နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

168K 17K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [37.1]

1.1K 130 29
By Lazy_Little_Meow

[Unicode]

လူအချို့က သူတို့စိတ်ထဲကျိန်ဆဲနေကြချိန် အမြင်စူးရှသည့် မားကတ်တင်းမန်နေဂျာကတော့ ဘော့စ်ရဲ့မျက်နှာထားက ရုတ်တရက်ပြောင်းလဲသွားတာကို သတိထားမိလိုက်သည်။

*အဲ့ဒါ ဘော့စ်ရဲ့ ပါဆင်နယ်ဖုန်းများလား?*

“ဒီစီမံကိန်းကို ပြန်စဉ်းစားထားကြ။ ပြီးရင် ကျုပ်ကို နှစ်ရက်အတွင်း ပြန်လာပေးထားလိုက်ပါ” သူ့ဖုန်းစခရင်ထက်တွင် စာလုံးနှစ်လုံးက အထင်းသားပေါ်နေသည်ကို တွေ့လိုက်သည်။ အမှုမဲ့ အမှတ်မဲ့ပင် ချန်းရှီကွေ့၏ ရေခဲတမျှအေးစက်နေသော မျက်နှာထားက နွေဦးကိုကြိုဆိုနေသည့်အလား အရည်ပျော်ကျသွားသည်။ သူ့လေသံတောင် ပို၍ညင်သာလာသည်။

လူအချို့က လိမ္မာပါးနပ်စွာဖြင့် မတ်တပ်ရပ်လာကြကာ သူဌေးကိုယ်တိုင်က ပက်ပက်စက်စက် ဝေဖန်ထားသည့် စားပွဲပေါ်က စီမံကိန်းလေးကိုယူလို့ သုတ်တီးသုတ်ပျာနှင့် ‌အသော့နှင်ကြတော့သည်။

တံခါးဝနားတွင် မားကတ်တင်းမန်နေဂျာက စပ်စပ်စုစုနှင့် တစ်ချက်လှည့်ကြည့်လိုက်သေးသည်။ သူဌေးကသူတို့ကိုကျောခိုင်းထားပြီး ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေသော်လည်း သူ့အသံကညင်သာယုယ‌လွန်းနေသည်မှာ ရေညှစ်၍ပင်ရသည်။

“မင်းအလုပ်ပြီးပြီလား?"

သူဌေး၏အတွင်းရေးမှူးက တံခါးနားမှာ ရပ်နေဆဲဖြစ်ရာ မားကတ်တင်းမန်နေဂျာက ဆက်နားထောင်ရန် မသင့်တော့ပေ။ သူကရွှီကျိုးကို ဝတ်ကျေတမ်းကျေပြုံးပြလိုက်ပြီး လှည့်ထွက်သွားလေ၏။

ရွှီကျိုးကပြန်ပြုံးပြလိုက်ပြီး ရှေ့ကိုကိုင်းလို့ ရုံးခန်းတံခါးကို ပိတ်လိုက်ကာ သူ့သူဌေးအား ကိုယ်ပိုင်အချိန်လေးပေး၍ ထားရစ်ခဲ့သည်။

“ကျွန်မ အခုလေးတင် ရိုက်ကူးရေးပြီးသွားတာ။ ပြီးရင် အစီအစဉ်တစ်ခုရိုက်ကူးဖို့ ရုပ်သံဌာနကိုသွားရမယ်။ ကျွန်မ ရှင့်အလုပ်ကို နှောင့်ယှက်သလို မဖြစ်သွားပါဘူးနော်?” နဉ်ရှီကနာနေတဲ့လည်ပင်းကို ဆန့်လိုက်ပြီး ပို၍သက်သာသော အနေအထားကိုပြောင်းလိုက်သည်။ သူမ၏မိတ်ကပ်ပညာရှင်က သူမ၏ဆံထုံးကို ဖြည်ပြီးနောက်တွင်တော့ သူမခေါင်းကပိုပေါ့သွားသလို ခံစားလိုက်ရပြီး စိတ်လက်ပေါ့ပါးသွားရ၏။

“လုံးဝအနှောင့်အယှက်မဖြစ်ပါဘူး” ချန်းရှီကွေ့က ပြတင်းပေါက်အပြင်ဘက်ရှိ လောကကြီးကိုကြည့်လိုက်သည်။ သူ့ခြေထောက်အောက်က အရာအားလုံးက သေးငယ်ပြီး အစစ်အမှန် မဟုတ်နေသယောင်။ သူ့လက်ကို မှန်ပြတင်းပေါက်ပေါ် တင်လိုက်သည်။ “လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကိုယ်တို့ကော်ပိုရေးရှင်းရဲ့ရုံးချုပ်က ပါတီပွဲတစ်ခုကျင်းပဖို့ရှိတယ်။ အဲ့အချိန်ကျရင် အနုပညာရှင်တော်တော်များများ တက်ရောက်ကြမှာ... မင်းရောလာမှာလား?”

“ပါတီလား?” နဉ်ရှီက တဒင်္ဂမျှ အံ့အားသင့်သွားသည်။ သူမအဲ့ဒီသတင်းကို လုံးဝမကြားခဲ့ရပေ။ “ဘယ်အချိန်လဲ?”

