နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [37.2]

1.1K 133 4
By Lazy_Little_Meow

Media – Crew cut hair style

Translated by Melinoe_Megami
______________________________________

[Unicode]

အခန်း - (၃၇.၂)

‘သတ်သေသွားသည်’ ဟူသော စကားကြောင့် Weibo ပွတ်နေသော နဉ်ရှီ၏လက်သည် မသိမသာလေး တုန်ယင်သွားခဲ့၏။ သူမ မော့ကြည့်လိုက်သောအခါ ကျန်းချင်းယွင်၏ ဦးခေါင်းနောက်ကျောကိုသာ မြင်နိုင်ခဲ့သည်။ “ကျင်းမိသားစုရဲ့ ဒုတိယသခင်လေးနဲ့ လက်ထပ်သွားတဲ့ သရုပ်ဆောင်ကို ပြောတာလား..?”

“ကြည့်ရတာ ဒီသတင်းက တော်တော်ကြီးသွားပုံပဲ.. နိုင်ငံရပ်ခြားရောက်နေတဲ့ မင်းတောင် သိတယ်ဆိုတော့..!” သို့သော် ထိုအမျိုးသားကို မည်သူမျှ ဒုတိယကျင်းသခင်လေးဟု မခေါ်ဝေါ်ကြတော့ပေ။ စီးပွားရေးနယ်ပယ်မှ လူတိုင်း ဒုတိယကျင်းသခင်ကြီးဟုသာ ခေါ်ဆိုကြလေပြီ။ ကျန်းချင်းယွင်သည် သူ၏ Crew Cut ဆံပင်ကို သပ်တင်လိုက်ရင်း ခါးသက်သက် ရယ်မောကာ.. “ရှေ့တစ်ယောက်လို မဖြစ်စေနဲ့..”

(TN : Crew Cut ဆံပင်ပုံစံ။ မြန်မာလိုဆို ကတုံးဆံတောက်လို့ အလွယ်သုံးကြပေမယ့် ဘေးတိုပြီး အလယ်ရှည်တဲ့ ဆံပင််ပုံံစံပါ။

နဉ်ရှီက အသာအယာ ခေါင်းခါယမ်းလိုက်ရင်း “အဲ့သရုပ်ဆောင်ကောင်မလေး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ လွန်ခဲ့တဲ့ ခုနစ်နှစ်ကမလား.. အဲ့အချိန်တုန်းက ကျွန်မ ဒီနိုင်ငံထဲမှာ ရှိနေတုန်းပဲ.. အဲ့ကိစ္စဖြစ်ပြီး နှစ်လလောက်ကြာမှ နိုင်ငံခြားသွားခဲ့တာ..”

“အဲ့လိုဆိုရင်တောင် တခြားလူတွေ သူ့အကြောင်းပြောတာ မကြားခဲ့ဖူးဘူး.. အစ်ကို မန်နေဂျာဖြစ်လာပြီးနောက် ဘယ်မိန်းကလေးသရုပ်ဆောင်ကိုမှ တာဝန်မယူဖြစ်ခဲ့ဘူး..” ကျန်းချင်းယွင်က နဉ်ရှီကို လှည့်ကြည့်ကာ.. “မင်းက ပထမဆုံးလက်ခံခဲ့တဲ့ မိန်းကလေးသရုပ်ဆောင်ပဲ.. ပြီးတော့ ငါတို့နိုင်ငံခြားမှာရှိတုန်းက မင်းက မြင်လိုက်တဲ့အချိန် သူ(မ)နဲ့ အရမ်းတူတယ်လို့ ခံစားလိုက်ရတယ်.. ဒါပေမဲ့ မင်းက သူ့(မ)ထက် ပိုပြီးဝေးဝေးပြေးနိုင်ပြီး ပိုကောင်းတဲ့ အနာဂတ်မျိုးရဖို့ အစ်ကို မျှော်လင့်တယ်..”

နဉ်ရှီက ကျန်းချင်းယွင်ကို အတော်ကြာအောင် ငေးကြည့်နေပြီးမှာ အကြည့်လွှဲလိုက်မိသည်။

“ကျွန်မက သူ(မ)နဲ့တူတာလား..?”

ကျန်းချင်းယွင်သည် အပြုံးဖြင့် ခေါင်းခါယမ်းလိုက်ရင်း.. “စတွေ့တုန်းကပါ.. မင်းနဲ့ အလုပ်အတူတွဲလုပ်ရင်း သူ(မ)နဲ့ အတော်လေး ကွာခြားတာ သိသာလာတယ်..” ကျန်းချင်းယွင်က လမ်းဘေးလျှောက်လမ်းပေါ်မှ သစ်ပင်များထံ အကြည့်လွှဲလိုက်သည်။ “သူ့(မ)မှာမရှိတဲ့ စွမ်းရည်တစ်မျိုး မင်းမှာရှိတယ်..”

ကားက နောက်တစ်ဖန် ခရီးဆက်လာခဲ့သည်။ နဉ်ရှီ၏လက်များသည် ဖုန်း Screen ကို ပွတ်နေဆဲဖြစ်သော်လည်း သူမ၏ အာရုံကတော့ ဖုန်းထဲတွင် မရှိတော့ချေ။

လောကတွင် ဤမျှတိုက်ဆိုင်သည့်အရာမျိုး အဘယ်သို့ တည်ရှိနိုင်မည်နည်း။ ဤမျှဆင်တူသောဖြစ်ရပ်မျိုး ဘယ်မှာရှိနိုင်မည်နည်း။ တချို့သော ခပ်ဆင်ဆင်တူသည့် ဖြစ်ရပ်များက လူတို့၏အတွေးကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သူမသည် ထိုအမျိုးသမီး သရုပ်ဆောင်နှင့် လားလားမျှ မဆင်တူပါချေ။ ကျန်းချင်းယွင် ထိုသို့ထင်မှတ်နေခြင်းက သူမ တမင်တကာ ဟန်ဆောင်ခဲ့ခြင်းကြောင့်သာ။

လွန်ခဲ့သောဆယ်နှစ်က ကျန်းချင်းယွင်သည် ရုပ်ရှင်ဘုရင်မ,တစ်ယောက်၏ လက်ထောက်လေးသာဖြစ်ပြီး ရိုးသားသည်။ အလုပ်ကြိုးစားခဲ့သည်။ ထို့အပြင်… အနှီရုပ်ရှင်ဘုရင်မအပေါ် မတူကွဲပြားသော ခံစားချက်တချို့ပင် ရှိနေခဲ့သည်။

