နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

بواسطة Lazy_Little_Meow

156K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... المزيد

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [47]

1.1K 122 2
بواسطة Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၄၇)

‘Feiyu Awards’ ဆုအပေါ် လူအများ စိတ်ဝင်စားလျက်ရှိပြီး ဆုပေးပွဲကို အမျိုးသားရုပ်သံဌာနမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်၏။ သတင်းထောက်များသည် ပွဲမစတင်ခင်ကတည်းက ဝန်ထမ်းများနှင့်အတူ အင်တာဗျူးလုပ်ရန် ကြိုရောက်နေရသည်။

‘ဆုပေးပွဲ’မည်သည် နာမည်ကျော်ကြားသူများ စုစည်းတက်ရောက်ရာ ပွဲအခမ်းအနားမျိုးပင်။ ထုတ်လုပ်သူများ အပါအဝင် ရုပ်သံဌာနမှ အရေးပါအရာရောက်သူများ၊ ဇာတ်ညွှန်းရေးသူများနှင့် အနုပညာရှင်များက ပွဲနှင့်အညီ ဝတ်စားဆင်ယင်ကာ တစ်ဦးပြီးတစ်ဦး ဖြည်းဖြည်းချင်း ပေါ်ထွက်လာကြလိမ့်မည်။

ထိုအထဲမှ ‘ဘယ်မင်းသမီးက အကောင်းဆုံး ဝတ်စားထားတာ၊ ဘယ်သူက မျက်စိနောက်ဖို့ကောင်းတာ၊ ဘယ်သရုပ်ဆောင်ကတော့ ဘယ် Brand ကို စပွန်ဆာရထားတာ၊ ဘယ်တစ်ယောက်ကတော့ အတုတွေ ဝတ်စားထားတာ..’ စသည့် အကြောင်းအရာများသာ သတင်းထောက်နှင့် ပရိသတ်များက စိတ်ဝင်တစား ဆွေးနွေးတတ်ကြ၏။

နာမည်ကြီးရုပ်ရှင်မင်းသမီးတိုင်း အနှီကံကြမ္မာမှ မလွတ်မြောက်နိုင်ပေ။ နဉ်ရှီသည်လည်း ခြွင်းချက်မရှိ။

နဉ်ရှီသည် ပြည်တွင်းဖက်ရှင်တံဆိပ်တစ်ခုမှ စပွန်ဆာပေးသော တရုတ်ရိုးရာဒီဇိုင်းပုံစံ ဂါဝန်ရှည်ကို ဝတ်ဆင်ထား၏။ ထိုပြည်တွင်းဖက်ရှင်က အဝတ်အစားနှင့် လိုက်ဖက်ညီစေရန် ပုလဲတစ်ဆင်ဆာကိုပင် စပွန်ဆာထပ်ပေးခဲ့သေးသည်။

တရုတ်ဝတ်စုံများသည် ဖက်ရှင်လောကတွင် သိပ်ပြီးအာရုံစိုက်ခံရခြင်း မရှိပေ။ ထို့ကြောင့် နာမည်ကျော်ကြယ်ပွင့်များသည် အနောက်တိုင်းဖက်ရှင်ကိုသာ ပိုမိုဦးစားပေးကြပြီး တချို့နာမည်ကြီးများဆိုလျှင် ကိုယ်တိုင်းအတိအကျဖြင့် သီးသန့်မှာယူတတ်ကြသည်။

‘ချင်ဖုန်း’ဖက်ရှင်သည် ‘လှပသော တိမ်တိုက်နီများ’ ရုပ်ရှင်ဇာတ်ကားမှ နဉ်ရှီ၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် တကူးတက ဆက်သွယ်ခဲ့ခြင်းဖြစ်၏။ ထို့အပြင် နဉ်ရှီ၏ အကျင့်စရိုက်၊ အရှိန်အဝါက သူတို့၏ ထုတ်ကုန်အသစ်နှင့် လိုက်ဖက်ညီနေသည်။

ကျန်းချင်းယွင်သည် ပူးပေါင်းမှုကို အမြန်ဆုံး လုပ်ဆောင်နိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူက စိတ်ရင်းပါပါဖြင့် ကမ်းလှမ်းလာခြင်းဖြစ်ပြီး နဉ်ရှီကလည်း လူသစ်တစ်ယောက်သာ ဖြစ်နေသေးသည်။ နဉ်ရှီက ‘ချင်ဖုန်း’ဖက်ရှင်နှင့် တစ်နှစ်စာ စာချုပ်ချုပ်ဆိုလိုက်သည်။ ပူးပေါင်းမှုက ငွေကြေးတန်ဖိုးအရ အရမ်းမမြင့်မားသော်လည်း ‘ချင်ဖုန်း’ဖက်ရှင်သည် နဉ်ရှီကို Casual နှင့် Formal ဒီဇိုင်းများလည်း ထောက်ပံ့ပေးခဲ့သည်။

Superstar များက ပြည်တွင်းဖက်ရှင်ကို လျစ်လျူရှုနေကြစဉ် နဉ်ရှီအတွက်တော့ အစကောင်းတစ်ခု ဖြစ်ခဲ့ပေသည်။

ဤစာချုပ်က နဉ်ရှီ၏ ပထမဦးဆုံးသော ထုတ်ကုန်ကိုယ်စားလှယ် စာချုပ်ဖြစ်ပြီး ပြည်တွင်းထုတ်ကုန်နှင့် ပူးပေါင်းနိုင်ခဲ့သည်။ နောင်တစ်ချိန် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများနှင့် ခြေတစ်လှမ်း နီးကပ်လာခဲ့ပြီဖြစ်၏။

ကျန်းချင်းယွင်သည် နဉ်ရှီအတွက် ကျို့ကျီကုမ္ပဏီ၏ အကောင်းဆုံးမိတ်ကပ်အဖွဲ့ကို စီစဉ်ပေးခဲ့ပြီး ကင်မရာအများအပြားရှေ့ ပြီးပြည့်စုံနေစေရန် ပြင်ဆင်ခိုင်းခဲ့သည်။ တစ်ချိန်တည်းမှာပင် တခြားသူများ နဉ်ရှီ၏ တောက်ပမှုကို မခိုးယူနိုင်စေရန် အနီရောင်ကော်ဇောထက် လမ်းလျှောက်ပုံ၊ နေပုံထိုင်ပုံများကို အတန်းတက်ကာ သင်ယူစေခဲ့သည်။ ထို့အပြင် ကျက်သရေရှိစွာ တောက်ပနေရမည့်အပြင် ဖော်ရွေပျူငှာသည့် အငွေ့အသက်မျိုး ပေးစွမ်းနိုင်အောင်လည်း ပို့စ်ပေးနည်းများ သင်ယူခဲ့ရသေးသည်။

နှစ်ရက်ခန့် အလုပ်ရှုပ်နေခဲ့ပြီးနောက် ဆုပေးပွဲနေ့သို့ ရောက်ရှိလာခဲ့ချေပြီ။ ကျို့ကျီဖျော်ဖြေရေးလက်အောက်မှ အမျိုးသမီးသရုပ်ဆောင်အနေဖြင့် နဉ်ရှီသည်လည်း ထိပ်တန်းအနုပညာရှင်တစ်ယောက်၏ ခံစားခွင့်များ ရရှိခဲ့သည်။

“စိတ်လှုပ်ရှားနေလား..?”

ကျိုးကျန်းချွမ်က နဉ်ရှီကို လှည့်ကြည့်လာသည်။ ရှုမငြီးအောင် ပြင်ဆင်နိုင်သော မိတ်ကပ်ပညာက သူမ၏အလှတရားကို ယုံကြည်မှုရှိသည်ထက်ပင် ကျော်လွန်အောင် ဖန်တီးနိုင်စွမ်းခဲ့သည်။

“အဆင်ပြေပါတယ်..” နဉ်ရှီက သူ့ကို ပြုံးပြလိုက်သည်။ ကားထဲမှ အလင်းရောင်ကြောင့် သူမ၏ မျက်တောင်ရှည်ကြီးများဟာ တလက်လက် တောက်ပနေတော့သည်။

သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများ ဖြစ်သည့်အပြင် ကျို့ကျီကုမ္ပဏီက ကျိုးကျန်းချွမ်၏ ကျော်ကြားမှုကို အသုံးချကာ နဉ်ရှီကို မြှင့်တင်လိုသောကြောင့် ဤတစ်ကြိမ်တော့ အနီရောင်ကော်ဇောထက် အတူလျှောက်လှမ်းရမည်ဖြစ်သည်။

“စိတ်မလှုပ်ရှားတာ ကောင်းတာပေါ့..” ကျိုးကျန်းချွမ်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ကြော့ကြော့မော့မော့လေး ထိုင်နေသော နဉ်ရှီကို လှည့်ကြည့်ကာ ရယ်သည်။ “ပရိသတ်တွေက မင်းကို နတ်ဘုရားမလေးလို့ခေါ်တာ မထူးဆန်းတော့ပါဘူး.. ငါသာ ဒီထက် ငါးနှစ်လောက်ပိုငယ်ရင် မင်းရဲ့ပရိသတ် ဖြစ်သွားလောက်မယ်..”

“အဲ့လိုဆိုတော့ နှမြောစရာပဲ..” နဉ်ရှီက နှမြောတသဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။ “လွန်ခဲ့တဲ့ ငါးနှစ်လောက်ထဲက စီနီယာကျိုးနဲ့သာ တွေ့ခဲ့ရင်ကောင်းသား….”

“ဟားဟား..!” ကျိုးကျန်းချွမ်တစ်ယောက် အူလှိုက်သည်းလှိုက် ထရယ်တော့သည်။

ပထမဦးဆုံး စတွေ့ကတည်းက နဉ်ရှီဆီမှာ ဆွဲဆောင်ခံလိုက်ရတယ် ဆိုတာကိုတော့ သူ နဉ်ရှီကို မပြောပြခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော အချင်းချင်း သိကျွမ်းလာလေ၊ နဉ်ရှီက သူ့ထက် ပိုကျော်ကြားလာမယ်ဆိုတာ ယုံကြည်လာလေပဲ..!

အဲ့တာက နဉ်ရှီ ရုပ်ချောလို့ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ သူမက ကြိုးစားတယ်၊ စေ့စပ်သေချာတယ်၊ ပြီးတော့ စိတ်ထားကောင်းတယ်။ အမျိုးကောင်းသား အနည်းလောက်ပဲ ဒီမိန်းကလေးနဲ့ ထိုက်တန်လိမ့်မယ်..!

နောင်တစ်ချိန် ဒီဘုရင်မလေးကို ဘယ်စစ်သူရဲကောင်းကများ အရယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ..!

