နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Da Lazy_Little_Meow

161K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Altro

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [38]

1.2K 144 2
Da Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း - (၃၈)

အနုပညာလောကတွင် ချန်း Group မှ ဖိတ်စာရရှိခြင်းသည် သရုပ်ဆောင်များအကြား မတူကွဲပြားသော အဆင့်အတန်းတစ်ခုကို ဖော်ကျူးနေလေ၏။ အကြောင်းမှာ သာမာန်သရုပ်ဆောင်တစ်ယောက် ပေါင်လုံးကြီးကြီး ဖက်ထားနိုင်လျှင်ပင် ပါတီတက်ရောက်ခွင့်ရရန် မသေချာသောကြောင့်ပင်။ ချန်း Group ၏ပါတီကို တက်ရောက်နိုင်မည့် လူစာရင်းက တကယ့်ကို တင်းကျပ်လှသည်။

ထို့ကြောင့် လက်ရှိအချိန်မှာတော့ ကျို့ကျီဖျော်ဖြေရေး၏ သရုပ်ဆောင်များမှာ မနာလိုခံနေရတော့သည်။ သူတို့ကုမ္ပဏီတွင် ချန်း Group က ရင်းနှီးမြှုပ်နှံခဲ့သောကြောင့် ပါတီတက်ရောက်ခွင့် ဖိတ်စာများ ရရှိနိုင်သောကြောင့်ပင်။

သို့သော် ထိပ်သီးဖျော်ဖြေရေးကုမ္ပဏီများကတော့ ကောင်းကောင်း နားလည်ကြသည်။ ချန်းရှီကွေ့အတွက် ကျို့ကျီတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရှယ်ယာကစားသည်နှင့် အလားသဏ္ဌာန်တူ၏။ ကျို့ကျီလက်အောက်မှ သရုပ်ဆောင်များကို သူ,မသိသော်ငြား ကပ်ဖားရပ်ဖားလုပ်ရန် ချဉ်းကပ်လိုသူများကို မျက်နှာသာပေးလိုက်ခြင်းသာ။

ဖိတ်စာမရကြောင်း မန်နေဂျာများထံမှ ပြန်လည်ကြားသိရသည့် သရုပ်ဆောင်များစွာ ရှိနေသေးသည်။ သို့သော် နောက်ပိုင်း သိလိုက်ရသည်က ချန်း Group သည် ကျို့ကျီထံသို့ ဖိတ်စာအနည်းငယ် ထပ်ပို့ခဲ့သော်လည်း သူတို့ကိုတော့ ဖိတ်ကြားရန် ဆန္ဒရှိပုံမပြခဲ့ချေ။

နဉ်ရှီခမျာလည်း ယခုအချိန်မှ ဝတ်စုံချုပ်ချင်လျှင် မမီတော့ချေ။ ထို့ကြောင့် သူမ၏အချိန်စာရင်းမှ နေ့တစ်ဝက်စာဖယ်၍ Ready-made အဝတ်အစား သွားဝယ်ရန်သာ တတ်နိုင်တော့သည်။

နဉ်ရှီသည် ခါးသွယ်သွယ်၊ ခြေတံရှည်ရှည်ဖြင့် အတော်လေး ကိုယ်လုံးကိုယ်ပေါက်လှ၏။ သူမ၏ အချိုးအစားကျသော ခန္ဓာကိုယ်၊ ဖြူဥလှပသော အသားအရေနှင့်ဆိုလျှင် လိုက်ဖက်ညီသည့် ဝတ်စုံတစ်ထည်ဝယ်ရန်မှာ အလွယ်လေးပင်။ သို့သော် ထူးခြားလှပပြီး ထင်သာမြင်သာရှိမည့် ဝတ်စုံမျိုးကိုတော့ ရှာတွေ့ရန် ခက်ခဲလှသည်။

နဉ်ရှီ အတော်ကြာအောင် လိုက်ရှာခဲ့ပြီးနောက် အခက်အခဲများကြားမှ အနက်ရောင်ပွဲတက်ဝတ်စုံလေးကို ရွေးချယ်နိုင်ခဲ့သည်။ ‘အနက်’ဟူသည် ဘယ်သောအခါမှ ရိုးအီမသွားနိုင်သည့် အရောင်တစ်မျိုးပင်။ နဉ်ရှီသည် မှန်ကြည့်ရင်း သူမ၏ ဗလာကျင်းနေသော လည်တိုင်လေးကို ပွတ်သပ်လိုက်သည်။

“မစ်နဉ်က အသားဖြူပြီး ခါးသွယ်သွယ်လေးဆိုတော့ ဒီဂါဝန်နဲ့ အရမ်းလိုက်ဖက်တာပဲ..” အရောင်းဝန်ထမ်းများသည် အမြဲတစေ မျက်တောင်မခတ်တမ်း ချီးမွမ်းတတ်ကြ၏။ သို့သော် ယနေ့တော့ သူမ၏စကားလုံးများမှာ ရိုးသားစစ်မှန်နေခဲ့သည်။ တကယ်တော့ ဤဂါဝန်၏ဒီဇိုင်းသည် အထူးတလည် ဖန်တီးထားခြင်းမျိုး မဟုတ်သော်ငြား နဉ်ရှီ ဝတ်လိုက်သည်နှင့် အရမ်းကို လှပသွားတော့သည်။

“ကျေးဇူးတင်ပါတယ်..” နဉ်ရှီက အပြုံးလေးဖြင့် ကျေးဇူးတင်လိုက်သည်။ နောက်လှည့်ကြည့်လိုက်သောအခါ ရှောင်ယန်၏ အူတူတူမျက်နှာလေးကို မြင်လိုက်ရ၍ နဉ်ရှီမှာ မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ ပြီးမှ ထပ်မေးလိုက်သည်။ “ဒီဒီဇိုင်းကလေ.. ဘယ်နှစ်ထည်လောက် ရောင်းထားပြီးပြီလဲ..?

“စိတ်ချပါ.. ကျွန်မတို့ Brand က Top list မဟုတ်ပေမယ့် တစ်ကမ္ဘာလုံးက Celebrity တော်တော်များများရဲ့ အသည်းစွဲပဲ.. အဲ့တာကြောင့် လုံးဝ နောက်တစ်ထည် ရှိမှာမဟုတ်ပါဘူး..”

အရောင်းဝန်ထမ်းအနေဖြင့် နာမည်ကျော်တချို့ဟာ တခြားသူနှင့် ဒီဇိုင်းတူနေမည်ကို စိုးရိမ်တတ်ကြကြောင်း ကောင်းကောင်း နားလည်ထားသည်။ ထို့ကြောင့် နဉ်ရှီ စိတ်ပူနေသည်မှာ ပုံမှန်ပါပင်။

“အစ်မရှီရှီ.. အစ်မ ဒီဝတ်စုံဝတ်လိုက်တော့ နတ်ဘုရားမလေးလိုပဲ.. အရမ်းလှလိုက်တာ..” ရှောင်ယန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ “လူတိုင်း ငေးမောနေမှာ သေချာတယ်..”

“အဲ့လိုဆက်ပြီးချီးမွမ်းနေရင် ငါမျက်နှာပြရဲတော့မှာမဟုတ်ဘူးနော်..” နဉ်ရှီက နွေးထွေးစွာ ပြုံးလိုက်ရင်း အရောင်းဝန်ထမ်းကို ပြောလိုက်သည်။ “ဒီဝတ်စုံလေး ထုပ်ပိုးပေးနိုင်မလား..? ကျေးဇူးပါ..”

“မစ်နဥ် အရမ်းယဉ်ကျေးလွန်းနေပြီ.. ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော်..”

အရောင်းဝန်ထမ်းအတွက် သရုပ်ဆောင်တစ်ယောက်ကို ကူညီပေးရသည်မှာ ဒါပထမဆုံးအကြိမ် မဟုတ်ပါပေ။ လူအမျိုးမျိုး စရိုက်အထွေထွေဖြစ်သောကြောင့် တချို့သရုပ်ဆောင်များသည် အလွန်ကြွားဝါတတ်သည်။ တချို့က ချေးများလွန်းသည်။ တချို့ဆိုလျှင် ခေါင်းမော့ရင်ကော့ကာ တခြားလူကို နှိမ်ချဆက်ဆံတတ်၏။ နဉ်ရှီကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော ဈေးဝယ်သူများက အရောင်းဝန်ထမ်းများ၏ အကြိုက်ပေ။ ထို့ကြောင့် အရောင်းဝန်ထမ်းမလေးမှာ အတော်လေး ဖော်ရွေပျူငှာနေတော့သည်။

နဉ်ရှီသည် ပိုက်ဆံရှင်းပြီးသည်နှင့် ဆိုင်ထဲမှ ထွက်မလာခင် အရောင်းဝန်ထမ်းမလေးနှင့်အတူ ဓာတ်ပုံတွဲရိုက်ပေးခဲ့သေးသည်။

“ကားဆရာ.. အနီးဆုံး လက်ဝတ်ရတနာဆိုင်ကို မောင်းပေးပါနော်..” နဉ်ရှီက လည်ပင်းကို ပွတ်သပ်လိုက်ရင်း.. “ဝတ်စုံနဲ့ လိုက်ဖက်မယ့် လည်ဆွဲလိုနေသေးလို့..”

စိန် သို့မဟုတ် ကျောက်မျက်လည်ဆွဲမျိုးသာ ဤပွဲတက်ဝတ်စုံနှင့် လိုက်ဖက်ပေလိမ့်မည်။

ကောင်တာထဲတွင် ခင်းကျင်းထားသမျှ လက်ဝတ်ရတနာတိုင်းသည် အလွန်လှပပြီး မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားလာ‌အောင် ပြုစားနိုင်စွမ်း၏။ နဉ်ရှီသည် ရိုးရှင်းသော်လည်း ဖက်ရှင်ကျသော နားကပ်တစ်စုံကို ရွေးချယ်လိုက်သည်။ သို့သော် လည်ဆွဲအတွက်မူ မဆုံးဖြတ်နိုင်သေးပေ။

‘တစ်စုံတစ်ယောက် ရွေးချယ်ရခက်နေတာဟာ ပိုက်ဆံမလောက်လို့ပဲ..’ ဆိုသည့်စကားမျိုး နဉ်ရှီ ကြားဖူးခဲ့သည်။ ယခုတော့ သူမလည်း ထိုအခြေအနေမျိုးတွင် ကျရောက်နေသောကြောင့် အနည်းနှင့်အများဆိုသလို သဘောတူလာမိ၏။

ချန်း Group ကဲ့သို့သော လုပ်ငန်း​ကြီးတစ်ခု၏ ပါတီပွဲသို့ အရေးကြီးပုဂ္ဂိုလ်တော်တော်များများ တက်ရောက်ကြမည်ပင်။ သို့ဖြစ်ရာ သရုပ်ဆောင်တစ်ယောက်အတွက် သူတို့၏နာမည်ဂုဏ်သတင်း တည်ဆောက်နိုင်မည့်၊ အဆင့်အတန်း မြှင့်တင်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကြီး ဖြစ်လာတော့သည်။

ထိုအခြေအနေမျိုးတွင် နဉ်ရှီအနေဖြင့် စုတ်စုတ်ပြတ်ပြတ် ဝတ်စားသွား၍မဖြစ်ပေ။ တခြားလူအပေါ် မလေးစားသည့်သဘောမျိုး သက်ရောက်သွားနိုင်သည့်အပြင် သူမကိုလည်း အထင်သေးသွားနိုင်သည်။

မည်သူမဆို ပထမဆုံးတွေ့ဆုံချိန်တွင် အပေါ်ယံအမြင်မှလွဲ၍ စိတ်ရင်းအမှန်ကို နားလည်နိုင်ဦးမည်မဟုတ်ပေ။ ထိုနည်းတူ သူစိမ်းတစ်ယောက်အတွက် နှလုံးသားထဲမှ အလှတရား (စိတ်ရင်းအလှ)ကို လိုက်ရှာနိုင်သည်အထိ စိတ်ရှည်နေမည်မဟုတ်ပေ။ သို့ဖြစ်ရာ တစ်ဖက်လူ၏အာရုံကို ဆွဲဆောင်ရန်အတွက် မိမိ၏အသွင်အပြင်မှ ပထမဆုံး စတင်သင့်ပေသည်။

“မစ်ကျင်း.. ဒါလေးက အစ်မမှာထားတဲ့ လည်ဆွဲပါ.. ပြင်ဆင်ချင်တဲ့နေရာရှိသေးလား တစ်ချက်လောက် ကြည့်ပေးပါနော်..”

