နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

Por Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Más

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [36]

1.2K 139 16
Por Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၃၆)

“မစ္စတာချန်း.. ခင်ဗျား စုံစမ်းခိုင်းထားတဲ့ကိစ္စ ဒီမှာပါ..”

ချန်းရှီကွေ့၏ရှေ့သို့ သေချာချိပ်ပိတ်ထားသော စက္ကူအိတ်တစ်အိတ် ရောက်ရှိလာသည်။ ချန်းရှီကွေ့က တစ်ချက်သာကြည့်ပြီး ဖွင့်မဖတ်ခဲ့ပေ။ “အဲ့နှစ်တုန်းက လူဘယ်နှစ်ယောက်များ ဒီကိစ္စထဲမှာ ပါဝင်ပက်သက်နေတာလဲ..?”

အလွတ်စုံထောက်က ချန်းရှီကွေ့၏ စာအိတ်ထဲမှ အကြောင်းအရာတွေအပေါ် လုံးဝစိတ်မဝင်စားသည့် အပြုအမူကို မြင်လိုက်သော်လည်း စိတ်ထဲမထားခဲ့ပေ။ သူက စာအိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ယူလိုက်သည်။ “ခင်ဗျားပြောချင်တာက အဲ့ကိစ္စထဲ ပါဝင်ခဲ့တဲ့လူတွေလား.. ဒါမှမဟုတ် အဲ့ကိစ္စကိုသိနေရက်နဲ့ နှုတ်ဆိတ်နေတဲ့လူတွေလား.. ကျွန်တော် သိပ်မရှင်းဘူး..”

အခန်းထဲတွင် တိတ်ဆိတ်ခြင်းများသာ စိုးမိုးသွားခဲ့၏။ ချန်းရှီကွေ့က လက်ဖက်ရည်ခါးခါး တစ်ငုံသောက်ကာ..

“နှစ်ခုလုံးသိချင်တယ်..”

“အဲ့နှစ်က အတန်းထဲမှာ ကျောင်းသားအားလုံးပေါင်း ၅၆ ယောက်ရှိတယ်.. ဒီကိစ္စထဲပါဝင်ခဲ့တာက ၁၂ ယောက်၊ အဲ့ထဲက ၅ ယောက်က တခြားအခန်းကပဲ.. အားလုံးခြုံကြည့်လိုက်ရင်တော့ ဒီကိစ္စကို သိထားတဲ့လူက အယောက် ၂၀ ကျော်လိမ့်မယ်..” ထိုအကြောင်းပြောနေရင်း အလွတ်စုံထောက်၏အသံက တဖြည်းဖြည်း တိုးလာခဲ့သည်။

(TN : သူပြောချင်တာက တိုက်ရိုက်ပါဝင်ခဲ့တာ ၁၂ ယောက်၊ သိလျက်နှုတ်ဆိတ်နေတဲ့လူတွေပါ ပေါင်းလိုက်ရင် အယောက် ၂၀ ကျော်လို့ပြောတာ။)

ချန်းရှီကွေ့ကိုယ်တိုင် ရွေးချယ်ငှားရမ်းခဲ့သည်အထိ ထိုအလွတ်စုံထောက်က စုံစမ်းထောက်လှမ်းရေးကိစ္စများတွင် အရည်အချင်းရှိသလို ပရော်ဖက်ရှင်နယ်ဆန်သည်။ စိတ်ချယုံကြည်ရသည်။ သူအလုပ်လုပ်ခဲ့သည့် နှစ်များစွာအတွင်း ဆိုးရွားသည့် ဖြစ်ရပ်များစွာ မြင်တွေ့ဖူးပြီးသားဖြစ်သော်လည်း ကျောင်းတွင်းအနိုင်ကျင့်မှု အနည်းငယ်သာ ပါဝင်ခဲ့၏။ မည်သို့ပင်ဆိုစေ ကျောင်းတွင်းအနိုင်ကျင့်မှု၊ အကြမ်းဖက်မှုဟူသည် မျက်မှောက်ခေတ်ကာလ၌ လျစ်လျူရှု၍မရသော ပြဿနာကြီးတစ်ရပ်ပင်။

လက်ရှိအမှု၏ နစ်နာသူသည် အဆင့်ကောင်းလွန်းသောကြောင့်၊ အဝလွန်နေသော ခန္ဓာကိုယ်ကြောင့် အနိုင်ကျင့်ခံရသူဖြစ်သည်။ ထိုအချိန်က ကျောင်းသားများဟာ ထိုမိန်းကလေးကို မနာလိုသောကြောင့် သိသိသာသာ ခွဲခြားဆက်ဆံခဲ့ကြသည်။ နောက်တော့ အတန်းထဲမှ မိန်းကလေးများစွာ၏ မင်းသားလေးအဖြစ် သတ်မှတ်ခံထားရသော ကောင်လေးတစ်ယောက်နှင့် တိတ်တခိုး ချစ်ကျွမ်းဝင်နေသည်ဟူသော ကောလာဟလကြောင့် ထိုမိန်းကလေးအပေါ် ခွဲခြားဆက်ဆံရာမှ အမုန်းတရားအဖြစ် ပြောင်းလဲသွားတော့သည်။ ထိုအချိန်မှစ၍ ကျောင်းသားများက သူမကို ဆိုးဆိုးရွားရွား အနိုင်ကျင့်ကြပြီး ပစ်ပယ်လာကြသည်။ ထိုအတွက် သူတို့ကိုယ်သူတို့ အမှန်တရား၏ ဘက်တော်သားများလိုပင် ပြုမူလာကြသည်။

ဘယ်သူက ဒီလောက်ရုပ်ဆိုးနေတာတောင် အတန်းရဲ့မင်းသားလေးကို ကြိတ်ကြွေခိုင်းလို့လဲ..?

ဘယ်သူက ဆရာတိုင်း သဘောကျပြီး အတုယူခိုင်းတဲ့အထိ မုန်းစရာကောင်းလောက်အောင် စာတော်ခိုင်းလို့လဲ..?

မနာလိုဖြစ်နေရာမှ ဘာမှမမြင်နိုင်ဖြစ်လာပြီး ဆယ်ကျော်သက်လေးများ၏ စိတ်လိုက်မာန်ပါ ပြုမူတတ်သောအကျင့်က နှစ်ခါပြန်မတွေးဘဲ တစ်ပါးသူကို ထိခိုက်နာကျင်စေသည်အထိ ဖြစ်လာတော့၏။ ဘယ်သူမှမထင်မှတ်ထားသည့် အဖြစ်အပျက်မျိုး ဖြစ်စေခဲ့သော နောက်ပြောင်မှုများပင် ပါဝင်လာခဲ့သည်။

ပို၍ထိတ်လန့်ဖွယ်ကောင်းသည်မှာ ထိုအမှုဖြစ်ပျက်ခဲ့စဉ်က လူတော်တော်များများ သိနေသည့်တိုင် နှုတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြခြင်းပင်။ ထုတ်ပြောလိုက်သည်နှင့် နောက်ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်နေကြတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ဘယ်သူဘာဖြစ်ဖြစ် လုံးဝဂရုမစိုက်တတ်သော စိတ်ဓာတ်ပိုင်ရှင်များ ဖြစ်နိုင်သည်။

သို့သော် မည်သို့ပင်ဆိုစေ ဤအမှုအကြောင်း တွေးမိတိုင်း မည်သူမဆို ထိတ်လန့်မိမည်ပင်။

ခုနစ်နှစ်ဟူသော အချိန်ကာလက ဖြစ်ရပ်တစ်ခုလုံးကို ဖုံးကွယ်နိုင်ခဲ့ဟန်ပေါ်သော်လည်း တကယ်တမ်းတော့ ကိစ္စတစ်ခုဖြစ်ပျက်ပြီးသည်နှင့် ၎င်း၏အရိပ်က ထပ်ကြပ်မကွာ အမြဲတမ်း လိုက်ပါနေလိမ့်မည်။

“ဟိုတလောက အဲ့ကျောင်းသားတွေဆီ သွားစုံစမ်းကြည့်တော့ နဉ်ရှီအကြောင်း အကောင်းပြောကြတာပါပဲ.. ဝ,ပေမယ့် အဆင့်ကောင်းတယ်.. စရိုက်ကောင်းတယ်.. စသည်ဖြင့်ပေါ့..” အလွတ်စုံထောက်က လှောင်ပြုံးပြုံးလိုက်ကာ.. “အချိန်ဆိုတာ အတော်ဆုံးအလှဖန်တီးရှင်ပဲနော်.. အတိတ်ကမှတ်ဉာဏ်တွေကို အလှပဆုံး ပြန်လည်ပြုပြင်ပေးနိုင်တယ်..”

“နာမည်စာရင်းပေး..” အလွတ်စုံထောက်ထံ လက်လှမ်းလာသော ချန်းရှီကွေ့၏အသံက အနည်းငယ် အက်ကွဲနေလေသည်။

အလွတ်စုံထောက်သည်လည်း ချန်းရှီကွေ့၏လက် အနည်းငယ် တုန်ယင်နေသည်ကို သတိပြုမိလိုက်သောကြောင့် အံ့ဩတကြီး မော့ကြည့်လိုက်မိသည်။ ထိုအခါ တစ်ဖက်လူ၏မျက်နှာက ဝမ်းနည်းနာကျင်နေဟန်အပြည့် ဖြစ်နေသည်ကို တွေးလိုက်ရ၏။

နစ်နာသူနှင့်ပက်သက်၍ မစ္စတာချန်းတွင် တမူထူးခြားသော ခံစားချက်တစ်ချို့ ရှိနေဟန်တူသည်။ အနှီထင်မြင်ချက်ဖြင့် အလွတ်စုံထောက်က စာရင်းစာရွက် ကမ်းပေးလိုက်သည်။

“မစ္စတာချန်း.. ကျွန်တော်က အလွတ်စုံထောက်ဆိုပေမယ့် တရားဥပဒေချိုးဖောက်တဲ့ ကိစ္စတွေတော့ မလုပ်ပေးနိုင်ဘူးနော်.. ကြိုတင် အသိပေးထားတာပါ..”

အလွတ်စုံထောက်က အချက်အလက်အားလုံး ဖတ်ပြီးသည်နောက် မလုပ်သင့်သောကိစ္စများ ကျူးလွန်မိ၍ အမှုတွဲထဲပါသွားမည်ကို စိုးရိမ်နေခြင်းပင်။

စာရွက်ကိုင်ထားသော ချန်းရှီကွေ့၏လက်က တင်းကျပ်သွားခဲ့သည်။ စာရွက်ပြဲသွားခါမှ ချန်းရှီကွေ့လည်း သူ့ကိုယ်သူ စိတ်ပြန်ထိန်းလိုက်ရင်း.. “ခင်ဗျားအတွေးလွန်နေပြီ..”

အလွတ်စုံထောက်က မတတ်သာဟန်ဖြင့် ရယ်မောလိုက်သည်။ ဟုတ်သည်။ ယေဘုယျကျကျ တွေးကြည့်လျှင် ချန်း Group ၏ လူလေးစားခံ ဂုဏ်သရေရှိ CEO တစ်ယောက်၏ဘေးတွင် သူအလိုရှိသည်နှင့် ဘာမဆိုလုပ်ပေးနိုင်သော လူပေါင်းများစွာ ရှိနေပြီးသားဖြစ်ရာ အဘယ်ကြောင့် ဥပဒေချိုးဖောက်ရန် လိုအပ်ပါမည်နည်း။

ထိုသို့တွေးမိသည်နှင့် အလွတ်စုံထောက်က ဦးထုပ်ဆောင်းကာ မျက်မှန်တပ်လိုက်ရင်း..

