ကြမ္မာ ခုနစ်လီ

By No_Coz

123K 18.9K 742

ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတ... More

Description
နိဒါန်း
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
ရှောင်ရှန်းဇီ
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)/ က
အခန်း (၂၈)/ ခ
အခန်း (၂၉)/ က
အခန်း (၂၉)/ ခ
အခန်း (၃၀)/ က
အခန်း (၃၀)/ ခ
အခန်း (၃၁)/ က
အခန်း (၃၁)/ ခ
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)/ က
အခန်း (၃၄)/ ခ
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇)/ က
အခန်း (၃၇)/ ခ
အခန်း (၃၈)/ က
အခန်း (၃၈)/ ခ
အခန်း (၃၉)/ က
အခန်း (၃၉)/ ခ
အခန်း (၄၀)
အခန်း (၄၁)/ က
အခန်း (၄၁)/ ခ
အခန်း (၄၁)/ ဂ
အခန်း (၄၂)
အခန်း (၄၃)
အခန်း (၄၄)/ က
အခန်း (၄၄)/ ခ
အခန်း (၄၅)/ ခ
အခန်း (၄၆)
အခန်း (၄၇)
အခန်း (၄၈)
အခန်း (၄၉)
အခန်း (၅၀)
အခန်း (၅၁)/ က
အခန်း (၅၁)/ ခ
အခန်း (၅၂)
အခန်း (၅၃)
အခန်း (၅၄)

အခန်း (၄၅)/ က

1.1K 232 2
By No_Coz

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၄၅)/ က
__________

သံသရာစက်ဝန်းတွင်းနက်ရဲ့ ရှေ့မှာ နောက်တစ်ခါ တစ်ခေါက် ငါ ရပ်ရပြန်ပြီ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဆိတ်ငြိမ်တိုးတိတ်နေတယ်။ ဒီတိတ်ဆိတ်မှုကို ငါ အသားမကျနိုင်ဘူး။ ငါ နောက်ပြန် လှည့်ကြည့်လိုက်တယ်။ တမလွန်လမ်းမကြီးက အရင်အတိုင်းပါပဲ။ ဘာမှ ပြောင်းလဲ မသွားဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာ တမလွန်ကြီးတစ်ခုလုံး အရင်ကထက် ပိုအေးစက်နေတယ်လို့ ငါ ခံစားရမိတယ်။

ခရမ်းပုလဲမှာ ကပ်ငြိနေတဲ့ ဝိညာဉ်စလေးထွက်လာပြီး တစ်ဖန်ပြန်လည်ဝင်စားဖို့အတွက် သံသရာစက်ဝန်းတွင်းထဲ ခုန်ဆင်းသွားတော့တယ်။ အဲဒီဝိညာဉ်ကလေး ငါ့ရှေ့ကနေ ပျောက်ကွယ်သွားတာကို ကြည့်ရင်း ရုတ်တရက် ငါ ကြောက်လာမိခဲ့တယ်။ နောက်ဘဝ ဘယ်မျိုးနွယ် ဘယ်မိသားစု ဘယ်နေရာမှာ ချူခုန်း ဝင်စားမလဲ ငါ မသိဘူးလေ။ ဒီလောက်ကျယ်ပြောလှတဲ့ လောကကြီးထဲ သူ့ကို ဘယ်နား သွားရှာရမလဲ ငါ မသိဘူး။ ငါ သူ့ကို ထပ်တွေ့မယ်ဆိုရင်လည်း တွေ့တဲ့အချိန်မှာ သူ့ရုပ်ဆင်းသွင်ပြင် ဘယ်လို ဘယ်ပုံရှိမလဲ ငါ မသိဘူး။ ဒါပေမဲ့. . .

လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေအားလုံးကို ငါ့မှာ ပြောင်းလဲနိုင်စွမ်း မရှိမှတော့၊ ရဲဆေးတင်ပြီး သတ္တိရှိရှိ ရင်ဆိုင်ဖို့သာ တတ်နိုင်တော့တာပေါ့။ ခရမ်းပုလဲကို ငါ့ကိုယ်မှာ သေချာ ဆောင်ထားလိုက်တယ်။ ပြီးတော့ ငါလည်းပဲ သံသရာစက်ဝန်းတွင်းထဲ ခုန်ချလိုက်တယ်။

• • • • •

လူ့ပြည်မှာ သုံးနှစ်ကြာသွားခဲ့ပြီ။ ငါ့ဘေးနားမှာ ချူခုန်း မရှိတော့ ဒီအပေါ်ယံ ကိလေသာထုံမွှန်းနေတဲ့ လူ့ဘဝကြီးက သာယာသားပဲ။ နောက်ဆုံးတော့ ငါ အေးအေးဆေးဆေး လူ့စည်းစိမ်ခံစားလို့ရပြီ။ ငါနဲ့ ရန်ဖြစ် စကားများနေမဲ့သူ မရှိတော့ တစ်မျိုးလေးတော့ ချမ်းသာသား။ အခုချိန်တော့မှ ငါ ပို သတိထားမိတယ်၊ ချူခုန်းတစ်ကောင် ပြဿနာကို ဘယ်လို မီးခွက်ထွန်းရှာပြီး ငါ့ကို မပျော်ရအောင် လုပ်ခဲ့တယ်ဆိုတာတွေကို။ 

