system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.20) [Return]

4.1K 545 43
By TeeKo0

Unicode

ဝမ်ရိပေါ်သည် အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက်တွင် သူ့ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်းပဲ ဘာဆက်ပြောရမှန်းမသိတော့ပေ။ ပါးစပ်ကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေရင်း ရှောင်ကျန့်ကိုသာ အူကြောင်ကြောင်မျက်နှာလေးနဲ့ စိုက်ကြည့်နေမိသည်။

သဘာဝရတနာတွေထဲမှာ တောက်ပတဲ့ပစ္စည်းတစ်ချို့ပါတာက ပုံမှန်သာဖြစ်သော်လည်းပဲ ဒီလိုသာမန်လူသားလေးတစ်ယောက်ကို ဘယ်လိုရှင်းပြရမှာလဲ။ သူရှင်းပြခဲ့ရင်တောင်နားလည်ပါ့မလားဆိုတာက နောက်ထပ်မေးခွန်းတစ်ခုဖြစ်သွားနိုင်၏။

ဝမ်ရိပေါ်၏ အူတိအူကြောင်အမူအရာကိုမြင်သည့်အခါတွင် ရှောင်ကျန့်မှာ ရယ်ချင်လာသလိုခံစားလိုက်ရသည်။ ပြီးတော့ ဝမ်းနည်းပြီးငိုချင်သည့်ခံစားချက်ကြီးတစ်ခုကလည်း ပျို့တတ်လာပြန်သည်။ ဒီမတော်တဆ အဖြစ်အပျက်အပြီးမှာ သူ့ယောက်ျားအပေါ်ပိုပြီးပိုပြီးတောင်ခံစားချက်ပြင်းထန်လာသလိုခံစားရ၏။ သူထပ်ပြီးမမျိုသိပ်ထားချင်တော့ပေ။

"ခင်ဗျားသိလား....."

ဝမ်ရိပေါ်ဟာ ရုတ်တရတ်ကြီးစိတ်ခံစားချက်ပြောင်းလဲသွားသည့် ရှောင်ကျန့်ကို နားမလည်နိုင်စွာကြည့်လိုက်မိသည်။ သူဘယ်လောက်ပဲ နားမလည်ဖြစ်နေပါစေ ဂရုတစိုက်နဲ့နားထောင်နေမိသည်ကို သူကိုယ်တိုင်ပင်သတိမထားမိပုံရ၏။ ရှောင်ကျန့် ပြုံးသည်။ သူ့မျက်နှာမှာအတော်လေးသမာရိုးကျဆန်သော်လည်းပဲ တောက်ပလွန်းသောမျက်လုံးလေးတွေက ဝမ်ရိပေါ်၏ နားရွက်ဖျားတွေနှင့်လည်ဂုတ်တစ်ခုလုံးကို နီရဲတွတ်သွားစေသည်။

"ကျွန်တော်ခင်ဗျားကိုအရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုပြောစရာရှိတယ်...."

ဝမ်ရိပေါ်ဟာ တိတ်တဆိတ်နားထောင်နေရင်း ရှောင်ကျန့်ကိုငြိမ်သက်စွာကြည့်သည်။

"အမှန်တော့ ကျွန်တော်က....."

"အရှင်!!...အရှင်!!!...."

အဆင့်မြင့်နတ်ဆိုး တစ်ယောက်က အလောတကြီးပြေးဝင်လာပြီး ဝမ်ရိပေါ်ကိုအော်ခေါ်သည်။ နောက်ဆုံး နတ်ဆိုးဧကရာဇ်ကြီး၏ သေလောက်အောင်အေးစက်လွန်းသည့်မျက်လုံးတွေနှင့်ထိပ်တိုက်တွေ့ဆုံသွားသည့်အခါမှသာ သူ့ပါးစပ်ထဲကစကားလုံးတွေမှာ ဘရိတ်အုပ်လိုက်သလိုမျိုး ဝှစ်ကနဲရပ်တန့်သွားသည်။

အဲ.....သူတစ်ခုခုများအမှားလုပ်မိသွားလို့လားဟင်။

ထိုနတ်ဆိုးဟာ ကြက်သီးထနေသည့် သူ့လက်မောင်းကိုပွတ်သပ်လိုက်ရင်း တံတွေးတစ်ချက်မျိုချကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားဆိုလာသည်။

"ဟို...ဟို.....ကျင့်ကြံသူတစ်ယောက်က အရှင့်ရဲ့ နန်းတော်ရှေ့မှာ ပြ...ပြဿနာရှာ..ရှာနေပါတယ်....."

ဝမ်ရိပေါ် မျက်မှောင်ကြုပ်လိုက်သည်။ လူစိမ်းတစ်ယောက်က နတ်ဆိုး နန်းတော်ထဲဝင်လာနိုင်တဲ့အထိ တစ်ခြားနတ်ဆိုးတွေက အသုံးမကျတော့တာလား။

"ဒီကိစ္စလေးနဲ့ ငါ့ကိုလာရှာတာလား...."

"မ..မဟုတ်ရပါဘူးအရှင်....အဲ့ဒီကျင့်ကြံသူက 'သူ'နဲ့ ၇၀ ၈၀% လောက်ဆင်တူပါတယ်..."

ဝမ်ရိပေါ်ရဲ့ အေးဆေးတဲ့မျက်နှာမှာအကြီးအကျယ်ပြောင်းလဲသွားသည်။ သူ့မျက်နှာက တဖြည်းဖြည်းဆိုးဝါးလာပြီး မေးကြောတွေထောင်ထလာသည်အထိ ပြင်းထန်ရက်စက်လာ၏။

ရှောင်ကျန့် ဝမ်ရိပေါ်ရဲ့ စွမ်းအင်အတတ်အကျကိုမြင်သည့်အခါတွင် အလျှင်အမြန် လက်မောင်းကိုဆွဲကိုင်လိုက်သည်။ ရှောင်ကျန့်၏အပြုအမူက ဝမ်ရိပေါ်ရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်သွားစေသည်။

"ခင်ဗျားဘယ်သွားမလို့လဲ...."

စွမ်းအားကြီးနတ်ဆိုးသည် အရှင်ဖြစ်သူဒေါသထွက်နေတဲ့အချိန် ဝင်ရောက်စွက်ဖက်ရဲတဲ့ သတ္တိကောင်းလွန်းသူကို ထိတ်လန့်စွာကြည့်လိုက်မိသည်။ ဒီအားနည်းလှတဲ့လူသားလေး နေရာမှာတင် ပွဲချင်းပြီးပေါက်ကွဲထွက်သွားမည်ကိုတောင်သူ မြင်ယောင်လာမိသည်။

သို့သော်....ခါးသီးလွန်းလှသည့်အမှန်တရားက နတ်ဆိုးဧကရာဇ်ကြီးဟာ ရှောင်ကျန့်ရဲ့အပြုအမူအပေါ်အနှောင့်အယှက်မဖြစ်မိသည့်အပြင် ဒီသာမန်လူသားလေးကိုတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချရဘူးဟုတွေးမိသွားသည်။ မျက်မှောင်တစ်ချက်ကြုပ်ကာ စဥ်းစားလိုက်ရင်း ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကိုခါးကနေဆွဲယူ၍ သူ့ရင်ခွင်ထဲသွင်းလိုက်ပြီး နေရာမှာတင်ပျောက်ကွယ်သွားခဲ့လေသည်။

စွမ်းအားကြီးနတ်ဆိုး : "....."

အယ်.....

တစ်ဖက်တွင် ရှောင်ကျန့်သတိဝင်ချိန်၌ ကြီးမားသည့်နန်းတော်ကြီးတစ်ခု၏ အရှေ့ဘက်သို့ရောက်ရှိနေပြီဖြစ်သည်။ နတ်ဆိုးစစ်သားတစ်ချို့က ဖုန်မှုန့်ကင်းစင်သည့်အဖြူရောင်ဝတ်စုံဖြင့်ပုံရိပ်လေးတစ်ခုကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည်။ အနီးအနားမှာရှိတဲ့နတ်ဆိုးတစ်ယောက်ဆီတိုင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို လက်ဖျောက်တစ်ချက်တီးရုံနှင့် ဖျက်ဆီးနိုင်သော်လည်းပဲ ဘာကြောင့်ရယ်မှန်းမသိ အနှီးအဖြူရောင်ပုံရိပ်လေးကိုမဖမ်းမိနိုင်ပဲရှိနေ၏။

ထိုသူရဲ့မျက်နှာကိုမြင်တွေ့ပြီးနောက်တွင် ရှောင်ကျန့်ဟာလုံးဝအံ့အားသင့်မိသွား၏။ ဘာကြောင့်ဆို ၎င်းအဖြူရောင်ဝတ်စုံနှင့်အမျိုးသားငယ်၏ မျက်နှာမှာ သူ့ရဲ့အရင်ခန္ဓာ၊ တစ်နည်းအားဖြင့်အမြှီးကိုးချောင်းမြေခွေး၏ မျက်နှာနှင့် အနည်းဆုံး ၇၀% ၈၀% လောက်ကို ဆင်တူနေ၍ဖြစ်သည်။

မက်မွန်ပွင့်သဏ္ဍာန် အစိမ်းရောင်မျက်လုံး၊ နှာတံစင်းစင်းနှင့် နှုတ်ခမ်းလေးတွေကအစ သူနဲ့အမွှာတွေကိုထင်မှတ်ရလောက်အောင်အထိ ဆင်တူလွန်းသည်။ သို့သော်လည်း အမြှီးကိုးချောင်းမြေခွေး၏အရိုးထဲထိတိုင်ဆွဲဆောင်နိုင်စွမ်းနှင့် သွေးချောင်းစီးစေနိုင်လောက်သည်အထိ လှပမှုတို့ကတော့ကင်းမဲ့နေသည်။ ဒါကအကြောင်းပြချက်မရှိသော်လည်းပဲ ထိုအဖြူရောင်ဝတ်အမျိုးသား၏ လှပမှုနဲ့မျက်နှာမှာသဘာဝအတိုင်းမဟုတ်ပါပဲ တမင်သတ်သတ်ဖန်တီးလုပ်ယူထားသလိုမျိုး အတုအယောင်ဆန်လွန်းလှသည်။ ထို့ကြောင့် ၎င်းမျက်နှာတွင်ရှိသင့်ရှိထိုက်သည့် ဆွဲဆောင်မှု ၈၀% က လျော့ကျသွားခဲ့လေသည်။

မည်သူမဆို သူ့အလှကိုငေးမောသဘောကျနိုင်သည်။ သို့သော်လည်းပဲ တန်ဖိုးထားမြတ်နိုးမှုကတော့ ကင်းမဲ့နေ၏။

[ဒင်!....အမည်မသိ၊ ခိုးဝင်လာတဲ့ တရားမဝင် system တစ်ခုကိုတွေ့ရှိပါတယ်....]

'ဘာ...'

[Oh shit!!!....host အရှေ့က အတုအယောင်မျက်နှာနဲ့တစ်ယောက်က တရားမဝင် system နဲ့ချိတ်ဆက်ထားတဲ့ host တစ်ယောက်ပဲဗျ....ကျွန်တော်တို့ ဒီလို system တစ်ခုနဲ့တွေ့ဆုံရလိမ့်မယ်လို့ထင်တောင်မထင်ထားဘူးဗျာ....]

'တရားမဝင် system??"

ရှောင်ကျန့်မျက်နှာထက်တွင် ပဟေဠိအနည်းငယ်ပေါ်ပေါက်လာသော်လည်းပဲ ချက်ချင်း ထူးဆန်းသည့်အပြုံးဖျော့ဖျော့လေးတစ်ခုကိုဖော်ပြလိုက်သည်။

[ကျွန်တော်ရှင်းပြပါရစေ host....တရားမဝင် system ဆိုတာမျိုးက သူတို့စွမ်းအင်ရဖို့ နောက်ကွယ်ကနေ အဓိပ်ပါယျမရှိတဲ့ဟာတှကေို ခိုင်းစေတဲ့ system အမျိုးအစားတွေကိုဆိုလိုတာပါ....အကျဥ်းချုပ်ပြောရရင် ကမ္ဘာတစ်ခုလုံးကိုကမောက်ကမ ဖြစ်အောင် ဖန်တီးတတ်တဲ့ သူတွေပေါ့ဗျာ....သူတို့က host ဖြစ်သူတွေဝင်ဖို့အတွက် သေဆုံးခြင်းမရှိသေးတဲ့ ခန္ဓာကိုယ်ထဲက ဝိဥာဥ်တွေကို အတင်းအကြပ်ဆွဲထုတ်ယူပြီးဖျက်ဆီးတတ်ကြတယ်.....သူတို့က စည်းမျဥ်းတွေကိုတောင် ဂရုစိုက်ကြတာမဟုတ်ဘူး....ဘာကြောင့်ဆို သူတို့က တရားမဝင် system တွေမို့လေ...."