နောက်တော့ ထိုရုပ်ရှင်ဘုရင်မသည် သူဌေးမိသားစုထဲ လက်ထပ်ဝင်ရောက်ကာ ကျင်းမိသားဟု၏ ဒုတိယသခင်မလေး ဖြစ်လာတော့သည်။ သို့သော် သိပ်မကြာလိုက်ချေ။ အဆုံးသတ်မှာတော့ အိပ်ဆေးသောက်ကာ သတ်သေသွားခဲ့သည်။

လူထုအမြင်နှင့် ဖိအားများအောက် သူမ၏ယောက်ျားသည် စိတ်ထွက်ပေါက်အဖြစ် အရက်သောက်ကာ ညဉ့်နက်သန်းခေါင် ကားမောင်းပြိုင်ခဲ့သေးသည်။

နဉ်ရှီသည် ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သူမ၏ခံစားချက်များကို ဖြည်းဖြည်းချင်း ချုပ်တည်းကာ ပြုံးလိုက်သည်။

“အစ်ကိုကျန်း.. စိတ်မပူပါနဲ့.. ညီမ အစ်ကိုစိတ်ပျက်ရအာင် မလုပ်ဘူး..”

သိပ်မကြာခင်မှာပင် ရုပ်သံဌာနသို့ ရောက်သွားခဲ့သည်။ ဝန်ထမ်းများက နဉ်ရှီအပေါ် အတော်လေး နွေးထွေးကြပြီး အစီအစဉ်တင်ဆက်သူ လောင်ရှုသည်ပင် သူမ မိတ်ကပ်ပြင်နေသည့်အချိန် Program အကြောင်း ဆွေးနွေးရန် သူကိုယ်တိုင် ရောက်ချလာခဲ့သည်။ စိတ်ရောကိုယ်ပါ တက်ကြွမှုအပြည့်ဖြင့်။

လောင်ရှု မတရားစိတ်လှုပ်ရှားနေသည်ကို အပြစ်တင်မရပေ။ အကြောင်းမှာ ထိုအစီအစဉ်၏ Viewer က ဆက်တိုက်ကျဆင်းနေပြီး ရုပ်သံဌာနမှ အစီအစဉ်ကို ဖျက်သိမ်းရန်ပင် ဆွေးနွေးနေကြပြီဖြစ်သည်။ ထို့ကြောင့် Viewer တိုးလာပြီး အစီအစဥ် မဖျက်သိမ်းရလေအောင် အဖွဲ့သားများက နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ကိုဧည့်သည်အဖြစ် ဖိတ်ကြားလိုကြသည်။

သို့သော် လက်ရှိ Variety Show အများစုသည် ကျောင်းတွင်းအရေးကိစ္စများ ရိုက်ကူးလျက်ရှိပြီး ခပ်ဆင်ဆင်တူကြလေ၏။ Show များအကြားမှ ယှဉ်ပြိုင်မှုက အတော်လေး ကြမ်းတမ်းသည်။ နာမည်ကြီးသရုပ်ဆောင်အနေဖြင့် Show တစ်ခုထဲ ပါဝင်မည်ဆိုလျှင် သေသေချာချာ တွေးတောစဉ်းစားကြမည်ပင်။ မည်သူကများ ဤသို့ Viewer နည်းသည့် Show တစ်ခုကို လာချင်ပါမည်နည်း။

နဉ်ရှီသည် အနုပညာလောကတွင် သိပ်ပြီးနာမည်မကြီးသေးသော်လည်း လက်ရှိအချိန်မှာတော့ ကံကောင်းထောက်မစွာဖြင့် Weibo ၏ Hot Topic တွင် နေရာယူထားနိုင်ခဲ့သည်။ ထို့အပြင် ‘Face Fan’ များလည်း ရှိနေသေးရာ သူတို့၏ Program သို့ နဉ်ရှီ ရောက်လာခြင်းက တကယ့်ကို အကူအညီကြီးတစ်ရပ်ပင်။

နဉ်ရှီနှင့် ဆွေးနွေးတိုင်ပင်ပြီးသည်နောက် ဤသရုပ်ဆောင်သစ်လေးဟာ အတော်လေး ဖော်ရွေပျူငှာ၍ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ကြောင်း လောင်ရှု သိလိုက်ရသည်။ နာမည်မရှိသော Show တစ်ခုသို့ လာပေးရ၍ သူမကိုယ်သူမ အရမ်းအရေးပါ အရာရောက်သူလို ပြုမူခြင်းမရှိပေ။ ထိုအစား Program အကြောင်း ရှင်းပြနေချိန် လေးလေးနက်နက် နားထောင်နေလေသည်။

စတင်ရိုက်ကူးချိန်တွင်လည်း နဉ်ရှီသည် ဒါရိုက်တာ၏ ညွှန်ကြားချက်တိုင်းကို အကောင်းဆုံး ပူးပေါင်းပေးသည်။ ကျောင်းတွင်း အကြမ်းဖက်မှုအကြောင်း ရောက်လာချိန်ဝယ် နဉ်ရှီက စကားဖြင့်သာ ရှင်းပြသည်မဟုတ်၊ ထိုသို့သော အနိုင်ကျင့်မှုများကြောင့် နစ်နာသူများအပေါ် မည်သို့မည်ပုံ ထိခိုက်စေကြောင်း ဥပစာများစွာဖြင့် ရှင်းပြပေးခဲ့သည်။

လောင်ရှုမှာ နဉ်ရှီ ဤမျှအထိ ပြင်ဆင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့နှင့် နဉ်ရှီအား ပိုမိုနှစ်သက်လာတော့၏။

“မင်းရဲ့စကားတွေအရဆို ဒီ Show ကိုမလာခင် အများကြီး ပြင်ဆင်ခဲ့တာပဲ..”

