system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.14)

4.9K 645 41
By TeeKo0

Unicode

ဝမ်ရိပေါ်၏ လက်ထဲတွင် ထက်ရှသည့်ဓားရှည်တစ်ချောင်းရှိနေပြီး ဓားထိပ်ဖျားကနေ သွေးတွေတစ်တောက်တောက်စီးကျနေ၏။ ရှောင်ကျန့်အပေါ် တိတ်တဆိတ်လုပ်ကြံမှုက ဝမ်ရိပေါ်၏ အဆုံးစွန်သောဒေါသနှင့် ဖုံးကွယ်ထားသောမျက်နှာမှန်ကို ဖော်ထုတ်သွားသည်။

ရှောင်ကျန့်က လေးကြိုးကိုဆွဲတင်လိုက်ရင်းသူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုဖြစ်ထွန်းလာသည်။ ဟုတ်တာပေါ့။ သူ့ယောက်ျားက သူ့အရှေ့မှာ အသုံးမကျတဲ့ ခွေးပေါက်ကြီး သဏ္ဍာန်အမြဲ ဖမ်းနေတတ်သော်လည်း ဒါက စွမ်းဆောင်ရည်ကင်းမဲ့တဲ့ ဧကရာဇ်တစ်ပါးဟု မဆိုလိုပေ။

ဧကရာဇ်မင်းက ဧကရီနဲ့အတူ တိုက်ခိုက်မှုတွင်ပါဝင်လာသည်။ ဝမ်ရိပေါ်ဟာ အနားကပ်လာသည့် လုပ်ကြံသူအားလုံးကို သူ့လက်ထဲက ဓားရှည်အား လွှဲယမ်း၍ အလွယ်တကူ တားဆီး သည်။ သူ့ဓားချက်မိလိုက်သူတိုင်း ရှောင်ချိန်ပင် မရလိုက်ပဲ အသတ်ခံလိုက်ရသည်သာ။

ရှောင်ကျန့်ရှေ့တွင်တစ်ချိန်လုံး ဖုံးဖိထားသည့် သူ့ရဲ့သွေးအေးရက်စက်သည့် ပုံသဏ္ဍာန်အမှန်မှာ ထင်ထင်ရှားရှားပေါ်ပေါက်လာသည်။

ဧကရာဇ်မင်းအပြင် ဧကရီကိုယ်တိုင် ဒီလောက်ထိ မကြောက်မလန့်တိုက်ခိုက်နိုင်လိမ့်မည်ဟုမည်သူမှမထင်မှတ်ထားပေ။ ဒါ့အပြင်နှစ်ယောက်လုံးက အရမ်းအတွဲညီညီလှုပ်ရှားကြခြင်းဖြစ်သည်။

လုပ်ကြံသူတော်တော်များများ ရှင်းထုတ်ခံလိုက်ရပြီးနောက် တစ်ခြားလူတွေနည်းတူ ပုန်းခိုနေသည့် အမတ်ယောင်ဟာ နောက်ထပ် အကူတွေထပ်ရောက်လာခြင်းမရှိကြောင်းသတိထားမိလိုက်သည်။ရုတ်တရက်ဆိုသလို အမတ်ယောင်၏ ဘေးဘက်သို့ မြှားတစ်ချောင်းဟာ ပြင်းပြင်းထန်ထန် စိုက်ဝင်သွားသည်။

ထိတ်လန့်ကြောက်ရွံ့သွားသည့်အမတ်ယောင်ဟာ မြေပြင်ထက်သို့ ဖင်ထိုင်ရက်ပြုတ်ကျသွား၏။ တရားခံကိုကြည့်လိုက်တော့ ဧကရီကိုယ်တိုင်ပင်ဖြစ်သည်။ ဧကရီ၏ မျက်နှာလေးမှာ လှောင်ပြုံးသေးသေးလေးတစ်ခုနဲ့အတူ သူ့ကို စိုက်ကြည့်နေလေသည်။

အမတ်ယောင်၏ စိတ်ထဲအေးစက်သွားပြီး ပတ်ဝန်းကျင်ရှိ လုပ်ကြံသူအားလုံးမှာလုံးဝရှင်းလင်းသွားပြီဖြစ်ကြောင်းကိုလည်းသတိထားမိလိုက်သည်။ အခြေအနေမဟန်တော့မှန်းနားလည်သည်နှင့် ချက်ချင်းလှည့်ပြေးရန်ပြင်လိုက်သော်လည်းပဲ ဘယ်က ထွက်လာမှန်းမသိသည့် အစောင့်တွေ၏ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။

ဝမ်တိုင်းပြည်၏ စစ်သူကြီးချုပ်က အမဲလိုက်ဝင်းထဲ ရောက်ရှိလာပြီး ဝမ်ရိပေါ်နှင့်ရှောင်ကျန့်ရှေ့တွင် ဒူးထောက်လိုက်သည်။

" ပြင်ပက လုပ်ကြံသူအားလုံးကိုရှင်းလင်းပြီးပါပြီ အရှင်"

"ကောင်းတယ်"

ဝမ်ရိပေါ်က အမူအရာမဲ့စွာ ခေါင်းငြှိမ့်ပြလိုက်ရင်း ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သည်။ အစောင့်တပ်ဖွဲ့ရဲ့ပိတ်ဆို့မှုကြောင့် ရာထူးအသီးသီးရှိ အမတ်တွေအပါအဝင် အမဲလိုက်ပွဲတွင် ပါဝင်ဆင်နွှဲလာသူတိုင်း ဒီနေရာမှတင်ရှိနေသေးသည်။ ကံကောင်းတာတစ်ခုက အသေအပျောက် မရှိပေ။

ရွှယ်ရင်းရင်းကို ပြောရရင်တော့....သူမရဲ့ ဇာတ်လိုက်မ ကံတရားက တကယ့်ကိုသာမန်မဟုတ်​ချေ။ အသေအပျောက်မရှိသော်လည်းပဲ လူတစ်ချို့မှာဒဏ်ရာ အနည်းနဲ့အများတော့ ရခဲ့ကြရသည်။ သို့ပေမယ့် ရွှယ်ရင်းရင်းကိုယ်တိုင်ကတော့ ရွှယ်အမတ်ကြီး၏ ကျေးဇူးကြောင့် လုံခြုံသည့်နေရာသို့ ဆွဲခေါ်ခြင်းခံလိုက်ရပြီး ပေါင်မှာစိုက်ဝင်နေဆဲဖြစ်သည့်ဓားမြောင်မှလွဲ၍ မည်သည့် ဒဏ်ရာ မည်သည့်ခြစ်ရာမှ မရရှိခဲ့ချေ။

