နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [34]

1.1K 138 0
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အပိုင်း - (၃၄)

“ဟူး.. ဟူး..”

ခေါင်မိုးကိုလေတိုးနေသော အသံတချို့ ထွက်ပေါ်နေလေ၏။

ချန်းရှီကွေ့မှာ နဉ်ရှီကိုငေးကြည့်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေတော့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် နဉ်ရှီ ကျိန်းသေပေါက် ရှိနေခဲ့သည်။ အထက်တန်းကျောင်းမှ သူမ၏ ကလေးဆန်ဆန် ရယ်မောတတ်ပုံများ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်ဟန်လေးနှင့် ကျောင်းနှစ်ပတ်လည်ပွဲအတွက် ဂုဏ်ယူဝင့်ကြွားစွာ ဦးဆောင်ကြိုးပမ်းနေပုံ၊ ဆုရခဲ့ပုံများကို ပြန်လည်မြင်ယောင်လာသည်။ ဒါပေါ့၊ အနှစ်သက်ရဆုံး မှတ်ဉာဏ်ကတော့ သူဆေးရုံတက်ရသည့် အချိန်ကတည်းက စွဲထင်နေခဲ့သည့် သူမ၏ အတောက်ပဆုံး အပြုံးလေးပါပင်။

“အဲ့ကလေးမလေး ဆေးရုံစတက်တုန်းက အရမ်းချစ်ဖို့ကောင်းတာ.. ကံဆိုးချင်တော့ ဆေးသွင်းတဲ့ဒဏ်ကြောင့် ဝိတ်တက်လာရတယ်လို့..” သူ့ကို အနီးကပ်စောင့်ရှောက်ပေးသော သူနာပြုက စိတ်မကောင်းဖြစ်နေဟန်ဖြင့် ပြောလာသည်။ “မျက်နှာလှလှလေး.. ဘယ်လောက်နှမြောစရာကောင်းလိုက်သလဲ..”

ထိုသူနာပြု ဘာကိုနှမြောနေမှန်း သူ,နားမလည်ခဲ့ပေ။ သူ၏အမြင်မှာတော့ ကလေးမလေးသည် ပျော်ရွှင်မှုအပြည့်ဖြင့်၊ သူမ၏အပြုံးလေးက နှစ်လိုဖွယ်ကောင်းလွန်းသည်။ မည်သည့်အရာကို နှမြောရမည်နည်း။

လူနာဆောင်ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တိုင်း သူမလေးသည် ဥယျာဉ်ထဲတွင် လမ်းလျှောက်နေတတ်သည်။ ဒါမှမဟုတ် သူမ၏မိဘများကို နွဲ့ဆိုးဆိုးနေတတ်လေသည်။ အလွန်ချစ်စရာကောင်းပြီး သူမလေးကိုကြည့်တိုင်း စိတ်ကြည်လင်လာ၏။

ဤကမ္ဘာပေါ်တွင် ထိုကလေးမလေးကိုဖြစ်စေ၊ သူ့ကိုဖြစ်စေ၊ လွှမ်းမိုးချုပ်ကိုင်နိုင်သည့်အရာဟူ၍ လုံးဝမရှိပါချေ။

နောက်တော့ သူမလေးအကြောင်းစုံစမ်းရန် အထက်တန်းကျောင်းသို့ ရံဖန်ရံခါ သွားခဲ့သေးသည်။ ဆရာများက သူမဟာ ဆရာသမားများအပေါ် အလွန်ရိုသေကြောင်း၊ ထက်မြက်ကြောင်း၊ ဉာဏ်ကောင်းကြောင်း၊ အဆင့်ကောင်းကြောင်း၊ ပြိုင်ပွဲများအတွက် ကျောင်း၏ကိုယ်စားပြုဖြစ်ကြောင်း၊ စသည်ဖြင့် အမျိုးမျိုးချီးမွမ်းခဲ့ကြသည်။

တောက်ပသော အပြုံးလေးဖြင့် ထိုကလေးမလေး.. ဆရာမိဘများ၏ အချစ်ကိုခံယူရင်း အဆင့်ကောင်းကောင်းဖြင့် ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်လိမ့်မည်ဟု သူထင်လိုက်မိသည်။ သို့သော် တခြားလူများထံမှ ဆိုးဆိုးရွားရွား ဆက်ဆံခံနေရလိမ့်မည်ဟု လုံးဝမထင်ထားမိခဲ့။

တစ်ခါတရံတွင် သူ၏မှတ်ဉာဏ်များ ဗလာကျင်းသွားသလို။ သို့သော် နဉ်ရှီ မေးလာခါမှ ထိုမှတ်ဉာဏ်များ မည်မျှရှင်းလင်းကြောင်း သူ သိလိုက်ရသည်။ ရှင်းလင်းလွန်းရကား မနေ့တစ်နေ့က ဖြစ်ပျက်နေသလိုပါပင်။

နဉ်ရှီ ချန်းရှီကွေ့ကို လှမ်းကြည့်လိုက်သောအခါ ထိုအမျိုးသားက အတိတ်အကြောင်း ပြန်မပြောချင်သလို မိန်းမောတွေဝေနေလေသည်။ ထို့ကြောင့် နဉ်ရှီလည်း ခပ်ဖွဖွရယ်လိုက်ရင်း..

“ဒီအတိုင်း မေးကြည့်တာပါ.. စိတ်ထဲမထားပါနဲ့ မစ္စတာချန်း..”

“အစ်မရှီရှီ.. ဒါရိုက်တာက ဇာတ်ကွက်တစ်ခု ပြန်ရိုက်ရဦးမယ်လို့ ပြောနေတယ်..”

ရှောင်ယန်က အပြေးရောက်လာပြီး ချန်းရှီကွေ့ကို တစ်ချက်လှည့်ကြည့်ကာ အသိပေးလာသည်။ ပြီးနောက် သူတို့နှစ်ယောက်ကို ချန်ထားရစ်ကာ ထွက်သွားပြန်သည်။

နဉ်ရှီ ရယ်မောလိုက်သည်။ ပြီးနောက် ရိုက်ကွင်းသို့သွားရန် ပြင်လိုက်သည့်အချိန်..

“ခဏလေး..” ချန်းရှီကွေ့က နဉ်ရှီ၏လက်ကို လှမ်းဆွဲလိုက်သည်။ ပြီးနောက် သူမ၏မျက်ဝန်းများထဲ ငေးစိုက်ကြည့်ကာ.. “လွန်ခဲ့တဲ့ ကိုးနှစ်လောက်က ကိုယ်မင်းကို ပြတင်းပေါက်ရှေ့မှာ နေ့တိုင်းမျှော်နေခဲ့ရတာ.. အဲ့အချိန်တုန်းက သုံးရက်ဆက်တိုက် မိုးရွာခဲ့တယ်.. အဲ့သုံးရက်မှာ မင်း လူနာဆောင်ထဲက ထွက်မလာခဲ့ဘူး..”

သူမ၏နားရွက်နားမှ အသံလှိုင်းသည် ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွားသလို ကမ္ဘာလောကတစ်ခုလုံး တိတ်ကျသွားခဲ့သည်။ ချန်းရှီကွေ့၏အကြည့်က နူးညံ့နွေးထွေးစွာ၊ နဉ်ရှီ၏စိတ်ထဲ နွေးထွေးမှုများဖြင့် လွှမ်းခြုံခံလိုက်ရသလို ခံစားလိုက်ရလေ၏။

ချန်းရှီကွေ့က နဉ်ရှီကိုဖမ်းဆွဲထားသော သူ့ရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ကာ ကိုယ့်ကိုယ်ကို ရယ်မောနေဟန်ဖြင့်..

“မင်းကတော့ သိမှာမဟုတ်ဘူး.. နေ့တိုင်း မင်း လေ့ကျင့်ခန်းလုပ်ဖို့ ထွက်လာမယ့်အချိန်ကို မျှော်နေမိခဲ့တာ..”

ကျန်းချင်းယွင် ပြောပြခဲ့ဖူးသော ချန်းရှီကွေ့၏ ဘဝဇာတ်ကြောင်းတချို့ကို နဉ်ရှီ ရုတ်တရက် သတိရလိုက်မိသည်။ ချန်းရှီကွေ့ အသက်နှစ်ဆယ်အရွယ်က ဖခင်ဖြစ်သူနှင့်အတူ ကားမတော်တဆ ဖြစ်ခဲ့သည်။ ချန်းပါးပါးက ထိုနေရာမှာပင် ကွယ်လွန်သွားခဲ့ပြီး ချန်းရှီကွေ့ကတော့ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ခဲ့လေသည်။

ထို့နောက်မှာတော့ ချန်းရှီကွေ့ဟာ ချန်း Group ၏ ဥက္ကဋ္ဌဖြစ်လာတော့သည်။ ငယ်ရွယ်နုနယ်သော အရွယ်လေးဖြစ်သော်လည်း စီးပွားရေးကိစ္စများကို ကျွမ်းကျင်လိမ္မာစွာဖြင့် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာကြောင့် လူအများကို ထိတ်လန့်စေခဲ့သည်။

“အဲ့တုန်းကလေ.. ဒီကလေးမလေးရဲ့အပြုံးက အရမ်းတောက်ပတာပဲလို့ ကိုယ်တွေးနေခဲ့တာ.. နေကြာပန်းလေးလိုပဲ.. ဘယ်သူမှ အကြည့်မလွှဲနိုင်လောက်ဘူး..”

နဉ်ရှီ ထိုနှစ်များကို ပြန်တွေးကြည့်လိုက်၏။ ထိုစဉ်က သူမသည် အလယ်တန်းပြီးရုံသာရှိသေးပြီး ဆေးရုံတက်ခဲ့ရသည်။ နောက်တော့ ဟော်မုန်းဆေးများကြောင့် ဝိတ်တက်လာခဲ့သည်။ သူမကို လူနာလာကြည့်ပြီး ထွက်သွားသူတိုင်း နှမြောတသဖြစ်နေသလို၊ ဒေါ်လာတစ်ရာတန်က ကြည့်နေရင်းမှာပင် တစ်ဒေါ်လာအဖြစ် ပြောင်းလဲသွားသလိုလို။

သူမရဲ့ ပြည့်ပြည့်ဖောင်းဖောင်းမျက်နှာပေါ်က တောက်ပတဲ့အပြုံးကိုတောင် မြင်နိုင်ခဲ့တယ်ဆိုတော့ ချန်းဥက္ကဋ္ဌကြီးက တော်တော်လေး အမြင်စူးရှတာပဲ..!

