system 091

By TeeKo0

1.1M 122K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.17)

5K 605 32
By TeeKo0

Unicode

ရှောင်ကျန့်၏ ဖျားနာမှုက နန်းတော်တစ်ခုလုံးအပြင် တစ်တိုင်းပြည်လုံးကိုပါသက်ရောက်သွားခဲ့သည်။ ပြည်သူပြည်သားတိုင်းက စိုးရိမ်ပူပန်မှုအပြည့်နဲ့အတူ ဧကရီ့ထံသို့ ဆုတောင်းမေတ္တာတွေအများကြီးပေးပို့ကြသည်။ ညီလာခံကအမတ်မင်းတွေတောင်မှ ဧကရီဖြစ်သူကိုစိုးရိမ်လာတာကြောင့် ဧကရာဇ်၏ ညီလာခံပျက်ကွက်မှုကို မည်သူမှအပြစ်မဆိုကြပေ။

တိုင်းပြည်တစ်ခုလုံးက ဧကရာဇ်နှင့်ဧကရီ၏ ကြိုးပမ်းမှုကြောင့် မိုးခေါင်ရေရှားသည့်ပြဿနာကိုဖြေရှင်းပြီးပြီဖြစ်သလို စိုက်ပျိုးရေးနှင့်လက်မှုလုပ်ငန်းတိုင်းဟာကောင်းမွန်စွာလည်ပတ်နေပြီး လူတိုင်းချောင်ချောင်လည်လည်ဖြင့် နေထိုင်နိုင်ကြသည်။ ဒါကြောင့်ကြီးကြီးမားမားပြဿနာ ရပ်ကြီးတစ်ခုရှိမနေသ၍ ယုံကြည်ရသည့်အမတ်မင်းတွေကိုယ်တိုင်ကိုင်တွယ်စီမံနိုင်၍ လက်လွှဲခြင်းခံထားရ၏။

ရှောင်းအမတ်ကြီးက ဧကရီ၏ဖျားနာမှုသတင်းကြီးကြောင့် ရှောင်းမေမေနဲ့အတူ အပြေးအလွှားရောက်ရှိလာခဲ့သည်။

အခုမှရောက်ဆို လွန်ခဲ့တဲ့သုံး​နှစ်ကျော်လုံး လင်မယားနှစ်ယောက် ကမ္ဘာပတ်ရင်း ပျော်ရွှင်ကျေနပ်နေခဲ့ကြသည်မဟုတ်ပါလား။ ရှောင်ကျန့်ရဲ့ ဖျားနာမှုသတင်းကြောင့်သာမဟုတ်ရင် ပေါ်ကိုလာဦးမှာမဟုတ်တာသေချာသည်။

"ဧကရီက အပြင်းအထန်ဖျားနာနေတယ်ဆိုလို့.....အခုဘာကြောင့်များအရမ်းတွေသာယာနေတယ်လို့ ကျွန်တော်မျိုး ခံစားနေရတာပါလဲ"

အမှန်ပင် ရှောင်ကျန့်က ရှောင်းအမတ်ကြီးပြောသလိုမျိုးအရမ်းအရမ်းကိုသာယာနေ၏။သူ့ဘေးနားတွင်တစ်ချိန်လုံးကပ်နေသည့်ဝမ်ရိပေါ်က သူ့အတွက် မုန့်မျိုးစုံသူကိုယ်တိုင်လုပ်ကျွေးသည်။ သူထ ရမှာပျင်းရိနေရင် ပွေ့ချီသွားသည်။

သူစားရမှာပျင်းရင် သူ့ကိုတကူးတက ခွံ့ကျွေးသည်။ သူ့ရဲ့အဖျားမှာပျောက်ကွယ်သွားပြီဖြစ်သော်လည်းပဲ ဒီတစ်လလုံးစိတ်ကြိုက်နားခွင့်ရထားသည့်ရှောင်ကျန့်ဟာ ဒူးလေးနှံ့ရင်း ဝမ်အင်ပါယာ၏ ပြည့်ရှင် ဧကရာဇ်မင်းကြီးကို တောက်တိုမယ်ရ တစ်ယောက်ကဲ့သို့ ခိုင်းစားနေလေသည်။

ရှောင်းဖေဖေ(ရှောင်းအမတ်ကြီး)နှင့် ရှောင်းမေမေ တို့နှစ်ယောက်ဟာ ပါးစပ်အဟောင်းသားဖြင့် သူတို့သားဖြစ်သူ ဝမ်ဧကရာဇ်ကြီးအား ခိုင်းစားနေသည်ကိုသာကြည့်နေနိုင်၏။

သူတို့က ဧကရာဇ်မင်း၏ သီးသန့်ဥယျာဥ်တော်ကြီးအတွင်း၌ ရှိနေကြတာဖြစ်သည်။ ယခုချိန်တွင် ရှောင်ကျန့်ကသူ့မူရင်း ယောက်ျားလေးပုံစံအတိုင်းသာတည်ရှိနေပြီး ဧကရာဇ်မင်း၏ အမိန့်ကြောင့် ခွေးတစ်ကောင်ကြောင်တမြှီး၊ ပုရွက်ဆိတ်တစ်ကောင်တောင်မှ ဝင်ခွင့်မရှိ၊ ပိတ်ပင်ထားတာကြောင့်အဖြစ်မှန်ပေါ်သွားမှာစိုးရိမ်စရာမလိုပေ။

တော်ဝင်ဥယျာဥ်ထဲ၌ ရှောင်းဖေဖေ(ရှောင်းအမတ်ကြီး)နဲ့ရှောင်းမေမေအပါအဝင် ဝမ်ဧကရာဇ်မင်းနှင့်ရှောင်ကျန့် တို့လေးယောက်သာရှိလေသည်။ ၎င်းက ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝတိတ်ဆိတ်ငြိမ်သက်နေစေပြီး အနားယူအပန်းဖြေနိုင်ရန်အတွက်အကောင်းဆုံးနေရာဖြစ်သည်။ အပျိုတော်တွေနဲ့ အခြွေအရံတွေတစ်ယောက်မှမရှိတာကြောင့် သူရဲ့ ပင်ကိုယ်အမူအကျင့်တိုင်းနေနိုင်သည့်အတွက် လွတ်လပ်ပေါ့ပါးနေသည်မှာငြင်းမရပေ။

"အဖေနဲ့အမေကို စိုးရိမ်မိသွားစေရင် တောင်းပန်ပါတယ်.... သားတစ်ကယ်အဆင်ပြေတာပါ"

ရှောင်ကျန့်က ပြောရင်းဆိုရင်းဖြင့် သူ့ပါးစပ်လေးကိုဖွင့်ဟ လိုက်သည်။ အလိုက်သိလွန်းသည့်ဧကရာဇ်ဝမ်ဟာ စပျစ်သီးတစ်လုံးကို သူ့အချစ်လေးရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သူ့လက်ညှိုးထိပ်နှင့် ရှောင်ကျန့်ရဲ့နူးညံ့လွန်းတဲ့နှုတ်ခမ်းလွှာကို ထိတွေ့မိသွားသည့်အခါတွင် ဝမ်ရိပေါ်၏ နားရွက်ဖျားတွေဟာ နီရဲတတ်လာ၏။ သူ့လက်ညှိုးထိပ်လေးတွေကို ပွတ်သပ်နေရင်း ဝမ်ဧကရာဇ်မှာ ရှက်ရွံ့နေသည်မှာသိသာသော်လည်း ၎င်းကိုပဲ ပျော်ရွှင်ကျေနပ်နေပြန်သည်။

ရှောင်းလင်မယား : "....."

ယောက္ခမတွေရှေ့မှာ လာရို ပြနေတဲ့ သားဖြစ်သူနဲ့သမက်ကို ဖြစ်နိုင်ရင် ပါးတွေချည်းလှိမ့်ပိတ်ရိုက်ပြီး အသိဝင်လာအောင် ပြုလုပ်ချင်လာသည်။ ရှောင်းအမတ်ကြီးဆိုရင် သူ့ရဲ့လောက အပေါ်ထားတဲ့ အမြင်တွေအားလုံးတောင် ဇောက်ထိုးမိုးမြော် ဖြစ်ကုန်ပြီဟုခံစားလိုက်ရသည်။

ရှောင်းလင်မယားနှစ်ယောက်မှာ ကြာကြာပင်မနေနိုင်ပါပဲ ထွက်ခွာသွားကြသည်။ ငါလူး။ ဘယ်လိုတောင်ကြီးမားလိုက်တဲ့ဝဋ်ကြွေးကြီးလဲ။ ဖအေနဲ့မအေ ရှေ့တောင်မရှောင် ကပ်သီးကပ်သပ် လာပြီး ချိုမြန်ပြနေမှတော့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ နန်းတော်ထဲဝင်လာပြီး စိတ်နာမှုအပြည့်ဖြင့် ပြန်ထွက်သွားသည်မှာသိပ်တော့မထူးဆန်းချေ။

လွန်ခဲ့တဲ့သုံးရက်လောက်ထဲက အဖျားပျောက်သွားသည်မှာမှန်သော်လည်းပဲ ရှောင်ကျန့်ဟာ တစ်ပတ်လုံးလုံး အပျင်းကြောတတ်ရင်း ဝမ်ရိပေါ်နဲ့အတူတူအနားယူခဲ့သည်။

တစ်ပါတ်ကျော်မျှ ကျေကျေနပ်နပ်ကြီးအနားယူပြီးသွားပြီးနောက် ရှောင်ကျန့်ဟာ သူ့ရဲ့ ဇာတ်လိုက်နှစ်ယောက်ပေးစားမည့်အစီအစဥ်ကိုစတင်အကောင်အထည်ဖော်ခဲ့သည်။

အရင်ဦးဆုံး အုန်းသီးဆီက လိင်စိတ်ကြွဆေးကောင်းကောင်းတစ်ခုကိုတောင်းယူခဲ့သည်။ points မယူရဟူသည့်စည်းမျဥ်းကြီးကြောင့် ငိုမဲ့မဲ့ဖြစ်နေရှာသူ အုန်းသီးဟာ မျက်ရည်ဘူးသီးလုံးလောက်ကျချင်လာသည်ကိုမျိုသိပ်၍ အပြင်းတကာ့ အပြင်းဆုံးလိင်စိတ်ကြွဆေးကို အရွဲ့တိုက်ရင်း ပေးလိုက်လေသည်။ အရောင်းသမားကောင်းလေးအုန်းသီးရဲ့ရင်ထဲမှာ သွေးစိမ်းရှင်ရှင်တွေ ယိုစီးနေပါသော်လည်း အသိပေးလိုက်ဖို့တော်မမေ့သေးချေ။

[ဒါက အရမ်းပြင်းတဲ့စိတ်ကြွဆေးနော်....အရမ်းအများကြီး သုံးမိသွားရင် ဆေးခပ်ခံလိုက်ရတဲ့သူက ဘယ်လောက်လုပ်လုပ်စိတ်ကျေနပ်မှုရမှာမဟုတ်ပဲ ရူးသွပ်သွားနိုင်တယ်....ဒါကြောင့်နည်းနည်းလေးပဲသုံးရင်တောင်အဆင်ပြေပြီ....]

'သိပြီ....ကျေးဇူး အုန်းသီး'

အုန်းသီး : [ရပါတယ်ဗျာ...] ငိုသံကြီးဖြင့်။

ရှောင်ကျန့် : "....."

