နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [45]

1.1K 135 10
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၄၅)

ထောင်ဟွေ့ရွှယ်သည် ဤအမျိုးသမီးတစ်စု သူမ၏ကံဆိုးမှုကို ဝမ်းသာအားရနေကြမှန်း သိလိုက်သည်။ သူမက သူမနှင့် နေ့ခင်းနေ့လည် လက်ဖက်ရည်သောက်ရန် ဝိုင်းဖွဲ့နေသော သူဌေးကတော်များကို ဝေ့ကြည့်လိုက်ကာ..

“အမျိုးကောင်းသားတစ်ယောက်က မိန်းမလှလေးနဲ့မှ လိုက်ဖက်ညီမှာပေါ့.. ပိုးပန်းသူတွေ အများကြီးရှိတယ်ဆိုတော့ အဲ့မိန်းကလေးက အတော်လေး ဆွဲဆောင်မှုရှိပုံပဲ..”

“ချန်းကတော်က အရမ်းစိတ်ထားကောင်းတာပဲနော်.. ရှင်တို့မိသားစုက ချမ်းသာပြီး ဩဇာအာဏာကြီးတယ်လေ.. ရှီကွေ့အနား ချဉ်းကပ်လာတဲ့ မိန်းကလေးတွေမှာ ဘယ်လိုအကြံအစည်မျိုး ရှိနေမလဲဆိုတာ ဘယ်သူသိတာမှတ်လို့..?” အမျိုးသမီးကြီးတစ်ယောက်က သတိပေးလာသည်။ “အဲ့လိုမိန်းကလေးမျိုးသာ မိသားစုထဲရောက်လာရင် တကယ့်ကို ဦးနှောက်ခြောက်စရာပဲ..”

“ငါ့တို့ရှီကွေ့က ဒီလောက်ချောတာ.. ဘာလို့ စိုးရိမ်နေရဦးမှာလဲ..?” ထောင်ဟွေ့ရွှယ်က စိတ်အေးလက်အေး ပြုံးလိုက်ရင်း.. “ပြီးတော့ ပိုက်ဆံနဲ့အာဏာ ဆိုတာလည်း သူ့ရဲ့ ဆွဲဆောင်မှု တစ်စိတ်တစ်ပိုင်းပဲလေ..”

သူဌေးကတော်များလည်း သူတို့၏ ခနဲ့တဲ့တဲ့စကားလုံးများဖြင့် ရန်စ၍မရသော ထောင်ဟွေ့ရွှယ်ကိုကြည့်ကာ စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ လက်ဖက်ရည်ဝိုင်းကိုပါ စိတ်ကုန်သွားကြသည်။

အကုန်လုံး အိမ်ပြန်ကြတော့မည့်အချိန် သူဌေးကတော်တစ်ယောက်က ထောင်ဟွေ့ရွှယ်ကို သူမအနားဆွဲကာ တီးတိုးပြောခဲ့သည်။

“သူတို့ပြောတာတွေကို စိတ်ထဲထားမနေနဲ့.. အဲ့မိန်းမတွေက ပါးစပ်ကသာ ပရမ်းပတာ လျှောက်ပြောနေကြတာ.. နောက်ကွယ်မှာကျ သူတို့သားတွေကို ရှီကွေ့လို ဖြစ်စေချင်နေကြတာလေ..”

“ငါသိပါတယ်.. ငါက သူတို့တွေ ဘာမှမလုပ်နိုင်ဘဲ မနာလိုဖြစ်နေကြတာကို ထိုင်ကြည့်ချင်ရုံပါ..” ထောင်ဟွေ့ရွှယ်က ရယ်ကာမောကာဖြင့် ထိုအမျိုးသမီး၏လက်ကို ပုတ်လိုက်ရင်း.. “အိမ်ပြန်ရတော့မယ်.. နောက်တစ်ခေါက်မှ အေးဆေးစကားပြောကြတာပေါ့..”

ကားထဲရောက်သည်နှင့် ထောင်ဟွေ့ရွှယ်၏အပြုံး ပျောက်ကွယ်သွားခဲ့သည်။ သူမက ခေါင်းမော့ကာ ယာဉ်မောင်းဘေးတွင် ထိုင်နေသော သက်တော်စောင့်ကို လှမ်းမေးလိုက်သည်။ “ရှောင်ဟွမ်.. ရှီကွေ့နဲ့ မင်းသမီးတစ်ယောက် သတင်းထွက်နေတာ ကြားမိသေးလား..?”

“မဒမ်.. သတင်းထောက်တွေရဲ့ စကားက ယုံနိုင်စရာမရှိဘူး..” ရှောင်ဟွမ်သည် ချန်းမိသားစု၏ သက်တော်စောင့်ဖြစ်ပြီး ထောင်ဟွေ့ရွှယ်အနား အနေများသောကြောင့် တူသားတစ်ယောက်လိုပင် ဖြစ်နေချေပြီ။ “သခင်လေးရဲ့ စရိုက်အရဆို စိုးရိမ်စရာမရှိပါဘူး..!”

“သူ့ရဲ့စရိုက်ကြောင့်ပဲ ငါစိုးရိမ်နေရတာပေါ့..” ထောင်ဟွေ့ရွှယ်က သက်ပြင်းချကာ.. “သူက သူ့အဖေအတိုင်းပဲ.. မြိုသိပ်တတ်လွန်းတယ်.. သူ့ပုံစံနဲ့ဆို မိန်းကလေးတစ်ယောက်ကို လိုက်ပိုးပန်းဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး..”

ရှောင်ဟွမ်က အပြုံးတစ်ခုသာ ပြန်ပေးလိုက်ရင်း ချန်းရှီကွေ့၏ မိန်းမလိုက်ပိုးနည်းကို မှတ်ချက်တစ်စုံတစ်ရာ မပြုခဲ့ပေ။

ကောလာဟလများ၏ အဓိကဇာတ်ကောင်ဖြစ်သူ ချန်းရှီကွေ့ကတော့ သူဌေးကတော်ကြီးတွေ သူ့ကို အတင်းတုပ်နေမှန်း မသိခဲ့ပေ။ သို့သော် နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့၏ ချိုမြန်သော အခိုက်အတန့်လေးများအကြောင်း သတင်းတက်လာသည်ကိုကြည့်ရင်း စိတ်မကြည်မလင် ဖြစ်နေတော့သည်။

သူက နဉ်ရှီ၏ Weibo Acc ထဲ ဝင်ကြည့်လိုက်သည်။ ထိုအခါ နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့ အပြန်အလှန် ပြောထားသည်များကို တွေ့လိုက်ရ၏။ ကြည့်လိုက်ရုံဖြင့် အတော်လေး ရင်းနှီးကြကြောင်း သိသာနေသည်။

ကျိုးကျန်းချွမ်၏ဓာတ်ပုံကို Zoom ချဲ့ကြည့်လိုက်သောအခါ ယမန်နှစ်က ကုမ္ပဏီခွဲများကို လှည့်လည်စစ်ဆေးရင်း နဉ်ရှီနှင့် ဆုံတွေ့ခဲ့စဉ်က သူမလေးနှင့် ကြော်ငြာရိုက်ကူးနေသော အမျိုးသားသရုပ်ဆောင် ဖြစ်ကြောင်း ရုတ်ချည်း အမှတ်ရသွားသည်။

ထိုစဉ်က ကမ်းခြေတွင် လက်ချင်းယှက်ကာ လမ်းလျှောက်နေသော နှစ်ဦးသား၏ ပုံရိပ်သည် တကယ့်ကို လိုက်ဖက်လွန်းနေခဲ့၏။

နဉ်ရှီက… အဲ့မင်းသားက တကယ်ပဲ တွဲချင်နေတာလား..?

လီရှန်သည် ‘ကျိုးကျန်းချွမ်နှင့် ချန်းဥက္ကဋ္ဌတို့ မိန်းမတစ်ယောက်ကို ပြိုင်လိုက်နေပါတယ်’ ဟူသောသတင်းကို ဖတ်ပြီး စိတ်ဓာတ်ကျချင်သလိုလို ဖြစ်သွားရသည်။ ကျိုးကျန်းချွမ်၏ မန်နေဂျာအနေဖြင့် ခက်ခဲသည့်ကာလများစွာ ဖြတ်ကျော်ခဲ့ရသည်။ ထို့ကြောင့် ကျိုးကျန်းချွမ်အား အမျိုးသမီးတစ်ယောက်ကြောင့် ချန်းရှီကွေ့နှင့် ရန်သတ်ရမည့်အဖြစ်မျိုး မဖြစ်စေလိုပေ။

ကျိုးကျန်းချွမ်ထံ ဖုန်းကမ်းပေးလိုက်ရင်း တံတွေးမြိုချကာ မေးကြည့်သည်။ “ကျန်းချွမ်.. နဉ်ရှီနဲ့ ချန်းဥက္ကဋ္ဌက ဘယ်လိုမျိုး ပက်သက်တာလဲ..?”

“နဉ်ရှီကတော့ တစ်ခါမှမပြောပြဖူးဘူး..” ကျိုးကျန်းချွမ်က ဖုန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ “ဒီသတင်းထောက်တွေက တအားရဲတင်းတာပဲ.. ချန်းရှီကွေ့သာ နဉ်ရှီကို တကယ်ကြိုက်နေရင်.. လူချမ်းသာတွေရဲ့ လုပ်နည်းလုပ်ဟန်အရ သတင်းထောက်တွေ သတင်းမတင်ရသေးခင် ကျွန်တော် အရင် ပြဿနာတက်နေရောပေါ့..”

“ဒါပေမဲ့ ငါကြားခဲ့ရသလောက် ဟိုတလောက ချန်းဥက္ကဋ္ဌက နဉ်ရှီကို အရေးကြီးတဲ့ ပါတီတစ်ခုကို အတူခေါ်သွားတယ်တဲ့.. သတင်းမှားတော့ မဖြစ်နိုင်ဘူး..” လီရှန်က စိတ်ထင့်နေဟန်ဖြင့်.. “အထင်လွဲနေတာကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းမှဖြစ်မယ်..”

ကျိုးကျန်းချွမ်နှင့် Love Line ဖန်တီးမည့်ကိစ္စကို နဥ်ရှီ ငြင်းပယ်ခဲ့စဥ်က လီရှန်တစ်ယောက် မကျေမနပ်ဖြစ်ခဲ့သေး၏။ သို့သော် ယခုတော့ နဉ်ရှီ ငြင်းလိုက်သည့်အတွက် ဝမ်းသာနေတော့သည်။

တစ်ယောက်ယောက်က ဤဖြစ်ရပ်ကို တမင်တကာ အသုံးချ၍ ကျိုးကျန်းချွမ်နှင့် ချန်းရှီကွေ့တို့ မိန်းမတစ်ယောက်ကြောင့် အချစ်ပြိုင်ဘက်ဖြစ်နေသလိုလို အထင်လွဲအောင်လုပ်ကာ ချန်းရှီကွေ့ကို ရန်စနေခြင်းများလားဟု သံသယဝင်လာတော့သည်။ ဤသတင်းကြောင့် ကျိုးကျန်းချွမ်အတွက် ရင်းနှီးမြုပ်နှံမည့် ရင်းနှီးမြှုပ်နှံသူများ လက်တွန့်သွားနိုင်သည်။

ဒါက ထောင်ချောက်တစ်ခုပဲ..!