ကားက ပွဲကျင်းပရာနေရာ၏ အပြင်ဘက်တွင် ရပ်တန့်သွားခဲ့ပြီး သိပ်မကြာခင်မှာပင် ဝန်ထမ်းများက သူတို့၏ယာဉ်ကို အထဲသို့ ဝင်ခွင့်ပေးကြောင်း အသိပေးလာခဲ့၏။

နဉ်ရှီသည် ပြတင်းပေါက်အပြင်သို့ ငေးကြည့်နေခဲ့သည်။ ကားလမ်းအဆုံးတွင် ထိန်လင်းနေပြီး ပရိသတ်များနှင့် Prime Photo Spot သို့ ဝင်ရောက်ခွင့်မရှိသော သတင်းထောက်တချို့ ရှိနေသည်။

(TN : Prime Photo Spot ဆိုတာ ဆုပေးပွဲအခမ်းအနားတွေမှာ သရုပ်ဆောင်တွေ ခဏမတ်တပ်ရပ်ပြီး ဓာတ်ပုံရိုက်ကူးရတဲ့ နေရာပါ။)

ကားက ပွဲကျင်းပရာနေရာတွင် ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ ကားရပ်လိုက်သည်နှင့် အနီရောင်ကော်ဇော၏ တစ်ဖက်တစ်ချက်မှ သတင်းထောက်များ၏ ကင်မရာက သူမတို့ရှိရာဘက်သို့ လှည့်လာသည်ကို နဉ်ရှီ မြင်လိုက်ရလေသည်။

ကျိုးကျန်းချွမ်သည် ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အပြာရောင်နက်ကတိုင်က နဉ်ရှီ၏ ဂါဝန်ပေါ်မှ ပန်းခက်များနှင့် လိုက်ဖက်ညီနေတော့သည်။

နဉ်ရှီသည် အပြာရောင် ကနုတ်ပန်းခက်များဖြင့် အနားကွပ်ထားသော ရေသူမဂါဝန်အဖြူလေးကို ဝတ်ဆင်ထားလေသည်။ သပ်ရပ်သေသပ်သော ချုပ်ရိုးချုပ်သားက သူမ၏ခန္ဓာကိုယ်အချိုးအစားကို ပေါ်လွင်စေပြီး နတ်ဘုရားမလေးသဖွယ် လှပနေတော့သည်။

အရင်လက ထုတ်လွှင့်ခဲ့သော ရုပ်ရှင်၏ အောင်မြင်မှုအရှိန်ကြောင့် ကျိုးကျန်းချွမ်သည် လက်တလောတွင် ရေပမ်းစားနေသည်။ ထို့ကြောင့် သူ ကားပေါ်မှ ဆင်းလာသည်နှင့် မီဒီယာများလည်း အသည်းအသန် ဓာတ်ပုံရိုက်ကြတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြသော ပရိသတ်များလည်း သွားရည်ကျနေတော့မည်။

သို့သော် ကျိုးကျန်းချွမ်သည် အနီရောင်ကော်ဇောထက်သို့ ချက်ချင်း တန်းမသွားခဲ့ပေ။ ထိုအစား ကားတစ်ဖက်သို့ လျှောက်သွားကာ လူကြီးလူကောင်းဆန်ဆန်ဖြင့် ကားတံခါးကို ဖွင့်ပေးလိုက်၏။ ရုပ်သံပေါ်တွင် ကျိုးကျန်းချွမ်၏ ပွဲတက်ပါတနာအနေဖြင့် နဉ်ရှီ ထွက်ပေါ်လာချိန်တွင် လူအများ မှင်သက်သွားကြရသည်။

ပန်းချီကား အသက်ဝင်လာသလို ထွက်ပေါ်လာတဲ့ ဒီမိန်းကလေးက နဉ်ရှီတဲ့လား..?

တရုတ်ထုတ် အဆင့်မြင့်ကင်မရာများသည် အလှတရားကို တန်ဖိုးဖြတ်နိုင်သော လက်နက်တစ်ခုဖြစ်ကြောင်း လူအများ သိထားကြ၏။ နာမည်ကျော်အများစုသည် ရုပ်ရှင်ကားထဲတွင် ပြစ်မျိုးမှဲ့မထင် လှပကြသော်လည်း အင်တာဗျူးနှင့် ပွဲအခမ်းအနားများတွင် ပြစ်ချက်အနာအဆာများ ပေါ်ထွက်လာတတ်ကြသည်။

သို့သော် နဉ်ရှီကို ရိုက်ကူးလိုက်သည်နှင့် ထိုသို့သော အဆင့်မြင့်ကင်မရာများပင် အစွမ်းအစမဲ့သွားဟန် တူသည်။ ဖြူဥသော အသားအရေ၊ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးနှင့် ဝတ်စားဆင်ယင်ပုံက သူမ၏အလှတရားကို တိုးပွားစေခဲ့၏။

နဉ်ရှီနှင့် ကျိုးကျန်းချွမ်သည် လျှောက်လမ်းတစ်လျှောက် အေးဆေးညင်သာစွာ လျှောက်လှမ်းလာရင်း မီဒီယာများ ဓာတ်ပုံရိုက်ကူးနိုင်ရန်လည်း တစ်ခါတရံ မတ်တပ်ရပ်ပေးသေးသည်။ သို့တိုင် သူတို့၏ မူဟန်အနေအထားက ပြီးပြည့်စုံနေတော့သည်။

အနုပညာလော၏ နာမည်ကျော်သရုပ်ဆောင် ဖြစ်သည့်အလျောက် ကျိုးကျန်းချွမ်၏ တည်ရှိမှုသည် တကယ့်ကို ပေါ်လွင်ထင်ရှားလှ၏။ မင်းသမီးအများစုသည် ကျိုးကျန်းချွမ်နှင့် တွဲဖက်လိုက်တိုင်း မပေါ်လွင်ဘဲ မှေးမှိန်နေတတ်ကြသည်။

သို့သော် နဉ်ရှီကတော့ မျက်နှာသစ်သရုပ်ဆောင် ဖြစ်နေသည့်တိုင် ထိုသို့မဖြစ်ခဲ့ပေ။ ကျိုးကျန်းချွမ်နှင့် ယှဉ်တွဲရပ်နေချိန်တွင် သူမ၏ တည်ရှိမှုကို မည်သူမျှ လျစ်လျူရှုမရခဲ့ပေ။

နဉ်ရှီနှင့် ကျိုးကျန်းချွမ်သည် သူငယ်ချင်းများ ဖြစ်သည့်အလျောက် သူတို့၏ လှုပ်ရှားမှုတိုင်းက အပြန်အလှန် ခင်မင်ရင်းနှီးမှုကို ဖော်ပြနေလေသည်။ သို့သော် တချို့သော သတင်းထောက်များက လူအများအထင်လွဲအောင် တမင်ရိုက်ကူးကာ အင်တာနက်ပေါ်တွင် ‘ကောင်းကင်ဧကရာဇ်ကျိုးနဲ့ နာမည်ကျော်လူသစ်လေး နဉ်ရှီတို့ ချစ်ကျီစယ်နေကြတယ်..’ ဟူသော ခေါင်းစဉ်ဖြင့် ခပ်မြန်မြန် တင်လိုက်ကြသည်။

အနုပညာရှင်နှစ်ယောက်လုံး၏ အမာခံပရိသတ်များသည် သူတို့နှစ်ဦး၏ ဆက်ဆံရေးတွင် ယုန်ထင်ကြောင်ထင်ဖြစ်စရာ ဘာမှမရှိကြောင်း သိကြသော်လည်း ဓာတ်ပုံကိုကြည့်၍ အလွန်လိုက်ဖက်ညီကြောင်း ပြောကြလေသည်။

နဉ်ရှီနှင့် ကျိုးကျန်းချွမ်သည် အနီရောင်ကောဇောအဆုံးထိ လျှောက်သွား၏။ နောက်ခံဘုတ်ပြားပေါ် နဉ်ရှီ လက်မှတ်ထိုးနေစဉ်တွင် ဗီဒီယိုရိုက်ကူးရေးက သူမ၏ပုံကို Zoom ချဲ့ ရိုက်ကူးကြလေသည်။ လက်မှတ်ထိုးပြီးနောက် နဉ်ရှီက ကင်မရာကို လှည့်ကြည့်ကာ လှစ်ခနဲ ပြုံးပြလိုက်သည်။

အင်တာနက်သုံးစွဲသူ 1 : “Feiyu Awards ဆုပေးပွဲကို ဘယ်သူတွေ Live ကြည့်နေကြလဲဟေ့..? အဖြောင့်မကြီး ဖြစ်ရက်သားနဲ့ ငါ့မှာ တခြားမိန်းကလေးတစ်ယောက်ကိုကြည့်ပြီး နှာခေါင်းသွေးလျှံရလိမ့်မယ်လို့ ထင်ကိုထင်မထားဘူး.. ငါ အပြစ်ရှိပါတယ်.. တကယ် အပြစ်လုပ်မိပါတယ်..”

အင်တာနက်သုံးစွဲသူ 2 : “ငါလည်း တွေ့လိုက်တယ်ဟေ့.. နဉ်ရှီအပေါ် ပြောဆိုခဲ့မိတာတွေ ပြန်ရုတ်သိမ်းလိုက်ပါပြီ.. နတ်ဘုရားမလေးနဉ်ရေ.. အခုကစပြီး ဒီမမလည်း နတ်ဘုရားမလေးရဲ့ ပရိသတ်ဖြစ်သွားပြီ..!”

အင်တာနက်သုံးစွဲသူ 3 : “သတိထားမိကြရဲ့လား..? နဉ်ရှီ ဒီနေ့ဝတ်ထားတာ တရုတ်ရိုးရာ အဆင်အယင်တွေချည်းပဲနော်.. ဒေါက်ဖိနပ်တောင် အဖြူနဲ့အပြာစပ်ထားတဲ့ ကြွေထည်ပုံစံလေး.. ပထမဆုံး ဆုပေးပွဲတက်တာဆိုပေမယ့် ဒီနေ့အပြင်အဆင်က ပြီးပြည့်စုံနေရောပဲ.. ကျို့ကျီက တော်တော်လေး အားစိုက်ထားပုံရတယ်.. ကောင်းကင်ဧကရာဇ်ကျိုးရဲ့ နတ်ကတိုင်တောင် နဉ်ရှီရဲ့ ဂါဝန်နဲ့ ဆင်တူနော်..!”

အင်တာနက်သုံးစွဲသူ 4 : “Couple ဝတ်ထားတာလို့ ပြောချင်တာလား..?”

အင်တာနက်သုံးစွဲသူ 5 : “အပေါ်ကတစ်ယောက်ရေ.. အတွေးလွန်မနေနဲ့ဟ.. ရှီရှီနဲ့ ချွမ်ချွမ်က သူငယ်ချင်းကောင်းတွေပဲ ဆက်ဖြစ်နေဦးမှာ..”

ထိုအချိန် နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့ကတော့ အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေသည်ကို မသိကြပေ။ နဉ်ရှီဆိုလျှင် ခန်းမထဲမဝင်ခင် အခမ်းအနားမှူးနှင့် စကားရပ်ပြောလိုက်သေးသည်။

“ဒီနေ့ပြီးတာနဲ့ မင်းကို ပြစ်မျိုးမှဲ့မထင် အလှလေးဇာတ်ကောင်အတွက် လာကမ်းလှမ်းကြတော့မှာပဲ..” ကျိုးကျန်းချွမ်က နောက်ပြောင်လာသည်။ “မင်း ဒီနေ့ဝတ်ထားတာ တကယ်လှတယ်..”

“ကျွန်မရဲ့ Stylist Team နှင့် ‘ချင်ဖုန်း’ဖက်ရှင်ရဲ့ ကျေးဇူးတွေလေ..” နဉ်ရှီက မျက်နှာလေးကိုကွယ်ကာ ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ရှေးလူကြီးတွေပြောသလို အဝတ်အစားက လူတစ်ယောက်ရဲ့ အသက်ပဲတဲ့..”