“လာမယ့်နှစ်ရက်အတွင်း ညနေခြောက်နာရီလောက်” ချန်းရှီကွေ့က တဒင်္ဂလောက် ချီတုံချတုံဖြစ်သွားကာ... “အဲ့ညကျရင် ကိုယ်လည်းအဲ့မှာရှိလိမ့်မယ်။ အချိန်ကျလာရင် ကိုယ်မင်းကိုလာခေါ်မယ်”

နဉ်ရှီက သူမဖုန်း၏ထောင့်စွန်းကို ပွတ်သပ်နေကာ ရုတ်တရက်တိတ်ကျသွားပြီးနောက် ရွှတ်နောက်နောက်ဟန် ပြန်ဖြစ်သွားလေ၏။ “မီဒီယာက ယုတ္တိမရှိတဲ့အတင်းအဖျင်းတွေ လျှောက်ဖြန့်လိုက်မှာ မကြောက်ဘူးလား?”

“ဘာကောလာဟလမှာ ထွက်လာမှာမဟုတ်ပါဘူး” ချန်းရှီကွေ့၏ ရယ်သံခပ်နိမ့်နိမ့်က နဉ်ရှီ၏နားထဲ စီးဝင်လာသည်။ “ပြီးတော့ မင်းနဲ့အတူ ကောလာဟလထွက်ရတာကို ကိုယ်စိတ်ထဲမထားပါဘူး”

“ရှင်က မညှာတတ်ဘူးမဟုတ်လား, မစ္စတာချန်း?” ကျန်းချင်းယွင်ပြောဖူးသည့် ချန်းရှီကွေ့နှင့်သတင်းတုထွက်စေကာ ပွတ်လောရိုက်စေခဲ့သော အမျိုးသမီးအနုပညာရှင်တစ်ယောက်ကို နဉ်ရှီပြန်သတိရလိုက်သည်။ နှစ်နာရီအတွင်းမှာပင် ထိုသတင်းဟာ ဖျော်ဖြေရေးခေါင်းစီးများထံမှ ဖျက်ချခံလိုက်ရသည်။ ထိုအနုပညာရှင်သည်လည်း အနည်းနှင့်အများတော့ အင်တာနက်သုံးစွဲများကြား ဟားတိုက်ခံခဲ့ရသည်။

“မင်းနဲ့သာဆိုရင်တော့ ငဲ့ညှာနိုင်တာထက်ကို ပိုပါတယ်” ချန်းရှီကွေ့တန့်သွားကာ ရွှတ်နောက်နောက် ရယ်လိုက်လေ၏။ “မင်းက ကိုယ့်ဘဝရဲ့လမ်းပြသူဆိုတာ မင်းသိရဲ့လား?”

“ဘဝလမ်းပြသူ?” နဉ်ရှီက မေးကိုမော်ချီလိုက်ကာ မိတ်ကပ်ပညာရှင်အား သူမလည်ပင်းက မိတ်ကပ်ကိုဖျက်စေသည်။ “အိုး ကျွန်မက ရှင်ကျွန်မကို နတ်ဘုရားမလို့ထင်နေတယ် မှတ်သွားတာ”

“နတ်ဘုရားမ....” ချန်းရှီကွေ့က စက္ကန့်အနည်းငယ်မျှ ထူးဆန်းစွာ တန့်သွားသည်။ လိုင်းပေါ်တွင် စာရိုက်နေသည့်အသံကို နဉ်ရှီကြားလိုက်ရသည်။

“အမ် နတ်ဘုရားမလည်း ဟုတ်တယ်”

အနှီမစ္စတာက ‘နတ်ဘုရားမ’၏ နောက်ကွယ်ကအဓိပ္ပာယ်ကို Baidu တွင် သွားရှာခဲ့တာလားဟု သံသယဝင်မိ၏။ အဆင့်မြင့်ကာ မြန်ဆန်လှသော အင်တာနက်၏စွမ်းပကားအောက်တွင် ဘယ်စာလုံးမဆို လွယ်လွယ်နှင့်ရှာနိုင်ပြီး များစွာသော အဓိပ္ပာယ်များက ပေါ်လာလိမ့်မည်။ ဒီဥက္ကဌက အင်တာနက်သုံးရာတွင် သိပ်ပြီးကျွမ်းကျွမ်းကျင်ကျင် မရှိတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ့ Weibo account ဖွင့်ပြီးကတည်းက နဉ်ရှီရွှေပေါင်လုံးကြီးကို ဖက်တွယ်ထားသည့်ပို့စ်ကလွဲ၍ တခြားဘာအကြောင်းအရာမှ တင်ထားခြင်းမရှိပေ။

ဘယ်သူကထင်မိမှာလဲ? သူ Weiboကိုဖွင့်လိုက်သည်နှင့် ထိုပို့စ်အောက်တွင် ယောက်ျား‌လေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ သူ့အား ‘လောင်ကုန်း’ ဟု စိတ်အားထက်သန်စွာ ခေါ်လာသည့် အင်တာနက်သုံးစွဲသူတစ်စုရှိ‌‌နေသည်ကို တွေ့လိုက်ရသည်... သူပြန်ဖြေဖို့ မလန့်သွားရဘူးလား?

ချန်းရှီကွေ့က ထိုအခြေအနေမှာတင် အကျပ်ရိုက်နေတာကို တွေးမိတော့ အနှီဥက္ကဌက ပုံမှန်စရိုက်နှင့်ကွဲထွက်‌နေသည်ဟု နဉ်ရှီခံစားလိုက်ရကာ မရယ်မိဘဲ မနေနိုင်တော့ပေ။ “မစ္စတာချန်း.. ရှင်က အရမ်းချစ်ဖို့ကောင်းတာပဲ”

“အဟွတ် အဟွတ် အဟွတ် အဟွတ်!”

