နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

נכתב על ידי Lazy_Little_Meow

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... עוד

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [44]

1.1K 138 9
נכתב על ידי Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]
အခန်း  - (၄၄)

နဉ်ရှီ ထွက်သွားတာကို မြင်သည်နှင့် သတင်းထောက်များက သူမနောက် အပြေးလိုက်တော့သည်။ သို့သော် ရှောင်ယန်က သတင်းထောက်အားလုံးကို အတင်းပိတ်တားလိုက်ပြီး နဉ်ရှီအား အနှောင့်အယှက်ကင်းကင်း ကားထဲဝင်နိုင်အောင် လုပ်ပေးခဲ့သည်။

ကားထွက်လာမှ ရှောင်ယန်လည်း သက်ပြင်းချနိုင်တော့သည်။

“အဲ့သတင်းထောက်တွေ ရူးနေတာလား.. အစ်မရှီရှီ.. သူတို့စကားကို စိတ်ထဲမထားနဲ့..”

အဲ့သတင်းထောက်တွေရဲ့ အတွေးက လိုက်မမီနိုင်အောင်ပဲ။ ပြစ်မှုကျူးလွန်တဲ့လူကို အပြစ်တင်ရမယ့်အစား အစ်မရှီရှီနား လာဝိုင်းနေကြတယ်။ ဦးနှောက်ချောင်နေတာများလား..?

“သူတို့ မရူးပါဘူး.. ငါပါ ပြဿနာထဲ ဆွဲသွင်းခံလိုက်ရတော့ လူအုပ်ကြီးရဲ့အာရုံကို ဆွဲဆောင်နိုင်တာပေါ့..” နဉ်ရှီက ဖုန်းဖွင့်ကာ ခပ်လှောင်လှောင် ရယ်လိုက်သည်။ “ပြောရရင် ဒါလည်း တစ်မျိုးကောင်းတာပဲ.. ဒီလိုမျိုး ပွက်လောရိုက်နေရင် လူတွေလည်း ဒီပြဿနာကို ပိုပြီးစိတ်ဝင်စားလာကြမှာပဲ..”

“ဒါပေမဲ့ အစ်မရှီရှီအတွက်ကျ မတရားဘူးလေ..” ရှောင်ယန်က မကျေမနပ်ပြောလာသည်။ “အဲ့လူတွေက ဘာကိုကြည့်ပြီး ဒီလိုမျိုးတွေ ပြောနေကြတာလဲ..?”

“လူတော်တော်များများက အကျိုးအမြတ်ကလွဲရင် တရားမျှတမှုဆိုတာကို ဂရုမစိုက်ကြဘူး..” နဉ်ရှီက Browser ဖွင့်ကာ Page တစ်ခုထဲ ဝင်လိုက်သည်နှင့် ‘နာမည်ကြီးမင်းသမီးက စိတ်သဘောထား သေးသိမ်လိုက်တာ.. ပရိသတ်တွေ စံထားလောက်တဲ့ ကိုယ်ကျင့်တရားမျိုး မရှိဘူး..’ ဟူသည့်ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတစ်ခု ပေါ်လာခဲ့သည်။

လူတွေက တရားမျှတမှုကို လိုလားကြပေမယ့် အမြင်မတူရင် ရန်သူဆိုပြီး သတ်မှတ်တတ်ကြတယ်မလား..?

သူတို့တစ်ယောက်ချင်းစီက တရားမျှတမှု၏ ဘက်တော်သားအဖြစ် ရပ်တည်နေကြသော်လည်း တကယ်တမ်းတွင် တစ်ပါးသူ၏ နာကျင်ခံစားမှုကို အသုံးချကာ သူတို့ကိုယ်သူတို့ ဖြောင့်မတ်မှန်ကန်မှု၏ ပြယုဂ်အဖြစ် လူသိများထင်ရှားလာအောင် ပြုမူနေကြခြင်းသာ။

ထိခိုက်နစ်နာသူက သူတို့မဟုတ်သလို၊ နာကျင်ခံစားခဲ့ရသည်မှာလည်း သူတို့မဟုတ်သောကြောင့် ကိုယ်ချင်းစာစိတ်မရှိဘဲ ‘အကျင့်သိက္ခာ’ဟူသော အရာကို လက်ကိုင်ဆွဲကာ တစ်ပါးသူကို လက်ညှိုးထိုးလျက် ရှေ့နောက်မစဉ်းစားဘဲ လက်လွတ်စပယ် ပြောဆိုနိုင်ကြလေသည်။ သူတို့ပြောလာသည့် စကားလုံးများက လူတစ်ယောက်၏ အသက်ကိုပင် သေစေနိုင်သည်အထိ။

တကယ်တော့ ထိုလူများဟာ တခြားသူ၏သွေးဖြင့် စွန်းထင်းနေသော ပိုင်မုန့်ကိုကိုင်ကာ ဘာမှမဖြစ်သလို အားပါးတရ ကိုက်စားနိုင်ကြသော လူစားများပင်။

ထိုကိစ္စဖြစ်ပြီးနောက် အင်တာနက်ပေါ်မှ လူတော်တော်များများသည် နဉ်ရှီလို လူထုပြယုဂ်တစ်ဦးက ဆတ်ဆတ်ထိမခံဘဲ အငြိုးကြီးလွန်းသည်၊ နောက်မျိုးဆက်များကို လမ်းလွဲစေလိမ့်မည်ဟူ၍ စွပ်စွဲပြောဆိုခဲ့ကြသည်။

တချို့လူသိများသော Weibo Accounts များဆိုလျှင် ‘နဉ်ရှီလို စာတတ်ပေတတ် သရုပ်ဆောင်တစ်ယောက်လည်း တခြားမိန်းမတွေလို ကြက်အစာအိမ်နဲ့အူကို ကြောက်တတ်တာပဲလား..’ ဟူ၍ပင် ပြောဆိုလာကြ၏။

(TN : ‘ကြက်အစာအိမ်နဲ့အူကို ကြောက်တယ်’ဆိုတာ ဘာမဟုတ်တာလေးကို သည်းမခံဘဲ ပုံကြီးချဲ့နေတယ်လို့ ပြောတာပါ။)

နဉ်ရှီကပဲ ခွင့်မလွှတ်နိုင်လောက်သည့် ပြစ်မှုအကြီးကြီးတစ်ခု ကျူးလွန်ထားသလိုလို၊ အဆက်မပြတ် ဆဲရေးခဲ့ကြလေသည်။

သို့သော် ပြည်သူလူထု၏ အမြင်က တကယ့်ကို ထက်ရှလွန်းသည်။ သင့်တင့်မျှတသော သုံးဖက်တွေးအမြင်ဖြင့် ဉာဏ်လည်း ကောင်းကြသောကြောင့် သိပ်မကြာခင်မှာပင် တစ်စုံတစ်ယောက်က ရေတပ်ငှားကာ နဉ်ရှီကို ရည်ရွယ်ချက်ရှိရှိ နာမည်ဖျက်နေခြင်းဖြစ်ကြောင်း သတိထားလာမိ၏။

သူတစ်ပါးကို ဖျက်လိုဖျက်ဆီးလုပ်ရန်အတွက် အနိုင်ကျင့်ခံရသည်ကို မသိကျိုးကျွန်ပြုကာ အခွင့်ကောင်းယူရက်သော၊ ရေတပ်ငှားနိုင်သေးသော ထိုလူစားမျိုးကြောင့် လူအများ ဆွံ့အသွားကြရသည်။

ထပ်ခါထပ်ခါ ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရသော နစ်နာသူတစ်ယောက်က လူရှေ့ထွက်ကာ Speak Out လုပ်နေသည့်အချိန် လူအတော်များများ အသံတိတ်နေခဲ့ကြသည်။ မည်သူမှ နစ်နာသူကိုယ်စား ဝင်ခွင့်လွှတ်ပေး၍မရသလို၊ နစ်နာသူကိုလည်း အတင်း ခွင့်လွှတ်ခိုင်း၍ မရပါချေ။ အဘယ်ကြောင့်ဆိုသော် နစ်နာသူတစ်ယောက် မည်သို့သောဖြစ်ရပ်မျိုး တွေ့ကြုံခဲ့ရလဲဆိုတာ မည်သူမျှ မသိနိုင်သောကြောင့်ပင်။

ဤသည်ကို တချို့လူတွေက နစ်နာသူများအား သူတို့ကို အနိုင်ကျင့်ခဲ့သူအပေါ် အဘယ်ကြောင့်များ အတင်းအကျပ် ခွင့်လွှတ်ခိုင်းနေရသနည်း။ နစ်နာသူများကို ‘ခွင့်လွှတ်ပေးလိုက်ပါ’ဆိုပြီး ဖိအားပေးနေမည့်အစား ငယ်ဘဝ၏အရိပ်ဆိုးမှ လွတ်မြောက်နိုင်အောင် ကူညီဖေးမ၍ အဘယ်ကြောင့် ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့်မပေးကြသနည်း။

ခွင့်လွှတ်မှုအစစ်အမှန်ဟူသည် ပြင်ပ,ပယောဂမပါဘဲ နှလုံးသားမှ ဖြစ်တည်လာခြင်းသာ။

နစ်နာသူများအတွက် စိတ်မကောင်းဖြစ်လာကြသော လူအများသည် ပြစ်မှုကျူးလွန်သူကို ဘာမှမပြောဘဲ နစ်နာသူကို ထိုးနှက်နေကြသော ကြောင်သူတော်များအား မုန်းတီးလာကြ၏။ မရေမတွက်နိုင်သော Social Figures များသည်လည်း ကျောင်းတွင်းအကြမ်းဖက်မှုကို ဆန့်ကျင်ကာ စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနေကြသော ကြောင်သူတော်များကို ရှုတ်ချလာကြသည်။

သိပ်မကြာခင်မှာပင် ကျင်းဟုန်ခိုင်နှင့် ကျူးမိုလီတို့ ညကြီးမင်းကြီး ကားတစ်စီးထဲ Kissing ဆွဲနေသည့် Hot Topic တွင် ကျောင်းတွင်းအကြမ်းဖက်မှုက နေရာယူသွားတာကြောင့် ကျင်းမိသားစုလည်း စိတ်သက်သာရာရသွားကြသည်။ ဤကိစ္စတွင် ပါဝင်ပက်သက်နေသော နောက်ကွယ်မှလူကို ကျင်းဟုန်ခိုင်က စိုးရိမ်မနေ။ ထိုအစား ကျူးမိုလီကိုသာ အပြစ်တင်နေတော့သည်။

အဲ့မိန်းမသာ သူကို မမြူဆွယ်ခဲ့ဘူးဆိုရင် ကားထဲမှာ စိတ်လွတ်ကိုယ်လွတ် နမ်းခဲ့မိပါ့မလား..? ပြီးတော့ ပါပါရာဇီတွေရဲ့ ဓာတ်ပုံခိုးရိုက်တာခံရပြီး ဒီလိုအရှုပ်ထုပ်တွေ ဖြစ်လာပါ့မလား..?