အားလုံးအဆင်သင့်ဖြစ်ပြီးနောက် ရှောင်ကျန့်က သူ့ယောက်ျားဝမ်ရိပေါ်ကို အကူအညီတောင်းလိုက်သည်။ ရှောင်ကျန့်ရဲ့ စကားမှန်သမျှ မငြင်းဆန်နိုင်သူ ဧကရာဇ်ဝမ်ဟာ ထိုရက်တွင် နတ်ဆေးသမားတော် စုထျန်းချီကို ခေါ်ယူ၍ ကြီးကြီးမားမား အမိန့်တစ်ခုကိုပေးအပ်လာ၏။

"မင်း မြို့တော်က ကျီမိသားစု အိမ်တော် ဆီသွားပြီး အိမ်တော်သခင်ဟောင်းရဲ့ နာမကျန်းမှုကို အသေအချာကုသပေးလိုက်ပါ....ကျီမိသားစု အိမ်တော်သခင်ဟောင်းက တော်ဝင်မိသားစုကို အကျိုးဖြစ်ထွန်းလာအောင် တစ်စိတ်တစ်ပိုင်းကူညီပေးခဲ့ဖူးတယ်"

စုထျန်းချီ : "....."

သူဘာကြောင့်ခံစားချက်မကောင်းသလိုခံစားနေရပါလိမ့်။ ဧကရာဇ်ဘေးနားက ထူထူထောင်ထောင်ဖြစ်နေပြီ ဖြစ်တဲ့ဧကရီကိုလှမ်းကြည့်လိုက်တဲ့အခါတွင် ဧကရီကသူ့ကို ထူးဆန်းသည့်အပြုံးကြီးတစ်ခု ပြုံးပြ၏။ ထိုအပြုံးမှလှပ ပါသော်လည်း စုထျန်းချီမှာ တစ်ကိုယ်လုံးကြက်သီးမွှေးညင်းတွေထပြီး ဖင်တွေကြိမ်းစပ် လာသကဲ့သို့ခံစားလိုက်ရပြန်သည်။

အတော်ဆိုးဝါးတဲ့ခံစားချက်ကြီးပဲ။

စုထျန်းချီဟာ ဝမ်ဧကရာဇ်၏အမိန့်ကိုနားမလည်ချေ။ ကျီမိသားစုက တော်ဝင်မိသားစုကို အကျိုးအမြတ်တစ်ချို့ရှာဖွေပေးခဲ့သည်မှာမှန်သော်လည်းပဲ တစ်ခြား ဘယ်အိမ်တော် တွေကများ ဧကရာဇ်ရဲ့အကျိုးကို ဆောင်ရွက်ဖို့မလိုလားတာရှိလို့လဲ။

အမှန်ဆို ကျီအိမ်တော်ကိုသိပ်ပြီးဂရုစိုက်စရာမလိုချေ။ အခုတော့ သူ့လို နတ်ဆေးသမားတော်ကိုတောင်မှ စေလွှတ်ပြီး အိမ်တော်သခင်ဟောင်းကို ကုသခိုင်းတယ်တဲ့လေ။ တော်ဝင်သမားတော်တောင်မဟုတ်ဘူး။

စုထျန်းချီက ဧကရာဇ်ရဲ့အတွေးတွေကို တစ်စက်ကလေးမှ နားမလည်သော်လည်းပဲ အမိန့်ကိုလွန်ဆန်နိုင်စွမ်းတော့မရှိပေ။

စုထျန်းချီ တော်ဝင်နန်းတော်ထဲ၌ ထွက်ခွာသွားသည်နှင့် ရှောင်ကျန့်ဟာ ဘုမသိဘမသိ ဝမ်ရိပေါ်ကိုဆွဲခေါ်၍ သူ့ရဲ့မူရင်းယောက်ျားလေးပုံစံဖြင့်ပင် စုထျန်းချီ၏ အနောက်သို့ နောက်ယောင်ခံလိုက်သွားသည်။

အမှန်တကယ်ကို ဝမ်ရိပေါ်က ဘာဆိုဘာမှမသိချေ။ စုထျန်းချီကိုခိုင်းစေလိုက်သည်မှာလည်း ရှောင်ကျန့်ရဲ့ အကူအညီတောင်းမှုကြောင့်ဖြစ်ပြီး အခုလို အနောက်ကနေ တစ်ကောက်ကောက်လိုက်လံချောင်းမြောင်းနေမှုက သူ့ကိုသဝန်တိုစိတ်ကြောင့်ချဥ်တူးရှုံ့မဲ့လာစေသည်။

သူ့ရဲ့ယခုခံစားချက်ကြီးမှာ ရှာလကာရည် သမုဒ္ဒရာကြီးထဲ လက်ပစ်ကူးနေရသလိုပင်။

ရှောင်ကျန့်က ဝမ်ရိပေါ်၏ ခံစားချက်အတတ်အကျကိုခံစားမိသည့်အခါတွင် ခေါင်းကိုဒေါက်ကနဲမြည်အောင်ခေါက်ချလိုက်သည်။

"ဘာတွေပေါက်တတ်ကရ စဥ်းစားနေပြန်ပြီလဲ...."

ဝမ်ရိပေါ်က အနိုင်ကျင့်ခံရသလိုမျိုးမျက်နှာထားဖြင့် ရှောင်ကျန့်ကိုကြည့်သည်။ ဧကရာဇ်ကြီး၏ လှပတဲ့ပယင်းရောင်မျက်ဝန်းတွေမှာ မျက်ရည်တွေဝေ့သီလာသည်အား မြင်တွေ့လိုက်ရသောအခါတွင် ရှောင်ကျန့်ရင်ထဲနာကျင်သွားသလိုခံစားရ၏။

သူချက်ချင်း ဝမ်ရိပေါ်ရဲ့ ခေါင်းကိုသူ့ရင်ခွင်ထဲပွေ့ပွက်ထားလိုက်ပြီး ဆံနွယ်ရှည်တွေကိုထိုးဖွလျက် နှစ်သိမ့်ပေးလိုက်သည်။

"အရမ်းဝမ်းမနည်းပါနဲ့....ငါက ရိပေါ်ကိုအချစ်ဆုံးပဲ....ဟုတ်ပြီလား"

"ဒါဆို ရှောင်ကျန့်ချစ်တဲ့တစ်ခြားသူတွေလည်းရှိသေးတယ်လို့ဆိုလိုလိုက်တာလား!!!"

ဝမ်ရိပေါ်၏ မျက်လုံးတွေမှာမယုံကြည်နိုင်မှုကြောင့်ပြူးကျယ်သွားပြီး ရှောင်ကျန့်ရင်ထဲတစ်ခြားတစ်ယောက်ရှိနေသည်ကို လုံးဝလုံးဝ၊ တစ်စက်ကလေးမှ လက်သင့်ခံနိုင်ခြင်းမရှိချေ။

"အာ....ကျွန်တော်ဆိုလိုချင်တာက ဝမ်ရိပေါ်ဆိုတဲ့ မင်းတစ်ယောက်တည်းကိုပဲ အချစ်ဆုံး၊ အချစ်တုံးကြီးနဲ့ ချစ်ရတဲ့တစ်ယောက်တည်းသောသူ လို့...."

ဝမ်ရိပေါ်ရဲ့မျက်နှာထက်တွင် ရှက်ကိုးရှက်ကန်း နီရဲတတ်လာပြီး ရှောင်ကျန့်ရင်ခွင်ထဲပိုမိုတိုးဝင်လိုက်သည်။

[တစ်စိတ်လောက်host....ကျွန်တော်ခဏခဏဝင်ပါရတာ အားနာပေမယ့် စုထျန်းချီက hostတို့ လင်လင်နှစ်ယောက်ရှေ့ကနေ ပျောက်သွားတာ အတော်ကြာနေပြီ]

ရှောင်ကျန့် : "....."

ဤသို့ဖြင့် အားနေချစ်ကြည်နူး တတစ်တူးနေသည့် လင်လင်နှစ်ယောက်ဟာ ကျီမိသားစုအိမ်တော်ဆီသို့ အသည်းအသန် ခိုးကြောင်ခိုးဝှက်ပြေးလာလိုက်ရသည်။ ထင်သည့်အတိုင်းပင်။ စုထျန်းချီက ကျီအိမ်တော်သို့ ကြိုတင်ရောက်ရှိနေပြီး ကျီအိမ်တော်သခင်ကြီးနဲ့တောင် စကားစတင်ပြောဆိုနေပေပြီ။

ဘုရင်မင်းမြတ်၏ ခွင့်ပြုမိန့်၊ အမိန့်စာလွှာကိုမြင်သည့်အခါတွင် ကျီအိမ်တော်သခင်ကြီးခများ စိတ်လှုပ်ရှားပျော်ရွှင်မှုကြောင့်တုန်တုန်ရီရီပင်ဖြစ်လာ၏။ ဧကရာဇ်မင်းက သူတို့လိုသေးငယ်တဲ့ကျီအိမ်တော်ဆီကို နတ်ဆေးသမားတော်ကို ပို့ပေးလိုက်သည်အထိ ကြင်နာတတ်လွန်းလှသည်။

ပြင်းပြင်းထန်ထန်စိတ်လှုပ်ရှားသွားသည့် ကျီအိမ်တော်သခင်ကြီးဟာ ဧကရာဇ်မင်းမြတ်အပေါ် အရင်ကထက်ပိုပြီး သစ္စာစောင့်သိဖို့ရန် ဆုံးဖြတ်ချက်ချလိုက်လေသည်။ သူက တုံ့ဆိုင်းရဲခြင်းမရှိပါပဲ စုထျန်းချီကို အိပ်ယာထဲလှဲနေသည့် အိမ်တော်သခင်ဟောင်းကြီးရှိရာဆီသို့ ရိုရိုသေသေခေါ်ဆောင်လာသည်။

နတ်ဆေးသမားတော်အပေါ်လေးစားမှုပြသရန်အတွက် အိမ်တော်သခင်ဟာ သူဂုဏ်ယူရတဲ့သားအငယ်ဆုံး ကျီစီမော့ကို ပါခေါ်ဆောင်ထား၏။

ကျီစီမော့နဲ့ စုထျန်းချီတို့နှစ်ယောက်လုံးရဲ့အရပ်အမောင်းမှာသိပ်မကွာပေ။ ပိုပြီးတိတိကျကျပြောရရင် အလှလေးကျီစီမော့ကတောင် အနည်းငယ်ပိုမြင့်နေသေးသည်။ ကျီစီမော့က လူတွေကြားထဲ ထွက်ပေါ်လာခဲ သည့် နတ်ဆေးသမားတော်ဆိုသူကိုခြေစွန်းခေါင်းစွန်းအကဲခတ်နေသည်။

သူက ဧကရာဇ်မင်းအပေါ် သစ္စာရှိလွန်း၍ ရှည်ရှည်ဝေးဝေးတွေးတောသံသယ ဝင်ခြင်းမရှိသည့် အဖေဖြစ်သူနှင့်ကွာခြားသည်။ ကျီအိမ်တော်က မျိုးရိုးမြင့်အိမ်တော်တစ်ခုဖြစ်သည်မှာမှန်သော်လည်းပဲ ဒီ့ထက်ပိုမြင့်မားသည့်အဆင့်အတန်းနှင့် တစ်ခြားအိမ်တော်တွေရှိသေးသည်။ ဒါကိုဧကရာဇ်မင်းက ဘာအကြောင်းကြောင့် နတ်ဆေးသမားတော်ကို ထူးဆန်းစွာ ကျီအိမ်တော်ဆီစေလွှတ်လိုက်ရပါသနည်း။

ဒါကသံသယဖြစ်စရာကောင်းလွန်း၍ ကျီစီမော့ရဲ့ မျက်ဝန်းလှလှလေးတွေမှာ စုထျန်းချီကို ပိုမိုအာရုံစူးစိုက်လျက် စောင့်ကြည့်နေလိုက်သည်။

စုထျန်းချီ : "....."