“အချက်အလက်က ဒါအကုန်ပါပဲ.. တခြားသိချင်တာရှိသေးလား..?”

ချန်းရှီကွေ့က ခေါင်းယမ်းလိုက်ရင်း ခြောက်ကပ်စွာ ပြောလိုက်သည်။

“မရှိဘူး..”

“အိုကေ..” အလွတ်စုံထောက်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက် လှည့်ထွက်သွားပြီးမှ ရုတ်တရက် နောက်လှည့်ကြည့်ကာ.. “မစ္စတာချန်းရဲ့ ရက်ရောမှုအတွက် ကျွန်တော် ထပ်ပြီးသတိပေးပါရစေ.. တရုတ်ပြည်ကို ပြန်လာတဲ့ နစ်နာသူရဲ့ ရည်ရွယ်ချက်က နာမည်ကြီးဖြစ်ချင်ရုံလောက် ရိုးရှင်းမှာမဟုတ်ဘူး..”

ထိုကိစ္စထဲ ပါဝင်ပက်သက်ခဲ့သူများတွင် တချို့တစ်ဝက်ခန့်က ကံဆိုးမှုများစွာ ကြုံတွေ့ခဲ့ရပြီးဖြစ်၏။ ဥပမာ ရည်းစားနှစ်ယောက် တပြိုင်တည်းထားလျှင် ကျိန်းသေပေါက် အဖော်ခံရသည်။ အလုပ်ကို ချောင်ခိုနေလျှင် ခေါင်းဆောင်ထံ သတင်းပြန်ရောက်သည်။ ထိုကံဆိုးမှုများထဲတွင် ကုမ္ပဏီ၏ လျှို့ဝှက်ချက် ခိုးယူမှုဖြင့် လွန်ခဲ့သောနှစ်က တရားစွဲခံရပြီး ထောင်ထဲရောက်သွားသည့် တစ်ယောက်က အဆိုးဆုံးပါပင်။

ကမ္ဘာပေါ်တွင် ကံဆိုးသူအများအပြားရှိသော်လည်း ထိုအမှုထဲ ပါဝင်ခဲ့သူများ အမြဲလိုလို ကံဆိုးတတ်တာကိုတော့ သေသေချာချာ တွေးကြည့်သင့်ချေပြီ။

“မင်းဘာပြောချင်တာလဲ..?” ချန်းရှီကွေ့၏မျက်နှာက ရုတ်ချည်း ခက်ထန်သွား၏။ သူက အလွတ်စုံထောက်နား လျှောက်သွားကာ လေသံမာမာဖြင့်.. “မစ္စတာစုံထောက်.. ကျုပ် ဒီလိုအခြေအမြစ်မရှိတဲ့ကိစ္စတွေ မကြားချင်ဘူး..”

အလွတ်စုံထောက်ခမျာ ကျောချမ်းသွားပြီး ဘာကြောင့်ရယ်မသိ နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။ ပြီးနောက် ခြောက်ကပ်ကပ်ရယ်ကာ.. “ကျွန်တော် အတွေးလွန်သွားတာပါ.. မစ္စတာချန်း အလုပ်များနေမှတော့ ကျွန်တော် မနှောင့်ယှက်တော့ဘူးနော်..”

အလွတ်စုံထောက် ထွက်သွားသည်နှင့် ချန်းရှီကွေ့လည်း စာအိတ်ကိုင်ကာ အိမ်ပြန်လာလိုက်သည်။

စာကြည့်ခန်းထဲတွင် နာရီဝက်ခန့် သည်အတိုင်း ထိုင်နေခဲ့ပြီးမှ စာအိတ်ထံ လက်လှမ်းလိုက်သည်။ သို့တိုင် ထိုစာအိတ်ကို ဖွင့်မကြည့်ရဲခဲ့ပေ။

သူသာ ဒီထက်ပိုပြီး ဂရုစိုက်ပေးခဲ့လျှင်…

ဆရာ/ဆရာမများမှတဆင့် ရိုးရိုးရှင်းရှင်း‌ မေးမြန်းရုံသာ မလုပ်ခဲ့လျှင်…

နဉ်ရှီ အနိုင်ကျင့်ခံရမည်မဟုတ်ပေ။

သူသာ အလုပ်ရှုပ်မနေဘဲ စောစောစီးစီး သွားတွေ့ခဲ့လျှင်…

နဉ်ရှီတစ်ယောက်တည်း အတိတ်၏ဒဏ်ရာများကို ရင်ဆိုင်ကျော်လွှားရင်း အသက်ရှင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရမည်မဟုတ်ပေ။

စာအိတ်ဖောက်လိုက်သောအခါ နဉ်ရှီ အထက်တန်းတက်စဉ်က ဓာတ်ပုံလေးကို အရင်ဆုံး မြင်လိုက်ရ၏။ ပန်းသီးလုံးလေးလို ဝိုင်းစက်စက်မျက်နှာပေါ်၌ နေရောင်ခြည်ပမာ တောက်ပသော အပြုံးနုနုလေး ထင်ဟပ်နေလေသည်။

သို့သော် စာရွက်ဆက်လှန်လေ၊ ချန်းရှီကွေ့၏လက်က တဖြည်းဖြည်း တုန်ယင်လာလေပင်။

နောက်ဆုံးမှရေလျှင် ဒုတိယစာရွက်သည် နဉ်ရှီအမေ၏ သေစာရင်းမိတ္ထူဖြစ်ပြီး အလွတ်စုံထောက်က ၎င်းပေါ်တွင် မှတ်ချက်တချို့ ရေးထားသည်။

-နဉ်ပေါ်သေဆုံးပြီး တစ်လအကြာမှာ ချင်ရီလည်း တိုက်ပေါ်ကနေ ခုန်ချသတ်သေသွားခဲ့တယ်။

(TN : နဉ်ပေါ်က နဉ်ရှီအဖေ၊ ချင်ရီက နဉ်ရှီအမေပါ။)

စာကြောင်းတိုလေးမျှသာ၊ သို့သော် လူတစ်ယောက်၏ နှလုံးအိမ်ကို အေးစက်သွားစေ၏။

အောက်မှာတော့ ဓာတ်ပုံတစ်ပုံ ပါရှိသည်။ ထိုဓာတ်ပုံထဲတွင် နဉ်ရှီသည် အတော်လေး ပိန်ကျသွားရှာသည်။ ထို့အပြင် အင်မတန်လေးသည့် ပစ္စည်းတစ်ခုကို ကုန်းရွှေ့နေပြီး သူမ၏ မျက်နှာအမူအရာအရ အတော်လေး ဝန်နှင့်အားမမျှ ဖြစ်နေဟန်တူသည်။

လူသွားလူလာ ရှုပ်ထွေးသော ပတ်ဝန်းကျင်အနေအထားအရ နိုင်ငံရပ်ခြားမှာ ရိုက်ကူးခဲ့သော ဓာတ်ပုံပင်။

ဖောက်..!

နဉ်ရှီ၏ မျက်နှာထားတင်းတင်းလေးပေါ်သို့ ကြည်လဲ့နေသော အရည်တစ်စက် ကျသွားခဲ့လေသည်။

(TN : ဓာတ်ပုံပေါ်ကို မျက်ရည်စက် ကျသွားတာပါ။ ချစ်ရတဲ့မိန်းကလေးအတွက် နာကျင်ခံစားနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ မျက်ရည်…)

***

“နဉ်ရှီ..” ကျန်းချင်းယွင်က နဉ်ရှီထံ ပစ္စည်းတချို့ ကမ်းပေးလိုက်ကာ.. “ညနေရှုတင်ပြီးရင် Show အတွက် ရုပ်သံဌာနကို လိုက်ပို့ပေးမယ်..”

နဉ်ရှီက ထိုပစ္စည်းများကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ သူမ,ပါဝင်ရမည့် Show သည် လူ့တန်ဖိုးမြှင့်တင်ရေးကို အလေးပေးသော Talk Show တစ်ခုဖြစ်ပြီး တစ်ခြား Variety Show များနှင့်ယှဉ်လျှင် ကြည့်ရှုနှုန်းက နာမည်ကြီး Show များ၏ အစွန်းထွက်မျှသာ ရှိ၏။

ကျန်းချင်းယွင်အပေါ် သူမ နားလည်ထားသလောက် ဤသို့ TV Show တစ်ခုကို ပြီးပြီးရော စီစဉ်ပေးမည်မဟုတ်ပေ။ Rating နည်းပြီး ပရိသတ်စိတ်ဝင်စားမှုမရှိသော Program တစ်ခုထဲ ပါဝင်ခိုင်းခြင်းမှာ အကြောင်းပြချက် ရှိနိုင်သည်။

ဇာတ်ညွှန်းဖွင့်ဖတ်လိုက်သည်နှင့် နဉ်ရှီ နားလည်သွားခဲ့သည်။ ဤရာသီအတွက် TV Show ၏ခေါင်းစဉ်ကား ‘ကျောင်းတွင်းအနိုင်ကျင့်မှု’ ပင်။

နဉ်ရှီ ကျန်းချင်းယွင်ကို မော့ကြည့်လိုက်မိသည်။ သို့သော် ဘာမှမပြောခဲ့ပါချေ။

“လူထုအမြင်ကို လျော့မတွက်နဲ့..” ကျန်းချင်းယွင်က နဉ်ရှီ၏မျက်ဝန်းများကို သတိမပြုမိခဲ့ချေ။ “မင်းသာ လူထုထောက်ခံမှုရခဲ့ရင် သူတို့ရဲ့အင်အားနဲ့ တကယ့်အံ့အားသင့်စရာတွေ ဖြစ်လာလိမ့်မယ်..”

“ကျေးဇူးတင်ပါတယ်.. အစ်ကိုကျန်း..”

နဉ်ရှီက ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။ ကျန်းချင်းယွင်က သူမအတွက် လမ်းခင်းပေးလိုက်ခြင်း။ တစ်နေ့ ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်ရှိသော် သူမပြောခဲ့သမျှ စကားလုံးတိုင်း အကျုံးဝင်လာလိမ့်မည်။ လူထုအမြင်ကို ဖမ်းဆုပ်ထားနိုင်မည့် အစွမ်းထက်ဆုံး လက်နက်တစ်ခု ဖြစ်လာချေလိမ့်မည်။

“ဘာအတွက် ကျေးဇူးတင်နေတာလဲ.. ငါက လူမှုရေးအရ လုပ်ပေးတာပါနော်..” ကျန်းချင်းယွင်က နေရခက်နေဟန်ဖြင့် နှာခေါင်းပွတ်ရင်း ထရပ်လိုက်သည်။ “ဟုတ်ပါပြီ.. အဲ့တာဆို ညနေကျမှ လာခေါ်မယ်..”

