နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

بواسطة Lazy_Little_Meow

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... المزيد

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [32.2]

1.1K 133 7
بواسطة Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

“နဉ်ရှီ.. မြင်းပေါ်က ဆင်းလိုက်တဲ့အခန်းလေ.. ချောချောမွေ့မွေ့ပဲနော်.. ကြည့်ရတာ မြင်းစီးစွမ်းရည် သိပ်မဆိုးပုံပဲ..”

တကယ်တော့ ခုန်းယွီဟန်က မြင်းစီးသည့်အခန်းကို  လူစားထိုးရိုက်ကူးရန် စီစဉ်ထားပြီးသားပင်။ သို့သော် ထင်မှတ်မထားပဲ နဉ်ရှီက မြင်းဘယ်လိုစီးရမလဲဆိုတာ ကောင်းကောင်း နားလည်နေခဲ့သည်။

“‘Yunyue of Han Dynasty’ အတွက် တကူးတက သင်ထားရတာလေ..” ရာသီဥတုက အရမ်းပူလွန်းသောကြောင့် ချွေးထွက်နေသည်ထင့်။ နဉ်ရှီ ခေါင်းမော့ကာ အားပါးတရ ရေသောက်ချလိုက်သည်။ သူမ၏မိတ်ကပ်ဆရာက တစ်ခါတည်း မိတ်ကပ်ပြန်ပြင်ပေးသည်။ “ကုမ္ပဏီက ကျွန်မရဲ့မျက်နှာနဲ့ဆို ရှေးခေတ်ဇာတ်ကားတွေနဲ့ ကျော်ကြားလာနိုင်တယ်တဲ့.. အဲ့တာကြောင့် လူရှာပြီးတော့တောင် သေချာ သင်ပေးထားတာ..”

‘Yunyue of Han Dynasty’ ကို တရားဝင် မထုတ်လွှင့်ရသေးသော်လည်း နာမည်သတင်းက အရမ်းကျော်ကြားနေပြီဖြစ်သည်။ ရုပ်သံဌာနနှင့် Online Platform တော်တော်များများက ထိုဇာတ်ကားကို အရင်ဆုံးထုတ်လွှင့်နိုင်ရန် ယှဉ်ပြိုင်လာကြ၏။ ထို့ကြောင့် မထုတ်လွှင့်ခင်မှာပင် ဇာတ်လမ်းက လူသိများနေလေပြီ။

ထိုဇာတ်ကားထဲတွင် နဥ်ရှီလည်း ပါဝင်သရုပ်ဆောင်ဖူးကြောင်း ခုန်းယွီဟန်ကြားသော် သူမက ပြုံးလိုက်ကာ.. “ဒါရိုက်တာရှု ရိုက်ထားတာဆိုတော့ အမာခံပရိသတ်တွေနဲ့ နာမည်ကြီးလာဦးမှာပဲ..”

ပို၍အရေးကြီးသည်မှာ ထိုဇာတ်ကားထဲတွင် ဇာတ်ကားကြီးတစ်ခုထဲ ပါဝင်ခဲ့ပြီးနောက် အမျိုးသမီးသရုပ်ဆောင်ခေတ် တဖန်ပြန်လည်ဆန်းသစ်စေခဲ့သော ကျိုးရင်ဟုန် ပါဝင်နေခြင်းဖြစ်၏။ ထိုအချက်ဖြင့်ပင် ပရိသတ်များစွာ၏အာရုံကို ဖမ်းစားနိုင်ပေလိမ့်မည်။ အနှီရုပ်ရှင်ထဲတွင် ပါဝင်နိုင်ခဲ့ခြင်းက နဉ်ရှီ၏ ကံကောင်းမှုပါပင်။

“ကျွန်မတို့ရုပ်ရှင်လည်း ထုတ်လွှင့်ပြီးတာနဲ့ ကျိန်းသေပေါက် နာမည်ကြီးလာမှာပါ..” နဉ်ရှီက ရေကုန်အောင်သောက်ကာ ဓာတ်ဆားရည်ပုလင်းကို ဘေးချထားလိုက်သည်။ ပြီးနောက် တဖြည်းဖြည်း မြင့်တက်လာသော နေရောင်ခြည်ကို မော့ကြည့်လိုက်ရင်း.. “ဇာတ်ကွက်နည်းနည်းလောက် ဆက်ရိုက်လို့ရသေးတယ်.. မွန်းလွဲမှ နားကြတာပေါ့..”

အစောကတည်းက မနက်ခင်းရိုက်ကွက်များကို အပြီးသတ်ရန် အစီအစဉ်ဆွဲပြီးသားဖြစ်ရာ ခုန်းယွီဟန်လည်း ခေါင်းညိတ်ပြလိုက်သည်။ နဉ်ရှီ၏အဆင့်အတန်းက ထူးခြားသည်မို့ ခုန်းယွီဟန်က သူမကို ဖိအားပေး၍မရပေ။ သို့သော် ယခုတော့ နဉ်ရှီကိုယ်တိုင် ဆက်လက်ရိုက်ကူးရန် ပြောလာသောအခါ အဘယ်ကြောင့် ငြင်းဆန်နေဦးမည်နည်း။

“အခန်း ၉၊ ဇာတ်ကွက် ၅၊ Ready one.. two.. three.. action..!”

ပိုင်လုက လှလှပပလေး Drift ဆွဲကာ သူမ၏ကားကို ရပ်တန့်လိုက်သည်။ ပြီးနောက် နေကာမျက်မှန်ထုတ်ကာ ဝတ်ဆင်လိုက်၏။ လူများစွာ၏ အကြည့်မျိုးမျိုးကို လျစ်လျူရှုက ‘သုံးဘဝ သုံးရောင်ခြယ်’ ရိုက်ကွင်းသို့ ဦးတည်သွားလိုက်သည်။

နေမြင့်နေပြီဖြစ်၍ သခင်လေးတစ်ယောက်က သူမကို အလိုက်တသိ ထီးဆောင်းပေးရင်း အနောက်မှလိုက်ပါလာသည်။

‘သုံးဘဝ သုံးရောင်ခြယ်’ ရုပ်ရှင်အဖွဲ့သားလည်း ထူးထူးဆန်းဆန်း ဝတ်စားတတ်သော လူငယ်လေးများ ရုတ်တရက် ရောက်ချလာသောကြောင့် စိတ်ရှုပ်ကုန်တော့သည်။ ထိုလူငယ်လေးများ၏ မျက်နှာထားအရ ပျော်ရွှင်နေပုံမပေါ်။ သူတို့က ရိုက်ကွင်းကို ပြဿနာရှာရန် ရောက်လာခြင်းလော။

