နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [35.2]

1K 132 4
By Lazy_Little_Meow

Translated by milimwwwww

[Unicode]

ဝေသုန်လိုင်သည် ထိုအကြောင်းအရာ၏ အဆုံးသတ်ဟာ သူသိချင်မည့်အရာ မဟုတ်သည်မှန်း သိလိုက်ရ၏။

"ကျွန်မအဖေ ကားတိုက်ခံလိုက်ရတယ်၊ အဲ့နေရာတစ်ပြင်လုံးက ကျွန်မအဖေရဲ့သွေးတွေနဲ့ပဲ ဖုံးလွှမ်းနေခဲ့တာ သူဆေးရုံကိုပို့ခံလိုက်ရတုန်းက ကျွန်မစတိုခန်းမှာ ပိတ်မိနေသေးတုန်းပဲ" နဥ်ရှီ၏အသံဟာ တုန်လာပေမယ့် သူမ၏မျက်နှာပေါ်တွင်တော့ အပြုံးတစ်ပွင့်ဟာရှိနေသေးတုန်းဖြစ်သည်။ "မစ်စတာဝေ ခန့်မှန်းကြည့်လိုက်လေ အဲ့တုန်းက ဘယ်သူက ကျွန်မဖုန်းကိုဝှက်ခဲ့လဲဆိုတာ"

ဝေသုန်လိုင်သည် သူ၏ပါးစပ်ကိုဖွင့်လိုက်ကာ နဥ်ရှီ၏လက်ကို မသိလိုက်စွာ​ဖြင့်ပင် လွှတ်ပေးလိုက်မိ၏။ အရှုပ်ထုပ်လုပ်နေဆဲဖြစ်သည့် သူ၏ညီမကို ​ကြည့်လိုက်ကာ နဥ်ရှီကို ပြန်ကြည့်မိသည်။ မရေမတွက်နိုင်သည့် သဲပွင့်များဖြင့် သူ့၏လည်ပင်းမှာ အသက်ရှုမရနိုင်သလိုခံစားနေရ၏။ နာကျင်ရသည် မရိုးမရွဖြစ်သည် ရွံတောင်ရွံမိသည်။

နဥ်ရှီ၏အသံဟာ သေးငယ်လွန်းလှသည်။ သို့သော် ဝေသုန်လိုင်၊ ကျန်းချင်းယွင်နှင့် ဝေသုန်လိုင်၏ အတွင်းရေးမှူးတို့သည်တော့ သူမ၏အသံကို ကြားနေရဆဲဖြစ်၏။

နဥ်ရှီအား နတ်ဘုရားမ အဖြစ်မှတ်ယူသော အတွင်းရေးမှူးသည် သူမ၏စကားလုံးများကြောင့် ထိတ်လန့်သွားရသည်။ အတော်ကြာအောင် မှိုင်တွေနေပြီး နဥ်ရှီအား သနားလာမိ၏။ ငယ်ရွယ်လှပသောအချိန်၌ ထိုကဲ့သို့သော မတော်တဆမှု သူမဘယ်လောက်တောင် ကြေကွဲခဲ့ရလိမ့်မလဲ?

ယခုအချိန်တွင်၊ ဝေစစ်ချီကို ကြည့်မိလိုက်သည့် အတွင်းရေးမှူးသည် နဥ်ရှီ၏ သည်းခံနိုင်စွမ်း ကောင်းလှသည်ဟု ရုတ်တရက်တွေးမိသွား၏။ သူမ ဝေစစ်ချီ၏ နှောင်ယှက်မှုကို တန်ပြန်မပြောခင် အလွန်တရာမျှ သည်းခံခဲ့ရလောက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်*1......" ထိုစကားလုံးများသည် နာကျင်ခံစားခဲ့ရသူအတွက် အဓိပ္ပါယ်မရှိဟု ဝေသုန်လိုင် ခံစားလိုက်ရသည်။ အနောက်ကိုလှည့်ကာ မူးကြောင်ရူးကြောင်ဖြစ်နေသော သူ၏ညီမကို ဆွဲခေါ်သွား၏။ "မစ်နဥ် ကျွန်တော်ရဲ့ညီမကို သွန်သင်ဆုံးမမှုမရှိခဲ့တဲ့ ကျွန်တော်တို့ ဝေမိသားစုရဲ့ အမှားပါ"

နဥ်ရှီ လှောင်ကာရယ်မိလိုက်သည်၊ စကားတစ်လုံးမျှလည်း ပြန်မပြောခဲ့ပါချေ။

ထုတ်လုပ်ရေးအဖွဲ့မှ အခြားသူများ ဘာမှမပြောနိုင်သေးခင် ပြဿနာလာရောက်ရှာသောသူကား ရုတ်တရက် သူမ၏သဘောထားကို ပြောင်းလဲလိုက်၏။ အစပိုင်းတွင်တော့ သူတို့သည် နဥ်ရှီ၏လုပ်ရပ်ကြောင့် အခြေအနေ ပိုမိုဆိိုးရွားလာစေလိမ့်မည်ဟု ထင်ထားခဲ့ပေသည်။ သို့သော်ငြား ထို့အစား ပြဿနာမီးက ငြိမ်းသွားခဲ့ပေသည်။