ကျီမိသားစု၏ အိမ်တော်သခင်ဟောင်းကြီးက အသက်၆၀ကျော်လောက်ရှိဟန်ရပြီး အမည်ဖော်မရသည့် ရောဂါတစ်မျိုးကြောင့်အိပ်ယာထဲလဲနေသည်မှာနှစ်အတော်ကြာပြီဖြစ်သည်။ စုထျန်းချီဟာ အိမ်တော်သခင်ဟောင်းကြီး၏ ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးပြီးနောက် အနည်းငယ်မျက်မှောင်ကြုပ်လိုက်သည်။

ရောဂါကအတန်ငယ်ထူးဆန်းသော်လည်းပဲ နတ်ဆေးသမားတော်ဟူသောဂုဏ်ပုဒ်က လွယ်လွယ်ကူကူရထားတာမှမဟုတ်ပဲ။ ဒါကချက်ချင်းလက်ငင်းကုမှပျောက်သည့်ရောဂါမဟုတ်တော့ အနည်းငယ်စောင့်ကြည့်ဖို့ရန်လိုအပ် မည့်ပုံပင်။

စုထျန်းချီက သမားတော်တစ်ယောက်၏ လုပ်ရိုးလုပ်စဥ်နှင့်ညီအောင် လုပ်ဆောင်နေစဥ်၌ အိမ်တော်ခေါင်မိုးထက်တွင် လူရိပ်နှစ်ရိပ်က သူတို့ကိုစောင့်ကြည့်နေကြောင်းမည်သူမှသတိမထားမိကြချေ။

ဝမ်ရိပေါ်က အခန်းတွင်းအခြေအနေကို ချောင်းမြောင်းနေသည့်ရှောင်ကျန့်ကိုကြည့်ပြီး ထုံးစံအတိုင်းရှာလကာရည် တလဟောသောက်သုံးနေရပါသော်လည်းပဲ ပို၍ ပို၍ နားမလည်နိုင်တော့သလိုခံစားရသည်။ ဒါပေမယ့်ရှောင်ကျန့်သာပြောချင်စိတ်မရှိရင် သူကအတင်းအကြပ်မေးမြန်းမည်မဟုတ်ပေ။ သူလုပ်ဖို့လိုအပ်တာတစ်ခုတည်းက ရှောင်ကျန့်ဘာလုပ်လုပ်အနောက်ကနေ အကောင်းဆုံးကူညီပံ့ပိုး၊ ထောက်ခံထားပေးဖို့ရန်ပင်။

ရှောင်ကျန့်က ထူးဆန်းသည့်အပြုံးကြီးတစ်ခုနှင့်အတူ ဝမ်ရိပေါ်ကိုကြည့်ရင်းမေးလိုက်သည်။

"သူတို့နှစ်ယောက်ကလိုက်ဖက်လွန်းတယ်လို့မထင်ဘူးလား"

"ဟမ်???"

"အဟင်း....စုထျန်းချီနဲ့ကျီစီမော့တို့နှစ်ယောက်လေ...."

"အာ....အင်း...."

ဝမ်ရိပေါ်ဟာဘုမသိဘမသိ 'အင်း'လိုက်ပြီးမှ သူ့ခေါင်းပေါ်တွင် ???? အတန်းလိုက်ပေါ်လာသလိုခံစားရ၏။

စုထျန်းချီနဲ့ကျီစီမော့ရဲ့ ဘာက ဘယ်လိုလိုက်ဖက်တာလဲ။

"အိမ်တော်သခင်ဟောင်းရဲ့ ရောဂါက အတော်လေး အမြစ်တွယ်နေပြီ....ဒါပေမယ့်စိုးရိမ်စရာမလိုပါဘူး....ကျုပ်ဆေးညွှန်းတစ်ခုရေးပေးမယ်.....ကျုပ်ပြောတဲ့အတိုင်းသာတသွေမတိမ်း ပြုလုပ်ပေးရင် အိမ်တော်သခင်ဟောင်းရဲ့ရောဂါကိုတစ်နှစ်အတွင်းပျောက်ကင်းလိမ့်မယ်ဆိုတာ အာမခံတယ်...."

"ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်....ကျေးဇူးပါ"

လက်ရှိ အိမ်တော်သခင်က နှစ်နှစ်ခြိုက်ခြိုက်ကျေးဇူးတင်သည့်မျက်လုံးတွေဖြင့် စုထျန်းချီကို ထိုင်မကန်တော့ရုံ တမယ် ရိုရိုကျိုးကျိုး ဦးညွှတ်လာ၏။ စုထျန်းချီက ဘာကိုမှသူထွေထွေထူးထူးမပြုလိုက်ရကြောင်း လက်ခါပြလိုက်ရင်း လူနာ ကသူပေးလိုက်တဲ့ဆေးနဲ့သက်သာမှုရှိမရှိစစ်ဆေးရန် အတွက် ကျီအိမ်တော်၌ တစ်ညလောက် နေဖို့ရန်အတွက် သဘောတူလိုက်သည်။

ဒါပေါ့။ အခြေအနေတွေအားလုံးက ရှောင်ကျန့်လိုချင်တဲ့အရာဆီ တည့်တည့်ဦးတည်လာနေသည်။

ညအချိန်၊ ကျီအိမ်တော် ခြံဝင်း တစ်နေရာ၌။

နတ်ဆေးသမားတော် လူသူရှုပ်ထွေးတာကိုသဘောမကျတာကြောင့် စုထျန်းချီရဲ့ခြံဝန်းမှာ တစ်ခြားလူတွေနဲ့အတော်အတန်ဝေးကွာပြီး တိတ်ဆိတ်အေးချမ်းသည်။

စုထျန်းချီဟာ အိမ်တော်သခင် သူ့အတွက်စီစဥ်ပေးထားသည့် ခြံဝင်း၏ အိပ်ခန်းထဲတွင် ဖယောင်းတိုင်မီးနှင့်အတူ ဆေးပင်တွေပေါင်းစပ်နည်းအဆင့်ဆင့်ကိုစမ်းသပ်လေ့လာနေ၏။ ဒါကသူနေ့စဥ်နေ့တိုင်းပြုလုပ်တတ်သည့်အကျင့်တစ်မျိုးပင်။ သူ့ဘဝက ဆေးပင်တွေနဲ့တင် အမြဲတမ်းလည်ပတ်နေတတ်သည်။

ရုတ်တရက် တံခါးခေါက်သံတစ်သံထွက်ပေါ်လာသည်။ စုထျန်းချီက နှောင့်ယှက်ခံရတာကြောင့် မျက်မှောင်ကြုပ်လိုက်ကာ တင်းမာသည့်အသံနေအသံထားဖြင့်မေးလိုက်သည်။

"ဘယ်သူလဲ"

"ကျွန်တော်က ကျီစီမော့ပါ...."

"ကျီစီမော့??"

စုထျန်းချီက သူ့မှတ်ဥာဏ်ကိုမွှေနှောက်ရှာဖွေလိုက်ပြီးနောက် ကျီစီမော့ဆိုသည်မှာ မနက်က ကျီအိမ်တော်သခင်မိတ်ဆက်ပေးခဲ့တဲ့ အငယ်ဆုံးကျီသခင်လေးဖြစ်ကြောင်းမှတ်မိသွားသည်။

ဘာအရေးကြီးကိစ္စရှိလို့ လူကိုယ်တိုင်ရောက်လာတာလဲ။

စုထျန်းချီဟာ မျက်မှောင်ကြုပ်လျက်သားပင် တံခါးထဖွင့်ပေးလိုက်သည်။ တံခါးအပြင်ဘက်ရှိ ကျီစီမော့၏ လှပလွန်းသောမျက်နှာလေးမှာ သူ့မြင်ကွင်းထဲဝင်ရောက်လာသည်။ ကျီစီမော့က နှိမ့်ချခြင်းမရှိသလို၊ မောက်မာခြင်းလည်းမရှိသည့် အသံနေအသံထားဖြင့် သူရောက်လာသည့်အကြောင်းအရင်းကိုရှင်းပြသည်။

"အခုချိန်ကြီးမှနှောင့်ယှက်ရတဲ့အတွက်တောင်းပန်ပါတယ်....ခုနက ကျီအိမ်တော်ထဲ ကျူးကျော်လာတဲ့ အနက်ရောင်အရိပ်တစ်ခုကိုတွေ့လိုက်ရလို့ပါ....အဲ့ဒီအရိပ်က ဒီခြံဝင်းထဲမှာပဲပျောက်သွားတယ်....တကယ်လို့စိတ်မရှိရင် နတ်ဆေးသမားတော်ရဲ့အခန်းထဲဝင်ရှာခွင့်ရှိမလား"

"ကျူးကျော်သူ??"

"အာ....ကျွန်တော်ဆိုလိုချင်တာက သမားတော်အတွက်အန္တရာယ်ရှိလာနိုင်လို့ပါ....စွပ်စွဲလိုစိတ်သေးသေးလေးတောင်မရှိပါဘူး....ကျွန်တော်ကျိန်ရဲပါတယ်"

စုထျန်းချီက တစ်ခြားသူတစ်ယောက် အခန်းထဲဝင်မှာမနှစ်မြို့သော်လည်းပဲ တစ်ခြားလူတွေကိုသူ့အပေါ်သံသယစိတ်မွေးဖွားလာမှာကိုလည်းမလိုချင်ပေ။ ဒါကတစ်ခြားသူတွေရဲ့အမြင်ကိုဂရုစိုက်တာကြောင့်မဟုတ်ပဲ သူကယခုလောလောဆည်တွင် ဧကရာဇ်မင်းမြတ်အမိန့်ကြောင့်ရောက်လာတာဖြစ်သည်။ သူငြင်းဆန်နေရင်အခြေအနေတွေပိုရှုပ်ထွေးသွားဖို့ပဲရှိသည်။

"ကောင်းပြီ....မင်းရှာလို့ရတယ်....ဒါပေမယ့် ငါ့ဆေးပင်တွေတစ်ခုမှမထိပါနဲ့"

"ကျေးဇူးပါ"

ကျီစီမော့က ကျေးဇူးတင်လိုက်ပြီး အခန်းထဲဝင်ရောက်လာသည်။ အခန်းထဲ၌ ဆေးပင်အမျိုးမျိုး ပျံ့ကျဲနေသည်ကို မြင်လိုက်ရသည်။ သူတုံ့ဆိုင်းရဲခြင်းမရှိပဲ လူတစ်ယောက်ပုန်းခိုနိုင်မည်ဟုထင်မှတ်လောက်သည့်နေရာတွေကိုရှာဖွေသည်။

စုထျန်းချီက ဘေးတွင်ရပ်စောင့်နေရင်း သူ့အလိုလိုသိစိတ်အရ လေထုထဲသို့နှာတစ်ရှုံ့ရှုံ့လုပ်လိုက်မိသည်။ ဘာအနံ့မှမရသော်ငြား သမားတော်ဟူသည့်ဂုဏ်ပုဒ်က တစ်ခုခုထူးခြားနေသည်ဟုသူ့ကိုပြောနေ၏။

"အမ်....ကျီသခင်လေး....မင်းတစ်ခုခုထူးခြားနေတယ်လို့မခံစားရဘူးလား...."

