နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [46]

1K 120 22
By Lazy_Little_Meow

[Unicode]

နဉ်ရှီက အိပ်မှုန်စုံမွှားနှင့် မျက်စိဖွင့်လိုက်သောအခါ သူမရှေ့က ဒူးထောက်နေသည့် ချန်းရှီကွေ့ကိုတွေ့လိုက်သည်။

သူတို့မတွေ့ရသည်မှာ နှစ်လကျော်နေပြီ။ နဉ်ရှီ တဒင်္ဂမျှ တန့်သွားပြီး ချန်းရှီကွေ့မှာ ပြောစရာတစ်ခုခုများရှိနေမလား သိချင်၍ စောင့်နေလိုက်သည်။

နဉ်ရှီနိုးလာတာကိုတွေ့တော့ ချန်းရှီကွေ့က မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်းကိုလာကြိုမယ့်ယာဉ်က မရောက်သေးဘူးလို့ ကြားမိတယ်။ ကိုယ်မင်းကို ပြန်ပို့ပေးမယ်” သူ့လေသံက အရင်ကထက်ပင် အေးစက်နေခဲ့သည်။

နဉ်ရှီမတ်မတ်ထိုင်လိုက်ပြီး သူမ၏အတန်ငယ်နာကျင်နေသော လည်ပင်းကိုဆန့်လိုက်သည်။ “မစ္စတာချန်းလား?” ထိုအခါကျမှ သူမဟာ ယောက်ျားတစ်ယောက်၏ အပေါ်အင်္ကျီဖြင့် လွှမ်းခြုံခံထားရမှန်း သိတော့သည်။

သည်အချိန်အတောအတွင်းမှာ နှစ်ယောက်သား မဆက်သွယ်ဖြစ်ခဲ့ကြ။ ‌ယခု နောက်တစ်ကြိမ်ပြန်တွေ့တော့ မတွေ့ရတာ အတော့်ကိုကြာပြီ ဟု သူမအမှန်ပင် ခံစားမိလိုက်သည်။

ကသိကအောက်ဖြစ်နေသော လေထုအခြေအနေကို အာရုံခံလိုက်မိတာကြောင့် ရှောင်ယန်၏မျက်လုံးတွေက သူတို့နှစ်ယောက်ကြား ကူးလူးနေတော့သည်။ သို့သော် သူမဘာတစ်ခွန်းမှမဟရဲ။ သူမပဲ မျက်စိမှောက်တာလားတော့မသိ၊ မစ္စတာချန်းက အစ်မရှီရှီပေါ်ကို သူ့အပေါ်အင်္ကျီ‌ခြုံပေးစဉ်က သူ၏အကြည့်တွေဟာ ညင်သာမှုအပြည့်နှင့်။ သို့ပေသိ အခုချိန်ကျတော့ သူအစ်မရှီရှီအပေါ် ကြည့်သည့်ပုံစံက လုံးဝဥဿုံ ကွာခြားလို့နေ၏။

”မစ္စတာချန်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုလာကြိုမယ့်ကားက မကြာခင်ရောက်လာတော့မှာ” နဉ်ရှီက အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး ချန်းရှီကွေ့ကို ပြန်ပေးလိုက်သည်။

“ရပါတယ်” ချန်းရှီကွေ့က သူမကို နက်နက်နဲနဲ ငေးကြည့်နေပြီး အပေါ်အင်္ကျီကို ယူလိုက်၏။ သူထွက်သွားတော့မည့်ဆဲဆဲ သူ့နောက်က ရုတ်ရုတ်သဲသဲဖြစ်နေသံကို ကြားလိုက်ရသည်။

ရန်ဖြစ်နေသောစုံတွဲက ဘယ်သူတွေလဲဆိုတာ တွေ့ပြီးသည်နှင့် သူနဉ်ရှီကို ပြန်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများကလည်း ထိုစုံတွဲအပေါ် စူးစိုက်ကြည့်နေပြီး သူမ၏အမူအရာကတော့ ထိတ်လန့်ဖွယ်ကောင်းစွာ တိတ်ဆိတ်နေ၏။

သူမ၏အမူအရာထဲတွင် ကိန်းအောင်းနေသည့် လှောင်ရိပ်များနှင့် မုန်းတီးမှုအရိပ်အယောင်များကို သူတွေ့လိုက်ရသည်။

“ကျွန်မကို ဖိအားပေးနေတာ ရပ်လိုက်ပါတော့!” ဝေစစ်ချီကိုကြည့်ရသည်မှာ စိတ်ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူမစကားပြောရင်း တုန်ယင်နေ၏။

“ကိုယ်က မင်းကိုဖိအားပေးတယ်?” ချန်းယီကျွင်း လှောင်ရယ်လိုက်သည်။ “မင်းဓာတ်ပုံတွေဖြန့်လိုက်လို့ ဘာများကောင်းတာတွေဖြစ်လာမယ်လို့ ထင်နေလဲ? မင်းက အဲ့ဒီအဖြစ်အပျက်ထဲ ပါနေရုံသာမက ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်တယ်ဆိုတာကိုပါ လူတိုင်းကိုပေးသိမလို့လား ပြီးရင် ငါတို့ကို အဟားခံခိုင်းမလို့လား?”

နောင်တနှင့်ကြောက်ရွံ့မှုတို့အလယ် ချန်းယီကျွင်း၏နဉ်ရှီအပေါ် ခံစားချက်ဟာလည်း ရှင်းပြနိုင်သော မရေရာခြင်းဆိုသည့် ခံစားချက်ပင်။ တစ်ချိန်တည်းမှာပင် ဝေစစ်ချီနှင့်သူသည် နှစ်အတော်ကြာ အတူရှိခဲ့ကြတာဖြစ်သည်။ သူတို့၏မကြာခဏရန်ပွဲ‌တွေကြောင့် စိတ်ကုန်ရသော်လည်း သူကတော့သူမကိုချစ်နေဆဲပင်။ ထို့ကြောင့် သူနဉ်ရှီကို အလျော်ပေးချင်ပေမယ့် ထိုအဖြစ်အပျက်အ‌ကြောင်း အဖော်ခံရမှာကိုလည်း စိုးရိမ်နေခဲ့ရသည်။

နဉ်ရှီ၏အကြမ်းဖက်ခံရသည့်ကိစ္စရပ်တွင် ဝေစစ်ချီနှင့်သူက ပါဝင်နေကြောင်း ဖော်ထုတ်ခံလိုက်ရပါက ဝေနှင့်ချန်း*မိသားစုက သိက္ခာကျရုံသာမက သူကလည်း မိသားစုအမွေဆက်ခံနိုင်ရေးအတွက် ထိုတရားမဝင်သားနှင့်  ပြိုင်ဆိုင်ပွဲတွင် အခွင့်မသာဖြစ်လိမ့်မည်။

သို့ဖြစ်၍ ဤကိစ္စကို နဉ်ရှီက နှစ်ကိုယ်ကြားဖြေရှင်းရန် ဆန္ဒရှိဖို့ကိုသာ သူမျှော်လင့်နိုင်တော့သည်။ ထိုကိစ္စကိုသာပုံကြီးချဲ့လိုက်လျှင် နဉ်ရှီ၏ကျော်ကြားမှုကထိခိုက်သွားနိုင်သော်လည်း သူတို့ကတော့ ဆုံးရှုံးမှုအများဆုံးပင်။

“ရှင် ကျွန်မကိုတကယ်ရော စိတ်ပူလို့လား ဒါမှမဟုတ် နဉ်ရှီရဲ့အတိတ် အဖော်ခံရမှာကို မလိုချင်တာလား?”ဝေစစ်ချီတစ်ယောက် ကြာကြာဆက်နားမထောင်နိုင်တော့။ ယခု ချန်း*ယီကျွင်းက နဉ်ရှီကိုငမ်းငမ်းတက်လိုချင်နေရခြင်းမှာ သူမလှလာ၍ပင်။

အတိအကျဆိုရလျှင် ချန်း*ယီကျွင်းက နဉ်ရှီကို မမေ့နိုင်ခဲ့တာပင်။

ချန်း*ယီကျွင်း နဥ်ရှီကို ခိုးခိုးကြည့်တာတွေ၊ ဓာတ်ပုံခိုးရိုက်တာတွေအထိ လူအများ မသိကြသော်လည်း ဝေစစ်ချီက အထက်တန်းတက်ကတည်းက သိထားပြီးသားပင်။ ချန်း*ယီကျွင်းကိုယ်တိုင်က သူ နဥ်ရှီကို စွဲလန်းနေပြီဆိုတာ သတိမမူမိခဲ့တာ ဖြစ်နိုင်သည်။

သို့မဟုတ်လျှင် သူမနဉ်ရှီအတွက် ကိစ္စအားလုံးကို ခက်ခဲအောင် လုပ်ခဲ့မည်မဟုတ်ပေ။ ရလဒ်အနေဖြင့် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပျက်ခဲ့ရသည်။

သည်နှစ်တွေတစ်လျှောက်လုံး နဉ်ရှီပြန်လာမည်ကို သူမပူပန်ခဲ့ရ၏။ ချန်း*ယီကျွင်းက နဉ်ရှီအပေါ်ထားရှိသည့် သူ၏ခံစားချက်ကို နားလည်သွားမည်ကို စိုးရွံ့နေခဲ့ရ၏။ အခုတော့ သူမကြောက်ရွံ့ခဲ့သမျှ အရာအားလုံး အမှန်ဖြစ်လာချေပြီ။

သူမက ချန်း*ယီကျွင်းကို တကယ်ချစ်ခဲ့တာကြောင့် နဉ်ရှီ လုယူသွားမှာကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ?

“စစ်ချီ...ကျေးဇူးပြုပြီး”ချန်း*ယီကျွင်းက သူတို့နားက အကြည့်တွေကို သတိထားမိလိုက်သဖြင့် သူ့အသံကိုနှိမ့်ချလိုက်သည်။ “လူကြားထဲ အော်ကြီးဟစ်ကျယ်မလုပ်နဲ့”

“ကျွန်မတို့စေ့စပ်ထားတာတောင် ရှင်ကဖောက်ပြန်ဖို့ မကြောက်တာလေ...ကျွန်မက ဘာကြောင့် လူကြားထဲ ‌အော်ကြီးဟစ်ကျယ်မလုပ်ရဲရမှာလဲ?” ဝေစစ်ချီက ဘေးမှအုံကြည့်နေသောလူများကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ “ရှင်တို့တွေအားလုံး ဘာကြည့်နေတာလဲ? အရင်က လူတွေရန်ဖြစ်နေတာ မမြင်ဖူးဘူးလား?”