ထိုကဲ့သို့ အခြေအနေ တိုးတက်မှုကြီးက တစ်ခုခုလွဲချော်နေ၏။

ဝေသုန်လိုင် မည်သို့ပင်ပြောပြော အခြေအနေကို ပိုပြီးကသိကအောက်ဖြစ်စေမှာ သိနေခဲ့၏။ သူ ဝေစစ်ချီ၏လက်ကို ကူမပေးသည့်အနေနှင့် ကိုင်ကာ "လီဟောင် ငါ့ကိုကူပြီး စစ်ချီကို ကိုင်ထားပေး"

အတွင်းရေးမှူး လီ​ဟောင်သည် နဥ်ရှီကို ခေါင်းငိုက်စိုက်ဖြင့် လှည့်မကြည့်ခင် ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး နောက်တွင်တော့ ဝေစစ်ချီ၏ အခြားလက် တစ်ဖက်အား ကူပေးလိုက်တော့၏။

"မစ်နဥ် ဒီကိစ္စနဲ့ပတ်သတ်ပြီး နောက်ရက်တွေမှာဆွေးနွေးပါ့မယ် တောင်းပန်ပါတယ်" ဝေသုန်လိုင်သည် ဝေစစ်ချီအား ရိုက်ကူးရေးကွင်းမှ အတင်းဆွဲထုတ်လိုက်တော့သည်။

ဝေစစ်ချီအား ကားထဲထည့်ပြီးနောက်တွင် ဝေသုန်လိုင်သည် လီဟောင်အား မှာလိုက်သည် " လီဟောင်သွား ထုတ်လုပ်ရေးအဖွဲ့ကို ပတ်ပြီးမေးလာခဲ့ အခုပြဿနာကို ရိုက်ကူးနေတဲ့ဗီဒီယို မရှိဘူးဆိုတာ သေချာအောင်လုပ်လာလိုက်"

သူ အကယ်၍ ဤပြဿနာသာ ပြန့်သွားခဲ့လျှင် ဝေဖန်ခံရမည်မှာ နဥ်ရှီမဟုတ်ဘဲ သူ၏ညီမလေး ဝေစစ်ချီဖြစ်နေမည် ဆိုသည်မှာ အတော်လေးကိုသေချာနေ၏။

"ကျွန်တော် နားလည်ပါပြီ မန်နေဂျာ" လီဟောင် ခေါင်းညိတ်ကာ ကားတံခါးများကို ပိတ်လိုက်သည်။ ဝေမိသားစုမောင်နှမ ကားထဲတွင်ကျန်ခဲ့ပြီ ဆိုသည်နှင့် ထုတ်လုပ်ရေးအဖွဲ့ကို ကြည့်မိလိုက်တော့သည်။ သူနောက်ပြန်မသွားခင် ခေတ္တမျှ စဥ်းစားလိုက်၏။

"နဥ်ရှီ......" ကျန်းချင်းယွင်သည် နဥ်ရှီ၏မိဘများ သူမအနားတွင် ရှိတော့မည်မဟုတ်မှန်း သိနေခဲ့သည်။ သို့ပေမည့်လည်း သူမ၏အဖေသည် ထိုသို့ထိုပုံနည်းဖြင့် သေသွားခဲ့ရမည်ဟု မထင်ထားခဲ့ပါချေ။ သူရုတ်တရက် သူမကို မည်သို့နှစ်သိမ့်ရမည်မှန်း မသိနိုင်တော့အောင် ဖြစ်၏။

"ကျွန်မ အဆင်ပြေပါတယ်" နဥ်ရှီ ကျန်းချင်းယွင်၏ စာနာသနားမှု စိတ်ပူပန်မှုဟု အမည်တပ်ရသည့် သူ၏မျက်လုံးများကို မကြည့်ဘဲ နောက်ပြန်လှည့်လာခဲ့သည်။ ထို့နောက် သူမနှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသော ခုန်းယွီဟန် ကို ခေါ်လိုက်၏။ "ဒါရိုက်တာခုန်း ရှုတင်အတွက် အချိန်က ပြည့်ခါနီးပြီမလား"

"အာ?" ခုန်းယွီဟန် အူကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်ပြီး အချိန်အကြာကြီးနေမှ အသိပြန်ဝင်လာတော့၏။ "နဥ်ရှီ၊ မင်းခဏ နားချင်လား"

"ရပါတယ် ကျွန်မ အဆင်ပြေတယ်" နဥ်ရှီ သူ့ကို ပြုံးပြလိုက်ကာ ထုတ်လုပ်ရေးအဖွဲ့တွင်ရှိသည့် လူအားလုံးကို ခါးညွှန့်ကာ တောင်းပန်လိုက်လေသည်။ "ကျွန်မ တကယ်ကို တောင်းပန်ပါတယ်၊ ဒီနေ့ပြဿနာကို အားလုံးအပေါ် သက်ရောက်စေမိပြီ"

အဆုံးတွင်တော့ ၊ နဥ်ရှီသည် ကျော်ကြားလာခဲ့ပြီး ကျောထောက်နောက်ခံပါရှိသေး၏။ သူမ ထုတ်လုပ်ရေးအဖွဲ့အတွင်းသို့ ဝင်လာသည့်အချိန်မှစ ထုတ်လွှင့်ပြသခြင်း မခံရသေးပေ။ သို့သော်ငြားလည်း သူမ ဒါရိုက်တာ ဒါမှမဟုတ် ဇာတ်ပို့သရုပ်အဆောင် အသေးလေးဖြစ်စေကာမူ သူမ၏ သဘောထားသည် အမြဲတမ်း ယဥ်ကျေးသိမ်မွေ့ကာ လေးစားသမှုဖြင့် ဆက်ဆံခဲ့သည် ချည်းသာဖြစ်သည်။ ထို့ပြင် နဥ်ရှီကဲ့သို့ နူးညံ့သူလေးသည် ဤကဲ့သို့ လူတစ်ယောက်အားရိုက်မည် မထင်ထားခဲ့။ သို့သော် သူတို့သည် သူမဖက် တွင်သာ ရပ်တည်ကြမည်ဖြစ်၏။

