နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

156K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [52]

1K 129 1
By Lazy_Little_Meow

Translated by milimwwwww

[Unicode]

အခန်း - (၅၂)

နဉ်ရှီ သူမ နိုင်ငံရပ်ခြားရောက်ခဲ့စဉ်အခါက မဂ္ဂဇင်းများတွင် အချိန်ပိုင်း မော်ဒယ်လေ့ကျင့်ခြင်းများလုပ်ခဲ့ပေသည်။ ထို့ပြင် ဓာတ်ပုံဆရာနှင့်လည်း အစေးကပ်သောကြောင့် ရှုတင်အဆုံးတွင် ဓာတ်ပုံဆရာက နဉ်ရှီကို မြှောက်မဆုံးနိုင်ပေ၊ သူမနှင့် နာမည်ကဒ်များကို လဲလှယ်ချင်တဲ့ထိပင်။ ဓာတ်ပုံရိုက်ကွင်းအဆုံးတွင် နဉ်ရှီ web-casted talk showတစ်ခု၌ ပါဝင်ခဲ့ပေသည်။

Talk showသည် နှစ်ရက် ကြိုတင်ကာ ရိုက်ကူးထားခဲ့ခြင်း ဖြစ်ပြီး  hostသည် နာမည်ရှိသော တက္ကသိုလ်တစ်ခုမှ အငြိမ်းစားပရော်ဖက်ဆာ တစ်ဦးဖြစ်လေ၏။ သူသည် လူငယ်များကြားတွင် သူ၏ဗဟုသုတနှင့် အရည်အချင်းများကြောင့် နာမည်ကြီးသူလည်း ဖြစ်ပေသည်။ သူ၏ရှိုးသည် သိပ္ပံပညာရပ်၏ စိတ်ဝင်စားစရာ Facts/အမှန်တရားများ ပါဝင်သည်သာ မဟုတ်၊ သူ့ခပ်ရွှင်ရွှင် စိတ်လှုပ်ရှားစဖွယ် အပြုအမူများဖြင့် ပျင်းစရာကောင်းလှသော ရှေးခေတ်ဖြစ်ရပ်များကိုပင် တင်ဆက်နိုင်သေး၏။

နဉ်ရှီသည် talk show တွင်ပါဝင်ရသည့် အချက်သည်ကား ၂ချက်။ ပထမအချက်သည် host ပရော်ဖက်ဆာအား လေးစားသောကြောင့်၊ ဒုတိယမှာမူ ဤtalk showသည် အကြီးမားဆုံး platform 3ခုထဲက တစ်ခုဖြစ်သော ပိုင်ဟွေ့ အင်တာတိန်းမန်းမှ ဦးစီးကာ လွှင့်မှာဖြစ်သောကြောင့်ပင်။ နဉ်ရှီ၏ ရှိုး၂ခုဖြစ်သော 'လှပသော တိမ်တိုက်နီများ'နှင့် Tán Hăixian jí တို့၏ အင်တာနက် broadcasting လိုင်စင်များကိုလည်း ဤကုမ္ပဏီမှ ဝယ်ထားသေးသည်။ ပိုင်ဟွေ့အင်တာတိန်းမန့်၏ ဌာနချုပ်တွင်၊ နဉ်ရှီ မိတ်ကပ်ပြင်ပြီးချိန်တွင်  ခပ်ရွှင်ရွှင်ဟန်ပန်ရှိသည့် လူငယ်တစ်ဦးဝင်လာ၏။ ထိုလူသည် သူမအား “နတ်ဘုရားမ ရှီရှီ” ဟုစတင်ခေါ်လာကာ ပိုင်ဟွေ့အင်တာတိန်းမန့်၏ တခြားရသစုံရှိုးတွင် broadcast မည်ဖြစ်သော နွေဦးလယ်ပွဲတော်ရှိ ပရိသတ်များအား ဆုမွန်ကောင်းများ တောင်းပေးရန် တောင်းဆိုလာပေ၏။

တရုတ်လူမျိုးများ မိသားစုဝင်များနှင့် ပြန်ဆုံစည်းကြမည့် ပွဲတော်။

ပြောရမည်ဆိုလျှင် မိသားစုများ ပြန်တွေ့ချိန်ကို ကိုယ်စားပြုသည့် နွေဦးလယ်ပွဲတော်သည် အရေးကြီးသည့် ပွဲတော်လည်း ဖြစ်ပေသည်။

နဉ်ရှီသည် ဤရှိုးကို အရင်တုန်းက ကြားဖူးခဲ့၏။ သူတို့သည် နာမည်ကြီးများ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့်နေရာတွင် နာမည်ကြီးလှသည်။ သို့ရာတွင် သူတို့ အတည်မပြုရသေးသည့် အတင်းအဖျင်းများသာ ဖြစ်ပြီး ထွက်ပေါ်သွားမည်ကို ကြောက်ရမည့် အရာမျိုးမဟုတ်ပါချေ။ ထိုအချင်းအရာသည် ရှိုးကို ကြောက်ဖို့ကောင်းလောက်အောင် အောင်မြင်သွားစေပြီး ထိုရှိုး၏ အမြင့်ဆုံးသည် သန်းထိရှိကာ အနိမ့်ဆုံးတွင်တော့ ၂-၃သိန်း ကြားထဲတွင်ရှိလေသည်။

သူမရှေ့ရှိ ရွှင်ရွှင်မြူးမြူး ခင်မင်စရာကောင်းပုံရသည့် လူငယ်လေးသည် ရှိုး၏ host ဖြစ်၏။ တကယ့်တကယ်တွင်တော့ ထိုကောင်လေးသည် နာမည်ကြီးများ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ရာတွင် တော်လွန်းလှသဖြင့် နာမည်အကြီးဆုံး celebrity များတောင် သူ့အား လေးစားသမှုတော့ ပေးရပေသည်။

နဉ်ရှီ ပြုံးလိုက်ကာ host နှင့် စကားပြောလိုက်ပြီး ဆုမွန်ကောင်းတောင်းပေးသည့် ဗီဒီယိုအတိုလေးတစ်ပုဒ် ရိုက်ကူးလိုက်လေသည်။ သိပ်မကြာခင်တွင်ပဲ “ပရော်ဖက်ဆာကျန်း၏ ပုံပြင်များ”မှ အဖွဲ့သားတစ်ဦး ရောက်လာကာ မကြာခင်ရိုက်ကူးတော့မည့် အကြောင်းပြောလာ၏။

“ရှီရှီက အလုပ်ရှုပ်နေတာဆိုတော့ ကျွန်တော် ဆက်ပြီးတော့ တွန်းအားမပေးတော့ပါဘူးဗျာ”။ ခပ်ရွှင်ရွှင် host က အဝတ်လဲခန်း၏ တံခါးကိုဖွင့်ပြီး နဉ်ရှီ ထွက်သွားတာကို မြင်လိုက်၏။ သူမ ထွက်သွားပြီးနောက်တွင် သူ့နောက်ရှိ ကင်မရာမန်းအား လှည့်ကာ ပြောလိုက်သည်၊

“ဒီအနုပညာစက်ဝန်းမှာတော့ EQမြင့်မြင့်ရှိတဲ့ နာမည်ကြီး နောက်တစ်ယောက် ပေါ်လာပြန်ပြီပဲ။''

ကင်မရာမန်းက ပြုံးသာပြုံးလိုက်ကာ ၊ ဘာမှတော့ပြန်မပြောခဲ့ပါချေ။

ထို Host လည်း စကားဆက်မပြောခဲ့ပေ။ အဆုံးတွင်တော့ လူတိုင်းတွင် သူ့နည်းသူ့ဟန်ဖြင့် ဤရပ်ဝန်းတွင် ကျင်လည်ဖို့ရန် နည်းလမ်းကိုယ်စီရှိကြပေသည်။ အကယ်၍ သူတို့ ကံမကောင်းအကြောင်းမလှဖြစ်ခြင်း သို့မဟုတ် စကားပြော မကျွမ်းကျင်ပါက ကျရှုံးသွားမှာသာ ဖြစ်သည်။

“ကောင်းပြီ ကျွန်တော်တို့ ဒီနေ့ သမိုင်းသင်ခန်းစာတွေလည်း ပြီးသွားပြီ”။ လက်ချာဆရာကျန်းက သစ်သားတုတ်တံ[1]နှင့် စားပွဲပေါ် ကိုတောက်လိုက်သည်။ သူ၏ အမူအရာသည် လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်ကာ ပြောလိုက်၏။ “ကဲ အခု ကျွန်တော်တို့ရဲ့ လျှို့ဝှက်ဧည်သည်ကို ကြိုဆိုကြပါစို့လား?”