လူအုပ်ကြီးကလည်း မြန်မြန်ဆန်ဆန်ပင် လူစုကွဲသွားကြသည်။ အများစုက အတင်းအဖျင်းကိုစိတ်ဝင်စားကြသော်ငြား ပြဿနာကိုတော့ မဖိတ်ခေါ်ချင်ကြပေ။ သို့ပေသိ ခန့်ခန့်ညားညားယောက်ျားတစ်ယောက်ကတော့ လက်တော့အိတ်လေးဆွဲလျက် အနီးအနားတွင် ရပ်နေ၏။

ဝေစစ်ချီ သူ့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ သူမထိုအမျိုးသားကို စပြီးကြိမ်းမောင်းတော့မည့်ဆဲဆဲတွင် သူမ၏အကြည့်က သူ့အနောက်က လူတစ်ယောက်အပေါ် ကျရောက်သွားတော့သည်။

ရွှီကျူးက ဝေစစ်ချီ၏အကြည့်ကြောင့် ကျောချမ်းသွားရကာ အမှတ်တမဲ့ ခြေနှစ်လှမ်းလောက်ဆုတ်လိုက်မိသည်။

“နဉ်ရှီ...” ဝေစစ်ချီက သူမ၏ ကတုန်ကယင်လက်ချောင်းတွေကို မြှောက်ပြီး ခုံတန်းရှည်ပေါ်ထိုင်နေသော နဉ်ရှီကို ညွှန်ပြလိုက်သည်။ သူမ၏အမူအရာက ကြောက်ရွံ့မှုနှင့်ဒေါသက ရောနှောနေသည်။ “သူမက ဒီမှာဘာလုပ်နေတာလဲ?!”

ရွှီကျူးက ဝေစစ်ချီကိုကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို တစ်ဖန်လှည့်လိုက်၏။ ဒါဖြင့် ဘော့စ်စကားသွားပြောတဲ့ ပုဂ္ဂိုလ်က နဉ်ရှီလားပေါ့...။

ထိုအမျိုးသမီး၏အမူအရာမှ အကဲဖြတ်ကြည့်ရမည်ဆိုလျှင် သူမက နဉ်ရှီနှင့်အသိအကျွမ်းတွေဖြစ်မည် ထင်ပါရဲ့။  သခင်လေးချန်း*နဲ့သူ့သတိုးသမီးလောင်း ရဲ့ ရန်ပွဲထဲမှာပါလာတဲ့ “သူမ”က နဉ်ရှီများလား?

ရွှီကျူးသည် ဝေစစ်ချီ၏မတည်မငြိမ်ဖြစ်နေသော စိတ်အခြေအနေကိုကြည့်ရင်း သူမရုတ်တရက် ထသောင်းကျန်းလာမည်ကိုပင် စိုးမိသည်။ အကယ်၍ ဒီအမျိုးသမီးက သူတို့ကို လျှပ်တပြက်တိုက်ခိုက်လာလျှင် ကာကွယ်လို့ရလိုရငြားဆိုသည့် အတွေးနှင့် ရွှီကျူးသည် နဉ်ရှီနှင့်ချန်းရှီ‌ကွေ့အနားကို လှမ်းသွားလိုက်သည်။

နဉ်ရှီကို ဒီမှာတွေ့ရမည်ဟု ချန်း*ယီကျွင်းမမျှော်လင့်ထားပေ။ နဉ်ရှီက သူနှင့်ဝေစစ်ချီ၏ရန်ပွဲကို တစွန်းတစကြားမိခဲ့မည်ကို တွေးမိတော့ သူကသိကအောက်နိုင်စွာနှင့် ခေါင်းငုံ့လိုက်မိသည်။

ဝေစစ်ချီက ဒီအပြုအမူကို ရှက်သွားတယ်ဆိုပြီး နားလည်မှုလွဲသွားမယ်လို့ ဘယ်သူကသွားသိမှာလဲ? သူမကသရော်သံနှင့် ပြောလိုက်သည်။ “ရှက်ပြနေတာလား? ဘယ်သူ့အတွက်လဲ?”

ချန်း*ယီကျွင်းက ဒီစကားကို ကြားလိုက်တာနှင့် ထွက်သွားလိမ့်မည်ဟု ရွှီကျူးထင်ခဲ့မိသော်လည်း သူ့ကိုအံ့အားသင့်စေသည်က ဤသခင်လေးချန်း*သည် သူထင်ထားတာထက် သည်းညည်းခံနိုင်ခြင်းပင်။

ဘော့စ်နဲ့သူ Tán Hăixian jí ရုပ်ရှင်ရိုက်ကွင်းကို သွားလည်တုန်းက နဉ်ရှီက ချန်း*ယီကျွင်းကို ရိုက်ခဲ့တာမဟုတ်လား?

အတိတ်မှာ နဉ်ရှီက ကျောင်းတွင်းအနိုင်ကျင့်မှု၏ ‌နစ်နာသူတစ်ယောက်ဖြစ်ခဲ့ဖူးကြောင်း ပြန်သတိရမိတော့ ချန်း*ယီကျွင်းအပေါ် သူမ၏အေးတိအေးစက်သဘောထားအပြင် ချန်းစုံတွဲကြားကစကားနှင့် ချိတ်ဆက်လိုက်တော့ ရွှီကျူးက ဇာတ်လမ်းတစ်ခုလုံး၏ အပိုင်းအစများအားလုံးကို စုစည်းမိသွားလေပြီ။

ဒါဖြင့် အဆိုပါစုံတွဲက ထိုအဖြစ်အပျက်ထဲတွင် သေချာပေါက် ပါဝင်ခဲ့လိမ့်မည်။ မဟုတ်ရင် နဉ်ရှီက သူတို့ကို ထိုသို့သောသဘောထားမျိုး ဖော်ပြနေလိမ့်မည်မဟုတ်။

ရွှီကျူး၏အမြင်အရတော့ နဉ်ရှီကလူကောင်းတစ်ယောက်ပင်။ သူမက သူ့လိုလက်ထောက်တစ်ယောက်ကိုတောင် ယဉ်ယဉ်ကျေးကျေးဆက်ဆံပေးသည်။ ဘယ်တော့မှ မထောင်လွှားခဲ့။ ဤကဲ့သို့သောလူတစ်ယောက်က တစ်စုံတစ်ယောက်ကို အထင်သေးစက်ဆုပ်ရွံရှာမှုနှင့် ကြည့်လာတာသည် အနှီပုဂ္ဂိုလ်က မည်မျှအမှိုက်ဆန်ကြောင်း ပြသနေခြင်းပင်။

လက်ထောက်ရွှီသည် သူ့သဘောထားက ယုတ္တိမရှိ ဆက်စပ်တွေးခေါ်နေတာကနေ ဖြစ်လာမည်ဟု မထင်ထားခဲ့။

ဝေစစ်ချီ၏ ဂနာမငြိမ်ဖြစ်နေသော အမူအရာကိုကြည့်ရင်း နဉ်ရှီ၏စိတ်ဝင်စားမှုက ရုတ်တရက်လျော့နည်းသွားရသည်။ ချန်းစုံတွဲနှစ်ယောက်ကြားဆက်ဆံရေး သူမ၏ကြားဝင်နှောင့်ယှက်မှုပင်မရှိဘဲ ယိုယွင်းနေနှင့်ပြီ။ ဝေစစ်ချီ၏ သူမအပေါ်အမုန်းတရားက သူမ၏အကြောက်တရားနဲ့ အပြစ်ရှိစိတ်ကို ဖုံးထားတဲ့ နည်းလမ်းတစ်ခုပဲလား ဒါမှမဟုတ် နဉ်ရှီက ချန်း*ယီကျွင်းလိုလူမျိုးကို ကြိုက်နေမယ်လို့ သူမတကယ်ပဲထင်နေတာလား?

ဝေစစ်ချီ၏ဒေါသထွက်နေသောမျက်နှာကို နဉ်ရှီကပြောင်ပြောင်တင်းတင်းပင် သရော်လိုက်လေ၏။ “တချို့လူ‌တွေက တအားစိတ်ဝင်စားစရာကောင်းတာပဲ။ သူတို့ကအမှိုက်တစကို တန်ဖိုးထားနေတာနဲ့ပဲ တခြားလူတွေက အဲ့အမှိုက်ကို တပ်မက်မယ်လို့ ထင်လိုက်ကြတာ”

သူမ၏အကြည့်က ဝေစစ်ချီနှင့် ချန်း*ယီကျွင်းအပေါ် လျှပ်ကနဲဖြတ်သွားပြီး သူမ၏အမူအရာကတော့ သရော်နေ၏။ “ဝေစစ်ချီ နင့်ကိုယ်နင် တအားမြင့်မြင့်ကြီး ‌တွေးနေတာ မဟုတ်ဘူးလား?”

“သန်မာတဲ့ပုံလုပ်ပြနေတာကလွဲရင် ကျန်တာနင်ဘာလုပ်နိုင်လို့လဲ?” ဝေစစ်ချီက ဒေါသထွက်သွားသဖြင့် အသံမြင့်မြင့်နှင့်ပြောလိုက်သည်။ “နင်သာ ယီကျွင်းကို အရှက်မရှိသွားမကြိုက်ခဲ့ရင် ငါကနင့်ကိုသင်ခန်းစာပေးစရာလိုမလား?”

ချန်းရှီကွေ့က နဉ်ရှီ၏ဘေးတွင် စကားတစ်ခွန်းမျှမဆိုဘဲ ခပ်တည်တည်နှင့်ရပ်နေသည်။ သို့သော် ဝေစစ်ချီက နဉ်ရှီဟာ ချန်း*ယီကျွင်းကို သဘောကျခဲ့ကြောင်း ပြောလိုက်ချိန်မှာတော့ သူ့မျက်နှာက တင်းမာသွားလေသည်။

“ငါက ချန်းယီကျွင်းကို ကြိုက်တယ် ဟုတ်လား?” နဉ်ရှီလှောင်ရယ်လိုက်၏။ သူမ၏အကြည့်က ချန်း*ယီကျွင်းထံ ဝေ့ဝိုက်သွားတော့ ချန်း*ယီကျွင်းက မလုံမလဲနှင့် သူမအကြည့်ကို ရှောင်လွှဲလိုက်သည်။

“ငါအရင်က ပြောခဲ့ဖူးတယ်..အခု အဲ့ဒါကို ထပ်ပြောမယ်။ ငါ ချန်းယီကျွင်းကို ဘယ်သောအခါမှ စိတ်မဝင်စားခဲ့ဘူး။ ငါက ဘာကြောင့် ချန်းယီကျွင်းလို ယောက်ျားကို ကြိုက်ရမှာလဲ?”နဉ်ရှီက ချန်း*ယီကျွင်းကို လက်ညှိုးထိုးလိုက်ကာ, “ငါသူ့ကိုကြိုက်နေပါတယ်လို့ ဘယ်သူကပြောလိုက်တာလဲ?”

ဝေစစ်ချီ၏စိတ်ထဲတွင် မှတ်ဉာဏ်တစ်ခုက လျှပ်ကနဲ ပေါ်လာသည်။ ထိုနှစ်က ချန်း*ယီကျွင်းနှင့် နဉ်ရှီစကားပြောနေသည်ကို သူမ,မတော်တဆတွေ့ခဲ့ရသည်။ နဉ်ရှီနဲ့အတူ ဘာလို့ထိုင်နေရလဲဆိုတာကို သူမချန်း*ယီ‌ကျွင်းကို မေးကြည့်တော့ ချန်းယီကျွင်း ဘယ်လိုပြန်ဖြေခဲ့သလဲ?