ဒါပေမဲ့ ညတိုင်း ညတိုင်း ကြယ်ကလေးတွေကို တိတ်ဆိတ်စွာ ကြည့်ရင်း ငါ ချူခုန်းအကြောင်း တွေးမိပြန်တာပါပဲ။ အဲသလို တွေးမိနေတာတွေက မခံစားနိုင်လောက်အောင် ထပ်ခါတလဲလဲ တစ်ချိန်လုံးနီးပါးဖြစ်နေတော့ လွမ်းတယ်ဆိုတာ ဖြစ်လာရော။ ချူခုန်းက ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်ပါဘူး။ ဘယ်တုန်းကမှ ပြစ်ချက် မရှိသူ မဟုတ်ခဲ့ဘူး။ နှုတ်ကြမ်းတယ်။ စိတ်ဆတ်တယ်။ ငါ ပျော်ရအောင်ဆိုပြီး တကူးတက လုပ်ပေးခဲ့တာတွေလည်း မရှိဘူး။ သူ အစားပြန်လျော်ပေးမယ်လို့ ပြောထားတဲ့ ယပ်တောင်ကိုတောင်မှ ပြန်မလျော်ပေးရသေးဘူး။ ဒါပေမဲ့ သူက ငါ့ရင်ထဲ အသည်းထဲ နှလုံးသားထဲ အပေါက်ဖေါက်ပြီး ခပ်တည်တည်နဲ့ ဝင်သွားပြီး ငါ့ကို ထောင်လွှားမောက်မာစွာ ပြန်ကြည့်သလိုမျိုး။ "ငါသခင် ဒီထဲမှာ နေရာယူထားမယ်၊ နေတော့ မင်း ဘာလုပ်ချင်လဲ၊ ဘာတတ်နိုင်လဲ" ဆိုတဲ့ အချိုးမျိုး။

ငါ သူ့ကို စိစိညက်ချေပြီး ဖျောက်ဖျက်ပစ်လိုက်ချင်တယ်။ ဒါပေမဲ့ ငါ မတတ်နိုင်ပါဘူး။ ဒါကြောင့် ငါ သူ့ကို ငါ့နှလုံးသားထဲမှာ နေရာဆက်ပေးထားရတယ်။ သူက ကြာတော့ ဆူးတစ်ခုလိုတောင် ဖြစ်လာဖြစ်လာပြီ။ မျိုချလို့လည်း မရ၊ ထွေးထုတ်လို့လည်း မရ။

ဒီလိုခံစားချက်မျိုးက လူတွေ ပြောပြောနေကြတဲ့ "ယောက်ျားနဲ့ မိန်းမအကြားက ချစ်ခြင်း" ဆိုတဲ့ ခံစားချက် ဟုတ် မဟုတ် ငါ မသိဘူး။ ငါ သူ့ကို တွေ့ချင်တယ် မြင်ချင်တယ်ဆိုတဲ့ အချိန်တိုင်း သူ့ကို တွေ့ခွင့် မြင်ခွင့်ရနေမယ်ဆိုရင် ငါ့ဘဝကောင်းကင်ယံမှာ တိမ်မြူကင်းစင်သွားမယ်ဆိုတာတော့ ငါ သိတယ်။

ဒါကြောင့်မို့... ငါ သူ့ကို မြင်ချင် တွေ့ချင်တဲ့ အချိန်တိုင်း တွေ့နေ မြင်နေခွင့်ရဖို့ မဆုတ်မနစ် အားထုတ် ကြိုးပမ်းခဲ့လိုက်တာ၊ ဒီ သုံးနှစ်တာအတွင်း ချူခုန်းရဲ့ မသေမျိုးဝိညာဉ် တစ်ပိုင်းရော၊ သေမျိုးဝိညာဉ် လေးပိုင်းကိုပါ ရှာတွေ့နိုင်ခဲ့တယ်။ မသေမျိုး ဝိညာဉ် တစ်ပိုင်းနဲ့ သေမျိုးဝိညာဉ် နှစ်ပိုင်းတော့ ကျန်နေသေးတယ်။ တရားသူကြီးမင်းပြောတဲ့ နှစ်တစ်ထောင်နေရင်တောင် တစ်ဝက်ပဲ ရှာတွေ့နိုင်မယ်ဆိုတဲ့ အရာကို ငါ အခုကတည်းက ရှာတွေ့ပြီးနေပြီ။ ကြည့်ရတာ ကံကြမ္မာ စေညွှန်လို့နဲ့ တူရဲ့။ ဒါမှမဟုတ် ချူခုန်းရဲ့ ဝိညာဉ်တွေကိုက ငါ့ကို လိုက်ရှာနေတာဖြစ်မယ်။