“အမှန်အတိုင်းပြောရရင် သိပ်မများပါဘူး.. ကျွန်မက အဲ့ကိစ္စနဲ့ပက်သက်ပြီး အမြဲတမ်း စိတ်ဝင်တစား ရှိနေခဲ့လို့ပါ..” နဉ်ရှီ ခဏရပ်သွားသည်။ သူမ၏ပုံစံက သင့်လျော်သည့် စကားလုံးများကို ရွေးချယ်နေဟန်။ “ကလေးတွေက ကျွန်မတို့အနာဂတ်အတွက် မျှော်လင့်ချက်ပဲလေ.. သူတို့လေးတွေ ထိခိုက်ဒဏ်ရာရတာမျိုး၊ ဒါမှမဟုတ် တစ်ပါးသူကို ထိခိုက်စေတာမျိုး ဘယ်သူမှ လိုလားကြမှာမဟုတ်ဘူး.. ကျွန်မက ကလေးတွေအကုန်လုံးကို ဆရာမိဘတွေ လက်လှမ်းမမီတဲ့နေရာမှာ ကျောင်းတွင်းအနိုင်ကျင့် တာမျိုး ရှိလာခဲ့ရင် ‘No’ လို့ပြောပြီး ဆန့်ကျင်စေချင်ပါတယ်.. ကျောင်းသားအချင်းချင်း အနိုင်ကျင့်နေတာမျိုး တွေ့ခဲ့သည်ရှိသော် မိဘဆရာတွေကို လျှို့ဝှက်အကြောင်းကြားပေးပါ.. ဒီလိုလုပ်ခြင်းအားဖြင့် ကလေးတို့လည်းပဲ နောက်ထပ်ပစ်မှတ် ဖြစ်မလာနိုင်တော့သလို သူတစ်ပါးကိုလည်း ကူညီရာရောက်လိမ့်မယ်.. ကလေးတို့အနေနဲ့ စကားလေးတစ်ခွန်း ပြောပေးရုံပါပဲ.. ဒါပေမဲ့ အနိုင်ကျင့်ခံရသူအတွက်တော့ သူတို့ရဲ့အသက်ကိုပါ ကယ်တင်နိုင်လိမ့်မယ်..”

နဉ်ရှီက အိတ်တစ်လုံးထဲမှ ဓာတ်ပုံအထပ်လိုက်ကြီး ထုတ်ယူလိုက်သည်။ သူတို့အားလုံးသည် အနိုင်ကျင့်ခံရသည့် နစ်နာသူများ၏ ရုပ်ပုံများပင်။ ပြီးနောက် ဓာတ်ပုံများကို ကင်မရာရှေ့ ထောင်ပြကာ.. “သူတို့အားလုံးက ကျောင်းတွင်းအနိုင်ကျင့်ခံခဲ့ရတဲ့ နစ်နာသူတွေပဲ.. သူတို့ထဲက တချို့တစ်ဝက်လောက်က အော်တဇင်ရောဂါ၊ အပြင်လူတွေနဲ့ အဆက်အဆံလုပ်ရမှာ ကြောက်တဲ့ Social Phobia ရောဂါတွေ ခံစားနေကြရတယ်.. တချို့ဆို အနိုင်ကျင့်ခံရတာကြောင့် မသန်မစွမ်းဖြစ်သွားပြီး ရုပ်ပိုင်းအင်္ဂါ ချို့တဲ့သွားတာတွေပါ ရှိနေတယ်..”

ဓာတ်ပုံများက ထိတ်လန့်ဖွယ်ရာပင်။ Show ကိုကြည့်နေသည့် ပရိသတ်အားလုံး ငြိမ်ကျသွားခဲ့သည်။

နဉ်ရှီက ဓာတ်ပုံများကို ပြန်ချလိုက်ကာ ကင်မရာဘက်သို့လှည့်၍ ခပ်လှောင်လှောင် ပြုံးလိုက်သည်။ “ဒီနစ်နာသူတွေက မရေမတွက်နိုင်တဲ့ ကျောင်းတွင်းအနိုင်ကျင့်မှုတွေရဲ့ အစိတ်အပိုင်းသေးသေးလေးပါ.. တချို့ဆို အသက်ပါ ဆုံးရှုံးသွားကြရတယ်.. အဲ့တာကြောင့်……” နဉ်ရှီသည် မတ်တပ်ရပ်ကာ ကင်မရာကို စိုက်ကြည့်လိုက်၏။ “ဒီကိစ္စအပေါ် အလေးအနက်ထားပြီး စိတ်ပါဝင်စားပေးကြပါလို့ ကျွန်မ အနူးအညွတ် တောင်းဆိုပါရစေ.. ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေ ထပ်မဖြစ်ပါစေနဲ့တော့..”

ပတ်ဝန်းကျင်တစ်ခုလုံး အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး လက်ခုပ်သံများ ဆူညံလာခဲ့၏။

နဉ်ရှီ ပြန်ထိုင်လိုက်ချိန်ဝယ် သူမ၏မျက်ဝန်းများ နီရဲနေခဲ့လေသည်။ ကင်မရာမန်းသာ အနီးကပ် မရိုက်ကူးခဲ့လျှင် မည်သူမျှ သတိထားမိမည်မဟုတ်ပေ။

ရိုက်ကူးရေးပြီးသည်နှင့် လောင်ရှုက နဉ်ရှီနှင့်ဓာတ်ပုံရိုက်ရန် ရောက်လာခဲ့သည်။ ဓာတ်ပုံရိုက်ပြီးနောက် လောင်ရှုက မေးမြန်းလာသည်။ “မစ္စနဉ်.. ဒီရက်တွေထဲ အားလပ်ချိန်ရှိလားမသိဘူး..?”

ထိုမေးခွန်း၏နောက်ကွယ်မှ ရည်ရွယ်ချက်ကို နဉ်ရှီ မသိပါသော်လည်း ရိုက်လက်စ ရုပ်ရှင်တစ်ကားရှိကြောင်း အမှန်အတိုင်း ပြောပြလိုက်သည်။

“အမျိုးသားရုပ်သံဌာနမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်.. သူက အခုတလော ကျောင်းတွင်းအကြမ်းဖက်မှု တိုက်ဖျက်ရေး ဇာတ်လမ်းတိုတစ်ပုဒ် ရိုက်ကူးဖို့ ပြင်ဆင်နေတာလေ.. ဒါပေမဲ့ အခုထိ အဓိကအမျိုးသမီးဇာတ်ကောင်အတွက် သရုပ်ဆောင် ရှာမရသေးဘူးတဲ့.. အဲ့တာ နဉ်ရှီသာ အားလပ်မယ်ဆိုရင် သူငယ်ချင်းအစား အကူအညီတောင်းပါရစေ..” လောင်ရှုက ခပ်သောသောရယ်ရင်း သူ၏ Business Card ကို နဉ်ရှီထံ ကမ်းပေးလာသည်။

အပေါ်ယံကြည့်လျှင် သူ၏စကားများကြောင့် နဉ်ရှီအား အကူအညီတောင်းနေသလို ထင်ရပါသော်လည်း တကယ်တမ်းမှာတော့ အမျိုးသားရုပ်သံဌာနတွင် ဇာတ်လမ်းတို ရိုက်ကူးနိုင်ခြင်းသည် ရရန်ခက်သော အခွင့်အရေးကြီးပင်။

နဉ်ရှီက လောင်ရှု၏ Business Card ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်သည်။ “ကျေးဇူးတင်ပါတယ်.. လောင်ရှု.. တကယ့်ကို ကျေးဇူးတင်ပါတယ်..”