ကျိုးကျန်းချွမ်လည်း ရယ်မောလိုက်သည်။ ပြီးနောက် နဉ်ရှီကို သူမ၏ထိုင်ခုံအထိ လိုက်ပို့ပေးပြီး သူ့ရဲ့ထိုင်ခုံသို့ ပြန်သွားလေသည်။

နဉ်ရှီသည် ‘Yunyue of the Han Dynasty’ ရုပ်ရှင်မှ ‘မင်းသမီးသန်းလီ’ ဇာတ်ရုပ်ဖြင့် ဇကာတင်စာရင်း ဝင်နိုင်ခဲ့သောကြောင့် ထုတ်လုပ်ရေးအဖွဲ့နှင့် အတူထိုင်ရလေသည်။ သူမ ရောက်သွားချိန်တွင် ဇာတ်ပို့သရုပ်ဆောင်တချို့ ရောက်နှင့်နေချေပြီ။ သူတို့က ဇကာတင်စာရင်းတွင် မပါဝင်သော်လည်း ရုပ်ရှင်ထဲတွင် ပါဝင်နေသောကြောင့် အနီရောင်ကော်ဇောထက် အတိုင်းအတာတစ်ခုထိ တောက်ပနိုင်ခဲ့သည်။ နဉ်ရှီလည်း တစ်ယောက်ချင်းစီ နှုတ်ဆက်လိုက်ပြီးနောက် သူမ၏ထိုင်ခုံတွင် အေးဆေးတည်ငြိမ်စွာ နေရာယူလိုက်သည်။

သိပ်မကြာခင် ဒါရိုက်တာနှင့် အဓိကဇာတ်ကောင်များ ရောက်ရှိလာသည်။ အမျိုးသားနှင့် အမျိုးသမီးဇာတ်လိုက်နေရာမှ သရုပ်ဆောင်များသည် ဒါရိုက်တာ၏ တစ်ဖက်တစ်ချက်တွင် နေရာယူလိုက်ကြပြီး နဉ်ရှီက အမျိုးသမီးဇာတ်လိုက်ဖြစ်သူ ကျိုးဟိုင်လီ၏ ဘေးတွင် နေရာယူလိုက်သည်။

“ဇာတ်လိုက်မင်းသမီးပဲပါတဲ့ ရုပ်ရှင်တစ်ခုမှာ ရိုက်ကူးနေတယ်ဆို..?” ကျိုးဟိုင်လီက နဉ်ရှီကို ခပ်တိုးတိုးလေး မေးလာသည်။ “ရိုက်ကူးရေး ပြီးသွားပြီလား..?”

နဉ်ရှီက ခေါင်းညိတ်လိုက်ကာ ဘေးပတ်ဝန်းကျင် အနှောင့်အယှက်မဖြစ်စေရန် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။ “ဒီရက်ပိုင်းထဲ ပြီးသွားတာ..”

ကျိုးဟိုင်လီက သူမ,သိပြီဖြစ်ကြောင်း ခေါင်းညိတ်ပြလာသည်။ ကျိုးဟိုင်လီအနေဖြင့် ခုန်းယွီဟန်၏နာမည်ကို မကြားဖူးတာမဟုတ်။ သို့သော် ထိုဒါရိုက်တာ ရိုက်ကူးသည့် ရုပ်ရှင်တော်တော်များများက လူကြည့်နည်းတာကိုတော့ သူမ သိထားသည်။ ထို့ကြောင့် ထိုရုပ်ရှင်ထဲတွင် နဉ်ရှီ ဘာလို့ပါဝင်ရိုက်ကူးခဲ့မှန်း နားမလည်နိုင်ခဲ့ချေ။

သို့သော် သူတို့နှစ်ယောက်က အတွင်းရေး ဆွေးနွေးသည်အထိ မရင်းနှီးတာကြောင့် ခပ်မြန်မြန်ပင် စကားလမ်းကြောင်း ပြောင်းသွားသည်။

“လမုန့်ပွဲတော် မတိုင်ခင်လောက် ‘Tan Haixian ji’ ကို ထုတ်လွှင့်မယ်လို့ ရက်သတ်မှတ်ထားတယ်..” အခမ်းအနားဖွင့်လှစ်နေသည်ကို မော့ကြည့်လိုက်ရင်း ကျိုးဟိုင်လီက ဆက်ပြောလာသည်။ “နောက်လထဲမှာ ပရိုမိုးရှင်းလုပ်လိမ့်မယ်.. အချိန်အားအောင် လုပ်ထားဦးနော်..”

အရင်းအနှီးကြီးမားသည့် ရုပ်ရှင်ကြီးတစ်ခုကို ပရိုမိုးရှင်းလုပ်နိုင်ခြင်းက နဉ်ရှီအတွက် အကျိုးရှိပေသည်။ ကျိုးဟိုင်လီ၏ သတိပေးမှုနောက်ကွယ်မှ အဓိပ္ပါယ်အမှန်ကို သဘောပေါက်လိုက်သောကြောင့် နဉ်ရှီလည်း ကျေးဇူးတင်စွာ ပြန်လည်ပြုံးပြလိုက်သည်။

ကျယ်လောင်သော ဗျောက်အိုးဖောက်သံများနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံး အလင်းရောင်များဖြင့် ဖုံးလွှမ်းသွား၏။

ဆုပေးပွဲကြီး စတင်ခဲ့ချေပြီ။

***

ချန်းမိသားစုဗီလာတွင် ထောင်ဟွေ့ရွှယ်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ‘Feiyu Awards’ ဆုပေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို မလွတ်တမ်း စောင့်ကြည့်နေလေ၏။

နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့ ပေါ်ထွက်လာသောအခါ ထောင်ဟွေ့ရွယ်က သူမ၏သားတော်မောင်ကို လှည့်ကြည့်လိုက်မိသည်။ ‘နဉ်ရှီ’ ဟုခေါ်သော ရုပ်ရှင်မင်းသမီးအကြောင်းကို ဘာမှမသိထားသော်လည်း သူမက ကိုယ်တိုင်မြင်ရမှ ယုံကြည်တတ်သူပင်။ ထို့ကြောင့် နဉ်ရှီအကြောင်း ဘယ်သူဘာပြောပြော၊ သူမစိတ်ထဲ မထားပေ။

မိခင်တစ်ယောက်အနေဖြင့် သားဖြစ်သူကို ချစ်သည်။ သူမသား၏ အဆုံးအဖြတ်ကို ယုံကြည်သည်။ နဉ်ရှီသာ ရှီကွေ့၏နှလုံးသားကို လှုပ်ခတ်အောင် လုပ်နိုင်စွမ်းလျှင် ဤသည်က သူမ၏ ကံကောင်းမှုပင်။

Screen ပေါ်မှ နဉ်ရှီဟူသော အမျိုးသမီးလေးသည် တကယ့်ကို လှပလွန်းနေပြီး အပြုအမူတိုင်းက အဆင့်အတန်းရှိလှ၏။ သူမ၏ကိုယ်မှ ထုတ်လွှင့်နေသော အရှိန်အဝါသည် ဟန်ဆောင်၍ရသော အရာမျိုးမဟုတ်ပေ။

နဉ်ရှီ ကင်မရာဘက်လှည့်ကာ ပြုံးပြလိုက်သည့်အချိန်၊ အသက် ၆၀ ကပ်နေပြီဖြစ်သော ထောင်ဟွေ့ရွယ်ပင် မှင်သက်သွားရသည်။

ဤအမျိုးသမီးငယ်လေးကား တက်ကြွဖျတ်လက်မှုအပြည့်ဖြင့်…

ချန်းရှီကွေးသည် TV Screen ကို ငေးမောကြည့်နေပြီး ကင်မရာက အနီရောင်ကော်ဇောပေါ်မှ တခြားသရုပ်ဆောင်များဘက်သို့ လှည့်သွားခါမှ အသိပြန်ဝင်လာခဲ့သည်။

“အမေ.. ကျွန်တော် အပေါ်တက်တော့မယ်..”

“ဆက်မကြည့်တော့ဘူးလား..?” ထောင်ဟွေ့ရွှယ်က TV ကို လက်ညှိုးထိုးကာ.. “ဒါက ဆုပေးပွဲအခမ်းအနားလေ.. ဘယ်သူသိတာမှတ်လို့.. အဲ့မိန်းကလေးလည်း ဆုရချင်ရမှာပေါ့..?!”

ထိုသို့ပြောပြီးနောက် TV ရှေ့တွင် အသံတိတ်လေး ပြန်ဝင်ထိုင်လိုက်သော သားဖြစ်သူကိုကြည့်ရင်း ထောင်ဟွေ့ရွှယ် ရယ်မောလိုက်မိသည်။

သူမရဲ့သားတော်မောင်နဲ့ အချစ်အဆိပ်တက်နေတဲ့ လူရွယ်လေး.. ဘယ်လောက်ကွာခြားလိုက်လေသလဲ..?

‘Feiyu Award’ ဆုပေးပွဲသည် အခမ်းအနားမှူးနှစ်ယောက်နှင့်အတူ သက်ဝင်လှုပ်ရှားလျက်ရှိ၏။ များမကြာမီ ‘အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အမျိုးသမီးသရုပ်ဆောင်ဆု’ကို ကြေညာချေတော့မည်။

ထိုဆုအတွက် ကြေညာပေးသူများသည် ‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ရုပ်ရှင်မှ လျန်ချန်ယာနှင့် တခြား ဝါရင့်သရုပ်ဆောင်တစ်ယောက်ပင်။ အာလာပသလ္လာပအနည်းငယ် ပြောကြားပြီးနောက် လျန်ချန်ယာသည် စင်မြင့်ထက်မှ Screen ကြီးကို လှည့်ကြည့်လိုက်…

“ကျေးဇူးပြုပြီး ဇကာတင်ငါးယောက်ရဲ့ ရင်သပ်ရှုမောဖွယ် သရုပ်ဆောင်ချက်တွေကို ရှုစားကြရအောင်လားရှင်..”

နဉ်ရှီ၏ Video Clip လေးသည် နောက်ဆုံးမှ ပေါ်ထွက်လာခဲ့ပြီး ရွေးချယ်ခံရသည့် ဇာတ်ကွက်ကား ‘ဧကရာဇ်ဝူနှင့် စကားပြောနေသည့် အခန်း’ ဖြစ်၏။

“ဖခမည်းတော်ဘုရား.. အိမ်ရှေ့မင်းသားက သားသမီးဝတ္တရား ကျေပွန်တတ်သူပါ.. ဒီလိုမျိုး ကျေးဇူးကန်းတဲ့လုပ်ရပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး.. သနားထောက်ရှုပြီး သူ့အတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးပါ..” သူမ၏ မျက်ဝန်းထဲတွင် ဘယ်သောအခါမှ စီးကျလာမည်မဟုတ်သော မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့၏။ “ဖခမည်းတော်လို အရာရာသိမြင်တဲ့လူက ဘာကြောင့်များ အိမ်ရှေ့မင်းသားကို မယုံကြည်ရတာပါလဲ..?”

ဧကရာဇ်ဝူသည် သူ၏သမီးတော်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်သည်။ သူ၏ အချစ်ဆုံးသမီးငယ်လည်း အိမ်ရှေ့မင်းသား ဘက်မှ ကူပြောပေးလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ “မင်းရဲ့ဖခမည်းတော်ဖြစ်တဲ့ ကိုယ်တော့်ကို အိုမင်းလာပြီလို့ ပြောချင်နေတာလား..?”

