system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(1.17) [Return]

4.1K 532 28
By TeeKo0

Unicode

အဝတ်တွေဖြန့်ခင်းထားသည့်နေရာက တောစပ်တစ်နေရာရှိ မြက်ခင်းပြင်ပေါ်မှာဖြစ်သည်။ ရှောင်ကျန့်ဟာ မြက်ခင်းပြင်ပေါ်မှာ ငုတ်တုတ်လေးထိုင်ရင်း တစ်နေကုန်ဘာမှမစားရသေးသည့်သူ့ဗိုက်ဟာ တစ်ဂွီဂွီဖြင့် ကျယ်ကျယ်လောင်လောင်မြည်ဟီးလာသည်။

ဒီဘဝမှာ သူကအားနည်းဖျော့တော့သည့် ကျင့်ကြံနိုင်စွမ်းမရှိသော သာမန်လူတစ်ယောက်ဆိုတာကို မေ့လျော့မိသွားသည်။ သူဒီလို မငတ်ပြတ်ရတာတောင်ကြာလှပြီ။ များသောအားဖြင့် ဝမ်ရိပေါ်က သူစားချင်တာမှန်သမျှ အာဟာရနှင့်ညီမျှစေရန် သင့်တင့်စွာကျွေးမွေးတတ်သည်။ ယခုလို သူ့ယောက်ျားမရှိတဲ့အချိန်မျိုးမှာ ဗိုက်ဆာသည့်ခံစားချက်ကြီးကိုပြန်လည်အမှတ်ရလာ၏။

လွမ်းလိုက်တာ။ ပြီးတော့ ပျင်းတယ်။ ဗိုက်လည်းအရမ်းဆာတယ်။

သက်ပြင်းအသာချရင်း သူ့ဗိုက်လေးကိုဖိကိုင်၍ အဝတ်တွေကို ထိုင်ကြည့်နေရုံကလွဲပြီး သူဘာမှမတတ်နိုင်ပေ။

ရုတ်တရတ် နားပါးလှသည့်ရှောင်ကျန့်ဟာ မြက်ပင်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားသည့်အသံကိုကြားလိုက်ရသည်။ သူရောက်နေသည့်ကမ္ဘာက လုံခြုံစိတ်ချမှုတစ်စက်ကလေးမှမရှိသည့် ကျင့်ကြံရေးလောကကြီးဖြစ်နေကြောင်း အမှတ်ရသွားသည့်ရှောင်ကျန့်ဟာ သူ့မျက်လုံးလေးတွေကိုပြူးကျယ်လိုက်ရင်း အနောက်ဘက်ရှိ ခြုံပုတ်တွေကိုအာရုံစူးစိုက်လိုက်သည်။ ဒီရွာက အနည်းငယ်တောကျပြီး နယ်နမိတ်စည်းသတ်မှတ်ထားတာကြောင့် သားရဲကောင်တွေ၏ရန်ကနေကင်းရှင်းသည်။ သဘာဝအတားအဆီးလိုဖြစ်နေသည့်မြေနေရာကို ကျင့်ကြံနိုင်သည့်သားရဲတွေသာမက ကျင့်ကြံသူတွေ၊ နတ်ဆိုးတွေတောင် တောတော်ရုံတန်ရှာတွေ့မည်မဟုတ်ပေ။

ဒါပေမယ့် ဒါကလည်းယေဘုယျ ဖြစ်နိုင်ချေသာရှိသေးသည်။ တကယ်လို့ အရမ်းစွမ်းအားကြီးတဲ့ မှော်သားရဲတစ်ကောင်သာ ဒီရွာကိုမတော်တဆ ရောက်လာခဲ့ရင်ရော။

ရှောင်ကျန့် : "....."

ဒီလိုဆိုရင် တောစပ်နားမှာရှိနေတဲ့ သူကအရင်ဆုံး ဈာန်လျောသွားပေလိမ့်မည်။

ရှောင်ကျန့်ဟာ သူ့ရဲ့ပိန်ပါးတဲ့ခန္ဓာကိုယ်လေးကိုအနီးအနားမှာရှိတဲ့ မြက်ပင်ရှည်ရှည်တွေကြား ဝင်ရောက်ပုန်းခိုလိုက်သည်။ ဒါက ကျင့်ကြံသူတွေကိုမလှည့်စားနိုင်မှန်းသိသော်လည်းပဲ သာမန်တောရိုင်းကောင်တွေကိုတော့ ပုန်းကွယ်ထားဖို့ရန် အဆင်ပြေသေးသည်။

ဝုန်း!!

အရှိန်အဟုန်ပြင်းပြင်းဖြင့် မီးတောက်တစ်ချို့ဟာ အနီးအနားမှာရှိတဲ့သစ်ပင်တွေကိုလောင်ကျွမ်းသွားစေပြီး မြက်ခင်းပြင်ပေါ်က အဝတ်အနည်းငယ်ကိုပြာအဖြစ်ပြောင်းလဲသွားစေခဲ့သည်။

ငါ့အဝတ်တွေ!!

ရှောင်ကျန့်ဟာ ရင်နာနာဖြင့် ပြာကျသွားသည့် အဝတ်တွေကိုကြည့်လိုက်မိသည်။ သူဒါတွေကိုလျှော်ဖွတ်ဖို့ ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲ။ သူဒေါသမထွက်ဟုပြောရင် လိမ်ညာရာကျပေလိမ့်မည်။

လူစိတ်မရှိတဲ့ဟာတွေ။ တရားခံကိုသိလို့ကတော့ လုံးဝအလွတ်မပေးဘူး။ ငါမချနိုင်လို့အထင်မသေးနဲ့။ ငါ့ယောက်ျားရှိတယ်။

ရှောင်ကျန့်ဟာ အတွင်းစိတ်ထဲ၌ လက်သီးလက်မောင်းတန်းရင်း ဓားကြိမ်းကြိမ်းနေသော်လည်းပဲ သူ့မျက်လုံးတွေကတော့ သတိကြီးကြီးဖြင့် လွတ်မြောက်နိုင်မည့်လမ်းစ ကိုရှာဖွေလို့နေသည်။

မီးစ တွေပျောက်ကွယ်သွားပြီးသည့်နောက်တွင် မီးကျွမ်းနေသည့် မြေပြင်ပေါ်တွင် လဲကျနေသည့် လှပသည့်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုမိန်းကလေးက သူမ နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်ထားရင်း တစ်ကိုယ်လုံးဒဏ်ရာအပြည့်ဖြင့် မမြင်အပ်သည့်နေရာတစ်ချို့ရှိ အဝတ်တွေမှာ ပေါက်ပြဲလျက်ရှိနေသည်။

ယောက်ျားကောင်းပီသသူ အကွေးအဖြစ်အသွင်ပြောင်းလဲသွားပြီဖြစ်တဲ့ ရှောင်ကျန့်ဟာ ထိုမိန်းကလေးကို မကြည့်မိအောင် မသိမသာမျက်လုံးလွှဲလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် အနှီးထွက်မပြေးနိုင်သည့်မိန်းကလေးရှေ့မှောက်တွင် လှပလွန်းသောမျက်နှာနှင့် အေးစက်နေသည့် သဏ္ဍာန်ရှိသည့် နတ်ဆိုးမိန်းကလေးတစ်ယောက်နဲ့အတူ တစ်ခြားသောနတ်ဆိုးအုပ်စုမှာဖြတ်ကနဲပေါ်ပေါက်လာသည်။ အေးစက်လွန်းသည့်နတ်ဆိုးမိန်းကလေးက ခေါင်းဆောင်ဖြစ်ဟန်ရပြီး မြေပြင်ပေါ်လဲကျနေသည့် မိန်းမလှလေးကို လူသေတစ်ယောက်လို ခံစားချက်ကင်းမဲ့စွာစိုက်ကြည့်နေသည်။

"နင့်လို ရွံစရာလူသားကများ သခင့်ကို မြူစွယ်ရဲတယ်...."