ဤအပိုင်းတွင် ထုတ်လုပ်ရေးအဖွဲ့မှ လက်ခုပ်သံ effect ထည့်သွင်းနိုင်စေရန် အကုန်လုံး အသံမထွက်ဘဲ လက်ခုပ်တီးလိုက်ကြ၏။

"မင်္ဂလာပါ၊ ပရော်ဖက်ဆာကျန်း" နဥ်ရှီသည် တောက်တောက်ပြောင်ပြောင် ကျစ်လျစ်ကြော့မော့သော ဝတ်စုံဖြင့် တမင်လဲလှယ်ထား၏။ ပရော်ဖက်ဆာကျန်းအား ယဥ်ယဉ်ကျေးကျေး နှုတ်ဆက်အပြီးတွင်၊ သူ၏ဘေးတွင် ထိုင်လိုက်၏။

စတူဒီယို၏ ဒီဇိုင်းသည် ရှေးခေတ်လက်ဖက်ရည်ဆိုင်ပုံစံအား မှီငြမ်းထား​​ခြင်းဖြစ်သည်။ နဥ်ရှီနှင့် host အတွက် ပုံမှန်ခွက်များအစား ကြွေထည်ခွက်များကိုလည်း အစားထိုးပေးထားသေး၏။

"နဥ်ရှီရေ ကြိုဆိုပါတယ်ဗျို့" ပရော်ဖက်ဆာကျန်းသည် နဥ်ရှီနှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အဓိကအကြောင်းအရာဆီ မသွားခင် ဧည့်သည်များအတွက် သူ၏ပုံမှန်အဖွင့် လုပ်လိုက်၏။

"ကျွန်တော်ကြားဖူးတာတော့ မင်းက ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်ဆို?" ပရော်ဖက်ဆာကျန်းသည် သူ၏ စားပွဲခုံပေါ်မှ စာရွက်တစ်ရွက်အား ယူလိုက်သည်။ "ကျိုးကျန်းချွမ်နဲ့တောင် ပြိုင်ပြီး ရှုံးတဲ့လူက cross-dressရမယ် လို့တောင် ကြားမိပါသေးသတဲ့ဗျာ"

[mm t/n-cross-dress= ဆန့်ကျင်ဖက်လိင်၏ အဝတ်အစားများဝတ်ဆင်ခြင်း]

"ကျွန်မက ဒီတိုင်းကံကောင်းသွားတာပါ၊ အဲ့မတိုင်ခင်က ခပ်ဆင်ဆင်မေးခွန်းတွေ လုပ်ဖူးလိုက်တယ်လေ" နဥ်ရှီသည် ပရော်ဖက်ဆာကျန်းထံမှ ရလိုက်သည့် A4စာရွက်ကို ကြည့်လိုက်သည်။ ထိုစာရွက်ထဲတွင် အလွန်တရာမှခက်ခဲသည့် သင်္ချာမေးခွန်းများ ပါဝင်နေ၏။သူမ ဟက်ဟက်ပက်ပက် ရယ်လိုက်ကာ "ရှင် ကျွန်မကို ဒီနေ့ စမ်းသပ်ဖို့များ ကြံနေတာလားရှင်?"

"ကျွန်တော်လည်း မတတ်နိုင်လို့ပါ၊ စာသင်ဆရာ တစ်ဦးအနေနဲ့ တကယ်တော်တဲ့ကျောင်းသားတွေ တွေ့ရင် စာမေးပွဲစစ်ချင်တဲ့ ပြင်းပြင်းပြပြဆန္ဒလေးက ရှိလာလို့ဗျာ"

ပရော်ဖက်ဆာကျန်းသည် အဖွဲ့သားများအား လက်ယမ်းပြလိုက်သည်။ "လာ ခု zoom ချဲ့ ကြည့်လိုက်ရအောင်"

ကင်မရာမန်းများ လိုက်လျောသည့်အနေဖြင့် ပြေးလာကာ သူတို့၏ ကင်မရာများကို နဥ်ရှီ့ဆီ zoom ဆွဲလိုက်ကြ၏။

"အာ?" နဥ်ရှီ ကင်မရာကို အားတောင့်အားနာဖြင့် ပြုံးပြလိုက်သည်။ "ကျွန်မ နှစ်တွေအကြာကြီး ဘွဲ့ရပြီးတာတောင် စာမေးပွဲအစစ်ခံရတာနေ မလွတ်မြောက်နိုင်သေးဘူးလို့ တကယ်မထင်ထားခဲ့ဘူး!" သူမ စကားပြောနေသည့် အချိန်တွင်ပဲ ဘောပင်ကိုဖွင့်ဖို့ရာ လက်လှမ်းနေပြီး မေးခွန်းများကိုကြည့်ကာ စတင်တွက်ချက်တော့၏။

မိနစ်အနည်းငယ် ကြာပြီးနောက် ပရော်ဖက်ဆာကျန်းသည် နဥ်ရှီ၏ အဖြေစာရွက်ကို စစ်ဆေးလိုက်ကာ ညည်းညူတော့သည်၊ "ကျွန်တော်တို့ရဲ့ချစ်လှစွာသော ပရိသတ်တို့ခင်ဗျာ.. ဒီဟာက တကယ့်ကို သူမရဲ့အရည်အချင်းကို အသုံးပြုပြီး ရှင်သန်နိုင်ပါရက်နဲ့ အလှအပကိုပဲ ရွေးချယ်လိုက်တဲ့လူရဲ့ ဥပမာပါပဲဗျာ၊ ကြည့်ကြည့်ကြပါ!မေးခွန်းကို ရှင်းပြတဲ့ thought processက လုံးဝရှင်းလင်း နေပြီး လက်ရေးလေးက လုံးဝကို လှတယ်ဗျာ!"

သူသည် တုန်လှုပ်ချောက်ချားနေပုံပေါ်ကာ အင်တာတိန်းမန့်ရပ်ဝန်းတွင် အရည်အချင်းစစ်တစ်ခုအား ဆုံးရှုံးရသည့်အပေါ် ​ညည်းညူနေဟန်ပင်ရှိ၏။ ခဏအကြာတွင်၊ သူထပ်ပြောလိုက်သည်၊ "မင်းရဲ့ သရုပ်ဆောင်ကောင်းတဲ့ အရည်အချင်းကြောင့် ဒါရိုက်တာတွေက မင်း တခြားစီးပွားရပ်ဝန်းတစ်ခုထဲ ကူးပြောင်းသွားရင် ဆုံးရှုံးမှုတစ်ခုလို့ တွေးကောင်း တွေးကြလိမ့်မယ်.. ဒါပေမယ့် တခြားရပ်ဝန်းတွေထဲမှာ ရှိမနေတာလည်း ဆုံးရှုံးခြင်းတစ်မျိုးပါပဲ"

နဥ်ရှီ ပြုံးရယ်လိုက်၏။ "ကျွန်မတော့ ဒီအပိုင်းကို ကွန်ပျူတာထဲ သိမ်းထားရတော့မဲ့ပုံပဲ.. ဒါမှ အနာဂတ်မှာ ကျွန်မ ပရော်ဖက်ဆာကျန်းဆီက ချီးကျူးခံရတယ်ဆိုပြီး​ ကြွားလို့ရမှာလေ!"

ပရော်ဖက်ဆာကျန်းက နဥ်ရှီ့ မြှောက်တာကို ကျေနပ်သွားလေသည်။ နောက်ပိုင်း ရိုက်ကူးမှုများလည်း ချောချောမွေ့မွေ့ဖြင့် ဆက်သွားနေကာ နဥ်ရှီ့ဘဝနှင့် သူမ၏ဖန်များအကြောင်း ရောက်သွားသည့်တိုင်အောင် အခြေအနေက ရင်းရင်းနှီးနှီးပဲ ရှိနေ၏။

"ဖန်တော်တော်များများက မင်းရဲ့ အချစ်ရေးကိစ္စကို စိတ်ပူနေကြတယ်။ သိပ်မကြာသေးခင်ကပဲ ကျိုးကျန်းချွမ်နဲ့ ကောလဟာလတွေ ထွက်ခဲ့သေးတာ၊ အဲ့တာ မင်းတို့နှစ်ယောက်အတွက် အရမ်းကြီးများ စိတ်နောက်စရာ ဖြစ်သွားသေးလား?" ဘယ်ရှိုးသို့ သူမရောက်ရောက် ထိုလိုမျိုး မေးခွန်းများသည် အမေးခံရမှာသာ ဖြစ်သည်။ အကယ်၍ ပရော်ဖက်ဆာကျန်း၏ စကားပြောရှိုးသည် ပိုပြီး အတည်သဘောမျိုး ဖြစ်လျှင်တောင် ထိုတူညီသည့် ပြဿနာမျိုးရှိနေမှာပင်၊။

"ကျွန်မတို့ မီဒီယာ သူငယ်ချင်းတွေက ဒီအခြေအနေကို တကယ့်ကို နားလည်မှုလွဲသွားတာပါ။ စီနီယာကျန်းနဲ့ ကျွန်မတို့က သူငယ်ချင်းတွေပဲဆိုတာ အတည်ပြုထားပြီးသားပါနော်။ ကျွန်မက စီနီယာကျန်းနဲ့ ပိုပြီးရင်းနှီးတယ်ဆိုတာကလည်း တူညီတဲ့ label တစ်ခုထဲမှာ အတူတူရှိနေတာကြောင့်ရယ်၊ ကျွန်မ ပွဲဦးထွက်တုန်းက သူပါဝင်တဲ့ရှိုးမှာပဲ ကျွန်မ ဝင်သရုပ်ဆောင်​ဖြစ်လို့ကြောင့်ရယ်ပါ၊ ပြီးတော့ သူက ကျွန်မကို ကြော်ငြာတစ်ခုထဲ ဆွဲခေါ်ပေးခဲ့သေးတယ်လေ။ တကယ်တော့ ကျွန်မနဲ့ အေဂျင်စီ တူတူဖြစ်တဲ့ စီနီယာရှီဖန်းနဲ့ လည်း ရင်းနှီးသေးတယ်!" နဥ်ရှီ ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်၊ "စီနီယာရှီဖန်းရဲ့ ဟင်းချက်စကေးက အရမ်းကို မိုက်တာ၊ ကျွန်မတို့ ကုမ္ပဏီကလူတိုင်း သူ့ရဲ့အိမ်မှာ သွားပြီးဂုန်းဆင်းရတာ ကြိုက်ကြတယ်လေ!"