နဉ်ရှီက ထိုပြဿနာကို ကျိုးကျန်းချွမ်ထက် အရင်ဖြေရှင်းခဲ့သည်။ အင်တာဗျူးတွင် ကျိုးကျန်းချွမ်နှင့် သူမဟာ သူငယ်ချင်းကောင်းများသာဖြစ်ကြောင်း ကြေညာပစ်လိုက်သည်။

အချစ်ရေးကို အသုံးချရန် ရည်ရွှယ်ထားပုံမရဘဲ ကောလာဟလများကို တိုက်ရိုက်ငြင်းပယ်လိုက်သည့် နဉ်ရှီကိုကြည့်ရင်း သတင်းထောက်များက မေးမြန်းလာသည်။

“နဉ်ရှီ.. ကျိုးကျန်းချွမ်ရဲ့ နောက်ဆုံးပရောဂျက်က မကြာခင် ထုတ်လွှင့်တော့မှာနော်.. အဲ့အတွက်ရော ဘာပြောချင်သေးလဲရှင်..?”

ဤသည်မှာ 'ကျိုးကျန်းချွမ်က သူ့ရုပ်ရှင်အတွက် နဉ်ရှီကို ရည်ရွယ်ချက်ရှိရှိ အသုံးချနေတာပဲ..' ဟူ၍ သွယ်ဝိုက်ပြောဆိုလိုက်ခြင်းပင်။

“စီနီယာကျိုးက တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ သရုပ်ဆောင်တစ်ယောက်ပါ.. သူ့ရဲ့ရုပ်ရှင်က လူတိုင်းကို စိတ်ပျက်အောင် မလုပ်ဘူးလို့ ကျွန်မ ယုံကြည်တယ်.. အားလုံးပဲ စောင့်ကြည့်ပေးကြပါ..”

နဉ်ရှီသည် သတင်းထောက်၏ ရည်ရွယ်ချက်ကို သတိပြုမိလိုက်၏။ သို့သော် သူမက ငတုံးမဟုတ်သောကြောင့် ဤမျှသိသာနေသည့် လှည့်ကွက်ထဲ ဝင်မကစားခဲ့ပေ။ ‘သုံးဘဝ သုံးရောင်ခြယ်’ ရုပ်ရှင်၏ ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားရပြီး သတင်းထောက်များက မပြီးနိုင်မဆုံးနိုင် မေးခွန်းမေးနေသောကြောင့် နဥ်ရှီလည်း ဖြတ်ပြောလိုက်သည်။

“ကျွန်မရဲ့ဘဝအတွက် ဝိုင်းပြီးပူပန်ပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်.. နောင်တစ်ချိန် ဖူးစာဖက်နဲ့ ကြုံတွေ့ခဲ့သည်ရှိသော် အားလုံးကို ကျိန်းသေပေါက် အသိပေးပါ့မယ်နော်.. ကျေးဇူးတင်ပါတယ်..”

သတင်းထောက်များရှေ့မှောက် နဉ်ရှီ လေသံမာသည်မှာ ကြုံထောင့်ကြုံခဲပင်။ ယခင်တစ်ခေါက် ကျောင်းတွင်းအနိုင်ကျင့်မှု အကြောင်း အင်တာဗျူးစဉ်ကလည်း တစ်ခါဖြစ်ဖူးသေး၏။ သတင်းထောက်အများစုသည် ရောင်းအား ကောင်းလိုသော်လည်း အောက်တန်းကျကျ သတင်းယူသည့်လုပ်ရပ်မျိုး မလုပ်ကြပေ။ ထို့ကြောင့် နဉ်ရှီ၏ တုံ့ပြန်ပုံကိုကြည့်ပြီး ဖိအားထပ်မပေးကြတော့ပေ။

သို့သော် ရောင်းအားတက်ရေးအတွက် ဘာမဆိုအကုန်လုပ်မည့် လူစားများ ရှိနေဆဲပင်။

“နဉ်ရှီ.. ကျောင်းတွင်းအနိုင်ကျင့်မှုအကြောင်း ပြောခဲ့သေးတယ်နော်.. အတန်းဖော်အချင်းချင်း ထိခိုက်နာကျင်အောင် လုပ်ခဲ့တဲ့ ဆယ်ကျော်သက်တွေကို ခွင့်လွှတ်ပေးသင့်တယ်လို့ ထင်ပါသလား..?”

နဉ်ရှီသည်လည်း ကျောင်းတွင်းအနိုင်ကျင့်မှု၏ နစ်နာသူတစ်ယောက်မှန်း လူတိုင်း သိနေပြီးသားပင်။ သတင်းထောက်က ထိုကိစ္စအကြောင်း ပြန်လည်အစဖော်ကာ နဉ်ရှီ၏အနာပေါ် ဆားဖြူလိုက်ခြင်းသာ။

နဉ်ရှီ အပြုံးရပ်သွားသည်။ ပြီးနောက် အေးတိအေးစက် ပြောလာသည်။

“သူတို့ကို ခွင့်လွှတ်သင့်လား၊ ခွင့်မလွှတ်သင့်ဘူးလား ဆိုတာ သူတို့ရဲ့လုပ်ရပ်နဲ့ နစ်နာသူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်နေတာ.. အပြင်လူတွေ ဝင်ဆုံးဖြတ်ပေးလို့မရဘူး..”

သတင်းထောက်က ထိုအကြောင်း ဆက်မေးချင်သော်လည်း နဉ်ရှီက ဖြတ်ပြောခဲ့သည်။ “တောင်းပန်ပါတယ်.. ကျွန်မ အလုပ်ပြန်ဝင်ရဦးမှာ.. နောက်မှ ထပ်ပြောကြတာပေါ့..”

သတင်းထောက်က မေးခွန်းဆက်မေးရန် ကြိုးစားခဲ့သော်လည်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့၏ လုံခြုံရေးများက သူ့ကို တားဆီးလိုက်ကြသည်။ အားကောင်းမောင်းသန် လုံခြုံရေးအဖွဲ့နှင့် တခြားသတင်းထောက်များ၏ မျက်နှာကိုကြည့်၍ ထိုသတင်းထောက်လည်း သူ့ရဲ့ Pen Recorder ကို စိတ်ပျက်လက်ပျက် ပြန်သိမ်းလိုက်ရတော့သည်။

“နဉ်ရှီ.. အဆင်ပြေရဲ့လား..?” အင်တာဗျူးပြီးနောက် နဉ်ရှီ မျက်နှာမကောင်းသည်ကို သတိပြုမိသောကြောင့် ခုန်းယွီဟန်က စိုးရိမ်တကြီး မေးလာသည်။ “နောက်နှစ်ရက်ဆို ရုပ်ရှင်ရိုက်ဖို့ တခြားပြည်နယ်ဘက်ကို သွားရမှာ.. လိုက်လို့ရရဲ့လား..?”

“ရတာပေါ့..” နဉ်ရှီက ခေါင်းညိတ်ကာ ခုန်းယွီဟန်ကို ပြုံးပြလိုက်သည်။ ပြီးနောက် မိတ်ကပ်ဖျက်ကာ ပညာပေးဇာတ်လမ်းတို ရိုက်ကူးရန် နောက်ထပ်ရိုက်ကွင်းတစ်ခုသို့ အပြေးသွားရတော့သည်။

နဉ်ရှီ အချိန်မီရောက်သွားသည်။ ရိုက်ကူးရေးအဖွဲ့ကို နှုတ်ဆက်ပြီးနောက် ရုံးဝန်ထမ်းဝတ်စုံ လဲဝတ်လိုက်သည်။ ဤဇာတ်လမ်းတိုတွင် သူမသည် ငယ်ဘဝ၏ စိတ်ဒဏ်ရာမှ မလွတ်မြောက်နိုင်သေးသော ထူးချွန်သည့် ရုံးဝန်ထမ်းမလေးအဖြစ် သရုပ်ဆောင်ရ၏။

ငယ်ဘဝဇာတ်ရုပ်တွင် သရုပ်ဆောင်ရသည့် ကလေးမလေးက နာမည်ကြီး ကလေးသရုပ်ဆောင်တစ်ယောက်ပင်။ ရုပ်ရှင်ထဲ ပိုမိုအတွဲညီစေရန် ဒါရိုက်တာက သရုပ်ဆောင်နှစ်ယောက်ကို စားရင်းသောက်ရင်း ရင်းနှီးစေခဲ့သည်။

မွန်းလွဲပိုင်းတွင် ကလေးသရုပ်ဆောင်အတွက် ရိုက်ကွက် ပိုများ၏။ နဉ်ရှီက ထောင့်တစ်နေရာမှ ရပ်နေလိုက်ပြီး ကလေးသရုပ်ဆောင်၏ အလေ့အကျင့်၊ လှုပ်ရှားမှုများကို လေ့လာနေလိုက်သည်။ သို့မှသာ သူမ၏ဇာတ်ကောင်ကို ပိုမိုအသက်ဝင်အောင် သရုပ်ဆောင်နိုင်မည်ဖြစ်သည်။

ညနေခင်းပိုင်းတွင် မိတ်ကပ်ဆရာက နဉ်ရှီကို မိတ်ကပ်ထပ်ဖြည့်ပေးသည်။ နဉ်ရှီသည် ခံစားချက်သွင်းကာ ရိုက်ကူးရေးအတွက် စီစဉ်ထားသော ကားထဲ ဝင်ထိုင်လိုက်သည်။ လူတိုင်း နေရာယူပြီးသည်နှင့် နဉ်ရှီက ဒါရိုက်တာကို ခေါင်းညိတ်ပြလိုက်သည်။

“အိုကေ.. အက်ရှင်..!”