စောနက အမျိုးသမီးသည် လွန်စွာ ရုန်းရင်းကြမ်းတမ်းလှပြီး နဥ်ရှီအား အနိုင်ပင်ကျင့်ဖူးခဲ့သေးသည်။ နဥ်ရှီ ပြန်ပက်လိုက်ခြင်းသည် အဓိပ္ပါယ်မရှိသည်တော့ မဟုတ်။

အဟွတ်... သူမရဲ့ ရိုက်ချက်ကတော့ တော်တော်ရှင်းလင်းပြီး လုံးဝကိုမညှာမတာတော့ ဖြစ်သား။

လီဟောင် ထုတ်လုပ်ရေးအဖွဲ့သို့ ပြန်ရောက်သည့်အချိန်တွင်တော့ နဥ်ရှီသည် ပြန်လည်ရိုက်ကူးနေပြီ ဖြစ်သည်။ သူ ထုတ်လုပ်ရေးအဖွဲ့သားများကို လျှောက်ကြည့်လိုက် ကာ ကျန်းချင်းယွင်ဆီ လျှောက်သွား၏။ "မင်္ဂလာပါ.. ကျွန်တော်က..."

"ကျွန်တော်နဲ့ ဆွေးနွေးချင်နေတာဆိုရင်တော့ ခင်ဗျား လေကုန်မခံနဲ့တော့" ကျန်းချင်းယွင်၏ အသံသည် အနည်းငယ်မျှအေးစက်နေ၏။ "ဒီလိုပြဿနာအတွက် ကျွန်တော့်လို အေးဂျင့်မှာ ပြောစရာအကြောင်းမရှိပါဘူး"

"ကျွန်တော်တောင်းပန်ပါတယ်ဗျာ ဒါက ကျွန်တော့ရဲ့ ရည်ရွယ်ချက်မဟုတ်ရပါဘူး ၊ ဒီတိုင်း ကျွန်တော်ရဲ့မန်နေဂျာက မစ်နဥ်ဆီကို သူ့ရဲ့ အလေးနက်ဆုံးတောင်းပန်ပြီး သူမကို ကူညီပေးလို့ ရနိုင်တဲ့နေရာများ ရှိမလားဆိုတာ လာမေးတာပါဗျ"

ကျန်းချင်းယွင် ​သရော်လိုက်သည်၊ "ကျွန်တော်တို့ မိသားစုထဲက နဥ်ရှီလေးက ကျော်ကြားမှုနဲ့ငွေရှိပြီးသားဗျ.. ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကူအညီမှမလိုနေပါဘူး မစ္စတာဝေရဲ့ ရက်ရောမှုကိုတော့ ကျေးဇူးတင်ပါရဲ့ ဒါပေမယ့် ဒီကိစ္စပြီးနောက်မှာတော့ ဘာမှထပ်မပြောပါနဲ့တော့ဗျာ"

လီဟောင် တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ်လိုက်သည်၊ "ကျွန်တော် ခင်ဗျားပြောချင်တာကို နားလည်ပါပြီ"

"မစ်နဥ်မှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ကျွန်တော် နောင်တရမိပါတယ်... အနာဂတ်မှာ ကျွန်တော့်ရဲ့ အကူအညီလိုတာများရှိရင် လွတ်လွတ်လပ်လပ်နဲ့ လာအကူအညီတောင်းလို့ရပါတယ်ဗျာ"

ကျန်းချင်းယွင် လီဟောင်အား အံ့အားသင့်နေသည့် အကြည့်ပေးလိုက်မိ၏၊ အဲ့စကားလုံးတွေရဲ့ နောက်ကွယ်မှာ ဘာကိုဆိုလိုတာဖြစ်မလဲ? ကျန်းချင်းယွင်ဆီမှ အကြည့်ခံနေရခြင်းကြောင့် လီဟောင် ရှက်မိသလိုခံစားလာရသည်၊ သူ၏ ခေါင်းကိုနှိမ့်လိုက်ကာ ရှက်ရှက်ဖြင့် ရယ်လိုက်၏။ "ကျွန်တော်က နဥ်ရှီရဲ့ဖန်ပါ.. သူမ သရုပ်ဆောင်ခဲ့တဲ့ ကျင်းရုန်ယန်ဇာတ်ရုပ် ကျွန်တော် အရမ်းသဘောကျတာ.."