“မဆိုးပါဘူး..” ပြန်ဖြေလိုက်သည့် မိန်းကလေး၏လေသံက စိတ်မပါလက်မပါ။

နဉ်ရှီ လှည့်ကြည့်လိုက်သောအခါ စကားပြောနေသူက အသက်နှစ်ဆယ်ခန့်သာရှိဦးမည့် မိန်းမငယ်လေးဆိုတာ တွေ့လိုက်ရသည်။ သူမက အတော်လေး ထောင်လွှားလွန်းပြီး စိတ်မရှည်ဟန်အပြည့်။ သူမအရှေ့မှ လည်ဆွဲကိုလည်း စိတ်ကျေနပ်တယ်ဆိုရုံလေးသာရှိကြောင်း သိသာလှသည်။

“မစ်.. ဒီတစ်ခုဆိုရင်ရော..?” အရောင်းဝန်ထမ်းက နောက်ထပ်လည်ဆွဲတစ်ကုံး ထပ်မံထုတ်ယူကာ နဉ်ရှီရှေ့သို့ ချပြပေးလာသည်။ ဤလည်ဆွဲ၏ ကျောက်သားအဖြတ်အတောက်သည် ပထမတစ်ခုကို မမီသော်လည်း သုံးပုံတစ်ပုံခန့်အထိ ​စျေးသက်သာနေသည်။ သေသေချာချာယှဉ်ကြည့်ပြီးနောက် နဉ်ရှီလည်း အံကြိတ်ကာ ပထမတစ်ခုကိုဝယ်ရန် ဆုံးဖြတ်လိုက်၏။ ဈေးကြီးလည်း မတတ်နိုင်။ သူမကိုယ်တိုင်က ပထမတစ်ခုကို ကြိုက်နှစ်သက်နေသည်ကိုး။

“အို့.. နင်က ဟိုရုပ်ရှင်ထဲက မင်းသမီးမလား..?” နဉ်ရှီဘေးနားမှ လှုပ်ရှားမှုများကို သတိပြုမိသွားတာကြောင့် မစ်ကျင်းက နဉ်ရှီကို ခေါင်းအစခြေအဆုံး စိုက်ကြည့်လိုက်သည်။ ပြီးနောက် နဉ်ရှီဘက်သို့ လက်ညှိုးထိုးကာ.. “လက်ဝတ်လက်စား လာဝယ်တာလား..?”

မစ်ကျင်းက နဉ်ရှီအနား လျှောက်လာသည်။ ပြီးနောက် နဉ်ရှီအရှေ့မှ လည်ဆွဲတချို့ကို ငဲ့ကြည့်ကာ အထင်သေးဟန်ဖြင့်.. “အဲ့ကျောက်တွေက အရည်သိပ်မလဲ့ဘူး.. ဒီဇိုင်းကလည်း နှစ်လလောက်ရှိပြီ.. အဲ့လိုဟာမျိုးကို ဝယ်သေးတာလား..?”

နဉ်ရှီသည် သူမ၏အနောက်မှာ ရပ်နေသော ရှောင်ယန်ထံ Credit Card ကမ်းပေးလိုက်ကာ လည်ဆွဲတစ်ခုကို ညွှန်ပြလိုက်ရင်း..

“အဲ့တာလေး ယူမယ်နော်.. ကူညီပေးပါဦး..”

ရှောင်ယန်က ဘယ်ကထွက်လာမှန်းမသိသည့် မစ်ကျင်းကို လှည့်ကြည့်လိုက်သည်။ ဘာကြောင့်ရယ်မသိ သူမ၏စိတ်ထဲတွင် ထိုမိန်းကလေး နဉ်ရှီအပေါ် အတော်လေး ရန်လိုနေသလို ခံစားလိုက်ရ၏။ သို့သော် သူမ၏အစ်မရှီရှီက အေးဆေးတည်ငြိမ် နေသောကြောင့် သူမ၏စိတ်ထဲမှ စိုးရိမ်ပူပန်မှုများလည်း တစ်စမကျန်အောင် ပျောက်ကွယ်သွားရသည်။

“ပိုက်ဆံမလောက်တော့ ပိုပြီးစိတ်ပူပန်ရတာပေါ့ရှင်.. ကျွန်မ အကျပ်ရိုက်နေတဲ့ပုံကို မြင်တွေ့စေမိပြီ..” ထိုသို့ ပြောလိုက်သော်လည်း နဉ်ရှီ၏မျက်နှာပေါ်တွင် တစ်ဖက်လူ၏ တင်စီးလွန်းသောအကြည့်ကြောင့် ရှက်ရွံ့သွားဟန်လုံးဝမရှိ။ နှစ်လကြာနေပြီဖြစ်သော လည်ဆွဲဒီဇိုင်းကို ဝယ်ယူခြင်းက ရှက်စရာမဟုတ်ဟု ပြောနေသလိုပင်။

သူမ၏စကားလုံးများက နဉ်ရှီအပေါ် သက်ရောက်မှုမရှိမှန်း မစ်ကျင်း မထင်ထားခဲ့ပေ။ မျက်နှာပျက်သွားပြီး တခဏကြာတော့ ဆက်ပြောလာသည်။ “နင်က ဒီတစ်ခုတော့ အရမ်းရိုးသားတာပဲ..”

“ချီးမွမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်..” နဉ်ရှီက လူချမ်းသာမျိုးဆက် သခင်မလေးတစ်ယောက်နှင့် စကားပြောနေတာမဟုတ်ဘဲ သိတတ်နားလည်မှုမရှိသည့် ကလေးတစ်ယောက်နှင့် စကားပြောနေသလို တည်ငြိမ်စွာ ပြုံးပြလိုက်သည်။ သူ၏အမူအရာက ကူကယ်ရာမဲ့နေသလို စိတ်ရှည်သည်းခံခြင်းအပြည့်။

တခြားလူများ အမြင်မှာတော့ မစ်ကျင်းသည် ထူးဆန်းလွန်းနေသည်။ သူမ၏မိသားစုက အရမ်းချမ်းသာသောကြောင့် အပျင်းပြေကစားရန် လည်ဆွဲဝယ်တာက အပြစ်ပြောစရာမရှိပေ။ သို့သော် မကောင်းမကန်းပစ္စည်း ဝယ်ယူသည်ဟူသော စကားလုံးများဖြင့် သူတစ်ပါးအပေါ် လှောင်ပြောင်သရော်ခြင်းက တကယ့်ကို ရိုင်းပျလွန်းသည်။

နဉ်ရှီကို လည်ဆွဲဒီဇိုင်း အကြုံပြုခဲ့သော အရောင်းဝန်ထမ်း၏ မျက်နှာပေါ်တွင်လည်း ရှက်ရွံ့မှုများဖြင့် ပြည့်နှက်လာတော့၏။ မစ်ကျင်းက နဉ်ရှီကို အရည်အသွေးကောင်းသည့်ပစ္စည်းမျိုး မဝယ်နိုင်ဘူးဟု လှောင်ပြောင်နေသော်လည်း တခြားတစ်ဖက်မှကြည့်လျှင် အရည်အသွေးမပြည့်မီသည့် ပစ္စည်းမျိုးရောင်းသည်ဟူ၍ သူမအား စော်ကားလိုက်သလိုပင်။

မစ်ကျင်းက VIP ဝယ်သူဖြစ်နေသောကြောင့် မည်သူမျှ ပြန်မပြောရဲပေ။

“ခစ်ခစ်..” မစ်ကျင်းမှာ နဉ်ရှီ၏အပြုအမူကို လှောင်ရယ်ချင်လာသည်အထိ ဒေါသထွက်နေတော့သည်။ “နင်က အစ်ကိုချန်းရဲ့ သူငယ်ချင်းဆို..? ချန်း Group အပိုင် လက်ဝတ်ရတနာဆိုင်ကို ရောက်လာတာတောင် Special treatment တွေ VIP Discount တွေ မရပါလား..?”

အချိန်ကိုက်ပင်။ အရောင်းဝန်ထမ်းက လည်ဆွဲကို ထုပ်ပိုးပြီးချေပြီ။ နဉ်ရှီက ရတနာသေတ္တာကို လှမ်းယူလိုက်ကာ အပြုံးလေးဖြင့်.. “သူငယ်ချင်းရဲ့စီးပွားရေးကို ဂရုစိုက်ပေးတာလည်း ကျွန်မရဲ့ဝါသနာပဲလေ.. ဘယ်လိုလုပ် Discount လက်ခံနိုင်မှာလဲ..?”

နောက်ဆုံးတော့ သူမ၏အစ်ကိုက ဤအမျိုးသမီးသရုပ်ဆောင်အကြောင်းပြောတိုင်း ဘာလို့ဒေါသပုန်ထတတ်မှန်း မစ်ကျင်း သဘောပေါက်လိုက်သည်။

(TN : မစ်ကျင်းက ကျင်းချန်နဲ့ မောင်နှမဖြစ်နိုင်ပါတယ်။ ချန်းရှီကွေ့နဲ့ဆို ဝမ်းကွဲတော်စပ်တယ်။)

ဒီမိန်းမ စကားပြောလိုက်တိုင်း ဒေါသထွက်စရာကောင်းနေတာကိုး..!

ဒါမျိုးလည်ဆွဲလေး ဝယ်ယူရုံနဲ့ သူငယ်ချင်းရဲ့စီးပွားရေးကို ဂရုစိုက်ပေးတယ်လို့ သတ်မှတ်လို့ရလို့လား..?!

ချန်း Group လက်အောက်မှာ အရောင်းပြခန်းတွေမှ အများကြီးပဲ.. အစ်ကိုချန်းက အဲ့မိန်းမရဲ့ဂရုစိုက်မှုကို လိုအပ်နေလို့လား..?

ဘာလို့ဒီလောက်အရှက်မဲ့ရတာလဲ..?