ပိုင်လုက နဉ်ရှီကို လှမ်းကြည့်လိုက်သည်။ လက်ရှိတွင် နဉ်ရှီသည် ရှေးခေတ်အဝတ်အစားဖြင့် မြင်းစီးလျက် ဓားရှည်တစ်လက်ကို ဝင့်ဝင့်ကြွားကြွား မြှောက်ကိုင်ထားပြီး ရဲစွမ်းသတ္တိအပြည့်ဖြင့် ထူးကဲမြင့်မြတ်သော အရှိန်အဝါမျိုး ထုတ်ဖော်နေလေ၏။

“အားတန်.. ယောက်ျားကြီးဖြစ်ပြီး ရန်သူတွေကို ဓားတစ်ချက်မခုတ်ရဲဘဲ ငါ့လိုမိန်းမသားကိုတော့ လှောင်ပြောင်ရဲတယ်ပေါ့.. အခု နင်တို့အားလုံး ငါ့ကို အနိုင်တိုက်နိုင်လို့လား.. ငါ့ကိုလှောင်ပြောင်ဖို့ ဘယ်သူ သတ္တိပေးလိုက်တာလဲ..? နင်တို့ဘိုးဘေးတွေကို ဘယ်မျက်နှာနဲ့ သွားတွေ့မှာလဲ..?!” သူမက မြင်းပေါ်မှ လွှားခနဲခုန်ဆင်းလိုက်ကာ မြေပြင်ပေါ်လဲကျနေသော ယောက်ျားတိုင်းကို ဓားဦးချွန်ဖြင့်ညွှန်လျက်.. “နင်တို့သာ ယောက်ျားစစ်ရင် ကျူးကျော်သူတွေကို သွားတိုက်ခိုက်ကြစမ်းပါ.. မိန်းမတစ်ယောက်ကို လှောင်ပြောင်ပြီး နင်တို့ရဲ့သနားစရာ ယောက်ျားသိက္ခာကို ထိန်းသိမ်းမနေကြနဲ့..”

“မတ်တပ်ရပ်..!” သူမက အနားမှာရှိသည့် တစ်ယောက်ကို လှမ်းကန်လိုက်သည်။ “နင်က ဘာကိစ္စ လှဲနေသေးတာလဲ..? တစ်ယောက်ယောက် လာထူပေးမှာကို စောင့်နေတာလား..?!”

ပိုင်လုက နေကာမျက်မှန်ဖယ်ကာ တခြားသရုပ်ဆောင်များကြောင့် ဇာတ်ကွက်တစ်ခုတည်းကို သုံးကြိမ်တိုင်တိုင် ပြန်ရိုက်နေရသော နဉ်ရှီကို အသံတိတ် စောင့်ကြည့်နေခဲ့လေ၏။ နဉ်ရှီသည် သူမကိုအလုပ်ရှုပ်စေသည့်အတွက် တခြားသရုပ်ဆောင်များအပေါ် စိတ်ဆိုးဟန်မရှိ၊ ထိုအစား အစမှအဆုံးထိ အလေးအနက်ထား သရုပ်ဆောင်ပေးနေသည်။

“အိုကေ.. အဆင်ပြေတယ်..!”

နဉ်ရှီက သူမ,ကန်ကျောက်ခဲ့သော သရုပ်ဆောင်ကို လှည့်ကြည့်လိုက်ရင်း အပြုံးလေးဖြင့်..

“တောင်းပန်ပါတယ်.. ကျွန်မ ခြေထောက်အနေအထားကို ထိန်းချုပ်လို့မရလိုက်ဘူး.. အဆင်ပြေရဲ့လားရှင့်..?”

“အဆင်ပြေပါတယ်..” သရုပ်ဆောင်က ဖြတ်လျှောက်သရုပ်ဆောင်များစွာထဲမှ တစ်ယောက်မျှသာ။ ထို့ကြောင့် သူ့အတွက် အခက်အခဲမရှိပါချေ။ နဉ်ရှီကဲ့သို့ ဇာတ်ကောင်ကြီးတစ်ခုကို သရုပ်ဆောင်နေသူက သူ့ကို လေးလေးနက်နက် တောင်းပန်နေ၏။ တစ်ဖက်လူ၏ ထင်မှတ်မထားသော အပြုအမူကြောင့် ထိုသူလည်း ကပျာကယာ လက်ဝှေ့ယမ်းလိုက်ရင်း.. “အဆင်ပြေတယ်.. အဆင်ပြေတယ်.. အစ်မနဉ်ရှီရဲ့ကန်ချက်က ကွက်တိပဲ.. ကြည့်လိုက်ရင် အရမ်းအားပြင်းသလိုနဲ့ ကျွန်တော့်ကို နည်းနည်းလေးမှ မထိဘူး..”

“ရှင်အဆင်ပြေလို့ တော်သေးတယ်..” နဉ်ရှီက လက်ဖြင့် ယပ်တောင်သဖွယ် ယပ်ခပ်လိုက်ရင်း.. “မေလထဲ ဝင်ရုံရှိသေးတယ်.. အရမ်းပူလိုက်တာနော်.. ဇွန်လရောက်ရင်တော့ ကျွန်မတို့ အသားကင်ဖြစ်ပြီ..”

“Excuse me.. မင်းက နဉ်ရှီလား..?”

မကြားဖူးသော အသံတစ်ခုကြောင့် နဉ်ရှီလည်း အံ့ဩတကြီး လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ပခုံးအထက် ဆံနွယ်ရှည်များဖြင့် အနီရောင်ဂါဝန်ဝတ် အမျိုးသမီးတစ်ယောက် သူမ၏ရှေ့တွင် မတ်တပ်ရပ်နေသည်ကို မြင်လိုက်ရလေ၏။

အိုက်ယား.. နဉ်ရှီ ထိုအလှလေးကို မြင်ဖူးနေပြီးသားပင်။

“ဟယ်လို..” နဉ်ရှီက ခေါင်းညိတ်ပြလိုက်သည်။ တစ်ဖက်လူက မိတ်မဆက်လာခင် သူမလည်း အရမ်းကာရော ဖော်ရွေမပြချင်ပါချေ။

“အစ်မရှီရှီ..” လူအများအပြား ရောက်လာတာကို သတိပြုမိလိုက်တာကြောင့် ရှောင်ယန်လည်း နဉ်ရှီဘေးနားသို့ ကပျာကယာ ပြေးလာခဲ့သည်။ သူက သံသယမျက်ဝန်းများဖြင့် ပိုင်လုတို့လူတစ်စုကို ကြည့်လိုက်ကာ.. “မေးပါရစေ.. ရှင်တို့က ဘယ်သူတွေလဲ..? ရိုက်ကူးရေးလုပ်နေဆဲမို့ ပရိသတ်လက်ခံလို့ မရသေးပါဘူးရှင့်..”