“မိုလီ.. ဒါက ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ပဲ.. ငါလည်း မကူညီနိုင်ဘူး.. ဆောရီး..” မျက်နှာကွယ်ကာ ငိုရှိုက်နေသော ကျူးမိုလီကိုကြည့်ရင်း သူမ၏မန်နေဂျာလည်း စိတ်ရှုပ်လာခဲ့သည်။

ကျိုးမိုလီကို အပြင်ခေါ်ထုတ်ကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ထားပစ်လိုက်ချင်သည်။ သို့သော် အဆုံးမှာတော့ စိတ်ပျော့သွားရစမြဲ။ လက်ရှိအခြေအနေအရ ကုမ္ပဏီ၏ အထက်လူကြီးများက ကျူးမိုလီအား လူထုမြင်ကွင်းမှ ပုန်းကွယ်စေချင်ကြသည်။ သူ့တွင် ယခုထက်ပို၍ လုပ်နိုင်စွမ်းရှိလာလျှင်ပင် ဤခြေအနေကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ သူ့ရဲ့စိတ်ထဲ စိတ်သက်သာရာရသွားတာကိုတော့ မသိချင်ယောင်ဆောင်နေလိုက်သည်။

“ကုမ္ပဏီက ဒီလိုလုပ်မှာမဟုတ်ဘူး.. ကျွန်မ ကျင်းဟုန်ခိုင်နဲ့ အတူရှိတုန်းကတော့ ဘာမှမပြောကြဘဲနဲ့ အခုလိုဖြစ်မှ ရှင်တို့အားလုံး ကျွန်မကို ပုန်းခိုင်းချင်တယ်ပေါ့..?” ကျူးမိုလီက သူမ၏ကံကြမ္မာကို လက်မခံနိုင်ဘဲ ထအော်သည်။ “ဖိအားလာမပေးနဲ့..”

“မိုလီ.. ဉာဏ်ကောင်းစမ်းပါ..” သူမ၏မန်နေဂျာက ကူကယ်ရာမဲ့စွာ ပြောသည်။ “လောလောဆယ် မင်းနာမည်က အောက်ခြေ ရောက်နေပြီ.. ကုမ္ပဏီက မင်းကို ပုန်းမနေခိုင်းလည်း အခုချိန်မှာ မင်းကို ဘယ်သူမှ လုပ်ငန်းအပ်ရဲမှာမဟုတ်ဘူး.. နှစ်နှစ်လောက်ပဲ အိမ်ထဲပုန်းနေလိုက်.. လူတိုင်း ဒီကိစ္စကို မေ့သွားလောက်ရင် အခွင့်အရေးရှာပြီး ပြန်လာလို့ရတယ်.. ငါ့အထင်တော့ ‘Tán Hǎixiān jì’ လွှင့်ပြီးရင် မင်းပြန်လာလို့ ရလောက်မယ်..”

ကျူးမိုလီက ဒေါသတကြီး ရယ်မောလိုက်သည်။

သူတို့က သူမကို လူသစ်တစ်ယောက်များ ထင်နေကြတာလား..? နှစ်နှစ်ကြာမှ Comeback လုပ်မယ်..? အခုဆို  လူသစ်တွေ တစ်နှစ်ထက်တစ်နှစ် ပေါ်လာလိုက်ပုံများ၊ ရုပ်ချောပြီး သရုပ်ဆောင်ကောင်းတဲ့ အသစ်လေးတွေလည်း ဒုနဲ့ဒေးနဲ့။ သူမက နောက်နှစ်နှစ်ဆို အသက် ၃၀ ပြည့်ပြီ။ ငယ်ရွယ်နုပျိုနေတဲ့ လူသစ်တွေနဲ့ ဘယ်လိုလုပ်ယှဉ်ပြိုင်နိုင်ဦးမှာလဲ..?

ဟုတ်တယ်။ ‘Tán Hǎixiān jì’ ရိုက်ထားတာပဲ။ အဲ့ရုပ်ရှင်လွှင့်တာနဲ့ ပြန်လာနိုင်မှာ ကျိန်းသေတယ်..!

သို့သော် ကံမကောင်းစွာဖြင့် သူမ၏ အနှီမျှော်လင့်ချက်လည်း သိပ်မကြာခင် ရိုက်ချိုးခံလိုက်ရလေသည်။

နောက်တစ်ရက်တွင် ‘Tán Hǎixiān jì’ ၏ ထုတ်လုပ်ရေးအဖွဲ့က သူမ၏ နာမည်ဆိုးကြောင့် ရုပ်ရှင်ထဲမှ သူမ၏အခန်းအားလုံး ဖြတ်ထုတ်လိုက်ပြီဖြစ်ကြောင်း ကျူးမိုလီထံ အကြောင်းကြားလာခဲ့၏။

ထုတ်လုပ်ရေးအဖွဲ့နှင့် စတင်လက်တွဲစဉ်က စာချုပ်ထဲတွင် အပိုဒ်ငယ်တစ်ခု ပါရှိသည်။ ယင်းကား သရုပ်ဆောင်၏ ပေါ့ဆမှုကြောင့် ရုပ်ရှင်ထုတ်လွှင့်မှုအပေါ် ထိခိုက်လာနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာလျှင် ထုတ်လုပ်ရေးဘက်မှ သရုပ်ဆောင်၏ အခန်းများကို ဖယ်ထုတ်ပိုင်ခွင့်ရှိသည် ဟူသော သဘောတူညီချက်ပင်။

စိတ်ပျက်အားငယ်စွာဖြင့် ကျူးမိုလီက ကျင်းဟုန်ခိုင်ထံ ဖုန်းခေါ်ခဲ့သည်။ သို့သော် တစ်ဖက်လူက ရောက်မလာခဲ့ချေ။ ကျင်းဟုန်ခိုင်သည်လည်း သူမကို စွန့်ပယ်လိုက်ပြီဖြစ်ကြောင်း နောက်ဆုံးတော့ ကျူးမိုလီ နားလည်သွားခဲ့သည်။

“မျိုးမစစ်ကောင်..!” ကျူးမိုလီက ဖုန်းကိုပေါက်ခွဲကာ အိပ်ရာပေါ်တွင် ငိုနေခဲ့၏။

ကျင်းဟုန်ခိုင်သည် အင်တာနက်သုံးစွဲသူများ သူတို့အရေးကို စိတ်ဝင်စားမှု လျော့ပါးလာကြောင်း မြင်လိုက်ရသည်နှင့် သူ၏ ပုံမှန်ဘဝသို့ ပြန်ရောက်သွားတော့သည်။ သို့သော် စိတ်မပျော်ရွှင်နိုင်အောင် ဖြစ်နေဆဲ။ သူတို့အသိုင်းအဝိုင်းမှ လူများသည် သူ့ရှေ့တွင် တစ်ခွန်းမျှ မပြောကြသော်လည်း နောက်ကွယ်မှာတော့ ကြိတ်လှောင်နေမယ်ဆိုတာ သူ သိသည်။

“ဟားဟား.. ဒုတိယကျင်းသခင် ဦးနှောက်မရှိဘူးပဲ.. ငါသာ သူ့နေရာမှာဆိုရင် ဟိုသရုပ်ဆောင်ကို စဖြစ်ထဲက အပြင်မထွက်နိုင်အောင် လုပ်ပြီးပြီ.. သတင်းဖုံးအောင် တခြားလူတွေကို လုပ်ခိုင်းသတဲ့.. ဘယ်လောက်တုံးအ,လိုက်သလဲ.. အဲ့လိုလုပ်လိုက်တော့ မီးတောက်ထဲ ဓာတ်ဆီထပ်လောင်းသလို ဖြစ်မသွားဘူးလား..?”

“သူသာ ဉာဏ်ရှိရင် ကျင်းမိသားစုတစ်ခုလုံး သူ့အစ်ကိုအကြီးဆုံးလက်ထဲ ဘယ်လိုလုပ်ရောက်သွားမှာလဲ..?”

“ဟုတ်ပါ့ကွာ.. ကျင်းသခင်ကြီးမှာ ဒီလိုညီငတုံးမျိုးရှိနေတာလည်း ကောင်းတာပဲ.. အနည်းဆုံးတော့ မိသားစုပိုင်ဆိုင်မှုအတွက် တိုက်ခိုက်စရာမလိုတော့ဘူးလေ..”

“ဟားဟားဟား….”

ကျင်းဟုန်ခိုင်သည် သီးသန့်အခန်းကို တွန်းဖွင့်ရန် ပြင်လိုက်စဉ်မှာပင် စကားဝိုင်းထဲ သူ့နာမည်ပါနေသည်ကို ကြားလိုက်ရ၏။ တခဏရပ်နေပြီးနောက် အစအဆုံး ကြားလိုက်ရလေသည်။ ဖြူဖတ်ဖြူရော်မျက်နှာဖြင့် တစ်ဝက်ပွင့်နေသော တံခါးကို ကန်ပစ်လိုက်သည်။ ပြီးနောက် အခန်းထဲမှလူများကို တစ်ချက်ဝေ့ကြည့်ကာ ဒေါသတကြီး လှည့်ထွက်သွားတော့သည်။

အခန်းတစ်ခုလုံး တိတ်ကျသွားတော့သည်။ အတော်ကြာပြီးနောက် တစ်ယောက်က သတိထားကာ စကားစပြောခဲ့သည်။

“အစ်ကိုချွီ.. ဒုတိယကျင်းသခင် မပေါက်ကွဲလောက်ပါဘူးနော်..?”

“သူ အဲ့လိုလုပ်ရင် ကျင်းမိသားစုပဲ ခေါင်းပိုကိုက်ရမှာ.. မင်းကဘာတွေစိုးရိမ်နေတာလဲ..?” ချွီယွမ်ပိုင်က သူ့ရဲ့ဖန်ခွက်ထဲမှ ရေခဲတုံးကို ဆော့ကစားရင်း နှာမှုတ်လိုက်သည်။ “ကျင်းညီအစ်ကိုနှစ်ယောက် ပြဿနာတက်ရင် ကျင်းချန်လို အသုံးမကျတဲ့ကောင်က ကျင်းမိသားစုကို ဘယ်လိုလုပ်အုပ်ချုပ်နိုင်မှာလဲ..? ပွဲသာ ထိုင်ကြည့်စမ်းပါကွာ..”