ကျီစီမော့ ကရှာရင်းဖွေရင်းကနေပြန်ဖြေသည်။

"မခံစားမိပါဘူး....နည်း..နည်းနည်းတော့ပူသလိုပဲ"

ကျီစီမော့၏ လှပတဲ့မျက်နှာလေးထက်တွင် ချွေးစက်လေးတွေစို့နေပြီးရှု့မငြီးသည့်ဆွဲဆောင် မှုအပြည့်ဖြင့်မြင်ကွင်းကိုဖြစ်တည်လာစေသည်။

စုထျန်းချီဟာ မျက်မှောင်တင်းတင်းကြုပ်လျက် အတွေးနက်နေရင်းကနေ ကျီစီမော့၏ တဖြည်းဖြည်းမူမမှန်ဖြစ်လာပုံနှင့် တဖြည်းဖြည်းပူလောင်ပြင်းပြလာသည့် သူ့ခန္ဓာကိုယ်အခြေအနေကို သတိထားမိသည့်အခါတွင် ချက်ချင်းလက်ငင်းသဘောပေါက်သွားကာ မျက်လုံးတွေပြူးကျယ်သွား၏။

ငါလူး။ ဒါကဆေးခတ်ခံရတဲ့လက္ခာဏာရပ်တွေမဟုတ်ဘူးလား။ မဟုတ်။ ဖြစ်နိုင်တာက လေထုထဲမှာစိတ်ကြွဆေးမှုန့်တွေရှိနေတာမျိုးပင်။

ထိတ်လန့်သွားသည့် စုထျန်းချီဟာ အခန်းပြင်ပြေးထွက်ဖို့ရန် လှုပ်ရှားလိုက်လိုက်စဥ်မှာပဲ အခန်းတံခါးဟာသူ့အလိုလို ဒုန်းကနဲ ပိတ်ချသွား၏။

စုထျန်းချီ : "....."

စိတ်ကြွဆေးက အတော်လေးပြင်းထန်သည့်ပုံပင်။ စုထျန်းချီခမျာ သိသိချင်းအသက်ရှုအောင့်ထားလိုက်ပါသော်လည်း ချက်ချင်းလက်ငင်းတုံ့ပြန်လာသည့်ခန္ဓာကိုယ်အောက်ပိုင်းအခြေအနေကို မထိန်းချုပ်နိုင်လိုက်ပေ။

သူ့လိုဆေးမျိုးစုံဖြင့်ရင်းနှီးကျွမ်းဝင်နေကျ သမားတော်တောင် တောင့်ခံဖို့ရန် ခဲယဥ်းနေမှတော့ ဆယ်ကျော်သက်အရွယ် ကျီစီမော့ဆိုရင်တော့ပြောမနေတော့ပါဘူး။

ကျီစီမော့ရဲ့မျက်ဝန်းလှလှလေးတွေမှာ တစ်နည်းတစ်ဖုံဖြင့်ရီဝေနေပြီး အရည်လဲ့နေသည်။ သူ့စိတ်ထဲဘာဆိုဘာကိုမှဆင်ခြင်နိုင်စွမ်းမရှိတော့ပဲ အခုလောလောဆည်တွင် သူ့ရင်ထဲက အပူမီးတောက်ကြီးကိုငြှိမ်းသက်နိုင်ဖို့ရန်ကိုသာ သိတော့သည်။

"မ....မဟုတ်ဘူး.....ငါကယောက်ျားလေးနော်....မှားကုန်မယ်!!"

အခန်းတွင်း၌ အကုန်လုံးယောက်ယက်ခတ် ဝုန်းဒိုင်းကျဲနေချိန်၌ အိမ်ခေါင်မိုးထက်တွင် အနက်ရောင်လူရိပ်နှစ်ခုဟာ ထိုပရုတ်သုတ်ခ အသံတွေကို ဂရုတစိုက်နားထောင်နေလေသည်။

ဝမ်ရိပေါ်ဟာ ပြုံးစိစိမျက်နှာနဲ့သူ့ရဲ့ဧကရီလေးကြည့်ရင်း 'မလိုက်ဖက်ဘူးလား' ဟူသည့်အမေး၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွားသည်။ လက်စသတ်တော့ သူ့အချစ်လေးက စုထျန်းချီကိုလင်ပေးစားချင်နေတာပါလား။အဟွတ်။

ကျီစီမော့ကို ဒီနေ့ရာအထိ မြှားခေါ်လာခဲ့ဖို့ ပြောတုန်းက သူနားမလည်ဖြစ်နေခဲ့သေးသည်။ ကျီစီမော့က ဒီခြံဝန်းတစ်ခုလုံးကိုပိုက်စိပ်တိုက်ရှာဖွေသော်လည်းပဲ ထိုအရိပ် ကိုရှာမတွေ့သည့်အခါတွင် စုထျန်းချီ၏အခန်းတံခါးကို မတတ်သာစွာသွားခေါက် ခဲ့သည့်အခြေအနေအထိ သူနားမလည်သေးဟုပြောရင်ပိုမှန်ပေလိမ့်မည်။

ကျီစီမော့တစ်ယောက်တည်း ဘာကြောင့် လိုက်ရှာနေရတာလဲ ဆိုပြီးတော့လာမမေးနဲ့။ ရှင်းရှင်းပြောရရင် အခုလောလောဆည် ကျီစီမော့ကလွဲရင် ကျီအိမ်တော်တစ်ခုလုံး ဗုံးထပေါက်ရင်တောင်နိုးမှာမဟုတ်ဘူး။ အကြောင်းပြချက်က 'အုန်းသီး' ရှိတယ်လေ။ စပရိုက်!!!။

အဟွတ်။ ဆက်သွားရအောင်။

အခန်းတွင်းအခြေအနေမှာ ပရုတ်သုတ်ခဖြင့် ဝုန်းဒိုင်းကျဲ ​နေလေ ရှောင်ကျန့်မျက်နှာရှိ အပြုံးကြီးကပိုမိုကျယ်ပြန့်လာလေဖြစ်သည်။

တိုင်းပြည်ရဲ့ ဧကရာဇ်မင်းနဲ့ဧကရီက ယောက်ျားလေးနှစ်ယောက်ရဲ့ ဖောင်းဒိုင်း၊ pa pa pa ၊ HD ကိုသွားချောင်းတဲ့ကိစ္စသာပျံ့သွားရင် ...... အိုးဟိုးဟိုး.....မတွေးရဲစရာပဲ။

သေချာတာတစ်ခုကတော့ ဒါကသမိုင်းတွင်မယ့် ကိစ္စရပ်ရပ်ကြီးပဲ။

ရှောင်ကျန့်က ဆက်ချောင်းချင်ပေမယ့် ဝမ်ရိပေါ်က တည်တံ့တဲ့မျက်နှာထားနဲ့တားဆီးလိုက်သည်။

"မကြည့်နဲ့"

"ဟမ်"

"တစ်ခြားယောက်ျားလေးတွေရဲ့ ခန္ဓာကိုယ်က ကိုယ့်လောက်ကြည့်ကောင်းနိုင်လို့လား...."

ဟင့်အင်း။

"သူတို့မှာ ကိုယ်လောက်ချောတဲ့မျက်နှာရှိလို့လား"

မဖြစ်နိုင်ဘူး။

"ကိုယ့်လောက်ရော အရည်အချင်းရှိပြီး နောက်ခံကောင်းလို့လား။"

No! No! သူ့ယောက်ျား ကအကောင်းဆုံးပဲ။

"သူတို့ရဲ့ ဟိုဟာက ကိုယ့်လောက်ကြီးပြီးရှည်လို့လား"

ရှောင်ကျန့် : "....."

ဒီကိစ္စကအရမ်းနက်နဲသွားပြီ။

ဝမ်ရိပေါ်ရဲ့မျက်နှာမှာ ပိုပြီးတော့တောင်တည်တံ့သွားသည်။

"သူတို့က ကိုယ့်လောက်တောင်မပြည့်စုံပဲနဲ့ ဘာလို့ကြည့်နေအုံးမှာလဲ.... မင်း ကိုယ်ကလွဲပြီး တစ်ခြား ဘယ်သူ့ခန္ဓာကိုယ်ကိုမှ ကြည့်ခွင့်မရှိဘူး....ကိုယ်ဒါကိုအတင်းအကြပ်ပိတ်ပင်တားဆီးတယ်"

"....."

သူ့ယောက်ျားက ဘာကြောင့်ဒီလောက်ထိတောင်ချစ်ဖို့ကောင်းလွန်းနေရတာလဲ။

ဝမ်ရိပေါ်က တုံ့ဆိုင်းခြင်းမရှိပဲ ရှောင်ကျန့်ကို ပုခုံးပေါ် ကောက်မ ၍ဆွဲခေါ်သွားသည်။

"ကိုယ်မင်းကို အဲ့ဒီအကြောင်း လက်တွေ့ပြပေးလို့ရတယ်"

ရှောင်ကျန့် : "....."

ကြုံရင်ကြုံသလိုအခွင့်ကောင်းယူတဲ့ "မေဘေးကြီး" ။

_________________________________________________________

Zawgyi

ေရွာင္က်န့္၏ ဖ်ားနာမႈက နန္းေတာ္တစ္ခုလုံးအျပင္ တစ္တိုင္းျပည္လုံးကိုပါသက္ေရာက္သြားခဲ့သည္။ ျပည္သူျပည္သားတိုင္းက စိုးရိမ္ပူပန္မႈအျပည့္နဲ႕အတူ ဧကရီ႕ထံသို႔ ဆုေတာင္းေမတၱာေတြအမ်ားႀကီးေပးပို႔ၾကသည္။ ညီလာခံကအမတ္မင္းေတြေတာင္မွ ဧကရီျဖစ္သူကိုစိုးရိမ္လာတာေၾကာင့္ ဧကရာဇ္၏ ညီလာခံပ်က္ကြက္မႈကို မည္သူမွအျပစ္မဆိုၾကေပ။

တိုင္းျပည္တစ္ခုလုံးက ဧကရာဇ္ႏွင့္ဧကရီ၏ ႀကိဳးပမ္းမႈေၾကာင့္ မိုးေခါင္ေရရွားသည့္ျပႆနာကိုေျဖရွင္းၿပီးၿပီျဖစ္သလို စိုက္ပ်ိဳးေရးႏွင့္လက္မႈလုပ္ငန္းတိုင္းဟာေကာင္းမြန္စြာလည္ပတ္ေနၿပီး လူတိုင္းေခ်ာင္ေခ်ာင္လည္လည္ျဖင့္ ေနထိုင္နိုင္ၾကသည္။ ဒါေၾကာင့္ႀကီးႀကီးမားမားျပႆနာ ရပ္ႀကီးတစ္ခုရွိမေနသ၍ ယုံၾကည္ရသည့္အမတ္မင္းေတြကိုယ္တိုင္ကိုင္တြယ္စီမံနိုင္၍ လက္လႊဲျခင္းခံထားရ၏။

ေရွာင္းအမတ္ႀကီးက ဧကရီ၏ဖ်ားနာမႈသတင္းႀကီးေၾကာင့္ ေရွာင္းေမေမနဲ႕အတူ အေျပးအလႊားေရာက္ရွိလာခဲ့သည္။

