နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

De Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... Mais

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [35.1]

1K 140 7
De Lazy_Little_Meow

Translated by milimwwwww

[Unicode]

အခန်း - (၃၅.၁)

စကားလုံးတွေသည် အနုပညာလက်ရာတစ်ခု၏ တံခါးချပ်ကဲ့သို့ လူများသည်လည်း ကျိန်ဆဲဖို့ရာ သိသည့် လူကိုမကြိုက်ကြပါချေ။

ဝေစစ်ချီ၏ ပါးစပ်ထဲတွင်ရှိနေသေးသည့် သောက်ဝက်မဆိုသည့် စကားလုံးများသည် နဉ်ရှီ ဘာမျှမလုပ်သည့်တိုင် အဓိပ္ပါယ်မရှိသည့် အကြောင်းအရာများဖြင့် သူမကို တံဆိပ်ကပ်လိုက်ကြောင်း ပြနေသည်။

နဉ်ရှီပေါ်လာသည့်အချိန်တွင် ဝေသုန်လိုင်သည် ထိတ်လန့်သွား၏။ သူ၏ ညီမငယ်လေး "သောက်ဝက်မ "စသည့် ကျိန်ဆဲသံများကို ကြားနေရသည်မှာ သူ့ကိုယ်သူ အသိပြန်ဝင်သွားစေပေသည်။

သူ၏မှတ်ဉာဏ်ထဲမှ သူ့ညီမလေး သည်အမြဲတမ်း ချိုမြိန်ကာ ချစ်ဖို့ကောင်းနေခဲ့သည်ချည်းသာဖြစ်သည်။ ဘယ်လိုတောင် သူမ ထိုစကားလုံးများကို ပြောနိုင်ရတာလဲ? သူတို့၏ ဝေမိသားစုသည် လွန်ခဲ့သည့် နှစ်နှစ်ဆယ် က လျှပ်စစ်ပစ္စည်းများကိုရောင်းချရသည်ကိုသာ မှီခိုနေရတာဖြစ်ခဲ့သည်။ နေ့ချင်းညချင်း ချမ်းသာလာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သတ်ပြီးဝေဖန်မခံရစေရန် သူတို့၏မိသားစုသည် အပြင်ပန်းတွင် တစ်ပါးသူများ အမှားရှာမည်ကိုစိုးသဖြင့် သူတို့၏ အပြုအမူနှင့် မျက်နှာပန်းလှအောင် ဂရုတစိုက်နေကြခြင်းဖြစ်သည်။

"ဒီမိန်းကလေးငယ် က ရှင့်စကားတွေက ဘာလိုဆိုလိုတာပါလိမ့်" နဉ်ရှီအရှေ့တိုးလာကာ, ကြမ်းပြင်ပေါ်တွင်ရှိသည့် ဝေစစ်ချီကို ကြည့်ဖို့ရန် ခါးအနည်းငယ်နှိမ့်လိုက်၏။

"ဝတာဖြစ်စေ ပိန်တာဖြစ်စေ ၊ အဲ့လိုဖြစ်တာနဲ့ပဲရှင်လက်လွတ်စပယ်သူများကို စော်ကားတယ်လို့ဆိုလိုတာမဟုတ်ဘူး။ အရပ်ရှည်တာ ပုတာ ဝတာ ပိန်တာ တွေက လူတစ်စုံတစ်ဦးရဲ့ အပေါ်ယံသပ်သပ်ပဲ၊ ဘဝမှာ အဓိက,က ကိုယ်ကျင့်တရားဖြောင့်မတ်ဖို့.."

ထိုသို့ စက်ဆုပ်စရာကောင်းသလို ပြောခံရပြီးနောက်တွင် ဝေစစ်ချီသည် မမူးတော့ပေ။ သူမ နဉ်ရှီအား ကြည့်လိုက်ကာ ရုတ်တရက်ထပြီး စိတ်ပူပန်စွာ ပြန်ပြေးဖို့လုပ်တော့၏။ သို့ရာတွင် သူမ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ဖြစ်သောကြောင့် သူမ၏လက်တွေကိုသာ စိတ်ကစဉ့်ကလျားဖြင့် အနောက်ကို တွန်းကာ ပြန်ပွတ်ဆွဲ ပြီးသာသွားနိုင်လေသည်။

"နင်ပဲ၊နင်ပြန်လာပြီပဲ!" ဝေစစ်ချီ ဗလုံးဗထွေး ထုတ်ပြောလာ၏။ "နင် နင် နိုင်ငံခြားမှာရှိနေရမှာ မဟုတ်ဘူးလား?ဘာလို့နင်ကပြန်လာရတာလဲ?"

အကယ်၍ သူမ ပြန်လာတာ တစ်ခုတည်းဖြင့် သူမကို ယီကျွင်းသည် ထိုသို့ အေးအေးစက်စက်ဖြင့်ဆက်ဆံမည်မဟုတ်ပေ။ သူမ အိမ်ကနေထွက်လာသော မနက်ပိုင်းတွင် ချန်းယီကျွင်း၏ weibo အပိုအကောင့်ကို သူ၏ဖုန်းတွင် တွေ့လိုက်ရ၏။ ထိုအကောင့်တွင် နဉ်ရှီနှင့် ပတ်သက်သည့် အရာမှန်သမျှကို follow ထားသည်။

သူမ၏ ဘဝသည် နဉ်ရှီကြောင့် ဖျက်ဆီးခံလိုက်ရပြီး ပျော်ရွှင်မှုအရာအားလုံးကို အပေါက်ကြီးကြီးတစ်ခုခု က စုပ်ယူသွားသလိုခံစားနေကာ ဘယ်တော့မှ ပြည့်သွားမည်မဟုတ်သလိုမျိုးပင်။

