system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.19) [Return]

4.2K 551 45
By TeeKo0

Unicode

ရှောင်ကျန့်ဟာ တတ်ကြွသည့်ခြေလှမ်းတွေဖြင့် ရွာရှိရာသို့ပြေးသွားသည်။ ဒီငွေတွေနဲ့ဆိုရင် အမေကြီးကို ကောင်းကောင်းမွန်မွန် ထားနိုင်ပြီး အားဘင်ကိုကျေးဇူးဆပ်နိုင်ပေလိမ့်မည်။

ဒီလိုသာဆိုရင် အားဘင်အကူအညီနဲ့ အမေကြီးကိုစောင့်ရှောက်ထားနိုင်ပြီး ဝမ်ရိပေါ်အနောက်သို့လိုက်ရာတွင် နောက်ဆံတင်းစရာတစ်စုံတစ်ရာရှိတော့မည်မဟုတ်ပေ။ သူ့ရဲ့ရည်မှန်းချက်မှာအတော်လေး သင့်တော်လှကာ ဒီခန္ဓာကိုယ်ရဲ့လူသက်တမ်းမပြီးဆုံးခင်အချိန်လေး ဝမ်ရိပေါ်နဲ့သာနေသွားချင်သည်။

ဟီး...ဟီး....

သို့ပေမယ့် ရှောင်ကျန့် ရွာအပြင်ဘက်သို့ရောက်သည်နှင့်ကောင်းကင်ထက်တွင် ပျံဝဲနေသည့်အမဲရောင်အရိပ်တွေအများအပြားကိုမြင်တွေ့လိုက်ရသည်။ ထိုအရာတွေကိုကြည့်ရတာ တစ္ဆေတွေဖြစ်ပုံရသည်။

သူ့ရင်ထဲ ဆိုးဆိုးဝါးဝါးခံစားချက်တစ်ခုဖြစ်တည်လာသည်။  ရွာထဲသို့တရောသောပါးပြေးဝင်သွားပြီးသည့်နောက်တွင် တစ်ရွာလုံးကမ္ဘာပျက်သလိုမျိုးအဖြစ်အပျက်တွေဟာ သူ့မျက်လုံးထဲဝင်ရောက်လာ၏။

နေရာအနှံ့ပူပြင်းတောက်လောင်သည့်တစ္ဆေမီးတောက်တွေဖြင့်ဖုံးလွှမ်းနေပြီး ရွာသားတွေရဲ့သွေးစီးကြောင်းအပြည့်ဖြင့်အလောင်းပုံကြီးဟာ ရွာလည်ခေါင်မှာထင်ထင်ရှားရှားတည်ရှိနေသည်။ အကောင်အထည်ဖော်မရသည့် ရုပ်ဆိုးဆိုးတစ္ဆေတွေက ကမ္ဘာပျက်မတတ်ပြေးလွှားနေကြသည့်ရွာသားတွေကိုစနောက် ကျီစယ်နေကြပြီး သွေးသံရဲရဲဖြင့်သေဆုံးရသည့်အခြေအနေမျိုး ဆိုက်ရောက်သွားစေခဲ့သည်။ ပြီးနောက် သာမန်လူတွေ၏ ဝိဥာဥ်မှာ တစ္ဆေအုပ်စုရဲ့ ဝါးမျိုစားသောက်ခြင်းကိုခံလိုက်ရသည်။

ရှောင်ကျန့်မျက်နှာမှာ ဖြူဖျော့သွားသည်။ အဆင့်နိမ့်တစ္ဆေတစ်ကောင်က သူ့အနားတိုးကပ်လာသည့်အခါတွင် ရှောင်ကျန့်ရဲ့ ဒေါသအပြည့်ဖြင့်မျက်လုံးတွေနဲ့ကြုံတွေ့သွားသည်။

သူကဒီကမ္ဘာမှာသာမန်လူသားတစ်ယောက်ဆိုတာမှန်သည်။ ဒါပေမယ့် အုန်းသီးဆီက ကူးယူထားသည့်ပညာရပ်တွေအားလုံးဟာအလကား ပျောက်ကွယ်မသွားသေးပါချေ။ သူ့မှာ တစ္ဆေနဲ့မကောင်းဆိုးဝါးတွေကို အေးအေးဆေးဆေးနှိမ်နင်း ချုပ်ကိုင်နိုင်သည့် တောက်ပညာရပ်ကိုတတ်မြောက်ထားသေးသည်။

ထိုပညာကိုထုတ်သုံးဖို့ အကူပစ္စည်းတစ်ခုမှမရှိရင်တောင် အဆင်ပြေပါသေးသည်။

အဆင့်နိမ့်တစ္ဆေဟာ ဂုတ်ကနေဖမ်းဆီးခံလိုက်ရပြီး မြေပြင်ထက်သို့အရှိန်ပြင်းပြင်းဖြင့်ကိုင်ပေါက်ခံလိုက်ရသည်။

တစ္ဆေ : "....."

လူမှားရွေးမိသွားသည့် သနားစရာတစ္ဆေဟာ ဝိဥာဥ်တစ်ခုလုံးတစ်စစီခြေမွ ခံလိုက်ရ၏။ ရှောင်ကျန့် အိမ်ရှိရာဆီသို့အပြေးအလွှားသွားသည်။ သူအလိုရှိရာသို့ရောက်သည့်အခါတွင် အိမ်တစ်ခုလုံးကပြိုကျပျက်စီးနေပြီး ဘေးနားတွင် အမေကြီးနဲ့အားဘင်ရဲ့အသက်မဲ့နေသည့်အလောင်းက သူ့ကိုဆီးကြိုသည်။

ရှောင်ကျန့်ဟာ ကြက်သေသေသည့်မျက်လုံးတွေဖြင့် ကြောင်တောင်တောင်ရပ်ကြည့်နေမိသည်။ ဒီလူနှစ်ယောက်နဲ့အရမ်းကြီး ရင်းနှီးခဲ့ခြင်းမရှိသော်လည်းပဲ သူရခဲ့သည့်မှတ်ဥာဏ်တွေကအတုအယောင်တစ်ခုမှမပါပေ။

ခုနလေးတင် သူတို့နှစ်ယောက်ကိုကောင်းကောင်းမွန်မွန် ထားနိုင်ပြီလို့ထင်ခဲ့မိတာ။

ရှောင်ကျန့် ပါးပြင်ထက်သို့ မျက်ရည်တစ်ချို့လိမ့်ကျလာသည်။ သူ တကယ်အသုံးမကျတာပဲ။

သူ့နှလုံးသား စူးကနဲနာကျင်သွားတာကိုခံစားမိသည်။ သူ့ရဲ့အပြစ်ရှိစိတ်ကြီးကြီးမားမားနဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်ခံစားချက်တွေမှာ ပေါင်းစည်းသွားခဲ့သည်။ တုန်ရီသည့်ခြေလှမ်းတွေဖြင့် အမေကြီးနဲ့အားဘင်တို့နှစ်ယောက်နားလျှောက်လာသည်။ သူတို့နှစ်ယောက်နဲ့မကြာသေးခင်ကမှ စကားပြောဖြစ်ခဲ့သေးသည်။

ရှောင်ကျန့်အနား ပြေးဝင်လာသည့်တစ္ဆေတစ်ချို့ဟာ တစ်စစီဖျက်စီးခံလိုက်ရသည်။ နောက်ဆုံး အမေကြီးကို ခပ်တင်းတင်းပွေ့ဖက်လိုက်ရင်း အားဘင်ကိုမျက်ရည်တွေကြားထဲကနေစိုက်ကြည့်လိုက်မိ၏။

သူဘယ်လောက်တောင်အသုံးမကျလိုက်လဲ။ ဒီလူနှစ်ယောက်ကို မကာကွယ်ပေးနိုင်ခဲ့ဘူး။ တစ်ရှုံ့ရှုံ့ငိုသံတွေကြားထဲတွင် သွေးစီးကြောင်းတွေဟာ နီရဲနေသည်။

"အိုး....လူသားတစ်ယောက်ပါလား"

ကြက်သီးထဖွယ်အေးတိအေးစက်အသံကြီးနဲ့အတူ ထူးဆန်းသည့် တစ္ဆေတစ်ကောင်က ရှောင်ကျန့်နားပေါ်ပေါက်လာသည်။ တစ်ရွာလုံးသေဆုံးသွားပြီးနောက်တွင် ရှောင်ကျန့်ကသာ တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူ လူသားတစ်ယောက်ဖြစ်တာကြောင့် တစ္ဆေကအံ့ဩနေသည့်ပုံရသည်။

