နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [42]

1.1K 129 9
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၄၂)

"အစ်မရှီရှီ.. အင်တာနက်ပေါ်မှာ အစ်မကို နာမည်ဖျက်နေကြတယ်.." ရှောင်ယန်သည် အင်တာနက်ပေါ်မှ Hot Topic များကို ဆက်ဆွဲကြည့်လေ၊ တစ်ခုခုမှားယွင်းနေသလို ခံစားလာရလေပင်။ အစပိုင်းတွင် အရာအားလုံး အဆင်ပြေနေသော်လည်း အဘယ်ကြောင့် အစ်မရှီရှီက အရှက်မဲ့ပြီး CEO ချန်း သူမအပေါ် တိတ်တခိုးချစ်ခြင်းကို သာယာနေသည်ဟု အဆုံးသတ်သွားရသနည်း။

"ဒီ Account တွေပဲ ထပ်လာပြန်ပြီ.." နဉ်ရှီက သူမ၏ဖုန်းကိုဖွင့်၍ Weibo ကြည့်လိုက်သည်။ အရင်တစ်ခေါက် ကျူးမိုလီ ရေတပ်သုံးခဲ့စဉ်က သူမကို နာမည်ဖျက်ခဲ့သော Accounts များပင်။ ဤတစ်ကြိမ်လည်း ရောက်လာပြန်သောကြောင့် ဘာတွေဖြစ်ပျက်နေမှန်း နဉ်ရှီ ချက်ချင်း နားလည်သွားသည်။

"အစ်ကိုကျန်းကို ဖုန်းခေါ်ပြီး ကုမ္ပဏီကို ဖြေရှင်းခိုင်းလိုက်မယ်.." ရှောင်ယန်၏အမြင်တွင် အစ်မရှီရှီသည် ဘက်စုံပြစ်ချက်ကင်း၏။ ထိုသို့သော အမျိုးသမီးလေးအား ဖျက်လိုဖျက်ဆီးလုပ်ရန် ကြိုးစားနေသည်ကို မြင်သောအခါ ရှောင်ယန်သည် သည်းမခံနိုင်ခဲ့ပေ။

"အလုပ်ရှုပ်မခံနဲ့.." နဉ်ရှီက ရေတစ်ငုံသောက်လိုက်ပြီး.. "ဒီလိုသတင်းတွေက ရက်အနည်းငယ်ဆို ပျောက်ကွယ်သွားမှာ.. ငါတို့ဘက်က ထရှင်းလိုက်ရင် တစ်ဖက်လူဖြစ်စေချင်သလို ဖြစ်သွားလိမ့်မယ်.."

"အို..." ရှောင်ယန်က အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အေးဆေးတည်ငြိမ်နေသော နဉ်ရှီကိုကြည့်ရင်း သူမ၏စိတ်ထဲတွင် လေးစားကြည်ညိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာခဲ့သည်။

အစ်မနဉ်ရှီက တကယ့်ကို စိတ်ထိန်းနိုင်တာပဲ..!

ရှောင်ယန်သိသည်။ သူမသာ စွပ်စွဲခံရသူဆိုလျှင် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေမည်မှာ သေချာပေါက်ပင်။

ရှောင်ယန်၏ အူတူတူပုံစံလေးကိုကြည့်ရင်း နဉ်ရှီ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ ပြီးနောက် ခေါင်းငုံကာ Personal Phone မှတဆင့် စာတစ်စောင်ပို့လိုက်သည်။ ပြီးနောက် စာပို့ထားသည့် မှတ်တမ်းကို ဖျက်ပစ်လိုက်လေသည်။

နေ့လည် ၁၂ နာရီခန့်တွင် တစ်စုံတစ်ယောက်က အင်တာနက်ပေါ်သို့ ဗီဒီယိုတစ်ခု တင်လာခဲ့သည်။ ထိုဗီဒီယိုထဲတွင် ရိုးသားဖြူစင်သည့် ပုံရိပ်လေးအဖြစ် ပရိတ်သတ်များ ဂုဏ်ယူဝင့်ကြွားရသော ကျူးမိုလီသည် ကားတစ်စီးထဲ ဆေးလိပ်ထိုင်သောက်နေ၏။ ဟိုပေါ်သည်ပေါ် အဝတ်အစားမျိုး ဝတ်ဆင်ထားပြီး သက်လတ်ပိုင်း လူကြီးတစ်ယောက်နှင့် ဖက်တွယ်နေပြီး မြင်ကွင်းတစ်ခုလုံးက လူမမြင်ဝံ့စရာပင်။

အင်တာနက်သုံးသူတချို့က အနှီသက်လတ်ပိုင်းလူကြီးကို သိကြသည်။ ထိုသူသည် ရုပ်ရှင်ဘုရင်မ ချန်ကျန်းကျန်း၏ ခင်ပွန်းဖြစ်သူ ကျင်းဟုန်ခိုင် ဖြစ်နေ၏။

ဗီဒီယိုက တစ်မိနစ်စာခန့်သာ ကြာသော်လည်း လူအများကို အကြီးအကျယ် ရှော့ရသွားစေခဲ့သည်။

ထိုနှစ်က ချန်ကျန်းကျန်း သတ်သေသွားချိန်တွင် လူအများ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရသည်။ တချို့ပရိသတ်များဆိုလျှင် ကျင်းလုပ်ငန်းစု၏ ရုံးချုပ်ရှေ့သို့ သွားရောက်ဆန္ဒပြသည်အထိ။ သတင်းထုတ်လွှင့်ချိန်မှာတော့ လူတိုင်း ထိုဖြစ်ရပ်ကို သိသွားကြသည်။

ထွက်ပေါ်လာသည့် သတင်းများတွင် ချန်ကျန်းကျန်းဟာ နောက်ဆုံးအဆင့် ရောဂါဝေဒနာတစ်မျိုး ခံစားနေရသောကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး သူမ၏ သေဆုံးမှုကြောင့် ကျင်းဟုန်ခိုင်မှာ မချိတင်ကဲ ခံစားခဲ့ရသည်ဟု ဖော်ပြထားကြသည်။ တချို့မီဒီယာများဆိုလျှင် ကျင်းဟုန်ခိုင်ကို အိပ်ဆေးလွန်၍ အရေးပေါ်ဌာန ပို့လိုက်ရသည်ဟုပင် ဆိုကြသည်။ နောက်ဆုံးတော့ ဒေါသထွက်နေသော ပရိသတ်များလည်း ကျင်းလုပ်ငန်းစု ရုံးချုပ်ရှေ့မှ လှည့်ပြန်သွားကြပြီး ရှယ်ယာဈေးလည်း တဖြည်းဖြည်း ပြန်တက်လာခဲ့သည်။

ယခုတော့ သေဆုံးသွားသည့် ချန်ကျန်းကျန်းနောက် လိုက်သွားတော့မတတ် ဖော်ပြခံခဲ့ရသော ထိုအမျိုးသားသည် ကားထဲတွင် တခြားအမျိုးသမီးသရုပ်ဆောင်တစ်ယောက်နှင့် ချစ်ကြည်နူးနေလေ၏။ အမှန်တရားက ရက်စက်လွန်းလှသည်။

အဓိကအချက်ကား ထိုနေ့၏နောက်တစ်ရက်သည် ချန်ကျန်းကျန်း သေဆုံးသွားသည့် နှစ်ပတ်လည်နေ့ ဖြစ်နေခဲ့သည်။ သို့တိုင် ကျင်းဟုန်ခိုင်က တခြားမိန်းမတစ်ယောက်နဲ့ ကလူကျီစယ်နေလေရဲ့။ စိတ်ဆင်းရဲနေတယ်တဲ့လား..?

ချန်ကျန်းကျန်း၏ အမာခံပရိသတ်များမှာ လှည့်စားခံလိုက်ရသလို ခံစားလိုက်ကြရ၏။ ထိုနည်းတူ ကျူးမိုလီ၏ ပရိသတ်များလည်း ထိုဖြစ်ရပ်ကို လက်မခံနိုင်ခဲ့ပေ။

ကျူးမိုလီသာ တခြားတစ်ယောက်နှင့် ဒိတ်လုပ်နေလျှင် သူတို့ စိတ်ထဲထားမည်မဟုတ်ပေ။ သို့သော် ဗီဒီယိုက ရှင်းလင်းလွန်းပြီး ကျင်းဟုန်ခိုင်က သူမကို ကစားစရာပစ္စည်းတစ်ခုနှယ် ပြုမူနေလေသည်။

အင်တာနက်သုံးစွဲသူများ၊ အထူးသဖြင့် ချန်ကျန်းကျန်း၏ ပရိသတ်များ ချက်ချင်း ထကြွလာတော့သည်။ တစ်ယောက်ချင်းစီက တိုက်ပွဲဝင်စိတ်အပြည့်ဖြင့် ချန်ကျန်းကျန်း၏ သေဆုံးမှုကို လက်နက်တစ်ခုအဖြစ် အသုံးပြုရန် ဝန်မလေးကြတော့ပေ။ ကျင်းဟုန်ခိုင် အိပ်ဆေးလွန်ပြီး ဆေးရုံရောက်ခဲ့သည် ဟူသောသတင်းကိုပင် လူတိုင်း သံသယဝင်လာကြတော့သည်။

သို့သော် ထိုဗီဒီယိုက ကြာရှည်မခံခဲ့ဘဲ Weibo မှ ဖျက်ချခံလိုက်ရ၏။ ကျင်းမိသားစုဝင်များနှင့် ပက်သက်သမျှ သတင်းအားလုံး အစပင်မကျန်အောင် ဖယ်ရှားခံလိုက်သည်။ သို့သော် ယနေ့ခေတ် အင်တာနက်သုံးသူများကို ဤနည်းလမ်းမျှဖြင့် ရပ်တန့်မရချေ။ ဘမ်းခံရနိုင်သည့် စကားလုံးများကို ရှောင်ရှားရန် နည်းလမ်းများစွာ ရှိနေပြီးသားပင်။

ဗီဒီယိုတင်မရတာကြောင့် ဓာတ်ပုံများကို အသုံးပြုလာကြသည်။ Account လော့ကျသွားလျှင် အသစ်တစ်ခု ထပ်ဖွင့်လိုက်သည်။ တချို့စိတ်ဓာတ်ပြင်းထန်သော ပရိသတ်များဆိုလျှင် 'Weibo သာ မကောင်းသူဘက်မှ ဆက်ပြီးရပ်တည်နေလျှင်' ရုံးချုပ်အထိ လာရောက်ဆန္ဒပြမည်ဟုပင် ဆိုလာကြ၏။

ဤတစ်ကြိမ်တော့ Weibo ရုံးချုပ်၏ အခြေအနေလည်း သိပ်မကောင်းတော့ပေ။ ယခင်ကဆိုလျှင် Post နှင့် Banned Keywords များကို ပိတ်ပစ်ရုံဖြင့် ပြဿနာအားလုံး ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ သို့သော် ယခုတော့ သူတို့၏ အပြုအမူများက ပြဿနာကို ပိုမိုဆိုးရွားစေခဲ့ပြီး သူတို့သာ ဆက်ပြီးပါဝင်နေမည်ဆိုလျှင် အမှုပတ်သွားနိုင်သည်။

"တစ်ယောက်ယောက်က နောက်ကွယ်ကနေ လှုံ့ဆော်နေတာပဲ.."

လက်ရှိအခြေအနေသည် ပုံမှန်မဟုတ်မှန်း လူတိုင်း ပြောနိုင်သည်။ တချို့ Account က တမင်တကာ သွေးထိုးနေခြင်းဖြစ်ပြီး ကျင်းမိသားစုနှင့် ချန်ကျန်းကျန်း၏ အဆုံးစီရင်မှုကို အစဖော်ခဲ့ခြင်းဖြစ်၏။

ချန်ကျန်းကျန်း သေဆုံးခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်၍ သူမအတွက် တရားမျှတမှု ရှာပေးချင်လျှင် အစောကြီးကတည်းက လုပ်ပေးခဲ့သင့်သည်။ အဘယ်ကြောင့် ဤအချိန်ထိ စောင့်ဆိုင်းနေမည်နည်း။

"ပြဿနာက ပိုကြီးလာပြီ.." တစ်ယောက်က ဖုန်းကိုင်လိုက်ရင်း သူ၏လုပ်ဖော်ကိုင်ဖက်များကို လှည့်ပြောလိုက်သည်။ "အခုပဲ သတင်းရလိုက်တာ.. ဒီပြဿနာက အမျိုးသားရုပ်သံဌာနကိုတောင် ရောက်သွားပြီတဲ့.."