အသက်အရွယ်ရလာပြီဖြစ်သော ဘုရင်တစ်ပါးအနေဖြင့် ဧကရာဇ်ဝူသည် သေခြင်းတရားကို ကြောက်ရွံ့ပြီး အသက်ကြီးနေပြီ ဟူ၍လည်း အထင်မခံချင်ပေ။

“မဟုတ်ပါဘူး.. ဖခမည်းတော်က သမီးတော်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း လူတကာထက် သာလွန်မြင့်မြတ်တဲ့သူပါ..” မင်းသမီးသန်းလီသည် ရိုသေလေးစားမှုများဖြင့် ဧကရာဇ်ဝူကို မော့ကြည့်လိုက်၏။

Video Clip လေး အဆုံးသတ်ပြီးနောက် လျန်ချန်ယာက နာမည်ထည့်ထားသည့် စာအိတ်ကို ဝှေ့ယမ်းလိုက်ကာ သူမ၏ဘေးမှ ဝါရင့်အမျိုးသားသရုပ်ဆောင်ကို မေးမြန်းလိုက်သည်။ “ဒီစာအိတ်ထဲမှာ ဘယ်သူ့နာမည် ရှိမယ်ထင်လဲ..?”

တစ်ချိန်တည်းမှာပင် ကင်မရာများက ဇကာတင်စာရင်းဝင် မင်းသမီးငါးယောက်ကို ဦးတည်ရိုက်ကူးနေတော့၏။ ဒါရိုက်တာက Screen ပေါ်တွင် အကန့်ငါးကန့်ခွဲကာ မင်းသမီးငါးယောက်လုံး၏ သက်ဝင်လှုပ်ရှားနေပုံကို တစ်ပြိုင်နက်တည်း ထုတ်လွှင့်ပြသခဲ့ သည်။ ထို့ကြောင့် ပရိသတ်များလည်း သရုပ်ဆောင်ငါးယောက်လုံး၏ အမူအရာကို မြင်နိုင်လေသည်။

သရုပ်ဆောင်များမှာ မည်မျှစိတ်လှုပ်ရှားစေကာမူ တည်ငြိမ်မှုကိုသာ ဖော်ပြလာကြသည်။ နဉ်ရှီသည်လည်း ထိုနည်းလည်းကောင်း သာ၊ အပြုံးပန်းလေး ဆင်မြန်းလျက်၊ မျက်ဝန်းများက မျှော်လင့်ချက်များဖြင့် တောက်ပနေလေ၏။ သို့သော် အရမ်းမျှော်လင့်နေသည့်ပုံစံမျိုး မရှိပေ။

လူအများ စိတ်လှုပ်ရှားလာအောင် ဖန်တီးခဲ့ပြီးနောက် လျန်ချန်ယာက စာအိတ်ကို ဖွင့်ဖတ်လိုက်သည်။

“အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် အမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိသွားသူကတော့………….

‘Yunyue of the Han Dynasty’ မှ နဉ်ရှီ ဖြစ်ပါတယ်..! Congratulations..!!!”

ဤရလဒ်ကား တကယ့်ကို မျှော်လင့်မထားသည့် အရာတစ်ခုပင်။ နဉ်ရှီ၏ သရုပ်ဆောင်မှုကို တကယ့်ကို ပြောင်မြောက်ခဲ့ပေ၏။ အလှတရားက သူမ၏ သရုပ်ဆောင်စွမ်းရည်ကို လွှမ်းမိုးသွားခြင်းမရှိပေ။

နဉ်ရှီသည် ဂုဏ်ပြုပေးနေသည့် အသိမိတ်ဆွေများကို ကျေးဇူးတင်စကားပြော၍  စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်သည်။ ပြီးနောက် လျန်ချန်ယာထံမှ ဆုဖလားကို လက်ခံရယူလိုက်လေသည်။

“တောင်းပန်ပါတယ်ရှင်.. အရမ်းစိတ်လှုပ်ရှားနေလို့ ဘာပြောရမလဲတောင် မသိတော့ဘူး..!” နဉ်ရှီက ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဟန်ဖြင့် ပြုံးလိုက်၏။ အပြစ်ကင်းသည့် မျက်နှာလေးက ပရိသတ်များ၏ နှလုံးသားကို ယားကျိကျိဖြစ်စေခဲ့သည်။

“ကျွန်မကို ဆုချီးမြှင့်ခဲ့တဲ့ အခမ်းအနားစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်ရှင်..” နဉ်ရှီက ဦးညွှတ်လိုက်ကာ ဆက်ပြောသည်။ “ဒါရိုက်တာရှု၊ အစ်မကျိုးနဲ့ အစ်ကိုလျှိုကိုလည်း ကျေးဇူးတင်ပါတယ်.. သူတို့ရဲ့ လမ်းညွှန်သင်ကြားပေးမှုသာ မရခဲ့ဘူးဆိုရင် ဒီလိုအသိအမှတ်ပြုခံရတာမျိုး ရရှိနိုင်မှာမဟုတ်ပါဘူး.. ပြီးတော့ ကျွန်မကို ကူညီပေးခဲ့တဲ့ ‘Yunyue of the Han Dynasty’ က အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်.. အမြဲတမ်း ကျွန်မဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်.. ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်သာ ကျွန်မ ဒီအနုပညာလမ်းကို ဆက်လျှောက်နိုင်ခဲ့တာပါ.. နောက်ဆုံးအနေနဲ့ ကျွန်မကို ထောက်ပံ့ကူညီပေးနေတဲ့ ကုမ္ပဏီနဲ့ အစ်ကိုကျန်းကို ကျေးဇူးတင်ပါတယ်..”

“ထပ်ပြီးတော့ လူတိုင်းလူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်..!” နဉ်ရှီက ထပ်မံဦးညွှတ်လိုက်ကာ စင်ပေါ်မှဆင်းရန် ပြင်လိုက်သည်။

“နဉ်ရှီ.. ခဏလေး နေပါဦး..” အခမ်းအနားမှူးက နဉ်ရှီကိုတားကာ မိုက်ကရိုဖုန်း ထိုးပေးလာသည်။ “မေးခွန်းတစ်ခုလောက် မေးချင်ပါသေးတယ်.. ကျွန်တော်တို့နဲ့အတူ ဖျော်ဖြေပေးနိုင်မလား..?”

“ကိုယ်ရေးကိုယ်တာမဟုတ်သရွေ့ ဖျော်ဖြေပေးနိုင်ပါတယ်ရှင်..” နဉ်ရှီက ရွှတ်နောက်နောက် ပြုံးလိုက်သည်။ မထိတထိ ကျီစယ်ဟန်လေးကြောင့် ပရိသတ်များ အော်ဟစ်ဩဘာပေးကြလေ၏။

“ကြည့်ရတာ မေးခွန်းတစ်ခုပဲ မေးလို့ရတော့မယ်ထင်တယ်..” တင်ဆက်သူက စိတ်ဓာတ်ကျသွားဟန်ဖြင့် ပြန်နောက်သည်။ ပြီးနောက် တက်ကြွနေသော လူအုပ်ကြီးကို မြင်သောအခါ လေးလေးနက်နက် မေးမြန်းလာလေသည်။

“ကျွန်တော် မှတ်မိတာမှန်ရင် နဉ်ရှီက ‘ကိုယ့်နှလုံးသားက မင်းကိုပဲ တမ်းတနေမိတယ်’ ရုပ်ရှင်နဲ့ ပွဲဦးထွက်ခဲ့တာနော်.. ဇာတ်ကွက်နည်းနည်းပဲ ပါဝင်ခဲ့ရပေမယ့် ဖြူစင်ရိုးသားတဲ့ အလှတရားကြောင့် ပရိသတ်တော်တော်များများ ရရှိခဲ့တယ်.. ဒါတွေအားလုံးက မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်မဟုတ်ဘဲ မျက်နှာလေးလှနေလို့လို့ အပြောခံခဲ့ရသေးတယ်နော်.. အဲ့လိုမှတ်ချက်တွေ ပြန်ကြားရတဲ့အခါ စိတ်တိုခဲ့ဖူးလား..?”

………………………………………………………
နဉ်ရှီဝတ်သွားတာ ဒီဂါဝန်နဲ့ဖိနပ်လေးပါနော်။





[Zawgyi]

အခန္း - (၄၇)

‘Feiyu Awards’ ဆုအေပၚ လူအမ်ား စိတ္ဝင္စားလ်က္ရိွၿပီး ဆုေပးပြဲကို အမ်ိဳးသားရုပ္သံဌာနမွ တိုက္ရိုက္ထုတ္လႊင့္မည္ျဖစ္၏။ သတင္းေထာက္မ်ားသည္ ပြဲမစတင္ခင္ကတည္းက ဝန္ထမ္းမ်ားႏွင့္အတူ အင္တာဗ်ူးလုပ္ရန္ ႀကိဳေရာက္ေနရသည္။

‘ဆုေပးပြဲ’မည္သည္ နာမည္ေက်ာ္ၾကားသူမ်ား စုစည္းတက္ေရာက္ရာ ပြဲအခမ္းအနားမ်ိဳးပင္။ ထုတ္လုပ္သူမ်ား အပါအဝင္ ရုပ္သံဌာနမွ အေရးပါအရာေရာက္သူမ်ား၊ ဇာတ္ၫႊန္းေရးသူမ်ားႏွင့္ အႏုပညာရွင္မ်ားက ပြဲႏွင့္အညီ ဝတ္စားဆင္ယင္ကာ တစ္ဦးၿပီးတစ္ဦး ျဖည္းျဖည္းခ်င္း ေပၚထြက္လာၾကလိမ့္မည္။

ထိုအထဲမွ ‘ဘယ္မင္းသမီးက အေကာင္းဆံုး ဝတ္စားထားတာ၊ ဘယ္သူက မ်က္စိေနာက္ဖို႔ေကာင္းတာ၊ ဘယ္သရုပ္ေဆာင္ကေတာ့ ဘယ္ Brand ကို စပြန္ဆာရထားတာ၊ ဘယ္တစ္ေယာက္ကေတာ့ အတုေတြ ဝတ္စားထားတာ..’ စသၫ့္ အေၾကာင္းအရာမ်ားသာ သတင္းေထာက္ႏွင့္ ပရိသတ္မ်ားက စိတ္ဝင္တစား ေဆြးေနြးတတ္ၾက၏။

နာမည္ႀကီးရုပ္ရွင္မင္းသမီးတိုင္း အႏွီကံၾကမၼာမွ မလြတ္ေျမာက္ႏိုင္ေပ။ နဉ္ရွီသည္လည္း ႁခြင္းခ်က္မရိွ။

နဉ္ရွီသည္ ျပည္တြင္းဖက္ရွင္တံဆိပ္တစ္ခုမွ စပြန္ဆာေပးေသာ တရုတ္ရိုးရာဒီဇိုင္းပံုစံ ဂါဝန္ရွည္ကို ဝတ္ဆင္ထား၏။ ထိုျပည္တြင္းဖက္ရွင္က အဝတ္အစားႏွင့္ လိုက္ဖက္ညီေစရန္ ပုလဲတစ္ဆင္ဆာကိုပင္ စပြန္ဆာထပ္ေပးခဲ့ေသးသည္။

တရုတ္ဝတ္စံုမ်ားသည္ ဖက္ရွင္ေလာကတြင္ သိပ္ၿပီးအာရံုစိုက္ခံရျခင္း မရိွေပ။ ထို႔ေၾကာင့္ နာမည္ေက်ာ္ၾကယ္ပြင့္မ်ားသည္ အေနာက္တိုင္းဖက္ရွင္ကိုသာ ပိုမိုဦးစားေပးၾကၿပီး တခ်ိဳ႕နာမည္ႀကီးမ်ားဆိုလ်ွင္ ကိုယ္တိုင္းအတိအက်ျဖင့္ သီးသန႔္မွာယူတတ္ၾကသည္။