“ပရိသတ်..?” ကျင်းချန်က အိပ်ကပ်ထဲလက်ထည့်ကာ ခနဲ့တဲ့တဲ့ရေရွတ်ရင်း ပိုင်လုဘေးနား ရောက်ချလာသည်။ သူက နဉ်ရှီကို စိုက်ကြည့်ကာ.. “မစ်နဉ်.. ထပ်တွေ့ပြန်ပြီနော်..”

သူ့ရဲ့စကားထဲမှ အထင်အမြင်သေးမှုကို ခံစားမိတာကြောင့် ရှောင်ယန်၏နှလုံးသားထဲ ဒေါသတရားတို့ဖြင့် ဆူပွက်လာတော့၏။ တစ်ဖက်လူအား ပြန်ပြောရန် ပါးစပ်ဖွင့်မည်အလုပ် နဉ်ရှီက သူမ၏လက်ကို ဆွဲလိုက်လေသည်။

နဉ်ရှီက အနှီလူချမ်းသာသူဌေးသားသမီးများကို ပြုံးပြလိုက်ရင်း..

“ကျွန်မတို့ အရင်ကတွေ့ဖူးလို့လား..? ခွင့်လွှတ်ပါရှင်.. ကျွန်မက မှတ်ဉာဏ်သိပ်မကောင်းဘူး.. စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်..”

ထိုတခဏမှာပင် ကျင်းချန် မျက်နှာပျက်သွားရသည်။

တုခန် ခေါင်းငုံ့လိုက်ကာ ရယ်ချင်စိတ်ကို ကြိုးစားထိန်းချုပ်ရင်း ခေါင်းဟန့်လိုက်မိ၏။ သူ့ခမျာ ရယ်မိတော့မလိုပင် ဖြစ်သွားရသည်။ ဤနဉ်ရှီဟူသော အမျိုးသမီးလေးက ‘အရိုးကြေလက်ဝါးသိုင်းကွက်’ကို တကယ်ကြီး ထုတ်သုံးပစ်ခဲ့သည်။ သူမ၏ စကားလုံးတိုင်းက ယဉ်ကျေးပျူငှာသယောင် ထင်မှတ်ရပါသော်လည်း မသိမသာဖြင့် ကျင်းချန်ကို အရူးကွက်နင်းမရအောင် ပိတ်ရိုက်လိုက်ခြင်းပင်။

ငါဒီလိုမျိုးမတွေးသင့်ပေမယ့်… တကယ့်ကို… စိတ်ထဲလန်းဆန်းသွားတာပဲ..!

ထိုမတိုင်ခင်က တုခန်သည် ပြဿနာတက်မှာကြောက်၍ ချန်းရှီကွေ့ထံ လျှို့ဝှက်မက်ဆေ့ ပို့ခဲ့သေးသည်။ ဤကိစ္စအပေါ် ချန်းရှီကွေ့ အရေးစိုက်သည်ဖြစ်စေ၊ အရေးမစိုက်သည်ဖြစ်စေ၊ အနည်းဆုံးတော့ အကြောင်းကြားနိုင်ခဲ့သည့်အတွက် တုခန်၏စိတ်ထဲ စိတ်သက်သာရာရမိ၏။

အခြေအနေမူမမှန်တော့မှန်း သတိထားမိသည်နှင့် ရုပ်ရှင်အဖွဲ့သားများထဲမှ အရပ်ရှည်ရှည် လူကောင်ထွားထွား အဖွဲ့သားအများစုက ချက်ချင်း ဝန်းရံလာတော့သည်။ ကင်မရာမန်းကလည်း ကင်မရာအဖုံးကို အသင့်ဖွင့်ထားလိုက်သည်။ တစ်ဖက်က လက်မြှောက်အနိုင်ကျင့်သည်နှင့် သူကလည်း သက်သေရအောင် ချက်ချင်း ဓာတ်ပုံရိုက်ထားမည်ပင်။

“ဘာမှမဖြစ်ပါဘူး.. သူတို့က မြို့တော်ရဲ့ လူလေးစားခံ မြို့မျက်နှာဖုံးတွေပါ..” နဉ်ရှီက ပြုံးလိုက်ရင်း ကျင်းချန်နှင့်ပိုင်လုကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ခုန်းယွီဟန်ဘက်လှည့်ကာ ပြောလိုက်သည်။ “ဒါရိုက်တာခုန်း.. တခြားဇာတ်ကွက်တွေ ဆက်ရိုက်ထားလို့ရပါတယ်.. ကျွန်မ သူတို့နဲ့ စကားနည်းနည်းပြောလိုက်ဦးမယ်..”

ခုန်းယွီဟန်က ထိုလူအုပ်ကြီးကို သံသယမျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။ နဉ်ရှီ၏ သတိပေးစကားအရ ထိုလူများဟာ ဆန့်ကျင်၍ကောင်းသည့် လူတန်းစားများမဟုတ်ကြောင်း နားလည်လိုက်တာကြောင့်..

“တစ်ခုခုရှိရင် လှမ်းခေါ်လိုက်နော်..”

ကျင်းချန်က ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ အကဲခတ်လိုက်၏။ ရုပ်ရှင်အဖွဲ့သားများသည် သူတို့အလုပ် သူတို့လုပ်နေသယောင် ထင်မှတ်ရပါသော်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် သူတို့အဖွဲ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေကြလေသည်။ တချို့ဆိုလျှင် ဖုန်းခိုးထုတ်ကာ အသင့်ပြင်ထားသည်။

သူတို့ဘာဖြစ်ချင်နေကြတာလဲ..?

ဓာတ်ပုံရိုက်စရာ ဘာရှိလို့လဲ..?!

သူ့လိုလူတစ်ယောက်က သရုပ်ဆောင်ပေါက်စလေးကို ကိုယ်ထိလက်ရောက် လုပ်စရာလား..?!

“မစ်နဉ်အကြောင်း ကြားဖူးနေတာကြာပြီ.. ဒီနေ့တော့ တကူးတက လာနှုတ်ဆက်တာပါ..” ပိုင်လုက နဉ်ရှီကို ပြုံးပြလိုက်ရင်း.. “ကျွန်မက ပိုင်မျိုးနွယ်ပါ.. အစ်ကိုချန်းရဲ့ သူငယ်ချင်းလေ..”

သူတို့နှစ်ယောက်လုံး အမျိုးသမီးများဖြစ်တာကြောင့် ချန်းရှီကွေ့နာမည်ပါလာသည်နှင့် ပိုင်လု ရောက်လာသည့် ရည်ရွယ်ချက်ကို နဉ်ရှီ သဘောပေါက်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်များ ကော့တက်သွားပြီး.. “ဆိုတော့ ဒီဘက်က ပိုင်မိသားစုရဲ့ သခင်မလေးပေါ့.. ရိုင်းပြမိခဲ့ရင် တောင်းပန်ပါတယ်နော်.. နေရောင်က အရမ်းစူးလွန်းတယ်.. အရိပ်ရတဲ့နေရာ အရင်သွားရအောင်လား..”