ယခု ဝေစစ်ချီ၏ ပုံစံကိုကြည့်ပြီး နဉ်ရှီ သူမနှင့်ထပ်ပြီး စကားမပြောချင်တော့ပေ။ သူမ၏ ခါးကိုပြန်မတ်လိုက်ကာ လှောင်ပြုံးတစ်ခုဖြင့် နောက်ပြန်ဆုတ်သွား၏။ သူမ၏ မျက်နှာကို ပင့်လိုက်ကာ နေမရထိုင်မရဖြစ်နေသည့်​ဝေသုန်လိုင်ကို ကြည့်ရင်း "မ​စ္စတာဝေ ကျေးဇူးပြုပြီး ရှင့်ရဲ့ညီမကို ဝေးဝေးခေါ်သွားလိုက်ပါ၊ ဒါက ရှုတင် ဖြစ်ပြီး ဝေအိမ်လိုမျိုး သူမရူးရူးမိုက်မိုက်လုပ်လို့နေရာမဟုတ်ဘူး"

"ကျွန်တော်တကယ်ကိုတောင်းပန်ပါတယ်၊ စစ်ချီက မူးနေပြီး သူမဘာလုပ်လို့လုပ်နေမှန်းတောင်သိလောက်မှာ မဟုတ်ပါဘူးဗျာ ၊နှောင့်ယှက်မိတဲ့အတွက် ထပ်ပြီးတောင်းပန်ပါတယ်ဗျာ" ဝေသုန်လိုင်သည် အရူးတစ်ယောက်မဟုတ်ပါချေ၊ နဉ်ရှီ၏ သဘောထားအရ နဉ်ရှီ သူ၏ညီမနှင့် အသိဖြစ်ကြောင်း သဘောပေါက်ပေ၏။ ကြည့်ရသလောက် စစ်ချီသည် မိဘများ အလိုလိုက်ထား၍ သူမအပေါ် ဆိုးဆိုးရွားရွားတစ်ခု လုပ်ခဲ့ပုံပေါ်နေ၏။

သွေးကရေထက်ပိုပျစ်သလိုပင်။ သူ သူ၏ညီမလေးကို အပြစ်မတင်ရက်သောကြောင့် သူမကိုယ်စားတောင်းပန်နေသည်။

"မစ်ဝေက ကလေးမဟုတ်တော့ဘူးလေ သူမရဲ့အမှားတွေကို ရှောင်ထွက်သွားဖို့ "အသိတရားမရှိ"ဆိုတဲ့ စကားလုံးကို တစ်သက်လုံး သုံးလို့မရဘူးနော်" နဉ်ရှီ လှောင်သည့်သဘောနှင့် ပြုံးလိုက်ကာ "ဝေအိမ်ကချမ်းသာတဲ့ အိမ်တော်ကြီးပါ ဘာလို့ကျွန်မတို့လိုသေးသေးသိမ်သိမ် ထုတ်လုပ်အရေးအဖွဲ့ကို အနိုင်ကျင့်နေရတာလဲရှင်?အကယ်၍ မစ်ဝေက ကျွန်မအပေါ်မကျေနပ်ချက်ရှိရင်တောင် သက်သက်စီတွေ့ပြီးပြောလို့ရပါတယ်။ ဒီအဖွဲ့တစ်ခုလုံးကို ဘာလို့ဆွဲထည့်နေရတာလဲ"

ထုတ်လုပ်ရေးအဖွဲ့က နဉ်ရှီကို ပြဿနာအိုး၊ ပြဿနာရှာရတာကို ကြိုက်နှစ်သက်သူလို့သာ လက်ခံထားခဲ့ကြသည်။ သို့ရာတွင် သူမက ဒီဒရမ်မာမှ
အမျိုးသမီးဇာတ်ဆောင်ဖြစ်ရာသာမက သူမက ဇာတ်ညွှန်းရေးဆရာနှင့် ဆက်ဆံရေးကောင်းကောင်းရှိပြီး ချန်းကော်ပိုရေးရှင်း၏ ဥက္ကဌဆီမှ ရန်ပုံငွေများ ယူကာ ထုတ်လုပ်ရေးအဖွဲ့ကို ပြန်ပြီးထောက်​ပံ့ပေးခဲ့သည်။ ထို့ကြောင့်သူတို့ သူမနှင့်ပတ်သက်ပြီးထင်မြင်ချက်တစ်ခုခုရှိချင်တောင် ဖော်ပြရန် မဝံ့ရဲ ကြပေ။ ဒါပေမယ့် ယခုသူမ၏ စကားလုံးများကို ကြားပြီးနောက်တွင်တော့ ဇာတ်မီးရောင်အသစ်ဖြင့်မြင်လိုက်ရသလိုပင်။

နဉ်ရှီသည် ရုတ်တရက်ပေါ်လာပြီး ဆဲဆိုရန်သာ သိသည့် မိန်းမနှင့် ဖက်ပြီးရန်မဖြစ်ခဲ့ပေ။ ထို့အစား သူမ ကြင်နာစွာဖြင့် ပြန်လည်ဖြေရှင်းပေးခဲ့သည်။ အကယ်၍ ဒီပြဿနာသည် သူတို့ကို ပစ်မှတ်ထားပြီးဖြစ်လာခဲ့မယ်ဆိုလျှင် ထိုသို့သည်းခံနိုင်မည်မဟုတ်ပေ။

အထူးသဖြင့် နဉ်ရှီ၏ ဝခြင်းပိန်ခြင်းစသည့် အပြင်ပိုင်းပုံပန်းသဏ္ဍာန် နှင့်ကိုယ်ကျင့်တရား အကြောင်းကိုပြောသည်ကို ကြားလိုက်ရသည့် ထုတ်လုပ်ရေးအဖွဲ့ရှိ သူတို့၏အရွယ်အစားကြောင့် လှောင်ခံရခဲ့သည်  အချို့ဝနေသော အလုပ်သမားများသည် စိတ်အခြေအနေကို ပိုကောင်းလာပြီး နဉ်ရှီကို ပိုပြီးအကောင်းမြင်လာကြ၏။

"နင့်ကိုယ်နင် စတားတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ သူများတွေနဲ့မတူထူးခြားပြီး သူများတွေကို လက်ချာလာပေးလို့ရတယ်ထင်မနေနဲ့" ဝေစစ်ချီ မြေပြင်ပေါ်မှ ယိုင်တိုင်တိုင်နှင့်ထလာခဲ့သည်။ "ငါ့မျက်လုံးထဲမှာတော့ နင်က သရုပ်ဆောင်သေးသေးလေးပဲ၊ ငါနင့်ကို ဖျက်ဆီးချင်ရင် စကားနည်းနည်းပြောလိုက်ရုံနဲ့တင်ရပြီ"