ရွှီကျိုးက အူပြတ်ထွက်မတတ် ချောင်းဆိုးသံကို ကြားလိုက်ရချိန် သူဘော့စ်၏ရုံးခန်းတံခါးကို တွန်းဝင်လာရုံရှိသေးသည်။ သူကြောက်လွန်းလို့ သူ့လက်ထဲက‌ဖိုင်တွေပင် ပြုတ်ကျလုနီးနီးပင်။

“ဒါဆို ပါတီကိစ္စက ရှင်းပြီနော်... ပြီးရင် ကိုယ်မင်းကို ရိုက်ကွင်းမှာ လာခေါ်မယ်” ချန်းရှီကွေ့ ဖုန်းချလိုက်ပြီးနောက် သူရွှီကျိုးကို စကားပြောဖို့ လှည့်လိုက်သည်။ “ငါ့ကို ဖိုင်တွေလွှဲပေး”

ချန်းရှီကွေ့က ချောင်းဆိုးလွန်၍ သူ့လည်ပင်းနှင့် နားရွက်တွေ အနီရောင်သန်းနေသည်ကို ရွှီ‌ကျိုးတွေ့လိုက်ရပြီး ကသိကအောက်ဖြစ်သွားရသည်။ သူဒီတစ်ခေါက်ချောင်းဆိုးလိုက်တာ တော်တော်လေးပြင်းထန်သွားပုံပဲ။

“နောက်နှစ်ရက်ကျရင် ကျင်းပမယ့်ပါတီမှာ...” ချန်းရှီကွေ့က ရွှီကျိုးကိုကြည့်လိုက်သည်။ “ဘယ်သရုပ်ဆောင်တွေကို ဖိတ်ထားလဲ?”

“စိတ်ချပါ ဘော့စ်.. ကျွန်တော်တို့ရုံးချုပ်ရဲ့ပါတီပွဲမှာ ဖိတ်ကြားထားတဲ့သရုပ်ဆောင်တွေက အကုန်လုံးနာမည်ကြီးတွေပါပဲ။ သာမန်သရုပ်ဆောင်တွေကတော့ သေချာပေါက်ဖိတ်စာရမှာမဟုတ်ပါဘူး” ရွှီကျိုးက သူ့ဘော့စ်ဟာ ဒီလိုအသေးအဖွဲကိစ္စလေးကို ရုတ်တရက်ဂရုစိုက်လာလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။ သူခဏတာ အံ့အားသင့်သွားရသည်။ “ပြဿနာတစ်ခုခုရှိလို့လားဗျ?”

“ဘာမှမဟုတ်တော့ဘူး။ လူထုဆက်သွယ်ရေးဌာနက ကျို့ကျီဖျော်ဖြေရေးကုမ္ပဏီရဲ့ နောက်ထပ် ဖိတ်ကြားလွှာတွေကို ပြင်ထားပြီးပြီလား?” ချန်းရှီကွေ့က ဖိုင်ကိုဖွင့်ရင်း ခေါင်းမထောင်ဘဲ ပြောလိုက်သည်။ “အဲ့ညကျရင် နဉ်ရှီကိုငါနဲ့အတူ ပွဲတက်ဖို့ ခေါ်လာမှာ။ ငါ့အတွက် ပါတနာရှာဖို့ မင်းစီစဉ်ထားစရာမလိုဘူး”

ရွှီကျိုး ချက်ချင်းပင် နားလည်လိုက်သည်။ ကျို့ကျီကား ဘော့စ်ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီပင်။ သူတို့အတွက် နေရာအများကြီးမခွဲပေးရင် လက်သင့်မခံနိုင်စရာ ဖြစ်သွားလိမ့်မည်။

မိတ်ကပ်ဖျက်ပြီးရုံသာရှိသေး ကျန်းချင်းယွင်ရောက်လာ၏။ နဉ်ရှီကားထဲထိုင်ပြီးသည့်နောက် ကျန်းချင်းယွင်က သူမပစ္စည်း‌တွေ သွားပြန်ယူဖို့ အိမ်ပြန်ပို့ပေးခဲ့သည်။

သူမရဲ့ပစ္စည်းတွေကို သွားပြန်ယူပြီးသည်နှင့် ကားထဲဝင်ထိုင်ကာ စကားပြောရင်း အခြေခံစကင်ကဲလေး လုပ်လိုက်သည်။ “အစ်ကိုကျန်း ညီမတို့ကုမ္ပဏီက လူတစ်ယောက်ယောက်များ ချန်းကော်ပိုရေးရှင်းပါတီရဲ့ ဖိတ်စာရထားသေးလား?”

ကျန်းချင်းယွင်က စိတ်ရှုပ်သွားရပြီး နဉ်ရှီကို ကားမှန်ကတစ်ဆင့် ကြည့်လိုက်သည်။ ဒီကိစ္စကို လူသိရှင်ကြားမထုတ်ပြန်ရသေးဘူးလေ.. နဉ်ရှီက ဘယ်လိုသိသွားတာလဲ?