ရှောင်ကျန့် သူ့လက်ထဲက အမေအိုကြီးကို ဖြေးညင်းစွာမြေပြင်ပေါ်သို့ချလိုက်ပြီး စွမ်းအားကြီးတစ္ဆေကိုခံစားချက်မဲ့စွာစိုက်ကြည့်သည်။ စွမ်းအားကြီးတစ္ဆေဟာ ဘာကြောင့်ရယ်မှန်းမသိ ကြက်သီးထသွားသလိုခံစားလိုက်ရသည်။

ရှောင်ကျန့် ဟာ ပြောမပြတတ်နိုင်လောက်အောင်ဝမ်းနည်းနေပေမယ့်လည်း စဥ်းစားဆင်ခြင်နိုင်စွမ်းတော့ရှိသေးသည်။ သူက တောက်ပညာရပ်နဲ့ အဆင့်နိမ့်တစ္ဆေတော်တော်များများကို အလွယ်လေးအစဖျောက်နိုင်သည်မှာမှန်သော်လည်းပဲ သူ့ရဲ့ယခုခန္ဓာကိုယ်က အတော်လေးအားနည်းသည်။ ဒီကျင့်ကြံထားသည့်စွမ်းအားကြီးတစ္ဆေကို ဖိနှိပ်ဖို့ရန်အတွက် သူ့မှာကျင့်ကြံဆင့်လည်းမရှိသလို၊ ကြက်သွေး၊ခွေးသွေးအစရှိသည့်အကူပစ္စည်းတွေလည်းတစ်ခုမှမရှိပေ။

ဒီတစ်ယောက်နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ရင် သူကိုယ်တိုင်သေသွားဖို့ပဲရှိသည်။

နှုတ်ခမ်းကိုသွေးထွက်သည်အထိတင်းတင်းကြပ်ကြပ်ဖိကိုက်ထားပြီးနောက် မတတ်သာစွာ ပြေးထွက်သွားသည်။ သူအသက်ရှင်မှရမည်။ သူအသက်ရှင်နေသ၍ အဓိကတရားခံကိုလက်စားချေဖို့အခွင့်ရနိုင်သည်။ ပြီးတော့ သူရိပေါ်ကိုတစ်ခေါက်သာတွေ့ရသေးသည်။ သူဘယ်သူလည်းဆိုတာမပြောရသေးသ၍ သူ့စိတ်ထဲကအနှောင်အဖွဲ့ကိုဖြေရှင်းနိုင်မည်မဟုတ်ပေ။

အဲ့လိုမှန်းသိ စတွေ့တွေ့ချင်းမှာတင် သူက မြေခွေးလေးဖြစ်ကြောင်းဖွင့်ပြောပြီး ရိပေါ်ရဲ့အကူအညီကိုရယူလိုက်ပါတယ်။ သူတကယ်ကို အသုံးမကျတာပဲ။

"ထွက်ပြေးချင်တာပေါ့...."

စွမ်းအားကြီးတစ္ဆေက သာမန်လူသားတစ်ယောက်အပေါ်သူ့ရဲ့ အကြောင်းမရင်းမရှိကြောက်ရွံ့မှုအပေါ်ရှက်ရွံ့သွားပြီး သူ့ဘေးပတ်လည်ကအမုန်းတရားတွေမှာပို၍ထူထပ်သိပ်သည်းလာသည်။

[host ဘယ်လိုလုပ်ကြမလဲ!!]

အုန်းသီးက ရတတ်မအေးစွာ မေးသည်။ ဒီအားနည်းတဲ့ခန္ဓာကိုယ်ကိုမှရွေးချယ်ပြီး host ကိုပို့ပေးခဲ့မိသည့် သူ့ကိုယ်သူသာ လည်လှီးလိုက်ချင်တော့သည်။

'ငါမသိဘူး....အနည်းဆုံးတော့ ရိပေါ်က သိပ်ဝေးဝေးမှာရှိမနေဖို့မျှော်လင့်ရတာပဲ'

ရှောင်ကျန့် မျက်နှာက လုံးဝတည်ငြိမ်နေသည်။

စွမ်းအားကြီးတစ္ဆေက ချွန်ထက်နေသည့်မြူနက်တွေဖြင့် ရှောင်ကျန့်ကိုရစ်ပတ်ဖို့ရန်ကြိုးစားသည်။ ကံကောင်းတာတစ်ခုက ရိပေါ်သူ့ကိုကုသပေးလိုက်ကတည်းက သူ့တစ်ကိုယ်လုံးသာမန်ထက်ပေါ့ပါးသွားတာဖြစ်သည်။ ပုံမှန်ထက်မြန်မြန်ပြေးလွှားနေရင်း ရွာရဲ့ ထောင့်ကိုယ်စီကနေ ကျင့်ကြံထားသည့် စွမ်းအားကြီးတစ္ဆေတွေသူ့ဆီ ပြေးဝင်လာသည်ကိုတွေ့လိုက်ရသည်။

သာမန်လူတစ်ယောက်ဖြစ်သည့်သူက ဘယ်လိုလုပ် ဒီအညှိုးကြီးတစ္ဆေတွေကိုလွယ်လွယ်ရှောင်ရှားလို့ရမှာတဲ့လဲ။ အခုတော့ သူတစ္ဆေတွေကြားပိတ်မိသွားခဲ့ပြီ။

အရပ်မျက်နှာအသီးသီးက ထွက်ပေါ်လာသည့်မြူနက်တွေဟာ ရှောင်ကျန့်တစ်ကိုယ်လုံးကိုထိတွေ့ခါနီးအချိန်တွင် တောက်ပသည့်နက်ရွှေရောင်မီးတောက်တွေဟာ ဝုန်းကနဲ ထွက်ပေါ်လာပြီး မြူနက်တွေနဲ့အနီးဆုံးနေရာက စွမ်းအားကြီးတစ္ဆေတစ်ကောင်စ၊ နှစ်ကောင်စကို ပြာအဖြစ်ပြောင်းလဲတောက်လောင်သွားသည်။

ရှောင်ကျန့် တစ်ကိုယ်လုံးမှာသိမ်းကျုံးပွေ့ချီခြင်းခံလိုက်ရပြီး အန္တရာယ်ကင်းသည့်လေထုတစ်နေရာအထက်သို့ ရောက်ရှိသွား၏။ ရှောင်ကျန့်ဟာ အနည်းငယ်စိုထိုင်းနေဆဲဖြစ်သည့် မျက်လုံးလေးတွေဖြင့် သူ့ကိုနူးနူးညံ့ညံ့သိမ်းကျုံးပွေ့ချီထားသည့် လူကိုမော့ကြည့်သည်။

ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေက အနည်းငယ်တင်းမာနေပြီး သူကိုယ်တိုင်ပင်သတိထားမိဟန်မရသည့် စိုးရိမ်ပူပန်မှုတွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နေရသည်။ ဝမ်ရိပေါ် က ရှောင်ကျန့်၏ ပြင်းပြင်းထန်ထန်ငိုထားသည့်မျက်လုံးရဲရဲလေးတွေကိုမြင်သည့်အခါတွင် သူ့မျက်နှာမှာ ကြောက်စရာကောင်းအောင်တင်းမာသွားသည်။

အဆင့်မြင့် တစ္ဆေတိုင်း၏မျက်လုံးတွေမှာ ဇီးကွက်အလားပြူးကျယ်သွားသည်။

"နတ်....နတ်ဆိုးဧကရာဇ်!!!"

နက်ရွှေရောင်မီးတောက်တွေက သခင်ဖြစ်သူ၏ဒေါသကိုခံစားမိသည့်အလား အမျိုးအစားမရွေး တစ္ဆေအားလုံးကိုအရှိန်အဟုန်ပြင်းပြင်းဖြင့်ဝါးမျိုသွားသည်။ အသက်ရှိနေသည့်အလား နက်ရွှေရောင်မီးတောက်တွေဟာ မြေပြင်ထက်က သေဆုံးပြီးသားရွာသားတွေနဲ့ရွာတစ်ခုလုံးကို အန္တရာယ်တစ်စုံတစ်ရာမပေးပဲ တစ္ဆေမှန်သမျှကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပြစ်လိုက်လေသည်။

ယခုမှ ကမန်းကတန်းရောက်ရှိလာသည့် နတ်ဆိုးမိန်းမလှလေးလွီထန်နဲ့ အဆင့်မြတ်နတ်ဆိုးအုပ်စုဟာ ထိုမြင်ကွင်းကိုတွေ့သည့်အခါတွင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။