"မစ်ဝေက ကြွယ်ဝချမ်းသာပြီး သြဇာအာဏာတွေရှိတယ် ဆိုတာ သိပါတယ်.. ရှင်ကြိုက်သလိုလုပ်လို့ရတယ် ဆိုတာကိုလည်းကျွန်မသိသလို တစ်ချို့အရာတွေက ရှင်းရှင်းလင်းလင်း လုပ်ထားသင့်ပါတယ်။ အမျိုးသမီးသရုပ်ဆောင်ဖြစ်ဖြစ် အမျိုးသားသရုပ်ဆောင်ဖြစ်ဖြစ် လူတိုင်း သူ့တန်ဖိုးနဲ့သူပဲ.. ရာစုနှစ်အသစ်ရောက်နေပြီ.. ပဒေသရာဇ်စနစ်ကိုအသက်သွင်းခဲ့တဲ့လူတွေ မရှိတော့ကြာပြီ!" နဉ်ရှီ ဒေါသမဟုတ်သော်လည်း ရယ်သံဖြင့် ဆက်ပြောခဲ့သည်။ "အဲ့နှစ် နင်နဲ့ နင့်တခြားအတန်းဖော်တွေ ငါ့ကို စတိုခန်းမှာ ပိတ်ထားကတည်းက ငါနင့်ကိုပြောချင်ခဲ့တာ ရှိတယ်၊ ငွေက အာဏာကိုပေးစွမ်းနိုင်ပေမယ့် အရာအားလုံးကို မပေးစွမ်းနိုင်တာတော့ သေချာတယ်ဆိုတာပဲ"

နဉ်ရှီ၏ စကားလုံးများသည် အကြောင်းအရာများစွာကို ဖော်ပြသွားသဖြင့် ထိုနေရာမှာရှိနေသည့်လူတိုင်းသည် နဉ်ရှီကိုယ်တိုင် ပြောခဲ့ဖူးသည့်အထက်တန်းကျောင်းတက်စဉ်က တော်တော်ဝခဲ့သည့်အကြောင်း ပြန်တွေးမိသွားကြ၏။ ထိုအဝလွန်မှုသည် သူမကို ဘွဲ့တောင်မရသေးခင် နိုင်ငံမှထွက်သွားခံခဲ့ရအောင်ဖြစ်ခဲ့ရသည်။ သို့ရာတွင် တစ်စုံတစ်ဦးက ပြဿနာလာရှာရုံသာမက သူမကို သောက်ဝက်မဟု ခေါ်သည်ဆိုထဲက ကျန်းချင်းယွင် သူမကို ဂရုစိုက်နေသည်မှာ မထူးဆန်းတော့ပေ။

ကျောင်းတွင် အနိုင်ကျင့်သောသူများဖြစ်သည်ကပင် တော်တော်ဆိုးရွားနေပြီဖြစ်သည်။ သို့ရာတွင် နဉ်ရှီကိုထပ်ပြီး အနိုင်ကျင့်ဖို့လာတဲ့အချိန်မှာ အခုသူမက လှပနေသည့်အပြင် နာမည်ကြီးcelebrityဖြစ်နေပြီမဟုတ်ပါလော? တစ်စုံတစ်ယောက်က ငွေနှင့် ရာထူးရှိသည်ဆိုလျှင်တောင် ယခုသည် တော်တော်ကို အကျင့်စာရိတ္တပျက်ပြားနေကာ အမြင်မတော်လွန်းနေပြီဖြစ်သည်။

"နင့်ကိုယ်နင် တော်တော်ဟုတ်နေပြီထင်တယ်ပေါ့.. အရည်အချင်းရှိရင် ငါ့ကိုပြန်ပြောလေ" ဝေစစ်ချီ နဉ်ရှီကို လက်ညိုးထိုးကာ အေးစက်စက်ဖြင့်ရယ်မောလိုက်၏။ "ငါကနင့်ကို ဈေးပေါတဲ့သရုပ်ဆောင်လို့ခေါ်တာ ဘာဖြစ်နေလို့လဲ!?"

"ထွက်သွားစမ်း!" ရှောင်းယန် သည်းမခံနိုင်တော့လေရာ  နဉ်ရှီကိုလက်ညိုးထိုးနေသော ဝေစစ်ချီ၏ လက်ချောင်းကို တွန်းထုတ်ပစ်လိုက်သည်။ မျက်လုံးများနီလာပြီး သူမအော်ပစ်လိုက်ကာ "နင်လူတွေကိုဘာလို့ အဲ့လောက်တောင် အထင်သေးနေရတာလဲ!"

"နင့်ကိုယ်နင်ဘာထင်နေလဲ? ငါ့ကို ရိုက်ရဲတယ်ပေါ့လေ?" ဝေစစ်ချီသည် ငယ်စဉ်တည်းကပင် ဆုံးရှုံးမှုဆိုသည့် အရာများကိုမခံစားခဲ့ရပေ။ ရှောင်းယန် သူမ၏လက်ကို ရိုက်သည့်တည်းက ရှောင်းယန် သူမအပေါ်ပြန်ပေးဆပ်ရမည်ဟု တွေးကာ သူမ၏ဆံပင်ကို ဆွဲဖို့လုပ်တော့၏။

ကံမကောင်းစွာဖြင့် သူမ၏လက် ရှောင်းယန်ကိုမထိနိုင်ခင်မှာပင် နဉ်ရှီထံမှတားခံလိုက်ရ၏။

ဖြန်း ဖြန်း ဖြန်း!

နဉ်ရှီ ဝေစစ်ချီ၏လက်ကို ဆွဲယူလိုက်ကာ သူမအား ပါးသုံးချက်ပြင်းပြင်းချလိုက်၏။ ဝေသုန်လိုင် ကြောင်နေစဉ်မှာပင် ဝေစစ်ချီအား သူ့အပေါ်သို့ပစ်လိုက် ကာ "ထွက်သွားလိုက်တော့!"