"သူတို့က အနုပညာလောကရဲ့ သတင်းတွေကို စိတ်မဝင်စားဘူးမဟုတ်လား..?" နောက်တစ်ယောက်က အံ့ဩတကြီး မေးသည်။ "အမျိုးသားရုပ်သံဌာနကိုတောင် ဘယ်လိုလုပ် ရောက်သွားရတာလဲ..?"

"ချန်ကျန်းကျန်းရဲ့ ပရိသတ်တွေက ချန်ကျန်းကျန်းသေဆုံးမှုမှာ သံသယဖြစ်စရာတွေ အများကြီးရှိတယ်ဆိုပြီး အမျိုးသားရုပ်သံဌာနရှေ့မှာ ဆန္ဒပြခဲ့ကြတယ်တဲ့.." ဖုန်းဖြေနေသည့် တစ်ယောက်က နားထင်ပွတ်လိုက်ရင်း "ဘော့စ်ကို ဖုန်းဆက်မှဖြစ်မယ်.. ဒီအတိုင်းဆို ငါတို့ မကိုင်တွယ်နိုင်လောက်ဘူး.."

"ပြဿနာ ဒီလောက်ကြီးသွားရတဲ့အထိ ကျင်းဟုန်ခိုင်က ဘယ်သူ့ကို အပြစ်လုပ်ခဲ့မိပါလိမ့်..?" လူတိုင်း ညည်းတွားလိုက်ကြ၏။ အရင်ထဲက ချန်ကျန်းကျန်းအကြောင်း Post များ၊ ဓာတ်ပုံများ အင်တာနက်ပေါ် တကျော့ပြန်ရောက်လာတတ်သည်။ တချို့က နာကျင်ခံစားနေရဟန်ဖြင့် ချန်ကျန်းကျန်း၏ အမှတ်တရများကို ပြန်လည်ရေးသားတတ်ကြပြီး ပရိသတ်များလည်း ချန်ကျန်းကျန်း ဆုံးပါးသွားမှုကြောင့် နှမြောတသ ဖြစ်နေတတ်ကြသည်။

ထို့ကြောင့် ဤတစ်ကြိမ်လည်း ချန်ကျန်းကျန်း၏ ဆွေမျိုးသားချင်း၊ သူငယ်ချင်း သို့မဟုတ် သူမ၏ကုမ္ပဏီက ချန်ကျန်းကျန်း၏ သေဆုံးမှုကို အသုံးချ၍ ပိုက်ဆံဖန်တီးနေခြင်းဟု Weibo ရုံးချုပ်က ထင်မြင်နေခဲ့သည်။ သို့သော် ယခုလိုမျိုး ဦးတည်ချက် ပြောင်းသွားမည်ဟု မထင်ထားခဲ့ပေ။

"ဒီဖြစ်ရပ်ကို အသုံးချပြီး ကျင်းဟုန်ခိုင်ကို ပြဿနာရှာချင်တာဆိုရင်တော့ အဲ့တစ်ယောက်က တော်တော်လေး စိတ်ရှည်တာပဲ.."

IT ဝန်ထမ်းတစ်ယောက်က ကျင်းဟုန်ခိုင်နှင့် ချန်ကျန်းကျန်းကို Mention ထားသော Data များကို ဆွဲချလိုက်သည်။ ထိုအခါ လွန်ခဲ့သော တစ်နှစ်ခန့်က ကျင်းဟုန်ခိုင်နှင့် ချန်ကျန်းကျန်းတို့၏ အချစ်ပုံပြင်လေးအကြောင်း ရေးသားထားတာကို တွေ့လိုက်ရ၏။ ထို Post တွင် ကျင်းဟုန်ခိုင်သည် ချန်ကျန်းကျန်းနှင့် လက်ထပ်နိုင်ရန်အလို့ငှာ ပြဿနာအားလုံးရှေ့တွင် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အရာများလည်း လုပ်ပေးခဲ့သည်။ သူတို့နှစ်ဦး တွေ့ဆုံခဲ့သည်။ ချစ်ကျွမ်းဝင်ခဲ့သည်။ လက်ထပ်ခဲ့ကြသည်။ နောက်တော့ ချန်ကျန်းကျန်းဟာ စိတ်ဓာတ်ကျမှုကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ ကျင်းဟုန်ခိုင်မှာ ထိုဖြစ်ရပ်ကြောင့် ဝမ်းနည်းကြေကွဲခဲ့ရပြီး နောက်တစ်ကြိမ် ထပ်မချစ်နိုင်တော့သည်အထိ။ တကယ့်ကို ဝမ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်ပါပင်။

အမြင့်သို့ရောက်လေ အကျနာလေ မဟုတ်ပါလား။ ကျင်းဟုန်ခိုင်၏ ချစ်တတ်ပုံကို ရင်နှင့်ရင်း၍ ခံစားခဲ့ကြသောကြောင့် တကယ်မဟုတ်မှန်း သိသွားကြသောအခါ အခြေအနေက ပုံမှန်ထက် ပိုဆိုးသွားတော့သည်။ ကျင်းဟုန်ခိုင်က သေလုမျောပါး မခံစားခဲ့ရသည့်အပြင် ချန်ကျန်းကျန်းကိုပင် မေ့သွားခဲ့ချေပြီ။ ချန်ကျန်းကျန်း၏ သက်သေမှုကလည်း အငြင်းပွားဖွယ် ဖြစ်လာခဲ့တော့သည်။ လူတိုင်း သံသယများစွာဖြင့်...

အကယ်၍ ကျင်းဟုန်ခိုင်က လူကောင်းတစ်ယောက်မဟုတ်မှန်း သိထားကြလျှင် ဗီဒီယိုတက်လာချိန်တွင် လူတိုင်း ဒေါသထွက်နိုင်သော်လည်း ဤမျှအနေအထားအထိ ပွက်လောရိုက်လိမ့်မည်မဟုတ်ပေ။

"ကြည့်ရတာ ဒီကျားစေ့ကို အကွက်ချထားတာ ကြာပြီပဲ.. ဒီလူ ဘာကြံနေတာပါလိမ့်..?" IT ဝန်ထမ်းက မျက်မှောင်ကြုတ်လိုက်ရင်း. "ကျင်းဟုန်ခိုင်ရဲ့ မျက်နှာအမှန်ကို ဖော်ထုတ်နိုင်ခဲ့ရင်တောင် အရှက်ခွဲနိုင်ရုံပဲရှိမှာ.. ဘယ်လောက်ထိ သက်ရောက်မှုရှိမှာမလို့လဲ..?"

ကျင်းဟုန်ခိုင်သည် အနုပညာလောကမှ မဟုတ်သောကြောင့် ပရိသတ်များ အထင်သေးစက်ဆုပ်ကြလျှင်ပင် သူက ပူပန်ကြောင့်ကြကင်းစွာဖြင့် ချမ်းသာကြွယ်ဝသော ဒုတိယကျင်းသခင်ကြီး ဖြစ်နေဦးမည်ပင်။ အလွန်ဆုံးမှ ပြည်သူလူထုရှေ့ ထွက်မလာဘဲ ခြောက်လ၊ တစ်နှစ်ခန့် အိမ်တွင်းပုန်းနေရုံသာ။

နောက်ကွယ်မှလူသည် ကျင်းမိသားစု၏ စီးပွားပြိုင်ဖက် ဖြစ်နေခဲ့သည်ရှိသော် ပုဂ္ဂိုလ်ရေးထက် ကျင်းမိသားစု၏ ဂုဏ်သိက္ခာကို ဦးတည်နေခြင်းလော။ သို့သော် ကျင်းဟုန်ခိုင်က ကျင်းမိသားစုဝင် အမည်ခံသာဖြစ်၍ ကုမ္ပဏီကိုတော့ မိသားစုခေါင်းဆောင်ကသာ ချုပ်ကိုင်ထားသည်။ လူထုနှင့် ရန်တိုက်ပေးချင်လျှင် မိသားစုခေါင်းဆောင်၊ ကျင်းမိသားစု၏ အကြီးဆုံးသခင်ကြီးသည်လည်း သန့်ရှင်းနေသည်မဟုတ်။ အဘယ်ကြောင့် အကြီးဆုံးသခင်ကြီးကို မတိုက်ခိုက်ဘဲ အာဏာမရှိသည့် ဒုတိယသခင်ကြီးကို ရွေးချယ်လိုက်ရသနည်း။

ပရိသတ်များကို အုံကြွလာစေသည့် ဤနည်းလမ်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု ကျိန်းသေရှိရမည်။ 'နောက်ကွယ်မှလူ'၏ ရည်ရွယ်ချက်က သူတို့နားမလည်နိုင်အောင် နက်ရှိုင်းလွန်းနေသည်။

ချန်းမိသားစု၏ ဗီလာတွင်...

ချန်းမားမားသည် ကျင်းမိသားစု၏ လက်ဆောင်များကို တစ်ချက်ကြည့်လိုက်ရင်း လိမ္မာပါးနပ်စွာ ပြုံးလိုက်၏။ "မိသားစုတွေပဲကို.. ဘာလို့ယဉ်ကျေးနေတာလဲ..?"

"မဟုတ်တာ.. ယူလာရမှာပေါ့.." ထောင်မင်ယ,က ပြုံးလိုက်သည်။ "မတွေ့တာကြာပြီနော်.. မမရဲ့အသားအရေက ပိုကောင်းလာလိုက်တာ.. ဆယ်နှစ်ယောက် ပိုငယ်သွားသလိုပဲ.."

"ငါက အဘွားကြီးဖြစ်နေပါပြီ.. ဘယ်လိုလုပ် ဆယ်နှစ်လောက် ပိုငယ်သွားရမှာလဲ..?" ချန်းမားမားက လက်ဖက်ရည် တစ်ငုံသောက်လိုက်ရင်း ထောင်မင်ယနှင့်အတူပါလာသော ကျင်းညီအစ်ကိုနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။ သူမ စိတ်ရှုပ်သွားသော်လည်း အမူအရာက တည်ငြိမ်နေဆဲ။ "ရှင်တို့နှစ်ယောက်က အမြဲတမ်း အလုပ်ရှုပ်နေကြတာ.. ဒီနေ့ ရောက်တုန်းရောက်ခိုက် ကြာကြာနေသွားကြလေ.."

ထိုစကားကြောင့် ထောင်မင်ယလည်း အနည်းငယ် နေရခက်သွားသည်။ ထိုနှစ်များက သူမ၏အစ်မကြီး ချန်းမိသားစုထဲ လက်ထပ်ဝင်ရောက်သွားချိန် အတော်ကြာအောင် မနာလိုဖြစ်ခဲ့ဖူးသည်။ နောက်တော့ သူမ၏ခဲအိုက ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ပြီး ချန်းမိသားစုအတွင်း အာဏာလုမှုများ ပြင်းထန်လာတော့သည်။ ထိုစဉ်က ကျင်းမိသားစုဝင်များသည် ထိုပြဿနာထဲ ပါဝင်ပက်သက်မိမည်စိုး၍ လက်ရှောင်နေခဲ့၏။ နှစ်နှစ်ခန့်ကုန်လွန်ပြီးနောက် မိသားစုနှစ်စုသည် အဆက်အသွယ် ရှိသေးသော်လည်း ညီအစ်မနှစ်ယောက်ကတော့ လက်မထပ်ခင်အချိန်များကလို တရင်းတနှီး မရှိကြတော့ပေ။

(TN : ကျင်းမိသားစုဝင်တွေကို မျက်စိလည်မှာစိုးလို့ နည်းနည်းရှင်းပြပေးမယ်နော်။ ကျင်းမိသားစုမှာ ကုမ္ပဏီကို ချုပ်ကိုင်ထားပြီး အာဏာရှိတာက မိသားစုခေါင်းဆောင်ဖြစ်တဲ့ အကြီးဆုံးသခင်ကြီးပါ။ သူ့ရဲ့မိန်းမက ထောင်မင်ယ။ သူ့ရဲ့သားက ကျင်းချန်။ ကျင်းဟုန်ခိုင်က အကြီးဆုံးသခင်ကြီးရဲ့ညီ ဒုတိယသခင်ကြီးဖြစ်ပြီး သူ့ရဲ့သမီးက ကျင်းရီပါ။

ထောင်ဟွေ့ရွှယ်က ချန်းရှီကွေ့ရဲ့အမေဖြစ်ပြီး ထောင်မင်ယရဲ့ အစ်မပါ။)

"တူလေးရှီကွေ့က အရမ်းထက်မြက်တာပဲ.. အစ်မထောင်ကတော့ ကျွန်တော်တို့လို စိုးရိမ်ပူပန်နေစရာ မလိုဘူးနော်..?" ကျင်းဟုန်ခိုင်က မျက်နှာချိုသွေးလိုက်သည်။ "ဒီလိုသားလိမ္မာလေးရှိတဲ့အတွက် မြို့တော်တစ်ခုလုံးမှာ အစ်မထောင်ကို အားမကျတဲ့လူ ဘယ်သူရှိလို့လဲ..?"