'အိုး....'

[အဟမ်း.....ကျွန်တော်တို့ system တွေကတော့ ကွဲပြားတယ်ဗျ....ကျွန်တော်တို့က host ဝင်တဲ့ခန္ဓာကိုယ်တွေကိုအတင်းအကြပ်ရယူထားတာမဟုတ်ပဲနဲ့ အလဲအလှယ်လုပ်ပြီး သူတို့ဆန္ဒတွေကိုဖြည့်ဆည်းပေးရတာ....ရလဒ်အနေနဲ့ သူတို့ဆန္ဒတွေကိုဖြည့်ဖို့အတွက် ခန္ဓာကိုယ်ကို ပေးချေဖို့လိုအပ်တာပေါ့ဗျာ....ဒါကြောင့် host ဝင်သမျှခန္ဓာကိုယ်တိုင်းက အတင်းအကြပ်လုယူထားတာမဟုတ်ပဲ သူတို့ဆန္ဒအလျောက်ပေးချေထားတဲ့ကုန်ပစ္စည်းတစ်ခုလိုမျိုးပါ....]

'ဆိုလိုတာက သူတို့ဘက်က ခန္ဓာကိုယ်ပေးတယ်၊ ငါတို့ဘက်က သူတို့ဆန္ဒတွေကိုဖြည့်ဆည်းပေးနိုင်သ၍ သက်တမ်းပြည့်နေထိုင်နိုင်တယ်လို့လား'

[ဟုတ်ပါတယ် host....host ကနားလည်လွယ်သားပဲ....အဟမ်း...ကျွန်တော်ဆက်ရှင်းပြပါရစေ....ကျွန်တော်တို့လို တရားဝင် system က ကမ္ဘာတစ်ခုဆီတိုင်းမှာရှိတဲ့စည်းမျဥ်းတွေနဲ့ သဘောတူညီမှုလုပ်ပြီး အရမ်းဆိုးသွမ်းနေတဲ့ဇာတ်လိုက်တွေကို ရှင်းပြစ်နိုင်တဲ့အပြင် ဆန္ဒတွေကိုဖြည့်ဆည်းပေးပိုင်ခွင့်ရှိတယ်....ဒါပေမယ့်လုပ်ပိုင်ခွင့်က စည်းမျဥ်းတွေရဲ့ ဘောင်ကန့်သတ်ချက်အတွင်းထဲမှာပဲရှိတယ်.....]

[တရားမဝင် system ကျတော့မတူဘူး....သူတို့က စည်းမျဥ်းတွေအတွက် ဖယ်ရှားမရတဲ့ ဗိုင်းရပ်တွေနဲ့တူတယ်....များသောအားဖြင့်တော့ တရားမဝင် systemတိုင်း ကျွန်တော်တို့လို တရားဝင် စနစ်တွေကိုကြောက်ရွံ့ကြတယ်....ကြည့်ရတာ ဒီကမ္ဘာက host ဖြေရှင်းပြီးသားကမ္ဘာဖြစ်တာကြောင့် နောက်ထပ် တရားဝင် system တွေထပ်ရောက်မလာနိုင်တော့ဘူးဆိုပြီး ဝင်လာတာဖြစ်နိုင်တယ်....သူတို့ကတော့ host နဲ့တွေ့တာ ကံဆိုးမိုးမှောင်ကျတာပဲ..... ကျွတ်...ကျွတ်.....]

အုန်းသီးဟာ သနားငဲ့ညှာစွာခေါင်းခါလိုက်သည်။

[ဒင်....တာဝန်တစ်ခုကျရောက်လာပါတယ်.....တရားမဝင် system နဲ့ ချိတ်ဆက်ထားတဲ့ host ကိုဖျက်ဆီးပြစ်ပါ.....points - 15000 ]

'တာဝန်အသစ်လား'

[ဟုတ်ပါတယ်ဗျ....ဒါကကောင်းတာလားဆိုးတာလားတော့ကျွန်တော်မသိတော့ဘူး.....တာဝန်ကျရောက်လာတာကြောင့်ကျွန်တော့်ရဲ့ host ကို မကူညီရ ကန့်သတ်ချက်ကပျက်ပြယ်သွားပါပြီ.....]

'ကောင်းတာပေါ့.....ပထမဆုံး အဲ့ဒီ တရားမဝင် host ရဲ့ အချက်အလက်ကိုပြပေးလို့ရမလား'

[ရတာပေါ့ hostရဲ့......

အမည် - ချူကျင်း

မူရင်းအသက် - ၂၉နှစ်

ချိတ်ဆက်ထားသည့် system - 'big boss တွေကိုဖြားယောင်းခြင်း system'......]

'နေစမ်းပါဦး.....ဘာကြီး?!'

အုန်းသီး : [systemအမျိုးအစားကိုပြောတာပါ host]

[ ဖြတ်သန်းခဲ့သည့်ကမ္ဘာ - 6

လက်ရှိကမ္ဘာပြစ်မှတ် : နတ်ဆိုးဧကရာဇ်ဝမ်ရိပေါ် ]

ရှောင်ကျန့် : "....."

ရှောင်ကျန့်၏တည်ငြိမ်နေသည့်အမူအရာမှာ ချက်ချင်းအက်ကွဲသွားသည်။ ဒီတစ်ယောက်ရဲ့ပြစ်မှတ်က သူ့ယောက်ျားပေါ့လေ။ ဟား.....ဘယ်လောက်တောင်ရယ်စရာကောင်းလိုက်သလဲ။

host ဖြစ်သူရဲ့ခန့်မှန်းရခက်သည့်စိတ်အခြေအနေနဲ့ ဒေါသကိုသတိထားမိသွားသည့် အုန်းသီးဟာ ငြိမ်ငြိမ်သက်သက်လေး နေနေရုံသာတတ်နိုင်လေသည်။

အခုချိန်မှာရှောင်ကျန့်သိချင်တာတစ်ခုပဲရှိ၏။ ဒီအတုအယောင်မျက်နှာက သူ့မူရင်းမြေခွေးမျက်နှာနှင့် အတော်လေးတူသည်။ ဒီတော့ ဝမ်ရိပေါ် ဘယ်လိုတုံ့ပြန်မလဲ။

ပြန်ဖြေရရင် ဝမ်ရိပေါ်၏မျက်နှာအမူအရာကို မည်သူမှမခန့်မှန်းနိုင်ပေ။ မှောင်မိုက်သည့်အရိပ်က သူ့မျက်နှာတစ်ဝက်လောက်ကိုဖုံးကွယ်ထားပြီး စိတ်ခံစားချက်အတတ်အကျကို မည်သူတစ်ဦးတစ်ယောက်မှ မခန့်မှန်းနိုင်ပဲရှိနေ၏။ အိုး....ချွင်းချက်တစ်ခုအနေနဲ့ရှောင်ကျန့်က လွဲရင်ပေါ့။

တစ်ဖက်တွင် နတ်ဆိုးအုပ်စုရဲ့ တိုက်ခိုက်မှုကိုအသေအလဲခုခံနေသည့် အဖြူရောင်ဝတ်အလှလေး ချူကျင်းဟာ နတ်ဆိုးဧကရာဇ်ကို မြင်တွေ့သွားသည်။ နတ်ဆိုးဧကရာဇ်၏ပုံပန်းသဏ္ဍာန်ကိုမြင်တွေ့သွားပြီးသည့်နောက်တွင်ပင့်သက်မရှိုက်ပဲမနေနိုင်ခဲ့ပါချေ။

ဒါက အရမ်းချောလွန်းသည်။ ရှည်လျားကျဥ်းမြောင်းတဲ့ဖီးနစ်ကဲ့သို့ မျက်လုံးတွေက မည်သူ့ကိုမဆို ဒူးညွှတ်ကျသွားစေနိုင်သည်အထိ ညှို့ငင်အားပြင်းထန်လွန်းလှ၏။ နှာတံရှည်ရှည် တင်းတင်းစေ့ထားသည့်ခပ်ရဲရဲနှုတ်ခမ်းပါးနှင့် ထိုသူဟာ သူတွေ့ဖူးသမျှ မည်သည့်ဇာတ်ကောင်နှင့်မှမတူညီအောင်ချောမောလွန်းသည်။ ဒါကသူတွေ့ဖူးသမျှ မည်သည့်ပြစ်မှတ်မှမနှိုင်းယှဥ်နိုင်ဟုတောင်ပြောရ၏။ ချောမောမှုနဲ့လှပမှုတို့ပေါင်းစပ်ထားသည့် အနှီးနတ်ဆိုးကို မကြာခင်အချိန်လေးမှာပင် သူပိုင်ဆိုင်ရတော့မည်မှန်းစဥ်းစားမိသည့်အခါတွင် စိတ်လှုပ်ရှားမှုကြောင့်သူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေတောင်တုန်ခါလာသည်အထိပင်။

လူတိုင်းက နတ်ဆိုးဧကရာဇ်၏အချစ်ဇာတ်လမ်းအကြောင်းသိကြသည်။ နတ်ဆိုးကြီးဟာ နတ်ဘုရားသားရဲတစ်ကောင်နဲ့ချစ်ကြိုက်မိပြီးနောက် ကျင့်ကြံသူတွေလက်ချက်ဖြင့် သေဆုံးသွားခဲ့တဲ့အနှီး နတ်ဘုရားသားရဲကို ပြန်လည်အသက်သွင်းနိုင်ဖို့ရန် ကြိုးစားနေသည်ဟူ၍။ သို့ပေမယ့် နတ်ဘုရားသားရဲကိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ဖူးသည့်စွမ်းအားကြီးကျင့်ကြံသူတိုင်းဟာ ဝိဥာဥ်တောင်မချန် ဖျက်ဆီးခံလိုက်ရသည်။ ထို့ကြောင့်မည်သူတစ်ဦးတစ်ယောက်ကမှ ထိုနတ်ဘုရားသားရဲအမျိုးအစားမှာ မြေခွေးဖြစ်သည်ဟူသော လက္ခဏာရပ်မှလွဲ၍ အထီးလား၊အမလားဆိုတာကိုတောင် သဲသဲကွဲကွဲမသိကြချေ။

ထို့ကြောင့် နတ်ဆိုးဧကရာဇ်ဆီက အချစ်ခံအယုယခံချင်ကြသည့် မိန်းကလေးများစွာဟာ သူတို့ကိုယ်သူတို့ နတ်ဘုရားသားရဲမြေခွေးဝင်စားပါသည်ဟုဆိုကာ ရောက်လာကြသည်မှာမနည်းပေ။ သူတို့အားလုံးရက်ရက်စက်စက်အသတ်ခံလိုက်ရတာကတစ်ကြောင်းဆိုပေမယ့်လည်းပေါ့။ ယောက်ျားလေးတစ်ချို့လည်းရောက်လာကြပေမယ့်လည်း နတ်ဘုရားသားရဲ၏ ရုပ်ရည်ကိုအတိအကျမသိရတာကြောင့်အကုန်လုံး ပရမ်းပတာဖြင့်ဝိဥာဥ်ဖျက်ဆီးခံရတာနှင့်တင်အဆုံးသတ်သွားလေသည်။

ဒါပေမယ့် သူကတော့ကွဲပြားသည်။ system အကူအညီကြောင့် နတ်ဘုရားသားရဲ၏ လိင်အမျိုးအစားမှာ ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး တိတိကျကျပြောရရင် အမြှီးကိုးချောင်းမြေခွေးဖြူတစ်ကောင်ပင်။ system ကြောင့်ပင် နတ်ဆိုးကြီးနဲ့ နတ်ဘုရားသားရဲ၏စတင်တွေ့ဆုံပုံကအစ အသေးစိတ်ကိစ္စလေးတွေကနေ အဆုံးသတ်အထိ အရာအားလုံးသိရှိထားသည်။

သူ့မှာ အမြှီးကိုးချောင်းမြေခွေးနဲ့ အတတ်နိုင်ဆုံးတူညီသည့်မျက်နှာရဖို့ရန်အတွက် points တစ်ဝက်လောက်ကိုသုံးလိုက်ရသည်။ ထိုအခိုက်အတန့်တုန်းက ရင်နာခဲ့ရသမျှ နတ်ဆိုးဧကရာဇ်နဲ့ တွေ့ဆုံပြီးနောက်တွင် အရာအားလုံးထိုက်တန်ကြောင်းခံစားမိလိုက်ရသည်။ ဘာကြောင့်ဆို နတ်ဆိုးကြီးက နတ်ဘုရားသားရဲကိုဘယ်လောက်တောင်အလိုလိုက်အကြိုက်ဆောင်ခဲ့လဲ ဆိုတာ သူတိတိကျကျသိထားတာကြောင့်ပင်။ ဒီလိုလူမျိုးက တစ်စုံတစ်ယောက်ကိုသာချစ်မိရင် သူ့အသက်ကိုပေးရဖို့တောင် တစ်စက်လေးမှတွန့်ဆုတ်မှာမဟုတ်ပေ။ ချစ်ရသူကိုသာပိုင်ဆိုင်ရဖို့ဆိုရင် တစ်လောကလုံးကိုဖျက်ဆီးပြစ်ဖို့ကိုတောင် တုံ့ဆိုင်းမှာမဟုတ်တဲ့လူမျိုး။

ဒီလိုလူမျိုးကိုပိုင်ဆိုင်ရဖို့က လူတိုင်း၏မသိစိတ်ထဲကအိပ်မက်လို့တောင်ပြောရသည်။ မည်သူကရော ကိုယ်အတွက်ဘာမဆိုလုပ်ရဲတဲ့သူမျိုးကို မလိုချင်ပဲနေမှာတဲ့လဲ။ ကိုယ်ကောင်းကောင်းဆိုးဆိုး အရာအားလုံးကိုအလွယ်တကူလက်ခံပြီး နောက်ကွယ်ကနေကူညီထောက်ပံ့ပေးမယ့်လူမျိုးကိုလေ။

ချူကျင်းရဲ့ system ကသတိပေးသည်။

[သတိထားပါ host....ဒီကမ္ဘာရဲ့ပြစ်မှတ်ကအရမ်းထူးဆန်းတယ်.....]