အားလုံးက တိတ်ဆိတ်နေကြပေသည်။ ပါးရိုက်ဖို့အသာထား နဉ်ရှီဝင်ပါဖို့ပင် မမျှော်လင့်ထားကြပေ။

အသံနှင့်ပင် သူတို့နာကျင်မှုကို ခံစားလို့ရနိုင်လောက်သည်။

တိတ်ဆိတ်နေမှုသည် ထိုပါးရိုက်ချက်ကြောင့် ဝေစစ်ချီကိုယ်တိုင်ပင် ကြောင်အ,သွားသည်ကို ဖော်ပြနေသည့် သက်သေဖြစ်၏။ သူမ ဘာမှတောင်မပြောနိုင်ခဲ့ပေ။ သူမ၏ မျက်နှာကို ကြောင်အစွာဖြင့် ထိလိုက်ကာ တုန်ရီစွာဖြင့် နဉ်ရှီအား ဝင်လုံးပြီး သူမကို တိုက်ခိုက်ဖို့လုပ်တော့သည်။ "ခွေးမ!"

"ဉာဏ်နည်းတဲ့ မိန်းမတွေပဲ မိန်းကလေးအချင်းချင်း ဒီလိုနှိမ်ပြီးပြောလိမ့်မယ်" နဉ်ရှီသည် ဝေစစ်ချီ၏ ကြမ်းကြမ်းတမ်းတမ်း အပြုအမူများကို ရှောင်လိုက်ကာ သူမအား နောက်ပါးတစ်ချက် အပိုပေးလိုက်တော့၏။ "နင့်မိဘတွေက နင့်ကို လူအချင်းချင်း လေးစားတတ်အောင် မသင်ပေးခဲ့မှတော့ နင်လူတွေအပေါ် ထင်တိုင်းဆဲနေတာရဲ့ အကျိုးဆက်ကို ငါကပြပေးရမှာပေါ့"

"မစ်နဉ်" ဝေသုန်လိုင်က နဉ်ရှီ၏ လက်ကောက်ဝတ်အား ဆွဲလိုက်ကာ လေးလေးနက်နက်ပြောလိုက်သည်။ "ကျွန်တော် မင်း လွန်နေမှာကို စိုးရိမ်မိပါတယ်" အကယ်၍ သူ၏ညီမ မှားခဲ့သည့်နေရာများရှိသည့်တိုင်အောင် အပြင်လူများ ဝင်ရောက်မစွတ်ဖက်သင့်ပေ။

"လူထုရဲ့ပြယုဒ် အနေနဲ့ မင်း ပြဿနာတွေဖြစ်လာမှာကို မကြောက်ဘူးလား?"

ကျန်းချင်းယွင်သည် ပုရိသဝါဒီအား ကိုင်ဆောင်ထားသော ဝေသုန်လိုင်အား မြင်ပြီးနောက်တွင် နဉ်ရှီ အခွင့်မသာမည်ကိုစိုးသဖြင့်၊ ဝေစစ်ချီအား တွန်းထုတ်လိုက်ကာ နဉ်ရှီအားထိခွင့်မပြုပေ။

"မ​စ္စတာဝေ" နဉ်ရှီ၏ မျက်နှာထက်တွင် အေးစက် စက် အပြုံးတစ်စုံ ချိတ်ဆွဲထားကာ ဝေသုန်လိန်အား ကြည့်နေ၏။"လွန်ခဲ့တဲ့ခုနှစ်နှစ်,ရှင့်ညီမ တခြားသူတွေနဲ့ပေါင်းပြီး ကျွန်မဖုန်းကို ဝှက်၊ သိုလှောင်ခန်းထဲမှာ တစ်ညလုံး ပိတ်ခဲ့တုန်းကကော သူမ ပြဿနာတစ်ခုခုဖြစ်လာမှာမကြောက်ခဲ့ဘူးလား?"

ထိုလှပသော မျက်လုံးအစုံသည် သူ့အား စိုက်ကြည့်နေရကား ဝေသုန်လိန်သည် လွန်ခဲ့သည့်ခုနှစ်နှစ်တုန်းက ဘာဖြစ်ခဲ့သည်လည်းဆိုတာကို မသိသည်တိုင်အောင် အပြစ်ရှိသလိုခံစားသွားရ၏။

"ရှင်သိလား?" နဉ်ရှီသူမ၏အသံကို နှိမ့်လိုက်ကာ သူမ၏အပြုံးက အလွန်တရာမုန်းတီးခြင်းဆိုသည့် အရိပ်အယောင်များပေါ်နေ၏။ "ကျွန်မအဖေက ကျွန်မဖုန်းမကိုင်တော့ တစ်ညလုံးလိုက်ရှာနေခဲ့တာ"

...................................

[Zawgyi]

အခန္း - (၃၅.၁)

စကားလုံးေတြသည္ အႏုပညာလက္ရာတစ္ခု၏ တံခါးခ်ပ္ကဲ့သို႔ လူမ်ားသည္လည္း က်ိန္ဆဲဖို႔ရာ သိသည့္ လူကိုမႀကိဳက္ၾကပါေခ်။

ေဝစစ္ခ်ီ၏ ပါးစပ္ထဲတြင္ရွိေနေသးသည့္ ေသာက္ဝက္မဆိုသည့္ စကားလုံးမ်ားသည္ နဥ္ရွီ ဘာမွ်မလုပ္သည့္တိုင္ အဓိပၸါယ္မရွိသည့္ အေၾကာင္းအရာမ်ားျဖင့္ သူမကို တံဆိပ္ကပ္လိုက္ေၾကာင္း ျပေနသည္။

နဥ္ရွီေပၚလာသည့္အခ်ိန္တြင္ ေဝသုန္လိုင္သည္ ထိတ္လန္႔သြား၏။ သူ၏ ညီမငယ္ေလး "ေသာက္ဝက္မ "စသည့္ က်ိန္ဆဲသံမ်ားကို ၾကားေနရသည္မွာ သူ႔ကိုယ္သူ အသိျပန္ဝင္သြားေစေပသည္။