အခုမွေရာက္ဆို လြန္ခဲ့တဲ့သုံးႏွစ္ေက်ာ္လုံး လင္မယားႏွစ္ေယာက္ ကမၻာပတ္ရင္း ေပ်ာ္႐ႊင္ေက်နပ္ေနခဲ့ၾကသည္မဟုတ္ပါလား။ ေရွာင္က်န့္ရဲ႕ ဖ်ားနာမႈသတင္းေၾကာင့္သာမဟုတ္ရင္ ေပၚကိုလာဦးမွာမဟုတ္တာေသခ်ာသည္။

"ဧကရီက အျပင္းအထန္ဖ်ားနာေနတယ္ဆိုလို႔.....အခုဘာေၾကာင့္မ်ားအရမ္းေတြသာယာေနတယ္လို႔ ကြၽန္ေတာ္မ်ိဳး ခံစားေနရတာပါလဲ"

အမွန္ပင္ ေရွာင္က်န့္က ေရွာင္းအမတ္ႀကီးေျပာသလိုမ်ိဳးအရမ္းအရမ္းကိုသာယာေန၏။သူ႕ေဘးနားတြင္တစ္ခ်ိန္လုံးကပ္ေနသည့္ဝမ္ရိေပၚက သူ႕အတြက္ မုန့္မ်ိဳးစုံသူကိုယ္တိုင္လုပ္ေကြၽးသည္။ သူထ ရမွာပ်င္းရိေနရင္ ေပြ႕ခ်ီသြားသည္။

သူစားရမွာပ်င္းရင္ သူ႕ကိုတကူးတက ခြံ႕ေကြၽးသည္။ သူ႕ရဲ႕အဖ်ားမွာေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ္လည္းပဲ ဒီတစ္လလုံးစိတ္ႀကိဳက္နားခြင့္ရထားသည့္ေရွာင္က်န့္ဟာ ဒူးေလးႏွံ႕ရင္း ဝမ္အင္ပါယာ၏ ျပည့္ရွင္ ဧကရာဇ္မင္းႀကီးကို ေတာက္တိုမယ္ရ တစ္ေယာက္ကဲ့သို႔ ခိုင္းစားေနေလသည္။

ေရွာင္းေဖေဖ(ေရွာင္းအမတ္ႀကီး)ႏွင့္ ေရွာင္းေမေမ တို႔ႏွစ္ေယာက္ဟာ ပါးစပ္အေဟာင္းသားျဖင့္ သူတို႔သားျဖစ္သူ ဝမ္ဧကရာဇ္ႀကီးအား ခိုင္းစားေနသည္ကိုသာၾကည့္ေနနိုင္၏။

သူတို႔က ဧကရာဇ္မင္း၏ သီးသန့္ဥယ်ာဥ္ေတာ္ႀကီးအတြင္း၌ ရွိေနၾကတာျဖစ္သည္။ ယခုခ်ိန္တြင္ ေရွာင္က်န့္ကသူ႕မူရင္း ေယာက္်ားေလးပုံစံအတိုင္းသာတည္ရွိေနၿပီး ဧကရာဇ္မင္း၏ အမိန့္ေၾကာင့္ ေခြးတစ္ေကာင္ေၾကာင္တျမႇီး၊ ပု႐ြက္ဆိတ္တစ္ေကာင္ေတာင္မွ ဝင္ခြင့္မရွိ၊ ပိတ္ပင္ထားတာေၾကာင့္အျဖစ္မွန္ေပၚသြားမွာစိုးရိမ္စရာမလိုေပ။

ေတာ္ဝင္ဥယ်ာဥ္ထဲ၌ ေရွာင္းေဖေဖ(ေရွာင္းအမတ္ႀကီး)နဲ႕ေရွာင္းေမေမအပါအဝင္ ဝမ္ဧကရာဇ္မင္းႏွင့္ေရွာင္က်န့္ တို႔ေလးေယာက္သာရွိေလသည္။ ၎က ပတ္ဝန္းက်င္တစ္ခုလုံးကို လုံးဝတိတ္ဆိတ္ၿငိမ္သက္ေနေစၿပီး အနားယူအပန္းေျဖနိုင္ရန္အတြက္အေကာင္းဆုံးေနရာျဖစ္သည္။ အပ်ိဳေတာ္ေတြနဲ႕ အေႁခြအရံေတြတစ္ေယာက္မွမရွိတာေၾကာင့္ သူရဲ႕ ပင္ကိုယ္အမူအက်င့္တိုင္းေနနိုင္သည့္အတြက္ လြတ္လပ္ေပါ့ပါးေနသည္မွာျငင္းမရေပ။

"အေဖနဲ႕အေမကို စိုးရိမ္မိသြားေစရင္ ေတာင္းပန္ပါတယ္.... သားတစ္ကယ္အဆင္ေျပတာပါ"

ေရွာင္က်န့္က ေျပာရင္းဆိုရင္းျဖင့္ သူ႕ပါးစပ္ေလးကိုဖြင့္ဟ လိုက္သည္။ အလိုက္သိလြန္းသည့္ဧကရာဇ္ဝမ္ဟာ စပ်စ္သီးတစ္လုံးကို သူ႕အခ်စ္ေလးရဲ႕ ပါးစပ္ထဲ ထည့္ေပးလိုက္သည္။ သူ႕လက္ညွိုးထိပ္ႏွင့္ ေရွာင္က်န့္ရဲ႕ႏူးညံ့လြန္းတဲ့ႏႈတ္ခမ္းလႊာကို ထိေတြ႕မိသြားသည့္အခါတြင္ ဝမ္ရိေပၚ၏ နား႐ြက္ဖ်ားေတြဟာ နီရဲတတ္လာ၏။ သူ႕လက္ညွိုးထိပ္ေလးေတြကို ပြတ္သပ္ေနရင္း ဝမ္ဧကရာဇ္မွာ ရွက္႐ြံ႕ေနသည္မွာသိသာေသာ္လည္း ၎ကိုပဲ ေပ်ာ္႐ႊင္ေက်နပ္ေနျပန္သည္။

ေရွာင္းလင္မယား : "....."

ေယာကၡမေတြေရွ႕မွာ လာရို ျပေနတဲ့ သားျဖစ္သူနဲ႕သမက္ကို ျဖစ္နိုင္ရင္ ပါးေတြခ်ည္းလွိမ့္ပိတ္ရိုက္ၿပီး အသိဝင္လာေအာင္ ျပဳလုပ္ခ်င္လာသည္။ ေရွာင္းအမတ္ႀကီးဆိုရင္ သူ႕ရဲ႕ေလာက အေပၚထားတဲ့ အျမင္ေတြအားလုံးေတာင္ ေဇာက္ထိုးမိုးေျမာ္ ျဖစ္ကုန္ၿပီဟုခံစားလိုက္ရသည္။

ေရွာင္းလင္မယားႏွစ္ေယာက္မွာ ၾကာၾကာပင္မေနနိုင္ပါပဲ ထြက္ခြာသြားၾကသည္။ ငါလူး။ ဘယ္လိုေတာင္ႀကီးမားလိုက္တဲ့ဝဋ္ေႂကြးႀကီးလဲ။ ဖေအနဲ႕မေအ ေရွ႕ေတာင္မေရွာင္ ကပ္သီးကပ္သပ္ လာၿပီး ခ်ိဳျမန္ျပေနမွေတာ့ စိုးရိမ္ပူပန္မႈေတြနဲ႕အတူ နန္းေတာ္ထဲဝင္လာၿပီး စိတ္နာမႈအျပည့္ျဖင့္ ျပန္ထြက္သြားသည္မွာသိပ္ေတာ့မထူးဆန္းေခ်။

လြန္ခဲ့တဲ့သုံးရက္ေလာက္ထဲက အဖ်ားေပ်ာက္သြားသည္မွာမွန္ေသာ္လည္းပဲ ေရွာင္က်န့္ဟာ တစ္ပတ္လုံးလုံး အပ်င္းေၾကာတတ္ရင္း ဝမ္ရိေပၚနဲ႕အတူတူအနားယူခဲ့သည္။

တစ္ပါတ္ေက်ာ္မွ် ေက်ေက်နပ္နပ္ႀကီးအနားယူၿပီးသြားၿပီးေနာက္ ေရွာင္က်န့္ဟာ သူ႕ရဲ႕ ဇာတ္လိုက္ႏွစ္ေယာက္ေပးစားမည့္အစီအစဥ္ကိုစတင္အေကာင္အထည္ေဖာ္ခဲ့သည္။

အရင္ဦးဆုံး အုန္းသီးဆီက လိင္စိတ္ႂကြေဆးေကာင္းေကာင္းတစ္ခုကိုေတာင္းယူခဲ့သည္။ points မယူရဟူသည့္စည္းမ်ဥ္းႀကီးေၾကာင့္ ငိုမဲ့မဲ့ျဖစ္ေနရွာသူ အုန္းသီးဟာ မ်က္ရည္ဘူးသီးလုံးေလာက္က်ခ်င္လာသည္ကိုမ်ိဳသိပ္၍ အျပင္းတကာ့ အျပင္းဆုံးလိင္စိတ္ႂကြေဆးကို အ႐ြဲ႕တိုက္ရင္း ေပးလိုက္ေလသည္။ အေရာင္းသမားေကာင္းေလးအုန္းသီးရဲ႕ရင္ထဲမွာ ေသြးစိမ္းရွင္ရွင္ေတြ ယိုစီးေနပါေသာ္လည္း အသိေပးလိုက္ဖို႔ေတာ္မေမ့ေသးေခ်။

[ဒါက အရမ္းျပင္းတဲ့စိတ္ႂကြေဆးေနာ္....အရမ္းအမ်ားႀကီး သုံးမိသြားရင္ ေဆးခပ္ခံလိုက္ရတဲ့သူက ဘယ္ေလာက္လုပ္လုပ္စိတ္ေက်နပ္မႈရမွာမဟုတ္ပဲ ႐ူးသြပ္သြားနိုင္တယ္....ဒါေၾကာင့္နည္းနည္းေလးပဲသုံးရင္ေတာင္အဆင္ေျပၿပီ....]

'သိၿပီ....ေက်းဇူး အုန္းသီး'

အုန္းသီး : [ရပါတယ္ဗ်ာ...] ငိုသံႀကီးျဖင့္။

ေရွာင္က်န့္ : "....."

အားလုံးအဆင္သင့္ျဖစ္ၿပီးေနာက္ ေရွာင္က်န့္က သူ႕ေယာက္်ားဝမ္ရိေပၚကို အကူအညီေတာင္းလိုက္သည္။ ေရွာင္က်န့္ရဲ႕ စကားမွန္သမွ် မျငင္းဆန္နိုင္သူ ဧကရာဇ္ဝမ္ဟာ ထိုရက္တြင္ နတ္ေဆးသမားေတာ္ စုထ်န္းခ်ီကို ေခၚယူ၍ ႀကီးႀကီးမားမား အမိန့္တစ္ခုကိုေပးအပ္လာ၏။

"မင္း ၿမိဳ႕ေတာ္က က်ီမိသားစု အိမ္ေတာ္ ဆီသြားၿပီး အိမ္ေတာ္သခင္ေဟာင္းရဲ႕ နာမက်န္းမႈကို အေသအခ်ာကုသေပးလိုက္ပါ....က်ီမိသားစု အိမ္ေတာ္သခင္ေဟာင္းက ေတာ္ဝင္မိသားစုကို အက်ိဳးျဖစ္ထြန္းလာေအာင္ တစ္စိတ္တစ္ပိုင္းကူညီေပးခဲ့ဖူးတယ္"

စုထ်န္းခ်ီ : "....."