နဉ်ရှီက အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နေ့လည်စာစားချိန်တွင် နဉ်ရှီက ‘Yunyue of Han Dynasty’ ၏ တရားဝင်အကောင့်မှ Weibo Post တစ်ခုကို Forward လုပ်လိုက်၏။ ရုပ်ရှင်စလွှင့်နေပြီဖြစ်ပြီး ကြည့်ရှုနှုန်း ဆက်တိုက်တက်နေသောကြောင့် Rating အကောင်းဆုံး TV Series တစ်ခု ဖြစ်လာခဲ့သည်။ သို့သော် နဉ်ရှီ၏ မင်းသမီးသန်းလီဇာတ်ကောင်က အပိုင်း ၂၀ ကျော်မှ ပေါ်ထွက်လာမည်ဖြစ်ရာ Episode တစ်ခုချင်းစီတိုင်း အဖွင့်ဇာတ်ကွက်များမှလွဲ၍ လုံးဝပေါ်ထွက်လာခြင်း မရှိသေးပေ။

‘Yunyue of Han Dynasty’ က ပရိသတ်အာရုံဆွဲဆောင်ရန် Trailer တစ်ခု ထုတ်ပေးခဲ့ပြီး ထိုထဲတွင် နဉ်ရှီ၏ ဇာတ်ကွက်တချို့ ပါဝင်နေသောကြောင့် ‘Yunyue of Han Dynasty’ ၏ တရားဝင်အကောင့်တွင် နဉ်ရှီကို အထူးတလည် Tag ထား၏။

ဧကရာဇ်ဟန်ဝူ၏ အချစ်ဆုံးသမီးတော် မင်းသမီးသန်းလီသည် ပထမအဆင့်မင်းသမီးကြီးအဖြစ်ပင် ချီးမြှောက်ခံရသူဖြစ်သည်။ တရားမဝင်မှတ်တမ်း အားလုံးနီးပါးတွင် ‘ဟန်မင်းဆက်၏ ပထမဆုံးမင်းသမီးကြီး’အဖြစ် တရိုတသေ သုံးနှုန်းထားကြပြီး မည်မျှလှပတင့်တယ်ကြောင်း မှတ်တမ်းမှတ်ရာများလည်း ရှိလေသည်။

‘Yunyue of Han Dynasty’ သည် အလွန်လေးနက်သော ဇာတ်လမ်းတစ်ပုဒ်ဖြစ်၍ ဟန်မင်းဆက်ရာဇဝင်အကြောင်း သိနားလည်သူတိုင်း အနည်းနှင့်အများဆိုသလို ကြိုက်နှစ်သက်ကြသည်။ Trailer ထဲမှ နဉ်ရှီ၏ အသွင်အပြင်နှင့် သရုပ်ဆောင်ပုံကို မြင်သောအခါ သူတို့အားလုံး ကြက်သေ,သေကုန်တော့သည်။

တင့်တယ်လှပသော ဝတ်စားဆင်ယင်ပုံနှင့် ဦးခေါင်းထက်မှ အဆင်တန်ဆာများက သူမ၏ ဂုဏ်အသရေ၊ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ဖော်ကျူးနေလေ၏။

ရုပ်ရှင်ထဲတွင် နဉ်ရှီက ထိမ်းမြားလက်ထပ်ခြင်း မပြုရသေးသော ဆယ်ကျော်သက်အရွယ် မင်းသမီးလေးသန်းလီအဖြစ် သရုပ်ဆောင်ထားသည်။ ဇာတ်လမ်းပုံစံကြောင့် သူမ၏ဇာတ်ကွက်က သိပ်မများပေ။ သို့သော် ပြတင်းပေါက်ကိုမှီကာ ထိုင်နေရင်း ဧကရာဇ်ဟန်ဝူ လာသည်ကိုမြင်၍ ခေါင်းမော့ကာ နူးနူးညံ့ညံ့လေး ပြုံးပြုလိုက်ဟန်က ‘မျက်နှာချစ်သူ’ ပရိသတ်များကို တစ်ခါတည်း သတ်ချလိုက်နိုင်၏။

အင်တာနက်သုံးသူ A : “အမေရေ.. အမေ့သမီးတော့ မိန်းကလေးအချင်းချင်း ချစ်မိသွားပြီ.. ခွင့်လွှတ်ပေးပါတော့..”

အင်တာနက်သုံးသူ B : “နောက်ဆုံးတော့ မင်းသမီးသန်းလီကို ဧကရာဇ်ဟန်ဝူ ဘာလို့မျက်နှာသာပေးလဲဆိုတာ ငါနားလည်သွားပြီ.. ငါ့မှာသာ ဒီလောက်လှတဲ့ သမီးလေးရှိရင် ဘာမဆိုအကုန်ပေးမိမှာ.. ငါ့ကိုယ်ငါတောင် ထိန်းချုပ်နိုင်မှာမဟုတ်ဘူး.. ယောက်ျားတွေအားလုံး ဒီအဖေရဲ့ရန်သူပဲ..!”

အင်တာနက်သုံးသူ C : “ငါတို့မိသားစုဝင် နတ်ဘုရားမလေးရဲ့အပြုံးက လှရက်လိုက်တာကွာ.. အရမ်းအရမ်းလှပြီး ဖြူစင်လွန်းတယ်.. အပြုံးလေးထဲမှာ အပြစ်ကင်းတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေရောပဲ.. ဘယ်လိုပြောရမလဲ..? သူမရဲ့ အပြုံးလေးတစ်ခုက မြို့တစ်မြို့လုံးကို ပြောင်းပြန်လှန်ပစ်နိုင်တယ် ဆိုတာမျိုးပေါ့.. နောက်ထပ်အပြုံးတစ်ခုများ ထပ်ရလိုက်ရင် တစ်တိုင်းပြည်လုံးကိုများ ပြောင်းပြန်လှန်နိုင်လောက်မလား..? ဟုတ်တယ်ဟုတ်..! မင်းလေးရှေ့မှာ ဒူးထောက်ပါတယ်ကွာ.. ဒူးထောက်ရုံတင်မကဘူး.. အကုန်လုံးပေးတယ်.. မင်းအတွက်ဆိုရင် အကုန်လုံးပေးအပ်ဖို့ ဆန္ဒရှိတယ်.. ငါ့မှာရှိသမျှ အရာအားလုံး ပုံအပ်မယ်ကွာ..”

အင်တာနက်သုံးသူ D : “ဘာမှမပြောချင်တော့ဘူး.. Screen နည်းနည်းလေး ညစ်ပတ်နေလို့ လျှာနဲ့သာ လျက်ချင်တော့တယ်..”

‘Yunyue of Han Dynasty’ က Trailere ထုတ်ပေးပြီးနောက် Forward လုပ်သူ အများအပြားရှိခဲ့သည်။ Comment တိုင်းက အော်ဟစ်သံတွေ၊ Screen ကို လျှာဖြင့်လျက်တာတွေသာ ပြည့်နှက်နေပြီး ယင်းအခြေအနကြောင့် တရားဝင်အကောင့်မှ နဉ်ရှီ၏ ဗီဒီယိုအပိုင်းတိုလေးများ ထပ်မံတင်ပေးလာ၏။ ပထမတစ်ခုက Trailer ထဲတွင်ပါသော ပြတင်းပေါက်ကိုမှီကာ ပြုံးနေသည့် အကောင်းဆုံးလက်ရာလေးပင်။ ဒုတိယတစ်ခုတွင် မင်းသမီးသန်းလီ(နဉ်ရှီ)က ဟန်မင်းဆက်၏ ဧကရာဇ်ဟန်ဝူကို တင့်တယ်ကြော့ရှင်းစွာ ဂါဝရပြုနေပြီး နောက်ဆုံးတစ်ခုကတော့ လမ်းလျှောက်နေရာမှ ရုတ်တရက် လှည့်ကြည့်လိုက်သော ဗီဒီယိုလေးဖြစ်သည်။

အင်တာနက်သုံးသူများလည်း ‘Yunyue of Han Dynasty’ တရားဝင်အကောင့်၏ ရည်ရွယ်ချက်ကို မြင်နိုင်ပါသော်လည်း ဆွဲဆောင်မှုဒဏ်ကို မခံနိုင်ခဲ့ပေ။ သို့နှင့် ‘Yunyue of Han Dynasty’ ရုပ်ရှင်၏ ကြည့်ရှုသူအဖြစ်၊ သို့တည်းမဟုတ် အွန်လိုင်းထုတ်လွှင့်မှုထဲ ဝင်ရောက်ကြည့်ရှုသူအဖြစ် အသံတိတ်ပူးပေါင်းပေးရင်း Screen ကို လျှာဖြင့်လျက်နေကြတော့သည်။

တစ်ချက်လေးဝင်ကြည့်မိရုံဖြင့် ဇာတ်လမ်းတည်ဆောက်ပုံ၊ သရုပ်ဆောင်များ၏ ပြောင်မြောက်လွန်းသော သရုပ်ဆောင်ချက်များကြောင့် ဆက်မကြည့်ရမနေနိုင်အောင် ဖြစ်လာကြတော့သည်။

ရေပန်းစားမှု အရှိန်မသေသေးခင် ဧကရာဇ်ဝူတိအဖြစ် သရုပ်ဆောင်သော လျှိုကျန်းသုန်က မီးစာထပ်ဖြည့်လိုက်၏။ သူက သူ၏ Weibo Account တွင် Caption တစ်ခုနှင့်အတူ နန်းတော်ပုံ တင်လိုက်သည်။

လျှိုကျန်းသုန် [V] : သမီးတော်လေး.. ပြတင်းပေါက်အပြင်ကို ကြည့်လိုက်စမ်း.. ဒါက သမီးတော်လေးအတွက် ဖခမည်းတော်ပိုင်စိုးတဲ့ ကုန်းမြေပဲ.. [ ဓာတ်ပုံ ] //နဉ်ရှီ [V]

ကျိုးဟိုင်လီ [V] : အရှင်မင်းကြီး.. ကျွန်တော်မျိုးမအတွက်ရော..? // လျှိုကျန်းသုန် [V]

ကျိုးဟိုင်လီက မိဖုရားခေါင်ကြီးဝေကျစ်ဖူအဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း လူတိုင်း သိနေသောကြောင့် ပရိသတ်များ ခွက်ထိုးခွက်လန် ရယ်မောကြတော့သည်။ များမကြာမီ မှူးမတ်ဝန်မင်းများနှင့် ကိုယ်လုပ်တော်အဖြစ် သရုပ်ဆောင်ထားကြသော သရုပ်ဆောင်များလည်း ဝင်ရောက်စနောက်ကြလေသည်။ လူတိုင်း လျှိုကျန်းသုန်၏ Weibo Post ကို Forward လုပ်ကာ ‘ကျွန်တော်မျိုး/ကျွန်တော်မျိုးမတို့ အတွက်ရော..?” ဟုမေးမြန်းကြတော့သည်။

‘Yunyue of Han Dynasty’ ၏ သရုပ်ဆောင်အများစုသည် ထင်ရှားကျော်ကြားကြ၏။ ပရိသတ်အမြင်မှာတွင် သူတို့အားလုံးသည် သီးခြားဆန်သော လူသားများသာ။ ယနေ့တော့ အနှီသီးခြားဆန်သော၊ ထင်ရှားကျော်ကြားသော ကြယ်ပွင့်များက ရောထွေးယှက်တင် စနောက်နေကြပြီး အတော်လေး ပျော်မြူးနေကြလေသည်။ ထိုအဖြစ်ကြောင့် ‘နာမည်ကြီးကြယ်ပွင့်တွေလည်း ဒီလိုစနောက်တတ်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး’ ဟူ၍ ပရိသတ်များ ထုတ်ပြောလာသည်အထိ။

ဒါပေါ့၊ နဉ်ရှီ၏ Reply က အကြမ်းဆုံးပင်။

နဉ်ရှီ [V] : အို.. [အေးစက်စက်မျက်နှာထား] //လျှိုကျန်းသုန်

ဝန်းရံနေသော ပရိသတ်များ : “ဟားဟားဟား.. ငါ့ရဲ့စိတ်ထဲ သမီးကို သည်းသည်းလှုပ်နေတဲ့ အဖေကြီးနဲ့ အေးတိအေးစက် သီးခြားဆန်တဲ့ သမီးလေးရဲ့ တစ်နေ့တာဖြတ်သန်းပုံတွေကို မြင်ယောင်လာမိပြီဟေ့.. အရှင်မင်းကြီးရေ.. အရှင့်ရဲ့မိသားစုဝင် မင်းသမီးလေးက အရှင့်ကို အသိအမှတ်ပြုချင်ပုံမရဘူး.. အဲ့တာကြောင့် အေးတိအေးစက် လုပ်နေတာဖြစ်မယ်..”