သူတို့သခင်က ရုတ်တရတ်ကြီး တည်နေရာတစ်ခုကိုစူးစူးစိုက်စိုက်ကြည့်ပြီး ပျောက်ကွယ်သွားတုန်းက သူတို့ဘယ်လောက်တောင်ပြာယာခတ်သွားလည်းဆိုတာပြောမပြတတ်အောင်ပင်။ သခင်ဖြစ်သူရဲ့အရှိန်အဝါနောက် အသည်းအသန်လိုက်လာရင်း ပထမဆုံးမြင်တွေ့လိုက်ရတာလည်း သူတို့သခင်က မတိုင်မီအချိန်ကအကျိုးသင့်အကြောင်းသင့်မရှိသည့်အတင့်ရဲလွန်းသူ လူသားလေးကိုနူးနူးညံ့ညံ့ပွေ့ချီထားခြင်းဖြစ်သည်။

တစ္ဆေတွေအားလုံး ကင်းရှင်းသွားပြီးနောက်တွင် ဝမ်ရိပေါ်ဟာ သန့်ရှင်းသည့်မြေနေရာတွင်ရှောင်ကျန့်ကိုညင်ညင်သာသာချပေးသည်။ ရှောင်ကျန့်က သူနဲ့တွေ့စဥ်ကလို တတ်ကြွသည့်ခံစားချက်တစ်စွန်းတဆမှမရှိပဲ ငေးကြောင်ကြောင်အမူအရာဖြင့် လူသေတွေကိုစိုက်ကြည့်နေသည်အားမြင်သည့်အခါတွင် သူ့ရင်ထဲစူးအောင့်သွားသလိုခံစားလိုက်ရသည်။

ရှောင်ကျန့်မျက်နှာရှေ့တွင် သူ့လက်ဖဝါးဖြင့်ကာဆီးလိုက်ပြီး မြင်ကွင်းအားလုံးကိုပိတ်ပင်လိုက်၏။

"မကြည့်နဲ့....အရမ်းညစ်ပတ်တယ်... "

ရှောင်ကျန့်ကအတော်ကြာတိတ်ဆိတ်နေပြီးနောက် ဝမ်ရိပေါ်ရဲ့ လက်ဖဝါးကိုသူ့လက်လေးဖြင့်ထိကိုင်ကာ ပါးပြင်ဖြင့်ထိကပ်လိုက်သည်။

သူ့မျက်လုံးထဲကနေ မျက်ရည်တွေတာတမံကျိုးသလိုမျိုးစီးကျလာခဲ့သည်။ သူ့ခံစားချက်တွေ ဖွင့်ဟ နိုင်မည့်လူကို ရှာတွေ့ချိန်၌ မည်သည့်အရာမှမဖုံးဖိနိုင်တော့ပေ။

ရှိုက်ရှိုက်ပြီး အသံတိတ်ငိုကြွေးနေသည့်ရှောင်ကျန့်ကိုမြင်သည့်အခါတွင် ဝမ်ရိပေါ်မှာ မျောက်မီးခဲဖင်ခုထိုင်သလိုမျိုးပြာယာခတ်သွားရရှာသည်။ သူ့ရင်တစ်ခုလုံးပြောမပြတတ်နိုင်လောက်အောင်ပူလောင်လာပြီး တတ်နိုင်မယ်ဆိုရင် ဒီလူသားလေးအစား သူသာလျှင်အော်ငိုပြီးခံစားပေးလိုက်ချင်တော့သည်။

နောက်ဆုံးရှောင်ကျန့်ဟာ ဝမ်ရိပေါ်ရင်ခွင်ထဲ တိုးဝင်ပူးကပ်ရင်းကျယ်ကျယ်လောင်လောင်အော်ငိုပြစ်လိုက်သည်။

သူလုံးဝ တာဝန်မကျေခဲ့ဘူး။ ဒီခန္ဓာကိုယ်ကို ရယူထားပြီးမှ အမေကြီးနဲ့ အားဘင်ကိုမကာကွယ်နိုင်ခဲ့ဘူး။

ဝမ်ရိပေါ်က သူ့ရင်ခွင်ထဲက လူသားလေးရဲ့ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးကာ ပွေ့ဖက်ရင်းအတတ်နိုင်ဆုံးနှစ်သိမ့်ပေးရာရ အောင်ကြိုးစားသည်။ အခုလောလောဆည် သူဘာကြောင့်ဒီလိုတွေလုပ်နေရတာလဲ ဆိုတာကိုပင်မစဥ်းစားနိုင်တော့ပေ။ အရေးကြီးဆုံးက ဒီအားနည်းဖျော့တော့တဲ့လူသားလေးစိတ်ကျေနပ်သည်အထိ ရင်ထဲတင်းကြပ်နေသမျှ ဖွင့်ဟ ငိုချပြစ်လိုက်ဖို့ရန်ပင်။

"အရမ်း ဝမ်းမနည်းပါနဲ့.....မင်းအပြစ်မဟုတ်ပါဘူး...."

ဒီလူတွေသေသွားတာ မင်းနဲ့လုံးဝမသက်ဆိုင်ပါဘူး။ ဒါကြောင့်အရမ်းကြီး ဝမ်းနည်းမနေပါနဲ့။

အတော်ကြာအားရပါးရ အော်ငိုပြီးသွားပြီးနောက်တွင် ရှောင်ကျန့်ဟာ ပင်ပန်းသွားသလိုခံစားလိုက်ရသည်။ ဒါပေမယ့် အနည်းဆုံးတော့ သူ့ရင်ထဲခံစားခဲ့ရသမျှ ဖွင့်ထုတ်လိုက်နိုင်တယကြောင့် အရင်က လောက်သိပ်ပြီးမခံစားရတော့ပေ။

ရှောင်ကျန့်ဟာ နီရဲဖောင်းအစ်နေသည့်မျက်လုံးလေးတွေဖြင့် ဝမ်ရိပေါ်ကိုအကူအညီတောင်းသည်။ အမေကြီးနဲ့အားဘင်ရဲ့အလောင်းကိုတောင်ထိပ်မှာတင်လုံလုံခြုံခြုံနဲ့ မြှုပ်နှံထားချင်သည်။ ဖြစ်နိုင်ရင် ကံဆိုးစွာ ဝိဥာဥ်ကင်းမဲ့သွားသည့်ရွာသူရွာသားအလောင်းတွေကိုလည်း မြှုပ်နှံပေးချင်သေးသည်။

တစ္ဆေဆိုးတွေ၏ ဝါးမျိုစားသောက်ခြင်းကိုခံခဲ့ရသည့်ဝိဥာဥ်တွေဟာ ပြန်လည်မွေးဖွားနိုင်ခြင်းမရှိတော့ပဲ အဆုံးမဲ့ပျက်ဆီးသွားမည်မှာ လူတိုင်းသိသည့်အရာပင်ဖြစ်သည်။ ဒါပေမယ့်အနည်းဆုံးတော့ သူတို့ကိုယ်ထည်တွေကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်နေဆဲပင်။

ဝမ်ရိပေါ်၏ အကြည့်တစ်ချက်အောက်တွင် ကျင့်ကြဲသူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်ရွံ့ကြတဲ့ မြင့်မြတ်လှသောနတ်ဆိုးအုပ်စုကြီးဟာ ကိုယ်တိုင်ကိုယ်ကျ ကျွင်းတူးပြီး ရာနဲ့ချီတဲ့ ရွာသူရွာသားတွေရဲ့အလောင်းကို မြှုပ်နှံပေးခဲ့ရသည်။ အမေကြီးနဲ့အားဘင်ရဲ့ အလောင်းကိုတော့ သီးသန့်နေရာလေးတွင်ဘေးချင်းကပ်ရပ်မြှုပ်နှံခဲ့ကြသည်။ သူတို့မပျင်းရဘူးဟုမျှော်လင့်ရင်းဖြင့်။

အဖြစ်အပျက်အလုံးစုံက ရှောင်ကျန့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးကိုခြေကုန်လက်ပန်းကျသွားစေခဲ့သည်။ အလောင်းတွေကိုမြှုပ်နှံပြီးသွားပြီးနောက်တွင် သူ့တစ်ကိုယ်လုံးပျော့ခွေကျသွားပြီးသတိလစ်မေ့မြောသွား၏။ ဝမ်ရိပေါ်က အချိန်မှီ သူ့ခန္ဓာကိုယ်ကို ထိန်းယူပွေ့ချီလိုက်ပြီး စိုးရိမ်ပူပန်စွာ ကုသခြင်းစွမ်းအင်ကိုထုတ်သုံးလိုက်သည်။ ရှောင်ကျန့်အသားအရည်မှာ ပြန်လည်အဆင်ပြေလာသော်ညားလည်း ပင်ပန်းမှုအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။

ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ရဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်မျက်နှာလေးကို နူးညံ့စွာ ပွတ်သပ်လိုက်ရင်း အနည်းငယ်ကြမ်းတမ်းသောဆံသားတွေကို သပ်တင်ပေးလိုက်သည်။ ထို့နောက် ဂရုတစိုက်ပွေ့ချီထားရင်းဖြင့် နတ်ဆိုးအုပ်စုကို ပြန်ဖို့ရန်အချက်ပြလိုက်သည်။

နတ်ဆိုးဧကရာဇ်ကြီး၏ အကြည့်စူးစူးအောက်တွင် သနားစရာနတ်ဆိုးတွေခမျာ အသံကျယ်ကျယ်တောင်ထွက်ရဲခြင်းမရှိပါပဲ သခင်ဖြစ်သူလက်မောင်းထဲက အားနည်းလှသည့်လူသားလေးလန့်နိုးသွားမည်စိုး၍ အလန့်တကြားစောင့်ကြည့်ရင်း လိုက်ပါလာကြရသည်။

***************

ရှောင်ကျန့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီးနောက်တွင် လန်းဆန်းစွာနိုးထလာသည်။ သူပထမဆုံးသတိထားမိတာက သူရောက်နေသည့်နေရာကိုဖြစ်သည်။ ၎င်းက ကျယ်ပြန့်ကြီးမားသည့် အနူးညံ့ဆုံးပိုးသားတွေဖြန့်ခင်းထားသော ကုတင်ကြီးတစ်ခုပေါ်တွင်ဖြစ်သည်။ အခန်းတစ်ခုလုံးဟာ လွန်စွာကျယ်ဝန်းပြီး အဖိုးမဖြတ်နိုင်သည့် တန်ဖိုးကြီးအရာတွေဖြင့်အမျိုးမျိုးချယ်သ ထားသည်။

"မင်း.....မင်း နိုးလာပြီ...."

ဝမ်ရိပေါ်က သူ့မျက်လုံးထဲက မဖုံးကွယ်နိုင်လုနီးပါး ပျော်ရွှင်မှုကို မျက်ကွယ်ပြုလိုက်ရင်း ရှောင်ကျန့်ကိုအတတ်နိုင်ဆုံးမျက်နှာတည်၍ ကြည့်သည်။

သူ့စိတ်ထဲ ပေါက်ကွဲလုမတတ်စိတ်လှုပ်ရှားမှုတွေဖြင့် ဒီလူသားလေး၏ ဝေဝေဝါးဝါးမျက်နှာကိုအကဲခတ်လိုက်သည်။

မအံ့ဩသွားဘူးလား။ တစ်ခန်းလုံးကို နတ်ဆိုးတွေနဲ့ နတ်ဘုရားတွေအတွက်တောင် တန်ဖိုးဖြတ်မရအောင် ရှားပါးလွန်းတဲ့ရတနာတွေနဲ့ အလှဆင်ထားတာ။ ငါဘယ်လောက်ချမ်းသာလည်းတွေ့တယ်ဟုတ်။ အခုချက်ချင်း ဒီရွှေပေါင်ကြီးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်စမ်းပါ။

ဝမ်ရိပေါ်ဟာ suger dady ဖြစ်ချင်နေတဲ့သူ့အတွေးသူ သဘောအကျကြီးကျနေရင်း မျက်နှာကိုတတ်နိုင်သလောက်တည်တင်းထားလိုက်သည်။

မြန်မြန် ငါ့လက်အောက်ငယ်သားဖြစ်လာစမ်းပါ။ မင်းလိုသာမန်လူသားလေးကို ကျင့်ကြံနိုင်စွမ်းရှိအောင်ပါ ကူညီထောက်ပံ့ပေးနိုင်တယ်။ ဘာလို့ဆိုငါကသောက်ရမ်းချမ်းသာတယ်လေ။

ရှုးဂါးဒယ်ဒီရူး ရူးသွားရှာသည့် နတ်ဆိုးကြီးဟာ ကြီးမားသည့်ဟာကွက်ကြီးတစ်ခုကိုတော့ထင်ထင်ရှားရှားကြီးမေ့လျော့သွားခဲ့သည်။

သာမန်လူသားတစ်ယောက်က ကျင့်ကြံနိုင်စွမ်းတောင်မရှိတာ၊ ကျင့်ကြံရေးလောကနဲ့ ဒီနတ်ဆိုးလောက ကသဘာဝရတနာတွေကိုသိဖို့ဖြစ်နိုင်ပါ့မလား။ ဒါပေမယ့် ယေဘုယျကျကျပြောရရင် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ရှောင်ကျန့်က ရိုးသားတဲ့ဖိုးသခွားလေးလဲမဟုတ်သလို၊ နာလပိန်းတုံး သာမန်လူတစ်ယောက်လည်းဟုတ်မနေဘူးလေ။

ပထမကမ္ဘာမှာတည်းက နတ်ဘုရားအဆင့်အမြှီးကိုးချောင်းမြေခွေးတစ်ကောင်အနေဖြင့် သဘာဝရတနာတွေနဲ့ မရေမတွက်နိုင်သည့်ဆေးဖက်ဝင်အပင်တိုင်းကို မျိုးရိုးမှတ်ဥာဏ်ကနေတစ်ဆင့် သိရှိထားသည်။ ဒီမှတ်ဥာဏ်တွေက ရုတ်တရတ်ကြီးပျောက်ကွယ်သွားဖို့မှာလုံးဝမဖြစ်နိုင်ပေ။

ထို့ကြောင့် ဝမ်ရိပေါ်က ကိုယ့်စိတ်ကူးနဲ့ကိုယ် ကျေနပ်နေပေမယ့်လည်း ရှောင်ကျန့်အမြင်ကတော့ ထိုသို့မဟုတ်ပါချေ။

ဒီတစ်ယောက်.......ဒီတစ်ယောက် ငါ့ကို ဒီလောက်ထိကြီးကျယ်တဲ့ရတနာတွေပြပြီးကြွားလုံးထုတ်ချင်နေတာလား။ ကြည့်ရတာ သူဘတ်ထားသည့်ရွှေပြား ၂၀၀ကိုသောက်ဂရုမစိုက်တဲ့ပုံစံနဲ့ ဂုဏ်သိက္ခာဆည်နေပုံရသည်။

"....."

ရှောင်ကျန့်ဟာ မသိမသာနှာမှုတ်လိုက်သည်။ ပြီးနောက် ဘာဆိုဘာမှမသိသည့် အင်နိုးဆန့်ရုပ်လေးဖြင့် ဝမ်ရိပေါ်ကိုဖြူစင်စွာကြည့်သည်။

"ခင်ဗျားကြည့်ရတာတာ ပြောင်ပြောင် ပြောင်ပြောင် နဲ့ဟာတွေကြိုက်ပုံပဲနော်...."

ဝမ်ရိပေါ် : "....."

_________________________________________________________

Zawgyi

ေရွာင္က်န့္ဟာ တတ္ႂကြသည့္ေျခလွမ္းေတြျဖင့္ ႐ြာရွိရာသို႔ေျပးသြားသည္။ ဒီေငြေတြနဲ႕ဆိုရင္ အေမႀကီးကို ေကာင္းေကာင္းမြန္မြန္ ထားနိုင္ၿပီး အားဘင္ကိုေက်းဇူးဆပ္နိုင္ေပလိမ့္မည္။

ဒီလိုသာဆိုရင္ အားဘင္အကူအညီနဲ႕ အေမႀကီးကိုေစာင့္ေရွာက္ထားနိုင္ၿပီး ဝမ္ရိေပၚအေနာက္သို႔လိုက္ရာတြင္ ေနာက္ဆံတင္းစရာတစ္စုံတစ္ရာရွိေတာ့မည္မဟုတ္ေပ။ သူ႕ရဲ႕ရည္မွန္းခ်က္မွာအေတာ္ေလး သင့္ေတာ္လွကာ ဒီခႏၶာကိုယ္ရဲ႕လူသက္တမ္းမၿပီးဆုံးခင္အခ်ိန္ေလး ဝမ္ရိေပၚနဲ႕သာေနသြားခ်င္သည္။

ဟီး...ဟီး....