“ဟုတ်တယ်.. ဟုတ်တယ်.. အစ်ကိုချွီက တကယ့်ကို ထက်မြက်တာပဲ..” အခန်းထဲမှလူတိုင်း ချွီမိသားစုနှင့် ကျင်းမိသားစု သိပ်ပြီးမတည့်ကြောင်း သိထားကြရာ ချွီမိသားစုဘက်ကို စတင်ချီးမွမ်းကြတော့သည်

ဘေးပတ်လည်မှ ဝိုင်းဝန်းချီးမွမ်းနေကြသော စကားများကို နားထောင်ရင်း ချွီယွမ်ပိုင်က စိတ်ပျံ့လွင့်နေခဲ့သည်။ မနေ့က သူ့ထံ Email ပို့ခဲ့သူသည် ကျင်းဟုန်ခိုင်၏ စရိုက်အကြောင်း အတော်လေး သိထားပုံရ၏။ ထို့ကြောင့်သာ  ဤသို့သော အကြံဉာဏ်မျိုး ပေးခဲ့ခြင်းပင်။

ကျင်းဟုန်ခိုင်သည် အမြဲတမ်း ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေတတ်သော်လည်း အပြင်လူများ အမြင်မှာတော့ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ ဤမျှ အလွယ်တကူ ရန်စ၍ရသည့် လူတစ်ယောက်ဆိုတာ သာမာန်လူများ ယုံကြည်နိုင်မည်မဟုတ်ပေ။

ကျင်းမိသားစု၏ အရှိန်အဝါကြောင့်သာ ကျင်းဟုန်ခိုင်က အမြင့်ရောက်နေခြင်းဖြစ်သည်။

သို့သော် မနေ့က သူ့ဆီပေးပို့ခဲ့သော Email ထဲတွင် အမည်မသိလူက ကျင်းဟုန်ခိုင်၏စရိုက်နှင့် အလေ့အထများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအမည်မသိသည် ကျင်းဟုန်ခိုင်၏ ကိုယ်ရေးကိုယ်တာ၊ ဝါသနာများကအစ အသေးစိတ် အကုန်သိရှိထားကြောင်း သိသာလှသည်။

လူတစ်ယောက်က တခြားတစ်ယောက်အကြောင်း အလုံးစုံသိနေခြင်းသည် ချစ်နေ၍မဟုတ်လျှင် မုန်းနေ၍သာ ဖြစ်လိမ့်မည်။ ထိုထူးခြားဆန်းကြယ်သည့် အမည်မသိသည် နောက်ဘက်အုပ်စုတွင် ပါဝင်နေမည်မှာ သိသာလွန်းလှ၏။

အွန်လိုင်းပေါ်မှ ကျင်းဟုန်ခိုင်၏ အတင်းအဖျင်းများသည်လည်း ထိုအမည်မသိနှင့် ပက်သက်နေလောက်မည်ဟု ချွီယွမ်ပိုင် သံသယဝင်လာတော့သည်။ သို့သော် ထိုအမည်မသိက ကံမကောင်းပေ။ ကျင်းဟုန်ခိုင်၏သတင်း ပွက်လောရိုက်တော့မည့်အချိန် မင်းသမီးတစ်ယောက်နှင့် ပက်သက်နေသည့် တခြားသတင်းတစ်ခု Hot Topic ပေါ် ရောက်လာသောကြောင့် ကျင်းဟုန်ခိုင်၏ အပုပ်အပွက သတင်းဖုံးသွားခဲ့သည်။

ကျင်းဟုန်ခိုင်ကို မမျှော်လင့်ဘဲ ကူညီမိသလိုဖြစ်သွားတဲ့ ရုပ်ရှင်မင်းသမီးနာမည်က နဉ်ရှီဆိုလား.. နဉ်ရှားဆိုလား..?

“ဟိုတစ်ခေါက်က ပါတီပွဲကို ရောက်လာတဲ့ ရုပ်ရှင်မင်းသမီးနာမည်က ဘယ်သူ..?”

အခန်းထဲမှလူများကို လှည့်မေးလိုက်သည်။

“နဉ်ရှီ ဆိုလားပဲ.. ချန်းရှီကွေ့က အဲ့တစ်ယောက်ကို တော်တော်လေး တန်ဖိုးထားနေတာ.. ကျင်းဟုန်ခိုင်ရဲ့သမီးက အဲ့မင်းသမီးကို ပြဿနာရှာဖို့လုပ်သေးတယ်.. ဒါပေမဲ့ နောက်ဆုံးတော့လည်း ချန်းရှီကွေ့ရဲ့ဒေါသကို သွားဆွမိတာပဲ.. လွန်ခဲ့တဲ့နှစ်ရက်လောက်က ချန်းဗီလာကို ကျင်းမိသားစုတွေ တကူးတက သွားလည်ခဲ့သေးတယ်လို့ ပြောကြတယ်.. ကြည့်ရတာ အကျိုးရှိခဲ့ပုံမပေါ်ဘူး..” အတင်းအဖျင်း ကြိုက်တတ်သည့် လူရွယ်တစ်ယောက်က ပြန်ဖြေခဲ့သည်။ “အဲ့သရုပ်ဆောင်လည်း အခုလောက်ဆို အတော်လေး စိတ်ပျက်လက်ပျက် ဖြစ်နေလောက်ပြီ.. ကျင်းဟုန်ခိုင်ရဲ့ အခမဲ့ဒိုင်းကာလေး ဖြစ်သွားရလို့လေ..”

***

[Hermit Crab : နဉ်.. မင်းကလေ အရမ်းကြောက်ဖို့ကောင်းတာပဲ.. မင်းကို ရန်စထားတဲ့ လူတွေကိုတော့ ငါ တော်တော်လေး သနားနေပြီ..] [ စာပြန်သည် : ကျေးဇူးပဲ.. ချီးမွမ်းစကားလို့ သဘောထားလိုက်ပြီ..]

နဉ်ရှီသည် Chat ထဲမှထွက်ကာ သူမ၏နှာခေါင်းထိပ်လေးကို အသာတို့ထိနေခဲ့၏။ ရုတ်တရက် ဖုန်းမြည်လာသည်။ ခေါ်ဆိုနေသူကား ကျန်းချင်းယွင်ပင် ဖြစ်သည်။

“အစ်ကိုကျန်း..” ဖန်ခွက်ကိုယူကာ သောက်ရေထည့်ရန် မတ်တပ်ရပ်လိုက်သည်။ ပြီးနောက် ပြတင်းပေါက်ကိုမှီကာ ညရှုခင်းအလှကို ငေးမောကြည့်နေခဲ့၏။ “လူထုမိတ်ဆက်ပွဲ..?”

“အိုကေ.. ပြဿနာမရှိဘူး..”

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ‘Current Affairs Exchange Talk’ ၏အစီစဉ်တင်ဆက်သူ လောင်ရှုသည် သူမ၏နာမည်ကို ကျောင်းတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ဇာတ်လမ်းတိုတွင် အကြံပြုခဲ့ဖူး၏။ ယခုတော့ သူမအား ကျောင်းတွင်းအနိုင်ကျင့်ခံရကာ ကြီးပြင်းလာသော ကျောင်းသူဇာတ်ရုပ်တွင် ပါဝင်သရုပ်ဆောင်ခိုင်းရန် ဆုံးဖြတ်လိုက်ချေပြီ။

“ပြီးတော့..” ကျန်းချင်းယွင်သည် အတော်ကြာ ချီတုံချတုံဖြစ်နေပြီးနောက်.. “မကြာခင် ကျိုးကျန်းချွမ်ရဲ့ ရုပ်ရှင်အသစ် ထုတ်လွှင့်တော့မှာလေ.. အဲ့တာ သူ့မန်နေဂျာက မင်းနဲ့ကျိုးကျန်းချွမ်ကို Love Line လုပ်စေချင်နေတယ်..”

နဉ်ရှီသည် ကျိုးကျန်းချွမ်နှင့် ဆက်ဆံရေး သိပ်မဆိုးပေ။ သူ့ကိုကူညီ၍ သတင်းတစ်ပုဒ် ဖန်တီးပေးချင်လျှင် မဖြစ်နိုင်တာတော့ မဟုတ်။ သို့သော် ‘အချစ်ရေးရာ’ ကိစ္စမျိုးတော့ ရှိလာမည်မဟုတ်ပေ။

“အစ်ကိုကျန်း.. ညီမ အရင်ဆုံး စဉ်းစားပါရစေဦး..” နဉ်ရှီက တည့်တိုးမငြင်းခဲ့ပေ။ ဖုန်းချပြီးနောက် ကျိုးကျန်းချွမ်ဆီ ဖုန်းခေါ်လိုက်သည်။

နောက်တစ်ရက် နဉ်ရှီသည် သူမ၏ Weibo ပေါ်တွင် ဓာတ်ပုံတစ်ပုံ တင်ခဲ့၏။ ထိုဓာတ်ပုံထဲတွင် သူမသည် အနောက်တိုင်းဝတ်စုံကို ကြွကြွရွရွလေး ဝတ်စားထားပြီး အလွန်ခန့်ညားလွန်းရကား မိန်းကလေးပရိသတ်တော်တော်များများက သူမကို လက်ထပ်ခွင့်တောင်းသည်အထိ။ သူမအတွက် ‘မျောက်ကလေးတွေ မွေးပေးချင်ပါတယ်’ ဟူ၍ပင် ပြောလာကြသည်။

နဉ်ရှီ : “ပရိသတ်အလှလေးတွေရဲ့ အားပေးဂရုစိုက်မှုကို ရယူပြီးပြီဆိုတော့ တို့ဘက်ကလည်း ပြန်ပြီးဂရုစိုက်ပေးရမှာပေါ့.. လာပါ.. အလှတရားတွေ ဖြန့်ဝေကြရအောင်.. [ဓာတ်ပုံ]..”

ဓာတ်ပုံထဲတွင် နဉ်ရှီသည် အရှိန်အဝါအပြည့်။ ရွှေရောင်ဆံနွယ်ရှင် အမျိုးသမီးလေးတစ်ဦးကို ပွေ့ဖက်ထားသေးသည်။ သို့သော် ထိုအမျိုးသမီးမှာ…

အင်တာနက်သုံးစွဲသူ A : “ရှီရှီက ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းကြီး သိနေတာပဲ.. ကောင်းကင်မင်းကြီးကျိုးရဲ့ စူပုပ်ပုပ်မျက်နှာလေးကို ကြည့်ကြပါဦး.. ရှီရှီရေ.. သူ့ကို ဘယ်လိုများ အဲ့အင်္ကျီတွေ လဲခိုင်းလိုက်တာလဲ..? အလင်းပြပါဦး..”

ရှီဖန်း V : “ကျန်းချွမ်ပြောတာတော့ ဉာဏ်ကောင်းတဲ့လူတွေနဲ့ ဉာဏ်ရည်ကစားပွဲမျိုး မပြိုင်သင့်ဘူးတဲ့.. အကျိုးဆက်ကို သာမာန်လူတွေ တတ်နိုင်မှာမဟုတ်ဘူး..”

အင်တာနက်သုံးစွဲသူ B : “ကောင်းကင်မင်းကြီးကျိုးရေ.. ရှင်လေးကို အဲ့လိုဧကရာဇ်မျိုး ဖြစ်နေလိမ့်မယ်လို့ လုံးဝထင်မထားဘူး.. နောက်များဆို ရှင့်ရဲ့ မျက်နှာချောချာလေးကို မျက်နှာချင်းဆိုင် မကြည့်ရဲတော့ဘူး..”

အင်တာနက်သုံးစွဲသူ C : “အမှန်အတိုင်းပြောရရင် ရှီရှီနဲ့ ကောင်းကင်မင်းကြီးကျိုးက ရုပ်ချင်းဆင်သလိုပဲနော်.. ဂျစ်ကန်ကန်လေးတွေနဲ့.. မီးပန်းပွဲတော်ထဲက ငါမပြောဘူးလား.. သူတို့နှစ်ယောက်က အတွဲတွေ ဖြစ်သင့်တာပါဆို..”

အင်တာနက်သုံးစွဲသူ D : “Top နှစ်ယောက်ဆုံရင် ပျော်ရွှင်ရမှာမဟုတ်ဘူး.. နဉ်ရှီက ငါ့ရဲ့ယောက်ျားဆိုတာ သိသာနေတာပဲ.. အပေါ်ကတစ်ယောက်ရေ.. ပေါက်ကရတွေ လိုက်မပြောနဲ့စမ်း..”

နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့နှစ်ယောက်လုံး အရှိန်အဝါပြင်း၍ထင့်၊ နှစ်ဖက်ပရိသတ်များသာမက ဖြတ်သွားဖြတ်လာများပါ Weibo ပေါ်တွင် ဖုန်ထနေတော့သည်။ လူတိုင်း ‘ကောင်းကင်မင်းကြီးကျိုးရေ.. ဒီလိုဖြစ်နေလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး..’ ဟု စနောက်သွားကြသည်ချည်း။

သိပ်မကြာခင် ကျိုးကျန်းချွမ်၏နာမည်က Hot Search No. 1 သို့ ရောက်သွားတော့သည်။ ဖြတ်သွားဖြတ်လာများနှင့် နဉ်ရှီ၏ ပရိသတ်များလည်း ကျိုးကျန်းချွမ်၏ ဖော်ရွေမှုအောက် ဝင်ယောင်ကြတော့သည်။

ကျိုးကျန်းချွမ် : “ပက်ပက်စက်စက် ရှုံးသွားလိမ့်မယ်လို့ ငါလည်း ထင်မထားဘူး.. ဒီပုစ္ဆာတွေကို အချိန်တိုအတွင်း ဖြေရှင်းနိုင်တဲ့လူတွေက လူ,မဟုတ်တော့ဘူး.. နတ်ဘုရားပဲ ဖြစ်ရမယ်..!”

အင်တာနက်သုံးစွဲသူများက ဓာတ်ပုံကို ထောက်ကြည့်လိုက်ကြသည်။ ဓာတ်ပုံထဲတွင် ‘သိသမျှနည်းလမ်းဖြင့် ပဟေဋိဖြေပါ’ ဟူ၍ မေးခွန်းသုံးခု ပါရှိသည်။ သင်္ချာနည်းလမ်းအရ အပေါင်းအနုတ်မှသည် သိသမျှလက္ခဏာအားလုံး အသုံးပြုနိုင်၏။ သို့တိုင် ထိုပုစ္ဆာများကို မဖြေရှင်းနိုင်ခဲ့ပေ။

သိပ်မကြာခင်မှာတော့ ရှီဖန်၏ရှင်းပြမှုကြောင့် လူတိုင်း ဘာတွေဖြစ်ပျက်နေသလဲဆိုတာ နားလည်သွားကြတော့သည်။ ကျိုးကျန်းချွမ်သည် ပျင်းပျင်းရှိ၍ အင်တာနက်ပေါ်မှ အလွန့်အလွန်ခက်ခဲသည့် သင်္ချာပုစ္ဆာများကို ရှာဖွေခဲ့ပြီး ‘နာရီဝက်အတွင်း အဖြေရှာနိုင်မလား’ ဆိုကာ နဉ်ရှီနှင့် လောင်းကစားလုပ်ခဲ့ခြင်းပင်။

ဆိုရိုးစကားများအရ ဉာဏ်ရည်ထက်မြက်လျှင် အခက်အခဲဟူသမျှကို ကျော်လွှားနိုင်သည် ဟူ၏။ ကျိုးကျန်းချွမ်ခမျာ မရှုမလှ ရှုံးနိမ့်သွားပြီး နှုတ်ကျွံထားသည့်အတိုင်း မိန်းကလေးအဝတ်အစားများ ဝတ်ဆင်ခဲ့ရသည်။

ထိုဖြစ်ရပ်ပြီးနောက် ကျိုးကျန်းချွမ်ဟာ မာနမကြီးဘဲ ပျော်ပျော်နေတတ်သော လူငယ်လေးအဖြစ် ပရိသတ်များ၏ ရင်ထဲ ဝင်ရောက်သွားတော့သည်။ နေ့တိုင်း Weibo ပေါ်တွင် စနောက်ပျော်ရွှင်နေပြီး ဖျတ်လတ်တက်ကြွကာ ရင်းနှီးဖော်ရွေသော အငွေ့အသက်များဖြင့် ပြည့်လျှံနေတော့သည်။

နှစ်ကူးပွဲတော်ပြီးနောက် Lip Synching ကြောင့် နာမည်ကျနေသော ကျိုးကျန်းချွမ်လည်း နောက်ဆုံးတော့ ဤဖြစ်ရပ်ပြီးနောက် အင်တာနက်သုံးစွဲသူများ၏ နှစ်သက်သဘောကျမှုကို ပြန်လည်ရရှိခဲ့သည်။ ဤနည်းလမ်းက လူနှစ်ယောက် Love Line လုပ်သည်ထက် ပိုမိုသက်ရောက်မှုရှိပြီး ဆိုးကျိုးလည်း ကင်းပေသည်။

(TN : Lip Synching ဆိုတာ သီချင်းတကယ်မဆိုဘဲ နောက်ခံသီချင်းဖွင့်ပြီး ပါးစပ်လှုပ်နေတာကို ပြောတာပါ။)

သို့သော် တချို့မီဒီယာများက နဉ်ရှီနှင့် ကျိုးကျန်းချွမ်တို့ ဆက်ဆံရေးကောင်းသည်ကို မြင်သောအခါ ဟိုလိုလိုဒီလိုလို ဆက်ဆံရေးရှိနေမလားဟု စတင် သံသယဝင်လာကြသည်။ တချို့ဆိုလျှင် ကျိုးကျန်းချွမ်၏အိမ်သို့ နဉ်ရှီ သွားလည်သည့် ဓာတ်ပုံများကိုတင်ကာ နှစ်ဦးကြားတွင် ခိုင်မာသည့် ဆက်ဆံရေးတစ်ခု ရှိနေကြောင်း သက်သေပြလာကြသည်။

Weibo ပေါ်တွင် တချို့သော ကောလာဟလများ ပျံ့နှံ့လာခဲ့၏။

နဉ်ရှီက ချန်းရှီကွေ့နဲ့ ရိုးရိုးသားသား သူငယ်ချင်းတွေပါဆိုပြီး တည့်ငြင်းခဲ့တာ မထူးဆန်းတော့ပါဘူး။ လက်စသတ်တော့ ကျိုးကျန်းချွမ်နဲ့ တွဲနေတာကိုး..!

“ချန်းကတော်.. ရှင့်သားရှီကွေ့ကို မင်းသမီးတစ်ယောက်က စွန့်ပစ်သွားတယ်ဆို.. ဟုတ်လား..?”

ပြောနေသော မိန်းမကြီး၏မျက်နှာ အတော်လေး ပီတိဖြစ်နေသယောင်။ သူတို့၏သားသမီးများသည် သာမာန်အားဖြင့် လူမသိသူမသိများသာ။ ချန်းရှီကွေ့နှင့်ယှဉ်တိုင်း အမှိုက်သရိုက် ဖြစ်သွားရ၏။ ထို့ကြောင့် ရှားရှားပါးပါး ချန်းရှီကွေ့ အရှက်ကွဲသည်ကို မြင်သောအခါ သူတို့အားလုံး ရွှင်မြူးတက်ကြွနေတော့သည်။

“အစမရှိအဆုံးမရှိ..?” ထောင်ဟွေ့ရွှယ်က လက်ဖက်ရည်ခွက်ကို ပြုံးပြုံးလေး ပြန်ချလိုက်သည်။ အသက်အရွယ်ရလာပြီ ဖြစ်သော်ငြား သူမ၏ လှုပ်ရှားမှုတိုင်းက အမူအရာကောင်းများဖြင့် တင့်တယ်နေဆဲ။

“ရှင် မသိသေးဘူးထင်တယ်.. ချန်းရှီကွေ့ကြိုက်နေတဲ့ မင်းသမီးလေ.. အခု မင်းသားတစ်ယောက်နဲ့ တွဲနေတယ်တဲ့..”

ပြောတော့ ချန်းရှီကွေ့က အရမ်းကြီးကျယ်မြင့်မြတ်တယ်ဆို..?

အခုတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ကိုတောင် ရအောင်မလိုက်နိုင်ဘဲနဲ့များ။ ဟိုတစ်ယောက်က သူ့ကိုကျော်ပြီး တခြားရုပ်ရှင်မင်းသားတစ်ယောက်ကို ရွေးချယ်သွားပြီ..!

ဒါကြီးက မျက်နှာဖြတ်ရိုက်ခံလိုက်ရတာ မဟုတ်ဘူးလား..?

………………………………………………….
Meow's Note: ဒီနေ့ဟာဆိုရင် ဒီဝတ္ထုလေးကို ဘာသာပြန်တဲ့ main translatorမမMelinoe_Megamiရဲ့ မွေးနေ့လေးပါနော်။ Happy Birthday ပါ မမရေ🎂🎉 မွေးနေ့ကစလို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါစေ။ အချစ်စစ်နဲ့တွေ့ပြီး လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ မိန်းမလှလေးဖြစ်လာပါစေလို့ မမရဲ့16လေးက ဆုတောင်းပေးလိုက်ပါတယ်နော်🙆💙
------------------------------------------------------------

[Zawgyi]
အခန္း  - (၄၄)

နဉ္ရွီ ထြက္သြားတာကို ျမင္သည္ႏွင့္ သတင္းေထာက္မ်ားက သူမေနာက္ အေျပးလိုက္ေတာ့သည္။ သို႔ေသာ္ ေရွာင္ယန္က သတင္းေထာက္အားလံုးကို အတင္းပိတ္တားလိုက္ၿပီး နဉ္ရွီအား အေနွာင့္အယွက္ကင္းကင္း ကားထဲဝင္ႏိုင္ေအာင္ လုပ္ေပးခဲ့သည္။

ကားထြက္လာမွ ေရွာင္ယန္လည္း သက္ျပင္းခ်ႏိုင္ေတာ့သည္။

“အဲ့သတင္းေထာက္ေတြ ရူးေနတာလား.. အစ္မရွီရွီ.. သူတို႔စကားကို စိတ္ထဲမထားနဲ႔..”

အဲ့သတင္းေထာက္ေတြရဲ့ အေတြးက လိုက္မမီႏိုင္ေအာင္ပဲ။ ျပစ္မႈက်ူးလြန္တဲ့လူကို အျပစ္တင္ရမယ့္အစား အစ္မရွီရွီနား လာဝိုင္းေနၾကတယ္။ ဦးေနွာက္ေခ်ာင္ေနတာမ်ားလား..?

“သူတို႔ မရူးပါဘူး.. ငါပါ ျပႆနာထဲ ဆြဲသြင္းခံလိုက္ရေတာ့ လူအုပ္ႀကီးရဲ့အာရံုကို ဆြဲေဆာင္ႏိုင္တာေပါ့..” နဉ္ရွီက ဖုန္းဖြင့္ကာ ခပ္ေလွာင္ေလွာင္ ရယ္လိုက္သည္။ “ေျပာရရင္ ဒါလည္း တစ္မ်ိဳးေကာင္းတာပဲ.. ဒီလိုမ်ိဳး ပြက္ေလာရိုက္ေနရင္ လူေတြလည္း ဒီျပႆနာကို ပိုၿပီးစိတ္ဝင္စားလာၾကမွာပဲ..”

“ဒါေပမဲ့ အစ္မရွီရွီအတြက္က် မတရားဘူးေလ..” ေရွာင္ယန္က မေက်မနပ္ေျပာလာသည္။ “အဲ့လူေတြက ဘာကိုၾကၫ့္ၿပီး ဒီလိုမ်ိဳးေတြ ေျပာေနၾကတာလဲ..?”