(TN : နဥ်ရှီ ပထမဆုံးရိုက်ကူးခဲ့တဲ့ 'လှပသော တိမ်တိုက်နီများ' ရုပ်ရှင်ထဲက ဇာတ်ကောင်ပါ။)

"ကျေးဇူးပါ" ကျန်းချင်းယွင်၏ အမူအရာအနည်းငယ်မျှ နူးညံ့သွားသည်။

လီဟောင် အချိန်အကြာကြီး မနေခဲ့ချေ။ သူ၏ အနေအထားအရ ထုတ်လုပ်ရေးအဖွဲ့ မှ ကြိုဆိုနေမည်လည်း မဟုတ်လောက်။

ထိုပြဿနာသည် အလွန်ဆုံးအခြေအနေ အထိတော့မရောက်သွားခဲ့ပေ။ သို့သော် ရက်အနည်းငယ်အကြာတွင် နဥ်ရှီသည် ရိုင်းစိုင်းစွာ ပြုမူခဲ့သည်ဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့၏။ ဒါပေမယ့် ထိုသို့သော သတင်းများဟာ အမြဲတမ်း မယုံရတာကြောင့် အာရုံစိုက်မှုမရခဲ့ပါချေ။

သို့ပေမည့် ဝေမိသားစုသည်တော့ ဝေစစ်ချီ၏ အရှုပ်ထုပ်ကြောင့် မငြိမ်မသက်ဖြစ်နေ၏။ အမေဝေသည် သူမ၏သမီး အရိုက်ခံခဲ့ရမှန်းသိသည့်နောက်တွင် ဒေါသထွက်နေကာ မည်သည်ကိုမျှနားမထောင်ဘဲ ထိုသရုပ်ဆောင်ငယ်လေးအား ပြန်ပြီးပေးဆပ်ရအောင် လုပ်ချင်နေလေသည်။ အဆုံးတွင်တော့ ဝေသုန်လိုင်သည်ပဲ ဝင်ဖျောင်းဖျတားမြစ်ကာ ပြဿနာအား ထိန်းချုပ်နိုင်သွား၏။

အဖေဝေသည်တော့ ပြဿနာအသေးလို့သာ မှတ်ယူကာ သိပ်ပြီးအာရုံမရှိခဲ့ပေ။ အတိုချုံ့ရမည်ဆိုလျှင်တော့ အမေဝေသည် သူမကိုယ်သူမ ထိန်းချုပ်နိုင်ဖို့ရာ ခက်ခဲနေသည်။သူမ၏ သမီးကမှားနေသည့်တိုင်အောင် သူမထိုကိစ္စကို ဒီတိုင်းပြီးသွားဖို့တော့ ခွင််မပြုနိုင်။

ဆိုလိုသည့်အတိုင်း၊ သူမ မီဒီယာများကို ဆက်သွယ်ကာ နဥ်ရှီကိုပြဿနာရှာဖို့ရန် အထက်လူကြီးများကို ဖိအားပေးတော့သည်။

သူမ၏သူငယ်ချင်းများကို မည်သူက ထိုပြဿနာကို သတင်းပိတ်ပေးနေသလဲဆိုတာ မေးမြန်းခဲ့ပေမယ့် သူတို့က အဖြေတိတိကျကျ မပေးကြပါချေ။ သူငယ်ချင်းများသည် ထိုပြဿနာအား ဒီအတိုင်းသာ လျှောချသွားဖို့ ထပ်ပြဿနာတွေကို မနှိုးဆွတော့ဖို့ရာ အကြံပေးကြ၏။

သို့ရာ တစ်ချို့ပြဿနာများသည် ထိုအရာများအား လွှတ်ချလိုက်ဖို့ရန် သူများအကြံပေးရုံမျှဖြင့် မပြီးပြတ်သွားနိုင်သည့် ပြဿနာများလည်းရှိပေသည်။

.....................

[1] – မူရင်းစာက 對(dui)不(bu)起(qi)
(ဝေသုန်လိုင် တောင်းပန်တဲ့စကား)က သုံးလုံးပါ e tranကနှစ်လုံးလို့ရေးထားပြီး တရုတ်က သုံးလုံးမို့ mm tranမကလည်း စကားလုံးများလို့ပဲသုံးလိုက်ပါတယ်ရှင့်

.....................

[Zawgyi]

ေဝသုန္လိုင္သည္ ထိုအေၾကာင္းအရာ၏ အဆံုးသတ္ဟာ သူသိခ်င္မည့္အရာ မဟုတ္သည္မွန္း သိလိုက္ရ၏။

"ကြၽန္မအေဖ ကားတိုက္ခံလိုက္ရတယ္၊ အဲ့ေနရာတစ္ျပင္လံုးက ကြၽန္မအေဖရဲ့ေသြးေတြနဲ႔ပဲ ဖံုးလႊမ္းေနခဲ့တာ သူေဆးရံုကိုပို႔ခံလိုက္ရတုန္းက ကြၽန္မစတိုခန္းမွာ ပိတ္မိေနေသးတုန္းပဲ" နဥ္ရွီ၏အသံဟာ တုန္လာေပမယ့္ သူမ၏မ်က္ႏွာေပၚတြင္ေတာ့ အၿပံဳးတစ္ပြင့္ဟာရိွေနေသးတုန္းျဖစ္သည္။ "မစ္စတာေဝ ခန္႔မွန္းၾကည့္လိုက္ေလ အဲ့တုန္းက ဘယ္သူက ကြၽန္မဖုန္းကိုဝွက္ခဲ့လဲဆိုတာ"