‘ခ်င္ဖုန္း’ဖက္ရွင္သည္ ‘လွပေသာ တိမ္တိုက္နီမ်ား’ ရုပ္ရွင္ဇာတ္ကားမွ နဉ္ရွီ၏ ရင္သပ္ရႈေမာဖြယ္ အလွတရားေၾကာင့္ တကူးတက ဆက္သြယ္ခဲ့ျခင္းျဖစ္၏။ ထို႔အျပင္ နဉ္ရွီ၏ အက်င့္စရိုက္၊ အရိွန္အဝါက သူတို႔၏ ထုတ္ကုန္အသစ္ႏွင့္ လိုက္ဖက္ညီေနသည္။

က်န္းခ်င္းယြင္သည္ ပူးေပါင္းမႈကို အျမန္ဆံုး လုပ္ေဆာင္ႏိုင္ခဲ့သည္။ မည္သို႔ပင္ဆိုေစ တစ္ဖက္လူက စိတ္ရင္းပါပါျဖင့္ ကမ္းလွမ္းလာျခင္းျဖစ္ၿပီး နဉ္ရွီကလည္း လူသစ္တစ္ေယာက္သာ ျဖစ္ေနေသးသည္။ နဉ္ရွီက ‘ခ်င္ဖုန္း’ဖက္ရွင္ႏွင့္ တစ္ႏွစ္စာ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္သည္။ ပူးေပါင္းမႈက ေငြေၾကးတန္ဖိုးအရ အရမ္းမျမင့္မားေသာ္လည္း ‘ခ်င္ဖုန္း’ဖက္ရွင္သည္ နဉ္ရွီကို Casual ႏွင့္ Formal ဒီဇိုင္းမ်ားလည္း ေထာက္ပံ့ေပးခဲ့သည္။

Superstar မ်ားက ျပည္တြင္းဖက္ရွင္ကို လ်စ္လ်ူရႈေနၾကစဉ္ နဉ္ရွီအတြက္ေတာ့ အစေကာင္းတစ္ခု ျဖစ္ခဲ့ေပသည္။

ဤစာခ်ဳပ္က နဉ္ရွီ၏ ပထမဦးဆံုးေသာ ထုတ္ကုန္ကိုယ္စားလွယ္ စာခ်ဳပ္ျဖစ္ၿပီး ျပည္တြင္းထုတ္ကုန္ႏွင့္ ပူးေပါင္းႏိုင္ခဲ့သည္။ ေနာင္တစ္ခ်ိန္ ပိုမိုေကာင္းမြန္ေသာ ပူးေပါင္းေဆာင္ရြက္မႈမ်ားႏွင့္ ေျခတစ္လွမ္း နီးကပ္လာခဲ့ၿပီျဖစ္၏။

က်န္းခ်င္းယြင္သည္ နဉ္ရွီအတြက္ က်ိဳ႕က်ီကုမၸဏီ၏ အေကာင္းဆံုးမိတ္ကပ္အဖြဲ႔ကို စီစဉ္ေပးခဲ့ၿပီး ကင္မရာအမ်ားအျပားေရ႔ွ ၿပီးျပၫ့္စံုေနေစရန္ ျပင္ဆင္ခိုင္းခဲ့သည္။ တစ္ခ်ိန္တည္းမွာပင္ တျခားသူမ်ား နဉ္ရွီ၏ ေတာက္ပမႈကို မခိုးယူႏိုင္ေစရန္ အနီေရာင္ေကာ္ေဇာထက္ လမ္းေလ်ွာက္ပံု၊ ေနပံုထိုင္ပံုမ်ားကို အတန္းတက္ကာ သင္ယူေစခဲ့သည္။ ထို႔အျပင္ က်က္သေရရိွစြာ ေတာက္ပေနရမၫ့္အျပင္ ေဖာ္ေရြပ်ူငွာသၫ့္ အေငြ့အသက္မ်ိဳး ေပးစြမ္းႏိုင္ေအာင္လည္း ပို႔စ္ေပးနည္းမ်ား သင္ယူခဲ့ရေသးသည္။

ႏွစ္ရက္ခန႔္ အလုပ္ရႈပ္ေနခဲ့ၿပီးေနာက္ ဆုေပးပြဲေန့သို႔ ေရာက္ရိွလာခဲ့ေခ်ၿပီ။ က်ိဳ႕က်ီေဖ်ာ္ေျဖေရးလက္ေအာက္မွ အမ်ိဳးသမီးသရုပ္ေဆာင္အေနျဖင့္ နဉ္ရွီသည္လည္း ထိပ္တန္းအႏုပညာရွင္တစ္ေယာက္၏ ခံစားခြင့္မ်ား ရရိွခဲ့သည္။

“စိတ္လႈပ္ရွားေနလား..?”

က်ိဳးက်န္းခြၽမ္က နဉ္ရွီကို လွၫ့္ၾကၫ့္လာသည္။ ရႈမၿငီးေအာင္ ျပင္ဆင္ႏိုင္ေသာ မိတ္ကပ္ပညာက သူမ၏အလွတရားကို ယံုၾကည္မႈရိွသည္ထက္ပင္ ေက်ာ္လြန္ေအာင္ ဖန္တီးႏိုင္စြမ္းခဲ့သည္။

“အဆင္ေျပပါတယ္..” နဉ္ရွီက သူ႔ကို ၿပံဳးျပလိုက္သည္။ ကားထဲမွ အလင္းေရာင္ေၾကာင့္ သူမ၏ မ်က္ေတာင္ရွည္ႀကီးမ်ားဟာ တလက္လက္ ေတာက္ပေနေတာ့သည္။

သူတို႔ႏွစ္ဦးသည္ သူငယ္ခ်င္းေကာင္းမ်ား ျဖစ္သၫ့္အျပင္ က်ိဳ႕က်ီကုမၸဏီက က်ိဳးက်န္းခြၽမ္၏ ေက်ာ္ၾကားမႈကို အသံုးခ်ကာ နဉ္ရွီကို ျမႇင့္တင္လိုေသာေၾကာင့္ ဤတစ္ႀကိမ္ေတာ့ အနီေရာင္ေကာ္ေဇာထက္ အတူေလ်ွာက္လွမ္းရမည္ျဖစ္သည္။

“စိတ္မလႈပ္ရွားတာ ေကာင္းတာေပါ့..” က်ိဳးက်န္းခြၽမ္သည္ တည္တည္ၿငိမ္ၿငိမ္ျဖင့္ ေၾကာ့ေၾကာ့ေမာ့ေမာ့ေလး ထိုင္ေနေသာ နဉ္ရွီကို လွၫ့္ၾကၫ့္ကာ ရယ္သည္။ “ပရိသတ္ေတြက မင္းကို နတ္ဘုရားမေလးလို႔ေခၚတာ မထူးဆန္းေတာ့ပါဘူး.. ငါသာ ဒီထက္ ငါးႏွစ္ေလာက္ပိုငယ္ရင္ မင္းရဲ့ပရိသတ္ ျဖစ္သြားေလာက္မယ္..”

“အဲ့လိုဆိုေတာ့ ႏွေျမာစရာပဲ..” နဉ္ရွီက ႏွေျမာတသျဖစ္ေနဟန္ျဖင့္ ေျပာလိုက္သည္။ “လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္ထဲက စီနီယာက်ိဳးနဲ႔သာ ေတြ့ခဲ့ရင္ေကာင္းသား….”

“ဟားဟား..!” က်ိဳးက်န္းခြၽမ္တစ္ေယာက္ အူလိႈက္သည္းလိႈက္ ထရယ္ေတာ့သည္။

ပထမဦးဆံုး စေတြ့ကတည္းက နဉ္ရွီဆီမွာ ဆြဲေဆာင္ခံလိုက္ရတယ္ ဆိုတာကိုေတာ့ သူ နဉ္ရွီကို မေျပာျပခဲ့ပါဘူး။ ဘယ္လိုပဲေျပာေျပာ အခ်င္းခ်င္း သိကြၽမ္းလာေလ၊ နဉ္ရွီက သူ႔ထက္ ပိုေက်ာ္ၾကားလာမယ္ဆိုတာ ယံုၾကည္လာေလပဲ..!

အဲ့တာက နဉ္ရွီ ရုပ္ေခ်ာလို႔ တစ္ခုတည္းေၾကာင့္ မဟုတ္ဘူး။ သူမက ႀကိဳးစားတယ္၊ ေစ့စပ္ေသခ်ာတယ္၊ ၿပီးေတာ့ စိတ္ထားေကာင္းတယ္။ အမ်ိဳးေကာင္းသား အနည္းေလာက္ပဲ ဒီမိန္းကေလးနဲ႔ ထိုက္တန္လိမ့္မယ္..!

ေနာင္တစ္ခ်ိန္ ဒီဘုရင္မေလးကို ဘယ္စစ္သူရဲေကာင္းကမ်ား အရယူႏိုင္မလဲဆိုတာ စိတ္ဝင္စားစရာပဲ..!

ကားက ပြဲက်င္းပရာေနရာ၏ အျပင္ဘက္တြင္ ရပ္တန႔္သြားခဲ့ၿပီး သိပ္မၾကာခင္မွာပင္ ဝန္ထမ္းမ်ားက သူတို႔၏ယာဉ္ကို အထဲသို႔ ဝင္ခြင့္ေပးေၾကာင္း အသိေပးလာခဲ့၏။

နဉ္ရွီသည္ ျပတင္းေပါက္အျပင္သို႔ ေငးၾကၫ့္ေနခဲ့သည္။ ကားလမ္းအဆံုးတြင္ ထိန္လင္းေနၿပီး ပရိသတ္မ်ားႏွင့္ Prime Photo Spot သို႔ ဝင္ေရာက္ခြင့္မရိွေသာ သတင္းေထာက္တခ်ိဳ႕ ရိွေနသည္။

(TN : Prime Photo Spot ဆိုတာ ဆုေပးပြဲအခမ္းအနားေတြမွာ သရုပ္ေဆာင္ေတြ ခဏမတ္တပ္ရပ္ၿပီး ဓာတ္ပံုရိုက္ကူးရတဲ့ ေနရာပါ။)

ကားက ပြဲက်င္းပရာေနရာတြင္ ျဖည္းျဖည္းခ်င္း ရပ္တန႔္သြားခဲ့သည္။ ကားရပ္လိုက္သည္ႏွင့္ အနီေရာင္ေကာ္ေဇာ၏ တစ္ဖက္တစ္ခ်က္မွ သတင္းေထာက္မ်ား၏ ကင္မရာက သူမတို႔ရိွရာဘက္သို႔ လွၫ့္လာသည္ကို နဉ္ရွီ ျမင္လိုက္ရေလသည္။

က်ိဳးက်န္းခြၽမ္သည္ ပြဲတက္ဝတ္စံုကို ဝတ္ဆင္ထားၿပီး အျပာေရာင္နက္ကတိုင္က နဉ္ရွီ၏ ဂါဝန္ေပၚမွ ပန္းခက္မ်ားႏွင့္ လိုက္ဖက္ညီေနေတာ့သည္။

နဉ္ရွီသည္ အျပာေရာင္ ကႏုတ္ပန္းခက္မ်ားျဖင့္ အနားကြပ္ထားေသာ ေရသူမဂါဝန္အျဖဴေလးကို ဝတ္ဆင္ထားေလသည္။ သပ္ရပ္ေသသပ္ေသာ ခ်ဳပ္ရိုးခ်ဳပ္သားက သူမ၏ခႏၶာကိုယ္အခ်ိဳးအစားကို ေပၚလြင္ေစၿပီး နတ္ဘုရားမေလးသဖြယ္ လွပေနေတာ့သည္။

အရင္လက ထုတ္လႊင့္ခဲ့ေသာ ရုပ္ရွင္၏ ေအာင္ျမင္မႈအရိွန္ေၾကာင့္ က်ိဳးက်န္းခြၽမ္သည္ လက္တေလာတြင္ ေရပမ္းစားေနသည္။ ထို႔ေၾကာင့္ သူ ကားေပၚမွ ဆင္းလာသည္ႏွင့္ မီဒီယာမ်ားလည္း အသည္းအသန္ ဓာတ္ပံုရိုက္ၾကေတာ့သည္။

တိုက္ရိုက္ထုတ္လႊင့္မႈကို ေစာင့္ၾကၫ့္ေနၾကေသာ ပရိသတ္မ်ားလည္း သြားရည္က်ေနေတာ့မည္။

သို႔ေသာ္ က်ိဳးက်န္းခြၽမ္သည္ အနီေရာင္ေကာ္ေဇာထက္သို႔ ခ်က္ခ်င္း တန္းမသြားခဲ့ေပ။ ထိုအစား ကားတစ္ဖက္သို႔ ေလ်ွာက္သြားကာ လူႀကီးလူေကာင္းဆန္ဆန္ျဖင့္ ကားတံခါးကို ဖြင့္ေပးလိုက္၏။ ရုပ္သံေပၚတြင္ က်ိဳးက်န္းခြၽမ္၏ ပြဲတက္ပါတနာအေနျဖင့္ နဉ္ရွီ ထြက္ေပၚလာခ်ိန္တြင္ လူအမ်ား မွင္သက္သြားၾကရသည္။

ပန္းခ်ီကား အသက္ဝင္လာသလို ထြက္ေပၚလာတဲ့ ဒီမိန္းကေလးက နဉ္ရွီတဲ့လား..?