ဤသို့ဖြင့် ‘Yunyue of Han Dynasty’ အကြောင်းဟာ Weibo ၏ Trending Topic သို့ အလျင်အမြန် ရောက်ရှိသွားတော့၏။ ဝါရင့်အနုပညာရှင်များဘက်မှ နဉ်ရှီကို Tag တွဲကာ အရင်စနောက်လာတာကြောင့် နဉ်ရှီ၏ပရိသတ်များ ပျော်ရွှင်နေကြတော့သည်။ ဤသည်က သူတို့၏ဆက်ဆံရေး အတော်ကောင်းမွန်ကြောင်း ဖော်ပြနေသောကြောင့်ပင်။

လျှိုကျန်းသုန်နှင့် ကျိုးဟိုင်လီကဲ့သို့ ဝါရင့်သရုပ်ဆောင်များသည် အနုပညာလောက၏ ဒဏ္ဍာရီသဖွယ် ထင်ကျန်ရစ်လောက်အောင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များပင်။ သူတို့က တော်ရုံ Variety Show များတွင် ပါဝင်လေ့မရှိသလို တခြားလူအကြောင်း အလွယ်တကူ မပြောတတ်ကြရာ ဤသို့စန်းတင်သည့် ကိစ္စဆိုလျှင် ထည့်ပြောနေစရာ မလိုတော့ချေ။ သို့သော် သူတို့၏ အနေအထား၊ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်အများအပြား ကျန်ရှိနေဆဲ။ သရုပ်ဆောင်အသစ်လေးတွေ မည်မျှကျော်ကြားလာပါစေ၊ သူတို့ရှေ့မှာတော့ စီနီယာဟုခေါ်ကာ ရိုရိုကျိုးကျိုး နေကြရမည်ပင်။

ထိုကဲ့သို့သော သရုပ်ဆောင်များထံမှ ချီးမွမ်းခံရခြင်းသည် သရုပ်ဆောင်သစ်တစ်ယောက်ကို တစ်ဖက်လှည့် အသိအမှတ်ပြုခြင်းပင် ဖြစ်၏။ ဥပမာအားဖြင့် လျှိုကျန်းသုန်၏ Weibo Account သည် နှစ်ဝက်ခန့် update မရှိခဲ့သော်လည်း ရုတ်တရက် ဟာသပို့စ်တင်ကာ နဉ်ရှီကိုပင် တကူးတက မီးမောင်းထိုးပြထားသည်။ ကြည့်လိုက်ရုံဖြင့် နဉ်ရှီအပေါ် အမြင်ကောင်းရှိကြောင်း လူတိုင်း ပြောနိုင်သည်။

သူနှင့်အတူ ရုပ်ရှင်ဘုရင်မ ကျိုးဟိုင်လီလည်း ပါဝင်နေ၏။ သူမက နဉ်ရှီ၏ Weibo ကို အစကတည်းက Follow လုပ်ထားသည်။ သူမ၏ Weibo Account တွင် post သိပ်မတင်ပါသော်လည်း ကျိုးတိုးကျဲတဲ Post များထဲမှ တစ်ဝက်ခန့်က နဉ်ရှီနှင့် ပက်သက်နေပြန်သည်။ ထိုအရာများက သူတို့နှစ်ဦး သိကျွမ်းခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း သက်သေများပင်။

ဒါက ဘာကိုဖော်ပြနေသလဲ..?

ဒါက သူတို့မိသားစုဝင်လေးရှီရှီ အရမ်းလူကြိုက်များတဲ့အကြောင်း ဖော်ပြနေတာပေါ့..!

မဟုတ်ရင် ဒီလိုဝါရင့်သရုပ်ဆောင်တွေနဲ့ ဘယ်လိုလုပ်ခင်မင်နေမှာလဲ..? သာမာန်လူသစ်လေးတွေ စဉ်းတောင်မစဉ်းစားရဲတဲ့ ကိစ္စ… သူတို့မိသားစုဝင်လေး ရှီရှီကတော့ လုပ်နိုင်ခဲ့ပြီ..!

ပရိသတ်အများစုက ဤအတိုင်းပင်။ အောင်မြင်မှုသေးသေးလေးဖြစ်ပါစေ၊ သူတို့သရုပ်ဆောင်အတွက် ဂုဏ်ယူတတ်ကြသည်ချည်း။ အပြင်လူက သူတို့သရုပ်ဆောင်ကို ချီးမွမ်းလာသောအခါ ဝမ်းသာအားရ ဂုဏ်ယူနေကြတော့သည်။

‘သုံးဘဝ သုံးရောင်ခြယ်’မှ သရုပ်ဆောင်အများစုလည်း Weibo သုံးကြသည်။ ထို့ကြောင့် နဉ်ရှီနှင့် ဝါရင့်သမ္ဘာရင့်များ စနောက်ကျီစယ်နေသည်ကို မြင်သောအခါ နဉ်ရှီအပေါ် အထင်ကြီးလေးစားလာတော့သည်။ ဤလောကထဲတွင် ထိုဝါရင့်ကြီးများနှင့် လူတိုင်း စကားလက်ဆုံ ပြောနိုင်သည်မဟုတ်။ သို့ဖြစ်ရာ သူတို့နှင့် နဉ်ရှီကြားမှ အကွားအဝေးက ၁၈ ဆင့်မက ကွာဝေးနေချေပြီ။

လူသားများသည် သူမသာကိုယ်မသာဆိုလျှင် မနာလိုဖြစ်တတ်သော်လည်း သူတို့ထက် အရမ်းသာသွားလျှင် အထင်ကြီးလေးစားကြ၏။ နဉ်ရှီက သူတို့ကို အနောက်မှာ ချန်ထားရစ်ခဲ့လေပြီ။

“အစ်မရှီရှီ.. အခုလေးတင် အစ်မဆီ ဖုန်းဝင်လာတယ်..”

နဉ်ရှီ ရိုက်ကူးရေးပြီးသည်နှင့် ရှောင်ယန်က ဖုန်းယူကာ ချက်ချင်း ရောက်လာသည်။ ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်သောအခါ ချန်းရှီကွေ့ ဖြစ်နေ၏။ နဉ်ရှီလည်း မိတ်ကပ်ပြင်သည့် အခန်းဆီသွားကာ ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး မိတ်ကပ်ဖျက်ရန် ကူညီပေးသည့် မိတ်ကပ်ဆရာကို တောက်ပစွာ ပြုံးပြလိုက်သည်။ ပြီးနောက် ချန်းရှီကွေ့ထံ ဖုန်းပြန်ခေါ်လိုက်သည်။

“ဒီပရောဂျက်ကို ဘယ်သူတင်တာလဲ..?!” ချန်းရှီကွေ့၏မျက်နှာက အလွန်တည်တင်းနေပြီး လက်ထဲမှဖိုင်ကို လွှင့်ပစ်လိုက်၏။ “ပြန်ရေး..!”

ဘေးနားရှိနေသည့် လူအားလုံး ဇက်ပုသွားကြသည်။

ဒီနေ့ သူတို့သူဌေး အတော်လေး စိတ်မကြည်ပုံပဲ။ ဒီလိုမပေါက်ကွဲတာ အတော်ကြာပြီ..!

Ring.. Ring.. Ring

ဘယ်.. ဘယ်သူကများ ဒီအချိန်ကြီးမှာ ဖုန်းဖွင့်ထားရဲတာလဲ..? သူဌေး ဒေါသထွက်နေတာ မလုံလောက်သေးလို့ သူ့စိတ်ကိုသွားဆွနေတာလား..?

………………………………
Meow's Note: နဉ်ရှီရဲ့အတိတ်က တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီနော်(⁠✷⁠‿⁠✷⁠)
.........................................

[Zawgyi]

အပိုင္း - (၃၆)

“မစၥတာခ်န္း.. ခင္ဗ်ား စံုစမ္းခိုင္းထားတဲ့ကိစၥ ဒီမွာပါ..”

ခ်န္းရွီေကြ့၏ေရ႔ွသို႔ ေသခ်ာခ်ိပ္ပိတ္ထားေသာ စကၠူအိတ္တစ္အိတ္ ေရာက္ရိွလာသည္။ ခ်န္းရွီေကြ့က တစ္ခ်က္သာၾကၫ့္ၿပီး ဖြင့္မဖတ္ခဲ့ေပ။ “အဲ့ႏွစ္တုန္းက လူဘယ္ႏွစ္ေယာက္မ်ား ဒီကိစၥထဲမွာ ပါဝင္ပက္သက္ေနတာလဲ..?”

အလြတ္စံုေထာက္က ခ်န္းရွီေကြ့၏ စာအိတ္ထဲမွ အေၾကာင္းအရာေတြအေပၚ လံုးဝစိတ္မဝင္စားသၫ့္ အျပဳအမူကို ျမင္လိုက္ေသာ္လည္း စိတ္ထဲမထားခဲ့ေပ။ သူက စာအိတ္ထဲမွ စာရြက္တစ္ရြက္ ထုတ္ယူလိုက္သည္။ “ခင္ဗ်ားေျပာခ်င္တာက အဲ့ကိစၥထဲ ပါဝင္ခဲ့တဲ့လူေတြလား.. ဒါမွမဟုတ္ အဲ့ကိစၥကိုသိေနရက္နဲ႔ ႏႈတ္ဆိတ္ေနတဲ့လူေတြလား.. ကြၽန္ေတာ္ သိပ္မရွင္းဘူး..”

အခန္းထဲတြင္ တိတ္ဆိတ္ျခင္းမ်ားသာ စိုးမိုးသြားခဲ့၏။ ခ်န္းရွီေကြ့က လက္ဖက္ရည္ခါးခါး တစ္ငံုေသာက္ကာ..

“ႏွစ္ခုလံုးသိခ်င္တယ္..”