ေဝသုန္လိုင္သည္ သူ၏ပါးစပ္ကိုဖြင့္လိုက္ကာ နဥ္ရွီ၏လက္ကို မသိလိုက္စြာ​ျဖင့္ပင္ လႊတ္ေပးလိုက္မိ၏။ အရႈပ္ထုပ္လုပ္ေနဆဲျဖစ္သည့္ သူ၏ညီမကို ​ၾကည့္လိုက္ကာ နဥ္ရွီကို ျပန္ၾကည့္မိသည္။ မေရမတြက္ႏိုင္သည့္ သဲပြင့္မ်ားျဖင့္ သူ႔၏လည္ပင္းမွာ အသက္ရႈမရႏိုင္သလိုခံစားေနရ၏။ နာက်င္ရသည္ မရိုးမရျြဖစ္သည္ ရြံေတာင္ရြံမိသည္။

နဥ္ရွီ၏အသံဟာ ေသးငယ္လြန္းလွသည္။ သို႔ေသာ္ ေဝသုန္လိုင္၊ က်န္းခ်င္းယြင္ႏွင့္ ေဝသုန္လိုင္၏ အတြင္းေရးမွဴးတို႔သည္ေတာ့ သူမ၏အသံကို ၾကားေနရဆဲျဖစ္၏။

နဥ္ရွီအား နတ္ဘုရားမ အျဖစ္မွတ္ယူေသာ အတြင္းေရးမွဴးသည္ သူမ၏စကားလံုးမ်ားေၾကာင့္ ထိတ္လန္႔သြားရသည္။ အေတာ္ၾကာေအာင္ မိႈင္ေတြေနၿပီး နဥ္ရွီအား သနားလာမိ၏။ ငယ္ရြယ္လွပေသာအခ်ိန္၌ ထိုကဲ့သို႔ေသာ မေတာ္တဆမႈ သူမဘယ္ေလာက္ေတာင္ ေၾကကြဲခဲ့ရလိမ့္မလဲ?

ယခုအခ်ိန္တြင္၊ ေဝစစ္ခ်ီကို ၾကည့္မိလိုက္သည့္ အတြင္းေရးမွဴးသည္ နဥ္ရွီ၏ သည္းခံႏိုင္စြမ္း ေကာင္းလွသည္ဟု ရုတ္တရက္ေတြးမိသြား၏။ သူမ ေဝစစ္ခ်ီ၏ ေနွာင္ယွက္မႈကို တန္ျပန္မေျပာခင္ အလြန္တရာမ်ွ သည္းခံခဲ့ရေလာက္သည္။

"ကြၽန္ေတာ္ ေတာင္းပန္ပါတယ္*1......" ထိုစကားလံုးမ်ားသည္ နာက်င္ခံစားခဲ့ရသူအတြက္ အဓိပၸါယ္မရိွဟု ေဝသုန္လိုင္ ခံစားလိုက္ရသည္။ အေနာက္ကိုလွည့္ကာ မူးေၾကာင္ရူးေၾကာင္ျဖစ္ေနေသာ သူ၏ညီမကို ဆြဲေခၚသြား၏။ "မစ္နဥ္ ကြၽန္ေတာ္ရဲ့ညီမကို သြန္သင္ဆံုးမမႈမရိွခဲ့တဲ့ ကြၽန္ေတာ္တို႔ ေဝမိသားစုရဲ့ အမွားပါ"

နဥ္ရွီ ေလွာင္ကာရယ္မိလိုက္သည္၊ စကားတစ္လံုးမ်ွလည္း ျပန္မေျပာခဲ့ပါေခ်။

ထုတ္လုပ္ေရးအဖြဲ႔မွ အျခားသူမ်ား ဘာမွမေျပာႏိုင္ေသးခင္ ျပႆနာလာေရာက္ရွာေသာသူကား ရုတ္တရက္ သူမ၏သေဘာထားကို ေျပာင္းလဲလိုက္၏။ အစပိုင္းတြင္ေတာ့ သူတို႔သည္ နဥ္ရွီ၏လုပ္ရပ္ေၾကာင့္ အေျခအေန ပိုမိုဆိုးရြားလာေစလိမ့္မည္ဟု ထင္ထားခဲ့ေပသည္။ သို႔ေသာ္ျငား ထို႔အစား ျပႆနာမီးက ၿငိမ္းသြားခဲ့ေပသည္။

ထိုကဲ့သို႔ အေျခအေန တိုးတက္မႈႀကီးက တစ္ခုခုလြဲေခ်ာ္ေန၏။

ေဝသုန္လိုင္ မည္သို႔ပင္ေျပာေျပာ အေျခအေနကို ပိုၿပီးကသိကေအာက္ျဖစ္ေစမွာ သိေနခဲ့၏။ သူ ေဝစစ္ခ်ီ၏လက္ကို ကူမေပးသည့္အေနႏွင့္ ကိုင္ကာ "လီေဟာင္ ငါ့ကိုကူၿပီး စစ္ခ်ီကို ကိုင္ထားေပး"

အတြင္းေရးမွဴး လီ​ေဟာင္သည္ နဥ္ရွီကို ေခါင္းငိုက္စိုက္ျဖင့္ လွည့္မၾကည့္ခင္ ခဏမ်ွ တံု႔ဆိုင္းေနခဲ့ၿပီး ေနာက္တြင္ေတာ့ ေဝစစ္ခ်ီ၏ အျခားလက္ တစ္ဖက္အား ကူေပးလိုက္ေတာ့၏။