'ကိစ္စမရှိဘူး.....ပိုပြီးစိတ်လှုပ်ရှားစရာကောင်းသွားတာပေါ့....'

ဒီမျက်နှာနဲ့ ဘယ်သူကများ သူ့ကိုငြင်းဆန်နိုင်မှာလဲ။ အထူးသဖြင့် မင်းရဲ့အချစ်ဦးနဲ့အနီးစပ်ဆုံး တူညီတဲ့သူကိုလေ။ သူလုပ်ဖို့လိုအပ်တာက နတ်ဘုရားသားရဲပြန်လည်ဝင်စားသလိုမျိုး ဟန်ဆောင်ပြလိုက်ရုံပဲမဟုတ်လား။ အစစ်အမှန် အမြှီးကိုးချောင်းမြေခွေးပြန်ပေါ်လာမှာတော့ သူစိတ်မပူပါချေ။

ဘာကြောင့်ဆို တကယ်သာပြန်ပေါ်လာဖို့အစီအစဥ်ရှိခဲ့ရင် ဒီလောက်နှစ်တွေအကြာကြီးငြိမ်သက်နေမှာလဲ။ system ရဲ့စစ်ဆေးချက်အရ အမြှီးကိုးချောင်းမြေခွေးရဲ့ဝိဥာဥ်ကလုံးဝပျက်စီးပြီးပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပြန်ရှင်လာဖို့မဖြစ်နိုင်တော့ပေ။ တကယ်လို့ပြန်ပေါ်လာရင်တောင်မှ အဲ့ဒီအချိန်ရောက်ရင် ဒီဆွဲဆောင်မှုရှိလှတဲ့နတ်ဆိုးကြီးက သူမှသူစွဲလမ်းနေမှာ သေချာပေါက်ပြောရဲသည်။

ချူကျင်းက ဝမ်ရိပေါ်ကို အခုမှတွေ့လိုက်သလိုမျိုးဟန်ဆောင်လိုက်၏။ ပြီးနောက် သူ့မျက်လုံးလှလှလေးတွေမှာပြူးကျယ်ဝိုင်းစက်သွားရင်း တစ်စုံတစ်ခုကို မှတ်မိသွားသကဲ့သို့ သူ့ခေါင်းကိုနာနာကျင်ကျင်ဆုပ်ကိုင်လိုက်သည်။

"အာ့....."

ဟန်ဆောင်မှုက သူ့ရဲ့ခုခံကာကွယ်မှုအားလုံးကိုဖယ်ရှားလိုက်သည်နှင့် တူညီသွားပြီး စွမ်းအားကြီးနတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုအလုံးစုံဟာ သူ့ဆီကျရောက်လာသည်။ ဒါပေမယ့် သူကတော့ မစိုးရိမ်ပေ။ ဘာကြောင့်ဆို မည်သူမဆို ကိုယ့် အချစ်ဦးနဲ့တူတဲ့သူကို နာကျင်မှုတွေကြားထဲ ရှိနေတာကြည့်ရက်မှာမဟုတ်ဘူးလေ။ မဟုတ်ရင်တောင် သူ့ရဲ့အပြုအမူက နတ်ဆိုးဧကရာဇ်ကိုမျှော်လင့်ချက်တစ်ချို့တောက်ပ လာစေနိုင်သည်။ သူက သူ့ကိုအသေခံမှာမဟုတ်ပဲ သေချာပေါက်ကယ်တင်လိမ့်မည်။

သို့ပေမယ့်လည်း.....နတ်ဆိုးကြီးက လှုပ်ရှားမည့်ဟန်မရှိသေးပေ။ သူ့မျက်နှာအမူအရာက ခန့်မှန်း၍မရပဲ ချူကျင်းရဲ့သေခြင်းရှင်ခြင်းကို သောက်ဂရုမစိုက်သည့်ပုံပင်။

ချူကျင်း : "....."

တရားမဝင် system : [.....]

[host ပြောတော့ သေချာပေါက်လာကယ်မှာပါဆို....]

'ပိတ်ထား!!!'

နောက်ဆုံး မတတ်သာစွာဖြင့် ချူကျင်းဟာ အသက်ကယ်အဆောင်တစ်ခုကိုသုံး၍ အတိုက်ခိုက်ခံရသည့်နေရာမှ ခပ်ဝေးဝေးသို့နေရာရွှေ့ပြောင်းလိုက်သည်။ ဒါပေမယ့် ချူကျင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ လေပေါ်သို့ခပ်မြင့်မြင့်မြှောက်တင်ခံလိုက်ရသည်။

သူ့လည်ပင်းကို ထူးဆန်းသည့်မြူနက် တွေကရစ်ပတ်ထားပြီး သူ့အရှေ့တည့်တည့်တွင်ဘယ်အချိန်တည်းကရောက်နေမှန်းမသိသည့် နတ်ဆိုးဧကရာဇ်ကြီးရှိနေ၏။ ဝမ်ရိပေါ် မျက်လုံးတွေမှာ ကြောက်မက်ဖွယ်ကောင်းစွာသွေးနီရောင်သမ်းနေပြီး စိတ်လွတ်လုဆဲဆဲအခြေအနေကိုဖော်ပြနေသည်။

"အတုအယောင်တွေ!!!!...."

ဝမ်ရိပေါ် ခန္ဓာကိုယ်ထဲကနေ အရာအားလုံးကိုစိစိညက်ညက်ကြေအောင်ဖိချနိုင်သည့်ဖိအားတစ်ခုပေါက်ကွဲထွက်လာသည်။ ထိုဖိအားက နန်းတော်တစ်ခုလုံးက သက်ရှိသက်မဲ့အရာတိုင်းကိုမြေပြင်ထက်ဝပ်တွားပိကပ်သွားစေခဲ့သည်။ သူတို့ခန္ဓာကိုယ်ပေါ်သို့ မမြင်နိုင်သည့်အလေးတုံးကြီးတစ်ခုပိနေသလိုမျိုး လှုပ်ရှားမရတော့ပေ။

ချူကျင်း လည်ပင်းမှာရှိတဲ့ ညှစ်အားမှာပိုမိုပြင်းထန်လာသည်။ ချူကျင်းမှာမျက်ဖြူလန်မတတ်ပင်။ သူတဖြည်းဖြည်းနဲ့ကြောက်လန့်လာသည်။ ဒါက သူ့ကိုလက်မခံနိုင်ရုံမဟုတ်ပဲ အမြစ်ဖြတ်သတ်ဖြတ်လိုချင်စိတ်ရှိနေကြောင်းခံစားမိသည်။ နတ်ဆိုးကြီးက သူ့ကိုဝိဥာဥ်ပါမချန် တစ်စစီ ချေမွပြစ်ချင်နေသည်။

"မ..မဟုတ်....ရိ ပေါ်....ငါ.ငါလေ....ငါ ရှောင်ကျန့် ပါ...."

"မင်း သောက်ပါးစပ်ကိုပိတ်ထား!!!....သူ့နာမည်ကို ခေါ်ပိုင်ခွင့်မရှိဘူး!!!!...."

ဝမ်ရိပေါ် ခန္ဓာကိုယ်ထဲက ဖိအားမှာပိုမိုပြင်းထန်လာသည်။ နတ်ဆိုးတွေတိုင်း၏ခန္ဓာကိုယ်မှာမြေပြင်ထက်သို့ပြားကပ်နေအောင်အဖိခံလိုက်ရပြီး ချူကျင်း၏ကိုယ်ထဲကနေ အရိုးကျိုးကြေသံတစ်ဂျွတ်ဂျွတ်ကိုအတိုင်းသားကြားနေရလေသည်။ မြူခိုးနက်တွေသည် နက်ရွှေရောင်မီးတောက်အဖြစ် ဝုန်းကနဲ ထတောက်လောက်လာပြီး ချူကျင်းရဲ့အရေပြားတစ်ချို့ကိုတစ်လက်မချင်းဆီ ဆွေးဆွေးမြေ့မြေ့ခံစားရအောင် တိုက်စားသည်။ လေထုထဲတွင် အသားညှော်နံ့တစ်ခုပျံ့လွင့်လာ၏။

"အားးးးးးးးးး"

စူးရှကျယ်လောင်သည့် အသံနက်ကြီးက နတ်ဆိုးနန်းတော်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

ဝမ်ရိပေါ်က လုံးလုံးအသိစိတ်လွတ်ထွက်သွားသည်။ သူ့ မြေခွေးလေးပုံစံကိုဟန်ဆောင်ရဲတယ်။ ဘယ်လောက်တောင်ရဲတင်းလိုက်တဲ့အပြုအမူလဲ။ ဒီတစ်ခေါက်သူ့ကိုအသိစိတ်လွတ်သွားစေသည့်အဓိက အပြုအမူမှာ မြေခွေးလေးရဲ့နာမည်ကိုအလွဲသုံးစားလုပ်ဖို့ပြောထွက်လာတာကြောင့်ပင်။ ဒီပုတ်ပွနေတဲ့ပါးစပ်ကနေ သူ့မြေခွေးလေးရဲ့နာမည်ကိုပြောထွက်လာတယ်။ သူဘယ်လိုလုပ်စိတ်မလွတ်ပဲနေနိုင်မှာတဲ့လဲ။

"ရိ ပေါ် "

တိုးညှင်းလှတဲ့အသံသေးသေးလေးတစ်ခုက ဝမ်ရိပေါ်နားထဲသို့ ခပ်တိုးတိုး ရောက်ရှိလာ၏။ ၎င်း၏အသက်ရှုနှုန်းမှာ ပျောက်ကွယ်လုမတတ်အားနည်းနေပြီး မကြာခင်မှာပင် ဒီလောက ထဲက ဖျောက်ဖျက်ခြင်းခံရတော့မည့်ဖြစ်တည်မှုလေးတစ်ခုလိုပင်။

ဝမ်ရိပေါ်၏ မျက်နှာမှာအကြီးအကျယ်ပျက်ယွင်းသွားပြီး ချူကျင်းကိုထိုနေရာမှာပင်ပြစ်ချခဲ့ကာ ဖြတ်ကနဲပျောက်ကွယ်သွားသည်။ ချူကျင်း၏ခန္ဓာကိုယ်မှာ လူသေကောင်လိုမျိုးမြေကြီးပေါ်တွင်ဆန့်ဆန့်ကြီးလဲကျနေပြီး သူ့ခန္ဓာကိုယ်တစ်ဝက်လောက်က မြင်မကောင်းအောင် မီးလောင်ရာတွေဖြင့်ပြည့်နှက်နေလေသည်။

သူ့ရဲ့ ပြူးကျယ်နေသည့်မျက်လုံးတွေအောက်တွင် မူလက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် နတ်ဆိုးကြီးဟာ အားနည်းစွာပျော့ခွေနေသည့် သာမန်လူတစ်ယောက်ကိုစိုးရိမ်တကြီး ပွေ့ဖက်လိုက်ကြောင်းထင်ထင်ရှားရှားမြင်တွေ့လိုက်ရသည်။

ဝမ်ရိပေါ် လက်တွေမှာတုန်ရီနေသည်။ သူထုတ်လွှတ်လိုက်တဲ့ဖိအားက ပြင်းထန်လွန်းတာကြောင့် စွမ်းအားကြီးနတ်ဆိုးတွေတောင်ခေါင်းမထောင်နိုင်သည်အထိ ခံစားခဲ့ရသည်။ ဒီအားနည်းလွန်းသည့်သာမန်လူသားလေးဆိုရင် မည်မျှခံစားခဲ့ရမည်ကိုပြောစရာမလိုတော့ပေ။

[ဝူး...ဝူး.....အဲ့ဒါ အရမ်းနာတယ်မဟုတ်လားဟင်.....ရွှတ်....]