သို႔ေပမယ့္ ေရွာင္က်န့္ ႐ြာအျပင္ဘက္သို႔ေရာက္သည္ႏွင့္ေကာင္းကင္ထက္တြင္ ပ်ံဝဲေနသည့္အမဲေရာင္အရိပ္ေတြအမ်ားအျပားကိုျမင္ေတြ႕လိုက္ရသည္။ ထိုအရာေတြကိုၾကည့္ရတာ တစ္ေဆေတြျဖစ္ပုံရသည္။

သူ႕ရင္ထဲ ဆိုးဆိုးဝါးဝါးခံစားခ်က္တစ္ခုျဖစ္တည္လာသည္။  ႐ြာထဲသို႔တေရာေသာပါးေျပးဝင္သြားၿပီးသည့္ေနာက္တြင္ တစ္႐ြာလုံးကမၻာပ်က္သလိုမ်ိဳးအျဖစ္အပ်က္ေတြဟာ သူ႕မ်က္လုံးထဲဝင္ေရာက္လာ၏။

ေနရာအႏွံ႕ပူျပင္းေတာက္ေလာင္သည့္တစ္ေဆမီးေတာက္ေတြျဖင့္ဖုံးလႊမ္းေနၿပီး ႐ြာသားေတြရဲ႕ေသြးစီးေၾကာင္းအျပည့္ျဖင့္အေလာင္းပုံႀကီးဟာ ႐ြာလည္ေခါင္မွာထင္ထင္ရွားရွားတည္ရွိေနသည္။ အေကာင္အထည္ေဖာ္မရသည့္ ႐ုပ္ဆိုးဆိုးတစ္ေဆေတြက ကမၻာပ်က္မတတ္ေျပးလႊားေနၾကသည့္႐ြာသားေတြကိုစေနာက္ က်ီစယ္ေနၾကၿပီး ေသြးသံရဲရဲျဖင့္ေသဆုံးရသည့္အေျခအေနမ်ိဳး ဆိုက္ေရာက္သြားေစခဲ့သည္။ ၿပီးေနာက္ သာမန္လူေတြ၏ ဝိဥာဥ္မွာ တစ္ေဆအုပ္စုရဲ႕ ဝါးမ်ိဳစားေသာက္ျခင္းကိုခံလိုက္ရသည္။

ေရွာင္က်န့္မ်က္ႏွာမွာ ျဖဴေဖ်ာ့သြားသည္။ အဆင့္နိမ့္တစ္ေဆတစ္ေကာင္က သူ႕အနားတိုးကပ္လာသည့္အခါတြင္ ေရွာင္က်န့္ရဲ႕ ေဒါသအျပည့္ျဖင့္မ်က္လုံးေတြနဲ႕ႀကဳံေတြ႕သြားသည္။

သူကဒီကမၻာမွာသာမန္လူသားတစ္ေယာက္ဆိုတာမွန္သည္။ ဒါေပမယ့္ အုန္းသီးဆီက ကူးယူထားသည့္ပညာရပ္ေတြအားလုံးဟာအလကား ေပ်ာက္ကြယ္မသြားေသးပါေခ်။ သူ႕မွာ တစ္ေဆနဲ႕မေကာင္းဆိုးဝါးေတြကို ေအးေအးေဆးေဆးႏွိမ္နင္း ခ်ဳပ္ကိုင္နိုင္သည့္ ေတာက္ပညာရပ္ကိုတတ္ေျမာက္ထားေသးသည္။

ထိုပညာကိုထုတ္သုံးဖို႔ အကူပစၥည္းတစ္ခုမွမရွိရင္ေတာင္ အဆင္ေျပပါေသးသည္။

အဆင့္နိမ့္တစ္ေဆဟာ ဂုတ္ကေနဖမ္းဆီးခံလိုက္ရၿပီး ေျမျပင္ထက္သို႔အရွိန္ျပင္းျပင္းျဖင့္ကိုင္ေပါက္ခံလိုက္ရသည္။

တစ္ေဆ : "....."

လူမွားေ႐ြးမိသြားသည့္ သနားစရာတစ္ေဆဟာ ဝိဥာဥ္တစ္ခုလုံးတစ္စစီေျခမြ ခံလိုက္ရ၏။ ေရွာင္က်န့္ အိမ္ရွိရာဆီသို႔အေျပးအလႊားသြားသည္။ သူအလိုရွိရာသို႔ေရာက္သည့္အခါတြင္ အိမ္တစ္ခုလုံးကၿပိဳက်ပ်က္စီးေနၿပီး ေဘးနားတြင္ အေမႀကီးနဲ႕အားဘင္ရဲ႕အသက္မဲ့ေနသည့္အေလာင္းက သူ႕ကိုဆီးႀကိဳသည္။

ေရွာင္က်န့္ဟာ ၾကက္ေသေသသည့္မ်က္လုံးေတြျဖင့္ ေၾကာင္ေတာင္ေတာင္ရပ္ၾကည့္ေနမိသည္။ ဒီလူႏွစ္ေယာက္နဲ႕အရမ္းႀကီး ရင္းႏွီးခဲ့ျခင္းမရွိေသာ္လည္းပဲ သူရခဲ့သည့္မွတ္ဥာဏ္ေတြကအတုအေယာင္တစ္ခုမွမပါေပ။

ခုနေလးတင္ သူတို႔ႏွစ္ေယာက္ကိုေကာင္းေကာင္းမြန္မြန္ ထားနိုင္ၿပီလို႔ထင္ခဲ့မိတာ။

ေရွာင္က်န့္ ပါးျပင္ထက္သို႔ မ်က္ရည္တစ္ခ်ိဳ႕လိမ့္က်လာသည္။ သူ တကယ္အသုံးမက်တာပဲ။

သူ႕ႏွလုံးသား စူးကနဲနာက်င္သြားတာကိုခံစားမိသည္။ သူ႕ရဲ႕အျပစ္ရွိစိတ္ႀကီးႀကီးမားမားနဲ႕ မူလခႏၶာကိုယ္ပိုင္ရွင္၏ စိတ္ခံစားခ်က္ေတြမွာ ေပါင္းစည္းသြားခဲ့သည္။ တုန္ရီသည့္ေျခလွမ္းေတြျဖင့္ အေမႀကီးနဲ႕အားဘင္တို႔ႏွစ္ေယာက္နားေလွ်ာက္လာသည္။ သူတို႔ႏွစ္ေယာက္နဲ႕မၾကာေသးခင္ကမွ စကားေျပာျဖစ္ခဲ့ေသးသည္။

ေရွာင္က်န့္အနား ေျပးဝင္လာသည့္တစ္ေဆတစ္ခ်ိဳ႕ဟာ တစ္စစီဖ်က္စီးခံလိုက္ရသည္။ ေနာက္ဆုံး အေမႀကီးကို ခပ္တင္းတင္းေပြ႕ဖက္လိုက္ရင္း အားဘင္ကိုမ်က္ရည္ေတြၾကားထဲကေနစိုက္ၾကည့္လိုက္မိ၏။

သူဘယ္ေလာက္ေတာင္အသုံးမက်လိဳက္လဲ။ ဒီလူႏွစ္ေယာက္ကို မကာကြယ္ေပးနိုင္ခဲ့ဘူး။ တစ္ရႈံ႕ရႈံ႕ငိုသံေတြၾကားထဲတြင္ ေသြးစီးေၾကာင္းေတြဟာ နီရဲေနသည္။

"အိုး....လူသားတစ္ေယာက္ပါလား"

ၾကက္သီးထဖြယ္ေအးတိေအးစက္အသံႀကီးနဲ႕အတူ ထူးဆန္းသည့္ တစ္ေဆတစ္ေကာင္က ေရွာင္က်န့္နားေပၚေပါက္လာသည္။ တစ္႐ြာလုံးေသဆုံးသြားၿပီးေနာက္တြင္ ေရွာင္က်န့္ကသာ တစ္ဦးတည္းေသာအသက္ရွင္က်န္ရစ္သူ လူသားတစ္ေယာက္ျဖစ္တာေၾကာင့္ တစ္ေဆကအံ့ဩေနသည့္ပုံရသည္။

ေရွာင္က်န့္ သူ႕လက္ထဲက အေမအိုႀကီးကို ေျဖးညင္းစြာေျမျပင္ေပၚသို႔ခ်လိဳက္ၿပီး စြမ္းအားႀကီးတစ္ေဆကိုခံစားခ်က္မဲ့စြာစိုက္ၾကည့္သည္။ စြမ္းအားႀကီးတစ္ေဆဟာ ဘာေၾကာင့္ရယ္မွန္းမသိ ၾကက္သီးထသြားသလိုခံစားလိုက္ရသည္။

ေရွာင္က်န့္ ဟာ ေျပာမျပတတ္နိုင္ေလာက္ေအာင္ဝမ္းနည္းေနေပမယ့္လည္း စဥ္းစားဆင္ျခင္နိုင္စြမ္းေတာ့ရွိေသးသည္။ သူက ေတာက္ပညာရပ္နဲ႕ အဆင့္နိမ့္တစ္ေဆေတာ္ေတာ္မ်ားမ်ားကို အလြယ္ေလးအစေဖ်ာက္နိုင္သည္မွာမွန္ေသာ္လည္းပဲ သူ႕ရဲ႕ယခုခႏၶာကိုယ္က အေတာ္ေလးအားနည္းသည္။ ဒီက်င့္ႀကံထားသည့္စြမ္းအားႀကီးတစ္ေဆကို ဖိႏွိပ္ဖို႔ရန္အတြက္ သူ႕မွာက်င့္ႀကံဆင့္လည္းမရွိသလို၊ ၾကက္ေသြး၊ေခြးေသြးအစရွိသည့္အကူပစၥည္းေတြလည္းတစ္ခုမွမရွိေပ။