နဉ်ရှီက သူ့ကိုစိတ်ဝင်စားနေလောက်သည်ဟု သူပြောခဲ့သည်။ ဒါပေမဲ့ သူမကို သူအရှက်မရစေချင်သည့်အတွက် သူမကိုခဏလောက် ဖော်ဖော်ရွေရွေ*ဆက်ဆံနေခြင်း ဖြစ်သည်ဟုပင်။

[T/N: သူဒီမှာသုံးထားတဲ့ စာလုံးက patronize ဖြစ်တာကြောင့် ကိုယ်ကအခြေအနေနှစ်မျိုး စဉ်းစားပြီး ပြန်ထားတာပါ။ patronize က ဈေးအရောင်းအဝယ်နေရာမှာဆို ဖော်‌ရွေပျူငှာစွာ ဆက်ဆံတာဆိုပေမယ့် ပေါင်းသင်းဆက်ဆံရေးမှာဆိုရင်တော့ သူကအထက်စီးဆန်တာ၊ မာရေကြောရေနဲ့ဆက်ဆံတာလို့ ‌အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ ကိုယ်ကအပေါ်ပိုဒ်နဲ့ဆက်စပ်ပြီး ဖော်ရွေတဲ့စာလုံးကိုပဲ သုံးလိုက်ပါတယ်။ ပြောရမယ်ဆို သူကစိတ်ရင်းနဲ့ ဖော်ရွေတာမဟုတ်ဘူးပေါ့။]

ဝေစစ်ချီသည် သူမခေါင်းကိုခါယမ်းလိုက်သည်။ ချန်း*ယီကျွင်းကိုကြည့်ရမည့်အစား နဉ်ရှီကို အော်ဟစ်တော့သည်။ “နင်အခုပြောနေတာတွေကို ငါယုံမယ်များ ထင်နေလား?”

“နင်က တကယ် သနားစရာပဲ” နဉ်ရှီ ခပ်ဖွဖွ ရယ်လိုက်သည်။ “နင့်ဘေးနားကလူရဲ့ စိတ်ရင်းအမှန်၊ စရိုက်အစစ်ကိုတောင် မမြင်နိုင်ရှာဘူး။ ငါ့ကိုဆွဲဆောင်နိုင်တဲ့ ဘယ်အရည်အချင်းကိုများ ချန်းယီကျွင်းက ပိုင်ဆိုင်ထားလို့လဲ?”

“သူက ချောမောခန့်ညားတာကြောင့်လား ဒါမှမဟုတ် သူ့မိသားစုက ချမ်းသာတာကြောင့်လား?” နဉ်ရှီ အေးတိအေးစက်နှင့် ရယ်လိုက်သည်။ “သူ့ပုံပန်းသွင်ပြင်က သူ့မိဘတွေဆီက အမွေရလာတာ... ပြီးတော့ သူ့ကြွယ်ဝမှု‌တွေက သူ့မိဘတွေဆီကပဲ စီးဆင်းလာတာ။ သူက အလကားကောင်ပဲကို ငါကဘာကိစ္စ သူ့ကိုကြွေဆင်းရမှာလဲ?”

ရွှီကျူးက နဉ်ရှီ၏ရိုင်းပျသောစကားများကြောင့် အံ့အားသင့်ထိတ်လန့်သွားရသည်။ တိုက်ရိုက်ပြောရမည်ဆိုလျှင် ဝေစစ်ချီကပင် အလွန်တရာအသုံးမကျသောလူကို ကြွေဆင်းလိမ့်မည်၊ နဉ်ရှီကတော့ သူမလို မကန်းနေဟူ၍ပင်။

နဉ်ရှီစော်ကားပြောဆိုလိုက်သည့် အမျိုးသမီးကို သူကြည့်လိုက်ပြီး သူမဒေါသကြောင့် မေ့လဲသွားနိုင်သည်ဟု ခံစားလိုက်ရသည်။

ဝေစစ်ချီသည် နဉ်ရှီ၏စကားများကို ပြန်လည်ချေပချင်ခဲ့ပေမယ့် နဉ်ရှီပြောတာက အမှန်တွေဆိုတာကို သူမအလိုအလျောက်သိနေခဲ့သည်။ နဉ်ရှီက ချန်း*ယီကျွင်းကို အမှန်ပင် မကြိုက်ခဲ့ပေ။ “စနိုက်ကြော်မကို ထိုးနှက်ခြင်း” ဟူ၍ အရင်ကသိထားကြသည်က သူမ၏လွဲမှားနေသောလုပ်ရပ်များအတွက် ဆင်ခြေတစ်ခုသက်သက်သာ။

ချန်း*ယီကျွင်းက သူမကိုလိမ်ထားသည်ကို သိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့သော်ငြား နဉ်ရှီက ချန်း*ယီကျွင်းကို ဖြတ်လုသွားမည်ကို ‌စိုးထိတ်နေခဲ့တာကြောင့် သူ့အလိမ်အညာတွေကို မသိကျိုးကျွန်ပြုခဲ့၏။

ချန်း*ယီကျွင်းက နဉ်ရှီဝနေစဉ်ကပင် သူမကို အနည်းငယ်စိတ်ဝင်စားနေခဲ့သည်။ ယခု သူမလှလာပြီ... “နတ်ဘုရားမ” ဆိုသည့်ဂုဏ်ဒြပ်ကို လူသိရှင်ကြား အပ်နှင်းခံထားရပြီ‌လေ...ချန်းယီကျွင်းရဲ့ရင်ထဲမှာ ဝေစစ်ချီအတွက် နေရာတစ်နေရာ ရှိနေပါဦးမလား?

“နင့်အချစ်ကိုကာကွယ်တာဆိုတဲ့ နာမည်အောက်မှာ သူတစ်ပါးကို မသမာစွာနဲ့ နာကျင်စေခဲ့တယ်” နဉ်ရှီက ဝေစစ်ချီရှေ့သို့ လျှောက်လာပြီး အသံတိုးချလိုက်သည်။ “နင့်လို မိန်းမမျိုးက အသိသာကြီးကို သနားစရာကောင်းလိုက်တာ”

ဝေစစ်ချီ တဆက်ဆက်တုန်သွားသည်။ သူမအံကြိတ်လိုက်ကာ... “နင် အတိအကျ ဘာလိုချင်တာလဲ?”

“ငါကလား?” နဉ်ရှီက သိမ်မွေ့စွာ တီးတိုးပြောလိုက်၏။ “နင်တို့တွေအားလုံးဆီမှာရှိနေတဲ့ ငါ့အကြွေးတွေပြန်တောင်းဖို့ ပြန်လာတာလေ”

နဉ်ရှီ၏အသံက ရန်လိုခြင်းတစ်စုံတစ်ရာမရှိဘဲ လေညင်းသဖွယ် ညင်သာလွန်းလှသည်။ ဝေစစ်ချီအတွက်တော့ ဘယ်လိုဆိုဆို နဉ်ရှီ၏ဒီလိုပုံစံက ပို၍ပင် ကြောက်လန့်ဖွယ်ကောင်းနေခဲ့ပါ၏။ သူမက ပြုံးပြနေသောနဉ်ရှီကို ကြောက်ရွံ့စွာကြည့်လိုက်ပြိး မသိစိတ်အရ ခြေတစ်လှမ်းဆုတ်လိုက်သည်။

“အခု အချိန်ကောင်းတွေကို ပျော်ပျော်ကြီး ခံစားထား” နဉ်ရှီက သူမ၏ဦးထုပ်အနေအထားကိုညှိရင်း ပြုံးလိုက်သည်။ “ငါ့ကို စိတ်မပျက်စေနဲ့”

“နင်... နင်သွက်သွက်ခါ ရူးနေပြီ!” ဝေစစ်ချီ၏လည်ချောင်းက ခြောက်ကပ်နေပြီ။ သူမက နဉ်ရှီ၏ဘေးတွင် ရပ်နေသည့် ချန်းရှီကွေ့ဘက် လှည့်လိုက်သည်။ “နဉ်ရှီက ရှင့်ကိုတကယ်ကြိုက်တယ်လို့ ထင်နေတာလား? သူကကျွန်မတို့ကို လက်စားချေဖို့ ရှင့်ကိုအသုံးချနေတာ!”

နဉ်ရှီက မြေခွေးမပဲ...ချန်းယီကျွင်းကိုတင် မြှူဆွယ်ခဲ့တာမဟုတ် ချန်းလုပ်ငန်းစုဥက္ကဌကိုပါ ဖြားယောင်းခဲ့သေးတယ်! “သူ အရင်ကဘယ်လိုပုံစံလဲဆိုတာ ရှင်သိလား?”

ချန်းရှီကွေ့က သူမကို အေးတိအေးစက်ကြည့်လိုက်သည်။ “နဉ်ရှီရဲ့ရည်ရွယ်ချက်က ဘာတွေလဲဆိုတာ မင်း ငါ့ကိုပြောစရာမလိုဘူး။ ပြီးတော့ သူမအတိတ်မှာ ဘယ်လိုပုံစံပဲဖြစ်ခဲ့ပါစေ ငါ့နှလုံးသားထဲက သူမရဲ့အနေအထားကိုတော့ သက်ရောက်မှာမဟုတ်ဘူး”

“သူမက ရှင့်ကိုအသုံးချချင်ရင်တောင်မှလား?” ဝေစစ်ချီက ဒီယောက်ျားတွေအားလုံး ရူးကုန်ပြီဟု တွေးရင်း  ချန်းရှီကွေ့ကို တအံ့တသြ ကြည့်လိုက်သည်။

“သူမက ငါ့ကို အသုံးချဖို့ ဆန္ဒရှိတယ်ဆိုရင်...” ချန်းရှီကွေ့သည် နဉ်ရှီ၏ဘေးတိုက်ပုံရိပ်ကို လှည့်ကြည့်လိုက်ပြီး သူ၏အမူအရာကတော့ ပျော့ပျောင်းနေလေပြီ။ “သူမက ငါ့ကိုအသုံးချချင်တယ်ဆိုရင် ငါကစိတ်ပါလက်ပါနဲ့ သူမကို လုပ်ခွင့်ပြုပေးလိုက်မယ်‌!”

နဉ်ရှီက သူမ၏အေးဆေးတည်ငြိမ်သောပုံရိပ်ကို မထိန်းလိုက်နိုင်ခင် သူမ၏မျက်ဝန်းအိမ်များက ပြူးကျယ်သွားရပြီး သူမ၏မျက်ခွံက တဒင်္ဂမျှ တုန်ယင်သွားရသည်။

ဝေစစ်ချီ ဆွံ့အသွားရ၏။ သူမခေါင်းခါလိုက်သည်။ “ရှင်တို့ယောက်ျားတွေ ရူးသွားပြီလား?”

