system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.21)End....

5.9K 592 17
By TeeKo0

Unicode

ဝမ်ရိပေါ်က တုံ့ဆိုင်းမနေပဲ ခန်းမအတွင်းက မျက်နှာဖုံးကွယ်ထားသည့် အမျိုးသမီးတိုင်းကို ဖယ်ရှားခိုင်းစေခဲ့သည်။ ဒါက တရားခံအမျိုးသမီး ခန်းမထဲရှိနေနိုင်သည့်ဖြစ်နိုင်ချေသေးသေးလေးတစ်ခုကြောင့်ပင်။ ပြီးတော့ ဖုံးကွယ်ထားသည့်မျက်နှာကိုဖော်ပြလိုက်ခြင်းက တစ်ကိုယ်လုံးနှံ့နှံ့စပ်စပ်အစစ်ဆေးခံရပြီးအရှက်ကွဲတာထက်အများကြီး သင့်တော်သည်။

မည်သူမှမကံ့ကွက်ကြပေ။ ရွှယ်ရင်းရင်းအတွက်ကတော့ တကယ့်ကိုဂြိုလ်ဆိုးကြီးတစ်ခုကျရောက်လာခြင်းပင်။ အိမ်ရှေ့စံချန်စစ်ချိန်က ရွှယ်ရင်းရင်းရဲ့ရုပ်ပျက်ဆင်းပျက်မျက်နှာကိုမြင်ဖူးထားတာကြောင့် ရှောင်ကျန့်စကားကိုကြားသည့်အခါတွင်မျက်မှောင်တင်းတင်းတစ်ချက်ကြုပ်လိုက်သည်။

ဒါပေမယ့်သူ့သက်တော်စောင့်ကိုယုံကြည်စွာ မဖြစ်နိုင်လောက်ပါဘူးလေ ဟူသည့်စိတ်အခံဖြင့် အစေခံမိန်းကလေးတွေ၏ မျက်နှာကာကို ဖြုတ်ဖို့ရန်ခွင့်ပြုလိုက်သည်။

နောက်ဆုံးခန်းမအတွင်းက မိန်းမပျိုတွေအားလုံး သူတို့မျက်နှာကာကိုဖယ်ရှားပြီးသွားပြီဖြစ်ပေမယ့် ရွှယ်ရင်းရင်းတစ်ယောက်သာဝေ့လည်ကြောင်ပတ်လုပ်နေလေသည်။ ကြာတော့ လူတိုင်းသံသယဝင်လာပြီး အစောင့်တစ်ချို့၏ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရကာ သူမမျက်နှာရှိ အနက်ရောင်ပုဝါစမှာ ဆွဲယူခြင်းခံလိုက်ရသည်။ လူတိုင်း၏ ထိတ်လန့်တကြားပင့်သက်ရှိုက်သံတစ်သံမှာထွက်ပေါ်လာသည်။

သူမမျက်နှာတွင်ရုပ်ပျက်ဆင်းပျက် ကန့်လန့်ဖြတ်အမာရွတ်ကြီးတစ်ခု ထင်ထင်ရှားရှားတည်ရှိနေ၏။ ယခင်က သူမနဲ့ အရင်းနှီးဆုံးဖြစ်ခဲ့သူ လီအိမ်တော်ရဲ့သမီးကြီး လီမော့ဟွာကိုယ်တိုင်တောင်မှ သူမကိုရွှယ်ရင်းရင်းမှန်းမမှတ်မိတော့သည်အထိ ကြီးကြီးမားမားပြောင်းလဲသွားခဲ့သည်။

သူမ မျက်နှာထက်ကအမာရွတ်ကြီးကိုကြည့်ရင်း လူတိုင်းက ရှောင်ကျန့်စကားကိုပိုမိုယုံကြည်လာကြသည်။ ရှောင်ကျန့်ကိုယ်တိုင်လည်း ရွှယ်ရင်းရင်းမျက်နှာကိုမြင်သည့်အခါတွင် ဝမ်းသာအားရ အသံထွက်လာသည်။

"ဒါ သူပဲ!!....ဒီမိန်းကလေးဆိုတာသေချာတယ်..."

ရွှယ်ရင်းရင်းက အစောင့်တွေလက်ထဲမှာပင် ကြောက်လန့်တကြား အော်ပြောသည်။

"မဟုတ်ဘူး!!...ငါကအပြစ်ကင်းတယ်!!! နင်လိမ်နေတာ!"

ချန်စစ်ချိန်၏ လူနဲ့အသိစိတ်မကပ်ဖြစ်နေသည့်အကြည့်အောက်မှာတင် သက်တော်စောင့်အမျိုးသားဟာ ငြိမ်မနေနိုင်တော့ပါပဲ အလောတကြီး ဝင်ပါလိုက်သည်။

"အရှင်မင်းမြတ်!... သူက ကျွန်တော်မျိုးရဲ့ တစ်ဝမ်းကွဲညီမလေးပါ....အရှင်မင်းမြတ်တို့ သူမကို တစ်စုံတစ်ယောက်နဲ့မှားယွင်းနေတာဖြစ်ပါလိမ့်မယ်"

ဝမ်ရိပေါ်က ခံစားချက်မဲ့စွာ အနှီးအတင့်ရဲ ၊ မေးခွန်းထုတ်ရဲတဲ့သက်တော်စောင့်ကိုကြည့်လိုက်သည်။

"မင်းက ငါကိုယ်တော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကိုချမိတယ်လို့ဆိုလိုချင်တာလား"

"ကျ....ကျွန်တော်မျိုး....."

သက်တော်စောင့်အမျိုးသားဟာ ချွေးစေးတွေပြန်လာရင်းကြောက်လန့်တကြား ဒူးထောက်ချလိုက်သည်။

အချိန်ကိုက် သရုပ်ဆောင်နိုင်သည့် ရှောင်ကျန့်ဟာ အံ့အားသင့်သွားသည့်မျက်လုံးတွေနှင့်သက်တော်စောင့်အမျိုးသားကိုကြည့်ရင်း သူ့လက်ချောင်းလေးတွေဖြင့်မျက်နှာကာ အောက်ရှိ ပါးစပ်လေးတွေကို အုပ်ကာလိုက်သည်။

"ခ..ခင်ဗျားပြောတာ ဒီမိန်းကလေးက ခင်ဗျားရဲ့ဝမ်းကွဲညီမ လား!"

သက်တော်စောင့်အမျိုးသားက ရှောင်ကျန့်ကိုမုန်းတီးစွာကြည့်လိုက်သော်လည်း ဧကရာဇ်မင်းမြတ်၏ ကြောက်မက်ဖွယ်ရာမျက်လုံးတွေကြောင့် ထိတ်လန့်စွာ ခေါင်းငြှိမ့်ပြလိုက်သည်။

" ဟုတ်တယ်....သူမက ကျွန်တော့်ရဲ့ဝမ်းကွဲညီမလေးပါ....ငယ်ငယ်တုန်းက မတော်တဆမှုတစ်ခုကြောင့် သူ့မျက်နှာမှာ အမာရွတ်ကြီးကြီးမားမား တစ်ခုရှိနေခဲ့တာပါ.....ကျွန်တော်မျိုးရဲ့ ဝမ်းကွဲညီမလေးက ရိုးသားတဲ့လူတစ်ယောက်ဆိုတာကျွန်တော်မျိုးအာမခံ နိုင်ပါတယ်အရှင်"

ရှောင်ကျန့်က ပိုပြီးအံ့ဩထိတ်လန့်သွားသလိုမျိုး မျက်လုံးလေးတွေပြူးကျယ်သွားသည်။ သူကထိုမျက်လုံးဝိုင်းလေးတွေဖြင့် ဝမ်ရိပေါ်ကိုလှမ်းကြည့်လိုက်သည်။ အလိုက်သိလှသည့် ဝမ်ရိပေါ်ဟာ ပုလ္လင်လက်ရန်းကို ဖိချလိုက်ရင်း သက်တော်စောင့်အမျိုးသားကို လူသေတစ်ယောက်လိုစိုက်ကြည့်လိုက်သည်။

"အစောင့်တွေ!!...ဒီတစ်ယောက်ကို အခုချက်ချင်းဖမ်းချုပ်လိုက်ကြ"

သက်တော်စောင့်အမျိုးသားဟာ ကြောင်အ သွားရာကနေ အစောင့်အုပ်စု၏ အတင်းအကြပ်ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။ အခုတော့ ရွှယ်ရင်းရင်းကို မကယ်တင်လိုက်နိုင်သည့်အပြင် သူကိုယ်တိုင်ပါ အဖမ်းခံရသည့်ထဲ ပါဝင်သွားခဲ့လေပြီ။

ခန်းမ ထဲကလူတွေဟာ ဧကရာဇ်မင်း၏ အတွေးကိုလုံးဝလိုက်မမှီနိုင်တော့သလိုခံစားလိုက်ရသည်။ စဥ်းစားဆင်ခြင်းနိုင်စွမ်းရှိသည့် လူတစ်ချို့လောက်သာ ဘာကြောင့်ဖမ်းချုပ်လိုက်သလဲဆိုတာကိုနားလည်ကြ၏။

"အရှင်! ကျ..ကျွန်တော်မျိုး ဘာအမှားများလုပ်ခဲ့မိလို့ပါလဲအရှင်"

သက်တော်စောင့်အမျိုးသားဟာတုန်ရီနေသည့်အသံဖြင့် ဝမ်ဧကရာဇ်ကိုကြောက်လန့်တကြားမေးလိုက်သည်။ ဝမ်ရိပေါ်ကပြန်ဖြေဖို့ရန်ပျင်းရိငြီးငွေ့နေသည့်ဟန်ကို မြင်တော့ ရှောင်ကျန့်ဟာ မဝံ့မရဲ ဝင်ရောက်ဖြေရှင်းပေးသည်။

"ခုနက ကျွန်တော်ပြောခဲ့တဲ့စကားထဲမှာ မြင်ခဲ့ရတဲ့သူက အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက် ဆိုပြီးပါတယ်လေ....အမျိုးသမီးတရားခံကိုတွေ့သွားမှတော့ အရင်းနှီးဆုံးလို့ ဝန်ခံလိုက်တဲ့ခင်ဗျားက ကျန်အမျိုးသားတရားခံ မဖြစ်သွားနိုင်ဘူးလား..."

သက်တော်စောင့်အမျိုးသား : "....."

ဖမ်းချုပ်ခံထားရသည့်အမျိုးသားခမျာ သူ့ပါးစပ်ကိုဖွင့်လိုက်၊ ပိတ်လိုက်ဖြင့် မည်သို့ဖြေရှင်းချက်ပေးရမလဲဆိုတာကိုတောင်မသိတော့ပေ။ စောစောက ရွှယ်ရင်းရင်းကိုသာ ကယ်တင်ချင်စိတ်ပြင်းပြနေတာကြောင့် အနှီး ကချေသည်အမျိုးသားလေး မြင်တွေ့ခဲ့သည်မှာ တရားခံနှစ်ယောက်ဟူသည့်အကြောင်းကို မေ့လျော့သွားခဲ့တာဖြစ်သည်။

ဘာပြန်ဖြေလို့ဖြေရမှန်းမသိတော့သည့် သက်တော်စောင့်အမျိုးသားဟာ သူ့သခင်ဖြစ်သူ အိမ်ရှေ့စံ ချန်စစ်ချိန်ဘက်အားကိုးတကြီးလှမ်းကြည့်လိုက်သည်။ သူတို့အတွက်ဖြေရှင်းချက်ပေးပြီး ကယ်တင်ပေးလိုကယ်တင်ငြား။ သို့သော်လည်း ချန်စစ်ချိန်ဟာ ယခုအခြေအနေကိုစိတ်နဲ့လူနဲ့မကပ်သလိုကြောင်တောင်တောင်ဖြင့်ကြည့်နေလေသည်။ ကြည့်ရတာ သူ့ဟာနဲ့သူတောင် မနည်းနားလည်အောင်ကြိုးစားနေရသည့်ပုံပင်။

သက်တော်စောင့်အမျိုးသားဟာအံတင်းတင်းတစ်ချက်ကြိတ်လိုက်ရင်း ရှောင်ကျန့်ကိုမုန်းတီးစွာလှမ်းကြည့်လိုက်သည်။ သူဆေးခပ်နေစဥ်က အနားတွင်သေချာပေါက် ရင်းရင်း ကရှိမနေပေ။ ဒီလူ လိမ်ညာနေမှန်းအရမ်းသိသာလွန်းသည်။

"အရှင်....ဒီလူပြောသမျှမယုံပါနဲ့.....သူအကုန်လုံးကိုလှည့်စားနေတာ....သူ..သူ အရှင်မင်းကြီးတို့ ပုလ္လင်အနားကိုအကြောင်းအရင်းမရှိကပ်လာသေးတာမှတ်မိပါသေးရဲ့လား အရှင်....အဲ့ဒီအချိန်မှာ သူ မသိမသာ အဆိပ်ခပ်ခဲ့တာဖြစ်နိုင်ပါတယ်..."

မြှားဦးက ရှောင်ကျန့်ရှိရာဆီသို့ လှည့်သွားသည်။ ရှောင်ကျန့်က ပြာယာခပ်သွားခြင်းမရှိပဲ မျက်နှာကာအောက် က နှုတ်ခမ်းလေးတွေကိုပိုပြီးတောင်ပြုံးယောင်သမ်းသွားစေသေးသည်။

အိုး.....ပိုပြီးတောင်စိတ်လှုပ်ရှားစရာကောင်းသွားပြီ။

လူတွေရဲ့ ဇဝေဇဝါဖြစ်လာသည့်အကြည့်တွေအောက်တွင် ရှောင်ကျန့်ဟာ စွန့်လွှတ်အနစ်နာခံသည့်ဟန်ပန်လေးဖြင့် သူ့လက်လေးတစ်ဖက်ကိုဆန့်တန်း၍တစ်ကိုယ်လုံးဖွင့်ဟ လိုက်သည်။

"တကယ်လို့ခင်ဗျားပြောသလိုသာ ကျွန်တော်အဆိပ်ခတ်ခဲ့ရင် ကျွန်တော့်ကိုယ်ပေါ်မှာ အဆိပ်နဲ့ပတ်သပ်တဲ့သဲလွန်စ တစ်ခုခုရှိနေမှာသေချာတယ်....ကိုယ့်လိပ်ပြာကိုယ်လုံတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်သူမဆို ကျွန်တော့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လို့ရပါတယ်...."

ရှောင်ကျန့်ရဲ့ ပွင့်လင်းမှုက လူတိုင်းကိုငြိမ်သက်သွားစေသည်။ သက်တော်စောင့်အမျိုးသားတောင်မှ ရွှယ်ရင်းရင်းသူ့ဆီရောက်ချလာပြီး အမှန်တကယ်သူတို့ကိုမြင်တွေ့သွားတာလားဟု ထင်ယောင်ထင်မှားဖြစ်လာသည်အထိပင်။

ခရက်!

ဝမ်ရိပေါ်ရဲ့ ပုလ္လင်လက်ရန်းမှာ ထပ်မံကွဲအက်သွားသည်။ တစ်ခြားလူတစ်ယောက်က သူ့အချစ်လေး ရဲ့ခန္ဓာကိုယ်ကိုထိတွေ့ကိုင်တွယ်ပြီးစစ်ဆေးမှာတဲ့လား။

ဝမ်ရိပေါ် : "....."

ဧကရာဇ်မင်းမြတ်၏ အမိန့်ကိုစောင့်ဆိုင်းနေကြသူများသည် သူတို့ကျောရိုးတစ်လျောက် စိမ့်တတ်သွားသလိုခံစားလိုက်ရပြီး ဘာကြောင့်ရယ်မှန်းမသိပါပဲ ကြက်သီးတွေတဖြန်းဖြန်းထ သွားကြသည်။

ဝမ်ရိပေါ်က အေးစက်စွာနှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း ပြောသည်။

"ဒီကိစ္စက အရမ်းအရေးကြီးတယ်.....ပိုပြီးစိတ်ချ ယုံကြည်ရအောင် ငါကိုယ်တော်ကိုယ်တိုင် စစ်ဆေးမယ်"

လူတိုင်း : "....."