"မစ္နဥ္ ဒီကိစၥနဲ႔ပတ္သတ္ၿပီး ေနာက္ရက္ေတြမွာေဆြးေနြးပါ့မယ္ ေတာင္းပန္ပါတယ္" ေဝသုန္လိုင္သည္ ေဝစစ္ခ်ီအား ရိုက္ကူးေရးကြင္းမွ အတင္းဆြဲထုတ္လိုက္ေတာ့သည္။

ေဝစစ္ခ်ီအား ကားထဲထည့္ၿပီးေနာက္တြင္ ေဝသုန္လိုင္သည္ လီေဟာင္အား မွာလိုက္သည္ " လီေဟာင္သြား ထုတ္လုပ္ေရးအဖြဲ႔ကို ပတ္ၿပီးေမးလာခဲ့ အခုျပႆနာကို ရိုက္ကူးေနတဲ့ဗီဒီယို မရိွဘူးဆိုတာ ေသခ်ာေအာင္လုပ္လာလိုက္"

သူ အကယ္၍ ဤျပႆနာသာ ျပန္႔သြားခဲ့လ်ွင္ ေဝဖန္ခံရမည္မွာ နဥ္ရွီမဟုတ္ဘဲ သူ၏ညီမေလး ေဝစစ္ခ်ီျဖစ္ေနမည္ ဆိုသည္မွာ အေတာ္ေလးကိုေသခ်ာေန၏။

"ကြၽန္ေတာ္ နားလည္ပါၿပီ မန္ေနဂ်ာ" လီေဟာင္ ေခါင္းညိတ္ကာ ကားတံခါးမ်ားကို ပိတ္လိုက္သည္။ ေဝမိသားစုေမာင္ႏွမ ကားထဲတြင္က်န္ခဲ့ၿပီ ဆိုသည္ႏွင့္ ထုတ္လုပ္ေရးအဖြဲ႔ကို ၾကည့္မိလိုက္ေတာ့သည္။ သူေနာက္ျပန္မသြားခင္ ေခတၲမ်ွ စဥ္းစားလိုက္၏။

"နဥ္ရွီ......" က်န္းခ်င္းယြင္သည္ နဥ္ရွီ၏မိဘမ်ား သူမအနားတြင္ ရိွေတာ့မည္မဟုတ္မွန္း သိေနခဲ့သည္။ သို႔ေပမည့္လည္း သူမ၏အေဖသည္ ထိုသို႔ထိုပံုနည္းျဖင့္ ေသသြားခဲ့ရမည္ဟု မထင္ထားခဲ့ပါေခ်။ သူရုတ္တရက္ သူမကို မည္သို႔ႏွစ္သိမ့္ရမည္မွန္း မသိႏိုင္ေတာ့ေအာင္ ျဖစ္၏။

"ကြၽန္မ အဆင္ေျပပါတယ္" နဥ္ရွီ က်န္းခ်င္းယြင္၏ စာနာသနားမႈ စိတ္ပူပန္မႈဟု အမည္တပ္ရသည့္ သူ၏မ်က္လံုးမ်ားကို မၾကည့္ဘဲ ေနာက္ျပန္လွည့္လာခဲ့သည္။ ထို႔ေနာက္ သူမႏွင့္ ေျခလွမ္းအနည္းငယ္သာ ကြာေဝးေသာ ခုန္းယြီဟန္ ကို ေခၚလိုက္၏။ "ဒါရိုက္တာခုန္း ရႈတင္အတြက္ အခ်ိန္က ျပည့္ခါနီးၿပီမလား"

"အာ?" ခုန္းယြီဟန္ အူေၾကာင္ေၾကာင္ျဖင့္ ေခါင္းညိတ္လိုက္ၿပီး အခ်ိန္အၾကာႀကီးေနမွ အသိျပန္ဝင္လာေတာ့၏။ "နဥ္ရွီ၊ မင္းခဏ နားခ်င္လား"

"ရပါတယ္ ကြၽန္မ အဆင္ေျပတယ္" နဥ္ရွီ သူ႔ကို ၿပံဳးျပလိုက္ကာ ထုတ္လုပ္ေရးအဖြဲ႔တြင္ရိွသည့္ လူအားလံုးကို ခါးၫႊန္႔ကာ ေတာင္းပန္လိုက္ေလသည္။ "ကြၽန္မ တကယ္ကို ေတာင္းပန္ပါတယ္၊ ဒီေန့ျပႆနာကို အားလံုးအေပၚ သက္ေရာက္ေစမိၿပီ"

အဆံုးတြင္ေတာ့ ၊ နဥ္ရွီသည္ ေက်ာ္ၾကားလာခဲ့ၿပီး ေက်ာေထာက္ေနာက္ခံပါရိွေသး၏။ သူမ ထုတ္လုပ္ေရးအဖြဲ႔အတြင္းသို႔ ဝင္လာသည့္အခ်ိန္မွစ ထုတ္လႊင့္ျပသျခင္း မခံရေသးေပ။ သို႔ေသာ္ျငားလည္း သူမ ဒါရိုက္တာ ဒါမွမဟုတ္ ဇာတ္ပို႔သရုပ္အေဆာင္ အေသးေလးျဖစ္ေစကာမူ သူမ၏ သေဘာထားသည္ အၿမဲတမ္း ယဥ္ေက်းသိမ္ေမြ့ကာ ေလးစားသမႈျဖင့္ ဆက္ဆံခဲ့သည္ ခ်ည္းသာျဖစ္သည္။ ထို႔ျပင္ နဥ္ရွီကဲ့သို႔ ႏူးညံ့သူေလးသည္ ဤကဲ့သို႔ လူတစ္ေယာက္အားရိုက္မည္ မထင္ထားခဲ့။ သို႔ေသာ္ သူတို႔သည္ သူမဖက္ တြင္သာ ရပ္တည္ၾကမည္ျဖစ္၏။