“လူေတာ္ေတာ္မ်ားမ်ားက အက်ိဳးအျမတ္ကလြဲရင္ တရားမ်ွတမႈဆိုတာကို ဂရုမစိုက္ၾကဘူး..” နဉ္ရွီက Browser ဖြင့္ကာ Page တစ္ခုထဲ ဝင္လိုက္သည္ႏွင့္ ‘နာမည္ႀကီးမင္းသမီးက စိတ္သေဘာထား ေသးသိမ္လိုက္တာ.. ပရိသတ္ေတြ စံထားေလာက္တဲ့ ကိုယ္က်င့္တရားမ်ိဳး မရိွဘူး..’ ဟူသၫ့္ေခါင္းစဉ္ျဖင့္ သတင္းေဆာင္းပါးတစ္ခု ေပၚလာခဲ့သည္။

လူေတြက တရားမ်ွတမႈကို လိုလားၾကေပမယ့္ အျမင္မတူရင္ ရန္သူဆိုၿပီး သတ္မွတ္တတ္ၾကတယ္မလား..?

သူတို႔တစ္ေယာက္ခ်င္းစီက တရားမ်ွတမႈ၏ ဘက္ေတာ္သားအျဖစ္ ရပ္တည္ေနၾကေသာ္လည္း တကယ္တမ္းတြင္ တစ္ပါးသူ၏ နာက်င္ခံစားမႈကို အသံုးခ်ကာ သူတို႔ကိုယ္သူတို႔ ေျဖာင့္မတ္မွန္ကန္မႈ၏ ျပယုဂ္အျဖစ္ လူသိမ်ားထင္ရွားလာေအာင္ ျပဳမူေနၾကျခင္းသာ။

ထိခိုက္နစ္နာသူက သူတို႔မဟုတ္သလို၊ နာက်င္ခံစားခဲ့ရသည္မွာလည္း သူတို႔မဟုတ္ေသာေၾကာင့္ ကိုယ္ခ်င္းစာစိတ္မရိွဘဲ ‘အက်င့္သိကၡာ’ဟူေသာ အရာကို လက္ကိုင္ဆြဲကာ တစ္ပါးသူကို လက္ၫွိုးထိုးလ်က္ ေရ႔ွေနာက္မစဉ္းစားဘဲ လက္လြတ္စပယ္ ေျပာဆိုႏိုင္ၾကေလသည္။ သူတို႔ေျပာလာသၫ့္ စကားလံုးမ်ားက လူတစ္ေယာက္၏ အသက္ကိုပင္ ေသေစႏိုင္သည္အထိ။

တကယ္ေတာ့ ထိုလူမ်ားဟာ တျခားသူ၏ေသြးျဖင့္ စြန္းထင္းေနေသာ ပိုင္မုန႔္ကိုကိုင္ကာ ဘာမွမျဖစ္သလို အားပါးတရ ကိုက္စားႏိုင္ၾကေသာ လူစားမ်ားပင္။

ထိုကိစၥျဖစ္ၿပီးေနာက္ အင္တာနက္ေပၚမွ လူေတာ္ေတာ္မ်ားမ်ားသည္ နဉ္ရွီလို လူထုျပယုဂ္တစ္ဦးက ဆတ္ဆတ္ထိမခံဘဲ အၿငိဳးႀကီးလြန္းသည္၊ ေနာက္မ်ိဳးဆက္မ်ားကို လမ္းလြဲေစလိမ့္မည္ဟူ၍ စြပ္စြဲေျပာဆိုခဲ့ၾကသည္။

တခ်ိဳ႕လူသိမ်ားေသာ Weibo Accounts မ်ားဆိုလ်ွင္ ‘နဉ္ရွီလို စာတတ္ေပတတ္ သရုပ္ေဆာင္တစ္ေယာက္လည္း တျခားမိန္းမေတြလို ၾကက္အစာအိမ္နဲ႔အူကို ေၾကာက္တတ္တာပဲလား..’ ဟူ၍ပင္ ေျပာဆိုလာၾက၏။

(TN : ‘ၾကက္အစာအိမ္နဲ႔အူကို ေၾကာက္တယ္’ဆိုတာ ဘာမဟုတ္တာေလးကို သည္းမခံဘဲ ပံုႀကီးခ်ဲ့ေနတယ္လို႔ ေျပာတာပါ။)

နဉ္ရွီကပဲ ခြင့္မလႊတ္ႏိုင္ေလာက္သၫ့္ ျပစ္မႈအႀကီးႀကီးတစ္ခု က်ူးလြန္ထားသလိုလို၊ အဆက္မျပတ္ ဆဲေရးခဲ့ၾကေလသည္။

သို႔ေသာ္ ျပည္သူလူထု၏ အျမင္က တကယ့္ကို ထက္ရွလြန္းသည္။ သင့္တင့္မ်ွတေသာ သံုးဖက္ေတြးအျမင္ျဖင့္ ဉာဏ္လည္း ေကာင္းၾကေသာေၾကာင့္ သိပ္မၾကာခင္မွာပင္ တစ္စံုတစ္ေယာက္က ေရတပ္ငွားကာ နဉ္ရွီကို ရည္ရြယ္ခ်က္ရိွရိွ နာမည္ဖ်က္ေနျခင္းျဖစ္ေၾကာင္း သတိထားလာမိ၏။

သူတစ္ပါးကို ဖ်က္လိုဖ်က္ဆီးလုပ္ရန္အတြက္ အႏိုင္က်င့္ခံရသည္ကို မသိက်ိဳးကြၽန္ျပဳကာ အခြင့္ေကာင္းယူရက္ေသာ၊ ေရတပ္ငွားႏိုင္ေသးေသာ ထိုလူစားမ်ိဳးေၾကာင့္ လူအမ်ား ဆြံ႔အသြားၾကရသည္။

ထပ္ခါထပ္ခါ ေက်ာင္းတြင္းအႏိုင္က်င့္ခံခဲ့ရေသာ နစ္နာသူတစ္ေယာက္က လူေရ႔ွထြက္ကာ Speak Out လုပ္ေနသၫ့္အခ်ိန္ လူအေတာ္မ်ားမ်ား အသံတိတ္ေနခဲ့ၾကသည္။ မည္သူမွ နစ္နာသူကိုယ္စား ဝင္ခြင့္လႊတ္ေပး၍မရသလို၊ နစ္နာသူကိုလည္း အတင္း ခြင့္လႊတ္ခိုင္း၍ မရပါေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ နစ္နာသူတစ္ေယာက္ မည္သို႔ေသာျဖစ္ရပ္မ်ိဳး ေတြ့ႀကံဳခဲ့ရလဲဆိုတာ မည္သူမ်ွ မသိႏိုင္ေသာေၾကာင့္ပင္။

ဤသည္ကို တခ်ိဳ႕လူေတြက နစ္နာသူမ်ားအား သူတို႔ကို အႏိုင္က်င့္ခဲ့သူအေပၚ အဘယ္ေၾကာင့္မ်ား အတင္းအက်ပ္ ခြင့္လႊတ္ခိုင္းေနရသနည္း။ နစ္နာသူမ်ားကို ‘ခြင့္လႊတ္ေပးလိုက္ပါ’ဆိုၿပီး ဖိအားေပးေနမၫ့္အစား ငယ္ဘဝ၏အရိပ္ဆိုးမွ လြတ္ေျမာက္ႏိုင္ေအာင္ ကူညီေဖးမ၍ အဘယ္ေၾကာင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနထိုင္ခြင့္မေပးၾကသနည္း။

ခြင့္လႊတ္မႈအစစ္အမွန္ဟူသည္ ျပင္ပ,ပေယာဂမပါဘဲ ႏွလံုးသားမွ ျဖစ္တည္လာျခင္းသာ။

နစ္နာသူမ်ားအတြက္ စိတ္မေကာင္းျဖစ္လာၾကေသာ လူအမ်ားသည္ ျပစ္မႈက်ူးလြန္သူကို ဘာမွမေျပာဘဲ နစ္နာသူကို ထိုးႏွက္ေနၾကေသာ ေၾကာင္သူေတာ္မ်ားအား မုန္းတီးလာၾက၏။ မေရမတြက္ႏိုင္ေသာ Social Figures မ်ားသည္လည္း ေက်ာင္းတြင္းအၾကမ္းဖက္မႈကို ဆန႔္က်င္ကာ စိတ္ပိုင္းဆိုင္ရာ ဖိအားေပးေနၾကေသာ ေၾကာင္သူေတာ္မ်ားကို ရႈတ္ခ်လာၾကသည္။

သိပ္မၾကာခင္မွာပင္ က်င္းဟုန္ခိုင္ႏွင့္ က်ူးမိုလီတို႔ ညႀကီးမင္းႀကီး ကားတစ္စီးထဲ Kissing ဆြဲေနသၫ့္ Hot Topic တြင္ ေက်ာင္းတြင္းအၾကမ္းဖက္မႈက ေနရာယူသြားတာေၾကာင့္ က်င္းမိသားစုလည္း စိတ္သက္သာရာရသြားၾကသည္။ ဤကိစၥတြင္ ပါဝင္ပက္သက္ေနေသာ ေနာက္ကြယ္မွလူကို က်င္းဟုန္ခိုင္က စိုးရိမ္မေန။ ထိုအစား က်ူးမိုလီကိုသာ အျပစ္တင္ေနေတာ့သည္။

အဲ့မိန္းမသာ သူကို မျမဴဆြယ္ခဲ့ဘူးဆိုရင္ ကားထဲမွာ စိတ္လြတ္ကိုယ္လြတ္ နမ္းခဲ့မိပါ့မလား..? ၿပီးေတာ့ ပါပါရာဇီေတြရဲ့ ဓာတ္ပံုခိုးရိုက္တာခံရၿပီး ဒီလိုအရႈပ္ထုပ္ေတြ ျဖစ္လာပါ့မလား..?

“မိုလီ.. ဒါက ကုမၸဏီရဲ့ဆံုးျဖတ္ခ်က္ပဲ.. ငါလည္း မကူညီႏိုင္ဘူး.. ေဆာရီး..” မ်က္ႏွာကြယ္ကာ ငိုရိႈက္ေနေသာ က်ူးမိုလီကိုၾကၫ့္ရင္း သူမ၏မန္ေနဂ်ာလည္း စိတ္ရႈပ္လာခဲ့သည္။

က်ိဳးမိုလီကို အျပင္ေခၚထုတ္ကာ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ထားပစ္လိုက္ခ်င္သည္။ သို႔ေသာ္ အဆံုးမွာေတာ့ စိတ္ေပ်ာ့သြားရစၿမဲ။ လက္ရိွအေျခအေနအရ ကုမၸဏီ၏ အထက္လူႀကီးမ်ားက က်ူးမိုလီအား လူထုျမင္ကြင္းမွ ပုန္းကြယ္ေစခ်င္ၾကသည္။ သူ႔တြင္ ယခုထက္ပို၍ လုပ္ႏိုင္စြမ္းရိွလာလ်ွင္ပင္ ဤေျခအေနကို ေျပာင္းလဲႏိုင္မည္မဟုတ္ေပ။

တိတ္တဆိတ္ သက္ျပင္းခ်လိုက္မိ၏။ သူ႔ရဲ့စိတ္ထဲ စိတ္သက္သာရာရသြားတာကိုေတာ့ မသိခ်င္ေယာင္ေဆာင္ေနလိုက္သည္။

“ကုမၸဏီက ဒီလိုလုပ္မွာမဟုတ္ဘူး.. ကြၽန္မ က်င္းဟုန္ခိုင္နဲ႔ အတူရိွတုန္းကေတာ့ ဘာမွမေျပာၾကဘဲနဲ႔ အခုလိုျဖစ္မွ ရွင္တို႔အားလံုး ကြၽန္မကို ပုန္းခိုင္းခ်င္တယ္ေပါ့..?” က်ူးမိုလီက သူမ၏ကံၾကမၼာကို လက္မခံႏိုင္ဘဲ ထေအာ္သည္။ “ဖိအားလာမေပးနဲ႔..”