ချန်းရှီကွေ့က နဉ်ရှီအပေါ် ထိုကဲ့သို့သောခံစားချက်ရှိလိမ့်မည်ဟု ချန်း*ယီကျွင်း မထင်ခဲ့ပေ။ သူက နဉ်ရှီကို စကားတစ်ခွန်းမျှမဆိုဘဲ ရီဝေဝေစိုက်ကြည့်နေသည်။ ထို့နောက် အနိုင်မခံအရှုံးမပေးနိုင်သော ချန်းရှီကွေ့ကို လှည့်ကြည့်လိုက်သည်။ ချန်းရှီကွေ့တောင်မှ သူမ၏ညှို့ဓာတ်ကို မလွန်ဆန်နိုင်ပုံရသည်။

“သွားရအောင် နဉ်ရှီ” ချန်းရှီကွေ့က နဉ်ရှီအား သူမ၏အချိန်ကို ထိုစုံတွဲအပေါ်တွင် ကြာကြာမကုန်စေချင်တော့ပေ။ သူအပြင်ကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမကိုအပေါ်အင်္ကျီခြုံပေးလိုက်ကာ ချန်း*ယီကျွင်းဘက်သို့ လှည့်လိုက်သည်။ ”သခင်လေးချန်း... ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေထဲမှာ တခြားသူတွေကို ဆွဲမထည့်သင့်ဘူး”

ပြီးသည်နှင့် ချန်းယီကျွင်း၏တုန့်ပြန်မှုကို ဂရုစိုက်ခြင်းမရှိဘဲ သူ့လက်ကို နဉ်ရှီ၏ပခုံးထက်တင်လိုက်ကာ သူမကိုအပြင်ခေါ်ထုတ်သွားတော့သည်။

ချန်း*ယီကျွင်းက ထိုနေရာမှာပင် တိတ်တဆိတ်ကျောက်ချရပ်နေကာ သူ့မျက်နှာထားကတော့ အတန်ငယ် အေးစက်ကာမည်းမှောင်နေလေ၏။

“သူမက တကယ်ပဲ ကျွန်မတို့ကိုလက်စားချေချင်လို့ ပြန်လာခဲ့တာ" ဝေစစ်ချီက အသံအက်ရှရှဖြင့် ရယ်လိုက်သည်။ “ကျွန်မတို့အတွက် လွတ်လမ်းမရှိဘူး”

နဉ်ရှီcelebrityတစ်ယောက်အဖြစ်ပြန်လာခြင်း၊ သူမငယ်စဉ်ကဝခဲ့သည့်အကြောင်းတွေ ပြောခြင်းနှင့် အစီအစဉ်အတွင်း ကျောင်းတွင်းအကြမ်းဖက်မှုကိစ္စရပ်ကို ထုတ်ဖော်ပြောဆိုခဲ့တာတွေက အဆန်းမဟုတ်တော့ပေ။ သူမက ဤအခြင်းအရာအားလုံးကို ဖြစ်လာရန် ရည်ရွယ်ထားခြင်းပင်: သူမလက်စားပြန်ချေဖို့ရာ အချိန်ကောင်းကို စောင့်နေခဲ့တာပင်။

“ယီကျွင်း ကျွန်မတို့ဘာလုပ်သင့်လဲ?”

ချန်း"ယီကျွင်း သူမကိုပြန်မဖြေခဲ့ပါချေ။ ‌ဤ‌မေးခွန်းအတွက် သူ့နှလုံးသားထဲတွင် မည်သည့်အဖြေမျှမရှိ၍ပင် ဖြစ်ချေမည်။

--------
Off-road vehicle ကိုပိုင်ဆိုင်ထားရသည့် ကောင်းကျိုးက မိုးကြီးလေကြီးထဲတွင်မှ ပေါ်လွင်တော့သည်။ အချို့ကားများက မိုးရေအောက်မြုပ်နေသောကြောင့် အင်ဂျင်စက်သေကုန်ကြပေမယ့် နဉ်ရှီ၏ယာဉ်လေးကတော့ ဖြောင့်ဖြောင့်ဖြူးဖြူးပင် မောင်းနှင်နေလေ၏။

“လေဆိပ်မှာဖြစ်သွားတဲ့ကိစ္စအတွက်... ကျေးဇူးတင်ပါတယ်” နဉ်ရှီက ခေါင်းကိုငုံ့ပြီး ချန်းရှီကွေ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။

ချန်းရှီကွေ့က လက်ထဲကဖိုင်တွေကို ဆက်ကြည့်နေ၏။ “ကိုယ်ပြောချင်တာနဲ့ လုပ်ချင်တာကို လုပ်ခဲ့ရုံပါပဲ။”

သူ သူမကို မကြည့်နိုင်ပေ။ သူမော့ကြည့်လိုက်သည်နှင့် သူမကိုထွက်သွားခွင့်မပေးနိုင်မှာကို စိုးရွံ့မိပါ၏။

နောက်တစ်ဖန် ကားထဲတွင် တိတ်ဆိတ်သွားပြန်၏။ နာရီဝက်လောက်ကြာတော့ ကားက နဉ်ရှီနေထိုင်သည့်ရပ်ကွက်ထဲ ဝင်ရောက်လာသည်။ ‌မိုးကြောင့်ဖြစ်မည်ထင် အမှောင်ကျနေ၏။ မြေအောက်ကားပါကင်သည်လည်း အမှောင်ထုထဲဖုံးလွှမ်းနေ၏။

ဒါရိုက်ဘာက ကားထဲကမီးကိုထွန်းပြီး ပြုံးလိုက်သည်။ “ဆရာ ကျွန်တော်တို့ မစ္စနဉ်ရဲ့အိမ်ကို ရောက်ပါပြီ”

နဉ်ရှီက ကားပေါ်ကဆင်းတော့မည့်ဆဲဆဲတွင်။

“နဉ်ရှီ..”

ချန်းရှီကွေ့က သူမ၏လက်ကောက်ဝတ်ကို ဆွဲလိုက်သည်။

နဉ်ရှီလှည့်လာပြီး ချန်းရှီကွေ့မျက်လုံး၏အနက်ရှိုင်းဆုံးထဲကို ကြည့်လိုက်သည်။ ဤမျက်လုံးတွေက နဉ်ရှီရင်ဆိုင်ရန်ကြောက်နေသည့် ချစ်ခြင်းမေတ္တာကို ထိန်းချုပ်ထားသည်။

“မစ္စတာချန်း ကျွန်မကို ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်” သူမ၏လက်ကောက်ဝတ်ကို မြဲမြဲဆုပ်ကိုင်နေဆဲဖြစ်သည့် လက်ပေါ် သူမ၏လက်ကိုတင်လိုက်ကာ ၎င်းကိုဖယ်လိုက်သည်။ “ကောင်းသောညပါ”

ချန်းရှီကွေ့က တဒင်္ဂမျှတိတ်သွားသည်။ ထို့နောက် သူမလက်ထဲသို့ လက်နှိပ်ဓာတ်မီးအသေးစားလေး ထည့်ပေးလိုက်သည်။ “အပြင်မှာမှောင်နေတယ်။ သတိထားပြီးလျှောက်”

နဉ်ရှီသည် လက်နှိပ်ဓာတ်မီးကို ကိုင်ကာ စကားနည်းသောချန်းရှီကွေ့က ပြတင်းပေါက်မှန်ကို တင်လိုက်ပြီး ကားပါကင်မှ off-roadကားက မောင်းထွက်သွားသည်ကို ကြည့်နေခဲ့သည်။ ကားဆီမှအလင်းရောင်မရတော့ ကားပါကင်တစ်ခုလုံးက အမှောင်ထုထဲသို့ တစ်ဖန်ချဉ်းနင်းဝင်ရောက်သွားပြန်သည်။

ကလစ်...

နဉ်ရှီက လက်နှိပ်ဓာတ်မီးကို ဖွင့်လိုက်တော့ ငွေရောင်အလင်းတန်းက ပေါ်လာသည်။

လက်နှိပ်ဓာတ်မီးကသေးပြီး အလင်းရောင်ကမှိန်ပေမယ့် အိမ်ကိုလမ်းလျှောက်ပြန်ဖို့အတွက်တော့ ကောင်းကောင်းမြင်နိုင်ပေသည်။

“ဘော့စ်...မိုးကတအားသည်းနေပြီ...ကားထဲဝင်ပါတော့” စိတ်ပူနေသောရွှီကျူးက ချန်းရှီကွေ့ဆီ လျှောက်လာသည်။ ကားထဲတွင် ထီးမပါလာခဲ့ချေ။ ဟင်းလင်းပြင်အောက်တွင် အတော်ကြာအောင် မတ်တပ်ရပ်ခဲ့သဖြင့် ချန်းရှီကွေ့၏တစ်ကိုယ်လုံး ရွှဲရွှဲစိုနေချေပြီ။

လှမ်းမျှော်နေမိသော အထပ်မှ မီးလင်းလာတာကို မြင်သည်နှင့် ချန်းရှီကွေ့သည် စကားတစ်ခွန်းမျှမဆိုဘဲ ရပ်ကွက်၏ မိန်းလမ်းမကြီးထက် ရပ်တန့်ထားသော Off-road vehicle* ရှိရာ ပြန်လာခဲ့လိုက်သည်။

[T/N: off-road vehicle က ဘီးအကြီးကြီးနဲ့ အောက်ခြေမြင့်တဲ့၊ ခရီးကြမ်းတွေမှာ အသုံးများတဲ့ ကားတွေကိုပြောတာပါ။]

______________

[Zawgyi]နဉ္ရွီက အိပ္မႈန္စံုမႊားႏွင့္ မ်က္စိဖြင့္လိုက္ေသာအခါ သူမေရ႔ွက ဒူးေထာက္ေနသၫ့္ ခ်န္းရွီေကြ့ကိုေတြ့လိုက္သည္။

သူတို႔မေတြ့ရသည္မွာ ႏွစ္လေက်ာ္ေနၿပီ။ နဉ္ရွီ တဒဂၤမ်ွ တန႔္သြားၿပီး ခ်န္းရွီေကြ့မွာ ေျပာစရာတစ္ခုခုမ်ားရိွေနမလား သိခ်င္၍ ေစာင့္ေနလိုက္သည္။

နဉ္ရွီႏိုးလာတာကိုေတြ့ေတာ့ ခ်န္းရွီေကြ့က မတ္တပ္ရပ္လိုက္ၿပီး တည္ၿငိမ္စြာ ေျပာလိုက္သည္။ “မင္းကိုလာႀကိဳမယ့္ယာဉ္က မေရာက္ေသးဘူးလို႔ ၾကားမိတယ္။ ကိုယ္မင္းကို ျပန္ပို႔ေပးမယ္” သူ႔ေလသံက အရင္ကထက္ပင္ ေအးစက္ေနခဲ့သည္။

နဉ္ရွီမတ္မတ္ထိုင္လိုက္ၿပီး သူမ၏အတန္ငယ္နာက်င္ေနေသာ လည္ပင္းကိုဆန႔္လိုက္သည္။ “မစၥတာခ်န္းလား?” ထိုအခါက်မွ သူမဟာ ေယာက္်ားတစ္ေယာက္၏ အေပၚအက်ႌျဖင့္ လႊမ္းၿခံဳခံထားရမွန္း သိေတာ့သည္။

သည္အခ်ိန္အေတာအတြင္းမွာ ႏွစ္ေယာက္သား မဆက္သြယ္ျဖစ္ခဲ့ၾက။ ‌ယခု ေနာက္တစ္ႀကိမ္ျပန္ေတြ့ေတာ့ မေတြ့ရတာ အေတာ့္ကိုၾကာၿပီ ဟု သူမအမွန္ပင္ ခံစားမိလိုက္သည္။

ကသိကေအာက္ျဖစ္ေနေသာ ေလထုအေျခအေနကို အာရံုခံလိုက္မိတာေၾကာင့္ ေရွာင္ယန္၏မ်က္လံုးေတြက သူတို႔ႏွစ္ေယာက္ၾကား ကူးလူးေနေတာ့သည္။ သို႔ေသာ္ သူမဘာတစ္ခြန္းမွမဟရဲ။ သူမပဲ မ်က္စိေမွာက္တာလားေတာ့မသိ၊ မစၥတာခ်န္းက အစ္မရွီရွီေပၚကို သူ႔အေပၚအက်ႌ‌ၿခံဳေပးစဉ္က သူ၏အၾကည့္ေတြဟာ ညင္သာမႈအျပၫ့္ႏွင့္။ သို႔ေပသိ အခုခ်ိန္က်ေတာ့ သူအစ္မရွီရွီအေပၚ ၾကၫ့္သည့္ပံုစံက လံုးဝဥႆံု ကြာျခားလို႔ေန၏။