တရုတ္ထုတ္ အဆင့္ျမင့္ကင္မရာမ်ားသည္ အလွတရားကို တန္ဖိုးျဖတ္ႏိုင္ေသာ လက္နက္တစ္ခုျဖစ္ေၾကာင္း လူအမ်ား သိထားၾက၏။ နာမည္ေက်ာ္အမ်ားစုသည္ ရုပ္ရွင္ကားထဲတြင္ ျပစ္မ်ိဳးမွဲ႔မထင္ လွပၾကေသာ္လည္း အင္တာဗ်ူးႏွင့္ ပြဲအခမ္းအနားမ်ားတြင္ ျပစ္ခ်က္အနာအဆာမ်ား ေပၚထြက္လာတတ္ၾကသည္။

သို႔ေသာ္ နဉ္ရွီကို ရိုက္ကူးလိုက္သည္ႏွင့္ ထိုသို႔ေသာ အဆင့္ျမင့္ကင္မရာမ်ားပင္ အစြမ္းအစမဲ့သြားဟန္ တူသည္။ ျဖဴဥေသာ အသားအေရ၊ ျပစ္မ်ိဳးမွဲ႔မထင္ မ်က္ႏွာေလးႏွင့္ ဝတ္စားဆင္ယင္ပံုက သူမ၏အလွတရားကို တိုးပြားေစခဲ့၏။

နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္သည္ ေလ်ွာက္လမ္းတစ္ေလ်ွာက္ ေအးေဆးညင္သာစြာ ေလ်ွာက္လွမ္းလာရင္း မီဒီယာမ်ား ဓာတ္ပံုရိုက္ကူးႏိုင္ရန္လည္း တစ္ခါတရံ မတ္တပ္ရပ္ေပးေသးသည္။ သို႔တိုင္ သူတို႔၏ မူဟန္အေနအထားက ၿပီးျပၫ့္စံုေနေတာ့သည္။

အႏုပညာေလာ၏ နာမည္ေက်ာ္သရုပ္ေဆာင္ ျဖစ္သၫ့္အေလ်ာက္ က်ိဳးက်န္းခြၽမ္၏ တည္ရိွမႈသည္ တကယ့္ကို ေပၚလြင္ထင္ရွားလွ၏။ မင္းသမီးအမ်ားစုသည္ က်ိဳးက်န္းခြၽမ္ႏွင့္ တြဲဖက္လိုက္တိုင္း မေပၚလြင္ဘဲ ေမွးမိွန္ေနတတ္ၾကသည္။

သို႔ေသာ္ နဉ္ရွီကေတာ့ မ်က္ႏွာသစ္သရုပ္ေဆာင္ ျဖစ္ေနသၫ့္တိုင္ ထိုသို႔မျဖစ္ခဲ့ေပ။ က်ိဳးက်န္းခြၽမ္ႏွင့္ ယွဉ္တြဲရပ္ေနခ်ိန္တြင္ သူမ၏ တည္ရိွမႈကို မည္သူမ်ွ လ်စ္လ်ူရႈမရခဲ့ေပ။

နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္သည္ သူငယ္ခ်င္းမ်ား ျဖစ္သၫ့္အေလ်ာက္ သူတို႔၏ လႈပ္ရွားမႈတိုင္းက အျပန္အလွန္ ခင္မင္ရင္းႏွီးမႈကို ေဖာ္ျပေနေလသည္။ သို႔ေသာ္ တခ်ိဳ႕ေသာ သတင္းေထာက္မ်ားက လူအမ်ားအထင္လြဲေအာင္ တမင္ရိုက္ကူးကာ အင္တာနက္ေပၚတြင္ ‘ေကာင္းကင္ဧကရာဇ္က်ိဳးနဲ႔ နာမည္ေက်ာ္လူသစ္ေလး နဉ္ရွီတို႔ ခ်စ္က်ီစယ္ေနၾကတယ္..’ ဟူေသာ ေခါင္းစဉ္ျဖင့္ ခပ္ျမန္ျမန္ တင္လိုက္ၾကသည္။

အႏုပညာရွင္ႏွစ္ေယာက္လံုး၏ အမာခံပရိသတ္မ်ားသည္ သူတို႔ႏွစ္ဦး၏ ဆက္ဆံေရးတြင္ ယုန္ထင္ေၾကာင္ထင္ျဖစ္စရာ ဘာမွမရိွေၾကာင္း သိၾကေသာ္လည္း ဓာတ္ပံုကိုၾကၫ့္၍ အလြန္လိုက္ဖက္ညီေၾကာင္း ေျပာၾကေလသည္။

နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္သည္ အနီေရာင္ေကာေဇာအဆံုးထိ ေလ်ွာက္သြား၏။ ေနာက္ခံဘုတ္ျပားေပၚ နဉ္ရွီ လက္မွတ္ထိုးေနစဉ္တြင္ ဗီဒီယိုရိုက္ကူးေရးက သူမ၏ပံုကို Zoom ခ်ဲ့ ရိုက္ကူးၾကေလသည္။ လက္မွတ္ထိုးၿပီးေနာက္ နဉ္ရွီက ကင္မရာကို လွၫ့္ၾကၫ့္ကာ လွစ္ခနဲ ၿပံဳးျပလိုက္သည္။

အင္တာနက္သံုးစြဲသူ 1 : “Feiyu Awards ဆုေပးပြဲကို ဘယ္သူေတြ Live ၾကၫ့္ေနၾကလဲေဟ့..? အေျဖာင့္မႀကီး ျဖစ္ရက္သားနဲ႔ ငါ့မွာ တျခားမိန္းကေလးတစ္ေယာက္ကိုၾကၫ့္ၿပီး ႏွာေခါင္းေသြးလ်ွံရလိမ့္မယ္လို႔ ထင္ကိုထင္မထားဘူး.. ငါ အျပစ္ရိွပါတယ္.. တကယ္ အျပစ္လုပ္မိပါတယ္..”

အင္တာနက္သံုးစြဲသူ 2 : “ငါလည္း ေတြ့လိုက္တယ္ေဟ့.. နဉ္ရွီအေပၚ ေျပာဆိုခဲ့မိတာေတြ ျပန္ရုတ္သိမ္းလိုက္ပါၿပီ.. နတ္ဘုရားမေလးနဉ္ေရ.. အခုကစၿပီး ဒီမမလည္း နတ္ဘုရားမေလးရဲ့ ပရိသတ္ျဖစ္သြားၿပီ..!”

အင္တာနက္သံုးစြဲသူ 3 : “သတိထားမိၾကရဲ့လား..? နဉ္ရွီ ဒီေန့ဝတ္ထားတာ တရုတ္ရိုးရာ အဆင္အယင္ေတြခ်ည္းပဲေနာ္.. ေဒါက္ဖိနပ္ေတာင္ အျဖဴနဲ႔အျပာစပ္ထားတဲ့ ေႂကြထည္ပံုစံေလး.. ပထမဆံုး ဆုေပးပြဲတက္တာဆိုေပမယ့္ ဒီေန့အျပင္အဆင္က ၿပီးျပၫ့္စံုေနေရာပဲ.. က်ိဳ႕က်ီက ေတာ္ေတာ္ေလး အားစိုက္ထားပံုရတယ္.. ေကာင္းကင္ဧကရာဇ္က်ိဳးရဲ့ နတ္ကတိုင္ေတာင္ နဉ္ရွီရဲ့ ဂါဝန္နဲ႔ ဆင္တူေနာ္..!”

အင္တာနက္သံုးစြဲသူ 4 : “Couple ဝတ္ထားတာလို႔ ေျပာခ်င္တာလား..?”

အင္တာနက္သံုးစြဲသူ 5 : “အေပၚကတစ္ေယာက္ေရ.. အေတြးလြန္မေနနဲ႔ဟ.. ရွီရွီနဲ႔ ခြၽမ္ခြၽမ္က သူငယ္ခ်င္းေကာင္းေတြပဲ ဆက္ျဖစ္ေနဦးမွာ..”

ထိုအခ်ိန္ နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔ကေတာ့ အင္တာနက္ေပၚတြင္ ပြက္ေလာရိုက္ေနသည္ကို မသိၾကေပ။ နဉ္ရွီဆိုလ်ွင္ ခန္းမထဲမဝင္ခင္ အခမ္းအနားမွဴးႏွင့္ စကားရပ္ေျပာလိုက္ေသးသည္။

“ဒီေန့ၿပီးတာနဲ႔ မင္းကို ျပစ္မ်ိဳးမွဲ႔မထင္ အလွေလးဇာတ္ေကာင္အတြက္ လာကမ္းလွမ္းၾကေတာ့မွာပဲ..” က်ိဳးက်န္းခြၽမ္က ေနာက္ေျပာင္လာသည္။ “မင္း ဒီေန့ဝတ္ထားတာ တကယ္လွတယ္..”

“ကြၽန္မရဲ့ Stylist Team ႏွင့္ ‘ခ်င္ဖုန္း’ဖက္ရွင္ရဲ့ ေက်းဇူးေတြေလ..” နဉ္ရွီက မ်က္ႏွာေလးကိုကြယ္ကာ ခပ္တိုးတိုး ရယ္ေမာလိုက္သည္။ “ေရွးလူႀကီးေတြေျပာသလို အဝတ္အစားက လူတစ္ေယာက္ရဲ့ အသက္ပဲတဲ့..”