“ကောင်းသားပဲ..” ပိုင်လုလည်း နဉ်ရှီနောက်မှ လိုက်သွားလိုက်သည်။

အရိပ်အောက်ရောက်သည်နှင့် နဉ်ရှိက သူမ၏ထိုင်ခုံကို ပိုင်လုထိုင်ရန် ပေးလိုက်ပြီး သူမက ပလက်စတစ်ထိုင်ခုံလေးပေါ်တွင် ထိုင်လိုက်သည်။

“ရိုက်ကွင်းနေရာဆိုတော့ အဆင်ပြေသလိုပဲ ထိုင်ကြတာ.. မစ်ပိုင် စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်..”

ပိုင်လုက အပေါစားအထည်ကြမ်းကိုဝတ်ကာ ပလက်စတစ်ထိုင်ခုံပေါ် ထိုင်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။ သူမ ထိုင်နေပုံက ပေါ့ပေါ့ပါးပါးပင်။ သို့သော် တစ်ဖက်လူထံမှ ရွံ့မုန်းဖွယ်အငွေ့အသက်မျိုး ရှာမရပါချေ။

“ခုနက မစ်နဉ် မြင်းစီးနေတဲ့ပုံကလေ.. အရမ်းဆွဲဆောင်မှုရှိတာပဲနော်..”

“ပိုင်လုလို မိန်းမလှလေးတစ်ယောက်ဆီက ချီးမွမ်းခံရတယ်ဆိုတော့ ကျွန်မ ဂုဏ်ယူရမှာပေါ့..” နဉ်ရှီက ရှောင်ယန် ကမ်းပေးလာသော အအေးဗူးကိုယူကာ အဖုံးဖွင့်လိုက်သည်။ ပြီးနောက် ပိုင်လုထံ ကမ်းပေးလိုက်ရင်း နူးညံ့သိမ်မွေ့စွာသော အပြုံးလေးဖြင့်.. “သောက်ပါဦး..”

“ကျေးဇူးတင်ပါတယ်..”

ပိုင်လုက အအေးကိုယူကာ တစ်ငုံသောက်လိုက်သည်။ ရေအေးအေးများ လည်ချောင်းတစ်လျှောက် စီးဝင်သွားခါမှ ထိုကဲ့သို့ ပေါပေါပဲပဲအအေးမျိုး တစ်ခါမှမသောက်ဖူးခဲ့ကြောင်း သတိရမိသည်။

ဘာလို့သောက်လိုက်မိပါလိမ့်..?

သူမ နဉ်ရှီကို မော့ကြည့်လိုက်မိသည်။ ထိုအချိန်တွင် နဉ်ရှီက ရေမော့သောက်နေလေ၏။ ချွေးစက်များက လည်တိုင်ကျော့ကျော့တစ်လျှောက် စီးကျနေလေပြီး တစ်ဖက်သူ၏နှလုံးသားကို ကိုင်လှုပ်နိုင်သည်အထိ ဆွဲဆောင်မှုရှိနေတော့သည်။

ပိုင်လုတစ်ယောက် မထိန်းချုပ်နိုင်တော့ဘဲ သူမ,လက်ထဲမှ အအေးဗူးကို နောက်တစ်ကြိမ် မော့သောက်မိပြန်သည်။

***

ချန်းကုမ္ပဏီဌာနချုပ်၏ ဥက္ကဋ္ဌအခန်းတွင်၊ ချန်းရှီကွေ့သည် အမည်မသိ ပေးပို့လာသော Message တစ်စောင်ကို ဖွင့်ဖတ်လိုက်၏။ ဖတ်ပြီးသည်နှင့် မျက်နှာပျက်ယွင်းသွားခဲ့သည်။

သူ့ရဲ့ဦးလေးနှင့်အန်တီက သူတို့၏သားသမီးများကို အလိုလိုက်လွန်းသည်။ ကျင်းချန်၏စရိုက် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ချန်းရှီကွေ့ ကောင်းကောင်းသိထား၏။

“သူဌေး..?” အလုပ်ကိစ္စတင်ပြနေသော အတွင်းရေးမှူးခမျာ ဘော့ဖြစ်သူ၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာထားကြောင့်.. “တစ်ခုခုမှားသွားလို့လား..?”

“မမှားဘူး..” ချန်းရှီကွေ့က ဖုန်းကိုပြန်ချလိုက်ကာ အပေါ်ထပ်ကုတ်အင်္ကျီကို ယူလိုက်သည်။ ပြီးနောက် ခြေလှမ်းကျယ်ကြီးများဖြင့် လှမ်းထွက်သွားရင်း.. “ငါအပြင်ခဏသွားဦးမယ်..”

သူ ဘယ်အရာကိုမှမကြောက်၊ သို့သော် နဉ်ရှီ အနိုင်ကျင့်ခံရမှာကိုတော့ ကြောက်မိသည်။

………………………………………………..

[Zawgyi]

“နဉ္ရွီ.. ျမင္းေပၚက ဆင္းလိုက္တဲ့အခန္းေလ.. ေခ်ာေခ်ာေမြ့ေမြ့ပဲေနာ္.. ၾကၫ့္ရတာ ျမင္းစီးစြမ္းရည္ သိပ္မဆိုးပံုပဲ..”

တကယ္ေတာ့ ခုန္းယြီဟန္က ျမင္းစီးသၫ့္အခန္းကို  လူစားထိုးရိုက္ကူးရန္ စီစဉ္ထားၿပီးသားပင္။ သို႔ေသာ္ ထင္မွတ္မထားပဲ နဉ္ရွီက ျမင္းဘယ္လိုစီးရမလဲဆိုတာ ေကာင္းေကာင္း နားလည္ေနခဲ့သည္။

“‘Yunyue of Han Dynasty’ အတြက္ တကူးတက သင္ထားရတာေလ..” ရာသီဥတုက အရမ္းပူလြန္းေသာေၾကာင့္ ေခြၽးထြက္ေနသည္ထင့္။ နဉ္ရွီ ေခါင္းေမာ့ကာ အားပါးတရ ေရေသာက္ခ်လိုက္သည္။ သူမ၏မိတ္ကပ္ဆရာက တစ္ခါတည္း မိတ္ကပ္ျပန္ျပင္ေပးသည္။ “ကုမၸဏီက ကြၽန္မရဲ့မ်က္ႏွာနဲ႔ဆို ေရွးေခတ္ဇာတ္ကားေတြနဲ႔ ေက်ာ္ၾကားလာႏိုင္တယ္တဲ့.. အဲ့တာေၾကာင့္ လူရွာၿပီးေတာ့ေတာင္ ေသခ်ာ သင္ေပးထားတာ..”