“ရှင်………” နဉ်ရှီ အစကတော့ နောက်ပြောင်လိုခဲ့သည်။ သို့သော် ချန်းရှီကွေ့၏ မျက်ဝန်းများကို မြင်လိုက်ချိန်ဝယ်၊ ဘာကြောင့်ရယ်မသိ ရွှတ်နောက်နောက်စကားလုံးများ ပြောမထွက်တော့ပါချေ။

“ကိုယ့်အတွက်တော့ မင်းက အရမ်း.. အရမ်း အရေးကြီးတဲ့…. သူငယ်ချင်းဟောင်းတစ်ယောက်ပါ.. ကိုယ်ရှိနေတာကို မင်းမသိပေမယ့်လို့ပေါ့..” ချန်းရှီကွေ့က နဉ်ရှီကို ပြုံးပြလာသည်။ “နဉ်ရှီ.. ကိုယ့်ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ အားပေးအဖော်ပြုပေးခဲ့တဲ့ မင်းရဲ့အပြုံးလေးအတွက် ကျေးဇူးတင်ပါတယ်..”

နဉ်ရှီ၏နှလုံးသားလေး တုန်ယင်သွားခဲ့သည်။

“နဉ်ရှီလောင်ရှီး.. အစ်မအလှည့်ရောက်ပြီ..”

အဖွဲ့သားများ လှမ်းခေါ်နေတာကြောင့် နဉ်ရှီက ချန်းရှီကွေ့ကို ပြန်လည်ပြုံးပြလိုက်ကာ ရိုက်ကွင်းနေရာသို့ ပြေးထွက်သွားလေသည်။

လှည့်ထွက်သွားသော သူမ၏နောက်ကျောပြင်လေးကိုကြည့်ရင်း ချန်းရှီကွေ့၏မျက်ဝန်းများ တဖြည်းဖြည်း မည်းမှောင်လာခဲ့၏။

ရိုက်ကွက်တချို့ကို ပြန်လည်ရိုက်ကူးရန် လိုအပ်သည်မှာ ပုံမှန်ပါပင်။ နဉ်ရှီက ရိုက်ကူးရေးပြီးသည်နှင့် အစောပိုင်းက နေရာမှာပင် မတ်တပ်ရပ်နေဆဲဖြစ်သော ချန်းရှီကွေ့ထံ လှည့်ကြည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။

ချန်းရှီကွေ့၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး ရိုက်ကူးရေးအဖွဲ့ထံမှ အအေးတစ်ဗူးယူကာ သူမလေးထံ ခြေလှမ်းကျယ်ကြီးဖြင့် လျှောက်သွားတော့သည်။

“ကျွန်မတို့နှစ်ယောက်မှာ ဒီလိုအတိတ်ရှိမယ်လို့ လုံးဝမထင်ထားခဲ့ဘူး..”

နဉ်ရှီက ခေါက်ယပ်တောင်တစ်ခုထုတ်ကာ ယပ်ခတ်နေတော့သည်။ သို့သော် မည်သို့ယပ်ခတ်နေပါစေ၊ နဖူးထက်တွင် ချွေးများရွှဲနင့်နေသေး၏။

ချန်းရှီကွေ့က အအေးဗူးအဖုံးဖွင့်ကာ နဉ်ရှီထံ ကမ်းပေးလိုက်သည်။

“ကျေးဇူး..” နဉ်ရှီက အအေးသောက်ရင်း အနီးနားမှ ထမင်းဘူးဝေနေသော အဖွဲ့သားများကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် မျက်နှာတစ်ဝက်ကို ယပ်တောင်ဖြင့်ကာလျက်.. “ရိုက်ကွင်းကကျွေးတာ လုံးဝစားမကောင်းဘူး.. သွားမစားနဲ့နော်..”

“Tan Hai Xian Ji” ရိုက်ကွင်းကိုလည်း ချန်းရှီကွေ့ လာလည်ခဲ့ဖူးပါသည်။ သို့သော် ထိုစဉ်ကထမင်းသည် အတော်အသင့် စားလို့ရသေး၏။ သို့သော် ဤရိုက်ကွင်းမှအစားအသောက်ကတော့ မြိုချရန်ပင် ခက်ခဲလွန်းလှသည်။

“ဟုတ်ပါပြီ..” ချန်းရှီကွေ့က ပြုံးလိုက်ရင်း နဉ်ရှီ၏မျက်နှာပေါ် နေမထိုးရလေအောင် လက်ကာပေးလိုက်သည်။ “ဒီအကြောင်းတွေ သိသွားပြီဆိုတော့ ကိုယ့်ကို သူငယ်ချင်းဟောင်းအဖြစ် လက်ခံပေးမှာလား..?”

နဉ်ရှီက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းညိတ်ပြလိုက်သည်။

“ဒီလိုဆိုမှတော့ အင်တင်တင်နဲ့ပဲ လက်ခံရတော့မှာပေါ့..”

နဉ်ရှီ၏ ရွှတ်နောက်နောက် ပုံစံလေးကြောင့် ချန်းရှီကွေ့မှာ မရယ်ဘဲမနေနိုင်တော့ပေ။ သူက မိုးကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ တောက်ပလွန်းသော နေရောင်ခြည်ကြောင့် မျက်လုံးဖွင့်ရန်ပင် ခဲယဉ်းလှ၏။

“နေအရမ်းပူတာပဲ.. အေးသွားအောင် သွားနားလိုက်ဦးလေ.. ကိုယ်လည်း ကုမ္ပဏီပြန်တော့မယ်..”

“အင်း..”

နဉ်ရှီ ခေါင်းညိတ်ပြလိုက်သည်။ ချန်းရှီကွေ့၏လက် ပြန်ရုတ်သိမ်းလိုက်သောအခါ နေရောင်ခြည်က သူမ၏မျက်လုံးပေါ် တိုက်ရိုက်ကျရောက်လာခဲ့၏။ သူမ၏မျက်လုံးများ ရုတ်ချည်း လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။

ချန်းရှီကွေ့က ခပ်လှမ်းလှမ်းရောက်မှ သူမလေးကို လှည့်ကြည့်လိုက်သည်။ နဉ်ရှီသည် နေရောင်အောက်မှာပင် မတ်တပ်ရပ်နေပြီး သူလှည့်ကြည့်သည်ကို မြင်လိုက်သည်နှင့် လက်ဝှေ့ယမ်းပြလာသည်။ ထို့ကြောင့် ချန်းရှီကွေ့မှာ ကားရပ်ထားသည့်နေရာသို့ အမြန်လျှောက်သွားရင်း ထပ်မံလှည့်ကြည့်လိုက်ပြန်သည်။ သို့သော် သူရောက်နေသောနေရာမှ သူမ၏ပုံရိပ်လေးကို မတွေ့ရတော့ပါချေ။

ချန်းရှီကွေ့က ထိုနေရာမှာပင် မတ်တပ်ရပ်လျက် သူမ,ရှိနေမည့် အရပ်မျက်နှာသို့ အတော်ကြာအောင် ငေးကြည့်နေခဲ့လေသည်။ ပြီးနောက် ကားတံခါးဖွင့်ကာ ဝင်ထိုင်လိုက်တော့သည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လျက်…

နဉ်ရှီက ပုံမှန်ဆိုလျှင် အစားစားလိုစိတ် ပြင်းပြတတ်၏။ သို့သော် ပူပြင်းလွန်းသော ရာသီဥတုနှင့် ဝက်စာလိုထမင်းကြောင့် ထမင်းစားချင်စိတ် ပျောက်ဆုံးနေတော့သည်။ ဆီရွှဲရွှဲ ဆလတ်ရွက်နှစ်ရွက်ခန့် ကိုက်စားပြီးနောက် တူပြန်ချထားလိုက်သည်။ ဤရိုက်ကူးရေးပြီးသည်နှင့် သူမလည်း ဝိတ်ကျတော့မည်။

ကျန်းချင်းယွင်က နဉ်ရှီဘေးတွင် ထိုင်နေခဲ့သည်။ နဉ်ရှီ တူချလိုက်သည်နှင့် သူက မေးမြန်းလာသည်။

“နဉ်ရှီ.. မင်းနဲ့မစ္စတာချန်းက ဘယ်လိုပက်သက်တာလဲ..?”

“အစ်ကိုကျန်း..” နဉ်ရှီက အသည်းကွဲသွားဟန်ဖြင့် ကျန်းချင်းယွင်ကို လှည့်ကြည့်လိုက်၏။ “ကျွန်မ ကောင်မလေးတွေနဲ့ ပူးပူးကပ်ကပ်နေတော့ အစ်ကိုက စိုးရိမ်နေတယ်လေ.. အခု ယောက်ျားတစ်ယောက်နဲ့ ခင်မင်မိတော့လည်း စိုးရိမ်နေပြန်ရော.. အစ်ကို့ဦးနှောက်ထဲမှာ အပေါက်အကြီးကြီး ရှိနေတာလား..?”

“ငါ့ဦးနှောက်ထဲ အပေါက်အကြီးကြီးရှိနေတာကို လာမပြောနဲ့လေ.. မင်းရဲ့ဖယ်ရိုမုန်းတွေအကြောင်းသာ ပြောစမ်းပါ..” ကျန်းချင်းယွင်က သုန်မှုန်နေပြီး.. “ငါအရင်တာဝန်ယူခဲ့ရတဲ့ ယောက်ျားလေးသရုပ်ဆောင်လောက်‌တောင် မင်းက ကိုယ့်ကိုယ်ကို မထိန်းချုပ်တတ်ဘူး.. ပိုင်မမလေးက ဖက်ဖို့ပြောတာနဲ့ မင်းက ပြေးဖက်လိုက်ရောပဲ..”

ပြီးနောက် ချန်းရှီကွေ့၏ နဉ်ရှီနေမပူရအောင် နေကာပေးသည့်မြင်ကွင်းကို ပြန်လည်မြင်ယောင်မိရင်း ကျန်းချင်းယွင်ခမျာ သက်ပြင်းမောချလိုက်မိသည်။

“လူတွေကို ဘာလို့များ ဒီလောက်ဆွဲဆောင်နိုင်ရတာလဲ..?”

နဉ်ရှီက သူမ၏မျက်နှာကို ပွတ်သပ်လိုက်ရင်း အပြစ်ကင်းစင်သည့် အပြုံးလေးဖြင့်..

“ကျွန်မက အရမ်းချစ်စရာကောင်းနေလို့များလား..?”

ကျန်းချင်းယွင် : “ချစ်စရာကောင်းအောင် လုပ်ပြနေတာတွေ ရပ်လိုက်ပါတော့..! မစ္စတာချန်းနဲ့ ဘယ်လိုပက်သက်လဲဆိုတာ အရင်ဆုံး ပြောပြပေးနိုင်မလား..?”

နဉ်ရှီနှင့်ချန်းရှီကွေ့တို့ ထမင်းအတူစားသည့်သတင်း ပေါက်ကြားသွားစဉ်က ပြဿနာတော်တော်များများ ဖြစ်ခဲ့သေးသည်။ တစ်နေ့ သူတို့နှစ်ယောက် အတူရှိနေတာကို ထပ်တွေ့ကြလျှင် ‘နဉ်ရှီ ချန်းရှီကွေ့နှင့် လက်ထပ်လိုက်ပြီ..’ ဆိုသည့်ခေါင်းစည်းမျိုး ပြောင်းသွားလိမ့်မလား။

“ဒီအတိုင်း သာမာန်သူငယ်ချင်းတွေပါ.. အဲ့လိုမဟုတ်လို့ တခြားဘာဖြစ်ရဦးမှာလဲ..?”