ရှီဖန်း၏ ကျော်ကြားမှုသည် အခုတလော တဖြည်းဖြည်း ကျဆင်းနေသည်။ နဥ်ရှီက တမင်တကာ သူ့ကိုကူညီရန် ဆွဲခေါ်လိုက်ခြင်းဖြစ်၏။

သူ့အတွက် စကားကောင်းများ ပြောပေးခြင်းသည် ဘာမှမထိခိုက်သွားပေ။ အဆုံးတွင်တော့ သူတို့တွေသည် တူညီသောအေဂျင်စီမှ လာခြင်းသာ၊ ရန်ဖက်များလည်း မဟုတ်သောကြောင့်ပင်။

“ဒီလူမှုရပ်ဝန်းက အပေါ်ယံဆန်ကြတယ်လေ၊ သူတို့တွေက မင်းနဲ့ ကျိုးကျန်းချွမ်ကို ရည်းစားဆိုတာတော့ ယုံကြလိမ့်မယ်” ပရော်ဖက်ဆာကျန်းသည် သူမအား နားလည်နေသည့်ပုံမျိုးဖြင့် ကြည့်လိုက်ကာ သူ့ကိုယ်သူလက်ညိုး ထိုးပြလိုက်သည်။

“အကယ်၍ ကျွန်တော့်ကိုသာ မိန်းကလေးနာမည်ကြီး တစ်ယောက်ယောက်နဲ့ တွဲမြင်ကြည့်၊ မီဒီယာတွေက ကျွန်တော် တစ်ခုခုလုပ်ဖို့ ကြံနေတယ်လို့ တွေးကြမှာ”

နဉ်ရှီ ရယ်လိုက်သည်။ “ပရော်ဖက်ဆာကျန်းက အရမ်း မထောင်လွှားဘူးပဲရှင်၊ ​မျက်နှာဆိုတာ အပေါ်ယံအပိုသာသာပါနော်၊ ပရော်ဖက်ဆာရဲ့ အရည်အချင်းနဲ့ ဗဟုသုတတွေကသာ လူတွေကိုဆွဲဆောင်နေတာလေ.. မဟုတ်ရင် ပရော်ဖက်ဆာမှာ ဖန်တွေဘာလို့ အများကြီးရှိမှာလဲရှင့်”

"ဒီစကားတွေက လုံးဝကျွန်တော့် စတိုင်လ်ပဲဗျ” ပရော်ဖက်ဆာက သူ၏ ကျေနပ်နေသောပုံကို ပြလိုက်သည်။

“ကျွန်တော် မင်းတို့လို စကားပြောကောင်းတဲ့ လူငယ်လေးတွေကို လုံးဝသဘောကျရပါတယ်ဗျာ”

နဉ်ရှီလည်း သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ “ ကျွန်မနားကလူတွေလည်း အဲ့တာကြောင့် ကျွန်မကို ချီးကျူးကြတယ်လေ!” Host နှင့် ဧည့်သည်ကြားမှ ကျီစယ်နေသော စကားများကို နားထောင်ပြီး ရိုက်ကူးရေးအဖွဲ့လည်း စိတ်အေးသက်သာရာရသွား၏။ အမှန်ပြောရမည်ဆိုလျှင် ထိုသို့အပြန်အလှန် စကားပြောပုံလေးများကို ကြည့်ရှုသူများက သဘောကျကြသည်။ အခုခေတ် လူငယ်များသည် လက်တွေ့လူမှုဘဝတွင် ကြုံတွေ့ရသော စိတ်ဖိစီးမှုများကို ‌ဖြေဖျောက်ရန် ပေါ့ပေါ့ပါးပါးရှိုးများကို ရှာဖွေကြည့်ကြည့်ကြ၏။ သူတို့ အင်တာနက်ကိုပင် မှီခိုနေစရာမလိုချေ၊ သူတို့သည် အလွယ်လေးပင် national television မှတဆင့်ပညာပေးဆိုင်ရာ ရှိုးများကိုပင် ကြည့်နိုင်ပေသည်။

ရှိုးထုတ်လုပ်သူများ၏ ရှု့ထောင့်မှကြည့်လျှင်၊ ပွင့်လင်းပြီး စကားကောင်းကောင်းပြောနိုင်သော သူများမှာ အကောင်းဆုံးဧည့်သည်များပင်။ ဇာတ်ညွှန်း လက်ထဲမှာမရှိလျှင်ပင် စကားကောင်းကောင်း မပြောနိုင်သူများ၊ စကားစပြောလိုက်သည် နှင့် ထစ်တတ်သော အကျင့်ရှိသူများ၊ တစ်သီးတစ်သန့်နေသူများမှာ အဆင်မပြေချေ။

“နေပါဦး….. တစ်ခုခုမှားနေသလိုပဲကွ…. ဘာလို့ ကျွန်တော်က မင်းကြောင့် အာရုံပြောင်းသွားရတာတုန်း? ကျွန်တော်တို့ မင်းရဲ့အချစ်‌ရေး အခြေအနေအကြောင်း ပြောနေသင့်တာမဟုတ်ဘူးလားဗျာ?” ပရော်ဖက်ဆာကျန်းက လည်ချောင်းရှင်းလိုက်ကာ ခပ်တည်တည်ဟန် ဖမ်းလိုက်သည်။ “ကျွန်တော့်ကို အရမ်းစပ်စုလို့ အပြစ်လာမတင်နဲ့နော်၊ မင်းရဲ့ဖန်တွေက အရမ်းကိုပဲ စိတ်ဝင်စားနေကြလို့၊ ဟုတ်ဘူးလား?”

နဉ်ရှီ ပြုံးလိုက်ကာ ခေါင်းငြိမ့်လိုက်သည်။

“ဒါဖြင့် ထပ်မေးရအောင်။ မင်းမှာ ….?” ပရော်ဖက်ဆာကျန်းက ရှက်ကိုးရှက်ကန်း မျက်နှာထားဖြင့် ချောင်းဟန့်လိုက်သည်၊ “မင်း မှာရှိနေပြီလား?”

“ကျွန်မ မီဒီယာတွေနဲ့ ကျွန်မဖန်တွေကို ပြောဖူးခဲ့သလိုပဲ ကျွန်မ တစ်ယောက်ယောက်ကို ချစ်မိသွားရင် အားလုံးကို ပြောပြပါ့မယ်လို့လေ” နဉ်ရှီ ကင်မရာအား ပြုံးပြလိုက်သည်။ “ကျွန်မဒီ‌နေ့ အဲ့ကတိကို ဖြည့်ဆည်းပေးဖို့လာတာပါ”

မှတ်တမ်းတင်နေသော ဗီဒီယိုကို ကြည့်နေသည့် ထုတ်လုပ်သူသည် ချက်ချင်းပင် အပျော်လွန်သွား၏။ နဉ်ရှီ ရည်းစားရှိနေတာကိုများ သူတို့ရှိုးမှာ အဲ့သတင်းကို ကြေညာတော့မှာများလားဟ!?

“အနီးကပ်၊ မြန်မြန်လေး! Zoom ချဲ့လိုက်ဟေ့!” ထုတ်လုပ်သူသည် အမြန်ပင် ကင်မရာမန်းအား ညွှန်ကြားလိုက်သည်။

“အားလုံး စိတ်ပူပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အခုချစ်ရသူ ရှိနေပါပြီ” နဉ်ရှီ သူမထိုင်ခုံမှ ထလိုက်ကာ ကင်မရာအား ဦးညွှတ်လိုက်သည်။ “ ဒါပေမယ့် သူက အနုပညာရပ်ဝန်းက လူမဟုတ်တော့ ကျွန်မအခု ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောကြားသေးမှာမဟုတ်ပါဘူး။ အားလုံးပဲ နားလည်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သရုပ်ဆောင်ပေါက်စ အများစုသည် လျှို့လျှို့ဝှက်ဝှက် ဒိတ်ခြင်းကို ပို၍သာရွေးချယ်ကြကာ အချို့အချို့သာ သူတို့၏ကတိအတိုင်း အမှန်အတိုင်းပြောပြီး ချစ်သူရှိမရှိကို ထုတ်ဖော်ကြမည်ဖြစ်သည်။

ထို့ပြင် သူမ၏ရည်းစားသည် နာမည်ကြီး မဟုတ်သောကြောင့် မထုတ်ဖော်လိုသည်မှာလည်း  နားလည်နိုင်ဖွယ်ရာ ရှိပေသည်။ ပါပါရာဇီ/သတင်းထောက်များက နေရာတိုင်းလိုလိုပင် ရှိနေကြသည်။ နဉ်ရှီရည်းစား၏ သရုပ်ကို သူတို့ထုတ်ဖော်လိုက်ပါက ထိုလူတွင် စိတ်ချမ်းချမ်းသာသာ နေရမည့်ရက် တစ်ရက်တောင်မရှိပေ!