“အဲ့ႏွစ္က အတန္းထဲမွာ ေက်ာင္းသားအားလံုးေပါင္း ၅၆ ေယာက္ရိွတယ္.. ဒီကိစၥထဲပါဝင္ခဲ့တာက ၁၂ ေယာက္၊ အဲ့ထဲက ၅ ေယာက္က တျခားအခန္းကပဲ.. အားလံုးၿခံဳၾကၫ့္လိုက္ရင္ေတာ့ ဒီကိစၥကို သိထားတဲ့လူက အေယာက္ ၂၀ ေက်ာ္လိမ့္မယ္..” ထိုအေၾကာင္းေျပာေနရင္း အလြတ္စံုေထာက္၏အသံက တျဖည္းျဖည္း တိုးလာခဲ့သည္။

(TN : သူေျပာခ်င္တာက တိုက္ရိုက္ပါဝင္ခဲ့တာ ၁၂ ေယာက္၊ သိလ်က္ႏႈတ္ဆိတ္ေနတဲ့လူေတြပါ ေပါင္းလိုက္ရင္ အေယာက္ ၂၀ ေက်ာ္လို႔ေျပာတာ။)

ခ်န္းရွီေကြ့ကိုယ္တိုင္ ေရြးခ်ယ္ငွားရမ္းခဲ့သည္အထိ ထိုအလြတ္စံုေထာက္က စံုစမ္းေထာက္လွမ္းေရးကိစၥမ်ားတြင္ အရည္အခ်င္းရိွသလို ပေရာ္ဖက္ရွင္နယ္ဆန္သည္။ စိတ္ခ်ယံုၾကည္ရသည္။ သူအလုပ္လုပ္ခဲ့သၫ့္ ႏွစ္မ်ားစြာအတြင္း ဆိုးရြားသၫ့္ ျဖစ္ရပ္မ်ားစြာ ျမင္ေတြ့ဖူးၿပီးသားျဖစ္ေသာ္လည္း ေက်ာင္းတြင္းအႏိုင္က်င့္မႈ အနည္းငယ္သာ ပါဝင္ခဲ့၏။ မည္သို႔ပင္ဆိုေစ ေက်ာင္းတြင္းအႏိုင္က်င့္မႈ၊ အၾကမ္းဖက္မႈဟူသည္ မ်က္ေမွာက္ေခတ္ကာလ၌ လ်စ္လ်ူရႈ၍မရေသာ ျပႆနာႀကီးတစ္ရပ္ပင္။

လက္ရိွအမႈ၏ နစ္နာသူသည္ အဆင့္ေကာင္းလြန္းေသာေၾကာင့္၊ အဝလြန္ေနေသာ ခႏၶာကိုယ္ေၾကာင့္ အႏိုင္က်င့္ခံရသူျဖစ္သည္။ ထိုအခ်ိန္က ေက်ာင္းသားမ်ားဟာ ထိုမိန္းကေလးကို မနာလိုေသာေၾကာင့္ သိသိသာသာ ခြဲျခားဆက္ဆံခဲ့ၾကသည္။ ေနာက္ေတာ့ အတန္းထဲမွ မိန္းကေလးမ်ားစြာ၏ မင္းသားေလးအျဖစ္ သတ္မွတ္ခံထားရေသာ ေကာင္ေလးတစ္ေယာက္ႏွင့္ တိတ္တခိုး ခ်စ္ကြၽမ္းဝင္ေနသည္ဟူေသာ ေကာလာဟလေၾကာင့္ ထိုမိန္းကေလးအေပၚ ခြဲျခားဆက္ဆံရာမွ အမုန္းတရားအျဖစ္ ေျပာင္းလဲသြားေတာ့သည္။ ထိုအခ်ိန္မွစ၍ ေက်ာင္းသားမ်ားက သူမကို ဆိုးဆိုးရြားရြား အႏိုင္က်င့္ၾကၿပီး ပစ္ပယ္လာၾကသည္။ ထိုအတြက္ သူတို႔ကိုယ္သူတို႔ အမွန္တရား၏ ဘက္ေတာ္သားမ်ားလိုပင္ ျပဳမူလာၾကသည္။

ဘယ္သူက ဒီေလာက္ရုပ္ဆိုးေနတာေတာင္ အတန္းရဲ့မင္းသားေလးကို ႀကိတ္ေႂကြခိုင္းလို႔လဲ..?

ဘယ္သူက ဆရာတိုင္း သေဘာက်ၿပီး အတုယူခိုင္းတဲ့အထိ မုန္းစရာေကာင္းေလာက္ေအာင္ စာေတာ္ခိုင္းလို႔လဲ..?

မနာလိုျဖစ္ေနရာမွ ဘာမွမျမင္ႏိုင္ျဖစ္လာၿပီး ဆယ္ေက်ာ္သက္ေလးမ်ား၏ စိတ္လိုက္မာန္ပါ ျပဳမူတတ္ေသာအက်င့္က ႏွစ္ခါျပန္မေတြးဘဲ တစ္ပါးသူကို ထိခိုက္နာက်င္ေစသည္အထိ ျဖစ္လာေတာ့၏။ ဘယ္သူမွမထင္မွတ္ထားသၫ့္ အျဖစ္အပ်က္မ်ိဳး ျဖစ္ေစခဲ့ေသာ ေနာက္ေျပာင္မႈမ်ားပင္ ပါဝင္လာခဲ့သည္။

ပို၍ထိတ္လန႔္ဖြယ္ေကာင္းသည္မွာ ထိုအမႈျဖစ္ပ်က္ခဲ့စဉ္က လူေတာ္ေတာ္မ်ားမ်ား သိေနသၫ့္တိုင္ ႏႈတ္ဆိတ္ေနရန္ ေရြးခ်ယ္ခဲ့ၾကျခင္းပင္။ ထုတ္ေျပာလိုက္သည္ႏွင့္ ေနာက္ပစ္မွတ္ျဖစ္လာမည္ကို စိုးရိမ္ေနၾကတာ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။ သို႔မဟုတ္ ဘယ္သူဘာျဖစ္ျဖစ္ လံုးဝဂရုမစိုက္တတ္ေသာ စိတ္ဓာတ္ပိုင္ရွင္မ်ား ျဖစ္ႏိုင္သည္။

သို႔ေသာ္ မည္သို႔ပင္ဆိုေစ ဤအမႈအေၾကာင္း ေတြးမိတိုင္း မည္သူမဆို ထိတ္လန႔္မိမည္ပင္။

ခုနစ္ႏွစ္ဟူေသာ အခ်ိန္ကာလက ျဖစ္ရပ္တစ္ခုလံုးကို ဖံုးကြယ္ႏိုင္ခဲ့ဟန္ေပၚေသာ္လည္း တကယ္တမ္းေတာ့ ကိစၥတစ္ခုျဖစ္ပ်က္ၿပီးသည္ႏွင့္ ၄၏အရိပ္က ထပ္ၾကပ္မကြာ အၿမဲတမ္း လိုက္ပါေနလိမ့္မည္။

“ဟိုတေလာက အဲ့ေက်ာင္းသားေတြဆီ သြားစံုစမ္းၾကၫ့္ေတာ့ နဉ္ရွီအေၾကာင္း အေကာင္းေျပာၾကတာပါပဲ.. ဝ,ေပမယ့္ အဆင့္ေကာင္းတယ္.. စရိုက္ေကာင္းတယ္.. စသည္ျဖင့္ေပါ့..” အလြတ္စံုေထာက္က ေလွာင္ၿပံဳးၿပံဳးလိုက္ကာ.. “အခ်ိန္ဆိုတာ အေတာ္ဆံုးအလွဖန္တီးရွင္ပဲေနာ္.. အတိတ္ကမွတ္ဉာဏ္ေတြကို အလွပဆံုး ျပန္လည္ျပဳျပင္ေပးႏိုင္တယ္..”

“နာမည္စာရင္းေပး..” အလြတ္စံုေထာက္ထံ လက္လွမ္းလာေသာ ခ်န္းရွီေကြ့၏အသံက အနည္းငယ္ အက္ကြဲေနေလသည္။

အလြတ္စံုေထာက္သည္လည္း ခ်န္းရွီေကြ့၏လက္ အနည္းငယ္ တုန္ယင္ေနသည္ကို သတိျပဳမိလိုက္ေသာေၾကာင့္ အံ့ဩတႀကီး ေမာ့ၾကၫ့္လိုက္မိသည္။ ထိုအခါ တစ္ဖက္လူ၏မ်က္ႏွာက ဝမ္းနည္းနာက်င္ေနဟန္အျပၫ့္ ျဖစ္ေနသည္ကို ေတြးလိုက္ရ၏။

နစ္နာသူႏွင့္ပက္သက္၍ မစၥတာခ်န္းတြင္ တမူထူးျခားေသာ ခံစားခ်က္တစ္ခ်ိဳ႕ ရိွေနဟန္တူသည္။ အႏွီထင္ျမင္ခ်က္ျဖင့္ အလြတ္စံုေထာက္က စာရင္းစာရြက္ ကမ္းေပးလိုက္သည္။

“မစၥတာခ်န္း.. ကြၽန္ေတာ္က အလြတ္စံုေထာက္ဆိုေပမယ့္ တရားဥပေဒခ်ိဳးေဖာက္တဲ့ ကိစၥေတြေတာ့ မလုပ္ေပးႏိုင္ဘူးေနာ္.. ႀကိဳတင္ အသိေပးထားတာပါ..”

အလြတ္စံုေထာက္က အခ်က္အလက္အားလံုး ဖတ္ၿပီးသည္ေနာက္ မလုပ္သင့္ေသာကိစၥမ်ား က်ူးလြန္မိ၍ အမႈတြဲထဲပါသြားမည္ကို စိုးရိမ္ေနျခင္းပင္။

စာရြက္ကိုင္ထားေသာ ခ်န္းရွီေကြ့၏လက္က တင္းက်ပ္သြားခဲ့သည္။ စာရြက္ၿပဲသြားခါမွ ခ်န္းရွီေကြ့လည္း သူ႔ကိုယ္သူ စိတ္ျပန္ထိန္းလိုက္ရင္း.. “ခင္ဗ်ားအေတြးလြန္ေနၿပီ..”

အလြတ္စံုေထာက္က မတတ္သာဟန္ျဖင့္ ရယ္ေမာလိုက္သည္။ ဟုတ္သည္။ ေယဘုယ်က်က် ေတြးၾကၫ့္လ်ွင္ ခ်န္း Group ၏ လူေလးစားခံ ဂုဏ္သေရရိွ CEO တစ္ေယာက္၏ေဘးတြင္ သူအလိုရိွသည္ႏွင့္ ဘာမဆိုလုပ္ေပးႏိုင္ေသာ လူေပါင္းမ်ားစြာ ရိွေနၿပီးသားျဖစ္ရာ အဘယ္ေၾကာင့္ ဥပေဒခ်ိဳးေဖာက္ရန္ လိုအပ္ပါမည္နည္း။

ထိုသို႔ေတြးမိသည္ႏွင့္ အလြတ္စံုေထာက္က ဦးထုပ္ေဆာင္းကာ မ်က္မွန္တပ္လိုက္ရင္း..

“အခ်က္အလက္က ဒါအကုန္ပါပဲ.. တျခားသိခ်င္တာရိွေသးလား..?”

ခ်န္းရွီေကြ့က ေခါင္းယမ္းလိုက္ရင္း ေျခာက္ကပ္စြာ ေျပာလိုက္သည္။

“မရိွဘူး..”

“အိုေက..” အလြတ္စံုေထာက္က ေခါင္းညိတ္လိုက္သည္။ ၿပီးေနာက္ လွၫ့္ထြက္သြားၿပီးမွ ရုတ္တရက္ ေနာက္လွၫ့္ၾကၫ့္ကာ.. “မစၥတာခ်န္းရဲ့ ရက္ေရာမႈအတြက္ ကြၽန္ေတာ္ ထပ္ၿပီးသတိေပးပါရေစ.. တရုတ္ျပည္ကို ျပန္လာတဲ့ နစ္နာသူရဲ့ ရည္ရြယ္ခ်က္က နာမည္ႀကီးျဖစ္ခ်င္ရံုေလာက္ ရိုးရွင္းမွာမဟုတ္ဘူး..”