ညအချိန် လမ်းမကြီးထက်ဝယ် ရုံးဝန်ထမ်းအမျိုးသမီးလေးတစ်ဦး ကားမောင်းလာ၏။ ရှင်းလင်းသပ်ရပ်သော ဆံပင်ပုံစံနှင့် ဝတ်စားဆင်ယင်ပုံကိုကြည့်၍ သူမဟာ ရည်မှန်းချက်မြင့်မားသူဖြစ်ကြောင်း အတပ်ပြောနိုင်ပေသည်။ ကျိန်းသေပေါက် အောင်မြင်နေသော အမျိုးသမီးလေးပင်။

ကားက မှောင်မည်းနေသော လမ်းထောင့်ချိုးတစ်နေရာကို ဖြတ်ကျော်သွားစဉ် လူငယ်တချို့က ကောင်လေးတစ်ယောက်အား အနိုင်ကျင့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏လက်ချောင်းများ တုန်ယင်သွားပြီး နဖူးကို တို့ထိလိုက်မိသည်။ သို့သော် ကားကို ဆက်မောင်းနေဆဲ။

သူမ၏စိတ်ထဲတွင် အတိတ်မှဖြစ်ရပ်တချို့ ဖြတ်ခနဲ ပေါ်လာခဲ့၏။ အနိုင်ကျင့်ခံရပုံတွေ၊ လှောင်ရယ်စရာ ဖြစ်ခဲ့ရပုံတွေ၊ ခေါင်းထိပြီး သွေးထွက်သံယို ဖြစ်ခဲ့ရပုံတွေ၊ တစ်ခုချင်း မြင်ယောင်လာမိသည်။

ထိုကိစ္စဖြစ်ပြီးနောက် သူမ ကျောင်းပြောင်းခဲ့သည်။ အပေါ်ယံတွင် ပျော်ရွှင်နေသော်လည်း အတိတ်မှ အနိုင်ကျင့်ခံခဲ့ရသော ဖြစ်ရပ်များဟာ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် စွဲထင်နေလေသည်။ ဘယ်သောအခါမှ မေ့မရခဲ့ချေ။ အလင်းမဲ့နေသော လမ်းသွယ်တစ်လျှောက် ကားမောင်းလာရင်း လင်းထိန်နေသော လမ်းမကြီးနှင့် နီးကပ်လာခဲ့ချေပြီ။

“ကျွီ…..” ကျယ်လောင်စွာ ဘရိတ်အုပ်လိုက်၏။ ကား၏အရှေ့တစ်ဝက်က အလင်းထဲ ရောက်ရှိနေပြီး ကျန်တစ်ဝက်ကတော့ မှောင်မိုက်သော လမ်းသွယ်ထဲတွင် ကျန်ရစ်နေဆဲ။

ရှေ့တည့်တည့်သို့ ခံစားချက်မဲ့စွာ ငေးကြည့်နေမိရင်း သူမ၏အမူအရာသည် နာကျင်ခံစားနေရာမှ စိတ်သက်သာရာရခြင်းသို့ ကူးပြောင်းလာခဲ့သည်။ ကားကို နောက်ပြန်ဆုတ်ကာ လမ်းချိုးနေရာသို့ မရောက်မချင်း အရှိန်တင်လိုက်သည်။

ကားထဲမှထွက်လာခဲ့ပြီးနောက် ကျောက်စရစ်လမ်းမကြီးပေါ် လျှောက်လာခဲ့သည်။ ဖိနပ်ဒေါက်မှ ‘ဒေါက်.. ဒေါက်..’ ဟူသော မြည်သံများ ပေါ်ထွက်နေလေသည်။ ဆိတ်ငြိမ်နေသော လမ်းသွယ်လေးထဲတွင် ဖိနပ်ဒေါက်သံက နှလုံးသားတံခါးကို တီးခေါက်နေသယောင်၊ အလျင်စလိုနိုင်သော်လည်း မျှော်လင့်ခြင်းများဖြင့် ပြည့်နှက်နေတော့သည်။

“ထွက်သွားစမ်း..!”

သူမက တုတ်ကိုင်ထားသော ကောင်လေးကို တွန်းဖယ်လိုက်ကာ နောက်ထပ် လူငယ်များကို ထပ်တွန်းလိုက်ရင်း သူမ၏အနောက်မှ ရိုက်နှက်ခံနေရသော လူငယ်လေးကို ကာကွယ်ပေးလိုက်သည်။ ပြီးနောက် လူငယ်လေးများကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူမ၏ဒေါသတရားက မီးတောက်ကြီးတစ်ခုနှယ် လမ်းသွယ်လေးထဲ ထွန်းတောက်နေတော့သည်။

“ကောင်းတယ်..!”

ဒါရိုက်တာက ‘Cut..!’ ဟု အော်လိုက်သည်နှင့် နဉ်ရှီသည် တေလေဂျပိုးများအဖြစ် သရုပ်ဆောင်ခဲ့သော လူငယ်လေးများဘက် လှည့်ကာ တောင်းပန်လိုက်သည်။

“Sorry.. အစ်မ အားများသွားတယ်ထင်တယ်.. မောင်လေးတို့ ဒဏ်ရာရသွားသေးလား..?”

“အစ်မရှီရှီကလည်း.. ကျွန်တော်တို့က ယောက်ျားလေးတွေပါ.. အဲ့လောက် နုယွနေစရာလား..?” Screen Time ပိုရသော ကျင်ရှင်း ဟူသည့် လူငယ်လေးက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ကာ.. “ခုနက အစ်မရဲ့မျက်နှာက တကယ့်ကို ကြောက်စရာကြီး.. ကျွန်တော် ဘာတုံ့ပြန်ရမှန်းမသိ ဖြစ်သွားတယ်..”

“အဲ့တာ ဇာတ်လမ်းရဲ့ လူမိုက်ဇာတ်ရုပ်ထဲ မုဒ်မသွင်းနိုင်လို့လေ.. အဲ့တာကြောင့် နဉ်ရှီသရုပ်ဆောင်တာကို ကြောက်နေတာပေါ့..” ဒါရိုက်တာက လမ်းလျှောက်လာရင်း နဉ်ရှီကို ပြုံးပြခဲ့သည်။ “လောင်ရှုက မင်းကို အထူးတလည် အကြုံပြုတာ မထူးဆန်းတော့ပါဘူး.. မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တကယ် အသက်ဝင်တာပဲ.. ငါတောင် မျောပါသွားတယ်..”

“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်..” နဉ်ရှီက ထောင်လွှားမှုမရှိဘဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။

ယင်းအပြုအမူကြောင့် ဒါရိုက်တာ၏ နဉ်ရှီအပေါ် အမြင်ကောင်းများ ပိုတိုးပွားလာခဲ့၏။

ရှောရှောရှူရှူ ရိုက်ကူးနိုင်ခဲ့တာကြောင့် ဒါရိုက်တာက စိတ်ပျော်ရွှင်နေပြီး ရုပ်ရှင်အဖွဲ့သားအားလုံးကို ညစာလိုက်ကျွေးခဲ့သည်။ ဆယ်ကျော်သက်လေးများ ပါဝင်နေသောကြောင့် အရက်သေစာများ မပါဝင်ခဲ့ပေ။ လူတိုင်း တရင်းတနှီးဖြင့် ပျော်ပျော်ပါးပါး ညစာစားခဲ့ကြသည်။

ကျင်ရှင်းသည် ရုပ်ရှင်အတော်များများတွင် ဇာတ်လိုက်မင်းသား၏ ငယ်ဘဝနေရာ၌ သရုပ်ဆောင်ခဲ့ဖူး၏။ သို့သော် အသက်အရွယ်ကြောင့် အရမ်းနာမည်မကြီးသေးသလို အရွယ်ရောက်ပြီးသား သရုပ်ဆောင်များကြား ဝင်ဆံ့ရန်လည်း ခက်ခဲခဲ့သည်။

ယခုတော့ နာမည်ကြီးသရုပ်ဆောင် နဉ်ရှီ၏ ယဉ်ကျေးပျူငှာသော စရိုက်ကြောင့် အံ့ဩနေတော့သည်။ သူမက သူ့ကို ကလေးတစ်ယောက်လို သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လိုသာ ဆက်ဆံပေးသည်။ ထိုနည်းတူ အသက်အရွယ်ကြောင့် စီနီယာကြီးလိုလိုဘာလိုလိုဖြင့် သူ့အပေါ် ဖိနှိပ်ခြင်းလည်း မရှိပေ။

အထူးသဖြင့် သူမက ‘အစ်မထက် အသက်ငယ်ပေမယ့် အစ်မထက်အရင် သရုပ်ဆောင်လောကထဲ ဝင်ခဲ့တာဆိုတော့.. မင်းက စီနီယာ.. အစ်မက ဂျူနီယာပဲလေ..’ ဟူ၍ ပြောလာသောအခါ လူကြီးတစ်ယောက်လို ဆက်ဆံခံချင်သော ကျင်ရှင်း၏ဆန္ဒလည်း ပြည့်ဝသွားခဲ့သည်။

ကိုယ့်အိမ်ကိုယ်ပြန်ရန် အချိန်ရောက်လာသောအခါ နဉ်ရှီနှင့် ကျင်ရှင်းသည် မောင်နှမများသဖွယ် ခင်မင်ရင်းနှီးသွားပြီး ဆက်သွယ်နိုင်မည့်လိပ်စာများ ဖလှယ်ပြီးကြချေပြီ။ Weibo Account ကိုလည်း အချင်းချင်း Follow လုပ်လိုက်ကြသည်။

ပညာပေးဇာတ်လမ်းတို ရိုက်ကူးပြီးနောက် နဉ်ရှီသည် တခြားရုပ်ရှင်အဖွဲ့ (သုံးဘဝသုံးရောင်ခြယ်) ရှိရာ တခြားပြည်နယ်သို့ လိုက်သွားရတော့သည်။ တစ်လခန့် ပင်ပင်ပန်းပန်း ရိုက်ကူးပြီးနောက် ရိုက်ကူးရေးကို အဆုံးသတ်နိုင်ခဲ့လေသည်။

မြို့တော်သို့ ပြန်ရောက်လာသောအခါ သူမကို သတင်းကောင်းများ စောင့်ကြိုနေခဲ့သည်။ ‘Yunyue of the Han Dynasty’ သည် ‘Feiyu Awards’ ၏ အကောင်းဆုံးရုပ်ရှင်များထဲတွင် ဇကာတင်ပါလာခဲ့ပြီး နဉ်ရှီသည်လည်း ထိုရုပ်ရှင်ဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့သရုပ်ဆောင်ဆုအတွက် ဇကာတင်စာရင်းတွင် ပါဝင်လာခဲ့၏။

‘Feiyu Awards’ သည် သက်တမ်းကြာမြင့်ပြီဖြစ်သော ပြည်တွင်းရုပ်ရှင်ဆုပေးပွဲ ဖြစ်ပြီး ဂုဏ်သတင်းကြီးမားလှသည်။ ထိုမှ ‘the Best Drama Award’ ရရှိနိုင်ခြင်းသည် မည်သည့်ရုပ်ရှင်အတွက်မဆို အကောင်းဆုံးချီးမြှောက်ခြင်းပင် ဖြစ်ပေသည်။

နဉ်ရှီအတွက် ဆုရခြင်းမရခြင်းက အရေးမကြီးပေ။ ဇကာတင်စာရင်းထဲ ပါဝင်နိုင်သည်ကပင် မျှော်လင့်မထားသော ကံကောင်းမှုကြီး ဖြစ်နေတော့သည်။