"ငါလုပ်နိုင်တာ ဘာမှမရှိဘူးလေ.. ဖြစ်နိုင်မယ်ဆိုရင် သားလေးကို တခြားလူငယ်တွေလို အပူအပင်ကင်းကင်းနဲ့ စိတ်အေးလက်အေး နေစေချင်တာ.." ချန်းမားမားက သက်ပြင်းချလိုက်ရင်း.. "အခုတော့ အဲ့လိုမဟုတ်ပါဘူး.. အသက်က ငယ်ငယ်လေး ရှိသေးတယ်.. ရုပ်တည်ကြီးနဲ့ ပျင်းဖို့ကောင်းလိုက်တာ.. လူငယ်တစ်ယောက်ရဲ့ တက်ကြွမှုကို မရှိဘူး.."

"တူလေးက 'ရုပ်တည်ကြီးနဲ့ ပျင်းဖို့ကောင်းတာ' မဟုတ်ပါဘူး.. အဲ့အစား 'တည်ငြိမ်ရင့်ကျက်တာ'လို့ သုံးသင့်တယ်.." ထောင်မင်ယက မျက်ခုံးပင့်ကာ ဆိုသည်။ "ကျွန်မရဲ့ ခပ်ဆိုးဆိုးသားလေးကို ရှီကွေ့ဆီကနေ သင်ယူခိုင်းရမယ်.. အဲ့တာမှ တစ်နေကုန် အလေလိုက်မနေမှာ.."

"ချန်ဇီက ငယ်သေးတယ်လေ.. အရွယ်ရောက်လာရင် သူ့အလိုလို အဆင်ပြေသွားမှာပါ.."

ချန်းမားမားက ရယ်ရယ်မောမော ပြန်ပြောလိုက်၏။ ထိုစကားတစ်ခွန်းမှလွဲ၍ တခြားဘာမှမပြောခဲ့ပေ။ ကျင်းချန်သည် ကားမောင်းပြိုင်လိုက်၊ ရန်ဖြစ်လိုက်၊ ရုပ်ရှင်မင်းသမီးများအား ထုတ်ပြောမရသည့် စည်းမျဉ်းများ၊ နည်းဗျူဟာများသုံးကာ ချိန်းတွေ့လိုက်ဖြင့် နှစ်နှစ်ကျော် အချိန်ဖြုန်းနေခဲ့၏။ တကယ့်ကို အမြင်မသင့်တော်စရာပင်။ ချန်းမားမား သတိပေးခဲ့ဖူးသော်လည်း အရာမထင်ခဲ့။ ထို့ကြောင့် ယခုမှ ထိုကိစ္စများကို အစပြန်ဖော်ချင်လျှင် မလွယ်ကူတော့ချေ။ သူမလည်း စိတ်ရှုပ်မခံတော့ပေ။

"အစ်မထောင်.. ကျွန်တော်တို့ ဒီနေ့ရောက်လာတာက လာလည်ချင်တာရယ်၊ ရှီကွေ့ကို တောင်းပန်ချင်တာရယ်ကြောင့်ပါ.. ဒါပေမဲ့ ရှီကွေ့က အရမ်းအလုပ်ရှုပ်တာဆိုတော့ သူ့ကို မနှောင့်ယှက်ချင်တာနဲ့ အစ်မထောင်ဆီကိုပဲ တောင်းပန်ဖို့ လာခဲ့လိုက်တာ.."

ကျင်းဟုန်ခိုင်က စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်ရင်း လာရင်းကိစ္စကို ပြောလိုက်၏။

"တောင်းပန်မလို့..?" ချန်းမားမားဖြစ်သည့် ထောင်ဟွေ့ရွှယ်က ကျင်းဟုန်ခိုင်ကို လှည့်ကြည့်လိုက်သည်။ "ဘာအတွက်လဲ..?"

"ရှီကွေ့ရဲ့ပါတနာကို စော်ကားမိတာက ကျွန်တော်တို့မိသားစုရဲ့ ထောင်လွှားလွန်းတဲ့ ကောင်မစုတ်လေး အမှားပါ.." ကျင်းဟုန်ခိုင်က ကူကယ်ရာမဲ့နေဟန်ဖြင့်.. "ဒီနှစ်တွေထဲ ကျွန်တော် အလိုလိုက်ထားတော့ ဒီကောင်မလေးက ဘာမှမစဉ်းစားတတ်တော့ဘူး.. တကယ့်ကိုပဲ......." သူက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။

အစမရှိအဆုံးမရှိ မရေမရာပြောနေသော ကျင်းဟုန်ခိုင်ကိုကြည့်ကာ ထောင်ဟွေ့ရွှယ်က မျက်ခုံးပင့်လိုက်၏။

"ရှီကွေ့ရဲ့ပါတနာ..?"

"ဟုတ်တယ်လေ.. အာ.. အဲ့ကိစ္စကို မရီး မသိသေးဘူးလား..?" ထောင်ဟွေ့ရွှယ်၏ အမေးမျက်နှာကြောင့် ကျင်းဟုန်ခိုင်က ရှင်းပြလိုက်သည်။ "ဟိုတစ်နေ့ညက ချန်းလုပ်ငန်းစုပါတီပွဲကို တူလေးရှီကွေ့က တော်တော်လေးချောတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်နဲ့ ရောက်လာတယ်လေ.. ကျွန်တော့်သမီးလေးက ရှီကွေ့ကို ငယ်ငယ်လေးထဲက ချစ်နေတာဆိုတော့ တခြားမိန်းကလေး ခေါ်လာတာလည်းမြင်ရော စိတ်ဆိုးပြီး ပြဿနာရှာတော့တာပဲ.. အဲ့တာကြောင့် ရှီကွေ့ရဲ့ ပါတနာကောင်မလေး ခြေချင်းဝတ်လည်သွားတယ်.. အဲ့အတွက် ကျွန်တော် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်.."

အရမ်းချောတဲ့ သရုပ်ဆောင်မင်းသမီး..?

ထောင်ဟွေ့ရွှယ်က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်ကာ ပြုံးလိုက်သည်။

"ငါ တကယ်ကို ဘာမှမသိထားတာ.. တကယ်လို့ ဒုတိယကျင်းသခင်နဲ့ ရှီကွေ့ကြားမှာ အထင်လွဲမှုလေးတွေ ရှိခဲ့မယ်ဆိုရင် ရှီကွေ့ပြန်ရောက်တာနဲ့ ရှင်းပြခိုင်းလိုက်ပါ့မယ်.. ငါတို့မိသားစုနှစ်ခုက ခင်မင်ရင်းနှီးလာတာ ဘယ်လောက်ကြာပြီလဲ.. ဒီလို ကိစ္စလေးကြောင့် အခင်အမင်ပျက်စရာ မရှိပါဘူး.."

"ဟုတ်တာပေါ့.. ဟုတ်တာပေါ.." ကျင်းဟုန်ခိုင်က အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ နဉ်ရှီအကြောင်း မေးမြန်းမည့်ပုံမပေါ်သော ထောင်ဟွေ့ရွှယ်ကိုကြည့်ရင်း သူက အရင်စပြောလိုက်သည်။ "အဲ့နေ့ညက တူလေးရှီကွေ့သာ ကောင်မလေးကို ခေါ်မလာဘူးဆိုရင် ကျွန်တော်ဖြင့် တူလေး ရည်းစားရနေမှန်း သိမှာတောင်မဟုတ်ဘူး.. အဲ့မိန်းကလေးက ထက်မြက်ပြီး ကျွန်တော်တို့မိသားစုက ကောင်မလေးထက် ပိုပြီးရင့်ကျက်တယ်.. ကြားရသလောက် လတ်တလော နာမည်အရမ်းကြီးနေတာတဲ့.. တူလေးရှီကွေ့ သဘောကျသွားတာ မထူးဆန်းတော့ပါဘူး.. အဲ့မိန်းကလေးအတွက်နဲ့ သတင်းထောက်တွေကိုတောင် ခြိမ်းခြောက်ခဲ့သေးတာ.."

အပေါ်ယံကြည့်လျှင် နဉ်ရှီအား ချီးမွမ်းနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် စကားလုံးတိုင်း၏ နောက်ကွယ်၌ တခြားအဓိပ္ပါယ်များ ပါဝင်နေလေ၏။

'အတော်လေးချောတယ်'၊ 'ရုပ်ရှင်မင်းသမီး'၊ 'နာမည်စကြီးရုံပဲ ရှိသေးတယ်၊ ချန်းရှီကွေ့နဲ့ တွဲနိုင်ခဲ့ပြီ'၊ 'သူမအတွက်နဲ့ ချန်းရှီကွေ့ကိုတောင် စိတ်ဆိုးဒေါသထွက်စေခဲ့တယ်'၊ ထိုသို့သော မိန်းကလေးမျိုးကို အကောင်းမြင်နိုင်ရန် ခဲယှဉ်းလှသည်။

သို့သော် သူ ထိုသို့ပြောနေသည့်တိုင် ထောင်ဟွေ့ရွှယ်ဘက်က တုံ့ပြန်မှုမရှိတာကြောင့် ကျင်းဟုန်ခိုင် စိတ်ပျက်သွားရသည်။

သူ ချန်ကျန်းကျန်းနဲ့ လက်ထပ်တုန်းက ကျင်းမိသားစုထဲမှာ ထပြီးမကန့်ကွက်တဲ့လူ ဘယ်သူရှိလို့လဲ..?

ထောင်ဟွေ့ရွှယ်က ဘာသဘောလဲ..? နဉ်ရှီ သူတို့မိသားစုထဲ ဝင်မလာနိုင်ပါဘူးလို့ ယုံကြည်ချက်ရှိနေတာလား..?

"ကလေးတွေရဲ့ဘဝကို ဝင်မစွက်ဖက်ချင်ဘူး.." ထောင်ဟွေ့ရွှယ်က အေးချမ်းစွာ ပြုံးလိုက်ရင်း.. "ဒီခေတ်ကြီးမှာ လူတိုင်း လွတ်လွတ်လပ်လပ် ချစ်ပိုင်ခွင့်ရှိတယ်မလား..?"

"အဲ့လိုဆိုတိုင်း လက်ခံနိုင်စရာမရှိဘူးလေ.." ထောင်မင်ယက ဘေးမှာထိုင်နေသော ခင်ပွန်းဖြစ်သူကို လှည့်ကြည့်လိုက်ရင်း.. "အဲ့လို ဘာမဟုတ်တဲ့ ရုပ်ရှင်မင်းသမီးကို ကျွန်မတို့မိသားစုထဲ ဝင်ခိုင်းတာက... မသင့်တော်မှာ စိုးရတယ်.."

"ဘာကို သင့်တော်တာ၊ မသင့်တော်တာ ရှိမှာလဲ..?" ထောင်ဟွေ့ရွှယ်က ထောင်မင်ယကို စကားဖြတ်ပြောလိုက်သည်။ "နင့်ရဲ့အဲ့အကျင့်ကို ပြင်သင့်တာကြာပြီ.. အမြဲတမ်း စိုးရိမ်ပူပန်နေတော့တာပဲ.. ဘာမှဖြစ်မလာသေးဘူး ဘာကိုစိုးရိမ်နေတာလဲ..?"