အဲ့ဒါဘာဆိုင်လို့လဲ။

ရှောင်ကျန့်မျက်နှာမှာချက်ချင်းပြုံးဖြီးဖြီးဖြစ်သွားသည်။ ဒါပေမယ့်တစ်ခြားသူတွေရိပ်မိသွားမှာစိုးရတာကြောင့်မနည်းမျက်နှာပိုးသပ်လိုက်ရသည်။

ဝမ်ရိပေါ်ကလူကြီးလူကောင်းတစ်ယောက်လိုမျိုး ဂုဏ်သရေရှိစွာပုလ္လင်ပေါ်ကနေ ရှောင်ကျန့်ကိုအမြန်လာခဲ့ဖို့ရန် မသိမသာအချက်ပြလိုက်သည်။ တကယ်လို့တစ်ဖက်လူကိုစစ်ဆေးဖို့ရန်တစ်ခုတည်းဖြင့် ပုလ္လင်ပေါ်က ဆင်းသွားခဲ့ရင် အကုန်လုံးသံသယစိတ်အပြည့်ဖြစ်သွားနိုင်သည်။ ရှောင်ကျန့်က ပုလ္လင်ရှိရာဆီသို့တစ်လှမ်းချင်းတပ်လာပြီးဝမ်ရိပေါ်အရှေ့တွင်ရပ်ကာ အရိုအသေပေးလိုက်သည်။

လူပေါင်းများစွာ၏စူးစမ်းလိုစိတ်အပြည့်ဖြင့် အကြည့်တွေကိုသတိထားမိသည့်အခါတွင် လူသတ်တော့မည့်မျက်နှာကြီးဖြင့် ဝှေ့ဝဲကြည့်၍ ငေါက်လိုက်၏။

"ဘာကြည့်နေကြတာလဲ..... လူတိုင်းခေါင်းငုံ့နေ.....ငါကိုယ်တော်ရပြီမပြောမချင်း ခေါင်းကိုလုံးဝမော့မလာနဲ့....အမိန့်မနာခံတဲ့လူရှိရင် ငါကိုယ်တော်မညှာတာဘူးလို့ ပြောရင်တောင်ဂရုမစိုက်ဘူး"

လူတိုင်းကြောက်လန့်တကြား သူတို့ခေါင်းတွေကိုငုံ့ကိုင်းလိုက်ကြသည်။ ဒီမှာရှိတဲ့ ရာထူးကြီးလူတိုင်းဟာ ဝမ်တိုင်းပြည်၏ လက်အောက်ခံတွေသာဖြစ်တာကြောင့် အနှီးဒေါသအိုးဧကရာဇ်မင်း၏အမိန့်ကိုမလွန်ဆန်ရဲကြချေ။ ရွှယ်ရင်းရင်းနဲ့ သက်တော်စောင့်အမျိုးသားတောင်မှ အစောင့်အုပ်စု၏ အတင်းအကြပ်ခေါင်းကိုဖိလျက် ငုံ့ကိုင်းစေခြင်းခံလိုက်ရသည်။

မည်သူမှ သူတို့ကိုကြည့်မနေဘူးဆိုတာသေချာမှ ဝမ်ရိပေါ် ဟာ ရှောင်ကျန့်ကိုခါးကနေ ညင်ညင်သာသာထိကိုင်၍ သူ့ရင်ခွင်ကြီးထဲဆွဲသွင်းခြင်းလိုက်လေသည်။ ရှောင်ကျန့်ရဲ့ မျက်နှာကာကိုဖယ်ရှားလိုက်ရင်း ပြုံးရောင်သမ်းလျက်ရှိနေသည့်နှုတ်ခမ်းသားလေးတွေအား တစ်ချက်မျှဖိကပ်နမ်းသည်။

ပြီးနောက် ပြောခဲ့သည့်အတိုင်းတာဝန်ကျေပွန်စွာဖြင့်ခါးနားကို လက်ဖြင့်လျှိုဝင်ရင်းကျောရိုးတစ်လျှောက် လက်ဖဝါးပြင်ဖြင့်ပွတ်သပ် သည်။ ရှောင်ကျန့်ရဲ့ နားရွက်နားလေးကိုတိုးကပ်ရင်း သူတို့နှစ်ယောက်သာကြားနိုင်မည့်လေသံခပ်တိုးတိုးဖြင့် ပြော၏။

"မင်းလေးက တရားမျှတမှုကို လိုချင်နေတာမဟုတ်လား...."

"အင်း....ကျွန်တော်မျိုးအတွက်တရားမျှတမှုကိုရှာပေးပါအရှင်....ဟီး...."

ရှောင်ကျန့်ကအလိုက်သင့်သရုပ်ဆောင်ရင်း ကြောင်ပေါက်လေးတစ်ကောင်လို ဟီးကနဲထရယ်သည်။ ကံကောင်းတာတစ်ခုက သူတို့နှစ်ယောက်လုံး၏အသံမှာ လုံလုံလောက်လောက် သေးငယ်တာကြောင့် တစ်ခြားမည်သူမှ ကြားဖို့ရန်မဖြစ်နိုင်ပေ။

"အင်း....ညင်ညင်သာသာလေး 'ရှာ' ပေးပါ့မယ်ဗျာ"

ဝမ်ရိပေါ်က အနည်းငယ်နီရဲနေသည့်မျက်နှာနှင့်ရီဝေနေသလိုမျိုး အဝတ်စတွေကြားထဲ သူ့လက်ဖဝါးပြင်ကြီးကို တိုးဝင်ရွေ့လျားနေရင်း လည်ပင်းသားဖြူဖြူကို နမ်းရှိုက်လိုက်သည်။ ရှောင်ကျန့်ကအနည်းငယ်မျက်ခုံးပင့်ပြ၏။

ပုံမှန်ဆို ရှက်ရွံ့သည့်ဟန်ပန်ဖြင့် မျက်နှာနီရဲနေတတ်သည့် သူ့ယောက်ျားက အခုများကျတော့လည်း လူတွေကြားထဲမှာတောင်မထိန်းချုပ်နိုင်လောက်အောင်ပွတ်သီးပွတ်သပ်လုပ်နေလေသည်။

ရှောင်ကျန့်ကိုစိတ်ကြိုက်ကိုင်တွယ် ထိတွေ့ပြီးသွားပြီးနောက် တွန့်ဆုတ်စွာပင် သက်ပြင်းခပ်လေးလေးချလိုက်ရင်း ပုလ္လင်အောက်ဆင်းသွားတာကို နှမြောတသဖြစ်သည့်မျက်လုံးတွေနဲ့ကြည့်နေမိသည်။

"အဟမ်း.....မောင်မင်းတို့ခေါင်းပြန်မော့လို့ရပြီ"

ခေါင်းတစ်ခုလုံးပြုတ်ထွက်တော့မတတ် ငုံ့ကိုင်းထားရသည့် လူအပေါင်းမှာထိုအခါမှသာ စိတ်သက်သာရစွာ သူဆို့ခေါင်းကို ရဲရဲဝံ့ဝံ့ ပြန်မော့ရဲကြသည်။ ဝမ်ရိပေါ်က ရုပ်တည်ကြီးဖြင့် ပုလ္လင်ပေါ်မှာထိုင်နေရင်း သက်တော်စောင့်အမျိုးသားကို လူသေတစ်ယောက်ကဲ့သို့ကြည့်၏။

"မင်းပြောသလိုမျိုး သူ့ခန္ဓာကိုယ်ပေါ်မှာ အဆိပ်နဲ့ပတ်သပ်လို့ရှုံ့အိတ်တစ်ခုတောင်မတွေ့ခဲ့ရဘူး....ဒီတော့ ဘယ်လိုဆက်ရှင်းမလဲ"

အမျိုးသား : "....."

သူဘာဆက်ပြောတော့မလဲ။ သာမန်အစောင့်တစ်ယောက်သာစစ်ဆေးတာဆိုရင် အကျိုးတူပူးပေါင်းတာတို့၊ လာဒ်ပေးထားတာ စသဖြင့် အမျိုးမျိုးအကြောင်းပြ၍ ရသေးသည်။ ဒါပေမယ့်အခုဟာက ဧကရာဇ်မင်းကိုယ်တိုင်စစ်ဆေးတာဆိုမှတော့ ပူးပေါင်းလိမ်လည်ထားပါသည်ဟု သွားပြောရင် သူခေါင်းမပြတ်သွားနိုင်ဘူးလား။
သက်တော်စောင့်အမျိုးသား၏ ဖြေရှင်းရကြပ်နေသော ပုံစံကိုမြင်သည့်အခါတွင် ရွှယ်ရင်းရင်းဟာ ပိုမိုကြောက်လန့်လာပြီး အသည်းအသန်ရုန်းကန်တော့သည်။

အစောင့်တွေလက်ထဲ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း၊ ဖြစ်ရင်းဖြင့် ရွှယ်ရင်းရင်းရဲ့ အဝတ်တွေကြားထဲကနေ ရှုံ့အိတ်တစ်အိတ်ထွက်ကျလာခဲ့သည်။ မျက်စိလျင်သည့် စုထျန်းချီဟာ အစောင့်တစ်ယောက်ကို ထိုရှုံ့အိတ်အား ယူဆောင်လာစေခဲ့သည်။ ရှုံ့အိတ်ထဲမှာအသေအချာစီမံထုတ်ပိုးထားသည့် အရာကိုမြင်သည့်အခါတွင် စုထျန်းချီ၏ မျက်နှာမှာလွန်စွာလေးနက်သွား၏။

"ဒါက တကယ့်ကို ပန်းအဆိပ်ပဲ"

လူတိုင်းကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။ တရားခံအစစ်ကဘယ်သူလဲဆိုတာ လုံးဝပေါ်သွားပေပြီ။

"မင်းတို့ ဘာငြင်းချင်သေးလဲ"

ဝမ်ရိပေါ်ရဲ့ ခံစားချက်အတတ်အကျမရှိတဲ့ အသံမှာ ခန်းမတစ်ခုလုံးကိုအေးခဲသွားစေသည်။ ရွှယ်ရင်းရင်းက လွန်စွာသွေးပျက်သွားသည်။ ဒီ ပန်းအဆိပ်ဆိုတဲ့အရာကို သူမ သိလည်း မသိသလို ဘယ်ကနေဘယ်လို သူမ ဆီရောက်နေမှန်းလည်း လုံးဝမသိလိုက်ပေ။

သေရမှာ ကြောက်သည့် ရွှယ်ရင်းရင်းဟာ အပြစ်တွေအားလုံးကို သက်တော်စောင့်အမျိုးသားပေါ်ပုံချလိုက်ဖို့ရန်တုံ့ဆိုင်းခြင်းတစ်စက်ကလေးတောင်မရှိခဲ့ပါချေ။

"အဟင့်....ကျွန်တော်မျိုးမ ဖိအားပေးခံရတာပါ....သူက အရှင်မင်းကြီးတို့စားမယ့်အစားအသောက်တွေထဲ အဆိပ်ခတ်လုပ်ကြံဖို့အတွက် ကျွန်တော်မျိုးမ ရဲ့အသက်နဲ့ဖိအားပေးခိုင်းစေခဲ့ကြတာ....ကျွန်မ ကအပြစ်ကင်းပါတယ်ရှင်...."

ပြောရင်းဆိုရင်းဖြင့် ရွှယ်ရင်းရင်းဟာ တစ်ရှုံ့ရှုံ့ စတင်ငိုယိုသည်။ မသိတဲ့လူဆိုရင် သူမက မတရားဖိအားပေး ခိုင်းစေခံခဲ့ရသည့် မိန်းကလေးတစ်ယောက်ဟု ထင်မှတ်သွားလောက်သည်။
သက်တော်စောင့်အမျိုးသားဟာ ရွှယ်ရင်းရင်းကိုမယုံကြည်နိုင်သည့် မျက်လုံးတွေနဲ့ငေးကြည့်လိုက်မိသည်။ သူမအတွက်။ သူမအတွက် ဒီကိစ္စကဘယ်လောက်တောင် အန္တရာယ်များပြီး သစ္စာဖောက်ရာကျလဲ ဆိုတာသိရက်ရက်နဲ့ကို တုံ့ဆိုင်းခြင်းမရှိပဲ ကူညီပေးခဲ့သည်။ သူမ သူ့ကိုပြန်မချစ်နိုင်ရင်တောင် အနည်းဆုံး စိတ်ထဲ မှတ်မိသွားစေချင်စိတ်တစ်ခုတည်းနဲ့ပင်။ ဒါပေမယ့် အခု.....

ခန်းမအတွင်း ရွှယ်ရင်းရင်း၏ ရှိုက်ငိုသံတစ်သံသာ ထင်ထင်ရှားရှားထွက်ပေါ်၍နေသည်။ နားညီးလာသည့် ဝမ်ရိပေါ်ဟာ အစောင့်တွေကို ထိုမိန်းမ၏ ပါးစပ်အားပိတ်ဆို့ထားလိုက်ဖို့ရန် ဒေါသတကြီးပြောလိုက်သည်။

ဝမ်ရိပေါ် : "မင်းက ဘယ်တိုင်းပြည်ကလာတာလဲ"

သက်တော်စောင့်အမျိုးသားဟာ ကြောက်လန့်နေသော်လည်းပဲ လိမ်ညာရဲခြင်းမရှိပါပဲ အမှန်တိုင်းထုတ်ဖော်ပြောရုံသာတတ်နိုင်သည်။

"ကျွန်တော်မျိုးက ချန်းယောင် တိုင်းပြည်၊ အိမ်ရှေ့စံ ချန်စစ်ချိန်ကို အနီးကပ်စောင့်ရှောက် ရတဲ့ ကိုယ်ရံတော် လျန် ပါ အရှင်"

ချန်စစ်ချိန်ဟာ သူဒီအတိုင်းဘေးမှာရပ်နေလို့မရတော့မှန်း နားလည်းသွားတာကြောင့် ခန်းမအလည်သို့ထွက်လာ၏။ သူ့ရဲ့ တုန်လှုပ်နေသည့်စိတ်အစုံကိုထိန်းချုပ်ရင်း ဝမ်ရိပေါ်ကိုဒူးထောက်အရိုအသေပေးလိုက်သည်။

"အရှင်မင်းကြီး.....ကျွန်တော်မျိုးက အရှင့်လက်အောက်ခံ တိုင်းပြည်တွေထဲကတစ်ခုဖြစ်တဲ့ ချန်းယောင်တိုင်းပြည် ရဲ့ အိမ်ရှေ့စံ ချန်စစ်ချိန်လို့ခေါ်ပါတယ်အရှင်...."

"အိုး.....မောင်မင်းတို့ရဲ့ ချန်းယောင်တိုင်းပြည်က ငါကိုယ်တော့်ကို ပုန်ကန်ဖို့ဆုံးဖြတ်သွားပြီပေါ့"

သက်တော်စောင့်အမျိုးသား လျန် အပါအဝင်၊ အမျိုးသားဇာတ်လိုက် ချန်စစ်ချိန် ဟာ လုံးဝတုန်လှုပ်သွားကြသည်။

"မဟုတ်....ကျွန်တော်မျိုး စိတ်ထဲမှာ ပုန်ကန်ဖို့ကိစ္စကို သေးသေးလေးတောင်မတွေးမိခဲ့ပါဘူးအရှင်...."

သွေးပျက်ခြောက်ခြားသွားသည့် ချန်စစ်ချိန်ဟာ ဝမ်ရိပေါ်ကိုအသည်းအသန်ဖြေရှင်းချက်တွေပေးလာသည်။ ဒါပေမယ့် ဝမ်ရိပေါ်က ပျင်းရိစွာဖြင့်သူ့မျက်တောင်ရှည်တွေကို အောက်ဘက်စင်းကျစေလိုက်ပြီး အနည်းငယ် အက်နေပြီဖြစ်တဲ့ ပုလ္လင်လက်ရန်းကိုလက်ချောင်းရှည်တွေဖြင့် ခေါက်နေ၏။

"ဒါဆို မောင်မင်းဆိုလိုချင်တာက ဘယ်လိုမျိုးလဲ....အနီးကပ်သက်တော်စောင့်တစ်ယောက်က သခင်ဖြစ်သူဆီက အမိန့်မရပဲ ငါကိုယ်တော်တို့ကိုလုပ်ကြံတယ်ဆိုတာမျိုးလား....ငါကိုယ်တော်က ဘာကြောင့်မောင်မင်းတို့လို လုပ်ကြံသူတွေပါးစပ်ကထွက်တဲ့စကားကိုယုံကြည်ရမှာလဲ"

ဒါကအရမ်းကိုကြီးမားသည့် လုပ်ကြံမှုကြီးတစ်ရပ်ဖြစ်သည်။ ဒီလိုအသက်အန္တရာယ်နှင့်ပတ်သပ်တဲ့လုပ်ကြံမှုကြီးက တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်သည်။

ချန်စစ်ချိန်၏ ခန္ဓာကိုယ်မှာတစ်ကိုယ်လုံးအားမရှိသလိုမျိုး ကြမ်းပြင်ထက်သို့ပုံလျက်သားလဲကျသွား၏။ သက်တော်စောင့်အမျိုးသား လျန်ဟာ သူ့သခင်ဖြစ်သူ၏ ဖြူဖျော့ဖျော့ ပုံစံကို အားလျော့သွားသည့်မျက်လုံးတွေနဲ့ကြည့်ရင်း သူ့ကျေးဇူးရှင်ကို သူ့ကြောင့်ဒီလိုမျိုးခံစားစေခဲ့သည်မှာ တရားပါရဲ့လားဟုတွေးမိသွားသည်။ သူ့ရဲ့ ဥာဏ်မဲ့လွန်းပြီး မ,စိတ်မွှန်သည့်လုပ်ရပ်တစ်ခုက တိုင်းပြည်တစ်ခုလုံးကိုကပ်ဘေးစိုက်စေခဲ့သည်။

သက်တော်စောင့်အမျိုးသား လျန်ဟာ စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် ရွှယ်ရင်းရင်းကြောင့် ပြိုလဲကြေမွသွားသည့် သူ့ရဲ့စိတျနှလုံးကျုပွနျလညျပွငျဆငျလိုကျသညျ။

"အရှင်မင်းကြီး....ကျွန်တော်မျိုးဝန်ခံစရာတစ်ခုရှိပါတယ်....ဒါပေမယ့် ဒီကိစ္စကိုမပြောခင် အရင်ဆုံး ကျွန်တော်မျိုးရဲ့သခင် အိမ်ရှေ့စံ ချန်စစ်ချန် နဲ့ ချန်းယောင်တိုင်းပြည်တစ်ခုလုံးက အပြစ်လုံးဝမရှိဘူးဆိုတာကိုပဲ သိထားပေးပါအရှင်...."