“မဟုတ်တာ.. မဟုတ်တာ..” လောင်ရှုက ရယ်မောလိုက်ရင်း.. “ငါက သူငယ်ချင်းကို ကူညီပေးချင်ရုံပါ..”

ဖော်ရွေပျူငှာသလို မယိုင်မလဲသော စိတ်ဓာတ်ဖြင့် လူအများကောင်းကျိုး သယ်ပိုးတတ်သော လူငယ်တစ်ယောက်နှင့် ဆုံတွေ့နိုင်ခဲ့ခြင်းမှာ တကယ့်ကို ရှားရှားပါးပါး အခွင့်အရေးတစ်ခုပင်။ သူက ကူညီနိုင်သရွေ့ ကူညီတတ်သူပင်။ ဤ Show တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည်မှာလည်း လူမှုပြဿနာများကို လူအများ အာရုံစိုက်လာစေရန် မဟုတ်ပါလား။

ရုပ်သံဌာနမှ ထွက်လာခဲ့ပြီးနောက် ကျန်းချင်းယွင်သည် ရှုံ့မဲ့နေသော မျက်နှာထားဖြင့် နဉ်ရှီအား ကြည့်ကာ.. “မင်းကတော့လေ ကောင်းကင်ဘုံရဲ့သမီးတော်ပဲ ဖြစ်ရမယ်..”

နဉ်ရှီက Business Card ကို ဝမ်းသာအားရ သိမ်းဆည်းလိုက်ကာ ကျန်းချင်းယွင်ဘက် မေးချီလျက်.. “ဒီလိုကိစ္စမျိုးဆိုတာ မနာလိုဖြစ်နေရုံနဲ့ ရနိုင်တာမဟုတ်ဘူးနော်..”

ကျန်းချင်းယွင်က စနောက်နေသော်လည်း နဉ်ရှီ၏စကားကို ပြန်မချေပခဲ့ချေ။ ယခုလေးတင် သူသည်လည်း ပရိသတ်ကြားတွင် ထိုင်နေခဲ့သောကြောင့် ထိုအရေးကိစ္စအတွက် နဉ်ရှီ အမှန်တကယ် စိုးရိမ်နေကြောင်း ပြောနိုင်သည်။ ရုပ်သံဌာနသို့မသွားခင် နဉ်ရှီ ဂရုတစိုက် ယူဆောင်နေသည်က Skin Care ပစ္စည်းများမဟုတ်၊ အနိုင်ကျင့်မှုကြောင့် နာကျင်ခံစားနေရသော နစ်နာသူများ၏ ဓာတ်ပုံများသာ။

တစ်ခါတရံတွင် မည်မျှထပ်တလဲလဲ ရှင်းပြစေကာမူ၊ လက်တွေ့မြင်နိုင်သော စိတ်ထိခိုက်ဖွယ် ရုပ်ပုံတစ်ခုအား ယှဉ်နိုင်မည် မဟုတ်ပေ။ နဉ်ရှီသည်လည်း ထိုအချက်ကို ကောင်းကောင်း နားလည်ထားလောက၏။ ထို့ကြောင့်သာ အနှီဓာတ်ပုံများကို တကူးတက ယူဆောင်လာခဲ့ခြင်းပင်။

ကျန်းချင်းယွင်သည် နဉ်ရှီအား ‘ဘယ်အချိန်ထဲက ကျောင်းတွင်းအနိုင်ကျင့်မှုအကြောင်း စတင်လေ့လာခဲ့တာလဲ’ဟု မေးလိုခဲ့သော်လည်း စိတ်ကြည်လင်နေသည့် ပုံရိပ်လေးကိုကြည့်ရင်း မမေးရက်တော့ပေ။

“ချန်း Group ရဲ့ ပါတီသွားဖို့ ဝတ်စုံပြင်ဆင်ထားပြီးပြီလား..?” သူက အန္တရာယ်ကင်းမည့် မေးခွန်းမျိုး ရွေးမေးလိုက်သည်။

နဉ်ရှီ ခဏရပ်သွားသည်။ သူမ၏နှာခေါင်းကို ပွတ်သပ်လိုက်ရင်း.. “အရင်ဝတ်ဖူးတဲ့ ဝတ်စုံတွေထဲက ပြန်ဝတ်သွားလို့ရလား..?”

“မင်းဘယ်လိုထင်လဲ..?”

နဉ်ရှီ : သူမရဲ့လူထုပုံရိပ်ကို ဂရုစိုက်ရဦးမှာပဲ..!

………………………………………………

[Zawgyi]

အခန္း - (၃၇.၂)

‘သတ္ေသသြားသည္’ ဟူေသာ စကားေၾကာင့္ Weibo ပြတ္ေနေသာ နဉ္ရွီ၏လက္သည္ မသိမသာေလး တုန္ယင္သြားခဲ့၏။ သူမ ေမာ့ၾကၫ့္လိုက္ေသာအခါ က်န္းခ်င္းယြင္၏ ဦးေခါင္းေနာက္ေက်ာကိုသာ ျမင္ႏိုင္ခဲ့သည္။ “က်င္းမိသားစုရဲ့ ဒုတိယသခင္ေလးနဲ႔ လက္ထပ္သြားတဲ့ သရုပ္ေဆာင္ကို ေျပာတာလား..?”

“ၾကၫ့္ရတာ ဒီသတင္းက ေတာ္ေတာ္ႀကီးသြားပံုပဲ.. ႏိုင္ငံရပ္ျခားေရာက္ေနတဲ့ မင္းေတာင္ သိတယ္ဆိုေတာ့..!” သို႔ေသာ္ ထိုအမ်ိဳးသားကို မည္သူမ်ွ ဒုတိယက်င္းသခင္ေလးဟု မေခၚေဝၚၾကေတာ့ေပ။ စီးပြားေရးနယ္ပယ္မွ လူတိုင္း ဒုတိယက်င္းသခင္ႀကီးဟုသာ ေခၚဆိုၾကေလၿပီ။ က်န္းခ်င္းယြင္သည္ သူ၏ Crew Cut ဆံပင္ကို သပ္တင္လိုက္ရင္း ခါးသက္သက္ ရယ္ေမာကာ.. “ေရ႔ွတစ္ေယာက္လို မျဖစ္ေစနဲ႔..”