”မစၥတာခ်န္းရဲ့အကူအညီအတြက္ ေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ကြၽန္မကိုလာႀကိဳမယ့္ကားက မၾကာခင္ေရာက္လာေတာ့မွာ” နဉ္ရွီက အေပၚအက်ႌကို ခြၽတ္လိုက္ၿပီး ခ်နိးရွီေကြ့ကို ျပန္ေပးလိုက္သည္။

“ရပါတယ္” ခ်န္းရွီေကြ့က သူမကို နက္နက္နဲနဲ ေငးၾကၫ့္ေနၿပီး အေပၚအက်ႌကို ယူလိုက္၏။ သူထြက္သြားေတာ့မၫ့္ဆဲဆဲ သူ႔ေနာက္က ရုတ္ရုတ္သဲသဲျဖစ္ေနသံကို ၾကားလိုက္ရသည္။

ရန္ျဖစ္ေနေသာစံုတြဲက ဘယ္သူေတြလဲဆိုတာ ေတြ့ၿပီးသည္ႏွင့္ သူနဉ္ရွီကို ျပန္ၾကၫ့္လိုက္သည္။ သူမ၏မ်က္လံုးမ်ားကလည္း ထိုစံုတြဲအေပၚ စူးစိုက္ၾကၫ့္ေနၿပီး သူမ၏အမူအရာကေတာ့ ထိတ္လန႔္ဖြယ္ေကာင္းစြာ တိတ္ဆိတ္ေန၏။

သူမ၏အမူအရာထဲတြင္ ကိန္းေအာင္းေနသၫ့္ ေလွာင္ရိပ္မ်ားႏွင့္ မုန္းတီးမႈအရိပ္အေယာင္မ်ားကို သူေတြ့လိုက္ရသည္။

“ကြၽန္မကို ဖိအားေပးေနတာ ရပ္လိုက္ပါေတာ့!” ေဝစစ္ခ်ီကိုၾကည့္ရသည္မွာ စိတ္ပင္ပန္းႏြမ္းနယ္ေနပံုေပၚသည္။ သူမစကားေျပာရင္း တုန္ယင္ေန၏။

“ကိုယ္က မင္းကိုဖိအားေပးတယ္?” ခ်န္းယီကြၽင္း ေလွာင္ရယ္လိုက္သည္။ “မင္းဓာတ္ပံုေတျြဖန႔္လိုက္လို႔ ဘာမ်ားေကာင္းတာေတျြဖစ္လာမယ္လို႔ ထင္ေနလဲ? မင္းက အဲ့ဒီအျဖစ္အပ်က္ထဲ ပါေနရံုသာမက ႀကိဳးကိုင္ျခယ္လွယ္သူ ျဖစ္တယ္ဆိုတာကိုပါ လူတိုင္းကိုေပးသိမလို႔လား ၿပီးရင္ ငါတို႔ကို အဟားခံခိုင္းမလို႔လား?”

ေနာင္တႏွင့္ေၾကာက္ရြံ႔မႈတို႔အလယ္ ခ်န္းယီကြၽင္း၏နဉ္ရွီအေပၚ ခံစားခ်က္ဟာလည္း ရွင္းျပႏိုင္ေသာ မေရရာျခင္းဆိုသၫ့္ ခံစားခ်က္ပင္။ တစ္ခ်ိန္တည္းမွာပင္ ေဝစစ္ခ်ီႏွင့္သူသည္ ႏွစ္အေတာ္ၾကာ အတူရိွခဲ့ၾကတာျဖစ္သည္။ သူတို႔၏မၾကာခဏရန္ပြဲ‌ေတြေၾကာင့္ စိတ္ကုန္ရေသာ္လည္း သူကေတာ့သူမကိုခ်စ္ေနဆဲပင္။ ထို႔ေၾကာင့္ သူနဉ္ရွီကို အေလ်ာ္ေပးခ်င္ေပမယ့္ ထိုအျဖစ္အပ်က္အ‌ေၾကာင္း အေဖာ္ခံရမွာကိုလည္း စိုးရိမ္ေနခဲ့ရသည္။

နဉ္ရွီ၏အၾကမ္းဖက္ခံရသၫ့္ကိစၥရပ္တြင္ ေဝစစ္ခ်ီႏွင့္သူက ပါဝင္ေနေၾကာင္း ေဖာ္ထုတ္ခံလိုက္ရပါက ေဝႏွင့္ခ်န္း*မိသားစုက သိကၡာက်ရံုသာမက သူကလည္း မိသားစုအေမြဆက္ခံႏိုင္ေရးအတြက္ ထိုတရားမဝင္သားႏွင့္  ၿပိဳင္ဆိုင္ပြဲတြင္ အခြင့္မသာျဖစ္လိမ့္မည္။

သို႔ျဖစ္၍ ဤကိစၥကို နဉ္ရွီက ႏွစ္ကိုယ္ၾကားေျဖရွင္းရန္ ဆႏၵရိွဖို႔ကိုသာ သူေမ်ွာ္လင့္ႏိုင္ေတာ့သည္။ ထိုကိစၥကိုသာပံုႀကီးခ်ဲ့လိုက္လ်ွင္ နဉ္ရွီ၏ေက်ာ္ၾကားမႈကထိခိုက္သြားႏိုင္ေသာ္လည္း သူတို႔ကေတာ့ ဆံုးရႈံးမႈအမ်ားဆံုးပင္။

“ရွင္ ကြၽန္မကိုတကယ္ေရာ စိတ္ပူလို႔လား ဒါမွမဟုတ္ နဉ္ရွီရဲ့အတိတ္ အေဖာ္ခံရမွာကို မလိုခ်င္တာလား?”ေဝစစ္ခ်ီတစ္ေယာက္ ၾကာၾကာဆက္နားမေထာင္ႏိုင္ေတာ့။ ယခု ခ်န္း*ယီကြၽင္းက နဉ္ရွီကိုငမ္းငမ္းတက္လိုခ်င္ေနရျခင္းမွာ သူမလွလာ၍ပင္။

အတိအက်ဆိုရလ်ွင္ ခ်န္း*ယီကြၽင္းက နဉ္ရွီကို မေမ့ႏိုင္ခဲ့တာပင္။

ခ်န္း*ယီကြၽင္း နဥ္ရွီကို ခိုးခိုးၾကည့္တာေတြ၊ ဓာတ္ပံုခိုးရိုက္တာေတြအထိ လူအမ်ား မသိၾကေသာ္လည္း ေဝစစ္ခ်ီက အထက္တန္းတက္ကတည္းက သိထားၿပီးသားပင္။ ခ်န္း*ယီကြၽင္းကိုယ္တိုင္က သူ နဥ္ရွီကို စြဲလန္းေနၿပီဆိုတာ သတိမမူမိခဲ့တာ ျဖစ္ႏိုင္သည္။

သို႔မဟုတ္လ်ွင္ သူမနဉ္ရွီအတြက္ ကိစၥအားလံုးကို ခက္ခဲေအာင္ လုပ္ခဲ့မည္မဟုတ္ေပ။ ရလဒ္အေနျဖင့္ ျဖစ္ရပ္ဆိုးႀကီး ျဖစ္ပ်က္ခဲ့ရသည္။

သည္ႏွစ္ေတြတစ္ေလ်ွာက္လံုး နဉ္ရွီျပန္လာမည္ကို သူမပူပန္ခဲ့ရ၏။ ခ်န္း*ယီကြၽင္းက နဉ္ရွီအေပၚထားရိွသၫ့္ သူ၏ခံစားခ်က္ကို နားလည္သြားမည္ကို စိုးရြံ႔ေနခဲ့ရ၏။ အခုေတာ့ သူမေၾကာက္ရြံ႔ခဲ့သမ်ွ အရာအားလံုး အမွန္ျဖစ္လာေခ်ၿပီ။

သူမက ခ်န္း*ယီကြၽင္းကို တကယ္ခ်စ္ခဲ့တာေၾကာင့္ နဉ္ရွီ လုယူသြားမွာကို ဘယ္လိုလုပ္ သည္းခံႏိုင္မွာလဲ?

“စစ္ခ်ီ...ေက်းဇူးျပဳျပီး”ခ်န္း*ယီကြၽင္းက သူတို႔နားက အၾကၫ့္ေတြကို သတိထားမိလိုက္သျဖင့္ သူ႔အသံကိုႏိွမ့္ခ်လိုက္သည္။ “လူၾကားထဲ ေအာ္ႀကီးဟစ္က်ယ္မလုပ္နဲ႔”

“ကြၽန္မတို႔ေစ့စပ္ထားတာေတာင္ ရွင္ကေဖာက္ျပန္ဖို႔ မေၾကာက္တာေလ...ကြၽန္မက ဘာေၾကာင့္ လူၾကားထဲ ‌ေအာ္ႀကီးဟစ္က်ယ္မလုပ္ရဲရမွာလဲ?” ေဝစစ္ခ်ီက ေဘးမွအံုၾကၫ့္ေနေသာလူမ်ားကို စိန္းစိန္းဝါးဝါးၾကၫ့္လိုက္သည္။ “ရွင္တို႔ေတြအားလံုး ဘာၾကၫ့္ေနတာလဲ? အရင္က လူေတြရန္ျဖစ္ေနတာ မျမင္ဖူးဘူးလား?”

လူအုပ္ႀကီးကလည္း ျမန္ျမန္ဆန္ဆန္ပင္ လူစုကြဲသြားၾကသည္။ အမ်ားစုက အတင္းအဖ်င္းကိုစိတ္ဝင္စားၾကေသာ္ျငား ျပႆနာကိုေတာ့ မဖိတ္ေခၚခ်င္ၾကေပ။ သို႔ေပသိ ခန႔္ခန႔္ညားညားေယာက္်ားတစ္ေယာက္ကေတာ့ လက္ေတာ့အိတ္ေလးဆြဲလ်က္ အနီးအနားတြင္ ရပ္ေန၏။

ေဝစစ္ခ်ီ သူ႔ကို စိန္းစိန္းဝါးဝါးၾကၫ့္လိုက္သည္။ သူမထိုအမ်ိဳးသားကို စၿပီးႀကိမ္းေမာင္းေတာ့မၫ့္ဆဲဆဲတြင္ သူမ၏အၾကၫ့္က သူ႔အေနာက္က လူတစ္ေယာက္အေပၚ က်ေရာက္သြားေတာ့သည္။

ရႊီက်ူးက ေဝစစ္ခ်ီ၏အၾကၫ့္ေၾကာင့္ ေက်ာခ်မ္းသြားရကာ အမွတ္တမဲ့ ေျခႏွစ္လွမ္းေလာက္ဆုတ္လိုက္မိသည္။

“နဉ္ရွီ...” ေဝစစ္ခ်ီက သူမ၏ ကတုန္ကယင္လက္ေခ်ာင္းေတြကို ေျမႇာက္ၿပီး ခံုတန္းရွည္ေပၚထိုင္ေနေသာ နဉ္ရွီကို ၫႊန္ျပလိုက္သည္။ သူမ၏အမူအရာက ေၾကာက္ရြံ႔မႈႏွင့္ေဒါသက ေရာေနွာေနသည္။ “သူမက ဒီမွာဘာလုပ္ေနတာလဲ?!”