မစ်ကျင်း ဒေါသထွက်လာသောကြောင့် မျက်နှာအမူအရာလည်း ပြောင်းလဲလာခဲ့၏။ ခွန်းတုံ့ပြန်ရန် ပါးစပ်ဖွင့်မည်အလုပ် ပိုင်လု ဝင်လာသည်ကို မြင်လိုက်ရလေသည်။ ချက်ချင်း မျက်နှာပြောင်းသွားပြီး သူမ၏ပစ္စည်းကိုယူကာ ထွက်သွားတော့သည်။

မစ်ကျင်းနှင့် ပိုင်မိသားစု၏ သခင်မလေးတို့ ဆက်ဆံရေးသိပ်မကောင်းကြောင်း တော်တော်များများ သိထားကြလေသည်။

ပိုင်လု ဆိုင်ထဲဝင်လိုက်သည်နှင့် ကျင်းရီ ထွက်သွားသည်ကို မြင်လိုက်ရသည်။ သူမက အဖက်မလုပ်သလို ပြုံးရယ်လိုက်ရင်း သူမကို ကြိုဆိုနေသည့် အရောင်းဝန်ထမ်းကို မေးလိုက်သည်။ “မစ်ကျင်း မျက်နှာသိပ်မကောင်းသလိုပဲ.. တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြန်ပြီလား..?”

အရောင်းဝန်ထမ်းက ပြုံးလိုက်ရင်း ပညာသားပါပါ ပြန်ဖြေခဲ့သည်။ “မစ်ကျင်းက မစ်နဉ်နဲ့ စကားစမြည်ပြောခဲ့ရုံပါ..”

‘နဉ်’ဟူသော စကားလုံးကိုကြားသည်နှင့် ပိုင်လု မျက်ခုံးပင့်ကာ ဘေးဘီလှည့်ကြည့်လိုက်၏။ ထိုအခါ အရောင်းဝန်ထမ်း တစ်ယောက်နှင့် စကားပြောနေသော နဉ်ရှီကို မြင်လိုက်ရသည်။

“နဉ်ရှီ..?” နဉ်ရှီနှင့်ပက်သက်၍ သူမ၏သဘောထားက အတော်လေး ရှုပ်ထွေးနေသည်။ ထိုမိန်းကလေးကို မည်မျှအထိသဘောကျမှန်း သူမကိုယ်တိုင်ပင် မပြောနိုင်သေးပေ။ နဉ်ရှီ၏အပြုံးကို မြင်လိုက်သောအခါ ပိုင်လုခမျာ အဖက်မလုပ်သော မျက်နှာထားမျိုး ဆက်မထိန်းထားနိုင်တော့ပေ။

ဒီကောင်မလေး… တကယ့်ကို ပြဿနာအိုးလေးပဲ..!

“အစ်မလု..?” နဉ်ရှီသည်လည်း ပိုင်လုကိုမြင်သည်နှင့် မျက်လုံးအရောင်တောက်လာတော့သည်။ ပြီးနောက် တောက်ပသော အပြုံးလေးဖြင့်.. “တိုက်ဆိုင်လိုက်တာ..”

ဟုတ်သည်။ ဤအပြုံးလေးဖြင့် လူတိုင်းကို မခုခံနိုင်အောင် စေစားနေခြင်းပင်။

ပိုင်လုသည် သူမကိုယ်တိုင်ပင် မသိလိုက်ပါဘဲ နဉ်ရှီကို ပြုံးပြလိုက်ရင်း သူမအနားသလို လျှောက်သွားတော့သည်။ “နဉ်ရှီ.. ဒီမှာ ဘာလုပ်နေတာလဲ..?”

“မနက်ဖြန်ည ပါတီပွဲအတွက် သင့်တော်တဲ့လည်ဆွဲ မရှိသေးလို့လေ.. အဲ့တာကြောင့် ဒီမှာတစ်ချက်လာကြည့်တာ..”

နဉ်ရှီက သူမအရှေ့မှလည်ဆွဲများကို လက်ညှိုးထိုးပြလိုက်သည်။

နဉ်ရှီထံမှ ‘မနက်ဖြန် ပါတီပွဲတက်ရောက်ရန်’ ဟူသောစကားကို ကြားလိုက်ရသော်လည်း ပိုင်လုက အံ့ဩဟန်မပြေပေ။ ထိုအစား အပြုံးလေးဖြင့်.. “နင့်ရဲ့လည်တိုင်က ဒီလောက်ဖြူဖွေးကြော့ရှင်းနေတာ.. ဘာဝတ်ဝတ် ကြည့်လို့ကောင်းနေမှာပဲ..”

သူမက အမှန်တရားကို ပြောနေခြင်းပင်။ နဉ်ရှီ၏ လည်တိုင်လေးသည် အလွန်လှပ၍ ဆွဲဆောင်မှုရှိလွန်းသည်။ စကားပြောရန် ခေါင်းလေးစောင်းလိုက်တိုင်း လူအများ နမ်းရှိုက်ချင်လာအောင် စေစားနေတော့သည်။

ဆိုင်မန်နေဂျာသည် ပိုင်လု အော်ဒါမှာထားသော လည်ဆွဲကို ကိုယ်တိုင်ကိုယ်ကျ ထုတ်ယူလာပေး၏။ နဉ်ရှီက တစ်ချက်ငဲ့ကြည့်လိုက်သည်။ အလွန်အဖိုးတန်ကာ ရွှန်းစိုလှပသော ပတ္တမြားလည်ဆွဲလေးပင်။

နဉ်ရှီသည် သူမ၏စိတ်ထဲမှ သဘောကျမှုကို ဖုံးကွယ်မထားဘဲ ထုတ်ချီးမွမ်းလိုက်သည်။

“လှလိုက်တာ..!”

ပိုင်လုက လှည့်ကြည့်လိုက်သောအခါ နဉ်ရှီ၏မျက်ဝန်းများက အံ့ဩမှင်သက်မှု၊ နှစ်သက်မှုများသာ ပြည့်နှက်နေလေပြီး မနာလိုဝန်တိုခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း ဟူ၍ တစ်စွန်းတစ်စမျှမရှိပေ။ ထို့ကြောင့် နဉ်ရှီအပေါ် အမြင်ကောင်းများ ပိုတိုးလာတော့သည်။

“လက်ဝတ်ရတနာဆိုင်တွေထဲမှာ ဒီဆိုင်က ငါအကြိုက်ဆုံးပဲလေ..”

အနားမှာရပ်နေသော မန်နေဂျာက ရယ်မောလိုက်ရင်း.. “မစ်လု ကျွန်တော်တို့ကို ချီးမွမ်းလွန်းနေပါပြီ.. ဝယ်ယူသူကို စိတ်ကျေနပ်မှုပေးဖို့က ကျွန်တော်တို့ရဲ့တာဝန်ပါ..”

မန်နေဂျာ၏မျက်နှာပေါ်မှ အပြုံးကိုကြည့်ရုံမျှဖြင့် ပိုင်လုနှင့် မစ်ကျင်းကြား ကွာခြားချက်အလွန်ကြီးမားကြောင်း နဉ်ရှီ ပြောနိုင်သည်။ နဉ်ရှီက မတ်တပ်ရပ်လိုက်ရင်း ပိုင်လုဘက်လှည့်ကာ.. “အစ်မပိုင်.. ညဘက် ရိုက်ကူးရေးရှိသေးလို့ မနှောင့်ယှက်နေတာ့ဘူးနော်..”

“ငါလည်း အိမ်ပြန်တော့မလို့..” ပိုင်လုက နဉ်ရှီကို ပြုံးပြလိုက်ရင်း.. “အတူတူသွားရအောင်..”

နဉ်ရှီကို ဝန်ဆောင်မှုပေးခဲ့သော အရောင်ဝန်ထမ်းသည် ပိုင်လုနှင့်နဉ်ရှီတို့ကြားက ခင်မင်ရင်းနှီးမှုကို မြင်လိုက်ရသောအခါ မစ်ကျင်း နဉ်ရှီအပေါ် အရမ်းရန်လိုနေခဲ့သည်ကို မအံ့ဩတော့ပေ။ ဒါတွေအားလုံးက မစ်ပိုင်ကြောင့်ကိုး..!

ကောလာဟလများအရ ကျင်းမိသားစု၏ သခင်မလေးသည် သူတို့၏ဘော့စ် (ချန်းရှီကွေ့)ကို တိတ်တခိုး ချစ်မြတ်နိုးနေပြီး သူတို့၏ဘော့စ်ကတော့ ပိုင်လုနှင့် ပို၍ဆက်ဆံရေးကောင်းပုံရသည်။ ထို့ကြောင့် မစ်ကျင်းက မစ်ပိုင်နှင့်တွေ့တိုင်း မသိချင်ယောင်ဆောင်နေပြီး နှစ်ယောက်သား တစ်နေရာတည်းမှာ အတူရှိနေလျှင်ပင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းမဆိုင်ကြပေ။

သို့သော် ထိုသတင်းက ထိုအသိုင်းအဝိုင်းထဲမှ အတင်းအဖျင်းများသာဖြစ်ပြီး မှန်၏၊ မမှန်၏၊ မည်သူမျှမသိကြပေ။

နဉ်ရှီနှင့်ပိုင်လုတို့ လက်ဝတ်ရတနာဆိုင်ထဲမှ ထွက်လာသောအခါ သူမတို့ကို လမ်းတစ်ဖက်ခြမ်းမှ ဓာတ်ပုံချောင်းရိုက်နေကြောင်း သတိပြုမိလိုက်၏။ ဓာတ်ပုံရိုက်နေသူက သူမတို့ သတိပြုမိသွားကြောင်း မြင်လိုက်သည်နှင့် ချက်ချင်း ကားမောင်းထွက်သွားခဲ့သည်။

သို့သော် သူမတို့နှစ်ယောက်လုံး မိန်းကလေးတွေဖြစ်သောကြောင့် အတင်းအဖျင်းဖြန့်ရန် အကြောင်းပြချက်မရှိပေ။ ထို့ကြောင့် နဉ်ရှီရော၊ ပိုင်လုပါ ထိုကိစ္စကို အာရုံမစိုက်တော့ပေ။

နှစ်ယောက်လုံးက ထိုသို့ဓာတ်ပုံချောင်းရိုက်ခံရသည့်ကိစ္စမျိုးကို မကြာခဏ တွေ့ကြုံဖူးနေသည် မဟုတ်ပါလား။

သို့သော် သူတို့က သတင်းသမားများကို လျော့တွက်မိလိုက်ခြင်းပင်။ ထိုနေ့ညမှာပင် သတင်းများ တက်လာတော့သည်။

ဓာတ်ပုံက အနည်းငယ် ဝေဝါးနေသော်လည်း အမြင်စူးရှလွန်းသော အင်တာနက်သုံးစွဲသူများက ဘယ်သူဘယ်ဝါဆိုတာ အဖြေထုတ်နိုင်ကြဆဲ။

အင်တာနက်သုံးစွဲသူ A : “ဒီခေတ်သတင်းသမားတွေကတော့ သတင်းဦးဦးဖျားဖျားရအောင် အမြဲတမ်း ကြိုးစားနေကြတာပဲဟေ့.. ကြည့်လိုက်ရုံနဲ့ အတူတူဈေးဝယ်ထွက်နေတဲ့ သူငယ်ချင်းတွေဆိုတာ သိသာနေတာပဲကို.. သူတို့ပြောသလို ဘယ်နားက ထူးဆန်းနေလို့တုန်း..?”

အင်တာနက်သုံးစွဲသူ B : “ဒါပေမဲ့ မိန်းမလှလေးနှစ်ယောက် အတူလမ်းလျှောက်နေတဲ့ မြင်ကွင်းက တကယ့်ကို မျက်စိအစာကျွေးချင်စရာလေး.. ဓာတ်ပုံက ဝါးနေတာတောင် နဉ်ရှီနဲ့ ပိုင်သခင်မလေးက လုံးဝကွဲထွက်နေတာနော်.. ဘေးက ဖြတ်သွားဖြတ်လာတွေနဲ့ ဘာမှမဆိုင်ဘူး..”