အစ်မဖြစ်သူ၏ စကားကိုနားထောင်ရင်း သူမ၏အစ်မက နဉ်ရှီကို မျက်လုံးထဲတောင် ထည့်မထားဘူးဟု ထောင်မင်ယ တွေးလိုက်မိသည်။ ထို့ကြောင့် ပြုံးလိုက်ရင်း.. "အစ်မမှန်တယ်.. တစ်ခါတလေ လူငယ်တွေက ကျွန်မတို့ ဖိအားပေးလေ၊ ဆက်ဆံရေး ခိုင်မြဲလာလေပဲ.. ဒီအတိုင်းလေး လွှတ်ထားလိုက်ရင် ခံစားချက်တွေ ပျောက်ကွယ်သွားလိမ့်မယ်.."

ထောင်ဟွေ့ရွှယ်က မထောက်ခံသလို ငြင်းလည်း မငြင်းခဲ့ပေ။ ထိုအစား စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဒီနေ့ ငါကြားရသလောက် ဟုန်ခိုင် ပြဿနာတက်နေတယ်ဆို..?"

"ကိစ္စကြီးမဟုတ်ပါဘူး.. ဒီတိုင်း အင်တာနက်ကလူတချို့ ယုန်ထင်ကြောင်ထင် လျှောက်ရေးနေကြတာပါ.. ရက်နည်းနည်းလောက် ကြာရင် အဆင်ပြေသွားလိမ့်မယ်.." ကျင်းဟုန်ခိုင် စကားပြောနေရင်း အိမ်တော်ထိန်းထံမှ ချန်းရှီကွေ့ ပြန်ရောက်လာပြီဖြစ်ကြောင်း ကြားလိုက်ရသည်။

"ရှီကွေ့.. တူလေး ပြန်လာပြီပဲ.."

Car Accident နောက်ပိုင်း တချို့ကိစ္စများကြောင့် ထောင်မင်ယသည် တူဖြစ်သူ ချန်းရှီကွေ့အား မျက်နှာချင်းမဆိုင်ဝံ့သလို အပြစ်ရှိစိတ်ကြောင့် ချန်းရှီကွေ့ကိုမြင်တိုင်း သူမ၏ ကောင်းမွန်သည့်ဘက်ခြမ်းကို ဖော်ပြနိုင်ရန် ကြိုးစားလာတတ်သည်။

"အန်တီ.. ဦးလေး.. ဒုတိယဦးလေးကျင်း.." ချန်းရှီကွေ့က အပေါ်ထပ်အင်္ကျီကို အိမ်တော်ထိန်းထံ ကမ်းပေးလိုက်ကာ ထောင်ဟွေ့ရွှယ်အနား ဝင်ထိုင်လိုက်သည်။ "အမေ.."

"သား ပြန်ရောက်လာပြီပေါ့.." ထောင်ဟွေ့ရွှယ်က ပြုံး၍ ချန်းရှီကွေ့၏ပုခုံးကို ပုတ်လိုက်သည်။ "စားဖိုမှူးကို သားကြိုက်တဲ့ဟင်းတွေ ချက်ခိုင်းထားတယ်.. များများစားရမယ်နော်.."

"အင်း.." ချန်းရှီကွေ့က ပြန်ဖြေသည်။ တခြားဘာမှထပ်မပြောခဲ့ပေ။

ချန်းရှီကွေ့သည် အမြဲတမ်း အနေအေးသောကြောင့် ကျင်းဟုန်ခိုင်ရော တခြားလူများပါ ထူးထူးခြားခြား မခံစားရပေ။ သို့သော် ထောင်ဟွေ့ရွှယ်ကတော့ သူမ၏သားလေး မနေ့ကတည်းက စိတ်မကြည်လင်မှန်း သတိထားမိလိုက်သည်။

"ရှီကွေ့.. အာ.. တစ်နေ့ညကကိစ္စကြောင့် ဦးလေး လာတောင်းပန်တာပါ.."

"အန်ကယ်ကျင်း.. ဒါက ကျင်းရီနဲ့ နဉ်ရှီကြားက ပြဿနာပါ.. ကျွန်တော့်ကို ဘာလို့လာတောင်းပန်နေတာလဲ..?" ချန်းရှီကွေ့က ကျင်းဟုန်ခိုင်အား အမူအရာမဲ့စွာ လှည့်ကြည့်လိုက်သည်။ ပြီးနောက် အိမ်စေ ယူလာပေးသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း.. "ကျင်းရီ တကယ်စိတ်ရင်းပါရင် နဉ်ရှီကို ကိုယ်တိုင်ကိုယ်ကျ သွားတောင်းပန်သင့်တယ်.."

"ရှီကွေ့.. မင်းရဲ့စကားက....." ချန်းရှီကွေ့ကြောင့် မျက်နှာပျက်သွားရသော သူမခင်ပွန်းသည်၏ ညီဖြစ်သူကို ကြည့်ရင်း ကပျာကယာ ဝင်ပြောလိုက်သည်။ "အဲ့နဉ်ရှီဆိုတာက အပြင်လူလေ.. အပြင်လူတစ်ယောက်အတွက်နဲ့ ဘာလို့ မိသားစုဝင်အချင်းချင်း နေရခက်အောင် လုပ်နေရတာလဲ..?"

"ဘမ်း..!"

ချန်းရှီကွေ့က လက်ဖက်ရည်ခွက်ကို ဆောင့်ချလိုက်ရင်း လေသံမာမာဖြင့် ပြောလိုက်သည်။ "မိသားစုဆိုရင် ကျွန်တော် တကူးတက ဖိတ်ထားတဲ့ ဧည့်သည်ကို ပြဿနာမရှာသင့်ဘူး.."

ထောင်မင်ယ အရှက်ရသွားသည်။ သူမက နဉ်ရှီအား 'ဘာမဟုတ်သည့် သရုပ်ဆောင်တစ်ယောက်'ဟု သုံးနှုန်းနေချိန် ချန်းရှီကွေ့က 'တကူးတက ဖိတ်ကြားထားသည့် ဧည့်သည်တော်'ဟု ဆိုလာသည်။ ဤသို့မျှ ချန်းရှီကွေ့၏ သဘောထားကို နားမလည်သေးလျှင် သူမက ငတုံးတစ်ယောက်သာ ဖြစ်လိမ့်မည်။

ထိုအခိုက် ထောင်မင်ယမှာ ဘာဆက်ပြောရမှန်း မသိတော့သောကြောင့် အစ်မဖြစ်သူကိုသာ လှည့်ကြည့်လိုက်မိ၏။ မည်သူထင်ထားမည်နည်း။ သူမ၏အစ်မက ဘာမှမကြားလိုက်သလို လက်ဖက်ရည် ငုံ့သောက်နေလေသည်။

ပတ်ဝန်းကျင်လေထုက ကိုးရိုးကားယားအခြေအနေသို့ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

ထိုအခြေအနေကြောင့် ကျင်းဟုန်ခိုင်လည်း ကပျာကယာ ဝင်ဖျောင်းဖျလိုက်သည်။ "တူလေး.. စိတ်မဆိုးပါနဲ့.. အေးအေးဆေးဆေး စကားပြောကြရအောင်.. မစ်နဉ်ကို ကျိန်းသေပေါက် စိတ်ကျေနပ်အောင် တောင်းပန်မှာပါ.."

ချန်းရှီကွေ့က ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

"ဒါနဲ့ စကားမစပ်.. တူလေး.. ဦးလေးသိသလောက် Weibo မှာ တူလေးရဲ့ရှယ်ယာတွေ ရှိတယ်မလား..?" ကျင်းဟုန်ခိုင်က အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ "အင်တာနက်ပေါ်က သတင်းတွေကို တူလေးလည်း မြင်တာပဲ.. ဘာမှသိပ်မထိခိုက်ပေမယ့် ကြည့်မကောင်းဘူးလေ.. အဲ့တာကြောင့် ယောင်ကျန့်ဝေကို ပြဿနာရှာနေတဲ့ Account တွေ ပိတ်ပစ်လို့ရအောင် တူလေး အကူအညီတောင်းလို့ ရလောက်လား..?"

(TN : ယောင်ကျန့်ဝေက Weibo ရဲ့ အကြီးဆုံးရှယ်ယာရှင်ပါ။)

...................................................
Meow's Note: ဒီအပိုင်းကို သေချာဖတ်ပါ။ နဉ်ရှီရဲ့identityကမရိုးရှင်းကြောင်း hintတစ်ခုပေးထားပါတယ်။ ကိုယ့်အမြင်အရပေါ့နော်။

[Zawgyi]

အခန္း - (၄၂)

"အစ္မရွီရွီ.. အင္တာနက္ေပၚမွာ အစ္မကို နာမည္ဖ်က္ေနၾကတယ္.." ေရွာင္ယန္သည္ အင္တာနက္ေပၚမွ Hot Topic မ်ားကို ဆက္ဆြဲၾကၫ့္ေလ၊ တစ္ခုခုမွားယြင္းေနသလို ခံစားလာရေလပင္။ အစပိုင္းတြင္ အရာအားလံုး အဆင္ေျပေနေသာ္လည္း အဘယ္ေၾကာင့္ အစ္မရွီရွီက အရွက္မဲ့ၿပီး CEO ခ်န္း သူမအေပၚ တိတ္တခိုးခ်စ္ျခင္းကို သာယာေနသည္ဟု အဆံုးသတ္သြားရသနည္း။

"ဒီ Account ေတြပဲ ထပ္လာျပန္ၿပီ.." နဉ္ရွီက သူမ၏ဖုန္းကိုဖြင့္၍ Weibo ၾကၫ့္လိုက္သည္။ အရင္တစ္ေခါက္ က်ူးမိုလီ ေရတပ္သံုးခဲ့စဉ္က သူမကို နာမည္ဖ်က္ခဲ့ေသာ Accounts မ်ားပင္။ ဤတစ္ႀကိမ္လည္း ေရာက္လာျပန္ေသာေၾကာင့္ ဘာေတျြဖစ္ပ်က္ေနမွန္း နဉ္ရွီ ခ်က္ခ်င္း နားလည္သြားသည္။

"အစ္ကိုက်န္းကို ဖုန္းေခၚၿပီး ကုမၸဏီကို ေျဖရွင္းခိုင္းလိုက္မယ္.." ေရွာင္ယန္၏အျမင္တြင္ အစ္မရွီရွီသည္ ဘက္စံုျပစ္ခ်က္ကင္း၏။ ထိုသို႔ေသာ အမ်ိဳးသမီးေလးအား ဖ်က္လိုဖ်က္ဆီးလုပ္ရန္ ႀကိဳးစားေနသည္ကို ျမင္ေသာအခါ ေရွာင္ယန္သည္ သည္းမခံႏိုင္ခဲ့ေပ။

"အလုပ္ရႈပ္မခံနဲ႔.." နဉ္ရွီက ေရတစ္ငံုေသာက္လိုက္ၿပီး.. "ဒီလိုသတင္းေတြက ရက္အနည္းငယ္ဆို ေပ်ာက္ကြယ္သြားမွာ.. ငါတို႔ဘက္က ထရွင္းလိုက္ရင္ တစ္ဖက္လူျဖစ္ေစခ်င္သလို ျဖစ္သြားလိမ့္မယ္.."

"အို..." ေရွာင္ယန္က အူေၾကာင္ေၾကာင္ျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ ေအးေဆးတည္ၿငိမ္ေနေသာ နဉ္ရွီကိုၾကၫ့္ရင္း သူမ၏စိတ္ထဲတြင္ ေလးစားၾကည္ညိုစိတ္မ်ား တဖြားဖြားျဖစ္ေပၚလာခဲ့သည္။

အစ္မနဉ္ရွီက တကယ့္ကို စိတ္ထိန္းႏိုင္တာပဲ..!