သူမကိုယ်တိုင်ကတော့ လုပ်ကြံမှုလုပ်ငန်းစဥ် စကတည်းက အကြောက်လွန်ပြီး သတိလစ်သွားချေပြီ။

လုပ်ကြံမှု ဖြစ်စဥ်က မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားသည်။

ယောင်အမတ်ကြီးက သူကြီးကြီးကျယ်ကျယ် ကြံစည်ခဲ့ရသမျှ ထိုမျှနှင့်တင် အဆုံးသတ်ပြီး မိသွားသည်ကို လက်မခံနိုင်ပေ။ သူအသနားခံချင်သော်လည်း ဧကရာဇ်၏ လူသေကောင်လို မျက်လုံးတွေကို မြင်တွေ့လိုက်ရသောအခါတွင် သူ့အတွက် လွတ်လမ်းမရှိနိုင်တော့ကြောင်း နားလည်လိုက်သည်။ အနည်းဆုံးတော့......အနည်းဆုံးတော့ သူတစ်ယောက်တည်း ဒုက္ခခံရတာထက် တစ်ခြားလူတစ်ယောက်ကိုဆွဲခေါ်သွားတာပိုပြီးခံစားရသက်သာနိုငိသည်။

"အရှင်မင်းကြီး!!အမှန်တော့ ပုန်ကန်မှုမှာ ရွှယ်အမတ်ကြီးက ကြံရာပါ တစ်ယောက်ပါ"

လူတိုင်းမျက်လုံးပြူးကုန်သည်။ ရွှယ်အမတ်ကြီးဟာ သူ့နားကိုပင်သူမယုံနိုင်လောက်အောင် ကြောင်အ သွားရင်း ထိတ်လန့်တုန်လှုပ်မှု တစ်ရပ်မှာ သူ့ရင်တွင်းမှဖုံးကွယ်မရအောင်ထွက်ပေါ်လာသည်။

သူအမှတ်တကယ် ဘာဆိုဘာမှမသိပေ။

"မဟုတ်!!! အရှင်မင်းကြီး....ကျွန်တော်မျိုးရဲ့ စိတ်နှလုံး၊ဝိဥာဥ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တိုင်းပြည်အတွက်အပ်နှံထားပြီးသားပါ....ပုန်ကန်ဖို့ကိစ္စကို ကျွန်တော်မျိုး တွေးတောင်မတွေးဖူးပါဘူး"

"ဟမ့်....သူလိမ်နေတာပါအရှင်....သူ့ရဲ့ သမီးက ဘာကြောင့် ဧကရီကို စော်ကားပြောဆိုနေတယ်ထင်ပါသလဲ....သူမက လူတိုင်းရဲ့အာရုံကို ဆွဲယူနေစဥ်အတောအတွင်း လုပ်ကြံသူတွေ ချောင်းမြောင်းလုပ်ကြံနိုင်အောင် အချိန်ဆွဲပေးနေတဲ့သဘောပါ ....ဒါကို ရွှယ်အမတ်ကြီးရဲ့ ဆန္ဒမပါပဲ သူမ ပြုလုပ်နိုင်မယ်လို့ ထင်ပါသလား အရှင်...."

လူတိုင်း၏ ထူးဆန်းသည့် ထင်ကြေးပေးသော အကြည့်အမျိုးမျိုးမှာ ရွှယ်အမတ်ကြီးဆီ ကျရောက်လာသည်။ ပထမတွင် သူတို့ကိုယ်တိုင်လဲ ရွှယ်ရင်းရင်း အနေနဲ့ ဘာအကြောင်းကြောင့် ဧကရီကို အဓိပ္ပါယ်မရှိ ကိုယ့်သေတွင်းကိုယ်တူးပြီးပြဿနာရှာနေကြောင်းနားမလည်ကြချေ။

အခုတော့ ယောင်အမတ်၏ စကားက လွန်စွာအကျိုးအကြောင်းသင့်ပြီး လူတိုင်းစိတ်ထဲ သံသယကို တိုးသထက် တိုးပွားလာစေသည်။

ရွှယ်အမတ် ခမျာ သူ့ပါးစပ်ကိုဖွင့်လိုက် ပိတ်လိုက်ဖြင့် ဘာဆက်ပြောရမှန်းမသိတော့ပေ။ အမှန်တိုင်းပြောရရင် သူ့သမီး ဒီကို ဘယ်လိုရောက်နေမှန်းတောင်သူမသိဘူးမဟုတ်ပါလား။ အခု ယောင်အမတ်ကြီးရဲ့စကားကိုသာ သူငြင်းဆန်လိုက်ရင် သူ့သမီးလေးကို အပြစ်တွေအားလုံးပုံချလိုက်တာနဲ့မတူသွားဘူးလား။ သူအသေအလဲရှင်းပြနေရင်တောင် ဘယ်သူက သူ့ကိုယုံကြည်မှတဲ့လဲ။

အခြေအနေကပိုပြီးရှုပ်ထွေးလာသည့်အခါတွင် ရှောင်ကျန့်ဟာ မျက်နှာတင်းတင်းဖြင့် စကား စလာခဲ့သည်။

"တော်ပြီ!!ဒီကိစ္စကို နောက်နေ့ ညီလာခံမှာ စီရင်မယ်....နိုင်ငံတော်ပုန်ကန်မှုနဲ့ပတ်သပ်နေတာကြောင့် ဧကရာဇ်နဲ့ ဒီဧကရီကိုယ်တိုင် နောက်ဆုံးအမိန့်ကို ဆုံးဖြတ်စစ်ဆေးမယ်"

"အမိန့်တော်မြတ်တိုင်းပါ ဧကရီ!!"