နဉ်ရှီလည်း မြို့တော်သို့ ညတွင်းချင်း ပြန်လာခဲ့လိုက်သည်။ လေယာဉ်ပေါ်မှ ဆင်းလာပြီး Pick-up Point တွင် နာရီဝက်ခန့် စောင့်ဆိုင်းနေသော်လည်း သူမ၏ ကားဒရိုက်ဘာ ရောက်လာဦးမည့်ပုံမပေါ်။ ထို့ကြောင့် ကျန်းချင်းယွင်ထံ ဖုန်းဆက်လိုက်သည်။ ထိုအခါမှ သူမကို လာကြိုသည့်ကားက လမ်းတွင် စက်ပျက်သွားသောကြောင့် နောက်တစ်စီး လွှတ်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဆုပေးပွဲတက်နိုင်ရန်အတွက် ရိုက်ကူးရေးကို အမြန်ဖြတ်ခဲ့ရသည်။ ထို့ကြောင့် ကားနောက်ကျမည်ဖြစ်ကြောင်း သိလိုက်ရသောအခါ နဉ်ရှီလည်း အနားမှခုံတန်းရှည်တစ်ခုတွင် ခဏအနားယူရန် ဆုံးဖြတ်လိုက်သည်။

သူမ ပင်ပန်းနေသည်ကို သတိထားမိသောကြောင့် ရှောင်ယန်က ပြောလာသည်။ “အစ်မရှီရှီ.. ညီမပခုံးပေါ်မှာ ခဏလောက် မှေးနေပါလား.. ကားလာရင် နှိုးမယ်လေ..”

နဉ်ရှီသည် ဘေ့စ်ဘောဦးထုပ်ကို အောက်နှိမ့်ကာ ရှောင်ယန်၏ပုခုံးပေါ် ခေါင်းမှီထားရင်း အနားယူလိုက်သည်။

သူတို့ရှေ့တွင် လူအများအပြား ဖြတ်သန်းသွားလာနေကြ၏။ သို့သော် ခုံတန်းရှည်ပေါ် အနားယူနေသည့် မိန်းမငယ်လေးသည် နာမည်ကြီး‘နဉ်ရှီ’ ဖြစ်ကြောင်း မည်သူမျှ သတိမထားမိခဲ့ပေ။

“သူဌေး.. အပြင်မှာ ကားရောက်နေပါပြီ..” ချန်းရှီကွေ့နောက်မှ လိုက်ပါလာသော ရွှီကျူးသည် နောက်တစ်ရက်အတွက် Schedule များကို ဆက်လက်တင်ပြရင်း သူ၏သူဌေး ရုတ်တရက် ခြေလှမ်းရပ်သွားသည်ကို သတိပြုမိလိုက်သောကြောင့် မေးလိုက်သည်။ “ဘော့စ်.. ဘာဖြစ်လို့လဲ..?”

“ဒီမှာစောင့်နေ..”

ရွှီကျူး၏အကြည့်က မိုးထိုးနေသည့် အရပ်ကြီးဖြင့် တစ်နေရာသို့ ဖျတ်လက်သွက်လက်စွာ လမ်းလျှောက်သွားသော သူ၏သူဌေးနောက် လိုက်ပါသွားခဲ့သည်။ သူဌေးက မိန်းမနှစ်ယောက်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး တစ်ယောက်ကို စကားတချို့ တီးတိုးပြောနေလေသည်။ ကျန်အမျိုးသမီးက ဘေ့စ်ဘောဦးထုပ် ဆောင်းထားသဖြင့် သူမ၏ရုပ်သွင်ကို မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့် ရွှီကျူးလည်း သိချင်စိတ်ပြင်းပြလာခဲ့သည်။

သူ့သူဌေးကိုယ်တိုင် အောက်ကျို့ခံပြီး စကားသွားပြောရတဲ့ အဲ့မိန်းမနှစ်ယောက်က ဘယ်သူတွေပါလိမ့်..?

ရွှီကျူးက သေသေချာချာ အကဲခတ်ရန် ကြိုးစားလိုက်သည့်အချိန် အနောက်မှ အရှိန်ပြင်းပြင်းဖြင့် အတွန်းခံလိုက်ရသည်။ သူ့ခမျာ ခြေလှမ်းအနည်းငယ်ခန့် ရှေ့ရောက်သွားပြီးမှ ဟန်ချက်ထိန်းနိုင်လိုက်သည်။ လှည့်ကြည့်လိုက်သောအခါ သူ့ကို တွန်းလိုက်သည့်လူက မိန်းမတစ်ယောက်ဖြစ်နေပြီး သူမ၏နောက်တွင် အတော်လေး စိတ်တိုနေဟန်တူသော လူငယ်တစ်ယောက်လည်း ရှိနေသည်။

ထိုလူငယ်ကို သူ သိလိုက်သည်။ ချန်း*လုပ်ငန်းစုမှ ချန်း*ယီကျွင်းပင်။

(TN : ရှေ့မှာ ပြောထားတဲ့အတိုင်း ကိုယ်တွေရဲ့ ချန်းရှီကွေ့နဲ့ မျိုးရိုးမတူပါဘူးနော်။)

အမျိုးသမီးက ရွှီကျူးကို တွန်းလိုက်မိမှန်း သတိထားမိဟန်မပေါ်။ ချန်း*ယီကျွင်းကိုသာ ဒေါသတကြီး အော်ငေါက်နေခဲ့သည်။

“ချန်း*ယီကျွင်း.. ရှင် ကျွန်မကို ဖိအားလာမပေးနဲ့နော်.. အဲ့မိန်းမရဲ့ အရင်တုန်းကပုံတွေကို လူသိအောင် မလုပ်ရဲဘူးလို့ မထင်လိုက်နဲ့..”

ချန်း*ယီကျွင်း၏မျက်နှာက မည်းမှောင်လာခဲ့သည်။ “ဝေစစ်ချီ .. နိုင်ငံခြားသွားဖို့ မစဉ်းစားနဲ့.. ငါတို့ကသာ သူမအပေါ် အကြွေးတင်နေတာ.. သူမက ငါတို့ကို ဘာမှမလုပ်ထားဘူး..!”

“ဘာကို အကြွေးတင်တာလဲ..?” အမျိုးသမီးက ဒေါသတကြီး မေးခွန်းထုတ်လိုက်သည်. “သူ့ကိုယ်သူပဲ အပြစ်တင်ရမှာ..!”

အနှီစကားဝိုင်းကို နားထောင်ရင်း ရွှီကျူး၏စိတ်ထဲ တွေးနေမိသည်။

ကြည့်ရတာ တစ်ခုခုကြောင့် ရန်ဖြစ်နေပုံပဲ..? ဒီနှစ်ယောက်ကို လူကြားမရှောင် ရန်ဖြစ်အောင်လုပ်လိုက်တဲ့ မိန်းကလေးက ဘယ်သူပါလိမ့်..?

…………………………………………

TN : ဒီတစ်ခေါက်တော့ Meli ​ဘာသာပြန်တာ ကြာသွားတဲ့အတွက် ဂိုးမန်းပါ။ အားလုံးသိကြတဲ့အတိုင်းပဲ မီးပုံမှန်မလာတော့ မတတ်နိုင်ဘူးကွယ်။ Meli တို့ဘက်မှာဆို မနက်ကနေ ညအထိ မီးပျက်တဲ့အပြင် အခုတလော ဖုန်းလိုင်းတွေပါပျောက်လို့ သည်းခံကြပါလို့။ ကတိပေးနိုင်တာတစ်ခုက ဒီ novel ကို တစ်ပိုင်းတစ်စတော့ မထားခဲ့ပါဘူးနော်။ ကျိန်းသေပေါက် အဆုံးထိ ဘာသာပြန်မှာပါ။

…………………………………………

[Zawgyi]

အခန္း - (၄၅)

ေထာင္ေဟြ့ရႊယ္သည္ ဤအမ်ိဳးသမီးတစ္စု သူမ၏ကံဆိုးမႈကို ဝမ္းသာအားရေနၾကမွန္း သိလိုက္သည္။ သူမက သူမႏွင့္ ေန့ခင္းေန့လည္ လက္ဖက္ရည္ေသာက္ရန္ ဝိုင္းဖြဲ႔ေနေသာ သူေဌးကေတာ္မ်ားကို ေဝ့ၾကၫ့္လိုက္ကာ..

“အမ်ိဳးေကာင္းသားတစ္ေယာက္က မိန္းမလွေလးနဲ႔မွ လိုက္ဖက္ညီမွာေပါ့.. ပိုးပန္းသူေတြ အမ်ားႀကီးရိွတယ္ဆိုေတာ့ အဲ့မိန္းကေလးက အေတာ္ေလး ဆြဲေဆာင္မႈရိွပံုပဲ..”

“ခ်န္းကေတာ္က အရမ္းစိတ္ထားေကာင္းတာပဲေနာ္.. ရွင္တို႔မိသားစုက ခ်မ္းသာၿပီး ဩဇာအာဏာႀကီးတယ္ေလ.. ရွီေကြ့အနား ခ်ဉ္းကပ္လာတဲ့ မိန္းကေလးေတြမွာ ဘယ္လိုအႀကံအစည္မ်ိဳး ရိွေနမလဲဆိုတာ ဘယ္သူသိတာမွတ္လို႔..?” အမ်ိဳးသမီးႀကီးတစ္ေယာက္က သတိေပးလာသည္။ “အဲ့လိုမိန္းကေလးမ်ိဳးသာ မိသားစုထဲေရာက္လာရင္ တကယ့္ကို ဦးေနွာက္ေျခာက္စရာပဲ..”

“ငါ့တို႔ရွီေကြ့က ဒီေလာက္ေခ်ာတာ.. ဘာလို႔ စိုးရိမ္ေနရဦးမွာလဲ..?” ေထာင္ေဟြ့ရႊယ္က စိတ္ေအးလက္ေအး ၿပံဳးလိုက္ရင္း.. “ၿပီးေတာ့ ပိုက္ဆံနဲ႔အာဏာ ဆိုတာလည္း သူ႔ရဲ့ ဆြဲေဆာင္မႈ တစ္စိတ္တစ္ပိုင္းပဲေလ..”