“ ကျွန်တော်တောင် တကယ့်ကို ဒီသတင်းကြောင့် အံဩသွားရပါတယ်ဗျာ” ပရော်ဖက်ဆာကျန်း ခဏရပ်ပြီး ပြောလိုက်သည်၊ “ မင်းဘာလို့ ဒီလိုပြောဖို့ကို ရွေးချယ်ခဲ့တာတုန်း? မင်းရဲ့ ပေါ်ပြူလာဖြစ်မှုအပေါ် ထိခိုက်သွားမှာကို မစိုးရိမ်ဘူးလား”

“ဘာလို့လဲဆိုတော့ ကျွန်မ ပြောဖူးခဲ့သလိုပဲ။ အကယ်၍ ကျွန်မမှာ ရည်းစားရှိခဲ့ရင် ကျွန်မ ဖန်တွေကို ပြောပါ့မယ်လို့လေ” နဉ်ရှီရယ်လိုက်သည်၊ “ဒီ ရပ်ဝန်းထဲမှာလည်း မမှန်မကန်သတင်းတွေက အရမ်းများတော့ ကျွန်မရဲ့ relationship ရှိမရှိကိုပြောလိုက်ရင် သူပိုပြီးတော့ စိတ်ချသွားရမယ်ပေါ့နော်”

ပရော်ဖက်ဆာကျန်း ခေတ္တခဏမျှတိ တ်ဆိတ်သွားသည်၊ ထို့နောက် သူပြုံးလိုက်၏။ “ကျွန်တော်ထင်တာတော့ မင်းနဲ့ တူတူရှိနေတဲ့ အဲ့လူက တကယ့်ကို ဘုရားကောင်းချီးပေးထားတာ ခံရတယ် ဆိုတာပဲဗျ”

နဉ်ရှီ ပြုံးလိုက်ကာ သူမပါးကို ထိလိုက်သည်။ ထို့နောက် သူမ မျက်တောင်ခတ်ကာ ပြောလိုက်၏၊ “ ကျွန်မ ပရော်ဖက်ဆာရဲ့စကားကို သူ့ကို ပြန်ပြောပြလိုက်ပါ့မယ်နော်။”

ပရိုဂရမ်တောင် မပြီးသေးခင်တွင်ပဲ ပိုင်ဟွေ့အင်တာတိန်းမန့်မှ နဉ်ရှီ၏ Relationship သတင်းကို ကြေညာလိုက်ပေသည်။

ပိုင်ဟွေ့အင်တာတိန်းမန့် : နတ်ဘုရားမ နဉ်  နာမည်ကြီးမဟုတ်သော လူတစ်ဦးနှင့် ချစ်သူ ဖြစ်နေကြောင်း အတည်ပြု!

များစွာသော သတင်းမီဒီယာအများစုက ပိုင်ဟွေ့ အင်တာတိန်းမန့်၏ ပို့စ်ကို ပြန်တင်ကြ၏။ သို့သော်ငြား ဖန်များသည် သံသယများရှိနေကြကာ ၊ ဓာတ်ပုံ အထောက်အထားမရှိပဲ မီဒီယာများ၏ အဓိပ္ပာယ်မရှိ‌ ပေါက်တတ်ကရများကို ဘယ်တော့မှ ထပ်ယုံတော့မည် မဟုတ်ကြောင်း ပြန်ကြေညာပြန်၏။

[mm t/n-သူတို့လည်း တစ်ခါပလေးခံရပြီးပြီ ဆိုတော့ ဘယ်ယုံတော့မလဲ🤣]

ချန်းရှီကွေ့သည် weiboအား ဖွင့်ကြည့်ပြီး မကြာခင်ပဲ နဉ်ရှီ၏ relationshipအကြောင်းအား ပြောထားသည့် သတင်းသည် သူ၏ အာရုံကို ပထမဆုံးဖမ်းစားလိုက်နိုင်လေသည်။ သူသည် ခဏမျှ ကြောင်သွားကာ နဉ်ရှီ၏ နံပါတ်အားဖုန်းခေါ်ဆိုလိုက်၏။

“goodbye. ပရော်ဖက်ဆာကျန်း” နဉ်ရှီ ထုတ်လုပ်ရေးအဖွဲ့အား နှုတ်ဆက်စကား goodbye ပြောပြီး ထွက်သွားတော့မည့် အချိန်တွင်ပဲ သူမ၏ ဖုန်းက မြည်လာလေသည်။ သူမ ခေါ်ဆိုသူအား ကြည့်လိုက်ကာ ချက်ချင်းပင် ကိုင်လိုက်၏။ သူမ၏ အမူအရာအရ၊ ထုတ်လုပ်ရေးအဖွဲ့သားများက သူမ၏ရည်းစား ဖြစ်မည် ဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်ကြသည်။ အဆုံးတွင်တော့ ရည်းစားရှိတဲ့လူတွေသာ ပန်းတွေပွင့်နေသော အော်ရာကို ထုတ်နိုင်တာသာဖြစ်၏။ အတင်းအဖျင်းနှင့် ပတ်သက်ပြီး အထိမခံသောလူများမှာမူ တမင်သက်သက် ကျန်းချန်းယွင်ကို စောင့်ကြည့်နေကြလေသည်။ သို့သော် သူသည် နဉ်ရှီ့အပေါ် မည်သည့် စိတ်မပျော်ရွှင်ပုံမှ မပြခဲ့ချေ။ ထို့ကြောင့် သူတို့၏ အတွေးများလည်း တဖြည်းဖြည်း လွင့်စင်သွားကြသည်…။

နဉ်ရှီသည် သူမ၏ Relationship အား သူမ ပွဲဦးထွက်သည့် အချိန် အရမ်းမကြာသေးသောအချိန်တွင် ပြောခဲ့၏။ ဤအရာသည် ကျို့ကျီအား လုံးဝ အကျိုးရစရာမဟုတ်ပေ၊ ဘာလို့ ကျန်းချင်းယွင်သည် ဤအချင်းအရာအား ခွင့်လွှတ်ပေးနေရသည်နည်း?

နဉ်ရှီ၏ရည်းစားသည် ချမ်းသာသောမိသားစုမှ လာပြီး နဉ်ရှီ၏အလုပ်အကိုင်အား အဆင့်မြှင့်ပေးနိုင်သော ကြောင့်ပေလော။?

............................................

[1] 惊堂木 (jing tang mu) –

ရှေးခေတ်တရားသူကြီးများ အသုံးပြုသော သစ်သားတုံး။လေလံပစ်ရာတွင်သုံးသော အသေးစားတူနှင့်ဆင်သည်။

............................................

[Zawgyi]

အခန္း - (၅၂)

နဉ္ရွီ သူမ ႏိုင္ငံရပ္ျခားေရာက္ခဲ့စဉ္အခါက မဂၢဇင္းမ်ားတြင္ အခ်ိန္ပိုင္း ေမာ္ဒယ္ေလ့က်င့္ျခင္းမ်ားလုပ္ခဲ့ေပသည္။ ထို႔ျပင္ ဓာတ္ပံုဆရာႏွင့္လည္း အေစးကပ္ေသာေၾကာင့္ ရႈတင္အဆံုးတြင္ ဓာတ္ပံုဆရာက နဉ္ရွီကို ေျမႇာက္မဆံုးႏိုင္ေပ၊ သူမႏွင့္ နာမည္ကဒ္မ်ားကို လဲလွယ္ခ်င္တဲ့ထိပင္။ ဓာတ္ပံုရိုက္ကြင္းအဆံုးတြင္ နဉ္ရွီ web-casted talk showတစ္ခု၌ ပါဝင္ခဲ့ေပသည္။

Talk showသည္ ႏွစ္ရက္ ႀကိဳတင္ကာ ရိုက္ကူးထားခဲ့ျခင္း ျဖစ္ၿပီး  hostသည္ နာမည္ရိွေသာ တကၠသိုလ္တစ္ခုမွ အၿငိမ္းစားပေရာ္ဖက္ဆာ တစ္ဦးျဖစ္ေလ၏။ သူသည္ လူငယ္မ်ားၾကားတြင္ သူ၏ဗဟုသုတႏွင့္ အရည္အခ်င္းမ်ားေၾကာင့္ နာမည္ႀကီးသူလည္း ျဖစ္ေပသည္။ သူ၏ရိႈးသည္ သိပၸံပညာရပ္၏ စိတ္ဝင္စားစရာ Facts/အမွန္တရားမ်ား ပါဝင္သည္သာ မဟုတ္၊ သူ႔ခပ္ရႊင္ရႊင္ စိတ္လႈပ္ရွားစဖြယ္ အျပဳအမူမ်ားျဖင့္ ပ်င္းစရာေကာင္းလွေသာ ေရွးေခတ္ျဖစ္ရပ္မ်ားကိုပင္ တင္ဆက္ႏိုင္ေသး၏။