ဝမ်ရိပေါ်က သူ့မျက်ခုံးကိုပင့်လိုက်ရင်း ပြောဆိုသည့်သဘောမျိုးဖြင့် သက်တော်စောင့်အမျိုးသား လျန် ကိုဆက်ဆိုစေသည်။

"အမှန်တော့ ဒီအရာအားလုံးရဲ့အဓိက တရားခံက ချန်းယောင်တိုင်းပြည်နဲ့ မသက်ဆိုင်ပဲ ကျွန်တော်မျိုးရဲ့ ရူးသွပ်ပြီးဦးနှောက်မရှိတဲ့လုပ်ရပ်တစ်ခုပါ....အဓိကအကြောင်းပြချက်က အဲ့ဒီ ရွှယ်ရင်းရင်းဆိုတဲ့ မိန်းမရဲ့ စကားတွေအောက်မြောပါသွားရင်း သူမ ကိုချစ်မိသွားတာပါပဲ....သူမစီမံသမျှ ကျွန်တော်မျိုး စုံလုံးကန်းရင်း ပြုလုပ်ပေးခဲ့မိပါတယ်အရှင်...."

လူတိုင်း လိုလို သက်တော်စောင့်အမျိုးသား လျန် လက်ညှိုးထိုးရာ ရွှယ်ရင်းရင်းဆီကို ကြည့်ရှု့မိလိုက်ကြသည်။ ရွှယ်ရင်းရင်း၏မျက်နှာမှာ မထင်မှတ်ထားသည့်ဖွင့်ဟ ဝန်ခံချက်ကြောင့် ဖြူဆုတ်နေပြီး အော်ဟစ်ငြင်းဆန်ချင်သော်လည်းပဲ သူမပါးစပ်မှာအပိတ်ခံထားရတာကြောင့် တစ်ဝူးဝူးတစ်ဝါးဝါးအသံတွေသာ ထွက်လာနိုင်သည်။

ဝမ်ရိပေါ်က ထိုရုပ်ဆိုးအကျည်းတန်လှတဲ့မိန်းမ ဟာ ရွှယ်ရင်းရင်းဖြစ်ကြောင်းအမှတ်မထင်သိရှိလိုက်ရသည်။ အမတ်မင်းတိုင်းလိုလိုက ပြီးခဲ့တဲ့အဖြစ်အပျက်တစ်ခုကြောင့် ရွှယ်ရင်းရင်း၏ ရွံရှာစရာဂုဏ်သတင်းနှင့်ရင်းနှီးကျွမ်းဝင်ရုံသာမက ကိုယ်တွေ့လည်းကြုံဖူးကြ၏။

ပထမတွင် သူတို့အနေနဲ့ အနှီးရွှယ်ရင်းရင်းဆိုသည့်နာမည်ကိုကြားဖူးသည်ဟုခံစားရသော်လည်းပဲ တိတိကျကျမည်သူမှန်းမသိကြသေးပေ။ အမျိုးသားသက်တော်စောင့် လျန် ကလှောင်ပြောင်သည့်မျက်နှာဖြင့် ဝင်ထောက်ပြလိုက်မှသာ သူတို့မျက်နှာတွင် ရွံရှာစက်ဆုပ်သည့်ခံစားချက်တစ်ရပ်မှာဖုံးမနိုင်ဖိမရပေါ်ပေါက်လာခဲ့သည်။

"အရှင် ထင်တဲ့အတိုင်းပါပဲ....ဒီတစ်ယောက်က ဧကရီကိုယ်တိုင် ပြည်နှင်ဒဏ်ပေးခဲ့တဲ့ ရွှယ်အမတ်ကြီးရဲ့သမီး ရွှယ်ရင်းရင်း ဆိုတဲ့တစ်ယောက်လေ...."

ခန်းမထဲ ကလူတိုင်း ရွှယ်ရင်းရင်းကိုမသိကြသော်လည်းပဲ ဝမ်တိုင်းပြည်က လူတိုင်း၏မျက်နှာထက်ရှိ မုန်းတီးသတ်ဖြတ်လိုရိပ်များကို မြင်တွေ့လိုက်ရသည့်အခါတွင် မအံ့ဩပဲမနေနိုင်ပါချေ။ ဒီမိန်းမ က ဘယ်လိုလူစားမျိုး ဖြစ်နေလို့များ လူအုပ်ကြီးဆီက မုန်းတီးမှုကိုအုံလိုက်ကျင်းလိုက်ရရှိနေတာပါလိမ့်။

ဝမ်ရိပေါ်ရဲ့ ပယင်းရောင်မျက်လုံးတွေမှာ အောက်ခြေကိုမမြင်ရတော့သည်အထိ နက်မှောင်သွားသည်။ လာပြန်ပြီ။ ဒီတစ်ခေါက်လည်း ရွံဖို့ကောင်းတဲ့ ရွှယ်ရင်းရင်းဆိုတဲ့မိန်းမ ပဲ။ ကျန့်ကျန့်ကို ခဏခဏအမျိုးမျိုးလုပ်ကြံနေတာ သူဘယ်လိုစိတ်နဲ့များသည်းခံရတော့မှာလဲ။

ဝမ်ရိပေါ် : "သူက ဒီလောက်ထိ ရုပ်ဆိုးအကျည်းတန်တာ....မင်းဘယ်လိုများ ချစ်မိသွားလဲဆိုတာ ငါကိုယ်တော် သိချင်စိတ်တော့ဖြစ်မိတယ်...."

"အချစ်ဆိုတဲ့အရာမျိုးက ပြောရခက်တယ်အရှင်....ကျွန်တော်မျိုးကိုယ်တိုင်တောင် သူမရဲ့ဘယ်နေရာကိုကြည့်ပြီး ချစ်မိသွားမှန်းနားမလည်နိုင်တော့ပါဘူး....ဒါက ပြုစားခံလိုက်ရသလိုပဲ"

"....."

ဝမ်ရိပေါ်က တိတ်ဆိတ်သွားသည်။ ဟုတ်တာပေါ့။ ဒီခံစားချက်ကို ဘယ်သူမှသူ့လောက်နားမလည်ပေ။ ဘာကြောင့်ဆို သူရှောင်ကျန့်ကိုချစ်သည်။ ဒါက ပြုစားခံရတာထက်ပိုမို ပြင်းထန်သည့်ခံစားချက်နဲ့အတူ ပြောပြမတတ်နိုင်လောက်အောင်ရင်ထဲ အဆုံးအစ မရှိ၊ပြည့်သိပ်နေသလိုမျိုး။

တကယ်လို့ရှောင်ကျန့်သာ ဒီတိုင်းပြည်ကြီးတစ်ခုလုံးကို လိုချင်ရင် သူကျေကျေနပ်နပ်ကြီးပေးအပ်နိုင်သည်။ လွန်စွာဆိုးသွမ်းပျက်ဆီးနေရင်တောင် သူသဘောကျသည်။ တကယ်လို့ကျေနပ်ရောင့်ရဲနိုင်ခြင်းမရှိခဲ့ရင်လည်း တစ်ကမ္ဘာလုံးကို ရှောင်ကျန့်အတွက် သိမ်းယူပြီး လက်ဆောင်အဖြစ်ပေးအပ်နိုင်သည်။ အရာအားလုံးရှောင်ကျန့်ကြောင့် ပျက်စီး ယိုယွင်းသွားရင်တောင် ကိစ္စမရှိဘူး။ သူ နင့်နေအောင် ရူးရူးသွပ်သွပ် ချစ်နိုင်သည်။ သူများတွေရွံ့မုန်းသွားရင်လည်း သူချစ်သည်။ ထိုအခါ ထိုလူတွေကို သူ့ လက်အပေခံသတ်ဖြတ်ပြီး ရှောင်ကျန့်နဲ့အတူတူ ထာဝရနေသွားနိုင်လိမ့်မည်။ ဘယ်လောက်တောင်ကောင်းလိုက်လဲ။

ဒါက ဝမ်ရိပေါ်ရဲ့ ရှောင်ကျန့်အပေါ်ထားတဲ့အချစ်ပင်။ ဘယ်လိုအကျင့်စရိုက်မျိုးကိုမဆို၊ ဖြူစင်တဲ့ဝိဥာဥ်ရော၊ ညစ်ညမ်းတဲ့ဝိဥာဥ် ပါသူအကြွင်းမဲ့လက်ခံနိုင်သည်။ သူ့ကိုခဏခဏ၊အကြိမ်ကြိမ် သတ်နေခဲ့ရင်တောင် ပြန်လည်မွေးဖွားချိန်တိုင်း အရူးတစ်ယောက်လိုချစ်နေအုံး မှာပဲ။ အရေးကြီးဆုံးတစ်ခုက ထိုသူမှာ ရှောင်ကျန့်ဖြစ်နေဖို့ရန်၊ ထိုတစ်ခုတည်းသာ သူလိုအပ်သည်။ ရှောင်ကျန့်သာဆိုရင် အရာအားလုံးသူလက်ခံနိုင်သည်။

************

ဧကရာဇ်မင်း၏မွေးနေ့က မတော်တဆအဖြစ်အပျက်မှာ အကြောင်းအရင်းမသိရပဲ ပြည်သူတွေကြားထဲ ထိန်းချုပ်မရအောင်ပျံ့နှံ့သွားသည်။ ဒီတစ်ခေါက် ဧကရီကိုထိခိုက်စေသည့်လူမှာ ပြည်နှင်ဒဏ်အပေးခံလိုက်ရသည့် ရွှယ်အမတ်ကြီးရဲ့သမီး ရွှယ်ရင်းရင်းသာဖြစ်နေပြန်ကြောင်း သိလိုက်ရသောအခါတွင် တိုင်းပြည်တစ်ခုလုံး ဆူပူအုံကြွမှုတွေပြင်းပြင်းထန်ထန်ဖြစ်ပျက်သွားသည်။

ဧကရာဇ်နဲ့ဧကရီကို နတ်ဘုရားလိုကိုးကွယ်နေသည့်ပြည်သူတွေအတွက် ရွှယ်ရင်းရင်းဟာ စက်ဆုပ်စရာ မိစ္ဆာမတစ်ကောင်ပင်။ ဆူပူအုံကြွမှုကနေတစ်ဆင့် လူတိုင်းက ရွှယ်ရင်းရင်းကိုသေဒဏ်ပေးဖို့ရန်တစ်ခုတည်းသာတောင်းဆို ခဲ့ကြသည်။

ချန်းယောင်တိုင်းပြည်၏ သံတမန်တွေကို ပုန်ကန်ရန်ကြံစည်မှုဖြင့် ဖမ်းချုပ်ထားခဲ့၏။ သို့ပေမယ့် ကျန်းမာရေးချို့တဲ့နေသည့် ဧကရီဟာ အကြောင်းအရင်းအမျိုးမျိုးကိုခုံရုံးတင်စစ်ဆေးပြီးနောက် အိမ်ရှေ့စံချန်စစ်ချိန်နှင့် သံတမန်အဖွဲ့ဝင်တွေအားလုံးကို သူတို့တိုင်းပြည်သို့ ပြန်ခွင့်ပေးခဲ့သည်။ ချန်းယောင်တိုင်းပြည်ဘုရင်နဲ့ တော်ဝင်မိသားစုအပါအဝင်၊ ပြည်သူတွေဟာ ဧကရီရဲ့ သနားကြင်နာမှုမှာ ထိရှသွားခဲ့ကြပြီး ဝမ်တိုင်းပြည်ရဲ့အမာခံ သစ္စာရှိ လက်အောက်ခံတိုင်းပြည်တစ်ခုဖြစ်လာခဲ့လေသည်။

သက်တော်စောင့်အမျိုးသား လျန် ကိုတော့ လုပ်ကြံမှုကြောင့် ကြိမ်ဒဏ်အချက်တစ်ရာကိုသာ ပေးအပ်ခဲ့ပြီးနောက် ဧကရီဟာ သံတမန်အဖွဲ့ဝင်တွေနဲ့ထည့်ပေးလိုက်သည်။ သူ့ရဲ့ နူးညံ့သည့်စိတ်နေစိတ်ထားက သက်တော်စောင့်အမျိုးသား လျန် ကို ခံစားသွားရစေပြီး သူ့လုပ်ရပ်အတွက် အပြစ်ရှိစိတ်ပြင်းစွာခံစားလိုက်ရ၏။

ထိုအကြောင်းသိသွားသည်နှင့်အုန်းသီးဟာ အတော်လေးထူးဆန်းသလိုခံစားလိုက်ရသည်။ အမျိုးသားဇာတ်လိုက်နဲ့ သံတမန်အဖွဲ့မှာ အပြစ်မရှိတာကြောင့်ပြန်လွှတ်ပေးလိုက်တာကိုသူလက်ခံနိုင်သည်။ ဒါပေမယ့် သူ့host လိုလင်ထိပ်ထားစံက သူ့ယောက်ျား ကို ဆေးခပ်ခဲ့တဲ့ သက်တော်စောင့်အား လွှတ်ပေးလိုက်သည်ဆိုတာ ဘယ်လိုစိတ်နဲ့များ မထိတ်လန့်ပဲနေနိုင်မှာတဲ့လဲ။

အုန်းသီးက မနေနိုင်မထိုင်နိုင်ဖြင့် ရှောင်ကျန့်ကိုမေးမြန်းသည့်အခါတွင် ရှောင်ကျန့်က ခပ်ထေ့ထေ့ပြုံးရင်း ပြန်ဖြေသည်။

"သူဒီလောက်ထိကြီးတဲ့အပြစ်ကြီးတစ်ခုလုပ်ထားတာ....တိုင်းပြည်တစ်ခုလုံးကိုပျက်စီးကိန်း စိုက်လုနီးပါးဖြစ်သွားတယ်မဟုတ်လား.....ချန်းယောင်တိုင်းပြည်တစ်ခုလုံးက သူ့ကိုရွှေပေါ်မြတင် ထားထားလိမ့်မယ်လို့မင်းထင်တာလား"

အုန်းသီး : [.....]