ရှောင်ကျန့်က ဝမ်ရိပေါ်ကို မျက်လုံးထောင့်ကနေလှမ်းကြည့်လိုက်သည်။ ဝမ်ရိပေါ်က သူ့က်ုပြုံးပြုံးလေးဖြင့်ခေါင်းငြှိမ့်ပြသည်။

မင်းစိတ်ကြိုက်လုပ်ပါ။

နောက်နေ့ညီလာခံ၌ ဝမ်ရိပေါ်က ယောင်အမတ်ကြီး၏ လက်အောက်ခံတိုင်းပြည်တစ်ခုနှင့် ထဲထဲဝင်ဝင်ပတ်သတ်ပြီး တိုင်းပြည်ပုန်ကန်မှု သက်သေတွေအားလုံးကိုထုတ်ယူလာသည်။

ရွှယ်အမတ်ကြီးနှင့်ပတ်သတ်၍ သက်သေအထောက်အထား တစ်စက်လေးမှ မရှိသော်လည်းပဲ ယောင်အမတ်က သေချာပေါက် မရရအောင် ဆွဲချနေသေးသည်။ သူတို့နှစ်ယောက်က အစတည်းက ရန်ညှိုးရန်စ ရှိလေရာ သူတစ်ယောက်တည်း အပြစ်ခံရမှာ မတရားဟု သူခံစားရသည်။

မထင်မှတ်ထားစွာပင် ယောင်အမတ်ကြီးက ဤအမှုကိစ္စတွင် ရွှယ်ရင်းရင်းကိုယ်တိုင်ပါဝင်ပတ်သတ်နေသည့်အကြောင်း သက်သေတစ်ချို့ ထုတ်ယူလာ၏။ ရွှယ်အမတ်ကြီးမှာ သူ့သမီးမှာ လှည့်စားခံခဲ့ရခြင်းဖြစ်ကြောင်း သေလုအောင်ငြင်းဆန်နေသောကြောင့် ရွှယ်ရင်းရင်းကို စစ်ဆေးမေးမြန်းဖို့ရန်ဖြစ်လာသည်။

ညီလာခံအလည်တည့်တည့်တွင် ရွှယ်ရင်းရင်းဟာချိုင်းထောက် ပုံစံ ဖြင့်တစ်စုံတစ်ခုကိုအမှီပြု၍ ကြိုးစားမတ်တပ်ရပ်ရင်း သူမ၏ မျက်နှာမှာသွေးစုတ်ဖြူလျော်နေသည်။ သူမလုပ်လိုက်သည့် ကိစ္စသေးသေးလေးက ဒီလောက်ထိပြဿနာကြီးသွားမှန်းသူမ လုံးဝမထင်မှတ်ထားခဲ့ချေ။

ရှောင်ကျန့်က ပျင်းရိစွာ ပုလ္လင်ကိုကျောမှီရင်း ရွှယ်ရင်းရင်းကိုမေးလိုက်သည်။

"ဒီဧကရီ မေးမယ်....ဒီပုန်ကန်မှုကိစ္စမှာ မင်းကိုယ်တိုင်ကိုယ့်သဘောနဲ့ကိုယ်ပါဝင်ခဲ့တာလား....ဒါမှမဟုတ် ရွှယ်အမတ်ကြီးရဲ့ ခိုင်းစေမှုကြောင့်လား"

ရွှယ်ရင်းရင်းက နှုတ်ခမ်းကိုခပ်တင်းတင်းကိုက်လိုက်ရင်း ရှောင်ကျန့်ကို မုန်းတီးစွာမော့ကြည့်လိုက်သည်။ ရှောင်ကျန့်က လှောင်ပြုံးသေးသေးလေးသာ ပြုံးလိုက်သော်လည်း ဝမ်ရိပေါ်၏ မျက်နှာမှာတော့ သုန်မှုန်ပြီး မဲမှောင်နေလေသည်။

ရွှယ်ရင်းရင်းက ဝမ်ရိပေါ်၏ အကြည့်ကိုမြင်သောအခါတွက် ထိတ်လန့်တုန်လှုပ်စွာ ဂဏာမငြိမ်သည့် မျက်လုံးတွေဖြင့်အကြည့်လွှဲလိုက်သည်။

တစ်ဖက်တွင် ဖမ်းချုပ်ခံထားရသည့် သူအဖေ၏ အမှန်တိုင်းပြောဖို့ရန် အားပေးသောမျက်လုံးတွေကိုမြင်သည့်အခါတွင် စိတ်မလုံမလဲဖြင့် လက်ညှိုးနဲ့လက်မကို ဖိလိုက်မိသည်။

ဝမ်ရိပေါ်က တင်းမာသည့်အသံဖြင့် စိတ်မရှည်စွာအသံထွက်လာ၏။

"ပြောလေ!!!"

"ဟို....ဟို....ကျွန်မ ဖိအားပေးခံရတာပါ"

ရွှယ်အမတ်ကြီး၏ မျက်နှာ ခဏတာမျှဝင်းပ လာသော်လည်း ရွှယ်ရင်းရင်း၏ နောက်ထပ် ပြောလာသည့် စကားက သူ့ဘဝတစ်ခုလုံးကို ဟိုး ချောက်နက်ထဲထိဆွဲခေါ်သွားသည်။

"အဖေက ကျွန်မ ဧကရီကိုအရှက်ခွဲပြီး အကုန်လုံးသတိလက်လွတ် အာရုံစိုက်လာစေဖို့ အတင်းအကြပ်ခိုင်းစေခဲ့တာပါ...အဟင့်...."

"....."

ရွှယ်အမတ်ကြီး၏ မျက်လုံးတွေမှာမယုံကြည်နိုင်မှုနဲ့အတူ ပြူးကျယ်နေပြီး ဒါသူ့သမီးအရင်းမှဟုတ်ရဲ့လားလို့တောင် အတွေးဝင်လာသည်။ သူဘယ်တုန်းကများ သူမကိုဆိုးဆိုးဝါးဝါးဆက်ဆံမိလို့လဲ။

ရွှယ်ရင်းရင်းက ဆက်ပြောသည်။

"အဖေက သူခိုင်းတဲ့အတိုင်းသာ မလုပ်ရင် ကျ...ကျွန်မကို ပြည့်တန်ဆာအဖြစ် ရောင်းစားမယ်တဲ့....ဝူး...."

ညီလာခံ၌ ရွှယ်ရင်းရင်း၏ ဝမ်းနည်းပက်လက် အော်ငိုသံတစ်သံသာ ထွက်ပေါ်နေသည်။

ဇာတ်လိုက်မ အရှိန်အဝါနှင့်အတူ လူတိုင်း၏ အတွင်းစိတ်ထဲ ယုတ်တိရှိမရှိတောင် မတွေးတောနိုင်တော့ပဲ ရွှယ်ရင်းရင်းကိုဂရုဏာသက်မိလာကြသည်။ သူမ၏ စကားထဲ၌ ဟာကွက်တွေပြည့်နှက်နေသော်လည်းပဲ သူမရဲ့ ဝမ်းနည်းဆို့နင့်နေသည့်မျက်လုံးဝိုင်းကြီးတွေထဲကနေ မျက်ရည်တွေတစ်လှိမ့်လှိမ့်စီးကျလာပုံက လူတိုင်းလိုလို၏ သနားညှာတာမှုကိုနှိုးဆွနေသည်။