နတ်ဆိုးမိန်းကလေးက ရွံရှာသည့်မျက်လုံးတွေဖြင့်ကြည့်ရင်း သူမ လက်ထဲရှိ ကြာပွတ်ရှည်ကို လွှဲယမ်းလိုက်သည်။ ကြာပွတ်ကနေ တောက်ပပြင်းထန်သည့် မီးတွေဖြာထွက်လာပြီး ပတ်ဝန်းကျင်လေထုကိုလောင်မြိုက်သွားစေသည်။

ဒီလိုပတ်ဝန်းကျင်တွင် ရှောင်ကျန့်လိုသာမန်လူတစ်ယောက်က ခံနိုင်ရည်မရှိသည်မှာ ပြောစရာကိုမလိုတော့ပေ။ သူ့ရဲ့အခုခန္ဓာကိုယ်မှာ ပုံမှန်ထက်ပိုမိုအားနည်းသည့်အပြင် အမြှီးကိုးချောင်းမြေခွေးလိုမျိုး မွေးဖွားစဥ်ကတည်းက မြင့်မားသည့်ကျင့်ကြံဆင့်ပိုင်ဆိုင်ထားသူမဟုတ်ပေ။

ရှောင်ကျန့်ဟာ သူ့ကိုယ်သူဖုံးကွယ်ထားဖို့ရန်တောင်မစဥ်းစားတော့ပဲ ချက်ချင်း အားစိုက်ကာပြေးထွက်သွားသည်။ သူဖုံးကွယ်ထားရင်တောင် တစ်ဖက်လူတွေက သတိထားမိတာကြာပြီဖြစ်ကြောင်း သူမည်သို့မသိပဲနေမည်နည်း။ နောက်ဆုံးတွင် သူကသာမန် လူတစ်ယောက်သာဖြစ်ပြီး တစ်ဖက်အဖွဲ့က စွမ်းအားမြင့်ကျင့်ကြံသူနဲ့ နတ်ဆိုးတွေဖြစ်ကြသည်။

အေးစက်လှတဲ့ နတ်ဆိုးမိန်းကလေးက ရှောင်ကျန့်ထွက်ပြေးသွားသည့်ဘက်ကို ဂရုမစိုက်သလိုမျိုးတစ်ချက်သာကြည့်လိုက်သည်။ ဒီလိုအားနည်းလွန်းလှသည့် သာမန်လူသားတစ်ယောက်က သူမရဲ့အာရုံစူးစိုက်မှုကိုရရှိဖို့မထိုက်တန်ပေ။ တစ်ဖက်လူသေသေရှင်ရှင်သူမနဲ့သက်ဆိုင်ခြင်းမရှိတာကြောင့် ကြာပွတ်ထဲကစွမ်းအားကိုလျှော့ချလိုက်ဖို့ရန် မစဥ်းစားထားပေ။

စွမ်းအားကြီးနတ်ဆိုးတစ်ယောက်၏ မီးကြာပွတ်ရိုက်ချက်က လှပတဲ့ကျင့်ကြဲသူမိန်းကလေးကိုပြာအဖြစ်ပြောင်းလဲသွားစေပြီး အကျိုးဆက်အနေဖြင့် မြေမျက်နှာပြင်တစ်ခုလုံးကိုကြီးကြီးမားမားပြောင်းလဲသွားစေခဲ့သည်။ မြေကြီးမှာ မီးဖုတ်ခံရသလိုမျိုး အနည်းငယ်မည်းနက်သွားပြီး ကြွတတ်လာသည့်မြေသားတွေနဲ့အတူ ရှောင်ကျန့်ဟာ တရွတ်တိုက်ပါသွားခဲ့ရသည်။

သူ့ကိုယ်သူမြေကြီးထဲ မနစ်မြုပ်သွားစေရန် ကြိုးစားထိန်းညှိယူနေရင်း သနားစရာရှောင်ကျန့်လေးဟာ ချောက်ကမ်းပါးတစ်ခုနား သို့ယက်ကန်ယက်ကန် ရောက်ရှိလာသည်။

ရှောင်ကျန့် : "....."

မအေယိုး ကံ။

မြေကြီးကို ထောက်ကန်ထားချင်ပါသော်လည်း ပြင်းပြင်းထန်ထန်လှုပ်ရှားနေသည့်မြေပြင်က သူ့ကိုလှောင်ပြောင်လျက် သူ့ခန္ဓာကိုယ်တစ်ခုလုံးချောက်ကမ်းပါးအောက် ကို့ယို့ကားယား ပြုတ်ကျသွားစေသည်။

"အားးးးးးးး!!...အု!"

ကြာကြာတောင်မအော်လိုက်ရသေးခင်မှာပဲ လေပေါ်က ပြုတ်ကျလာသည့်ရှောင်ကျန့်ဟာနွေးထွေးသန်မာသည့်လက်မောင်းတွေနဲ့ ကျယ်ပြန့်သည့်ရင်ခွင်တစ်ခု၏ ဆီးကြိုဖမ်းယူခြင်းခံလိုက်သည်။ သူ့အပေါ်ပြိုကျလာသည့် မြေသားတွေမှာလည်း အကာအရံတစ်ခုနှင့် ကာရံခြင်းခံလိုက်ရသလိုမျိုး အနီးအနားမှဖယ်ခွာသွားသည်။

ရှောင်ကျန့်ဟာ အရှက်တကွဲ ဖင်ကုန်းမအော်ရသေးခင်လေး အကယ်ခံလိုက်ရတာကြောင့် တင်းတင်းကြပ်ကြပ်ပိတ်ထားသည့် သူ့မျက်လုံးတစ်ဖက်ကို ခပ်ဟဟ ဖွင့်ကြည့်လိုက်သည်။

အိုး.....သူမသေသေးဘူးပဲ။

သူ့ကို ကယ်ဆယ်လိုက်သူအား ကျေးဇူးတင်စွာမော့ကြည့်မိလိုက်သည့်အခါတွင် ရှောင်ကျန့်ဟာ အတော်ကြာတိတ်ဆိတ်မိသွားသည်။ သူ့မျက်လုံးလေးတွေမှာ အတန်ငယ်ပြူးကျယ်နေပြီး ပါးစပ်သေးသေးလေးတွေကိုဖွင့်ဟ လျက် ဖူးစာရေးနတ်မင်းကြီးကို ထိုင်ကန်တော့ချင်စိတ်တောင် ပေါက်မိသွား၏။

