"ခိုင်မာနှောင်ကြိုး"

Da myanaykyalsin17

11.8K 1K 379

အားလုံးပဲ မင်္ဂလာပါရှင့် BL Fic အသစ်လေးနဲ့ ထပ်မံ တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ BL Fic အသစ်လေးကိုတော့ "ခိ... Altro

အပိုင်း ၁ Unicode
အပိုင်း ၁ zawgyi
အပိုင်း ၂ unicode
အပိုင်း ၂ zawgyi
အပိုင်း ၃ unicode
အပိုင်း ၃ zawgyi
အပိုင်း ၄ unicode
အပိုင်း ၄ Zawgyi
အပိုင်း ၅ unicode
အပိုင်း ၅ zawgyi
အပိုင်း ၆ Unicode
အပိုင်း ၆ zawgyi
အပိုင်း ၇ unicode
အပိုင်း ၇ zawgyi
အပိုင်း ၈ unicode
အပိုင်း ၈ zawgyi
အပိုင်း ၉ Unicode
အပိုင်း ၉ Zawgyi
အပိုင်း ၁၀ unicode
အပိုင်း ၁၀ Zawgyi
အပိုင်း ၁၁ unicode
အပိုင်း ၁၁ Zawgyi
အပိုင်း ၁၂ unicode
အပိုင်း ၁၂ zawgyi
အပိုင်း ၁၃ unicode
အပိုင်း ၁၃ zawgyi
အပိုင်း ၁၄ unicode
အပိုင်း ၁၄ zawgyi
အပိုင်း ၁၅ unicode
အပိုင်း ၁၅ zawgyi
အပိုင်း ၁၆ unicode
အပိုင်း ၁၆ zawgyi
အပိုင်း ၁၇ unicode
အပိုင်း ၁၇ Zawgyi
အပိုင်း ၁၈ unicode
အပိုင်း ၁၈ Zawgyi
အပိုင်း ၁၉ unicode
အပိုင်း ၁၉ Zawgyi
အပိုင်း ၂၀ unicode
အပိုင်း ၂၀ zawgyi
အပိုင်း ၂၁ unicode
အပိုင်း ၂၁ zawgyi
အပိုင်း ၂၂ unicode
အပိုင်း ၂၂ zawgyi
အပိုင်း ၂၃ unicode
အပိုင်း ၂၃ Zawgyi
အပိုင်း ၂၄ unicode
အပိုင်း ၂၄
အပိုင်း ၂၅ unicode
အပိုင်း ၂၅ zawgyi
အပိုင်း ၂၆ unicode
အပိုင်း ၂၆ zawgyi
အပိုင်း ၂၇ unicode
အပိုင်း ၂၇ zawgyi
အပိုင်း ၂၈ unicode
အပိုင်း ၂၈ Zawgyi
အပိုင်း ၂၉ unicode
အပိုင်း ၂၉ Zawgyi
အပိုင်း ၃၀ unicode
အပိုင်း ၃၀ zawgyi
အပိုင်း ၃၁ unicode
အပိုင်း ၃၁ zawgyi
အပိုင်း ၃၂ unicode
အပိုင်း ၃၂ Zawgyi
အပိုင်း ၃၃ unicode
အပိုင်း ၃၃ zawgyi
အပိုင်း ၃၄ unicode
အပိုင်း ၃၄ zawgyi
အပိုင်း ၃၅ zawgyi
အပိုင်း ၃၆ unicode
အပိုင်း ၃၆ zawgyi
အပိုင်း ၃၇ unicode
အပိုင်း ၃၇ zawgyi

အပိုင်း ၃၅ unicode

202 24 12
Da myanaykyalsin17


ခိုင်မာနှောင်ကြိုး အပိုင်း ၃၅

"စိမ်း ဒီနေ့ ပျော်တယ် သိလား အေး။"

သူ့လက်ကို လာတွဲခိုကာ လက်မောင်းပေါ် ပါးပြင်ကပ်ပြီး စိမ်း က ပြောလာသည်။သူကတော့ ဘာမှတုန့်ပြန့်မှု မပေးပေ။ဒီနေ့ စိမ်းနှင့်သူ လူကြီးဆုံရာ ရှေ့မှာ စေ့စပ်ရသည်။အဘွား၏ အပြုံးကိုလည်း မြင်ရသည်။မိသားစုတွေ၏ အပြုံးကိုလည်း သူတွေ့ရသည်။အန်တီသိမ့် က ဆိုရင် "သားကို မိသားစုဘဝကို ပိုင်ဆိုင်စေချင်တာ။" ဟု ပြောလေသည်။အဖေ ကတော့ "မင်းအမေကို မြင်စေချင်လိုက်တာ။မင်းအမေသာ ရှိရင် မင်းစေ့စပ်ပွဲကို မြင်တွေ့စေချင်တယ်။သူဝမ်းသာရှာမှာ။" ဟု ဆိုလေသည်။

အဖေက အမေ့အကြောင်း ပြောတော့ အမေ့ကို သတိရသည်။အခုချိန်မှာ အမေ့ကို ရှိစေချင်လိုက်တာ။အမေ ဆိုရင် စိမ်းနဲ့ စေ့စပ်တာကို သဘောတူမလား။ဒါမှမဟုတ် ကန့်ကွက်လေမလား။လောလောဆယ်တော့ သူလည်း အမေ့ကို အရမ်းသတိရနေလေသည်။

"အေး ကော ပျော်လားဟင်။"

"အင်း။"

"ဟင်....အေး ပြောပုံကြီးကလည်း စိတ်မပါသလို ပါသလိုနဲ့ပါလား။"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး။ညကလည်း night duty မှာ အတော်လေး ပင်ပန်းထားလို့ပါ။"

"အဲ့ဒါ့ကြောင့် စိမ်း ပြောတာပေါ့။ဆေးရုံက အလုပ်ကို ထွက်လိုက်ပါလို့။ပင်ပန်းတာပဲ အဖတ်တင်တယ်။ဘာမှလည်း မဟုတ်ဘူးလေ။"

"စိမ်း အတွက် ဘာမှမဟုတ်ပေမယ့် ကျွန်တော်ကတော့ ဆရာဝန်အလုပ်ကို မြတ်နိုးတယ်လေ။ကျွန်တော်ကတော့ ဆက်လုပ်နေမှာပဲ။"

"စက်ရုံအလုပ်ကလည်း ဝင်ငွေကောင်းနေတာပဲလေ။အဲ့အလုပ်ကိုသာ ဖိဖိစီးစီး ထပ်ပြီး လုပ်လိုက်မယ် ဆိုရင် ဒီ့ထက်မက တိုးတက်လာမှာ။ စက်ရုံအသစ်တွေလည်း ထပ်ပြီး ထူထောင်လာနိုင်မယ်လေ။ စိမ်း စဉ်းစားထားတာကလေ။ ကလေးအဝတ်အစားတွေပါ ထပ်ချုပ်ပြီး ပြည်တွင်းမှာ အရင်ဖြန့်။ ပြီးမှ ပြည်ပတင်ပို့ရင် ကောင်းမလားလို့။ အေး ကော ဘယ်လိုသဘောရလဲ။"

"လုပ်ငန်းအများကြီး တိုးချဲ့ဖို့အတွက် လတ်တလောတော့ အဆင်မပြေသေးဘူးလေ။"

"စိမ်း တယောက်လုံး ရှိတာပဲလေ။စိမ်းနဲ့ လက်ထပ်ပြီးရင် အေး လုပ်ငန်းတွေ အားလုံးကို စိမ်း က ကူညီမှာပေါ့။အဲ့ဒါကြောင့် အခုကတည်းက အစပျိုးထားလို့ ပြောတာပေါ့။"

"စိမ်း အခုလုပ်နေတဲ့ လုပ်ငန်းတွေကကော ဘယ်သူနဲ့ ပစ်ထားလို့ ရမှာတဲ့လဲ။"

"နှစ်ခုစလုံး ပြိုင်တူလုပ်မှာပေါ့ အေးရဲ့။"

မဖြစ်နိုင်တဲ့ စကားတွေကို စိမ်း ပြောနေမှန်း သူသိလေသည်။အခုလက်ရှိမှာတောင် သူ့လုပ်ငန်းကို မန်နေဂျာ ရာထူးယူပြီး စက်ရုံကို ခြေဦးလှည့်ချင်မှ လှည့်တာလေ။စိမ်းက သူ့လုပ်ငန်းမှ လွဲရင် ကျန်တဲ့သူတွေရဲ့ လုပ်ငန်းကို အလေးထားလွန်းတတ်သူ မဟုတ်ပေ။ သူနှင့် ပတ်သတ်ရာ ပတ်သတ်ကြောင်း ရှိနေလို့သာ သူ့လုပ်ငန်းကို စိတ်ဝင်စားသယောင် လာရောက် ပတ်သတ်ခြင်းပင် ဖြစ်လေသည်။ တကယ်တမ်း ထဲထဲဝင်ဝင် ဆိုရင် တမျိုးပြောင်းသွားနိုင်သည်။သိနေပေမယ့်လည်း သူမငြင်းချင်တော့ပါ။

"စိမ်း ကလေ အေးနဲ့သာ ဆိုရင် အရာအားလုံးကို လုပ်နိုင်တယ် သိလား။ အေး သာ စိမ်းအနားမှာ ရှိနေပါစေ။ စိမ်း အရာအားလုံးကို ရင်ဆိုင်နိုင်တယ်။"

ပြောရင်းဖြင့် သူ့လက်ကို တွဲခေါ်ထားသည့် လက်တဖက်ဟာ သူ့ခါးပေါ်သို့ ရောက်လာပြီး ခါးကို ဖက်ကာ လက်နှင့် ဖျစ်ညှစ်လိုက် သောကြောင့် တွန့်ခနဲ ဖြစ်သွားပါသည်။စိမ်း သည် ပွင့်ပွင့်လင်းလင်းနှင့် ခေတ်ဆန်သည့် မိန်းကလေးမှန်း သူသိပါသည်။သူ့အိမ်၏ ခြံထဲမှာ သူ့ခါးကို လာဖက်သည့် အပြုအမူကတော့ သူ့ကို တွန့်သွားစေပါသည်။မိန်းကလေး တယောက်အနေဖြင့် ရဲတင်းလွန်းသည်ဟု သူမြင်လေသည်။သူ ခန္ဓာကိုယ်ကို ကျုံ့ထားမိပြီး ခါးပေါ်မှ လက်ကိုလည်း ဖယ်ချနေမိသည်။သူက ဖယ်ချလေ ပိုမိုတင်းကျပ်အောင် ဖက်လေ ဖြစ်နေသောကြောင့် သူ စိတ်ရှုပ်လာလေသည်။