အင်တာနက်သုံးစွဲသူ C : “အဲ့နဉ်ရှီဆိုတဲ့ သရုပ်ဆောင်ကလေ တကယ့်ကို ထူးချွန်တာပဲနော်.. သတိထားမိကြလား.. မျက်နှာလေးလည်း လှတယ်.. စာတော်ပြီး အသိုင်းအဝိုင်းကလည်း ရှယ်ပဲ.. အနုပညာလောကထဲက အသိအကျွမ်းတွေကလည်း တကယ့်ထိပ်တန်းသရုပ်ဆောင်တွေချည်းပဲ.. အပြင်မှာကျတော့လည်း ချန်း Group ရဲ့ CEO လို၊ ပိုင်မိသားစုရဲ့ သခင်မလေးလို လူတွေနဲ့ သူငယ်ချင်းဖြစ်နေပြန်ပြီ.. သူ့ကို စီမံခန့်ခွဲပေးတဲ့ အေဂျင်စီတောင် သူ့ကြောင့် ချန်း Group, CEO ကြီး‌ရဲ့ပေါင်လုံးကို ဖက်လိုက်နိုင်တာ.. ငါတော့ သူ့ကို သက်ရှိလောကကြီးရဲ့ Cheater တစ်ယောက်လို့ မတွေးဘဲမနေနိုင်တော့ဘူး..”

(TN : Cheater ဆိုတာ Gaming အသုံးအနှုန်းမျိုး သုံးထားတာပါ။)

အင်တာနက်သုံးစွဲသူ D : “အပေါ်ထပ်ကတစ်ယောက်ရေ၊ နဉ်ရှီက သက်ရှိလောကကြီးရဲ့ Big Winner ပါနော်..”

အင်တာနက်သုံးစွဲသူ N : “အနုပညာလောကထဲက သတင်းတချို့ ပြောပြပေးမယ်.. ငါကြားခဲ့ရသလောက်တော့ မစ်နဉ်က ထုတ်လုပ်ရေးအကြီးကြီးတစ်ခုမှာ အရေးကြီးတဲ့ ဇာတ်ကောင်တစ်ခုကို ရခဲ့တယ်တဲ့.. သူ(မ)နာမည်ကြီးလာတော့ တချို့လူတွေရဲ့ အမြင်မှာ အဟန့်အတားဖြစ်လာတယ်လေ.. အဲ့တာကြောင့် နှစ်သစ်ကူးပြီးတော့ နာမည်ဖျက်ခံရတော့တာပဲ.. သူ(မ)ကို သွားပုပ်လေလွင့်ပြောတဲ့ သရုပ်ဆောင်ကလည်း အဲ့ရုပ်ရှင်ထဲကပဲ.. ပြီးတော့ အနိုင်လည်းကျင့်သေးတယ်.. နဉ်ရှီက စိတ်ထားကောင်းလွန်းလို့သာ ထုတ်လုပ်ရေးအဖွဲ့ကို ပြဿနာမတက်စေချင်လို့ သတင်းတွေကို ဖုံးဖိထားခဲ့တာ..”

ပေါက်ကွဲလောက်သည့် သတင်းမျိုး ချကျွေးပြီးသည်နှင့် ထိုအင်တာနက်သုံးသူသည် ထပ်မပေါ်လာတော့ချေ။ သို့သော် ပွဲကြည့်သူများအတွက်တော့ ထိုသတင်းက ပွက်ပွက်ဆူနေသည့် ဆီအိုးထဲ ရေစက်ချလိုက်သလို၊ အုံကြွတက်လာရန် အချိန်သိပ်မကြာလိုက်ပေ။

နဉ်ရှီက ထုတ်လုပ်ရေးတစ်ခုမှာ အဓိကဇာတ်ကောင်နေရာကို ရခဲ့တယ်တဲ့..?

အစောပိုင်းတွင် လူအများသည် ‘Searching the Sea for the Immortal Record’ ဟူသော ရုပ်ရှင်ဇာတ်ကားထဲ နဉ်ရှီ ပါဝင်လိမ့်မည်ဟု မှန်းဆထားကြ၏။ သို့သော် အတည်မပြုနိုင်ခဲ့ပေ။ ဤသတင်းကြောင့် အင်တာနက်သုံးသူများလည်း သူတို့၏သံသယတွေ ခိုင်မာလာတော့သည်။ တချို့ဆိုလျှင် နဉ်ရှီကို နာမည်ဖျက်ခဲ့သော သရုပ်ဆောင်အကြောင်း စတင်စုံစမ်းကြတော့သည်။

သို့သော် ‘Searching the Sea for the Immortal Record’ ၏ ထုတ်လုပ်ရေးအဖွဲ့က အလွန်လျှို့ဝှက်လွန်းသည်။ ပါဝင်သည့် သရုပ်ဆောင်များကိုပင် မပေါက်ကြားစေခဲ့ပေ။ ထို့ကြောင့် အင်တာနက်သုံးသူများခမျာ သူတို့လိုချင်သည့်သတင်းမျိုး မရှာဖွေနိုင်ခဲ့ချေ။

အင်တာနက်ပေါ်တွင် ထိုသတင်းက သိပ်မကြီးခဲ့သောကြောင့် အေဂျင်စီများလည်း အဖက်မလုပ်တော့ပေ။ သူတို့ပို၍စိတ်ထဲထားသည်က ချန်း Group မှကျင်းပသော ပါတီပွဲပင်ဖြစ်၏။

ပါတီပွဲကျင်းပမည့် ညနေခင်း၌၊ နဉ်ရှီသည် ရှုတင်မှ စောစောပြန်လာခဲ့ပြီး သူမအား မိတ်ကပ်ပြင်ပေးရန် ကျန်းချင်းယွင် အထူးတလည် ခေါ်ဆောင်ထားသော မိတ်ကပ်အဖွဲ့ကို မိတ်ကပ်ပြင်သည့်အခန်းထဲတွင် စောင့်ဆိုင်းနေခဲ့သည်။ ထိုအခါမှသာ ‘သုံးဘဝ သုံးရောင်ခြယ်’ ထုတ်လုပ်ရေးအဖွဲ့လည်း ချန်း Group ၏ပါတီပွဲသို့ နဉ်ရှီ ဖိတ်ကြားခံရမှန်း သိကြတော့သည်။

သို့သော် နဉ်ရှီက ချန်းရှီကွေ့၏သူငယ်ချင်းဖြစ်မှန်း သတိရလိုက်တာကြောင့် သူတို့အားလုံး မအံ့ဩကြတော့ပေ။ ဖိတ်ကြားခံရသည်ကို မအံ့ဩပါသော်လည်း ချန်းရှီကွေ့ကိုယ်တိုင် နဉ်ရှီကို လာကြိုသောအခါ အကုန်လုံး ကြက်သေ,သေကုန်တော့၏။

ပါတီပွဲမစခင် ကောင်လေးက ကောင်မလေးကို တကူးတက လာကြိုခြင်းသည် အဘယ်ကို ဆိုလိုသနည်း။

ဤသည်က ကောင်မလေးဟာ ကောင်လေးရဲ့ ပါတနာဖြစ်ကြောင်း ဆိုလိုနေပေသည်။

ချန်းရှီကွေ့သည် အဝတ်လဲခန်း၏အပြင်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။ ဖြတ်သွားဖြတ်လာ ဝန်ထမ်းတိုင်း ချန်းရှီကွေ့ကိုမြင်သည်နှင့် သူ့ကို မနှောင့်ယှက်မိအောင် ကပျာကယာ ဖြတ်ပြေးသွားကြတော့သည်။

ထိုအမျိုးသားကတော့ ဖြတ်သားဖြတ်လာများကို လုံးဝဂရုစိုက်ဟန်မပေါ်ဘဲ အခန်းရှေ့တွင်သာ အသံတိတ် စောင့်ဆိုင်းနေဆဲ။

သူ၏ ပြီးပြည့်စုံလွန်းသော အသွင်အပြင်က အမျိုးသမီးတိုင်းကို နှလုံးခုန်​မြန်လာအောင် ပြုစားနေတော့၏။ သို့သော် သူ၏အဆင့်အတန်းကြောင့် သဘောကျသည့်စိတ်ကို နှလုံးသားထဲမှာသာ သိမ်းဆည်းထားကြရရှာသည်။

…………………………………………

[Zawgyi]

အခန္း - (၃၈)

အႏုပညာေလာကတြင္ ခ်န္း Group မွ ဖိတ္စာရရိျွခင္းသည္ သရုပ္ေဆာင္မ်ားအၾကား မတူကြဲျပားေသာ အဆင့္အတန္းတစ္ခုကို ေဖာ္က်ူးေနေလ၏။ အေၾကာင္းမွာ သာမာန္သရုပ္ေဆာင္တစ္ေယာက္ ေပါင္လံုးႀကီးႀကီး ဖက္ထားႏိုင္လ်ွင္ပင္ ပါတီတက္ေရာက္ခြင့္ရရန္ မေသခ်ာေသာေၾကာင့္ပင္။ ခ်န္း Group ၏ပါတီကို တက္ေရာက္ႏိုင္မၫ့္ လူစာရင္းက တကယ့္ကို တင္းက်ပ္လွသည္။

ထို႔ေၾကာင့္ လက္ရိွအခ်ိန္မွာေတာ့ က်ိဳ႕က်ီေဖ်ာ္ေျဖေရး၏ သရုပ္ေဆာင္မ်ားမွာ မနာလိုခံေနရေတာ့သည္။ သူတို႔ကုမၸဏီတြင္ ခ်န္း Group က ရင္းႏွီးျမႇဳပ္ႏွံခဲ့ေသာေၾကာင့္ ပါတီတက္ေရာက္ခြင့္ ဖိတ္စာမ်ား ရရိွႏိုင္ေသာေၾကာင့္ပင္။

သို႔ေသာ္ ထိပ္သီးေဖ်ာ္ေျဖေရးကုမၸဏီမ်ားကေတာ့ ေကာင္းေကာင္း နားလည္ၾကသည္။ ခ်န္းရွီေကြ့အတြက္ က်ိဳ႕က်ီတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္းသည္ ရွယ္ယာကစားသည္ႏွင့္ အလားသဏၭာန္တူ၏။ က်ိဳ႕က်ီလက္ေအာက္မွ သရုပ္ေဆာင္မ်ားကို သူ,မသိေသာ္ျငား ကပ္ဖားရပ္ဖားလုပ္ရန္ ခ်ဉ္းကပ္လိုသူမ်ားကို မ်က္ႏွာသာေပးလိုက္ျခင္းသာ။

ဖိတ္စာမရေၾကာင္း မန္ေနဂ်ာမ်ားထံမွ ျပန္လည္ၾကားသိရသၫ့္ သရုပ္ေဆာင္မ်ားစြာ ရိွေနေသးသည္။ သို႔ေသာ္ ေနာက္ပိုင္း သိလိုက္ရသည္က ခ်န္း Group သည္ က်ိဳ႕က်ီထံသို႔ ဖိတ္စာအနည္းငယ္ ထပ္ပို႔ခဲ့ေသာ္လည္း သူတို႔ကိုေတာ့ ဖိတ္ၾကားရန္ ဆႏၵရိွပံုမျပခဲ့ေခ်။