နဉ္ရွီသည္ talk show တြင္ပါဝင္ရသၫ့္ အခ်က္သည္ကား ၂ခ်က္။ ပထမအခ်က္သည္ host ပေရာ္ဖက္ဆာအား ေလးစားေသာေၾကာင့္၊ ဒုတိယမွာမူ ဤtalk showသည္ အႀကီးမားဆံုး platform 3ခုထဲက တစ္ခုျဖစ္ေသာ ပိုင္ေဟြ့ အင္တာတိန္းမန္းမွ ဦးစီးကာ လႊင့္မွာျဖစ္ေသာေၾကာင့္ပင္။ နဉ္ရွီ၏ ရိႈး၂ခုျဖစ္ေသာ 'လွပေသာ တိမ္တိုက္နီမ်ား'ႏွင့္ Tán Hăixian jí တို႔၏ အင္တာနက္ broadcasting လိုင္စင္မ်ားကိုလည္း ဤကုမၸဏီမွ ဝယ္ထားေသးသည္။ ပိုင္ေဟြ့အင္တာတိန္းမန႔္၏ ဌာနခ်ဳပ္တြင္၊ နဉ္ရွီ မိတ္ကပ္ျပင္ၿပီးခ်ိန္တြင္  ခပ္ရႊင္ရႊင္ဟန္ပန္ရိွသၫ့္ လူငယ္တစ္ဦးဝင္လာ၏။ ထိုလူသည္ သူမအား “နတ္ဘုရားမ ရွီရွီ” ဟုစတင္ေခၚလာကာ ပိုင္ေဟြ့အင္တာတိန္းမန႔္၏ တျခားရသစံုရိႈးတြင္ broadcast မည္ျဖစ္ေသာ ေနြဦးလယ္ပြဲေတာ္ရိွ ပရိသတ္မ်ားအား ဆုမြန္ေကာင္းမ်ား ေတာင္းေပးရန္ ေတာင္းဆိုလာေပ၏။

တရုတ္လူမ်ိဳးမ်ား မိသားစုဝင္မ်ားႏွင့္ ျပန္ဆံုစည္းၾကမၫ့္ ပြဲေတာ္။

ေျပာရမည္ဆိုလ်ွင္ မိသားစုမ်ား ျပန္ေတြ့ခ်ိန္ကို ကိုယ္စားျပဳသၫ့္ ေနြဦးလယ္ပြဲေတာ္သည္ အေရးႀကီးသၫ့္ ပြဲေတာ္လည္း ျဖစ္ေပသည္။

နဉ္ရွီသည္ ဤရိႈးကို အရင္တုန္းက ၾကားဖူးခဲ့၏။ သူတို႔သည္ နာမည္ႀကီးမ်ား၏ လ်ိႈ႔ဝွက္ခ်က္မ်ားကို ေဖာ္ထုတ္သၫ့္ေနရာတြင္ နာမည္ႀကီးလွသည္။ သို႔ရာတြင္ သူတို႔ အတည္မျပဳရေသးသၫ့္ အတင္းအဖ်င္းမ်ားသာ ျဖစ္ၿပီး ထြက္ေပၚသြားမည္ကို ေၾကာက္ရမၫ့္ အရာမ်ိဳးမဟုတ္ပါေခ်။ ထိုအခ်င္းအရာသည္ ရိႈးကို ေၾကာက္ဖို႔ေကာင္းေလာက္ေအာင္ ေအာင္ျမင္သြားေစၿပီး ထိုရိႈး၏ အျမင့္ဆံုးသည္ သန္းထိရိွကာ အနိမ့္ဆံုးတြင္ေတာ့ ၂-၃သိန္း ၾကားထဲတြင္ရိွေလသည္။

သူမေရ႔ွရိွ ရႊင္ရႊင္ျမဴးျမဴး ခင္မင္စရာေကာင္းပံုရသၫ့္ လူငယ္ေလးသည္ ရိႈး၏ host ျဖစ္၏။ တကယ့္တကယ္တြင္ေတာ့ ထိုေကာင္ေလးသည္ နာမည္ႀကီးမ်ား၏ လ်ိႈ႔ဝွက္ခ်က္မ်ားကို ထုတ္ေဖာ္ရာတြင္ ေတာ္လြန္းလွသျဖင့္ နာမည္အႀကီးဆံုး celebrity မ်ားေတာင္ သူ႔အား ေလးစားသမႈေတာ့ ေပးရေပသည္။

နဉ္ရွီ ၿပံဳးလိုက္ကာ host ႏွင့္ စကားေျပာလိုက္ၿပီး ဆုမြန္ေကာင္းေတာင္းေပးသၫ့္ ဗီဒီယိုအတိုေလးတစ္ပုဒ္ ရိုက္ကူးလိုက္ေလသည္။ သိပ္မၾကာခင္တြင္ပဲ “ပေရာ္ဖက္ဆာက်န္း၏ ပံုျပင္မ်ား”မွ အဖြဲ႔သားတစ္ဦး ေရာက္လာကာ မၾကာခင္ရိုက္ကူးေတာ့မၫ့္ အေၾကာင္းေျပာလာ၏။

“ရွီရွီ က အလုပ္ရႈပ္ေနတာဆိုေတာ့ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ တြန္းအားမေပးေတာ့ပါဘူးဗ်ာ”။ ခပ္ရႊင္ရႊင္ host က အဝတ္လဲခန္း၏ တံခါးကိုဖြင့္ၿပီး နဉ္ရွီ ထြက္သြားတာကို ျမင္လိုက္၏။ သူမ ထြက္သြားၿပီးေနာက္တြင္ သူ႔ေနာက္ရိွ ကင္မရာမန္းအား လွၫ့္ကာ ေျပာလိုက္သည္၊

“ဒီအႏုပညာစက္ဝန္းမွာေတာ့ EQျမင့္ျမင့္ရိွတဲ့ နာမည္ႀကီး ေနာက္တစ္ေယာက္ ေပၚလာျပန္ၿပီပဲ။''

ကင္မရာမန္းက ၿပံဳးသာၿပံဳးလိုက္ကာ ၊ ဘာမွေတာ့ျပန္မေျပာခဲ့ပါေခ်။

ထို Host လည္း စကားဆက္မေျပာခဲ့ေပ။ အဆံုးတြင္ေတာ့ လူတိုင္းတြင္ သူ႔နည္းသူ႔ဟန္ျဖင့္ ဤရပ္ဝန္းတြင္ က်င္လည္ဖို႔ရန္ နည္းလမ္းကိုယ္စီရိွၾကေပသည္။ အကယ္၍ သူတို႔ ကံမေကာင္းအေၾကာင္းမလျွဖစ္ျခင္း သို႔မဟုတ္ စကားေျပာ မကြၽမ္းက်င္ပါက က်ရႈံးသြားမွာသာ ျဖစ္သည္။

“ေကာင္းၿပီ ကြၽန္ေတာ္တို႔ ဒီေန့ သမိုင္းသင္ခန္းစာေတြလည္း ၿပီးသြားၿပီ”။ လက္ခ်ာဆရာက်န္းက သစ္သားတုတ္တံ[1]ႏွင့္ စားပြဲေပၚ ကိုေတာက္လိုက္သည္။ သူ၏ အမူအရာသည္ လ်ိႈ႔ဝွက္ဆန္းၾကယ္သၫ့္ပံုေပၚကာ ေျပာလိုက္၏။ “ကဲ အခု ကြၽန္ေတာ္တို႔ရဲ့ လ်ိႈ႔ဝွက္ဧည္သည္ကို ႀကိဳဆိုၾကပါစို႔လား?”

ဤအပိုင္းတြင္ ထုတ္လုပ္ေရးအဖြဲ႔မွ လက္ခုပ္သံ effect ထည့္သြင္းႏိုင္ေစရန္ အကုန္လံုး အသံမထြက္ဘဲ လက္ခုပ္တီးလိုက္ၾက၏။

"မဂၤလာပါ၊ ပေရာ္ဖက္ဆာက်န္း" နဥ္ရွီသည္ ေတာက္ေတာက္ေျပာင္ေျပာင္ က်စ္လ်စ္ေၾကာ့ေမာ့ေသာ ဝတ္စံုျဖင့္ တမင္လဲလွယ္ထား၏။ ပေရာ္ဖက္ဆာက်န္းအား ယဥ္ယဉ္ေက်းေက်း ႏႈတ္ဆက္အၿပီးတြင္၊ သူ၏ေဘးတြင္ ထိုင္လိုက္၏။

စတူဒီယို၏ ဒီဇိုင္းသည္ ေရွးေခတ္လက္ဖက္ရည္ဆိုင္ပံုစံအား မွီျငမ္းထား​​ျခင္းျဖစ္သည္။ နဥ္ရွီႏွင့္ host အတြက္ ပံုမွန္ခြက္မ်ားအစား ေႂကြထည္ခြက္မ်ားကိုလည္း အစားထိုးေပးထားေသး၏။

"နဥ္ရွီေရ ႀကိဳဆိုပါတယ္ဗ်ိဳ႕" ပေရာ္ဖက္ဆာက်န္းသည္ နဥ္ရွီႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး အဓိကအေၾကာင္းအရာဆီ မသြားခင္ ဧည့္သည္မ်ားအတြက္ သူ၏ပံုမွန္အဖြင့္ လုပ္လိုက္၏။