သူေဌးကေတာ္မ်ားလည္း သူတို႔၏ ခနဲ႔တဲ့တဲ့စကားလံုးမ်ားျဖင့္ ရန္စ၍မရေသာ ေထာင္ေဟြ့ရႊယ္ကိုၾကၫ့္ကာ စကားဆက္ေျပာခ်င္စိတ္ မရိွေတာ့ေပ။ လက္ဖက္ရည္ဝိုင္းကိုပါ စိတ္ကုန္သြားၾကသည္။

အကုန္လံုး အိမ္ျပန္ၾကေတာ့မၫ့္အခ်ိန္ သူေဌးကေတာ္တစ္ေယာက္က ေထာင္ေဟြ့ရႊယ္ကို သူမအနားဆြဲကာ တီးတိုးေျပာခဲ့သည္။

“သူတို႔ေျပာတာေတြကို စိတ္ထဲထားမေနနဲ႔.. အဲ့မိန္းမေတြက ပါးစပ္ကသာ ပရမ္းပတာ ေလ်ွာက္ေျပာေနၾကတာ.. ေနာက္ကြယ္မွာက် သူတို႔သားေတြကို ရွီေကြ့လို ျဖစ္ေစခ်င္ေနၾကတာေလ..”

“ငါသိပါတယ္.. ငါက သူတို႔ေတြ ဘာမွမလုပ္ႏိုင္ဘဲ မနာလိုျဖစ္ေနၾကတာကို ထိုင္ၾကၫ့္ခ်င္ရံုပါ..” ေထာင္ေဟြ့ရႊယ္က ရယ္ကာေမာကာျဖင့္ ထိုအမ်ိဳးသမီး၏လက္ကို ပုတ္လိုက္ရင္း.. “အိမ္ျပန္ရေတာ့မယ္.. ေနာက္တစ္ေခါက္မွ ေအးေဆးစကားေျပာၾကတာေပါ့..”

ကားထဲေရာက္သည္ႏွင့္ ေထာင္ေဟြ့ရႊယ္၏အၿပံဳး ေပ်ာက္ကြယ္သြားခဲ့သည္။ သူမက ေခါင္းေမာ့ကာ ယာဉ္ေမာင္းေဘးတြင္ ထိုင္ေနေသာ သက္ေတာ္ေစာင့္ကို လွမ္းေမးလိုက္သည္။ “ေရွာင္ဟြမ္.. ရွီေကြ့နဲ႔ မင္းသမီးတစ္ေယာက္ သတင္းထြက္ေနတာ ၾကားမိေသးလား..?”

“မဒမ္.. သတင္းေထာက္ေတြရဲ့ စကားက ယံုႏိုင္စရာမရိွဘူး..” ေရွာင္ဟြမ္သည္ ခ်န္းမိသားစု၏ သက္ေတာ္ေစာင့္ျဖစ္ၿပီး ေထာင္ေဟြ့ရႊယ္အနား အေနမ်ားေသာေၾကာင့္ တူသားတစ္ေယာက္လိုပင္ ျဖစ္ေနေခ်ၿပီ။ “သခင္ေလးရဲ့ စရိုက္အရဆို စိုးရိမ္စရာမရိွပါဘူး..!”

“သူ႔ရဲ့စရိုက္ေၾကာင့္ပဲ ငါစိုးရိမ္ေနရတာေပါ့..” ေထာင္ေဟြ့ရႊယ္က သက္ျပင္းခ်ကာ.. “သူက သူ႔အေဖအတိုင္းပဲ.. ၿမိဳသိပ္တတ္လြန္းတယ္.. သူ႔ပံုစံနဲ႔ဆို မိန္းကေလးတစ္ေယာက္ကို လိုက္ပိုးပန္းဖို႔ဆိုတာ လြယ္မွာမဟုတ္ဘူး..”

ေရွာင္ဟြမ္က အၿပံဳးတစ္ခုသာ ျပန္ေပးလိုက္ရင္း ခ်န္းရွီေကြ့၏ မိန္းမလိုက္ပိုးနည္းကို မွတ္ခ်က္တစ္စံုတစ္ရာ မျပဳခဲ့ေပ။

ေကာလာဟလမ်ား၏ အဓိကဇာတ္ေကာင္ျဖစ္သူ ခ်န္းရွီေကြ့ကေတာ့ သူေဌးကေတာ္ႀကီးေတြ သူ႔ကို အတင္းတုပ္ေနမွန္း မသိခဲ့ေပ။ သို႔ေသာ္ နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔၏ ခ်ိဳျမန္ေသာ အခိုက္အတန႔္ေလးမ်ားအေၾကာင္း သတင္းတက္လာသည္ကိုၾကၫ့္ရင္း စိတ္မၾကည္မလင္ ျဖစ္ေနေတာ့သည္။

သူက နဉ္ရွီ၏ Weibo Acc ထဲ ဝင္ၾကၫ့္လိုက္သည္။ ထိုအခါ နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔ အျပန္အလွန္ ေျပာထားသည္မ်ားကို ေတြ့လိုက္ရ၏။ ၾကၫ့္လိုက္ရံုျဖင့္ အေတာ္ေလး ရင္းႏွီးၾကေၾကာင္း သိသာေနသည္။

က်ိဳးက်န္းခြၽမ္၏ဓာတ္ပံုကို Zoom ခ်ဲ့ၾကၫ့္လိုက္ေသာအခါ ယမန္ႏွစ္က ကုမၸဏီခြဲမ်ားကို လွၫ့္လည္စစ္ေဆးရင္း နဉ္ရွီႏွင့္ ဆံုေတြ့ခဲ့စဉ္က သူမေလးႏွင့္ ေၾကာ္ျငာရိုက္ကူးေနေသာ အမ်ိဳးသားသရုပ္ေဆာင္ ျဖစ္ေၾကာင္း ရုတ္ခ်ည္း အမွတ္ရသြားသည္။

ထိုစဉ္က ကမ္းေျခတြင္ လက္ခ်င္းယွက္ကာ လမ္းေလ်ွာက္ေနေသာ ႏွစ္ဦးသား၏ ပံုရိပ္သည္ တကယ့္ကို လိုက္ဖက္လြန္းေနခဲ့၏။

နဉ္ရွီက… အဲ့မင္းသားက တကယ္ပဲ တြဲခ်င္ေနတာလား..?

လီရွန္သည္ ‘က်ိဳးက်န္းခြၽမ္ႏွင့္ ခ်န္းဥကၠ႒တို႔ မိန္းမတစ္ေယာက္ကို ၿပိဳင္လိုက္ေနပါတယ္’ ဟူေသာသတင္းကို ဖတ္ၿပီး စိတ္ဓာတ္က်ခ်င္သလိုလို ျဖစ္သြားရသည္။ က်ိဳးက်န္းခြၽမ္၏ မန္ေနဂ်ာအေနျဖင့္ ခက္ခဲသၫ့္ကာလမ်ားစြာ ျဖတ္ေက်ာ္ခဲ့ရသည္။ ထို႔ေၾကာင့္ က်ိဳးက်န္းခြၽမ္အား အမ်ိဳးသမီးတစ္ေယာက္ေၾကာင့္ ခ်န္းရွီေကြ့ႏွင့္ ရန္သတ္ရမၫ့္အျဖစ္မ်ိဳး မျဖစ္ေစလိုေပ။

က်ိဳးက်န္းခြၽမ္ထံ ဖုန္းကမ္းေပးလိုက္ရင္း တံေတြးၿမိဳခ်ကာ ေမးၾကၫ့္သည္။ “က်န္းခြၽမ္.. နဉ္ရွီနဲ႔ ခ်န္းဥကၠ႒က ဘယ္လိုမ်ိဳး ပက္သက္တာလဲ..?”

“နဉ္ရွီကေတာ့ တစ္ခါမွမေျပာျပဖူးဘူး..” က်ိဳးက်န္းခြၽမ္က ဖုန္းကို တစ္ခ်က္ၾကၫ့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ “ဒီသတင္းေထာက္ေတြက တအားရဲတင္းတာပဲ.. ခ်န္းရွီေကြ့သာ နဉ္ရွီကို တကယ္ႀကိဳက္ေနရင္.. လူခ်မ္းသာေတြရဲ့ လုပ္နည္းလုပ္ဟန္အရ သတင္းေထာက္ေတြ သတင္းမတင္ရေသးခင္ ကြၽန္ေတာ္ အရင္ ျပႆနာတက္ေနေရာေပါ့..”

“ဒါေပမဲ့ ငါၾကားခဲ့ရသေလာက္ ဟိုတေလာက ခ်န္းဥကၠ႒က နဉ္ရွီကို အေရးႀကီးတဲ့ ပါတီတစ္ခုကို အတူေခၚသြားတယ္တဲ့.. သတင္းမွားေတာ့ မျဖစ္ႏိုင္ဘူး..” လီရွန္က စိတ္ထင့္ေနဟန္ျဖင့္.. “အထင္လြဲေနတာကို တတ္ႏိုင္သမ်ွ ျမန္ျမန္ေျဖရွင္းမျွဖစ္မယ္..”

က်ိဳးက်န္းခြၽမ္ႏွင့္ Love Line ဖန္တီးမည့္ကိစၥကို နဥ္ရွီ ျငင္းပယ္ခဲ့စဥ္က လီရွန္တစ္ေယာက္ မေက်မနပ္ျဖစ္ခဲ့ေသး၏။ သို႔ေသာ္ ယခုေတာ့ နဉ္ရွီ ျငင္းလိုက္သၫ့္အတြက္ ဝမ္းသာေနေတာ့သည္။

တစ္ေယာက္ေယာက္က ဤျဖစ္ရပ္ကို တမင္တကာ အသံုးခ်၍ က်ိဳးက်န္းခြၽမ္ႏွင့္ ခ်န္းရွီေကြ့တို႔ မိန္းမတစ္ေယာက္ေၾကာင့္ အခ်စ္ၿပိဳင္ဘက္ျဖစ္ေနသလိုလို အထင္လြဲေအာင္လုပ္ကာ ခ်န္းရွီေကြ့ကို ရန္စေနျခင္းမ်ားလားဟု သံသယဝင္လာေတာ့သည္။ ဤသတင္းေၾကာင့္ က်ိဳးက်န္းခြၽမ္အတြက္ ရင္းႏွီးျမဳပ္ႏွံမၫ့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ား လက္တြန႔္သြားႏိုင္သည္။

ဒါက ေထာင္ေခ်ာက္တစ္ခုပဲ..!

နဉ္ရွီက ထိုျပႆနာကို က်ိဳးက်န္းခြၽမ္ထက္ အရင္ေျဖရွင္းခဲ့သည္။ အင္တာဗ်ူးတြင္ က်ိဳးက်န္းခြၽမ္ႏွင့္ သူမဟာ သူငယ္ခ်င္းေကာင္းမ်ားသာျဖစ္ေၾကာင္း ေၾကညာပစ္လိုက္သည္။

အခ်စ္ေရးကို အသံုးခ်ရန္ ရည္ရႊယ္ထားပံုမရဘဲ ေကာလာဟလမ်ားကို တိုက္ရိုက္ျငင္းပယ္လိုက္သည့္ နဉ္ရွီကိုၾကၫ့္ရင္း သတင္းေထာက္မ်ားက ေမးျမန္းလာသည္။

“နဉ္ရွီ.. က်ိဳးက်န္းခြၽမ္ရဲ့ ေနာက္ဆံုးပေရာဂ်က္က မၾကာခင္ ထုတ္လႊင့္ေတာ့မွာေနာ္.. အဲ့အတြက္ေရာ ဘာေျပာခ်င္ေသးလဲရွင္..?”