"အေး ဘာဖြစ်နေတာလဲ။"

"ခြံထဲကို အိမ်က တယောက်ယောက် ဆင်းလာလိမ့်မယ်။"

"ဘာများလဲလို့ အေးရယ်။အေးနဲ့စိမ်းက စေ့စပ်ပြီးကြပြီလေ။ချစ်သူနှစ်ဦး အခုလို နေထိုင်ကြတာ ဆန်းတာမှ မဟုတ်တာ။

"ဒါပေမဲ့လည်း မသင့်တော်ဘူးလေ။အဘွားတို့လည်း အိမ်ထဲမှာ ရှိနေတယ်။ကျွန်တော့်ကို လွှတ်ပါ။"

နောက်ဆုံးတော့ မတတ်နိုင်။အားမနာနိုင်တော့ဘဲ စိမ်း လက်ကို အတင်းဆွဲဖယ်ကာ ထိုင်ရာမှ ထရပ်လိုက်ရပါတော့သည်။အိမ်ထဲမှ မိသားစုဝင် တယောက်ယောက်များ သိသွားမလား ဟူသော စိတ်ဖြင့် အိမ်ထဲကိုလည်း လှမ်းကြည့်ရင်း သူ ရင်တွေ တုန်နေသည်ကိုတော့ သူသာလျှင် သိပါသည်။

"ကိုကို"

နောက်ဘက်မှ ခေါ်သံကြောင့် သူ စိမ်းနှင့် လူချင်းခွာလိုက်ပါသည်။လှည့်ကြည့်လိုက်တော့ လင်းလက်။ လင်းလက် မျက်နှာက ညှိုးငယ်နေသည် ဟုထင်မိသည်။စေ့စပ်ပွဲ လုပ်နေချိန်မှာတော့ ကျူရှင်သွားနေ၍ လင်းလက် အိမ်မှာ မရှိ။ပြန်ရောက်လာတာ ကားသံတောင် မကြားမိလိုက်ပေ။

"ပြန်လာပြီလား။လာတာတောင် မသိလိုက်ဘူး။ကားသံလည်း မကြားလိုက်ဘူး။"

"ကားနဲ့သွားတာ မဟုတ်ဘူး ကိုကို။စက်ဘီးနဲ့ သွားတာ။"

"ဪ ဟုတ်သားပဲ။ ကိုကို မေ့နေတာ။"

မနက်က လင်းလက် ကျူရှင်သွားမည်ဆိုကာ နှုတ်ဆက်သွားပြီး စက်ဘီးစီးသွားတာ သူ့ရှေ့တင်ကို အခုတော့ ဦးဏှောက်က မေ့နေလေသည်။ဒီကနေ့ စိတ်တွေထွေပြားနေလိုက်တာများ စိတ်နှင့်ကိုယ်တောင် မကပ်ချင်မိ။စိတ်တွေရှုပ်နေရသည့် ကြားထဲ စိမ်း ကပါ သူ့နားကို ကပ်လွန်းနေတော့ ပိုပြီး အနေကျပ်ကာ စိတ်ပိုရှုပ်ရလေသည်။လင်းလက် အနားကို ရောက်နေတာတောင် သူ့နားက မခွာချင်ဘဲ ကပ်နေပြန်ပါသည်။ လက်ကို အတင်းလာချိတ်သည့်အတွက် လင်းလက် ရှေ့ဖြစ်နေသောကြောင့် အားမနာတမ်း ဖယ်လိုက်ရပါသည်။ လင်းလက် ကလည်း သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်နေလေသည်။ညီလေးရှေ့မှာ ဖြစ်သောကြောင့် သူ့မျက်နှာ ဘယ်နားထားရမှန်း မသိဖြစ်မိသည်။

"ဘာကိစ္စရှိလို့လဲ လင်းလက်ထက်မြတ်။"

စိမ်း မှ ဝင်မေးခြင်း ဖြစ်ပါသည်။

"ကိုကိုနဲ့ ခဏ စကားပြောချင်လို့ပါ။"

"ဒီမှာ စကားပြောနေတာ မမြင်ဘူးလား။နောက်မှ ပြောလည်း ရတာပဲလေ။"

အနှောက်အယှက်ပေးနေ၍ မကြိုက်သော လေသံမျိုးနှင့် ပြောနေခြင်းသာ ဖြစ်လေသည်။လင်းလက် ကို သူအားနာသွားသည်။

"အနှောက်အယှက်ပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ ကိုကိုနဲ့ ခဏလေး စကားပြောမှာပါ။ကျွန်တော်လည်း ခဏနေရင် အပြင်ထပ်သွားရဦးမှာ မလို့ပါ။"

"ပြောလေ။လင်းလက် ကိုကို့ကို ဘာပြောစရာ ရှိလို့လဲ။"

"အဲ့...ဒါ.."

"ကျွန်တော့်ညီလေးနဲ့ ခဏလောက် စကားပြောမယ်နော် စိမ်း။ မကြာပါဘူး။ပြီးရင် ကျွန်တော် အိမ်ပေါ်ပြန်တက်ခဲ့ပါတယ်။"

စိမ်း ကို ချော့မော့တွန်းလွှတ်ကာ အိမ်ပေါ်သို့ သွားခိုင်းလိုက်ရပါသည်။စိမ်း ထွက်သွားသည်နှင့် သူနှင့်လင်းလက် ခြံထဲမှ ဒန်းလေးပေါ်တွင် ထိုင်ပြီး စကားပြောဖြစ်ကြသည်။

"ကိုကို့ကို ဘာပြောစရာ ရှိလို့လဲ လင်းလက်။"

သူ့အမေးကို လင်းလက်က ချက်ချင်း မဖြေဘဲ သူ့ကို စိုက်ကြည့်နေလေသည်။ သူ့ကို စိုက်ကြည့်နေသည့် လင်းလက် မျက်ဝန်းထဲမှာတော့ ဝမ်းနည်းရိပ်အပြင် ညှိုးငယ်နေသော ပုံရိပ်တွေကို တွေ့ရလေသည်။

"တကယ်တမ်း သားမှာ ကိုကို့ကို ပြောစရာတွေ အများကြီး ရှိနေတယ်။ဘယ်က စပြောရမှန်းလည်း မသိဘူး။ကိုကိုနဲ့အမစိမ်း သားကြောင့် အနှောင့်အယှက် ပေးသလို ဖြစ်သွားရင်တော့ သားတောင်းပန်ပါတယ်။"

"ရပါတယ်။ တောင်းပန်စရာမလိုပါဘူး။ကိုကို နားလည်ပါတယ်။"

"တကယ်တော့လေ...သား ကိုကို့နားရောက်လာတာ အမစိမ်းက ကိုကို့ခါးကို အတင်းဖက်နေတာ တွေ့လို့ပါ။"

"ဟင်"

တယောက်ယောက် တွေ့သွားမှာ စိုးထိတ်နေမိသည့် သူ့မှာ အခုလို သူ့ညီက မြင်သွားသည် ဆိုတော့ ရှက်ရွံ့စိတ်လည်း ဖြစ်မိသည်။ သူ့ထက် အငယ်ရှေ့မှာ အနေအထိုင် မဆင်ခြင်သလို ဖြစ်နေမိပါပြီ။

"ဟို...အဲ့ဒါကလေ။"

"သားနားလည်တယ် ကိုကို။မရှင်းပြပါနဲ့။ ကိုကို့အပြစ်လည်း မဟုတ်ဘူး။ ကိုကို အခက်တွေ့နေတယ် ဆိုတာလည်း သားသိပါတယ်။ ကိုကို အမစိမ်း ကို မချစ်ဘဲ စေ့စပ်ပြီး လက်ထပ်ဖို့ ရည်ရွယ်ထားတယ် ဆိုတာလည်း သားသိနေတာပဲလေ။"

"အဲ့ဒါက...."

"ကိုကို ပြောနေကျ စကားတွေကို သားမှတ်မိပါတယ်။သား အခု ကိုကို့ကို တခုမေးမယ်။"

"အင်း...မေးလေ။"

"ကိုကို့ကို အမစိမ်း ဘက်က စပြီး ပွေ့ဖက်တော့ ကိုကို ဘယ်လိုခံစားရလဲ။"

ဒီမေးခွန်း ဖြေဖို့ခက်တာတော့ အမှန်ပါ။ကိုယ်တိုင်သိလိုက်တာကတော့ စိတ်ကျဉ်းကျပ်လွန်းတာမျိုးပါ။ စိမ်းနှင့် လက်ပွန်းတတီး နေရတာမျိုးကို သူလုံးဝမနှစ်သက်ပါ။

"ကိုကို့မှာ ရွေးချယ်ပိုင်ခွင့် ရှိလို့လား။"

"သား မေးတာက ရွေးချယ်ပိုင်ခွင့်နဲ့ မဆိုင်ဘူးလေ ကိုကို။ ကိုကို့ရဲ့ စိတ်ခံစားချက်ကို သားမေးနေတာလေ။"

လင်းလက် က ပွင့်ပွင့်လင်းလင်း မေးလာတော့လည်း သူက ပွင့်ပွင့်လင်းလင်း ဖြေသင့်သည် မဟုတ်လား။ သူ့စိတ်ထဲ မနှစ်သက်လို့ပါဟု ပြောပြန်ရင်လည်း တဖက်မိန်းကလေး စိမ်း ကို အားနာရပေမည်။

"နည်းနည်းတော့ အနေကျဉ်းကျပ်တာပေါ့။"

"နည်းနည်းပဲလား ကိုကို။"

"သိရက်သားနဲ့ လင်းလက်ရယ်။ ကိုကို အဖြေခက်အောင်။"

"သား သိလို့လည်း ကိုကို့အတွက် စာနာမိတာပေါ့။ အချိန်မနှောင်းသေးပါဘူး ကိုကိုရယ်။ လက်ထပ်ဖို့ ကိစ္စကို ပြန်စဉ်းစားပါဦး။"

လင်းလက် သူ့အပေါ် စာနာသည်ဆိုတာ သူနားလည်ပါသည်။စိတ်ကူးတိုင်း မဖြစ်သည့်အတွက် လက်တွေ့ကို ဦးစားပေးရမည် မဟုတ်လား။

"အဘွား ပျော်နေတာ လင်းလက် မြင်သားပဲ။ အဘွား ပျော်ရင် ကိုကိုလည်း ဝမ်းသာရမှာပေါ့။ အဘွား ဆန္ဒကို ဦးစားပေးရမှာက ကိုကို့ တာဝန်ပဲလေ လင်းလက်။"