သူ့ကိုရင်ခွင်ထဲ နူးနူးညံ့ညံ့ထွေးပွေ့ထားသူဟာ အေးစက်လှသည့် မျက်နှာဖြင့် သူ့ကိုငုံ့ကြည့်နေသော်လည်းပဲ အနက်ရောင်မျက်ဆံအတွင်း၌ ဖုံးကွယ်ထားသည့် စိုးရိမ်ပူပန်မှုကို ကာရကံရှင်ကိုယ်တိုင်တောင်သတိမပြုမိပုံရသည်။ ထိုသူက သူ့ရဲ့ဖီးနစ်သဏ္ဍာန် မျက်ဝန်းတွေကို ခပ်မှေးမှေး စင်းချထားရင်း မျက်တောင်နက်တွေက လရောင်အောက်တွင် ရှည်လျားစွာအရိပ်ကျနေ၏။

သူ့ရဲ့ ခပ်ရဲရဲနှုတ်ခမ်းပါးတစ်စုံဟာ အမူအရာမဲ့စွာတင်းတင်းစေ့ထားပြီး နှာတံစင်းစင်းနှင့် ယောက်ျားပီသလွန်းသည့် လည်စေ့ဟာ လူတကာကို တံတွေးမျိုချမိစေနိုင်လေသည်။ လရောင်အောက်တွင် ထိုအမျိုးသား၏ အလှမှာ မသေမျိုး နတ်ဘုရားတစ်ပါးလိုမျိုး တင့်တယ်လွန်းလှ၏။

ဒီလောက်ထိယောက်ျားပီသပြီး စစ်ဖြစ်နိုင်တဲ့အထိ ချောမောခန့်ထည် လှပလွန်းတဲ့ အမျိုးသားက သူ့ယောက်ျားဝမ်ရိပေါ်အပြင် ဘယ်သူရှိနိုင်မှာတဲ့လဲ။

ထိုရင်းနှီးလှသည့်မျက်နှာချောချောကိုကြည့်ရင်း သူ့နှာခေါင်းထိပ်လေးမှာ စူးကနဲဖြစ်သွားကာ မျက်ရည်တွေဘူးသီးလုံးလောက်စီးကျလာ၏။

"ဝါးးးးးးး!!!!!"

ရှောင်ကျန့်ဟာ သူနေ့နေ့ညည နောင်တတွေနဲ့အတူလွမ်းစွတ်နေရသည့် မျက်နှာကိုကြည့်ရင်း လည်ပင်းကို တွဲခို၍ ရင်ခွင်ထဲခေါင်းအပ်ကာ အားရပါးရငိုချလိုက်သည်။ ဝမ်ရိပေါ်က သူရုတ်တရက် ကြီးငိုချလာမည်ဟုမထင်ထားတာကြောင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရရှာသည်။

ဝမ်ရိပေါ်အနေနဲ့ ဘာကြောင့်ရယ်မှန်းတော့မပြောတတ်ပေ။ သူဒီကိုရောက်လာတာကလည်း သူ့ရဲ့မြေခွေးလေးကို ပြန်အသက်သွင်းနိုင်မည့် ဆေးပင်တစ်ခု ဒီအနီးနားတစ်ဝိုက်တွင် ပေါက်ရောက်နေသည်ဟု ကြားသိခဲ့ရ၍သာဖြစ်သည်။

ဘယ်ကနေဘယ်လို ဒီလိုအားနည်းလွန်းလှသည့် လူသားတစ်ယောက်ကို မထိမရှဖြင့် ကာကွယ်၊ ကယ်တင်ပေးခဲ့မှန်းသူကိုယ်တိုင်ပင် နားမလည်နိုင်တော့ချေ။ သူသတိထားမိသည်က ချောက်ကမ်းပါးပေါ်ကနေ အာဗြဲကြီးဖြင့်အော်လျက် ခြေကားယားလက်ကားယားပြုတ်ကျလာသည့် ဒီအားနည်းဖျော့တော့လှသည့်ခန္ဓာကိုယ်နှင့် သာမန်မျက်နှာပိုင်ရှင် လူသေးသေးလေးကို စမြင်ခဲ့ချိန်တွင်ဖြစ်သည်။ ထိုအချိန်က သူ့နှလုံးတစ်ခုလုံးတစ်စုံတစ်ရာဖြင့် အတင်းအကြပ်ဖြစ်ညှစ်ခံလိုက်ရသလိုပင်၊ နှလုံးတစ်ခုလုံး အပြင်ဘက်သို့ခုန်ထွက်သွားမတတ်ကိုခံစားလိုက်ရ၏။

သူသာ ဒီအတိုင်းမလှုပ်အရပ်ကြည့်နေရင် ဒီအားနည်းလွန်းသည့် လူသားလေးက ပြိုကျလာသည့်မြေကြီးတွေအောက်မှာပင် ထားဝရမြှုပ်နှံသွားပြီးသားဖြစ်သွားပေလိမ့်မည်။

ထိုသို့သော ခံစားချက်ကပို၍ပင်ဆိုးဝါးသေးသည်။ သူဘယ်တော့မှထပ်မခံစားချင်တော့သည့် ရှောင်ကျန့် သူ့အရှေ့မှာပြိုလဲသွားစဥ်က ခံစားချက်လိုမျိုး။ ဒါကအရမ်းဆိုးဆိုးဝါးဝါးကိုနာကျင်လွန်းလှသည်။

"တိတ်စမ်း!!"

စိတ်ရှုပ်လာသည့်ဝမ်ရိပေါ်ဟာ အနည်းငယ်ခပ်တင်းတင်းလေသံဖြင့် ပိတ်ဟောက်လိုက်သည်။ ရှောင်ကျန့်၏ ငိုသံမှာတိကနဲရပ်တန့်သွားသည်။ ဝမ်ရိပေါ်မှာစိတ်သက်သာမရသေးခင်မှာပဲ အားနည်းလှသည့် လူသားလေးဟာ သူ့ကိုမယုံကြည်နိုင်သည့် မျက်လုံးဝိုင်းကြီးတွေဖြင့် ဆို့နင့်စွာ ကြောင်အ ရင်း ကြည့်နေသည်ကိုတွေ့လိုက်ရသည်။

အကြောင်းအရင်းကိုမသိပါပဲ သူ့ရင်တစ်ခုလုံး ထိတ်ကနဲဖြစ်သွာပြီး မဆုံးနိုင်သည့်အပြစ်ရှိစိတ် ကြီးကြီးမားမား ကိုခံစားလိုက်သည်။

ရှောင်ကျန့်ရဲ့ ခံစားချက်ကို ပြောပြရရင်ဖြင့် အတန်ငယ်တော့ သနားစရာကောင်းလှသည်။

ဝမ်ရိပေါ်က သူ့ကိုအော်တယ်။ လေသံမာမာနဲ့သူ့ကိုငေါက်တယ်။ ဒါ....ပထမဆုံးပဲ။

ဝမ်းနည်းမှုလှိုင်းကြီးဟာ သူ့ရင်ဘတ်တစ်ခုလုံးကိုရိုက်ခတ်လာပြီး အပြီးမသတ်နိုင်သေးသည့် မျက်ရည်တွေဟာ ရေကာတာစီးကျသလိုမျိုး သူ့မျက်လုံးထဲကနေ အဆက်မပြတ် ထွက်ကျလာလေသည်။

"ဝါးးးးးးးးးးးးးး!!!!!!"