"ကြၽန္ေတာ္ၾကားဖူးတာေတာ့ မင္းက ထူးခြၽန္တဲ့ ေက်ာင္းသားတစ္ေယာက္ဆို?" ပေရာ္ဖက္ဆာက်န္းသည္ သူ၏ စားပြဲခံုေပၚမွ စာရြက္တစ္ရြက္အား ယူလိုက္သည္။ "က်ိဳးက်န္းခြၽမ္နဲ႔ေတာင္ ၿပိဳင္ၿပီး ရႈံးတဲ့လူက cross-dressရမယ္ လို႔ေတာင္ ၾကားမိပါေသးသတဲ့ဗ်ာ"

[mm t/n-cross-dress= ဆန္႔က်င္ဖက္လိင္၏ အဝတ္အစားမ်ားဝတ္ဆင္ျခင္း]

"ကြၽန္မက ဒီတိုင္းကံေကာင္းသြားတာပါ၊ အဲ့မတိုင္ခင္က ခပ္ဆင္ဆင္ေမးခြန္းေတြ လုပ္ဖူးလိုက္တယ္ေလ" နဥ္ရွီသည္ ပေရာ္ဖက္ဆာက်န္းထံမွ ရလိုက္သည့္ A4စာရြက္ကို ၾကည့္လိုက္သည္။ ထိုစာရြက္ထဲတြင္ အလြန္တရာမွခက္ခဲသည့္ သခ်ၤာေမးခြန္းမ်ား ပါဝင္ေန၏။သူမ ဟက္ဟက္ပက္ပက္ ရယ္လိုက္ကာ "ရွင္ ကြၽန္မကို ဒီေန့ စမ္းသပ္ဖို႔မ်ား ႀကံေနတာလားရွင္?"

"ကြၽန္ေတာ္လည္း မတတ္ႏိုင္လို႔ပါ၊ စာသင္ဆရာ တစ္ၪီးအေနနဲ႔ တကယ္ေတာ္တဲ့ေက်ာင္းသားေတြ ေတြ့ရင္ စာေမးပြဲစစ္ခ်င္တဲ့ ျပင္းျပင္းျပျပဆႏၵေလးက ရိွလာလို႔ဗ်ာ"

ပေရာ္ဖက္ဆာက်န္းသည္ အဖြဲ႔သားမ်ားအား လက္ယမ္းျပလိုက္သည္။ "လာ ခု zoom ခ်ဲ့ ၾကည့္လိုက္ရေအာင္"

ကင္မရာမန္းမ်ား လိုက္ေလ်ာသည့္အေနျဖင့္ ေျပးလာကာ သူတို႔၏ ကင္မရာမ်ားကို နဥ္ရွီ႔ဆီ zoom ဆြဲလိုက္ၾက၏။

"အာ?" နဥ္ရွီ ကင္မရာကို အားေတာင့္အားနာျဖင့္ ၿပံဳးျပလိုက္သည္။ "ကြၽန္မ ႏွစ္ေတြအၾကာႀကီး ဘြဲ႔ရၿပီးတာေတာင္ စာေမးပြဲအစစ္ခံရတာေန မလြတ္ေျမာက္ႏိုင္ေသးဘူးလို႔ တကယ္မထင္ထားခဲ့ဘူး!" သူမ စကားေျပာေနသည့္ အခ်ိန္တြင္ပဲ ေဘာပင္ကိုဖြင့္ဖို႔ရာ လက္လွမ္းေနၿပီး ေမးခြန္းမ်ားကိုၾကည့္ကာ စတင္တြက္ခ်က္ေတာ့၏။

မိနစ္အနည္းငယ္ ၾကာၿပီးေနာက္ ပေရာ္ဖက္ဆာက်န္းသည္ နဥ္ရွီ၏ အေျဖစာရြက္ကို စစ္ေဆးလိုက္ကာ ညည္းၫူေတာ့သည္၊ "ကြၽန္ေတာ္တို႔ရဲ့ခ်စ္လွစြာေသာ ပရိသတ္တို႔ခင္ဗ်ာ.. ဒီဟာက တကယ့္ကို သူမရဲ့အရည္အခ်င္းကို အသံုးျပဳျပီး ရွင္သန္ႏိုင္ပါရက္နဲ႔ အလွအပကိုပဲ ေရြးခ်ယ္လိုက္တဲ့လူရဲ့ ဥပမာပါပဲဗ်ာ၊ ၾကည့္ၾကည့္ၾကပါ!ေမးခြန္းကို ရွင္းျပတဲ့ thought processက လံုးဝရွင္းလင္း ေနၿပီး လက္ေရးေလးက လံုးဝကို လွတယ္ဗ်ာ!"

သူသည္ တုန္လႈပ္ေခ်ာက္ခ်ားေနပံုေပၚကာ အင္တာတိန္းမန္႔ရပ္ဝန္းတြင္ အရည္အခ်င္းစစ္တစ္ခုအား ဆံုးရႈံးရသည့္အေပၚ ​ညည္းၫူေနဟန္ပင္ရိွ၏။ ခဏအၾကာတြင္၊ သူထပ္ေျပာလိုက္သည္၊ "မင္းရဲ့ သရုပ္ေဆာင္ေကာင္းတဲ့ အရည္အခ်င္းေၾကာင့္ ဒါရိုက္တာေတြက မင္း တျခားစီးပြားရပ္ဝန္းတစ္ခုထဲ ကူးေျပာင္းသြားရင္ ဆံုးရႈံးမႈတစ္ခုလို႔ ေတြးေကာင္း ေတြးၾကလိမ့္မယ္.. ဒါေပမယ့္ တျခားရပ္ဝန္းေတြထဲမွာ ရိွမေနတာလည္း ဆံုးရႈံးျခင္းတစ္မ်ိဳးပါပဲ"

နဥ္ရွီ ၿပံဳးရယ္လိုက္၏။ "ကြၽန္မေတာ့ ဒီအပိုင္းကို ကြန္ပ်ူတာထဲ သိမ္းထားရေတာ့မဲ့ပံုပဲ.. ဒါမွ အနာဂတ္မွာ ကြၽန္မ ပေရာ္ဖက္ဆာက်န္းဆီက ခ်ီးက်ူးခံရတယ္ဆိုၿပီး​ ႂကြားလို႔ရမွာေလ!"

ပေရာ္ဖက္ဆာက်န္းက နဥ္ရွီ႔ ေျမႇာက္တာကို ေက်နပ္သြားေလသည္။ ေနာက္ပိုင္း ရိုက္ကူးမႈမ်ားလည္း ေခ်ာေခ်ာေမြ့ေမြ့ျဖင့္ ဆက္သြားေနကာ နဥ္ရွီ႔ဘဝႏွင့္ သူမ၏ဖန္မ်ားအေၾကာင္း ေရာက္သြားသည့္တိုင္ေအာင္ အေျခအေနက ရင္းရင္းႏွီးႏွီးပဲ ရိွေန၏။

"ဖန္ေတာ္ေတာ္မ်ားမ်ားက မင္းရဲ့ အခ်စ္ေရးကိစၥကို စိတ္ပူေနၾကတယ္။ သိပ္မၾကာေသးခင္ကပဲ က်ိဳးက်န္းခြၽမ္နဲ႔ ေကာလဟာလေတြ ထြက္ခဲ့ေသးတာ၊ အဲ့တာ မင္းတို႔ႏွစ္ေယာက္အတြက္ အရမ္းႀကီးမ်ား စိတ္ေနာက္စရာ ျဖစ္သြားေသးလား?" ဘယ္ရိႈးသို႔ သူမေရာက္ေရာက္ ထိုလိုမ်ိဳး ေမးခြန္းမ်ားသည္ အေမးခံရမွာသာ ျဖစ္သည္။ အကယ္၍ ပေရာ္ဖက္ဆာက်န္း၏ စကားေျပာရိႈးသည္ ပိုၿပီး အတည္သေဘာမ်ိဳး ျဖစ္လ်ွင္ေတာင္ ထိုတူညီသည့္ ျပႆနာမ်ိဳးရိွေနမွာပင္၊။

"ကြၽန္မတို႔ မီဒီယာ သူငယ္ခ်င္းေတြက ဒီအေျခအေနကို တကယ့္ကို နားလည္မႈလြဲသြားတာပါ။ စီနီယာက်န္းနဲ႔ ကြၽန္မတို႔က သူငယ္ခ်င္းေတြပဲဆိုတာ အတည္ျပဳထားၿပီးသားပါေနာ္။ ကြၽန္မက စီနီယာက်န္းနဲ႔ ပိုၿပီးရင္းႏွီးတယ္ဆိုတာကလည္း တူညီတဲ့ label တစ္ခုထဲမွာ အတူတူရိွေနတာေၾကာင့္ရယ္၊ ကြၽန္မ ပြဲၪီးထြက္တုန္းက သူပါဝင္တဲ့ရိႈးမွာပဲ ကြၽန္မ ဝင္သရုပ္ေဆာင္​ျဖစ္လို႔ေၾကာင့္ရယ္ပါ၊ ၿပီးေတာ့ သူက ကြၽန္မကို ေၾကာ္ျငာတစ္ခုထဲ ဆြဲေခၚေပးခဲ့ေသးတယ္ေလ။ တကယ္ေတာ့ ကြၽန္မနဲ႔ ေအဂ်င္စီ တူတူျဖစ္တဲ့ စီနီယာရွီဖန္းနဲ႔ လည္း ရင္းႏွီးေသးတယ္!" နဥ္ရွီ ၿပံဳးလိုက္ကာ ဆက္ေျပာလိုက္သည္၊ "စီနီယာရွီဖန္းရဲ့ ဟင္းခ်က္စေကးက အရမ္းကို မိုက္တာ၊ ကြၽန္မတို႔ ကုမၸဏီကလူတိုင္း သူ႔ရဲ့အိမ္မွာ သြားၿပီးဂုန္းဆင္းရတာ ႀကိဳက္ၾကတယ္ေလ!"