လင်းလက် ဆီမှ သက်ပြင်းချသံ သဲ့သဲ့ကို ကြားရသည်။လင်းလက်၏ စိတ်သဘောကို အများကြီး နားလည်ပါသည်။ သူ့ကြောင့် စိတ်မကောင်း ဖြစ်နေသည့် ညီလေးကိုလည်း ကိုယ်ချင်းစာမိပါသည်။

"ကိုကိုရယ်.... ဒီအသက်အရွယ် ရောက်နေတာတောင် ချစ်သူလေး တယောက်တလေတောင် မရှိဘူးလားဗျာ။"

လင်းလက် ထံမှ မချင့်မရဲ စကားဆိုသံကို ကြားရလေသည်။လင်းလက် ပြောရင်လည်း ခံရမည့် သူ့ဘဝပဲ မဟုတ်လား။

"ကိုကို့ကို သားတခုမေးမယ်။"

"အင်း....မေးလေ....ဘာမေးမလို့လဲ။"

"တရားဝင်ချစ်သူ မဟုတ်ရင်တောင် ကိုကို ရင်ခုန်ရသူ တယောက်များ မရှိဘူးလား ကိုကို။"

"ရင်ခုန်ရသူ။"

လင်းလက်၏ စကားကို သံယောင်လိုက်ကာ ပြောမိသည်။ရင်ခုန်ရသူ ဆိုတာ နှလုံးသားကို လှုပ်ခတ်အောင် လုပ်နိုင်သူပေါ့။ တယောက်သောသူကို မျက်ဝန်းထဲမှာ မြင်လာပြီး ရခဲ့ဖူးသည့် အနမ်းတခုကြောင့် လှုပ်ရှားခဲ့ဖူးသော သူနှလုံးသားခုန်နှုန်းကို သူမေ့လို့မှ မရတာ။

"ကိုကို ရင်ခုန်ဖူးသူ ရှိတယ်ပေါ့။ ဟုတ်လား ကိုကို။"

သူ့ကို အကဲခတ် ကြည့်နေသည့် လင်းလက် ထံမှ စကားဖြစ်သည်။ သူလည်း မျက်တောင်ကို ပုတ်ခတ်မိပြီး ခေါင်းငုံနေလိုက်မိသည်။ လင်းလက်ကလည်း သူ့မျက်နှာကို အတင်းငုံကာ လိုက်ကြည့်လေသည်။

"ပြော...ကိုကို။ ဘယ်သူလဲ ပြောလေ။"

သူ ဘယ်လိုပြောရမည်နည်း။

"ပြောပြပါ ကိုကိုရဲ့။ အဲ့ဒီ့ မမက ချောလားဟင်။ ကိုကိုနဲ့ အသက်တူပဲလား။ ကိုကို့ လိုပဲ ဆရာဝန်ပဲလားဟင်။ပြောပါ ကိုကိုရဲ့။"

မမ ဆိုသော စကားကြောင့် သူ့မျက်နှာ ချက်ချင်းပင် ညှိုးငယ်သွားရလေသည်။ လင်းလက် မျှော်လင့်ခဲ့သည်မှာလည်း သူရင်ခုန်မိသွားသူဟာ မိန်းကလေး တယောက်ပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ယောက်ျားလေး တယောက် ဖြစ်နေသည် ဆိုတာ သူဘယ်လိုများ ရှင်းပြရမလဲ။ နှုတ်ဖျားကနေ ဘယ်လိုဖွင့်ပြောရမည်လဲလေ။ ဒါဟာ မဖြစ်သင့်ဘူး မဟုတ်လား။လင်းလက် ကို အဖြေ ပြန်ပေးဖို့ရန် သူ့နှုတ်မှ တွန့်နေလေသည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် ခြံထဲသို့ ကားတစီး တရကြမ်းမောင်းဝင်လာလေသည်။ကားကို အခုလို ပုံစံမျိုးနှင့် ဝင်လာသည်ဆိုတာ ဘယ်သူမှန်း သူကော၊လင်းလက်ပါ သိနေလေသည်။ပြောလက်စ စကားတွေ ရပ်တန့်ပြီး တယောက်မျက်နှာ တယောက်ကြည့်လိုက် မိပါတော့သည်။

*********

"ဒီဇင်ဘာလင်းလက် နဲ့ စကားပြောချင်လို့ပါ။"

"ကိုကြီး ဟင်းချက်နေတယ်ခင်ဗျ။ ဘယ်သူလို့ ပြောပေးရမလဲ။"

"မြတ်မောင် လို့ ပြောပေးပါ။သူ့အသိပါ။ဒါနဲ့ ညီလေးက ဒီဇင်ဘာလင်းလက် နဲ့ ဘာတော်လဲ။"

"သားက ကိုကြီးရဲ့ ညီလေးပါခင်ဗျ။ခဏလေးနော်....သား ကိုကြီးဆီ ဖုန်းသွားပေးလိုက်ဦးမယ်။"

သူ့မှာ ညီလေးနှစ်ယောက် ရှိသည်ဟု ဒီဇင်ဘာလင်းလက် က သူ့ကို ပြောဖူးသည်။တယောက်က ဆယ်တန်း၊ တယောက်က တက္ကသိုလ် တက်နေသည်ဟု ပြောသည်။အခု ဖုန်းကိုင်တာ ဘယ်တယောက်လည်းတော့ မသိပေ။

"ကိုကြီးရေ....ဖုန်းလာနေတယ်။"

"ဪ...အေး..အေး။ကိုကြီး ငါးကိုင်နေလို့ ငယ်လေး။ဖုန်းကို ဟိုနားလေး ချထားပြီး speaker ဖွင့်ပေးနော်။"

"ဟုတ်ကဲ့ ကိုကြီး။"

မြတ်မောင် တယောက် တဖက်မှ ပြောသမျှကို ကြားနေရသည်။ဒီဇင်ဘာလင်းလက် အလုပ်ရှုပ်နေပုံ ရသည်။သူလည်း မခေါ်မဖြစ် ဖုန်းခေါ်ရပေမယ့် အားတော့နာသည်။

"ဟဲလို..."

"ဒီဇင်ဘာ ငါ မြတ်မောင်။"

"ဪ...ကိုမြတ်မောင် ပြောဗျ။ဘာကိစ္စရှိလို့ ကျွန်တော့်ဆီ ဖုန်းဆက်တာလဲ။"

"မင်း ဆရာ့ဆီ မလာတော့ဘူးလား။"

တဖက်မှ စကားသံ ချက်ချင်း မလာသေးပေ။ခဏနေမှ ဒီဇင်ဘာ့ စကားပြောသံကို ထပ်မံ ကြားရလေသည်။

"ဆရာက သူ့ဆီ မလာဖို့ ပြောထားတာ ကိုမြတ်မောင် လည်း သိတာပဲလေ။မလာဖို့ တားမြစ်ထားတာကို ကျွန်တော်က သွားရင် ဆရာ စိတ်ဆိုးမှာပေါ့။ဆရာ စိတ်ဆိုးမှာကို ကျွန်တော် မလိုလားတာ ကိုမြတ်မောင် လည်း သိတာပဲလေ။ဆရာ ကျွန်တော့်ကို မြင်ရင် စိတ်ဆင်းရဲမှာ စိုးလို့ မလာတာပါ။"

"ဆရာ့ဆီ မလာရတော့ မင်းကော..အဆင်ပြေရဲ့လား။"

"ဒီလိုပါပဲ ကိုမြတ်မောင်။"

"မင်းအခု ဘာတွေလုပ်နေလဲ။ကျောင်းကော သွားလား။"

"ဟုတ်ကဲ့....ကျောင်းသွားပါတယ်။ကျောင်းက ပျက်လို့ မရဘူးလေ။"

"ငါမင်းကို ဆရာ့ကိုယ်စား တောင်းပန်ချင်တယ် ဒီဇင်ဘာ။ငါက ဆရာ့ အိမ်ကို သွားပြီး ဆရာ့ကို သွားပြုစုခိုင်းပြီးမှ ဆရာလည်း မင်းကို နှင်ထုတ်တယ် ဆိုတော့ ငါလည်း မင်းကို တကယ် အားနာပါတယ်။"

"ရပါတယ် ကိုမြတ်မောင်။"

"ဆရာ က အလုပ် ပင်ပန်းထားတဲ့ ဒဏ်ရယ်၊ အခြားလူမှုရေး ကိစ္စတွေရယ်နဲ့ ရှုပ်ထွေးပြီး ကျန်းမာရေး မကောင်းတော့ မင်းအပေါ် မပြစ်လုပ်မိတာပါ။ဆရာ့ကို အပြစ်မယူပါနဲ့ကွာ။"

"ဆရာ့ကို ဘယ်တုန်းကမှ အပြစ်မယူသလို စိတ်လည်း မဆိုးပါဘူး ကိုမြတ်မောင်။နေမကောင်းလို့ ကျွန်တော့်ကို နှင်လွှတ်တာ ဖြစ်မှာပေါ့။ အကို့ စိတ်ထဲက ပါလို့တော့ မဟုတ်လောက်ဘူး ဆိုတာကို ကျွန်တော် ယုံကြည်တယ်။"

"မင်း ယုံကြည်တယ် ဆိုရင်လည်း ဆရာ့ကို တယောက်တည်း အကြာကြီး ပစ်မထားသင့်ဘူးလေ။မင်း စိတ်ထဲမှာ ဘာရှိတယ်။ဆရာ့ စိတ်ထဲမှာ ဘယ်လို ဖြစ်နေတယ် ဆိုတာ ငါသိသင့်သလောက် သိတယ် ဒီဇင်ဘာ။အဲ့ဒါ့ကြောင့် မင်း ဆရာ့ကို တယောက်တည်း ပစ်မထားသင့်ဘူး။အသွားအလာလေးတော့ ရှိသင့်တယ် မဟုတ်လား ဒီဇင်ဘာ။ပြီးတော့ ဆရာက ပြီးခဲ့တဲ့ရက်ကပဲ အမစိမ်းနဲ့ လူကြီးဆုံရာ ရှေ့မှာ စေ့စပ်လိုက်ပြီ။"

"ဗျာ..ဘယ်လို...အား....။"

"ဒီဇင်ဘာ ဘာဖြစ်တာလဲ။"

စကားပြောနေရင်း တဖက်မှ အား ဆိုသော အသံကို သူကြားလိုက်ရသည်။ဒီဇင်ဘာ တခုခု ဖြစ်သွားပုံ ရလေသည်။သူလည်း စိုးရိမ်သွားလေသည်။ဖုန်းမချသေးသောကြောင့် ဒီဇင်ဘာ့ညီလေး အနားရောက်လာသံကို ကြားရလေသည်။စိုးရိမ်နေသည့် အသံကိုလည်း ကြားရလေသည်။

"ကိုမြတ်မောင် ကျွန်တော် နောက်မှပြန်ဆက်လိုက်မယ်နော်။"