(TN : Crew Cut ဆံပင္ပံုစံ။ ျမန္မာလိုဆို ကတံုးဆံေတာက္လို႔ အလြယ္သံုးၾကေပမယ့္ ေဘးတိုၿပီး အလယ္ရွည္တဲ့ ဆံပင္္ပံုံစံပါ။

နဉ္ရွီက အသာအယာ ေခါင္းခါယမ္းလိုက္ရင္း “အဲ့သရုပ္ေဆာင္ေကာင္မေလး ကိုယ့္ကိုယ္ကို သတ္ေသခဲ့တာ လြန္ခဲ့တဲ့ ခုနစ္ႏွစ္ကမလား.. အဲ့အခ်ိန္တုန္းက ကြၽန္မ ဒီႏိုင္ငံထဲမွာ ရိွေနတုန္းပဲ.. အဲ့ကိစၥျဖစ္ၿပီး ႏွစ္လေလာက္ၾကာမွ ႏိုင္ငံျခားသြားခဲ့တာ..”

“အဲ့လိုဆိုရင္ေတာင္ တျခားလူေတြ သူ႔အေၾကာင္းေျပာတာ မၾကားခဲ့ဖူးဘူး.. အစ္ကို မန္ေနဂ်ာျဖစ္လာၿပီးေနာက္ ဘယ္မိန္းကေလးသရုပ္ေဆာင္ကိုမွ တာဝန္မယူျဖစ္ခဲ့ဘူး..” က်န္းခ်င္းယြင္က နဉ္ရွီကို လွၫ့္ၾကၫ့္ကာ.. “မင္းက ပထမဆံုးလက္ခံခဲ့တဲ့ မိန္းကေလးသရုပ္ေဆာင္ပဲ.. ၿပီးေတာ့ ငါတို႔ႏိုင္ငံျခားမွာရိွတုန္းက မင္းက ျမင္လိုက္တဲ့အခ်ိန္ သူ(မ)နဲ႔ အရမ္းတူတယ္လို႔ ခံစားလိုက္ရတယ္.. ဒါေပမဲ့ မင္းက သူ႔(မ)ထက္ ပိုၿပီးေဝးေဝးေျပးႏိုင္ၿပီး ပိုေကာင္းတဲ့ အနာဂတ္မ်ိဳးရဖို႔ အစ္ကို ေမ်ွာ္လင့္တယ္..”

နဉ္ရွီက က်န္းခ်င္းယြင္ကို အေတာ္ၾကာေအာင္ ေငးၾကၫ့္ေနၿပီးမွာ အၾကၫ့္လႊဲလိုက္မိသည္။

“ကြၽန္မက သူ(မ)နဲ႔တူတာလား..?”

က်န္းခ်င္းယြင္သည္ အၿပံဳးျဖင့္ ေခါင္းခါယမ္းလိုက္ရင္း.. “စေတြ့တုန္းကပါ.. မင္းနဲ႔ အလုပ္အတူတြဲလုပ္ရင္း သူ(မ)နဲ႔ အေတာ္ေလး ကြာျခားတာ သိသာလာတယ္..” က်န္းခ်င္းယြင္က လမ္းေဘးေလ်ွာက္လမ္းေပၚမွ သစ္ပင္မ်ားထံ အၾကၫ့္လႊဲလိုက္သည္။ “သူ႔(မ)မွာမရိွတဲ့ စြမ္းရည္တစ္မ်ိဳး မင္းမွာရိွတယ္..”

ကားက ေနာက္တစ္ဖန္ ခရီးဆက္လာခဲ့သည္။ နဉ္ရွီ၏လက္မ်ားသည္ ဖုန္း Screen ကို ပြတ္ေနဆဲျဖစ္ေသာ္လည္း သူမ၏ အာရံုကေတာ့ ဖုန္းထဲတြင္ မရိွေတာ့ေခ်။

ေလာကတြင္ ဤမ်ွတိုက္ဆိုင္သၫ့္အရာမ်ိဳး အဘယ္သို႔ တည္ရိွႏိုင္မည္နည္း။ ဤမ်ွဆင္တူေသာျဖစ္ရပ္မ်ိဳး ဘယ္မွာရိွႏိုင္မည္နည္း။ တခ်ိဳ႕ေသာ ခပ္ဆင္ဆင္တူသၫ့္ ျဖစ္ရပ္မ်ားက လူတို႔၏အေတြးေၾကာင့္သာ ျဖစ္ေပၚလာျခင္းျဖစ္သည္။ သူမသည္ ထိုအမ်ိဳးသမီး သရုပ္ေဆာင္ႏွင့္ လားလားမ်ွ မဆင္တူပါေခ်။ က်န္းခ်င္းယြင္ ထိုသို႔ထင္မွတ္ေနျခင္းက သူမ တမင္တကာ ဟန္ေဆာင္ခဲ့ျခင္းေၾကာင့္သာ။

လြန္ခဲ့ေသာဆယ္ႏွစ္က က်န္းခ်င္းယြင္သည္ ရုပ္ရွင္ဘုရင္မ,တစ္ေယာက္၏ လက္ေထာက္ေလးသာျဖစ္ၿပီး ရိုးသားသည္။ အလုပ္ႀကိဳးစားခဲ့သည္။ ထို႔အျပင္… အႏွီရုပ္ရွင္ဘုရင္မအေပၚ မတူကြဲျပားေသာ ခံစားခ်က္တခ်ိဳ႕ပင္ ရိွေနခဲ့သည္။

ေနာက္ေတာ့ ထိုရုပ္ရွင္ဘုရင္မသည္ သူေဌးမိသားစုထဲ လက္ထပ္ဝင္ေရာက္ကာ က်င္းမိသားဟု၏ ဒုတိယသခင္မေလး ျဖစ္လာေတာ့သည္။ သို႔ေသာ္ သိပ္မၾကာလိုက္ေခ်။ အဆံုးသတ္မွာေတာ့ အိပ္ေဆးေသာက္ကာ သတ္ေသသြားခဲ့သည္။

လူထုအျမင္ႏွင့္ ဖိအားမ်ားေအာက္ သူမ၏ေယာက္်ားသည္ စိတ္ထြက္ေပါက္အျဖစ္ အရက္ေသာက္ကာ ညၪ့္နက္သန္းေခါင္ ကားေမာင္းၿပိဳင္ခဲ့ေသးသည္။

နဉ္ရွီသည္ ဖုန္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားရင္း သူမ၏ခံစားခ်က္မ်ားကို ျဖည္းျဖည္းခ်င္း ခ်ဳပ္တည္းကာ ၿပံဳးလိုက္သည္။

“အစ္ကိုက်န္း.. စိတ္မပူပါနဲ႔.. ညီမ အစ္ကိုစိတ္ပ်က္ရအာင္ မလုပ္ဘူး..”