ရှောင်ကျန့်က ဇာတ်လိုက်မရဲ့ ဒရမ်မာကိုကြည့်ရင်း အတော်လေး အံ့အားသင့်နေသည်။ သူမ ကသူ့ကိုယ့်သူ ကြာပန်းဖြူလေးလို တစ်ချိန်လုံးသဘောထားနေတာမဟုတ်ဘူးလား။ ပြီးတော့ ရွှယ်အမတ်ကြီးဆိုတာ သူမ ဘယ်လောက် အမှားတွေလုပ်လုပ် ထိပ်ဆုံးက ကာကွယ်ပေးတတ်မှန်း သူသေချာသိသည်။ ရွှယ်အမတ်ကြီးက တကယ့်ကို ဖခင်ကောင်းတစ်ယောက်ပင်။

ဒါပေမယ့် သိပ်စဥ်းစားစရာမလိုပဲ ရှောင်ကျန့်က ရွှယ်ရင်းရင်းဘာကြောင့် ဒီလိုပြုမူရလဲဆိုတာ နားလည်သွားသည်။

ဇာတ်လိုက်မက သေရမှာကြောက်သည်။ သူမကိုယ်သူမ ဘယ်လောက်ပင် ဖြူစင်သဘောကောင်းတဲ့ ခြောက်ပြစ်ကင်းသဲလဲစင် ကြာပန်းဖြူလေးအဖြစ် သတ်မှတ်ထားသော်လည်းပဲ သူမသာ ရှင်သန်ခွင့်ရခဲ့ရင် ဘာမဆို ချနင်းပြစ်ဖို့ဝန်မလေးပေ။

တကယ်လို့ ရွှယ်အမတ်ကြီးပြောတဲ့အတိုင်း ကိုယ့်စိတ်နဲ့ကိုယ် ယောင်အမတ်၏ သွေးဆောင်ခြင်းကိုခံယူခဲ့ပြီး ပုန်ကန်မှုထဲပါဝင်ခဲ့သည်ဟုဝန်ခံခဲ့ရင် အနည်းဆုံးသေဒဏ်က လွတ်ရင်တောင် ထောင်တော့ကျပေလိမ့်မည်။ ယောင်အမတ်ကြီးက သူမကို ခြိမ်းခြောက်ကာ အကြပ်ကိုင်ပါသည်ဟု ဝန်ခံခဲ့ရင်လည်း သူမ၏နောက်တွင် ထောက်ကန်ပေးထားသည့် ရွှယ်အမတ်ကြီးကိုယ်တိုင်ရှိရက်နဲ့ အဆင့်အတန်းတူ ယောင်အမတ်၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်မှာ သံသယဝင်စရာကောင်းသည်။

ဒါ့အပြင် ယောင်အမတ်ကြီးကလည်း ထိုသို့အဖြေမျိုးပေးရင် အသည်းအသန်ငြင်းဆိုလျက် သူမရဲ့ လုပ်ရပ်တွေအားလုံးဘူးပေါ်သလိုပေါ်ကုန်ပေလိမ့်မည်။ ဒါကြောင့် သံသယအဝင်ခံရနိုင်သော်ငြားလည်း ယောင်အမတ်ကျေနပ်စေရန်အတွက် သူမအဖေကို သူမကိုယ်တိုင်ထိုးကျွေး၍ ကိုယ်လွတ်ရုန်းရုံအပြင်မတတ်နိုင်ပေ။ အနည်းဆုံးတော့ ယောင်အမတ်၏ ရည်ရွယ်ချက်မှာပြီးမြောက်သွားပြီဖြစ်တာကြောင့် အပြစ်ကင်းစင်တဲ့ သူမကို ထပ်မံပြစ်မှတ်ထားနေတော့မည်မဟုတ်ပေ။

ရှောင်ကျန့်ဟာ ဆွံ့အ ၍သွားသည်။ သူကအနည်းဆုံးတော့ ဇာတ်လိုက်မက ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို သိတတ်နားလည်မည်ဟု ထင်မှတ်ထားတာဖြစ်သည်။ ရွှယ်အမတ်ကြီးဆိုတာ သူမကို ငယ်စဥ်ကတည်းက အချစ်တွေအများကြီးဖြင့် ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ အဖေအရင်းကြီးလေ။

ကြည့်ရတာ သူ ရွှယ်ရင်းရင်ရဲ့ စိတ်ဓာတ်ကို အထင်ကြီးမိသွားသည့်ပုံပင်။

အစတုန်းကတော့ ကြာပန်းဖြူဇာတ်လိုက်မ အနေနဲ့ သူမ အဖေကိုအတတ်နိုင်ဆုံးကယ်တင်ဖို့ရန်ကြိုးစားမည်ထင်ခဲ့သေးသည်။ ထိုအခါတွင် သဘောထားကြီးသည့်ဟန်ဖြင့် ဧကရီက ပြစ်မှုတွေကိုလျစ်လျူရှု့၍  အပြစ်ရှိတဲ့ ဇာတ်လိုက်မအပါအဝင် ရွှယ်အမတ်ကြီးကိုကင်းလွတ်ခွင့်ပြုလိုက်မည်ဟု။

အခုတော့ သူတကယ် ဒီဇာတ်လိုက်မကို ခပ်ကြာကြာလွှတ်ပေးချင်စိတ်မရှိတော့ပေ။

သူဝမ်ရိပေါ်နားတိုးကပ်သွားလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။

"ရွှယ်ရင်းရင်း ပုန်ကန်မှုထဲကိုယ့်စိတ်နဲ့ကိုယ်ဝင်ပါခဲ့တဲ့အကြောင်း သက်သေတိတိကျကျ ရှိတယ်မဟုတ်လား"

"အင်း....လိုချင်လို့လား"

"ဟုတ်တယ်....ဖုံးထားချင်စိတ်မရှိတော့ဘူး....အကုန်ဖော်ထုတ်လိုက်တာပိုကောင်းတယ်"

မဟုတ်ရင် အမတ်ကောင်းတစ်ယောက်ဖြစ်သည့် ရွှတ်အမတ်ကြီးကို လုံးဝလက်လွှတ်လိုက်ရပေလိမ့်မည်။ ယုတ်မာကောက်ကျစ်သည့် သမီးတစ်ယောက်ကြောင့် အရင်ဘဝတည်းက ခံစားခဲ့ရပြီးပြီမဟုတ်ပါလား။ ဒီဘဝမှာတော့ သူ့သမီးရဲ့ အစစ်အမှန်မျက်နှာကိုမြင်ရုံနဲ့တင် လုံလောက်ပြီ။

ဝမ်ရိပေါ်က သူ့ လက်ကို ဝှေ့ယမ်းရင်း အစောင့် တစ်ယောက်ကို အချက်ပြလိုက်သည်။

"လူ သက်သေကို ဆွဲထုတ်လာခဲ့"