ငါ့ host ကမကောင်းဆိုးဝါးကြီးပဲ။

ဟုတ်သည်။ ရှောင်ကျန့်က ဝမ်ရိပေါ်နဲ့ပတ်သပ်ရင် အမှန်တကယ် ကောက်ကျစ်ဆိုးဝါးသည့်မကောင်းဆိုးဝါးကြီးဖြစ်သွားတတ်၏။ သူ့ကိုလာထိရင်ခွင့်လွှတ်ဖို့ကဖြစ်နိုင်သော်လည်းပဲ သူ့ယောက်ျားကိုထိခဲ့ရင်တော့ ကွဲပြားခြားနားသည့်အဆုံးသတ်တစ်ခုဖြစ်သွားနိုင်သည်။

ဘာကြောင့် အထက်ပုဂ္ဂိုလ်တွေကပဲ အောက်ပုဂ္ဂိုလ်တွေကို ကာကွယ်စောင့်ရှောက်နေရမှာလဲ။ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုမှာ အချင်းချင်းအပြန်အလှန်အမှီသဟဲပြုပြီး ကာကွယ်စောင့်ရှောက်ပေးတာက ပိုပြီးစစ်မှန်သည်။

ရွှယ်ရင်းရင်းကို နန်းတော်အကျဥ်းထောင်တွင် တစ်လတိတိချုပ်နှောင်ထားခဲ့သည်။ ထိုတစ်လ အတွင်း သူမ အတွက်တော့ တကယ့် အရှင်လတ်လတ်ငရဲကျနေသလိုပင်။ သူမရဲ့ တင်းခံမှုတွေနဲ့မာန မှာတစ်စစီ ရိုက်ချိုးခံလိုက်ရပြီး စက္ကန့်တိုင်းမိနစ်တိုင်း မရိုးနိုင်သည့် နှိပ်စက်နည်းအမျိုးမျိုးကို ခံစားနေရသည်။ မှောင်မဲအေးစက်စိုထိုင်းပြီး နေအလင်းရောင်မရှိသည့် နေရာကျဥ်းကျဥ်းလေးတွင် မြွေတွေကြွက်တွေချောင်ကြိုချောင်ကြားအနှံ့ မထင်ရင်မထင်သလို တွေ့ရတတ်သည်။ ဆိုးဝါးတဲ့အောက်သိုးသိုးအနံ့နဲ့အတူ နှစ်ရက်တစ်ခါတောင်နပ်မှန်အောင်မစားရသော အော့အန်ချင်စရာအနံ့နဲ့ အစားအသောက်တွေ၊ တစ်ကိုယ်လုံး သွေးအလူးလူးဖြင့် ကျိုးကြေနေသည့်ခြေလက်တွေနဲ့ သွေးပျက်ခြောက်ခြားစရယနေ့ရက်တိုင်းကိုကျော်ဖြတ်နေရသည်။

ရှောင်ကျန့်က ရွှယ်ရင်းရင်းကိုဒီလောက်ထိလုပ်ရန်မရည်ရွယ်ထားသော်လည်းပဲ ဝမ်ရိပေါ်ကတော့ ဒီအတိုင်းလွှတ်ထားဖို့ရန်မဖြစ်နိုင်ပေ။

တကယ့်ကိုမထင်မှတ်ထားတာတစ်ခုက တစ်လပြည့်ခါနီးတွင် ထောင်ထဲက အကျဥ်းသားတစ်အုပ်ဟာ ဘယ်ကနေဘယ်လို အချုပ်ခန်းသော့တွေကိုရသွားမှန်းမသိလိုက်ပဲ ရွှယ်ရင်းရင်းကို ဝင်rape သွားခဲ့လေသည်။ ပြီးနောက် ထိုအကျဥ်းသားအားလုံး အစဖော်မရအောင်ပျောက်ဆုံးသွားခဲ့ပြီး ထိုအကြောင်းကိုအုန်းသီးဆီကကြားကြားချင်းမှာပင် ရှောင်ကျန့်ဟာပါးစပ်အဟောင်းသားဖြစ်သွားရ၏။

သူအမှန်တကယ် ဒီလောက်ထိဆိုးဆိုးဝါးဝါးမရည်ရွယ်ထားပါချေ။ သူဖြစ်ချင်တာက တစ်လလောက် အနည်းငယ်နှိပ်စက်ပြီးနောက် မူလပိုင်ရှင်နည်းတူ ဇာတ်လိုက်မကိုလူအများရှေ့တွင်ခေါင်းဖြတ်ကွက်မျက်ဖို့ရန်ပင်။

ဘယ်ကနေဘယ်လိုလမ်းချော်သွားမှန်းတော့ သူအမှန်တကယ်မသိတာပါ။

တစ်လကြာမြင့်သွားပြီးနောက်တွင် ရွှယ်ရင်းရင်းကို လူရှေ့သို့ထုတ်ပြလာသည်။ လမ်းတစ်လျောက်တွင် လူတိုင်းက သူမ ကိုမုန်းတီးရွံရှာစွာစိုက်ကြည့်နေခဲ့ကြပြီး တစ်ချို့ဆိုကျောက်ခဲသေးသေးလေးတွေနဲ့ကောက်ပေါက်ကြသည်။

ကွက်မျက် စင်မြင့်သို့ရောက်သည့်အခါတွင် သွေးအလူးလူးဖြင့် ရွှယ်ရင်းရင်းဟာ တစ်ဖက်စင်မြင့်ရှိ ပုလ္လင်ပေါ်တွင်ထိုင်နေသည့်လူနှစ်ဦးကိုကြည့်လိုက်သည်။ ဧကရီက သိပ်ပြီးနေကောင်းသေးဟန်မရပဲ ဧကရာဇ်ရဲ့ရင်ခွင်ထဲမှာဝင်ခွေနေသည်။ မွေးနေ့တုန်းက ဧကရာဇ်ရဲ့ လျစ်လျူရှု့မှုတွေမှာ ထင်ယောင်ထင်မှားဖြစ်ခဲ့သလိုမျိုးပင်။ ဧကရာဇ်မင်းက ဧကရီကို တင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားပြီး တုန်နေအောင်ချစ်မြတ်နိုးသည့် ပယင်းရောင်မျက်လုံးတွေဖြင့် ငေးကြည့်နေသည်။

ဒါကအတော်လေးထူးဆန်းသော်လည်းပဲ အမတ်မင်းအပေါင်းနှင့်လူအများစုကိုတော့ အတော်လေးစိတ်သက်သာရာရသွားစေခဲ့သည်။ ဧကရာဇ်က ဧကရီကိုလုံးဝစွန့်လွှတ်လိုက်တာမျိုးမဟုတ်ဘူးပဲ။

ဧကရီ ကြည့်ရတာ ရွှယ်ရင်းရင်းကိုအနည်းငယ်သနားနေသည့်ဟန်ပင်။ ဒါပေမယ့် သူ့တကယ့်အတွင်းထဲကစိတ်မှာ သနားညှာတာမှုကင်းမဲ့လျက် လွန်စွာငြိမ်သက်တိတ်ဆိတ်နေကြောင်းကို ကာရကံရှင်နှင့် ဝမ်ရိပေါ်တစ်ယောက် သာသိသည်။

ဧကရီရဲ့ဖျော့တော့နေသည့်ဟန်ပန်နှင့် သနားစိတ်ဝင်နေသည့်ပုံကိုကြည့်ကာ အနီးအနားမှာရှိတဲ့အမတ်မင်းအပေါင်းက စိတ်သက်သာရစေရန် အမျိုးမျိုးကြိုးစားပေးခဲ့ကြသည်။ ရှောင်းအမတ်ကြီးက ဧကရီရဲ့အမှားမဟုတ်ကြောင်းချော့မြူနေပြီး တော်ဝင်သံတမန် ဖြစ်သည့်ပင်းဝမ် (ဝမ်နဥ်း) နှင့် စစ်သူကြီး ဖင်းဂူဖေး တို့က ဧကရီကအပြစ်ကင်းစင်ကြောင်း ဝင်ရောက်ပြောကြားခဲ့ကြသည်။ ဇနီးမောင်နှံဖြစ်သွားပြီဖြစ်တဲ့ ကျီစီမော့နဲ့စုထျန်းချီတို့နှစ်ယောက်တောင် ထိုသူတွေရဲ့အပြောကိုခေါင်းငြှိမ့်ထောက်ခံခဲ့ရပြီး အားလုံးက ရွှယ်ရင်းရင်းကိုယ်တိုင်သာ ဖန်တီးယူခဲ့တာဖြစ်ကြောင်းပြောသည်။

အရာအားလုံးက သူမပြုလုပ်ခဲ့သည့် လုပ်ရက်အားလုံး၏အကျိုးဆက်တွေချည်းပင်။

တစ်ချိန်ကသူမကို အထောက်ထားဆုံးနဲ့အညှာတာဆုံး သူငယ်ချင်းဖြစ်သူ လီမော့ဟွာကိုယ်တိုင်တောင်မှ သူမမျက်နှာကိုမကြည့်ချင်မမြင်ချင်သလိုမျိုး မျက်နှာလွှဲ သွားခဲ့သည်။ သူမကို သည်းသည်းလှုပ်ခဲ့ဖူးသည့် ရွှယ်အိမ်တော်၏ အစ်ကိုတွေအစ်မတွေကလည်း သူမကိုမဆုံးနိုင်သည့်မုန်းတီးခြင်းတွေများစွာဖြင့်စိုက်ကြည့်နေကြသည်။ နောက်ဆုံးသူမကိုအချစ်ဆုံးအဖေဖြစ်သူကတောင် လာရောက်ကြည့်ရှု့ခြင်းမရှိတာကိုတွေ့လိုက်ရသည်။

ဘာကြောင့်ရယ်မှန်းမသိပဲ ဒီမြင်ကွင်းအားလုံးကိုသူမ ကြုံဖူးသလိုခံစားလိုက်ရသည်။ ဒါပေမယ့် ထိုခံစားချက်ကအနည်းငယ်ထူးဆန်းသည်။ သူမက အပြစ်သားနေရာတွင်မဟုတ်ပဲ လူအများ၏ ဝိုင်းနှစ်သိမ့်ခံပေးနေရသည့် နေရာမျိုး။

ရွှယ်ရင်းရင်းစဥ်းစားသည်။ ဘာကြောင့်သူမကံကြမ္မာကဒီလောက်ထိဆိုးဝါးရတာလဲ။ အမှန်ဆို သူမက အားလုံးရဲ့ထိပ်မှာရှိနေရမှာလေ။ မဟုတ်ဘူးလား။

ရှောင်ကျန့်ရဲ့ လူတိုင်းရဲ့အလည်ဗဟိုတစ်ခုလိုဖြစ်တည်မှုကိုကြည့်ရင်း ရွှယ်ရင်းရင်းရဲ့တည်ငြိမ်နေတဲ့သွေးတွေမှာပွက်ပွက်ဆူလာသည်။ ရင်ထဲမှာပလောင်ဆူပြီး နာကျင်ရလွန်းလို့ သွေးထအန်မိသည်အထိပင်။ သူမ မနာလိုစိတ်ကြောင့် ရူးသွပ်ဖို့တဲတဲလေးသာလိုတော့သည်။

ဘာကြောင့်လဲ။ သူကျတော့ လူတိုင်းရဲ့အချစ်ကိုအလွယ်တကူရနေပြီး တုန်နေအောင်ချစ်မြတ်နိုးတဲ့ ပြိုင်ဘက်ကင်းအာဏာရှင်အမျိုးသားတစ်ဦးလည်းရှိတယ်။ ချောမောပြီး အာဏာရှိတဲ့အမျိုးသားတိုင်းကသူ့ကိုသဘောကျကြပြီး အမျိုးသမီးတိုင်းက သူ့ကိုနတ်ဘုရားမ တစ်ပါးလိုကိုးကွယ်ကြသည်။

ဒါပေမယ့် သူမ ကရော။

ရွှယ်ရင်းရင်းဟာ နောက်ဆုံးအချိန်တွင် မကျေမချမ်းမှု၊ နာကျင်မှု၊ မနာလိုမှုနဲ့အတူ ကြီးစွာသောနောင်တ တရားနဲ့ သေဆုံးသွားခဲ့ရသည်။ ကွက်မျက် စင်အနှံ့တွင်သွေးတွေ စမ်းချောင်းတစ်ခုလိုပျံ့နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာ့စည်းမျဥ်းတွေက ပျော်ရွှင်စွာသက်ပြင်းအသာချရင်း ရှောင်ကျန့်တစ်ယောက်သာကြားနိုင်သည်အသံနှုန်းတစ်ခုပြုလုပ်လိုက်သည်။

ကျေးဇူးတင်ပါတယ်။

ရှောင်ကျန့်ကစိတ်သက်သာရာရစွာပြုံးလိုက်ရင်း ဝမ်ရိပေါ်ကို ခပ်တင်းတင်းဖြင့်ပိုမိုတိုးဝင်ပွေ့ဖက်လိုက်သည်။

"ရိပေါ်....ငါအနားယူချင်နေပြီ"

ရှောင်ကျန့်ရဲ့ ခပ်ဖျော့ဖျော့အသံလေးကိုကြားသည့်အခါတွင် ဝမ်ရိပေါ်ဟာ နူးညံ့စွာပြုံးလိုက်ရင်း ရင်ခွင်ထဲက ကပ်စေးတုံးလေးကို ပွေ့ချီလိုက်သည်။

"သွားရအောင်....ဒီနေရာက မင်းအတွက်အရမ်း ညစ်ပတ်လွန်းတယ်...."

"အင်း"

ရှောင်ကျန့်ဟာ သူ့ယောက်ျားရင်ခွင်ထဲ ပိုမိုတိုးဝင်လိုက်ရင်း သူ့မျက်လုံးလေးတွေကိုအနားယူသည့်အနေဖြင့် မှတ်ချလိုက်သည်။ အဓိကတာဝန်ပြီးမြောက်သွားမှတော့ သူ့ရဲ့အားလပ်ရက်လေးတွေရောက်ရှိလာခဲ့ပြီ။

________________________________________________________________

Zawgyi

ဝမ္ရိေပၚက တုံ႕ဆိုင္းမေနပဲ ခန္းမအတြင္းက မ်က္ႏွာဖုံးကြယ္ထားသည့္ အမ်ိဳးသမီးတိုင္းကို ဖယ္ရွားခိုင္းေစခဲ့သည္။ ဒါက တရားခံအမ်ိဳးသမီး ခန္းမထဲရွိေနနိုင္သည့္ျဖစ္နိုင္ေခ်ေသးေသးေလးတစ္ခုေၾကာင့္ပင္။ ၿပီးေတာ့ ဖုံးကြယ္ထားသည့္မ်က္ႏွာကိုေဖာ္ျပလိုက္ျခင္းက တစ္ကိုယ္လုံးႏွံ႕ႏွံ႕စပ္စပ္အစစ္ေဆးခံရၿပီးအရွက္ကြဲတာထက္အမ်ားႀကီး သင့္ေတာ္သည္။

မည္သူမွမကံ့ကြက္ၾကေပ။ ႐ႊယ္ရင္းရင္းအတြက္ကေတာ့ တကယ့္ကိုၿဂိဳလ္ဆိုးႀကီးတစ္ခုက်ေရာက္လာျခင္းပင္။ အိမ္ေရွ႕စံခ်န္စစ္ခ်ိန္က ႐ႊယ္ရင္းရင္းရဲ႕႐ုပ္ပ်က္ဆင္းပ်က္မ်က္ႏွာကိုျမင္ဖူးထားတာေၾကာင့္ ေရွာင္က်န့္စကားကိုၾကားသည့္အခါတြင္မ်က္ေမွာင္တင္းတင္းတစ္ခ်က္ၾကဳပ္လိုက္သည္။

ဒါေပမယ့္သူ႕သက္ေတာ္ေစာင့္ကိုယုံၾကည္စြာ မျဖစ္နိုင္ေလာက္ပါဘူးေလ ဟူသည့္စိတ္အခံျဖင့္ အေစခံမိန္းကေလးေတြ၏ မ်က္ႏွာကာကို ျဖဳတ္ဖို႔ရန္ခြင့္ျပဳလိုက္သည္။

ေနာက္ဆုံးခန္းမအတြင္းက မိန္းမပ်ိဳေတြအားလုံး သူတို႔မ်က္ႏွာကာကိုဖယ္ရွားၿပီးသြားၿပီျဖစ္ေပမယ့္ ႐ႊယ္ရင္းရင္းတစ္ေယာက္သာေဝ့လည္ေၾကာင္ပတ္လုပ္ေနေလသည္။ ၾကာေတာ့ လူတိုင္းသံသယဝင္လာၿပီး အေစာင့္တစ္ခ်ိဳ႕၏ ဖမ္းဆီးခ်ဳပ္ႏွောင္ျခင္းကိုခံလိုက္ရကာ သူမမ်က္ႏွာရွိ အနက္ေရာင္ပုဝါစမွာ ဆြဲယူျခင္းခံလိုက္ရသည္။ လူတိုင္း၏ ထိတ္လန့္တၾကားပင့္သက္ရွိုက္သံတစ္သံမွာထြက္ေပၚလာသည္။

သူမမ်က္ႏွာတြင္႐ုပ္ပ်က္ဆင္းပ်က္ ကန့္လန့္ျဖတ္အမာ႐ြတ္ႀကီးတစ္ခု ထင္ထင္ရွားရွားတည္ရွိေန၏။ ယခင္က သူမနဲ႕ အရင္းႏွီးဆုံးျဖစ္ခဲ့သူ လီအိမ္ေတာ္ရဲ႕သမီးႀကီး လီေမာ့ဟြာကိုယ္တိုင္ေတာင္မွ သူမကို႐ႊယ္ရင္းရင္းမွန္းမမွတ္မိေတာ့သည္အထိ ႀကီးႀကီးမားမားေျပာင္းလဲသြားခဲ့သည္။

သူမ မ်က္ႏွာထက္ကအမာ႐ြတ္ႀကီးကိုၾကည့္ရင္း လူတိုင္းက ေရွာင္က်န့္စကားကိုပိုမိုယုံၾကည္လာၾကသည္။ ေရွာင္က်န့္ကိုယ္တိုင္လည္း ႐ႊယ္ရင္းရင္းမ်က္ႏွာကိုျမင္သည့္အခါတြင္ ဝမ္းသာအားရ အသံထြက္လာသည္။

"ဒါ သူပဲ!!....ဒီမိန္းကေလးဆိုတာေသခ်ာတယ္..."