“ကျေးဇူးပြုပြီး အစ်မက မစ်နဉ်ရှီလားမသိဘူး..? အစ်မရဲ့နေ့လည်စာ ရောက်ပါပြီ.. ဒီနေရာမှာ လက်မှတ်ထိုးပေးပါ..”

နဉ်ရှီနှင့် ကျန်းချင်းယွင်တို့ လှည့်ကြည့်လိုက်သောအခါ သူတို့၏နောက်တွင် Uniform သပ်သပ်ရပ်ရပ် ဝတ်ထားသော လူငယ်လေးတစ်ယောက် မတ်တပ်ရပ်နေလေသည်။ သူ၏လက်ထဲတွင် ဆွဲခြင်းတစ်ခုကိုင်ထားပြီး နွေးထွေးစွာ ပြုံးနေ၏။

“Sorry.. ကျွန်မ မမှာထားပါဘူး.. မှားပို့တာထင်တယ်..?”

လူငယ်လေးက ဆွဲခြင်းကိုဖွင့်ကာ ဟင်းနှစ်ပန်းကန်၊ ထမင်းဖြူတစ်လုံးနှင့် လတ်လတ်ဆတ်ဆတ် သစ်သီးတချို့၊ ကျန်းမာရေးအတွက် ကောင်းသည့် စွပ်ပြုတ်တစ်ပန်းကန် ထုတ်ယူလိုက်သည်။ “အာ.. ဒီလိုပါဗျ.. ကျွန်တော်တို့ ရသာတစ်ထောင်ခန်းမက အထူးဧည့်သည်တော်တွေကို အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ Service ပေးပါတယ်.. အစ်မရဲ့နေ့လည်စာအတွက် ကျွန်တော်တို့ VIP ဧည့်သည် မစ္စတာချန်း မှာပေးထားတာပါ.. နောက်ရက်တွေမှာလည်း ကျန်းမာရေးနဲ့ညီညွတ်ပြီး အရသာရှိတဲ့ နေ့လည်စာကို အချိန်နဲ့တပြေးညီ လာပို့ပေးပါ့မယ်.. စားမြိန်စေဖို့‌ မျှော်လင့်ပါတယ်ဗျ..”

ပြောပြီးသည်နှင့် လူရွယ်လေးက နဉ်ရှီကို ဦးညွှတ်ကာ ထွက်သွားတော့သည်။

ကျန်းချင်းယွင်မှာ စားချင့်စဖွယ်ဟင်းလျာများကို အနံ့ခံလိုက်ရင်း တံတွေးမမြိုချဘဲ မနေနိုင်တော့ပေ။

“မင်းရဲ့ သာမာန်သူငယ်ချင်းက အရမ်းဂရုစိုက်တတ်တာပဲနော်..? ရိုက်ကွင်းက အစားအသောက်တွေကို မင်း မကြိုက်မှန်းသိတာနဲ့ တကူးတက အော်ဒါမှာပေးတော့တာပဲ..”

‘ရသာတစ်ထောင်ခန်းမ’ ကဲ့သို့သော စားသောက်ဆိုင်တစ်ခုသည် သာမာန်လူများ သွားစားချင်လျှင် အရင်ဆုံး Booking ကြိုတင်ထားရ၏။ ထိုသို့တွေးလိုက်မိတော့ ကျန်းချင်းယွင်ပင် လက်မြှောက်မိတော့သည်။

နဉ်ရှီက ကျန်းချင်းယွင်ထံမှ ဟင်းပန်းကန်ဆွဲယူပြီးနောက် တူကောက်ကိုင်ကာ ပြောလိုက်သည်။

“မနာလိုမဖြစ်နဲ့လေ.. ဘာပဲပြောပြော ကျွန်မက ရုပ်ချောတာကိုး..”

“မရှက်တတ်ဘူးလား..?” ကျန်းချင်းယွင်လည်း တူကောက်ကိုင်ကာ ဟင်းနှိုက်လိုက်သည်။ သို့သော် နဉ်ရှီက သူ့ကို တားလိုက်၏။

“တူကို ခပ်ဝေးဝေးထားပြီးမှ ကျွန်မ,မကောင်းကြောင်း ပြောပါလား..?” နဉ်ရှီက မျက်စောင်းထိုးလိုက်ကာ.. “အရမ်းတွေးပူမနေနဲ့.. ချန်းရှီကွေ့က ကျွန်မအပေါ် ဘာမကောင်းတဲ့ရည်ရွယ်ချက်မှ မရှိဘူး.. နောက်ပိုင်းကိစ္စတွေကိုတော့…..”

နဉ်ရှီ ခဏရပ်သွားပြီးမှ ဆက်ပြောလာသည်။ “ကံစီမံရာပဲ ထားလိုက်ပါတော့..”

သူမ၏ ပြောဟန်ဆိုဟန်ကြောင့် ကျန်းချင်းယွင်လည်း ဘာမှထပ်မပြောတော့‌ချေ။ ထိုအစား ဟင်းခိုးနှိုက်ရန်သာ ချောင်းနေတော့သည်။

“ဟဲ့.. နင်ရော မထင်မိဘူးလား.. မစ္စတာချန်းက…….” လင်းယန်က ခုန်းယွီဟန်ကိုဆွဲကာ ပြောလိုက်သည်။ စကားအဆုံးထိ မပြောခဲ့ပါသော်လည်း နောက်ဆက်တွဲစကားက မှန်းဆရလွယ်လွန်းသည်။

ခုန်းယွီဟန်က ခေါင်းယမ်းပြလိုက်သည်။ “ငါ ဒီလောကမှာ ကျင်လည်လာတာ ဆယ်နှစ်ကျော်ပြီ.. ရုပ်ရှင်မင်းသမီး ချောချောလှလှလေးတွေကို ကြံနေတဲ့ လူချမ်းသာတွေရဲ့ လှည့်ကွက်တော်တော်များများကို မြင်ဖူးပြီးသား.. သူတို့လက်ခုပ်ထဲ မရောက်ခင်အထိ အဲ့ကောင်မလေးတွေကို ဖူးဖူးမှုတ်ထားမှာ.. ဒါပေမဲ့ ပြီးရင်တော့……” သူမက ခေါင်းခါယမ်းလိုက်ရင်း.. “မစ္စတာချန်းရဲ့ ရည်ရွယ်ချက်ကို ငါမသိပေမယ့် လူချမ်းသာမိသားစုထဲ လက်ထပ်ဝင်နိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ဘူး..”

အနုပညာလောကတွင် လူချမ်းသာမိသားစုထဲ လက်ထပ်ဝင်ရောက်နိုင်ခဲ့သည့် ရုပ်ရှင်မင်းသမီး မရှိတာတော့မဟုတ်ပေ။ အပေါ်ယံကြည့်လျှင်တော့ အားကျဖွယ်ရာပင်။ သို့သော် လက်ထပ်ပြီးနောက် မည်သို့ခံစားနေရသလဲဆိုတာ သူတို့ကိုယ်တိုင်သာ သိပေလိမ့်မည်။

ထိုစကားကြောင့် လင်းယန် အသိပြန်ဝင်သွားသည်။ “အဲ့လိုသာဆို.. တကယ့်ကို… တကယ့်ကို…” သူမ ဘာပြောလို့ပြောရမှန်း မသိတော့ချေ။ လူချမ်းသာတစ်ယောက်သာ သူတစ်ပါးကို အနိုင်ကျင့်လိုလျှင် အနိုင်ကျင့်ခံရမည့် တစ်စုံတစ်ယောက်ကတော့ ရှိလာမည်ပင်။ ဤသည်က သူတို့လိုအပြင်လူများ ဝင်ရောက်စွက်ဖက်နိုင်သော ကိစ္စမျိုးမဟုတ်ပေ။

သို့သော် နဉ်ရှီလို သရုပ်ဆောင်ကောင်းတစ်ယောက်။ ထိုသို့ ချစ်ရေးချစ်ရာကိစ္စမျိုးတွင် ကျရှုံးသွားပြီး တစ်ပါးသူကြောင့် ထိခိုက်သွားမည်ကို သူမ စိုးရိမ်နေမိသည်။

“ငါတို့က အပြင်လူတွေပဲ.. သူများကိစ္စထဲ ဝင်မပါသင့်ဘူး.. ပြီးတော့ နဉ်ရှီက ဉာဏ်ကောင်းပြီးသား..” ခုန်းယွီဟန်က ဆက်ပြောသည်။ “အလွယ်တကူ လှည့်စားခံရမယ့် မိန်းကလေးမျိုးမဟုတ်ဘူး..”

“နဉ်ရှီ..! နဉ်ရှီ..! နင်ဘယ်မှာလဲ.. ချက်ချင်းထွက်ခဲ့စမ်း..!”

ထိုအော်သံကြောင့် ‘သုံးဘဝ သုံးရောင်ခြယ်’ ရုပ်ရှင်အဖွဲ့သားများလည်း နဉ်ရှီကို လိုက်ရှာကြတော့သည်။

ဒီနေ့ဘာတွေဖြစ်နေတာလဲ..? ရိုက်ကူးရေးမစခင် ဘုရားမရှိခိုးမိလို့များလား..?

ဒီအရှုပ်ထုပ်တွေ ဘာလို့များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာလဲ..?

ရှောင်ယန်လည်း နဉ်ရှီကို တစ်စုံတစ်ယောက်က အော်ခေါ်နေတာကြောင့် အပြေးသွားရတော့သည်။ ထိုအခါ ငယ်ငယ်ရွယ်ရွယ် မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရလေ၏။ သူမ၏နောက်တွင် ယောက်ျားနှစ်ယောက်လည်း လိုက်ပါလာသည်။

ထိုအဖွဲ့နှင့် နှစ်မီတာ၊ သုံးမီတာခန့် ကွာဝေးနေသည့်တိုင် အရက်နံ့ရလိုက်သည်။

အလားတူဖြစ်ရပ်မျိုး အစောပိုင်းက ကြုံတွေ့ပြီးဖြစ်တာကြောင့် ရိုက်ကူးရေးအဖွဲ့လည်း ချက်ချင်း နေရာယူကာ ထိုလူသုံးယောက်ကို အထဲဝင်မသွားနိုင်အောင် တားလိုက်သည်။

“ဒီကအမျိုးသမီးနဲ့ လူကြီးမင်းတို့.. ဒီနေရာက ကျွန်တော်တို့ ရိုက်ကူးရေးလုပ်နေတဲ့နေရာပါ.. ကျေးဇူးပြုပြီး အသံလျှော့ပေးလို့ရမလား.. ပူးပေါင်းပေးတဲ့အတွက် ကျေးဇူးပါ..”