ဒီတစ္ေယာက္နဲ႕ထိပ္တိုက္ရင္ဆိုင္ခဲ့ရင္ သူကိုယ္တိုင္ေသသြားဖို႔ပဲရွိသည္။

ႏႈတ္ခမ္းကိုေသြးထြက္သည္အထိတင္းတင္းၾကပ္ၾကပ္ဖိကိုက္ထားၿပီးေနာက္ မတတ္သာစြာ ေျပးထြက္သြားသည္။ သူအသက္ရွင္မွရမည္။ သူအသက္ရွင္ေနသ၍ အဓိကတရားခံကိုလက္စားေခ်ဖိဳ႕အခြင့္ရနိုင္သည္။ ၿပီးေတာ့ သူရိေပၚကိုတစ္ေခါက္သာေတြ႕ရေသးသည္။ သူဘယ္သူလည္းဆိုတာမေျပာရေသးသ၍ သူ႕စိတ္ထဲကအႏွောင္အဖြဲ႕ကိုေျဖရွင္းနိုင္မည္မဟုတ္ေပ။

အဲ့လိုမွန္းသိ စေတြ႕ေတြ႕ခ်င္းမွာတင္ သူက ေျမေခြးေလးျဖစ္ေၾကာင္းဖြင့္ေျပာၿပီး ရိေပၚရဲ႕အကူအညီကိုရယူလိုက္ပါတယ္။ သူတကယ္ကို အသုံးမက်တာပဲ။

"ထြက္ေျပးခ်င္တာေပါ့...."

စြမ္းအားႀကီးတစ္ေဆက သာမန္လူသားတစ္ေယာက္အေပၚသူ႕ရဲ႕ အေၾကာင္းမရင္းမရွိေၾကာက္႐ြံ႕မႈအေပၚရွက္႐ြံ႕သြားၿပီး သူ႕ေဘးပတ္လည္ကအမုန္းတရားေတြမွာပို၍ထူထပ္သိပ္သည္းလာသည္။

[host ဘယ္လိုလုပ္ၾကမလဲ!!]

အုန္းသီးက ရတတ္မေအးစြာ ေမးသည္။ ဒီအားနည္းတဲ့ခႏၶာကိုယ္ကိုမွေ႐ြးခ်ယ္ၿပီး host ကိုပို႔ေပးခဲ့မိသည့္ သူ႕ကိုယ္သူသာ လည္လွီးလိုက္ခ်င္ေတာ့သည္။

'ငါမသိဘူး....အနည္းဆုံးေတာ့ ရိေပၚက သိပ္ေဝးေဝးမွာရွိမေနဖို႔ေမွ်ာ္လင့္ရတာပဲ'

ေရွာင္က်န့္ မ်က္ႏွာက လုံးဝတည္ၿငိမ္ေနသည္။

စြမ္းအားႀကီးတစ္ေဆက ခြၽန္ထက္ေနသည့္ျမဴနက္ေတြျဖင့္ ေရွာင္က်န့္ကိုရစ္ပတ္ဖို႔ရန္ႀကိဳးစားသည္။ ကံေကာင္းတာတစ္ခုက ရိေပၚသူ႕ကိုကုသေပးလိုက္ကတည္းက သူ႕တစ္ကိုယ္လုံးသာမန္ထက္ေပါ့ပါးသြားတာျဖစ္သည္။ ပုံမွန္ထက္ျမန္ျမန္ေျပးလႊားေနရင္း ႐ြာရဲ႕ ေထာင့္ကိုယ္စီကေန က်င့္ႀကံထားသည့္ စြမ္းအားႀကီးတစ္ေဆေတြသူ႕ဆီ ေျပးဝင္လာသည္ကိုေတြ႕လိုက္ရသည္။

သာမန္လူတစ္ေယာက္ျဖစ္သည့္သူက ဘယ္လိုလုပ္ ဒီအညွိုးႀကီးတစ္ေဆေတြကိုလြယ္လြယ္ေရွာင္ရွားလို႔ရမွာတဲ့လဲ။ အခုေတာ့ သူတစ္ေဆေတြၾကားပိတ္မိသြားခဲ့ၿပီ။

အရပ္မ်က္ႏွာအသီးသီးက ထြက္ေပၚလာသည့္ျမဴနက္ေတြဟာ ေရွာင္က်န့္တစ္ကိုယ္လုံးကိုထိေတြ႕ခါနီးအခ်ိန္တြင္ ေတာက္ပသည့္နက္ေ႐ႊေရာင္မီးေတာက္ေတြဟာ ဝုန္းကနဲ ထြက္ေပၚလာၿပီး ျမဴနက္ေတြနဲ႕အနီးဆုံးေနရာက စြမ္းအားႀကီးတစ္ေဆတစ္ေကာင္စ၊ ႏွစ္ေကာင္စကို ျပာအျဖစ္ေျပာင္းလဲေတာက္ေလာင္သြားသည္။

ေရွာင္က်န့္ တစ္ကိုယ္လုံးမွာသိမ္းက်ဳံးေပြ႕ခ်ီျခင္းခံလိုက္ရၿပီး အႏၱရာယ္ကင္းသည့္ေလထုတစ္ေနရာအထက္သို႔ ေရာက္ရွိသြား၏။ ေရွာင္က်န့္ဟာ အနည္းငယ္စိုထိုင္းေနဆဲျဖစ္သည့္ မ်က္လုံးေလးေတြျဖင့္ သူ႕ကိုႏူးႏူးညံ့ညံ့သိမ္းက်ဳံးေပြ႕ခ်ီထားသည့္ လူကိုေမာ့ၾကည့္သည္။

ဝမ္ရိေပၚရဲ႕ မ်က္လုံးေတြက အနည္းငယ္တင္းမာေနၿပီး သူကိုယ္တိုင္ပင္သတိထားမိဟန္မရသည့္ စိုးရိမ္ပူပန္မႈေတြကို ရွင္းရွင္းလင္းလင္းျမင္ေတြ႕ေနရသည္။ ဝမ္ရိေပၚ က ေရွာင္က်န့္၏ ျပင္းျပင္းထန္ထန္ငိုထားသည့္မ်က္လုံးရဲရဲေလးေတြကိုျမင္သည့္အခါတြင္ သူ႕မ်က္ႏွာမွာ ေၾကာက္စရာေကာင္းေအာင္တင္းမာသြားသည္။

အဆင့္ျမင့္ တစ္ေဆတိုင္း၏မ်က္လုံးေတြမွာ ဇီးကြက္အလားျပဴးက်ယ္သြားသည္။

"နတ္....နတ္ဆိုးဧကရာဇ္!!!"

နက္ေ႐ႊေရာင္မီးေတာက္ေတြက သခင္ျဖစ္သူ၏ေဒါသကိုခံစားမိသည့္အလား အမ်ိဳးအစားမေ႐ြး တစ္ေဆအားလုံးကိုအရွိန္အဟုန္ျပင္းျပင္းျဖင့္ဝါးမ်ိဳသြားသည္။ အသက္ရွိေနသည့္အလား နက္ေ႐ႊေရာင္မီးေတာက္ေတြဟာ ေျမျပင္ထက္က ေသဆုံးၿပီးသား႐ြာသားေတြနဲ႕႐ြာတစ္ခုလုံးကို အႏၱရာယ္တစ္စုံတစ္ရာမေပးပဲ တစ္ေဆမွန္သမွ်ကို ဖုန္မႈန့္အျဖစ္ ေျပာင္းလဲျပစ္လိုက္ေလသည္။

ယခုမွ ကမန္းကတန္းေရာက္ရွိလာသည့္ နတ္ဆိုးမိန္းမလွေလးလြီထန္နဲ႕ အဆင့္ျမတ္နတ္ဆိုးအုပ္စုဟာ ထိုျမင္ကြင္းကိုေတြ႕သည့္အခါတြင္တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကသည္။