ထိုကိစၥထဲ ပါဝင္ပက္သက္ခဲ့သူမ်ားတြင္ တခ်ိဳ႕တစ္ဝက္ခန႔္က ကံဆိုးမႈမ်ားစြာ ႀကံဳေတြ့ခဲ့ရၿပီးျဖစ္၏။ ဥပမာ ရည္းစားႏွစ္ေယာက္ တၿပိဳင္တည္းထားလ်ွင္ က်ိန္းေသေပါက္ အေဖာ္ခံရသည္။ အလုပ္ကို ေခ်ာင္ခိုေနလ်ွင္ ေခါင္းေဆာင္ထံ သတင္းျပန္ေရာက္သည္။ ထိုကံဆိုးမႈမ်ားထဲတြင္ ကုမၸဏီ၏ လ်ိႈ႔ဝွက္ခ်က္ ခိုးယူမႈျဖင့္ လြန္ခဲ့ေသာႏွစ္က တရားစြဲခံရၿပီး ေထာင္ထဲေရာက္သြားသၫ့္ တစ္ေယာက္က အဆိုးဆံုးပါပင္။

ကမ႓ာေပၚတြင္ ကံဆိုးသူအမ်ားအျပားရိွေသာ္လည္း ထိုအမႈထဲ ပါဝင္ခဲ့သူမ်ား အၿမဲလိုလို ကံဆိုးတတ္တာကိုေတာ့ ေသေသခ်ာခ်ာ ေတြးၾကၫ့္သင့္ေခ်ၿပီ။

“မင္းဘာေျပာခ်င္တာလဲ..?” ခ်န္းရွီေကြ့၏မ်က္ႏွာက ရုတ္ခ်ည္း ခက္ထန္သြား၏။ သူက အလြတ္စံုေထာက္နား ေလ်ွာက္သြားကာ ေလသံမာမာျဖင့္.. “မစၥတာစံုေထာက္.. က်ဳပ္ ဒီလိုအေျခအျမစ္မရိွတဲ့ကိစၥေတြ မၾကားခ်င္ဘူး..”

အလြတ္စံုေထာက္ခမ်ာ ေက်ာခ်မ္းသြားၿပီး ဘာေၾကာင့္ရယ္မသိ ေနာက္တစ္လွမ္း ဆုတ္လိုက္မိသည္။ ၿပီးေနာက္ ေျခာက္ကပ္ကပ္ရယ္ကာ.. “ကြၽန္ေတာ္ အေတြးလြန္သြားတာပါ.. မစၥတာခ်န္း အလုပ္မ်ားေနမွေတာ့ ကြၽန္ေတာ္ မေနွာင့္ယွက္ေတာ့ဘူးေနာ္..”

အလြတ္စံုေထာက္ ထြက္သြားသည္ႏွင့္ ခ်န္းရွီေကြ့လည္း စာအိတ္ကိုင္ကာ အိမ္ျပန္လာလိုက္သည္။

စာၾကၫ့္ခန္းထဲတြင္ နာရီဝက္ခန႔္ သည္အတိုင္း ထိုင္ေနခဲ့ၿပီးမွ စာအိတ္ထံ လက္လွမ္းလိုက္သည္။ သို႔တိုင္ ထိုစာအိတ္ကို ဖြင့္မၾကၫ့္ရဲခဲ့ေပ။

သူသာ ဒီထက္ပိုၿပီး ဂရုစိုက္ေပးခဲ့လ်ွင္…

ဆရာ/ဆရာမမ်ားမွတဆင့္ ရိုးရိုးရွင္းရွင္း‌ ေမးျမန္းရံုသာ မလုပ္ခဲ့လ်ွင္…

နဉ္ရွီ အႏိုင္က်င့္ခံရမည္မဟုတ္ေပ။

သူသာ အလုပ္ရႈပ္မေနဘဲ ေစာေစာစီးစီး သြားေတြ့ခဲ့လ်ွင္…

နဉ္ရွီတစ္ေယာက္တည္း အတိတ္၏ဒဏ္ရာမ်ားကို ရင္ဆိုင္ေက်ာ္လႊားရင္း အသက္ရွင္ရန္ ခက္ခက္ခဲခဲ ရုန္းကန္ခဲ့ရမည္မဟုတ္ေပ။

စာအိတ္ေဖာက္လိုက္ေသာအခါ နဉ္ရွီ အထက္တန္းတက္စဉ္က ဓာတ္ပံုေလးကို အရင္ဆံုး ျမင္လိုက္ရ၏။ ပန္းသီးလံုးေလးလို ဝိုင္းစက္စက္မ်က္ႏွာေပၚ၌ ေနေရာင္ျခည္ပမာ ေတာက္ပေသာ အၿပံဳးႏုႏုေလး ထင္ဟပ္ေနေလသည္။

သို႔ေသာ္ စာရြက္ဆက္လွန္ေလ၊ ခ်န္းရွီေကြ့၏လက္က တျဖည္းျဖည္း တုန္ယင္လာေလပင္။

ေနာက္ဆံုးမွေရလ်ွင္ ဒုတိယစာရြက္သည္ နဉ္ရွီအေမ၏ ေသစာရင္းမိတၴူျဖစ္ၿပီး အလြတ္စံုေထာက္က ၄ေပၚတြင္ မွတ္ခ်က္တခ်ိဳ႕ ေရးထားသည္။

-နဉ္ေပၚေသဆံုးၿပီး တစ္လအၾကာမွာ ခ်င္ရီလည္း တိုက္ေပၚကေန ခုန္ခ်သတ္ေသသြားခဲ့တယ္။

(TN : နဉ္ေပၚက နဉ္ရွီအေဖ၊ ခ်င္ရီက နဉ္ရွီအေမပါ။)

စာေၾကာင္းတိုေလးမ်ွသာ၊ သို႔ေသာ္ လူတစ္ေယာက္၏ ႏွလံုးအိမ္ကို ေအးစက္သြားေစ၏။

ေအာက္မွာေတာ့ ဓာတ္ပံုတစ္ပံု ပါရိွသည္။ ထိုဓာတ္ပံုထဲတြင္ နဉ္ရွီသည္ အေတာ္ေလး ပိန္က်သြားရွာသည္။ ထို႔အျပင္ အင္မတန္ေလးသၫ့္ ပစၥည္းတစ္ခုကို ကုန္းေရႊ့ေနၿပီး သူမ၏ မ်က္ႏွာအမူအရာအရ အေတာ္ေလး ဝန္ႏွင့္အားမမ်ွ ျဖစ္ေနဟန္တူသည္။

လူသြားလူလာ ရႈပ္ေထြးေသာ ပတ္ဝန္းက်င္အေနအထားအရ ႏိုင္ငံရပ္ျခားမွာ ရိုက္ကူးခဲ့ေသာ ဓာတ္ပံုပင္။

ေဖာက္..!

နဉ္ရွီ၏ မ်က္ႏွာထားတင္းတင္းေလးေပၚသို႔ ၾကည္လဲ့ေနေသာ အရည္တစ္စက္ က်သြားခဲ့ေလသည္။

(TN : ဓာတ္ပံုေပၚကို မ်က္ရည္စက္ က်သြားတာပါ။ ခ်စ္ရတဲ့မိန္းကေလးအတြက္ နာက်င္ခံစားေနတဲ့ ေယာက္်ားတစ္ေယာက္ရဲ့ မ်က္ရည္…)

***

“နဉ္ရွီ..” က်န္းခ်င္းယြင္က နဉ္ရွီထံ ပစၥည္းတခ်ိဳ႕ ကမ္းေပးလိုက္ကာ.. “ညေနရႈတင္ၿပီးရင္ Show အတြက္ ရုပ္သံဌာနကို လိုက္ပို႔ေပးမယ္..”

နဉ္ရွီက ထိုပစၥည္းမ်ားကိုယူကာ တစ္ခ်က္ၾကၫ့္လိုက္သည္။ သူမ,ပါဝင္ရမၫ့္ Show သည္ လူ႔တန္ဖိုးျမႇင့္တင္ေရးကို အေလးေပးေသာ Talk Show တစ္ခုျဖစ္ၿပီး တစ္ျခား Variety Show မ်ားႏွင့္ယွဉ္လ်ွင္ ၾကၫ့္ရႈႏႈန္းက နာမည္ႀကီး Show မ်ား၏ အစြန္းထြက္မ်ွသာ ရိွ၏။

က်န္းခ်င္းယြင္အေပၚ သူမ နားလည္ထားသေလာက္ ဤသို႔ TV Show တစ္ခုကို ၿပီးၿပီးေရာ စီစဉ္ေပးမည္မဟုတ္ေပ။ Rating နည္းၿပီး ပရိသတ္စိတ္ဝင္စားမႈမရိွေသာ Program တစ္ခုထဲ ပါဝင္ခိုင္းျခင္းမွာ အေၾကာင္းျပခ်က္ ရိွႏိုင္သည္။

ဇာတ္ၫႊန္းဖြင့္ဖတ္လိုက္သည္ႏွင့္ နဉ္ရွီ နားလည္သြားခဲ့သည္။ ဤရာသီအတြက္ TV Show ၏ေခါင္းစဉ္ကား ‘ေက်ာင္းတြင္းအႏိုင္က်င့္မႈ’ ပင္။

နဉ္ရွီ က်န္းခ်င္းယြင္ကို ေမာ့ၾကၫ့္လိုက္မိသည္။ သို႔ေသာ္ ဘာမွမေျပာခဲ့ပါေခ်။

“လူထုအျမင္ကို ေလ်ာ့မတြက္နဲ႔..” က်န္းခ်င္းယြင္က နဉ္ရွီ၏မ်က္ဝန္းမ်ားကို သတိမျပဳမိခဲ့ေခ်။ “မင္းသာ လူထုေထာက္ခံမႈရခဲ့ရင္ သူတို႔ရဲ့အင္အားနဲ႔ တကယ့္အံ့အားသင့္စရာေတြ ျဖစ္လာလိမ့္မယ္..”

“ေက်းဇူးတင္ပါတယ္.. အစ္ကိုက်န္း..”

နဉ္ရွီက ေက်းဇူးတင္စြာ ၿပံဳးျပလိုက္သည္။ က်န္းခ်င္းယြင္က သူမအတြက္ လမ္းခင္းေပးလိုက္ျခင္း။ တစ္ေန့ ႀကီးႀကီးမားမား ျဖစ္ပ်က္ခဲ့သည္ရိွေသာ္ သူမေျပာခဲ့သမ်ွ စကားလံုးတိုင္း အက်ံဳးဝင္လာလိမ့္မည္။ လူထုအျမင္ကို ဖမ္းဆုပ္ထားႏိုင္မၫ့္ အစြမ္းထက္ဆံုး လက္နက္တစ္ခု ျဖစ္လာေခ်လိမ့္မည္။

“ဘာအတြက္ ေက်းဇူးတင္ေနတာလဲ.. ငါက လူမႈေရးအရ လုပ္ေပးတာပါေနာ္..” က်န္းခ်င္းယြင္က ေနရခက္ေနဟန္ျဖင့္ ႏွာေခါင္းပြတ္ရင္း ထရပ္လိုက္သည္။ “ဟုတ္ပါၿပီ.. အဲ့တာဆို ညေနက်မွ လာေခၚမယ္..”