ကျယ်လောင်သည့်အော်ငိုသံကြီးက ငှက်တွေ ထပြန်၊ နားစည်တွေပေါက်ထွက်နိုင်လောက်သည်အထိ ပေါ်ပေါက်လာခဲ့သည်။ ရှောင်ကျန့်ဟာ သူ့ပါးစပ်ကိုအကျယ်ကြီး ဟထားရင်း အာခေါင်ခြစ်လျက် အသည်းအသန်အော်ငိုသည်။

တစ်ခြားလူတစ်ယောက်သာဆိုရင် ဒီလို အာဗြဲကြီးဖြင့်အော်ငိုနေသူတစ်ယောက်ကို ဒီအတိုင်းပြစ်ချသွားနိုင်ပါသော်လည်း ဝမ်ရိပေါ်မှာ မလုပ်ရက်နိုင်ပေ။ အော်ငိုသံကြောင့် တစ်မိုးအောက်တစ်ယောက် နတ်ဆိုးဧကရာဇ်ကြီးဟာ ပွေ့ချီထားလျက်သားဖြင့်ပင် ခြေမကိုင်မိ လက်မကိုင်မိဖြင့် ပြာယာခတ်နေရှာ၏။

ငိုနေတဲ့သူတွေကို ဘယ်လိုချော့ရမှန်း သူမသိဘူး။

သူကိုယ်တိုင်သတိမထားမိသေးတာပဲဖြစ်နိုင်သည်။ ပုံမှန်ဆို ရူးသွပ်၊ ဒေါသကြီးပြီး တောရိုင်းကောင်လို တွေးခေါ်နိုင်စွမ်းမရှိတော့လုနီးပါးဖြင့် ကြောက်မက်ဖွယ်ရာ လူသတ်စက် ကြီးဟာ ငိုသံလေးတစ်ခုကြောင့်နှင့် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ဖြစ်နေလေသည်။ နှစ်သိမ့်ပေးရာရမလားဟူသည့် စိတ်အခံဖြင့် ရှောင်ကျန့်ကိုပွေ့ချီထားရာမှ ကလေးတစ်ယောက်ကဲ့သို့ ပြောင်းလဲချီပိုးကာ ကျောပြင်သေးသေးလေးကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

အတန်ကြာမှ သူ့လုပ်ရပ်သူသတိထားမိသွားကာ အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည်။

သူက ဘာကြောင့် ဒီတစ်ယောက်ကို နှစ်သိမ့်ပေး နေရတာလဲ။

ဝမ်ရိပေါ် : "....."

ပုံမှန်တွေးတောနိုင်စွမ်း ပြန်ရသွားသည့် နတ်ဆိုးဧကရာဇ်ကြီးဟာ အခုချိန်ထိ သူ့လက်မောင်းထဲက လူသားလေးကို ပြစ်ချလိုက်ဖို့ရန်သေးသေးလေးတောင်မစဥ်းစားမိသေးပါပဲ ကျောပြင်ထက်ကိုသာ သူ့လက်ဖဝါးနွေးနွေးကြီးဖြင့် နူးညံ့စွာ ပုတ်ပေးနေလေသည်။

အချိန်အတော်အတန်ကြာပြီးနောက်တွင် အေးတိအေးစက်ဖြင့်နတ်ဆိုးမိန်းမလှလေးနှင့် နတ်ဆိုးအုပ်စုဟာ ဝမ်ရိပေါ်နား ဖြတ်ကနဲပေါ်ပေါက်လာကြသည်။

သို့ပေမယ့် ကြည်လင်ရှင်းလင်းသည့်မြင်ကွင်းက နတ်ဆိုးမိန်းမလှလေးနှင့် စွမ်းအားကြီး နတ်ဆိုးအုပ်စုကို ခလုတ်တိုက်ပြစ်လဲသွားစေခဲ့သည်။ မှန်၏။ ကြီးမြတ်လှသည့် နတ်ဆိုး အုပ်စုကြီးဟာ တစ်ယောက်ပေါ်တစ်ယောက်ထပ်ရင်း ခလုတ်တိုက်လဲကျသွားခဲ့ကြသည်။

ဒါပေမယ့် မည်သူမှ သူတို့အဖြစ်ကိုအာရုံမစိုက်နိုင်သေးပဲ အပြင်သို့ထွက်ကျတော့မတတ်ပြူးကျယ်နေသည့် မျက်လုံးတွေဖြင့် ကြက်သေသေရင်း ပါးစပ်ဟောင်းလောင်း ဖြင့်ကြည့်နေမိလေသည်။

နောက်တွင် အရင်ဦးဆုံး သတိဝင်လာသည့်နတ်ဆိုးမိန်းကလေးဟာ တံတွေးတစ်ချက်မျိုချရင်း မယုံကြည်နိုင်သည့်အသံဖြင့် မဝံ့မရဲဖြင့်အသံထွက်လာသည်။

"သ..သခင်...."

ဝမ်ရိပေါ်က နတ်ဆိုးမိန်းကလေးကို အေးစက်လွန်းသည့်မျက်လုံးတွေဖြင့် တစ်ချက်ကြည့်လိုက်သည်။

နတ်ဆိုးမိန်းကလေး လွီထန် ဟာ ကြောက်လန့်မှုကြောင့်တုန်ရီသွားသော်လည်းပဲ သတ္တိထုတ်အားမွေးရင်း မနေနိုင်ပဲမေးလိုက်မိ၏။

"သခင် ဘာ...ဘာလို့ ဒီ အားနည်း...အဲ....လူသားတစ်ယောက်ကို ပွေ့ချီထားတာလဲ သိလို့ရမလားဟင်"

ဝမ်ရိပေါ် : "....."

ဟုတ်သား။ အမှန်ဆို ဒီစိတ်ရှုပ်စရာလူသားကို ပြစ်ချထားလိုက်ရမှာ မဟုတ်ဘူးလား။

_________________________________________________________

Zawgyi

အဝတ္ေတြျဖန့္ခင္းထားသည့္ေနရာက ေတာစပ္တစ္ေနရာရွိ ျမက္ခင္းျပင္ေပၚမွာျဖစ္သည္။ ေရွာင္က်န့္ဟာ ျမက္ခင္းျပင္ေပၚမွာ ငုတ္တုတ္ေလးထိုင္ရင္း တစ္ေနကုန္ဘာမွမစားရေသးသည့္သူ႕ဗိုက္ဟာ တစ္ဂြီဂြီျဖင့္ က်ယ္က်ယ္ေလာင္ေလာင္ျမည္ဟီးလာသည္။

ဒီဘဝမွာ သူကအားနည္းေဖ်ာ့ေတာ့သည့္ က်င့္ႀကံနိုင္စြမ္းမရွိေသာ သာမန္လူတစ္ေယာက္ဆိုတာကို ေမ့ေလ်ာ့မိသြားသည္။ သူဒီလို မငတ္ျပတ္ရတာေတာင္ၾကာလွၿပီ။ မ်ားေသာအားျဖင့္ ဝမ္ရိေပၚက သူစားခ်င္တာမွန္သမွ် အာဟာရႏွင့္ညီမွ်ေစရန္ သင့္တင့္စြာေကြၽးေမြးတတ္သည္။ ယခုလို သူ႕ေယာက္်ားမရွိတဲ့အခ်ိန္မ်ိဳးမွာ ဗိုက္ဆာသည့္ခံစားခ်က္ႀကီးကိုျပန္လည္အမွတ္ရလာ၏။