‘Yunyue of Han Dynasty’ ကို တရားဝင္ မထုတ္လႊင့္ရေသးေသာ္လည္း နာမည္သတင္းက အရမ္းေက်ာ္ၾကားေနၿပီျဖစ္သည္။ ရုပ္သံဌာနႏွင့္ Online Platform ေတာ္ေတာ္မ်ားမ်ားက ထိုဇာတ္ကားကို အရင္ဆံုးထုတ္လႊင့္ႏိုင္ရန္ ယွဉ္ၿပိဳင္လာၾက၏။ ထို႔ေၾကာင့္ မထုတ္လႊင့္ခင္မွာပင္ ဇာတ္လမ္းက လူသိမ်ားေနေလၿပီ။

ထိုဇာတ္ကားထဲတြင္ နဥ္ရွီလည္း ပါဝင္သရုပ္ေဆာင္ဖူးေၾကာင္း ခုန္းယြီဟန္ၾကားေသာ္ သူမက ၿပံဳးလိုက္ကာ.. “ဒါရိုက္တာရႈ ရိုက္ထားတာဆိုေတာ့ အမာခံပရိသတ္ေတြနဲ႔ နာမည္ႀကီးလာဦးမွာပဲ..”

ပို၍အေရးႀကီးသည္မွာ ထိုဇာတ္ကားထဲတြင္ ဇာတ္ကားႀကီးတစ္ခုထဲ ပါဝင္ခဲ့ၿပီးေနာက္ အမ်ိဳးသမီးသရုပ္ေဆာင္ေခတ္ တဖန္ျပန္လည္ဆန္းသစ္ေစခဲ့ေသာ က်ိဳးရင္ဟုန္ ပါဝင္ေနျခင္းျဖစ္၏။ ထိုအခ်က္ျဖင့္ပင္ ပရိသတ္မ်ားစြာ၏အာရံုကို ဖမ္းစားႏိုင္ေပလိမ့္မည္။ အႏွီရုပ္ရွင္ထဲတြင္ ပါဝင္ႏိုင္ခဲ့ျခင္းက နဉ္ရွီ၏ ကံေကာင္းမႈပါပင္။

“ကြၽန္မတို႔ရုပ္ရွင္လည္း ထုတ္လႊင့္ၿပီးတာနဲ႔ က်ိန္းေသေပါက္ နာမည္ႀကီးလာမွာပါ..” နဉ္ရွီက ေရကုန္ေအာင္ေသာက္ကာ ဓာတ္ဆားရည္ပုလင္းကို ေဘးခ်ထားလိုက္သည္။ ၿပီးေနာက္ တျဖည္းျဖည္း ျမင့္တက္လာေသာ ေနေရာင္ျခည္ကို ေမာ့ၾကၫ့္လိုက္ရင္း.. “ဇာတ္ကြက္နည္းနည္းေလာက္ ဆက္ရိုက္လို႔ရေသးတယ္.. မြန္းလြဲမွ နားၾကတာေပါ့..”

အေစာကတည္းက မနက္ခင္းရိုက္ကြက္မ်ားကို အၿပီးသတ္ရန္ အစီအစဉ္ဆြဲၿပီးသားျဖစ္ရာ ခုန္းယြီဟန္လည္း ေခါင္းညိတ္ျပလိုက္သည္။ နဉ္ရွီ၏အဆင့္အတန္းက ထူးျခားသည္မို႔ ခုန္းယြီဟန္က သူမကို ဖိအားေပး၍မရေပ။ သို႔ေသာ္ ယခုေတာ့ နဉ္ရွီကိုယ္တိုင္ ဆက္လက္ရိုက္ကူးရန္ ေျပာလာေသာအခါ အဘယ္ေၾကာင့္ ျငင္းဆန္ေနဦးမည္နည္း။

“အခန္း ၉၊ ဇာတ္ကြက္ ၅၊ Ready one.. two.. three.. action..!”

ပိုင္လုက လွလွပပေလး Drift ဆြဲကာ သူမ၏ကားကို ရပ္တန႔္လိုက္သည္။ ၿပီးေနာက္ ေနကာမ်က္မွန္ထုတ္ကာ ဝတ္ဆင္လိုက္၏။ လူမ်ားစြာ၏ အၾကၫ့္မ်ိဳးမ်ိဳးကို လ်စ္လ်ူရႈက ‘သံုးဘဝ သံုးေရာင္ျခယ္’ ရိုက္ကြင္းသို႔ ဦးတည္သြားလိုက္သည္။

ေနျမင့္ေနၿပီျဖစ္၍ သခင္ေလးတစ္ေယာက္က သူမကို အလိုက္တသိ ထီးေဆာင္းေပးရင္း အေနာက္မွလိုက္ပါလာသည္။

‘သံုးဘဝ သံုးေရာင္ျခယ္’ ရုပ္ရွင္အဖြဲ႔သားလည္း ထူးထူးဆန္းဆန္း ဝတ္စားတတ္ေသာ လူငယ္ေလးမ်ား ရုတ္တရက္ ေရာက္ခ်လာေသာေၾကာင့္ စိတ္ရႈပ္ကုန္ေတာ့သည္။ ထိုလူငယ္ေလးမ်ား၏ မ်က္ႏွာထားအရ ေပ်ာ္ရႊင္ေနပံုမေပၚ။ သူတို႔က ရိုက္ကြင္းကို ျပႆနာရွာရန္ ေရာက္လာျခင္းေလာ။

ပိုင္လုက နဉ္ရွီကို လွမ္းၾကၫ့္လိုက္သည္။ လက္ရိွတြင္ နဉ္ရွီသည္ ေရွးေခတ္အဝတ္အစားျဖင့္ ျမင္းစီးလ်က္ ဓားရွည္တစ္လက္ကို ဝင့္ဝင့္ႂကြားႂကြား ေျမႇာက္ကိုင္ထားၿပီး ရဲစြမ္းသတၲိအျပၫ့္ျဖင့္ ထူးကဲျမင့္ျမတ္ေသာ အရိွန္အဝါမ်ိဳး ထုတ္ေဖာ္ေနေလ၏။

“အားတန္.. ေယာက္်ားႀကီးျဖစ္ၿပီး ရန္သူေတြကို ဓားတစ္ခ်က္မခုတ္ရဲဘဲ ငါ့လိုမိန္းမသားကိုေတာ့ ေလွာင္ေျပာင္ရဲတယ္ေပါ့.. အခု နင္တို႔အားလံုး ငါ့ကို အႏိုင္တိုက္ႏိုင္လို႔လား.. ငါ့ကိုေလွာင္ေျပာင္ဖို႔ ဘယ္သူ သတၲိေပးလိုက္တာလဲ..? နင္တို႔ဘိုးေဘးေတြကို ဘယ္မ်က္ႏွာနဲ႔ သြားေတြ့မွာလဲ..?!” သူမက ျမင္းေပၚမွ လႊားခနဲခုန္ဆင္းလိုက္ကာ ေျမျပင္ေပၚလဲက်ေနေသာ ေယာက္်ားတိုင္းကို ဓားဦးခြၽန္ျဖင့္ၫႊန္လ်က္.. “နင္တို႔သာ ေယာက္်ားစစ္ရင္ က်ူးေက်ာ္သူေတြကို သြားတိုက္ခိုက္ၾကစမ္းပါ.. မိန္းမတစ္ေယာက္ကို ေလွာင္ေျပာင္ၿပီး နင္တို႔ရဲ့သနားစရာ ေယာက္်ားသိကၡာကို ထိန္းသိမ္းမေနၾကနဲ႔..”