ေစာနက အမ်ိဳးသမီးသည္ လြန္စြာ ရုန္းရင္းၾကမ္းတမ္းလွၿပီး နဥ္ရွီအား အႏိုင္ပင္က်င့္ဖူးခဲ့ေသးသည္။ နဥ္ရွီ ျပန္ပက္လိုက္ျခင္းသည္ အဓိပၸါယ္မရိွသည္ေတာ့ မဟုတ္။

အဟြတ္... သူမရဲ့ ရိုက္ခ်က္ကေတာ့ ေတာ္ေတာ္ရွင္းလင္းၿပီး လံုးဝကိုမၫွာမတာေတာ့ ျဖစ္သား။

လီေဟာင္ ထုတ္လုပ္ေရးအဖြဲ႔သို႔ ျပန္ေရာက္သည့္အခ်ိန္တြင္ေတာ့ နဥ္ရွီသည္ ျပန္လည္ရိုက္ကူးေနၿပီ ျဖစ္သည္။ သူ ထုတ္လုပ္ေရးအဖြဲ႔သားမ်ားကို ေလ်ွာက္ၾကည့္လိုက္ ကာ က်န္းခ်င္းယြင္ဆီ ေလ်ွာက္သြား၏။ "မဂၤလာပါ.. ကြၽန္ေတာ္က..."

"ကြၽန္ေတာ္နဲ႔ ေဆြးေနြးခ်င္ေနတာဆိုရင္ေတာ့ ခင္ဗ်ား ေလကုန္မခံနဲ႔ေတာ့" က်န္းခ်င္းယြင္၏ အသံသည္ အနည္းငယ္မ်ွေအးစက္ေန၏။ "ဒီလိုျပႆနာအတြက္ ကြၽန္ေတာ့္လို ေအးဂ်င့္မွာ ေျပာစရာအေၾကာင္းမရိွပါဘူး"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ ဒါက ကြၽန္ေတာ့ရဲ့ ရည္ရြယ္ခ်က္မဟုတ္ရပါဘူး ၊ ဒီတိုင္း ကြၽန္ေတာ္ရဲ့မန္ေနဂ်ာက မစ္နဥ္ဆီကို သူ႔ရဲ့ အေလးနက္ဆံုးေတာင္းပန္ၿပီး သူမကို ကူညီေပးလို႔ ရႏိုင္တဲ့ေနရာမ်ား ရိွမလားဆိုတာ လာေမးတာပါဗ်"

က်န္းခ်င္းယြင္ ​သေရာ္လိုက္သည္၊ "ကြၽန္ေတာ္တို႔ မိသားစုထဲက နဥ္ရွီေလးက ေက်ာ္ၾကားမႈနဲ႔ေငြရိွၿပီးသားဗ်.. ဘယ္သူတစ္ၪီးတစ္ေယာက္ရဲ့ အကူအညီမွမလိုေနပါဘူး မစၥတာေဝရဲ့ ရက္ေရာမႈကိုေတာ့ ေက်းဇူးတင္ပါရဲ့ ဒါေပမယ့္ ဒီကိစၥၿပီးေနာက္မွာေတာ့ ဘာမွထပ္မေျပာပါနဲ႔ေတာ့ဗ်ာ"

လီေဟာင္ တိတ္ဆိတ္စြာျဖင့္ ေခါင္းညိတ္လိုက္သည္၊ "ကြၽန္ေတာ္ ခင္ဗ်ားေျပာခ်င္တာကို နားလည္ပါၿပီ"

"မစ္နဥ္မွာ ျဖစ္ခဲ့တာေတြနဲ႔ ပတ္သတ္ၿပီး ကြၽန္ေတာ္ ေနာင္တရမိပါတယ္... အနာဂတ္မွာ ကြၽန္ေတာ့္ရဲ့ အကူအညီလိုတာမ်ားရိွရင္ လြတ္လြတ္လပ္လပ္နဲ႔ လာအကူအညီေတာင္းလို႔ရပါတယ္ဗ်ာ"

က်န္းခ်င္းယြင္ လီေဟာင္အား အံ့အားသင့္ေနသည့္ အၾကည့္ေပးလိုက္မိ၏၊ အဲ့စကားလံုးေတြရဲ့ ေနာက္ကြယ္မွာ ဘာကိုဆိုလိုတာျဖစ္မလဲ? က်န္းခ်င္းယြင္ဆီမွ အၾကည့္ခံေနရျခင္းေၾကာင့္ လီေဟာင္ ရွက္မိသလိုခံစားလာရသည္၊ သူ၏ ေခါင္းကိုႏိွမ့္လိုက္ကာ ရွက္ရွက္ျဖင့္ ရယ္လိုက္၏။ "ကြၽန္ေတာ္က နဥ္ရွီရဲ့ဖန္ပါ.. သူမ သရုပ္ေဆာင္ခဲ့တဲ့ က်င္းရုန္ယန္ဇာတ္ရုပ္ ကြၽန္ေတာ္ အရမ္းသေဘာက်တာ.."