'အဆင်ပြေပါတယ်....'

ဝမ်ရိပေါ်ရဲ့ဖိအားက ပြင်းထန်သည်။ ဘယ်လောက်တောင်လဲဆိုရင် သာမန်လူတစ်ယောက်သာ ထိုဖိအားနဲ့ထိတွေ့မိရင် သွေးမှုန်အဖြစ်သို့ပေါက်ကွဲထွက်သွားနိုင်၏။ အကယ်၍ ဝမ်ရိပေါ်က သူ့ခန္ဓာကိုယ်ကိုနှစ်ကြိမ်တိတိကုသမှု ပြုလုပ်ပေးခဲ့ပြီး အကျွင်းအကျန်စွမ်းအားတစ်ချို့ ကိုယ်ထဲမကျန်ရစ်ခဲ့ပါက ဒီလောက်ထိတောင့်ခံနိုင်ဖို့ရန်မှာ လုံးဝမဖြစ်နိုင်တာသေချာသည်။

ဒါတောင် သူ့ရဲ့ညာဘက်လက်မောင်းမှာ ဖိအားကြောင့်အနည်းငယ် အက်ကွဲကာ သွေးတွေစီးကျနေလေသည်။ တကယ်လို့ ဝမ်ရိပေါ်သာ ဖိအားကိုအချိန်မှီမရပ်တန့်လိုက်ဘူးဆိုရင် သူတကယ် သွေးမှုန်အဖြစ်ပြောင်းလဲသွားလိမ့်မယ်။

"ကိုယ်....ကိုယ် တောင်းပန်ပါတယ်.....ကိုယ်....."

ဝမ်ရိပေါ်၏ မျက်လုံးထောင့်နားတွင် ဝမ်းနည်းစို့နင့်မှုကြောင့် ခပ်ဖျော့ဖျော့လေးနီရဲနေပြီး မျက်လုံးထဲကနေ အသည်းခိုက်မတတ်နာကျင်မှုကိုအထင်းသားမြင်နေရသည်။ ဒီမြင်ကွင်းက ကိုယ့်ချစ်သူကို ကိုယ်လက်နဲ့ပြန်သတ်လိုက်မိသလိုမျိုးခံစားသွားရစေသည်။ ရှောင်ကျန့်၏ဖျော့တော့ သည့်မျက်နှာလေးက သူ့ရင်တစ်ခုလုံးကိုရက်ရက်စက်စက်မွှေနှောက်သွားသည်နှင့်တူ၏။

ဝမ်ရိပေါ်၏မျက်လုံးအိမ်အတွင်ကနေ မျက်ရည်ဥကြီးတစ်လုံးပြီးတစ်လုံးဖြစ်တည်လာသည်။ သူ့ကိုယ်သူငိုလို့ငိုမိနေမှန်းတောင်သတိမထားမိနိုင်သည်အထိ ရှောင်ကျန့် လက်မောင်းအက်ကွဲရာတွေကိုကုသပေးသည်။

လောလောလတ်လတ် ဖိအားပေးခံရသည့်အခြေအနေမှလွတ်မြောက်ထားသည့် နတ်ဆိုးအုပ်စုကြီးဟာ နတ်ဆိုးဧကရာဇ်ကြီး၏ ဘူးသီးလုံးလောက် ကြီးမားသောမျက်ရည်တွေနှင့်ထိပ်တိုက်ရင်ဆိုင်လိုက်ရသောအခါတွင်.....

နတ်ဆိုးအုပ်ကြီး : "....."

ဟ....ဟ....။

အဆင့်မြင့်နတ်ဆိုး : "ငါကောင်းကင်ဘုံရောက်သွားတာဖြစ်ရမယ်...."

နတ်ဆိုးများ : "....."

ရှောင်ကျန့် ဒဏ်ရာတွေအားလုံးအမာရွတ်တောင်မကျန်ပျောက်ကွယ်သွားသော်လည်းပဲ ဝမ်ရိပေါ်ကကျေနပ်ဟန်မရသေးပေ။ တုံ့ဆိုင်းမှုတစ်စက်လေးတောင်မရှိပဲ သူ့ဘယ်ဘက်ရင်ဘတ်ထဲသို့ လက်တစ်ဖက်လုံးဖောက်ဝင်သွားစေလိုက်သည်။ ရှောင်ကျန့်အပါအဝင် နတ်ဆိုးအုပ်စုကြီးတစ်ခုလုံး မျက်လုံးတွေပြူးကျယ်ဝိုင်းစက်ကုန်၏။

"ခင်ဗျား...."

ဘာတွေလုပ်နေတာလဲ။

ဝမ်ရိပေါ် မျက်နှာကမပြောင်းလဲပေ။ သူ့လက်ကိုပြန်ဆွဲထုတ်လိုက်သည့်အခါတွင် လက်ဖဝါးထက်၌ ရွှေအိုရောင်သွေးစက် နှစ်ဆယ်ကျော်လောက်ပါရှိလာသည်။ ရင်ဘက်က ဟောင်းလောင်းပေါက်ဒဏ်ရာမှာပြန်လည်ကောင်းမွန်သွားသော်လည်းပဲ ဝမ်ရိပေါ်၏မျက်နှာမှာသိသိသာသာဖြူဖျော့သွားသည်။

သူ့လက်ဖဝါးထက်ကသွေးစက် တစ်စက်ချင်းဆီတိုင်းမှာ ထိတ်လန့်တုန်လှုပ်စရာအဖျက်အစီးစွမ်းအင်တွေတည်ရှိနေသည်။ ပြောစရာမလိုအောင်ပင် ၎င်းရွှေအိုရောင်သွေးစက်တွေက ဝမ်ရိပေါ်ရဲ့နှလုံးသွေးအဆီအနှစ်တွေပင်။

နတ်ဆိုးတွေမှာပြောမပြတတ်နိုင်လောက်အောင်တုန်လှုပ်သွားခဲ့ကြသည်။ နတ်ဆိုးဧကရာဇ်ရဲ့သွေးတစ်စက်က တန်ဖိုးဖြတ်မရအောင် စွမ်းအားကြီးမားပြီး တန်ဖိုးရှိသည်။ မည်သည့်စွမ်းအားကြီးကျင့်ကြံသူမဆို ရိုးရိုးသွေးစက်တစ်ခုနဲ့တင် အနှိုင်းမဲ့စွမ်းအားကိုရရှိနိုင်စေသည်။ အခုလိုနှလုံးသွေးအဆီအနှစ် တန်ဖိုးကိုတော့ မည်သူမှမတွက်ချက်နိုင်ပေ။ ဒါကစွမ်းအားကြီးတဲ့နတ်ဆိုး ဧကရာဇ်ကြီးကိုတောင် ဖြူဖျော့သွားစေမှတော့ ပုံမှန်မဟုတ်ကြောင်းရှင်းပြစရာမလိုတော့ချေ။

လူတိုင်းရဲ့ပြူးကျယ်ထိတ်လန့်နေတဲ့မျက်လုံးတွေအောက်တွင် နှလုံးသွေးအဆီအနှစ် နှစ်ဆယ်ကျော်က ရှောင်ကျန့်ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကြသည်။ ပိုင်ရှင်ဖြစ်သူဆီက ခွင့်ပြုချက်နဲ့အတူ နှလုံးသွေးအဆီအနှစ် နှစ်ဆယ်ကျော်ဟာ ရှောင်ကျန့်ခန္ဓာကိုယ်ထဲတွင် နူးနူးညံ့ညံ့လှုပ်ရှားနေရင်း ဖြေးညင်းစွာသန့်စင်ပေးသည်။

၎င်းကနူးညံ့လွန်းတာကြောင့် ရှောင်ကျန့်မျက်လုံးတွေမှာ ထိန်းချုပ်မရအောင် မှေးစင်းလာပြီး ဝမ်ရိပေါ်လက်မောင်းအတွင်းမှာပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

ဝမ်ရိပေါ်က ရှောင်ကျန့်ကိုနိုးသွားမှာစိုးရိမ်နေသလိုမျိုး ခပ်ဖွဖွပွေ့ချီလိုက်သည်။ ထိုအခိုက်အတန့်တွင် သူလွှတ်ထားသည့်အယောင်ဆောင် လူကိုသတိရသွားသည့်အခါတွင် ထိုလူက ပျောက်ကွယ်သွားပြီဖြစ်သည်။ ကြည့်ရတာ နေရာကူးပြောင်းခြင်းအဆောင်နှင့်ထွက်ပြေးသွားတာဖြစ်ပုံရသည်။

ဒါပေမယ့်ကိစ္စမရှိဘူး။ ပုရွက်ဆိတ်လေးတစ်ကောင်ပဲလေ။ သူအလိုရှိသ၍ အလွယ်တကူ ဖြစ်ညှစ်သတ်လိုက်လို့ရတယ်။

ဝမ်ရိပေါ်သည် အရာအားလုံးကိုလျစ်လျူရှု့ရင်း ရှောင်ကျန့်ကိုအတတ်နိုင်ဆုံး နူးနူးညံ့ညံ့ပွေ့ချီလျက်သားဖြင့် နတ်ဆိုးနန်းတော်အတွင်းသို့ဝင်ရောက်သွားခဲ့သည်။

________________________________________________________

Zawgyi

ဝမ္ရိေပၚသည္ အခ်ိန္အေတာ္ၾကာတိတ္ဆိတ္သြားၿပီးေနာက္တြင္ သူ႕ပါးစပ္ကိုဖြင့္ဟလိုက္ေသာ္လည္းပဲ ဘာဆက္ေျပာရမွန္းမသိေတာ့ေပ။ ပါးစပ္ကိုဖြင့္လိုက္ပိတ္လိုက္လုပ္ေနရင္း ေရွာင္က်န့္ကိုသာ အူေၾကာင္ေၾကာင္မ်က္ႏွာေလးနဲ႕ စိုက္ၾကည့္ေနမိသည္။

သဘာဝရတနာေတြထဲမွာ ေတာက္ပတဲ့ပစၥည္းတစ္ခ်ိဳ႕ပါတာက ပုံမွန္သာျဖစ္ေသာ္လည္းပဲ ဒီလိုသာမန္လူသားေလးတစ္ေယာက္ကို ဘယ္လိုရွင္းျပရမွာလဲ။ သူရွင္းျပခဲ့ရင္ေတာင္နားလည္ပါ့မလားဆိုတာက ေနာက္ထပ္ေမးခြန္းတစ္ခုျဖစ္သြားနိုင္၏။

ဝမ္ရိေပၚ၏ အူတိအူေၾကာင္အမူအရာကိုျမင္သည့္အခါတြင္ ေရွာင္က်န့္မွာ ရယ္ခ်င္လာသလိုခံစားလိုက္ရသည္။ ၿပီးေတာ့ ဝမ္းနည္းၿပီးငိုခ်င္သည့္ခံစားခ်က္ႀကီးတစ္ခုကလည္း ပ်ိဳ႕တတ္လာျပန္သည္။ ဒီမေတာ္တဆ အျဖစ္အပ်က္အၿပီးမွာ သူ႕ေယာက္်ားအေပၚပိုၿပီးပိုၿပီးေတာင္ခံစားခ်က္ျပင္းထန္လာသလိုခံစားရ၏။ သူထပ္ၿပီးမမ်ိဳသိပ္ထားခ်င္ေတာ့ေပ။

"ခင္ဗ်ားသိလား....."

ဝမ္ရိေပၚဟာ ႐ုတ္တရတ္ႀကီးစိတ္ခံစားခ်က္ေျပာင္းလဲသြားသည့္ ေရွာင္က်န့္ကို နားမလည္နိုင္စြာၾကည့္လိုက္မိသည္။ သူဘယ္ေလာက္ပဲ နားမလည္ျဖစ္ေနပါေစ ဂ႐ုတစိုက္နဲ႕နားေထာင္ေနမိသည္ကို သူကိုယ္တိုင္ပင္သတိမထားမိပုံရ၏။ ေရွာင္က်န့္ ၿပဳံးသည္။ သူ႕မ်က္ႏွာမွာအေတာ္ေလးသမာရိုးက်ဆန္ေသာ္လည္းပဲ ေတာက္ပလြန္းေသာမ်က္လုံးေလးေတြက ဝမ္ရိေပၚ၏ နား႐ြက္ဖ်ားေတြႏွင့္လည္ဂုတ္တစ္ခုလုံးကို နီရဲတြတ္သြားေစသည္။

"ကြၽန္ေတာ္ခင္ဗ်ားကိုအရမ္းအေရးႀကီးတဲ့ ကိစၥတစ္ခုေျပာစရာရွိတယ္...."