“မတ္တပ္ရပ္..!” သူမက အနားမွာရိွသၫ့္ တစ္ေယာက္ကို လွမ္းကန္လိုက္သည္။ “နင္က ဘာကိစၥ လွဲေနေသးတာလဲ..? တစ္ေယာက္ေယာက္ လာထူေပးမွာကို ေစာင့္ေနတာလား..?!”

ပိုင္လုက ေနကာမ်က္မွန္ဖယ္ကာ တျခားသရုပ္ေဆာင္မ်ားေၾကာင့္ ဇာတ္ကြက္တစ္ခုတည္းကို သံုးႀကိမ္တိုင္တိုင္ ျပန္ရိုက္ေနရေသာ နဉ္ရွီကို အသံတိတ္ ေစာင့္ၾကၫ့္ေနခဲ့ေလ၏။ နဉ္ရွီသည္ သူမကိုအလုပ္ရႈပ္ေစသၫ့္အတြက္ တျခားသရုပ္ေဆာင္မ်ားအေပၚ စိတ္ဆိုးဟန္မရိွ၊ ထိုအစား အစမွအဆံုးထိ အေလးအနက္ထား သရုပ္ေဆာင္ေပးေနသည္။

“အိုေက.. အဆင္ေျပတယ္..!”

နဉ္ရွီက သူမ,ကန္ေက်ာက္ခဲ့ေသာ သရုပ္ေဆာင္ကို လွၫ့္ၾကၫ့္လိုက္ရင္း အၿပံဳးေလးျဖင့္..

“ေတာင္းပန္ပါတယ္.. ကြၽန္မ ေျခေထာက္အေနအထားကို ထိန္းခ်ဳပ္လို႔မရလိုက္ဘူး.. အဆင္ေျပရဲ့လားရွင့္..?”

“အဆင္ေျပပါတယ္..” သရုပ္ေဆာင္က ျဖတ္ေလ်ွာက္သရုပ္ေဆာင္မ်ားစြာထဲမွ တစ္ေယာက္မ်ွသာ။ ထို႔ေၾကာင့္ သူ႔အတြက္ အခက္အခဲမရိွပါေခ်။ နဉ္ရွီကဲ့သို႔ ဇာတ္ေကာင္ႀကီးတစ္ခုကို သရုပ္ေဆာင္ေနသူက သူ႔ကို ေလးေလးနက္နက္ ေတာင္းပန္ေန၏။ တစ္ဖက္လူ၏ ထင္မွတ္မထားေသာ အျပဳအမူေၾကာင့္ ထိုသူလည္း ကပ်ာကယာ လက္ေဝ႔ွယမ္းလိုက္ရင္း.. “အဆင္ေျပတယ္.. အဆင္ေျပတယ္.. အစ္မနဉ္ရွီရဲ့ကန္ခ်က္က ကြက္တိပဲ.. ၾကၫ့္လိုက္ရင္ အရမ္းအားျပင္းသလိုနဲ႔ ကြၽန္ေတာ့္ကို နည္းနည္းေလးမွ မထိဘူး..”

“ရွင္အဆင္ေျပလို႔ ေတာ္ေသးတယ္..” နဉ္ရွီက လက္ျဖင့္ ယပ္ေတာင္သဖြယ္ ယပ္ခပ္လိုက္ရင္း.. “ေမလထဲ ဝင္ရံုရိွေသးတယ္.. အရမ္းပူလိုက္တာေနာ္.. ဇြန္လေရာက္ရင္ေတာ့ ကြၽန္မတို႔ အသားကင္ျဖစ္ၿပီ..”

“Excuse me.. မင္းက နဉ္ရွီလား..?”

မၾကားဖူးေသာ အသံတစ္ခုေၾကာင့္ နဉ္ရွီလည္း အံ့ဩတႀကီး လွၫ့္ၾကၫ့္လိုက္မိသည္။ ထိုအခါ ပခံုးအထက္ ဆံႏြယ္ရွည္မ်ားျဖင့္ အနီေရာင္ဂါဝန္ဝတ္ အမ်ိဳးသမီးတစ္ေယာက္ သူမ၏ေရ႔ွတြင္ မတ္တပ္ရပ္ေနသည္ကို ျမင္လိုက္ရေလ၏။

အိုက္ယား.. နဉ္ရွီ ထိုအလွေလးကို ျမင္ဖူးေနၿပီးသားပင္။

“ဟယ္လို..” နဉ္ရွီက ေခါင္းညိတ္ျပလိုက္သည္။ တစ္ဖက္လူက မိတ္မဆက္လာခင္ သူမလည္း အရမ္းကာေရာ ေဖာ္ေရြမျပခ်င္ပါေခ်။

“အစ္မရွီရွီ..” လူအမ်ားအျပား ေရာက္လာတာကို သတိျပဳမိလိုက္တာေၾကာင့္ ေရွာင္ယန္လည္း နဉ္ရွီေဘးနားသို႔ ကပ်ာကယာ ေျပးလာခဲ့သည္။ သူက သံသယမ်က္ဝန္းမ်ားျဖင့္ ပိုင္လုတို႔လူတစ္စုကို ၾကၫ့္လိုက္ကာ.. “ေမးပါရေစ.. ရွင္တို႔က ဘယ္သူေတြလဲ..? ရိုက္ကူးေရးလုပ္ေနဆဲမို႔ ပရိသတ္လက္ခံလို႔ မရေသးပါဘူးရွင့္..”

“ပရိသတ္..?” က်င္းခ်န္က အိပ္ကပ္ထဲလက္ထၫ့္ကာ ခနဲ႔တဲ့တဲ့ေရရြတ္ရင္း ပိုင္လုေဘးနား ေရာက္ခ်လာသည္။ သူက နဉ္ရွီကို စိုက္ၾကၫ့္ကာ.. “မစ္နဉ္.. ထပ္ေတြ့ျပန္ၿပီေနာ္..”

