရွာင္က်န့္မ်က္ႏွာက သိသိသာသာဝင္းလက္သြားေသာ္လည္းပဲ ဝမ္ရိေပၚမ်က္ႏွာကေတာ့ခ်က္ခ်င္းမဲပုတ္သြားသည္။ တမင္သက္သက္ သူတို႔ႏွစ္ေယာက္ၾကားရႈပ္ရႈပ္ရွပ္ရွပ္အရာေတြပါလာမွာစိုးလို႔ လမ္းေလွ်ာက္ေနတာမဟုတ္ပါလား။

"ရိေပၚ....ကြၽန္ေတာ္တို႔လိုက္လို႔ရမလား သြားေမးၾကည့္ရေအာင္ေလ"

ဝမ္ရိေပၚ က သေဘာတူလား၊မတူလား ေသေသခ်ာခ်ာမသိသည့္အသံမ်ိဳးျဖင့္ အင္း၊အဲသာလုပ္ေနသည္။ ေနာက္ဆုံးလမ္းေလွ်ာက္ခ်င္စိတ္မရွိေတာ့သည့္ေရွာင္က်န့္ဟာ တတ္ႂကြစြာ ဆီစိမ္ထီးေအာက္ကေနထြက္ခြာ၍ လွည္းတန္းရွိရာဆီသို႔ေျပးထြက္သြားသည္။

ဝမ္ရိေပၚ၏မ်က္ႏွာမွာအေတာ္ေလးမဲေမွာင္သြားပါေသာ္ညားလည္း ေရွာင္က်န့္ရဲ႕ေတာက္ပလြန္းေသာမ်က္လုံးေလးေတြကိုျမင္သည့္အခါတြင္ မတားရက္နိုင္ေတာ့ေပ။

ဆီစိမ္ထီးေအာက္ကထြက္ခြာလိုက္သည္ႏွင့္ နဂိုေအးျမေနသည့္ပတ္ဝန္းက်င္မွာ အလြန္အမင္းပူေလာင္ေနသည္ကို ေရွာင္က်န့္သိသိသာသာခံစားမိလိုက္သည္။ မူလက တစ္ခ်ိန္လုံး ဆီစိမ္ထီးေအာက္တြင္ေနေနရတာေၾကာင့္ ျပင္ပအပူခ်ိန္ကိုသတိမထားမိခဲ့ေပ။ အခုမွ ကႏၱာရထဲက ေနေရာင္ျခည္ဟာသာမန္အဆင့္နိမ့္က်င့္ႀကံသူေတြကိုေတာင္အေငြ႕ပ်ံသြားနိုင္သည္အထိျပင္းထန္လြန္းလွေၾကာင္းသိလိုက္ရသည္။

ေနေရာင္ျခည္က ေရွာင္က်န့္ကိုမဟန့္တားနိုင္၍သာေတာ္ေသးသည္။ အကယ္၍သူသာယခုခ်ိန္ထိသာမန္လူတစ္ေယာက္ျဖစ္ေနခဲ့ရင္ အမွန္တကယ္ဖေယာင္းတိုင္လိုမ်ိဳးအရည္ေပ်ာ္က်သြားေပလိမ့္မည္။

ေရွာင္က်န့္ေတြေတြေလးရပ္၍ ေနေရာင္ျခည္ကိုမ်က္ေမွာင္ၾကဳပ္ကာေမာ့ၾကည့္ေနမိခ်ိန္မွာပင္ သူ႕အေပၚ အရိပ္တစ္ခုအုပ္မိုးလာၿပီးပတ္ဝန္းက်င္တစ္ခုလုံးေအးျမသြားေၾကာင္းခံစားလိုက္ရသည္။ သူ႕အေပၚတြင္ ႀကီးမားသည့္အျဖဴေရာင္ဆီစိမ္ထီးကအုပ္မိုးထားၿပီးေနေရာင္ျခည္ဒဏ္မွကာကြယ္ထားသည္။ ထိုအရာ၏တရားခံျဖစ္သူဝမ္ရိေပၚဟာ ေရွာင္က်န့္ကို မနိုင္ဘူးဟူသည့္ဟန္ပန္ျဖင့္ သက္ျပင္းခပ္သာသာခ်၏။ သူ႕မ်က္လုံးအတြင္း၌ သူကိုယ္တိုင္ေတာင္သတိမထားမိသည့္ တုန္ေနေအာင္အလိုလိုက္ခ်င္ေသာဆႏၵေတြျပည့္လွ်ံေနေလသည္။

"ေနပူထဲ တအားဇြတ္မေျပးနဲ႕....မင္းကသာမန္လူတစ္ေယာက္မဟုတ္ေတာ့တာမွန္ေပမယ့္ အသားေတြေနေလာင္ကုန္ရင္ဘယ္လိုလုပ္မလဲ...."

ေရွာင္က်န့္က သြားေလးၿဖဲျပလိုက္သည္။

"လွည္းနဲ႕လိုက္ခ်င္တာမဟုတ္လား....သြားမယ္ေလ...."

"ဟုတ္"

_________________________________________________________

Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
639K 84.9K 144
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်