ဤသည္မွာ 'က်ိဳးက်န္းခြၽမ္က သူ႔ရုပ္ရွင္အတြက္ နဉ္ရွီကို ရည္ရြယ္ခ်က္ရိွရိွ အသံုးခ်ေနတာပဲ..' ဟူ၍ သြယ္ဝိုက္ေျပာဆိုလိုက္ျခင္းပင္။

“စီနီယာက်ိဳးက တကယ့္ကို ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ သရုပ္ေဆာင္တစ္ေယာက္ပါ.. သူ႔ရဲ့ရုပ္ရွင္က လူတိုင္းကို စိတ္ပ်က္ေအာင္ မလုပ္ဘူးလို႔ ကြၽန္မ ယံုၾကည္တယ္.. အားလံုးပဲ ေစာင့္ၾကၫ့္ေပးၾကပါ..”

နဉ္ရွီသည္ သတင္းေထာက္၏ ရည္ရြယ္ခ်က္ကို သတိျပဳမိလိုက္၏။ သို႔ေသာ္ သူမက ငတံုးမဟုတ္ေသာေၾကာင့္ ဤမ်ွသိသာေနသၫ့္ လွၫ့္ကြက္ထဲ ဝင္မကစားခဲ့ေပ။ ‘သံုးဘဝ သံုးေရာင္ျခယ္’ ရုပ္ရွင္၏ ေရွးေခတ္ဝတ္စံုကို ဝတ္ဆင္ထားရၿပီး သတင္းေထာက္မ်ားက မၿပီးႏိုင္မဆံုးႏိုင္ ေမးခြန္းေမးေနေသာေၾကာင့္ နဥ္ရွီလည္း ျဖတ္ေျပာလိုက္သည္။

“ကြၽန္မရဲ့ဘဝအတြက္ ဝိုင္းၿပီးပူပန္ေပးၾကလို႔ အားလံုးကို ေက်းဇူးတင္ပါတယ္.. ေနာင္တစ္ခ်ိန္ ဖူးစာဖက္နဲ႔ ႀကံဳေတြ့ခဲ့သည္ရိွေသာ္ အားလံုးကို က်ိန္းေသေပါက္ အသိေပးပါ့မယ္ေနာ္.. ေက်းဇူးတင္ပါတယ္..”

သတင္းေထာက္မ်ားေရ႔ွေမွာက္ နဉ္ရွီ ေလသံမာသည္မွာ ႀကံဳေထာင့္ႀကံဳခဲပင္။ ယခင္တစ္ေခါက္ ေက်ာင္းတြင္းအႏိုင္က်င့္မႈ အေၾကာင္း အင္တာဗ်ူးစဉ္ကလည္း တစ္ခါျဖစ္ဖူးေသး၏။ သတင္းေထာက္အမ်ားစုသည္ ေရာင္းအား ေကာင္းလိုေသာ္လည္း ေအာက္တန္းက်က် သတင္းယူသၫ့္လုပ္ရပ္မ်ိဳး မလုပ္ၾကေပ။ ထို႔ေၾကာင့္ နဉ္ရွီ၏ တံု႔ျပန္ပံုကိုၾကၫ့္ၿပီး ဖိအားထပ္မေပးၾကေတာ့ေပ။

သို႔ေသာ္ ေရာင္းအားတက္ေရးအတြက္ ဘာမဆိုအကုန္လုပ္မၫ့္ လူစားမ်ား ရိွေနဆဲပင္။

“နဉ္ရွီ.. ေက်ာင္းတြင္းအႏိုင္က်င့္မႈအေၾကာင္း ေျပာခဲ့ေသးတယ္ေနာ္.. အတန္းေဖာ္အခ်င္းခ်င္း ထိခိုက္နာက်င္ေအာင္ လုပ္ခဲ့တဲ့ ဆယ္ေက်ာ္သက္ေတြကို ခြင့္လႊတ္ေပးသင့္တယ္လို႔ ထင္ပါသလား..?”

နဉ္ရွီသည္လည္း ေက်ာင္းတြင္းအႏိုင္က်င့္မႈ၏ နစ္နာသူတစ္ေယာက္မွန္း လူတိုင္း သိေနၿပီးသားပင္။ သတင္းေထာက္က ထိုကိစၥအေၾကာင္း ျပန္လည္အစေဖာ္ကာ နဉ္ရွီ၏အနာေပၚ ဆားျဖဴလိုက္ျခင္းသာ။

နဉ္ရွီ အၿပံဳးရပ္သြားသည္။ ၿပီးေနာက္ ေအးတိေအးစက္ ေျပာလာသည္။

“သူတို႔ကို ခြင့္လႊတ္သင့္လား၊ ခြင့္မလႊတ္သင့္ဘူးလား ဆိုတာ သူတို႔ရဲ့လုပ္ရပ္နဲ႔ နစ္နာသူေတြရဲ့ ဆံုးျဖတ္ခ်က္အေပၚပဲ မူတည္ေနတာ.. အျပင္လူေတြ ဝင္ဆံုးျဖတ္ေပးလို႔မရဘူး..”

သတင္းေထာက္က ထိုအေၾကာင္း ဆက္ေမးခ်င္ေသာ္လည္း နဉ္ရွီက ျဖတ္ေျပာခဲ့သည္။ “ေတာင္းပန္ပါတယ္.. ကြၽန္မ အလုပ္ျပန္ဝင္ရဦးမွာ.. ေနာက္မွ ထပ္ေျပာၾကတာေပါ့..”

သတင္းေထာက္က ေမးခြန္းဆက္ေမးရန္ ႀကိဳးစားခဲ့ေသာ္လည္း ရုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႔၏ လံုၿခံဳေရးမ်ားက သူ႔ကို တားဆီးလိုက္ၾကသည္။ အားေကာင္းေမာင္းသန္ လံုၿခံဳေရးအဖြဲ႔ႏွင့္ တျခားသတင္းေထာက္မ်ား၏ မ်က္ႏွာကိုၾကၫ့္၍ ထိုသတင္းေထာက္လည္း သူ႔ရဲ့ Pen Recorder ကို စိတ္ပ်က္လက္ပ်က္ ျပန္သိမ္းလိုက္ရေတာ့သည္။

“နဉ္ရွီ.. အဆင္ေျပရဲ့လား..?” အင္တာဗ်ူးၿပီးေနာက္ နဉ္ရွီ မ်က္ႏွာမေကာင္းသည္ကို သတိျပဳမိေသာေၾကာင့္ ခုန္းယြီဟန္က စိုးရိမ္တႀကီး ေမးလာသည္။ “ေနာက္ႏွစ္ရက္ဆို ရုပ္ရွင္ရိုက္ဖို႔ တျခားျပည္နယ္ဘက္ကို သြားရမွာ.. လိုက္လို႔ရရဲ့လား..?”

“ရတာေပါ့..” နဉ္ရွီက ေခါင္းညိတ္ကာ ခုန္းယြီဟန္ကို ၿပံဳးျပလိုက္သည္။ ၿပီးေနာက္ မိတ္ကပ္ဖ်က္ကာ ပညာေပးဇာတ္လမ္းတို ရိုက္ကူးရန္ ေနာက္ထပ္ရိုက္ကြင္းတစ္ခုသို႔ အေျပးသြားရေတာ့သည္။

နဉ္ရွီ အခ်ိန္မီေရာက္သြားသည္။ ရိုက္ကူးေရးအဖြဲ႔ကို ႏႈတ္ဆက္ၿပီးေနာက္ ရံုးဝန္ထမ္းဝတ္စံု လဲဝတ္လိုက္သည္။ ဤဇာတ္လမ္းတိုတြင္ သူမသည္ ငယ္ဘဝ၏ စိတ္ဒဏ္ရာမွ မလြတ္ေျမာက္ႏိုင္ေသးေသာ ထူးခြၽန္သၫ့္ ရံုးဝန္ထမ္းမေလးအျဖစ္ သရုပ္ေဆာင္ရ၏။

ငယ္ဘဝဇာတ္ရုပ္တြင္ သရုပ္ေဆာင္ရသၫ့္ ကေလးမေလးက နာမည္ႀကီး ကေလးသရုပ္ေဆာင္တစ္ေယာက္ပင္။ ရုပ္ရွင္ထဲ ပိုမိုအတြဲညီေစရန္ ဒါရိုက္တာက သရုပ္ေဆာင္ႏွစ္ေယာက္ကို စားရင္းေသာက္ရင္း ရင္းႏွီးေစခဲ့သည္။

မြန္းလြဲပိုင္းတြင္ ကေလးသရုပ္ေဆာင္အတြက္ ရိုက္ကြက္ ပိုမ်ား၏။ နဉ္ရွီက ေထာင့္တစ္ေနရာမွ ရပ္ေနလိုက္ၿပီး ကေလးသရုပ္ေဆာင္၏ အေလ့အက်င့္၊ လႈပ္ရွားမႈမ်ားကို ေလ့လာေနလိုက္သည္။ သို႔မွသာ သူမ၏ဇာတ္ေကာင္ကို ပိုမိုအသက္ဝင္ေအာင္ သရုပ္ေဆာင္ႏိုင္မည္ျဖစ္သည္။

ညေနခင္းပိုင္းတြင္ မိတ္ကပ္ဆရာက နဉ္ရွီကို မိတ္ကပ္ထပ္ျဖၫ့္ေပးသည္။ နဉ္ရွီသည္ ခံစားခ်က္သြင္းကာ ရိုက္ကူးေရးအတြက္ စီစဉ္ထားေသာ ကားထဲ ဝင္ထိုင္လိုက္သည္။ လူတိုင္း ေနရာယူၿပီးသည္ႏွင့္ နဉ္ရွီက ဒါရိုက္တာကို ေခါင္းညိတ္ျပလိုက္သည္။

“အိုေက.. အက္ရွင္..!”