နဉ္ရွီခမ်ာလည္း ယခုအခ်ိန္မွ ဝတ္စံုခ်ဳပ္ခ်င္လ်ွင္ မမီေတာ့ေခ်။ ထို႔ေၾကာင့္ သူမ၏အခ်ိန္စာရင္းမွ ေန့တစ္ဝက္စာဖယ္၍ Ready-made အဝတ္အစား သြားဝယ္ရန္သာ တတ္ႏိုင္ေတာ့သည္။

နဉ္ရွီသည္ ခါးသြယ္သြယ္၊ ေျခတံရွည္ရွည္ျဖင့္ အေတာ္ေလး ကိုယ္လံုးကိုယ္ေပါက္လွ၏။ သူမ၏ အခ်ိဳးအစားက်ေသာ ခႏၶာကိုယ္၊ ျဖဴဥလွပေသာ အသားအေရႏွင့္ဆိုလ်ွင္ လိုက္ဖက္ညီသၫ့္ ဝတ္စံုတစ္ထည္ဝယ္ရန္မွာ အလြယ္ေလးပင္။ သို႔ေသာ္ ထူးျခားလွပၿပီး ထင္သာျမင္သာရိွမၫ့္ ဝတ္စံုမ်ိဳးကိုေတာ့ ရွာေတြ့ရန္ ခက္ခဲလွသည္။

နဉ္ရွီ အေတာ္ၾကာေအာင္ လိုက္ရွာခဲ့ၿပီးေနာက္ အခက္အခဲမ်ားၾကားမွ အနက္ေရာင္ပြဲတက္ဝတ္စံုေလးကို ေရြးခ်ယ္ႏိုင္ခဲ့သည္။ ‘အနက္’ဟူသည္ ဘယ္ေသာအခါမွ ရိုးအီမသြားႏိုင္သၫ့္ အေရာင္တစ္မ်ိဳးပင္။ နဉ္ရွီသည္ မွန္ၾကၫ့္ရင္း သူမ၏ ဗလာက်င္းေနေသာ လည္တိုင္ေလးကို ပြတ္သပ္လိုက္သည္။

“မစ္နဉ္က အသားျဖဴျပီး ခါးသြယ္သြယ္ေလးဆိုေတာ့ ဒီဂါဝန္နဲ႔ အရမ္းလိုက္ဖက္တာပဲ..” အေရာင္းဝန္ထမ္းမ်ားသည္ အၿမဲတေစ မ်က္ေတာင္မခတ္တမ္း ခ်ီးမြမ္းတတ္ၾက၏။ သို႔ေသာ္ ယေန့ေတာ့ သူမ၏စကားလံုးမ်ားမွာ ရိုးသားစစ္မွန္ေနခဲ့သည္။ တကယ္ေတာ့ ဤဂါဝန္၏ဒီဇိုင္းသည္ အထူးတလည္ ဖန္တီးထားျခင္းမ်ိဳး မဟုတ္ေသာ္ျငား နဉ္ရွီ ဝတ္လိုက္သည္ႏွင့္ အရမ္းကို လွပသြားေတာ့သည္။

“ေက်းဇူးတင္ပါတယ္..” နဉ္ရွီက အၿပံဳးေလးျဖင့္ ေက်းဇူးတင္လိုက္သည္။ ေနာက္လွၫ့္ၾကၫ့္လိုက္ေသာအခါ ေရွာင္ယန္၏ အူတူတူမ်က္ႏွာေလးကို ျမင္လိုက္ရ၍ နဉ္ရွီမွာ မထိန္းႏိုင္ဘဲ ရယ္ေမာလိုက္မိသည္။ ၿပီးမွ ထပ္ေမးလိုက္သည္။ “ဒီဒီဇိုင္းကေလ.. ဘယ္ႏွစ္ထည္ေလာက္ ေရာင္းထားၿပီးၿပီလဲ..?

“စိတ္ခ်ပါ.. ကြၽန္မတို႔ Brand က Top list မဟုတ္ေပမယ့္ တစ္ကမ႓ာလံုးက Celebrity ေတာ္ေတာ္မ်ားမ်ားရဲ့ အသည္းစြဲပဲ.. အဲ့တာေၾကာင့္ လံုးဝ ေနာက္တစ္ထည္ ရိွမွာမဟုတ္ပါဘူး..”

အေရာင္းဝန္ထမ္းအေနျဖင့္ နာမည္ေက်ာ္တခ်ိဳ႕ဟာ တျခားသူႏွင့္ ဒီဇိုင္းတူေနမည္ကို စိုးရိမ္တတ္ၾကေၾကာင္း ေကာင္းေကာင္း နားလည္ထားသည္။ ထို႔ေၾကာင့္ နဉ္ရွီ စိတ္ပူေနသည္မွာ ပံုမွန္ပါပင္။

“အစ္မရွီရွီ.. အစ္မ ဒီဝတ္စံုဝတ္လိုက္ေတာ့ နတ္ဘုရားမေလးလိုပဲ.. အရမ္းလွလိုက္တာ..” ေရွာင္ယန္က စိတ္လႈပ္ရွားစြာ လက္ခုပ္တီးလိုက္သည္။ “လူတိုင္း ေငးေမာေနမွာ ေသခ်ာတယ္..”

“အဲ့လိုဆက္ၿပီးခ်ီးမြမ္းေနရင္ ငါမ်က္ႏွာျပရဲေတာ့မွာမဟုတ္ဘူးေနာ္..” နဉ္ရွီက ေနြးေထြးစြာ ၿပံဳးလိုက္ရင္း အေရာင္းဝန္ထမ္းကို ေျပာလိုက္သည္။ “ဒီဝတ္စံုေလး ထုပ္ပိုးေပးႏိုင္မလား..? ေက်းဇူးပါ..”

“မစ္နဥ္ အရမ္းယဉ္ေက်းလြန္းေနၿပီ.. ေက်းဇူးျပဳျပီး ခဏေစာင့္ေပးပါေနာ္..”

အေရာင္းဝန္ထမ္းအတြက္ သရုပ္ေဆာင္တစ္ေယာက္ကို ကူညီေပးရသည္မွာ ဒါပထမဆံုးအႀကိမ္ မဟုတ္ပါေပ။ လူအမ်ိဳးမ်ိဳး စရိုက္အေထြေထျြဖစ္ေသာေၾကာင့္ တခ်ိဳ႕သရုပ္ေဆာင္မ်ားသည္ အလြန္ႂကြားဝါတတ္သည္။ တခ်ိဳ႕က ေခ်းမ်ားလြန္းသည္။ တခ်ိဳ႕ဆိုလ်ွင္ ေခါင္းေမာ့ရင္ေကာ့ကာ တျခားလူကို ႏိွမ္ခ်ဆက္ဆံတတ္၏။ နဉ္ရွီကဲ့သို႔ ယဉ္ေက်းသိမ္ေမြ့ေသာ ေဈးဝယ္သူမ်ားက အေရာင္းဝန္ထမ္းမ်ား၏ အႀကိဳက္ေပ။ ထို႔ေၾကာင့္ အေရာင္းဝန္ထမ္းမေလးမွာ အေတာ္ေလး ေဖာ္ေရြပ်ူငွာေနေတာ့သည္။

နဉ္ရွီသည္ ပိုက္ဆံရွင္းၿပီးသည္ႏွင့္ ဆိုင္ထဲမွ ထြက္မလာခင္ အေရာင္းဝန္ထမ္းမေလးႏွင့္အတူ ဓာတ္ပံုတြဲရိုက္ေပးခဲ့ေသးသည္။

“ကားဆရာ.. အနီးဆံုး လက္ဝတ္ရတနာဆိုင္ကို ေမာင္းေပးပါေနာ္..” နဉ္ရွီက လည္ပင္းကို ပြတ္သပ္လိုက္ရင္း.. “ဝတ္စံုနဲ႔ လိုက္ဖက္မယ့္ လည္ဆြဲလိုေနေသးလို႔..”

စိန္ သို႔မဟုတ္ ေက်ာက္မ်က္လည္ဆြဲမ်ိဳးသာ ဤပြဲတက္ဝတ္စံုႏွင့္ လိုက္ဖက္ေပလိမ့္မည္။

ေကာင္တာထဲတြင္ ခင္းက်င္းထားသမ်ွ လက္ဝတ္ရတနာတိုင္းသည္ အလြန္လွပၿပီး ျမင္လိုက္သည္ႏွင့္ စိတ္လႈပ္ရွားလာ‌ေအာင္ ျပဳစားႏိုင္စြမ္း၏။ နဉ္ရွီသည္ ရိုးရွင္းေသာ္လည္း ဖက္ရွင္က်ေသာ နားကပ္တစ္စံုကို ေရြးခ်ယ္လိုက္သည္။ သို႔ေသာ္ လည္ဆြဲအတြက္မူ မဆံုးျဖတ္ႏိုင္ေသးေပ။

‘တစ္စံုတစ္ေယာက္ ေရြးခ်ယ္ရခက္ေနတာဟာ ပိုက္ဆံမေလာက္လို႔ပဲ..’ ဆိုသၫ့္စကားမ်ိဳး နဉ္ရွီ ၾကားဖူးခဲ့သည္။ ယခုေတာ့ သူမလည္း ထိုအေျခအေနမ်ိဳးတြင္ က်ေရာက္ေနေသာေၾကာင့္ အနည္းႏွင့္အမ်ားဆိုသလို သေဘာတူလာမိ၏။

ခ်န္း Group ကဲ့သို႔ေသာ လုပ္ငန္း​ႀကီးတစ္ခု၏ ပါတီပြဲသို႔ အေရးႀကီးပုဂၢိုလ္ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ၾကမည္ပင္။ သို႔ျဖစ္ရာ သရုပ္ေဆာင္တစ္ေယာက္အတြက္ သူတို႔၏နာမည္ဂုဏ္သတင္း တည္ေဆာက္ႏိုင္မၫ့္၊ အဆင့္အတန္း ျမႇင့္တင္ႏိုင္မၫ့္ အေကာင္းဆံုး အခြင့္အေရးႀကီး ျဖစ္လာေတာ့သည္။

ထိုအေျခအေနမ်ိဳးတြင္ နဉ္ရွီအေနျဖင့္ စုတ္စုတ္ျပတ္ျပတ္ ဝတ္စားသြား၍မျဖစ္ေပ။ တျခားလူအေပၚ မေလးစားသည့္သေဘာမ်ိဳး သက္ေရာက္သြားႏိုင္သၫ့္အျပင္ သူမကိုလည္း အထင္ေသးသြားႏိုင္သည္။

မည္သူမဆို ပထမဆံုးေတြ့ဆံုခ်ိန္တြင္ အေပၚယံအျမင္မွလြဲ၍ စိတ္ရင္းအမွန္ကို နားလည္ႏိုင္ဦးမည္မဟုတ္ေပ။ ထိုနည္းတူ သူစိမ္းတစ္ေယာက္အတြက္ ႏွလံုးသားထဲမွ အလွတရား (စိတ္ရင္းအလွ)ကို လိုက္ရွာႏိုင္သည္အထိ စိတ္ရွည္ေနမည္မဟုတ္ေပ။ သို႔ျဖစ္ရာ တစ္ဖက္လူ၏အာရံုကို ဆြဲေဆာင္ရန္အတြက္ မိမိ၏အသြင္အျပင္မွ ပထမဆံုး စတင္သင့္ေပသည္။

“မစ္က်င္း.. ဒါေလးက အစ္မမွာထားတဲ့ လည္ဆြဲပါ.. ျပင္ဆင္ခ်င္တဲ့ေနရာရိွေသးလား တစ္ခ်က္ေလာက္ ၾကၫ့္ေပးပါေနာ္..”