သူဘာေၾကာင့္ခံစားခ်က္မေကာင္းသလိုခံစားေနရပါလိမ့္။ ဧကရာဇ္ေဘးနားက ထူထူေထာင္ေထာင္ျဖစ္ေနၿပီ ျဖစ္တဲ့ဧကရီကိုလွမ္းၾကည့္လိုက္တဲ့အခါတြင္ ဧကရီကသူ႕ကို ထူးဆန္းသည့္အၿပဳံးႀကီးတစ္ခု ၿပဳံးျပ၏။ ထိုအၿပဳံးမွလွပ ပါေသာ္လည္း စုထ်န္းခ်ီမွာ တစ္ကိုယ္လုံးၾကက္သီးေမႊးညင္းေတြထၿပီး ဖင္ေတြႀကိမ္းစပ္ လာသကဲ့သို႔ခံစားလိုက္ရျပန္သည္။

အေတာ္ဆိုးဝါးတဲ့ခံစားခ်က္ႀကီးပဲ။

စုထ်န္းခ်ီဟာ ဝမ္ဧကရာဇ္၏အမိန့္ကိုနားမလည္ေခ်။ က်ီမိသားစုက ေတာ္ဝင္မိသားစုကို အက်ိဳးအျမတ္တစ္ခ်ိဳ႕ရွာေဖြေပးခဲ့သည္မွာမွန္ေသာ္လည္းပဲ တစ္ျခား ဘယ္အိမ္ေတာ္ ေတြကမ်ား ဧကရာဇ္ရဲ႕အက်ိဳးကို ေဆာင္႐ြက္ဖို႔မလိုလားတာရွိလို႔လဲ။

အမွန္ဆို က်ီအိမ္ေတာ္ကိုသိပ္ၿပီးဂ႐ုစိုက္စရာမလိုေခ်။ အခုေတာ့ သူ႕လို နတ္ေဆးသမားေတာ္ကိုေတာင္မွ ေစလႊတ္ၿပီး အိမ္ေတာ္သခင္ေဟာင္းကို ကုသခိုင္းတယ္တဲ့ေလ။ ေတာ္ဝင္သမားေတာ္ေတာင္မဟုတ္ဘူး။

စုထ်န္းခ်ီက ဧကရာဇ္ရဲ႕အေတြးေတြကို တစ္စက္ကေလးမွ နားမလည္ေသာ္လည္းပဲ အမိန့္ကိုလြန္ဆန္နိုင္စြမ္းေတာ့မရွိေပ။

စုထ်န္းခ်ီ ေတာ္ဝင္နန္းေတာ္ထဲ၌ ထြက္ခြာသြားသည္ႏွင့္ ေရွာင္က်န့္ဟာ ဘုမသိဘမသိ ဝမ္ရိေပၚကိုဆြဲေခၚ၍ သူ႕ရဲ႕မူရင္းေယာက္်ားေလးပုံစံျဖင့္ပင္ စုထ်န္းခ်ီ၏ အေနာက္သို႔ ေနာက္ေယာင္ခံလိုက္သြားသည္။

အမွန္တကယ္ကို ဝမ္ရိေပၚက ဘာဆိုဘာမွမသိေခ်။ စုထ်န္းခ်ီကိုခိုင္းေစလိုက္သည္မွာလည္း ေရွာင္က်န့္ရဲ႕ အကူအညီေတာင္းမႈေၾကာင့္ျဖစ္ၿပီး အခုလို အေနာက္ကေန တစ္ေကာက္ေကာက္လိုက္လံေခ်ာင္းေျမာင္းေနမႈက သူ႕ကိုသဝန္တိုစိတ္ေၾကာင့္ခ်ဥ္တူးရႈံ႕မဲ့လာေစသည္။

သူ႕ရဲ႕ယခုခံစားခ်က္ႀကီးမွာ ရွာလကာရည္ သမုဒၵရာႀကီးထဲ လက္ပစ္ကူးေနရသလိုပင္။

ေရွာင္က်န့္က ဝမ္ရိေပၚ၏ ခံစားခ်က္အတတ္အက်ကိဳခံစားမိသည့္အခါတြင္ ေခါင္းကိုေဒါက္ကနဲျမည္ေအာင္ေခါက္ခ်လိဳက္သည္။

"ဘာေတြေပါက္တတ္ကရ စဥ္းစားေနျပန္ၿပီလဲ...."

ဝမ္ရိေပၚက အနိုင္က်င့္ခံရသလိုမ်ိဳးမ်က္ႏွာထားျဖင့္ ေရွာင္က်န့္ကိုၾကည့္သည္။ ဧကရာဇ္ႀကီး၏ လွပတဲ့ပယင္းေရာင္မ်က္ဝန္းေတြမွာ မ်က္ရည္ေတြေဝ့သီလာသည္အား ျမင္ေတြ႕လိုက္ရေသာအခါတြင္ ေရွာင္က်န့္ရင္ထဲနာက်င္သြားသလိုခံစားရ၏။

သူခ်က္ခ်င္း ဝမ္ရိေပၚရဲ႕ ေခါင္းကိုသူ႕ရင္ခြင္ထဲေပြ႕ပြက္ထားလိုက္ၿပီး ဆံႏြယ္ရွည္ေတြကိုထိုးဖြလ်က္ ႏွစ္သိမ့္ေပးလိုက္သည္။

"အရမ္းဝမ္းမနည္းပါနဲ႕....ငါက ရိေပၚကိုအခ်စ္ဆုံးပဲ....ဟုတ္ၿပီလား"

"ဒါဆို ေရွာင္က်န့္ခ်စ္တဲ့တစ္ျခားသူေတြလည္းရွိေသးတယ္လို႔ဆိုလိုလိုက္တာလား!!!"

ဝမ္ရိေပၚ၏ မ်က္လုံးေတြမွာမယုံၾကည္နိုင္မႈေၾကာင့္ျပဴးက်ယ္သြားၿပီး ေရွာင္က်န့္ရင္ထဲတစ္ျခားတစ္ေယာက္ရွိေနသည္ကို လုံးဝလုံးဝ၊ တစ္စက္ကေလးမွ လက္သင့္ခံနိုင္ျခင္းမရွိေခ်။

"အာ....ကြၽန္ေတာ္ဆိုလိုခ်င္တာက ဝမ္ရိေပၚဆိုတဲ့ မင္းတစ္ေယာက္တည္းကိုပဲ အခ်စ္ဆုံး၊ အခ်စ္တုံးႀကီးနဲ႕ ခ်စ္ရတဲ့တစ္ေယာက္တည္းေသာသူ လို႔...."

ဝမ္ရိေပၚရဲ႕မ်က္ႏွာထက္တြင္ ရွက္ကိုးရွက္ကန္း နီရဲတတ္လာၿပီး ေရွာင္က်န့္ရင္ခြင္ထဲပိုမိုတိုးဝင္လိုက္သည္။

[တစ္စိတ္ေလာက္host....ကြၽန္ေတာ္ခဏခဏဝင္ပါရတာ အားနာေပမယ့္ စုထ်န္းခ်ီက hostတို႔ လင္လင္ႏွစ္ေယာက္ေရွ႕ကေန ေပ်ာက္သြားတာ အေတာ္ၾကာေနၿပီ]

ေရွာင္က်န့္ : "....."

ဤသို႔ျဖင့္ အားေနခ်စ္ၾကည္ႏူး တတစ္တူးေနသည့္ လင္လင္ႏွစ္ေယာက္ဟာ က်ီမိသားစုအိမ္ေတာ္ဆီသို႔ အသည္းအသန္ ခိုးေၾကာင္ခိုးဝွက္ေျပးလာလိုက္ရသည္။ ထင္သည့္အတိုင္းပင္။ စုထ်န္းခ်ီက က်ီအိမ္ေတာ္သို႔ ႀကိဳတင္ေရာက္ရွိေနၿပီး က်ီအိမ္ေတာ္သခင္ႀကီးနဲ႕ေတာင္ စကားစတင္ေျပာဆိုေနေပၿပီ။

ဘုရင္မင္းျမတ္၏ ခြင့္ျပဳမိန့္၊ အမိန့္စာလႊာကိုျမင္သည့္အခါတြင္ က်ီအိမ္ေတာ္သခင္ႀကီးခမ်ား စိတ္လႈပ္ရွားေပ်ာ္႐ႊင္မႈေၾကာင့္တုန္တုန္ရီရီပင္ျဖစ္လာ၏။ ဧကရာဇ္မင္းက သူတို႔လိုေသးငယ္တဲ့က်ီအိမ္ေတာ္ဆီကို နတ္ေဆးသမားေတာ္ကို ပို႔ေပးလိုက္သည္အထိ ၾကင္နာတတ္လြန္းလွသည္။

ျပင္းျပင္းထန္ထန္စိတ္လႈပ္ရွားသြားသည့္ က်ီအိမ္ေတာ္သခင္ႀကီးဟာ ဧကရာဇ္မင္းျမတ္အေပၚ အရင္ကထက္ပိုၿပီး သစၥာေစာင့္သိဖို႔ရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္ေလသည္။ သူက တုံ႕ဆိုင္းရဲျခင္းမရွိပါပဲ စုထ်န္းခ်ီကို အိပ္ယာထဲလွဲေနသည့္ အိမ္ေတာ္သခင္ေဟာင္းႀကီးရွိရာဆီသို႔ ရိုရိုေသေသေခၚေဆာင္လာသည္။

နတ္ေဆးသမားေတာ္အေပၚေလးစားမႈျပသရန္အတြက္ အိမ္ေတာ္သခင္ဟာ သူဂုဏ္ယူရတဲ့သားအငယ္ဆုံး က်ီစီေမာ့ကို ပါေခၚေဆာင္ထား၏။

က်ီစီေမာ့နဲ႕ စုထ်န္းခ်ီတို႔ႏွစ္ေယာက္လုံးရဲ႕အရပ္အေမာင္းမွာသိပ္မကြာေပ။ ပိုၿပီးတိတိက်က်ေျပာရရင္ အလွေလးက်ီစီေမာ့ကေတာင္ အနည္းငယ္ပိုျမင့္ေနေသးသည္။ က်ီစီေမာ့က လူေတြၾကားထဲ ထြက္ေပၚလာခဲ သည့္ နတ္ေဆးသမားေတာ္ဆိုသူကိုေျခစြန္းေခါင္းစြန္းအကဲခတ္ေနသည္။

သူက ဧကရာဇ္မင္းအေပၚ သစၥာရွိလြန္း၍ ရွည္ရွည္ေဝးေဝးေတြးေတာသံသယ ဝင္ျခင္းမရွိသည့္ အေဖျဖစ္သူႏွင့္ကြာျခားသည္။ က်ီအိမ္ေတာ္က မ်ိဳးရိုးျမင့္အိမ္ေတာ္တစ္ခုျဖစ္သည္မွာမွန္ေသာ္လည္းပဲ ဒီ့ထက္ပိုျမင့္မားသည့္အဆင့္အတန္းႏွင့္ တစ္ျခားအိမ္ေတာ္ေတြရွိေသးသည္။ ဒါကိုဧကရာဇ္မင္းက ဘာအေၾကာင္းေၾကာင့္ နတ္ေဆးသမားေတာ္ကို ထူးဆန္းစြာ က်ီအိမ္ေတာ္ဆီေစလႊတ္လိုက္ရပါသနည္း။

ဒါကသံသယျဖစ္စရာေကာင္းလြန္း၍ က်ီစီေမာ့ရဲ႕ မ်က္ဝန္းလွလွေလးေတြမွာ စုထ်န္းခ်ီကို ပိုမိုအာ႐ုံစူးစိုက္လ်က္ ေစာင့္ၾကည့္ေနလိုက္သည္။

စုထ်န္းခ်ီ : "....."