(TN : နဥ္ရွီ ပထမဆံုးရိုက္ကူးခဲ့တဲ့ 'လွပေသာ တိမ္တိုက္နီမ်ား' ရုပ္ရွင္ထဲက ဇာတ္ေကာင္ပါ။)

"ေက်းဇူးပါ" က်န္းခ်င္းယြင္၏ အမူအရာအနည္းငယ္မ်ွ ႏူးညံ့သြားသည္။

လီေဟာင္ အခ်ိန္အၾကာႀကီး မေနခဲ့ေခ်။ သူ၏ အေနအထားအရ ထုတ္လုပ္ေရးအဖြဲ႔ မွ ႀကိဳဆိုေနမည္လည္း မဟုတ္ေလာက္။

ထိုျပႆနာသည္ အလြန္ဆံုးအေျခအေန အထိေတာ့မေရာက္သြားခဲ့ေပ။ သို႔ေသာ္ ရက္အနည္းငယ္အၾကာတြင္ နဥ္ရွီသည္ ရိုင္းစိုင္းစြာ ျပဳမူခဲ့သည္ဟူေသာ ေကာလာဟလမ်ား ပ်ံ့ႏွံ႔ခဲ့၏။ ဒါေပမယ့္ ထိုသို႔ေသာ သတင္းမ်ားဟာ အၿမဲတမ္း မယံုရတာေၾကာင့္ အာရံုစိုက္မႈမရခဲ့ပါေခ်။

သို႔ေပမည့္ ေဝမိသားစုသည္ေတာ့ ေဝစစ္ခ်ီ၏ အရႈပ္ထုပ္ေၾကာင့္ မၿငိမ္မသက္ျဖစ္ေန၏။ အေမေဝသည္ သူမ၏သမီး အရိုက္ခံခဲ့ရမွန္းသိသည့္ေနာက္တြင္ ေဒါသထြက္ေနကာ မည္သည္ကိုမ်ွနားမေထာင္ဘဲ ထိုသရုပ္ေဆာင္ငယ္ေလးအား ျပန္ၿပီးေပးဆပ္ရေအာင္ လုပ္ခ်င္ေနေလသည္။ အဆံုးတြင္ေတာ့ ေဝသုန္လိုင္သည္ပဲ ဝင္ေဖ်ာင္းဖ်တားျမစ္ကာ ျပႆနာအား ထိန္းခ်ဳပ္ႏိုင္သြား၏။

အေဖေဝသည္ေတာ့ ျပႆနာအေသးလို႔သာ မွတ္ယူကာ သိပ္ၿပီးအာရံုမရိွခဲ့ေပ။ အတိုခ်ံဳ႔ရမည္ဆိုလ်ွင္ေတာ့ အေမေဝသည္ သူမကိုယ္သူမ ထိန္းခ်ဳပ္ႏိုင္ဖို႔ရာ ခက္ခဲေနသည္။သူမ၏ သမီးကမွားေနသည့္တိုင္ေအာင္ သူမထိုကိစၥကို ဒီတိုင္းၿပီးသြားဖို႔ေတာ့ ခြင္္မျပဳႏိုင္။

ဆိုလိုသည့္အတိုင္း၊ သူမ မီဒီယာမ်ားကို ဆက္သြယ္ကာ နဥ္ရွီကိုျပႆနာရွာဖို႔ရန္ အထက္လူႀကီးမ်ားကို ဖိအားေပးေတာ့သည္။

သူမ၏သူငယ္ခ်င္းမ်ားကို မည္သူက ထိုျပႆနာကို သတင္းပိတ္ေပးေနသလဲဆိုတာ ေမးျမန္းခဲ့ေပမယ့္ သူတို႔က အေျဖတိတိက်က် မေပးၾကပါေခ်။ သူငယ္ခ်င္းမ်ားသည္ ထိုျပႆနာအား ဒီအတိုင္းသာ ေလ်ွာခ်သြားဖို႔ ထပ္ျပႆနာေတြကို မႏိႈးဆြေတာ့ဖို႔ရာ အႀကံေပးၾက၏။

သို႔ရာ တစ္ခ်ိဳ႕ျပႆနာမ်ားသည္ ထိုအရာမ်ားအား လႊတ္ခ်လိုက္ဖို႔ရန္ သူမ်ားအႀကံေပးရံုမ်ျွဖင့္ မၿပီးျပတ္သြားႏိုင္သည့္ ျပႆနာမ်ားလည္းရိွေပသည္။

.....................

[1] – မူရင္းစာက 對(dui)不(bu)起(qi)
(ေဝသုန္လိုင္ ေတာင္းပန္တဲ့စကား)က သံုးလံုးပါ e tranကႏွစ္လံုးလို႔ေရးထားၿပီး တရုတ္က သံုးလံုးမို႔ mm tranမကလည္း စကားလံုးမ်ားလို႔ပဲသံုးလိုက္ပါတယ္ရွင့္

.....................

Continue Reading

You'll Also Like

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
177K 3.9K 33
"..ဒီမှာ ကိုလူချော..." "..ဗျာ..." "..ကျွတ်...အဲ့ဒီလိုခေါ်ပြန်ရင်လည်း ဦးလေးကြီးနာမည်က တင်စီးလိုက်တာ..စံမကြိုက်ပါဘူး..." "ကို.ဖြုတ်ပြီးခေါ်.." "ဟင်.. အ...
12K 1.1K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...