လြမ္းလိုက္တာ။ ၿပီးေတာ့ ပ်င္းတယ္။ ဗိုက္လည္းအရမ္းဆာတယ္။

သက္ျပင္းအသာခ်ရင္း သူ႕ဗိုက္ေလးကိုဖိကိုင္၍ အဝတ္ေတြကို ထိုင္ၾကည့္ေန႐ုံကလြဲၿပီး သူဘာမွမတတ္နိုင္ေပ။

႐ုတ္တရတ္ နားပါးလွသည့္ေရွာင္က်န့္ဟာ ျမက္ပင္ေတြ လႈပ္လႈပ္ရွားရွားျဖစ္သြားသည့္အသံကိုၾကားလိုက္ရသည္။ သူေရာက္ေနသည့္ကမၻာက လုံၿခဳံစိတ္ခ်မႈတစ္စက္ကေလးမွမရွိသည့္ က်င့္ႀကံေရးေလာကႀကီးျဖစ္ေနေၾကာင္း အမွတ္ရသြားသည့္ေရွာင္က်န့္ဟာ သူ႕မ်က္လုံးေလးေတြကိုျပဴးက်ယ္လိုက္ရင္း အေနာက္ဘက္ရွိ ၿခဳံပုတ္ေတြကိုအာ႐ုံစူးစိုက္လိုက္သည္။ ဒီ႐ြာက အနည္းငယ္ေတာက်ၿပီး နယ္နမိတ္စည္းသတ္မွတ္ထားတာေၾကာင့္ သားရဲေကာင္ေတြ၏ရန္ကေနကင္းရွင္းသည္။ သဘာဝအတားအဆီးလိုျဖစ္ေနသည့္ေျမေနရာကို က်င့္ႀကံနိုင္သည့္သားရဲေတြသာမက က်င့္ႀကံသူေတြ၊ နတ္ဆိုးေတြေတာင္ ေတာေတာ္႐ုံတန္ရွာေတြ႕မည္မဟုတ္ေပ။

ဒါေပမယ့္ ဒါကလည္းေယဘုယ် ျဖစ္နိုင္ေခ်သာရွိေသးသည္။ တကယ္လို႔ အရမ္းစြမ္းအားႀကီးတဲ့ ေမွာ္သားရဲတစ္ေကာင္သာ ဒီ႐ြာကိုမေတာ္တဆ ေရာက္လာခဲ့ရင္ေရာ။

ေရွာင္က်န့္ : "....."

ဒီလိုဆိုရင္ ေတာစပ္နားမွာရွိေနတဲ့ သူကအရင္ဆုံး ဈာန္ေလ်ာသြားေပလိမ့္မည္။

ေရွာင္က်န့္ဟာ သူ႕ရဲ႕ပိန္ပါးတဲ့ခႏၶာကိုယ္ေလးကိုအနီးအနားမွာရွိတဲ့ ျမက္ပင္ရွည္ရွည္ေတြၾကား ဝင္ေရာက္ပုန္းခိုလိုက္သည္။ ဒါက က်င့္ႀကံသူေတြကိုမလွည့္စားနိုင္မွန္းသိေသာ္လည္းပဲ သာမန္ေတာရိုင္းေကာင္ေတြကိုေတာ့ ပုန္းကြယ္ထားဖို႔ရန္ အဆင္ေျပေသးသည္။

ဝုန္း!!

အရွိန္အဟုန္ျပင္းျပင္းျဖင့္ မီးေတာက္တစ္ခ်ိဳ႕ဟာ အနီးအနားမွာရွိတဲ့သစ္ပင္ေတြကိုေလာင္ကြၽမ္းသြားေစၿပီး ျမက္ခင္းျပင္ေပၚက အဝတ္အနည္းငယ္ကိုျပာအျဖစ္ေျပာင္းလဲသြားေစခဲ့သည္။

ငါ့အဝတ္ေတြ!!

ေရွာင္က်န့္ဟာ ရင္နာနာျဖင့္ ျပာက်သြားသည့္ အဝတ္ေတြကိုၾကည့္လိုက္မိသည္။ သူဒါေတြကိုေလွ်ာ္ဖြတ္ဖို႔ ဘယ္ေလာက္ေတာင္ႀကိဳးစားခဲ့ရလဲ။ သူေဒါသမထြက္ဟုေျပာရင္ လိမ္ညာရာက်ေပလိမ့္မည္။

လူစိတ္မရွိတဲ့ဟာေတြ။ တရားခံကိုသိလို႔ကေတာ့ လုံးဝအလြတ္မေပးဘူး။ ငါမခ်နိဳင္လို႔အထင္မေသးနဲ႕။ ငါ့ေယာက္်ားရွိတယ္။

ေရွာင္က်န့္ဟာ အတြင္းစိတ္ထဲ၌ လက္သီးလက္ေမာင္းတန္းရင္း ဓားႀကိမ္းႀကိမ္းေနေသာ္လည္းပဲ သူ႕မ်က္လုံးေတြကေတာ့ သတိႀကီးႀကီးျဖင့္ လြတ္ေျမာက္နိုင္မည့္လမ္းစ ကိုရွာေဖြလို႔ေနသည္။

မီးစ ေတြေပ်ာက္ကြယ္သြားၿပီးသည့္ေနာက္တြင္ မီးကြၽမ္းေနသည့္ ေျမျပင္ေပၚတြင္ လဲက်ေနသည့္ လွပသည့္မိန္းကေလးတစ္ေယာက္ကိုေတြ႕လိုက္ရသည္။ ထိုမိန္းကေလးက သူမ ႏႈတ္ခမ္းကိုခပ္တင္းတင္းကိုက္ထားရင္း တစ္ကိုယ္လုံးဒဏ္ရာအျပည့္ျဖင့္ မျမင္အပ္သည့္ေနရာတစ္ခ်ိဳ႕ရွိ အဝတ္ေတြမွာ ေပါက္ၿပဲလ်က္ရွိေနသည္။

ေယာက္်ားေကာင္းပီသသူ အေကြးအျဖစ္အသြင္ေျပာင္းလဲသြားၿပီျဖစ္တဲ့ ေရွာင္က်န့္ဟာ ထိုမိန္းကေလးကို မၾကည့္မိေအာင္ မသိမသာမ်က္လုံးလႊဲလိုက္သည္။

စကၠန့္ပိုင္းအတြင္းမွာပင္ အႏွီးထြက္မေျပးနိုင္သည့္မိန္းကေလးေရွ႕ေမွာက္တြင္ လွပလြန္းေသာမ်က္ႏွာႏွင့္ ေအးစက္ေနသည့္ သ႑ာန္ရွိသည့္ နတ္ဆိုးမိန္းကေလးတစ္ေယာက္နဲ႕အတူ တစ္ျခားေသာနတ္ဆိုးအုပ္စုမွာျဖတ္ကနဲေပၚေပါက္လာသည္။ ေအးစက္လြန္းသည့္နတ္ဆိုးမိန္းကေလးက ေခါင္းေဆာင္ျဖစ္ဟန္ရၿပီး ေျမျပင္ေပၚလဲက်ေနသည့္ မိန္းမလွေလးကို လူေသတစ္ေယာက္လို ခံစားခ်က္ကင္းမဲ့စြာစိုက္ၾကည့္ေနသည္။

"နင့္လို ႐ြံစရာလူသားကမ်ား သခင့္ကို ျမဴစြယ္ရဲတယ္...."