"မင်း ဒဏ်ရာရသွားတာလား။ဘာဖြစ်သွားတာလဲ ဒီဇင်ဘာ။"

"နည်းနည်းပါးပါး ထိသွားတာပါ။ဒါပဲနော် ကိုမြတ်မောင်။ငယ်လေး ဖုန်းချလိုက်တော့။"

တဖက်မှ ဖုန်းသံက လိုင်းပြတ်သွားလေသည်။ဒီဇင်ဘာ ဘာဖြစ်မှန်း သူသေချာမသိ။ဒီဇင်ဘာ့ အိမ်ပဲ လိုက်သွားရင် ကောင်းမလားလို့ သူစဉ်းစားနေချိန်မှာပဲ ဖုန်းတကော ထပ်ဝင်လာသည်။ကြည့်လိုက်တော့ ဆရာ ဖြစ်နေသည်။

"ဟဲလို ဆရာ။"

"မင်းအခု ဘယ်မှာလဲ မြတ်မောင်။အိမ်မှာလား။"

"သူငယ်ချင်း တယောက် အိမ်မှာ ဆရာ။အလှူရှိလို့ သွားနေတာ။ဆရာ ကျွန်တော့်ကို ဘာခိုင်းစရာ ရှိလို့လဲ။"

"ဒီနေ့ မင်းအလုပ် ပိတ်ရက်ဆိုတော့ အလုပ်ကိစ္စနဲ့ ပတ်သတ်လို့ ဘာမှမခိုင်းပါဘူး။"

"ဒါဆို ဆရာ ဘာပြောချင်လို့လဲ။ပြောလေ ဆရာ။"

"ဟို..ငါမင်းကို မေးစရာ ရှိလို့ပါ။"

"မေးလေ။ဆရာ ။"

"မေးလေ။ဆရာ တပည့် အချင်းချင်းကို ဆရာကလည်း စကားပလ္လင်ခံနေသေးတယ်။"

"ဟိုလေ...မင်းနဲ့ဒီဇင်ဘာလင်းလက်တို့ တွေ့ဖြစ်ကြသေးလား။"

ဒီဇင်ဘာနှင့် ပြဿနာ ဖြစ်ပြီးတဲ့နောက်ပိုင်း ဆရာ့ဘက်က ဒီဇင်ဘာ့အကြောင်း မပြောတာပါ။ဆရာလည်း သူ့စေ့စပ်ပွဲ ကိစ္စနဲ့ အလုပ်တွေ ရှုပ်နေတော့ သူလည်း ဘာမှမစမဖော်ခဲ့ပါ။ ဒီဇင်ဘာကလည်း ဆရာ့ဆီကို မလာသလို ဆရာကလည်း ဒီဇင်ဘာ့ကို အဆက်အသွယ် မလုပ်။အခုမှ ဆရာ က ဒီဇင်ဘာ့ အကြောင်း မေးခြင်း ဖြစ်သည်။

"လူချင်းတော့ မတွေ့ဖြစ်ဘူး ဆရာ။ဒီဇင်ဘာလည်း ကျောင်းကိစ္စတွေနဲ့ အလုပ်များနေတယ် ထင်ပါတယ်။ဒါပေမဲ့ ဖုန်းတော့ ပြောဖြစ်တယ် ဆရာ။စောနကတောင် သူနဲ့ ဖုန်းပြောဖြစ်သေးတယ်။"

"ဟုတ်လား။ဒီဇင်ဘာက ဘာပြောသေးလဲ။ငါ့ကိုကော မေးသေးလား။"

သူ သဲ့သဲ့လေး ရယ်လိုက်မိလေသည်။အသံထွက်ပြီးတော့ မရယ်ရဲပါ။ဆရာက သူ့ကို လှောင်ပြောင်သည်ဟု ဆိုကာ အလုပ်ထုတ်ပစ်မှဖြင့် ခက်နေမည်။ဆရာ့ဘက်က ပစ်ပစ်ခါခါ ပြောလိုက်ပေမယ့် အခုတော့ မနေနိုင် ဖြစ်နေသော ဆရာကို တဖက်ကလည်း သနားမိလေသည်။ ဒီဇင်ဘာကလည်း ဆရာ စေ့စပ်သည်ဟု ကြားသည်နှင့် တခုခု ထိခိုက်မိလေသည်။ဒီနှစ်ယောက်ကြောင့် သူလည်း သက်ပြင်းချရသည်မှာ အခါခါ။

"မေးတော့ မမေးဘူး ဆရာ။သူလည်း အလုပ်ရှုပ်နေတယ် ထင်တယ် ဆရာ။ကျောင်းတဖက်နဲ့ ပြီးတော့ သူ့ညီလေးတွေ ကိစ္စ၊ အိမ်ကိစ္စနဲ့ ဆိုတော့လေ။"

"ဪ"

ဆရာ့ ထံမှ စကားဆက်မလာတော့။ ခဏနေတော့ ဖုန်းချသွားလေသည်။

*********

မြတ်မောင်နှင့် စကားပြောပြီး သူ့စိတ်တွေ ခပ်လေးလေးတော့ ဖြစ်သွားသည်။သူပြောလိုက်သည်မှာ လွန်သည်ဆိုပေမယ့် ဇင် သူ့ကို သတိတရလေးတော့ ရှိသင့်သည့် မဟုတ်လား။ဆေးကျောင်းသား တယောက် စာတွေများသည် ဆိုတာလည်း လက်ခံပါသည်။ အိမ်ထောင်ဦးစီး တယောက်လို ဖြစ်နေသူဟာ အလုပ်များသည် ဆိုတာကိုလည်း သူလက်ခံပါသည်။မြတ်မောင်နှင့် ဖုန်းပြောတာ ပါးစပ်လေးနှင့် သူ့အကြောင်း မေးဖော်မရလောက်အောင်တောင် သူ့အပေါ် စိတ်နာနေပြီလား။ဒါမှမဟုတ် စိတ်ဆိုးမပြေသေးဘူးလား။

"ဆရာ"

"ဟင်...အင်.."

သူအတွေးလွန်နေစဉ် ဆရာမ၏ ခေါ်သံကြောင့် အသိဝင်လာရလေသည်။

"ဆရာ ပင်ပန်းနေတာလား။မျက်နှာလည်း နွမ်းလိုက်တာ။ဟိုတလောကမှ နေမကောင်း ဖြစ်ထားတာ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦးနော် ဆရာ။"

"အင်း...ဒါနဲ့ ဆရာမ ..ခွဲလူနာ သတိရပြီလား။"

"မရသေးဘူး ဆရာ။သတိရရင် ကျွန်မ အကြောင်းကြားပေးပါ့မယ်။"

"အိုကေ ဆရာမ.."

ဆရာမနှင့် စကားပြောပြီး ဧည့်ကြိုကောင်တာ သို့ ထွက်ခဲ့သည်။ထုံးစံအတိုင်း အားလုံးက သူ့ကို အပြုံးနှင့် ကြိုလေသည်။သူလည်း ပြန်လည် ပြုံးပြလိုက်လေသည်။

"ဆရာ့အပြုံးကလည်း အရောင်မတောက်လိုက်တာ။နေကောကောင်းရဲ့လား ဆရာ။ဟိုတလောက နေမကောင်းဖြစ်ပြီးနောက်ပိုင်း ဆရာ မျက်နှာမကြည်လင်ဘူး။"

"အင်း...နေကကောင်းပါတယ်။"

"ဒါဆို ဘာက အဆင်မပြေဖြစ်နေတာလဲ ဆရာ။"

ဘာက အဆင်မပြေဖြစ်နေတာလည်း ဆိုတာကတော့ သူကိုယ်တိုင်လည်း ပြောရခက်လေသည်။သူ စေ့စပ်ပြီးပြီ။စေ့စပ်သည့် အကြောင်းကိုတော့ ဆေးရုံနှင့်စက်ရုံ မှ လူတွေ အားလုံး မသိသေး။မင်္ဂလာဆောင်မှ အသိပေးဖို့ သူစဉ်းစားထားသည်။အခုတလော စိတ်လေးနေတာတော့ အမှန်ပဲ။စေ့စပ်ပြီး ပျော်နေရမည့် သူတယောက်၏ ပုံရိပ်တွေ သူ့မှာမရှိ။အလုပ်ထဲမှာလည်း အမှားတွေ လုပ်မိနေသည်။လုပ်ဖော်ကိုင်ဖက်တွေကပါ သတိထားမိသည့် အခြေအနေလည်း ရှိလေသည်။

"အခြားအလုပ်ကိစ္စလေးတွေပါ။"

"ဒါနဲ့ ဆရာ....အခုတလော ဒီဇင်ဘာ တယောက် ဆေးရုံကို မလာပါလား။ဆရာနဲ့ အပြင်မှာ တွေ့ဖြစ်ကြသေးလား။ကျွန်မတို့က သတိရနေတာ။"

"မတွေ့ဖြစ်ပါဘူး။"

"နေမကောင်းလို့များလား။"

"သူက သန်သန်မာမာ ပဲလေ။နေတော့ ကောင်းမှာပါ။ မလာချင်လို့ မလာတာ ဖြစ်ပါလိမ့်မယ်။"

သူ့စကားကြောင့် အားလုံးမျက်လုံးတွေက သူ့ဆီကို ရောက်လာသည်။ သူသိသည်။သူ့လေသံဟာ နည်းနည်းလေး မာကျောနေသယောင် ရှိလိမ့်မည်။ စောနက ဇင် က သူ့ကိုတောင် မေးဖော်မရဘူး ဆိုတာကို သိလိုက်ရသည့် အရှိန်ကြောင့် ဖြစ်ပေလိမ့်မည်။

သူ့လေသံကြောင့် ထင်သည်။ဆရာမတွေလည်း ဘာစကားမှ ဆက်မပြောတော့ ။ သူလည်း ဘာမှ ဆက်မပြောမိတော့ပေ။ ပြောစရာ စကားလည်း ကုန်ပြီ ဖြစ်သဖြင့် သူနားနေရမည့် နေရာသို့ ပြန်လာလိုက်သည်။ ဇင်နှင့် ပတ်သတ်၍ မတင်မကျ ဖြစ်နေသည့် သူ့စိတ်က ကြာပါပြီ။အဲ့ဒီ့နေ့က သူ့အပြောအဆို ရိုင်းသွားသည်။ ဇင် စိတ်ဆိုးသွားမည်ကိုလည်း သူသိသည်။ တောင်းပန်စကား ဆိုရန် အခွင့်အရေးလည်း အခုချိန်ထိ မရသေးပေ။သူ့ဘက်ကနေ စပြီး ဖုန်းဆက်ရန်လည်း မရဲပေ။ဇင် သူ့ကို စိတ်ဆိုးဆိုးနှင့် အော်ထုတ်လေမလားဟုလည်း စိုးရိမ်မိသည်။ မြတ်မောင်နှင့် ဖုန်းပြောချိန်တောင် သူ့ကို မမေးဘူး ဆိုတော့ စိတ်ဆိုးနှုန်းက မြင့်သွားလို့များလား။ ဒါမှမဟုတ် သူ့ကို မခေါ်မပြောချင်တော့တာများလား။ မခေါ်မပြောချင်လို့သာ ဇင်လည်း သူ့ဆီ ဖုန်းမဆက်တာ ဖြစ်မှာပေါ့။ဒါလည်း တမျိုးကောင်းပါသည်လေ။သူလည်း စေ့စပ်ထားပြီးသား လူတယောက် ဖြစ်နေပြီ။ အရာရာတိုင်း ဒီနေရာမှာ ရပ်တန့်ထားတာ အကောင်းဆုံးဟု တွေးတောနေတာပဲ ကောင်းပါသည်။