ဝမ္ရိေပၚဟာ တိတ္တဆိတ္နားေထာင္ေနရင္း ေရွာင္က်န့္ကိုၿငိမ္သက္စြာၾကည့္သည္။

"အမွန္ေတာ့ ကြၽန္ေတာ္က....."

"အရွင္!!...အရွင္!!!...."

အဆင့္ျမင့္နတ္ဆိုး တစ္ေယာက္က အေလာတႀကီးေျပးဝင္လာၿပီး ဝမ္ရိေပၚကိုေအာ္ေခၚသည္။ ေနာက္ဆုံး နတ္ဆိုးဧကရာဇ္ႀကီး၏ ေသေလာက္ေအာင္ေအးစက္လြန္းသည့္မ်က္လုံးေတြႏွင့္ထိပ္တိုက္ေတြ႕ဆုံသြားသည့္အခါမွသာ သူ႕ပါးစပ္ထဲကစကားလုံးေတြမွာ ဘရိတ္အုပ္လိုက္သလိုမ်ိဳး ဝွစ္ကနဲရပ္တန့္သြားသည္။

အဲ.....သူတစ္ခုခုမ်ားအမွားလုပ္မိသြားလို႔လားဟင္။

ထိုနတ္ဆိုးဟာ ၾကက္သီးထေနသည့္ သူ႕လက္ေမာင္းကိုပြတ္သပ္လိုက္ရင္း တံေတြးတစ္ခ်က္မ်ိဳခ်ကာ အထစ္ထစ္အေငါ့ေငါ့ျဖင့္ စကားဆိုလာသည္။

"ဟို...ဟို.....က်င့္ႀကံသူတစ္ေယာက္က အရွင့္ရဲ႕ နန္းေတာ္ေရွ႕မွာ ျပ...ျပႆနာရွာ..ရွာေနပါတယ္....."

ဝမ္ရိေပၚ မ်က္ေမွာင္ၾကဳပ္လိုက္သည္။ လူစိမ္းတစ္ေယာက္က နတ္ဆိုး နန္းေတာ္ထဲဝင္လာနိုင္တဲ့အထိ တစ္ျခားနတ္ဆိုးေတြက အသုံးမက်ေတာ့တာလား။

"ဒီကိစၥေလးနဲ႕ ငါ့ကိုလာရွာတာလား...."

"မ..မဟုတ္ရပါဘူးအရွင္....အဲ့ဒီက်င့္ႀကံသူက 'သူ'နဲ႕ ၇၀ ၈၀% ေလာက္ဆင္တူပါတယ္..."

ဝမ္ရိေပၚရဲ႕ ေအးေဆးတဲ့မ်က္ႏွာမွာအႀကီးအက်ယ္ေျပာင္းလဲသြားသည္။ သူ႕မ်က္ႏွာက တျဖည္းျဖည္းဆိုးဝါးလာၿပီး ေမးေၾကာေတြေထာင္ထလာသည္အထိ ျပင္းထန္ရက္စက္လာ၏။

ေရွာင္က်န့္ ဝမ္ရိေပၚရဲ႕ စြမ္းအင္အတတ္အက်ကိဳျမင္သည့္အခါတြင္ အလွ်င္အျမန္ လက္ေမာင္းကိုဆြဲကိုင္လိုက္သည္။ ေရွာင္က်န့္၏အျပဳအမူက ဝမ္ရိေပၚရဲ႕လႈပ္ရွားမႈေတြကိုရပ္တန့္သြားေစသည္။

"ခင္ဗ်ားဘယ္သြားမလို႔လဲ...."

စြမ္းအားႀကီးနတ္ဆိုးသည္ အရွင္ျဖစ္သူေဒါသထြက္ေနတဲ့အခ်ိန္ ဝင္ေရာက္စြက္ဖက္ရဲတဲ့ သတၱိေကာင္းလြန္းသူကို ထိတ္လန့္စြာၾကည့္လိုက္မိသည္။ ဒီအားနည္းလွတဲ့လူသားေလး ေနရာမွာတင္ ပြဲခ်င္းၿပီးေပါက္ကြဲထြက္သြားမည္ကိုေတာင္သူ ျမင္ေယာင္လာမိသည္။

သို႔ေသာ္....ခါးသီးလြန္းလွသည့္အမွန္တရားက နတ္ဆိုးဧကရာဇ္ႀကီးဟာ ေရွာင္က်န့္ရဲ႕အျပဳအမူအေပၚအႏွောင့္အယွက္မျဖစ္မိသည့္အျပင္ ဒီသာမန္လူသားေလးကိုတစ္ေယာက္တည္းထားခဲ့ရမွာ စိတ္မခ်ရဘူးဟုေတြးမိသြားသည္။ မ်က္ေမွာင္တစ္ခ်က္ၾကဳပ္ကာ စဥ္းစားလိုက္ရင္း ဝမ္ရိေပၚဟာ ေရွာင္က်န့္ကိုခါးကေနဆြဲယူ၍ သူ႕ရင္ခြင္ထဲသြင္းလိုက္ၿပီး ေနရာမွာတင္ေပ်ာက္ကြယ္သြားခဲ့ေလသည္။

စြမ္းအားႀကီးနတ္ဆိုး : "....."

အယ္.....

တစ္ဖက္တြင္ ေရွာင္က်န့္သတိဝင္ခ်ိန္၌ ႀကီးမားသည့္နန္းေတာ္ႀကီးတစ္ခု၏ အေရွ႕ဘက္သို႔ေရာက္ရွိေနၿပီျဖစ္သည္။ နတ္ဆိုးစစ္သားတစ္ခ်ိဳ႕က ဖုန္မႈန့္ကင္းစင္သည့္အျဖဴေရာင္ဝတ္စုံျဖင့္ပုံရိပ္ေလးတစ္ခုကို ျပင္းျပင္းထန္ထန္တိုက္ခိုက္ေနသည္။ အနီးအနားမွာရွိတဲ့နတ္ဆိုးတစ္ေယာက္ဆီတိုင္းက က်င့္ႀကံေရးေလာကတစ္ခုလုံးကို လက္ေဖ်ာက္တစ္ခ်က္တီး႐ုံႏွင့္ ဖ်က္ဆီးနိုင္ေသာ္လည္းပဲ ဘာေၾကာင့္ရယ္မွန္းမသိ အႏွီးအျဖဴေရာင္ပုံရိပ္ေလးကိုမဖမ္းမိနိုင္ပဲရွိေန၏။

ထိုသူရဲ႕မ်က္ႏွာကိုျမင္ေတြ႕ၿပီးေနာက္တြင္ ေရွာင္က်န့္ဟာလုံးဝအံ့အားသင့္မိသြား၏။ ဘာေၾကာင့္ဆို ၎အျဖဴေရာင္ဝတ္စုံႏွင့္အမ်ိဳးသားငယ္၏ မ်က္ႏွာမွာ သူ႕ရဲ႕အရင္ခႏၶာ၊ တစ္နည္းအားျဖင့္အျမႇီးကိုးေခ်ာင္းေျမေခြး၏ မ်က္ႏွာႏွင့္ အနည္းဆုံး ၇၀% ၈၀% ေလာက္ကို ဆင္တူေန၍ျဖစ္သည္။

မက္မြန္ပြင့္သ႑ာန္ အစိမ္းေရာင္မ်က္လုံး၊ ႏွာတံစင္းစင္းႏွင့္ ႏႈတ္ခမ္းေလးေတြကအစ သူနဲ႕အမႊာေတြကိုထင္မွတ္ရေလာက္ေအာင္အထိ ဆင္တူလြန္းသည္။ သို႔ေသာ္လည္း အျမႇီးကိုးေခ်ာင္းေျမေခြး၏အရိုးထဲထိတိုင္ဆြဲေဆာင္နိုင္စြမ္းႏွင့္ ေသြးေခ်ာင္းစီးေစနိုင္ေလာက္သည္အထိ လွပမႈတို႔ကေတာ့ကင္းမဲ့ေနသည္။ ဒါကအေၾကာင္းျပခ်က္မရွိေသာ္လည္းပဲ ထိုအျဖဴေရာင္ဝတ္အမ်ိဳးသား၏ လွပမႈနဲ႕မ်က္ႏွာမွာသဘာဝအတိုင္းမဟုတ္ပါပဲ တမင္သတ္သတ္ဖန္တီးလုပ္ယူထားသလိုမ်ိဳး အတုအေယာင္ဆန္လြန္းလွသည္။ ထို႔ေၾကာင့္ ၎မ်က္ႏွာတြင္ရွိသင့္ရွိထိုက္သည့္ ဆြဲေဆာင္မႈ ၈၀% က ေလ်ာ့က်သြားခဲ့ေလသည္။

မည္သူမဆို သူ႕အလွကိုေငးေမာသေဘာက်နိဳင္သည္။ သို႔ေသာ္လည္းပဲ တန္ဖိုးထားျမတ္နိုးမႈကေတာ့ ကင္းမဲ့ေန၏။

[ဒင္!....အမည္မသိ၊ ခိုးဝင္လာတဲ့ တရားမဝင္ system တစ္ခုကိုေတြ႕ရွိပါတယ္....]

'ဘာ...'

[Oh shit!!!....host အေရွ႕က အတုအေယာင္မ်က္ႏွာနဲ႕တစ္ေယာက္က တရားမဝင္ system နဲ႕ခ်ိတ္ဆက္ထားတဲ့ host တစ္ေယာက္ပဲဗ်....ကြၽန္ေတာ္တို႔ ဒီလို system တစ္ခုနဲ႕ေတြ႕ဆုံရလိမ့္မယ္လို႔ထင္ေတာင္မထင္ထားဘူးဗ်ာ....]

'တရားမဝင္ system??"

ေရွာင္က်န့္မ်က္ႏွာထက္တြင္ ပေဟဠိအနည္းငယ္ေပၚေပါက္လာေသာ္လည္းပဲ ခ်က္ခ်င္း ထူးဆန္းသည့္အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခုကိုေဖာ္ျပလိုက္သည္။

[ကြၽန္ေတာ္ရွင္းျပပါရေစ host....တရားမဝင္ system ဆိုတာမ်ိဳးက သူတို႔စြမ္းအင္ရဖို႔ ေနာက္ကြယ္ကေန အဓိပ္ပါယ်မရှိတဲ့ဟာတွေကို ခိုင္းေစတဲ့ system အမ်ိဳးအစားေတြကိုဆိုလိုတာပါ....အက်ဥ္းခ်ဳပ္ေျပာရရင္ ကမၻာတစ္ခုလုံးကိုကေမာက္ကမ ျဖစ္ေအာင္ ဖန္တီးတတ္တဲ့ သူေတြေပါ့ဗ်ာ....သူတို႔က host ျဖစ္သူေတြဝင္ဖို႔အတြက္ ေသဆုံးျခင္းမရွိေသးတဲ့ ခႏၶာကိုယ္ထဲက ဝိဥာဥ္ေတြကို အတင္းအၾကပ္ဆြဲထုတ္ယူၿပီးဖ်က္ဆီးတတ္ၾကတယ္.....သူတို႔က စည္းမ်ဥ္းေတြကိုေတာင္ ဂ႐ုစိုက္ၾကတာမဟုတ္ဘူး....ဘာေၾကာင့္ဆို သူတို႔က တရားမဝင္ system ေတြမို႔ေလ...."

'အိုး....'

[အဟမ္း.....ကြၽန္ေတာ္တို႔ system ေတြကေတာ့ ကြဲျပားတယ္ဗ်....ကြၽန္ေတာ္တို႔က host ဝင္တဲ့ခႏၶာကိုယ္ေတြကိုအတင္းအၾကပ္ရယူထားတာမဟုတ္ပဲနဲ႕ အလဲအလွယ္လုပ္ၿပီး သူတို႔ဆႏၵေတြကိုျဖည့္ဆည္းေပးရတာ....ရလဒ္အေနနဲ႕ သူတို႔ဆႏၵေတြကိုျဖည့္ဖို႔အတြက္ ခႏၶာကိုယ္ကို ေပးေခ်ဖိဳ႕လိုအပ္တာေပါ့ဗ်ာ....ဒါေၾကာင့္ host ဝင္သမွ်ခႏၶာကိုယ္တိုင္းက အတင္းအၾကပ္လုယူထားတာမဟုတ္ပဲ သူတို႔ဆႏၵအေလ်ာက္ေပးေခ်ထားတဲ့ကုန္ပစၥည္းတစ္ခုလိုမ်ိဳးပါ....]