ချန်ဝူက ထိုအဖွဲ့ကို သံသယမျက်ဝန်းများဖြင့် စိုက်ကြည့်နေတော့သည်။

ဒီသုံးယောက်ကို ခုနကလူတွေ ပို့လိုက်တာများလား..?

“ကိုကြီး.. ကိုကြီးပြောတော့ နဉ်ရှီက ဒီနေရာမှာ ရုပ်ရှင်ရိုက်နေတာဆို..? အခု သူက ဘယ်မှာလဲ..?’ ဝေစစ်ချီက ချန်ဝူကို လျစ်လျူရှုကို ကျီးကန်းတောင်းမှောက် လိုက်ရှာနေခဲ့သည်။ သို့သော် နဉ်ရှီ၏အရိပ်ကိုပင် ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် နောက်လှည့်ကာ သူမအနားမှလူကို အော်ဟစ်တော့သည်။ “ကိုကြီး.. လိမ်နေတာပဲ..!”

ဝေသုန်လိုင်မှာ မျက်နှာပူသွားပြီး သူ့အရှေ့မှလူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းငုံ့ကာ ဝေစစ်ချီကို ပြောလိုက်သည်။ “ညီမလေးရယ်.. နဉ်ရှီ အိမ်ပြန်သွားပြီလို့ သူတို့ပြောနေပြီပဲ.. မနက်ဖြန်မှ ပြန်လာကြမယ်လေ.. နော်..?”

“သူ မရှိဘူးဟုတ်လား..? ကျွန်မတော့ မယုံပါဘူး..” ဝေစစ်ချီက ခေါင်းခါကာ ချန်ဝူကို လက်ညှိုးထိုးလိုက်ပြီး.. “ပြောစမ်း.. သူ ဒီမှာရှိလား..?”

နင်မေးတာနဲ့ ဖြေရအောင် နင့်အိမ်ကအစေခံများ ထင်နေသလား..?!

ချန်ဝူ၏မျက်နှာတွင် အထင်သေးရွံ့ရှာမှုများ ပြည့်နှက်သွားပြီး ဝေစစ်ချီကို အဖက်မလုပ်တော့ပေ။

“တောင်းပန်ပါတယ်.. ကျွန်တော့်ညီမလေး မူးနေလို့ပါ..” ဝေသုန်လိုင်မှာ ဝေစစ်ချီကို ခေါ်လာမိသည့်အတွက် နောင်တရနေတော့သည်။ သူ့ရဲ့ညီမလေးသာ ငိုယိုအော်ဟစ်ပြီး သတ်သေမည်ဟု မခြိမ်းခြောက်ခဲ့လျှင် ဤနေရာအထိလာပြီး အရူးလို ဆက်ဆံခံရမည်မဟုတ်ပေ။

ဝေသုန်လိုင်၏ အတွင်းရေးမှူးသည်လည်း သူ့ရဲ့မျက်နှာကို ဖွက်ထားနိုင်ရန်သာ ဆုတောင်းနေမိတော့သည်။ ထို့အပြင် သူ့ရဲ့နတ်ဘုရားမလေးကို ပြဿနာရှာနေသည့်တစ်ယောက်က သူ့မန်နေဂျာ၏ ညီမဖြစ်နေသောကြောင့် အတွင်းရေးမှူးခမျာ သူတို့မိသားစု၏ နတ်ဘုရားမလေးနှင့် မျက်နှာချင်းမဆိုင်ဝံ့အောင် ဖြစ်နေတော့သည်။

ချန်ဝူက ထိုမြင်ကွင်းကို မသိချင်ယောင်ဆောင်နေလေသည်။

ဝေစစ်ချီက ဝေသုန်လိုင်ကို တွန်းဖယ်လိုက်ကာ.. “နဉ်ရှီ.. ဟဲ့ကောင်မ ချက်ချင်း ထွက်လာခဲ့စမ်း..!”

အရက်မူးသမားတစ်ယောက်က ဤမျှခွန်အားကြီးလိမ့်မည်ဟု ဝေသုန်လိုင်လည်း ထင်မထားခဲ့။ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားပြီးမှ သူ့ကိုယ်သူ ဟန်ချက်ပြန်ထိန်းနိုင်လိုက်သည်။ လက်ရှိအချိန်မှာတော့ သူလည်း စိတ်ရှုပ်ထွေးလာတော့သည်။ ညီမဖြစ်သူကို ဤနေရာမှ ဆွဲခေါ်သွားပြီး ရိုက်ကူးရေးအဖွဲ့နှင့် ဘယ်သောအခါမှ ထပ်မဆုံချင်တော့သည်အထိ။

“စစ်ချီ.. နဉ်ရှီ ဒီနေရာမှာမရှိဘူး.. တခြားနေရာမှာ သွားရှာရအောင်လေ.. ဟုတ်ပြီလား..?”

ညီမအရင်းဖြစ်နေသောကြောင့် သူ့မှာ သည်းခံနေရုံသာ တတ်နိုင်တော့သည်။ သူ့ရဲ့ညီမကို ဤမျှရှက်စရာကောင်းသည့်ပုံစံမျိုး ဖြစ်စေခဲ့သည့် နဉ်ရှီဟူသော အမျိုးသမီးကိုလည်း သူ,မသိပါချေ။

“ဟုတ်သားပဲ.. တခြားနေရာမှာ သွားရှာကြရအောင်..” ဝေစစ်ချီက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလာသည်။ သူက ဝေသုန်လိုင်၏ပခုံးကို လှည့်ဖက်လိုက်ကာ.. “သူ့ကိုရှာတွေ့ရင် တစ်သက်လုံး ပြန်မပေါ်လာအောင် ပိတ်လှောင်ထားရမယ်..”

ထိုစကားလုံးကိုကြားတော့ အတွင်းရေးမှူးက မျက်ခုံးပင့်လိုက်သည်။

ပြောကြတာတော့ အရက်မူးသမားတွေက အမှန်တရားကိုပဲ ပြောတတ်ကြတယ်တဲ့.. မန်နေဂျာရဲ့ညီမက သိပ်ပြီးအကျင့်မကောင်းဘူးပဲ..?

“ဘယ်လိုအထင်ကရပုဂ္ဂိုလ်များ ကျွန်မတို့ရှုတင်ကို ရောက်လာပါလိမ့်..? အော်ဟစ်ဆဲဆိုနေတာ ကြောက်စရာပဲ..”

မိန်းမငယ်လေး၏ နူးညံ့သိမ်မွေ့သော အသံချိုချိုလေးက အတွင်းရေးမှူး၏ နားရွက်ထဲကို စီးဝင်လာခဲ့သည်။ နောက်လှည့်ကြည့်လိုက်သောအခါ သူ့ရဲ့နတ်ဘုရားမလေးဖြစ်နေကြောင်း တွေ့လိုက်ရ၏။ အတွင်းရေးမှူးခမျာ ဝေစစ်ချီကို ထိန်းကိုင်ထားသည့် သူ၏လက်ကို လွှတ်ချလိုက်မိသည်။

ဝေစစ်ချီမှာ မြေပြင်ပေါ်ကို လဲကျသွားတော့သည်။

ဝေစစ်ချီက ခေါင်းမော့ကြည့်လိုက်သည်။ လူအုပ်ကြားမှ မိန်းမလှလေးတစ်ယောက် လမ်းလျှောက်လာသည်ကို မြင်သောအခါ ခေါင်းခါယမ်းရင်း..

“နင်က ဘယ်သူလဲ..? ဟိုသောက်ဝက်မ ဘယ်ရောက်သွားလဲ..?”

.......................................................

……………………………………………………….

[Zawgyi]

အပိုင္း - (၃၄)

“ဟူး.. ဟူး..”

ေခါင္မိုးကိုေလတိုးေနေသာ အသံတခ်ိဳ႕ ထြက္ေပၚေနေလ၏။

ခ်န္းရွီေကြ့မွာ နဉ္ရွီကိုေငးၾကၫ့္ရင္း ဘာေျပာရမွန္းမသိ ျဖစ္ေနေတာ့သည္။

သူ၏မွတ္ဉာဏ္ထဲတြင္ နဉ္ရွီ က်ိန္းေသေပါက္ ရိွေနခဲ့သည္။ အထက္တန္းေက်ာင္းမွ သူမ၏ ကေလးဆန္ဆန္ ရယ္ေမာတတ္ပံုမ်ား၊ ရွက္ကိုးရွက္ကန္း ျဖစ္ေနတတ္ဟန္ေလးႏွင့္ ေက်ာင္းႏွစ္ပတ္လည္ပြဲအတြက္ ဂုဏ္ယူဝင့္ႂကြားစြာ ဦးေဆာင္ႀကိဳးပမ္းေနပံု၊ ဆုရခဲ့ပံုမ်ားကို ျပန္လည္ျမင္ေယာင္လာသည္။ ဒါေပါ့၊ အႏွစ္သက္ရဆံုး မွတ္ဉာဏ္ကေတာ့ သူေဆးရံုတက္ရသၫ့္ အခ်ိန္ကတည္းက စြဲထင္ေနခဲ့သၫ့္ သူမ၏ အေတာက္ပဆံုး အၿပံဳးေလးပါပင္။

“အဲ့ကေလးမေလး ေဆးရံုစတက္တုန္းက အရမ္းခ်စ္ဖို႔ေကာင္းတာ.. ကံဆိုးခ်င္ေတာ့ ေဆးသြင္းတဲ့ဒဏ္ေၾကာင့္ ဝိတ္တက္လာရတယ္လို႔..” သူ႔ကို အနီးကပ္ေစာင့္ေရွာက္ေပးေသာ သူနာျပဳက စိတ္မေကာင္းျဖစ္ေနဟန္ျဖင့္ ေျပာလာသည္။ “မ်က္ႏွာလွလွေလး.. ဘယ္ေလာက္ႏွေျမာစရာေကာင္းလိုက္သလဲ..”