ရႊီက်ူးက ေဝစစ္ခ်ီကိုၾကၫ့္လိုက္ၿပီးေနာက္ သူ႔ေခါင္းကို တစ္ဖန္လွၫ့္လိုက္၏။ ဒါျဖင့္ ေဘာ့စ္စကားသြားေျပာတဲ့ ပုဂၢိုလ္က နဉ္ရွီလားေပါ့...။

ထိုအမ်ိဳးသမီး၏အမူအရာမွ အကဲျဖတ္ၾကၫ့္ရမည္ဆိုလ်ွင္ သူမက နဉ္ရွီႏွင့္အသိအကြၽမ္းေတျြဖစ္မည္ ထင္ပါရဲ့။  သခင္ေလးခ်န္း*နဲ႔သူ႔သတိုးသမီးေလာင္း ရဲ့ ရန္ပြဲထဲမွာပါလာတဲ့ “သူမ”က နဉ္ရွီမ်ားလား?

ရႊီက်ူးသည္ ေဝစစ္ခ်ီ၏မတည္မၿငိမ္ျဖစ္ေနေသာ စိတ္အေျခအေနကိုၾကၫ့္ရင္း သူမရုတ္တရက္ ထေသာင္းက်န္းလာမည္ကိုပင္ စိုးမိသည္။ အကယ္၍ ဒီအမ်ိဳးသမီးက သူတို႔ကို လ်ွပ္တျပက္တိုက္ခိုက္လာလ်ွင္ ကာကြယ္လို႔ရလိုရျငားဆိုသည့္ အေတြးႏွင့္ ရႊီက်ူးသည္ နဉ္ရွီႏွင့္ခ်န္းရွီ‌ေကြ့အနားကို လွမ္းသြားလိုက္သည္။

နဉ္ရွီကို ဒီမွာေတြ့ရမည္ဟု ခ်န္း*ယီကြၽင္းမေမ်ွာ္လင့္ထားေပ။ နဉ္ရွီက သူႏွင့္ေဝစစ္ခ်ီ၏ရန္ပြဲကို တစြန္းတစၾကားမိခဲ့မည္ကို ေတြးမိေတာ့ သူကသိကေအာက္ႏိုင္စြာႏွင့္ ေခါင္းငံု႔လိုက္မိသည္။

ေဝစစ္ခ်ီက ဒီအျပဳအမူကို ရွက္သြားတယ္ဆိုၿပီး နားလည္မႈလြဲသြားမယ္လို႔ ဘယ္သူကသြားသိမွာလဲ? သူမကသေရာ္သံႏွင့္ ေျပာလိုက္သည္။ “ရွက္ျပေနတာလား? ဘယ္သူ႔အတြက္လဲ?”

ခ်န္း*ယီကြၽင္းက ဒီစကားကို ၾကားလိုက္တာႏွင့္ ထြက္သြားလိမ့္မည္ဟု ရႊီက်ူးထင္ခဲ့မိေသာ္လည္း သူ႔ကိုအံ့အားသင့္ေစသည္က ဤသခင္ေလးခ်န္း*သည္ သူထင္ထားတာထက္ သည္းညည္းခံႏိုင္ျခင္းပင္။

ေဘာ့စ္နဲ႔သူ Tán Hăixian jí ရုပ္ရွင္ရိုက္ကြင္းကို သြားလည္တုန္းက နဉ္ရွီက ခ်န္း*ယီကြၽင္းကို ရိုက္ခဲ့တာမဟုတ္လား?

အတိတ္မွာ နဉ္ရွီက ေက်ာင္းတြင္းအႏိုင္က်င့္မႈ၏ ‌နစ္နာသူတစ္ေယာက္ျဖစ္ခဲ့ဖူးေၾကာင္း ျပန္သတိရမိေတာ့ ခ်န္း*ယီကြၽင္းအေပၚ သူမ၏ေအးတိေအးစက္သေဘာထားအျပင္ ခ်န္းစံုတြဲၾကားကစကားႏွင့္ ခ်ိတ္ဆက္လိုက္ေတာ့ ရႊီက်ူးက ဇာတ္လမ္းတစ္ခုလံုး၏ အပိုင္းအစမ်ားအားလံုးကို စုစည္းမိသြားေလၿပီ။

ဒါျဖင့္ အဆိုပါစံုတြဲက ထိုအျဖစ္အပ်က္ထဲတြင္ ေသခ်ာေပါက္ ပါဝင္ခဲ့လိမ့္မည္။ မဟုတ္ရင္ နဉ္ရွီက သူတို႔ကို ထိုသို႔ေသာသေဘာထားမ်ိဳး ေဖာ္ျပေနလိမ့္မည္မဟုတ္။

ရႊီက်ူး၏အျမင္အရေတာ့ နဉ္ရွီကလူေကာင္းတစ္ေယာက္ပင္။ သူမက သူ႔လိုလက္ေထာက္တစ္ေယာက္ကိုေတာင္ ယဉ္ယဉ္ေက်းေက်းဆက္ဆံေပးသည္။ ဘယ္ေတာ့မွ မေထာင္လႊားခဲ့။ ဤကဲ့သို႔ေသာလူတစ္ေယာက္က တစ္စံုတစ္ေယာက္ကို အထင္ေသးစက္ဆုပ္ရြံရွာမႈႏွင့္ ၾကၫ့္လာတာသည္ အႏွီပုဂၢိုလ္က မည္မ်ွအမိႈက္ဆန္ေၾကာင္း ျပသေနျခင္းပင္။

လက္ေထာက္ရႊီသည္ သူ႔သေဘာထားက ယုတၲိမရိွ ဆက္စပ္ေတြးေခၚေနတာကေန ျဖစ္လာမည္ဟု မထင္ထားခဲ့။

ေဝစစ္ခ်ီ၏ ဂနာမၿငိမ္ျဖစ္ေနေသာ အမူအရာကိုၾကၫ့္ရင္း နဉ္ရွီ၏စိတ္ဝင္စားမႈက ရုတ္တရက္ေလ်ာ့နည္းသြားရသည္။ ခ်န္းစံုတြဲႏွစ္ေယာက္ၾကားဆက္ဆံေရး သူမ၏ၾကားဝင္ေနွာင့္ယွက္မႈပင္မရိွဘဲ ယိုယြင္းေနႏွင့္ၿပီ။ ေဝစစ္ခ်ီ၏ သူမအေပၚအမုန္းတရားက သူမ၏အေၾကာက္တရားနဲ႔ အျပစ္ရိွစိတ္ကို ဖံုးထားတဲ့ နည္းလမ္းတစ္ခုပဲလား ဒါမွမဟုတ္ နဉ္ရွီက ခ်န္း*ယီကြၽင္းလိုလူမ်ိဳးကို ႀကိဳက္ေနမယ္လို႔ သူမတကယ္ပဲထင္ေနတာလား?

ေဝစစ္ခ်ီ၏ေဒါသထြက္ေနေသာမ်က္ႏွာကို နဉ္ရွီကေျပာင္ေျပာင္တင္းတင္းပင္ သေရာ္လိုက္ေလ၏။ “တခ်ိဳ႕လူ‌ေတြက တအားစိတ္ဝင္စားစရာေကာင္းတာပဲ။ သူတို႔ကအမိႈက္တစကို တန္ဖိုးထားေနတာနဲ႔ပဲ တျခားလူေတြက အဲ့အမိႈက္ကို တပ္မက္မယ္လို႔ ထင္လိုက္ၾကတာ”

သူမ၏အၾကၫ့္က ေဝစစ္ခ်ီႏွင့္ ခ်န္း*ယီကြၽင္းအေပၚ လ်ွပ္ကနဲျဖတ္သြားၿပီး သူမ၏အမူအရာကေတာ့ သေရာ္ေန၏။ “ေဝစစ္ခ်ီ နင့္ကိုယ္နင္ တအားျမင့္ျမင့္ႀကီး ‌ေတြးေနတာ မဟုတ္ဘူးလား?”

“သန္မာတဲ့ပံုလုပ္ျပေနတာကလြဲရင္ က်န္တာနင္ဘာလုပ္ႏိုင္လို႔လဲ?” ေဝစစ္ခ်ီက ေဒါသထြက္သြားသျဖင့္ အသံျမင့္ျမင့္ႏွင့္ေျပာလိုက္သည္။ “နင္သာ ယီကြၽင္းကို အရွက္မရိွသြားမႀကိဳက္ခဲ့ရင္ ငါကနင့္ကိုသင္ခန္းစာေပးစရာလိုမလား?”

ခ်န္းရွီေကြ့က နဉ္ရွီ၏ေဘးတြင္ စကားတစ္ခြန္းမ်ွမဆိုဘဲ ခပ္တည္တည္ႏွင့္ရပ္ေနသည္။ သို႔ေသာ္ ေဝစစ္ခ်ီက နဉ္ရွီဟာ ခ်န္း*ယီကြၽင္းကို သေဘာက်ခဲ့ေၾကာင္း ေျပာလိုက္ခ်ိန္မွာေတာ့ သူ႔မ်က္ႏွာက တင္းမာသြားေလသည္။

“ငါက ခ်န္းယီကြၽင္းကို ႀကိဳက္တယ္ ဟုတ္လား?” နဉ္ရွီေလွာင္ရယ္လိုက္၏။ သူမ၏အၾကၫ့္က ခ်န္း*ယီကြၽင္းထံ ေဝ့ဝိုက္သြားေတာ့ ခ်န္း*ယီကြၽင္းက မလံုမလဲႏွင့္ သူမအၾကၫ့္ကို ေရွာင္လႊဲလိုက္သည္။

“ငါအရင္က ေျပာခဲ့ဖူးတယ္..အခု အဲ့ဒါကို ထပ္ေျပာမယ္။ ငါ ခ်န္းယီကြၽင္းကို ဘယ္ေသာအခါမွ စိတ္မဝင္စားခဲ့ဘူး။ ငါက ဘာေၾကာင့္ ခ်န္းယီကြၽင္းလို ေယာက္်ားကို ႀကိဳက္ရမွာလဲ?”နဉ္ရွီက ခ်န္း*ယီကြၽင္းကို လက္ၫွိုးထိုးလိုက္ကာ, “ငါသူ႔ကိုႀကိဳက္ေနပါတယ္လို႔ ဘယ္သူကေျပာလိုက္တာလဲ?”

ေဝစစ္ခ်ီ၏စိတ္ထဲတြင္ မွတ္ဉာဏ္တစ္ခုက လ်ွပ္ကနဲ ေပၚလာသည္။ ထိုႏွစ္က ခ်န္း*ယီကြၽင္းႏွင့္ နဉ္ရွီစကားေျပာေနသည္ကို သူမ,မေတာ္တဆေတြ့ခဲ့ရသည္။ နဉ္ရွီနဲ႔အတူ ဘာလို႔ထိုင္ေနရလဲဆိုတာကို သူမခ်န္း*ယီ‌ကြၽင္းကို ေမးၾကၫ့္ေတာ့ ခ်န္းယီကြၽင္း ဘယ္လိုျပန္ေျဖခဲ့သလဲ?