'ဆိုလိုတာက သူတို႔ဘက္က ခႏၶာကိုယ္ေပးတယ္၊ ငါတို႔ဘက္က သူတို႔ဆႏၵေတြကိုျဖည့္ဆည္းေပးနိုင္သ၍ သက္တမ္းျပည့္ေနထိုင္နိုင္တယ္လို႔လား'

[ဟုတ္ပါတယ္ host....host ကနားလည္လြယ္သားပဲ....အဟမ္း...ကြၽန္ေတာ္ဆက္ရွင္းျပပါရေစ....ကြၽန္ေတာ္တို႔လို တရားဝင္ system က ကမၻာတစ္ခုဆီတိုင္းမွာရွိတဲ့စည္းမ်ဥ္းေတြနဲ႕ သေဘာတူညီမႈလုပ္ၿပီး အရမ္းဆိုးသြမ္းေနတဲ့ဇာတ္လိုက္ေတြကို ရွင္းျပစ္နိုင္တဲ့အျပင္ ဆႏၵေတြကိုျဖည့္ဆည္းေပးပိုင္ခြင့္ရွိတယ္....ဒါေပမယ့္လုပ္ပိုင္ခြင့္က စည္းမ်ဥ္းေတြရဲ႕ ေဘာင္ကန့္သတ္ခ်က္အတြင္းထဲမွာပဲရွိတယ္.....]

[တရားမဝင္ system က်ေတာ့မတူဘူး....သူတို႔က စည္းမ်ဥ္းေတြအတြက္ ဖယ္ရွားမရတဲ့ ဗိုင္းရပ္ေတြနဲ႕တူတယ္....မ်ားေသာအားျဖင့္ေတာ့ တရားမဝင္ systemတိုင္း ကြၽန္ေတာ္တို႔လို တရားဝင္ စနစ္ေတြကိုေၾကာက္႐ြံ႕ၾကတယ္....ၾကည့္ရတာ ဒီကမၻာက host ေျဖရွင္းၿပီးသားကမၻာျဖစ္တာေၾကာင့္ ေနာက္ထပ္ တရားဝင္ system ေတြထပ္ေရာက္မလာနိုင္ေတာ့ဘူးဆိုၿပီး ဝင္လာတာျဖစ္နိုင္တယ္....သူတို႔ကေတာ့ host နဲ႕ေတြ႕တာ ကံဆိုးမိုးေမွာင္က်တာပဲ..... ကြၽတ္...ကြၽတ္.....]

အုန္းသီးဟာ သနားငဲ့ညွာစြာေခါင္းခါလိုက္သည္။

[ဒင္....တာဝန္တစ္ခုက်ေရာက္လာပါတယ္.....တရားမဝင္ system နဲ႕ ခ်ိတ္ဆက္ထားတဲ့ host ကိုဖ်က္ဆီးျပစ္ပါ.....points - 15000 ]

'တာဝန္အသစ္လား'

[ဟုတ္ပါတယ္ဗ်....ဒါကေကာင္းတာလားဆိုးတာလားေတာ့ကြၽန္ေတာ္မသိေတာ့ဘူး.....တာဝန္က်ေရာက္လာတာေၾကာင့္ကြၽန္ေတာ့္ရဲ႕ host ကို မကူညီရ ကန့္သတ္ခ်က္ကပ်က္ျပယ္သြားပါၿပီ.....]

'ေကာင္းတာေပါ့.....ပထမဆုံး အဲ့ဒီ တရားမဝင္ host ရဲ႕ အခ်က္အလက္ကိုျပေပးလို႔ရမလား'

[ရတာေပါ့ hostရဲ႕......

အမည္ - ခ်ဴက်င္း

မူရင္းအသက္ - ၂၉ႏွစ္

ခ်ိတ္ဆက္ထားသည့္ system - 'big boss ေတြကိုျဖားေယာင္းျခင္း system'......]

'ေနစမ္းပါဦး.....ဘာႀကီး?!'

အုန္းသီး : [systemအမ်ိဳးအစားကိုေျပာတာပါ host]

[ ျဖတ္သန္းခဲ့သည့္ကမၻာ - 6

လက္ရွိကမၻာျပစ္မွတ္ : နတ္ဆိုးဧကရာဇ္ဝမ္ရိေပၚ ]

ေရွာင္က်န့္ : "....."

ေရွာင္က်န့္၏တည္ၿငိမ္ေနသည့္အမူအရာမွာ ခ်က္ခ်င္းအက္ကြဲသြားသည္။ ဒီတစ္ေယာက္ရဲ႕ျပစ္မွတ္က သူ႕ေယာက္်ားေပါ့ေလ။ ဟား.....ဘယ္ေလာက္ေတာင္ရယ္စရာေကာင္းလိုက္သလဲ။

host ျဖစ္သူရဲ႕ခန့္မွန္းရခက္သည့္စိတ္အေျခအေနနဲ႕ ေဒါသကိုသတိထားမိသြားသည့္ အုန္းသီးဟာ ၿငိမ္ၿငိမ္သက္သက္ေလး ေနေန႐ုံသာတတ္နိုင္ေလသည္။

အခုခ်ိန္မွာေရွာင္က်န့္သိခ်င္တာတစ္ခုပဲရွိ၏။ ဒီအတုအေယာင္မ်က္ႏွာက သူ႕မူရင္းေျမေခြးမ်က္ႏွာႏွင့္ အေတာ္ေလးတူသည္။ ဒီေတာ့ ဝမ္ရိေပၚ ဘယ္လိုတုံ႕ျပန္မလဲ။

ျပန္ေျဖရရင္ ဝမ္ရိေပၚ၏မ်က္ႏွာအမူအရာကို မည္သူမွမခန့္မွန္းနိုင္ေပ။ ေမွာင္မိုက္သည့္အရိပ္က သူ႕မ်က္ႏွာတစ္ဝက္ေလာက္ကိုဖုံးကြယ္ထားၿပီး စိတ္ခံစားခ်က္အတတ္အက်ကိဳ မည္သူတစ္ဦးတစ္ေယာက္မွ မခန့္မွန္းနိုင္ပဲရွိေန၏။ အိုး....ခြၽင္းခ်က္တစ္ခုအေနနဲ႕ေရွာင္က်န့္က လြဲရင္ေပါ့။

တစ္ဖက္တြင္ နတ္ဆိုးအုပ္စုရဲ႕ တိုက္ခိုက္မႈကိုအေသအလဲခုခံေနသည့္ အျဖဴေရာင္ဝတ္အလွေလး ခ်ဴက်င္းဟာ နတ္ဆိုးဧကရာဇ္ကို ျမင္ေတြ႕သြားသည္။ နတ္ဆိုးဧကရာဇ္၏ပုံပန္းသ႑ာန္ကိုျမင္ေတြ႕သြားၿပီးသည့္ေနာက္တြင္ပင့္သက္မရွိုက္ပဲမေနနိုင္ခဲ့ပါေခ်။

ဒါက အရမ္းေခ်ာလြန္းသည္။ ရွည္လ်ားက်ဥ္းေျမာင္းတဲ့ဖီးနစ္ကဲ့သို႔ မ်က္လုံးေတြက မည္သူ႕ကိုမဆို ဒူးၫႊတ္က်သြားေစနိုင္သည္အထိ ညွို႔ငင္အားျပင္းထန္လြန္းလွ၏။ ႏွာတံရွည္ရွည္ တင္းတင္းေစ့ထားသည့္ခပ္ရဲရဲႏႈတ္ခမ္းပါးႏွင့္ ထိုသူဟာ သူေတြ႕ဖူးသမွ် မည္သည့္ဇာတ္ေကာင္ႏွင့္မွမတူညီေအာင္ေခ်ာေမာလြန္းသည္။ ဒါကသူေတြ႕ဖူးသမွ် မည္သည့္ျပစ္မွတ္မွမႏွိုင္းယွဥ္နိုင္ဟုေတာင္ေျပာရ၏။ ေခ်ာေမာမႈနဲ႕လွပမႈတို႔ေပါင္းစပ္ထားသည့္ အႏွီးနတ္ဆိုးကို မၾကာခင္အခ်ိန္ေလးမွာပင္ သူပိုင္ဆိုင္ရေတာ့မည္မွန္းစဥ္းစားမိသည့္အခါတြင္ စိတ္လႈပ္ရွားမႈေၾကာင့္သူ႕ခႏၶာကိုယ္ထဲက ဆဲလ္ေတြေတာင္တုန္ခါလာသည္အထိပင္။

လူတိုင္းက နတ္ဆိုးဧကရာဇ္၏အခ်စ္ဇာတ္လမ္းအေၾကာင္းသိၾကသည္။ နတ္ဆိုးႀကီးဟာ နတ္ဘုရားသားရဲတစ္ေကာင္နဲ႕ခ်စ္ႀကိဳက္မိၿပီးေနာက္ က်င့္ႀကံသူေတြလက္ခ်က္ျဖင့္ ေသဆုံးသြားခဲ့တဲ့အႏွီး နတ္ဘုရားသားရဲကို ျပန္လည္အသက္သြင္းနိုင္ဖို႔ရန္ ႀကိဳးစားေနသည္ဟူ၍။ သို႔ေပမယ့္ နတ္ဘုရားသားရဲကိုမ်က္ျမင္ကိုယ္ေတြ႕ႀကဳံခဲ့ဖူးသည့္စြမ္းအားႀကီးက်င့္ႀကံသူတိုင္းဟာ ဝိဥာဥ္ေတာင္မခ်န္ ဖ်က္ဆီးခံလိုက္ရသည္။ ထို႔ေၾကာင့္မည္သူတစ္ဦးတစ္ေယာက္ကမွ ထိုနတ္ဘုရားသားရဲအမ်ိဳးအစားမွာ ေျမေခြးျဖစ္သည္ဟူေသာ လကၡဏာရပ္မွလြဲ၍ အထီးလား၊အမလားဆိုတာကိုေတာင္ သဲသဲကြဲကြဲမသိၾကေခ်။

ထို႔ေၾကာင့္ နတ္ဆိုးဧကရာဇ္ဆီက အခ်စ္ခံအယုယခံခ်င္ၾကသည့္ မိန္းကေလးမ်ားစြာဟာ သူတို႔ကိုယ္သူတို႔ နတ္ဘုရားသားရဲေျမေခြးဝင္စားပါသည္ဟုဆိုကာ ေရာက္လာၾကသည္မွာမနည္းေပ။ သူတို႔အားလုံးရက္ရက္စက္စက္အသတ္ခံလိုက္ရတာကတစ္ေၾကာင္းဆိုေပမယ့္လည္းေပါ့။ ေယာက္်ားေလးတစ္ခ်ိဳ႕လည္းေရာက္လာၾကေပမယ့္လည္း နတ္ဘုရားသားရဲ၏ ႐ုပ္ရည္ကိုအတိအက်မသိရတာေၾကာင့္အကုန္လုံး ပရမ္းပတာျဖင့္ဝိဥာဥ္ဖ်က္ဆီးခံရတာႏွင့္တင္အဆုံးသတ္သြားေလသည္။

ဒါေပမယ့္ သူကေတာ့ကြဲျပားသည္။ system အကူအညီေၾကာင့္ နတ္ဘုရားသားရဲ၏ လိင္အမ်ိဳးအစားမွာ ေယာက္်ားေလးတစ္ေယာက္ျဖစ္ၿပီး တိတိက်က်ေျပာရရင္ အျမႇီးကိုးေခ်ာင္းေျမေခြးျဖဴတစ္ေကာင္ပင္။ system ေၾကာင့္ပင္ နတ္ဆိုးႀကီးနဲ႕ နတ္ဘုရားသားရဲ၏စတင္ေတြ႕ဆုံပုံကအစ အေသးစိတ္ကိစၥေလးေတြကေန အဆုံးသတ္အထိ အရာအားလုံးသိရွိထားသည္။