နဉ္ရွီက အၿပံဳးေလးျဖင့္ ေခါင္းညိတ္ျပလိုက္သည္။

ေန့လည္စာစားခ်ိန္တြင္ နဉ္ရွီက ‘Yunyue of Han Dynasty’ ၏ တရားဝင္အေကာင့္မွ Weibo Post တစ္ခုကို Forward လုပ္လိုက္၏။ ရုပ္ရွင္စလႊင့္ေနၿပီျဖစ္ၿပီး ၾကၫ့္ရႈႏႈန္း ဆက္တိုက္တက္ေနေသာေၾကာင့္ Rating အေကာင္းဆံုး TV Series တစ္ခု ျဖစ္လာခဲ့သည္။ သို႔ေသာ္ နဉ္ရွီ၏ မင္းသမီးသန္းလီဇာတ္ေကာင္က အပိုင္း ၂၀ ေက်ာ္မွ ေပၚထြက္လာမည္ျဖစ္ရာ Episode တစ္ခုခ်င္းစီတိုင္း အဖြင့္ဇာတ္ကြက္မ်ားမွလြဲ၍ လံုးဝေပၚထြက္လာျခင္း မရိွေသးေပ။

‘Yunyue of Han Dynasty’ က ပရိသတ္အာရံုဆြဲေဆာင္ရန္ Trailer တစ္ခု ထုတ္ေပးခဲ့ၿပီး ထိုထဲတြင္ နဉ္ရွီ၏ ဇာတ္ကြက္တခ်ိဳ႕ ပါဝင္ေနေသာေၾကာင့္ ‘Yunyue of Han Dynasty’ ၏ တရားဝင္အေကာင့္တြင္ နဉ္ရွီကို အထူးတလည္ Tag ထား၏။

ဧကရာဇ္ဟန္ဝူ၏ အခ်စ္ဆံုးသမီးေတာ္ မင္းသမီးသန္းလီသည္ ပထမအဆင့္မင္းသမီးႀကီးအျဖစ္ပင္ ခ်ီးေျမႇာက္ခံရသူျဖစ္သည္။ တရားမဝင္မွတ္တမ္း အားလံုးနီးပါးတြင္ ‘ဟန္မင္းဆက္၏ ပထမဆံုးမင္းသမီးႀကီး’အျဖစ္ တရိုတေသ သံုးႏႈန္းထားၾကၿပီး မည္မ်ွလွပတင့္တယ္ေၾကာင္း မွတ္တမ္းမွတ္ရာမ်ားလည္း ရိွေလသည္။

‘Yunyue of Han Dynasty’ သည္ အလြန္ေလးနက္ေသာ ဇာတ္လမ္းတစ္ပုဒ္ျဖစ္၍ ဟန္မင္းဆက္ရာဇဝင္အေၾကာင္း သိနားလည္သူတိုင္း အနည္းႏွင့္အမ်ားဆိုသလို ႀကိဳက္ႏွစ္သက္ၾကသည္။ Trailer ထဲမွ နဉ္ရွီ၏ အသြင္အျပင္ႏွင့္ သရုပ္ေဆာင္ပံုကို ျမင္ေသာအခါ သူတို႔အားလံုး ၾကက္ေသ,ေသကုန္ေတာ့သည္။

တင့္တယ္လွပေသာ ဝတ္စားဆင္ယင္ပံုႏွင့္ ဦးေခါင္းထက္မွ အဆင္တန္ဆာမ်ားက သူမ၏ ဂုဏ္အသေရ၊ ဧကရာဇ္၏ မ်က္ႏွာသာေပးမႈကို ေဖာ္က်ူးေနေလ၏။

ရုပ္ရွင္ထဲတြင္ နဉ္ရွီက ထိမ္းျမားလက္ထပ္ျခင္း မျပဳရေသးေသာ ဆယ္ေက်ာ္သက္အရြယ္ မင္းသမီးေလးသန္းလီအျဖစ္ သရုပ္ေဆာင္ထားသည္။ ဇာတ္လမ္းပံုစံေၾကာင့္ သူမ၏ဇာတ္ကြက္က သိပ္မမ်ားေပ။ သို႔ေသာ္ ျပတင္းေပါက္ကိုမွီကာ ထိုင္ေနရင္း ဧကရာဇ္ဟန္ဝူ လာသည္ကိုျမင္၍ ေခါင္းေမာ့ကာ ႏူးႏူးညံ့ညံ့ေလး ၿပံဳးျပဳလိုက္ဟန္က ‘မ်က္ႏွာခ်စ္သူ’ ပရိသတ္မ်ားကို တစ္ခါတည္း သတ္ခ်လိုက္ႏိုင္၏။

အင္တာနက္သံုးသူ A : “အေမေရ.. အေမ့သမီးေတာ့ မိန္းကေလးအခ်င္းခ်င္း ခ်စ္မိသြားၿပီ.. ခြင့္လႊတ္ေပးပါေတာ့..”

အင္တာနက္သံုးသူ B : “ေနာက္ဆံုးေတာ့ မင္းသမီးသန္းလီကို ဧကရာဇ္ဟန္ဝူ ဘာလို႔မ်က္ႏွာသာေပးလဲဆိုတာ ငါနားလည္သြားၿပီ.. ငါ့မွာသာ ဒီေလာက္လွတဲ့ သမီးေလးရိွရင္ ဘာမဆိုအကုန္ေပးမိမွာ.. ငါ့ကိုယ္ငါေတာင္ ထိန္းခ်ဳပ္ႏိုင္မွာမဟုတ္ဘူး.. ေယာက္်ားေတြအားလံုး ဒီအေဖရဲ့ရန္သူပဲ..!”

အင္တာနက္သံုးသူ C : “ငါတို႔မိသားစုဝင္ နတ္ဘုရားမေလးရဲ့အၿပံဳးက လွရက္လိုက္တာကြာ.. အရမ္းအရမ္းလွၿပီး ျဖဴစင္လြန္းတယ္.. အၿပံဳးေလးထဲမွာ အျပစ္ကင္းတဲ့ အရိပ္အေယာင္ေတြ ေပၚလြင္ေနေရာပဲ.. ဘယ္လိုေျပာရမလဲ..? သူမရဲ့ အၿပံဳးေလးတစ္ခုက ၿမိဳ႔တစ္ၿမိဳ႔လံုးကို ေျပာင္းျပန္လွန္ပစ္ႏိုင္တယ္ ဆိုတာမ်ိဳးေပါ့.. ေနာက္ထပ္အၿပံဳးတစ္ခုမ်ား ထပ္ရလိုက္ရင္ တစ္တိုင္းျပည္လံုးကိုမ်ား ေျပာင္းျပန္လွန္ႏိုင္ေလာက္မလား..? ဟုတ္တယ္ဟုတ္..! မင္းေလးေရ႔ွမွာ ဒူးေထာက္ပါတယ္ကြာ.. ဒူးေထာက္ရံုတင္မကဘူး.. အကုန္လံုးေပးတယ္.. မင္းအတြက္ဆိုရင္ အကုန္လံုးေပးအပ္ဖို႔ ဆႏၵရိွတယ္.. ငါ့မွာရိွသမ်ွ အရာအားလံုး ပံုအပ္မယ္ကြာ..”

အင္တာနက္သံုးသူ D : “ဘာမွမေျပာခ်င္ေတာ့ဘူး.. Screen နည္းနည္းေလး ညစ္ပတ္ေနလို႔ လ်ွာနဲ႔သာ လ်က္ခ်င္ေတာ့တယ္..”

‘Yunyue of Han Dynasty’ က Trailere ထုတ္ေပးၿပီးေနာက္ Forward လုပ္သူ အမ်ားအျပားရိွခဲ့သည္။ Comment တိုင္းက ေအာ္ဟစ္သံေတြ၊ Screen ကို လ်ွာျဖင့္လ်က္တာေတြသာ ျပၫ့္ႏွက္ေနၿပီး ယင္းအေျခအနေၾကာင့္ တရားဝင္အေကာင့္မွ နဉ္ရွီ၏ ဗီဒီယိုအပိုင္းတိုေလးမ်ား ထပ္မံတင္ေပးလာ၏။ ပထမတစ္ခုက Trailer ထဲတြင္ပါေသာ ျပတင္းေပါက္ကိုမွီကာ ၿပံဳးေနသၫ့္ အေကာင္းဆံုးလက္ရာေလးပင္။ ဒုတိယတစ္ခုတြင္ မင္းသမီးသန္းလီ(နဉ္ရွီ)က ဟန္မင္းဆက္၏ ဧကရာဇ္ဟန္ဝူကို တင့္တယ္ေၾကာ့ရွင္းစြာ ဂါဝရျပဳေနၿပီး ေနာက္ဆံုးတစ္ခုကေတာ့ လမ္းေလ်ွာက္ေနရာမွ ရုတ္တရက္ လွၫ့္ၾကၫ့္လိုက္ေသာ ဗီဒီယိုေလးျဖစ္သည္။

အင္တာနက္သံုးသူမ်ားလည္း ‘Yunyue of Han Dynasty’ တရားဝင္အေကာင့္၏ ရည္ရြယ္ခ်က္ကို ျမင္ႏိုင္ပါေသာ္လည္း ဆြဲေဆာင္မႈဒဏ္ကို မခံႏိုင္ခဲ့ေပ။ သို႔ႏွင့္ ‘Yunyue of Han Dynasty’ ရုပ္ရွင္၏ ၾကၫ့္ရႈသူအျဖစ္၊ သို႔တည္းမဟုတ္ အြန္လိုင္းထုတ္လႊင့္မႈထဲ ဝင္ေရာက္ၾကၫ့္ရႈသူအျဖစ္ အသံတိတ္ပူးေပါင္းေပးရင္း Screen ကို လ်ွာျဖင့္လ်က္ေနၾကေတာ့သည္။

တစ္ခ်က္ေလးဝင္ၾကၫ့္မိရံုျဖင့္ ဇာတ္လမ္းတည္ေဆာက္ပံု၊ သရုပ္ေဆာင္မ်ား၏ ေျပာင္ေျမာက္လြန္းေသာ သရုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ဆက္မၾကၫ့္ရမေနႏိုင္ေအာင္ ျဖစ္လာၾကေတာ့သည္။

ေရပန္းစားမႈ အရိွန္မေသေသးခင္ ဧကရာဇ္ဝူတိအျဖစ္ သရုပ္ေဆာင္ေသာ လ်ိႈက်န္းသုန္က မီးစာထပ္ျဖၫ့္လိုက္၏။ သူက သူ၏ Weibo Account တြင္ Caption တစ္ခုႏွင့္အတူ နန္းေတာ္ပံု တင္လိုက္သည္။

လ်ိႈက်န္းသုန္ [V] : သမီးေတာ္ေလး.. ျပတင္းေပါက္အျပင္ကို ၾကၫ့္လိုက္စမ္း.. ဒါက သမီးေတာ္ေလးအတြက္ ဖခမည္းေတာ္ပိုင္စိုးတဲ့ ကုန္းေျမပဲ.. [ ဓာတ္ပံု ] //နဉ္ရွီ [V]

က်ိဳးဟိုင္လီ [V] : အရွင္မင္းႀကီး.. ကြၽန္ေတာ္မ်ိဳးမအတြက္ေရာ..? // လ်ိႈက်န္းသုန္ [V]

က်ိဳးဟိုင္လီက မိဖုရားေခါင္ႀကီးေဝက်စ္ဖူအျဖစ္ ပါဝင္သရုပ္ေဆာင္ထားေၾကာင္း လူတိုင္း သိေနေသာေၾကာင့္ ပရိသတ္မ်ား ခြက္ထိုးခြက္လန္ ရယ္ေမာၾကေတာ့သည္။ မ်ားမၾကာမီ မွဴးမတ္ဝန္မင္းမ်ားႏွင့္ ကိုယ္လုပ္ေတာ္အျဖစ္ သရုပ္ေဆာင္ထားၾကေသာ သရုပ္ေဆာင္မ်ားလည္း ဝင္ေရာက္စေနာက္ၾကေလသည္။ လူတိုင္း လ်ိႈက်န္းသုန္၏ Weibo Post ကို Forward လုပ္ကာ ‘ကြၽန္ေတာ္မ်ိဳး/ကြၽန္ေတာ္မ်ိဳးမတို႔ အတြက္ေရာ..?” ဟုေမးျမန္းၾကေတာ့သည္။