အခုက နွေဦး၊ သုံးလပိုင်း အကုန်။ ချစ်စရာ ပန်းဖူးကလေးတွေ နေရာ အစုံ ပွင့်ဖူး လန်းဆန်းကုန်ကြပြီ။ ရန်တိုင်းပြည်ရဲ့ မြို့တော်ဆီ လာတဲ့ လမ်းတစ်လျှောက်လုံး ငါ ဒီပန်းအလှတွေ ရှုစားလာခဲ့တယ်။ အခု ကြားရသလောက်က ရန်တိုင်းပြည်ရဲ့ နန်းတော်ကို ဝိညာဉ်တစ္ဆေတွေ ခြောက်လှန့်နေကြလို့တဲ့။ နန်းတော်လို နေရာမျိုးမှာ သရဲခြောက်တယ်ဆိုပြီး သတင်းသဲ့သဲ့ ပါးစပ်ရာဇဝင်ရှိတတ်တာက မဆန်းပါဘူး။ အရင်ကလိုဆို ငါလည်း အဖက်လုပ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ငါ သဲလွန်စလေးတစ်ခုကိုတောင် လက်လွှတ်မခံနိုင်တော့ဘူး။

မြို့တော်ထဲ ဝင်လာပြီးတာနဲ့ ငါ တည်းခိုဆောင်တစ်ခုရွေးပြီး အခန်းယူထားလိုက်တယ်။ အခန်းခရှင်းပြီးတာနဲ့ နန်းတွင်း တံတိုင်းတွေဘက်ကို ထွက်လာခဲ့လိုက်တယ်။ ငါ သိုသိုသိပ်သိပ်နဲ့ပဲ နန်းတော်ထဲ ခိုးဝင်လာခဲ့တယ်။ သရဲအခြောက်ဆုံး ဝိညာဉ်အကပ်ဆုံးနေရာက အပယ်နန်းဆောင်ဖြစ်မယ်လို့တော့ ထင်တာပဲ။ ငါ အဲနန်းဆောင်ကို တအောင့်လောက် ရှာနေပြီးတော့၊ နောက်တော့ အပယ်နန်းဆောင်ဘက် စားစရာ သွားပို့ကြတဲ့ အပျိုတော်တချို့ကို တွေ့တော့တယ်။ ငါ သူတို့နောက်ကနေ လိုက်ပြီး အပယ်နန်းဆောင်ရဲ့ တည်နေရာကို မှတ်ထားလိုက်တယ်။ ညဘက်ကျမှ တစ်ခေါက်ပြန်လာပြီး သေချာကြည့်မလို့။ ဒါပေမဲ့ ရုတ်တရက် ငါ လည်ပင်းမှာ ဆွဲထားတဲ့ ခရမ်းပုလဲက လင်းလာလေတယ်။ ငါ ခဏလောက်တော့ ကြောင်ကြည့်နေခဲ့မိတယ်။

ငါ ရှာတွေ့ထားတဲ့ မသေမျိုး ဝိညာဉ်တစ်ပိုင်းနဲ့ သေမျိုး ဝိညာဉ်လေးပိုင်းကို ဒီပုလဲထဲ ထည့်ထားခဲ့တာ။ ဝိညာဉ် အစိတ်အပိုင်း တစ်ခုနဲ့ တစ်ခုအကြားမှာ ဆက်နွယ်မှုရှိတယ်။ ငါ ဝိညာဉ်ပိုင်းတစ်ခုကို ရှာတွေ့လို့ ဒီထဲ ထည့်ထားပြီး နောက်ပိုင်း၊ နောက်ထပ် ဝိညာဉ် အစိတ်အပိုင်းတစ်ခု တွေ့လေတိုင်း ခရမ်းပုလဲက အရောင်တောက်ပလာတတ်တာ။ ဒါကြောင့်မို့လည်း ငါ ဝိညာဉ်အစိတ်အပိုင်းတွေ မြန်မြန်ရှာတွေ့နိုင်ခဲ့တာပေါ့။ တကယ်ပဲ ဒီနန်းတော်ထဲမှာ ချူခုန်းရဲ့ ပျောက်ဆုံးနေတဲ့ ဝိညာဉ်တစ်ပိုင်း ရှိနေပုံပဲ။

ငါလည်း ငါ့အတွေးနဲ့ငါဆိုတော့ အပျိုတော်တွေနောက်ကနေ အပယ်နန်းဆောင်ထဲ လိုက်ဝင်သွားလိုက်မိတယ်။ ချက်ချင်းဆိုသလို ခရမ်းပုလဲက ပိုပြီးတော့တောင် အရောင်တောက်ပသွားလေတယ်။ ဒီလိုမျိုး အရင်က မဖြစ်ခဲ့ဖူးဘူး။ ဧကန္တ... ဒီနေရာမှာ ချူခုန်းရဲ့ ဝိညာဉ်အစိတ်အပိုင်းတွေ အများကြီးများ ရှိနေမလား။

ငါ နားမလည်နိုင်စွာ လှမ်းကြည့်လိုက်တယ်။ အပယ်နန်းဆောင်တွင်းက သစ်ပင်အိုကြီး တစ်ပင်အောက်မှာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ အသားလုံးလေးတစ်လုံး ထိုင်နေလေတယ်။ သူ့မျက်လုံးရွှဲကြီးတွေက ငါ့လည်မှာဆွဲထားတဲ့ ခရမ်းပုလဲကို ကြည့်နေလေရဲ့။ ငါလည်း သူ့ကို စိုက်ကြည့်နေလိုက်မိတယ်။ ဒီကလေးရဲ့ မျက်နှာသွင်ပြင် အစိတ်အပိုင်းတွေက ချူခုန်းနဲ့ ၇၀ ရာနှုန်း ၈၀ ရာနှုန်းလောက်ကို တူနေတာ။ တစ်ချိန်တုန်းက လုဟိုင်ခုန်းနဲ့ တူတယ်လို့ကို ပြောလို့ရတယ်။