“အစ်ကိုတို့ကုမ္ပဏီမှာ ဖိတ်ခံရတာဆိုလို့ ရုပ်ရှင်ဘုရင်မနှစ်ယောက်ပဲ” ကျန်းချင်းယွင်က သူမဘယ်လိုသိသွားလဲဆိုတာ မမေးခဲ့ချေ။ “ချန်းလုပ်ငန်းစုရဲ့ရုံးချုပ်က စီစဉ်တဲ့ ပါတီပွဲက သာမန်အနုပညာတွေအတွက် သူတို့ဦးနှောက်သာပျက်သွားမယ်... အဲ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့ဖို့တော့ မဖြစ်နိုင်ဘူး"

နဉ်ရှီလို အခုမှနာမည်ရလာပြီး အဆက်အသွယ်ရော နောက်ခံပါမရှိသည့် သရုပ်ဆောင်အတွက်တော့ – ဖိတ်ကြားလွှာစာရင်းထဲ သူမ,မပါဖို့က များသည်။

“ဆိုတော့ အဲ့ဒါက အဲ့လိုကိုး....” နဉ်ရှီက သူမမျက်နှာကို ဖွဖွလေးပုတ်လိုက်ကာ အရေပြားထဲကို စကင်းကဲလိုးရှင်းအပြည့်အဝ စိမ့်ဝင်စေ၏။ “မစ္စတာချန်းက ညီမကိုခုနကတင် ဖုန်းခေါ်လာတယ်... အဲ့နေ့ကျရင် ညီမကိုလာကြိုပြီး ပါတီကိုခေါ်သွားမယ်လို့ ပြောသွားတယ်”

စတီယာရင်‌ပေါ်ရှိ ကျန်းချင်းယွင်၏လက်က ရုတ်ခြည်းဆိုသလို တုန်ယင်သွား၏။ တော်သေးတယ်... ဘာမှကြီးကြီးမားမား မဖြစ်သွားလို့...

“နဉ်ရှီ!”

“အမ်?” နဉ်ရှီ၏မျက်နှာက အပြစ်ကင်းစင်မှုအပြည့်နှင့်။

“‌နောက်ဆို ဒီလိုပေါက်ကွဲနိုင်တဲ့သတင်းမျိုး မပြောခင် အစ်ကိုကားမရပ်ခင်ထိ စောင့်ပေးလို့ရမလား?” ကျန်းချင်းယွင်က အံကြိတ်ကာ ပြောလိုက်သည်။ “အစ်ကို ကားအက်စီးဒင့်မဖြစ်ချင်ဘူးလို့"

နဉ်ရှီက ပါးစပ်ကိုပိတ်လိုက်သည့်ပုံစံ လုပ်လိုက်သည်။ နဉ်ရှီ‌ဘေးကထိုင်နေသည့် ရှောင်ယန်သည်လည်း ဇက်ကလေးပုဝင်သွားရ၏။

ကားထဲမှာ ခဏလောက်တိတ်နေပြီး ကျန်းချင်းယွင်က မအောင့်နိုင်တော့ဘဲ နောက်တစ်ခါထပ်မေးပြန်တယ်။ “နဉ်ရှီ.. မင်းနဲ့ချန်းရှီကွေ့ကြားက အတိအကျကဘာလဲ?”

နဉ်ရှီက Weiboပွတ်နေရင်း ခေါင်းမထောင်ဘဲ ပြောလိုက်သည်။ “အဲ့ဒါက အဲ့လိုပဲ”

“အနုပညာရှင်တစ်ယောက်ရဲ့မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်အနုပညာရှင်ရဲ့ကိုယ်ပိုင်ဘဝကို လွန်လွန်ကျူးကျူး ဝင်မစွက်ဖက်နိုင်ဘူးဆိုပေမယ့်လည်း လူချမ်းသာတွေနဲ့ အာဏာရှင်တွေရဲ့ဘဝက မင်းထင်သလို မလှပနေဘူး” ကျန်းချင်းယွင်က ကားကိုလမ်းဘေးဆီ ဦးတည်ရပ်လိုက်ကာ မိန်းမောနေပုံရ၏။ “အစ်ကို လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က တော်တော့်ကိုကျော်ကြားတဲ့ အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ရဲ့ လက်ထောက်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်... နောက်ပိုင်းကျတော့ သူမသူဌေးတစ်ယောက်နဲ့လက်ထပ်လိုက်ပြီး အဆုံးကျ နှစ်အနည်းငယ်အတွင်းမှာပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ရွေးချယ်သွား‌ရော”
___________
Meow's Note: မြောင်မတစ်ယောက် အဆင်ပတ်ငမ်းနေလို့ ကြာသွားတယ် ဟဲ"
___________

[Zawgyi]

လူအခ်ိဳ႕က သူတို႔စိတ္ထဲက်ိန္ဆဲေနၾကခ်ိန္ အျမင္စူးရွသၫ့္ မားကတ္တင္းမန္ေနဂ်ာကေတာ့ ေဘာ့စ္ရဲ့မ်က္ႏွာထားက ရုတ္တရက္ေျပာင္းလဲသြားတာကို သတိထားမိလိုက္သည္။

*အဲ့ဒါ ေဘာ့စ္ရဲ့ ပါဆင္နယ္ဖုန္းမ်ားလား?*

“ဒီစီမံကိန္းကို ျပန္စဉ္းစားထားၾက။ ၿပီးရင္ က်ဳပ္ကို ႏွစ္ရက္အတြင္း ျပန္လာေပးထားလိုက္ပါ” သူ႔ဖုန္းစခရင္ထက္တြင္ စာလံုးႏွစ္လံုးက အထင္းသားေပၚေနသည္ကို ေတြ့လိုက္သည္။ အမႈမဲ့ အမွတ္မဲ့ပင္ ခ်န္းရွီေကြ့၏ ေရခဲတမ်ွေအးစက္ေနေသာ မ်က္ႏွာထားက ေနြဦးကိုႀကိဳဆိုေနသၫ့္အလား အရည္ေပ်ာ္က်သြားသည္။ သူ႔ေလသံေတာင္ ပို၍ညင္သာလာသည္။