အစောင့်က စုတ်ပျက်နေသည့် အဝတ်တွေနှင့်မိန်းကလေးတစ်ယောက်ကို ညီလာခံ ခန်းမအလည်သို့ဆွဲထုတ်လာသည်။

ထိုအစေခံ၏ မျက်နှာကိုမြင်သည့်အခါတွင် ရွှယ်ရင်းရင်း၏မျက်နှာမှာ လူသေကောင်ကဲ့သို့ဖြူစုတ်သွားပြီး သူမ ရင်ထဲမကောင်းတဲ့ခံစားချက်တွေမှာ ပြည့်လျှံလာသည်။

သူမကြောက်လွန်းလို့ မျက်ရည်လည်လာသည်။ ဖြစ်နိုင်ရင် အခုချိန်၌ လူတိုင်း၏ အာရုံကိုဆွဲဆောင်နိုင်ဖို့ရန် ရှောင်းမေဆိုသည့်မိန်းမ ကို ငေါက်ကနဲနှလုံးရပ်ပြီး လဲသေသွားစေချင်နေသည်။

မကောင်းတဲ့မိန်းမယုတ်။ အားလုံးအဲ့ဒီမိန်းမကြောင့်။ သူ့ကြောင့်သာမဟုတ်ရင် သူမအဖေကို ဆွဲချရသည်အထိ ကျဥ်းထဲ ကြပ်ထဲရောက်လာခဲ့မှာမဟုတ်ဘူး။

အစောင့် ဆွဲခေါ်လာသည့်မိန်းကလေးမှာ ရွှယ်ရင်းရင်း၏ အနီးကပ် အစေခံမိန်းကလေးဖြစ်သူ အားမြောင် ပင်ဖြစ်သည်။ ရွှယ်ရင်းရင်း၏ အယုံကြည်ရဆုံး အစေခံမိန်းကလေးဖြစ်တာကြောင့် ဇာတ်လိုက်မ လုပ်သမျှအရာအားလုံးမြင်ဖူးတွေ့ဖူးသည်။ ထို ထဲ၌ရွှယ်ရင်းရင်း အမတ်ယောင်နှင့် ပုန်ကန်မှုကိစ္စအလုံးစုံတောင်ပါဝင်သေးသည်။

ဧကရာဇ်ကို ပိုင်ဆိုင်ခွင့်ရတော့မည်ဟု စိတ်ကူးယဥ်ပျော်မွေ့နေသည့် ရွှယ်ရင်းရင်းဟာ သူမရဲ့ကိုယ်ပိုင်အစေခံ အားမြောင်ကို အားလုံးဖောက်သည်ချလျက် ပျော်ပျော်ရွှင်ရွှင်ကြီးပြောချခဲ့လေသည်။

အခုတော့ သူမလုပ်ရပ်မှာကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်လာခဲ့ချေပြီ။

ရှောင်ကျန့်က သူ့နှုတ်ခမ်းထောင့်စွန်းလေးကိုပင့်တင်ရင်း စတင်မေးမြန်းလိုက်သည်။

"မင်းက ရွှယ်ရင်းရင်းရဲ့ ကိုယ်ပိုင်အစေခံ အားမြောင် နော်"

"ဟုတ်...ဟုတ်ပါတယ် ဧကရီ"

အစပိုင်းတွင် မည်သည့်အတွက်ကြောင့် အစေခံ မိန်းကလေးတစ်ယောက်ကို ခေါ်ထုတ်လိုက်မှန်း နားမလည်သည့် ညီလာခံထဲရှိ ရာထူးအဆင့်ဆင့်က အမတ်တွေဟာ တစ်ခုခုကိုသဘောပေါက်သွားသလိုခံစားလိုက်ရသည်။ ​ကြည့်ရတာ ဧကရာဇ်နဲ့ဧကရီက အဖြစ်မှန်ကိုသိပြီးသားဖြစ်နေပုံပင်။

ရှောင်ကျန့်က ပျင်းရိစွာဆက်မေးသည်။

"ဒီဧကရီ တည့်ပဲမေးမယ်....ရွှယ်ရင်းရင်း က ယောင်အမတ်ကြီးနဲ့ ပူးပေါင်းခဲ့တာ ဘာအကြောင်းကြောင့်လဲ"

"ဟို...ဟို...."

"အမှန်တိုင်းပြော!"

အစေခံမလေး၏ခန္ဓာကိုယ်မှာ ကြောက်လန့်မှုကြောင့်တုန်ရီ သွားသည်။ သူမဘယ်လိုလုပ် တိုင်းပြည်ရဲ့ ဖခင်နဲ့မိခင်နှစ်ပါးကို လိမ်ညာရဲတဲ့ သတ္တိရှိမှာလဲ။ ပြီးတော့ အားလုံးကို အမှန်တိုင်းဖွင့်ပြောပြီးသားပဲလေ။

"အမှန်တကယ်တော့ သခင်မလေးက ဧကရာဇ်မင်းကိုတပ်မက်နေတာကြာပါပြီ...."

ညီလာခံတစ်ခုလုံးတိတ်ဆိတ်သွားသည်။ အားမြောင်က ဆက်မပြောရဲတော့သလို ခေါင်းငုံ့ထားသည်။ ရှောင်ကျန့်ရဲ့ မျက်ဝန်းတစ်စုံမှာ ရေခဲတွေဖြာထွက်နေသည်ဟုထင်မှတ်ရပြီး သူ့အသံမှာ အရာအားလုံးကိုထွင်းဖောက်သွားသလိုမျိုး လူတိုင်းကိုတုန်ရီသွားစေသည်။

"ဆက်ပြော..."

"သ...သခင်မလေးကို ယောင်အမတ်က လာကမ်းလှမ်းတယ်....သူ..သူတို့က ဧကရီကို ရှင်းပြစ်ချင်လို့တဲ့....ပြီးရင် ဧကရာဇ်က သခင်မလေးရဲ့ အပိုင်ဖြစ်လာနိုင်ပြီလို့ သွေးဆောင်ခဲ့တယ်...."

"....."

ညီလာခံတစ်ခုလုံး ဘာပြောရမှန်းမသိတော့လောက်အောင် ဆွံ့အ မှင်သပ်နေသည်။ ရွှယ်ရင်းရင်းက လူတိုင်း၏ ရွံရှာစက်စုပ်သည့်အကြည့်တွေကို ခံစားမိသည့် အခါတွင် သူမ ကြောက်လန့်မှုနဲ့အတူ ရူးသွပ်သွားသည်။

"အား!!!.....ခွေးမ အားမြောင်....ငါ့ကိုသစ္စာဖောက်ရဲတယ်....."