ငါ သူ့ကို အကြာကြီး ဆက်ကြည့်နေခဲ့မိတော့တာပဲ။ ဒါပေမဲ့ ဒီကလေးက ငါ့ကို ခဏလေးပဲ ကြည့်ပြီး ကောင်းကင်ကို ငေးငေးငိုင်ငိုင် ပြန်မော့ကြည့်လေတယ်။ သူ့ကြည့်ရတာ တစ်ကိုယ်လုံး တောင့်တင်းနေသလိုပဲ။ ဒီခန္ဓာမှာ မသေမျိုးဝိညာဉ်တစ်ပိုင်းနဲ့ သေမျိုးဝိညာဉ် တစ်ပိုင်းပဲ ပါတာ၊ သေချာပေါက် တစ်ခုခုတော့ ချို့ယွင်းနေမှာပဲ။

ခရမ်းပုလဲက မြောက်တက်လာပြီး သူ့ဆီကို ဦးတည်နေတယ်။ သူ့ခန္ဓာထဲမှာ ရှိနေတဲ့ ဝိညာဉ် အစိတ်အပိုင်းတွေနဲ့ သွားပေါင်းစည်းလိုတဲ့ သဘောမှာရှိတယ်။ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့  နန်းတွင်းသူ အပျိုတော်တွေ ငါ ကြည့်လိုက်ရင်း ခရမ်းရောင်ပုလဲကို ပြန်ဖိချထားလိုက်ရတာပေါ့။

တော်သေးတာက၊ အစားအသောက်တွေ ထားခဲ့ပြီးတာနဲ့ အပျိုတော်တွေ ပြန်ထွက်သွားကြလို့။ သိပ်မကြာခင်မှာ၊ အခန်းထဲကနေ ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ သူက စားပွဲမှာထိုင်လိုက်ပြီး အားနည်းဖျော့တော့စွာ ခေါ်လိုက်လေရဲ့။ "လာစား"

သူ အသားလုံးလေးခုန်းကို ခေါ်နေတာ ကျိန်းသေတယ်။ ဒါပေမဲ့ အသားလုံးလေးခုန်းက သူ့ကို အဖက်မလုပ်ဘူး။ အဲမှာပဲ ဆက်ထိုင်နေပြီး ကောင်းကင်ကြီးကို ကြောင်ကြည့်နေတယ်။

အခန်းထဲက အမျိုးသမီး ဘယ်လိုဖြစ်ပြီး စိတ်တိုသွားရသလဲ မသိဘူး။ ရုတ်တရက် စားပွဲကို ဝုန်းကနဲထုပြီး စားစရာပန်းကန် တစ်ဝက်ကျော်လောက်ကို ကြမ်းပေါ် လှဲချပစ်လိုက်တော့တယ်။ ပန်းကန်ကျကွဲသံတွေ ငါ့ခေါင်းထဲ စီညံလာတော့တာပဲ။ အသားလုံးလေးခုန်းက အဲဒီတော့မှ လှည့်လာပြီး အမျိုးသမီးကို ကြောင်စီစီ ကြည့်လာတယ်။ "မေမေ..."

"ငါ့ကို မခေါ်နဲ့...!"

အမျိုးသမီးက မွဲပြာခြောက်နေတဲ့ သူ့ဆံပင်သူ ဆွဲ ဆွဲဆောင့်ပြီး အော်တယ်။ "ငါ နင့်အမေ မဟုတ်ဘူး၊ နင့်ကြောင့်... အကုန်လုံး နင့်ကြောင့်ပဲ၊ နင့်ကြောင့် ငါ ဒီအခြေအနေဖြစ်ရတာ၊ ငါ နင့်အမေ မဟုတ်ဘူး၊ မဟုတ်ဘူး"

သူ့အသံက စူးစီနေရော၊ ဒါပေမဲ့ အသားလုံးလေးခုန်းက "မေမေ" ဆိုတဲ့ တစ်ခွန်းတည်းနဲ့သာ ပြန်တုံ့လေတယ်။

____

[Zawgyi]

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန္း (၄၅)/ က
__________

သံသရာစက္ဝန္းတြင္းနက္ရဲ့ ေရ႔ွမွာ ေနာက္တစ္ခါ တစ္ေခါက္ ငါ ရပ္ရျပန္ၿပီ။ ဒါေပမဲ့ ဒီတစ္ခါမွာေတာ့ ဆိတ္ၿငိမ္တိုးတိတ္ေနတယ္။ ဒီတိတ္ဆိတ္မႈကို ငါ အသားမက်ႏိုင္ဘူး။ ငါ ေနာက္ျပန္ လွည့္ၾကည့္လိုက္တယ္။ တမလြန္လမ္းမႀကီးက အရင္အတိုင္းပါပဲ။ ဘာမွ ေျပာင္းလဲ မသြားဘူး။ ဒါေပမဲ့ ဒီတစ္ခါမွာ တမလြန္ႀကီးတစ္ခုလံုး အရင္ကထက္ ပိုေအးစက္ေနတယ္လို႔ ငါ ခံစားရမိတယ္။