************

"မြတ်မောင်"

"ဗျာ...ဆရာ။"

"မင်းအရင်က ဒီလမ်းက မလာဖူးဘူးမလား။"

"ဟုတ်တယ် ဆရာ။ဒါ ကျွန်တော်တို့ သွားနေကျလမ်းတော့ မဟုတ်ဘူး။ကားပိတ်တာ သက်သာမလားလို့ ဒီလမ်းက လာကြည့်တာ။မထူးပါဘူး ဆရာရယ်။ဒီလမ်းလည်း ကားပိတ်တာပါပဲ။"

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တော့ လမ်းမတန်းမှာ အိမ်ချည်းသီးသန့်ဆိုတာထက် အိမ်ရှေ့မှာ ဆိုင်တွေ ဖွင့်ထားသည့်ပုံစံမျိုး တွေ့ရလေသည်။ကြက်ကြော်ဆိုင်၊ ကော်ဖီဆိုင်များလည်း တွေ့ရပြီး ဆိုင်ရှေ့မှာ အမိုးနှင့် လှည်းလေးတွေကိုလည်း တွေ့ရပြီး လောလောဆယ်တော့ ရောင်းချတာမျိုး မရှိသေးဘဲ ဆိုင်ခင်းနေကြတာကို တွေ့ရသည်။ဒီလမ်းလေးက ညနေဆို အတော်စည်ကားမည့် လမ်းမျိုးလေး။

"ဆိုင်တဆိုင်ရှေ့မှာ ခဏရပ်ဦး မြတ်မောင်။အဘွားအတွက် မုန့်ဝယ်ချင်လို့။"

"ဟုတ်ကဲ့ ဆရာ။"

ခပ်လှမ်းလှမ်းမှာ တွေ့ရသည့် စတိုးဆိုင်နှင့် ဆေးဆိုင် တွဲဖွင့်ထားသော ဆိုင်ရှေ့မှာ မြတ်မောင်က ကားကို ရပ်လိုက်လေသည်။ဆိုင်က အတော်လေးကြီးပြီး ပစ္စည်းလည်း စုံလေသည်။အဘွားအတွက် လိုအပ်မည့် မုန့်နဲ့ အဖေ့အတွက် အိမ်အတွက်ပါ မုန့်ဝယ်သည်။

"ရော့...မြတ်မောင်..."

"ဒါဘာလဲ ဆရာ။"

မြတ်မောင် လက်ထဲသို့ ဝယ်ထားပြီးသားထဲမှ တထုတ်ကို ပေးလိုက်သည်။

"ဒီဇင်ဘာတို့ ညီအကို စားဖို့။"

"ဒီဇင်ဘာ့အတွက် ဆိုရင် ဘာလို့ ကျွန်တော့်ကို ပေးတာလဲ ဆရာ။"

မေးတာ မဖြေဘဲ မြတ်မောင် လက်ထဲကိုသာ မုန့်တွေ အတင်းထိုးပေးနေလေသည်။

"ကျွန်တော်က သွားပေးရမှာလား။"

သဘောပေါက်သွားဟန်ဖြင့် မေးနေသော မြတ်မောင်ကို ခေါင်းညိတ်လိုက်ပြီး ဆိုင်ပြင်သို့ ထွက်လာလိုက်သည်။မြတ်မောင်ကလည်း နောက်မှ ပြေးလိုက်လာသည်။

"ဆရာ...ကျွန်တော်နဲ့ဒီဇင်ဘာက မတွေ့ဖြစ်ဘူးလေ။ဒါက ဘယ်လိုပေးရမလဲ။ဖုန်းထဲကလည်း ပေးလို့မှ မရတာ။"

"လွယ်လွယ်လေးကိုကွာ။တနေရာမှာ ချိန်းပြီး သွားပေးလိုက်ပေါ့။"

"အဲ့လိုချိန်းပြီး သွားပေးလို့ရရင် ဆရာပဲ သွားပေးလိုက်ပါ။သူကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း မပေးရသေးဘူး မဟုတ်လား။ဆရာ သွားပေးတော့ ပိုကောင်းတာပေါ့။"

"ငါက ဘယ်လို..."

ဇင့်ကို နှင်ထုတ်ချင်တိုင်း နှင်ထုတ်ထားပြီးမှ မျက်နှာပြောင်တိုက်ပြီးလည်း ဖုန်းတောင်မဆက်ရဲတာ။လူသွားတွေ့ဖို့ ဆိုတာ အဝေးကြီးပါ။အခုဆို ဇင်နှင့် မတွေ့တာ ဘယ်လောက်တောင် ကြာနေပြီလဲ။စိမ်းနှင့်သူလည်း စေ့စပ်လို့ ပြီးသွားပြီ။အဘွားလည်း ပြုံးပျော်နေပြီ။သူ့ဘဝ၏ တစိတ်တပိုင်းကို မိန်းကလေးတဦး၏ လက်ထဲ သူပုံအပ်ခဲ့ပြီးပြီ။သူပျော်သလားလို့ အားလုံးက ဝိုင်းမေးကြတဲ့ အချိန် သူပြုံးရုံသာ ပြုံးပြခဲ့ပါသည်။သူ့ဘဝကို အခြားသူက တဝက်ပိုင်သွားပြီ။သူ့အတွက် ပြောင်းလဲခြင်းကို ခံစားလို့ မရသေးပေမယ့် ပြောင်းလဲသင့်သလောက် ပြောင်းလဲသွားပြီ ဆိုတာကိုတော့ လက်ခံဖို့ ကြိုးစားရပေမည်။သူ့ဘဝကို သိပေမယ့် ခက်တာက ဇင့် အကြောင်း ခေါင်းထဲအမြဲရောက်လာပြီး မေ့လို့မရတာ ဖြစ်လေသည်။ဇင် ဘယ်လိုနေသလဲ။ဘာတွေလုပ်နေသလဲ။သူသိချင်မိလေသည်။

စကားဆက်ရခက်နေသော သူ့ကို မြတ်မောင်က သေချာကြည့်ပြီး နှုတ်ခမ်းလှုပ်ရုံ ပြုံးလိုက်တာကို သူမြင်ဖြစ်အောင် မြင်လိုက်ပါသည်။အခု တလော မြတ်မောင် အရင်ကနှင့် မတူ။အရင်ကဆို သူ့ကို မော်တောင်မကြည့်ရဲဘဲ သူပြောသမျှ ခေါင်းညိတ်လက်ခံတတ်သူ။ဘာပဲလုပ်ခိုင်း လုပ်ခိုင်း တခွန်းမှ အထွန့်မတက်ဘဲ သူ့စကားကို နာခံလိုက်နာတတ်သူပါ။မြတ်မောင် တယောက် အခုတလော အဲ့လိုမဟုတ်ပေ။

"ငါ သွားပေးဖို့ အဆင်မပြေဘူး ဆိုတာ မင်းသိလျက်နဲ့ မြတ်မောင်ရာ။"

"အခုလို ဖြစ်မယ်မှန်း သိရင် အစကတည်းက ဘာဖြစ်လို့ ဒီဇင်ဘာ့ကို နှင်ထုတ်ခဲ့သေးလဲ။အခု ဆရာပဲ စိတ်ပင်ပန်း ရတယ်မဟုတ်လား။ သံယောဇဉ် ပြတ်နိုင်တာလည်း မဟုတ်ဘဲနဲ့။"

"ဘာပြောတာလဲ မြတ်မောင်"

မကြားတကြား ပြောလိုက်သံကြောင့် ပြန်မေးလိုက်သည်။ မြတ်မောင်သည် စပ်ဖြဲဖြဲလုပ်နေပြီး "ဘာမှမဟုတ်ဘူး ဆရာ" ဟု ပြောနေလေသည်။မြတ်မောင် တယောက်ကတော့ ကြာလေ သူ့ဘက်မှာ မရှိလေ။ဒီ‌ေကာင်ကတော့...။

"အကို...အကို"

သူတို့နှစ်ယောက် ကားနားမရောက်ခင်မှာ နောက်ဖက်က ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ကောင်မလေးတယောက် ပြေးလာတာကို တွေ့ရလေသည်။

"မြတ်မောင် မင်း ဘာတွေထပ်ဝယ်ခဲ့သေးလဲ။ ပိုက်ဆံရှင်းခဲ့ရဲ့လား။ဟိုမှာ ဆိုင်က လိုက်လာပြီထင်တယ်။"

"ပိုက်ဆံရှင်းခဲ့ပါတယ် ဆရာ။ကျွန်တော်အအေးတဗူးထဲ ဝယ်သောက်တာပါ။"

"ငါလည်း ရှင်းခဲ့ပါတယ်။"

သူတို့နှစ်ယောက်လည်း တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြောနေတုန်း အချိန်မှာပဲ ကောင်မလေးက အနားရောက်လာလေသည်။

"အကို"

"ဟို ညီမ အကိုတို့ ပိုက်ဆံရှင်းခဲ့တယ်နော်။"

လက်ထဲမှ အထုပ်တွေကို မြှောက်ပြရင်း ပြောလိုက်ပေမယ့် ကောင်မလေးက သူ့အထုပ်ကို စိတ်မဝင်စား။သူ့ကိုသာ စူးစိုက်ကြည့်နေသည်။

"အကို ညီမကို မမှတ်မိဘူးလား။ညီမ ကြွေရုပ်ကမ္ဘာလေ။"