ရွှယ်ရင်းရင်းဟာ ငြင်းဆန်ဖို့ရန်မေ့လျောသွားသည့်ပုံပင်။ သူမရဲ့လုပ််ရက်က အားမြောင်ပြောသည်မှာ အမှန်တွေသာဖြစ်ကြောင်း တိုက်ရိုက် ဝန်ခံသွားသည်နှင့်တူ၏။

ရွှယ်ရင်းရင်းက အားမြောင်ကို ရိုက်နှက်ဖို့ရန် ထော့နဲ့ ထော့နဲ့ဖြင့် ပြေးဝင်သွားသော်လည်း အစောင့်တွေရဲ့ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။ ရွှယ်ရင်းရင်း၏ ပြုမူပုံက အားမြောင်ရဲ့မျက်ဝန်းတွေကိုနီရဲတတ်လာစေပြီး သူမ တစ်သက်လုံးမတရား ခံစားလာခဲ့ရသမျှကို ဖွင့်ထုတ်မိသွားစေသည်။

"ရှင့်ကိုသစ္စာဖောက်တာတဲ့လား!!တကယ့်တရားခံကရှင်လေ....ရှင်ကငယ်ငယ်လေးထဲက သူများပိုင်ဆိုင်တဲ့အရာတွေကိုလုယူရတာကြိုက်တယ်....ကျွန်မ အသက်ထက်တန်ဖိုးထားခဲ့ရတဲ့ မိဘအမွေအနှစ် ဆွဲသီးလေးကို လုယူပြီး ရေထဲလွှင့်ပြစ်ခဲ့တာဘယ်သူလဲ.....ရှင်စားချင်တဲ့ စပျစ်သီးလေး မရှိတာကြောင့်နဲ့ ကျွန်မ တစ်ပါတ်တိတိဒူးထောက်ခဲ့ရတာ ဘာကြောင့်လဲ.....ရှင်အငတ်ထားလို့ စားဖိုဆောင်က အစားအသောက် အကြွင်းအကျန်လေးတွေ ခိုးစားခဲ့မိတာကို အသေအလဲ ကြိမ်ဒဏ်ပေးခဲ့တာ ဘယ်သူလဲ.....ထားလိုက်ပါ....ဒီ့ထက်ပိုဆိုးတဲ့ အရာအားလုံးကိုကျွန်မ သည်းခံနိုင်ပါတယ်...."

"....."

"ဒါပေမယ့် ကျွန်မ နှလုံးသားတစ်ခုလုံးဖြစ်တဲ့ ၃နှစ်အရွယ်မောင်လေးကို ရေထဲတွန်းချပြီး အားရပါးရအော်ရယ်ခဲ့တဲ့ကိစ္စကို ဘယ်လိုမျက်နှာနဲ့များ ဆက်ကြည့်နေရအုံးမှာလဲ!!....ကျွန်မမောင်လေး အဲ့ဒီကိစ္စကြောင့်ပဲ ငါးရက်တိတိ ဖျားနာခဲ့ပြီးအသက်ဆုံးရှုံးခဲ့ရတယ်လေ.....အဲ့အခါမှ ကျွန်မ အနားမှာ စိတ်မကောင်းတဲ့မျက်လုံးတွေနဲ့ ဝမ်းနည်းကြောင်း လာနှစ်သိမ့်ပေးခဲ့တာကရော.... ဖြစ်နိုင်ရင် ကျွန်မ အော်သာရယ်လိုက်ချင်တယ်....ဒါတွေအားလုံးကရှင် ကျွန်မ အနာထဲ ဆားထည့်သိပ်နေတာပဲ မဟုတ်ဘူးလား.....ဒါကိုများ ကိုယ့်ကိုယ်ကို ဖြူစင်အပြစ်ကင်းစင်တဲ့ပုံမှတ်ယူထားသေးတာ ကျွန်မဖြင့် ယုံတောင်မယုံကြည်နိုင်ဘူး"

_________________________________________________________

Zawgyi

ဝမ္ရိေပၚ၏ လက္ထဲတြင္ ထက္ရွသည့္ဓားရွည္တစ္ေခ်ာင္းရွိေနၿပီး ဓားထိပ္ဖ်ားကေန ေသြးေတြတစ္ေတာက္ေတာက္စီးက်ေန၏။ ေရွာင္က်န့္အေပၚ တိတ္တဆိတ္လုပ္ႀကံမႈက ဝမ္ရိေပၚ၏ အဆုံးစြန္ေသာေဒါသႏွင့္ ဖုံးကြယ္ထားေသာမ်က္ႏွာမွန္ကို ေဖာ္ထုတ္သြားသည္။

ေရွာင္က်န့္က ေလးႀကိဳးကိုဆြဲတင္လိုက္ရင္းသူ႕ႏႈတ္ခမ္းေထာင့္မွာ အၿပဳံးတစ္ခုျဖစ္ထြန္းလာသည္။ ဟုတ္တာေပါ့။ သူ႕ေယာက္်ားက သူ႕အေရွ႕မွာ အသုံးမက်တဲ့ ေခြးေပါက္ႀကီး သ႑ာန္အၿမဲ ဖမ္းေနတတ္ေသာ္လည္း ဒါက စြမ္းေဆာင္ရည္ကင္းမဲ့တဲ့ ဧကရာဇ္တစ္ပါးဟု မဆိုလိုေပ။

ဧကရာဇ္မင္းက ဧကရီနဲ႕အတူ တိုက္ခိုက္မႈတြင္ပါဝင္လာသည္။ ဝမ္ရိေပၚဟာ အနားကပ္လာသည့္ လုပ္ႀကံသူအားလုံးကို သူ႕လက္ထဲက ဓားရွည္အား လႊဲယမ္း၍ အလြယ္တကူ တားဆီး သည္။ သူ႕ဓားခ်က္မိလိုက္သူတိုင္း ေရွာင္ခ်ိန္ပင္ မရလိုက္ပဲ အသတ္ခံလိုက္ရသည္သာ။

ေရွာင္က်န့္ေရွ႕တြင္တစ္ခ်ိန္လုံး ဖုံးဖိထားသည့္ သူ႕ရဲ႕ေသြးေအးရက္စက္သည့္ ပုံသ႑ာန္အမွန္မွာ ထင္ထင္ရွားရွားေပၚေပါက္လာသည္။

ဧကရာဇ္မင္းအျပင္ ဧကရီကိုယ္တိုင္ ဒီေလာက္ထိ မေၾကာက္မလန့္တိုက္ခိုက္နိုင္လိမ့္မည္ဟုမည္သူမွမထင္မွတ္ထားေပ။ ဒါ့အျပင္ႏွစ္ေယာက္လုံးက အရမ္းအတြဲညီညီလႈပ္ရွားၾကျခင္းျဖစ္သည္။