နတ္ဆိုးမိန္းကေလးက ႐ြံရွာသည့္မ်က္လုံးေတြျဖင့္ၾကည့္ရင္း သူမ လက္ထဲရွိ ၾကာပြတ္ရွည္ကို လႊဲယမ္းလိုက္သည္။ ၾကာပြတ္ကေန ေတာက္ပျပင္းထန္သည့္ မီးေတြျဖာထြက္လာၿပီး ပတ္ဝန္းက်င္ေလထုကိုေလာင္ၿမိဳက္သြားေစသည္။

ဒီလိုပတ္ဝန္းက်င္တြင္ ေရွာင္က်န့္လိုသာမန္လူတစ္ေယာက္က ခံနိုင္ရည္မရွိသည္မွာ ေျပာစရာကိုမလိုေတာ့ေပ။ သူ႕ရဲ႕အခုခႏၶာကိုယ္မွာ ပုံမွန္ထက္ပိုမိုအားနည္းသည့္အျပင္ အျမႇီးကိုးေခ်ာင္းေျမေခြးလိုမ်ိဳး ေမြးဖြားစဥ္ကတည္းက ျမင့္မားသည့္က်င့္ႀကံဆင့္ပိုင္ဆိုင္ထားသူမဟုတ္ေပ။

ေရွာင္က်န့္ဟာ သူ႕ကိုယ္သူဖုံးကြယ္ထားဖို႔ရန္ေတာင္မစဥ္းစားေတာ့ပဲ ခ်က္ခ်င္း အားစိုက္ကာေျပးထြက္သြားသည္။ သူဖုံးကြယ္ထားရင္ေတာင္ တစ္ဖက္လူေတြက သတိထားမိတာၾကာၿပီျဖစ္ေၾကာင္း သူမည္သို႔မသိပဲေနမည္နည္း။ ေနာက္ဆုံးတြင္ သူကသာမန္ လူတစ္ေယာက္သာျဖစ္ၿပီး တစ္ဖက္အဖြဲ႕က စြမ္းအားျမင့္က်င့္ႀကံသူနဲ႕ နတ္ဆိုးေတြျဖစ္ၾကသည္။

ေအးစက္လွတဲ့ နတ္ဆိုးမိန္းကေလးက ေရွာင္က်န့္ထြက္ေျပးသြားသည့္ဘက္ကို ဂ႐ုမစိုက္သလိုမ်ိဳးတစ္ခ်က္သာၾကည့္လိုက္သည္။ ဒီလိုအားနည္းလြန္းလွသည့္ သာမန္လူသားတစ္ေယာက္က သူမရဲ႕အာ႐ုံစူးစိုက္မႈကိုရရွိဖို႔မထိုက္တန္ေပ။ တစ္ဖက္လူေသေသရွင္ရွင္သူမနဲ႕သက္ဆိုင္ျခင္းမရွိတာေၾကာင့္ ၾကာပြတ္ထဲကစြမ္းအားကိုေလွ်ာ့ခ်လိဳက္ဖို႔ရန္ မစဥ္းစားထားေပ။

စြမ္းအားႀကီးနတ္ဆိုးတစ္ေယာက္၏ မီးၾကာပြတ္ရိုက္ခ်က္က လွပတဲ့က်င့္ႀကဲသူမိန္းကေလးကိုျပာအျဖစ္ေျပာင္းလဲသြားေစၿပီး အက်ိဳးဆက္အေနျဖင့္ ေျမမ်က္ႏွာျပင္တစ္ခုလုံးကိုႀကီးႀကီးမားမားေျပာင္းလဲသြားေစခဲ့သည္။ ေျမႀကီးမွာ မီးဖုတ္ခံရသလိုမ်ိဳး အနည္းငယ္မည္းနက္သြားၿပီး ႂကြတတ္လာသည့္ေျမသားေတြနဲ႕အတူ ေရွာင္က်န့္ဟာ တ႐ြတ္တိုက္ပါသြားခဲ့ရသည္။

သူ႕ကိုယ္သူေျမႀကီးထဲ မနစ္ျမဳပ္သြားေစရန္ ႀကိဳးစားထိန္းညွိယူေနရင္း သနားစရာေရွာင္က်န့္ေလးဟာ ေခ်ာက္ကမ္းပါးတစ္ခုနား သို႔ယက္ကန္ယက္ကန္ ေရာက္ရွိလာသည္။

ေရွာင္က်န့္ : "....."

မေအယိုး ကံ။

ေျမႀကီးကို ေထာက္ကန္ထားခ်င္ပါေသာ္လည္း ျပင္းျပင္းထန္ထန္လႈပ္ရွားေနသည့္ေျမျပင္က သူ႕ကိုေလွာင္ေျပာင္လ်က္ သူ႕ခႏၶာကိုယ္တစ္ခုလုံးေခ်ာက္ကမ္းပါးေအာက္ ကို႔ယို႔ကားယား ျပဳတ္က်သြားေစသည္။

"အားးးးးးးး!!...အု!"

ၾကာၾကာေတာင္မေအာ္လိုက္ရေသးခင္မွာပဲ ေလေပၚက ျပဳတ္က်လာသည့္ေရွာင္က်န့္ဟာႏြေးေထြးသန္မာသည့္လက္ေမာင္းေတြနဲ႕ က်ယ္ျပန့္သည့္ရင္ခြင္တစ္ခု၏ ဆီးႀကိဳဖမ္းယူျခင္းခံလိုက္သည္။ သူ႕အေပၚၿပိဳက်လာသည့္ ေျမသားေတြမွာလည္း အကာအရံတစ္ခုႏွင့္ ကာရံျခင္းခံလိုက္ရသလိုမ်ိဳး အနီးအနားမွဖယ္ခြာသြားသည္။

ေရွာင္က်န့္ဟာ အရွက္တကြဲ ဖင္ကုန္းမေအာ္ရေသးခင္ေလး အကယ္ခံလိုက္ရတာေၾကာင့္ တင္းတင္းၾကပ္ၾကပ္ပိတ္ထားသည့္ သူ႕မ်က္လုံးတစ္ဖက္ကို ခပ္ဟဟ ဖြင့္ၾကည့္လိုက္သည္။

အိုး.....သူမေသေသးဘူးပဲ။

သူ႕ကို ကယ္ဆယ္လိုက္သူအား ေက်းဇူးတင္စြာေမာ့ၾကည့္မိလိုက္သည့္အခါတြင္ ေရွာင္က်န့္ဟာ အေတာ္ၾကာတိတ္ဆိတ္မိသြားသည္။ သူ႕မ်က္လုံးေလးေတြမွာ အတန္ငယ္ျပဴးက်ယ္ေနၿပီး ပါးစပ္ေသးေသးေလးေတြကိုဖြင့္ဟ လ်က္ ဖူးစာေရးနတ္မင္းႀကီးကို ထိုင္ကန္ေတာ့ခ်င္စိတ္ေတာင္ ေပါက္မိသြား၏။