သူ့နာမည်ကို မိတ်ဆက်ပြီး ပြုံးရယ်ပြနေသော ကောင်မလေးကို သူသေချာကြည့်ပေမယ့် သူမသိ။အရင်က သူ့အလုပ်မှာ လုပ်ဖူးသူလား။ လုပ်ငန်းတူ အသိမိတ်ဆွေလား။ ဒါမှမဟုတ် သူ့လူနာတွေထဲက တယောက်ယောက်များလား။ပတ်ဝန်းကျင်မှ လူလား။သူဝေခွဲ၍မရ။ မြတ်မောင်ကို လှမ်းကြည့်တော့လည်း ဘာမှမသိသည့်ပုံ ပြူးကြောင်ကြောင်နှင့်။မြတ်မောင်နှင့်သူ မသိသော ကောင်မလေးက ဘယ်သူများလဲ။

"စိတ်မရှိပါနဲ့ ညီမ။"

"အကို ညီမကို မမှတ်မိဘူးပေါ့နော်။အရင်က ညီမတို့ တရပ်ကွက်တည်း နေခဲ့ဖူးတယ်လေ။အကို့ဆီကို ညီမ ခဏခဏ လာဖြစ်တယ်။"

ပြောပြပုံအရ ဆိုလျှင် အိမ်နီးနားချင်း ဖြစ်ခဲ့ဖူးသည်‌ေပါ့။စဉ်းစားမရသည့်အပြင် အခုတော့ အလှမ်းဝေးသွားပြီ။

"ခဏခဏလာဖြစ်တယ်။"

"ဟုတ်တယ်လေ အကို။"

"ဘယ်လိုမျိုးလဲ ဆိုတာ ညီမ သေချာရှင်းပြလို့ ရမလား။"

"ညီမ သေချာရှင်းပြမယ်လေ။အကို အိမ်ထဲလိုက်ခဲ့ပါလား။"

"အဲ့လိုဖြစ်ပါ့မလား။ဒီမှာပဲ ပြောကြမလား ညီမ။"

"လမ်းလယ်မှာ မကောင်းပါဘူး အကိုရယ်။ ဒီဆိုင်က ညီမတို့ဆိုင်ပါ။ အိမ်ကလည်း ဆိုင်ရဲ့ နောက်ဖက်ခြမ်းမှာပါ။လိုက်ခဲ့နော် အကို။"

ကောင်မလေး ပြောသလို လမ်းလယ်မှာ ဖြစ်နေသည့်အတွက် အိမ်ဆီသို့ လိုက်သွားရပါသည်။ဆိုင်ခန်း၏ အနောက်ဖက်ခြမ်းမှာ အလူမီနီယမ် တံခါးကို ဖွင့်လိုက်လျှင် ခပ်ကျယ်ကျယ် ဧည့်ခန်းကို တွေ့ရလေသည်။ အကောင်းစား ဆိုဖာခုံတွေကို တွေ့ရလေသည်။ ကောင်မလေးက သူတို့ကို ထိုင်ခိုင်းသည်။သူတို့ ထိုင်ပြီးသည်နှင့် စကားဆက်ကြပါသည်။

"အိမ်နီးချင်း ဖြစ်ခဲ့ဖူးကြတယ်ပေါ့။ဘယ်လိုမျိုး သိကျွမ်းခဲ့တာလည်း ဆိုတာ ညီမကပဲ ပြောပြလို့ ရမလား။"

ကောင်မလေး ပြောပြမည့် အကြောင်းအရာတွေဟာ သူသိချင်နေသော အရာတွေ ဖြစ်ကောင်း ဖြစ်နိုင်သည်။သိချင်စိတ်က ပြင်းပြနေပေမယ့် ကောင်မလေး ထံမှ ဘာအသံမှ ထွက်မလာသေးဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေသောကြောင့် သူလည်း အနေရခက်လာလေသည်။မြတ်မောင်ကို လှမ်းကြည့်လိုက်တော့ မျက်စိရှေ့မှာ ထိုင်နေသည့် ဖြူဖြူချောချော ကောင်မလေးကို ကြည့်နေတာများ မျက်လုံးကျွတ်ကျတော့မည်။ငမ်းနေလိုက်တာ။သူ့ဆရာကိုတောင် လှည့်မကြည့်တော့။

"အကို အရင်ကနဲ့ နည်းနည်းပြောင်းလဲသွားတယ်နော်။"

"ဗျာ...အရင်က ဆိုတာ......။ကျွန်တော့်ပုံစံက အရင်ကလည်း ဒီလိုပါပဲ။"

"ကျွန်မသိခဲ့တဲ့ အချိန်တုန်းက ပြောတာပါ။အခု မဟုတ်ပါဘူး။"

"ညီမကို ကျွန်တော် တခုမေးချင်တယ်။ညီမ ကျွန်တော့်ကို ဘယ်လိုမျိုး သိခဲ့တာလဲ။ကျွန်တော်က ညီမကို သေချာမသိတာကိုတော့ စိတ်မဆိုးပါနဲ့။"

"ညီမ နားလည်ပါတယ်။အကို့ ဘဝအစစ်အမှန်ကို ပြန်ရောက်သွားတဲ့ အတွက် ပိုပြီးဝမ်းသာပါတယ်။ညီမ အကို့ကို သိခဲ့တာ အကို အတိတ်မေ့ပြီး ညီမတို့ နေခဲ့တဲ့ ရပ်ကွက်ကို ရောက်လာတဲ့ အချိန်ကပါ။"

"ညီမ ဆိုလိုချင်တာက ကျွန်တော် အတိတ်မေ့နေချိန်က ကျွန်တော့်ကို ကယ်တင်ထားခဲ့တာ ညီမတို့ မိသားစုပေါ့။"

"တရပ်ကွက်ထဲပဲ နေခဲ့တာပါ။ကယ်တင်ခဲ့တာက ညီမတို့ မိသားစု မဟုတ်ပါဘူး။ရပ်ကွက်ထဲမှာ နေတဲ့ ကိုရွှေရင်အေး ဆိုတဲ့ ကောင်လေးက ကယ်ထားတာပါ။"

"ကိုရွှေရင်အေး ဟုတ်လား။သူက အခု ဘယ်မှာနေတာလဲ။ဒီရပ်ကွက် ထဲမှာပဲလား။"

"မဟုတ်ပါဘူး။ကျွန်မ အရင်နေခဲ့တဲ့ ရပ်ကွက်မှာပါ။ကျွန်မလည်း အဲ့ဒီ့ရပ်ကွက်ကနေ ဒီကို ပြောင်းလာတာ ကြာပြီ အကို။"

"ကျွန်တော် သူနဲ့တွေ့လို့ရမလား။"

"ကျွန်မ လိပ်စာပေးလိုက်ပါ့မယ်။"

"ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။"

"ဒါနဲ့လေ အကို..."

ကောင်မလေးက ပြောလက်စစကားကို ရပ်ပြီး မြတ်မောင်နှင့်သူ့ကို ထပ်မံစိုက်ကြည့်လာပြန်ပါသည်။ပြောရမည့်စကားမှာ အခက်အခဲတွေ ရှိနေလို့ များလား။

"ညီမ ကျွန်တော့်ကို တခုခု ပြောစရာ ရှိလို့လား။"

"အကို ဘာ့ကြောင့် မနှုတ်ဆက်ဘဲ ကိုရွှေရင်အေး အိမ်ကနေ ထွက်သွားရတာလဲဟင်။"

"ဘယ်လို ညီမ။ညီမ ဆိုလိုတာက...."

ကောင်မလေး သေချာရှင်းပြပေးသည့် သူအတိတ်မေ့စဉ် အတိတ်ကာလဆိုသော အချိန်ကို တစွန်းတစ သိခွင့်ရလိုက်ပါသည်။မိသားစုကို ငဲ့ပြီး သူ မစုံစမ်းမိသည့် အချိန်ကာလတခု။ သူ အစမဖော်မိအောင် အမြဲကြိုးစားနေသည့် အချိန်ကာလတခုကို သူသိလိုက်ရတော့ အံ့ဩစိတ်အပြင် ထိတ်လန့်မှုပါ ရလေသည်။အဘွားကစလို့ သူ့မိသားစု အားလုံး သူအတိတ်မေ့သည့် အချိန်ကာလကို ဘာ့ကြောင့် သိုဝှက်ထားသနည်း။ သူကိုယ်တိုင်လည်း အတိတ်မေ့သည့် အချိန်ကို ဘာ့ကြောင့် သတိမရတော့သလဲ ဆိုတာ သူကိုယ်တိုင်လည်း နားမလည်။ သူ့ဘဝမှာ ပျောက်သွားသည့် အချိန်တွေကို သူသိသည်။ဆေးရုံမှာ မေ့မျောပြီး အိပ်ရာထဲလဲနေသည့် အချိန်တွေကိုသာ သူသိခွင့်ရသည်။နေမကောင်းသော အချိန်တွေကိုသာ သူလည်း မှတ်မိသည် မဟုတ်လား။

သူအတိတ်မေ့စဉ်ကာလက သူ့ကို ကယ်တင်ထားခဲ့သည့် မိသားစု ရှိနေတာကို သူမသိခဲ့‌ပေ။သူခဏတာ ရှင်သန်ခဲ့ဖူးသည့် အချိန်ကာလလေး တခုကို သူမေ့သွားတာ အကြောင်းမဟုတ်ပေမယ့် သူ့ကို ကယ်တင်ခဲ့သည့် ကျေးဇူးရှင်မိသားစုကို နှစ်တွေအကြာကြီး ရှိနေတာတောင် ကျေးဇူးမဆပ်ရသေးပေ။ကျေးဇူးလည်း မဆပ်တဲ့အပြင် ကျေးဇူးတင်စကား တခွန်းမှ မပြောဘဲ အိမ်ကနေ ထွက်သွားခဲ့သည်တဲ့လေ။ ကျန်ခဲ့သည့် မိသားစု သူ့ကို ဘယ်လောက်စိတ်ပူကြမလဲ။

"ညီမ ပြောတဲ့ အဖြစ်အပျက်တွေကို ကျွန်တော် သေချာမသိခဲ့ဘူး။ကျွန်တော် အတိတ်မေ့ခဲ့တယ် ဆိုတဲ့ အချိန်တွေကိုလည်း ကျွန်တော် မေ့နေခဲ့တယ်။ကျွန်တော့်ရဲ့ ကျေးဇူးရှင်တွေကို တွေ့ချင်တယ်။ကျေးဇူးလည်း ဆပ်ခွင့်ရချင်ပါတယ်။"