ထိုသူနာျပဳ ဘာကိုႏွေျမာေနမွန္း သူ,နားမလည္ခဲ့ေပ။ သူ၏အျမင္မွာေတာ့ ကေလးမေလးသည္ ေပ်ာ္ရႊင္မႈအျပၫ့္ျဖင့္၊ သူမ၏အၿပံဳးေလးက ႏွစ္လိုဖြယ္ေကာင္းလြန္းသည္။ မည္သၫ့္အရာကို ႏွေျမာရမည္နည္း။

လူနာေဆာင္ျပတင္းေပါက္မွ လွမ္းၾကၫ့္လိုက္တိုင္း သူမေလးသည္ ဥယ်ာဉ္ထဲတြင္ လမ္းေလ်ွာက္ေနတတ္သည္။ ဒါမွမဟုတ္ သူမ၏မိဘမ်ားကို ႏြဲ႔ဆိုးဆိုးေနတတ္ေလသည္။ အလြန္ခ်စ္စရာေကာင္းၿပီး သူမေလးကိုၾကၫ့္တိုင္း စိတ္ၾကည္လင္လာ၏။

ဤကမ႓ာေပၚတြင္ ထိုကေလးမေလးကိုျဖစ္ေစ၊ သူ႔ကိုျဖစ္ေစ၊ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္သၫ့္အရာဟူ၍ လံုးဝမရိွပါေခ်။

ေနာက္ေတာ့ သူမေလးအေၾကာင္းစံုစမ္းရန္ အထက္တန္းေက်ာင္းသို႔ ရံဖန္ရံခါ သြားခဲ့ေသးသည္။ ဆရာမ်ားက သူမဟာ ဆရာသမားမ်ားအေပၚ အလြန္ရိုေသေၾကာင္း၊ ထက္ျမက္ေၾကာင္း၊ ဉာဏ္ေကာင္းေၾကာင္း၊ အဆင့္ေကာင္းေၾကာင္း၊ ၿပိဳင္ပြဲမ်ားအတြက္ ေက်ာင္း၏ကိုယ္စားျပဳျဖစ္ေၾကာင္း၊ စသည္ျဖင့္ အမ်ိဳးမ်ိဳးခ်ီးမြမ္းခဲ့ၾကသည္။

ေတာက္ပေသာ အၿပံဳးေလးျဖင့္ ထိုကေလးမေလး.. ဆရာမိဘမ်ား၏ အခ်စ္ကိုခံယူရင္း အဆင့္ေကာင္းေကာင္းျဖင့္ ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖတ္သန္းႏိုင္လိမ့္မည္ဟု သူထင္လိုက္မိသည္။ သို႔ေသာ္ တျခားလူမ်ားထံမွ ဆိုးဆိုးရြားရြား ဆက္ဆံခံေနရလိမ့္မည္ဟု လံုးဝမထင္ထားမိခဲ့။

တစ္ခါတရံတြင္ သူ၏မွတ္ဉာဏ္မ်ား ဗလာက်င္းသြားသလို။ သို႔ေသာ္ နဉ္ရွီ ေမးလာခါမွ ထိုမွတ္ဉာဏ္မ်ား မည္မ်ွရွင္းလင္းေၾကာင္း သူ သိလိုက္ရသည္။ ရွင္းလင္းလြန္းရကား မေန့တစ္ေန့က ျဖစ္ပ်က္ေနသလိုပါပင္။

နဉ္ရွီ ခ်န္းရွီေကြ့ကို လွမ္းၾကၫ့္လိုက္ေသာအခါ ထိုအမ်ိဳးသားက အတိတ္အေၾကာင္း ျပန္မေျပာခ်င္သလို မိန္းေမာေတြေဝေနေလသည္။ ထို႔ေၾကာင့္ နဉ္ရွီလည္း ခပ္ဖြဖြရယ္လိုက္ရင္း..

“ဒီအတိုင္း ေမးၾကၫ့္တာပါ.. စိတ္ထဲမထားပါနဲ႔ မစၥတာခ်န္း..”

“အစ္မရွီရွီ.. ဒါရိုက္တာက ဇာတ္ကြက္တစ္ခု ျပန္ရိုက္ရဦးမယ္လို႔ ေျပာေနတယ္..”

ေရွာင္ယန္က အေျပးေရာက္လာၿပီး ခ်န္းရွီေကြ့ကို တစ္ခ်က္လွၫ့္ၾကၫ့္ကာ အသိေပးလာသည္။ ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ကို ခ်န္ထားရစ္ကာ ထြက္သြားျပန္သည္။

နဉ္ရွီ ရယ္ေမာလိုက္သည္။ ၿပီးေနာက္ ရိုက္ကြင္းသို႔သြားရန္ ျပင္လိုက္သၫ့္အခ်ိန္..

“ခဏေလး..” ခ်န္းရွီေကြ့က နဉ္ရွီ၏လက္ကို လွမ္းဆြဲလိုက္သည္။ ၿပီးေနာက္ သူမ၏မ်က္ဝန္းမ်ားထဲ ေငးစိုက္ၾကၫ့္ကာ.. “လြန္ခဲ့တဲ့ ကိုးႏွစ္ေလာက္က ကိုယ္မင္းကို ျပတင္းေပါက္ေရ႔ွမွာ ေန့တိုင္းေမ်ွာ္ေနခဲ့ရတာ.. အဲ့အခ်ိန္တုန္းက သံုးရက္ဆက္တိုက္ မိုးရြာခဲ့တယ္.. အဲ့သံုးရက္မွာ မင္း လူနာေဆာင္ထဲက ထြက္မလာခဲ့ဘူး..”

သူမ၏နားရြက္နားမွ အသံလိႈင္းသည္ ျဖည္းျဖည္းခ်င္း ေမွးမိွန္ေပ်ာက္ကြယ္သြားသလို ကမ႓ာေလာကတစ္ခုလံုး တိတ္က်သြားခဲ့သည္။ ခ်န္းရွီေကြ့၏အၾကၫ့္က ႏူးညံ့ေနြးေထြးစြာ၊ နဉ္ရွီ၏စိတ္ထဲ ေနြးေထြးမႈမ်ားျဖင့္ လႊမ္းၿခံဳခံလိုက္ရသလို ခံစားလိုက္ရေလ၏။

ခ်န္းရွီေကြ့က နဉ္ရွီကိုဖမ္းဆြဲထားေသာ သူ႔ရဲ့လက္ကို ျပန္ရုတ္သိမ္းလိုက္ကာ ကိုယ့္ကိုယ္ကို ရယ္ေမာေနဟန္ျဖင့္..

“မင္းကေတာ့ သိမွာမဟုတ္ဘူး.. ေန့တိုင္း မင္း ေလ့က်င့္ခန္းလုပ္ဖို႔ ထြက္လာမယ့္အခ်ိန္ကို ေမ်ွာ္ေနမိခဲ့တာ..”

က်န္းခ်င္းယြင္ ေျပာျပခဲ့ဖူးေသာ ခ်န္းရွီေကြ့၏ ဘဝဇာတ္ေၾကာင္းတခ်ိဳ႕ကို နဉ္ရွီ ရုတ္တရက္ သတိရလိုက္မိသည္။ ခ်န္းရွီေကြ့ အသက္ႏွစ္ဆယ္အရြယ္က ဖခင္ျဖစ္သူႏွင့္အတူ ကားမေတာ္တဆ ျဖစ္ခဲ့သည္။ ခ်န္းပါးပါးက ထိုေနရာမွာပင္ ကြယ္လြန္သြားခဲ့ၿပီး ခ်န္းရွီေကြ့ကေတာ့ ကံေကာင္းေထာက္မစြာျဖင့္ အသက္ရွင္ခဲ့ေလသည္။

ထို႔ေနာက္မွာေတာ့ ခ်န္းရွီေကြ့ဟာ ခ်န္း Group ၏ ဥကၠ႒ျဖစ္လာေတာ့သည္။ ငယ္ရြယ္ႏုနယ္ေသာ အရြယ္ေလးျဖစ္ေသာ္လည္း စီးပြားေရးကိစၥမ်ားကို ကြၽမ္းက်င္လိမၼာစြာျဖင့္ အလြယ္တကူ ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့တာေၾကာင့္ လူအမ်ားကို ထိတ္လန႔္ေစခဲ့သည္။

“အဲ့တုန္းကေလ.. ဒီကေလးမေလးရဲ့အၿပံဳးက အရမ္းေတာက္ပတာပဲလို႔ ကိုယ္ေတြးေနခဲ့တာ.. ေနၾကာပန္းေလးလိုပဲ.. ဘယ္သူမွ အၾကၫ့္မလႊဲႏိုင္ေလာက္ဘူး..”

နဉ္ရွီ ထိုႏွစ္မ်ားကို ျပန္ေတြးၾကၫ့္လိုက္၏။ ထိုစဉ္က သူမသည္ အလယ္တန္းၿပီးရံုသာရိွေသးၿပီး ေဆးရံုတက္ခဲ့ရသည္။ ေနာက္ေတာ့ ေဟာ္မုန္းေဆးမ်ားေၾကာင့္ ဝိတ္တက္လာခဲ့သည္။ သူမကို လူနာလာၾကၫ့္ၿပီး ထြက္သြားသူတိုင္း ႏွေျမာတသျဖစ္ေနသလို၊ ေဒၚလာတစ္ရာတန္က ၾကၫ့္ေနရင္းမွာပင္ တစ္ေဒၚလာအျဖစ္ ေျပာင္းလဲသြားသလိုလို။

သူမရဲ့ ျပၫ့္ျပၫ့္ေဖာင္းေဖာင္းမ်က္ႏွာေပၚက ေတာက္ပတဲ့အၿပံဳးကိုေတာင္ ျမင္ႏိုင္ခဲ့တယ္ဆိုေတာ့ ခ်န္းဥကၠ႒ႀကီးက ေတာ္ေတာ္ေလး အျမင္စူးရွတာပဲ..!

“ရွင္………” နဉ္ရွီ အစကေတာ့ ေနာက္ေျပာင္လိုခဲ့သည္။ သို႔ေသာ္ ခ်န္းရွီေကြ့၏ မ်က္ဝန္းမ်ားကို ျမင္လိုက္ခ်ိန္ဝယ္၊ ဘာေၾကာင့္ရယ္မသိ ရႊတ္ေနာက္ေနာက္စကားလံုးမ်ား ေျပာမထြက္ေတာ့ပါေခ်။

“ကိုယ့္အတြက္ေတာ့ မင္းက အရမ္း.. အရမ္း အေရးႀကီးတဲ့…. သူငယ္ခ်င္းေဟာင္းတစ္ေယာက္ပါ.. ကိုယ္ရိွေနတာကို မင္းမသိေပမယ့္လို႔ေပါ့..” ခ်န္းရွီေကြ့က နဉ္ရွီကို ၿပံဳးျပလာသည္။ “နဉ္ရွီ.. ကိုယ့္ဘဝရဲ့ အခက္ခဲဆံုးအခ်ိန္ေတြမွာ အားေပးအေဖာ္ျပဳေပးခဲ့တဲ့ မင္းရဲ့အၿပံဳးေလးအတြက္ ေက်းဇူးတင္ပါတယ္..”

နဉ္ရွီ၏ႏွလံုးသားေလး တုန္ယင္သြားခဲ့သည္။

“နဉ္ရွီေလာင္ရွီး.. အစ္မအလွၫ့္ေရာက္ၿပီ..”