ညအခ်ိန္ လမ္းမႀကီးထက္ဝယ္ ရံုးဝန္ထမ္းအမ်ိဳးသမီးေလးတစ္ဦး ကားေမာင္းလာ၏။ ရွင္းလင္းသပ္ရပ္ေသာ ဆံပင္ပံုစံႏွင့္ ဝတ္စားဆင္ယင္ပံုကိုၾကၫ့္၍ သူမဟာ ရည္မွန္းခ်က္ျမင့္မားသူျဖစ္ေၾကာင္း အတပ္ေျပာႏိုင္ေပသည္။ က်ိန္းေသေပါက္ ေအာင္ျမင္ေနေသာ အမ်ိဳးသမီးေလးပင္။

ကားက ေမွာင္မည္းေနေသာ လမ္းေထာင့္ခ်ိဳးတစ္ေနရာကို ျဖတ္ေက်ာ္သြားစဉ္ လူငယ္တခ်ိဳ႕က ေကာင္ေလးတစ္ေယာက္အား အႏိုင္က်င့္ေနသည္ကို ေတြ့လိုက္ရသည္။ သူမ၏လက္ေခ်ာင္းမ်ား တုန္ယင္သြားၿပီး နဖူးကို တို႔ထိလိုက္မိသည္။ သို႔ေသာ္ ကားကို ဆက္ေမာင္းေနဆဲ။

သူမ၏စိတ္ထဲတြင္ အတိတ္မျွဖစ္ရပ္တခ်ိဳ႕ ျဖတ္ခနဲ ေပၚလာခဲ့၏။ အႏိုင္က်င့္ခံရပံုေတြ၊ ေလွာင္ရယ္စရာ ျဖစ္ခဲ့ရပံုေတြ၊ ေခါင္းထိၿပီး ေသြးထြက္သံယို ျဖစ္ခဲ့ရပံုေတြ၊ တစ္ခုခ်င္း ျမင္ေယာင္လာမိသည္။

ထိုကိစၥျဖစ္ၿပီးေနာက္ သူမ ေက်ာင္းေျပာင္းခဲ့သည္။ အေပၚယံတြင္ ေပ်ာ္ရႊင္ေနေသာ္လည္း အတိတ္မွ အႏိုင္က်င့္ခံခဲ့ရေသာ ျဖစ္ရပ္မ်ားဟာ ႏွလံုးသား၏ အနက္ရိႈင္းဆံုးေနရာတြင္ စြဲထင္ေနေလသည္။ ဘယ္ေသာအခါမွ ေမ့မရခဲ့ေခ်။ အလင္းမဲ့ေနေသာ လမ္းသြယ္တစ္ေလ်ွာက္ ကားေမာင္းလာရင္း လင္းထိန္ေနေသာ လမ္းမႀကီးႏွင့္ နီးကပ္လာခဲ့ေခ်ၿပီ။

“ကြၽီ…..” က်ယ္ေလာင္စြာ ဘရိတ္အုပ္လိုက္၏။ ကား၏အေရ႔ွတစ္ဝက္က အလင္းထဲ ေရာက္ရိွေနၿပီး က်န္တစ္ဝက္ကေတာ့ ေမွာင္မိုက္ေသာ လမ္းသြယ္ထဲတြင္ က်န္ရစ္ေနဆဲ။

ေရ႔ွတၫ့္တၫ့္သို႔ ခံစားခ်က္မဲ့စြာ ေငးၾကၫ့္ေနမိရင္း သူမ၏အမူအရာသည္ နာက်င္ခံစားေနရာမွ စိတ္သက္သာရာရျခင္းသို႔ ကူးေျပာင္းလာခဲ့သည္။ ကားကို ေနာက္ျပန္ဆုတ္ကာ လမ္းခ်ိဳးေနရာသို႔ မေရာက္မခ်င္း အရိွန္တင္လိုက္သည္။

ကားထဲမွထြက္လာခဲ့ၿပီးေနာက္ ေက်ာက္စရစ္လမ္းမႀကီးေပၚ ေလ်ွာက္လာခဲ့သည္။ ဖိနပ္ေဒါက္မွ ‘ေဒါက္.. ေဒါက္..’ ဟူေသာ ျမည္သံမ်ား ေပၚထြက္ေနေလသည္။ ဆိတ္ၿငိမ္ေနေသာ လမ္းသြယ္ေလးထဲတြင္ ဖိနပ္ေဒါက္သံက ႏွလံုးသားတံခါးကို တီးေခါက္ေနသေယာင္၊ အလ်င္စလိုႏိုင္ေသာ္လည္း ေမ်ွာ္လင့္ျခင္းမ်ားျဖင့္ ျပၫ့္ႏွက္ေနေတာ့သည္။

“ထြက္သြားစမ္း..!”

သူမက တုတ္ကိုင္ထားေသာ ေကာင္ေလးကို တြန္းဖယ္လိုက္ကာ ေနာက္ထပ္ လူငယ္မ်ားကို ထပ္တြန္းလိုက္ရင္း သူမ၏အေနာက္မွ ရိုက္ႏွက္ခံေနရေသာ လူငယ္ေလးကို ကာကြယ္ေပးလိုက္သည္။ ၿပီးေနာက္ လူငယ္ေလးမ်ားကို စိန္းစိန္းဝါးဝါး စိုက္ၾကၫ့္လိုက္၏။ သူမ၏ေဒါသတရားက မီးေတာက္ႀကီးတစ္ခုႏွယ္ လမ္းသြယ္ေလးထဲ ထြန္းေတာက္ေနေတာ့သည္။

“ေကာင္းတယ္..!”

ဒါရိုက္တာက ‘Cut..!’ ဟု ေအာ္လိုက္သည္ႏွင့္ နဉ္ရွီသည္ ေတေလဂ်ပိုးမ်ားအျဖစ္ သရုပ္ေဆာင္ခဲ့ေသာ လူငယ္ေလးမ်ားဘက္ လွၫ့္ကာ ေတာင္းပန္လိုက္သည္။

“Sorry.. အစ္မ အားမ်ားသြားတယ္ထင္တယ္.. ေမာင္ေလးတို႔ ဒဏ္ရာရသြားေသးလား..?”

“အစ္မရွီရွီကလည္း.. ကြၽန္ေတာ္တို႔က ေယာက္်ားေလးေတြပါ.. အဲ့ေလာက္ ႏုယြေနစရာလား..?” Screen Time ပိုရေသာ က်င္ရွင္း ဟူသၫ့္ လူငယ္ေလးက ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းကုတ္ကာ.. “ခုနက အစ္မရဲ့မ်က္ႏွာက တကယ့္ကို ေၾကာက္စရာႀကီး.. ကြၽန္ေတာ္ ဘာတံု႔ျပန္ရမွန္းမသိ ျဖစ္သြားတယ္..”

“အဲ့တာ ဇာတ္လမ္းရဲ့ လူမိုက္ဇာတ္ရုပ္ထဲ မုဒ္မသြင္းႏိုင္လို႔ေလ.. အဲ့တာေၾကာင့္ နဉ္ရွီသရုပ္ေဆာင္တာကို ေၾကာက္ေနတာေပါ့..” ဒါရိုက္တာက လမ္းေလ်ွာက္လာရင္း နဉ္ရွီကို ၿပံဳးျပခဲ့သည္။ “ေလာင္ရႈက မင္းကို အထူးတလည္ အႀကံဳျပဳတာ မထူးဆန္းေတာ့ပါဘူး.. မင္းရဲ့သရုပ္ေဆာင္စြမ္းရည္က တကယ္ အသက္ဝင္တာပဲ.. ငါေတာင္ ေမ်ာပါသြားတယ္..”

“ခ်ီးမြမ္းတဲ့အတြက္ ေက်းဇူးတင္ပါတယ္..” နဉ္ရွီက ေထာင္လႊားမႈမရိွဘဲ ေက်းဇူးတင္စကား ဆိုလိုက္သည္။

ယင္းအျပဳအမူေၾကာင့္ ဒါရိုက္တာ၏ နဉ္ရွီအေပၚ အျမင္ေကာင္းမ်ား ပိုတိုးပြားလာခဲ့၏။

ေရွာေရွာရႉရႉ ရိုက္ကူးႏိုင္ခဲ့တာေၾကာင့္ ဒါရိုက္တာက စိတ္ေပ်ာ္ရႊင္ေနၿပီး ရုပ္ရွင္အဖြဲ႔သားအားလံုးကို ညစာလိုက္ေကြၽးခဲ့သည္။ ဆယ္ေက်ာ္သက္ေလးမ်ား ပါဝင္ေနေသာေၾကာင့္ အရက္ေသစာမ်ား မပါဝင္ခဲ့ေပ။ လူတိုင္း တရင္းတႏွီးျဖင့္ ေပ်ာ္ေပ်ာ္ပါးပါး ညစာစားခဲ့ၾကသည္။

က်င္ရွင္းသည္ ရုပ္ရွင္အေတာ္မ်ားမ်ားတြင္ ဇာတ္လိုက္မင္းသား၏ ငယ္ဘဝေနရာ၌ သရုပ္ေဆာင္ခဲ့ဖူး၏။ သို႔ေသာ္ အသက္အရြယ္ေၾကာင့္ အရမ္းနာမည္မႀကီးေသးသလို အရြယ္ေရာက္ၿပီးသား သရုပ္ေဆာင္မ်ားၾကား ဝင္ဆံ့ရန္လည္း ခက္ခဲခဲ့သည္။

ယခုေတာ့ နာမည္ႀကီးသရုပ္ေဆာင္ နဉ္ရွီ၏ ယဉ္ေက်းပ်ူငွာေသာ စရိုက္ေၾကာင့္ အံ့ဩေနေတာ့သည္။ သူမက သူ႔ကို ကေလးတစ္ေယာက္လို သေဘာမထားဘဲ လုပ္ေဖာ္ကိုင္ဖက္လိုသာ ဆက္ဆံေပးသည္။ ထိုနည္းတူ အသက္အရြယ္ေၾကာင့္ စီနီယာႀကီးလိုလိုဘာလိုလိုျဖင့္ သူ႔အေပၚ ဖိႏိွပ္ျခင္းလည္း မရိွေပ။

အထူးသျဖင့္ သူမက ‘အစ္မထက္ အသက္ငယ္ေပမယ့္ အစ္မထက္အရင္ သရုပ္ေဆာင္ေလာကထဲ ဝင္ခဲ့တာဆိုေတာ့.. မင္းက စီနီယာ.. အစ္မက ဂ်ူနီယာပဲေလ..’ ဟူ၍ ေျပာလာေသာအခါ လူႀကီးတစ္ေယာက္လို ဆက္ဆံခံခ်င္ေသာ က်င္ရွင္း၏ဆႏၵလည္း ျပၫ့္ဝသြားခဲ့သည္။

ကိုယ့္အိမ္ကိုယ္ျပန္ရန္ အခ်ိန္ေရာက္လာေသာအခါ နဉ္ရွီႏွင့္ က်င္ရွင္းသည္ ေမာင္ႏွမမ်ားသဖြယ္ ခင္မင္ရင္းႏွီးသြားၿပီး ဆက္သြယ္ႏိုင္မၫ့္လိပ္စာမ်ား ဖလွယ္ၿပီးၾကေခ်ၿပီ။ Weibo Account ကိုလည္း အခ်င္းခ်င္း Follow လုပ္လိုက္ၾကသည္။