သူတို႔သခင္က ႐ုတ္တရတ္ႀကီး တည္ေနရာတစ္ခုကိုစူးစူးစိုက္စိုက္ၾကည့္ၿပီး ေပ်ာက္ကြယ္သြားတုန္းက သူတို႔ဘယ္ေလာက္ေတာင္ျပာယာခတ္သြားလည္းဆိုတာေျပာမျပတတ္ေအာင္ပင္။ သခင္ျဖစ္သူရဲ႕အရွိန္အဝါေနာက္ အသည္းအသန္လိုက္လာရင္း ပထမဆုံးျမင္ေတြ႕လိုက္ရတာလည္း သူတို႔သခင္က မတိုင္မီအခ်ိန္ကအက်ိဳးသင့္အေၾကာင္းသင့္မရွိသည့္အတင့္ရဲလြန္းသူ လူသားေလးကိုႏူးႏူးညံ့ညံ့ေပြ႕ခ်ီထားျခင္းျဖစ္သည္။

တစ္ေဆေတြအားလုံး ကင္းရွင္းသြားၿပီးေနာက္တြင္ ဝမ္ရိေပၚဟာ သန့္ရွင္းသည့္ေျမေနရာတြင္ေရွာင္က်န့္ကိုညင္ညင္သာသာခ်ေပးသည္။ ေရွာင္က်န့္က သူနဲ႕ေတြ႕စဥ္ကလို တတ္ႂကြသည့္ခံစားခ်က္တစ္စြန္းတဆမွမရွိပဲ ေငးေၾကာင္ေၾကာင္အမူအရာျဖင့္ လူေသေတြကိုစိုက္ၾကည့္ေနသည္အားျမင္သည့္အခါတြင္ သူ႕ရင္ထဲစူးေအာင့္သြားသလိုခံစားလိုက္ရသည္။

ေရွာင္က်န့္မ်က္ႏွာေရွ႕တြင္ သူ႕လက္ဖဝါးျဖင့္ကာဆီးလိုက္ၿပီး ျမင္ကြင္းအားလုံးကိုပိတ္ပင္လိုက္၏။

"မၾကည့္နဲ႕....အရမ္းညစ္ပတ္တယ္... "

ေရွာင္က်န့္ကအေတာ္ၾကာတိတ္ဆိတ္ေနၿပီးေနာက္ ဝမ္ရိေပၚရဲ႕ လက္ဖဝါးကိုသူ႕လက္ေလးျဖင့္ထိကိုင္ကာ ပါးျပင္ျဖင့္ထိကပ္လိုက္သည္။

သူ႕မ်က္လုံးထဲကေန မ်က္ရည္ေတြတာတမံက်ိဳးသလိုမ်ိဳးစီးက်လာခဲ့သည္။ သူ႕ခံစားခ်က္ေတြ ဖြင့္ဟ နိုင္မည့္လူကို ရွာေတြ႕ခ်ိန္၌ မည္သည့္အရာမွမဖုံးဖိနိုင္ေတာ့ေပ။

ရွိုက္ရွိုက္ၿပီး အသံတိတ္ငိုေႂကြးေနသည့္ေရွာင္က်န့္ကိုျမင္သည့္အခါတြင္ ဝမ္ရိေပၚမွာ ေမ်ာက္မီးခဲဖင္ခုထိုင္သလိုမ်ိဳးျပာယာခတ္သြားရရွာသည္။ သူ႕ရင္တစ္ခုလုံးေျပာမျပတတ္နိုင္ေလာက္ေအာင္ပူေလာင္လာၿပီး တတ္နိုင္မယ္ဆိုရင္ ဒီလူသားေလးအစား သူသာလွ်င္ေအာ္ငိုၿပီးခံစားေပးလိုက္ခ်င္ေတာ့သည္။

ေနာက္ဆုံးေရွာင္က်န့္ဟာ ဝမ္ရိေပၚရင္ခြင္ထဲ တိုးဝင္ပူးကပ္ရင္းက်ယ္က်ယ္ေလာင္ေလာင္ေအာ္ငိုျပစ္လိုက္သည္။

သူလုံးဝ တာဝန္မေက်ခဲ့ဘူး။ ဒီခႏၶာကိုယ္ကို ရယူထားၿပီးမွ အေမႀကီးနဲ႕ အားဘင္ကိုမကာကြယ္နိုင္ခဲ့ဘူး။

ဝမ္ရိေပၚက သူ႕ရင္ခြင္ထဲက လူသားေလးရဲ႕ေက်ာျပင္ကို ခပ္ဖြဖြပုတ္ေပးကာ ေပြ႕ဖက္ရင္းအတတ္နိုင္ဆုံးႏွစ္သိမ့္ေပးရာရ ေအာင္ႀကိဳးစားသည္။ အခုေလာေလာဆည္ သူဘာေၾကာင့္ဒီလိုေတြလုပ္ေနရတာလဲ ဆိုတာကိုပင္မစဥ္းစားနိုင္ေတာ့ေပ။ အေရးႀကီးဆုံးက ဒီအားနည္းေဖ်ာ့ေတာ့တဲ့လူသားေလးစိတ္ေက်နပ္သည္အထိ ရင္ထဲတင္းၾကပ္ေနသမွ် ဖြင့္ဟ ငိုခ်ျပစ္လိုက္ဖို႔ရန္ပင္။

"အရမ္း ဝမ္းမနည္းပါနဲ႕.....မင္းအျပစ္မဟုတ္ပါဘူး...."

ဒီလူေတြေသသြားတာ မင္းနဲ႕လုံးဝမသက္ဆိုင္ပါဘူး။ ဒါေၾကာင့္အရမ္းႀကီး ဝမ္းနည္းမေနပါနဲ႕။

အေတာ္ၾကာအားရပါးရ ေအာ္ငိုၿပီးသြားၿပီးေနာက္တြင္ ေရွာင္က်န့္ဟာ ပင္ပန္းသြားသလိုခံစားလိုက္ရသည္။ ဒါေပမယ့္ အနည္းဆုံးေတာ့ သူ႕ရင္ထဲခံစားခဲ့ရသမွ် ဖြင့္ထုတ္လိုက္နိုင္တယေၾကာင့္ အရင္က ေလာက္သိပ္ၿပီးမခံစားရေတာ့ေပ။

ေရွာင္က်န့္ဟာ နီရဲေဖာင္းအစ္ေနသည့္မ်က္လုံးေလးေတြျဖင့္ ဝမ္ရိေပၚကိုအကူအညီေတာင္းသည္။ အေမႀကီးနဲ႕အားဘင္ရဲ႕အေလာင္းကိုေတာင္ထိပ္မွာတင္လုံလုံၿခဳံၿခဳံနဲ႕ ျမႇုပ္ႏွံထားခ်င္သည္။ ျဖစ္နိုင္ရင္ ကံဆိုးစြာ ဝိဥာဥ္ကင္းမဲ့သြားသည့္႐ြာသူ႐ြာသားအေလာင္းေတြကိုလည္း ျမႇုပ္ႏွံေပးခ်င္ေသးသည္။

တစ္ေဆဆိုးေတြ၏ ဝါးမ်ိဳစားေသာက္ျခင္းကိုခံခဲ့ရသည့္ဝိဥာဥ္ေတြဟာ ျပန္လည္ေမြးဖြားနိုင္ျခင္းမရွိေတာ့ပဲ အဆုံးမဲ့ပ်က္ဆီးသြားမည္မွာ လူတိုင္းသိသည့္အရာပင္ျဖစ္သည္။ ဒါေပမယ့္အနည္းဆုံးေတာ့ သူတို႔ကိုယ္ထည္ေတြေကာင္းေကာင္းမြန္မြန္ထိန္းသိမ္းနိုင္မည္ဟု ေမွ်ာ္လင့္ေနဆဲပင္။

ဝမ္ရိေပၚ၏ အၾကည့္တစ္ခ်က္ေအာက္တြင္ က်င့္ႀကဲသူတိုင္းဖိန့္ဖိန့္တုန္ေအာင္ေၾကာက္႐ြံ႕ၾကတဲ့ ျမင့္ျမတ္လွေသာနတ္ဆိုးအုပ္စုႀကီးဟာ ကိုယ္တိုင္ကိုယ္က် ကြၽင္းတူးၿပီး ရာနဲ႕ခ်ီတဲ့ ႐ြာသူ႐ြာသားေတြရဲ႕အေလာင္းကို ျမႇုပ္ႏွံေပးခဲ့ရသည္။ အေမႀကီးနဲ႕အားဘင္ရဲ႕ အေလာင္းကိုေတာ့ သီးသန့္ေနရာေလးတြင္ေဘးခ်င္းကပ္ရပ္ျမႇုပ္ႏွံခဲ့ၾကသည္။ သူတို႔မပ်င္းရဘူးဟုေမွ်ာ္လင့္ရင္းျဖင့္။