နဉ္ရွီက သူ႔ကိုစိတ္ဝင္စားေနေလာက္သည္ဟု သူေျပာခဲ့သည္။ ဒါေပမဲ့ သူမကို သူအရွက္မရေစခ်င္သၫ့္အတြက္ သူမကိုခဏေလာက္ ေဖာ္ေဖာ္ေရြေရြ*ဆက္ဆံေနျခင္း ျဖစ္သည္ဟုပင္။

[T/N: သူဒီမွာသံုးထားတဲ့ စာလံုးက patronize ျဖစ္တာေၾကာင့္ ကိုယ္ကအေျခအေနႏွစ္မ်ိဳး စဉ္းစားၿပီး ျပန္ထားတာပါ။ patronize က ေဈးအေရာင္းအဝယ္ေနရာမွာဆို ေဖာ္‌ေရြပ်ူငွာစြာ ဆက္ဆံတာဆိုေပမယ့္ ေပါင္းသင္းဆက္ဆံေရးမွာဆိုရင္ေတာ့ သူကအထက္စီးဆန္တာ၊ မာေရေၾကာေရနဲ႔ဆက္ဆံတာလို႔ ‌အဓိပၸာယ္ရပါတယ္။ ဒါေပမဲ့ ကိုယ္ကအေပၚပိုဒ္နဲ႔ဆက္စပ္ၿပီး ေဖာ္ေရြတဲ့စာလံုးကိုပဲ သံုးလိုက္ပါတယ္။ ေျပာရမယ္ဆို သူကစိတ္ရင္းနဲ႔ ေဖာ္ေရြတာမဟုတ္ဘူးေပါ့။]

ေဝစစ္ခ်ီသည္ သူမေခါင္းကိုခါယမ္းလိုက္သည္။ ခ်န္း*ယီကြၽင္းကိုၾကၫ့္ရမၫ့္အစား နဉ္ရွီကို ေအာ္ဟစ္ေတာ့သည္။ “နင္အခုေျပာေနတာေတြကို ငါယံုမယ္မ်ား ထင္ေနလား?”

“နင္က တကယ္ သနားစရာပဲ” နဉ္ရွီ ခပ္ဖြဖြ ရယ္လိုက္သည္။ “နင့္ေဘးနားကလူရဲ့ စိတ္ရင္းအမွန္၊ စရိုက္အစစ္ကိုေတာင္ မျမင္ႏိုင္ရွာဘူး။ ငါ့ကိုဆြဲေဆာင္ႏိုင္တဲ့ ဘယ္အရည္အခ်င္းကိုမ်ား ခ်န္းယီကြၽင္းက ပိုင္ဆိုင္ထားလို႔လဲ?”

“သူက ေခ်ာေမာခန႔္ညားတာေၾကာင့္လား ဒါမွမဟုတ္ သူ႔မိသားစုက ခ်မ္းသာတာေၾကာင့္လား?” နဉ္ရွီ ေအးတိေအးစက္ႏွင့္ ရယ္လိုက္သည္။ “သူ႔ပံုပန္းသြင္ျပင္က သူ႔မိဘေတြဆီက အေမြရလာတာ... ၿပီးေတာ့ သူ႔ႂကြယ္ဝမႈ‌ေတြက သူ႔မိဘေတြဆီကပဲ စီးဆင္းလာတာ။ သူက အလကားေကာင္ပဲကို ငါကဘာကိစၥ သူ႔ကိုေႂကြဆင္းရမွာလဲ?”

ရႊီက်ူးက နဉ္ရွီ၏ရိုင္းပ်ေသာစကားမ်ားေၾကာင့္ အံ့အားသင့္ထိတ္လန႔္သြားရသည္။ တိုက္ရိုက္ေျပာရမည္ဆိုလ်ွင္ ေဝစစ္ခ်ီကပင္ အလြန္တရာအသံုးမက်ေသာလူကို ေႂကြဆင္းလိမ့္မည္၊ နဉ္ရွီကေတာ့ သူမလို မကန္းေနဟူ၍ပင္။

နဉ္ရွီေစာ္ကားေျပာဆိုလိုက္သၫ့္ အမ်ိဳးသမီးကို သူၾကၫ့္လိုက္ၿပီး သူမေဒါသေၾကာင့္ ေမ့လဲသြားႏိုင္သည္ဟု ခံစားလိုက္ရသည္။

ေဝစစ္ခ်ီသည္ နဉ္ရွီ၏စကားမ်ားကို ျပန္လည္ေခ်ပခ်င္ခဲ့ေပမယ့္ နဉ္ရွီေျပာတာက အမွန္ေတြဆိုတာကို သူမအလိုအေလ်ာက္သိေနခဲ့သည္။ နဉ္ရွီက ခ်န္း*ယီကြၽင္းကို အမွန္ပင္ မႀကိဳက္ခဲ့ေပ။ “စႏိုက္ေၾကာ္မကို ထိုးႏွက္ျခင္း” ဟူ၍ အရင္ကသိထားၾကသည္က သူမ၏လြဲမွားေနေသာလုပ္ရပ္မ်ားအတြက္ ဆင္ေျခတစ္ခုသက္သက္သာ။

ခ်န္း*ယီကြၽင္းက သူမကိုလိမ္ထားသည္ကို သိတာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္လိမ့္မည္။ သို႔ေသာ္ျငား နဉ္ရွီက ခ်န္း*ယီကြၽင္းကို ျဖတ္လုသြားမည္ကို ‌စိုးထိတ္ေနခဲ့တာေၾကာင့္ သူ႔အလိမ္အညာေတြကို မသိက်ိဳးကြၽန္ျပဳခဲ့၏။

ခ်န္း*ယီကြၽင္းက နဉ္ရွီဝေနစဉ္ကပင္ သူမကို အနည္းငယ္စိတ္ဝင္စားေနခဲ့သည္။ ယခု သူမလွလာၿပီ... ”နတ္ဘုရားမ” ဆိုသၫ့္ဂုဏ္ျဒပ္ကို လူသိရွင္ၾကား အပ္ႏွင္းခံထားရၿပီ‌ေလ...ခ်န္းယီကြၽင္းရဲ့ရင္ထဲမွာ ေဝစစ္ခ်ီအတြက္ ေနရာတစ္ေနရာ ရိွေနပါဦးမလား?”

“နင့္အခ်စ္ကိုကာကြယ္တာဆိုတဲ့ နာမည္ေအာက္မွာ သူတစ္ပါးကို မသမာစြာနဲ႔ နာက်င္ေစခဲ့တယ္” နဉ္ရွီက ေဝစစ္ခ်ီေရ႔ွသို႔ ေလ်ွာက္လာၿပီး အသံတိုးခ်လိုက္သည္။ “နင့္လို မိန္းမမ်ိဳးက အသိသာႀကီးကို သနားစရာေကာင္းလိုက္တာ”

ေဝစစ္ခ်ီ တဆက္ဆက္တုန္သြားသည္။ သူမအံႀကိတ္လိုက္ကာ... “နင္ အတိအက် ဘာလိုခ်င္တာလဲ?”

“ငါကလား?” နဉ္ရွီက သိမ္ေမြ့စြာ တီးတိုးေျပာလိုက္၏။ “နင္တို႔ေတြအားလံုးဆီမွာရိွေနတဲ့ ငါ့အေႂကြးေတျြပန္ေတာင္းဖို႔ ျပန္လာတာေလ”

နဉ္ရွီ၏အသံက ရန္လိုျခင္းတစ္စံုတစ္ရာမရိွဘဲ ေလညင္းသဖြယ္ ညင္သာလြန္းလွသည္။ ေဝစစ္ခ်ီအတြက္ေတာ့ ဘယ္လိုဆိုဆို နဉ္ရွီ၏ဒီလိုပံုစံက ပို၍ပင္ ေၾကာက္လန႔္ဖြယ္ေကာင္းေနခဲ့ပါ၏။ သူမက ၿပံဳးျပေနေသာနဉ္ရွီကို ေၾကာက္ရြံ႔စြာၾကၫ့္လိုက္ၿပိး မသိစိတ္အရ ေျခတစ္လွမ္းဆုတ္လိုက္သည္။

“အခု အခ်ိန္ေကာင္းေတြကို ေပ်ာ္ေပ်ာ္ႀကီး ခံစားထား” နဉ္ရွီက သူမ၏ဦးထုပ္အေနအထားကိုၫွိရင္း ၿပံဳးလိုက္သည္။ “ငါ့ကို စိတ္မပ်က္ေစနဲ႔”

“နင္... နင္သြက္သြက္ခါ ရူးေနၿပီ!” ေဝစစ္ခ်ီ၏လည္ေခ်ာင္းက ေျခာက္ကပ္ေနၿပီ။ သူမက နဉ္ရွီ၏ေဘးတြင္ ရပ္ေနသၫ့္ ခ်န္းရွီေကြ့ဘက္ လွၫ့္လိုက္သည္။ “နဉ္ရွီက ရွင့္ကိုတကယ္ႀကိဳက္တယ္လို႔ ထင္ေနတာလား? သူကကြၽန္မတို႔ကို လက္စားေခ်ဖို႔ ရွင့္ကိုအသံုးခ်ေနတာ!”

နဉ္ရွီက ေျမေခြးမပဲ...ခ်န္းယီကြၽင္းကိုတင္ ျမႇဴဆြယ္ခဲ့တာမဟုတ္ ခ်န္းလုပ္ငန္းစုဥကၠဌကိုပါ ျဖားေယာင္းခဲ့ေသးတယ္! “သူ အရင္ကဘယ္လိုပံုစံလဲဆိုတာ ရွင္သိလား?”

ခ်န္းရွီေကြ့က သူမကို ေအးတိေအးစက္ၾကၫ့္လိုက္သည္။ “နဉ္ရွီရဲ့ရည္ရြယ္ခ်က္က ဘာေတြလဲဆိုတာ မင္း ငါ့ကိုေျပာစရာမလိုဘူး။ ၿပီးေတာ့ သူမအတိတ္မွာ ဘယ္လိုပံုစံပဲျဖစ္ခဲ့ပါေစ ငါ့ႏွလံုးသားထဲက သူမရဲ့အေနအထားကိုေတာ့ သက္ေရာက္မွာမဟုတ္ဘူး”

“သူမက ရွင့္ကိုအသံုးခ်ခ်င္ရင္ေတာင္မွလား?” ေဝစစ္ခ်ီက ဒီေယာက္်ားေတြအားလံုး ရူးကုန္ၿပီဟု ေတြးရင္း  ခ်န္းရွီေကြ့ကို တအံ့တၾသ ၾကၫ့္လိုက္သည္။

“သူမက ငါ့ကို အသံုးခ်ဖို႔ ဆႏၵရိွတယ္ဆိုရင္...” ခ်န္းရွီေကြ့သည္ နဉ္ရွီ၏ေဘးတိုက္ပံုရိပ္ကို လွၫ့္ၾကၫ့္လိုက္ၿပီး သူ၏အမူအရာကေတာ့ ေပ်ာ့ေပ်ာင္းေနေလၿပီ။ “သူမက ငါ့ကိုအသံုးခ်ခ်င္တယ္ဆိုရင္ ငါကစိတ္ပါလက္ပါနဲ႔ သူမကို လုပ္ခြင့္ျပဳေပးလိုက္မယ္‌!”