‘Yunyue of Han Dynasty’ ၏ သရုပ္ေဆာင္အမ်ားစုသည္ ထင္ရွားေက်ာ္ၾကားၾက၏။ ပရိသတ္အျမင္မွာတြင္ သူတို႔အားလံုးသည္ သီးျခားဆန္ေသာ လူသားမ်ားသာ။ ယေန့ေတာ့ အႏွီသီးျခားဆန္ေသာ၊ ထင္ရွားေက်ာ္ၾကားေသာ ၾကယ္ပြင့္မ်ားက ေရာေထြးယွက္တင္ စေနာက္ေနၾကၿပီး အေတာ္ေလး ေပ်ာ္ျမဴးေနၾကေလသည္။ ထိုအျဖစ္ေၾကာင့္ ‘နာမည္ႀကီးၾကယ္ပြင့္ေတြလည္း ဒီလိုစေနာက္တတ္လိမ့္မယ္လို႔ ထင္ေတာင္မထင္ထားဘူး’ ဟူ၍ ပရိသတ္မ်ား ထုတ္ေျပာလာသည္အထိ။

ဒါေပါ့၊ နဉ္ရွီ၏ Reply က အၾကမ္းဆံုးပင္။

နဉ္ရွီ [V] : အို.. [ေအးစက္စက္မ်က္ႏွာထား] //လ်ိႈက်န္းသုန္

ဝန္းရံေနေသာ ပရိသတ္မ်ား : “ဟားဟားဟား.. ငါ့ရဲ့စိတ္ထဲ သမီးကို သည္းသည္းလႈပ္ေနတဲ့ အေဖႀကီးနဲ႔ ေအးတိေအးစက္ သီးျခားဆန္တဲ့ သမီးေလးရဲ့ တစ္ေန့တာျဖတ္သန္းပံုေတြကို ျမင္ေယာင္လာမိၿပီေဟ့.. အရွင္မင္းႀကီးေရ.. အရွင့္ရဲ့မိသားစုဝင္ မင္းသမီးေလးက အရွင့္ကို အသိအမွတ္ျပဳခ်င္ပံုမရဘူး.. အဲ့တာေၾကာင့္ ေအးတိေအးစက္ လုပ္ေနတာျဖစ္မယ္..”

ဤသို႔ျဖင့္ ‘Yunyue of Han Dynasty’ အေၾကာင္းဟာ Weibo ၏ Trending Topic သို႔ အလ်င္အျမန္ ေရာက္ရိွသြားေတာ့၏။ ဝါရင့္အႏုပညာရွင္မ်ားဘက္မွ နဉ္ရွီကို Tag တြဲကာ အရင္စေနာက္လာတာေၾကာင့္ နဉ္ရွီ၏ပရိသတ္မ်ား ေပ်ာ္ရႊင္ေနၾကေတာ့သည္။ ဤသည္က သူတို႔၏ဆက္ဆံေရး အေတာ္ေကာင္းမြန္ေၾကာင္း ေဖာ္ျပေနေသာေၾကာင့္ပင္။

လ်ိႈက်န္းသုန္ႏွင့္ က်ိဳးဟိုင္လီကဲ့သို႔ ဝါရင့္သရုပ္ေဆာင္မ်ားသည္ အႏုပညာေလာက၏ ဒ႑ာရီသဖြယ္ ထင္က်န္ရစ္ေလာက္ေအာင္ ထင္ရွားေက်ာ္ၾကားေသာ ပုဂၢိုလ္မ်ားပင္။ သူတို႔က ေတာ္ရံု Variety Show မ်ားတြင္ ပါဝင္ေလ့မရိွသလို တျခားလူအေၾကာင္း အလြယ္တကူ မေျပာတတ္ၾကရာ ဤသို႔စန္းတင္သၫ့္ ကိစၥဆိုလ်ွင္ ထၫ့္ေျပာေနစရာ မလိုေတာ့ေခ်။ သို႔ေသာ္ သူတို႔၏ အေနအထား၊ သရုပ္ေဆာင္စြမ္းရည္ေၾကာင့္ ပရိသတ္အမ်ားအျပား က်န္ရိွေနဆဲ။ သရုပ္ေဆာင္အသစ္ေလးေတြ မည္မ်ွေက်ာ္ၾကားလာပါေစ၊ သူတို႔ေရ႔ွမွာေတာ့ စီနီယာဟုေခၚကာ ရိုရိုက်ိဳးက်ိဳး ေနၾကရမည္ပင္။

ထိုကဲ့သို႔ေသာ သရုပ္ေဆာင္မ်ားထံမွ ခ်ီးမြမ္းခံရျခင္းသည္ သရုပ္ေဆာင္သစ္တစ္ေယာက္ကို တစ္ဖက္လွၫ့္ အသိအမွတ္ျပဳျခင္းပင္ ျဖစ္၏။ ဥပမာအားျဖင့္ လ်ိႈက်န္းသုန္၏ Weibo Account သည္ ႏွစ္ဝက္ခန႔္ update မရိွခဲ့ေသာ္လည္း ရုတ္တရက္ ဟာသပို႔စ္တင္ကာ နဉ္ရွီကိုပင္ တကူးတက မီးေမာင္းထိုးျပထားသည္။ ၾကၫ့္လိုက္ရံုျဖင့္ နဉ္ရွီအေပၚ အျမင္ေကာင္းရိွေၾကာင္း လူတိုင္း ေျပာႏိုင္သည္။

သူႏွင့္အတူ ရုပ္ရွင္ဘုရင္မ က်ိဳးဟိုင္လီလည္း ပါဝင္ေန၏။ သူမက နဉ္ရွီ၏ Weibo ကို အစကတည္းက Follow လုပ္ထားသည္။ သူမ၏ Weibo Account တြင္ post သိပ္မတင္ပါေသာ္လည္း က်ိဳးတိုးက်ဲတဲ Post မ်ားထဲမွ တစ္ဝက္ခန႔္က နဉ္ရွီႏွင့္ ပက္သက္ေနျပန္သည္။ ထိုအရာမ်ားက သူတို႔ႏွစ္ဦး သိကြၽမ္းခဲ့သည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္ေၾကာင္း သက္ေသမ်ားပင္။

ဒါက ဘာကိုေဖာ္ျပေနသလဲ..?

ဒါက သူတို႔မိသားစုဝင္ေလးရွီရွီ အရမ္းလူႀကိဳက္မ်ားတဲ့အေၾကာင္း ေဖာ္ျပေနတာေပါ့..!

မဟုတ္ရင္ ဒီလိုဝါရင့္သရုပ္ေဆာင္ေတြနဲ႔ ဘယ္လိုလုပ္ခင္မင္ေနမွာလဲ..? သာမာန္လူသစ္ေလးေတြ စဉ္းေတာင္မစဉ္းစားရဲတဲ့ ကိစၥ… သူတို႔မိသားစုဝင္ေလး ရွီရွီကေတာ့ လုပ္ႏိုင္ခဲ့ၿပီ..!

ပရိသတ္အမ်ားစုက ဤအတိုင္းပင္။ ေအာင္ျမင္မႈေသးေသးေလးျဖစ္ပါေစ၊ သူတို႔သရုပ္ေဆာင္အတြက္ ဂုဏ္ယူတတ္ၾကသည္ခ်ည္း။ အျပင္လူက သူတို႔သရုပ္ေဆာင္ကို ခ်ီးမြမ္းလာေသာအခါ ဝမ္းသာအားရ ဂုဏ္ယူေနၾကေတာ့သည္။

‘သံုးဘဝ သံုးေရာင္ျခယ္’မွ သရုပ္ေဆာင္အမ်ားစုလည္း Weibo သံုးၾကသည္။ ထို႔ေၾကာင့္ နဉ္ရွီႏွင့္ ဝါရင့္သမ႓ာရင့္မ်ား စေနာက္က်ီစယ္ေနသည္ကို ျမင္ေသာအခါ နဉ္ရွီအေပၚ အထင္ႀကီးေလးစားလာေတာ့သည္။ ဤေလာကထဲတြင္ ထိုဝါရင့္ႀကီးမ်ားႏွင့္ လူတိုင္း စကားလက္ဆံု ေျပာႏိုင္သည္မဟုတ္။ သို႔ျဖစ္ရာ သူတို႔ႏွင့္ နဉ္ရွီၾကားမွ အကြားအေဝးက ၁၈ ဆင့္မက ကြာေဝးေနေခ်ၿပီ။

လူသားမ်ားသည္ သူမသာကိုယ္မသာဆိုလ်ွင္ မနာလိုျဖစ္တတ္ေသာ္လည္း သူတို႔ထက္ အရမ္းသာသြားလ်ွင္ အထင္ႀကီးေလးစားၾက၏။ နဉ္ရွီက သူတို႔ကို အေနာက္မွာ ခ်န္ထားရစ္ခဲ့ေလၿပီ။

“အစ္မရွီရွီ.. အခုေလးတင္ အစ္မဆီ ဖုန္းဝင္လာတယ္..”

နဉ္ရွီ ရိုက္ကူးေရးၿပီးသည္ႏွင့္ ေရွာင္ယန္က ဖုန္းယူကာ ခ်က္ခ်င္း ေရာက္လာသည္။ ေခၚဆိုသူနာမည္ကို ၾကၫ့္လိုက္ေသာအခါ ခ်န္းရွီေကြ့ ျဖစ္ေန၏။ နဉ္ရွီလည္း မိတ္ကပ္ျပင္သၫ့္ အခန္းဆီသြားကာ ထိုင္ခံုတြင္ ဝင္ထိုင္လိုက္ၿပီး မိတ္ကပ္ဖ်က္ရန္ ကူညီေပးသၫ့္ မိတ္ကပ္ဆရာကို ေတာက္ပစြာ ၿပံဳးျပလိုက္သည္။ ၿပီးေနာက္ ခ်န္းရွီေကြ့ထံ ဖုန္းျပန္ေခၚလိုက္သည္။

“ဒီပေရာဂ်က္ကို ဘယ္သူတင္တာလဲ..?!” ခ်န္းရွီေကြ့၏မ်က္ႏွာက အလြန္တည္တင္းေနၿပီး လက္ထဲမွဖိုင္ကို လႊင့္ပစ္လိုက္၏။ “ျပန္ေရး..!”

ေဘးနားရိွေနသၫ့္ လူအားလံုး ဇက္ပုသြားၾကသည္။

ဒီေန့ သူတို႔သူေဌး အေတာ္ေလး စိတ္မၾကည္ပံုပဲ။ ဒီလိုမေပါက္ကြဲတာ အေတာ္ၾကာၿပီ..!

Ring.. Ring.. Ring

ဘယ္.. ဘယ္သူကမ်ား ဒီအခ်ိန္ႀကီးမွာ ဖုန္းဖြင့္ထားရဲတာလဲ..? သူေဌး ေဒါသထြက္ေနတာ မလံုေလာက္ေသးလို႔ သူ႔စိတ္ကိုသြားဆြေနတာလား..?

………………………………
Meow's Note: နဉ္ရွီရဲ့အတိတ္က တျဖည္းျဖည္း ရုပ္လံုးေပၚလာၿပီေနာ္(⁠✷⁠‿⁠✷⁠)
.........................................

Seguir leyendo

También te gustarán

606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
321K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
296K 30.1K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...