“မဆိုးပါဘူး..” ျပန္ေျဖလိုက္သၫ့္ မိန္းကေလး၏ေလသံက စိတ္မပါလက္မပါ။

နဉ္ရွီ လွၫ့္ၾကၫ့္လိုက္ေသာအခါ စကားေျပာေနသူက အသက္ႏွစ္ဆယ္ခန႔္သာရိွဦးမၫ့္ မိန္းမငယ္ေလးဆိုတာ ေတြ့လိုက္ရသည္။ သူမက အေတာ္ေလး ေထာင္လႊားလြန္းၿပီး စိတ္မရွည္ဟန္အျပၫ့္။ သူမအေရ႔ွမွ လည္ဆြဲကိုလည္း စိတ္ေက်နပ္တယ္ဆိုရံုေလးသာရိွေၾကာင္း သိသာလွသည္။

“မစ္.. ဒီတစ္ခုဆိုရင္ေရာ..?” အေရာင္းဝန္ထမ္းက ေနာက္ထပ္လည္ဆြဲတစ္ကံုး ထပ္မံထုတ္ယူကာ နဉ္ရွီေရ႔ွသို႔ ခ်ျပေပးလာသည္။ ဤလည္ဆြဲ၏ ေက်ာက္သားအျဖတ္အေတာက္သည္ ပထမတစ္ခုကို မမီေသာ္လည္း သံုးပံုတစ္ပံုခန႔္အထိ ​ေစ်းသက္သာေနသည္။ ေသေသခ်ာခ်ာယွဉ္ၾကၫ့္ၿပီးေနာက္ နဉ္ရွီလည္း အံႀကိတ္ကာ ပထမတစ္ခုကိုဝယ္ရန္ ဆံုးျဖတ္လိုက္၏။ ေဈးႀကီးလည္း မတတ္ႏိုင္။ သူမကိုယ္တိုင္က ပထမတစ္ခုကို ႀကိဳက္ႏွစ္သက္ေနသည္ကိုး။

“အို႔.. နင္က ဟိုရုပ္ရွင္ထဲက မင္းသမီးမလား..?” နဉ္ရွီေဘးနားမွ လႈပ္ရွားမႈမ်ားကို သတိျပဳမိသြားတာေၾကာင့္ မစ္က်င္းက နဉ္ရွီကို ေခါင္းအစေျခအဆံုး စိုက္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ နဉ္ရွီဘက္သို႔ လက္ၫွိုးထိုးကာ.. “လက္ဝတ္လက္စား လာဝယ္တာလား..?”

မစ္က်င္းက နဉ္ရွီအနား ေလ်ွာက္လာသည္။ ၿပီးေနာက္ နဉ္ရွီအေရ႔ွမွ လည္ဆြဲတခ်ိဳ႕ကို ငဲ့ၾကၫ့္ကာ အထင္ေသးဟန္ျဖင့္.. “အဲ့ေက်ာက္ေတြက အရည္သိပ္မလဲ့ဘူး.. ဒီဇိုင္းကလည္း ႏွစ္လေလာက္ရိွၿပီ.. အဲ့လိုဟာမ်ိဳးကို ဝယ္ေသးတာလား..?”

နဉ္ရွီသည္ သူမ၏အေနာက္မွာ ရပ္ေနေသာ ေရွာင္ယန္ထံ Credit Card ကမ္းေပးလိုက္ကာ လည္ဆြဲတစ္ခုကို ၫႊန္ျပလိုက္ရင္း..

“အဲ့တာေလး ယူမယ္ေနာ္.. ကူညီေပးပါဦး..”

ေရွာင္ယန္က ဘယ္ကထြက္လာမွန္းမသိသၫ့္ မစ္က်င္းကို လွၫ့္ၾကၫ့္လိုက္သည္။ ဘာေၾကာင့္ရယ္မသိ သူမ၏စိတ္ထဲတြင္ ထိုမိန္းကေလး နဉ္ရွီအေပၚ အေတာ္ေလး ရန္လိုေနသလို ခံစားလိုက္ရ၏။ သို႔ေသာ္ သူမ၏အစ္မရွီရွီက ေအးေဆးတည္ၿငိမ္ ေနေသာေၾကာင့္ သူမ၏စိတ္ထဲမွ စိုးရိမ္ပူပန္မႈမ်ားလည္း တစ္စမက်န္ေအာင္ ေပ်ာက္ကြယ္သြားရသည္။

“ပိုက္ဆံမေလာက္ေတာ့ ပိုၿပီးစိတ္ပူပန္ရတာေပါ့ရွင္.. ကြၽန္မ အက်ပ္ရိုက္ေနတဲ့ပံုကို ျမင္ေတြ့ေစမိၿပီ..” ထိုသို႔ ေျပာလိုက္ေသာ္လည္း နဉ္ရွီ၏မ်က္ႏွာေပၚတြင္ တစ္ဖက္လူ၏ တင္စီးလြန္းေသာအၾကၫ့္ေၾကာင့္ ရွက္ရြံ႔သြားဟန္လံုးဝမရိွ။ ႏွစ္လၾကာေနၿပီျဖစ္ေသာ လည္ဆြဲဒီဇိုင္းကို ဝယ္ယူျခင္းက ရွက္စရာမဟုတ္ဟု ေျပာေနသလိုပင္။

သူမ၏စကားလံုးမ်ားက နဉ္ရွီအေပၚ သက္ေရာက္မႈမရိွမွန္း မစ္က်င္း မထင္ထားခဲ့ေပ။ မ်က္ႏွာပ်က္သြားၿပီး တခဏၾကာေတာ့ ဆက္ေျပာလာသည္။ “နင္က ဒီတစ္ခုေတာ့ အရမ္းရိုးသားတာပဲ..”

“ခ်ီးမြမ္းတဲ့အတြက္ ေက်းဇူးတင္ပါတယ္..” နဉ္ရွီက လူခ်မ္းသာမ်ိဳးဆက္ သခင္မေလးတစ္ေယာက္ႏွင့္ စကားေျပာေနတာမဟုတ္ဘဲ သိတတ္နားလည္မႈမရိွသၫ့္ ကေလးတစ္ေယာက္ႏွင့္ စကားေျပာေနသလို တည္ၿငိမ္စြာ ၿပံဳးျပလိုက္သည္။ သူ၏အမူအရာက ကူကယ္ရာမဲ့ေနသလို စိတ္ရွည္သည္းခံျခင္းအျပၫ့္။

တျခားလူမ်ား အျမင္မွာေတာ့ မစ္က်င္းသည္ ထူးဆန္းလြန္းေနသည္။ သူမ၏မိသားစုက အရမ္းခ်မ္းသာေသာေၾကာင့္ အပ်င္းေျပကစားရန္ လည္ဆြဲဝယ္တာက အျပစ္ေျပာစရာမရိွေပ။ သို႔ေသာ္ မေကာင္းမကန္းပစၥည္း ဝယ္ယူသည္ဟူေသာ စကားလံုးမ်ားျဖင့္ သူတစ္ပါးအေပၚ ေလွာင္ေျပာင္သေရာ္ျခင္းက တကယ့္ကို ရိုင္းပ်လြန္းသည္။

နဉ္ရွီကို လည္ဆြဲဒီဇိုင္း အႀကံဳျပဳခဲ့ေသာ အေရာင္းဝန္ထမ္း၏ မ်က္ႏွာေပၚတြင္လည္း ရွက္ရြံ႔မႈမ်ားျဖင့္ ျပၫ့္ႏွက္လာေတာ့၏။ မစ္က်င္းက နဉ္ရွီကို အရည္အေသြးေကာင္းသၫ့္ပစၥည္းမ်ိဳး မဝယ္ႏိုင္ဘူးဟု ေလွာင္ေျပာင္ေနေသာ္လည္း တျခားတစ္ဖက္မွၾကၫ့္လ်ွင္ အရည္အေသြးမျပၫ့္မီသၫ့္ ပစၥည္းမ်ိဳးေရာင္းသည္ဟူ၍ သူမအား ေစာ္ကားလိုက္သလိုပင္။

မစ္က်င္းက VIP ဝယ္သူျဖစ္ေနေသာေၾကာင့္ မည္သူမ်ွ ျပန္မေျပာရဲေပ။

“ခစ္ခစ္..” မစ္က်င္းမွာ နဉ္ရွီ၏အျပဳအမူကို ေလွာင္ရယ္ခ်င္လာသည္အထိ ေဒါသထြက္ေနေတာ့သည္။ “နင္က အစ္ကိုခ်န္းရဲ့ သူငယ္ခ်င္းဆို..? ခ်န္း Group အပိုင္ လက္ဝတ္ရတနာဆိုင္ကို ေရာက္လာတာေတာင္ Special treatment ေတြ VIP Discount ေတြ မရပါလား..?”

အခ်ိန္ကိုက္ပင္။ အေရာင္းဝန္ထမ္းက လည္ဆြဲကို ထုပ္ပိုးၿပီးေခ်ၿပီ။ နဉ္ရွီက ရတနာေသတၲာကို လွမ္းယူလိုက္ကာ အၿပံဳးေလးျဖင့္.. “သူငယ္ခ်င္းရဲ့စီးပြားေရးကို ဂရုစိုက္ေပးတာလည္း ကြၽန္မရဲ့ဝါသနာပဲေလ.. ဘယ္လိုလုပ္ Discount လက္ခံႏိုင္မွာလဲ..?”

ေနာက္ဆံုးေတာ့ သူမ၏အစ္ကိုက ဤအမ်ိဳးသမီးသရုပ္ေဆာင္အေၾကာင္းေျပာတိုင္း ဘာလို႔ေဒါသပုန္ထတတ္မွန္း မစ္က်င္း သေဘာေပါက္လိုက္သည္။

(TN : မစ္က်င္းက က်င္းခ်န္နဲ႔ ေမာင္ႏွမျဖစ္ႏိုင္ပါတယ္။ ခ်န္းရွီေကြ့နဲ႔ဆို ဝမ္းကြဲေတာ္စပ္တယ္။)

ဒီမိန္းမ စကားေျပာလိုက္တိုင္း ေဒါသထြက္စရာေကာင္းေနတာကိုး..!

ဒါမ်ိဳးလည္ဆြဲေလး ဝယ္ယူရံုနဲ႔ သူငယ္ခ်င္းရဲ့စီးပြားေရးကို ဂရုစိုက္ေပးတယ္လို႔ သတ္မွတ္လို႔ရလို႔လား..?!

ခ်န္း Group လက္ေအာက္မွာ အေရာင္းျပခန္းေတြမွ အမ်ားႀကီးပဲ.. အစ္ကိုခ်န္းက အဲ့မိန္းမရဲ့ဂရုစိုက္မႈကို လိုအပ္ေနလို႔လား..?

ဘာလို႔ဒီေလာက္အရွက္မဲ့ရတာလဲ..?