နဉ္ရွီက သူမ၏ေအးေဆးတည္ၿငိမ္ေသာပံုရိပ္ကို မထိန္းလိုက္ႏိုင္ခင္ သူမ၏မ်က္ဝန္းအိမ္မ်ားက ျပဴးက်ယ္သြားရၿပီး သူမ၏မ်က္ခြံက တဒဂၤမ်ွ တုန္ယင္သြားရသည္။

ေဝစစ္ခ်ီ ဆြံ႔အသြားရ၏။ သူမေခါင္းခါလိုက္သည္။ “ရွင္တို႔ေယာက္်ားေတြ ရူးသြားၿပီလား?”

ခ်န္းရွီေကြ့က နဉ္ရွီအေပၚ ထိုကဲ့သို႔ေသာခံစားခ်က္ရိွလိမ့္မည္ဟု ခ်န္း*ယီကြၽင္း မထင္ခဲ့ေပ။ သူက နဉ္ရွီကို စကားတစ္ခြန္းမ်ွမဆိုဘဲ ရီေဝေဝစိုက္ၾကၫ့္ေနသည္။ ထို႔ေနာက္ အႏိုင္မခံအရႈံးမေပးႏိုင္ေသာ ခ်န္းရွီေကြ့ကို လွၫ့္ၾကၫ့္လိုက္သည္။ ခ်န္းရွီေကြ့ေတာင္မွ သူမ၏ၫွို႔ဓာတ္ကို မလြန္ဆန္ႏိုင္ပံုရသည္။

“သြားရေအာင္ နဉ္ရွီ” ခ်န္းရွီေကြ့က နဉ္ရွီအား သူမ၏အခ်ိန္ကို ထိုစံုတြဲအေပၚတြင္ ၾကာၾကာမကုန္ေစခ်င္ေတာ့ေပ။ သူအျပင္ကိုတစ္ခ်က္ေဝ့ၾကၫ့္လိုက္ၿပီး သူမကိုအေပၚအက်ႌၿခံဳေပးလိုက္ကာ ခ်န္း*ယီကြၽင္းဘက္သို႔ လွၫ့္လိုက္သည္။ ”သခင္ေလးခ်န္း... ခင္ဗ်ားရဲ့ကိုယ္ေရးကိုယ္တာကိစၥေတြထဲမွာ တျခားသူေတြကို ဆြဲမထၫ့္သင့္ဘူး”

ၿပီးသည္ႏွင့္ ခ်န္းယီကြၽင္း၏တုန႔္ျပန္မႈကို ဂရုစိုက္ျခင္းမရိွဘဲ သူ႔လက္ကို နဉ္ရွီ၏ပခံုးထက္တင္လိုက္ကာ သူမကိုအျပင္ေခၚထုတ္သြားေတာ့သည္။

ခ်န္း*ယီကြၽင္းက ထိုေနရာမွာပင္ တိတ္တဆိတ္ေက်ာက္ခ်ရပ္ေနကာ သူ႔မ်က္ႏွာထားကေတာ့ အတန္ငယ္ ေအးစက္ကာမည္းေမွာင္ေနေလ၏။

“သူမက တကယ္ပဲ ကြၽန္မတို႔ကိုလက္စားေခ်ခ်င္လို႔ ျပန္လာခဲ့တာ" ေဝစစ္ခ်ီက အသံအက္ရွရျွဖင့္ ရယ္လိုက္သည္။ “ကြၽန္မတို႔အတြက္ လြတ္လမ္းမရိွဘူး”

နဉ္ရွီcelebrityတစ္ေယာက္အျဖစ္ျပန္လာျခင္း၊ သူမငယ္စဉ္ကဝခဲ့သၫ့္အေၾကာင္းေတြ ေျပာျခင္းႏွင့္ အစီအစဉ္အတြင္း ေက်ာင္းတြင္းအၾကမ္းဖက္မႈကိစၥရပ္ကို ထုတ္ေဖာ္ေျပာဆိုခဲ့တာေတြက အဆန္းမဟုတ္ေတာ့ေပ။ သူမက ဤအျခင္းအရာအားလံုးကို ျဖစ္လာရန္ ရည္ရြယ္ထားျခင္းပင္: သူမလက္စားျပန္ေခ်ဖို႔ရာ အခ်ိန္ေကာင္းကို ေစာင့္ေနခဲ့တာပင္။

“ယီကြၽင္း ကြၽန္မတို႔ဘာလုပ္သင့္လဲ?”

ခ်န္း"ယီကြၽင္း သူမကိုျပန္မေျဖခဲ့ပါေခ်။ ‌ဤ‌ေမးခြန္းအတြက္ သူ႔ႏွလံုးသားထဲတြင္ မည္သၫ့္အေျဖမ်ွမရိွ၍ပင္ ျဖစ္ေခ်မည္။

--------
Off-road vehicle ကိုပိုင္ဆိုင္ထားရသၫ့္ ေကာင္းက်ိဳးက မိုးႀကီးေလႀကီးထဲတြင္မွ ေပၚလြင္ေတာ့သည္။ အခ်ိဳ႕ကားမ်ားက မိုးေရေအာက္ျမဳပ္ေနေသာေၾကာင့္ အင္ဂ်င္စက္ေသကုန္ၾကေပမယ့္ နဉ္ရွီ၏ယာဉ္ေလးကေတာ့ ေျဖာင့္ေျဖာင့္ျဖဴးျဖဴးပင္ ေမာင္းႏွင္ေနေလ၏။

“ေလဆိပ္မွာျဖစ္သြားတဲ့ကိစၥအတြက္... ေက်းဇူးတင္ပါတယ္” နဉ္ရွီက ေခါင္းကိုငံု႔ၿပီး ခ်န္းရွီေကြ့ကို ေက်းဇူးတင္စကားေျပာလိုက္သည္။

ခ်န္းရွီေကြ့က လက္ထဲကဖိုင္ေတြကို ဆက္ၾကၫ့္ေန၏။ “ကိုယ္ေျပာခ်င္တာနဲ႔ လုပ္ခ်င္တာကို လုပ္ခဲ့ရံုပါပဲ။”

သူ သူမကို မၾကၫ့္ႏိုင္ေပ။ သူေမာ့ၾကၫ့္လိုက္သည္ႏွင့္ သူမကိုထြက္သြားခြင့္မေပးႏိုင္မွာကို စိုးရြံ႔မိပါ၏။

ေနာက္တစ္ဖန္ ကားထဲတြင္ တိတ္ဆိတ္သြားျပန္၏။ နာရီဝက္ေလာက္ၾကာေတာ့ ကားက နဉ္ရွီေနထိုင္သၫ့္ရပ္ကြက္ထဲ ဝင္ေရာက္လာသည္။ ‌မိုးေၾကာင့္ျဖစ္မည္ထင္ အေမွာင္က်ေန၏။ ေျမေအာက္ကားပါကင္သည္လည္း အေမွာင္ထုထဲဖံုးလႊမ္းေန၏။

ဒါရိုက္ဘာက ကားထဲကမီးကိုထြန္းၿပီး ၿပံဳးလိုက္သည္။ “ဆရာ ကြၽန္ေတာ္တို႔ မစၥနဉ္ရဲ့အိမ္ကို ေရာက္ပါၿပီ”

နဉ္ရွီက ကားေပၚကဆင္းေတာ့မၫ့္ဆဲဆဲတြင္။

“နဉ္ရွီ..”

ခ်န္းရွီေကြ့က သူမ၏လက္ေကာက္ဝတ္ကို ဆြဲလိုက္သည္။

နဉ္ရွီလွၫ့္လာၿပီး ခ်န္းရွီေကြ့မ်က္လံုး၏အနက္ရိႈင္းဆံုးထဲကို ၾကၫ့္လိုက္သည္။ ဤမ်က္လံုးေတြက နဉ္ရွီရင္ဆိုင္ရန္ေၾကာက္ေနသၫ့္ ခ်စ္ျခင္းေမတၲာကို ထိန္းခ်ဳပ္ထားသည္။

“မစၥတာခ်န္း ကြၽန္မကို ျပန္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္” သူမ၏လက္ေကာက္ဝတ္ကို ၿမဲျမဲဆုပ္ကိုင္ေနဆဲျဖစ္သၫ့္ လက္ေပၚ သူမ၏လက္ကိုတင္လိုက္ကာ ၄ကိုဖယ္လိုက္သည္။ “ေကာင္းေသာညပါ”

ခ်န္းရွီေကြ့က တဒဂၤမ်ွတိတ္သြားသည္။ ထို႔ေနာက္ သူမလက္ထဲသို႔ လက္ႏိွပ္ဓာတ္မီးအေသးစားေလး ထၫ့္ေပးလိုက္သည္။ “အျပင္မွာေမွာင္ေနတယ္။ သတိထားၿပီးေလ်ွာက္”

နဉ္ရွီသည္ လက္ႏိွပ္ဓာတ္မီးကို ကိုင္ကာ စကားနည္းေသာခ်န္းရွီေကြ့က ျပတင္းေပါက္မွန္ကို တင္လိုက္ၿပီး ကားပါကင္မွ off-roadကားက ေမာင္းထြက္သြားသည္ကို ၾကၫ့္ေနခဲ့သည္။ ကားဆီမွအလင္းေရာင္မရေတာ့ ကားပါကင္တစ္ခုလံုးက အေမွာင္ထုထဲသို႔ တစ္ဖန္ခ်ဉ္းနင္းဝင္ေရာက္သြားျပန္သည္။

ကလစ္...

နဉ္ရွီက လက္ႏိွပ္ဓာတ္မီးကို ဖြင့္လိုက္ေတာ့ ေငြေရာင္အလင္းတန္းက ေပၚလာသည္။

လက္ႏိွပ္ဓာတ္မီးကေသးၿပီး အလင္းေရာင္ကမိွန္ေပမယ့္ အိမ္ကိုလမ္းေလ်ွာက္ျပန္ဖို႔အတြက္ေတာ့ ေကာင္းေကာင္းျမင္ႏိုင္ေပသည္။

“ေဘာ့စ္...မိုးကတအားသည္းေနၿပီ...ကားထဲဝင္ပါေတာ့” စိတ္ပူေနေသာရႊီက်ူးက ခ်န္းရွီေကြ့ဆီ ေလ်ွာက္လာသည္။ ကားထဲတြင္ ထီးမပါလာခဲ့ေခ်။ ဟင္းလင္းျပင္ေအာက္တြင္ အေတာ္ၾကာေအာင္ မတ္တပ္ရပ္ခဲ့သျဖင့္ ခ်န္းရွီေကြ့၏တစ္ကိုယ္လံုး ရႊဲရႊဲစိုေနေခ်ၿပီ။

လွမ္းေမ်ွာ္ေနမိေသာ အထပ္မွ မီးလင္းလာတာကို ျမင္သည္ႏွင့္ ခ်န္းရွီေကြ့သည္ စကားတစ္ခြန္းမ်ွမဆိုဘဲ ရပ္ကြက္၏ မိန္းလမ္းမႀကီးထက္ ရပ္တန္႔ထားေသာ Off-road vehicle* ရိွရာ ျပန္လာခဲ့လိုက္သည္။

[T/N: off-road vehicle က ဘီးအႀကီးႀကီးနဲ႔ ေအာက္ေျချမင့္တဲ့၊ ခရီးၾကမ္းေတြမွာ အသံုးမ်ားတဲ့ ကားေတြကိုေျပာတာပါ။]

______________

Continue Reading

You'll Also Like

606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
176K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
121K 18.4K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...
296K 30K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...