အဖြဲ႔သားမ်ား လွမ္းေခၚေနတာေၾကာင့္ နဉ္ရွီက ခ်န္းရွီေကြ့ကို ျပန္လည္ၿပံဳးျပလိုက္ကာ ရိုက္ကြင္းေနရာသို႔ ေျပးထြက္သြားေလသည္။

လွၫ့္ထြက္သြားေသာ သူမ၏ေနာက္ေက်ာျပင္ေလးကိုၾကၫ့္ရင္း ခ်န္းရွီေကြ့၏မ်က္ဝန္းမ်ား တျဖည္းျဖည္း မည္းေမွာင္လာခဲ့၏။

ရိုက္ကြက္တခ်ိဳ႕ကို ျပန္လည္ရိုက္ကူးရန္ လိုအပ္သည္မွာ ပံုမွန္ပါပင္။ နဉ္ရွီက ရိုက္ကူးေရးၿပီးသည္ႏွင့္ အေစာပိုင္းက ေနရာမွာပင္ မတ္တပ္ရပ္ေနဆဲျဖစ္ေသာ ခ်န္းရွီေကြ့ထံ လွၫ့္ၾကၫ့္ကာ လက္ေဝ႔ွယမ္းျပလိုက္သည္။

ခ်န္းရွီေကြ့၏ ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္သြားၿပီး ရိုက္ကူးေရးအဖြဲ႔ထံမွ အေအးတစ္ဗူးယူကာ သူမေလးထံ ေျခလွမ္းက်ယ္ႀကီးျဖင့္ ေလ်ွာက္သြားေတာ့သည္။

“ကြၽန္မတို႔ႏွစ္ေယာက္မွာ ဒီလိုအတိတ္ရိွမယ္လို႔ လံုးဝမထင္ထားခဲ့ဘူး..”

နဉ္ရွီက ေခါက္ယပ္ေတာင္တစ္ခုထုတ္ကာ ယပ္ခတ္ေနေတာ့သည္။ သို႔ေသာ္ မည္သို႔ယပ္ခတ္ေနပါေစ၊ နဖူးထက္တြင္ ေခြၽးမ်ားရႊဲနင့္ေနေသး၏။

ခ်န္းရွီေကြ့က အေအးဗူးအဖံုးဖြင့္ကာ နဉ္ရွီထံ ကမ္းေပးလိုက္သည္။

“ေက်းဇူး..” နဉ္ရွီက အေအးေသာက္ရင္း အနီးနားမွ ထမင္းဘူးေဝေနေသာ အဖြဲ႔သားမ်ားကို လွမ္းၾကၫ့္လိုက္သည္။ ၿပီးေနာက္ မ်က္ႏွာတစ္ဝက္ကို ယပ္ေတာင္ျဖင့္ကာလ်က္.. “ရိုက္ကြင္းကေကြၽးတာ လံုးဝစားမေကာင္းဘူး.. သြားမစားနဲ႔ေနာ္..”

“Tan Hai Xian Ji” ရိုက္ကြင္းကိုလည္း ခ်န္းရွီေကြ့ လာလည္ခဲ့ဖူးပါသည္။ သို႔ေသာ္ ထိုစဉ္ကထမင္းသည္ အေတာ္အသင့္ စားလို႔ရေသး၏။ သို႔ေသာ္ ဤရိုက္ကြင္းမွအစားအေသာက္ကေတာ့ ၿမိဳခ်ရန္ပင္ ခက္ခဲလြန္းလွသည္။

“ဟုတ္ပါၿပီ..” ခ်န္းရွီေကြ့က ၿပံဳးလိုက္ရင္း နဉ္ရွီ၏မ်က္ႏွာေပၚ ေနမထိုးရေလေအာင္ လက္ကာေပးလိုက္သည္။ “ဒီအေၾကာင္းေတြ သိသြားၿပီဆိုေတာ့ ကိုယ့္ကို သူငယ္ခ်င္းေဟာင္းအျဖစ္ လက္ခံေပးမွာလား..?”

နဉ္ရွီက မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ေခါင္းညိတ္ျပလိုက္သည္။

“ဒီလိုဆိုမွေတာ့ အင္တင္တင္နဲ႔ပဲ လက္ခံရေတာ့မွာေပါ့..”

နဉ္ရွီ၏ ရႊတ္ေနာက္ေနာက္ ပံုစံေလးေၾကာင့္ ခ်န္းရွီေကြ့မွာ မရယ္ဘဲမေနႏိုင္ေတာ့ေပ။ သူက မိုးေကာင္းကင္ႀကီးကို ေမာ့ၾကၫ့္လိုက္သည္။ ေတာက္ပလြန္းေသာ ေနေရာင္ျခည္ေၾကာင့္ မ်က္လံုးဖြင့္ရန္ပင္ ခဲယဉ္းလွ၏။

“ေနအရမ္းပူတာပဲ.. ေအးသြားေအာင္ သြားနားလိုက္ဦးေလ.. ကိုယ္လည္း ကုမၸဏီျပန္ေတာ့မယ္..”

“အင္း..”

နဉ္ရွီ ေခါင္းညိတ္ျပလိုက္သည္။ ခ်န္းရွီေကြ့၏လက္ ျပန္ရုတ္သိမ္းလိုက္ေသာအခါ ေနေရာင္ျခည္က သူမ၏မ်က္လံုးေပၚ တိုက္ရိုက္က်ေရာက္လာခဲ့၏။ သူမ၏မ်က္လံုးမ်ား ရုတ္ခ်ည္း ေလာင္ကြၽမ္းသြားသလို ခံစားလိုက္ရသည္။

ခ်န္းရွီေကြ့က ခပ္လွမ္းလွမ္းေရာက္မွ သူမေလးကို လွၫ့္ၾကၫ့္လိုက္သည္။ နဉ္ရွီသည္ ေနေရာင္ေအာက္မွာပင္ မတ္တပ္ရပ္ေနၿပီး သူလွၫ့္ၾကၫ့္သည္ကို ျမင္လိုက္သည္ႏွင့္ လက္ေဝ႔ွယမ္းျပလာသည္။ ထို႔ေၾကာင့္ ခ်န္းရွီေကြ့မွာ ကားရပ္ထားသၫ့္ေနရာသို႔ အျမန္ေလ်ွာက္သြားရင္း ထပ္မံလွၫ့္ၾကၫ့္လိုက္ျပန္သည္။ သို႔ေသာ္ သူေရာက္ေနေသာေနရာမွ သူမ၏ပံုရိပ္ေလးကို မေတြ့ရေတာ့ပါေခ်။

ခ်န္းရွီေကြ့က ထိုေနရာမွာပင္ မတ္တပ္ရပ္လ်က္ သူမ,ရိွေနမၫ့္ အရပ္မ်က္ႏွာသို႔ အေတာ္ၾကာေအာင္ ေငးၾကၫ့္ေနခဲ့ေလသည္။ ၿပီးေနာက္ ကားတံခါးဖြင့္ကာ ဝင္ထိုင္လိုက္ေတာ့သည္။ သူ၏မ်က္ႏွာေပၚတြင္ အၿပံဳးတစ္ခု ထင္ဟပ္လ်က္…

နဉ္ရွီက ပံုမွန္ဆိုလ်ွင္ အစားစားလိုစိတ္ ျပင္းျပတတ္၏။ သို႔ေသာ္ ပူျပင္းလြန္းေသာ ရာသီဥတုႏွင့္ ဝက္စာလိုထမင္းေၾကာင့္ ထမင္းစားခ်င္စိတ္ ေပ်ာက္ဆံုးေနေတာ့သည္။ ဆီရႊဲရႊဲ ဆလတ္ရြက္ႏွစ္ရြက္ခန႔္ ကိုက္စားၿပီးေနာက္ တူျပန္ခ်ထားလိုက္သည္။ ဤရိုက္ကူးေရးၿပီးသည္ႏွင့္ သူမလည္း ဝိတ္က်ေတာ့မည္။

က်န္းခ်င္းယြင္က နဉ္ရွီေဘးတြင္ ထိုင္ေနခဲ့သည္။ နဉ္ရွီ တူခ်လိုက္သည္ႏွင့္ သူက ေမးျမန္းလာသည္။

“နဉ္ရွီ.. မင္းနဲ႔မစၥတာခ်န္းက ဘယ္လိုပက္သက္တာလဲ..?”

“အစ္ကိုက်န္း..” နဉ္ရွီက အသည္းကြဲသြားဟန္ျဖင့္ က်န္းခ်င္းယြင္ကို လွၫ့္ၾကၫ့္လိုက္၏။ “ကြၽန္မ ေကာင္မေလးေတြနဲ႔ ပူးပူးကပ္ကပ္ေနေတာ့ အစ္ကိုက စိုးရိမ္ေနတယ္ေလ.. အခု ေယာက္်ားတစ္ေယာက္နဲ႔ ခင္မင္မိေတာ့လည္း စိုးရိမ္ေနျပန္ေရာ.. အစ္ကို႔ဦးေနွာက္ထဲမွာ အေပါက္အႀကီးႀကီး ရိွေနတာလား..?”

“ငါ့ဦးေနွာက္ထဲ အေပါက္အႀကီးႀကီးရိွေနတာကို လာမေျပာနဲ႔ေလ.. မင္းရဲ့ဖယ္ရိုမုန္းေတြအေၾကာင္းသာ ေျပာစမ္းပါ..” က်န္းခ်င္းယြင္က သုန္မႈန္ေနၿပီး.. “ငါအရင္တာဝန္ယူခဲ့ရတဲ့ ေယာက္်ားေလးသရုပ္ေဆာင္ေလာက္‌ေတာင္ မင္းက ကိုယ့္ကိုယ္ကို မထိန္းခ်ဳပ္တတ္ဘူး.. ပိုင္မမေလးက ဖက္ဖို႔ေျပာတာနဲ႔ မင္းက ေျပးဖက္လိုက္ေရာပဲ..”

ၿပီးေနာက္ ခ်န္းရွီေကြ့၏ နဉ္ရွီေနမပူရေအာင္ ေနကာေပးသၫ့္ျမင္ကြင္းကို ျပန္လည္ျမင္ေယာင္မိရင္း က်န္းခ်င္းယြင္ခမ်ာ သက္ျပင္းေမာခ်လိုက္မိသည္။

“လူေတြကို ဘာလို႔မ်ား ဒီေလာက္ဆြဲေဆာင္ႏိုင္ရတာလဲ..?”

နဉ္ရွီက သူမ၏မ်က္ႏွာကို ပြတ္သပ္လိုက္ရင္း အျပစ္ကင္းစင္သၫ့္ အၿပံဳးေလးျဖင့္..

“ကြၽန္မက အရမ္းခ်စ္စရာေကာင္းေနလို႔မ်ားလား..?”

က်န္းခ်င္းယြင္ : “ခ်စ္စရာေကာင္းေအာင္ လုပ္ျပေနတာေတြ ရပ္လိုက္ပါေတာ့..! မစၥတာခ်န္းနဲ႔ ဘယ္လိုပက္သက္လဲဆိုတာ အရင္ဆံုး ေျပာျပေပးႏိုင္မလား..?”