႐ႊယ္ရင္းရင္းက အေစာင့္ေတြလက္ထဲမွာပင္ ေၾကာက္လန့္တၾကား ေအာ္ေျပာသည္။

"မဟုတ္ဘူး!!...ငါကအျပစ္ကင္းတယ္!!! နင္လိမ္ေနတာ!"

ခ်န္စစ္ခ်ိန္၏ လူနဲ႕အသိစိတ္မကပ္ျဖစ္ေနသည့္အၾကည့္ေအာက္မွာတင္ သက္ေတာ္ေစာင့္အမ်ိဳးသားဟာ ၿငိမ္မေနနိုင္ေတာ့ပါပဲ အေလာတႀကီး ဝင္ပါလိုက္သည္။

"အရွင္မင္းျမတ္!... သူက ကြၽန္ေတာ္မ်ိဳးရဲ႕ တစ္ဝမ္းကြဲညီမေလးပါ....အရွင္မင္းျမတ္တို႔ သူမကို တစ္စုံတစ္ေယာက္နဲ႕မွားယြင္းေနတာျဖစ္ပါလိမ့္မယ္"

ဝမ္ရိေပၚက ခံစားခ်က္မဲ့စြာ အႏွီးအတင့္ရဲ ၊ ေမးခြန္းထုတ္ရဲတဲ့သက္ေတာ္ေစာင့္ကိုၾကည့္လိုက္သည္။

"မင္းက ငါကိုယ္ေတာ္ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ကိုခ်မိတယ္လို႔ဆိုလိုခ်င္တာလား"

"က်....ကြၽန္ေတာ္မ်ိဳး....."

သက္ေတာ္ေစာင့္အမ်ိဳးသားဟာ ေခြၽးေစးေတြျပန္လာရင္းေၾကာက္လန့္တၾကား ဒူးေထာက္ခ်လိဳက္သည္။

အခ်ိန္ကိုက္ သ႐ုပ္ေဆာင္နိုင္သည့္ ေရွာင္က်န့္ဟာ အံ့အားသင့္သြားသည့္မ်က္လုံးေတြႏွင့္သက္ေတာ္ေစာင့္အမ်ိဳးသားကိုၾကည့္ရင္း သူ႕လက္ေခ်ာင္းေလးေတြျဖင့္မ်က္ႏွာကာ ေအာက္ရွိ ပါးစပ္ေလးေတြကို အုပ္ကာလိုက္သည္။

"ခ..ခင္ဗ်ားေျပာတာ ဒီမိန္းကေလးက ခင္ဗ်ားရဲ႕ဝမ္းကြဲညီမ လား!"

သက္ေတာ္ေစာင့္အမ်ိဳးသားက ေရွာင္က်န့္ကိုမုန္းတီးစြာၾကည့္လိုက္ေသာ္လည္း ဧကရာဇ္မင္းျမတ္၏ ေၾကာက္မက္ဖြယ္ရာမ်က္လုံးေတြေၾကာင့္ ထိတ္လန့္စြာ ေခါင္းျငႇိမ့္ျပလိုက္သည္။

" ဟုတ္တယ္....သူမက ကြၽန္ေတာ့္ရဲ႕ဝမ္းကြဲညီမေလးပါ....ငယ္ငယ္တုန္းက မေတာ္တဆမႈတစ္ခုေၾကာင့္ သူ႕မ်က္ႏွာမွာ အမာ႐ြတ္ႀကီးႀကီးမားမား တစ္ခုရွိေနခဲ့တာပါ.....ကြၽန္ေတာ္မ်ိဳးရဲ႕ ဝမ္းကြဲညီမေလးက ရိုးသားတဲ့လူတစ္ေယာက္ဆိုတာကြၽန္ေတာ္မ်ိဳးအာမခံ နိုင္ပါတယ္အရွင္"

ေရွာင္က်န့္က ပိုၿပီးအံ့ဩထိတ္လန့္သြားသလိုမ်ိဳး မ်က္လုံးေလးေတြျပဴးက်ယ္သြားသည္။ သူကထိုမ်က္လုံးဝိုင္းေလးေတြျဖင့္ ဝမ္ရိေပၚကိုလွမ္းၾကည့္လိုက္သည္။ အလိုက္သိလွသည့္ ဝမ္ရိေပၚဟာ ပုလႅင္လက္ရန္းကို ဖိခ်လိဳက္ရင္း သက္ေတာ္ေစာင့္အမ်ိဳးသားကို လူေသတစ္ေယာက္လိုစိုက္ၾကည့္လိုက္သည္။

"အေစာင့္ေတြ!!...ဒီတစ္ေယာက္ကို အခုခ်က္ခ်င္းဖမ္းခ်ဳပ္လိုက္ၾက"

သက္ေတာ္ေစာင့္အမ်ိဳးသားဟာ ေၾကာင္အ သြားရာကေန အေစာင့္အုပ္စု၏ အတင္းအၾကပ္ဖမ္းခ်ဳပ္ျခင္းကိုခံလိုက္ရသည္။ အခုေတာ့ ႐ႊယ္ရင္းရင္းကို မကယ္တင္လိုက္နိုင္သည့္အျပင္ သူကိုယ္တိုင္ပါ အဖမ္းခံရသည့္ထဲ ပါဝင္သြားခဲ့ေလၿပီ။

ခန္းမ ထဲကလူေတြဟာ ဧကရာဇ္မင္း၏ အေတြးကိုလုံးဝလိုက္မမွီနိုင္ေတာ့သလိုခံစားလိုက္ရသည္။ စဥ္းစားဆင္ျခင္းနိုင္စြမ္းရွိသည့္ လူတစ္ခ်ိဳ႕ေလာက္သာ ဘာေၾကာင့္ဖမ္းခ်ဳပ္လိုက္သလဲဆိုတာကိုနားလည္ၾက၏။

"အရွင္! က်..ကြၽန္ေတာ္မ်ိဳး ဘာအမွားမ်ားလုပ္ခဲ့မိလို႔ပါလဲအရွင္"

သက္ေတာ္ေစာင့္အမ်ိဳးသားဟာတုန္ရီေနသည့္အသံျဖင့္ ဝမ္ဧကရာဇ္ကိုေၾကာက္လန့္တၾကားေမးလိုက္သည္။ ဝမ္ရိေပၚကျပန္ေျဖဖို႔ရန္ပ်င္းရိၿငီးေငြ႕ေနသည့္ဟန္ကို ျမင္ေတာ့ ေရွာင္က်န့္ဟာ မဝံ့မရဲ ဝင္ေရာက္ေျဖရွင္းေပးသည္။

"ခုနက ကြၽန္ေတာ္ေျပာခဲ့တဲ့စကားထဲမွာ ျမင္ခဲ့ရတဲ့သူက အမ်ိဳးသားတစ္ေယာက္နဲ႕အမ်ိဳးသမီးတစ္ေယာက္ ဆိုၿပီးပါတယ္ေလ....အမ်ိဳးသမီးတရားခံကိုေတြ႕သြားမွေတာ့ အရင္းႏွီးဆုံးလို႔ ဝန္ခံလိုက္တဲ့ခင္ဗ်ားက က်န္အမ်ိဳးသားတရားခံ မျဖစ္သြားနိုင္ဘူးလား..."

သက္ေတာ္ေစာင့္အမ်ိဳးသား : "....."

ဖမ္းခ်ဳပ္ခံထားရသည့္အမ်ိဳးသားခမ်ာ သူ႕ပါးစပ္ကိုဖြင့္လိုက္၊ ပိတ္လိုက္ျဖင့္ မည္သို႔ေျဖရွင္းခ်က္ေပးရမလဲဆိုတာကိုေတာင္မသိေတာ့ေပ။ ေစာေစာက ႐ႊယ္ရင္းရင္းကိုသာ ကယ္တင္ခ်င္စိတ္ျပင္းျပေနတာေၾကာင့္ အႏွီး ကေခ်သည္အမ်ိဳးသားေလး ျမင္ေတြ႕ခဲ့သည္မွာ တရားခံႏွစ္ေယာက္ဟူသည့္အေၾကာင္းကို ေမ့ေလ်ာ့သြားခဲ့တာျဖစ္သည္။

ဘာျပန္ေျဖလို႔ေျဖရမွန္းမသိေတာ့သည့္ သက္ေတာ္ေစာင့္အမ်ိဳးသားဟာ သူ႕သခင္ျဖစ္သူ အိမ္ေရွ႕စံ ခ်န္စစ္ခ်ိန္ဘက္အားကိုးတႀကီးလွမ္းၾကည့္လိုက္သည္။ သူတို႔အတြက္ေျဖရွင္းခ်က္ေပးၿပီး ကယ္တင္ေပးလိုကယ္တင္ျငား။ သို႔ေသာ္လည္း ခ်န္စစ္ခ်ိန္ဟာ ယခုအေျခအေနကိုစိတ္နဲ႕လူနဲ႕မကပ္သလိုေၾကာင္ေတာင္ေတာင္ျဖင့္ၾကည့္ေနေလသည္။ ၾကည့္ရတာ သူ႕ဟာနဲ႕သူေတာင္ မနည္းနားလည္ေအာင္ႀကိဳးစားေနရသည့္ပုံပင္။

သက္ေတာ္ေစာင့္အမ်ိဳးသားဟာအံတင္းတင္းတစ္ခ်က္ႀကိတ္လိုက္ရင္း ေရွာင္က်န့္ကိုမုန္းတီးစြာလွမ္းၾကည့္လိုက္သည္။ သူေဆးခပ္ေနစဥ္က အနားတြင္ေသခ်ာေပါက္ ရင္းရင္း ကရွိမေနေပ။ ဒီလူ လိမ္ညာေနမွန္းအရမ္းသိသာလြန္းသည္။

"အရွင္....ဒီလူေျပာသမွ်မယုံပါနဲ႕.....သူအကုန္လုံးကိုလွည့္စားေနတာ....သူ..သူ အရွင္မင္းႀကီးတို႔ ပုလႅင္အနားကိုအေၾကာင္းအရင္းမရွိကပ္လာေသးတာမွတ္မိပါေသးရဲ႕လား အရွင္....အဲ့ဒီအခ်ိန္မွာ သူ မသိမသာ အဆိပ္ခပ္ခဲ့တာျဖစ္နိုင္ပါတယ္..."

ျမႇားဦးက ေရွာင္က်န့္ရွိရာဆီသို႔ လွည့္သြားသည္။ ေရွာင္က်န့္က ျပာယာခပ္သြားျခင္းမရွိပဲ မ်က္ႏွာကာေအာက္ က ႏႈတ္ခမ္းေလးေတြကိုပိုၿပီးေတာင္ၿပဳံးေယာင္သမ္းသြားေစေသးသည္။

အိုး.....ပိုၿပီးေတာင္စိတ္လႈပ္ရွားစရာေကာင္းသြားၿပီ။

လူေတြရဲ႕ ဇေဝဇဝါျဖစ္လာသည့္အၾကည့္ေတြေအာက္တြင္ ေရွာင္က်န့္ဟာ စြန့္လႊတ္အနစ္နာခံသည့္ဟန္ပန္ေလးျဖင့္ သူ႕လက္ေလးတစ္ဖက္ကိုဆန့္တန္း၍တစ္ကိုယ္လုံးဖြင့္ဟ လိုက္သည္။

"တကယ္လို႔ခင္ဗ်ားေျပာသလိုသာ ကြၽန္ေတာ္အဆိပ္ခတ္ခဲ့ရင္ ကြၽန္ေတာ့္ကိုယ္ေပၚမွာ အဆိပ္နဲ႕ပတ္သပ္တဲ့သဲလြန္စ တစ္ခုခုရွိေနမွာေသခ်ာတယ္....ကိုယ့္လိပ္ျပာကိုယ္လုံတဲ့ လူတစ္ေယာက္အေနနဲ႕ ဘယ္သူမဆို ကြၽန္ေတာ့ခႏၶာကိုယ္ကိုစစ္ေဆးၾကည့္လို႔ရပါတယ္...."

ေရွာင္က်န့္ရဲ႕ ပြင့္လင္းမႈက လူတိုင္းကိုၿငိမ္သက္သြားေစသည္။ သက္ေတာ္ေစာင့္အမ်ိဳးသားေတာင္မွ ႐ႊယ္ရင္းရင္းသူ႕ဆီေရာက္ခ်လာၿပီး အမွန္တကယ္သူတို႔ကိုျမင္ေတြ႕သြားတာလားဟု ထင္ေယာင္ထင္မွားျဖစ္လာသည္အထိပင္။

ခရက္!

ဝမ္ရိေပၚရဲ႕ ပုလႅင္လက္ရန္းမွာ ထပ္မံကြဲအက္သြားသည္။ တစ္ျခားလူတစ္ေယာက္က သူ႕အခ်စ္ေလး ရဲ႕ခႏၶာကိုယ္ကိုထိေတြ႕ကိုင္တြယ္ၿပီးစစ္ေဆးမွာတဲ့လား။

ဝမ္ရိေပၚ : "....."

ဧကရာဇ္မင္းျမတ္၏ အမိန့္ကိုေစာင့္ဆိုင္းေနၾကသူမ်ားသည္ သူတို႔ေက်ာရိုးတစ္ေလ်ာက္ စိမ့္တတ္သြားသလိုခံစားလိုက္ရၿပီး ဘာေၾကာင့္ရယ္မွန္းမသိပါပဲ ၾကက္သီးေတြတျဖန္းျဖန္းထ သြားၾကသည္။

ဝမ္ရိေပၚက ေအးစက္စြာႏွာေခါင္းတစ္ခ်က္ရႈံ႕လိုက္ရင္း ေျပာသည္။

"ဒီကိစၥက အရမ္းအေရးႀကီးတယ္.....ပိုၿပီးစိတ္ခ် ယုံၾကည္ရေအာင္ ငါကိုယ္ေတာ္ကိုယ္တိုင္ စစ္ေဆးမယ္"

လူတိုင္း : "....."