လူအခ်ိဳ႕က လိမၼာပါးနပ္စြာျဖင့္ မတ္တပ္ရပ္လာၾကကာ သူေဌးကိုယ္တိုင္က ပက္ပက္စက္စက္ ေဝဖန္ထားသၫ့္ စားပြဲေပၚက စီမံကိန္းေလးကိုယူလို႔ သုတ္တီးသုတ္ပ်ာႏွင့္ ‌အေသာ့ႏွင္ၾကေတာ့သည္။

တံခါးဝနားတြင္ မားကတ္တင္းမန္ေနဂ်ာက စပ္စပ္စုစုႏွင့္ တစ္ခ်က္လွၫ့္ၾကၫ့္လိုက္ေသးသည္။ သူေဌးကသူတို႔ကိုေက်ာခိုင္းထားၿပီး ျပတင္းေပါက္ေရ႔ွမွာ မတ္တပ္ရပ္ေနေသာ္လည္း သူ႔အသံကညင္သာယုယ‌လြန္းေနသည္မွာ ေရၫွစ္၍ပင္ရသည္။

“မင္းအလုပ္ၿပီးၿပီလား?"

သူေဌး၏အတြင္းေရးမွဴးက တံခါးနားမွာ ရပ္ေနဆဲျဖစ္ရာ မားကတ္တင္းမန္ေနဂ်ာက ဆက္နားေထာင္ရန္ မသင့္ေတာ့ေပ။ သူကရႊီက်ိဳးကို ဝတ္ေက်တမ္းေက်ၿပံဳးျပလိုက္ၿပီး လွၫ့္ထြက္သြားေလ၏။

ရႊီက်ိဳးကျပန္ၿပံဳးျပလိုက္ၿပီး ေရ႔ွကိုကိုင္းလို႔ ရံုးခန္းတံခါးကို ပိတ္လိုက္ကာ သူ႔သူေဌးအား ကိုယ္ပိုင္အခ်ိန္ေလးေပး၍ ထားရစ္ခဲ့သည္။

“ကြၽန္မ အခုေလးတင္ ရိုက္ကူးေရးၿပီးသြားတာ။ ၿပီးရင္ အစီအစဉ္တစ္ခုရိုက္ကူးဖို႔ ရုပ္သံဌာနကိုသြားရမယ္။ ကြၽန္မ ရွင့္အလုပ္ကို ေနွာင့္ယွက္သလို မျဖစ္သြားပါဘူးေနာ္?” နဉ္ရွီကနာေနတဲ့လည္ပင္းကို ဆန႔္လိုက္ၿပီး ပို၍သက္သာေသာ အေနအထားကိုေျပာင္းလိုက္သည္။ သူမ၏မိတ္ကပ္ပညာရွင္က သူမ၏ဆံထံုးကို ျဖည္ၿပီးေနာက္တြင္ေတာ့ သူမေခါင္းကပိုေပါ့သြားသလို ခံစားလိုက္ရၿပီး စိတ္လက္ေပါ့ပါးသြားရ၏။

“လံုးဝအေနွာင့္အယွက္မျဖစ္ပါဘူး” ခ်န္းရွီေကြ့က ျပတင္းေပါက္အျပင္ဘက္ရိွ ေလာကႀကီးကိုၾကၫ့္လိုက္သည္။ သူ႔ေျခေထာက္ေအာက္က အရာအားလံုးက ေသးငယ္ၿပီး အစစ္အမွန္ မဟုတ္ေနသေယာင္။ သူ႔လက္ကို မွန္ျပတင္းေပါက္ေပၚ တင္လိုက္သည္။ “လာမယ့္ရက္အနည္းငယ္အတြင္းမွာ ကိုယ္တို႔ေကာ္ပိုေရးရွင္းရဲ့ရံုးခ်ဳပ္က ပါတီပြဲတစ္ခုက်င္းပဖို႔ရိွတယ္။ အဲ့အခ်ိန္က်ရင္ အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား တက္ေရာက္ၾကမွာ... မင္းေရာလာမွာလား?”

“ပါတီလား?” နဉ္ရွီက တဒဂၤမ်ွ အံ့အားသင့္သြားသည္။ သူမအဲ့ဒီသတင္းကို လံုးဝမၾကားခဲ့ရေပ။ “ဘယ္အခ်ိန္လဲ?”

“လာမယ့္ႏွစ္ရက္အတြင္း ညေနေျခာက္နာရီေလာက္” ခ်န္းရွီေကြ့က တဒဂၤေလာက္ ခ်ီတံုခ်တံုျဖစ္သြားကာ... “အဲ့ညက်ရင္ ကိုယ္လည္းအဲ့မွာရိွလိမ့္မယ္။ အခ်ိန္က်လာရင္ ကိုယ္မင္းကိုလာေခၚမယ္”

နဉ္ရွီက သူမဖုန္း၏ေထာင့္စြန္းကို ပြတ္သပ္ေနကာ ရုတ္တရက္တိတ္က်သြားၿပီးေနာက္ ရႊတ္ေနာက္ေနာက္ဟန္ ျပန္ျဖစ္သြားေလ၏။ “မီဒီယာက ယုတၲိမရိွတဲ့အတင္းအဖ်င္းေတြ ေလ်ွာက္ျဖန႔္လိုက္မွာ မေၾကာက္ဘူးလား?”