ေရွာင္ယန္သိသည္။ သူမသာ စြပ္စြဲခံရသူဆိုလ်ွင္ ေဒါသေၾကာင့္ ေဆြ့ေဆြ့ခုန္ေနမည္မွာ ေသခ်ာေပါက္ပင္။

ေရွာင္ယန္၏ အူတူတူပံုစံေလးကိုၾကၫ့္ရင္း နဉ္ရွီ မေနႏိုင္ဘဲ ရယ္ေမာလိုက္မိ၏။ ၿပီးေနာက္ ေခါင္းငံုကာ Personal Phone မွတဆင့္ စာတစ္ေစာင္ပို႔လိုက္သည္။ ၿပီးေနာက္ စာပို႔ထားသၫ့္ မွတ္တမ္းကို ဖ်က္ပစ္လိုက္ေလသည္။

ေန့လည္ ၁၂ နာရီခန႔္တြင္ တစ္စံုတစ္ေယာက္က အင္တာနက္ေပၚသို႔ ဗီဒီယိုတစ္ခု တင္လာခဲ့သည္။ ထိုဗီဒီယိုထဲတြင္ ရိုးသားျဖဴစင္သၫ့္ ပံုရိပ္ေလးအျဖစ္ ပရိတ္သတ္မ်ား ဂုဏ္ယူဝင့္ႂကြားရေသာ က်ူးမိုလီသည္ ကားတစ္စီးထဲ ေဆးလိပ္ထိုင္ေသာက္ေန၏။ ဟိုေပၚသည္ေပၚ အဝတ္အစားမ်ိဳး ဝတ္ဆင္ထားၿပီး သက္လတ္ပိုင္း လူႀကီးတစ္ေယာက္ႏွင့္ ဖက္တြယ္ေနၿပီး ျမင္ကြင္းတစ္ခုလံုးက လူမျမင္ဝံ့စရာပင္။

အင္တာနက္သံုးသူတခ်ိဳ႕က အႏွီသက္လတ္ပိုင္းလူႀကီးကို သိၾကသည္။ ထိုသူသည္ ရုပ္ရွင္ဘုရင္မ ခ်န္က်န္းက်န္း၏ ခင္ပြန္းျဖစ္သူ က်င္းဟုန္ခိုင္ ျဖစ္ေန၏။

ဗီဒီယိုက တစ္မိနစ္စာခန႔္သာ ၾကာေသာ္လည္း လူအမ်ားကို အႀကီးအက်ယ္ ေရွာ့ရသြားေစခဲ့သည္။

ထိုႏွစ္က ခ်န္က်န္းက်န္း သတ္ေသသြားခ်ိန္တြင္ လူအမ်ား အုတ္ေအာ္ေသာင္းနင္း ျဖစ္ခဲ့ရသည္။ တခ်ိဳ႕ပရိသတ္မ်ားဆိုလ်ွင္ က်င္းလုပ္ငန္းစု၏ ရံုးခ်ဳပ္ေရ႔ွသို႔ သြားေရာက္ဆႏၵျပသည္အထိ။ သတင္းထုတ္လႊင့္ခ်ိန္မွာေတာ့ လူတိုင္း ထိုျဖစ္ရပ္ကို သိသြားၾကသည္။

ထြက္ေပၚလာသၫ့္ သတင္းမ်ားတြင္ ခ်န္က်န္းက်န္းဟာ ေနာက္ဆံုးအဆင့္ ေရာဂါေဝဒနာတစ္မ်ိဳး ခံစားေနရေသာေၾကာင့္ ကိုယ့္ကိုယ္ကို အဆံုးစီရင္ရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ၿပီး သူမ၏ ေသဆံုးမႈေၾကာင့္ က်င္းဟုန္ခိုင္မွာ မခ်ိတင္ကဲ ခံစားခဲ့ရသည္ဟု ေဖာ္ျပထားၾကသည္။ တခ်ိဳ႕မီဒီယာမ်ားဆိုလ်ွင္ က်င္းဟုန္ခိုင္ကို အိပ္ေဆးလြန္၍ အေရးေပၚဌာန ပို႔လိုက္ရသည္ဟုပင္ ဆိုၾကသည္။ ေနာက္ဆံုးေတာ့ ေဒါသထြက္ေနေသာ ပရိသတ္မ်ားလည္း က်င္းလုပ္ငန္းစု ရံုးခ်ဳပ္ေရ႔ွမွ လွၫ့္ျပန္သြားၾကၿပီး ရွယ္ယာေဈးလည္း တျဖည္းျဖည္း ျပန္တက္လာခဲ့သည္။

ယခုေတာ့ ေသဆံုးသြားသၫ့္ ခ်န္က်န္းက်န္းေနာက္ လိုက္သြားေတာ့မတတ္ ေဖာ္ျပခံခဲ့ရေသာ ထိုအမ်ိဳးသားသည္ ကားထဲတြင္ တျခားအမ်ိဳးသမီးသရုပ္ေဆာင္တစ္ေယာက္ႏွင့္ ခ်စ္ၾကည္ႏူးေနေလ၏။ အမွန္တရားက ရက္စက္လြန္းလွသည္။

အဓိကအခ်က္ကား ထိုေန့၏ေနာက္တစ္ရက္သည္ ခ်န္က်န္းက်န္း ေသဆံုးသြားသၫ့္ ႏွစ္ပတ္လည္ေန့ ျဖစ္ေနခဲ့သည္။ သို႔တိုင္ က်င္းဟုန္ခိုင္က တျခားမိန္းမတစ္ေယာက္နဲ႔ ကလူက်ီစယ္ေနေလရဲ့။ စိတ္ဆင္းရဲေနတယ္တဲ့လား..?

ခ်န္က်န္းက်န္း၏ အမာခံပရိသတ္မ်ားမွာ လွၫ့္စားခံလိုက္ရသလို ခံစားလိုက္ၾကရ၏။ ထိုနည္းတူ က်ူးမိုလီ၏ ပရိသတ္မ်ားလည္း ထိုျဖစ္ရပ္ကို လက္မခံႏိုင္ခဲ့ေပ။

က်ူးမိုလီသာ တျခားတစ္ေယာက္ႏွင့္ ဒိတ္လုပ္ေနလ်ွင္ သူတို႔ စိတ္ထဲထားမည္မဟုတ္ေပ။ သို႔ေသာ္ ဗီဒီယိုက ရွင္းလင္းလြန္းၿပီး က်င္းဟုန္ခိုင္က သူမကို ကစားစရာပစၥည္းတစ္ခုႏွယ္ ျပဳမူေနေလသည္။

အင္တာနက္သံုးစြဲသူမ်ား၊ အထူးသျဖင့္ ခ်န္က်န္းက်န္း၏ ပရိသတ္မ်ား ခ်က္ခ်င္း ထႂကြလာေတာ့သည္။ တစ္ေယာက္ခ်င္းစီက တိုက္ပြဲဝင္စိတ္အျပၫ့္ျဖင့္ ခ်န္က်န္းက်န္း၏ ေသဆံုးမႈကို လက္နက္တစ္ခုအျဖစ္ အသံုးျပဳရန္ ဝန္မေလးၾကေတာ့ေပ။ က်င္းဟုန္ခိုင္ အိပ္ေဆးလြန္ၿပီး ေဆးရံုေရာက္ခဲ့သည္ ဟူေသာသတင္းကိုပင္ လူတိုင္း သံသယဝင္လာၾကေတာ့သည္။

သို႔ေသာ္ ထိုဗီဒီယိုက ၾကာရွည္မခံခဲ့ဘဲ Weibo မွ ဖ်က္ခ်ခံလိုက္ရ၏။ က်င္းမိသားစုဝင္မ်ားႏွင့္ ပက္သက္သမ်ွ သတင္းအားလံုး အစပင္မက်န္ေအာင္ ဖယ္ရွားခံလိုက္သည္။ သို႔ေသာ္ ယေန့ေခတ္ အင္တာနက္သံုးသူမ်ားကို ဤနည္းလမ္းမ်ျွဖင့္ ရပ္တန႔္မရေခ်။ ဘမ္းခံရႏိုင္သၫ့္ စကားလံုးမ်ားကို ေရွာင္ရွားရန္ နည္းလမ္းမ်ားစြာ ရိွေနၿပီးသားပင္။

ဗီဒီယိုတင္မရတာေၾကာင့္ ဓာတ္ပံုမ်ားကို အသံုးျပဳလာၾကသည္။ Account ေလာ့က်သြားလ်ွင္ အသစ္တစ္ခု ထပ္ဖြင့္လိုက္သည္။ တခ်ိဳ႕စိတ္ဓာတ္ျပင္းထန္ေသာ ပရိသတ္မ်ားဆိုလ်ွင္ 'Weibo သာ မေကာင္းသူဘက္မွ ဆက္ၿပီးရပ္တည္ေနလ်ွင္' ရံုးခ်ဳပ္အထိ လာေရာက္ဆႏၵျပမည္ဟုပင္ ဆိုလာၾက၏။

ဤတစ္ႀကိမ္ေတာ့ Weibo ရံုးခ်ဳပ္၏ အေျခအေနလည္း သိပ္မေကာင္းေတာ့ေပ။ ယခင္ကဆိုလ်ွင္ Post ႏွင့္ Banned Keywords မ်ားကို ပိတ္ပစ္ရံုျဖင့္ ျပႆနာအားလံုး ျဖည္းျဖည္းခ်င္း ၿငိမ္သက္သြားသည္။ သို႔ေသာ္ ယခုေတာ့ သူတို႔၏ အျပဳအမူမ်ားက ျပႆနာကို ပိုမိုဆိုးရြားေစခဲ့ၿပီး သူတို႔သာ ဆက္ၿပီးပါဝင္ေနမည္ဆိုလ်ွင္ အမႈပတ္သြားႏိုင္သည္။

"တစ္ေယာက္ေယာက္က ေနာက္ကြယ္ကေန လႈံ႔ေဆာ္ေနတာပဲ.."

လက္ရိွအေျခအေနသည္ ပံုမွန္မဟုတ္မွန္း လူတိုင္း ေျပာႏိုင္သည္။ တခ်ိဳ႕ Account က တမင္တကာ ေသြးထိုးေနျခင္းျဖစ္ၿပီး က်င္းမိသားစုႏွင့္ ခ်န္က်န္းက်န္း၏ အဆံုးစီရင္မႈကို အစေဖာ္ခဲ့ျခင္းျဖစ္၏။

ခ်န္က်န္းက်န္း ေသဆံုးခဲ့သည္မွာ ႏွစ္အေတာ္ၾကာၿပီျဖစ္၍ သူမအတြက္ တရားမ်ွတမႈ ရွာေပးခ်င္လ်ွင္ အေစာႀကီးကတည္းက လုပ္ေပးခဲ့သင့္သည္။ အဘယ္ေၾကာင့္ ဤအခ်ိန္ထိ ေစာင့္ဆိုင္းေနမည္နည္း။

"ျပႆနာက ပိုႀကီးလာၿပီ.." တစ္ေယာက္က ဖုန္းကိုင္လိုက္ရင္း သူ၏လုပ္ေဖာ္ကိုင္ဖက္မ်ားကို လွၫ့္ေျပာလိုက္သည္။ "အခုပဲ သတင္းရလိုက္တာ.. ဒီျပႆနာက အမ်ိဳးသားရုပ္သံဌာနကိုေတာင္ ေရာက္သြားၿပီတဲ့.."

"သူတို႔က အႏုပညာေလာကရဲ့ သတင္းေတြကို စိတ္မဝင္စားဘူးမဟုတ္လား..?" ေနာက္တစ္ေယာက္က အံ့ဩတႀကီး ေမးသည္။ "အမ်ိဳးသားရုပ္သံဌာနကိုေတာင္ ဘယ္လိုလုပ္ ေရာက္သြားရတာလဲ..?"

"ခ်န္က်န္းက်န္းရဲ့ ပရိသတ္ေတြက ခ်န္က်န္းက်န္းေသဆံုးမႈမွာ သံသယျဖစ္စရာေတြ အမ်ားႀကီးရိွတယ္ဆိုၿပီး အမ်ိဳးသားရုပ္သံဌာနေရ႔ွမွာ ဆႏၵျပခဲ့ၾကတယ္တဲ့.." ဖုန္းေျဖေနသၫ့္ တစ္ေယာက္က နားထင္ပြတ္လိုက္ရင္း "ေဘာ့စ္ကို ဖုန္းဆက္မျွဖစ္မယ္.. ဒီအတိုင္းဆို ငါတို႔ မကိုင္တြယ္ႏိုင္ေလာက္ဘူး.."