သိပ္မၾကာခင္မွာပင္ ရုပ္သံဌာနသို႔ ေရာက္သြားခဲ့သည္။ ဝန္ထမ္းမ်ားက နဉ္ရွီအေပၚ အေတာ္ေလး ေနြးေထြးၾကၿပီး အစီအစဉ္တင္ဆက္သူ ေလာင္ရႈသည္ပင္ သူမ မိတ္ကပ္ျပင္ေနသၫ့္အခ်ိန္ Program အေၾကာင္း ေဆြးေနြးရန္ သူကိုယ္တိုင္ ေရာက္ခ်လာခဲ့သည္။ စိတ္ေရာကိုယ္ပါ တက္ႂကြမႈအျပၫ့္ျဖင့္။

ေလာင္ရႈ မတရားစိတ္လႈပ္ရွားေနသည္ကို အျပစ္တင္မရေပ။ အေၾကာင္းမွာ ထိုအစီအစဉ္၏ Viewer က ဆက္တိုက္က်ဆင္းေနၿပီး ရုပ္သံဌာနမွ အစီအစဉ္ကို ဖ်က္သိမ္းရန္ပင္ ေဆြးေနြးေနၾကၿပီျဖစ္သည္။ ထို႔ေၾကာင့္ Viewer တိုးလာၿပီး အစီအစဥ္ မဖ်က္သိမ္းရေလေအာင္ အဖြဲ႔သားမ်ားက နာမည္ေက်ာ္သရုပ္ေဆာင္တစ္ေယာက္ကိုဧၫ့္သည္အျဖစ္ ဖိတ္ၾကားလိုၾကသည္။

သို႔ေသာ္ လက္ရိွ Variety Show အမ်ားစုသည္ ေက်ာင္းတြင္းအေရးကိစၥမ်ား ရိုက္ကူးလ်က္ရိွၿပီး ခပ္ဆင္ဆင္တူၾကေလ၏။ Show မ်ားအၾကားမွ ယွဉ္ၿပိဳင္မႈက အေတာ္ေလး ၾကမ္းတမ္းသည္။ နာမည္ႀကီးသရုပ္ေဆာင္အေနျဖင့္ Show တစ္ခုထဲ ပါဝင္မည္ဆိုလ်ွင္ ေသေသခ်ာခ်ာ ေတြးေတာစဉ္းစားၾကမည္ပင္။ မည္သူကမ်ား ဤသို႔ Viewer နည္းသၫ့္ Show တစ္ခုကို လာခ်င္ပါမည္နည္း။

နဉ္ရွီသည္ အႏုပညာေလာကတြင္ သိပ္ၿပီးနာမည္မႀကီးေသးေသာ္လည္း လက္ရိွအခ်ိန္မွာေတာ့ ကံေကာင္းေထာက္မစြာျဖင့္ Weibo ၏ Hot Topic တြင္ ေနရာယူထားႏိုင္ခဲ့သည္။ ထို႔အျပင္ ‘Face Fan’ မ်ားလည္း ရိွေနေသးရာ သူတို႔၏ Program သို႔ နဉ္ရွီ ေရာက္လာျခင္းက တကယ့္ကို အကူအညီႀကီးတစ္ရပ္ပင္။

နဉ္ရွီႏွင့္ ေဆြးေနြးတိုင္ပင္ၿပီးသည္ေနာက္ ဤသရုပ္ေဆာင္သစ္ေလးဟာ အေတာ္ေလး ေဖာ္ေရြပ်ူငွာ၍ ကိုယ့္ကိုယ္ကို ႏိွမ့္ခ်တတ္ေၾကာင္း ေလာင္ရႈ သိလိုက္ရသည္။ နာမည္မရိွေသာ Show တစ္ခုသို႔ လာေပးရ၍ သူမကိုယ္သူမ အရမ္းအေရးပါ အရာေရာက္သူလို ျပဳမူျခင္းမရိွေပ။ ထိုအစား Program အေၾကာင္း ရွင္းျပေနခ်ိန္ ေလးေလးနက္နက္ နားေထာင္ေနေလသည္။

စတင္ရိုက္ကူးခ်ိန္တြင္လည္း နဉ္ရွီသည္ ဒါရိုက္တာ၏ ၫႊန္ၾကားခ်က္တိုင္းကို အေကာင္းဆံုး ပူးေပါင္းေပးသည္။ ေက်ာင္းတြင္း အၾကမ္းဖက္မႈအေၾကာင္း ေရာက္လာခ်ိန္ဝယ္ နဉ္ရွီက စကားျဖင့္သာ ရွင္းျပသည္မဟုတ္၊ ထိုသို႔ေသာ အႏိုင္က်င့္မႈမ်ားေၾကာင့္ နစ္နာသူမ်ားအေပၚ မည္သို႔မည္ပံု ထိခိုက္ေစေၾကာင္း ဥပစာမ်ားစြာျဖင့္ ရွင္းျပေပးခဲ့သည္။

ေလာင္ရႈမွာ နဉ္ရွီ ဤမ်ွအထိ ျပင္ဆင္လာလိမ့္မည္ဟု မထင္ထားခဲ့ေပ။ သို႔ႏွင့္ နဉ္ရွီအား ပိုမိုႏွစ္သက္လာေတာ့၏။

“မင္းရဲ့စကားေတြအရဆို ဒီ Show ကိုမလာခင္ အမ်ားႀကီး ျပင္ဆင္ခဲ့တာပဲ..”