မစ္က်င္း ေဒါသထြက္လာေသာေၾကာင့္ မ်က္ႏွာအမူအရာလည္း ေျပာင္းလဲလာခဲ့၏။ ခြန္းတံု႔ျပန္ရန္ ပါးစပ္ဖြင့္မည္အလုပ္ ပိုင္လု ဝင္လာသည္ကို ျမင္လိုက္ရေလသည္။ ခ်က္ခ်င္း မ်က္ႏွာေျပာင္းသြားၿပီး သူမ၏ပစၥည္းကိုယူကာ ထြက္သြားေတာ့သည္။

မစ္က်င္းႏွင့္ ပိုင္မိသားစု၏ သခင္မေလးတို႔ ဆက္ဆံေရးသိပ္မေကာင္းေၾကာင္း ေတာ္ေတာ္မ်ားမ်ား သိထားၾကေလသည္။

ပိုင္လု ဆိုင္ထဲဝင္လိုက္သည္ႏွင့္ က်င္းရီ ထြက္သြားသည္ကို ျမင္လိုက္ရသည္။ သူမက အဖက္မလုပ္သလို ၿပံဳးရယ္လိုက္ရင္း သူမကို ႀကိဳဆိုေနသၫ့္ အေရာင္းဝန္ထမ္းကို ေမးလိုက္သည္။ “မစ္က်င္း မ်က္ႏွာသိပ္မေကာင္းသလိုပဲ.. တစ္ေယာက္ေယာက္နဲ႔ ရန္ျဖစ္ျပန္ၿပီလား..?”

အေရာင္းဝန္ထမ္းက ၿပံဳးလိုက္ရင္း ပညာသားပါပါ ျပန္ေျဖခဲ့သည္။ “မစ္က်င္းက မစ္နဉ္နဲ႔ စကားစျမည္ေျပာခဲ့ရံုပါ..”

‘နဉ္’ဟူေသာ စကားလံုးကိုၾကားသည္ႏွင့္ ပိုင္လု မ်က္ခံုးပင့္ကာ ေဘးဘီလွၫ့္ၾကၫ့္လိုက္၏။ ထိုအခါ အေရာင္းဝန္ထမ္း တစ္ေယာက္ႏွင့္ စကားေျပာေနေသာ နဉ္ရွီကို ျမင္လိုက္ရသည္။

“နဉ္ရွီ..?” နဉ္ရွီႏွင့္ပက္သက္၍ သူမ၏သေဘာထားက အေတာ္ေလး ရႈပ္ေထြးေနသည္။ ထိုမိန္းကေလးကို မည္မ်ွအထိသေဘာက်မွန္း သူမကိုယ္တိုင္ပင္ မေျပာႏိုင္ေသးေပ။ နဉ္ရွီ၏အၿပံဳးကို ျမင္လိုက္ေသာအခါ ပိုင္လုခမ်ာ အဖက္မလုပ္ေသာ မ်က္ႏွာထားမ်ိဳး ဆက္မထိန္းထားႏိုင္ေတာ့ေပ။

ဒီေကာင္မေလး… တကယ့္ကို ျပႆနာအိုးေလးပဲ..!

“အစ္မလု..?” နဉ္ရွီသည္လည္း ပိုင္လုကိုျမင္သည္ႏွင့္ မ်က္လံုးအေရာင္ေတာက္လာေတာ့သည္။ ၿပီးေနာက္ ေတာက္ပေသာ အၿပံဳးေလးျဖင့္.. “တိုက္ဆိုင္လိုက္တာ..”

ဟုတ္သည္။ ဤအၿပံဳးေလးျဖင့္ လူတိုင္းကို မခုခံႏိုင္ေအာင္ ေစစားေနျခင္းပင္။

ပိုင္လုသည္ သူမကိုယ္တိုင္ပင္ မသိလိုက္ပါဘဲ နဉ္ရွီကို ၿပံဳးျပလိုက္ရင္း သူမအနားသလို ေလ်ွာက္သြားေတာ့သည္။ “နဉ္ရွီ.. ဒီမွာ ဘာလုပ္ေနတာလဲ..?”

“မနက္ျဖန္ည ပါတီပြဲအတြက္ သင့္ေတာ္တဲ့လည္ဆြဲ မရိွေသးလို႔ေလ.. အဲ့တာေၾကာင့္ ဒီမွာတစ္ခ်က္လာၾကၫ့္တာ..”

နဉ္ရွီက သူမအေရ႔ွမွလည္ဆြဲမ်ားကို လက္ၫွိုးထိုးျပလိုက္သည္။

နဉ္ရွီထံမွ ‘မနက္ျဖန္ ပါတီပြဲတက္ေရာက္ရန္’ ဟူေသာစကားကို ၾကားလိုက္ရေသာ္လည္း ပိုင္လုက အံ့ဩဟန္မေျပေပ။ ထိုအစား အၿပံဳးေလးျဖင့္.. “နင့္ရဲ့လည္တိုင္က ဒီေလာက္ျဖဴေဖြးေၾကာ့ရွင္းေနတာ.. ဘာဝတ္ဝတ္ ၾကၫ့္လို႔ေကာင္းေနမွာပဲ..”

သူမက အမွန္တရားကို ေျပာေနျခင္းပင္။ နဉ္ရွီ၏ လည္တိုင္ေလးသည္ အလြန္လွပ၍ ဆြဲေဆာင္မႈရိွလြန္းသည္။ စကားေျပာရန္ ေခါင္းေလးေစာင္းလိုက္တိုင္း လူအမ်ား နမ္းရိႈက္ခ်င္လာေအာင္ ေစစားေနေတာ့သည္။

ဆိုင္မန္ေနဂ်ာသည္ ပိုင္လု ေအာ္ဒါမွာထားေသာ လည္ဆြဲကို ကိုယ္တိုင္ကိုယ္က် ထုတ္ယူလာေပး၏။ နဉ္ရွီက တစ္ခ်က္ငဲ့ၾကၫ့္လိုက္သည္။ အလြန္အဖိုးတန္ကာ ရႊန္းစိုလွပေသာ ပတၲျမားလည္ဆြဲေလးပင္။

နဉ္ရွီသည္ သူမ၏စိတ္ထဲမွ သေဘာက်မႈကို ဖံုးကြယ္မထားဘဲ ထုတ္ခ်ီးမြမ္းလိုက္သည္။

“လွလိုက္တာ..!”

ပိုင္လုက လွၫ့္ၾကၫ့္လိုက္ေသာအခါ နဉ္ရွီ၏မ်က္ဝန္းမ်ားက အံ့ဩမွင္သက္မႈ၊ ႏွစ္သက္မႈမ်ားသာ ျပၫ့္ႏွက္ေနေလၿပီး မနာလိုဝန္တိုျခင္း၊ ေျမႇာက္ပင့္ေျပာဆိုျခင္း ဟူ၍ တစ္စြန္းတစ္စမ်ွမရိွေပ။ ထို႔ေၾကာင့္ နဉ္ရွီအေပၚ အျမင္ေကာင္းမ်ား ပိုတိုးလာေတာ့သည္။

“လက္ဝတ္ရတနာဆိုင္ေတြထဲမွာ ဒီဆိုင္က ငါအႀကိဳက္ဆံုးပဲေလ..”

အနားမွာရပ္ေနေသာ မန္ေနဂ်ာက ရယ္ေမာလိုက္ရင္း.. “မစ္လု ကြၽန္ေတာ္တို႔ကို ခ်ီးမြမ္းလြန္းေနပါၿပီ.. ဝယ္ယူသူကို စိတ္ေက်နပ္မႈေပးဖို႔က ကြၽန္ေတာ္တို႔ရဲ့တာဝန္ပါ..”

မန္ေနဂ်ာ၏မ်က္ႏွာေပၚမွ အၿပံဳးကိုၾကၫ့္ရံုမ်ျွဖင့္ ပိုင္လုႏွင့္ မစ္က်င္းၾကား ကြာျခားခ်က္အလြန္ႀကီးမားေၾကာင္း နဉ္ရွီ ေျပာႏိုင္သည္။ နဉ္ရွီက မတ္တပ္ရပ္လိုက္ရင္း ပိုင္လုဘက္လွၫ့္ကာ.. “အစ္မပိုင္.. ညဘက္ ရိုက္ကူးေရးရိွေသးလို႔ မေနွာင့္ယွက္ေနတာ့ဘူးေနာ္..”

“ငါလည္း အိမ္ျပန္ေတာ့မလို႔..” ပိုင္လုက နဉ္ရွီကို ၿပံဳးျပလိုက္ရင္း.. “အတူတူသြားရေအာင္..”

နဉ္ရွီကို ဝန္ေဆာင္မႈေပးခဲ့ေသာ အေရာင္ဝန္ထမ္းသည္ ပိုင္လုႏွင့္နဉ္ရွီတို႔ၾကားက ခင္မင္ရင္းႏွီးမႈကို ျမင္လိုက္ရေသာအခါ မစ္က်င္း နဉ္ရွီအေပၚ အရမ္းရန္လိုေနခဲ့သည္ကို မအံ့ဩေတာ့ေပ။ ဒါေတြအားလံုးက မစ္ပိုင္ေၾကာင့္ကိုး..!

ေကာလာဟလမ်ားအရ က်င္းမိသားစု၏ သခင္မေလးသည္ သူတို႔၏ေဘာ့စ္ (ခ်န္းရွီေကြ့)ကို တိတ္တခိုး ခ်စ္ျမတ္ႏိုးေနၿပီး သူတို႔၏ေဘာ့စ္ကေတာ့ ပိုင္လုႏွင့္ ပို၍ဆက္ဆံေရးေကာင္းပံုရသည္။ ထို႔ေၾကာင့္ မစ္က်င္းက မစ္ပိုင္ႏွင့္ေတြ့တိုင္း မသိခ်င္ေယာင္ေဆာင္ေနၿပီး ႏွစ္ေယာက္သား တစ္ေနရာတည္းမွာ အတူရိွေနလ်ွင္ပင္ တစ္ဦးကိုတစ္ဦး မ်က္ႏွာခ်င္းမဆိုင္ၾကေပ။

သို႔ေသာ္ ထိုသတင္းက ထိုအသိုင္းအဝိုင္းထဲမွ အတင္းအဖ်င္းမ်ားသာျဖစ္ၿပီး မွန္၏၊ မမွန္၏၊ မည္သူမ်ွမသိၾကေပ။

နဉ္ရွီႏွင့္ပိုင္လုတို႔ လက္ဝတ္ရတနာဆိုင္ထဲမွ ထြက္လာေသာအခါ သူမတို႔ကို လမ္းတစ္ဖက္ျခမ္းမွ ဓာတ္ပံုေခ်ာင္းရိုက္ေနေၾကာင္း သတိျပဳမိလိုက္၏။ ဓာတ္ပံုရိုက္ေနသူက သူမတို႔ သတိျပဳမိသြားေၾကာင္း ျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္း ကားေမာင္းထြက္သြားခဲ့သည္။

သို႔ေသာ္ သူမတို႔ႏွစ္ေယာက္လံုး မိန္းကေလးေတျြဖစ္ေသာေၾကာင့္ အတင္းအဖ်င္းျဖန႔္ရန္ အေၾကာင္းျပခ်က္မရိွေပ။ ထို႔ေၾကာင့္ နဉ္ရွီေရာ၊ ပိုင္လုပါ ထိုကိစၥကို အာရံုမစိုက္ေတာ့ေပ။

ႏွစ္ေယာက္လံုးက ထိုသို႔ဓာတ္ပံုေခ်ာင္းရိုက္ခံရသၫ့္ကိစၥမ်ိဳးကို မၾကာခဏ ေတြ့ႀကံဳဖူးေနသည္ မဟုတ္ပါလား။

သို႔ေသာ္ သူတို႔က သတင္းသမားမ်ားကို ေလ်ာ့တြက္မိလိုက္ျခင္းပင္။ ထိုေန့ညမွာပင္ သတင္းမ်ား တက္လာေတာ့သည္။

ဓာတ္ပံုက အနည္းငယ္ ေဝဝါးေနေသာ္လည္း အျမင္စူးရွလြန္းေသာ အင္တာနက္သံုးစြဲသူမ်ားက ဘယ္သူဘယ္ဝါဆိုတာ အေျဖထုတ္ႏိုင္ၾကဆဲ။

အင္တာနက္သံုးစြဲသူ A : “ဒီေခတ္သတင္းသမားေတြကေတာ့ သတင္းဦးဦးဖ်ားဖ်ားရေအာင္ အၿမဲတမ္း ႀကိဳးစားေနၾကတာပဲေဟ့.. ၾကၫ့္လိုက္ရံုနဲ႔ အတူတူေဈးဝယ္ထြက္ေနတဲ့ သူငယ္ခ်င္းေတြဆိုတာ သိသာေနတာပဲကို.. သူတို႔ေျပာသလို ဘယ္နားက ထူးဆန္းေနလို႔တုန္း..?”