အဲ့ဒါဘာဆိုင္လို႔လဲ။

ေရွာင္က်န့္မ်က္ႏွာမွာခ်က္ခ်င္းၿပဳံးၿဖီးၿဖီးျဖစ္သြားသည္။ ဒါေပမယ့္တစ္ျခားသူေတြရိပ္မိသြားမွာစိုးရတာေၾကာင့္မနည္းမ်က္ႏွာပိုးသပ္လိုက္ရသည္။

ဝမ္ရိေပၚကလူႀကီးလူေကာင္းတစ္ေယာက္လိုမ်ိဳး ဂုဏ္သေရရွိစြာပုလႅင္ေပၚကေန ေရွာင္က်န့္ကိုအျမန္လာခဲ့ဖို႔ရန္ မသိမသာအခ်က္ျပလိုက္သည္။ တကယ္လို႔တစ္ဖက္လူကိုစစ္ေဆးဖို႔ရန္တစ္ခုတည္းျဖင့္ ပုလႅင္ေပၚက ဆင္းသြားခဲ့ရင္ အကုန္လုံးသံသယစိတ္အျပည့္ျဖစ္သြားနိုင္သည္။ ေရွာင္က်န့္က ပုလႅင္ရွိရာဆီသို႔တစ္လွမ္းခ်င္းတပ္လာၿပီးဝမ္ရိေပၚအေရွ႕တြင္ရပ္ကာ အရိုအေသေပးလိုက္သည္။

လူေပါင္းမ်ားစြာ၏စူးစမ္းလိုစိတ္အျပည့္ျဖင့္ အၾကည့္ေတြကိုသတိထားမိသည့္အခါတြင္ လူသတ္ေတာ့မည့္မ်က္ႏွာႀကီးျဖင့္ ေဝွ႕ဝဲၾကည့္၍ ေငါက္လိုက္၏။

"ဘာၾကည့္ေနၾကတာလဲ..... လူတိုင္းေခါင္းငုံ႕ေန.....ငါကိုယ္ေတာ္ရၿပီမေျပာမခ်င္း ေခါင္းကိုလုံးဝေမာ့မလာနဲ႕....အမိန့္မနာခံတဲ့လူရွိရင္ ငါကိုယ္ေတာ္မညွာတာဘူးလို႔ ေျပာရင္ေတာင္ဂ႐ုမစိုက္ဘူး"

လူတိုင္းေၾကာက္လန့္တၾကား သူတို႔ေခါင္းေတြကိုငုံ႕ကိုင္းလိုက္ၾကသည္။ ဒီမွာရွိတဲ့ ရာထူးႀကီးလူတိုင္းဟာ ဝမ္တိုင္းျပည္၏ လက္ေအာက္ခံေတြသာျဖစ္တာေၾကာင့္ အႏွီးေဒါသအိုးဧကရာဇ္မင္း၏အမိန့္ကိုမလြန္ဆန္ရဲၾကေခ်။ ႐ႊယ္ရင္းရင္းနဲ႕ သက္ေတာ္ေစာင့္အမ်ိဳးသားေတာင္မွ အေစာင့္အုပ္စု၏ အတင္းအၾကပ္ေခါင္းကိုဖိလ်က္ ငုံ႕ကိုင္းေစျခင္းခံလိုက္ရသည္။

မည္သူမွ သူတို႔ကိုၾကည့္မေနဘူးဆိုတာေသခ်ာမွ ဝမ္ရိေပၚ ဟာ ေရွာင္က်န့္ကိုခါးကေန ညင္ညင္သာသာထိကိုင္၍ သူ႕ရင္ခြင္ႀကီးထဲဆြဲသြင္းျခင္းလိုက္ေလသည္။ ေရွာင္က်န့္ရဲ႕ မ်က္ႏွာကာကိုဖယ္ရွားလိုက္ရင္း ၿပဳံးေရာင္သမ္းလ်က္ရွိေနသည့္ႏႈတ္ခမ္းသားေလးေတြအား တစ္ခ်က္မွ်ဖိကပ္နမ္းသည္။

ၿပီးေနာက္ ေျပာခဲ့သည့္အတိုင္းတာဝန္ေက်ပြန္စြာျဖင့္ခါးနားကို လက္ျဖင့္လွ်ိုဝင္ရင္းေက်ာရိုးတစ္ေလွ်ာက္ လက္ဖဝါးျပင္ျဖင့္ပြတ္သပ္ သည္။ ေရွာင္က်န့္ရဲ႕ နား႐ြက္နားေလးကိုတိုးကပ္ရင္း သူတို႔ႏွစ္ေယာက္သာၾကားနိုင္မည့္ေလသံခပ္တိုးတိုးျဖင့္ ေျပာ၏။

"မင္းေလးက တရားမွ်တမႈကို လိုခ်င္ေနတာမဟုတ္လား...."

"အင္း....ကြၽန္ေတာ္မ်ိဳးအတြက္တရားမွ်တမႈကိုရွာေပးပါအရွင္....ဟီး...."

ေရွာင္က်န့္ကအလိုက္သင့္သ႐ုပ္ေဆာင္ရင္း ေၾကာင္ေပါက္ေလးတစ္ေကာင္လို ဟီးကနဲထရယ္သည္။ ကံေကာင္းတာတစ္ခုက သူတို႔ႏွစ္ေယာက္လုံး၏အသံမွာ လုံလုံေလာက္ေလာက္ ေသးငယ္တာေၾကာင့္ တစ္ျခားမည္သူမွ ၾကားဖို႔ရန္မျဖစ္နိုင္ေပ။

"အင္း....ညင္ညင္သာသာေလး 'ရွာ' ေပးပါ့မယ္ဗ်ာ"

ဝမ္ရိေပၚက အနည္းငယ္နီရဲေနသည့္မ်က္ႏွာႏွင့္ရီေဝေနသလိုမ်ိဳး အဝတ္စေတြၾကားထဲ သူ႕လက္ဖဝါးျပင္ႀကီးကို တိုးဝင္ေ႐ြ႕လ်ားေနရင္း လည္ပင္းသားျဖဴျဖဴကို နမ္းရွိုက္လိုက္သည္။ ေရွာင္က်န့္ကအနည္းငယ္မ်က္ခုံးပင့္ျပ၏။

ပုံမွန္ဆို ရွက္႐ြံ႕သည့္ဟန္ပန္ျဖင့္ မ်က္ႏွာနီရဲေနတတ္သည့္ သူ႕ေယာက္်ားက အခုမ်ားက်ေတာ့လည္း လူေတြၾကားထဲမွာေတာင္မထိန္းခ်ဳပ္နိုင္ေလာက္ေအာင္ပြတ္သီးပြတ္သပ္လုပ္ေနေလသည္။

ေရွာင္က်န့္ကိုစိတ္ႀကိဳက္ကိုင္တြယ္ ထိေတြ႕ၿပီးသြားၿပီးေနာက္ တြန့္ဆုတ္စြာပင္ သက္ျပင္းခပ္ေလးေလးခ်လိဳက္ရင္း ပုလႅင္ေအာက္ဆင္းသြားတာကို ႏွေျမာတသျဖစ္သည့္မ်က္လုံးေတြနဲ႕ၾကည့္ေနမိသည္။

"အဟမ္း.....ေမာင္မင္းတို႔ေခါင္းျပန္ေမာ့လို႔ရၿပီ"

ေခါင္းတစ္ခုလုံးျပဳတ္ထြက္ေတာ့မတတ္ ငုံ႕ကိုင္းထားရသည့္ လူအေပါင္းမွာထိုအခါမွသာ စိတ္သက္သာရစြာ သူဆို႔ေခါင္းကို ရဲရဲဝံ့ဝံ့ ျပန္ေမာ့ရဲၾကသည္။ ဝမ္ရိေပၚက ႐ုပ္တည္ႀကီးျဖင့္ ပုလႅင္ေပၚမွာထိုင္ေနရင္း သက္ေတာ္ေစာင့္အမ်ိဳးသားကို လူေသတစ္ေယာက္ကဲ့သို႔ၾကည့္၏။

"မင္းေျပာသလိုမ်ိဳး သူ႕ခႏၶာကိုယ္ေပၚမွာ အဆိပ္နဲ႕ပတ္သပ္လို႔ရႈံ႕အိတ္တစ္ခုေတာင္မေတြ႕ခဲ့ရဘူး....ဒီေတာ့ ဘယ္လိုဆက္ရွင္းမလဲ"

အမ်ိဳးသား : "....."

သူဘာဆက္ေျပာေတာ့မလဲ။ သာမန္အေစာင့္တစ္ေယာက္သာစစ္ေဆးတာဆိုရင္ အက်ိဳးတူပူးေပါင္းတာတို႔၊ လာဒ္ေပးထားတာ စသျဖင့္ အမ်ိဳးမ်ိဳးအေၾကာင္းျပ၍ ရေသးသည္။ ဒါေပမယ့္အခုဟာက ဧကရာဇ္မင္းကိုယ္တိုင္စစ္ေဆးတာဆိုမွေတာ့ ပူးေပါင္းလိမ္လည္ထားပါသည္ဟု သြားေျပာရင္ သူေခါင္းမျပတ္သြားနိုင္ဘူးလား။
သက္ေတာ္ေစာင့္အမ်ိဳးသား၏ ေျဖရွင္းရၾကပ္ေနေသာ ပုံစံကိုျမင္သည့္အခါတြင္ ႐ႊယ္ရင္းရင္းဟာ ပိုမိုေၾကာက္လန့္လာၿပီး အသည္းအသန္႐ုန္းကန္ေတာ့သည္။

အေစာင့္ေတြလက္ထဲ ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း၊ ျဖစ္ရင္းျဖင့္ ႐ႊယ္ရင္းရင္းရဲ႕ အဝတ္ေတြၾကားထဲကေန ရႈံ႕အိတ္တစ္အိတ္ထြက္က်လာခဲ့သည္။ မ်က္စိလ်င္သည့္ စုထ်န္းခ်ီဟာ အေစာင့္တစ္ေယာက္ကို ထိုရႈံ႕အိတ္အား ယူေဆာင္လာေစခဲ့သည္။ ရႈံ႕အိတ္ထဲမွာအေသအခ်ာစီမံထုတ္ပိုးထားသည့္ အရာကိုျမင္သည့္အခါတြင္ စုထ်န္းခ်ီ၏ မ်က္ႏွာမွာလြန္စြာေလးနက္သြား၏။

"ဒါက တကယ့္ကို ပန္းအဆိပ္ပဲ"

လူတိုင္းကတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကသည္။ တရားခံအစစ္ကဘယ္သူလဲဆိုတာ လုံးဝေပၚသြားေပၿပီ။

"မင္းတို႔ ဘာျငင္းခ်င္ေသးလဲ"

ဝမ္ရိေပၚရဲ႕ ခံစားခ်က္အတတ္အက်မရွိတဲ့ အသံမွာ ခန္းမတစ္ခုလုံးကိုေအးခဲသြားေစသည္။ ႐ႊယ္ရင္းရင္းက လြန္စြာေသြးပ်က္သြားသည္။ ဒီ ပန္းအဆိပ္ဆိုတဲ့အရာကို သူမ သိလည္း မသိသလို ဘယ္ကေနဘယ္လို သူမ ဆီေရာက္ေနမွန္းလည္း လုံးဝမသိလိုက္ေပ။

ေသရမွာ ေၾကာက္သည့္ ႐ႊယ္ရင္းရင္းဟာ အျပစ္ေတြအားလုံးကို သက္ေတာ္ေစာင့္အမ်ိဳးသားေပၚပုံခ်လိဳက္ဖို႔ရန္တုံ႕ဆိုင္းျခင္းတစ္စက္ကေလးေတာင္မရွိခဲ့ပါေခ်။

"အဟင့္....ကြၽန္ေတာ္မ်ိဳးမ ဖိအားေပးခံရတာပါ....သူက အရွင္မင္းႀကီးတို႔စားမယ့္အစားအေသာက္ေတြထဲ အဆိပ္ခတ္လုပ္ႀကံဖို႔အတြက္ ကြၽန္ေတာ္မ်ိဳးမ ရဲ႕အသက္နဲ႕ဖိအားေပးခိုင္းေစခဲ့ၾကတာ....ကြၽန္မ ကအျပစ္ကင္းပါတယ္ရွင္...."

ေျပာရင္းဆိုရင္းျဖင့္ ႐ႊယ္ရင္းရင္းဟာ တစ္ရႈံ႕ရႈံ႕ စတင္ငိုယိုသည္။ မသိတဲ့လူဆိုရင္ သူမက မတရားဖိအားေပး ခိုင္းေစခံခဲ့ရသည့္ မိန္းကေလးတစ္ေယာက္ဟု ထင္မွတ္သြားေလာက္သည္။
သက္ေတာ္ေစာင့္အမ်ိဳးသားဟာ ႐ႊယ္ရင္းရင္းကိုမယုံၾကည္နိုင္သည့္ မ်က္လုံးေတြနဲ႕ေငးၾကည့္လိုက္မိသည္။ သူမအတြက္။ သူမအတြက္ ဒီကိစၥကဘယ္ေလာက္ေတာင္ အႏၱရာယ္မ်ားၿပီး သစၥာေဖာက္ရာက်လဲ ဆိုတာသိရက္ရက္နဲ႕ကို တုံ႕ဆိုင္းျခင္းမရွိပဲ ကူညီေပးခဲ့သည္။ သူမ သူ႕ကိုျပန္မခ်စ္နိုင္ရင္ေတာင္ အနည္းဆုံး စိတ္ထဲ မွတ္မိသြားေစခ်င္စိတ္တစ္ခုတည္းနဲ႕ပင္။ ဒါေပမယ့္ အခု.....

ခန္းမအတြင္း ႐ႊယ္ရင္းရင္း၏ ရွိုက္ငိုသံတစ္သံသာ ထင္ထင္ရွားရွားထြက္ေပၚ၍ေနသည္။ နားညီးလာသည့္ ဝမ္ရိေပၚဟာ အေစာင့္ေတြကို ထိုမိန္းမ၏ ပါးစပ္အားပိတ္ဆို႔ထားလိုက္ဖို႔ရန္ ေဒါသတႀကီးေျပာလိုက္သည္။

ဝမ္ရိေပၚ : "မင္းက ဘယ္တိုင္းျပည္ကလာတာလဲ"

သက္ေတာ္ေစာင့္အမ်ိဳးသားဟာ ေၾကာက္လန့္ေနေသာ္လည္းပဲ လိမ္ညာရဲျခင္းမရွိပါပဲ အမွန္တိုင္းထုတ္ေဖာ္ေျပာ႐ုံသာတတ္နိုင္သည္။

"ကြၽန္ေတာ္မ်ိဳးက ခ်န္းေယာင္ တိုင္းျပည္၊ အိမ္ေရွ႕စံ ခ်န္စစ္ခ်ိန္ကို အနီးကပ္ေစာင့္ေရွာက္ ရတဲ့ ကိုယ္ရံေတာ္ လ်န္ ပါ အရွင္"

ခ်န္စစ္ခ်ိန္ဟာ သူဒီအတိုင္းေဘးမွာရပ္ေနလို႔မရေတာ့မွန္း နားလည္းသြားတာေၾကာင့္ ခန္းမအလည္သို႔ထြက္လာ၏။ သူ႕ရဲ႕ တုန္လႈပ္ေနသည့္စိတ္အစုံကိုထိန္းခ်ဳပ္ရင္း ဝမ္ရိေပၚကိုဒူးေထာက္အရိုအေသေပးလိုက္သည္။

"အရွင္မင္းႀကီး.....ကြၽန္ေတာ္မ်ိဳးက အရွင့္လက္ေအာက္ခံ တိုင္းျပည္ေတြထဲကတစ္ခုျဖစ္တဲ့ ခ်န္းေယာင္တိုင္းျပည္ ရဲ႕ အိမ္ေရွ႕စံ ခ်န္စစ္ခ်ိန္လို႔ေခၚပါတယ္အရွင္...."

"အိုး.....ေမာင္မင္းတို႔ရဲ႕ ခ်န္းေယာင္တိုင္းျပည္က ငါကိုယ္ေတာ့္ကို ပုန္ကန္ဖို႔ဆုံးျဖတ္သြားၿပီေပါ့"

သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ အပါအဝင္၊ အမ်ိဳးသားဇာတ္လိုက္ ခ်န္စစ္ခ်ိန္ ဟာ လုံးဝတုန္လႈပ္သြားၾကသည္။

"မဟုတ္....ကြၽန္ေတာ္မ်ိဳး စိတ္ထဲမွာ ပုန္ကန္ဖို႔ကိစၥကို ေသးေသးေလးေတာင္မေတြးမိခဲ့ပါဘူးအရွင္...."