က်ိဳးက်န္းခြၽမ္လည္း ရယ္ေမာလိုက္သည္။ ၿပီးေနာက္ နဉ္ရွီကို သူမ၏ထိုင္ခံုအထိ လိုက္ပို႔ေပးၿပီး သူ႔ရဲ့ထိုင္ခံုသို႔ ျပန္သြားေလသည္။

နဉ္ရွီသည္ ‘Yunyue of the Han Dynasty’ ရုပ္ရွင္မွ ‘မင္းသမီးသန္းလီ’ ဇာတ္ရုပ္ျဖင့္ ဇကာတင္စာရင္း ဝင္ႏိုင္ခဲ့ေသာေၾကာင့္ ထုတ္လုပ္ေရးအဖြဲ႔ႏွင့္ အတူထိုင္ရေလသည္။ သူမ ေရာက္သြားခ်ိန္တြင္ ဇာတ္ပို႔သရုပ္ေဆာင္တခ်ိဳ႕ ေရာက္ႏွင့္ေနေခ်ၿပီ။ သူတို႔က ဇကာတင္စာရင္းတြင္ မပါဝင္ေသာ္လည္း ရုပ္ရွင္ထဲတြင္ ပါဝင္ေနေသာေၾကာင့္ အနီေရာင္ေကာ္ေဇာထက္ အတိုင္းအတာတစ္ခုထိ ေတာက္ပႏိုင္ခဲ့သည္။ နဉ္ရွီလည္း တစ္ေယာက္ခ်င္းစီ ႏႈတ္ဆက္လိုက္ၿပီးေနာက္ သူမ၏ထိုင္ခံုတြင္ ေအးေဆးတည္ၿငိမ္စြာ ေနရာယူလိုက္သည္။

သိပ္မၾကာခင္ ဒါရိုက္တာႏွင့္ အဓိကဇာတ္ေကာင္မ်ား ေရာက္ရိွလာသည္။ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးဇာတ္လိုက္ေနရာမွ သရုပ္ေဆာင္မ်ားသည္ ဒါရိုက္တာ၏ တစ္ဖက္တစ္ခ်က္တြင္ ေနရာယူလိုက္ၾကၿပီး နဉ္ရွီက အမ်ိဳးသမီးဇာတ္လိုက္ျဖစ္သူ က်ိဳးဟိုင္လီ၏ ေဘးတြင္ ေနရာယူလိုက္သည္။

“ဇာတ္လိုက္မင္းသမီးပဲပါတဲ့ ရုပ္ရွင္တစ္ခုမွာ ရိုက္ကူးေနတယ္ဆို..?” က်ိဳးဟိုင္လီက နဉ္ရွီကို ခပ္တိုးတိုးေလး ေမးလာသည္။ “ရိုက္ကူးေရး ၿပီးသြားၿပီလား..?”

နဉ္ရွီက ေခါင္းညိတ္လိုက္ကာ ေဘးပတ္ဝန္းက်င္ အေနွာင့္အယွက္မျဖစ္ေစရန္ ေလသံတိုးတိုးျဖင့္ ျပန္ေျဖလိုက္သည္။ “ဒီရက္ပိုင္းထဲ ၿပီးသြားတာ..”

က်ိဳးဟိုင္လီက သူမ,သိၿပီျဖစ္ေၾကာင္း ေခါင္းညိတ္ျပလာသည္။ က်ိဳးဟိုင္လီအေနျဖင့္ ခုန္းယြီဟန္၏နာမည္ကို မၾကားဖူးတာမဟုတ္။ သို႔ေသာ္ ထိုဒါရိုက္တာ ရိုက္ကူးသၫ့္ ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားက လူၾကၫ့္နည္းတာကိုေတာ့ သူမ သိထားသည္။ ထို႔ေၾကာင့္ ထိုရုပ္ရွင္ထဲတြင္ နဉ္ရွီ ဘာလို႔ပါဝင္ရိုက္ကူးခဲ့မွန္း နားမလည္ႏိုင္ခဲ့ေခ်။

သို႔ေသာ္ သူတို႔ႏွစ္ေယာက္က အတြင္းေရး ေဆြးေနြးသည္အထိ မရင္းႏွီးတာေၾကာင့္ ခပ္ျမန္ျမန္ပင္ စကားလမ္းေၾကာင္း ေျပာင္းသြားသည္။

“လမုန႔္ပြဲေတာ္ မတိုင္ခင္ေလာက္ ‘Tan Haixian ji’ ကို ထုတ္လႊင့္မယ္လို႔ ရက္သတ္မွတ္ထားတယ္..” အခမ္းအနားဖြင့္လွစ္ေနသည္ကို ေမာ့ၾကၫ့္လိုက္ရင္း က်ိဳးဟိုင္လီက ဆက္ေျပာလာသည္။ “ေနာက္လထဲမွာ ပရိုမိုးရွင္းလုပ္လိမ့္မယ္.. အခ်ိန္အားေအာင္ လုပ္ထားဦးေနာ္..”

အရင္းအႏွီးႀကီးမားသၫ့္ ရုပ္ရွင္ႀကီးတစ္ခုကို ပရိုမိုးရွင္းလုပ္ႏိုင္ျခင္းက နဉ္ရွီအတြက္ အက်ိဳးရိွေပသည္။ က်ိဳးဟိုင္လီ၏ သတိေပးမႈေနာက္ကြယ္မွ အဓိပၸါယ္အမွန္ကို သေဘာေပါက္လိုက္ေသာေၾကာင့္ နဉ္ရွီလည္း ေက်းဇူးတင္စြာ ျပန္လည္ၿပံဳးျပလိုက္သည္။

က်ယ္ေလာင္ေသာ ေဗ်ာက္အိုးေဖာက္သံမ်ားႏွင့္အတူ ပတ္ဝန္းက်င္တစ္ခုလံုး အလင္းေရာင္မ်ားျဖင့္ ဖံုးလႊမ္းသြား၏။

ဆုေပးပြဲႀကီး စတင္ခဲ့ေခ်ၿပီ။

***

ခ်န္းမိသားစုဗီလာတြင္ ေထာင္ေဟြ့ရႊယ္သည္ ဆိုဖာေပၚတြင္ ထိုင္ေနၿပီး ‘Feiyu Awards’ ဆုေပးပြဲ တိုက္ရိုက္ထုတ္လႊင့္မႈကို မလြတ္တမ္း ေစာင့္ၾကၫ့္ေနေလ၏။

နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔ ေပၚထြက္လာေသာအခါ ေထာင္ေဟြ့ရြယ္က သူမ၏သားေတာ္ေမာင္ကို လွၫ့္ၾကၫ့္လိုက္မိသည္။ ‘နဉ္ရွီ’ ဟုေခၚေသာ ရုပ္ရွင္မင္းသမီးအေၾကာင္းကို ဘာမွမသိထားေသာ္လည္း သူမက ကိုယ္တိုင္ျမင္ရမွ ယံုၾကည္တတ္သူပင္။ ထို႔ေၾကာင့္ နဉ္ရွီအေၾကာင္း ဘယ္သူဘာေျပာေျပာ၊ သူမစိတ္ထဲ မထားေပ။

မိခင္တစ္ေယာက္အေနျဖင့္ သားျဖစ္သူကို ခ်စ္သည္။ သူမသား၏ အဆံုးအျဖတ္ကို ယံုၾကည္သည္။ နဉ္ရွီသာ ရွီေကြ့၏ႏွလံုးသားကို လႈပ္ခတ္ေအာင္ လုပ္ႏိုင္စြမ္းလ်ွင္ ဤသည္က သူမ၏ ကံေကာင္းမႈပင္။

Screen ေပၚမွ နဉ္ရွီဟူေသာ အမ်ိဳးသမီးေလးသည္ တကယ့္ကို လွပလြန္းေနၿပီး အျပဳအမူတိုင္းက အဆင့္အတန္းရိွလွ၏။ သူမ၏ကိုယ္မွ ထုတ္လႊင့္ေနေသာ အရိွန္အဝါသည္ ဟန္ေဆာင္၍ရေသာ အရာမ်ိဳးမဟုတ္ေပ။

နဉ္ရွီ ကင္မရာဘက္လွၫ့္ကာ ၿပံဳးျပလိုက္သၫ့္အခ်ိန္၊ အသက္ ၆၀ ကပ္ေနၿပီျဖစ္ေသာ ေထာင္ေဟြ့ရြယ္ပင္ မွင္သက္သြားရသည္။

ဤအမ်ိဳးသမီးငယ္ေလးကား တက္ႂကြဖ်တ္လက္မႈအျပၫ့္ျဖင့္…

ခ်န္းရွီေကြးသည္ TV Screen ကို ေငးေမာၾကၫ့္ေနၿပီး ကင္မရာက အနီေရာင္ေကာ္ေဇာေပၚမွ တျခားသရုပ္ေဆာင္မ်ားဘက္သို႔ လွၫ့္သြားခါမွ အသိျပန္ဝင္လာခဲ့သည္။

“အေမ.. ကြၽန္ေတာ္ အေပၚတက္ေတာ့မယ္..”

“ဆက္မၾကၫ့္ေတာ့ဘူးလား..?” ေထာင္ေဟြ့ရႊယ္က TV ကို လက္ၫွိုးထိုးကာ.. “ဒါက ဆုေပးပြဲအခမ္းအနားေလ.. ဘယ္သူသိတာမွတ္လို႔.. အဲ့မိန္းကေလးလည္း ဆုရခ်င္ရမွာေပါ့..?!”

ထိုသို႔ေျပာၿပီးေနာက္ TV ေရ႔ွတြင္ အသံတိတ္ေလး ျပန္ဝင္ထိုင္လိုက္ေသာ သားျဖစ္သူကိုၾကၫ့္ရင္း ေထာင္ေဟြ့ရႊယ္ ရယ္ေမာလိုက္မိသည္။

သူမရဲ့သားေတာ္ေမာင္နဲ႔ အခ်စ္အဆိပ္တက္ေနတဲ့ လူရြယ္ေလး.. ဘယ္ေလာက္ကြာျခားလိုက္ေလသလဲ..?

‘Feiyu Award’ ဆုေပးပြဲသည္ အခမ္းအနားမွဴးႏွစ္ေယာက္ႏွင့္အတူ သက္ဝင္လႈပ္ရွားလ်က္ရိွ၏။ မ်ားမၾကာမီ ‘အေကာင္းဆံုး ဇာတ္ပို႔သရုပ္ေဆာင္ အမ်ိဳးသမီးသရုပ္ေဆာင္ဆု’ကို ေၾကညာေခ်ေတာ့မည္။

ထိုဆုအတြက္ ေၾကညာေပးသူမ်ားသည္ ‘ကိုယ့္ႏွလံုးသားက မင္းကိုပဲ တမ္းတေနမိတယ္’ ရုပ္ရွင္မွ လ်န္ခ်န္ယာႏွင့္ တျခား ဝါရင့္သရုပ္ေဆာင္တစ္ေယာက္ပင္။ အာလာပသလႅာပအနည္းငယ္ ေျပာၾကားၿပီးေနာက္ လ်န္ခ်န္ယာသည္ စင္ျမင့္ထက္မွ Screen ႀကီးကို လွၫ့္ၾကၫ့္လိုက္…

“ေက်းဇူးျပဳျပီး ဇကာတင္ငါးေယာက္ရဲ့ ရင္သပ္ရႈေမာဖြယ္ သရုပ္ေဆာင္ခ်က္ေတြကို ရႈစားၾကရေအာင္လားရွင္..”