"ျပႆနာ ဒီေလာက္ႀကီးသြားရတဲ့အထိ က်င္းဟုန္ခိုင္က ဘယ္သူ႔ကို အျပစ္လုပ္ခဲ့မိပါလိမ့္..?" လူတိုင္း ညည္းတြားလိုက္ၾက၏။ အရင္ထဲက ခ်န္က်န္းက်န္းအေၾကာင္း Post မ်ား၊ ဓာတ္ပံုမ်ား အင္တာနက္ေပၚ တေက်ာ့ျပန္ေရာက္လာတတ္သည္။ တခ်ိဳ႕က နာက်င္ခံစားေနရဟန္ျဖင့္ ခ်န္က်န္းက်န္း၏ အမွတ္တရမ်ားကို ျပန္လည္ေရးသားတတ္ၾကၿပီး ပရိသတ္မ်ားလည္း ခ်န္က်န္းက်န္း ဆံုးပါးသြားမႈေၾကာင့္ ႏွေျမာတသ ျဖစ္ေနတတ္ၾကသည္။

ထို႔ေၾကာင့္ ဤတစ္ႀကိမ္လည္း ခ်န္က်န္းက်န္း၏ ေဆြမ်ိဳးသားခ်င္း၊ သူငယ္ခ်င္း သို႔မဟုတ္ သူမ၏ကုမၸဏီက ခ်န္က်န္းက်န္း၏ ေသဆံုးမႈကို အသံုးခ်၍ ပိုက္ဆံဖန္တီးေနျခင္းဟု Weibo ရံုးခ်ဳပ္က ထင္ျမင္ေနခဲ့သည္။ သို႔ေသာ္ ယခုလိုမ်ိဳး ဦးတည္ခ်က္ ေျပာင္းသြားမည္ဟု မထင္ထားခဲ့ေပ။

"ဒီျဖစ္ရပ္ကို အသံုးခ်ၿပီး က်င္းဟုန္ခိုင္ကို ျပႆနာရွာခ်င္တာဆိုရင္ေတာ့ အဲ့တစ္ေယာက္က ေတာ္ေတာ္ေလး စိတ္ရွည္တာပဲ.."

IT ဝန္ထမ္းတစ္ေယာက္က က်င္းဟုန္ခိုင္ႏွင့္ ခ်န္က်န္းက်န္းကို Mention ထားေသာ Data မ်ားကို ဆြဲခ်လိုက္သည္။ ထိုအခါ လြန္ခဲ့ေသာ တစ္ႏွစ္ခန႔္က က်င္းဟုန္ခိုင္ႏွင့္ ခ်န္က်န္းက်န္းတို႔၏ အခ်စ္ပံုျပင္ေလးအေၾကာင္း ေရးသားထားတာကို ေတြ့လိုက္ရ၏။ ထို Post တြင္ က်င္းဟုန္ခိုင္သည္ ခ်န္က်န္းက်န္းႏွင့္ လက္ထပ္ႏိုင္ရန္အလို႔ငွာ ျပႆနာအားလံုးေရ႔ွတြင္ မားမားမတ္မတ္ ရပ္တည္ေပးခဲ့ၿပီး ရင္ခုန္စိတ္လႈပ္ရွားဖြယ္ အရာမ်ားလည္း လုပ္ေပးခဲ့သည္။ သူတို႔ႏွစ္ဦး ေတြ့ဆံုခဲ့သည္။ ခ်စ္ကြၽမ္းဝင္ခဲ့သည္။ လက္ထပ္ခဲ့ၾကသည္။ ေနာက္ေတာ့ ခ်န္က်န္းက်န္းဟာ စိတ္ဓာတ္က်မႈေၾကာင့္ ကိုယ့္ကိုယ္ကို အဆံုးစီရင္သြားခဲ့သည္။ က်င္းဟုန္ခိုင္မွာ ထိုျဖစ္ရပ္ေၾကာင့္ ဝမ္းနည္းေၾကကြဲခဲ့ရၿပီး ေနာက္တစ္ႀကိမ္ ထပ္မခ်စ္ႏိုင္ေတာ့သည္အထိ။ တကယ့္ကို ဝမ္းနည္းေၾကကြဲဖြယ္ ဇာတ္လမ္းေလးတစ္ပုဒ္ပါပင္။

အျမင့္သို႔ေရာက္ေလ အက်နာေလ မဟုတ္ပါလား။ က်င္းဟုန္ခိုင္၏ ခ်စ္တတ္ပံုကို ရင္ႏွင့္ရင္း၍ ခံစားခဲ့ၾကေသာေၾကာင့္ တကယ္မဟုတ္မွန္း သိသြားၾကေသာအခါ အေျခအေနက ပံုမွန္ထက္ ပိုဆိုးသြားေတာ့သည္။ က်င္းဟုန္ခိုင္က ေသလုေမ်ာပါး မခံစားခဲ့ရသၫ့္အျပင္ ခ်န္က်န္းက်န္းကိုပင္ ေမ့သြားခဲ့ေခ်ၿပီ။ ခ်န္က်န္းက်န္း၏ သက္ေသမႈကလည္း အျငင္းပြားဖြယ္ ျဖစ္လာခဲ့ေတာ့သည္။ လူတိုင္း သံသယမ်ားစြာျဖင့္...

အကယ္၍ က်င္းဟုန္ခိုင္က လူေကာင္းတစ္ေယာက္မဟုတ္မွန္း သိထားၾကလ်ွင္ ဗီဒီယိုတက္လာခ်ိန္တြင္ လူတိုင္း ေဒါသထြက္ႏိုင္ေသာ္လည္း ဤမ်ွအေနအထားအထိ ပြက္ေလာရိုက္လိမ့္မည္မဟုတ္ေပ။

"ၾကၫ့္ရတာ ဒီက်ားေစ့ကို အကြက္ခ်ထားတာ ၾကာၿပီပဲ.. ဒီလူ ဘာႀကံေနတာပါလိမ့္..?" IT ဝန္ထမ္းက မ်က္ေမွာင္ၾကဳတ္လိုက္ရင္း. "က်င္းဟုန္ခိုင္ရဲ့ မ်က္ႏွာအမွန္ကို ေဖာ္ထုတ္ႏိုင္ခဲ့ရင္ေတာင္ အရွက္ခြဲႏိုင္ရံုပဲရိွမွာ.. ဘယ္ေလာက္ထိ သက္ေရာက္မႈရိွမွာမလို႔လဲ..?"

က်င္းဟုန္ခိုင္သည္ အႏုပညာေလာကမွ မဟုတ္ေသာေၾကာင့္ ပရိသတ္မ်ား အထင္ေသးစက္ဆုပ္ၾကလ်ွင္ပင္ သူက ပူပန္ေၾကာင့္ၾကကင္းစြာျဖင့္ ခ်မ္းသာႂကြယ္ဝေသာ ဒုတိယက်င္းသခင္ႀကီး ျဖစ္ေနဦးမည္ပင္။ အလြန္ဆံုးမွ ျပည္သူလူထုေရ႔ွ ထြက္မလာဘဲ ေျခာက္လ၊ တစ္ႏွစ္ခန႔္ အိမ္တြင္းပုန္းေနရံုသာ။

ေနာက္ကြယ္မွလူသည္ က်င္းမိသားစု၏ စီးပြားၿပိဳင္ဖက္ ျဖစ္ေနခဲ့သည္ရိွေသာ္ ပုဂၢိုလ္ေရးထက္ က်င္းမိသားစု၏ ဂုဏ္သိကၡာကို ဦးတည္ေနျခင္းေလာ။ သို႔ေသာ္ က်င္းဟုန္ခိုင္က က်င္းမိသားစုဝင္ အမည္ခံသာျဖစ္၍ ကုမၸဏီကိုေတာ့ မိသားစုေခါင္းေဆာင္ကသာ ခ်ဳပ္ကိုင္ထားသည္။ လူထုႏွင့္ ရန္တိုက္ေပးခ်င္လ်ွင္ မိသားစုေခါင္းေဆာင္၊ က်င္းမိသားစု၏ အႀကီးဆံုးသခင္ႀကီးသည္လည္း သန႔္ရွင္းေနသည္မဟုတ္။ အဘယ္ေၾကာင့္ အႀကီးဆံုးသခင္ႀကီးကို မတိုက္ခိုက္ဘဲ အာဏာမရိွသၫ့္ ဒုတိယသခင္ႀကီးကို ေရြးခ်ယ္လိုက္ရသနည္း။

ပရိသတ္မ်ားကို အံုႂကြလာေစသၫ့္ ဤနည္းလမ္း၏ ေနာက္ကြယ္တြင္ ရည္ရြယ္ခ်က္တစ္ခု က်ိန္းေသရိွရမည္။ 'ေနာက္ကြယ္မွလူ'၏ ရည္ရြယ္ခ်က္က သူတို႔နားမလည္ႏိုင္ေအာင္ နက္ရိႈင္းလြန္းေနသည္။

ခ်န္းမိသားစု၏ ဗီလာတြင္...

ခ်န္းမားမားသည္ က်င္းမိသားစု၏ လက္ေဆာင္မ်ားကို တစ္ခ်က္ၾကၫ့္လိုက္ရင္း လိမၼာပါးနပ္စြာ ၿပံဳးလိုက္၏။ "မိသားစုေတြပဲကို.. ဘာလို႔ယဉ္ေက်းေနတာလဲ..?"

"မဟုတ္တာ.. ယူလာရမွာေပါ့.." ေထာင္မင္ယ,က ၿပံဳးလိုက္သည္။ "မေတြ့တာၾကာၿပီေနာ္.. မမရဲ့အသားအေရက ပိုေကာင္းလာလိုက္တာ.. ဆယ္ႏွစ္ေယာက္ ပိုငယ္သြားသလိုပဲ.."

"ငါက အဘြားႀကီးျဖစ္ေနပါၿပီ.. ဘယ္လိုလုပ္ ဆယ္ႏွစ္ေလာက္ ပိုငယ္သြားရမွာလဲ..?" ခ်န္းမားမားက လက္ဖက္ရည္ တစ္ငံုေသာက္လိုက္ရင္း ေထာင္မင္ယႏွင့္အတူပါလာေသာ က်င္းညီအစ္ကိုႏွစ္ေယာက္ကို လွၫ့္ၾကၫ့္လိုက္သည္။ သူမ စိတ္ရႈပ္သြားေသာ္လည္း အမူအရာက တည္ၿငိမ္ေနဆဲ။ "ရွင္တို႔ႏွစ္ေယာက္က အၿမဲတမ္း အလုပ္ရႈပ္ေနၾကတာ.. ဒီေန့ ေရာက္တုန္းေရာက္ခိုက္ ၾကာၾကာေနသြားၾကေလ.."