ခရမ္းပုလဲမွာ ကပ္ၿငိေနတဲ့ ဝိညာဉ္စေလးထြက္လာၿပီး တစ္ဖန္ျပန္လည္ဝင္စားဖို႔အတြက္ သံသရာစက္ဝန္းတြင္းထဲ ခုန္ဆင္းသြားေတာ့တယ္။ အဲဒီဝိညာဉ္ကေလး ငါ့ေရ႔ွကေန ေပ်ာက္ကြယ္သြားတာကို ၾကည့္ရင္း ရုတ္တရက္ ငါ ေၾကာက္လာမိခဲ့တယ္။ ေနာက္ဘဝ ဘယ္မ်ိဳးႏြယ္ ဘယ္မိသားစု ဘယ္ေနရာမွာ ခ်ူခုန္း ဝင္စားမလဲ ငါ မသိဘူးေလ။ ဒီေလာက္က်ယ္ေျပာလွတဲ့ ေလာကႀကီးထဲ သူ႔ကို ဘယ္နား သြားရွာရမလဲ ငါ မသိဘူး။ ငါ သူ႔ကို ထပ္ေတြ့မယ္ဆိုရင္လည္း ေတြ့တဲ့အခ်ိန္မွာ သူ႔ရုပ္ဆင္းသြင္ျပင္ ဘယ္လို ဘယ္ပံုရိွမလဲ ငါ မသိဘူး။ ဒါေပမဲ့. . .

လက္ရိျွဖစ္ပ်က္ေနတဲ့ အရာေတြအားလံုးကို ငါ့မွာ ေျပာင္းလဲႏိုင္စြမ္း မရိွမွေတာ့၊ ရဲေဆးတင္ၿပီး သတၲိရိွရိွ ရင္ဆိုင္ဖို႔သာ တတ္ႏိုင္ေတာ့တာေပါ့။ ခရမ္းပုလဲကို ငါ့ကိုယ္မွာ ေသခ်ာ ေဆာင္ထားလိုက္တယ္။ ၿပီးေတာ့ ငါလည္းပဲ သံသရာစက္ဝန္းတြင္းထဲ ခုန္ခ်လိုက္တယ္။

• • • • •

လူ႔ျပည္မွာ သံုးႏွစ္ၾကာသြားခဲ့ၿပီ။ ငါ့ေဘးနားမွာ ခ်ူခုန္း မရိွေတာ့ ဒီအေပၚယံ ကိေလသာထံုမႊန္းေနတဲ့ လူ႔ဘဝႀကီးက သာယာသားပဲ။ ေနာက္ဆံုးေတာ့ ငါ ေအးေအးေဆးေဆး လူ႔စည္းစိမ္ခံစားလို႔ရၿပီ။ ငါနဲ႔ ရန္ျဖစ္ စကားမ်ားေနမဲ့သူ မရိွေတာ့ တစ္မ်ိဳးေလးေတာ့ ခ်မ္းသာသား။ အခုခ်ိန္ေတာ့မွ ငါ ပို သတိထားမိတယ္၊ ခ်ူခုန္းတစ္ေကာင္ ျပႆနာကို ဘယ္လို မီးခြက္ထြန္းရွာၿပီး ငါ့ကို မေပ်ာ္ရေအာင္ လုပ္ခဲ့တယ္ဆိုတာေတြကို။ 

ဒါေပမဲ့ ညတိုင္း ညတိုင္း ၾကယ္ကေလးေတြကို တိတ္ဆိတ္စြာ ၾကည့္ရင္း ငါ ခ်ူခုန္းအေၾကာင္း ေတြးမိျပန္တာပါပဲ။ အဲသလို ေတြးမိေနတာေတြက မခံစားႏိုင္ေလာက္ေအာင္ ထပ္ခါတလဲလဲ တစ္ခ်ိန္လံုးနီးပါးျဖစ္ေနေတာ့ လြမ္းတယ္ဆိုတာ ျဖစ္လာေရာ။ ခ်ူခုန္းက ေျခာက္ျပစ္ကင္းသဲလဲစင္ မဟုတ္ပါဘူး။ ဘယ္တုန္းကမွ ျပစ္ခ်က္ မရိွသူ မဟုတ္ခဲ့ဘူး။ ႏႈတ္ၾကမ္းတယ္။ စိတ္ဆတ္တယ္။ ငါ ေပ်ာ္ရေအာင္ဆိုၿပီး တကူးတက လုပ္ေပးခဲ့တာေတြလည္း မရိွဘူး။ သူ အစားျပန္ေလ်ာ္ေပးမယ္လို႔ ေျပာထားတဲ့ ယပ္ေတာင္ကိုေတာင္မွ ျပန္မေလ်ာ္ေပးရေသးဘူး။ ဒါေပမဲ့ သူက ငါ့ရင္ထဲ အသည္းထဲ ႏွလံုးသားထဲ အေပါက္ေဖါက္ၿပီး ခပ္တည္တည္နဲ႔ ဝင္သြားၿပီး ငါ့ကို ေထာင္လႊားေမာက္မာစြာ ျပန္ၾကည့္သလိုမ်ိဳး။ "ငါသခင္ ဒီထဲမွာ ေနရာယူထားမယ္၊ ေနေတာ့ မင္း ဘာလုပ္ခ်င္လဲ၊ ဘာတတ္ႏိုင္လဲ" ဆိုတဲ့ အခ်ိဳးမ်ိဳး။