သူ႕မွာ အျမႇီးကိုးေခ်ာင္းေျမေခြးနဲ႕ အတတ္နိုင္ဆုံးတူညီသည့္မ်က္ႏွာရဖို႔ရန္အတြက္ points တစ္ဝက္ေလာက္ကိုသုံးလိုက္ရသည္။ ထိုအခိုက္အတန့္တုန္းက ရင္နာခဲ့ရသမွ် နတ္ဆိုးဧကရာဇ္နဲ႕ ေတြ႕ဆုံၿပီးေနာက္တြင္ အရာအားလုံးထိုက္တန္ေၾကာင္းခံစားမိလိုက္ရသည္။ ဘာေၾကာင့္ဆို နတ္ဆိုးႀကီးက နတ္ဘုရားသားရဲကိုဘယ္ေလာက္ေတာင္အလိုလိုက္အႀကိဳက္ေဆာင္ခဲ့လဲ ဆိုတာ သူတိတိက်က်သိထားတာေၾကာင့္ပင္။ ဒီလိုလူမ်ိဳးက တစ္စုံတစ္ေယာက္ကိုသာခ်စ္မိရင္ သူ႕အသက္ကိုေပးရဖို႔ေတာင္ တစ္စက္ေလးမွတြန့္ဆုတ္မွာမဟုတ္ေပ။ ခ်စ္ရသူကိုသာပိုင္ဆိုင္ရဖို႔ဆိုရင္ တစ္ေလာကလုံးကိုဖ်က္ဆီးျပစ္ဖို႔ကိုေတာင္ တုံ႕ဆိုင္းမွာမဟုတ္တဲ့လူမ်ိဳး။

ဒီလိုလူမ်ိဳးကိုပိုင္ဆိုင္ရဖို႔က လူတိုင္း၏မသိစိတ္ထဲကအိပ္မက္လို႔ေတာင္ေျပာရသည္။ မည္သူကေရာ ကိုယ္အတြက္ဘာမဆိုလုပ္ရဲတဲ့သူမ်ိဳးကို မလိုခ်င္ပဲေနမွာတဲ့လဲ။ ကိုယ္ေကာင္းေကာင္းဆိုးဆိုး အရာအားလုံးကိုအလြယ္တကူလက္ခံၿပီး ေနာက္ကြယ္ကေနကူညီေထာက္ပံ့ေပးမယ့္လူမ်ိဳးကိုေလ။

ခ်ဴက်င္းရဲ႕ system ကသတိေပးသည္။

[သတိထားပါ host....ဒီကမၻာရဲ႕ျပစ္မွတ္ကအရမ္းထူးဆန္းတယ္.....]

'ကိစၥမရွိဘူး.....ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းသြားတာေပါ့....'

ဒီမ်က္ႏွာနဲ႕ ဘယ္သူကမ်ား သူ႕ကိုျငင္းဆန္နိုင္မွာလဲ။ အထူးသျဖင့္ မင္းရဲ႕အခ်စ္ဦးနဲ႕အနီးစပ္ဆုံး တူညီတဲ့သူကိုေလ။ သူလုပ္ဖို႔လိုအပ္တာက နတ္ဘုရားသားရဲျပန္လည္ဝင္စားသလိုမ်ိဳး ဟန္ေဆာင္ျပလိုက္႐ုံပဲမဟုတ္လား။ အစစ္အမွန္ အျမႇီးကိုးေခ်ာင္းေျမေခြးျပန္ေပၚလာမွာေတာ့ သူစိတ္မပူပါေခ်။

ဘာေၾကာင့္ဆို တကယ္သာျပန္ေပၚလာဖို႔အစီအစဥ္ရွိခဲ့ရင္ ဒီေလာက္ႏွစ္ေတြအၾကာႀကီးၿငိမ္သက္ေနမွာလဲ။ system ရဲ႕စစ္ေဆးခ်က္အရ အျမႇီးကိုးေခ်ာင္းေျမေခြးရဲ႕ဝိဥာဥ္ကလုံးဝပ်က္စီးၿပီးေပ်ာက္ကြယ္သြားၿပီ ျဖစ္သည္။ ျပန္ရွင္လာဖို႔မျဖစ္နိုင္ေတာ့ေပ။ တကယ္လို႔ျပန္ေပၚလာရင္ေတာင္မွ အဲ့ဒီအခ်ိန္ေရာက္ရင္ ဒီဆြဲေဆာင္မႈရွိလွတဲ့နတ္ဆိုးႀကီးက သူမွသူစြဲလမ္းေနမွာ ေသခ်ာေပါက္ေျပာရဲသည္။

ခ်ဴက်င္းက ဝမ္ရိေပၚကို အခုမွေတြ႕လိုက္သလိုမ်ိဳးဟန္ေဆာင္လိုက္၏။ ၿပီးေနာက္ သူ႕မ်က္လုံးလွလွေလးေတြမွာျပဴးက်ယ္ဝိုင္းစက္သြားရင္း တစ္စုံတစ္ခုကို မွတ္မိသြားသကဲ့သို႔ သူ႕ေခါင္းကိုနာနာက်င္က်င္ဆုပ္ကိုင္လိုက္သည္။

"အာ့....."

ဟန္ေဆာင္မႈက သူ႕ရဲ႕ခုခံကာကြယ္မႈအားလုံးကိုဖယ္ရွားလိုက္သည္ႏွင့္ တူညီသြားၿပီး စြမ္းအားႀကီးနတ္ဆိုးေတြရဲ႕ တိုက္ခိုက္မႈအလုံးစုံဟာ သူ႕ဆီက်ေရာက္လာသည္။ ဒါေပမယ့္ သူကေတာ့ မစိုးရိမ္ေပ။ ဘာေၾကာင့္ဆို မည္သူမဆို ကိုယ့္ အခ်စ္ဦးနဲ႕တူတဲ့သူကို နာက်င္မႈေတြၾကားထဲ ရွိေနတာၾကည့္ရက္မွာမဟုတ္ဘူးေလ။ မဟုတ္ရင္ေတာင္ သူ႕ရဲ႕အျပဳအမူက နတ္ဆိုးဧကရာဇ္ကိုေမွ်ာ္လင့္ခ်က္တစ္ခ်ိဳ႕ေတာက္ပ လာေစနိုင္သည္။ သူက သူ႕ကိုအေသခံမွာမဟုတ္ပဲ ေသခ်ာေပါက္ကယ္တင္လိမ့္မည္။

သို႔ေပမယ့္လည္း.....နတ္ဆိုးႀကီးက လႈပ္ရွားမည့္ဟန္မရွိေသးေပ။ သူ႕မ်က္ႏွာအမူအရာက ခန့္မွန္း၍မရပဲ ခ်ဴက်င္းရဲ႕ေသျခင္းရွင္ျခင္းကို ေသာက္ဂ႐ုမစိုက္သည့္ပုံပင္။

ခ်ဴက်င္း : "....."

တရားမဝင္ system : [.....]

[host ေျပာေတာ့ ေသခ်ာေပါက္လာကယ္မွာပါဆို....]

'ပိတ္ထား!!!'

ေနာက္ဆုံး မတတ္သာစြာျဖင့္ ခ်ဴက်င္းဟာ အသက္ကယ္အေဆာင္တစ္ခုကိုသုံး၍ အတိုက္ခိုက္ခံရသည့္ေနရာမွ ခပ္ေဝးေဝးသို႔ေနရာေ႐ႊ႕ေျပာင္းလိုက္သည္။ ဒါေပမယ့္ ခ်ဴက်င္း၏ခႏၶာကိုယ္တစ္ခုလုံးမွာ ေလေပၚသို႔ခပ္ျမင့္ျမင့္ျမႇောက္တင္ခံလိုက္ရသည္။

သူ႕လည္ပင္းကို ထူးဆန္းသည့္ျမဴနက္ ေတြကရစ္ပတ္ထားၿပီး သူ႕အေရွ႕တည့္တည့္တြင္ဘယ္အခ်ိန္တည္းကေရာက္ေနမွန္းမသိသည့္ နတ္ဆိုးဧကရာဇ္ႀကီးရွိေန၏။ ဝမ္ရိေပၚ မ်က္လုံးေတြမွာ ေၾကာက္မက္ဖြယ္ေကာင္းစြာေသြးနီေရာင္သမ္းေနၿပီး စိတ္လြတ္လုဆဲဆဲအေျခအေနကိုေဖာ္ျပေနသည္။

"အတုအေယာင္ေတြ!!!!...."

ဝမ္ရိေပၚ ခႏၶာကိုယ္ထဲကေန အရာအားလုံးကိုစိစိညက္ညက္ေၾကေအာင္ဖိခ်နိဳင္သည့္ဖိအားတစ္ခုေပါက္ကြဲထြက္လာသည္။ ထိုဖိအားက နန္းေတာ္တစ္ခုလုံးက သက္ရွိသက္မဲ့အရာတိုင္းကိုေျမျပင္ထက္ဝပ္တြားပိကပ္သြားေစခဲ့သည္။ သူတို႔ခႏၶာကိုယ္ေပၚသို႔ မျမင္နိုင္သည့္အေလးတုံးႀကီးတစ္ခုပိေနသလိုမ်ိဳး လႈပ္ရွားမရေတာ့ေပ။

ခ်ဴက်င္း လည္ပင္းမွာရွိတဲ့ ညွစ္အားမွာပိုမိုျပင္းထန္လာသည္။ ခ်ဴက်င္းမွာမ်က္ျဖဴလန္မတတ္ပင္။ သူတျဖည္းျဖည္းနဲ႕ေၾကာက္လန့္လာသည္။ ဒါက သူ႕ကိုလက္မခံနိုင္႐ုံမဟုတ္ပဲ အျမစ္ျဖတ္သတ္ျဖတ္လိုခ်င္စိတ္ရွိေနေၾကာင္းခံစားမိသည္။ နတ္ဆိုးႀကီးက သူ႕ကိုဝိဥာဥ္ပါမခ်န္ တစ္စစီ ေခ်မြျပစ္ခ်င္ေနသည္။

"မ..မဟုတ္....ရိ ေပၚ....ငါ.ငါေလ....ငါ ေရွာင္က်န့္ ပါ...."

"မင္း ေသာက္ပါးစပ္ကိုပိတ္ထား!!!....သူ႕နာမည္ကို ေခၚပိုင္ခြင့္မရွိဘူး!!!!...."

ဝမ္ရိေပၚ ခႏၶာကိုယ္ထဲက ဖိအားမွာပိုမိုျပင္းထန္လာသည္။ နတ္ဆိုးေတြတိုင္း၏ခႏၶာကိုယ္မွာေျမျပင္ထက္သို႔ျပားကပ္ေနေအာင္အဖိခံလိုက္ရၿပီး ခ်ဴက်င္း၏ကိုယ္ထဲကေန အရိုးက်ိဳးေၾကသံတစ္ဂြၽတ္ဂြၽတ္ကိုအတိုင္းသားၾကားေနရေလသည္။ ျမဴခိုးနက္ေတြသည္ နက္ေ႐ႊေရာင္မီးေတာက္အျဖစ္ ဝုန္းကနဲ ထေတာက္ေလာက္လာၿပီး ခ်ဴက်င္းရဲ႕အေရျပားတစ္ခ်ိဳ႕ကိုတစ္လက္မခ်င္းဆီ ေဆြးေဆြးေျမ့ေျမ့ခံစားရေအာင္ တိုက္စားသည္။ ေလထုထဲတြင္ အသားေညွာ္နံ႕တစ္ခုပ်ံ့လြင့္လာ၏။

"အားးးးးးးးးး"

စူးရွက်ယ္ေလာင္သည့္ အသံနက္ႀကီးက နတ္ဆိုးနန္းေတာ္တစ္ခုလုံးကိုဖုံးလႊမ္းသြားသည္။

ဝမ္ရိေပၚက လုံးလုံးအသိစိတ္လြတ္ထြက္သြားသည္။ သူ႕ ေျမေခြးေလးပုံစံကိုဟန္ေဆာင္ရဲတယ္။ ဘယ္ေလာက္ေတာင္ရဲတင္းလိုက္တဲ့အျပဳအမူလဲ။ ဒီတစ္ေခါက္သူ႕ကိုအသိစိတ္လြတ္သြားေစသည့္အဓိက အျပဳအမူမွာ ေျမေခြးေလးရဲ႕နာမည္ကိုအလြဲသုံးစားလုပ္ဖို႔ေျပာထြက္လာတာေၾကာင့္ပင္။ ဒီပုတ္ပြေနတဲ့ပါးစပ္ကေန သူ႕ေျမေခြးေလးရဲ႕နာမည္ကိုေျပာထြက္လာတယ္။ သူဘယ္လိုလုပ္စိတ္မလြတ္ပဲေနနိုင္မွာတဲ့လဲ။

"ရိ ေပၚ "

တိုးညွင္းလွတဲ့အသံေသးေသးေလးတစ္ခုက ဝမ္ရိေပၚနားထဲသို႔ ခပ္တိုးတိုး ေရာက္ရွိလာ၏။ ၎၏အသက္ရႈႏႈန္းမွာ ေပ်ာက္ကြယ္လုမတတ္အားနည္းေနၿပီး မၾကာခင္မွာပင္ ဒီေလာက ထဲက ေဖ်ာက္ဖ်က္ျခင္းခံရေတာ့မည့္ျဖစ္တည္မႈေလးတစ္ခုလိုပင္။