ထိုစကားေၾကာင့္ ေထာင္မင္ယလည္း အနည္းငယ္ ေနရခက္သြားသည္။ ထိုႏွစ္မ်ားက သူမ၏အစ္မႀကီး ခ်န္းမိသားစုထဲ လက္ထပ္ဝင္ေရာက္သြားခ်ိန္ အေတာ္ၾကာေအာင္ မနာလိုျဖစ္ခဲ့ဖူးသည္။ ေနာက္ေတာ့ သူမ၏ခဲအိုက ယာဉ္မေတာ္တဆမႈေၾကာင့္ ေသဆံုးသြားခဲ့ၿပီး ခ်န္းမိသားစုအတြင္း အာဏာလုမႈမ်ား ျပင္းထန္လာေတာ့သည္။ ထိုစဉ္က က်င္းမိသားစုဝင္မ်ားသည္ ထိုျပႆနာထဲ ပါဝင္ပက္သက္မိမည္စိုး၍ လက္ေရွာင္ေနခဲ့၏။ ႏွစ္ႏွစ္ခန႔္ကုန္လြန္ၿပီးေနာက္ မိသားစုႏွစ္စုသည္ အဆက္အသြယ္ ရိွေသးေသာ္လည္း ညီအစ္မႏွစ္ေယာက္ကေတာ့ လက္မထပ္ခင္အခ်ိန္မ်ားကလို တရင္းတႏွီး မရိွၾကေတာ့ေပ။

(TN : က်င္းမိသားစုဝင္ေတြကို မ်က္စိလည္မွာစိုးလို႔ နည္းနည္းရွင္းျပေပးမယ္ေနာ္။ က်င္းမိသားစုမွာ ကုမၸဏီကို ခ်ဳပ္ကိုင္ထားၿပီး အာဏာရိွတာက မိသားစုေခါင္းေဆာင္ျဖစ္တဲ့ အႀကီးဆံုးသခင္ႀကီးပါ။ သူ႔ရဲ့မိန္းမက ေထာင္မင္ယ။ သူ႔ရဲ့သားက က်င္းခ်န္။ က်င္းဟုန္ခိုင္က အႀကီးဆံုးသခင္ႀကီးရဲ့ညီ ဒုတိယသခင္ႀကီးျဖစ္ၿပီး သူ႔ရဲ့သမီးက က်င္းရီပါ။

ေထာင္ေဟြ့ရႊယ္က ခ်န္းရွီေကြ့ရဲ့အေမျဖစ္ၿပီး ေထာင္မင္ယရဲ့ အစ္မပါ။)

"တူေလးရွီေကြ့က အရမ္းထက္ျမက္တာပဲ.. အစ္မေထာင္ကေတာ့ ကြၽန္ေတာ္တို႔လို စိုးရိမ္ပူပန္ေနစရာ မလိုဘူးေနာ္..?" က်င္းဟုန္ခိုင္က မ်က္ႏွာခ်ိဳေသြးလိုက္သည္။ "ဒီလိုသားလိမၼာေလးရိွတဲ့အတြက္ ၿမိဳ႔ေတာ္တစ္ခုလံုးမွာ အစ္မေထာင္ကို အားမက်တဲ့လူ ဘယ္သူရိွလို႔လဲ..?"

"ငါလုပ္ႏိုင္တာ ဘာမွမရိွဘူးေလ.. ျဖစ္ႏိုင္မယ္ဆိုရင္ သားေလးကို တျခားလူငယ္ေတြလို အပူအပင္ကင္းကင္းနဲ႔ စိတ္ေအးလက္ေအး ေနေစခ်င္တာ.." ခ်န္းမားမားက သက္ျပင္းခ်လိုက္ရင္း.. "အခုေတာ့ အဲ့လိုမဟုတ္ပါဘူး.. အသက္က ငယ္ငယ္ေလး ရိွေသးတယ္.. ရုပ္တည္ႀကီးနဲ႔ ပ်င္းဖို႔ေကာင္းလိုက္တာ.. လူငယ္တစ္ေယာက္ရဲ့ တက္ႂကြမႈကို မရိွဘူး.."

"တူေလးက 'ရုပ္တည္ႀကီးနဲ႔ ပ်င္းဖို႔ေကာင္းတာ' မဟုတ္ပါဘူး.. အဲ့အစား 'တည္ၿငိမ္ရင့္က်က္တာ'လို႔ သံုးသင့္တယ္.." ေထာင္မင္ယက မ်က္ခံုးပင့္ကာ ဆိုသည္။ "ကြၽန္မရဲ့ ခပ္ဆိုးဆိုးသားေလးကို ရွီေကြ့ဆီကေန သင္ယူခိုင္းရမယ္.. အဲ့တာမွ တစ္ေနကုန္ အေလလိုက္မေနမွာ.."

"ခ်န္ဇီက ငယ္ေသးတယ္ေလ.. အရြယ္ေရာက္လာရင္ သူ႔အလိုလို အဆင္ေျပသြားမွာပါ.."

ခ်န္းမားမားက ရယ္ရယ္ေမာေမာ ျပန္ေျပာလိုက္၏။ ထိုစကားတစ္ခြန္းမွလြဲ၍ တျခားဘာမွမေျပာခဲ့ေပ။ က်င္းခ်န္သည္ ကားေမာင္းၿပိဳင္လိုက္၊ ရန္ျဖစ္လိုက္၊ ရုပ္ရွင္မင္းသမီးမ်ားအား ထုတ္ေျပာမရသၫ့္ စည္းမ်ဉ္းမ်ား၊ နည္းဗ်ူဟာမ်ားသံုးကာ ခ်ိန္းေတြ့လိုက္ျဖင့္ ႏွစ္ႏွစ္ေက်ာ္ အခ်ိန္ျဖဳန္းေနခဲ့၏။ တကယ့္ကို အျမင္မသင့္ေတာ္စရာပင္။ ခ်န္းမားမား သတိေပးခဲ့ဖူးေသာ္လည္း အရာမထင္ခဲ့။ ထို႔ေၾကာင့္ ယခုမွ ထိုကိစၥမ်ားကို အစျပန္ေဖာ္ခ်င္လ်ွင္ မလြယ္ကူေတာ့ေခ်။ သူမလည္း စိတ္ရႈပ္မခံေတာ့ေပ။

"အစ္မေထာင္.. ကြၽန္ေတာ္တို႔ ဒီေန့ေရာက္လာတာက လာလည္ခ်င္တာရယ္၊ ရွီေကြ့ကို ေတာင္းပန္ခ်င္တာရယ္ေၾကာင့္ပါ.. ဒါေပမဲ့ ရွီေကြ့က အရမ္းအလုပ္ရႈပ္တာဆိုေတာ့ သူ႔ကို မေနွာင့္ယွက္ခ်င္တာနဲ႔ အစ္မေထာင္ဆီကိုပဲ ေတာင္းပန္ဖို႔ လာခဲ့လိုက္တာ.."

က်င္းဟုန္ခိုင္က စကားလမ္းေၾကာင္းေျပာင္းရန္ ႀကိဳးစားလိုက္ရင္း လာရင္းကိစၥကို ေျပာလိုက္၏။

"ေတာင္းပန္မလို႔..?" ခ်န္းမားမားျဖစ္သၫ့္ ေထာင္ေဟြ့ရႊယ္က က်င္းဟုန္ခိုင္ကို လွၫ့္ၾကၫ့္လိုက္သည္။ "ဘာအတြက္လဲ..?"

"ရွီေကြ့ရဲ့ပါတနာကို ေစာ္ကားမိတာက ကြၽန္ေတာ္တို႔မိသားစုရဲ့ ေထာင္လႊားလြန္းတဲ့ ေကာင္မစုတ္ေလး အမွားပါ.." က်င္းဟုန္ခိုင္က ကူကယ္ရာမဲ့ေနဟန္ျဖင့္.. "ဒီႏွစ္ေတြထဲ ကြၽန္ေတာ္ အလိုလိုက္ထားေတာ့ ဒီေကာင္မေလးက ဘာမွမစဉ္းစားတတ္ေတာ့ဘူး.. တကယ့္ကိုပဲ......." သူက ကူကယ္ရာမဲ့စြာ ေခါင္းယမ္းလိုက္သည္။

အစမရိွအဆံုးမရိွ မေရမရာေျပာေနေသာ က်င္းဟုန္ခိုင္ကိုၾကၫ့္ကာ ေထာင္ေဟြ့ရႊယ္က မ်က္ခံုးပင့္လိုက္၏။

"ရွီေကြ့ရဲ့ပါတနာ..?"

"ဟုတ္တယ္ေလ.. အာ.. အဲ့ကိစၥကို မရီး မသိေသးဘူးလား..?" ေထာင္ေဟြ့ရႊယ္၏ အေမးမ်က္ႏွာေၾကာင့္ က်င္းဟုန္ခိုင္က ရွင္းျပလိုက္သည္။ "ဟိုတစ္ေန့ညက ခ်န္းလုပ္ငန္းစုပါတီပြဲကို တူေလးရွီေကြ့က ေတာ္ေတာ္ေလးေခ်ာတဲ့ ရုပ္ရွင္မင္းသမီး တစ္ေယာက္နဲ႔ ေရာက္လာတယ္ေလ.. ကြၽန္ေတာ့္သမီးေလးက ရွီေကြ့ကို ငယ္ငယ္ေလးထဲက ခ်စ္ေနတာဆိုေတာ့ တျခားမိန္းကေလး ေခၚလာတာလည္းျမင္ေရာ စိတ္ဆိုးၿပီး ျပႆနာရွာေတာ့တာပဲ.. အဲ့တာေၾကာင့္ ရွီေကြ့ရဲ့ ပါတနာေကာင္မေလး ေျခခ်င္းဝတ္လည္သြားတယ္.. အဲ့အတြက္ ကြၽန္ေတာ္ စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္.."

အရမ္းေခ်ာတဲ့ သရုပ္ေဆာင္မင္းသမီး..?

ေထာင္ေဟြ့ရႊယ္က လက္ဖက္ရည္ၾကမ္း တစ္ငံုေသာက္ကာ ၿပံဳးလိုက္သည္။

"ငါ တကယ္ကို ဘာမွမသိထားတာ.. တကယ္လို႔ ဒုတိယက်င္းသခင္နဲ႔ ရွီေကြ့ၾကားမွာ အထင္လြဲမႈေလးေတြ ရိွခဲ့မယ္ဆိုရင္ ရွီေကြ့ျပန္ေရာက္တာနဲ႔ ရွင္းျပခိုင္းလိုက္ပါ့မယ္.. ငါတို႔မိသားစုႏွစ္ခုက ခင္မင္ရင္းႏွီးလာတာ ဘယ္ေလာက္ၾကာၿပီလဲ.. ဒီလို ကိစၥေလးေၾကာင့္ အခင္အမင္ပ်က္စရာ မရိွပါဘူး.."

"ဟုတ္တာေပါ့.. ဟုတ္တာေပါ.." က်င္းဟုန္ခိုင္က အၿပံဳးျဖင့္ ေခါင္းညိတ္လိုက္သည္။ နဉ္ရွီအေၾကာင္း ေမးျမန္းမၫ့္ပံုမေပၚေသာ ေထာင္ေဟြ့ရႊယ္ကိုၾကၫ့္ရင္း သူက အရင္စေျပာလိုက္သည္။ "အဲ့ေန့ညက တူေလးရွီေကြ့သာ ေကာင္မေလးကို ေခၚမလာဘူးဆိုရင္ ကြၽန္ေတာ္ျဖင့္ တူေလး ရည္းစားရေနမွန္း သိမွာေတာင္မဟုတ္ဘူး.. အဲ့မိန္းကေလးက ထက္ျမက္ၿပီး ကြၽန္ေတာ္တို႔မိသားစုက ေကာင္မေလးထက္ ပိုၿပီးရင့္က်က္တယ္.. ၾကားရသေလာက္ လတ္တေလာ နာမည္အရမ္းႀကီးေနတာတဲ့.. တူေလးရွီေကြ့ သေဘာက်သြားတာ မထူးဆန္းေတာ့ပါဘူး.. အဲ့မိန္းကေလးအတြက္နဲ႔ သတင္းေထာက္ေတြကိုေတာင္ ၿခိမ္းေျခာက္ခဲ့ေသးတာ.."

အေပၚယံၾကၫ့္လ်ွင္ နဉ္ရွီအား ခ်ီးမြမ္းေနသည္ဟု ထင္ရေသာ္လည္း တကယ္တမ္းတြင္ စကားလံုးတိုင္း၏ ေနာက္ကြယ္၌ တျခားအဓိပၸါယ္မ်ား ပါဝင္ေနေလ၏။

'အေတာ္ေလးေခ်ာတယ္'၊ 'ရုပ္ရွင္မင္းသမီး'၊ 'နာမည္စႀကီးရံုပဲ ရိွေသးတယ္၊ ခ်န္းရွီေကြ့နဲ႔ တြဲႏိုင္ခဲ့ၿပီ'၊ 'သူမအတြက္နဲ႔ ခ်န္းရွီေကြ့ကိုေတာင္ စိတ္ဆိုးေဒါသထြက္ေစခဲ့တယ္'၊ ထိုသို႔ေသာ မိန္းကေလးမ်ိဳးကို အေကာင္းျမင္ႏိုင္ရန္ ခဲယွဉ္းလွသည္။

သို႔ေသာ္ သူ ထိုသို႔ေျပာေနသၫ့္တိုင္ ေထာင္ေဟြ့ရႊယ္ဘက္က တံု႔ျပန္မႈမရိွတာေၾကာင့္ က်င္းဟုန္ခိုင္ စိတ္ပ်က္သြားရသည္။

သူ ခ်န္က်န္းက်န္းနဲ႔ လက္ထပ္တုန္းက က်င္းမိသားစုထဲမွာ ထၿပီးမကန႔္ကြက္တဲ့လူ ဘယ္သူရိွလို႔လဲ..?