သူ႔ရဲ့စကားထဲမွ အထင္အျမင္ေသးမႈကို ခံစားမိတာေၾကာင့္ ေရွာင္ယန္၏ႏွလံုးသားထဲ ေဒါသတရားတို႔ျဖင့္ ဆူပြက္လာေတာ့၏။ တစ္ဖက္လူအား ျပန္ေျပာရန္ ပါးစပ္ဖြင့္မည္အလုပ္ နဉ္ရွီက သူမ၏လက္ကို ဆြဲလိုက္ေလသည္။

နဉ္ရွီက အႏွီလူခ်မ္းသာသူေဌးသားသမီးမ်ားကို ၿပံဳးျပလိုက္ရင္း..

“ကြၽန္မတို႔ အရင္ကေတြ့ဖူးလို႔လား..? ခြင့္လႊတ္ပါရွင္.. ကြၽန္မက မွတ္ဉာဏ္သိပ္မေကာင္းဘူး.. စိတ္ထဲမထားဖို႔ ေမ်ွာ္လင့္ပါတယ္..”

ထိုတခဏမွာပင္ က်င္းခ်န္ မ်က္ႏွာပ်က္သြားရသည္။

တုခန္ ေခါင္းငံု႔လိုက္ကာ ရယ္ခ်င္စိတ္ကို ႀကိဳးစားထိန္းခ်ဳပ္ရင္း ေခါင္းဟန႔္လိုက္မိ၏။ သူ႔ခမ်ာ ရယ္မိေတာ့မလိုပင္ ျဖစ္သြားရသည္။ ဤနဉ္ရွီဟူေသာ အမ်ိဳးသမီးေလးက ‘အရိုးေၾကလက္ဝါးသိုင္းကြက္’ကို တကယ္ႀကီး ထုတ္သံုးပစ္ခဲ့သည္။ သူမ၏ စကားလံုးတိုင္းက ယဉ္ေက်းပ်ူငွာသေယာင္ ထင္မွတ္ရပါေသာ္လည္း မသိမသာျဖင့္ က်င္းခ်န္ကို အရူးကြက္နင္းမရေအာင္ ပိတ္ရိုက္လိုက္ျခင္းပင္။

ငါဒီလိုမ်ိဳးမေတြးသင့္ေပမယ့္… တကယ့္ကို… စိတ္ထဲလန္းဆန္းသြားတာပဲ..!

ထိုမတိုင္ခင္က တုခန္သည္ ျပႆနာတက္မွာေၾကာက္၍ ခ်န္းရွီေကြ့ထံ လ်ိႈ႔ဝွက္မက္ေဆ့ ပို႔ခဲ့ေသးသည္။ ဤကိစၥအေပၚ ခ်န္းရွီေကြ့ အေရးစိုက္သည္ျဖစ္ေစ၊ အေရးမစိုက္သည္ျဖစ္ေစ၊ အနည္းဆံုးေတာ့ အေၾကာင္းၾကားႏိုင္ခဲ့သၫ့္အတြက္ တုခန္၏စိတ္ထဲ စိတ္သက္သာရာရမိ၏။

အေျခအေနမူမမွန္ေတာ့မွန္း သတိထားမိသည္ႏွင့္ ရုပ္ရွင္အဖြဲ႔သားမ်ားထဲမွ အရပ္ရွည္ရွည္ လူေကာင္ထြားထြား အဖြဲ႔သားအမ်ားစုက ခ်က္ခ်င္း ဝန္းရံလာေတာ့သည္။ ကင္မရာမန္းကလည္း ကင္မရာအဖံုးကို အသင့္ဖြင့္ထားလိုက္သည္။ တစ္ဖက္က လက္ေျမႇာက္အႏိုင္က်င့္သည္ႏွင့္ သူကလည္း သက္ေသရေအာင္ ခ်က္ခ်င္း ဓာတ္ပံုရိုက္ထားမည္ပင္။

“ဘာမွမျဖစ္ပါဘူး.. သူတို႔က ၿမိဳ႔ေတာ္ရဲ့ လူေလးစားခံ ၿမိဳ႔မ်က္ႏွာဖံုးေတြပါ..” နဉ္ရွီက ၿပံဳးလိုက္ရင္း က်င္းခ်န္ႏွင့္ပိုင္လုကို တစ္ခ်က္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ ခုန္းယြီဟန္ဘက္လွၫ့္ကာ ေျပာလိုက္သည္။ “ဒါရိုက္တာခုန္း.. တျခားဇာတ္ကြက္ေတြ ဆက္ရိုက္ထားလို႔ရပါတယ္.. ကြၽန္မ သူတို႔နဲ႔ စကားနည္းနည္းေျပာလိုက္ဦးမယ္..”

ခုန္းယြီဟန္က ထိုလူအုပ္ႀကီးကို သံသယမ်က္ဝန္းမ်ားျဖင့္ လွၫ့္ၾကၫ့္လိုက္သည္။ နဉ္ရွီ၏ သတိေပးစကားအရ ထိုလူမ်ားဟာ ဆန႔္က်င္၍ေကာင္းသၫ့္ လူတန္းစားမ်ားမဟုတ္ေၾကာင္း နားလည္လိုက္တာေၾကာင့္..

“တစ္ခုခုရိွရင္ လွမ္းေခၚလိုက္ေနာ္..”

က်င္းခ်န္က ပတ္ဝန္းက်င္ကို တည္ၿငိမ္စြာ အကဲခတ္လိုက္၏။ ရုပ္ရွင္အဖြဲ႔သားမ်ားသည္ သူတို႔အလုပ္ သူတို႔လုပ္ေနသေယာင္ ထင္မွတ္ရပါေသာ္လည္း ခိုးေၾကာင္ခိုးဝွက္ျဖင့္ သူတို႔အဖြဲ႔ကို မ်က္စိေဒါက္ေထာက္ ေစာင့္ၾကၫ့္ေနၾကေလသည္။ တခ်ိဳ႕ဆိုလ်ွင္ ဖုန္းခိုးထုတ္ကာ အသင့္ျပင္ထားသည္။

သူတို႔ဘာျဖစ္ခ်င္ေနၾကတာလဲ..?

ဓာတ္ပံုရိုက္စရာ ဘာရိွလို႔လဲ..?!

သူ႔လိုလူတစ္ေယာက္က သရုပ္ေဆာင္ေပါက္စေလးကို ကိုယ္ထိလက္ေရာက္ လုပ္စရာလား..?!

“မစ္နဉ္အေၾကာင္း ၾကားဖူးေနတာၾကာၿပီ.. ဒီေန့ေတာ့ တကူးတက လာႏႈတ္ဆက္တာပါ..” ပိုင္လုက နဉ္ရွီကို ၿပံဳးျပလိုက္ရင္း.. “ကြၽန္မက ပိုင္မ်ိဳးႏြယ္ပါ.. အစ္ကိုခ်န္းရဲ့ သူငယ္ခ်င္းေလ..”