လုပ္ႀကံသူေတာ္ေတာ္မ်ားမ်ား ရွင္းထုတ္ခံလိုက္ရၿပီးေနာက္ တစ္ျခားလူေတြနည္းတူ ပုန္းခိုေနသည့္ အမတ္ေယာင္ဟာ ေနာက္ထပ္ အကူေတြထပ္ေရာက္လာျခင္းမရွိေၾကာင္းသတိထားမိလိုက္သည္။႐ုတ္တရက္ဆိုသလို အမတ္ေယာင္၏ ေဘးဘက္သို႔ ျမႇားတစ္ေခ်ာင္းဟာ ျပင္းျပင္းထန္ထန္ စိုက္ဝင္သြားသည္။

ထိတ္လန့္ေၾကာက္႐ြံ႕သြားသည့္အမတ္ေယာင္ဟာ ေျမျပင္ထက္သို႔ ဖင္ထိုင္ရက္ျပဳတ္က်သြား၏။ တရားခံကိုၾကည့္လိုက္ေတာ့ ဧကရီကိုယ္တိုင္ပင္ျဖစ္သည္။ ဧကရီ၏ မ်က္ႏွာေလးမွာ ေလွာင္ၿပဳံးေသးေသးေလးတစ္ခုနဲ႕အတူ သူ႕ကို စိုက္ၾကည့္ေနေလသည္။

အမတ္ေယာင္၏ စိတ္ထဲေအးစက္သြားၿပီး ပတ္ဝန္းက်င္ရွိ လုပ္ႀကံသူအားလုံးမွာလုံးဝရွင္းလင္းသြားၿပီျဖစ္ေၾကာင္းကိုလည္းသတိထားမိလိုက္သည္။ အေျခအေနမဟန္ေတာ့မွန္းနားလည္သည္ႏွင့္ ခ်က္ခ်င္းလွည့္ေျပးရန္ျပင္လိုက္ေသာ္လည္းပဲ ဘယ္က ထြက္လာမွန္းမသိသည့္ အေစာင့္ေတြ၏ ဖမ္းခ်ဳပ္ျခင္းကိုခံလိုက္ရသည္။

ဝမ္တိုင္းျပည္၏ စစ္သူႀကီးခ်ဳပ္က အမဲလိုက္ဝင္းထဲ ေရာက္ရွိလာၿပီး ဝမ္ရိေပၚႏွင့္ေရွာင္က်န့္ေရွ႕တြင္ ဒူးေထာက္လိုက္သည္။

" ျပင္ပက လုပ္ႀကံသူအားလုံးကိုရွင္းလင္းၿပီးပါၿပီ အရွင္"

"ေကာင္းတယ္"

ဝမ္ရိေပၚက အမူအရာမဲ့စြာ ေခါင္းျငႇိမ့္ျပလိုက္ရင္း ပတ္ဝန္းက်င္ကိုေဝ့ဝဲၾကည့္လိုက္သည္။ အေစာင့္တပ္ဖြဲ႕ရဲ႕ပိတ္ဆို႔မႈေၾကာင့္ ရာထူးအသီးသီးရွိ အမတ္ေတြအပါအဝင္ အမဲလိုက္ပြဲတြင္ ပါဝင္ဆင္ႏႊဲလာသူတိုင္း ဒီေနရာမွတင္ရွိေနေသးသည္။ ကံေကာင္းတာတစ္ခုက အေသအေပ်ာက္ မရွိေပ။

႐ႊယ္ရင္းရင္းကို ေျပာရရင္ေတာ့....သူမရဲ႕ ဇာတ္လိုက္မ ကံတရားက တကယ့္ကိုသာမန္မဟုတ္ေခ်။ အေသအေပ်ာက္မရွိေသာ္လည္းပဲ လူတစ္ခ်ိဳ႕မွာဒဏ္ရာ အနည္းနဲ႕အမ်ားေတာ့ ရခဲ့ၾကရသည္။ သို႔ေပမယ့္ ႐ႊယ္ရင္းရင္းကိုယ္တိုင္ကေတာ့ ႐ႊယ္အမတ္ႀကီး၏ ေက်းဇူးေၾကာင့္ လုံၿခဳံသည့္ေနရာသို႔ ဆြဲေခၚျခင္းခံလိုက္ရၿပီး ေပါင္မွာစိုက္ဝင္ေနဆဲျဖစ္သည့္ဓားေျမာင္မွလြဲ၍ မည္သည့္ ဒဏ္ရာ မည္သည့္ျခစ္ရာမွ မရရွိခဲ့ေခ်။

သူမကိုယ္တိုင္ကေတာ့ လုပ္ႀကံမႈလုပ္ငန္းစဥ္ စကတည္းက အေၾကာက္လြန္ၿပီး သတိလစ္သြားေခ်ၿပီ။

လုပ္ႀကံမႈ ျဖစ္စဥ္က ျမန္ျမန္ဆန္ဆန္ပင္ ၿပီးဆုံးသြားသည္။

ေယာင္အမတ္ႀကီးက သူႀကီးႀကီးက်ယ္က်ယ္ ႀကံစည္ခဲ့ရသမွ် ထိုမွ်ႏွင့္တင္ အဆုံးသတ္ၿပီး မိသြားသည္ကို လက္မခံနိုင္ေပ။ သူအသနားခံခ်င္ေသာ္လည္း ဧကရာဇ္၏ လူေသေကာင္လို မ်က္လုံးေတြကို ျမင္ေတြ႕လိုက္ရေသာအခါတြင္ သူ႕အတြက္ လြတ္လမ္းမရွိနိုင္ေတာ့ေၾကာင္း နားလည္လိုက္သည္။ အနည္းဆုံးေတာ့......အနည္းဆုံးေတာ့ သူတစ္ေယာက္တည္း ဒုကၡခံရတာထက္ တစ္ျခားလူတစ္ေယာက္ကိုဆြဲေခၚသြားတာပိုၿပီးခံစားရသက္သာနိုငိသည္။

"အရွင္မင္းႀကီး!!အမွန္ေတာ့ ပုန္ကန္မႈမွာ ႐ႊယ္အမတ္ႀကီးက ႀကံရာပါ တစ္ေယာက္ပါ"

လူတိုင္းမ်က္လုံးျပဴးကုန္သည္။ ႐ႊယ္အမတ္ႀကီးဟာ သူ႕နားကိုပင္သူမယုံနိုင္ေလာက္ေအာင္ ေၾကာင္အ သြားရင္း ထိတ္လန့္တုန္လႈပ္မႈ တစ္ရပ္မွာ သူ႕ရင္တြင္းမွဖုံးကြယ္မရေအာင္ထြက္ေပၚလာသည္။