ေသြးပ်က္ေျခာက္ျခားသြားသည့္ ခ်န္စစ္ခ်ိန္ဟာ ဝမ္ရိေပၚကိုအသည္းအသန္ေျဖရွင္းခ်က္ေတြေပးလာသည္။ ဒါေပမယ့္ ဝမ္ရိေပၚက ပ်င္းရိစြာျဖင့္သူ႕မ်က္ေတာင္ရွည္ေတြကို ေအာက္ဘက္စင္းက်ေစလိုက္ၿပီး အနည္းငယ္ အက္ေနၿပီျဖစ္တဲ့ ပုလႅင္လက္ရန္းကိုလက္ေခ်ာင္းရွည္ေတြျဖင့္ ေခါက္ေန၏။

"ဒါဆို ေမာင္မင္းဆိုလိုခ်င္တာက ဘယ္လိုမ်ိဳးလဲ....အနီးကပ္သက္ေတာ္ေစာင့္တစ္ေယာက္က သခင္ျဖစ္သူဆီက အမိန့္မရပဲ ငါကိုယ္ေတာ္တို႔ကိုလုပ္ႀကံတယ္ဆိုတာမ်ိဳးလား....ငါကိုယ္ေတာ္က ဘာေၾကာင့္ေမာင္မင္းတို႔လို လုပ္ႀကံသူေတြပါးစပ္ကထြက္တဲ့စကားကိုယုံၾကည္ရမွာလဲ"

ဒါကအရမ္းကိုႀကီးမားသည့္ လုပ္ႀကံမႈႀကီးတစ္ရပ္ျဖစ္သည္။ ဒီလိုအသက္အႏၱရာယ္ႏွင့္ပတ္သပ္တဲ့လုပ္ႀကံမႈႀကီးက တိုင္းျပည္ႀကီးတစ္ခုလုံးကို ပ်က္စီးသြားေစနိုင္သည္။

ခ်န္စစ္ခ်ိန္၏ ခႏၶာကိုယ္မွာတစ္ကိုယ္လုံးအားမရွိသလိုမ်ိဳး ၾကမ္းျပင္ထက္သို႔ပုံလ်က္သားလဲက်သြား၏။ သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ဟာ သူ႕သခင္ျဖစ္သူ၏ ျဖဴေဖ်ာ့ေဖ်ာ့ ပုံစံကို အားေလ်ာ့သြားသည့္မ်က္လုံးေတြနဲ႕ၾကည့္ရင္း သူ႕ေက်းဇူးရွင္ကို သူ႕ေၾကာင့္ဒီလိုမ်ိဳးခံစားေစခဲ့သည္မွာ တရားပါရဲ႕လားဟုေတြးမိသြားသည္။ သူ႕ရဲ႕ ဥာဏ္မဲ့လြန္းၿပီး မ,စိတ္မႊန္သည့္လုပ္ရပ္တစ္ခုက တိုင္းျပည္တစ္ခုလုံးကိုကပ္ေဘးစိုက္ေစခဲ့သည္။

သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ဟာ စိတ္ဆုံးျဖတ္လိုက္ဟန္ျဖင့္ ႐ႊယ္ရင္းရင္းေၾကာင့္ ၿပိဳလဲေၾကမြသြားသည့္ သူ့ရဲ့စိတ်နှလုံးက်ုပြန်လည်ပြင်ဆင်လိုက်သည်။

"အရွင္မင္းႀကီး....ကြၽန္ေတာ္မ်ိဳးဝန္ခံစရာတစ္ခုရွိပါတယ္....ဒါေပမယ့္ ဒီကိစၥကိုမေျပာခင္ အရင္ဆုံး ကြၽန္ေတာ္မ်ိဳးရဲ႕သခင္ အိမ္ေရွ႕စံ ခ်န္စစ္ခ်န္ နဲ႕ ခ်န္းေယာင္တိုင္းျပည္တစ္ခုလုံးက အျပစ္လုံးဝမရွိဘူးဆိုတာကိုပဲ သိထားေပးပါအရွင္...."

ဝမ္ရိေပၚက သူ႕မ်က္ခုံးကိုပင့္လိုက္ရင္း ေျပာဆိုသည့္သေဘာမ်ိဳးျဖင့္ သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ ကိုဆက္ဆိုေစသည္။

"အမွန္ေတာ့ ဒီအရာအားလုံးရဲ႕အဓိက တရားခံက ခ်န္းေယာင္တိုင္းျပည္နဲ႕ မသက္ဆိုင္ပဲ ကြၽန္ေတာ္မ်ိဳးရဲ႕ ႐ူးသြပ္ၿပီးဦးႏွောက္မရွိတဲ့လုပ္ရပ္တစ္ခုပါ....အဓိကအေၾကာင္းျပခ်က္က အဲ့ဒီ ႐ႊယ္ရင္းရင္းဆိုတဲ့ မိန္းမရဲ႕ စကားေတြေအာက္ေျမာပါသြားရင္း သူမ ကိုခ်စ္မိသြားတာပါပဲ....သူမစီမံသမွ် ကြၽန္ေတာ္မ်ိဳး စုံလုံးကန္းရင္း ျပဳလုပ္ေပးခဲ့မိပါတယ္အရွင္...."

လူတိုင္း လိုလို သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ လက္ညွိုးထိုးရာ ႐ႊယ္ရင္းရင္းဆီကို ၾကည့္ရႈ႕မိလိုက္ၾကသည္။ ႐ႊယ္ရင္းရင္း၏မ်က္ႏွာမွာ မထင္မွတ္ထားသည့္ဖြင့္ဟ ဝန္ခံခ်က္ေၾကာင့္ ျဖဴဆုတ္ေနၿပီး ေအာ္ဟစ္ျငင္းဆန္ခ်င္ေသာ္လည္းပဲ သူမပါးစပ္မွာအပိတ္ခံထားရတာေၾကာင့္ တစ္ဝူးဝူးတစ္ဝါးဝါးအသံေတြသာ ထြက္လာနိုင္သည္။

ဝမ္ရိေပၚက ထို႐ုပ္ဆိုးအက်ည္းတန္လွတဲ့မိန္းမ ဟာ ႐ႊယ္ရင္းရင္းျဖစ္ေၾကာင္းအမွတ္မထင္သိရွိလိုက္ရသည္။ အမတ္မင္းတိုင္းလိုလိုက ၿပီးခဲ့တဲ့အျဖစ္အပ်က္တစ္ခုေၾကာင့္ ႐ႊယ္ရင္းရင္း၏ ႐ြံရွာစရာဂုဏ္သတင္းႏွင့္ရင္းႏွီးကြၽမ္းဝင္႐ုံသာမက ကိုယ္ေတြ႕လည္းႀကဳံဖူးၾက၏။

ပထမတြင္ သူတို႔အေနနဲ႕ အႏွီး႐ႊယ္ရင္းရင္းဆိုသည့္နာမည္ကိုၾကားဖူးသည္ဟုခံစားရေသာ္လည္းပဲ တိတိက်က်မည္သူမွန္းမသိၾကေသးေပ။ အမ်ိဳးသားသက္ေတာ္ေစာင့္ လ်န္ ကေလွာင္ေျပာင္သည့္မ်က္ႏွာျဖင့္ ဝင္ေထာက္ျပလိုက္မွသာ သူတို႔မ်က္ႏွာတြင္ ႐ြံရွာစက္ဆုပ္သည့္ခံစားခ်က္တစ္ရပ္မွာဖုံးမနိုင္ဖိမရေပၚေပါက္လာခဲ့သည္။

"အရွင္ ထင္တဲ့အတိုင္းပါပဲ....ဒီတစ္ေယာက္က ဧကရီကိုယ္တိုင္ ျပည္ႏွင္ဒဏ္ေပးခဲ့တဲ့ ႐ႊယ္အမတ္ႀကီးရဲ႕သမီး ႐ႊယ္ရင္းရင္း ဆိုတဲ့တစ္ေယာက္ေလ...."

ခန္းမထဲ ကလူတိုင္း ႐ႊယ္ရင္းရင္းကိုမသိၾကေသာ္လည္းပဲ ဝမ္တိုင္းျပည္က လူတိုင္း၏မ်က္ႏွာထက္ရွိ မုန္းတီးသတ္ျဖတ္လိုရိပ္မ်ားကို ျမင္ေတြ႕လိုက္ရသည့္အခါတြင္ မအံ့ဩပဲမေနနိုင္ပါေခ်။ ဒီမိန္းမ က ဘယ္လိုလူစားမ်ိဳး ျဖစ္ေနလို႔မ်ား လူအုပ္ႀကီးဆီက မုန္းတီးမႈကိုအုံလိုက္က်င္းလိုက္ရရွိေနတာပါလိမ့္။

ဝမ္ရိေပၚရဲ႕ ပယင္းေရာင္မ်က္လုံးေတြမွာ ေအာက္ေျခကိုမျမင္ရေတာ့သည္အထိ နက္ေမွာင္သြားသည္။ လာျပန္ၿပီ။ ဒီတစ္ေခါက္လည္း ႐ြံဖို႔ေကာင္းတဲ့ ႐ႊယ္ရင္းရင္းဆိုတဲ့မိန္းမ ပဲ။ က်န့္က်န့္ကို ခဏခဏအမ်ိဳးမ်ိဳးလုပ္ႀကံေနတာ သူဘယ္လိုစိတ္နဲ႕မ်ားသည္းခံရေတာ့မွာလဲ။

ဝမ္ရိေပၚ : "သူက ဒီေလာက္ထိ ႐ုပ္ဆိုးအက်ည္းတန္တာ....မင္းဘယ္လိုမ်ား ခ်စ္မိသြားလဲဆိုတာ ငါကိုယ္ေတာ္ သိခ်င္စိတ္ေတာ့ျဖစ္မိတယ္...."

"အခ်စ္ဆိုတဲ့အရာမ်ိဳးက ေျပာရခက္တယ္အရွင္....ကြၽန္ေတာ္မ်ိဳးကိုယ္တိုင္ေတာင္ သူမရဲ႕ဘယ္ေနရာကိုၾကည့္ၿပီး ခ်စ္မိသြားမွန္းနားမလည္နိုင္ေတာ့ပါဘူး....ဒါက ျပဳစားခံလိုက္ရသလိုပဲ"

"....."

ဝမ္ရိေပၚက တိတ္ဆိတ္သြားသည္။ ဟုတ္တာေပါ့။ ဒီခံစားခ်က္ကို ဘယ္သူမွသူ႕ေလာက္နားမလည္ေပ။ ဘာေၾကာင့္ဆို သူေရွာင္က်န့္ကိုခ်စ္သည္။ ဒါက ျပဳစားခံရတာထက္ပိုမို ျပင္းထန္သည့္ခံစားခ်က္နဲ႕အတူ ေျပာျပမတတ္နိုင္ေလာက္ေအာင္ရင္ထဲ အဆုံးအစ မရွိ၊ျပည့္သိပ္ေနသလိုမ်ိဳး။

တကယ္လို႔ေရွာင္က်န့္သာ ဒီတိုင္းျပည္ႀကီးတစ္ခုလုံးကို လိုခ်င္ရင္ သူေက်ေက်နပ္နပ္ႀကီးေပးအပ္နိုင္သည္။ လြန္စြာဆိုးသြမ္းပ်က္ဆီးေနရင္ေတာင္ သူသေဘာက်သည္။ တကယ္လို႔ေက်နပ္ေရာင့္ရဲနိုင္ျခင္းမရွိခဲ့ရင္လည္း တစ္ကမၻာလုံးကို ေရွာင္က်န့္အတြက္ သိမ္းယူၿပီး လက္ေဆာင္အျဖစ္ေပးအပ္နိုင္သည္။ အရာအားလုံးေရွာင္က်န့္ေၾကာင့္ ပ်က္စီး ယိုယြင္းသြားရင္ေတာင္ ကိစၥမရွိဘူး။ သူ နင့္ေနေအာင္ ႐ူး႐ူးသြပ္သြပ္ ခ်စ္နိုင္သည္။ သူမ်ားေတြ႐ြံ႕မုန္းသြားရင္လည္း သူခ်စ္သည္။ ထိုအခါ ထိုလူေတြကို သူ႕ လက္အေပခံသတ္ျဖတ္ၿပီး ေရွာင္က်န့္နဲ႕အတူတူ ထာဝရေနသြားနိုင္လိမ့္မည္။ ဘယ္ေလာက္ေတာင္ေကာင္းလိုက္လဲ။

ဒါက ဝမ္ရိေပၚရဲ႕ ေရွာင္က်န့္အေပၚထားတဲ့အခ်စ္ပင္။ ဘယ္လိုအက်င့္စရိုက္မ်ိဳးကိုမဆို၊ ျဖဴစင္တဲ့ဝိဥာဥ္ေရာ၊ ညစ္ညမ္းတဲ့ဝိဥာဥ္ ပါသူအႂကြင္းမဲ့လက္ခံနိုင္သည္။ သူ႕ကိုခဏခဏ၊အႀကိမ္ႀကိမ္ သတ္ေနခဲ့ရင္ေတာင္ ျပန္လည္ေမြးဖြားခ်ိန္တိုင္း အ႐ူးတစ္ေယာက္လိုခ်စ္ေနအုံး မွာပဲ။ အေရးႀကီးဆုံးတစ္ခုက ထိုသူမွာ ေရွာင္က်န့္ျဖစ္ေနဖို႔ရန္၊ ထိုတစ္ခုတည္းသာ သူလိုအပ္သည္။ ေရွာင္က်န့္သာဆိုရင္ အရာအားလုံးသူလက္ခံနိုင္သည္။

************

ဧကရာဇ္မင္း၏ေမြးေန႕က မေတာ္တဆအျဖစ္အပ်က္မွာ အေၾကာင္းအရင္းမသိရပဲ ျပည္သူေတြၾကားထဲ ထိန္းခ်ဳပ္မရေအာင္ပ်ံ့ႏွံ႕သြားသည္။ ဒီတစ္ေခါက္ ဧကရီကိုထိခိုက္ေစသည့္လူမွာ ျပည္ႏွင္ဒဏ္အေပးခံလိုက္ရသည့္ ႐ႊယ္အမတ္ႀကီးရဲ႕သမီး ႐ႊယ္ရင္းရင္းသာျဖစ္ေနျပန္ေၾကာင္း သိလိုက္ရေသာအခါတြင္ တိုင္းျပည္တစ္ခုလုံး ဆူပူအုံႂကြမႈေတြျပင္းျပင္းထန္ထန္ျဖစ္ပ်က္သြားသည္။

ဧကရာဇ္နဲ႕ဧကရီကို နတ္ဘုရားလိုကိုးကြယ္ေနသည့္ျပည္သူေတြအတြက္ ႐ႊယ္ရင္းရင္းဟာ စက္ဆုပ္စရာ မိစ္ဆာမတစ္ေကာင္ပင္။ ဆူပူအုံႂကြမႈကေနတစ္ဆင့္ လူတိုင္းက ႐ႊယ္ရင္းရင္းကိုေသဒဏ္ေပးဖို႔ရန္တစ္ခုတည္းသာေတာင္းဆို ခဲ့ၾကသည္။

ခ်န္းေယာင္တိုင္းျပည္၏ သံတမန္ေတြကို ပုန္ကန္ရန္ႀကံစည္မႈျဖင့္ ဖမ္းခ်ဳပ္ထားခဲ့၏။ သို႔ေပမယ့္ က်န္းမာေရးခ်ိဳ႕တဲ့ေနသည့္ ဧကရီဟာ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးကိုခုံ႐ုံးတင္စစ္ေဆးၿပီးေနာက္ အိမ္ေရွ႕စံခ်န္စစ္ခ်ိန္ႏွင့္ သံတမန္အဖြဲ႕ဝင္ေတြအားလုံးကို သူတို႔တိုင္းျပည္သို႔ ျပန္ခြင့္ေပးခဲ့သည္။ ခ်န္းေယာင္တိုင္းျပည္ဘုရင္နဲ႕ ေတာ္ဝင္မိသားစုအပါအဝင္၊ ျပည္သူေတြဟာ ဧကရီရဲ႕ သနားၾကင္နာမႈမွာ ထိရွသြားခဲ့ၾကၿပီး ဝမ္တိုင္းျပည္ရဲ႕အမာခံ သစၥာရွိ လက္ေအာက္ခံတိုင္းျပည္တစ္ခုျဖစ္လာခဲ့ေလသည္။

သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ ကိုေတာ့ လုပ္ႀကံမႈေၾကာင့္ ႀကိမ္ဒဏ္အခ်က္တစ္ရာကိုသာ ေပးအပ္ခဲ့ၿပီးေနာက္ ဧကရီဟာ သံတမန္အဖြဲ႕ဝင္ေတြနဲ႕ထည့္ေပးလိုက္သည္။ သူ႕ရဲ႕ ႏူးညံ့သည့္စိတ္ေနစိတ္ထားက သက္ေတာ္ေစာင့္အမ်ိဳးသား လ်န္ ကို ခံစားသြားရေစၿပီး သူ႕လုပ္ရပ္အတြက္ အျပစ္ရွိစိတ္ျပင္းစြာခံစားလိုက္ရ၏။

ထိုအေၾကာင္းသိသြားသည္ႏွင့္အုန္းသီးဟာ အေတာ္ေလးထူးဆန္းသလိုခံစားလိုက္ရသည္။ အမ်ိဳးသားဇာတ္လိုက္နဲ႕ သံတမန္အဖြဲ႕မွာ အျပစ္မရွိတာေၾကာင့္ျပန္လႊတ္ေပးလိုက္တာကိုသူလက္ခံနိုင္သည္။ ဒါေပမယ့္ သူ႕host လိုလင္ထိပ္ထားစံက သူ႕ေယာက္်ား ကို ေဆးခပ္ခဲ့တဲ့ သက္ေတာ္ေစာင့္အား လႊတ္ေပးလိုက္သည္ဆိုတာ ဘယ္လိုစိတ္နဲ႕မ်ား မထိတ္လန့္ပဲေနနိုင္မွာတဲ့လဲ။

အုန္းသီးက မေနနိုင္မထိုင္နိုင္ျဖင့္ ေရွာင္က်န့္ကိုေမးျမန္းသည့္အခါတြင္ ေရွာင္က်န့္က ခပ္ေထ့ေထ့ၿပဳံးရင္း ျပန္ေျဖသည္။

"သူဒီေလာက္ထိႀကီးတဲ့အျပစ္ႀကီးတစ္ခုလုပ္ထားတာ....တိုင္းျပည္တစ္ခုလုံးကိုပ်က္စီးကိန္း စိုက္လုနီးပါးျဖစ္သြားတယ္မဟုတ္လား.....ခ်န္းေယာင္တိုင္းျပည္တစ္ခုလုံးက သူ႕ကိုေ႐ႊေပၚျမတင္ ထားထားလိမ့္မယ္လို႔မင္းထင္တာလား"

အုန္းသီး : [.....]