“မိုလီ.. ဉာဏ္ေကာင္းစမ္းပါ..” သူမ၏မန္ေနဂ်ာက ကူကယ္ရာမဲ့စြာ ေျပာသည္။ “ေလာေလာဆယ္ မင္းနာမည္က ေအာက္ေျခ ေရာက္ေနၿပီ.. ကုမၸဏီက မင္းကို ပုန္းမေနခိုင္းလည္း အခုခ်ိန္မွာ မင္းကို ဘယ္သူမွ လုပ္ငန္းအပ္ရဲမွာမဟုတ္ဘူး.. ႏွစ္ႏွစ္ေလာက္ပဲ အိမ္ထဲပုန္းေနလိုက္.. လူတိုင္း ဒီကိစၥကို ေမ့သြားေလာက္ရင္ အခြင့္အေရးရွာၿပီး ျပန္လာလို႔ရတယ္.. ငါ့အထင္ေတာ့ ‘Tán Hǎixiān jì’ လႊင့္ၿပီးရင္ မင္းျပန္လာလို႔ ရေလာက္မယ္..”

က်ူးမိုလီက ေဒါသတႀကီး ရယ္ေမာလိုက္သည္။

သူတို႔က သူမကို လူသစ္တစ္ေယာက္မ်ား ထင္ေနၾကတာလား..? ႏွစ္ႏွစ္ၾကာမွ Comeback လုပ္မယ္..? အခုဆို  လူသစ္ေတြ တစ္ႏွစ္ထက္တစ္ႏွစ္ ေပၚလာလိုက္ပံုမ်ား၊ ရုပ္ေခ်ာၿပီး သရုပ္ေဆာင္ေကာင္းတဲ့ အသစ္ေလးေတြလည္း ဒုနဲ႔ေဒးနဲ႔။ သူမက ေနာက္ႏွစ္ႏွစ္ဆို အသက္ ၃၀ ျပၫ့္ၿပီ။ ငယ္ရြယ္ႏုပ်ိဳေနတဲ့ လူသစ္ေတြနဲ႔ ဘယ္လိုလုပ္ယွဉ္ၿပိဳင္ႏိုင္ဦးမွာလဲ..?

ဟုတ္တယ္။ ‘Tán Hǎixiān jì’ ရိုက္ထားတာပဲ။ အဲ့ရုပ္ရွင္လႊင့္တာနဲ႔ ျပန္လာႏိုင္မွာ က်ိန္းေသတယ္..!

သို႔ေသာ္ ကံမေကာင္းစြာျဖင့္ သူမ၏ အႏွီေမ်ွာ္လင့္ခ်က္လည္း သိပ္မၾကာခင္ ရိုက္ခ်ိဳးခံလိုက္ရေလသည္။

ေနာက္တစ္ရက္တြင္ ‘Tán Hǎixiān jì’ ၏ ထုတ္လုပ္ေရးအဖြဲ႔က သူမ၏ နာမည္ဆိုးေၾကာင့္ ရုပ္ရွင္ထဲမွ သူမ၏အခန္းအားလံုး ျဖတ္ထုတ္လိုက္ၿပီျဖစ္ေၾကာင္း က်ူးမိုလီထံ အေၾကာင္းၾကားလာခဲ့၏။

ထုတ္လုပ္ေရးအဖြဲ႔ႏွင့္ စတင္လက္တြဲစဉ္က စာခ်ဳပ္ထဲတြင္ အပိုဒ္ငယ္တစ္ခု ပါရိွသည္။ ယင္းကား သရုပ္ေဆာင္၏ ေပါ့ဆမႈေၾကာင့္ ရုပ္ရွင္ထုတ္လႊင့္မႈအေပၚ ထိခိုက္လာႏိုင္သၫ့္ အေျခအေနတစ္ရပ္ ျဖစ္ေပၚလာလ်ွင္ ထုတ္လုပ္ေရးဘက္မွ သရုပ္ေဆာင္၏ အခန္းမ်ားကို ဖယ္ထုတ္ပိုင္ခြင့္ရိွသည္ ဟူေသာ သေဘာတူညီခ်က္ပင္။

စိတ္ပ်က္အားငယ္စြာျဖင့္ က်ူးမိုလီက က်င္းဟုန္ခိုင္ထံ ဖုန္းေခၚခဲ့သည္။ သို႔ေသာ္ တစ္ဖက္လူက ေရာက္မလာခဲ့ေခ်။ က်င္းဟုန္ခိုင္သည္လည္း သူမကို စြန႔္ပယ္လိုက္ၿပီျဖစ္ေၾကာင္း ေနာက္ဆံုးေတာ့ က်ူးမိုလီ နားလည္သြားခဲ့သည္။

“မ်ိဳးမစစ္ေကာင္..!” က်ူးမိုလီက ဖုန္းကိုေပါက္ခြဲကာ အိပ္ရာေပၚတြင္ ငိုေနခဲ့၏။

က်င္းဟုန္ခိုင္သည္ အင္တာနက္သံုးစြဲသူမ်ား သူတို႔အေရးကို စိတ္ဝင္စားမႈ ေလ်ာ့ပါးလာေၾကာင္း ျမင္လိုက္ရသည္ႏွင့္ သူ၏ ပံုမွန္ဘဝသို႔ ျပန္ေရာက္သြားေတာ့သည္။ သို႔ေသာ္ စိတ္မေပ်ာ္ရႊင္ႏိုင္ေအာင္ ျဖစ္ေနဆဲ။ သူတို႔အသိုင္းအဝိုင္းမွ လူမ်ားသည္ သူ႔ေရ႔ွတြင္ တစ္ခြန္းမ်ွ မေျပာၾကေသာ္လည္း ေနာက္ကြယ္မွာေတာ့ ႀကိတ္ေလွာင္ေနမယ္ဆိုတာ သူ သိသည္။

“ဟားဟား.. ဒုတိယက်င္းသခင္ ဦးေနွာက္မရိွဘူးပဲ.. ငါသာ သူ႔ေနရာမွာဆိုရင္ ဟိုသရုပ္ေဆာင္ကို စျဖစ္ထဲက အျပင္မထြက္ႏိုင္ေအာင္ လုပ္ၿပီးၿပီ.. သတင္းဖံုးေအာင္ တျခားလူေတြကို လုပ္ခိုင္းသတဲ့.. ဘယ္ေလာက္တံုးအ,လိုက္သလဲ.. အဲ့လိုလုပ္လိုက္ေတာ့ မီးေတာက္ထဲ ဓာတ္ဆီထပ္ေလာင္းသလို ျဖစ္မသြားဘူးလား..?”

“သူသာ ဉာဏ္ရိွရင္ က်င္းမိသားစုတစ္ခုလံုး သူ႔အစ္ကိုအႀကီးဆံုးလက္ထဲ ဘယ္လိုလုပ္ေရာက္သြားမွာလဲ..?”

“ဟုတ္ပါ့ကြာ.. က်င္းသခင္ႀကီးမွာ ဒီလိုညီငတံုးမ်ိဳးရိွေနတာလည္း ေကာင္းတာပဲ.. အနည္းဆံုးေတာ့ မိသားစုပိုင္ဆိုင္မႈအတြက္ တိုက္ခိုက္စရာမလိုေတာ့ဘူးေလ..”

“ဟားဟားဟား….”

က်င္းဟုန္ခိုင္သည္ သီးသန႔္အခန္းကို တြန္းဖြင့္ရန္ ျပင္လိုက္စဉ္မွာပင္ စကားဝိုင္းထဲ သူ႔နာမည္ပါေနသည္ကို ၾကားလိုက္ရ၏။ တခဏရပ္ေနၿပီးေနာက္ အစအဆံုး ၾကားလိုက္ရေလသည္။ ျဖဴဖတ္ျဖဴေရာ္မ်က္ႏွာျဖင့္ တစ္ဝက္ပြင့္ေနေသာ တံခါးကို ကန္ပစ္လိုက္သည္။ ၿပီးေနာက္ အခန္းထဲမွလူမ်ားကို တစ္ခ်က္ေဝ့ၾကၫ့္ကာ ေဒါသတႀကီး လွၫ့္ထြက္သြားေတာ့သည္။

အခန္းတစ္ခုလံုး တိတ္က်သြားေတာ့သည္။ အေတာ္ၾကာၿပီးေနာက္ တစ္ေယာက္က သတိထားကာ စကားစေျပာခဲ့သည္။

“အစ္ကိုခြၽီ.. ဒုတိယက်င္းသခင္ မေပါက္ကြဲေလာက္ပါဘူးေနာ္..?”

“သူ အဲ့လိုလုပ္ရင္ က်င္းမိသားစုပဲ ေခါင္းပိုကိုက္ရမွာ.. မင္းကဘာေတြစိုးရိမ္ေနတာလဲ..?” ခြၽီယြမ္ပိုင္က သူ႔ရဲ့ဖန္ခြက္ထဲမွ ေရခဲတံုးကို ေဆာ့ကစားရင္း ႏွာမႈတ္လိုက္သည္။ “က်င္းညီအစ္ကိုႏွစ္ေယာက္ ျပႆနာတက္ရင္ က်င္းခ်န္လို အသံုးမက်တဲ့ေကာင္က က်င္းမိသားစုကို ဘယ္လိုလုပ္အုပ္ခ်ဳပ္ႏိုင္မွာလဲ..? ပြဲသာ ထိုင္ၾကၫ့္စမ္းပါကြာ..”

“ဟုတ္တယ္.. ဟုတ္တယ္.. အစ္ကိုခြၽီက တကယ့္ကို ထက္ျမက္တာပဲ..” အခန္းထဲမွလူတိုင္း ခြၽီမိသားစုႏွင့္ က်င္းမိသားစု သိပ္ၿပီးမတၫ့္ေၾကာင္း သိထားၾကရာ ခြၽီမိသားစုဘက္ကို စတင္ခ်ီးမြမ္းၾကေတာ့သည္

ေဘးပတ္လည္မွ ဝိုင္းဝန္းခ်ီးမြမ္းေနၾကေသာ စကားမ်ားကို နားေထာင္ရင္း ခြၽီယြမ္ပိုင္က စိတ္ပ်ံ့လြင့္ေနခဲ့သည္။ မေန့က သူ႔ထံ Email ပို႔ခဲ့သူသည္ က်င္းဟုန္ခိုင္၏ စရိုက္အေၾကာင္း အေတာ္ေလး သိထားပံုရ၏။ ထို႔ေၾကာင့္သာ  ဤသို႔ေသာ အႀကံဉာဏ္မ်ိဳး ေပးခဲ့ျခင္းပင္။

က်င္းဟုန္ခိုင္သည္ အၿမဲတမ္း ဘာမွမလုပ္ဘဲ အခ်ိန္ျဖဳန္းေနတတ္ေသာ္လည္း အျပင္လူမ်ား အျမင္မွာေတာ့ ထင္ရွားေက်ာ္ၾကားသၫ့္ ပုဂၢိုလ္တစ္ေယာက္ျဖစ္၏။ ဤမ်ွ အလြယ္တကူ ရန္စ၍ရသၫ့္ လူတစ္ေယာက္ဆိုတာ သာမာန္လူမ်ား ယံုၾကည္ႏိုင္မည္မဟုတ္ေပ။