နဉ္ရွီ၏ Video Clip ေလးသည္ ေနာက္ဆံုးမွ ေပၚထြက္လာခဲ့ၿပီး ေရြးခ်ယ္ခံရသၫ့္ ဇာတ္ကြက္ကား ‘ဧကရာဇ္ဝူႏွင့္ စကားေျပာေနသၫ့္ အခန္း’ ျဖစ္၏။

“ဖခမည္းေတာ္ဘုရား.. အိမ္ေရ႔ွမင္းသားက သားသမီးဝတၲရား ေက်ပြန္တတ္သူပါ.. ဒီလိုမ်ိဳး ေက်းဇူးကန္းတဲ့လုပ္ရပ္မ်ိဳး ဘယ္ေတာ့မွ လုပ္မွာမဟုတ္ပါဘူး.. သနားေထာက္ရႈၿပီး သူ႔အတြက္ တရားမ်ွတမႈကို ေဆာင္ၾကဉ္းေပးပါ..” သူမ၏ မ်က္ဝန္းထဲတြင္ ဘယ္ေသာအခါမွ စီးက်လာမည္မဟုတ္ေသာ မ်က္ရည္မ်ားျဖင့္ ျပၫ့္ႏွက္ေနခဲ့၏။ “ဖခမည္းေတာ္လို အရာရာသိျမင္တဲ့လူက ဘာေၾကာင့္မ်ား အိမ္ေရ႔ွမင္းသားကို မယံုၾကည္ရတာပါလဲ..?”

ဧကရာဇ္ဝူသည္ သူ၏သမီးေတာ္ကို စိတ္ပ်က္လက္ပ်က္ စိုက္ၾကၫ့္လိုက္သည္။ သူ၏ အခ်စ္ဆံုးသမီးငယ္လည္း အိမ္ေရ႔ွမင္းသား ဘက္မွ ကူေျပာေပးလာလိမ့္မည္ဟု လံုးဝမထင္ထားခဲ့ေပ။ “မင္းရဲ့ဖခမည္းေတာ္ျဖစ္တဲ့ ကိုယ္ေတာ့္ကို အိုမင္းလာၿပီလို႔ ေျပာခ်င္ေနတာလား..?”

အသက္အရြယ္ရလာၿပီျဖစ္ေသာ ဘုရင္တစ္ပါးအေနျဖင့္ ဧကရာဇ္ဝူသည္ ေသျခင္းတရားကို ေၾကာက္ရြံ႔ၿပီး အသက္ႀကီးေနၿပီ ဟူ၍လည္း အထင္မခံခ်င္ေပ။

“မဟုတ္ပါဘူး.. ဖခမည္းေတာ္က သမီးေတာ္ရဲ့ ႏွလံုးသားထဲမွာ အၿမဲတမ္း လူတကာထက္ သာလြန္ျမင့္ျမတ္တဲ့သူပါ..” မင္းသမီးသန္းလီသည္ ရိုေသေလးစားမႈမ်ားျဖင့္ ဧကရာဇ္ဝူကို ေမာ့ၾကၫ့္လိုက္၏။

Video Clip ေလး အဆံုးသတ္ၿပီးေနာက္ လ်န္ခ်န္ယာက နာမည္ထၫ့္ထားသၫ့္ စာအိတ္ကို ေဝ႔ွယမ္းလိုက္ကာ သူမ၏ေဘးမွ ဝါရင့္အမ်ိဳးသားသရုပ္ေဆာင္ကို ေမးျမန္းလိုက္သည္။ “ဒီစာအိတ္ထဲမွာ ဘယ္သူ႔နာမည္ ရိွမယ္ထင္လဲ..?”

တစ္ခ်ိန္တည္းမွာပင္ ကင္မရာမ်ားက ဇကာတင္စာရင္းဝင္ မင္းသမီးငါးေယာက္ကို ဦးတည္ရိုက္ကူးေနေတာ့၏။ ဒါရိုက္တာက Screen ေပၚတြင္ အကန႔္ငါးကန႔္ခြဲကာ မင္းသမီးငါးေယာက္လံုး၏ သက္ဝင္လႈပ္ရွားေနပံုကို တစ္ၿပိဳင္နက္တည္း ထုတ္လႊင့္ျပသခဲ့ သည္။ ထို႔ေၾကာင့္ ပရိသတ္မ်ားလည္း သရုပ္ေဆာင္ငါးေယာက္လံုး၏ အမူအရာကို ျမင္ႏိုင္ေလသည္။

သရုပ္ေဆာင္မ်ားမွာ မည္မ်ွစိတ္လႈပ္ရွားေစကာမူ တည္ၿငိမ္မႈကိုသာ ေဖာ္ျပလာၾကသည္။ နဉ္ရွီသည္လည္း ထိုနည္းလည္းေကာင္း သာ၊ အၿပံဳးပန္းေလး ဆင္ျမန္းလ်က္၊ မ်က္ဝန္းမ်ားက ေမ်ွာ္လင့္ခ်က္မ်ားျဖင့္ ေတာက္ပေနေလ၏။ သို႔ေသာ္ အရမ္းေမ်ွာ္လင့္ေနသၫ့္ပံုစံမ်ိဳး မရိွေပ။

လူအမ်ား စိတ္လႈပ္ရွားလာေအာင္ ဖန္တီးခဲ့ၿပီးေနာက္ လ်န္ခ်န္ယာက စာအိတ္ကို ဖြင့္ဖတ္လိုက္သည္။

“အေကာင္းဆံုး ဇာတ္ပို႔သရုပ္ေဆာင္ အမ်ိဳးသမီးသရုပ္ေဆာင္ဆုကို ရရိွသြားသူကေတာ့………….

‘Yunyue of the Han Dynasty’ မွ နဉ္ရွီ ျဖစ္ပါတယ္..! Congratulations..!!!”

ဤရလဒ္ကား တကယ့္ကို ေမ်ွာ္လင့္မထားသၫ့္ အရာတစ္ခုပင္။ နဉ္ရွီ၏ သရုပ္ေဆာင္မႈကို တကယ့္ကို ေျပာင္ေျမာက္ခဲ့ေပ၏။ အလွတရားက သူမ၏ သရုပ္ေဆာင္စြမ္းရည္ကို လႊမ္းမိုးသြားျခင္းမရိွေပ။

နဉ္ရွီသည္ ဂုဏ္ျပဳေပးေနသၫ့္ အသိမိတ္ေဆြမ်ားကို ေက်းဇူးတင္စကားေျပာ၍  စင္ျမင့္ေပၚသို႔ ေလ်ွာက္သြားလိုက္သည္။ ၿပီးေနာက္ လ်န္ခ်န္ယာထံမွ ဆုဖလားကို လက္ခံရယူလိုက္ေလသည္။

“ေတာင္းပန္ပါတယ္ရွင္.. အရမ္းစိတ္လႈပ္ရွားေနလို႔ ဘာေျပာရမလဲေတာင္ မသိေတာ့ဘူး..!” နဉ္ရွီက ဘာလုပ္လို႔ဘာကိုင္ရမွန္း မသိဟန္ျဖင့္ ၿပံဳးလိုက္၏။ အျပစ္ကင္းသၫ့္ မ်က္ႏွာေလးက ပရိသတ္မ်ား၏ ႏွလံုးသားကို ယားက်ိက်ိျဖစ္ေစခဲ့သည္။

“ကြၽန္မကို ဆုခ်ီးျမႇင့္ခဲ့တဲ့ အခမ္းအနားစီစဉ္သူေတြကို ေက်းဇူးတင္ပါတယ္ရွင္..” နဉ္ရွီက ဦးၫႊတ္လိုက္ကာ ဆက္ေျပာသည္။ “ဒါရိုက္တာရႈ၊ အစ္မက်ိဳးနဲ႔ အစ္ကိုလ်ိႈကိုလည္း ေက်းဇူးတင္ပါတယ္.. သူတို႔ရဲ့ လမ္းၫႊန္သင္ၾကားေပးမႈသာ မရခဲ့ဘူးဆိုရင္ ဒီလိုအသိအမွတ္ျပဳခံရတာမ်ိဳး ရရိွႏိုင္မွာမဟုတ္ပါဘူး.. ၿပီးေတာ့ ကြၽန္မကို ကူညီေပးခဲ့တဲ့ ‘Yunyue of the Han Dynasty’ က အဖြဲ႔သားအားလံုးကိုလည္း ေက်းဇူးတင္ပါတယ္.. အၿမဲတမ္း ကြၽန္မဘက္မွာ ရပ္တည္ေပးခဲ့တဲ့ ပရိသတ္အားလံုးကိုလည္း ေက်းဇူးတင္ပါတယ္.. ပရိသတ္ေတြရဲ့ ေက်းဇူးေၾကာင့္သာ ကြၽန္မ ဒီအႏုပညာလမ္းကို ဆက္ေလ်ွာက္ႏိုင္ခဲ့တာပါ.. ေနာက္ဆံုးအေနနဲ႔ ကြၽန္မကို ေထာက္ပံ့ကူညီေပးေနတဲ့ ကုမၸဏီနဲ႔ အစ္ကိုက်န္းကို ေက်းဇူးတင္ပါတယ္..”

“ထပ္ၿပီးေတာ့ လူတိုင္းလူတိုင္းကို ေက်းဇူးတင္ပါတယ္ရွင္..!” နဉ္ရွီက ထပ္မံဦးၫႊတ္လိုက္ကာ စင္ေပၚမွဆင္းရန္ ျပင္လိုက္သည္။

“နဉ္ရွီ.. ခဏေလး ေနပါဦး..” အခမ္းအနားမွဴးက နဉ္ရွီကိုတားကာ မိုက္ကရိုဖုန္း ထိုးေပးလာသည္။ “ေမးခြန္းတစ္ခုေလာက္ ေမးခ်င္ပါေသးတယ္.. ကြၽန္ေတာ္တို႔နဲ႔အတူ ေဖ်ာ္ေျဖေပးႏိုင္မလား..?”

“ကိုယ္ေရးကိုယ္တာမဟုတ္သေရြ့ ေဖ်ာ္ေျဖေပးႏိုင္ပါတယ္ရွင္..” နဉ္ရွီက ရႊတ္ေနာက္ေနာက္ ၿပံဳးလိုက္သည္။ မထိတထိ က်ီစယ္ဟန္ေလးေၾကာင့္ ပရိသတ္မ်ား ေအာ္ဟစ္ဩဘာေပးၾကေလ၏။

“ၾကၫ့္ရတာ ေမးခြန္းတစ္ခုပဲ ေမးလို႔ရေတာ့မယ္ထင္တယ္..” တင္ဆက္သူက စိတ္ဓာတ္က်သြားဟန္ျဖင့္ ျပန္ေနာက္သည္။ ၿပီးေနာက္ တက္ႂကြေနေသာ လူအုပ္ႀကီးကို ျမင္ေသာအခါ ေလးေလးနက္နက္ ေမးျမန္းလာေလသည္။

“ကြၽန္ေတာ္ မွတ္မိတာမွန္ရင္ နဉ္ရွီက ‘ကိုယ့္ႏွလံုးသားက မင္းကိုပဲ တမ္းတေနမိတယ္’ ရုပ္ရွင္နဲ႔ ပြဲဦးထြက္ခဲ့တာေနာ္.. ဇာတ္ကြက္နည္းနည္းပဲ ပါဝင္ခဲ့ရေပမယ့္ ျဖဴစင္ရိုးသားတဲ့ အလွတရားေၾကာင့္ ပရိသတ္ေတာ္ေတာ္မ်ားမ်ား ရရိွခဲ့တယ္.. ဒါေတြအားလံုးက မင္းရဲ့ သရုပ္ေဆာင္စြမ္းရည္ေၾကာင့္မဟုတ္ဘဲ မ်က္ႏွာေလးလွေနလို႔လို႔ အေျပာခံခဲ့ရေသးတယ္ေနာ္.. အဲ့လိုမွတ္ခ်က္ေတြ ျပန္ၾကားရတဲ့အခါ စိတ္တိုခဲ့ဖူးလား..?”

………………………………………………………
နဉ္ရွီဝတ္သြားတာ ဒီဂါဝန္နဲ႔ဖိနပ္ေလးပါေနာ္။





واصل القراءة

ستعجبك أيضاً

125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...