ရွီဖန္း၏ ေက်ာ္ၾကားမႈသည္ အခုတေလာ တျဖည္းျဖည္း က်ဆင္းေနသည္။ နဥ္ရွီက တမင္တကာ သူ႔ကိုကူညီရန္ ဆြဲေခၚလိုက္ျခင္းျဖစ္၏။

သူ႔အတြက္ စကားေကာင္းမ်ား ေျပာေပးျခင္းသည္ ဘာမွမထိခိုက္သြားေပ။ အဆံုးတြင္ေတာ့ သူတို႔ေတြသည္ တူညီေသာေအဂ်င္စီမွ လာျခင္းသာ၊ ရန္ဖက္မ်ားလည္း မဟုတ္ေသာေၾကာင့္ပင္။

“ဒီလူမႈရပ္ဝန္းက အေပၚယံဆန္ၾကတယ္ေလ၊ သူတို႔ေတြက မင္းနဲ႔ က်ိဳးက်န္းခြၽမ္ကို ရည္းစားဆိုတာေတာ့ ယံုၾကလိမ့္မယ္” ပေရာ္ဖက္ဆာက်န္းသည္ သူမအား နားလည္ေနသၫ့္ပံုမ်ိဳးျဖင့္ ၾကၫ့္လိုက္ကာ သူ႔ကိုယ္သူလက္ညိုး ထိုးျပလိုက္သည္။

“အကယ္၍ ကြၽန္ေတာ့္ကိုသာ မိန္းကေလးနာမည္ႀကီး တစ္ေယာက္ေယာက္နဲ႔ တြဲျမင္ၾကၫ့္၊ မီဒီယာေတြက ကြၽန္ေတာ္ တစ္ခုခုလုပ္ဖို႔ ႀကံေနတယ္လို႔ ေတြးၾကမွာ”

နဉ္ရွီ ရယ္လိုက္သည္။ “ပေရာ္ဖက္ဆာက်န္းက အရမ္း မေထာင္လႊားဘူးပဲရွင္၊ ​မ်က္ႏွာဆိုတာ အေပၚယံအပိုသာသာပါေနာ္၊ ပေရာ္ဖက္ဆာရဲ့ အရည္အခ်င္းနဲ႔ ဗဟုသုတေတြကသာ လူေတြကိုဆြဲေဆာင္ေနတာေလ.. မဟုတ္ရင္ ပေရာ္ဖက္ဆာမွာ ဖန္ေတြဘာလို႔ အမ်ားႀကီးရိွမွာလဲရွင့္”

"ဒီစကားေတြက လံုးဝကြၽန္ေတာ့္ စတိုင္လ္ပဲဗ်” ပေရာ္ဖက္ဆာက သူ၏ ေက်နပ္ေနေသာပံုကို ျပလိုက္သည္။

“ကြၽန္ေတာ္ မင္းတို႔လို စကားေျပာေကာင္းတဲ့ လူငယ္ေလးေတြကို လံုးဝသေဘာက်ရပါတယ္ဗ်ာ”

နဉ္ရွီလည္း သေဘာတူသၫ့္အေနျဖင့္ ေခါင္းၿငိမ့္ျပလိုက္သည္။ “ ကြၽန္မနားကလူေတြလည္း အဲ့တာေၾကာင့္ ကြၽန္မကို ခ်ီးက်ူးၾကတယ္ေလ!” Host ႏွင့္ ဧၫ့္သည္ၾကားမွ က်ီစယ္ေနေသာ စကားမ်ားကို နားေထာင္ၿပီး ရိုက္ကူးေရးအဖြဲ႔လည္း စိတ္ေအးသက္သာရာရသြား၏။ အမွန္ေျပာရမည္ဆိုလ်ွင္ ထိုသို႔အျပန္အလွန္ စကားေျပာပံုေလးမ်ားကို ၾကၫ့္ရႈသူမ်ားက သေဘာက်ၾကသည္။ အခုေခတ္ လူငယ္မ်ားသည္ လက္ေတြ့လူမႈဘဝတြင္ ႀကံဳေတြ့ရေသာ စိတ္ဖိစီးမႈမ်ားကို ‌ေျဖေဖ်ာက္ရန္ ေပါ့ေပါ့ပါးပါးရိႈးမ်ားကို ရွာေဖြၾကၫ့္ၾကၫ့္ၾက၏။ သူတို႔ အင္တာနက္ကိုပင္ မွီခိုေနစရာမလိုေခ်၊ သူတို႔သည္ အလြယ္ေလးပင္ national television မွတဆင့္ပညာေပးဆိုင္ရာ ရိႈးမ်ားကိုပင္ ၾကၫ့္ႏိုင္ေပသည္။

ရိႈးထုတ္လုပ္သူမ်ား၏ ရႈ႔ေထာင့္မွၾကၫ့္လ်ွင္၊ ပြင့္လင္းၿပီး စကားေကာင္းေကာင္းေျပာႏိုင္ေသာ သူမ်ားမွာ အေကာင္းဆံုးဧၫ့္သည္မ်ားပင္။ ဇာတ္ၫႊန္း လက္ထဲမွာမရိွလ်ွင္ပင္ စကားေကာင္းေကာင္း မေျပာႏိုင္သူမ်ား၊ စကားစေျပာလိုက္သည္ ႏွင့္ ထစ္တတ္ေသာ အက်င့္ရိွသူမ်ား၊ တစ္သီးတစ္သန႔္ေနသူမ်ားမွာ အဆင္မေျပေခ်။

“ေနပါဦး….. တစ္ခုခုမွားေနသလိုပဲကြ…. ဘာလို႔ ကြၽန္ေတာ္က မင္းေၾကာင့္ အာရံုေျပာင္းသြားရတာတုန္း? ကြၽန္ေတာ္တို႔ မင္းရဲ့အခ်စ္‌ေရး အေျခအေနအေၾကာင္း ေျပာေနသင့္တာမဟုတ္ဘူးလားဗ်ာ?” ပေရာ္ဖက္ဆာက်န္းက လည္ေခ်ာင္းရွင္းလိုက္ကာ ခပ္တည္တည္ဟန္ ဖမ္းလိုက္သည္။ “ကြၽန္ေတာ့္ကို အရမ္းစပ္စုလို႔ အျပစ္လာမတင္နဲ႔ေနာ္၊ မင္းရဲ့ဖန္ေတြက အရမ္းကိုပဲ စိတ္ဝင္စားေနၾကလို႔၊ ဟုတ္ဘူးလား?”

နဉ္ရွီ ၿပံဳးလိုက္ကာ ေခါင္းၿငိမ့္လိုက္သည္။

“ဒါျဖင့္ ထပ္ေမးရေအာင္။ မင္းမွာ ….?” ပေရာ္ဖက္ဆာက်န္းက ရွက္ကိုးရွက္ကန္း မ်က္ႏွာထားျဖင့္ ေခ်ာင္းဟန႔္လိုက္သည္၊ “မင္း မွာရိွေနၿပီလား?”

“ကြၽန္မ မီဒီယာေတြနဲ႔ ကြၽန္မဖန္ေတြကို ေျပာဖူးခဲ့သလိုပဲ ကြၽန္မ တစ္ေယာက္ေယာက္ကို ခ်စ္မိသြားရင္ အားလံုးကို ေျပာျပပါ့မယ္လို႔ေလ” နဉ္ရွီ ကင္မရာအား ၿပံဳးျပလိုက္သည္။ “ကြၽန္မဒီ‌ေန့ အဲ့ကတိကို ျဖၫ့္ဆည္းေပးဖို႔လာတာပါ”

မွတ္တမ္းတင္ေနေသာ ဗီဒီယိုကို ၾကၫ့္ေနသၫ့္ ထုတ္လုပ္သူသည္ ခ်က္ခ်င္းပင္ အေပ်ာ္လြန္သြား၏။ နဉ္ရွီ ရည္းစားရိွေနတာကိုမ်ား သူတို႔ရိႈးမွာ အဲ့သတင္းကို ေၾကညာေတာ့မွာမ်ားလားဟ!?