“အမွန္အတိုင္းေျပာရရင္ သိပ္မမ်ားပါဘူး.. ကြၽန္မက အဲ့ကိစၥနဲ႔ပက္သက္ၿပီး အၿမဲတမ္း စိတ္ဝင္တစား ရိွေနခဲ့လို႔ပါ..” နဉ္ရွီ ခဏရပ္သြားသည္။ သူမ၏ပံုစံက သင့္ေလ်ာ္သၫ့္ စကားလံုးမ်ားကို ေရြးခ်ယ္ေနဟန္။ “ကေလးေတြက ကြၽန္မတို႔အနာဂတ္အတြက္ ေမ်ွာ္လင့္ခ်က္ပဲေလ.. သူတို႔ေလးေတြ ထိခိုက္ဒဏ္ရာရတာမ်ိဳး၊ ဒါမွမဟုတ္ တစ္ပါးသူကို ထိခိုက္ေစတာမ်ိဳး ဘယ္သူမွ လိုလားၾကမွာမဟုတ္ဘူး.. ကြၽန္မက ကေလးေတြအကုန္လံုးကို ဆရာမိဘေတြ လက္လွမ္းမမီတဲ့ေနရာမွာ ေက်ာင္းတြင္းအႏိုင္က်င့္ တာမ်ိဳး ရိွလာခဲ့ရင္ ‘No’ လို႔ေျပာၿပီး ဆန႔္က်င္ေစခ်င္ပါတယ္.. ေက်ာင္းသားအခ်င္းခ်င္း အႏိုင္က်င့္ေနတာမ်ိဳး ေတြ့ခဲ့သည္ရိွေသာ္ မိဘဆရာေတြကို လ်ိႈ႔ဝွက္အေၾကာင္းၾကားေပးပါ.. ဒီလိုလုပ္ျခင္းအားျဖင့္ ကေလးတို႔လည္းပဲ ေနာက္ထပ္ပစ္မွတ္ ျဖစ္မလာႏိုင္ေတာ့သလို သူတစ္ပါးကိုလည္း ကူညီရာေရာက္လိမ့္မယ္.. ကေလးတို႔အေနနဲ႔ စကားေလးတစ္ခြန္း ေျပာေပးရံုပါပဲ.. ဒါေပမဲ့ အႏိုင္က်င့္ခံရသူအတြက္ေတာ့ သူတို႔ရဲ့အသက္ကိုပါ ကယ္တင္ႏိုင္လိမ့္မယ္..”

နဉ္ရွီက အိတ္တစ္လံုးထဲမွ ဓာတ္ပံုအထပ္လိုက္ႀကီး ထုတ္ယူလိုက္သည္။ သူတို႔အားလံုးသည္ အႏိုင္က်င့္ခံရသၫ့္ နစ္နာသူမ်ား၏ ရုပ္ပံုမ်ားပင္။ ၿပီးေနာက္ ဓာတ္ပံုမ်ားကို ကင္မရာေရ႔ွ ေထာင္ျပကာ.. “သူတို႔အားလံုးက ေက်ာင္းတြင္းအႏိုင္က်င့္ခံခဲ့ရတဲ့ နစ္နာသူေတြပဲ.. သူတို႔ထဲက တခ်ိဳ႕တစ္ဝက္ေလာက္က ေအာ္တဇင္ေရာဂါ၊ အျပင္လူေတြနဲ႔ အဆက္အဆံလုပ္ရမွာ ေၾကာက္တဲ့ Social Phobia ေရာဂါေတြ ခံစားေနၾကရတယ္.. တခ်ိဳ႕ဆို အႏိုင္က်င့္ခံရတာေၾကာင့္ မသန္မစြမ္းျဖစ္သြားၿပီး ရုပ္ပိုင္းအဂၤါ ခ်ိဳ႕တဲ့သြားတာေတြပါ ရိွေနတယ္..”

ဓာတ္ပံုမ်ားက ထိတ္လန႔္ဖြယ္ရာပင္။ Show ကိုၾကၫ့္ေနသၫ့္ ပရိသတ္အားလံုး ၿငိမ္က်သြားခဲ့သည္။

နဉ္ရွီက ဓာတ္ပံုမ်ားကို ျပန္ခ်လိုက္ကာ ကင္မရာဘက္သို႔လွၫ့္၍ ခပ္ေလွာင္ေလွာင္ ၿပံဳးလိုက္သည္။ “ဒီနစ္နာသူေတြက မေရမတြက္ႏိုင္တဲ့ ေက်ာင္းတြင္းအႏိုင္က်င့္မႈေတြရဲ့ အစိတ္အပိုင္းေသးေသးေလးပါ.. တခ်ိဳ႕ဆို အသက္ပါ ဆံုးရႈံးသြားၾကရတယ္.. အဲ့တာေၾကာင့္……” နဉ္ရွီသည္ မတ္တပ္ရပ္ကာ ကင္မရာကို စိုက္ၾကၫ့္လိုက္၏။ “ဒီကိစၥအေပၚ အေလးအနက္ထားၿပီး စိတ္ပါဝင္စားေပးၾကပါလို႔ ကြၽန္မ အႏူးအၫြတ္ ေတာင္းဆိုပါရေစ.. ဒီလိုမ်ိဳးျဖစ္ရပ္ဆိုးေတြ ထပ္မျဖစ္ပါေစနဲ႔ေတာ့..”

ပတ္ဝန္းက်င္တစ္ခုလံုး အေတာ္ၾကာ တိတ္ဆိတ္သြားခဲ့ၿပီး လက္ခုပ္သံမ်ား ဆူညံလာခဲ့၏။

နဉ္ရွီ ျပန္ထိုင္လိုက္ခ်ိန္ဝယ္ သူမ၏မ်က္ဝန္းမ်ား နီရဲေနခဲ့ေလသည္။ ကင္မရာမန္းသာ အနီးကပ္ မရိုက္ကူးခဲ့လ်ွင္ မည္သူမ်ွ သတိထားမိမည္မဟုတ္ေပ။

ရိုက္ကူးေရးၿပီးသည္ႏွင့္ ေလာင္ရႈက နဉ္ရွီႏွင့္ဓာတ္ပံုရိုက္ရန္ ေရာက္လာခဲ့သည္။ ဓာတ္ပံုရိုက္ၿပီးေနာက္ ေလာင္ရႈက ေမးျမန္းလာသည္။ “မစၥနဉ္.. ဒီရက္ေတြထဲ အားလပ္ခ်ိန္ရိွလားမသိဘူး..?”