က်င္းမိသားစု၏ အရိွန္အဝါေၾကာင့္သာ က်င္းဟုန္ခိုင္က အျမင့္ေရာက္ေနျခင္းျဖစ္သည္။

သို႔ေသာ္ မေန့က သူ႔ဆီေပးပို႔ခဲ့ေသာ Email ထဲတြင္ အမည္မသိလူက က်င္းဟုန္ခိုင္၏စရိုက္ႏွင့္ အေလ့အထမ်ားကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားသည္။ ထိုအမည္မသိသည္ က်င္းဟုန္ခိုင္၏ ကိုယ္ေရးကိုယ္တာ၊ ဝါသနာမ်ားကအစ အေသးစိတ္ အကုန္သိရိွထားေၾကာင္း သိသာလွသည္။

လူတစ္ေယာက္က တျခားတစ္ေယာက္အေၾကာင္း အလံုးစံုသိေနျခင္းသည္ ခ်စ္ေန၍မဟုတ္လ်ွင္ မုန္းေန၍သာ ျဖစ္လိမ့္မည္။ ထိုထူးျခားဆန္းၾကယ္သၫ့္ အမည္မသိသည္ ေနာက္ဘက္အုပ္စုတြင္ ပါဝင္ေနမည္မွာ သိသာလြန္းလွ၏။

အြန္လိုင္းေပၚမွ က်င္းဟုန္ခိုင္၏ အတင္းအဖ်င္းမ်ားသည္လည္း ထိုအမည္မသိႏွင့္ ပက္သက္ေနေလာက္မည္ဟု ခြၽီယြမ္ပိုင္ သံသယဝင္လာေတာ့သည္။ သို႔ေသာ္ ထိုအမည္မသိက ကံမေကာင္းေပ။ က်င္းဟုန္ခိုင္၏သတင္း ပြက္ေလာရိုက္ေတာ့မၫ့္အခ်ိန္ မင္းသမီးတစ္ေယာက္ႏွင့္ ပက္သက္ေနသၫ့္ တျခားသတင္းတစ္ခု Hot Topic ေပၚ ေရာက္လာေသာေၾကာင့္ က်င္းဟုန္ခိုင္၏ အပုပ္အပြက သတင္းဖံုးသြားခဲ့သည္။

က်င္းဟုန္ခိုင္ကို မေမ်ွာ္လင့္ဘဲ ကူညီမိသလိုျဖစ္သြားတဲ့ ရုပ္ရွင္မင္းသမီးနာမည္က နဉ္ရွီဆိုလား.. နဉ္ရွားဆိုလား..?

“ဟိုတစ္ေခါက္က ပါတီပြဲကို ေရာက္လာတဲ့ ရုပ္ရွင္မင္းသမီးနာမည္က ဘယ္သူ..?”

အခန္းထဲမွလူမ်ားကို လွၫ့္ေမးလိုက္သည္။

“နဉ္ရွီ ဆိုလားပဲ.. ခ်န္းရွီေကြ့က အဲ့တစ္ေယာက္ကို ေတာ္ေတာ္ေလး တန္ဖိုးထားေနတာ.. က်င္းဟုန္ခိုင္ရဲ့သမီးက အဲ့မင္းသမီးကို ျပႆနာရွာဖို႔လုပ္ေသးတယ္.. ဒါေပမဲ့ ေနာက္ဆံုးေတာ့လည္း ခ်န္းရွီေကြ့ရဲ့ေဒါသကို သြားဆြမိတာပဲ.. လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ခ်န္းဗီလာကို က်င္းမိသားစုေတြ တကူးတက သြားလည္ခဲ့ေသးတယ္လို႔ ေျပာၾကတယ္.. ၾကၫ့္ရတာ အက်ိဳးရိွခဲ့ပံုမေပၚဘူး..” အတင္းအဖ်င္း ႀကိဳက္တတ္သၫ့္ လူရြယ္တစ္ေယာက္က ျပန္ေျဖခဲ့သည္။ “အဲ့သရုပ္ေဆာင္လည္း အခုေလာက္ဆို အေတာ္ေလး စိတ္ပ်က္လက္ပ်က္ ျဖစ္ေနေလာက္ၿပီ.. က်င္းဟုန္ခိုင္ရဲ့ အခမဲ့ဒိုင္းကာေလး ျဖစ္သြားရလို႔ေလ..”

***

[Hermit Crab : နဉ္.. မင္းကေလ အရမ္းေၾကာက္ဖို႔ေကာင္းတာပဲ.. မင္းကို ရန္စထားတဲ့ လူေတြကိုေတာ့ ငါ ေတာ္ေတာ္ေလး သနားေနၿပီ..] [ စာျပန္သည္ : ေက်းဇူးပဲ.. ခ်ီးမြမ္းစကားလို႔ သေဘာထားလိုက္ၿပီ..]

နဉ္ရွီသည္ Chat ထဲမွထြက္ကာ သူမ၏ႏွာေခါင္းထိပ္ေလးကို အသာတို႔ထိေနခဲ့၏။ ရုတ္တရက္ ဖုန္းျမည္လာသည္။ ေခၚဆိုေနသူကား က်န္းခ်င္းယြင္ပင္ ျဖစ္သည္။

“အစ္ကိုက်န္း..” ဖန္ခြက္ကိုယူကာ ေသာက္ေရထၫ့္ရန္ မတ္တပ္ရပ္လိုက္သည္။ ၿပီးေနာက္ ျပတင္းေပါက္ကိုမွီကာ ညရႈခင္းအလွကို ေငးေမာၾကၫ့္ေနခဲ့၏။ “လူထုမိတ္ဆက္ပြဲ..?”

“အိုေက.. ျပႆနာမရိွဘူး..”

လြန္ခဲ့ေသာ ရက္အနည္းငယ္ခန႔္က ‘Current Affairs Exchange Talk’ ၏အစီစဉ္တင္ဆက္သူ ေလာင္ရႈသည္ သူမ၏နာမည္ကို ေက်ာင္းတြင္းအၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဇာတ္လမ္းတိုတြင္ အႀကံျပဳခဲ့ဖူး၏။ ယခုေတာ့ သူမအား ေက်ာင္းတြင္းအႏိုင္က်င့္ခံရကာ ႀကီးျပင္းလာေသာ ေက်ာင္းသူဇာတ္ရုပ္တြင္ ပါဝင္သရုပ္ေဆာင္ခိုင္းရန္ ဆံုးျဖတ္လိုက္ေခ်ၿပီ။

“ၿပီးေတာ့..” က်န္းခ်င္းယြင္သည္ အေတာ္ၾကာ ခ်ီတံုခ်တံုျဖစ္ေနၿပီးေနာက္.. “မၾကာခင္ က်ိဳးက်န္းခြၽမ္ရဲ့ ရုပ္ရွင္အသစ္ ထုတ္လႊင့္ေတာ့မွာေလ.. အဲ့တာ သူ႔မန္ေနဂ်ာက မင္းနဲ႔က်ိဳးက်န္းခြၽမ္ကို Love Line လုပ္ေစခ်င္ေနတယ္..”

နဉ္ရွီသည္ က်ိဳးက်န္းခြၽမ္ႏွင့္ ဆက္ဆံေရး သိပ္မဆိုးေပ။ သူ႔ကိုကူညီ၍ သတင္းတစ္ပုဒ္ ဖန္တီးေပးခ်င္လ်ွင္ မျဖစ္ႏိုင္တာေတာ့ မဟုတ္။ သို႔ေသာ္ ‘အခ်စ္ေရးရာ’ ကိစၥမ်ိဳးေတာ့ ရိွလာမည္မဟုတ္ေပ။

“အစ္ကိုက်န္း.. ညီမ အရင္ဆံုး စဉ္းစားပါရေစဦး..” နဉ္ရွီက တၫ့္တိုးမျငင္းခဲ့ေပ။ ဖုန္းခ်ၿပီးေနာက္ က်ိဳးက်န္းခြၽမ္ဆီ ဖုန္းေခၚလိုက္သည္။

ေနာက္တစ္ရက္ နဉ္ရွီသည္ သူမ၏ Weibo ေပၚတြင္ ဓာတ္ပံုတစ္ပံု တင္ခဲ့၏။ ထိုဓာတ္ပံုထဲတြင္ သူမသည္ အေနာက္တိုင္းဝတ္စံုကို ႂကြၾကြရြရြေလး ဝတ္စားထားၿပီး အလြန္ခန႔္ညားလြန္းရကား မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားက သူမကို လက္ထပ္ခြင့္ေတာင္းသည္အထိ။ သူမအတြက္ ‘ေမ်ာက္ကေလးေတြ ေမြးေပးခ်င္ပါတယ္’ ဟူ၍ပင္ ေျပာလာၾကသည္။

နဉ္ရွီ : “ပရိသတ္အလွေလးေတြရဲ့ အားေပးဂရုစိုက္မႈကို ရယူၿပီးၿပီဆိုေတာ့ တို႔ဘက္ကလည္း ျပန္ၿပီးဂရုစိုက္ေပးရမွာေပါ့.. လာပါ.. အလွတရားေတြ ျဖန႔္ေဝၾကရေအာင္.. [ဓာတ္ပံု]..”

ဓာတ္ပံုထဲတြင္ နဉ္ရွီသည္ အရိွန္အဝါအျပၫ့္။ ေရႊေရာင္ဆံႏြယ္ရွင္ အမ်ိဳးသမီးေလးတစ္ဦးကို ေပြ့ဖက္ထားေသးသည္။ သို႔ေသာ္ ထိုအမ်ိဳးသမီးမွာ…

အင္တာနက္သံုးစြဲသူ A : “ရွီရွီက ဘယ္လိုကစားရမလဲဆိုတာ ေကာင္းေကာင္းႀကီး သိေနတာပဲ.. ေကာင္းကင္မင္းႀကီးက်ိဳးရဲ့ စူပုပ္ပုပ္မ်က္ႏွာေလးကို ၾကၫ့္ၾကပါဦး.. ရွီရွီေရ.. သူ႔ကို ဘယ္လိုမ်ား အဲ့အက်ႌေတြ လဲခိုင္းလိုက္တာလဲ..? အလင္းျပပါဦး..”

ရွီဖန္း V : “က်န္းခြၽမ္ေျပာတာေတာ့ ဉာဏ္ေကာင္းတဲ့လူေတြနဲ႔ ဉာဏ္ရည္ကစားပြဲမ်ိဳး မၿပိဳင္သင့္ဘူးတဲ့.. အက်ိဳးဆက္ကို သာမာန္လူေတြ တတ္ႏိုင္မွာမဟုတ္ဘူး..”

အင္တာနက္သံုးစြဲသူ B : “ေကာင္းကင္မင္းႀကီးက်ိဳးေရ.. ရွင္ေလးကို အဲ့လိုဧကရာဇ္မ်ိဳး ျဖစ္ေနလိမ့္မယ္လို႔ လံုးဝထင္မထားဘူး.. ေနာက္မ်ားဆို ရွင့္ရဲ့ မ်က္ႏွာေခ်ာခ်ာေလးကို မ်က္ႏွာခ်င္းဆိုင္ မၾကၫ့္ရဲေတာ့ဘူး..”