သူ႕ကိုရင္ခြင္ထဲ ႏူးႏူးညံ့ညံ့ေထြးေပြ႕ထားသူဟာ ေအးစက္လွသည့္ မ်က္ႏွာျဖင့္ သူ႕ကိုငုံ႕ၾကည့္ေနေသာ္လည္းပဲ အနက္ေရာင္မ်က္ဆံအတြင္း၌ ဖုံးကြယ္ထားသည့္ စိုးရိမ္ပူပန္မႈကို ကာရကံရွင္ကိုယ္တိုင္ေတာင္သတိမျပဳမိပုံရသည္။ ထိုသူက သူ႕ရဲ႕ဖီးနစ္သ႑ာန္ မ်က္ဝန္းေတြကို ခပ္ေမွးေမွး စင္းခ်ထားရင္း မ်က္ေတာင္နက္ေတြက လေရာင္ေအာက္တြင္ ရွည္လ်ားစြာအရိပ္က်ေန၏။

သူ႕ရဲ႕ ခပ္ရဲရဲႏႈတ္ခမ္းပါးတစ္စုံဟာ အမူအရာမဲ့စြာတင္းတင္းေစ့ထားၿပီး ႏွာတံစင္းစင္းႏွင့္ ေယာက္်ားပီသလြန္းသည့္ လည္ေစ့ဟာ လူတကာကို တံေတြးမ်ိဳခ်မိေစနိုင္ေလသည္။ လေရာင္ေအာက္တြင္ ထိုအမ်ိဳးသား၏ အလွမွာ မေသမ်ိဳး နတ္ဘုရားတစ္ပါးလိုမ်ိဳး တင့္တယ္လြန္းလွ၏။

ဒီေလာက္ထိေယာက္်ားပီသၿပီး စစ္ျဖစ္နိုင္တဲ့အထိ ေခ်ာေမာခန့္ထည္ လွပလြန္းတဲ့ အမ်ိဳးသားက သူ႕ေယာက္်ားဝမ္ရိေပၚအျပင္ ဘယ္သူရွိနိုင္မွာတဲ့လဲ။

ထိုရင္းႏွီးလွသည့္မ်က္ႏွာေခ်ာေခ်ာကိုၾကည့္ရင္း သူ႕ႏွာေခါင္းထိပ္ေလးမွာ စူးကနဲျဖစ္သြားကာ မ်က္ရည္ေတြဘူးသီးလုံးေလာက္စီးက်လာ၏။

"ဝါးးးးးးး!!!!!"

ေရွာင္က်န့္ဟာ သူေန႕ေန႕ညည ေနာင္တေတြနဲ႕အတူလြမ္းစြတ္ေနရသည့္ မ်က္ႏွာကိုၾကည့္ရင္း လည္ပင္းကို တြဲခို၍ ရင္ခြင္ထဲေခါင္းအပ္ကာ အားရပါးရငိုခ်လိဳက္သည္။ ဝမ္ရိေပၚက သူ႐ုတ္တရက္ ႀကီးငိုခ်လာမည္ဟုမထင္ထားတာေၾကာင့္ ေျခမကိုင္မိလက္မကိုင္မိျဖစ္သြားရရွာသည္။

ဝမ္ရိေပၚအေနနဲ႕ ဘာေၾကာင့္ရယ္မွန္းေတာ့မေျပာတတ္ေပ။ သူဒီကိုေရာက္လာတာကလည္း သူ႕ရဲ႕ေျမေခြးေလးကို ျပန္အသက္သြင္းနိုင္မည့္ ေဆးပင္တစ္ခု ဒီအနီးနားတစ္ဝိုက္တြင္ ေပါက္ေရာက္ေနသည္ဟု ၾကားသိခဲ့ရ၍သာျဖစ္သည္။

ဘယ္ကေနဘယ္လို ဒီလိုအားနည္းလြန္းလွသည့္ လူသားတစ္ေယာက္ကို မထိမရွျဖင့္ ကာကြယ္၊ ကယ္တင္ေပးခဲ့မွန္းသူကိုယ္တိုင္ပင္ နားမလည္နိုင္ေတာ့ေခ်။ သူသတိထားမိသည္က ေခ်ာက္ကမ္းပါးေပၚကေန အာၿဗဲႀကီးျဖင့္ေအာ္လ်က္ ေျခကားယားလက္ကားယားျပဳတ္က်လာသည့္ ဒီအားနည္းေဖ်ာ့ေတာ့လွသည့္ခႏၶာကိုယ္ႏွင့္ သာမန္မ်က္ႏွာပိုင္ရွင္ လူေသးေသးေလးကို စျမင္ခဲ့ခ်ိန္တြင္ျဖစ္သည္။ ထိုအခ်ိန္က သူ႕ႏွလုံးတစ္ခုလုံးတစ္စုံတစ္ရာျဖင့္ အတင္းအၾကပ္ျဖစ္ညွစ္ခံလိုက္ရသလိုပင္၊ ႏွလုံးတစ္ခုလုံး အျပင္ဘက္သို႔ခုန္ထြက္သြားမတတ္ကိုခံစားလိုက္ရ၏။

သူသာ ဒီအတိုင္းမလႈပ္အရပ္ၾကည့္ေနရင္ ဒီအားနည္းလြန္းသည့္ လူသားေလးက ၿပိဳက်လာသည့္ေျမႀကီးေတြေအာက္မွာပင္ ထားဝရျမႇုပ္ႏွံသြားၿပီးသားျဖစ္သြားေပလိမ့္မည္။

ထိုသို႔ေသာ ခံစားခ်က္ကပို၍ပင္ဆိုးဝါးေသးသည္။ သူဘယ္ေတာ့မွထပ္မခံစားခ်င္ေတာ့သည့္ ေရွာင္က်န့္ သူ႕အေရွ႕မွာၿပိဳလဲသြားစဥ္က ခံစားခ်က္လိုမ်ိဳး။ ဒါကအရမ္းဆိုးဆိုးဝါးဝါးကိုနာက်င္လြန္းလွသည္။

"တိတ္စမ္း!!"

စိတ္ရႈပ္လာသည့္ဝမ္ရိေပၚဟာ အနည္းငယ္ခပ္တင္းတင္းေလသံျဖင့္ ပိတ္ေဟာက္လိုက္သည္။ ေရွာင္က်န့္၏ ငိုသံမွာတိကနဲရပ္တန့္သြားသည္။ ဝမ္ရိေပၚမွာစိတ္သက္သာမရေသးခင္မွာပဲ အားနည္းလွသည့္ လူသားေလးဟာ သူ႕ကိုမယုံၾကည္နိုင္သည့္ မ်က္လုံးဝိုင္းႀကီးေတြျဖင့္ ဆို႔နင့္စြာ ေၾကာင္အ ရင္း ၾကည့္ေနသည္ကိုေတြ႕လိုက္ရသည္။

အေၾကာင္းအရင္းကိုမသိပါပဲ သူ႕ရင္တစ္ခုလုံး ထိတ္ကနဲျဖစ္သြာၿပီး မဆုံးနိုင္သည့္အျပစ္ရွိစိတ္ ႀကီးႀကီးမားမား ကိုခံစားလိုက္သည္။

ေရွာင္က်န့္ရဲ႕ ခံစားခ်က္ကို ေျပာျပရရင္ျဖင့္ အတန္ငယ္ေတာ့ သနားစရာေကာင္းလွသည္။

ဝမ္ရိေပၚက သူ႕ကိုေအာ္တယ္။ ေလသံမာမာနဲ႕သူ႕ကိုေငါက္တယ္။ ဒါ....ပထမဆုံးပဲ။

ဝမ္းနည္းမႈလွိုင္းႀကီးဟာ သူ႕ရင္ဘတ္တစ္ခုလုံးကိုရိုက္ခတ္လာၿပီး အၿပီးမသတ္နိုင္ေသးသည့္ မ်က္ရည္ေတြဟာ ေရကာတာစီးက်သလိုမ်ိဳး သူ႕မ်က္လုံးထဲကေန အဆက္မျပတ္ ထြက္က်လာေလသည္။

"ဝါးးးးးးးးးးးးးး!!!!!!"