က်ီမိသားစု၏ အိမ္ေတာ္သခင္ေဟာင္းႀကီးက အသက္၆၀ေက်ာ္ေလာက္ရွိဟန္ရၿပီး အမည္ေဖာ္မရသည့္ ေရာဂါတစ္မ်ိဳးေၾကာင့္အိပ္ယာထဲလဲေနသည္မွာႏွစ္အေတာ္ၾကာၿပီျဖစ္သည္။ စုထ်န္းခ်ီဟာ အိမ္ေတာ္သခင္ေဟာင္းႀကီး၏ ခႏၶာကိုယ္ကို စမ္းသပ္စစ္ေဆးၿပီးေနာက္ အနည္းငယ္မ်က္ေမွာင္ၾကဳပ္လိုက္သည္။

ေရာဂါကအတန္ငယ္ထူးဆန္းေသာ္လည္းပဲ နတ္ေဆးသမားေတာ္ဟူေသာဂုဏ္ပုဒ္က လြယ္လြယ္ကူကူရထားတာမွမဟုတ္ပဲ။ ဒါကခ်က္ခ်င္းလက္ငင္းကုမွေပ်ာက္သည့္ေရာဂါမဟုတ္ေတာ့ အနည္းငယ္ေစာင့္ၾကည့္ဖို႔ရန္လိုအပ္ မည့္ပုံပင္။

စုထ်န္းခ်ီက သမားေတာ္တစ္ေယာက္၏ လုပ္ရိုးလုပ္စဥ္ႏွင့္ညီေအာင္ လုပ္ေဆာင္ေနစဥ္၌ အိမ္ေတာ္ေခါင္မိုးထက္တြင္ လူရိပ္ႏွစ္ရိပ္က သူတို႔ကိုေစာင့္ၾကည့္ေနေၾကာင္းမည္သူမွသတိမထားမိၾကေခ်။

ဝမ္ရိေပၚက အခန္းတြင္းအေျခအေနကို ေခ်ာင္းေျမာင္းေနသည့္ေရွာင္က်န့္ကိုၾကည့္ၿပီး ထုံးစံအတိုင္းရွာလကာရည္ တလေဟာေသာက္သုံးေနရပါေသာ္လည္းပဲ ပို၍ ပို၍ နားမလည္နိုင္ေတာ့သလိုခံစားရသည္။ ဒါေပမယ့္ေရွာင္က်န့္သာေျပာခ်င္စိတ္မရွိရင္ သူကအတင္းအၾကပ္ေမးျမန္းမည္မဟုတ္ေပ။ သူလုပ္ဖို႔လိုအပ္တာတစ္ခုတည္းက ေရွာင္က်န့္ဘာလုပ္လုပ္အေနာက္ကေန အေကာင္းဆုံးကူညီပံ့ပိုး၊ ေထာက္ခံထားေပးဖို႔ရန္ပင္။

ေရွာင္က်န့္က ထူးဆန္းသည့္အၿပဳံးႀကီးတစ္ခုႏွင့္အတူ ဝမ္ရိေပၚကိုၾကည့္ရင္းေမးလိုက္သည္။

"သူတို႔ႏွစ္ေယာက္ကလိုက္ဖက္လြန္းတယ္လို႔မထင္ဘူးလား"

"ဟမ္???"

"အဟင္း....စုထ်န္းခ်ီနဲ႕က်ီစီေမာ့တို႔ႏွစ္ေယာက္ေလ...."

"အာ....အင္း...."

ဝမ္ရိေပၚဟာဘုမသိဘမသိ 'အင္း'လိုက္ၿပီးမွ သူ႕ေခါင္းေပၚတြင္ ???? အတန္းလိုက္ေပၚလာသလိုခံစားရ၏။

စုထ်န္းခ်ီနဲ႕က်ီစီေမာ့ရဲ႕ ဘာက ဘယ္လိုလိုက္ဖက္တာလဲ။

"အိမ္ေတာ္သခင္ေဟာင္းရဲ႕ ေရာဂါက အေတာ္ေလး အျမစ္တြယ္ေနၿပီ....ဒါေပမယ့္စိုးရိမ္စရာမလိုပါဘူး....က်ဳပ္ေဆးၫႊန္းတစ္ခုေရးေပးမယ္.....က်ဳပ္ေျပာတဲ့အတိုင္းသာတေသြမတိမ္း ျပဳလုပ္ေပးရင္ အိမ္ေတာ္သခင္ေဟာင္းရဲ႕ေရာဂါကိုတစ္ႏွစ္အတြင္းေပ်ာက္ကင္းလိမ့္မယ္ဆိုတာ အာမခံတယ္...."

"ေက်းဇူးတင္ပါတယ္ နတ္ေဆးသမားေတာ္....ေက်းဇူးပါ"

လက္ရွိ အိမ္ေတာ္သခင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေက်းဇူးတင္သည့္မ်က္လုံးေတြျဖင့္ စုထ်န္းခ်ီကို ထိုင္မကန္ေတာ့႐ုံ တမယ္ ရိုရိုက်ိဳးက်ိဳး ဦးၫႊတ္လာ၏။ စုထ်န္းခ်ီက ဘာကိုမွသူေထြေထြထူးထူးမျပဳလိုက္ရေၾကာင္း လက္ခါျပလိုက္ရင္း လူနာ ကသူေပးလိုက္တဲ့ေဆးနဲ႕သက္သာမႈရွိမရွိစစ္ေဆးရန္ အတြက္ က်ီအိမ္ေတာ္၌ တစ္ညေလာက္ ေနဖို႔ရန္အတြက္ သေဘာတူလိုက္သည္။

ဒါေပါ့။ အေျခအေနေတြအားလုံးက ေရွာင္က်န့္လိုခ်င္တဲ့အရာဆီ တည့္တည့္ဦးတည္လာေနသည္။

ညအခ်ိန္၊ က်ီအိမ္ေတာ္ ၿခံဝင္း တစ္ေနရာ၌။

နတ္ေဆးသမားေတာ္ လူသူရႈပ္ေထြးတာကိုသေဘာမက်တာေၾကာင့္ စုထ်န္းခ်ီရဲ႕ၿခံဝန္းမွာ တစ္ျခားလူေတြနဲ႕အေတာ္အတန္ေဝးကြာၿပီး တိတ္ဆိတ္ေအးခ်မ္းသည္။

စုထ်န္းခ်ီဟာ အိမ္ေတာ္သခင္ သူ႕အတြက္စီစဥ္ေပးထားသည့္ ၿခံဝင္း၏ အိပ္ခန္းထဲတြင္ ဖေယာင္းတိုင္မီးႏွင့္အတူ ေဆးပင္ေတြေပါင္းစပ္နည္းအဆင့္ဆင့္ကိုစမ္းသပ္ေလ့လာေန၏။ ဒါကသူေန႕စဥ္ေန႕တိုင္းျပဳလုပ္တတ္သည့္အက်င့္တစ္မ်ိဳးပင္။ သူ႕ဘဝက ေဆးပင္ေတြနဲ႕တင္ အၿမဲတမ္းလည္ပတ္ေနတတ္သည္။

႐ုတ္တရက္ တံခါးေခါက္သံတစ္သံထြက္ေပၚလာသည္။ စုထ်န္းခ်ီက ႏွောင့္ယွက္ခံရတာေၾကာင့္ မ်က္ေမွာင္ၾကဳပ္လိုက္ကာ တင္းမာသည့္အသံေနအသံထားျဖင့္ေမးလိုက္သည္။

"ဘယ္သူလဲ"

"ကြၽန္ေတာ္က က်ီစီေမာ့ပါ...."

"က်ီစီေမာ့??"

စုထ်န္းခ်ီက သူ႕မွတ္ဥာဏ္ကိုေမႊႏွောက္ရွာေဖြလိုက္ၿပီးေနာက္ က်ီစီေမာ့ဆိုသည္မွာ မနက္က က်ီအိမ္ေတာ္သခင္မိတ္ဆက္ေပးခဲ့တဲ့ အငယ္ဆုံးက်ီသခင္ေလးျဖစ္ေၾကာင္းမွတ္မိသြားသည္။

ဘာအေရးႀကီးကိစၥရွိလို႔ လူကိုယ္တိုင္ေရာက္လာတာလဲ။

စုထ်န္းခ်ီဟာ မ်က္ေမွာင္ၾကဳပ္လ်က္သားပင္ တံခါးထဖြင့္ေပးလိုက္သည္။ တံခါးအျပင္ဘက္ရွိ က်ီစီေမာ့၏ လွပလြန္းေသာမ်က္ႏွာေလးမွာ သူ႕ျမင္ကြင္းထဲဝင္ေရာက္လာသည္။ က်ီစီေမာ့က ႏွိမ့္ခ်ျခင္းမရွိသလို၊ ေမာက္မာျခင္းလည္းမရွိသည့္ အသံေနအသံထားျဖင့္ သူေရာက္လာသည့္အေၾကာင္းအရင္းကိုရွင္းျပသည္။

"အခုခ်ိန္ႀကီးမွႏွောင့္ယွက္ရတဲ့အတြက္ေတာင္းပန္ပါတယ္....ခုနက က်ီအိမ္ေတာ္ထဲ က်ဴးေက်ာ္လာတဲ့ အနက္ေရာင္အရိပ္တစ္ခုကိုေတြ႕လိုက္ရလို႔ပါ....အဲ့ဒီအရိပ္က ဒီၿခံဝင္းထဲမွာပဲေပ်ာက္သြားတယ္....တကယ္လို႔စိတ္မရွိရင္ နတ္ေဆးသမားေတာ္ရဲ႕အခန္းထဲဝင္ရွာခြင့္ရွိမလား"

"က်ဴးေက်ာ္သူ??"

"အာ....ကြၽန္ေတာ္ဆိုလိုခ်င္တာက သမားေတာ္အတြက္အႏၱရာယ္ရွိလာနိုင္လို႔ပါ....စြပ္စြဲလိုစိတ္ေသးေသးေလးေတာင္မရွိပါဘူး....ကြၽန္ေတာ္က်ိန္ရဲပါတယ္"

စုထ်န္းခ်ီက တစ္ျခားသူတစ္ေယာက္ အခန္းထဲဝင္မွာမႏွစ္ၿမိဳ႕ေသာ္လည္းပဲ တစ္ျခားလူေတြကိုသူ႕အေပၚသံသယစိတ္ေမြးဖြားလာမွာကိုလည္းမလိုခ်င္ေပ။ ဒါကတစ္ျခားသူေတြရဲ႕အျမင္ကိုဂ႐ုစိုက္တာေၾကာင့္မဟုတ္ပဲ သူကယခုေလာေလာဆည္တြင္ ဧကရာဇ္မင္းျမတ္အမိန့္ေၾကာင့္ေရာက္လာတာျဖစ္သည္။ သူျငင္းဆန္ေနရင္အေျခအေနေတြပိုရႈပ္ေထြးသြားဖို႔ပဲရွိသည္။

"ေကာင္းၿပီ....မင္းရွာလို႔ရတယ္....ဒါေပမယ့္ ငါ့ေဆးပင္ေတြတစ္ခုမွမထိပါနဲ႕"

"ေက်းဇူးပါ"

က်ီစီေမာ့က ေက်းဇူးတင္လိုက္ၿပီး အခန္းထဲဝင္ေရာက္လာသည္။ အခန္းထဲ၌ ေဆးပင္အမ်ိဳးမ်ိဳး ပ်ံ့က်ဲေနသည္ကို ျမင္လိုက္ရသည္။ သူတုံ႕ဆိုင္းရဲျခင္းမရွိပဲ လူတစ္ေယာက္ပုန္းခိုနိုင္မည္ဟုထင္မွတ္ေလာက္သည့္ေနရာေတြကိုရွာေဖြသည္။

စုထ်န္းခ်ီက ေဘးတြင္ရပ္ေစာင့္ေနရင္း သူ႕အလိုလိုသိစိတ္အရ ေလထုထဲသို႔ႏွာတစ္ရႈံ႕ရႈံ႕လုပ္လိုက္မိသည္။ ဘာအနံ႕မွမရေသာ္ျငား သမားေတာ္ဟူသည့္ဂုဏ္ပုဒ္က တစ္ခုခုထူးျခားေနသည္ဟုသူ႕ကိုေျပာေန၏။

"အမ္....က်ီသခင္ေလး....မင္းတစ္ခုခုထူးျခားေနတယ္လို႔မခံစားရဘူးလား...."