သူတို႔ႏွစ္ေယာက္လံုး အမ်ိဳးသမီးမ်ားျဖစ္တာေၾကာင့္ ခ်န္းရွီေကြ့နာမည္ပါလာသည္ႏွင့္ ပိုင္လု ေရာက္လာသၫ့္ ရည္ရြယ္ခ်က္ကို နဉ္ရွီ သေဘာေပါက္လိုက္သည္။ သူမ၏ႏႈတ္ခမ္းေထာင့္မ်ား ေကာ့တက္သြားၿပီး.. “ဆိုေတာ့ ဒီဘက္က ပိုင္မိသားစုရဲ့ သခင္မေလးေပါ့.. ရိုင္းျပမိခဲ့ရင္ ေတာင္းပန္ပါတယ္ေနာ္.. ေနေရာင္က အရမ္းစူးလြန္းတယ္.. အရိပ္ရတဲ့ေနရာ အရင္သြားရေအာင္လား..”

“ေကာင္းသားပဲ..” ပိုင္လုလည္း နဉ္ရွီေနာက္မွ လိုက္သြားလိုက္သည္။

အရိပ္ေအာက္ေရာက္သည္ႏွင့္ နဉ္ရိွက သူမ၏ထိုင္ခံုကို ပိုင္လုထိုင္ရန္ ေပးလိုက္ၿပီး သူမက ပလက္စတစ္ထိုင္ခံုေလးေပၚတြင္ ထိုင္လိုက္သည္။

“ရိုက္ကြင္းေနရာဆိုေတာ့ အဆင္ေျပသလိုပဲ ထိုင္ၾကတာ.. မစ္ပိုင္ စိတ္မကြက္ဖို႔ ေမ်ွာ္လင့္ပါတယ္..”

ပိုင္လုက အေပါစားအထည္ၾကမ္းကိုဝတ္ကာ ပလက္စတစ္ထိုင္ခံုေပၚ ထိုင္ေနေသာ အမ်ိဳးသမီးကို ၾကၫ့္လိုက္သည္။ သူမ ထိုင္ေနပံုက ေပါ့ေပါ့ပါးပါးပင္။ သို႔ေသာ္ တစ္ဖက္လူထံမွ ရြံ႔မုန္းဖြယ္အေငြ့အသက္မ်ိဳး ရွာမရပါေခ်။

“ခုနက မစ္နဉ္ ျမင္းစီးေနတဲ့ပံုကေလ.. အရမ္းဆြဲေဆာင္မႈရိွတာပဲေနာ္..”

“ပိုင္လုလို မိန္းမလွေလးတစ္ေယာက္ဆီက ခ်ီးမြမ္းခံရတယ္ဆိုေတာ့ ကြၽန္မ ဂုဏ္ယူရမွာေပါ့..” နဉ္ရွီက ေရွာင္ယန္ ကမ္းေပးလာေသာ အေအးဗူးကိုယူကာ အဖံုးဖြင့္လိုက္သည္။ ၿပီးေနာက္ ပိုင္လုထံ ကမ္းေပးလိုက္ရင္း ႏူးညံ့သိမ္ေမြ့စြာေသာ အၿပံဳးေလးျဖင့္.. “ေသာက္ပါဦး..”

“ေက်းဇူးတင္ပါတယ္..”

ပိုင္လုက အေအးကိုယူကာ တစ္ငံုေသာက္လိုက္သည္။ ေရေအးေအးမ်ား လည္ေခ်ာင္းတစ္ေလ်ွာက္ စီးဝင္သြားခါမွ ထိုကဲ့သို႔ ေပါေပါပဲပဲအေအးမ်ိဳး တစ္ခါမွမေသာက္ဖူးခဲ့ေၾကာင္း သတိရမိသည္။

ဘာလို႔ေသာက္လိုက္မိပါလိမ့္..?

သူမ နဉ္ရွီကို ေမာ့ၾကၫ့္လိုက္မိသည္။ ထိုအခ်ိန္တြင္ နဉ္ရွီက ေရေမာ့ေသာက္ေနေလ၏။ ေခြၽးစက္မ်ားက လည္တိုင္ေက်ာ့ေက်ာ့တစ္ေလ်ွာက္ စီးက်ေနေလၿပီး တစ္ဖက္သူ၏ႏွလံုးသားကို ကိုင္လႈပ္ႏိုင္သည္အထိ ဆြဲေဆာင္မႈရိွေနေတာ့သည္။

ပိုင္လုတစ္ေယာက္ မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ သူမ,လက္ထဲမွ အေအးဗူးကို ေနာက္တစ္ႀကိမ္ ေမာ့ေသာက္မိျပန္သည္။

***

ခ်န္းကုမၸဏီဌာနခ်ဳပ္၏ ဥကၠ႒အခန္းတြင္၊ ခ်န္းရွီေကြ့သည္ အမည္မသိ ေပးပို႔လာေသာ Message တစ္ေစာင္ကို ဖြင့္ဖတ္လိုက္၏။ ဖတ္ၿပီးသည္ႏွင့္ မ်က္ႏွာပ်က္ယြင္းသြားခဲ့သည္။

သူ႔ရဲ့ဦးေလးႏွင့္အန္တီက သူတို႔၏သားသမီးမ်ားကို အလိုလိုက္လြန္းသည္။ က်င္းခ်န္၏စရိုက္ မည္မ်ွေၾကာက္မက္ဖြယ္ေကာင္းသည္ကို ခ်န္းရွီေကြ့ ေကာင္းေကာင္းသိထား၏။

“သူေဌး..?” အလုပ္ကိစၥတင္ျပေနေသာ အတြင္းေရးမွဴးခမ်ာ ေဘာ့ျဖစ္သူ၏ ရုတ္တရက္ ေျပာင္းလဲသြားေသာ မ်က္ႏွာထားေၾကာင့္.. “တစ္ခုခုမွားသြားလို႔လား..?”

“မမွားဘူး..” ခ်န္းရွီေကြ့က ဖုန္းကိုျပန္ခ်လိုက္ကာ အေပၚထပ္ကုတ္အက်ႌကို ယူလိုက္သည္။ ၿပီးေနာက္ ေျခလွမ္းက်ယ္ႀကီးမ်ားျဖင့္ လွမ္းထြက္သြားရင္း.. “ငါအျပင္ခဏသြားဦးမယ္..”

သူ ဘယ္အရာကိုမွမေၾကာက္၊ သို႔ေသာ္ နဉ္ရွီ အႏိုင္က်င့္ခံရမွာကိုေတာ့ ေၾကာက္မိသည္။

………………………………………………..

واصل القراءة

ستعجبك أيضاً

230K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
321K 6.5K 11
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...
280K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...