ငါ သူ႔ကို စိစိညက္ေခ်ၿပီး ေဖ်ာက္ဖ်က္ပစ္လိုက္ခ်င္တယ္။ ဒါေပမဲ့ ငါ မတတ္ႏိုင္ပါဘူး။ ဒါေၾကာင့္ ငါ သူ႔ကို ငါ့ႏွလံုးသားထဲမွာ ေနရာဆက္ေပးထားရတယ္။ သူက ၾကာေတာ့ ဆူးတစ္ခုလိုေတာင္ ျဖစ္လာျဖစ္လာၿပီ။ မ်ိဳခ်လို႔လည္း မရ၊ ေထြးထုတ္လို႔လည္း မရ။

ဒီလိုခံစားခ်က္မ်ိဳးက လူေတြ ေျပာေျပာေနၾကတဲ့ "ေယာက္်ားနဲ႔ မိန္းမအၾကားက ခ်စ္ျခင္း" ဆိုတဲ့ ခံစားခ်က္ ဟုတ္ မဟုတ္ ငါ မသိဘူး။ ငါ သူ႔ကို ေတြ့ခ်င္တယ္ ျမင္ခ်င္တယ္ဆိုတဲ့ အခ်ိန္တိုင္း သူ႔ကို ေတြ့ခြင့္ ျမင္ခြင့္ရေနမယ္ဆိုရင္ ငါ့ဘဝေကာင္းကင္ယံမွာ တိမ္ျမဴကင္းစင္သြားမယ္ဆိုတာေတာ့ ငါ သိတယ္။

ဒါေၾကာင့္မို႔... ငါ သူ႔ကို ျမင္ခ်င္ ေတြ့ခ်င္တဲ့ အခ်ိန္တိုင္း ေတြ့ေန ျမင္ေနခြင့္ရဖို႔ မဆုတ္မနစ္ အားထုတ္ ႀကိဳးပမ္းခဲ့လိုက္တာ၊ ဒီ သံုးႏွစ္တာအတြင္း ခ်ူခုန္းရဲ့ မေသမ်ိဳးဝိညာဉ္ တစ္ပိုင္းေရာ၊ ေသမ်ိဳးဝိညာဉ္ ေလးပိုင္းကိုပါ ရွာေတြ့ႏိုင္ခဲ့တယ္။ မေသမ်ိဳး ဝိညာဉ္ တစ္ပိုင္းနဲ႔ ေသမ်ိဳးဝိညာဉ္ ႏွစ္ပိုင္းေတာ့ က်န္ေနေသးတယ္။ တရားသူႀကီးမင္းေျပာတဲ့ ႏွစ္တစ္ေထာင္ေနရင္ေတာင္ တစ္ဝက္ပဲ ရွာေတြ့ႏိုင္မယ္ဆိုတဲ့ အရာကို ငါ အခုကတည္းက ရွာေတြ့ၿပီးေနၿပီ။ ၾကည့္ရတာ ကံၾကမၼာ ေစၫႊန္လို႔နဲ႔ တူရဲ့။ ဒါမွမဟုတ္ ခ်ူခုန္းရဲ့ ဝိညာဉ္ေတြကိုက ငါ့ကို လိုက္ရွာေနတာျဖစ္မယ္။

အခုက ေနြၪီး၊ သံုးလပိုင္း အကုန္။ ခ်စ္စရာ ပန္းဖူးကေလးေတြ ေနရာ အစံု ပြင့္ဖူး လန္းဆန္းကုန္ၾကၿပီ။ ရန္တိုင္းျပည္ရဲ့ ၿမိဳ႔ေတာ္ဆီ လာတဲ့ လမ္းတစ္ေလ်ွာက္လံုး ငါ ဒီပန္းအလွေတြ ရႈစားလာခဲ့တယ္။ အခု ၾကားရသေလာက္က ရန္တိုင္းျပည္ရဲ့ နန္းေတာ္ကို ဝိညာဉ္တစၧေတြ ေျခာက္လွန္႔ေနၾကလို႔တဲ့။ နန္းေတာ္လို ေနရာမ်ိဳးမွာ သရဲေျခာက္တယ္ဆိုၿပီး သတင္းသဲ့သဲ့ ပါးစပ္ရာဇဝင္ရိွတတ္တာက မဆန္းပါဘူး။ အရင္ကလိုဆို ငါလည္း အဖက္လုပ္ေနမွာ မဟုတ္ဘူး။ ဒါေပမဲ့ အခုေတာ့ ငါ သဲလြန္စေလးတစ္ခုကိုေတာင္ လက္လႊတ္မခံႏိုင္ေတာ့ဘူး။