နဉ္ရွီႏွင့္ခ်န္းရွီေကြ့တို႔ ထမင္းအတူစားသၫ့္သတင္း ေပါက္ၾကားသြားစဉ္က ျပႆနာေတာ္ေတာ္မ်ားမ်ား ျဖစ္ခဲ့ေသးသည္။ တစ္ေန့ သူတို႔ႏွစ္ေယာက္ အတူရိွေနတာကို ထပ္ေတြ့ၾကလ်ွင္ ‘နဉ္ရွီ ခ်န္းရွီေကြ့ႏွင့္ လက္ထပ္လိုက္ၿပီ..’ ဆိုသၫ့္ေခါင္းစည္းမ်ိဳး ေျပာင္းသြားလိမ့္မလား။

“ဒီအတိုင္း သာမာန္သူငယ္ခ်င္းေတြပါ.. အဲ့လိုမဟုတ္လို႔ တျခားဘာျဖစ္ရဦးမွာလဲ..?”

“ေက်းဇူးျပဳျပီး အစ္မက မစ္နဉ္ရွီလားမသိဘူး..? အစ္မရဲ့ေန့လည္စာ ေရာက္ပါၿပီ.. ဒီေနရာမွာ လက္မွတ္ထိုးေပးပါ..”

နဉ္ရွီႏွင့္ က်န္းခ်င္းယြင္တို႔ လွၫ့္ၾကၫ့္လိုက္ေသာအခါ သူတို႔၏ေနာက္တြင္ Uniform သပ္သပ္ရပ္ရပ္ ဝတ္ထားေသာ လူငယ္ေလးတစ္ေယာက္ မတ္တပ္ရပ္ေနေလသည္။ သူ၏လက္ထဲတြင္ ဆြဲျခင္းတစ္ခုကိုင္ထားၿပီး ေနြးေထြးစြာ ၿပံဳးေန၏။

“Sorry.. ကြၽန္မ မမွာထားပါဘူး.. မွားပို႔တာထင္တယ္..?”

လူငယ္ေလးက ဆြဲျခင္းကိုဖြင့္ကာ ဟင္းႏွစ္ပန္းကန္၊ ထမင္းျဖဴတစ္လံုးႏွင့္ လတ္လတ္ဆတ္ဆတ္ သစ္သီးတခ်ိဳ႕၊ က်န္းမာေရးအတြက္ ေကာင္းသၫ့္ စြပ္ျပဳတ္တစ္ပန္းကန္ ထုတ္ယူလိုက္သည္။ “အာ.. ဒီလိုပါဗ်.. ကြၽန္ေတာ္တို႔ ရသာတစ္ေထာင္ခန္းမက အထူးဧၫ့္သည္ေတာ္ေတြကို အေကာင္းဆံုးဝန္ေဆာင္မႈေတြနဲ႔ Service ေပးပါတယ္.. အစ္မရဲ့ေန့လည္စာအတြက္ ကြၽန္ေတာ္တို႔ VIP ဧၫ့္သည္ မစၥတာခ်န္း မွာေပးထားတာပါ.. ေနာက္ရက္ေတြမွာလည္း က်န္းမာေရးနဲ႔ညီၫြတ္ၿပီး အရသာရိွတဲ့ ေန့လည္စာကို အခ်ိန္နဲ႔တေျပးညီ လာပို႔ေပးပါ့မယ္.. စားၿမိန္ေစဖို႔‌ ေမ်ွာ္လင့္ပါတယ္ဗ်..”

ေျပာၿပီးသည္ႏွင့္ လူရြယ္ေလးက နဉ္ရွီကို ဦးၫႊတ္ကာ ထြက္သြားေတာ့သည္။

က်န္းခ်င္းယြင္မွာ စားခ်င့္စဖြယ္ဟင္းလ်ာမ်ားကို အနံ႔ခံလိုက္ရင္း တံေတြးမၿမိဳခ်ဘဲ မေနႏိုင္ေတာ့ေပ။

“မင္းရဲ့ သာမာန္သူငယ္ခ်င္းက အရမ္းဂရုစိုက္တတ္တာပဲေနာ္..? ရိုက္ကြင္းက အစားအေသာက္ေတြကို မင္း မႀကိဳက္မွန္းသိတာနဲ႔ တကူးတက ေအာ္ဒါမွာေပးေတာ့တာပဲ..”

‘ရသာတစ္ေထာင္ခန္းမ’ ကဲ့သို႔ေသာ စားေသာက္ဆိုင္တစ္ခုသည္ သာမာန္လူမ်ား သြားစားခ်င္လ်ွင္ အရင္ဆံုး Booking ႀကိဳတင္ထားရ၏။ ထိုသို႔ေတြးလိုက္မိေတာ့ က်န္းခ်င္းယြင္ပင္ လက္ေျမႇာက္မိေတာ့သည္။

နဉ္ရွီက က်န္းခ်င္းယြင္ထံမွ ဟင္းပန္းကန္ဆြဲယူၿပီးေနာက္ တူေကာက္ကိုင္ကာ ေျပာလိုက္သည္။

“မနာလိုမျဖစ္နဲ႔ေလ.. ဘာပဲေျပာေျပာ ကြၽန္မက ရုပ္ေခ်ာတာကိုး..”

“မရွက္တတ္ဘူးလား..?” က်န္းခ်င္းယြင္လည္း တူေကာက္ကိုင္ကာ ဟင္းႏိႈက္လိုက္သည္။ သို႔ေသာ္ နဉ္ရွီက သူ႔ကို တားလိုက္၏။

“တူကို ခပ္ေဝးေဝးထားၿပီးမွ ကြၽန္မ,မေကာင္းေၾကာင္း ေျပာပါလား..?” နဉ္ရွီက မ်က္ေစာင္းထိုးလိုက္ကာ.. “အရမ္းေတြးပူမေနနဲ႔.. ခ်န္းရွီေကြ့က ကြၽန္မအေပၚ ဘာမေကာင္းတဲ့ရည္ရြယ္ခ်က္မွ မရိွဘူး.. ေနာက္ပိုင္းကိစၥေတြကိုေတာ့…..”

နဉ္ရွီ ခဏရပ္သြားၿပီးမွ ဆက္ေျပာလာသည္။ “ကံစီမံရာပဲ ထားလိုက္ပါေတာ့..”

သူမ၏ ေျပာဟန္ဆိုဟန္ေၾကာင့္ က်န္းခ်င္းယြင္လည္း ဘာမွထပ္မေျပာေတာ့‌ေခ်။ ထိုအစား ဟင္းခိုးႏိႈက္ရန္သာ ေခ်ာင္းေနေတာ့သည္။

“ဟဲ့.. နင္ေရာ မထင္မိဘူးလား.. မစၥတာခ်န္းက…….” လင္းယန္က ခုန္းယြီဟန္ကိုဆြဲကာ ေျပာလိုက္သည္။ စကားအဆံုးထိ မေျပာခဲ့ပါေသာ္လည္း ေနာက္ဆက္တြဲစကားက မွန္းဆရလြယ္လြန္းသည္။

ခုန္းယြီဟန္က ေခါင္းယမ္းျပလိုက္သည္။ “ငါ ဒီေလာကမွာ က်င္လည္လာတာ ဆယ္ႏွစ္ေက်ာ္ၿပီ.. ရုပ္ရွင္မင္းသမီး ေခ်ာေခ်ာလွလွေလးေတြကို ႀကံေနတဲ့ လူခ်မ္းသာေတြရဲ့ လွၫ့္ကြက္ေတာ္ေတာ္မ်ားမ်ားကို ျမင္ဖူးၿပီးသား.. သူတို႔လက္ခုပ္ထဲ မေရာက္ခင္အထိ အဲ့ေကာင္မေလးေတြကို ဖူးဖူးမႈတ္ထားမွာ.. ဒါေပမဲ့ ၿပီးရင္ေတာ့……” သူမက ေခါင္းခါယမ္းလိုက္ရင္း.. “မစၥတာခ်န္းရဲ့ ရည္ရြယ္ခ်က္ကို ငါမသိေပမယ့္ လူခ်မ္းသာမိသားစုထဲ လက္ထပ္ဝင္ႏိုင္ဖို႔ဆိုတာ တကယ့္ကို မလြယ္ဘူး..”

အႏုပညာေလာကတြင္ လူခ်မ္းသာမိသားစုထဲ လက္ထပ္ဝင္ေရာက္ႏိုင္ခဲ့သၫ့္ ရုပ္ရွင္မင္းသမီး မရိွတာေတာ့မဟုတ္ေပ။ အေပၚယံၾကၫ့္လ်ွင္ေတာ့ အားက်ဖြယ္ရာပင္။ သို႔ေသာ္ လက္ထပ္ၿပီးေနာက္ မည္သို႔ခံစားေနရသလဲဆိုတာ သူတို႔ကိုယ္တိုင္သာ သိေပလိမ့္မည္။

ထိုစကားေၾကာင့္ လင္းယန္ အသိျပန္ဝင္သြားသည္။ “အဲ့လိုသာဆို.. တကယ့္ကို… တကယ့္ကို…” သူမ ဘာေျပာလို႔ေျပာရမွန္း မသိေတာ့ေခ်။ လူခ်မ္းသာတစ္ေယာက္သာ သူတစ္ပါးကို အႏိုင္က်င့္လိုလ်ွင္ အႏိုင္က်င့္ခံရမၫ့္ တစ္စံုတစ္ေယာက္ကေတာ့ ရိွလာမည္ပင္။ ဤသည္က သူတို႔လိုအျပင္လူမ်ား ဝင္ေရာက္စြက္ဖက္ႏိုင္ေသာ ကိစၥမ်ိဳးမဟုတ္ေပ။

သို႔ေသာ္ နဉ္ရွီလို သရုပ္ေဆာင္ေကာင္းတစ္ေယာက္။ ထိုသို႔ ခ်စ္ေရးခ်စ္ရာကိစၥမ်ိဳးတြင္ က်ရႈံးသြားၿပီး တစ္ပါးသူေၾကာင့္ ထိခိုက္သြားမည္ကို သူမ စိုးရိမ္ေနမိသည္။

“ငါတို႔က အျပင္လူေတြပဲ.. သူမ်ားကိစၥထဲ ဝင္မပါသင့္ဘူး.. ၿပီးေတာ့ နဉ္ရွီက ဉာဏ္ေကာင္းၿပီးသား..” ခုန္းယြီဟန္က ဆက္ေျပာသည္။ “အလြယ္တကူ လွၫ့္စားခံရမယ့္ မိန္းကေလးမ်ိဳးမဟုတ္ဘူး..”

“နဉ္ရွီ..! နဉ္ရွီ..! နင္ဘယ္မွာလဲ.. ခ်က္ခ်င္းထြက္ခဲ့စမ္း..!”

ထိုေအာ္သံေၾကာင့္ ‘သံုးဘဝ သံုးေရာင္ျခယ္’ ရုပ္ရွင္အဖြဲ႔သားမ်ားလည္း နဉ္ရွီကို လိုက္ရွာၾကေတာ့သည္။

ဒီေန့ဘာေတျြဖစ္ေနတာလဲ..? ရိုက္ကူးေရးမစခင္ ဘုရားမရိွခိုးမိလို႔မ်ားလား..?