"အကို့ကို ပြန်တွေ့ရရင် ကိုရွှေရင်အေး လည်း ဝမ်းသာရှာမှာပါ။အကို သူ့အိမ်ကနေ ရုတ်တရက် ပျောက်သွားတော့ သူ့မှာ အကို့ကို လိုက်ရှာရတာ နေရာအနှံ့ပါပဲ။ခဏတာ အကိုနဲ့ တွေ့လိုက်ရပေမယ့် အကို့အပေါ် သံယောဇဉ် ရှိလွန်းတဲ့သူပါ။ အကို့ကို လိုက်ရှာတာ သူ့အလုပ်တောင် ပျက်တဲ့အထိပါပဲ။ရုတ်တရက် ပျောက်သွားတော့ တယောက်ယောက်များ ဖမ်းခေါ်သွားသလား။သွားရင်း လမ်းပျောက်သွားသလား။ အန္တရာယ်များ ကြုံနေရလား ဆိုပြီး စိုးရိမ်ပူပန်နေတာပေါ့။တရပ်ကွက်လုံးလည်း မနေရပါဘူး အကို့ကို လိုက်ရှာရတာလေ။"

"ဟို...အားနာလိုက်တာဗျာ။တချို့ အကြောင်းအရာတွေ ကျွန်တော် တကယ်မသိခဲ့တာပါ။"

"အကို ဘယ်လို အတိတ်ကို ပြန်သတိရသွားပြီး အကို့ အိမ်ကို ပြန်ရောက်သွားတာလဲ။"

"ကျွန်တော် မသိဘူး။အတိတ်မေ့တာကိုလည်း မသိဘူး။ကျွန်တော် စက်ဘီးနဲ့ အပြင်သွားတုန်း ကားနဲ့ ဝင်တိုက်ခံရတဲ့ နောက် ပြန်နိုးထလာတဲ့အချိန် ကျွန်တော် ဆေးရုံပေါ်မှာပါ။ကျွန်တော် ဆေးရုံမှာ လှဲနေခဲ့ရဲတဲ့ အချိန်တွေက အကြာကြီးပဲ။"

သူပြောသော စကားတွေကို နားထောင်ပြီး ကောင်မလေးက ခေါင်းတညိတ်ညိတ်နှင့် ရှိနေလေသည်။မြတ်မောင် ကလည်း အံ့ဩစိတ်ဖြင့် စိတ်ဝင်တစား နားထောင်နေလေသည်။သူတခါမှ မပြောဖြစ်သော မြတ်မောင် မသိသော အကြောင်းအရာများသာ ဖြစ်လေသည်။

"ကျွန်တော့်ကို ကယ်တင်ပေးထားဖူးတဲ့ ကျေးဇူးရှင်ကို ကျွန်တော် သွားတွေ့ပါ့မယ်။"

"ခဏနော် အကို"

ကောင်မလေးက ခဏနော် ဟု ပြောကာ ထိုင်ရာမှ ထသွားလေသည်။ကောင်မလေး မရှိတော့မှ မြတ်မောင် က သူ့ဘက်လှည့်ကာ သူသိချင်တာကို မေးလေသည်။သိချင်စိတ်နှင့် အံ့ဩစိတ်တွေကတော့ မျက်ဝန်းမှာ ပြည့်လျှံနေလေသည်။

"ဆရာ အတိတ်မေ့ဖူးတာ ကျွန်တော့်ကို ဘာလို့မပြောပြတာလဲ။'

"စကားမစပ် မိလို့ မကြုံလို့ပါ။ပြီးတော့ ငါသိထားတာကလည်း ယာဉ်မတော်တဆဖြစ်ပြီး ဆေးရုံပေါ်မှာ လဲနေခဲ့ရတာ။ငါ သက်သာလာတော့ လတွေအများကြီး အချိန်ကုန်ခဲ့တယ် ဆိုတာ သတိထားမိလာတော့ အိမ်ကလူတွေကို ငါမေးတယ်။ ဆေးရုံပေါ်မှာ လို့ပဲ အားလုံးက ပြောကြတယ်။ အားလုံးမျက်နှာပျက်နေတာကိုတော့ သတိထားမိပေမယ့် ရှေ့ဆက်ပြီး ဘာမှမမေးတော့ပါဘူး။ ဒီလိုပဲ အချိန်တွေ ကုန်သွားတော့ ငါလည်း နေကောင်းသွားတယ်လေ။လုပ်ငန်းခွင်လည်း ပြန်ဝင်တော့ အရာအားလုံး ပြီးသွားတာပဲ။"

"ဆရာ အတိတ်မေ့ခဲ့တဲ့ အချိန်ကို ပြန်သတိရလာတဲ့ အချိန် မေ့သွားတဲ့ သဘောပေါ့။"

"အင်း"

"ဆရာ့ကို တိုက်သွားတဲ့ ကားကကော..."

"မသိဘူး။"

"အဲ့ဒီ့အမှု မပေါ်ဘူးလား။"

"မပေါ်ဘူး။"

သူတို့စကားပြောနေတုန်းမှာ ကောင်မလေးသည် အနားသို့ ပြန်ရောက်လာသည်။လက်ထဲမှာ ပါလာသည့် စာရွက်လေးတရွက်ကို စားပွဲပေါ်မှာ ချပေးလေသည်။

"ဒါ လိပ်စာပါ။အိမ်နံပါတ်ကတော့ သေချာမသိလို့ပါ။အဲ့ဒီ့ ရပ်ကွက်ကို သွားလိုက်ရင် ရွှေရင်အေး ကို တွေ့ချင်တယ်လို့သာ ပြောလိုက်။ တရပ်ကွက်လုံး သူ့ကို သိတယ်။"

"ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။"

စားပွဲပေါ်မှ စာရွက်ကို လှမ်းယူပြီး လိပ်စာကို ကြည့်လိုက်သည်။သူ မသိသော ရပ်ကွက်တခု ဖြစ်နေလေသည်။စာရွက်ကို မြတ်မောင် ထံသို့ ကမ်းပေးလိုက်သည်။မြတ်မောင် သည် သေချာကြည့်လေသည်။

"ဒီရပ်ကွက် ကျွန်တော် သိတယ် ဆရာ။"

"အေး။လိပ်စာ မင်းသိမ်းထားလိုက်။"

လိပ်စာကို မြတ်မောင် လက်ထဲသို့ ထည့်ပြီး ကောင်မလေးကို ကျေးဇူးတင်စကား ပြောရလေသည်။

"ညီမ နာမည် ကြွေရုပ်ကမ္ဘာ လို့ ခေါ်ပါတယ်။"

စကားပြောနေကြပေမယ့် တယောက်နာမည် တယောက် မိတ်မဆက်ဖြစ်ကြသည့်အတွက် ကောင်မလေးသည် သူ့နာမည်ကို အရင် မိတ်ဆက်လေသည်။

"ဟုတ်ကဲ့ခင်ဗျ။ သိခွင့်ရတာလည်း ဝမ်းသာပါတယ်။"

"ဒါနဲ့ အကို့နာမည်က..."

"ကျွန်တော့်နာမည် မြူအေးသွင် ပါခင်ဗျ။"

"အကို့ရဲ့ နာမည်အရင်းကို သိခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်။"

"ဟုတ်ကဲ့။ကျွန်တော်လည်း ဝမ်းသာပါတယ်ခင်ဗျ။"

တယောက်နှင့်တယောက် မိတ်ဆက်ပြီးလို့ စကားစမြည် ပြောပြီးသည်နှင့် ကောင်မလေးကို နှုတ်ဆက်စကားဆိုကာ ပြန်လာခဲ့လိုက်သည်။ နာရီကိုကြည့်လိုက်တော့ အချိန်အနည်းငယ် နှောင်းနေပြီ ဖြစ်သောကြောင့် ဒီနေ့တော့ ကျေးဇူးရှင်၏ အိမ်သို့ မသွားဖြစ်တော့ပါ။ အဆင်ပြေသည့် တရက်တော့ သွားဖြစ်အောင် သွားပါဦးမည်။

*************

ဒီနေ့ စက်ရုံမှ အပြန် အိမ်ပြန်ခွင့် မရဘဲ စိမ်း ဆွဲခေါ်ရာနောက် သူလိုက်ပါခဲ့ရလေသည်။မိန်းကလေးတို့၏ ထုံးစံအတိုင်း shopping ထွက်တာကို လိုက်ခဲ့ရခြင်း ဖြစ်သည်။တဆိုင်ဝင် တဆိုင်ထွက်နှင့် လျှောက်ကြည့်နေသောကြောင့် နောက်မှလိုက်ရသော သူ့မှာ အတော်လေးကို ညောင်းညာနေပါပြီ။ညောင်းလို့ ခဏထိုင်ခွင့် မရပါ။ကြာလာတော့ စိတ်တွေရှုပ်လာပြီး အပေါ့သွားချင်စိတ်ပါ ဖြစ်လာသည်။ စိမ်းကို ခွင့်တောင်းပြီး Toilet သို့ အမြန်ပြေးရပါသည်။ယောက်ျာလေး ဆိုပေမယ့် အပြင်မှာ အပေါ့သွားတတ်တာမျိုး မရှိသောကြောင့် အထဲကို တံခါးဖွင့်ပြီး အပေါ့သွားရလေသည်။ ကိစ္စပြီးသည်နှင့် တံခါးဂျက်ကို ဖွင့်ပြီး ပြန်အထွက်မှာ တံခါးပေါက်ဝမှာ စောင့်နေသော သူကို တွေ့ရလေသည်။ ဇင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။

"အကို"

သူမထင်ထား။ဇင့်ကို ဒီလို နေရာမျိုးမှာ တွေ့ခွင့်ရလိမ့်မည်ဟု ထင်မထားခဲ့ပါ။

"ဒီကို ဘယ်လိုကနေ ဘယ်လို..."