ၿမိဳ႔ေတာ္ထဲ ဝင္လာၿပီးတာနဲ႔ ငါ တည္းခိုေဆာင္တစ္ခုေရြးၿပီး အခန္းယူထားလိုက္တယ္။ အခန္းခရွင္းၿပီးတာနဲ႔ နန္းတြင္း တံတိုင္းေတြဘက္ကို ထြက္လာခဲ့လိုက္တယ္။ ငါ သိုသိုသိပ္သိပ္နဲ႔ပဲ နန္းေတာ္ထဲ ခိုးဝင္လာခဲ့တယ္။ သရဲအေျခာက္ဆံုး ဝိညာဉ္အကပ္ဆံုးေနရာက အပယ္နန္းေဆာင္ျဖစ္မယ္လို႔ေတာ့ ထင္တာပဲ။ ငါ အဲနန္းေဆာင္ကို တေအာင့္ေလာက္ ရွာေနၿပီးေတာ့၊ ေနာက္ေတာ့ အပယ္နန္းေဆာင္ဘက္ စားစရာ သြားပို႔ၾကတဲ့ အပ်ိဳေတာ္တခ်ိဳ႕ကို ေတြ့ေတာ့တယ္။ ငါ သူတို႔ေနာက္ကေန လိုက္ၿပီး အပယ္နန္းေဆာင္ရဲ့ တည္ေနရာကို မွတ္ထားလိုက္တယ္။ ညဘက္က်မွ တစ္ေခါက္ျပန္လာၿပီး ေသခ်ာၾကည့္မလို႔။ ဒါေပမဲ့ ရုတ္တရက္ ငါ လည္ပင္းမွာ ဆြဲထားတဲ့ ခရမ္းပုလဲက လင္းလာေလတယ္။ ငါ ခဏေလာက္ေတာ့ ေၾကာင္ၾကည့္ေနခဲ့မိတယ္။

ငါ ရွာေတြ့ထားတဲ့ မေသမ်ိဳး ဝိညာဉ္တစ္ပိုင္းနဲ႔ ေသမ်ိဳး ဝိညာဉ္ေလးပိုင္းကို ဒီပုလဲထဲ ထည့္ထားခဲ့တာ။ ဝိညာဉ္ အစိတ္အပိုင္း တစ္ခုနဲ႔ တစ္ခုအၾကားမွာ ဆက္ႏြယ္မႈရိွတယ္။ ငါ ဝိညာဉ္ပိုင္းတစ္ခုကို ရွာေတြ့လို႔ ဒီထဲ ထည့္ထားၿပီး ေနာက္ပိုင္း၊ ေနာက္ထပ္ ဝိညာဉ္ အစိတ္အပိုင္းတစ္ခု ေတြ့ေလတိုင္း ခရမ္းပုလဲက အေရာင္ေတာက္ပလာတတ္တာ။ ဒါေၾကာင့္မို႔လည္း ငါ ဝိညာဉ္အစိတ္အပိုင္းေတြ ျမန္ျမန္ရွာေတြ့ႏိုင္ခဲ့တာေပါ့။ တကယ္ပဲ ဒီနန္းေတာ္ထဲမွာ ခ်ူခုန္းရဲ့ ေပ်ာက္ဆံုးေနတဲ့ ဝိညာဉ္တစ္ပိုင္း ရိွေနပံုပဲ။

ငါလည္း ငါ့အေတြးနဲ႔ငါဆိုေတာ့ အပ်ိဳေတာ္ေတြေနာက္ကေန အပယ္နန္းေဆာင္ထဲ လိုက္ဝင္သြားလိုက္မိတယ္။ ခ်က္ခ်င္းဆိုသလို ခရမ္းပုလဲက ပိုၿပီးေတာ့ေတာင္ အေရာင္ေတာက္ပသြားေလတယ္။ ဒီလိုမ်ိဳး အရင္က မျဖစ္ခဲ့ဖူးဘူး။ ဧကႏၲ... ဒီေနရာမွာ ခ်ူခုန္းရဲ့ ဝိညာဉ္အစိတ္အပိုင္းေတြ အမ်ားႀကီးမ်ား ရိွေနမလား။

ငါ နားမလည္ႏိုင္စြာ လွမ္းၾကည့္လိုက္တယ္။ အပယ္နန္းေဆာင္တြင္းက သစ္ပင္အိုႀကီး တစ္ပင္ေအာက္မွာ အနီေရာင္ဝတ္စံုဝတ္ထားတဲ့ အသားလံုးေလးတစ္လံုး ထိုင္ေနေလတယ္။ သူ႔မ်က္လံုးရႊဲႀကီးေတြက ငါ့လည္မွာဆြဲထားတဲ့ ခရမ္းပုလဲကို ၾကည့္ေနေလရဲ့။ ငါလည္း သူ႔ကို စိုက္ၾကည့္ေနလိုက္မိတယ္။ ဒီကေလးရဲ့ မ်က္ႏွာသြင္ျပင္ အစိတ္အပိုင္းေတြက ခ်ူခုန္းနဲ႔ ၇၀ ရာႏႈန္း ၈၀ ရာႏႈန္းေလာက္ကို တူေနတာ။ တစ္ခ်ိန္တုန္းက လုဟိုင္ခုန္းနဲ႔ တူတယ္လို႔ကို ေျပာလို႔ရတယ္။