“ဘာေကာလာဟလမွာ ထြက္လာမွာမဟုတ္ပါဘူး” ခ်န္းရွီေကြ့၏ ရယ္သံခပ္နိမ့္နိမ့္က နဉ္ရွီ၏နားထဲ စီးဝင္လာသည္။ “ၿပီးေတာ့ မင္းနဲ႔အတူ ေကာလာဟလထြက္ရတာကို ကိုယ္စိတ္ထဲမထားပါဘူး”

“ရွင္က မၫွာတတ္ဘူးမဟုတ္လား, မစၥတာခ်န္း?” က်န္းခ်င္းယြင္ေျပာဖူးသၫ့္ ခ်န္းရွီေကြ့ႏွင့္သတင္းတုထြက္ေစကာ ပြတ္ေလာရိုက္ေစခဲ့ေသာ အမ်ိဳးသမီးအႏုပညာရွင္တစ္ေယာက္ကို နဉ္ရွီျပန္သတိရလိုက္သည္။ ႏွစ္နာရီအတြင္းမွာပင္ ထိုသတင္းဟာ ေဖ်ာ္ေျဖေရးေခါင္းစီးမ်ားထံမွ ဖ်က္ခ်ခံလိုက္ရသည္။ ထိုအႏုပညာရွင္သည္လည္း အနည္းႏွင့္အမ်ားေတာ့ အင္တာနက္သံုးစြဲမ်ားၾကား ဟားတိုက္ခံခဲ့ရသည္။

“မင္းနဲ႔သာဆိုရင္ေတာ့ ငဲ့ၫွာႏိုင္တာထက္ကို ပိုပါတယ္” ခ်န္းရွီေကြ့တန႔္သြားကာ ရႊတ္ေနာက္ေနာက္ ရယ္လိုက္ေလ၏။ “မင္းက ကိုယ့္ဘဝရဲ့လမ္းျပသူဆိုတာ မင္းသိရဲ့လား?”

“ဘဝလမ္းျပသူ?” နဉ္ရွီက ေမးကိုေမာ္ခ်ီလိုက္ကာ မိတ္ကပ္ပညာရွင္အား သူမလည္ပင္းက မိတ္ကပ္ကိုဖ်က္ေစသည္။ “အိုး ကြၽန္မက ရွင္ကြၽန္မကို နတ္ဘုရားမလို႔ထင္ေနတယ္ မွတ္သြားတာ”

“နတ္ဘုရားမ....” ခ်န္းရွီေကြ့က စကၠန႔္အနည္းငယ္မ်ွ ထူးဆန္းစြာ တန႔္သြားသည္။ လိုင္းေပၚတြင္ စာရိုက္ေနသၫ့္အသံကို နဉ္ရွီၾကားလိုက္ရသည္။

“အမ္ နတ္ဘုရားမလည္း ဟုတ္တယ္”

အႏွီမစၥတာက ‘နတ္ဘုရားမ’၏ ေနာက္ကြယ္ကအဓိပၸာယ္ကို Baidu တြင္ သြားရွာခဲ့တာလားဟု သံသယဝင္မိ၏။ အဆင့္ျမင့္ကာ ျမန္ဆန္လွေသာ အင္တာနက္၏စြမ္းပကားေအာက္တြင္ ဘယ္စာလံုးမဆို လြယ္လြယ္ႏွင့္ရွာႏိုင္ၿပီး မ်ားစြာေသာ အဓိပၸာယ္မ်ားက ေပၚလာလိမ့္မည္။ ဒီဥကၠဌက အင္တာနက္သံုးရာတြင္ သိပ္ၿပီးကြၽမ္းကြၽမ္းက်င္က်င္ မရိွတာ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

သူ႔ Weibo account ဖြင့္ၿပီးကတည္းက နဉ္ရွီေရႊေပါင္လံုးႀကီးကို ဖက္တြယ္ထားသၫ့္ပို႔စ္ကလြဲ၍ တျခားဘာအေၾကာင္းအရာမွ တင္ထားျခင္းမရိွေပ။

ဘယ္သူကထင္မိမွာလဲ? သူ Weiboကိုဖြင့္လိုက္သည္ႏွင့္ ထိုပို႔စ္ေအာက္တြင္ ေယာက္်ား‌ေလးျဖစ္ေစ၊ မိန္းကေလးျဖစ္ေစ သူ႔အား ‘ေလာင္ကုန္း’ ဟု စိတ္အားထက္သန္စြာ ေခၚလာသည့္ အင္တာနက္သံုးစြဲသူတစ္စုရိွ‌‌ေနသည္ကို ေတြ့လိုက္ရသည္... သူျပန္ေျဖဖို႔ မလန႔္သြားရဘူးလား?

ခ်န္းရွီေကြ့က ထိုအေျခအေနမွာတင္ အက်ပ္ရိုက္ေနတာကို ေတြးမိေတာ့ အႏွီဥကၠဌက ပံုမွန္စရိုက္ႏွင့္ကြဲထြက္‌ေနသည္ဟု နဉ္ရွီခံစားလိုက္ရကာ မရယ္မိဘဲ မေနႏိုင္ေတာ့ေပ။ “မစၥတာခ်န္း.. ရွင္က အရမ္းခ်စ္ဖို႔ေကာင္းတာပဲ”

“အဟြတ္ အဟြတ္ အဟြတ္ အဟြတ္!”