ထိုေမးခြန္း၏ေနာက္ကြယ္မွ ရည္ရြယ္ခ်က္ကို နဉ္ရွီ မသိပါေသာ္လည္း ရိုက္လက္စ ရုပ္ရွင္တစ္ကားရိွေၾကာင္း အမွန္အတိုင္း ေျပာျပလိုက္သည္။

“အမ်ိဳးသားရုပ္သံဌာနမွာ အလုပ္လုပ္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ရိွတယ္.. သူက အခုတေလာ ေက်ာင္းတြင္းအၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ဇာတ္လမ္းတိုတစ္ပုဒ္ ရိုက္ကူးဖို႔ ျပင္ဆင္ေနတာေလ.. ဒါေပမဲ့ အခုထိ အဓိကအမ်ိဳးသမီးဇာတ္ေကာင္အတြက္ သရုပ္ေဆာင္ ရွာမရေသးဘူးတဲ့.. အဲ့တာ နဉ္ရွီသာ အားလပ္မယ္ဆိုရင္ သူငယ္ခ်င္းအစား အကူအညီေတာင္းပါရေစ..” ေလာင္ရႈက ခပ္ေသာေသာရယ္ရင္း သူ၏ Business Card ကို နဉ္ရွီထံ ကမ္းေပးလာသည္။

အေပၚယံၾကၫ့္လ်ွင္ သူ၏စကားမ်ားေၾကာင့္ နဉ္ရွီအား အကူအညီေတာင္းေနသလို ထင္ရပါေသာ္လည္း တကယ္တမ္းမွာေတာ့ အမ်ိဳးသားရုပ္သံဌာနတြင္ ဇာတ္လမ္းတို ရိုက္ကူးႏိုင္ျခင္းသည္ ရရန္ခက္ေသာ အခြင့္အေရးႀကီးပင္။

နဉ္ရွီက ေလာင္ရႈ၏ Business Card ကို လက္ႏွစ္ဖက္ျဖင့္ လွမ္းယူလိုက္သည္။ “ေက်းဇူးတင္ပါတယ္.. ေလာင္ရႈ.. တကယ့္ကို ေက်းဇူးတင္ပါတယ္..”

“မဟုတ္တာ.. မဟုတ္တာ..” ေလာင္ရႈက ရယ္ေမာလိုက္ရင္း.. “ငါက သူငယ္ခ်င္းကို ကူညီေပးခ်င္ရံုပါ..”

ေဖာ္ေရြပ်ူငွာသလို မယိုင္မလဲေသာ စိတ္ဓာတ္ျဖင့္ လူအမ်ားေကာင္းက်ိဳး သယ္ပိုးတတ္ေသာ လူငယ္တစ္ေယာက္ႏွင့္ ဆံုေတြ့ႏိုင္ခဲ့ျခင္းမွာ တကယ့္ကို ရွားရွားပါးပါး အခြင့္အေရးတစ္ခုပင္။ သူက ကူညီႏိုင္သေရြ့ ကူညီတတ္သူပင္။ ဤ Show တြင္ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္ခဲ့သည္မွာလည္း လူမႈျပႆနာမ်ားကို လူအမ်ား အာရံုစိုက္လာေစရန္ မဟုတ္ပါလား။

ရုပ္သံဌာနမွ ထြက္လာခဲ့ၿပီးေနာက္ က်န္းခ်င္းယြင္သည္ ရႈံ႔မဲ့ေနေသာ မ်က္ႏွာထားျဖင့္ နဉ္ရွီအား ၾကၫ့္ကာ.. “မင္းကေတာ့ေလ ေကာင္းကင္ဘံုရဲ့သမီးေတာ္ပဲ ျဖစ္ရမယ္..”

နဉ္ရွီက Business Card ကို ဝမ္းသာအားရ သိမ္းဆည္းလိုက္ကာ က်န္းခ်င္းယြင္ဘက္ ေမးခ်ီလ်က္.. “ဒီလိုကိစၥမ်ိဳးဆိုတာ မနာလိုျဖစ္ေနရံုနဲ႔ ရႏိုင္တာမဟုတ္ဘူးေနာ္..”

က်န္းခ်င္းယြင္က စေနာက္ေနေသာ္လည္း နဉ္ရွီ၏စကားကို ျပန္မေခ်ပခဲ့ေခ်။ ယခုေလးတင္ သူသည္လည္း ပရိသတ္ၾကားတြင္ ထိုင္ေနခဲ့ေသာေၾကာင့္ ထိုအေရးကိစၥအတြက္ နဉ္ရွီ အမွန္တကယ္ စိုးရိမ္ေနေၾကာင္း ေျပာႏိုင္သည္။ ရုပ္သံဌာနသို႔မသြားခင္ နဉ္ရွီ ဂရုတစိုက္ ယူေဆာင္ေနသည္က Skin Care ပစၥည္းမ်ားမဟုတ္၊ အႏိုင္က်င့္မႈေၾကာင့္ နာက်င္ခံစားေနရေသာ နစ္နာသူမ်ား၏ ဓာတ္ပံုမ်ားသာ။

တစ္ခါတရံတြင္ မည္မ်ွထပ္တလဲလဲ ရွင္းျပေစကာမူ၊ လက္ေတြ့ျမင္ႏိုင္ေသာ စိတ္ထိခိုက္ဖြယ္ ရုပ္ပံုတစ္ခုအား ယွဉ္ႏိုင္မည္ မဟုတ္ေပ။ နဉ္ရွီသည္လည္း ထိုအခ်က္ကို ေကာင္းေကာင္း နားလည္ထားေလာက၏။ ထို႔ေၾကာင့္သာ အႏွီဓာတ္ပံုမ်ားကို တကူးတက ယူေဆာင္လာခဲ့ျခင္းပင္။

က်န္းခ်င္းယြင္သည္ နဉ္ရွီအား ‘ဘယ္အခ်ိန္ထဲက ေက်ာင္းတြင္းအႏိုင္က်င့္မႈအေၾကာင္း စတင္ေလ့လာခဲ့တာလဲ’ဟု ေမးလိုခဲ့ေသာ္လည္း စိတ္ၾကည္လင္ေနသၫ့္ ပံုရိပ္ေလးကိုၾကၫ့္ရင္း မေမးရက္ေတာ့ေပ။

“ခ်န္း Group ရဲ့ ပါတီသြားဖို႔ ဝတ္စံုျပင္ဆင္ထားၿပီးၿပီလား..?” သူက အႏၲရာယ္ကင္းမၫ့္ ေမးခြန္းမ်ိဳး ေရြးေမးလိုက္သည္။

နဉ္ရွီ ခဏရပ္သြားသည္။ သူမ၏ႏွာေခါင္းကို ပြတ္သပ္လိုက္ရင္း.. “အရင္ဝတ္ဖူးတဲ့ ဝတ္စံုေတြထဲက ျပန္ဝတ္သြားလို႔ရလား..?”

“မင္းဘယ္လိုထင္လဲ..?”

နဉ္ရွီ : သူမရဲ့လူထုပံုရိပ္ကို ဂရုစိုက္ရဦးမွာပဲ..!

………………………………………………

Continue Reading

You'll Also Like

28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
107K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
296K 30K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...