သူ၏မွတ္ဉာဏ္ထဲမွ သူ႔ညီမေလး သည္အၿမဲတမ္း ခ်ိဳၿမိန္ကာ ခ်စ္ဖို႔ေကာင္းေနခဲ့သည္ခ်ည္းသာျဖစ္သည္။ ဘယ္လိုေတာင္ သူမ ထိုစကားလုံးမ်ားကို ေျပာႏိုင္ရတာလဲ? သူတို႔၏ ေဝမိသားစုသည္ လြန္ခဲ့သည့္ ႏွစ္ႏွစ္ဆယ္ က လွ်ပ္စစ္ပစၥည္းမ်ားကိုေရာင္းခ်ရသည္ကိုသာ မွီခိုေနရတာျဖစ္ခဲ့သည္။ ေန႔ခ်င္းညခ်င္း ခ်မ္းသာလာခဲ့ၿပီး ထိုကိစၥႏွင့္ပတ္သတ္ၿပီးေဝဖန္မခံရေစရန္ သူတို႔၏မိသားစုသည္ အျပင္ပန္းတြင္ တစ္ပါးသူမ်ား အမွားရွာမည္ကိုစိုးသျဖင့္ သူတို႔၏ အျပဳအမူႏွင့္ မ်က္ႏွာပန္းလွေအာင္ ဂ႐ုတစိုက္ေနၾကျခင္းျဖစ္သည္။

"ဒီမိန္းကေလးငယ္ က ရွင့္စကားေတြက ဘာလိုဆိုလိုတာပါလိမ့္" နဥ္ရွီအေရွ႕တိုးလာကာ, ၾကမ္းျပင္ေပၚတြင္ရွိသည့္ ေဝစစ္ခ်ီကို ၾကည့္ဖို႔ရန္ ခါးအနည္းငယ္ႏွိမ့္လိုက္၏။

"ဝတာျဖစ္ေစ ပိန္တာျဖစ္ေစ ၊ အဲ့လိုျဖစ္တာနဲ႔ပဲရွင္လက္လြတ္စပယ္သူမ်ားကို ေစာ္ကားတယ္လို႔ဆိုလိုတာမဟုတ္ဘူး။ အရပ္ရွည္တာ ပုတာ ဝတာ ပိန္တာ ေတြက လူတစ္စုံတစ္ဦးရဲ႕ အေပၚယံသပ္သပ္ပဲ၊ ဘဝမွာ အဓိက,က ကိုယ္က်င့္တရားေျဖာင့္မတ္ဖို႔.."

ထိုသို႔ စက္ဆုပ္စရာေကာင္းသလို ေျပာခံရၿပီးေနာက္တြင္ ေဝစစ္ခ်ီသည္ မမူးေတာ့ေပ။ သူမ နဥ္ရွီအား ၾကည့္လိုက္ကာ ႐ုတ္တရက္ထၿပီး စိတ္ပူပန္စြာ ျပန္ေျပးဖို႔လုပ္ေတာ့၏။ သို႔ရာတြင္ သူမ ၾကမ္းျပင္ေပၚတြင္ ထိုင္ေနသည္ျဖစ္ေသာေၾကာင့္ သူမ၏လက္ေတြကိုသာ စိတ္ကစဥ့္ကလ်ားျဖင့္ အေနာက္ကို တြန္းကာ ျပန္ပြတ္ဆြဲ ၿပီးသာသြားႏိုင္ေလသည္။

"နင္ပဲ၊နင္ျပန္လာၿပီပဲ!" ေဝစစ္ခ်ီ ဗလုံးဗေထြး ထုတ္ေျပာလာ၏။ "နင္ နင္ ႏိုင္ငံျခားမွာရွိေနရမွာ မဟုတ္ဘူးလား?ဘာလို႔နင္ကျပန္လာရတာလဲ?"

အကယ္၍ သူမ ျပန္လာတာ တစ္ခုတည္းျဖင့္ သူမကို ယီကြၽင္းသည္ ထိုသို႔ ေအးေအးစက္စက္ျဖင့္ဆက္ဆံမည္မဟုတ္ေပ။ သူမ အိမ္ကေနထြက္လာေသာ မနက္ပိုင္းတြင္ ခ်န္းယီကြၽင္း၏ weibo အပိုအေကာင့္ကို သူ၏ဖုန္းတြင္ ေတြ႕လိုက္ရ၏။ ထိုအေကာင့္တြင္ နဥ္ရွီႏွင့္ ပတ္သက္သည့္ အရာမွန္သမွ်ကို follow ထားသည္။

သူမ၏ ဘဝသည္ နဥ္ရွီေၾကာင့္ ဖ်က္ဆီးခံလိုက္ရၿပီး ေပ်ာ္႐ႊင္မႈအရာအားလုံးကို အေပါက္ႀကီးႀကီးတစ္ခုခု က စုပ္ယူသြားသလိုခံစားေနကာ ဘယ္ေတာ့မွ ျပည့္သြားမည္မဟုတ္သလိုမ်ိဳးပင္။

ယခု ေဝစစ္ခ်ီ၏ ပုံစံကိုၾကည့္ၿပီး နဥ္ရွီ သူမႏွင့္ထပ္ၿပီး စကားမေျပာခ်င္ေတာ့ေပ။ သူမ၏ ခါးကိုျပန္မတ္လိုက္ကာ ေလွာင္ၿပဳံးတစ္ခုျဖင့္ ေနာက္ျပန္ဆုတ္သြား၏။ သူမ၏ မ်က္ႏွာကို ပင့္လိုက္ကာ ေနမရထိုင္မရျဖစ္ေနသည့္​ ေဝသုန္လိုင္ကို ၾကည့္ရင္း "မ​စၥတာေဝ ေက်းဇူးျပဳၿပီး ရွင့္ရဲ႕ညီမကို ေဝးေဝးေခၚသြားလိုက္ပါ၊ ဒါက ရႈတင္ ျဖစ္ၿပီး ေဝအိမ္လိုမ်ိဳး သူမ႐ူး႐ူးမိုက္မိုက္လုပ္လို႔ေနရာမဟုတ္ဘူး"