အင္တာနက္သံုးစြဲသူ C : “အမွန္အတိုင္းေျပာရရင္ ရွီရွီနဲ႔ ေကာင္းကင္မင္းႀကီးက်ိဳးက ရုပ္ခ်င္းဆင္သလိုပဲေနာ္.. ဂ်စ္ကန္ကန္ေလးေတြနဲ႔.. မီးပန္းပြဲေတာ္ထဲက ငါမေျပာဘူးလား.. သူတို႔ႏွစ္ေယာက္က အတြဲေတြ ျဖစ္သင့္တာပါဆို..”

အင္တာနက္သံုးစြဲသူ D : “Top ႏွစ္ေယာက္ဆံုရင္ ေပ်ာ္ရႊင္ရမွာမဟုတ္ဘူး.. နဉ္ရွီက ငါ့ရဲ့ေယာက္်ားဆိုတာ သိသာေနတာပဲ.. အေပၚကတစ္ေယာက္ေရ.. ေပါက္ကရေတြ လိုက္မေျပာနဲ႔စမ္း..”

နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔ႏွစ္ေယာက္လံုး အရိွန္အဝါျပင္း၍ထင့္၊ ႏွစ္ဖက္ပရိသတ္မ်ားသာမက ျဖတ္သြားျဖတ္လာမ်ားပါ Weibo ေပၚတြင္ ဖုန္ထေနေတာ့သည္။ လူတိုင္း ‘ေကာင္းကင္မင္းႀကီးက်ိဳးေရ.. ဒီလိုျဖစ္ေနလိမ့္မယ္လို႔ ထင္ေတာင္မထင္ထားဘူး..’ ဟု စေနာက္သြားၾကသည္ခ်ည္း။

သိပ္မၾကာခင္ က်ိဳးက်န္းခြၽမ္၏နာမည္က Hot Search No. 1 သို႔ ေရာက္သြားေတာ့သည္။ ျဖတ္သြားျဖတ္လာမ်ားႏွင့္ နဉ္ရွီ၏ ပရိသတ္မ်ားလည္း က်ိဳးက်န္းခြၽမ္၏ ေဖာ္ေရြမႈေအာက္ ဝင္ေယာင္ၾကေတာ့သည္။

က်ိဳးက်န္းခြၽမ္ : “ပက္ပက္စက္စက္ ရႈံးသြားလိမ့္မယ္လို႔ ငါလည္း ထင္မထားဘူး.. ဒီပုစၧာေတြကို အခ်ိန္တိုအတြင္း ေျဖရွင္းႏိုင္တဲ့လူေတြက လူ,မဟုတ္ေတာ့ဘူး.. နတ္ဘုရားပဲ ျဖစ္ရမယ္..!”

အင္တာနက္သံုးစြဲသူမ်ားက ဓာတ္ပံုကို ေထာက္ၾကၫ့္လိုက္ၾကသည္။ ဓာတ္ပံုထဲတြင္ ‘သိသမ်ွနည္းလမ္းျဖင့္ ပေဟဋိေျဖပါ’ ဟူ၍ ေမးခြန္းသံုးခု ပါရိွသည္။ သခ်ၤာနည္းလမ္းအရ အေပါင္းအႏုတ္မွသည္ သိသမ်ွလကၡဏာအားလံုး အသံုးျပဳႏိုင္၏။ သို႔တိုင္ ထိုပုစၧာမ်ားကို မေျဖရွင္းႏိုင္ခဲ့ေပ။

သိပ္မၾကာခင္မွာေတာ့ ရွီဖန္၏ရွင္းျပမႈေၾကာင့္ လူတိုင္း ဘာေတျြဖစ္ပ်က္ေနသလဲဆိုတာ နားလည္သြားၾကေတာ့သည္။ က်ိဳးက်န္းခြၽမ္သည္ ပ်င္းပ်င္းရိွ၍ အင္တာနက္ေပၚမွ အလြန႔္အလြန္ခက္ခဲသၫ့္ သခ်ၤာပုစၧာမ်ားကို ရွာေဖြခဲ့ၿပီး ‘နာရီဝက္အတြင္း အေျဖရွာႏိုင္မလား’ ဆိုကာ နဉ္ရွီႏွင့္ ေလာင္းကစားလုပ္ခဲ့ျခင္းပင္။

ဆိုရိုးစကားမ်ားအရ ဉာဏ္ရည္ထက္ျမက္လ်ွင္ အခက္အခဲဟူသမ်ွကို ေက်ာ္လႊားႏိုင္သည္ ဟူ၏။ က်ိဳးက်န္းခြၽမ္ခမ်ာ မရႈမလွ ရႈံးနိမ့္သြားၿပီး ႏႈတ္ကြၽံထားသၫ့္အတိုင္း မိန္းကေလးအဝတ္အစားမ်ား ဝတ္ဆင္ခဲ့ရသည္။

ထိုျဖစ္ရပ္ၿပီးေနာက္ က်ိဳးက်န္းခြၽမ္ဟာ မာနမႀကီးဘဲ ေပ်ာ္ေပ်ာ္ေနတတ္သည့္ လူငယ္ေလးအျဖစ္ ပရိသတ္မ်ား၏ ရင္ထဲ ဝင္ေရာက္သြားေတာ့သည္။ ေန့တိုင္း Weibo ေပၚတြင္ စေနာက္ေပ်ာ္ရႊင္ေနၿပီး ဖ်တ္လတ္တက္ႂကြကာ ရင္းႏွီးေဖာ္ေရြေသာ အေငြ့အသက္မ်ားျဖင့္ ျပၫ့္လ်ွံေနေတာ့သည္။

ႏွစ္ကူးပြဲေတာ္ၿပီးေနာက္ Lip Synching ေၾကာင့္ နာမည္က်ေနေသာ က်ိဳးက်န္းခြၽမ္လည္း ေနာက္ဆံုးေတာ့ ဤျဖစ္ရပ္ၿပီးေနာက္ အင္တာနက္သံုးစြဲသူမ်ား၏ ႏွစ္သက္သေဘာက်မႈကို ျပန္လည္ရရိွခဲ့သည္။ ဤနည္းလမ္းက လူႏွစ္ေယာက္ Love Line လုပ္သည္ထက္ ပိုမိုသက္ေရာက္မႈရိွၿပီး ဆိုးက်ိဳးလည္း ကင္းေပသည္။

(TN : Lip Synching ဆိုတာ သီခ်င္းတကယ္မဆိုဘဲ ေနာက္ခံသီခ်င္းဖြင့္ၿပီး ပါးစပ္လႈပ္ေနတာကို ေျပာတာပါ။)

သို႔ေသာ္ တခ်ိဳ႕မီဒီယာမ်ားက နဉ္ရွီႏွင့္ က်ိဳးက်န္းခြၽမ္တို႔ ဆက္ဆံေရးေကာင္းသည္ကို ျမင္ေသာအခါ ဟိုလိုလိုဒီလိုလို ဆက္ဆံေရးရိွေနမလားဟု စတင္ သံသယဝင္လာၾကသည္။ တခ်ိဳ႕ဆိုလ်ွင္ က်ိဳးက်န္းခြၽမ္၏အိမ္သို႔ နဉ္ရွီ သြားလည္သၫ့္ ဓာတ္ပံုမ်ားကိုတင္ကာ ႏွစ္ဦးၾကားတြင္ ခိုင္မာသၫ့္ ဆက္ဆံေရးတစ္ခု ရိွေနေၾကာင္း သက္ေသျပလာၾကသည္။

Weibo ေပၚတြင္ တခ်ိဳ႕ေသာ ေကာလာဟလမ်ား ပ်ံ့ႏွံ႔လာခဲ့၏။

နဉ္ရွီက ခ်န္းရွီေကြ့နဲ႔ ရိုးရိုးသားသား သူငယ္ခ်င္းေတြပါဆိုၿပီး တၫ့္ျငင္းခဲ့တာ မထူးဆန္းေတာ့ပါဘူး။ လက္စသတ္ေတာ့ က်ိဳးက်န္းခြၽမ္နဲ႔ တြဲေနတာကိုး..!

“ခ်န္းကေတာ္.. ရွင့္သားရွီေကြ့ကို မင္းသမီးတစ္ေယာက္က စြန႔္ပစ္သြားတယ္ဆို.. ဟုတ္လား..?”

ေျပာေနေသာ မိန္းမႀကီး၏မ်က္ႏွာ အေတာ္ေလး ပီတိျဖစ္ေနသေယာင္။ သူတို႔၏သားသမီးမ်ားသည္ သာမာန္အားျဖင့္ လူမသိသူမသိမ်ားသာ။ ခ်န္းရွီေကြ့ႏွင့္ယွဉ္တိုင္း အမိႈက္သရိုက္ ျဖစ္သြားရ၏။ ထို႔ေၾကာင့္ ရွားရွားပါးပါး ခ်န္းရွီေကြ့ အရွက္ကြဲသည္ကို ျမင္ေသာအခါ သူတို႔အားလံုး ရႊင္ျမဴးတက္ႂကြေနေတာ့သည္။

“အစမရိွအဆံုးမရိွ..?” ေထာင္ေဟြ့ရႊယ္က လက္ဖက္ရည္ခြက္ကို ၿပံဳးၿပံဳးေလး ျပန္ခ်လိုက္သည္။ အသက္အရြယ္ရလာၿပီ ျဖစ္ေသာ္ျငား သူမ၏ လႈပ္ရွားမႈတိုင္းက အမူအရာေကာင္းမ်ားျဖင့္ တင့္တယ္ေနဆဲ။

“ရွင္ မသိေသးဘူးထင္တယ္.. ခ်န္းရွီေကြ့ႀကိဳက္ေနတဲ့ မင္းသမီးေလ.. အခု မင္းသားတစ္ေယာက္နဲ႔ တြဲေနတယ္တဲ့..”

ေျပာေတာ့ ခ်န္းရွီေကြ့က အရမ္းႀကီးက်ယ္ျမင့္ျမတ္တယ္ဆို..?

အခုေတာ့ ရုပ္ရွင္မင္းသမီးတစ္ေယာက္ကိုေတာင္ ရေအာင္မလိုက္ႏိုင္ဘဲနဲ႔မ်ား။ ဟိုတစ္ေယာက္က သူ႔ကိုေက်ာ္ၿပီး တျခားရုပ္ရွင္မင္းသားတစ္ေယာက္ကို ေရြးခ်ယ္သြားၿပီ..!

ဒါႀကီးက မ်က္ႏွာျဖတ္ရိုက္ခံလိုက္ရတာ မဟုတ္ဘူးလား..?

………………………………………………….
Meow's Note: ဒီေန့ဟာဆိုရင္ ဒီဝတၴုေလးကို ဘာသာျပန္တဲ့ main translator မမMelinoe_Megamiရဲ့ ေမြးေန့ေလးပါေနာ္။ Happy Birthday ပါ မမေရ🎂🎉 ေမြးေန့ကစလို႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာနဲ႔ ေန့ရက္တိုင္းကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ျဖတ္သန္းရပါေစ။ အခ်စ္စစ္နဲ႔ေတြ့ၿပီး လုပ္ငန္းခြင္မွာ ေအာင္ျမင္တဲ့ မိန္းမလွေလးျဖစ္လာပါေစလို႔ မမရဲ့16ေလးက ဆုေတာင္းေပးလိုက္ပါတယ္ေနာ္🙆💙
------------------------------------------------------------

המשך קריאה

You'll Also Like

231K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
281K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
126K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်