ရႊီက်ိဳးက အူျပတ္ထြက္မတတ္ ေခ်ာင္းဆိုးသံကို ၾကားလိုက္ရခ်ိန္ သူေဘာ့စ္၏ရံုးခန္းတံခါးကို တြန္းဝင္လာရံုရိွေသးသည္။ သူေၾကာက္လြန္းလို႔ သူ႔လက္ထဲက‌ဖိုင္ေတြပင္ ျပဳတ္က်လုနီးနီးပင္။

“ဒါဆို ပါတီကိစၥက ရွင္းၿပီေနာ္... ၿပီးရင္ ကိုယ္မင္းကို ရိုက္ကြင္းမွာ လာေခၚမယ္” ခ်န္းရွီေကြ့ ဖုန္းခ်လိုက္ၿပီးေနာက္ သူရႊီက်ိဳးကို စကားေျပာဖို႔ လွၫ့္လိုက္သည္။ “ငါ့ကို ဖိုင္ေတြလႊဲေပး”

ခ်န္းရွီေကြ့က ေခ်ာင္းဆိုးလြန္၍ သူ႔လည္ပင္းႏွင့္ နားရြက္ေတြ အနီေရာင္သန္းေနသည္ကို ရႊီ‌က်ိဳးေတြ့လိုက္ရၿပီး ကသိကေအာက္ျဖစ္သြားရသည္။ သူဒီတစ္ေခါက္ေခ်ာင္းဆိုးလိုက္တာ ေတာ္ေတာ္ေလးျပင္းထန္သြားပံုပဲ။

“ေနာက္ႏွစ္ရက္က်ရင္ က်င္းပမယ့္ပါတီမွာ...” ခ်န္းရွီေကြ့က ရႊီက်ိဳးကိုၾကၫ့္လိုက္သည္။ “ဘယ္သရုပ္ေဆာင္ေတြကို ဖိတ္ထားလဲ?”

“စိတ္ခ်ပါ ေဘာ့စ္.. ကြၽန္ေတာ္တို႔ရံုးခ်ဳပ္ရဲ့ပါတီပြဲမွာ ဖိတ္ၾကားထားတဲ့သရုပ္ေဆာင္ေတြက အကုန္လံုးနာမည္ႀကီးေတြပါပဲ။ သာမန္သရုပ္ေဆာင္ေတြကေတာ့ ေသခ်ာေပါက္ဖိတ္စာရမွာမဟုတ္ပါဘူး” ရႊီက်ိဳးက သူ႔ေဘာ့စ္ဟာ ဒီလိုအေသးအဖြဲကိစၥေလးကို ရုတ္တရက္ဂရုစိုက္လာလိမ့္မည္ဟု မေမ်ွာ္မွန္းထားခဲ့ေပ။ သူခဏတာ အံ့အားသင့္သြားရသည္။ “ျပႆနာတစ္ခုခုရိွလို႔လားဗ်?”

“ဘာမွမဟုတ္ေတာ့ဘူး။ လူထုဆက္သြယ္ေရးဌာနက က်ိဳ႕က်ီေဖ်ာ္ေျဖေရးကုမၸဏီရဲ့ ေနာက္ထပ္ ဖိတ္ၾကားလႊာေတြကို ျပင္ထားၿပီးၿပီလား?” ခ်န္းရွီေကြ့က ဖိုင္ကိုဖြင့္ရင္း ေခါင္းမေထာင္ဘဲ ေျပာလိုက္သည္။ “အဲ့ညက်ရင္ နဉ္ရွီကိုငါနဲ႔အတူ ပြဲတက္ဖို႔ ေခၚလာမွာ။ ငါ့အတြက္ ပါတနာရွာဖို႔ မင္းစီစဉ္ထားစရာမလိုဘူး”

ရႊီက်ိဳး ခ်က္ခ်င္းပင္ နားလည္လိုက္သည္။ က်ိဳ႕က်ီကား ေဘာ့စ္ရင္းႏွီးျမႇဳပ္ႏွံထားေသာ ကုမၸဏီပင္။ သူတို႔အတြက္ ေနရာအမ်ားႀကီးမခြဲေပးရင္ လက္သင့္မခံႏိုင္စရာ ျဖစ္သြားလိမ့္မည္။

မိတ္ကပ္ဖ်က္ၿပီးရံုသာရိွေသး က်န္းခ်င္းယြင္ေရာက္လာ၏။ နဉ္ရွီကားထဲထိုင္ၿပီးသၫ့္ေနာက္ က်န္းခ်င္းယြင္က သူမပစၥည္း‌ေတြ သြားျပန္ယူဖို႔ အိမ္ျပန္ပို႔ေပးခဲ့သည္။

သူမရဲ့ပစၥည္းေတြကို သြားျပန္ယူၿပီးသည္ႏွင့္ ကားထဲဝင္ထိုင္ကာ စကားေျပာရင္း အေျခခံစကင္ကဲေလး လုပ္လိုက္သည္။ “အစ္ကိုက်န္း ညီမတို႔ကုမၸဏီက လူတစ္ေယာက္ေယာက္မ်ား ခ်န္းေကာ္ပိုေရးရွင္းပါတီရဲ့ ဖိတ္စာရထားေသးလား?”

က်န္းခ်င္းယြင္က စိတ္ရႈပ္သြားရၿပီး နဉ္ရွီကို ကားမွန္ကတစ္ဆင့္ ၾကၫ့္လိုက္သည္။ ဒီကိစၥကို လူသိရွင္ၾကားမထုတ္ျပန္ရေသးဘူးေလ.. နဉ္ရွီက ဘယ္လိုသိသြားတာလဲ?