"ကြၽန္ေတာ္တကယ္ကိုေတာင္းပန္ပါတယ္၊ စစ္ခ်ီက မူးေနၿပီး သူမဘာလုပ္လို႔လုပ္ေနမွန္းေတာင္သိေလာက္မွာ မဟုတ္ပါဘူးဗ်ာ ၊ေႏွာင့္ယွက္မိတဲ့အတြက္ ထပ္ၿပီးေတာင္းပန္ပါတယ္ဗ်ာ" ေဝသုန္လိုင္သည္ အ႐ူးတစ္ေယာက္မဟုတ္ပါေခ်၊ နဥ္ရွီ၏ သေဘာထားအရ နဥ္ရွီ သူ၏ညီမႏွင့္ အသိျဖစ္ေၾကာင္း သေဘာေပါက္ေပ၏။ ၾကည့္ရသေလာက္ စစ္ခ်ီသည္ မိဘမ်ား အလိုလိုက္ထား၍ သူမအေပၚ ဆိုးဆိုး႐ြား႐ြားတစ္ခု လုပ္ခဲ့ပုံေပၚေန၏။

ေသြးကေရထက္ပိုပ်စ္သလိုပင္။ သူ သူ၏ညီမေလးကို အျပစ္မတင္ရက္ေသာေၾကာင့္ သူမကိုယ္စားေတာင္းပန္ေနသည္။

"မစ္ေဝက ကေလးမဟုတ္ေတာ့ဘူးေလ သူမရဲ႕အမွားေတြကို ေရွာင္ထြက္သြားဖို႔ "အသိတရားမရွိ"ဆိုတဲ့ စကားလုံးကို တစ္သက္လုံး သုံးလို႔မရဘူးေနာ္" နဥ္ရွီ ေလွာင္သည့္သေဘာႏွင့္ ၿပဳံးလိုက္ကာ "ေဝအိမ္ကခ်မ္းသာတဲ့ အိမ္ေတာ္ႀကီးပါ ဘာလို႔ကြၽန္မတို႔လိုေသးေသးသိမ္သိမ္ ထုတ္လုပ္အေရးအဖြဲ႕ကို အႏိုင္က်င့္ေနရတာလဲရွင္?အကယ္၍ မစ္ေဝက ကြၽန္မအေပၚမေက်နပ္ခ်က္ရွိရင္ေတာင္ သက္သက္စီေတြ႕ၿပီးေျပာလို႔ရပါတယ္။ ဒီအဖြဲ႕တစ္ခုလုံးကို ဘာလို႔ဆြဲထည့္ေနရတာလဲ"

ထုတ္လုပ္ေရးအဖြဲ႕က နဥ္ရွီကို ျပႆနာအိုး၊ ျပႆနာရွာရတာကို ႀကိဳက္ႏွစ္သက္သူလို႔သာ လက္ခံထားခဲ့ၾကသည္။ သို႔ရာတြင္ သူမက ဒီဒရမ္မာမွ
အမ်ိဳးသမီးဇာတ္ေဆာင္ျဖစ္ရာသာမက သူမက ဇာတ္ၫႊန္းေရးဆရာႏွင့္ ဆက္ဆံေရးေကာင္းေကာင္းရွိၿပီး ခ်န္းေကာ္ပိုေရးရွင္း၏ ဥကၠဌဆီမွ ရန္ပုံေငြမ်ား ယူကာ ထုတ္လုပ္ေရးအဖြဲ႕ကို ျပန္ၿပီးေထာက္​ပံ့ေပးခဲ့သည္။ ထို႔ေၾကာင့္သူတို႔ သူမႏွင့္ပတ္သက္ၿပီးထင္ျမင္ခ်က္တစ္ခုခုရွိခ်င္ေတာင္ ေဖာ္ျပရန္ မဝံ့ရဲ ၾကေပ။ ဒါေပမယ့္ ယခုသူမ၏ စကားလုံးမ်ားကို ၾကားၿပီးေနာက္တြင္ေတာ့ ဇာတ္မီးေရာင္အသစ္ျဖင့္ျမင္လိုက္ရသလိုပင္။

နဥ္ရွီသည္ ႐ုတ္တရက္ေပၚလာၿပီး ဆဲဆိုရန္သာ သိသည့္ မိန္းမႏွင့္ ဖက္ၿပီးရန္မျဖစ္ခဲ့ေပ။ ထို႔အစား သူမ ၾကင္နာစြာျဖင့္ ျပန္လည္ေျဖရွင္းေပးခဲ့သည္။ အကယ္၍ ဒီျပႆနာသည္ သူတို႔ကို ပစ္မွတ္ထားၿပီးျဖစ္လာခဲ့မယ္ဆိုလွ်င္ ထိုသို႔သည္းခံႏိုင္မည္မဟုတ္ေပ။

အထူးသျဖင့္ နဥ္ရွီ၏ ဝျခင္းပိန္ျခင္းစသည့္ အျပင္ပိုင္းပုံပန္းသ႑ာန္ ႏွင့္ကိုယ္က်င့္တရား အေၾကာင္းကိုေျပာသည္ကို ၾကားလိုက္ရသည့္ ထုတ္လုပ္ေရးအဖြဲ႕ရွိ သူတို႔၏အ႐ြယ္အစားေၾကာင့္ ေလွာင္ခံရခဲ့သည္  အခ်ိဳ႕ဝေနေသာ အလုပ္သမားမ်ားသည္ စိတ္အေျခအေနကို ပိုေကာင္းလာၿပီး နဥ္ရွီကို ပိုၿပီးအေကာင္းျမင္လာၾက၏။

"နင့္ကိုယ္နင္ စတားတစ္ေယာက္ျဖစ္ၿပီဆိုတာနဲ႔ သူမ်ားေတြနဲ႔မတူထူးျခားၿပီး သူမ်ားေတြကို လက္ခ်ာလာေပးလို႔ရတယ္ထင္မေနနဲ႔" ေဝစစ္ခ်ီ ေျမျပင္ေပၚမွ ယိုင္တိုင္တိုင္ႏွင့္ထလာခဲ့သည္။ "ငါ့မ်က္လုံးထဲမွာေတာ့ နင္က သ႐ုပ္ေဆာင္ေသးေသးေလးပဲ၊ ငါနင့္ကို ဖ်က္ဆီးခ်င္ရင္ စကားနည္းနည္းေျပာလိုက္႐ုံနဲ႔တင္ရၿပီ"