ငါ သူ႔ကို အၾကာႀကီး ဆက္ၾကည့္ေနခဲ့မိေတာ့တာပဲ။ ဒါေပမဲ့ ဒီကေလးက ငါ့ကို ခဏေလးပဲ ၾကည့္ၿပီး ေကာင္းကင္ကို ေငးေငးငိုင္ငိုင္ ျပန္ေမာ့ၾကည့္ေလတယ္။ သူ႔ၾကည့္ရတာ တစ္ကိုယ္လံုး ေတာင့္တင္းေနသလိုပဲ။ ဒီခႏၶာမွာ မေသမ်ိဳးဝိညာဉ္တစ္ပိုင္းနဲ႔ ေသမ်ိဳးဝိညာဉ္ တစ္ပိုင္းပဲ ပါတာ၊ ေသခ်ာေပါက္ တစ္ခုခုေတာ့ ခ်ိဳ႕ယြင္းေနမွာပဲ။

ခရမ္းပုလဲက ေျမာက္တက္လာၿပီး သူ႔ဆီကို ၪီးတည္ေနတယ္။ သူ႔ခႏၶာထဲမွာ ရိွေနတဲ့ ဝိညာဉ္ အစိတ္အပိုင္းေတြနဲ႔ သြားေပါင္းစည္းလိုတဲ့ သေဘာမွာရိွတယ္။ ေဘးပတ္ဝန္းက်င္မွာရိွေနတဲ့  နန္းတြင္းသူ အပ်ိဳေတာ္ေတြ ငါ ၾကည့္လိုက္ရင္း ခရမ္းေရာင္ပုလဲကို ျပန္ဖိခ်ထားလိုက္ရတာေပါ့။

ေတာ္ေသးတာက၊ အစားအေသာက္ေတြ ထားခဲ့ၿပီးတာနဲ႔ အပ်ိဳေတာ္ေတြ ျပန္ထြက္သြားၾကလို႔။ သိပ္မၾကာခင္မွာ၊ အခန္းထဲကေန ပိန္ပိန္ပါးပါး အမ်ိဳးသမီးတစ္ေယာက္ ထြက္လာတယ္။ သူက စားပြဲမွာထိုင္လိုက္ၿပီး အားနည္းေဖ်ာ့ေတာ့စြာ ေခၚလိုက္ေလရဲ့။ "လာစား"

သူ အသားလံုးေလးခုန္းကို ေခၚေနတာ က်ိန္းေသတယ္။ ဒါေပမဲ့ အသားလံုးေလးခုန္းက သူ႔ကို အဖက္မလုပ္ဘူး။ အဲမွာပဲ ဆက္ထိုင္ေနၿပီး ေကာင္းကင္ႀကီးကို ေၾကာင္ၾကည့္ေနတယ္။

အခန္းထဲက အမ်ိဳးသမီး ဘယ္လိုျဖစ္ၿပီး စိတ္တိုသြားရသလဲ မသိဘူး။ ရုတ္တရက္ စားပြဲကို ဝုန္းကနဲထုၿပီး စားစရာပန္းကန္ တစ္ဝက္ေက်ာ္ေလာက္ကို ၾကမ္းေပၚ လွဲခ်ပစ္လိုက္ေတာ့တယ္။ ပန္းကန္က်ကြဲသံေတြ ငါ့ေခါင္းထဲ စီညံလာေတာ့တာပဲ။ အသားလံုးေလးခုန္းက အဲဒီေတာ့မွ လွည့္လာၿပီး အမ်ိဳးသမီးကို ေၾကာင္စီစီ ၾကည့္လာတယ္။ "ေမေမ..."

"ငါ့ကို မေခၚနဲ႔...!"

အမ်ိဳးသမီးက မြဲျပာေျခာက္ေနတဲ့ သူ႔ဆံပင္သူ ဆြဲ ဆြဲေဆာင့္ၿပီး ေအာ္တယ္။ "ငါ နင့္အေမ မဟုတ္ဘူး၊ နင့္ေၾကာင့္... အကုန္လံုး နင့္ေၾကာင့္ပဲ၊ နင့္ေၾကာင့္ ငါ ဒီအေျခအေနျဖစ္ရတာ၊ ငါ နင့္အေမ မဟုတ္ဘူး၊ မဟုတ္ဘူး"

သူ႔အသံက စူးစီေနေရာ၊ ဒါေပမဲ့ အသားလံုးေလးခုန္းက "ေမေမ" ဆိုတဲ့ တစ္ခြန္းတည္းနဲ႔သာ ျပန္တံု႔ေလတယ္။

Continue Reading

You'll Also Like

810K 70.4K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
601K 52.2K 200
ရွမ်ကျူးကျူးတ‌ယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြ...
717K 58.3K 49
DaddyZ စာနှစ်ကြောင်း ပေါက်ကရ ဝတ္ထုတိုများ စုစည်းမှု
137K 7.3K 21
Shar ရဲ႕ ပထမဆံုး GL fic ေလးပါ အားေပးၾကပါဦးေနာ္ Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