က်ီစီေမာ့ ကရွာရင္းေဖြရင္းကေနျပန္ေျဖသည္။

"မခံစားမိပါဘူး....နည္း..နည္းနည္းေတာ့ပူသလိုပဲ"

က်ီစီေမာ့၏ လွပတဲ့မ်က္ႏွာေလးထက္တြင္ ေခြၽးစက္ေလးေတြစို႔ေနၿပီးရႈ႕မၿငီးသည့္ဆြဲေဆာင္ မႈအျပည့္ျဖင့္ျမင္ကြင္းကိုျဖစ္တည္လာေစသည္။

စုထ်န္းခ်ီဟာ မ်က္ေမွာင္တင္းတင္းၾကဳပ္လ်က္ အေတြးနက္ေနရင္းကေန က်ီစီေမာ့၏ တျဖည္းျဖည္းမူမမွန္ျဖစ္လာပုံႏွင့္ တျဖည္းျဖည္းပူေလာင္ျပင္းျပလာသည့္ သူ႕ခႏၶာကိုယ္အေျခအေနကို သတိထားမိသည့္အခါတြင္ ခ်က္ခ်င္းလက္ငင္းသေဘာေပါက္သြားကာ မ်က္လုံးေတြျပဴးက်ယ္သြား၏။

ငါလူး။ ဒါကေဆးခတ္ခံရတဲ့လကၡာဏာရပ္ေတြမဟုတ္ဘူးလား။ မဟုတ္။ ျဖစ္နိုင္တာက ေလထုထဲမွာစိတ္ႂကြေဆးမႈန့္ေတြရွိေနတာမ်ိဳးပင္။

ထိတ္လန့္သြားသည့္ စုထ်န္းခ်ီဟာ အခန္းျပင္ေျပးထြက္ဖို႔ရန္ လႈပ္ရွားလိုက္လိုက္စဥ္မွာပဲ အခန္းတံခါးဟာသူ႕အလိုလို ဒုန္းကနဲ ပိတ္ခ်သြား၏။

စုထ်န္းခ်ီ : "....."

စိတ္ႂကြေဆးက အေတာ္ေလးျပင္းထန္သည့္ပုံပင္။ စုထ်န္းခ်ီခမ်ာ သိသိခ်င္းအသက္ရႈေအာင့္ထားလိုက္ပါေသာ္လည္း ခ်က္ခ်င္းလက္ငင္းတုံ႕ျပန္လာသည့္ခႏၶာကိုယ္ေအာက္ပိုင္းအေျခအေနကို မထိန္းခ်ဳပ္နိုင္လိုက္ေပ။

သူ႕လိုေဆးမ်ိဳးစုံျဖင့္ရင္းႏွီးကြၽမ္းဝင္ေနက် သမားေတာ္ေတာင္ ေတာင့္ခံဖို႔ရန္ ခဲယဥ္းေနမွေတာ့ ဆယ္ေက်ာ္သက္အ႐ြယ္ က်ီစီေမာ့ဆိုရင္ေတာ့ေျပာမေနေတာ့ပါဘူး။

က်ီစီေမာ့ရဲ႕မ်က္ဝန္းလွလွေလးေတြမွာ တစ္နည္းတစ္ဖုံျဖင့္ရီေဝေနၿပီး အရည္လဲ့ေနသည္။ သူ႕စိတ္ထဲဘာဆိုဘာကိုမွဆင္ျခင္နိုင္စြမ္းမရွိေတာ့ပဲ အခုေလာေလာဆည္တြင္ သူ႕ရင္ထဲက အပူမီးေတာက္ႀကီးကိုျငႇိမ္းသက္နိုင္ဖို႔ရန္ကိုသာ သိေတာ့သည္။

"မ....မဟုတ္ဘူး.....ငါကေယာက္်ားေလးေနာ္....မွားကုန္မယ္!!"

အခန္းတြင္း၌ အကုန္လုံးေယာက္ယက္ခတ္ ဝုန္းဒိုင္းက်ဲေနခ်ိန္၌ အိမ္ေခါင္မိုးထက္တြင္ အနက္ေရာင္လူရိပ္ႏွစ္ခုဟာ ထိုပ႐ုတ္သုတ္ခ အသံေတြကို ဂ႐ုတစိုက္နားေထာင္ေနေလသည္။

ဝမ္ရိေပၚဟာ ၿပဳံးစိစိမ်က္ႏွာနဲ႕သူ႕ရဲ႕ဧကရီေလးၾကည့္ရင္း 'မလိုက္ဖက္ဘူးလား' ဟူသည့္အေမး၏ ဆိုလိုရင္းကို ခ်က္ခ်င္းနားလည္သြားသည္။ လက္စသတ္ေတာ့ သူ႕အခ်စ္ေလးက စုထ်န္းခ်ီကိုလင္ေပးစားခ်င္ေနတာပါလား။အဟြတ္။

က်ီစီေမာ့ကို ဒီေန႕ရာအထိ ျမႇားေခၚလာခဲ့ဖို႔ ေျပာတုန္းက သူနားမလည္ျဖစ္ေနခဲ့ေသးသည္။ က်ီစီေမာ့က ဒီၿခံဝန္းတစ္ခုလုံးကိုပိုက္စိပ္တိုက္ရွာေဖြေသာ္လည္းပဲ ထိုအရိပ္ ကိုရွာမေတြ႕သည့္အခါတြင္ စုထ်န္းခ်ီ၏အခန္းတံခါးကို မတတ္သာစြာသြားေခါက္ ခဲ့သည့္အေျခအေနအထိ သူနားမလည္ေသးဟုေျပာရင္ပိုမွန္ေပလိမ့္မည္။

က်ီစီေမာ့တစ္ေယာက္တည္း ဘာေၾကာင့္ လိုက္ရွာေနရတာလဲ ဆိုၿပီးေတာ့လာမေမးနဲ႕။ ရွင္းရွင္းေျပာရရင္ အခုေလာေလာဆည္ က်ီစီေမာ့ကလြဲရင္ က်ီအိမ္ေတာ္တစ္ခုလုံး ဗုံးထေပါက္ရင္ေတာင္နိုးမွာမဟုတ္ဘူး။ အေၾကာင္းျပခ်က္က 'အုန္းသီး' ရွိတယ္ေလ။ စပရိုက္!!!။

အဟြတ္။ ဆက္သြားရေအာင္။

အခန္းတြင္းအေျခအေနမွာ ပ႐ုတ္သုတ္ချဖင့္ ဝုန္းဒိုင္းက်ဲ ေနေလ ေရွာင္က်န့္မ်က္ႏွာရွိ အၿပဳံးႀကီးကပိုမိုက်ယ္ျပန့္လာေလျဖစ္သည္။

တိုင္းျပည္ရဲ႕ ဧကရာဇ္မင္းနဲ႕ဧကရီက ေယာက္်ားေလးႏွစ္ေယာက္ရဲ႕ ေဖာင္းဒိုင္း၊ pa pa pa ၊ HD ကိုသြားေခ်ာင္းတဲ့ကိစၥသာပ်ံ့သြားရင္ ...... အိုးဟိုးဟိုး.....မေတြးရဲစရာပဲ။

ေသခ်ာတာတစ္ခုကေတာ့ ဒါကသမိုင္းတြင္မယ့္ ကိစၥရပ္ရပ္ႀကီးပဲ။

ေရွာင္က်န့္က ဆက္ေခ်ာင္းခ်င္ေပမယ့္ ဝမ္ရိေပၚက တည္တံ့တဲ့မ်က္ႏွာထားနဲ႕တားဆီးလိုက္သည္။

"မၾကည့္နဲ႕"

"ဟမ္"

"တစ္ျခားေယာက္်ားေလးေတြရဲ႕ ခႏၶာကိုယ္က ကိုယ့္ေလာက္ၾကည့္ေကာင္းနိုင္လို႔လား...."

ဟင့္အင္း။

"သူတို႔မွာ ကိုယ္ေလာက္ေခ်ာတဲ့မ်က္ႏွာရွိလို႔လား"

မျဖစ္နိုင္ဘူး။

"ကိုယ့္ေလာက္ေရာ အရည္အခ်င္းရွိၿပီး ေနာက္ခံေကာင္းလို႔လား။"

No! No! သူ႕ေယာက္်ား ကအေကာင္းဆုံးပဲ။

"သူတို႔ရဲ႕ ဟိုဟာက ကိုယ့္ေလာက္ႀကီးၿပီးရွည္လို႔လား"

ေရွာင္က်န့္ : "....."

ဒီကိစၥကအရမ္းနက္နဲသြားၿပီ။

ဝမ္ရိေပၚရဲ႕မ်က္ႏွာမွာ ပိုၿပီးေတာ့ေတာင္တည္တံ့သြားသည္။

"သူတို႔က ကိုယ့္ေလာက္ေတာင္မျပည့္စုံပဲနဲ႕ ဘာလို႔ၾကည့္ေနအုံးမွာလဲ.... မင္း ကိုယ္ကလြဲၿပီး တစ္ျခား ဘယ္သူ႕ခႏၶာကိုယ္ကိုမွ ၾကည့္ခြင့္မရွိဘူး....ကိုယ္ဒါကိုအတင္းအၾကပ္ပိတ္ပင္တားဆီးတယ္"

"....."

သူ႕ေယာက္်ားက ဘာေၾကာင့္ဒီေလာက္ထိေတာင္ခ်စ္ဖို႔ေကာင္းလြန္းေနရတာလဲ။

ဝမ္ရိေပၚက တုံ႕ဆိုင္းျခင္းမရွိပဲ ေရွာင္က်န့္ကို ပုခုံးေပၚ ေကာက္မ ၍ဆြဲေခၚသြားသည္။

"ကိုယ္မင္းကို အဲ့ဒီအေၾကာင္း လက္ေတြ႕ျပေပးလို႔ရတယ္"

ေရွာင္က်န့္ : "....."

ႀကဳံရင္ႀကဳံသလိုအခြင့္ေကာင္းယူတဲ့ "ေမေဘးႀကီး" ။

_________________________________________________________

Continue Reading

You'll Also Like

1.1M 61.2K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
258K 13.6K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
407K 9.8K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."