ေထာင္ေဟြ့ရႊယ္က ဘာသေဘာလဲ..? နဉ္ရွီ သူတို႔မိသားစုထဲ ဝင္မလာႏိုင္ပါဘူးလို႔ ယံုၾကည္ခ်က္ရိွေနတာလား..?

"ကေလးေတြရဲ့ဘဝကို ဝင္မစြက္ဖက္ခ်င္ဘူး.." ေထာင္ေဟြ့ရႊယ္က ေအးခ်မ္းစြာ ၿပံဳးလိုက္ရင္း.. "ဒီေခတ္ႀကီးမွာ လူတိုင္း လြတ္လြတ္လပ္လပ္ ခ်စ္ပိုင္ခြင့္ရိွတယ္မလား..?"

"အဲ့လိုဆိုတိုင္း လက္ခံႏိုင္စရာမရိွဘူးေလ.." ေထာင္မင္ယက ေဘးမွာထိုင္ေနေသာ ခင္ပြန္းျဖစ္သူကို လွၫ့္ၾကၫ့္လိုက္ရင္း.. "အဲ့လို ဘာမဟုတ္တဲ့ ရုပ္ရွင္မင္းသမီးကို ကြၽန္မတို႔မိသားစုထဲ ဝင္ခိုင္းတာက... မသင့္ေတာ္မွာ စိုးရတယ္.."

"ဘာကို သင့္ေတာ္တာ၊ မသင့္ေတာ္တာ ရိွမွာလဲ..?" ေထာင္ေဟြ့ရႊယ္က ေထာင္မင္ယကို စကားျဖတ္ေျပာလိုက္သည္။ "နင့္ရဲ့အဲ့အက်င့္ကို ျပင္သင့္တာၾကာၿပီ.. အၿမဲတမ္း စိုးရိမ္ပူပန္ေနေတာ့တာပဲ.. ဘာမျွဖစ္မလာေသးဘူး ဘာကိုစိုးရိမ္ေနတာလဲ..?"

အစ္မျဖစ္သူ၏ စကားကိုနားေထာင္ရင္း သူမ၏အစ္မက နဉ္ရွီကို မ်က္လံုးထဲေတာင္ ထၫ့္မထားဘူးဟု ေထာင္မင္ယ ေတြးလိုက္မိသည္။ ထို႔ေၾကာင့္ ၿပံဳးလိုက္ရင္း.. "အစ္မမွန္တယ္.. တစ္ခါတေလ လူငယ္ေတြက ကြၽန္မတို႔ ဖိအားေပးေလ၊ ဆက္ဆံေရး ခိုင္ၿမဲလာေလပဲ.. ဒီအတိုင္းေလး လႊတ္ထားလိုက္ရင္ ခံစားခ်က္ေတြ ေပ်ာက္ကြယ္သြားလိမ့္မယ္.."

ေထာင္ေဟြ့ရႊယ္က မေထာက္ခံသလို ျငင္းလည္း မျငင္းခဲ့ေပ။ ထိုအစား စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ "ဒီေန့ ငါၾကားရသေလာက္ ဟုန္ခိုင္ ျပႆနာတက္ေနတယ္ဆို..?"

"ကိစၥႀကီးမဟုတ္ပါဘူး.. ဒီတိုင္း အင္တာနက္ကလူတခ်ိဳ႕ ယုန္ထင္ေၾကာင္ထင္ ေလ်ွာက္ေရးေနၾကတာပါ.. ရက္နည္းနည္းေလာက္ ၾကာရင္ အဆင္ေျပသြားလိမ့္မယ္.." က်င္းဟုန္ခိုင္ စကားေျပာေနရင္း အိမ္ေတာ္ထိန္းထံမွ ခ်န္းရွီေကြ့ ျပန္ေရာက္လာၿပီျဖစ္ေၾကာင္း ၾကားလိုက္ရသည္။

"ရွီေကြ့.. တူေလး ျပန္လာၿပီပဲ.."

Car Accident ေနာက္ပိုင္း တခ်ိဳ႕ကိစၥမ်ားေၾကာင့္ ေထာင္မင္ယသည္ တူျဖစ္သူ ခ်န္းရွီေကြ့အား မ်က္ႏွာခ်င္းမဆိုင္ဝံ့သလို အျပစ္ရိွစိတ္ေၾကာင့္ ခ်န္းရွီေကြ့ကိုျမင္တိုင္း သူမ၏ ေကာင္းမြန္သၫ့္ဘက္ျခမ္းကို ေဖာ္ျပႏိုင္ရန္ ႀကိဳးစားလာတတ္သည္။

"အန္တီ.. ဦးေလး.. ဒုတိယဦးေလးက်င္း.." ခ်န္းရွီေကြ့က အေပၚထပ္အက်ႌကို အိမ္ေတာ္ထိန္းထံ ကမ္းေပးလိုက္ကာ ေထာင္ေဟြ့ရႊယ္အနား ဝင္ထိုင္လိုက္သည္။ "အေမ.."

"သား ျပန္ေရာက္လာၿပီေပါ့.." ေထာင္ေဟြ့ရႊယ္က ၿပံဳး၍ ခ်န္းရွီေကြ့၏ပုခံုးကို ပုတ္လိုက္သည္။ "စားဖိုမွဴးကို သားႀကိဳက္တဲ့ဟင္းေတြ ခ်က္ခိုင္းထားတယ္.. မ်ားမ်ားစားရမယ္ေနာ္.."

"အင္း.." ခ်န္းရွီေကြ့က ျပန္ေျဖသည္။ တျခားဘာမွထပ္မေျပာခဲ့ေပ။

ခ်န္းရွီေကြ့သည္ အၿမဲတမ္း အေနေအးေသာေၾကာင့္ က်င္းဟုန္ခိုင္ေရာ တျခားလူမ်ားပါ ထူးထူးျခားျခား မခံစားရေပ။ သို႔ေသာ္ ေထာင္ေဟြ့ရႊယ္ကေတာ့ သူမ၏သားေလး မေန့ကတည္းက စိတ္မၾကည္လင္မွန္း သတိထားမိလိုက္သည္။

"ရွီေကြ့.. အာ.. တစ္ေန့ညကကိစၥေၾကာင့္ ဦးေလး လာေတာင္းပန္တာပါ.."

"အန္ကယ္က်င္း.. ဒါက က်င္းရီနဲ႔ နဉ္ရွီၾကားက ျပႆနာပါ.. ကြၽန္ေတာ့္ကို ဘာလို႔လာေတာင္းပန္ေနတာလဲ..?" ခ်န္းရွီေကြ့က က်င္းဟုန္ခိုင္အား အမူအရာမဲ့စြာ လွၫ့္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ အိမ္ေစ ယူလာေပးေသာ လက္ဖက္ရည္ကို တစ္ငံုေသာက္လိုက္ရင္း.. "က်င္းရီ တကယ္စိတ္ရင္းပါရင္ နဉ္ရွီကို ကိုယ္တိုင္ကိုယ္က် သြားေတာင္းပန္သင့္တယ္.."

"ရွီေကြ့.. မင္းရဲ့စကားက....." ခ်န္းရွီေကြ့ေၾကာင့္ မ်က္ႏွာပ်က္သြားရေသာ သူမခင္ပြန္းသည္၏ ညီျဖစ္သူကို ၾကၫ့္ရင္း ကပ်ာကယာ ဝင္ေျပာလိုက္သည္။ "အဲ့နဉ္ရွီဆိုတာက အျပင္လူေလ.. အျပင္လူတစ္ေယာက္အတြက္နဲ႔ ဘာလို႔ မိသားစုဝင္အခ်င္းခ်င္း ေနရခက္ေအာင္ လုပ္ေနရတာလဲ..?"

"ဘမ္း..!"

ခ်န္းရွီေကြ့က လက္ဖက္ရည္ခြက္ကို ေဆာင့္ခ်လိုက္ရင္း ေလသံမာမာျဖင့္ ေျပာလိုက္သည္။ "မိသားစုဆိုရင္ ကြၽန္ေတာ္ တကူးတက ဖိတ္ထားတဲ့ ဧၫ့္သည္ကို ျပႆနာမရွာသင့္ဘူး.."

ေထာင္မင္ယ အရွက္ရသြားသည္။ သူမက နဉ္ရွီအား 'ဘာမဟုတ္သၫ့္ သရုပ္ေဆာင္တစ္ေယာက္'ဟု သံုးႏႈန္းေနခ်ိန္ ခ်န္းရွီေကြ့က 'တကူးတက ဖိတ္ၾကားထားသၫ့္ ဧၫ့္သည္ေတာ္'ဟု ဆိုလာသည္။ ဤသို႔မ်ွ ခ်န္းရွီေကြ့၏ သေဘာထားကို နားမလည္ေသးလ်ွင္ သူမက ငတံုးတစ္ေယာက္သာ ျဖစ္လိမ့္မည္။

ထိုအခိုက္ ေထာင္မင္ယမွာ ဘာဆက္ေျပာရမွန္း မသိေတာ့ေသာေၾကာင့္ အစ္မျဖစ္သူကိုသာ လွၫ့္ၾကၫ့္လိုက္မိ၏။ မည္သူထင္ထားမည္နည္း။ သူမ၏အစ္မက ဘာမွမၾကားလိုက္သလို လက္ဖက္ရည္ ငံု႔ေသာက္ေနေလသည္။

ပတ္ဝန္းက်င္ေလထုက ကိုးရိုးကားယားအေျခအေနသို႔ ရုတ္ခ်ည္း ေျပာင္းလဲသြားေတာ့သည္။

ထိုအေျခအေနေၾကာင့္ က်င္းဟုန္ခိုင္လည္း ကပ်ာကယာ ဝင္ေဖ်ာင္းဖ်လိုက္သည္။ "တူေလး.. စိတ္မဆိုးပါနဲ႔.. ေအးေအးေဆးေဆး စကားေျပာၾကရေအာင္.. မစ္နဉ္ကို က်ိန္းေသေပါက္ စိတ္ေက်နပ္ေအာင္ ေတာင္းပန္မွာပါ.."

ခ်န္းရွီေကြ့က ဘာမျွပန္မေျပာဘဲ ေခါင္းငံု႔ကာ လက္ဖက္ရည္တစ္ငံု ေသာက္လိုက္သည္။

"ဒါနဲ႔ စကားမစပ္.. တူေလး.. ဦးေလးသိသေလာက္ Weibo မွာ တူေလးရဲ့ရွယ္ယာေတြ ရိွတယ္မလား..?" က်င္းဟုန္ခိုင္က အထစ္ထစ္အေငါ့ေငါ့ ေျပာလာသည္။ "အင္တာနက္ေပၚက သတင္းေတြကို တူေလးလည္း ျမင္တာပဲ.. ဘာမွသိပ္မထိခိုက္ေပမယ့္ ၾကၫ့္မေကာင္းဘူးေလ.. အဲ့တာေၾကာင့္ ေယာင္က်န႔္ေဝကို ျပႆနာရွာေနတဲ့ Account ေတြ ပိတ္ပစ္လို႔ရေအာင္ တူေလး အကူအညီေတာင္းလို႔ ရေလာက္လား..?"

(TN : ေယာင္က်န႔္ေဝက Weibo ရဲ့ အႀကီးဆံုးရွယ္ယာရွင္ပါ။)

...................................................
Meow's Note: ဒီအပိုင္းကို ေသခ်ာဖတ္ပါ။ နဉ္ရွီရဲ့identityကမရိုးရွင္းေၾကာင္း hintတစ္ခုေပးထားပါတယ္။ ကိုယ့္အျမင္အရေပါ့ေနာ္။

Continue Reading

You'll Also Like

3.1M 236K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
63.5K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^