“အစ္ကိုတို႔ကုမၸဏီမွာ ဖိတ္ခံရတာဆိုလို႔ ရုပ္ရွင္ဘုရင္မႏွစ္ေယာက္ပဲ” က်န္းခ်င္းယြင္က သူမဘယ္လိုသိသြားလဲဆိုတာ မေမးခဲ့ေခ်။ “ခ်န္းလုပ္ငန္းစုရဲ့ရံုးခ်ဳပ္က စီစဉ္တဲ့ ပါတီပြဲက သာမန္အႏုပညာေတြအတြက္ သူတို႔ဦးေနွာက္သာပ်က္သြားမယ္... အဲ့အသိုင္းအဝိုင္းထဲ ဝင္ဆံ့ဖို႔ေတာ့ မျဖစ္ႏိုင္ဘူး"

နဉ္ရွီလို အခုမွနာမည္ရလာၿပီး အဆက္အသြယ္ေရာ ေနာက္ခံပါမရိွသၫ့္ သရုပ္ေဆာင္အတြက္ေတာ့ – ဖိတ္ၾကားလႊာစာရင္းထဲ သူမ,မပါဖို႔က မ်ားသည္။

“ဆိုေတာ့ အဲ့ဒါက အဲ့လိုကိုး....” နဉ္ရွီက သူမမ်က္ႏွာကို ဖြဖြေလးပုတ္လိုက္ကာ အေရျပားထဲကို စကင္းကဲလိုးရွင္းအျပၫ့္အဝ စိမ့္ဝင္ေစ၏။ “မစၥတာခ်န္းက ညီမကိုခုနကတင္ ဖုန္းေခၚလာတယ္... အဲ့ေန့က်ရင္ ညီမကိုလာႀကိဳၿပီး ပါတီကိုေခၚသြားမယ္လို႔ ေျပာသြားတယ္”

စတီယာရင္‌ေပၚရိွ က်န္းခ်င္းယြင္၏လက္က ရုတ္ျခည္းဆိုသလို တုန္ယင္သြား၏။ ေတာ္ေသးတယ္... ဘာမွႀကီးႀကီးမားမား မျဖစ္သြားလို႔...

“နဉ္ရွီ!”

“အမ္?” နဉ္ရွီ၏မ်က္ႏွာက အျပစ္ကင္းစင္မႈအျပၫ့္ႏွင့္။

“‌ေနာက္ဆို ဒီလိုေပါက္ကြဲႏိုင္တဲ့သတင္းမ်ိဳး မေျပာခင္ အစ္ကိုကားမရပ္ခင္ထိ ေစာင့္ေပးလို႔ရမလား?” က်န္းခ်င္းယြင္က အံႀကိတ္ကာ ေျပာလိုက္သည္။ “အစ္ကို ကားအက္စီးဒင့္မျဖစ္ခ်င္ဘူးလို႔"

နဉ္ရွီက ပါးစပ္ကိုပိတ္လိုက္သၫ့္ပံုစံ လုပ္လိုက္သည္။ နဉ္ရွီ‌ေဘးကထိုင္ေနသၫ့္ ေရွာင္ယန္သည္လည္း ဇက္ကေလးပုဝင္သြားရ၏။

ကားထဲမွာ ခဏေလာက္တိတ္ေနၿပီး က်န္းခ်င္းယြင္က မေအာင့္ႏိုင္ေတာ့ဘဲ ေနာက္တစ္ခါထပ္ေမးျပန္တယ္။ “နဉ္ရွီ.. မင္းနဲ႔ခ်န္းရွီေကြ့ၾကားက အတိအက်ကဘာလဲ?”

နဉ္ရွီက Weiboပြတ္ေနရင္း ေခါင္းမေထာင္ဘဲ ေျပာလိုက္သည္။ “အဲ့ဒါက အဲ့လိုပဲ”

“အႏုပညာရွင္တစ္ေယာက္ရဲ့မန္ေနဂ်ာတစ္ေယာက္အေနနဲ႔ ကိုယ့္အႏုပညာရွင္ရဲ့ကိုယ္ပိုင္ဘဝကို လြန္လြန္က်ူးက်ူး ဝင္မစြက္ဖက္ႏိုင္ဘူးဆိုေပမယ့္လည္း လူခ်မ္းသာေတြနဲ႔ အာဏာရွင္ေတြရဲ့ဘဝက မင္းထင္သလို မလွပေနဘူး” က်န္းခ်င္းယြင္က ကားကိုလမ္းေဘးဆီ ဦးတည္ရပ္လိုက္ကာ မိန္းေမာေနပံုရ၏။ “အစ္ကို လြန္ခဲ့တဲ့ဆယ္ႏွစ္ဝန္းက်င္က ေတာ္ေတာ့္ကိုေက်ာ္ၾကားတဲ့ အမ်ိဳးသမီးသရုပ္ေဆာင္တစ္ေယာက္ရဲ့ လက္ေထာက္တစ္ေယာက္ျဖစ္ခဲ့ဖူးတယ္... ေနာက္ပိုင္းက်ေတာ့ သူမသူေဌးတစ္ေယာက္နဲ႔လက္ထပ္လိုက္ၿပီး အဆံုးက် ႏွစ္အနည္းငယ္အတြင္းမွာပဲ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ေရြးခ်ယ္သြား‌ေရာ”
___________
Meow's Note: ေျမာင္မတစ္ေယာက္ အဆင္ပတ္ငမ္းေနလို႔ ၾကာသြားတယ္ ဟဲ"
___________

Continue Reading

You'll Also Like

41.9K 3.9K 108
💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်း...
2.7M 92.5K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
125K 18.5K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...