ပညာေပးဇာတ္လမ္းတို ရိုက္ကူးၿပီးေနာက္ နဉ္ရွီသည္ တျခားရုပ္ရွင္အဖြဲ႔ (သံုးဘဝသံုးေရာင္ျခယ္) ရိွရာ တျခားျပည္နယ္သို႔ လိုက္သြားရေတာ့သည္။ တစ္လခန႔္ ပင္ပင္ပန္းပန္း ရိုက္ကူးၿပီးေနာက္ ရိုက္ကူးေရးကို အဆံုးသတ္ႏိုင္ခဲ့ေလသည္။

ၿမိဳ႔ေတာ္သို႔ ျပန္ေရာက္လာေသာအခါ သူမကို သတင္းေကာင္းမ်ား ေစာင့္ႀကိဳေနခဲ့သည္။ ‘Yunyue of the Han Dynasty’ သည္ ‘Feiyu Awards’ ၏ အေကာင္းဆံုးရုပ္ရွင္မ်ားထဲတြင္ ဇကာတင္ပါလာခဲ့ၿပီး နဉ္ရွီသည္လည္း ထိုရုပ္ရွင္ျဖင့္ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႔သရုပ္ေဆာင္ဆုအတြက္ ဇကာတင္စာရင္းတြင္ ပါဝင္လာခဲ့၏။

‘Feiyu Awards’ သည္ သက္တမ္းၾကာျမင့္ၿပီျဖစ္ေသာ ျပည္တြင္းရုပ္ရွင္ဆုေပးပြဲ ျဖစ္ၿပီး ဂုဏ္သတင္းႀကီးမားလွသည္။ ထိုမွ ‘the Best Drama Award’ ရရိွႏိုင္ျခင္းသည္ မည္သၫ့္ရုပ္ရွင္အတြက္မဆို အေကာင္းဆံုးခ်ီးေျမႇာက္ျခင္းပင္ ျဖစ္ေပသည္။

နဉ္ရွီအတြက္ ဆုရျခင္းမရျခင္းက အေရးမႀကီးေပ။ ဇကာတင္စာရင္းထဲ ပါဝင္ႏိုင္သည္ကပင္ ေမ်ွာ္လင့္မထားေသာ ကံေကာင္းမႈႀကီး ျဖစ္ေနေတာ့သည္။

နဉ္ရွီလည္း ၿမိဳ႔ေတာ္သို႔ ညတြင္းခ်င္း ျပန္လာခဲ့လိုက္သည္။ ေလယာဉ္ေပၚမွ ဆင္းလာၿပီး Pick-up Point တြင္ နာရီဝက္ခန႔္ ေစာင့္ဆိုင္းေနေသာ္လည္း သူမ၏ ကားဒရိုက္ဘာ ေရာက္လာဦးမၫ့္ပံုမေပၚ။ ထို႔ေၾကာင့္ က်န္းခ်င္းယြင္ထံ ဖုန္းဆက္လိုက္သည္။ ထိုအခါမွ သူမကို လာႀကိဳသၫ့္ကားက လမ္းတြင္ စက္ပ်က္သြားေသာေၾကာင့္ ေနာက္တစ္စီး လႊတ္လိုက္ၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။

ဆုေပးပြဲတက္ႏိုင္ရန္အတြက္ ရိုက္ကူးေရးကို အျမန္ျဖတ္ခဲ့ရသည္။ ထို႔ေၾကာင့္ ကားေနာက္က်မည္ျဖစ္ေၾကာင္း သိလိုက္ရေသာအခါ နဉ္ရွီလည္း အနားမွခံုတန္းရွည္တစ္ခုတြင္ ခဏအနားယူရန္ ဆံုးျဖတ္လိုက္သည္။

သူမ ပင္ပန္းေနသည္ကို သတိထားမိေသာေၾကာင့္ ေရွာင္ယန္က ေျပာလာသည္။ “အစ္မရွီရွီ.. ညီမပခံုးေပၚမွာ ခဏေလာက္ ေမွးေနပါလား.. ကားလာရင္ ႏိႈးမယ္ေလ..”

နဉ္ရွီသည္ ေဘ့စ္ေဘာဦးထုပ္ကို ေအာက္ႏိွမ့္ကာ ေရွာင္ယန္၏ပုခံုးေပၚ ေခါင္းမွီထားရင္း အနားယူလိုက္သည္။

သူတို႔ေရ႔ွတြင္ လူအမ်ားအျပား ျဖတ္သန္းသြားလာေနၾက၏။ သို႔ေသာ္ ခံုတန္းရွည္ေပၚ အနားယူေနသၫ့္ မိန္းမငယ္ေလးသည္ နာမည္ႀကီး‘နဉ္ရွီ’ ျဖစ္ေၾကာင္း မည္သူမ်ွ သတိမထားမိခဲ့ေပ။

“သူေဌး.. အျပင္မွာ ကားေရာက္ေနပါၿပီ..” ခ်န္းရွီေကြ့ေနာက္မွ လိုက္ပါလာေသာ ရႊီက်ူးသည္ ေနာက္တစ္ရက္အတြက္ Schedule မ်ားကို ဆက္လက္တင္ျပရင္း သူ၏သူေဌး ရုတ္တရက္ ေျခလွမ္းရပ္သြားသည္ကို သတိျပဳမိလိုက္ေသာေၾကာင့္ ေမးလိုက္သည္။ “ေဘာ့စ္.. ဘာျဖစ္လို႔လဲ..?”

“ဒီမွာေစာင့္ေန..”

ရႊီက်ူး၏အၾကၫ့္က မိုးထိုးေနသၫ့္ အရပ္ႀကီးျဖင့္ တစ္ေနရာသို႔ ဖ်တ္လက္သြက္လက္စြာ လမ္းေလ်ွာက္သြားေသာ သူ၏သူေဌးေနာက္ လိုက္ပါသြားခဲ့သည္။ သူေဌးက မိန္းမႏွစ္ေယာက္ေရ႔ွတြင္ ဒူးေထာက္ထိုင္လိုက္ၿပီး တစ္ေယာက္ကို စကားတခ်ိဳ႕ တီးတိုးေျပာေနေလသည္။ က်န္အမ်ိဳးသမီးက ေဘ့စ္ေဘာဦးထုပ္ ေဆာင္းထားသျဖင့္ သူမ၏ရုပ္သြင္ကို မျမင္ႏိုင္ခဲ့ေပ။ ထို႔ေၾကာင့္ ရႊီက်ူးလည္း သိခ်င္စိတ္ျပင္းျပလာခဲ့သည္။

သူ႔သူေဌးကိုယ္တိုင္ ေအာက္က်ိဳ႕ခံၿပီး စကားသြားေျပာရတဲ့ အဲ့မိန္းမႏွစ္ေယာက္က ဘယ္သူေတြပါလိမ့္..?

ရႊီက်ူးက ေသေသခ်ာခ်ာ အကဲခတ္ရန္ ႀကိဳးစားလိုက္သၫ့္အခ်ိန္ အေနာက္မွ အရိွန္ျပင္းျပင္းျဖင့္ အတြန္းခံလိုက္ရသည္။ သူ႔ခမ်ာ ေျခလွမ္းအနည္းငယ္ခန႔္ ေရ႔ွေရာက္သြားၿပီးမွ ဟန္ခ်က္ထိန္းႏိုင္လိုက္သည္။ လွၫ့္ၾကၫ့္လိုက္ေသာအခါ သူ႔ကို တြန္းလိုက္သၫ့္လူက မိန္းမတစ္ေယာက္ျဖစ္ေနၿပီး သူမ၏ေနာက္တြင္ အေတာ္ေလး စိတ္တိုေနဟန္တူေသာ လူငယ္တစ္ေယာက္လည္း ရိွေနသည္။

ထိုလူငယ္ကို သူ သိလိုက္သည္။ ခ်န္း*လုပ္ငန္းစုမွ ခ်န္း*ယီကြၽင္းပင္။

(TN : ေရ႔ွမွာ ေျပာထားတဲ့အတိုင္း ကိုယ္ေတြရဲ့ ခ်န္းရွီေကြ့နဲ႔ မ်ိဳးရိုးမတူပါဘူးေနာ္။)

အမ်ိဳးသမီးက ရႊီက်ူးကို တြန္းလိုက္မိမွန္း သတိထားမိဟန္မေပၚ။ ခ်န္း*ယီကြၽင္းကိုသာ ေဒါသတႀကီး ေအာ္ေငါက္ေနခဲ့သည္။

“ခ်န္း*ယီကြၽင္း.. ရွင္ ကြၽန္မကို ဖိအားလာမေပးနဲ႔ေနာ္.. အဲ့မိန္းမရဲ့ အရင္တုန္းကပံုေတြကို လူသိေအာင္ မလုပ္ရဲဘူးလို႔ မထင္လိုက္နဲ႔..”

ခ်န္း*ယီကြၽင္း၏မ်က္ႏွာက မည္းေမွာင္လာခဲ့သည္။ “ေဝစစ္ခ်ီ .. ႏိုင္ငံျခားသြားဖို႔ မစဉ္းစားနဲ႔.. ငါတို႔ကသာ သူမအေပၚ အေႂကြးတင္ေနတာ.. သူမက ငါတို႔ကို ဘာမွမလုပ္ထားဘူး..!”

“ဘာကို အေႂကြးတင္တာလဲ..?” အမ်ိဳးသမီးက ေဒါသတႀကီး ေမးခြန္းထုတ္လိုက္သည္. “သူ႔ကိုယ္သူပဲ အျပစ္တင္ရမွာ..!”

အႏွီစကားဝိုင္းကို နားေထာင္ရင္း ရႊီက်ူး၏စိတ္ထဲ ေတြးေနမိသည္။

ၾကၫ့္ရတာ တစ္ခုခုေၾကာင့္ ရန္ျဖစ္ေနပံုပဲ..? ဒီႏွစ္ေယာက္ကို လူၾကားမေရွာင္ ရန္ျဖစ္ေအာင္လုပ္လိုက္တဲ့ မိန္းကေလးက ဘယ္သူပါလိမ့္..?

…………………………………………

TN : ဒီတစ္ေခါက္ေတာ့ Meli ​ဘာသာျပန္တာ ၾကာသြားတဲ့အတြက္ ဂိုးမန္းပါ။ အားလံုးသိၾကတဲ့အတိုင္းပဲ မီးပံုမွန္မလာေတာ့ မတတ္ႏိုင္ဘူးကြယ္။ Meli တို႔ဘက္မွာဆို မနက္ကေန ညအထိ မီးပ်က္တဲ့အျပင္ အခုတေလာ ဖုန္းလိုင္းေတြပါေပ်ာက္လို႔ သည္းခံၾကပါလို႔။ ကတိေပးႏိုင္တာတစ္ခုက ဒီ novel ကို တစ္ပိုင္းတစ္စေတာ့ မထားခဲ့ပါဘူးေနာ္။ က်ိန္းေသေပါက္ အဆံုးထိ ဘာသာျပန္မွာပါ။

…………………………………………

Continue Reading

You'll Also Like

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
107K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...