"မစ္ေဝက ႂကြယ္ဝခ်မ္းသာၿပီး ၾသဇာအာဏာေတြရွိတယ္ ဆိုတာ သိပါတယ္.. ရွင္ႀကိဳက္သလိုလုပ္လို႔ရတယ္ ဆိုတာကိုလည္းကြၽန္မသိသလို တစ္ခ်ိဳ႕အရာေတြက ရွင္းရွင္းလင္းလင္း လုပ္ထားသင့္ပါတယ္။ အမ်ိဳးသမီးသ႐ုပ္ေဆာင္ျဖစ္ျဖစ္ အမ်ိဳးသားသ႐ုပ္ေဆာင္ျဖစ္ျဖစ္ လူတိုင္း သူ႔တန္ဖိုးနဲ႔သူပဲ.. ရာစုႏွစ္အသစ္ေရာက္ေနၿပီ.. ပေဒသရာဇ္စနစ္ကိုအသက္သြင္းခဲ့တဲ့လူေတြ မရွိေတာ့ၾကာၿပီ!" နဥ္ရွီ ေဒါသမဟုတ္ေသာ္လည္း ရယ္သံျဖင့္ ဆက္ေျပာခဲ့သည္။ "အဲ့ႏွစ္ နင္နဲ႔ နင့္တျခားအတန္းေဖာ္ေတြ ငါ့ကို စတိုခန္းမွာ ပိတ္ထားကတည္းက ငါနင့္ကိုေျပာခ်င္ခဲ့တာ ရွိတယ္၊ ေငြက အာဏာကိုေပးစြမ္းႏိုင္ေပမယ့္ အရာအားလုံးကို မေပးစြမ္းႏိုင္တာေတာ့ ေသခ်ာတယ္ဆိုတာပဲ"

နဥ္ရွီ၏ စကားလုံးမ်ားသည္ အေၾကာင္းအရာမ်ားစြာကို ေဖာ္ျပသြားသျဖင့္ ထိုေနရာမွာရွိေနသည့္လူတိုင္းသည္ နဥ္ရွီကိုယ္တိုင္ ေျပာခဲ့ဖူးသည့္အထက္တန္းေက်ာင္းတက္စဥ္က ေတာ္ေတာ္ဝခဲ့သည့္အေၾကာင္း ျပန္ေတြးမိသြားၾက၏။ ထိုအဝလြန္မႈသည္ သူမကို ဘြဲ႕ေတာင္မရေသးခင္ ႏိုင္ငံမွထြက္သြားခံခဲ့ရေအာင္ျဖစ္ခဲ့ရသည္။ သို႔ရာတြင္ တစ္စုံတစ္ဦးက ျပႆနာလာရွာ႐ုံသာမက သူမကို ေသာက္ဝက္မဟု ေခၚသည္ဆိုထဲက က်န္းခ်င္းယြင္ သူမကို ဂ႐ုစိုက္ေနသည္မွာ မထူးဆန္းေတာ့ေပ။

ေက်ာင္းတြင္ အႏိုင္က်င့္ေသာသူမ်ားျဖစ္သည္ကပင္ ေတာ္ေတာ္ဆိုး႐ြားေနၿပီျဖစ္သည္။ သို႔ရာတြင္ နဥ္ရွီကိုထပ္ၿပီး အႏိုင္က်င့္ဖို႔လာတဲ့အခ်ိန္မွာ အခုသူမက လွပေနသည့္အျပင္ နာမည္ႀကီးcelebrityျဖစ္ေနၿပီမဟုတ္ပါေလာ? တစ္စုံတစ္ေယာက္က ေငြႏွင့္ ရာထူးရွိသည္ဆိုလွ်င္ေတာင္ ယခုသည္ ေတာ္ေတာ္ကို အက်င့္စာရိတၱပ်က္ျပားေနကာ အျမင္မေတာ္လြန္းေနၿပီျဖစ္သည္။

"နင့္ကိုယ္နင္ ေတာ္ေတာ္ဟုတ္ေနၿပီထင္တယ္ေပါ့.. အရည္အခ်င္းရွိရင္ ငါ့ကိုျပန္ေျပာေလ" ေဝစစ္ခ်ီ နဥ္ရွီကို လက္ညိဳးထိုးကာ ေအးစက္စက္ျဖင့္ရယ္ေမာလိုက္၏။ "ငါကနင့္ကို ေစ်းေပါတဲ့သ႐ုပ္ေဆာင္လို႔ေခၚတာ ဘာျဖစ္ေနလို႔လဲ!?"

"ထြက္သြားစမ္း!" ေရွာင္းယန္ သည္းမခံႏိုင္ေတာ့ေလရာ  နဥ္ရွီကိုလက္ညိဳးထိုးေနေသာ ေဝစစ္ခ်ီ၏ လက္ေခ်ာင္းကို တြန္းထုတ္ပစ္လိုက္သည္။ မ်က္လုံးမ်ားနီလာၿပီး သူမေအာ္ပစ္လိုက္ကာ "နင္လူေတြကိုဘာလို႔ အဲ့ေလာက္ေတာင္ အထင္ေသးေနရတာလဲ!"

"နင့္ကိုယ္နင္ဘာထင္ေနလဲ? ငါ့ကို ႐ိုက္ရဲတယ္ေပါ့ေလ?" ေဝစစ္ခ်ီသည္ ငယ္စဥ္တည္းကပင္ ဆုံးရႈံးမႈဆိုသည့္ အရာမ်ားကိုမခံစားခဲ့ရေပ။ ေရွာင္းယန္ သူမ၏လက္ကို ႐ိုက္သည့္တည္းက ေရွာင္းယန္ သူမအေပၚျပန္ေပးဆပ္ရမည္ဟု ေတြးကာ သူမ၏ဆံပင္ကို ဆြဲဖို႔လုပ္ေတာ့၏။

ကံမေကာင္းစြာျဖင့္ သူမ၏လက္ ေရွာင္းယန္ကိုမထိႏိုင္ခင္မွာပင္ နဥ္ရွီထံမွတားခံလိုက္ရ၏။

ျဖန္း ျဖန္း ျဖန္း!