အင္တာနက္သံုးစြဲသူ B : “ဒါေပမဲ့ မိန္းမလွေလးႏွစ္ေယာက္ အတူလမ္းေလ်ွာက္ေနတဲ့ ျမင္ကြင္းက တကယ့္ကို မ်က္စိအစာေကြၽးခ်င္စရာေလး.. ဓာတ္ပံုက ဝါးေနတာေတာင္ နဉ္ရွီနဲ႔ ပိုင္သခင္မေလးက လံုးဝကြဲထြက္ေနတာေနာ္.. ေဘးက ျဖတ္သြားျဖတ္လာေတြနဲ႔ ဘာမွမဆိုင္ဘူး..”

အင္တာနက္သံုးစြဲသူ C : “အဲ့နဉ္ရွီဆိုတဲ့ သရုပ္ေဆာင္ကေလ တကယ့္ကို ထူးခြၽန္တာပဲေနာ္.. သတိထားမိၾကလား.. မ်က္ႏွာေလးလည္း လွတယ္.. စာေတာ္ၿပီး အသိုင္းအဝိုင္းကလည္း ရွယ္ပဲ.. အႏုပညာေလာကထဲက အသိအကြၽမ္းေတြကလည္း တကယ့္ထိပ္တန္းသရုပ္ေဆာင္ေတြခ်ည္းပဲ.. အျပင္မွာက်ေတာ့လည္း ခ်န္း Group ရဲ့ CEO လို၊ ပိုင္မိသားစုရဲ့ သခင္မေလးလို လူေတြနဲ႔ သူငယ္ခ်င္းျဖစ္ေနျပန္ၿပီ.. သူ႔ကို စီမံခန႔္ခြဲေပးတဲ့ ေအဂ်င္စီေတာင္ သူ႔ေၾကာင့္ ခ်န္း Group, CEO ႀကီး‌ရဲ့ေပါင္လံုးကို ဖက္လိုက္ႏိုင္တာ.. ငါေတာ့ သူ႔ကို သက္ရိွေလာကႀကီးရဲ့ Cheater တစ္ေယာက္လို႔ မေတြးဘဲမေနႏိုင္ေတာ့ဘူး..”

(TN : Cheater ဆိုတာ Gaming အသံုးအႏႈန္းမ်ိဳး သံုးထားတာပါ။)

အင္တာနက္သံုးစြဲသူ D : “အေပၚထပ္ကတစ္ေယာက္ေရ၊ နဉ္ရွီက သက္ရိွေလာကႀကီးရဲ့ Big Winner ပါေနာ္..”

အင္တာနက္သံုးစြဲသူ N : “အႏုပညာေလာကထဲက သတင္းတခ်ိဳ႕ ေျပာျပေပးမယ္.. ငါၾကားခဲ့ရသေလာက္ေတာ့ မစ္နဉ္က ထုတ္လုပ္ေရးအႀကီးႀကီးတစ္ခုမွာ အေရးႀကီးတဲ့ ဇာတ္ေကာင္တစ္ခုကို ရခဲ့တယ္တဲ့.. သူ(မ)နာမည္ႀကီးလာေတာ့ တခ်ိဳ႕လူေတြရဲ့ အျမင္မွာ အဟန႔္အတားျဖစ္လာတယ္ေလ.. အဲ့တာေၾကာင့္ ႏွစ္သစ္ကူးၿပီးေတာ့ နာမည္ဖ်က္ခံရေတာ့တာပဲ.. သူ(မ)ကို သြားပုပ္ေလလြင့္ေျပာတဲ့ သရုပ္ေဆာင္ကလည္း အဲ့ရုပ္ရွင္ထဲကပဲ.. ၿပီးေတာ့ အႏိုင္လည္းက်င့္ေသးတယ္.. နဉ္ရွီက စိတ္ထားေကာင္းလြန္းလို႔သာ ထုတ္လုပ္ေရးအဖြဲ႔ကို ျပႆနာမတက္ေစခ်င္လို႔ သတင္းေတြကို ဖံုးဖိထားခဲ့တာ..”

ေပါက္ကြဲေလာက္သၫ့္ သတင္းမ်ိဳး ခ်ေကြၽးၿပီးသည္ႏွင့္ ထိုအင္တာနက္သံုးသူသည္ ထပ္မေပၚလာေတာ့ေခ်။ သို႔ေသာ္ ပြဲၾကၫ့္သူမ်ားအတြက္ေတာ့ ထိုသတင္းက ပြက္ပြက္ဆူေနသၫ့္ ဆီအိုးထဲ ေရစက္ခ်လိုက္သလို၊ အံုႂကြတက္လာရန္ အခ်ိန္သိပ္မၾကာလိုက္ေပ။

နဉ္ရွီက ထုတ္လုပ္ေရးတစ္ခုမွာ အဓိကဇာတ္ေကာင္ေနရာကို ရခဲ့တယ္တဲ့..?

အေစာပိုင္းတြင္ လူအမ်ားသည္ ‘Searching the Sea for the Immortal Record’ ဟူေသာ ရုပ္ရွင္ဇာတ္ကားထဲ နဉ္ရွီ ပါဝင္လိမ့္မည္ဟု မွန္းဆထားၾက၏။ သို႔ေသာ္ အတည္မျပဳႏိုင္ခဲ့ေပ။ ဤသတင္းေၾကာင့္ အင္တာနက္သံုးသူမ်ားလည္း သူတို႔၏သံသယေတြ ခိုင္မာလာေတာ့သည္။ တခ်ိဳ႕ဆိုလ်ွင္ နဉ္ရွီကို နာမည္ဖ်က္ခဲ့ေသာ သရုပ္ေဆာင္အေၾကာင္း စတင္စံုစမ္းၾကေတာ့သည္။

သို႔ေသာ္ ‘Searching the Sea for the Immortal Record’ ၏ ထုတ္လုပ္ေရးအဖြဲ႔က အလြန္လ်ိႈ႔ဝွက္လြန္းသည္။ ပါဝင္သၫ့္ သရုပ္ေဆာင္မ်ားကိုပင္ မေပါက္ၾကားေစခဲ့ေပ။ ထို႔ေၾကာင့္ အင္တာနက္သံုးသူမ်ားခမ်ာ သူတို႔လိုခ်င္သၫ့္သတင္းမ်ိဳး မရွာေဖြႏိုင္ခဲ့ေခ်။

အင္တာနက္ေပၚတြင္ ထိုသတင္းက သိပ္မႀကီးခဲ့ေသာေၾကာင့္ ေအဂ်င္စီမ်ားလည္း အဖက္မလုပ္ေတာ့ေပ။ သူတို႔ပို၍စိတ္ထဲထားသည္က ခ်န္း Group မွက်င္းပေသာ ပါတီပြဲပင္ျဖစ္၏။

ပါတီပြဲက်င္းပမၫ့္ ညေနခင္း၌၊ နဉ္ရွီသည္ ရႈတင္မွ ေစာေစာျပန္လာခဲ့ၿပီး သူမအား မိတ္ကပ္ျပင္ေပးရန္ က်န္းခ်င္းယြင္ အထူးတလည္ ေခၚေဆာင္ထားေသာ မိတ္ကပ္အဖြဲ႔ကို မိတ္ကပ္ျပင္သၫ့္အခန္းထဲတြင္ ေစာင့္ဆိုင္းေနခဲ့သည္။ ထိုအခါမွသာ ‘သံုးဘဝ သံုးေရာင္ျခယ္’ ထုတ္လုပ္ေရးအဖြဲ႔လည္း ခ်န္း Group ၏ပါတီပြဲသို႔ နဉ္ရွီ ဖိတ္ၾကားခံရမွန္း သိၾကေတာ့သည္။

သို႔ေသာ္ နဉ္ရွီက ခ်န္းရွီေကြ့၏သူငယ္ခ်င္းျဖစ္မွန္း သတိရလိုက္တာေၾကာင့္ သူတို႔အားလံုး မအံ့ဩၾကေတာ့ေပ။ ဖိတ္ၾကားခံရသည္ကို မအံ့ဩပါေသာ္လည္း ခ်န္းရွီေကြ့ကိုယ္တိုင္ နဉ္ရွီကို လာႀကိဳေသာအခါ အကုန္လံုး ၾကက္ေသ,ေသကုန္ေတာ့၏။

ပါတီပြဲမစခင္ ေကာင္ေလးက ေကာင္မေလးကို တကူးတက လာႀကိဳျခင္းသည္ အဘယ္ကို ဆိုလိုသနည္း။

ဤသည္က ေကာင္မေလးဟာ ေကာင္ေလးရဲ့ ပါတနာျဖစ္ေၾကာင္း ဆိုလိုေနေပသည္။

ခ်န္းရွီေကြ့သည္ အဝတ္လဲခန္း၏အျပင္တြင္ တိတ္ဆိတ္စြာ ေစာင့္ဆိုင္းေနေလသည္။ ျဖတ္သြားျဖတ္လာ ဝန္ထမ္းတိုင္း ခ်န္းရွီေကြ့ကိုျမင္သည္ႏွင့္ သူ႔ကို မေနွာင့္ယွက္မိေအာင္ ကပ်ာကယာ ျဖတ္ေျပးသြားၾကေတာ့သည္။

ထိုအမ်ိဳးသားကေတာ့ ျဖတ္သားျဖတ္လာမ်ားကို လံုးဝဂရုစိုက္ဟန္မေပၚဘဲ အခန္းေရ႔ွတြင္သာ အသံတိတ္ ေစာင့္ဆိုင္းေနဆဲ။

သူ၏ ၿပီးျပၫ့္စံုလြန္းေသာ အသြင္အျပင္က အမ်ိဳးသမီးတိုင္းကို ႏွလံုးခုန္​ျမန္လာေအာင္ ျပဳစားေနေတာ့၏။ သို႔ေသာ္ သူ၏အဆင့္အတန္းေၾကာင့္ သေဘာက်သၫ့္စိတ္ကို ႏွလံုးသားထဲမွာသာ သိမ္းဆည္းထားၾကရရွာသည္။

…………………………………………

Continua a leggere

Ti piacerà anche

620K 69.6K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
1.6M 197K 160
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
16.5K 1.4K 75
Name - Interstellar Chef Raising a Baby Type - Web nobel (CN) Author(s)- Salted Lobster 盐焗大龙虾...
651K 88K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