က်ယ္ေလာင္သည့္ေအာ္ငိုသံႀကီးက ငွက္ေတြ ထျပန္၊ နားစည္ေတြေပါက္ထြက္နိုင္ေလာက္သည္အထိ ေပၚေပါက္လာခဲ့သည္။ ေရွာင္က်န့္ဟာ သူ႕ပါးစပ္ကိုအက်ယ္ႀကီး ဟထားရင္း အာေခါင္ျခစ္လ်က္ အသည္းအသန္ေအာ္ငိုသည္။

တစ္ျခားလူတစ္ေယာက္သာဆိုရင္ ဒီလို အာၿဗဲႀကီးျဖင့္ေအာ္ငိုေနသူတစ္ေယာက္ကို ဒီအတိုင္းျပစ္ခ်သြားနိုင္ပါေသာ္လည္း ဝမ္ရိေပၚမွာ မလုပ္ရက္နိုင္ေပ။ ေအာ္ငိုသံေၾကာင့္ တစ္မိုးေအာက္တစ္ေယာက္ နတ္ဆိုးဧကရာဇ္ႀကီးဟာ ေပြ႕ခ်ီထားလ်က္သားျဖင့္ပင္ ေျခမကိုင္မိ လက္မကိုင္မိျဖင့္ ျပာယာခတ္ေနရွာ၏။

ငိုေနတဲ့သူေတြကို ဘယ္လိုေခ်ာ့ရမွန္း သူမသိဘူး။

သူကိုယ္တိုင္သတိမထားမိေသးတာပဲျဖစ္နိုင္သည္။ ပုံမွန္ဆို ႐ူးသြပ္၊ ေဒါသႀကီးၿပီး ေတာရိုင္းေကာင္လို ေတြးေခၚနိုင္စြမ္းမရွိေတာ့လုနီးပါးျဖင့္ ေၾကာက္မက္ဖြယ္ရာ လူသတ္စက္ ႀကီးဟာ ငိုသံေလးတစ္ခုေၾကာင့္ႏွင့္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ ျဖစ္ေနေလသည္။ ႏွစ္သိမ့္ေပးရာရမလားဟူသည့္ စိတ္အခံျဖင့္ ေရွာင္က်န့္ကိုေပြ႕ခ်ီထားရာမွ ကေလးတစ္ေယာက္ကဲ့သို႔ ေျပာင္းလဲခ်ီပိုးကာ ေက်ာျပင္ေသးေသးေလးကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။

အတန္ၾကာမွ သူ႕လုပ္ရပ္သူသတိထားမိသြားကာ အနည္းငယ္ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

သူက ဘာေၾကာင့္ ဒီတစ္ေယာက္ကို ႏွစ္သိမ့္ေပး ေနရတာလဲ။

ဝမ္ရိေပၚ : "....."

ပုံမွန္ေတြးေတာနိုင္စြမ္း ျပန္ရသြားသည့္ နတ္ဆိုးဧကရာဇ္ႀကီးဟာ အခုခ်ိန္ထိ သူ႕လက္ေမာင္းထဲက လူသားေလးကို ျပစ္ခ်လိဳက္ဖို႔ရန္ေသးေသးေလးေတာင္မစဥ္းစားမိေသးပါပဲ ေက်ာျပင္ထက္ကိုသာ သူ႕လက္ဖဝါးႏြေးႏြေးႀကီးျဖင့္ ႏူးညံ့စြာ ပုတ္ေပးေနေလသည္။

အခ်ိန္အေတာ္အတန္ၾကာၿပီးေနာက္တြင္ ေအးတိေအးစက္ျဖင့္နတ္ဆိုးမိန္းမလွေလးႏွင့္ နတ္ဆိုးအုပ္စုဟာ ဝမ္ရိေပၚနား ျဖတ္ကနဲေပၚေပါက္လာၾကသည္။

သို႔ေပမယ့္ ၾကည္လင္ရွင္းလင္းသည့္ျမင္ကြင္းက နတ္ဆိုးမိန္းမလွေလးႏွင့္ စြမ္းအားႀကီး နတ္ဆိုးအုပ္စုကို ခလုတ္တိုက္ျပစ္လဲသြားေစခဲ့သည္။ မွန္၏။ ႀကီးျမတ္လွသည့္ နတ္ဆိုး အုပ္စုႀကီးဟာ တစ္ေယာက္ေပၚတစ္ေယာက္ထပ္ရင္း ခလုတ္တိုက္လဲက်သြားခဲ့ၾကသည္။

ဒါေပမယ့္ မည္သူမွ သူတို႔အျဖစ္ကိုအာ႐ုံမစိုက္နိုင္ေသးပဲ အျပင္သို႔ထြက္က်ေတာ့မတတ္ျပဴးက်ယ္ေနသည့္ မ်က္လုံးေတြျဖင့္ ၾကက္ေသေသရင္း ပါးစပ္ေဟာင္းေလာင္း ျဖင့္ၾကည့္ေနမိေလသည္။

ေနာက္တြင္ အရင္ဦးဆုံး သတိဝင္လာသည့္နတ္ဆိုးမိန္းကေလးဟာ တံေတြးတစ္ခ်က္မ်ိဳခ်ရင္း မယုံၾကည္နိုင္သည့္အသံျဖင့္ မဝံ့မရဲျဖင့္အသံထြက္လာသည္။

"သ..သခင္...."

ဝမ္ရိေပၚက နတ္ဆိုးမိန္းကေလးကို ေအးစက္လြန္းသည့္မ်က္လုံးေတြျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။

နတ္ဆိုးမိန္းကေလး လြီထန္ ဟာ ေၾကာက္လန့္မႈေၾကာင့္တုန္ရီသြားေသာ္လည္းပဲ သတၱိထုတ္အားေမြးရင္း မေနနိုင္ပဲေမးလိုက္မိ၏။

"သခင္ ဘာ...ဘာလို႔ ဒီ အားနည္း...အဲ....လူသားတစ္ေယာက္ကို ေပြ႕ခ်ီထားတာလဲ သိလို႔ရမလားဟင္"

ဝမ္ရိေပၚ : "....."

ဟုတ္သား။ အမွန္ဆို ဒီစိတ္ရႈပ္စရာလူသားကို ျပစ္ခ်ထားလိုက္ရမွာ မဟုတ္ဘူးလား။

____________________________________________________________________

Continue Reading

You'll Also Like

12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
51.8K 5.4K 45
✔Uploaded in both Zawgyi and Unicode. ကာကွယ်​ပေးမည် ဆို​သော ဒမ်ဘယ်​ဒေါ၏ ကမ်းလှမ်းမှုကို နက္ခတ်ကြည့်​မျှော်စင်​ပေါ်မှာ မာလ်ဖွိုင်း လက်ခံခဲ့လိုက်လျှင်​...
293K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.2K 272 5
lee jeonghyeon × shen quanrui (oneshots collection) written in burmese