ဝမ္ရိေပၚ၏ မ်က္ႏွာမွာအႀကီးအက်ယ္ပ်က္ယြင္းသြားၿပီး ခ်ဴက်င္းကိုထိုေနရာမွာပင္ျပစ္ခ်ခဲ့ကာ ျဖတ္ကနဲေပ်ာက္ကြယ္သြားသည္။ ခ်ဴက်င္း၏ခႏၶာကိုယ္မွာ လူေသေကာင္လိုမ်ိဳးေျမႀကီးေပၚတြင္ဆန့္ဆန့္ႀကီးလဲက်ေနၿပီး သူ႕ခႏၶာကိုယ္တစ္ဝက္ေလာက္က ျမင္မေကာင္းေအာင္ မီးေလာင္ရာေတြျဖင့္ျပည့္ႏွက္ေနေလသည္။

သူ႕ရဲ႕ ျပဴးက်ယ္ေနသည့္မ်က္လုံးေတြေအာက္တြင္ မူလက သတ္ျဖတ္ခ်င္စိတ္အျပည့္ျဖင့္ နတ္ဆိုးႀကီးဟာ အားနည္းစြာေပ်ာ့ေခြေနသည့္ သာမန္လူတစ္ေယာက္ကိုစိုးရိမ္တႀကီး ေပြ႕ဖက္လိုက္ေၾကာင္းထင္ထင္ရွားရွားျမင္ေတြ႕လိုက္ရသည္။

ဝမ္ရိေပၚ လက္ေတြမွာတုန္ရီေနသည္။ သူထုတ္လႊတ္လိုက္တဲ့ဖိအားက ျပင္းထန္လြန္းတာေၾကာင့္ စြမ္းအားႀကီးနတ္ဆိုးေတြေတာင္ေခါင္းမေထာင္နိုင္သည္အထိ ခံစားခဲ့ရသည္။ ဒီအားနည္းလြန္းသည့္သာမန္လူသားေလးဆိုရင္ မည္မွ်ခံစားခဲ့ရမည္ကိုေျပာစရာမလိုေတာ့ေပ။

[ဝူး...ဝူး.....အဲ့ဒါ အရမ္းနာတယ္မဟုတ္လားဟင္.....႐ႊတ္....]

'အဆင္ေျပပါတယ္....'

ဝမ္ရိေပၚရဲ႕ဖိအားက ျပင္းထန္သည္။ ဘယ္ေလာက္ေတာင္လဲဆိုရင္ သာမန္လူတစ္ေယာက္သာ ထိုဖိအားနဲ႕ထိေတြ႕မိရင္ ေသြးမႈန္အျဖစ္သို႔ေပါက္ကြဲထြက္သြားနိုင္၏။ အကယ္၍ ဝမ္ရိေပၚက သူ႕ခႏၶာကိုယ္ကိုႏွစ္ႀကိမ္တိတိကုသမႈ ျပဳလုပ္ေပးခဲ့ၿပီး အကြၽင္းအက်န္စြမ္းအားတစ္ခ်ိဳ႕ ကိုယ္ထဲမက်န္ရစ္ခဲ့ပါက ဒီေလာက္ထိေတာင့္ခံနိုင္ဖို႔ရန္မွာ လုံးဝမျဖစ္နိုင္တာေသခ်ာသည္။

ဒါေတာင္ သူ႕ရဲ႕ညာဘက္လက္ေမာင္းမွာ ဖိအားေၾကာင့္အနည္းငယ္ အက္ကြဲကာ ေသြးေတြစီးက်ေနေလသည္။ တကယ္လို႔ ဝမ္ရိေပၚသာ ဖိအားကိုအခ်ိန္မွီမရပ္တန့္လိုက္ဘူးဆိုရင္ သူတကယ္ ေသြးမႈန္အျဖစ္ေျပာင္းလဲသြားလိမ့္မယ္။

"ကိုယ္....ကိုယ္ ေတာင္းပန္ပါတယ္.....ကိုယ္....."

ဝမ္ရိေပၚ၏ မ်က္လုံးေထာင့္နားတြင္ ဝမ္းနည္းစို႔နင့္မႈေၾကာင့္ ခပ္ေဖ်ာ့ေဖ်ာ့ေလးနီရဲေနၿပီး မ်က္လုံးထဲကေန အသည္းခိုက္မတတ္နာက်င္မႈကိုအထင္းသားျမင္ေနရသည္။ ဒီျမင္ကြင္းက ကိုယ့္ခ်စ္သူကို ကိုယ္လက္နဲ႕ျပန္သတ္လိုက္မိသလိုမ်ိဳးခံစားသြားရေစသည္။ ေရွာင္က်န့္၏ေဖ်ာ့ေတာ့ သည့္မ်က္ႏွာေလးက သူ႕ရင္တစ္ခုလုံးကိုရက္ရက္စက္စက္ေမႊႏွောက္သြားသည္ႏွင့္တူ၏။

ဝမ္ရိေပၚ၏မ်က္လုံးအိမ္အတြင္ကေန မ်က္ရည္ဥႀကီးတစ္လုံးၿပီးတစ္လုံးျဖစ္တည္လာသည္။ သူ႕ကိုယ္သူငိုလို႔ငိုမိေနမွန္းေတာင္သတိမထားမိနိုင္သည္အထိ ေရွာင္က်န့္ လက္ေမာင္းအက္ကြဲရာေတြကိုကုသေပးသည္။

ေလာေလာလတ္လတ္ ဖိအားေပးခံရသည့္အေျခအေနမွလြတ္ေျမာက္ထားသည့္ နတ္ဆိုးအုပ္စုႀကီးဟာ နတ္ဆိုးဧကရာဇ္ႀကီး၏ ဘူးသီးလုံးေလာက္ ႀကီးမားေသာမ်က္ရည္ေတြႏွင့္ထိပ္တိုက္ရင္ဆိုင္လိုက္ရေသာအခါတြင္.....

နတ္ဆိုးအုပ္ႀကီး : "....."

ဟ....ဟ....။

အဆင့္ျမင့္နတ္ဆိုး : "ငါေကာင္းကင္ဘုံေရာက္သြားတာျဖစ္ရမယ္...."

နတ္ဆိုးမ်ား : "....."

ေရွာင္က်န့္ ဒဏ္ရာေတြအားလုံးအမာ႐ြတ္ေတာင္မက်န္ေပ်ာက္ကြယ္သြားေသာ္လည္းပဲ ဝမ္ရိေပၚကေက်နပ္ဟန္မရေသးေပ။ တုံ႕ဆိုင္းမႈတစ္စက္ေလးေတာင္မရွိပဲ သူ႕ဘယ္ဘက္ရင္ဘတ္ထဲသို႔ လက္တစ္ဖက္လုံးေဖာက္ဝင္သြားေစလိုက္သည္။ ေရွာင္က်န့္အပါအဝင္ နတ္ဆိုးအုပ္စုႀကီးတစ္ခုလုံး မ်က္လုံးေတြျပဴးက်ယ္ဝိုင္းစက္ကုန္၏။

"ခင္ဗ်ား...."

ဘာေတြလုပ္ေနတာလဲ။

ဝမ္ရိေပၚ မ်က္ႏွာကမေျပာင္းလဲေပ။ သူ႕လက္ကိုျပန္ဆြဲထုတ္လိုက္သည့္အခါတြင္ လက္ဖဝါးထက္၌ ေ႐ႊအိုေရာင္ေသြးစက္ ႏွစ္ဆယ္ေက်ာ္ေလာက္ပါရွိလာသည္။ ရင္ဘက္က ေဟာင္းေလာင္းေပါက္ဒဏ္ရာမွာျပန္လည္ေကာင္းမြန္သြားေသာ္လည္းပဲ ဝမ္ရိေပၚ၏မ်က္ႏွာမွာသိသိသာသာျဖဴေဖ်ာ့သြားသည္။

သူ႕လက္ဖဝါးထက္ကေသြးစက္ တစ္စက္ခ်င္းဆီတိုင္းမွာ ထိတ္လန့္တုန္လႈပ္စရာအဖ်က္အစီးစြမ္းအင္ေတြတည္ရွိေနသည္။ ေျပာစရာမလိုေအာင္ပင္ ၎ေ႐ႊအိုေရာင္ေသြးစက္ေတြက ဝမ္ရိေပၚရဲ႕ႏွလုံးေသြးအဆီအႏွစ္ေတြပင္။

နတ္ဆိုးေတြမွာေျပာမျပတတ္နိုင္ေလာက္ေအာင္တုန္လႈပ္သြားခဲ့ၾကသည္။ နတ္ဆိုးဧကရာဇ္ရဲ႕ေသြးတစ္စက္က တန္ဖိုးျဖတ္မရေအာင္ စြမ္းအားႀကီးမားၿပီး တန္ဖိုးရွိသည္။ မည္သည့္စြမ္းအားႀကီးက်င့္ႀကံသူမဆို ရိုးရိုးေသြးစက္တစ္ခုနဲ႕တင္ အႏွိုင္းမဲ့စြမ္းအားကိုရရွိနိုင္ေစသည္။ အခုလိုႏွလုံးေသြးအဆီအႏွစ္ တန္ဖိုးကိုေတာ့ မည္သူမွမတြက္ခ်က္နိုင္ေပ။ ဒါကစြမ္းအားႀကီးတဲ့နတ္ဆိုး ဧကရာဇ္ႀကီးကိုေတာင္ ျဖဴေဖ်ာ့သြားေစမွေတာ့ ပုံမွန္မဟုတ္ေၾကာင္းရွင္းျပစရာမလိုေတာ့ေခ်။

လူတိုင္းရဲ႕ျပဴးက်ယ္ထိတ္လန့္ေနတဲ့မ်က္လုံးေတြေအာက္တြင္ ႏွလုံးေသြးအဆီအႏွစ္ ႏွစ္ဆယ္ေက်ာ္က ေရွာင္က်န့္ခႏၶာကိုယ္အတြင္း ဝင္ေရာက္သြားၾကသည္။ ပိုင္ရွင္ျဖစ္သူဆီက ခြင့္ျပဳခ်က္နဲ႕အတူ ႏွလုံးေသြးအဆီအႏွစ္ ႏွစ္ဆယ္ေက်ာ္ဟာ ေရွာင္က်န့္ခႏၶာကိုယ္ထဲတြင္ ႏူးႏူးညံ့ညံ့လႈပ္ရွားေနရင္း ေျဖးညင္းစြာသန့္စင္ေပးသည္။

၎ကႏူးညံ့လြန္းတာေၾကာင့္ ေရွာင္က်န့္မ်က္လုံးေတြမွာ ထိန္းခ်ဳပ္မရေအာင္ ေမွးစင္းလာၿပီး ဝမ္ရိေပၚလက္ေမာင္းအတြင္းမွာပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည္။

ဝမ္ရိေပၚက ေရွာင္က်န့္ကိုနိုးသြားမွာစိုးရိမ္ေနသလိုမ်ိဳး ခပ္ဖြဖြေပြ႕ခ်ီလိုက္သည္။ ထိုအခိုက္အတန့္တြင္ သူလႊတ္ထားသည့္အေယာင္ေဆာင္ လူကိုသတိရသြားသည့္အခါတြင္ ထိုလူက ေပ်ာက္ကြယ္သြားၿပီျဖစ္သည္။ ၾကည့္ရတာ ေနရာကူးေျပာင္းျခင္းအေဆာင္ႏွင့္ထြက္ေျပးသြားတာျဖစ္ပုံရသည္။

ဒါေပမယ့္ကိစၥမရွိဘူး။ ပု႐ြက္ဆိတ္ေလးတစ္ေကာင္ပဲေလ။ သူအလိုရွိသ၍ အလြယ္တကူ ျဖစ္ညွစ္သတ္လိုက္လို႔ရတယ္။

ဝမ္ရိေပၚသည္ အရာအားလုံးကိုလ်စ္လ်ဴရႈ႕ရင္း ေရွာင္က်န့္ကိုအတတ္နိုင္ဆုံး ႏူးႏူးညံ့ညံ့ေပြ႕ခ်ီလ်က္သားျဖင့္ နတ္ဆိုးနန္းေတာ္အတြင္းသို႔ဝင္ေရာက္သြားခဲ့သည္။

_________________________________________________________

Continue Reading

You'll Also Like

49.2K 4.1K 94
❄ဆောင်းရာသီရဲ့ နှင်းမှုန်များကို ကြည့်ရင်း သူ့ကို လွမ်းမိတယ် တကယ်တော့ အသက်ရှူတိုင်း လွမ်းမိတာမို့ နှင်းကြောင့် လွမ်းတယ်ဆိုတာ အကြောင်းပြခ...
4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...