အျဖစ္အပ်က္အလုံးစုံက ေရွာင္က်န့္ရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႕ ႐ုပ္ပိုင္းဆိုင္ရာႏွစ္ခုလုံးကိုေျခကုန္လက္ပန္းက်သြားေစခဲ့သည္။ အေလာင္းေတြကိုျမႇုပ္ႏွံၿပီးသြားၿပီးေနာက္တြင္ သူ႕တစ္ကိုယ္လုံးေပ်ာ့ေခြက်သြားၿပီးသတိလစ္ေမ့ေျမာသြား၏။ ဝမ္ရိေပၚက အခ်ိန္မွီ သူ႕ခႏၶာကိုယ္ကို ထိန္းယူေပြ႕ခ်ီလိုက္ၿပီး စိုးရိမ္ပူပန္စြာ ကုသျခင္းစြမ္းအင္ကိုထုတ္သုံးလိုက္သည္။ ေရွာင္က်န့္အသားအရည္မွာ ျပန္လည္အဆင္ေျပလာေသာ္ညားလည္း ပင္ပန္းမႈအရွိန္ေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားသည္။

ဝမ္ရိေပၚဟာ ေရွာင္က်န့္ရဲ႕ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည့္မ်က္ႏွာေလးကို ႏူးညံ့စြာ ပြတ္သပ္လိုက္ရင္း အနည္းငယ္ၾကမ္းတမ္းေသာဆံသားေတြကို သပ္တင္ေပးလိုက္သည္။ ထို႔ေနာက္ ဂ႐ုတစိုက္ေပြ႕ခ်ီထားရင္းျဖင့္ နတ္ဆိုးအုပ္စုကို ျပန္ဖို႔ရန္အခ်က္ျပလိုက္သည္။

နတ္ဆိုးဧကရာဇ္ႀကီး၏ အၾကည့္စူးစူးေအာက္တြင္ သနားစရာနတ္ဆိုးေတြခမ်ာ အသံက်ယ္က်ယ္ေတာင္ထြက္ရဲျခင္းမရွိပါပဲ သခင္ျဖစ္သူလက္ေမာင္းထဲက အားနည္းလွသည့္လူသားေလးလန့္နိုးသြားမည္စိုး၍ အလန့္တၾကားေစာင့္ၾကည့္ရင္း လိုက္ပါလာၾကရသည္။

***************

ေရွာင္က်န့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ၿပီးေနာက္တြင္ လန္းဆန္းစြာနိုးထလာသည္။ သူပထမဆုံးသတိထားမိတာက သူေရာက္ေနသည့္ေနရာကိုျဖစ္သည္။ ၎က က်ယ္ျပန့္ႀကီးမားသည့္ အႏူးညံ့ဆုံးပိုးသားေတြျဖန့္ခင္းထားေသာ ကုတင္ႀကီးတစ္ခုေပၚတြင္ျဖစ္သည္။ အခန္းတစ္ခုလုံးဟာ လြန္စြာက်ယ္ဝန္းၿပီး အဖိုးမျဖတ္နိုင္သည့္ တန္ဖိုးႀကီးအရာေတြျဖင့္အမ်ိဳးမ်ိဳးခ်ယ္သ ထားသည္။

"မင္း.....မင္း နိုးလာၿပီ...."

ဝမ္ရိေပၚက သူ႕မ်က္လုံးထဲက မဖုံးကြယ္နိုင္လုနီးပါး ေပ်ာ္႐ႊင္မႈကို မ်က္ကြယ္ျပဳလိုက္ရင္း ေရွာင္က်န့္ကိုအတတ္နိုင္ဆုံးမ်က္ႏွာတည္၍ ၾကည့္သည္။

သူ႕စိတ္ထဲ ေပါက္ကြဲလုမတတ္စိတ္လႈပ္ရွားမႈေတြျဖင့္ ဒီလူသားေလး၏ ေဝေဝဝါးဝါးမ်က္ႏွာကိုအကဲခတ္လိုက္သည္။

မအံ့ဩသြားဘူးလား။ တစ္ခန္းလုံးကို နတ္ဆိုးေတြနဲ႕ နတ္ဘုရားေတြအတြက္ေတာင္ တန္ဖိုးျဖတ္မရေအာင္ ရွားပါးလြန္းတဲ့ရတနာေတြနဲ႕ အလွဆင္ထားတာ။ ငါဘယ္ေလာက္ခ်မ္းသာလည္းေတြ႕တယ္ဟုတ္။ အခုခ်က္ခ်င္း ဒီေ႐ႊေပါင္ႀကီးကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားလိုက္စမ္းပါ။

ဝမ္ရိေပၚဟာ suger dady ျဖစ္ခ်င္ေနတဲ့သူ႕အေတြးသူ သေဘာအက်ႀကီးက်ေနရင္း မ်က္ႏွာကိုတတ္နိုင္သေလာက္တည္တင္းထားလိုက္သည္။

ျမန္ျမန္ ငါ့လက္ေအာက္ငယ္သားျဖစ္လာစမ္းပါ။ မင္းလိုသာမန္လူသားေလးကို က်င့္ႀကံနိုင္စြမ္းရွိေအာင္ပါ ကူညီေထာက္ပံ့ေပးနိုင္တယ္။ ဘာလို႔ဆိုငါကေသာက္ရမ္းခ်မ္းသာတယ္ေလ။

ရႈးဂါးဒယ္ဒီ႐ူး ႐ူးသြားရွာသည့္ နတ္ဆိုးႀကီးဟာ ႀကီးမားသည့္ဟာကြက္ႀကီးတစ္ခုကိုေတာ့ထင္ထင္ရွားရွားႀကီးေမ့ေလ်ာ့သြားခဲ့သည္။

သာမန္လူသားတစ္ေယာက္က က်င့္ႀကံနိုင္စြမ္းေတာင္မရွိတာ၊ က်င့္ႀကံေရးေလာကနဲ႕ ဒီနတ္ဆိုးေလာက ကသဘာဝရတနာေတြကိုသိဖို႔ျဖစ္နိုင္ပါ့မလား။ ဒါေပမယ့္ ေယဘုယ်က်က်ေျပာရရင္ ျဖစ္နိုင္ပါတယ္။ ဘာေၾကာင့္ဆို ေရွာင္က်န့္က ရိုးသားတဲ့ဖိုးသခြားေလးလဲမဟုတ္သလို၊ နာလပိန္းတုံး သာမန္လူတစ္ေယာက္လည္းဟုတ္မေနဘူးေလ။

ပထမကမၻာမွာတည္းက နတ္ဘုရားအဆင့္အျမႇီးကိုးေခ်ာင္းေျမေခြးတစ္ေကာင္အေနျဖင့္ သဘာဝရတနာေတြနဲ႕ မေရမတြက္နိုင္သည့္ေဆးဖက္ဝင္အပင္တိုင္းကို မ်ိဳးရိုးမွတ္ဥာဏ္ကေနတစ္ဆင့္ သိရွိထားသည္။ ဒီမွတ္ဥာဏ္ေတြက ႐ုတ္တရတ္ႀကီးေပ်ာက္ကြယ္သြားဖို႔မွာလုံးဝမျဖစ္နိုင္ေပ။

ထို႔ေၾကာင့္ ဝမ္ရိေပၚက ကိုယ့္စိတ္ကူးနဲ႕ကိုယ္ ေက်နပ္ေနေပမယ့္လည္း ေရွာင္က်န့္အျမင္ကေတာ့ ထိုသို႔မဟုတ္ပါေခ်။

ဒီတစ္ေယာက္.......ဒီတစ္ေယာက္ ငါ့ကို ဒီေလာက္ထိႀကီးက်ယ္တဲ့ရတနာေတြျပၿပီးႂကြားလုံးထုတ္ခ်င္ေနတာလား။ ၾကည့္ရတာ သူဘတ္ထားသည့္ေ႐ႊျပား ၂၀၀ကိုေသာက္ဂ႐ုမစိုက္တဲ့ပုံစံနဲ႕ ဂုဏ္သိကၡာဆည္ေနပုံရသည္။

"....."

ေရွာင္က်န့္ဟာ မသိမသာႏွာမႈတ္လိုက္သည္။ ၿပီးေနာက္ ဘာဆိုဘာမွမသိသည့္ အင္နိုးဆန့္႐ုပ္ေလးျဖင့္ ဝမ္ရိေပၚကိုျဖဴစင္စြာၾကည့္သည္။

"ခင္ဗ်ားၾကည့္ရတာတာ ေျပာင္ေျပာင္ ေျပာင္ေျပာင္ နဲ႕ဟာေတြႀကိဳက္ပုံပဲေနာ္...."

ဝမ္ရိေပၚ : "....."

__________________________________________________________

Continue Reading

You'll Also Like

1.7M 69.8K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
286K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...