“အနီးကပ္၊ ျမန္ျမန္ေလး! Zoom ခ်ဲ့လိုက္ေဟ့!” ထုတ္လုပ္သူသည္ အျမန္ပင္ ကင္မရာမန္းအား ၫႊန္ၾကားလိုက္သည္။

“အားလံုး စိတ္ပူေပးၾကတဲ့ အတြက္ ေက်းဇူးတင္ပါတယ္၊ ကြၽန္မ အခုခ်စ္ရသူ ရိွေနပါၿပီ” နဉ္ရွီ သူမထိုင္ခံုမွ ထလိုက္ကာ ကင္မရာအား ဦးၫႊတ္လိုက္သည္။ “ ဒါေပမယ့္ သူက အႏုပညာရပ္ဝန္းက လူမဟုတ္ေတာ့ ကြၽန္မအခု ဘယ္သူဘယ္ဝါျဖစ္ေၾကာင္း ေျပာၾကားေသးမွာမဟုတ္ပါဘူး။ အားလံုးပဲ နားလည္ၾကလိမ့္မယ္လို႔ ေမ်ွာ္လင့္ပါတယ္”

သရုပ္ေဆာင္ေပါက္စ အမ်ားစုသည္ လ်ိႈ႔လ်ိႈ႔ဝွက္ဝွက္ ဒိတ္ျခင္းကို ပို၍သာေရြးခ်ယ္ၾကကာ အခ်ိဳ႕အခ်ိဳ႕သာ သူတို႔၏ကတိအတိုင္း အမွန္အတိုင္းေျပာၿပီး ခ်စ္သူရိွမရိွကို ထုတ္ေဖာ္ၾကမည္ျဖစ္သည္။

ထို႔ျပင္ သူမ၏ရည္းစားသည္ နာမည္ႀကီး မဟုတ္ေသာေၾကာင့္ မထုတ္ေဖာ္လိုသည္မွာလည္း  နားလည္ႏိုင္ဖြယ္ရာ ရိွေပသည္။ ပါပါရာဇီ/သတင္းေထာက္မ်ားက ေနရာတိုင္းလိုလိုပင္ ရိွေနၾကသည္။ နဉ္ရွီရည္းစား၏ သရုပ္ကို သူတို႔ထုတ္ေဖာ္လိုက္ပါက ထိုလူတြင္ စိတ္ခ်မ္းခ်မ္းသာသာ ေနရမၫ့္ရက္ တစ္ရက္ေတာင္မရိွေပ!

“ ကြၽန္ေတာ္ေတာင္ တကယ့္ကို ဒီသတင္းေၾကာင့္ အံဩသြားရပါတယ္ဗ်ာ” ပေရာ္ဖက္ဆာက်န္း ခဏရပ္ၿပီး ေျပာလိုက္သည္၊ “ မင္းဘာလို႔ ဒီလိုေျပာဖို႔ကို ေရြးခ်ယ္ခဲ့တာတုန္း? မင္းရဲ့ ေပၚျပဴလာျဖစ္မႈအေပၚ ထိခိုက္သြားမွာကို မစိုးရိမ္ဘူးလား”

“ဘာလို႔လဲဆိုေတာ့ ကြၽန္မ ေျပာဖူးခဲ့သလိုပဲ။ အကယ္၍ ကြၽန္မမွာ ရည္းစားရိွခဲ့ရင္ ကြၽန္မ ဖန္ေတြကို ေျပာပါ့မယ္လို႔ေလ” နဉ္ရွီရယ္လိုက္သည္၊ “ဒီ ရပ္ဝန္းထဲမွာလည္း မမွန္မကန္သတင္းေတြက အရမ္းမ်ားေတာ့ ကြၽန္မရဲ့ relationship ရိွမရိွကိုေျပာလိုက္ရင္ သူပိုၿပီးေတာ့ စိတ္ခ်သြားရမယ္ေပါ့ေနာ္”

ပေရာ္ဖက္ဆာက်န္း ေခတၲခဏမ်ွတိ တ္ဆိတ္သြားသည္၊ ထို႔ေနာက္ သူၿပံဳးလိုက္၏။ “ကြၽန္ေတာ္ထင္တာေတာ့ မင္းနဲ႔ တူတူရိွေနတဲ့ အဲ့လူက တကယ့္ကို ဘုရားေကာင္းခ်ီးေပးထားတာ ခံရတယ္ ဆိုတာပဲဗ်”

နဉ္ရွီ ၿပံဳးလိုက္ကာ သူမပါးကို ထိလိုက္သည္။ ထို႔ေနာက္ သူမ မ်က္ေတာင္ခတ္ကာ ေျပာလိုက္၏၊ “ ကြၽန္မ ပေရာ္ဖက္ဆာရဲ့စကားကို သူ႔ကို ျပန္ေျပာျပလိုက္ပါ့မယ္ေနာ္။”

ပရိုဂရမ္ေတာင္ မၿပီးေသးခင္တြင္ပဲ ပိုင္ေဟြ့အင္တာတိန္းမန႔္မွ နဉ္ရွီ၏ Relationship သတင္းကို ေၾကညာလိုက္ေပသည္။

ပိုင္ေဟြ့အင္တာတိန္းမန႔္ : နတ္ဘုရားမ နဉ္  နာမည္ႀကီးမဟုတ္ေသာ လူတစ္ဦးႏွင့္ ခ်စ္သူ ျဖစ္ေနေၾကာင္း အတည္ျပဳ!

မ်ားစြာေသာ သတင္းမီဒီယာအမ်ားစုက ပိုင္ေဟြ့ အင္တာတိန္းမန႔္၏ ပို႔စ္ကို ျပန္တင္ၾက၏။ သို႔ေသာ္ျငား ဖန္မ်ားသည္ သံသယမ်ားရိွေနၾကကာ ၊ ဓာတ္ပံု အေထာက္အထားမရိွပဲ မီဒီယာမ်ား၏ အဓိပၸာယ္မရိွ‌ ေပါက္တတ္ကရမ်ားကို ဘယ္ေတာ့မွ ထပ္ယံုေတာ့မည္ မဟုတ္ေၾကာင္း ျပန္ေၾကညာျပန္၏။

[mm t/n-သူတို႔လည္း တစ္ခါပေလးခံရၿပီးၿပီ ဆိုေတာ့ ဘယ္ယံုေတာ့မလဲ🤣]

ခ်န္းရွီေကြ့သည္ weiboအား ဖြင့္ၾကၫ့္ၿပီး မၾကာခင္ပဲ နဉ္ရွီ၏ relationshipအေၾကာင္းအား ေျပာထားသၫ့္ သတင္းသည္ သူ၏ အာရံုကို ပထမဆံုးဖမ္းစားလိုက္ႏိုင္ေလသည္။ သူသည္ ခဏမ်ွ ေၾကာင္သြားကာ နဉ္ရွီ၏ နံပါတ္အားဖုန္းေခၚဆိုလိုက္၏။

“goodbye. ပေရာ္ဖက္ဆာက်န္း” နဉ္ရွီ ထုတ္လုပ္ေရးအဖြဲ႔အား ႏႈတ္ဆက္စကား goodbye ေျပာၿပီး ထြက္သြားေတာ့မၫ့္ အခ်ိန္တြင္ပဲ သူမ၏ ဖုန္းက ျမည္လာေလသည္။ သူမ ေခၚဆိုသူအား ၾကၫ့္လိုက္ကာ ခ်က္ခ်င္းပင္ ကိုင္လိုက္၏။ သူမ၏ အမူအရာအရ၊ ထုတ္လုပ္ေရးအဖြဲ႔သားမ်ားက သူမ၏ရည္းစား ျဖစ္မည္ ျဖစ္ေၾကာင္းကို ခန႔္မွန္းမိလိုက္ၾကသည္။ အဆံုးတြင္ေတာ့ ရည္းစားရိွတဲ့လူေတြသာ ပန္းေတြပြင့္ေနေသာ ေအာ္ရာကို ထုတ္ႏိုင္တာသာျဖစ္၏။ အတင္းအဖ်င္းႏွင့္ ပတ္သက္ၿပီး အထိမခံေသာလူမ်ားမွာမူ တမင္သက္သက္ က်န္းခ်န္းယြင္ကို ေစာင့္ၾကၫ့္ေနၾကေလသည္။ သို႔ေသာ္ သူသည္ နဉ္ရွီ႔အေပၚ မည္သၫ့္ စိတ္မေပ်ာ္ရႊင္ပံုမွ မျပခဲ့ေခ်။ ထို႔ေၾကာင့္ သူတို႔၏ အေတြးမ်ားလည္း တျဖည္းျဖည္း လြင့္စင္သြားၾကသည္…။

နဉ္ရွီသည္ သူမ၏ Relationship အား သူမ ပြဲဦးထြက္သၫ့္ အခ်ိန္ အရမ္းမၾကာေသးေသာအခ်ိန္တြင္ ေျပာခဲ့၏။ ဤအရာသည္ က်ိဳ႕က်ီအား လံုးဝ အက်ိဳးရစရာမဟုတ္ေပ၊ ဘာလို႔ က်န္းခ်င္းယြင္သည္ ဤအခ်င္းအရာအား ခြင့္လႊတ္ေပးေနရသည္နည္း?

နဉ္ရွီ၏ရည္းစားသည္ ခ်မ္းသာေသာမိသားစုမွ လာၿပီး နဉ္ရွီ၏အလုပ္အကိုင္အား အဆင့္ျမႇင့္ေပးႏိုင္ေသာ ေၾကာင့္ေပေလာ။?

............................................

[1] 惊堂木 (jing tang mu) –

ေရွးေခတ္တရားသူႀကီးမ်ား အသံုးျပဳေသာ သစ္သားတံုး။ေလလံပစ္ရာတြင္သံုးေသာ အေသးစားတူႏွင့္ဆင္သည္။

............................................

Continue Reading

You'll Also Like

606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
295K 30K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်