ငါ့ host ကမေကာင္းဆိုးဝါးႀကီးပဲ။

ဟုတ္သည္။ ေရွာင္က်န့္က ဝမ္ရိေပၚနဲ႕ပတ္သပ္ရင္ အမွန္တကယ္ ေကာက္က်စ္ဆိုးဝါးသည့္မေကာင္းဆိုးဝါးႀကီးျဖစ္သြားတတ္၏။ သူ႕ကိုလာထိရင္ခြင့္လႊတ္ဖို႔ကျဖစ္နိုင္ေသာ္လည္းပဲ သူ႕ေယာက္်ားကိုထိခဲ့ရင္ေတာ့ ကြဲျပားျခားနားသည့္အဆုံးသတ္တစ္ခုျဖစ္သြားနိုင္သည္။

ဘာေၾကာင့္ အထက္ပုဂၢိုလ္ေတြကပဲ ေအာက္ပုဂၢိုလ္ေတြကို ကာကြယ္ေစာင့္ေရွာက္ေနရမွာလဲ။ ရင္းႏွီးတဲ့ဆက္ဆံေရးတစ္ခုမွာ အခ်င္းခ်င္းအျပန္အလွန္အမွီသဟဲျပဳၿပီး ကာကြယ္ေစာင့္ေရွာက္ေပးတာက ပိုၿပီးစစ္မွန္သည္။

႐ႊယ္ရင္းရင္းကို နန္းေတာ္အက်ဥ္းေထာင္တြင္ တစ္လတိတိခ်ဳပ္ႏွောင္ထားခဲ့သည္။ ထိုတစ္လ အတြင္း သူမ အတြက္ေတာ့ တကယ့္ အရွင္လတ္လတ္ငရဲက်ေနသလိုပင္။ သူမရဲ႕ တင္းခံမႈေတြနဲ႕မာန မွာတစ္စစီ ရိုက္ခ်ိဳးခံလိုက္ရၿပီး စကၠန့္တိုင္းမိနစ္တိုင္း မရိုးနိုင္သည့္ ႏွိပ္စက္နည္းအမ်ိဳးမ်ိဳးကို ခံစားေနရသည္။ ေမွာင္မဲေအးစက္စိုထိုင္းၿပီး ေနအလင္းေရာင္မရွိသည့္ ေနရာက်ဥ္းက်ဥ္းေလးတြင္ ေႁမြေတြႂကြက္ေတြေခ်ာင္ႀကိဳေခ်ာင္ၾကားအႏွံ႕ မထင္ရင္မထင္သလို ေတြ႕ရတတ္သည္။ ဆိုးဝါးတဲ့ေအာက္သိုးသိုးအနံ႕နဲ႕အတူ ႏွစ္ရက္တစ္ခါေတာင္နပ္မွန္ေအာင္မစားရေသာ ေအာ့အန္ခ်င္စရာအနံ႕နဲ႕ အစားအေသာက္ေတြ၊ တစ္ကိုယ္လုံး ေသြးအလူးလူးျဖင့္ က်ိဳးေၾကေနသည့္ေျခလက္ေတြနဲ႕ ေသြးပ်က္ေျခာက္ျခားစရယေန႕ရက္တိုင္းကိုေက်ာ္ျဖတ္ေနရသည္။

ေရွာင္က်န့္က ႐ႊယ္ရင္းရင္းကိုဒီေလာက္ထိလုပ္ရန္မရည္႐ြယ္ထားေသာ္လည္းပဲ ဝမ္ရိေပၚကေတာ့ ဒီအတိုင္းလႊတ္ထားဖို႔ရန္မျဖစ္နိုင္ေပ။

တကယ့္ကိုမထင္မွတ္ထားတာတစ္ခုက တစ္လျပည့္ခါနီးတြင္ ေထာင္ထဲက အက်ဥ္းသားတစ္အုပ္ဟာ ဘယ္ကေနဘယ္လို အခ်ဳပ္ခန္းေသာ့ေတြကိုရသြားမွန္းမသိလိုက္ပဲ ႐ႊယ္ရင္းရင္းကို ဝင္rape သြားခဲ့ေလသည္။ ၿပီးေနာက္ ထိုအက်ဥ္းသားအားလုံး အစေဖာ္မရေအာင္ေပ်ာက္ဆုံးသြားခဲ့ၿပီး ထိုအေၾကာင္းကိုအုန္းသီးဆီကၾကားၾကားခ်င္းမွာပင္ ေရွာင္က်န့္ဟာပါးစပ္အေဟာင္းသားျဖစ္သြားရ၏။

သူအမွန္တကယ္ ဒီေလာက္ထိဆိုးဆိုးဝါးဝါးမရည္႐ြယ္ထားပါေခ်။ သူျဖစ္ခ်င္တာက တစ္လေလာက္ အနည္းငယ္ႏွိပ္စက္ၿပီးေနာက္ မူလပိုင္ရွင္နည္းတူ ဇာတ္လိုက္မကိုလူအမ်ားေရွ႕တြင္ေခါင္းျဖတ္ကြက္မ်က္ဖို႔ရန္ပင္။

ဘယ္ကေနဘယ္လိုလမ္းေခ်ာ္သြားမွန္းေတာ့ သူအမွန္တကယ္မသိတာပါ။

တစ္လၾကာျမင့္သြားၿပီးေနာက္တြင္ ႐ႊယ္ရင္းရင္းကို လူေရွ႕သို႔ထုတ္ျပလာသည္။ လမ္းတစ္ေလ်ာက္တြင္ လူတိုင္းက သူမ ကိုမုန္းတီး႐ြံရွာစြာစိုက္ၾကည့္ေနခဲ့ၾကၿပီး တစ္ခ်ိဳ႕ဆိုေက်ာက္ခဲေသးေသးေလးေတြနဲ႕ေကာက္ေပါက္ၾကသည္။

ကြက္မ်က္ စင္ျမင့္သို႔ေရာက္သည့္အခါတြင္ ေသြးအလူးလူးျဖင့္ ႐ႊယ္ရင္းရင္းဟာ တစ္ဖက္စင္ျမင့္ရွိ ပုလႅင္ေပၚတြင္ထိုင္ေနသည့္လူႏွစ္ဦးကိုၾကည့္လိုက္သည္။ ဧကရီက သိပ္ၿပီးေနေကာင္းေသးဟန္မရပဲ ဧကရာဇ္ရဲ႕ရင္ခြင္ထဲမွာဝင္ေခြေနသည္။ ေမြးေန႕တုန္းက ဧကရာဇ္ရဲ႕ လ်စ္လ်ဴရႈ႕မႈေတြမွာ ထင္ေယာင္ထင္မွားျဖစ္ခဲ့သလိုမ်ိဳးပင္။ ဧကရာဇ္မင္းက ဧကရီကို တင္းတင္းၾကပ္ၾကပ္ေပြ႕ပိုက္ထားၿပီး တုန္ေနေအာင္ခ်စ္ျမတ္နိုးသည့္ ပယင္းေရာင္မ်က္လုံးေတြျဖင့္ ေငးၾကည့္ေနသည္။

ဒါကအေတာ္ေလးထူးဆန္းေသာ္လည္းပဲ အမတ္မင္းအေပါင္းႏွင့္လူအမ်ားစုကိုေတာ့ အေတာ္ေလးစိတ္သက္သာရာရသြားေစခဲ့သည္။ ဧကရာဇ္က ဧကရီကိုလုံးဝစြန့္လႊတ္လိုက္တာမ်ိဳးမဟုတ္ဘူးပဲ။

ဧကရီ ၾကည့္ရတာ ႐ႊယ္ရင္းရင္းကိုအနည္းငယ္သနားေနသည့္ဟန္ပင္။ ဒါေပမယ့္ သူ႕တကယ့္အတြင္းထဲကစိတ္မွာ သနားညွာတာမႈကင္းမဲ့လ်က္  လြန္စြာၿငိမ္သက္တိတ္ဆိတ္ေနေၾကာင္းကို ကာရကံရွင္ႏွင့္ ဝမ္ရိေပၚတစ္ေယာက္ သာသိသည္။

ဧကရီရဲ႕ေဖ်ာ့ေတာ့ေနသည့္ဟန္ပန္ႏွင့္ သနားစိတ္ဝင္ေနသည့္ပုံကိုၾကည့္ကာ အနီးအနားမွာရွိတဲ့အမတ္မင္းအေပါင္းက စိတ္သက္သာရေစရန္ အမ်ိဳးမ်ိဳးႀကိဳးစားေပးခဲ့ၾကသည္။ ေရွာင္းအမတ္ႀကီးက ဧကရီရဲ႕အမွားမဟုတ္ေၾကာင္းေခ်ာ့ျမဴေနၿပီး ေတာ္ဝင္သံတမန္ ျဖစ္သည့္ပင္းဝမ္ (ဝမ္နဥ္း) ႏွင့္ စစ္သူႀကီး ဖင္းဂူေဖး တို႔က ဧကရီကအျပစ္ကင္းစင္ေၾကာင္း ဝင္ေရာက္ေျပာၾကားခဲ့ၾကသည္။ ဇနီးေမာင္ႏွံျဖစ္သြားၿပီျဖစ္တဲ့ က်ီစီေမာ့နဲ႕စုထ်န္းခ်ီတို႔ႏွစ္ေယာက္ေတာင္ ထိုသူေတြရဲ႕အေျပာကိုေခါင္းျငႇိမ့္ေထာက္ခံခဲ့ရၿပီး အားလုံးက ႐ႊယ္ရင္းရင္းကိုယ္တိုင္သာ ဖန္တီးယူခဲ့တာျဖစ္ေၾကာင္းေျပာသည္။

အရာအားလုံးက သူမျပဳလုပ္ခဲ့သည့္ လုပ္ရက္အားလုံး၏အက်ိဳးဆက္ေတြခ်ည္းပင္။

တစ္ခ်ိန္ကသူမကို အေထာက္ထားဆုံးနဲ႕အညွာတာဆုံး သူငယ္ခ်င္းျဖစ္သူ လီေမာ့ဟြာကိုယ္တိုင္ေတာင္မွ သူမမ်က္ႏွာကိုမၾကည့္ခ်င္မျမင္ခ်င္သလိုမ်ိဳး မ်က္ႏွာလႊဲ သြားခဲ့သည္။ သူမကို သည္းသည္းလႈပ္ခဲ့ဖူးသည့္ ႐ႊယ္အိမ္ေတာ္၏ အစ္ကိုေတြအစ္မေတြကလည္း သူမကိုမဆုံးနိုင္သည့္မုန္းတီးျခင္းေတြမ်ားစြာျဖင့္စိုက္ၾကည့္ေနၾကသည္။ ေနာက္ဆုံးသူမကိုအခ်စ္ဆုံးအေဖျဖစ္သူကေတာင္ လာေရာက္ၾကည့္ရႈ႕ျခင္းမရွိတာကိုေတြ႕လိုက္ရသည္။

ဘာေၾကာင့္ရယ္မွန္းမသိပဲ ဒီျမင္ကြင္းအားလုံးကိုသူမ ႀကဳံဖူးသလိုခံစားလိုက္ရသည္။ ဒါေပမယ့္ ထိုခံစားခ်က္ကအနည္းငယ္ထူးဆန္းသည္။ သူမက အျပစ္သားေနရာတြင္မဟုတ္ပဲ လူအမ်ား၏ ဝိုင္းႏွစ္သိမ့္ခံေပးေနရသည့္ ေနရာမ်ိဳး။

႐ႊယ္ရင္းရင္းစဥ္းစားသည္။ ဘာေၾကာင့္သူမကံၾကမၼာကဒီေလာက္ထိဆိုးဝါးရတာလဲ။ အမွန္ဆို သူမက အားလုံးရဲ႕ထိပ္မွာရွိေနရမွာေလ။ မဟုတ္ဘူးလား။

ေရွာင္က်န့္ရဲ႕ လူတိုင္းရဲ႕အလည္ဗဟိုတစ္ခုလိုျဖစ္တည္မႈကိုၾကည့္ရင္း ႐ႊယ္ရင္းရင္းရဲ႕တည္ၿငိမ္ေနတဲ့ေသြးေတြမွာပြက္ပြက္ဆူလာသည္။ ရင္ထဲမွာပေလာင္ဆူၿပီး နာက်င္ရလြန္းလို႔ ေသြးထအန္မိသည္အထိပင္။ သူမ မနာလိုစိတ္ေၾကာင့္ ႐ူးသြပ္ဖို႔တဲတဲေလးသာလိုေတာ့သည္။

ဘာေၾကာင့္လဲ။ သူက်ေတာ့ လူတိုင္းရဲ႕အခ်စ္ကိုအလြယ္တကူရေနၿပီး တုန္ေနေအာင္ခ်စ္ျမတ္နိုးတဲ့ ၿပိဳင္ဘက္ကင္းအာဏာရွင္အမ်ိဳးသားတစ္ဦးလည္းရွိတယ္။ ေခ်ာေမာၿပီး အာဏာရွိတဲ့အမ်ိဳးသားတိုင္းကသူ႕ကိုသေဘာက်ၾကၿပီး အမ်ိဳးသမီးတိုင္းက သူ႕ကိုနတ္ဘုရားမ တစ္ပါးလိုကိုးကြယ္ၾကသည္။

ဒါေပမယ့္ သူမ ကေရာ။

႐ႊယ္ရင္းရင္းဟာ ေနာက္ဆုံးအခ်ိန္တြင္ မေက်မခ်မ္းမႈ၊ နာက်င္မႈ၊ မနာလိုမႈနဲ႕အတူ ႀကီးစြာေသာေနာင္တ တရားနဲ႕ ေသဆုံးသြားခဲ့ရသည္။ ကြက္မ်က္ စင္အႏွံ႕တြင္ေသြးေတြ စမ္းေခ်ာင္းတစ္ခုလိုပ်ံ့ႏွံ႕သြားခဲ့ၿပီး ေနာက္ဆုံးတြင္ ကမၻာ့စည္းမ်ဥ္းေတြက ေပ်ာ္႐ႊင္စြာသက္ျပင္းအသာခ်ရင္း ေရွာင္က်န့္တစ္ေယာက္သာၾကားနိုင္သည္အသံႏႈန္းတစ္ခုျပဳလုပ္လိုက္သည္။

ေက်းဇူးတင္ပါတယ္။

ေရွာင္က်န့္ကစိတ္သက္သာရာရစြာၿပဳံးလိုက္ရင္း ဝမ္ရိေပၚကို ခပ္တင္းတင္းျဖင့္ပိုမိုတိုးဝင္ေပြ႕ဖက္လိုက္သည္။

"ရိေပၚ....ငါအနားယူခ်င္ေနၿပီ"

ေရွာင္က်န့္ရဲ႕ ခပ္ေဖ်ာ့ေဖ်ာ့အသံေလးကိုၾကားသည့္အခါတြင္ ဝမ္ရိေပၚဟာ ႏူးညံ့စြာၿပဳံးလိုက္ရင္း ရင္ခြင္ထဲက ကပ္ေစးတုံးေလးကို ေပြ႕ခ်ီလိုက္သည္။

"သြားရေအာင္....ဒီေနရာက မင္းအတြက္အရမ္း ညစ္ပတ္လြန္းတယ္...."

"အင္း"

ေရွာင္က်န့္ဟာ သူ႕ေယာက္်ားရင္ခြင္ထဲ ပိုမိုတိုးဝင္လိုက္ရင္း သူ႕မ်က္လုံးေလးေတြကိုအနားယူသည့္အေနျဖင့္ မွတ္ခ်လိဳက္သည္။ အဓိကတာဝန္ၿပီးေျမာက္သြားမွေတာ့ သူ႕ရဲ႕အားလပ္ရက္ေလးေတြေရာက္ရွိလာခဲ့ၿပီ။

__________________________________________________________

Continue Reading

You'll Also Like

258K 13.6K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
12.5K 755 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
311K 7.5K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်