နဥ္ရွီ ေဝစစ္ခ်ီ၏လက္ကို ဆြဲယူလိုက္ကာ သူမအား ပါးသုံးခ်က္ျပင္းျပင္းခ်လိုက္၏။ ေဝသုန္လိုင္ ေၾကာင္ေနစဥ္မွာပင္ ေဝစစ္ခ်ီအား သူ႔အေပၚသို႔ပစ္လိုက္ ကာ "ထြက္သြားလိုက္ေတာ့!"

အားလုံးက တိတ္ဆိတ္ေနၾကေပသည္။ ပါး႐ိုက္ဖို႔အသာထား နဥ္ရွီဝင္ပါဖို႔ပင္ မေမွ်ာ္လင့္ထားၾကေပ။

အသံႏွင့္ပင္ သူတို႔နာက်င္မႈကို ခံစားလို႔ရႏိုင္ေလာက္သည္။

တိတ္ဆိတ္ေနမႈသည္ ထိုပါး႐ိုက္ခ်က္ေၾကာင့္ ေဝစစ္ခ်ီကိုယ္တိုင္ပင္ ေၾကာင္အ,သြားသည္ကို ေဖာ္ျပေနသည့္ သက္ေသျဖစ္၏။ သူမ ဘာမွေတာင္မေျပာႏိုင္ခဲ့ေပ။ သူမ၏ မ်က္ႏွာကို ေၾကာင္အစြာျဖင့္ ထိလိုက္ကာ တုန္ရီစြာျဖင့္ နဥ္ရွီအား ဝင္လုံးၿပီး သူမကို တိုက္ခိုက္ဖို႔လုပ္ေတာ့သည္။ "ေခြးမ!"

"ဉာဏ္နည္းတဲ့ မိန္းမေတြပဲ မိန္းကေလးအခ်င္းခ်င္း ဒီလိုႏွိမ္ၿပီးေျပာလိမ့္မယ္" နဥ္ရွီသည္ ေဝစစ္ခ်ီ၏ ၾကမ္းၾကမ္းတမ္းတမ္း အျပဳအမူမ်ားကို ေရွာင္လိုက္ကာ သူမအား ေနာက္ပါးတစ္ခ်က္ အပိုေပးလိုက္ေတာ့၏။ "နင့္မိဘေတြက နင့္ကို လူအခ်င္းခ်င္း ေလးစားတတ္ေအာင္ မသင္ေပးခဲ့မွေတာ့ နင္လူေတြအေပၚ ထင္တိုင္းဆဲေနတာရဲ႕ အက်ိဳးဆက္ကို ငါကျပေပးရမွာေပါ့"

"မစ္နဥ္" ေဝသုန္လိုင္က နဥ္ရွီ၏ လက္ေကာက္ဝတ္အား ဆြဲလိုက္ကာ ေလးေလးနက္နက္ေျပာလိုက္သည္။ "ကြၽန္ေတာ္ မင္း လြန္ေနမွာကို စိုးရိမ္မိပါတယ္" အကယ္၍ သူ၏ညီမ မွားခဲ့သည့္ေနရာမ်ားရွိသည့္တိုင္ေအာင္ အျပင္လူမ်ား ဝင္ေရာက္မစြတ္ဖက္သင့္ေပ။

"လူထုရဲ႕ျပယုဒ္ အေနနဲ႔ မင္း ျပႆနာေတြျဖစ္လာမွာကို မေၾကာက္ဘူးလား?"

က်န္းခ်င္းယြင္သည္ ပုရိသဝါဒီအား ကိုင္ေဆာင္ထားေသာ ေဝသုန္လိုင္အား ျမင္ၿပီးေနာက္တြင္ နဥ္ရွီ အခြင့္မသာမည္ကိုစိုးသျဖင့္၊ ေဝစစ္ခ်ီအား တြန္းထုတ္လိုက္ကာ နဥ္ရွီအားထိခြင့္မျပဳေပ။

"မ​စၥတာေဝ" နဥ္ရွီ၏ မ်က္ႏွာထက္တြင္ ေအးစက္ စက္ အၿပဳံးတစ္စုံ ခ်ိတ္ဆြဲထားကာ ေဝသုန္လိန္အား ၾကည့္ေန၏။"လြန္ခဲ့တဲ့ခုႏွစ္ႏွစ္,ရွင့္ညီမ တျခားသူေတြနဲ႔ေပါင္းၿပီး ကြၽန္မဖုန္းကို ဝွက္၊ သိုေလွာင္ခန္းထဲမွာ တစ္ညလုံး ပိတ္ခဲ့တုန္းကေကာ သူမ ျပႆနာတစ္ခုခုျဖစ္လာမွာမေၾကာက္ခဲ့ဘူးလား?"

ထိုလွပေသာ မ်က္လုံးအစုံသည္ သူ႔အား စိုက္ၾကည့္ေနရကား ေဝသုန္လိန္သည္ လြန္ခဲ့သည့္ခုႏွစ္ႏွစ္တုန္းက ဘာျဖစ္ခဲ့သည္လည္းဆိုတာကို မသိသည္တိုင္ေအာင္ အျပစ္ရွိသလိုခံစားသြားရ၏။

"ရွင္သိလား?" နဥ္ရွီသူမ၏အသံကို ႏွိမ့္လိုက္ကာ သူမ၏အၿပဳံးက အလြန္တရာမုန္းတီးျခင္းဆိုသည့္ အရိပ္အေယာင္မ်ားေပၚေန၏။ "ကြၽန္မအေဖက ကြၽန္မဖုန္းမကိုင္ေတာ့ တစ္ညလုံးလိုက္ရွာေနခဲ့တာ"

...................................

Continue lendo

Você também vai gostar

227K 20.1K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
279K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
236K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...