"အကို ဒီကို ရောက်နေတာ ကျွန်တော် သိတယ်။ နောက်ကနေ အသာလေး လိုက်နေတာ။ အခု toilet ထဲ ဝင်သွားတာ တွေ့လို့ လိုက်လာတာပဲ။"

"ရှေ့က ဖယ်လေ ကျွန်တော် ထွက်မလို့။"

ဖယ်ပေး ပြောကာမှ တံခါးကို ပိုတွန်းကာ အထဲသို့ ဝင်လာလေသည်။တံခါးဂျက်ကို ချလိုက်တော့မှ သူမျက်လုံးပြူးရပါသည်။ အများသုံး အိမ်သာ ကျဉ်းလေးထဲမှာ ယောက်ျားနှစ်ယောက် ရောက်နေတာ အခြားလူတွေ သိရင် သူအရှက်ရလိမ့်မည်။ဇင် ဘာသဘောနှင့် အခုလို လုပ်သလဲ ဆိုတာ သူမသိ။

"ကျွန်တော် စကားနည်းနည်း ပြောချင်တယ်။"

"ပြောချင်ရင် အပြင်မှာ ပြောလေ။ဘယ့်နှယ့် ဒီထဲမှာ။"

"အပြင်ထွက်ရင် အကိုနဲ့ စေ့စပ်ထားသူနဲ့ တွေ့မှာပေါ့။ သူ့ရှေ့မှာ ကျွန်တော်နဲ့ စကားထိုင်ပြောရဲလား။ဘယ်လိုလဲ။"

ပြဿနာတက်မည်ကို သိ၍ ပြောနေတာ အသိသာကြီး။ဇင့် ပုံစံက အရင်လိုလည်း မဟုတ်သလိုလို။စကားပြောတာလည်း တမျိုး ဖြစ်နေသလိုပါပဲ။မတွေ့ရတာ ကြာတဲ့အချိန်မှာ ပြောင်းလဲသွားသလား။တောင်းပန်စကား ဆိုဖို့လည်း သူမေ့နေပြန်လေသည်။

"ဘာပြောစရာ ရှိလို့လဲ။ပြော မြန်မြန်"

စကားမြန်မြန်ပြောခိုင်းနေသည်ကို မပြောဘဲ သူ့ကိုသာ စူးစိုက်ကြည့်နေတော့ မနေတတ်တော့ပေ။သူ့မှာ ဘာများထူးခြားနေလို့လဲ ဟု စိတ်ထဲမသင်္ကာဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ငုံကြည့်ရသည့် အဖြစ်ပါ။

"အကို့ကို ငဲ့ညှာလို့ ကျွန်တော့်ဘက်က အများကြီး အလျှော့ပေးထားတယ် ဆိုတာ အကို သိစေချင်တယ်။အကို့မှာ သက်ဆိုင်သူ ရှိတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။ဒါပေမဲ့ အကိုက လက်ထပ်ထားတဲ့ အိမ်ထောင်ရှင် တယောက်မှ မဟုတ်တာ။ ကျွန်တော်လည်း အကို့ရဲ့ သက်ဆိုင်သူ တယောက် ဖြစ်ခွင့်ရှိပါသေးတယ်။"

"ဘာတွေပြောနေတာလဲ။ "

"ကျွန်တော်လည်း အကို့ကို ပိုင်ဆိုင်ခွင့် ရဖို့ ကြိုးစားပိုင်ခွင့် ရှိတယ်လို့ ပြောနေတာလေ။"

"အဲ့ဒါ ဘာစကားလဲ။ကျွန်တော်က စေ့စပ်ထားပြီးသား သူတယောက်ပါ။"

"ကျွန်တော် သိပါတယ်။အဲ့ဒါကိုပဲ ခဏခဏ မပြောပါနဲ့။ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျွန်တော် အကို့ကို စိတ်ဝင်စား နေတယ် ဆိုတာ အကိုလည်း ရိပ်မိပါလိမ့်မယ်။ဒါ့ကြောင့် အကို့ကို ပိုင်ဆိုင်ချင်တယ်။ကျွန်တော့်ကို ကြိုးစားခွင့်ပေးပါ။"

"ဘာတွေပြောနေတာလဲ။ မဖြစ်နိုင်တာပဲ။ ကျွန်တော်က မကြာခင် လက်ထပ်ရတော့မယ့် ယောက်ျားတယောက်နော်။ မဖြစ်နိုင်တဲ့ စကားတွေ ပြောပြီး ကျွန်တော့်ကို မနှောင့်ယှက်ပါနဲ့။ကျွန်တော် သွားတော့မယ်။ စိမ်း စောင့်နေတာကြာနေပြီ။"

စကားစဖြတ်ပြီး လှည့်ထွက်မည်အပြု လက်ကို ဆွဲကာ တားလိုက်သည့်အတွက် ဇင်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားလေသည်။ နေရာကျဉ်း‌ေလးမှာ အလွန်နီးကပ်သော အနေအထားကြောင့် အိုးတိုးအမ်းတန်း ဖြစ်သွားမိလေသည်။ဒီကောင်လေးက တဇွတ်ထိုး နိုင်တတ်သူလား။

"ကျွန်တော် စကားပြောလို့ မပြီးသေးဘူး။"

"ကျွန်တော်တို့ ကြားမှာ ပြောစရာ စကားကုန်ပြီ ထင်တယ်။"

"ကျွန်တော့်အတွက်တော့ အများကြီး ကျန်နေသေးတယ် အကို။ အကို ကျွန်တော့်ကို နှင်ထုတ်လိုက်တဲ့ စကားကို ပြန်ရုတ်သိမ်းပေးပါ။ ကျွန်တော် အကို့နားက ထွက်မသွားနိုင်ဘူး။ အကို နှင်ထုတ်လည်း ကျွန်တော့်ဘက်က ရှေ့ဆက်တိုးမှာပဲ။"

"အဓိပ္ပာယ်မရှိတာပဲ။အပြင်ထွက်ခွင့် ပြုပါတော့။"

"ကျွန်တော့် အတွက်ကတော့ အဓိပ္ပာယ် ရှိတယ် အကို။အိုကေ...ကောင်းပြီ။ဒီနေ့တော့ ဒီလောက်ပဲ။နောက်ရက်တွေ ကျွန်တော် ဖုန်းဆက်မယ်နော်။ ကျွန်တော့်ဖုန်းကို ကိုင်ဖြစ်အောင် ကိုင်စေချင်ပါတယ်။"

သူ့အပြောကို ဘာမှ ပြန်မဖြေခဲ့။တံခါးလက်ကိုင်ကို ဖွင့်ပြီးမှ ဇင့်လက်မှ ပတ်တီးစီးထားသည်ကို စောနက ကတည်းက သူမြင်လေသည်။တံခါးကို ပြန်ပိတ်ပြီး လက်က ဘာဖြစ်တာလဲဟု မေးဖြစ်သည်။သူ့အမေးကို မဖြေဘဲ ပြုံးနေသော ဇင့် ကိုသာ တွေ့ရလေသည်။

"စိုးရိမ်လို့ မေးတာလား အကို။"

"ကျွန်တော်က ဆရာဝန်တယောက်ပဲလေ။ ဒဏ်ရာနဲ့ လူကို မြင်ပြီး ရှောင်ဖယ်မသွားနိုင်လို့ မေးကြည့်တာပါ။ မဖြေလည်း ရပါတယ်။"

"ဖြေမှာပါ။ဖြေရမှာပေါ့။လက်က မတော်တဆ ဓားထိထားတာပါ။ ဆေးထည့်ထားပါတယ်။"

"ဘယ်လောက်တောင်မှ ထိထားတာလဲ။"

"အင်း....မနည်းမများပေါ့ အကိုရယ်။"

"မေးခိုင်ကာကွယ်ဆေးကော ထိုးထားရဲ့လား။"

"မထိုးထားဘူး။"

"ဘယ်လို ဆေးကျောင်းသားလဲ။ကာကွယ်ဆေး ထိုးရမယ် ဆိုတာ နားမလည်ဘူးလား။"

"ကျွန်တော့်ကို ကာကွယ်ဆေးထိုးစေချင်ရင် အကို ကိုယ်တိုင် ထိုးပေးလေ။"

သူ ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားလေသည်။ မျက်နှာငယ်လေးနှင့် တောင်းဆိုနေပုံလေးက သနားစရာလေးပင်။

"ဘယ်ဆေးခန်းမှာ မဆို သွားထိုးလို့ရပါတယ်။ကျွန်တော်မှ မဟုတ်ပါဘူး။"

သူ ပြောပြီး တံခါးဖွင့်ကာ ထွက်လာလိုက်သည်။ခြေလှမ်း သုံး၊လေး လှမ်း အရောက်မှာပဲ နောက်ကနေ လက်ကို လှမ်းဆွဲလိုက်ခြင်းကို ခံရလေသည်။မျက်နှာလှည့်ကြည့်လိုက်တော့ သူ့ကို ပြုံးပြနေသည့် ဇင့် ကို တွေ့ရလေသည်။

"ဘာလုပ်တာလဲ။လက်ကို ဘာလို့ ဆွဲထားတာလဲ။လွှတ်...။ဟိုမှာ လူတွေနဲ့။"

အိမ်သာအတွင်းသို့ ဝင်လာသည့် လူအချို့ကို တွေ့ရလေသည်။လက်ကို လွှတ်မပေးသေးဘဲ ပတ်ဝန်းကျင်ကို လေ့လာနေလေသည်။

"လွှတ်စေချင်ရင် ကျွန်တော့်ကို အရင်လို ပြန်ဆက်ဆံရမယ်။ အိမ်လည်ခွင့်ပေးရမယ်။"

"အရင်လွှတ်ပါ။"

အားချင်းမမျှသောကြောင့် သူ့လက်တွင်းမှ ရုန်းမထွက်နိုင်။ဆောင့်ရုန်းတော့ လက်နာလာသည်။အနားမှ လူအချို့ကလည်း သူတို့နှစ်ယောက်ကို စူးစမ်းသလို ကြည့်နေလေသည်။

"ဘယ်လိုလဲ အကို။"

"အင်း။"

"တကယ်နော်...."

"လက်ကို အရင်လွှတ်ပါ။"

လက်ကို လွှတ်လိုက်သော ဇင့် လက်မှ လွတ်မြောက်လာသည်နှင့် ထွက်လာလိုက်လေသည်။ အိမ်သာ ပေါက်ဝမှာ စောင့်နေသော စိမ်းနှင့် တွေ့လေသည်။

"အေး Toilet ဝင်တာလည်း ကြာလိုက်တာ။စိမ်း စောင့်နေရတာ ကြာလှနေပြီ။"

"ဆောရီး...စိမ်း။"

"အေး နေကောင်းရဲ့လား။ အေး မျက်နှာက ဘယ်လိုဖြစ်တာလဲ။ ရဲနေပါလား။"

စိမ်း ပြောမှ ပါးပြင်ကို လက်နှင့် စမ်းကာကိုင်လိုက်မိသည်။ပါးပြင်တွေ ခပ်ပူပူ ဖြစ်နေလေသည်။ ဟိုကောင်လေး ဇင် ပေါ့။လူကို ဆွဲလားရမ်းလားနဲ့။လူကြားထဲမှာ မျက်နှာပူတာပေါ့။

"ဘာမှမဖြစ်ပါဘူး။ လာလေ စိမ်း။ သွားကြမယ်။ကျွန်တော်လည်း ဗိုက်ဆာနေပြီ။"

စိမ်း သည် သူ့လက်ကို လာချိတ်လေသည်။ ဇင် များ မြင်သွားလေမလားဟု နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဘယ်သူမှ ရှိမနေ၍ စိတ်ချသွားမိလေသည်။

28.1.2023 Saturday.

8;45pm.

**********

စောင့်ဖတ်ပေးတဲ့ စာဖတ်သူ ချစ်မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။အားလုံးပဲ အဆင်ပြေကြပါစေ။

Continua a leggere

Ti piacerà anche

271K 18.7K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
344K 35.7K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
601K 74.8K 106
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
909K 60.8K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)