ဒီအရႈပ္ထုပ္ေတြ ဘာလို႔မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္လာၾကတာလဲ..?

ေရွာင္ယန္လည္း နဉ္ရွီကို တစ္စံုတစ္ေယာက္က ေအာ္ေခၚေနတာေၾကာင့္ အေျပးသြားရေတာ့သည္။ ထိုအခါ ငယ္ငယ္ရြယ္ရြယ္ မိန္းမလွေလးတစ္ေယာက္ကို ေတြ့လိုက္ရေလ၏။ သူမ၏ေနာက္တြင္ ေယာက္်ားႏွစ္ေယာက္လည္း လိုက္ပါလာသည္။

ထိုအဖြဲ႔ႏွင့္ ႏွစ္မီတာ၊ သံုးမီတာခန႔္ ကြာေဝးေနသၫ့္တိုင္ အရက္နံ႔ရလိုက္သည္။

အလားတူျဖစ္ရပ္မ်ိဳး အေစာပိုင္းက ႀကံဳေတြ့ၿပီးျဖစ္တာေၾကာင့္ ရိုက္ကူးေရးအဖြဲ႔လည္း ခ်က္ခ်င္း ေနရာယူကာ ထိုလူသံုးေယာက္ကို အထဲဝင္မသြားႏိုင္ေအာင္ တားလိုက္သည္။

“ဒီကအမ်ိဳးသမီးနဲ႔ လူႀကီးမင္းတို႔.. ဒီေနရာက ကြၽန္ေတာ္တို႔ ရိုက္ကူးေရးလုပ္ေနတဲ့ေနရာပါ.. ေက်းဇူးျပဳျပီး အသံေလ်ွာ့ေပးလို႔ရမလား.. ပူးေပါင္းေပးတဲ့အတြက္ ေက်းဇူးပါ..”

ခ်န္ဝူက ထိုအဖြဲ႔ကို သံသယမ်က္ဝန္းမ်ားျဖင့္ စိုက္ၾကၫ့္ေနေတာ့သည္။

ဒီသံုးေယာက္ကို ခုနကလူေတြ ပို႔လိုက္တာမ်ားလား..?

“ကိုႀကီး.. ကိုႀကီးေျပာေတာ့ နဉ္ရွီက ဒီေနရာမွာ ရုပ္ရွင္ရိုက္ေနတာဆို..? အခု သူက ဘယ္မွာလဲ..?’ ေဝစစ္ခ်ီက ခ်န္ဝူကို လ်စ္လ်ူရႈကို က်ီးကန္းေတာင္းေမွာက္ လိုက္ရွာေနခဲ့သည္။ သို႔ေသာ္ နဉ္ရွီ၏အရိပ္ကိုပင္ ရွာမေတြ့ခဲ့ေခ်။ ထို႔ေၾကာင့္ ေနာက္လွၫ့္ကာ သူမအနားမွလူကို ေအာ္ဟစ္ေတာ့သည္။ “ကိုႀကီး.. လိမ္ေနတာပဲ..!”

ေဝသုန္လိုင္မွာ မ်က္ႏွာပူသြားၿပီး သူ႔အေရ႔ွမွလူအုပ္ႀကီးကို ေဝ့ၾကၫ့္လိုက္သည္။ ၿပီးေနာက္ ေခါင္းငံု႔ကာ ေဝစစ္ခ်ီကို ေျပာလိုက္သည္။ “ညီမေလးရယ္.. နဉ္ရွီ အိမ္ျပန္သြားၿပီလို႔ သူတို႔ေျပာေနၿပီပဲ.. မနက္ျဖန္မွ ျပန္လာၾကမယ္ေလ.. ေနာ္..?”

“သူ မရိွဘူးဟုတ္လား..? ကြၽန္မေတာ့ မယံုပါဘူး..” ေဝစစ္ခ်ီက ေခါင္းခါကာ ခ်န္ဝူကို လက္ၫွိုးထိုးလိုက္ၿပီး.. “ေျပာစမ္း.. သူ ဒီမွာရိွလား..?”

နင္ေမးတာနဲ႔ ေျဖရေအာင္ နင့္အိမ္ကအေစခံမ်ား ထင္ေနသလား..?!

ခ်န္ဝူ၏မ်က္ႏွာတြင္ အထင္ေသးရြံ႔ရွာမႈမ်ား ျပၫ့္ႏွက္သြားၿပီး ေဝစစ္ခ်ီကို အဖက္မလုပ္ေတာ့ေပ။

“ေတာင္းပန္ပါတယ္.. ကြၽန္ေတာ့္ညီမေလး မူးေနလို႔ပါ..” ေဝသုန္လိုင္မွာ ေဝစစ္ခ်ီကို ေခၚလာမိသၫ့္အတြက္ ေနာင္တရေနေတာ့သည္။ သူ႔ရဲ့ညီမေလးသာ ငိုယိုေအာ္ဟစ္ၿပီး သတ္ေသမည္ဟု မၿခိမ္းေျခာက္ခဲ့လ်ွင္ ဤေနရာအထိလာၿပီး အရူးလို ဆက္ဆံခံရမည္မဟုတ္ေပ။

ေဝသုန္လိုင္၏ အတြင္းေရးမွဴးသည္လည္း သူ႔ရဲ့မ်က္ႏွာကို ဖြက္ထားႏိုင္ရန္သာ ဆုေတာင္းေနမိေတာ့သည္။ ထို႔အျပင္ သူ႔ရဲ့နတ္ဘုရားမေလးကို ျပႆနာရွာေနသၫ့္တစ္ေယာက္က သူ႔မန္ေနဂ်ာ၏ ညီမျဖစ္ေနေသာေၾကာင့္ အတြင္းေရးမွဴးခမ်ာ သူတို႔မိသားစု၏ နတ္ဘုရားမေလးႏွင့္ မ်က္ႏွာခ်င္းမဆိုင္ဝံ့ေအာင္ ျဖစ္ေနေတာ့သည္။

ခ်န္ဝူက ထိုျမင္ကြင္းကို မသိခ်င္ေယာင္ေဆာင္ေနေလသည္။

ေဝစစ္ခ်ီက ေဝသုန္လိုင္ကို တြန္းဖယ္လိုက္ကာ.. “နဉ္ရွီ.. ဟဲ့ေကာင္မ ခ်က္ခ်င္း ထြက္လာခဲ့စမ္း..!”

အရက္မူးသမားတစ္ေယာက္က ဤမ်ွခြန္အားႀကီးလိမ့္မည္ဟု ေဝသုန္လိုင္လည္း ထင္မထားခဲ့။ ေျခလွမ္းအနည္းငယ္ခန႔္ ေနာက္ဆုတ္သြားၿပီးမွ သူ႔ကိုယ္သူ ဟန္ခ်က္ျပန္ထိန္းႏိုင္လိုက္သည္။ လက္ရိွအခ်ိန္မွာေတာ့ သူလည္း စိတ္ရႈပ္ေထြးလာေတာ့သည္။ ညီမျဖစ္သူကို ဤေနရာမွ ဆြဲေခၚသြားၿပီး ရိုက္ကူးေရးအဖြဲ႔ႏွင့္ ဘယ္ေသာအခါမွ ထပ္မဆံုခ်င္ေတာ့သည္အထိ။

“စစ္ခ်ီ.. နဉ္ရွီ ဒီေနရာမွာမရိွဘူး.. တျခားေနရာမွာ သြားရွာရေအာင္ေလ.. ဟုတ္ၿပီလား..?”

ညီမအရင္းျဖစ္ေနေသာေၾကာင့္ သူ႔မွာ သည္းခံေနရံုသာ တတ္ႏိုင္ေတာ့သည္။ သူ႔ရဲ့ညီမကို ဤမ်ွရွက္စရာေကာင္းသၫ့္ပံုစံမ်ိဳး ျဖစ္ေစခဲ့သၫ့္ နဉ္ရွီဟူေသာ အမ်ိဳးသမီးကိုလည္း သူ,မသိပါေခ်။

“ဟုတ္သားပဲ.. တျခားေနရာမွာ သြားရွာၾကရေအာင္..” ေဝစစ္ခ်ီက ေခါင္းတညိတ္ညိတ္ျဖင့္ ေျပာလာသည္။ သူက ေဝသုန္လိုင္၏ပခံုးကို လွၫ့္ဖက္လိုက္ကာ.. “သူ႔ကိုရွာေတြ့ရင္ တစ္သက္လံုး ျပန္မေပၚလာေအာင္ ပိတ္ေလွာင္ထားရမယ္..”

ထိုစကားလံုးကိုၾကားေတာ့ အတြင္းေရးမွဴးက မ်က္ခံုးပင့္လိုက္သည္။

ေျပာၾကတာေတာ့ အရက္မူးသမားေတြက အမွန္တရားကိုပဲ ေျပာတတ္ၾကတယ္တဲ့.. မန္ေနဂ်ာရဲ့ညီမက သိပ္ၿပီးအက်င့္မေကာင္းဘူးပဲ..?

“ဘယ္လိုအထင္ကရပုဂၢိုလ္မ်ား ကြၽန္မတို႔ရႈတင္ကို ေရာက္လာပါလိမ့္..? ေအာ္ဟစ္ဆဲဆိုေနတာ ေၾကာက္စရာပဲ..”

မိန္းမငယ္ေလး၏ ႏူးညံ့သိမ္ေမြ့ေသာ အသံခ်ိဳခ်ိဳေလးက အတြင္းေရးမွဴး၏ နားရြက္ထဲကို စီးဝင္လာခဲ့သည္။ ေနာက္လွၫ့္ၾကၫ့္လိုက္ေသာအခါ သူ႔ရဲ့နတ္ဘုရားမေလးျဖစ္ေနေၾကာင္း ေတြ့လိုက္ရ၏။ အတြင္းေရးမွဴးခမ်ာ ေဝစစ္ခ်ီကို ထိန္းကိုင္ထားသၫ့္ သူ၏လက္ကို လႊတ္ခ်လိုက္မိသည္။

ေဝစစ္ခ်ီမွာ ေျမျပင္ေပၚကို လဲက်သြားေတာ့သည္။

ေဝစစ္ခ်ီက ေခါင္းေမာ့ၾကၫ့္လိုက္သည္။ လူအုပ္ၾကားမွ မိန္းမလွေလးတစ္ေယာက္ လမ္းေလ်ွာက္လာသည္ကို ျမင္ေသာအခါ ေခါင္းခါယမ္းရင္း..

“နင္က ဘယ္သူလဲ..? ဟိုေသာက္ဝက္မ ဘယ္ေရာက္သြားလဲ..?”

.......................................................

……………………………………………………….

Continue Reading

You'll Also Like

280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်
296K 30.1K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...