သူအမွတ္တကယ္ ဘာဆိုဘာမွမသိေပ။

"မဟုတ္!!! အရွင္မင္းႀကီး....ကြၽန္ေတာ္မ်ိဳးရဲ႕ စိတ္ႏွလုံး၊ဝိဥာဥ္နဲ႕ခႏၶာကိုယ္တစ္ခုလုံးကို တိုင္းျပည္အတြက္အပ္ႏွံထားၿပီးသားပါ....ပုန္ကန္ဖို႔ကိစၥကို ကြၽန္ေတာ္မ်ိဳး ေတြးေတာင္မေတြးဖူးပါဘူး"

"ဟမ့္....သူလိမ္ေနတာပါအရွင္....သူ႕ရဲ႕ သမီးက ဘာေၾကာင့္ ဧကရီကို ေစာ္ကားေျပာဆိုေနတယ္ထင္ပါသလဲ....သူမက လူတိုင္းရဲ႕အာ႐ုံကို ဆြဲယူေနစဥ္အေတာအတြင္း လုပ္ႀကံသူေတြ ေခ်ာင္းေျမာင္းလုပ္ႀကံနိုင္ေအာင္ အခ်ိန္ဆြဲေပးေနတဲ့သေဘာပါ ....ဒါကို ႐ႊယ္အမတ္ႀကီးရဲ႕ ဆႏၵမပါပဲ သူမ ျပဳလုပ္နိုင္မယ္လို႔ ထင္ပါသလား အရွင္...."

လူတိုင္း၏ ထူးဆန္းသည့္ ထင္ေၾကးေပးေသာ အၾကည့္အမ်ိဳးမ်ိဳးမွာ ႐ႊယ္အမတ္ႀကီးဆီ က်ေရာက္လာသည္။ ပထမတြင္ သူတို႔ကိုယ္တိုင္လဲ ႐ႊယ္ရင္းရင္း အေနနဲ႕ ဘာအေၾကာင္းေၾကာင့္ ဧကရီကို အဓိပ္ပါယ်မရှိ ကိုယ့္ေသတြင္းကိုယ္တူးၿပီးျပႆနာရွာေနေၾကာင္းနားမလည္ၾကေခ်။

အခုေတာ့ ေယာင္အမတ္၏ စကားက လြန္စြာအက်ိဳးအေၾကာင္းသင့္ၿပီး လူတိုင္းစိတ္ထဲ သံသယကို တိုးသထက္ တိုးပြားလာေစသည္။

႐ႊယ္အမတ္ ခမ်ာ သူ႕ပါးစပ္ကိုဖြင့္လိုက္ ပိတ္လိုက္ျဖင့္ ဘာဆက္ေျပာရမွန္းမသိေတာ့ေပ။ အမွန္တိုင္းေျပာရရင္ သူ႕သမီး ဒီကို ဘယ္လိုေရာက္ေနမွန္းေတာင္သူမသိဘူးမဟုတ္ပါလား။ အခု ေယာင္အမတ္ႀကီးရဲ႕စကားကိုသာ သူျငင္းဆန္လိုက္ရင္ သူ႕သမီးေလးကို အျပစ္ေတြအားလုံးပုံခ်လိဳက္တာနဲ႕မတူသြားဘူးလား။ သူအေသအလဲရွင္းျပေနရင္ေတာင္ ဘယ္သူက သူ႕ကိုယုံၾကည္မွတဲ့လဲ။

အေျခအေနကပိုၿပီးရႈပ္ေထြးလာသည့္အခါတြင္ ေရွာင္က်န့္ဟာ မ်က္ႏွာတင္းတင္းျဖင့္ စကား စလာခဲ့သည္။

"ေတာ္ၿပီ!!ဒီကိစၥကို ေနာက္ေန႕ ညီလာခံမွာ စီရင္မယ္....နိုင္ငံေတာ္ပုန္ကန္မႈနဲ႕ပတ္သပ္ေနတာေၾကာင့္ ဧကရာဇ္နဲ႕ ဒီဧကရီကိုယ္တိုင္ ေနာက္ဆုံးအမိန့္ကို ဆုံးျဖတ္စစ္ေဆးမယ္"

"အမိန့္ေတာ္ျမတ္တိုင္းပါ ဧကရီ!!"

ေရွာင္က်န့္က ဝမ္ရိေပၚကို မ်က္လုံးေထာင့္ကေနလွမ္းၾကည့္လိုက္သည္။ ဝမ္ရိေပၚက သူ့က်ုပြုံးပြုံးလေးဖြင့်ခေါင်းငြှိမ့်ပြသည်။

မင္းစိတ္ႀကိဳက္လုပ္ပါ။

ေနာက္ေန႕ညီလာခံ၌ ဝမ္ရိေပၚက ေယာင္အမတ္ႀကီး၏ လက္ေအာက္ခံတိုင္းျပည္တစ္ခုႏွင့္ ထဲထဲဝင္ဝင္ပတ္သတ္ၿပီး တိုင္းျပည္ပုန္ကန္မႈ သက္ေသေတြအားလုံးကိုထုတ္ယူလာသည္။

႐ႊယ္အမတ္ႀကီးႏွင့္ပတ္သတ္၍ သက္ေသအေထာက္အထား တစ္စက္ေလးမွ မရွိေသာ္လည္းပဲ ေယာင္အမတ္က ေသခ်ာေပါက္ မရရေအာင္ ဆြဲခ်ေနေသးသည္။ သူတို႔ႏွစ္ေယာက္က အစတည္းက ရန္ညွိုးရန္စ ရွိေလရာ သူတစ္ေယာက္တည္း အျပစ္ခံရမွာ မတရားဟု သူခံစားရသည္။

မထင္မွတ္ထားစြာပင္ ေယာင္အမတ္ႀကီးက ဤအမႈကိစၥတြင္ ႐ႊယ္ရင္းရင္းကိုယ္တိုင္ပါဝင္ပတ္သတ္ေနသည့္အေၾကာင္း သက္ေသတစ္ခ်ိဳ႕ ထုတ္ယူလာ၏။ ႐ႊယ္အမတ္ႀကီးမွာ သူ႕သမီးမွာ လွည့္စားခံခဲ့ရျခင္းျဖစ္ေၾကာင္း ေသလုေအာင္ျငင္းဆန္ေနေသာေၾကာင့္ ႐ႊယ္ရင္းရင္းကို စစ္ေဆးေမးျမန္းဖို႔ရန္ျဖစ္လာသည္။

ညီလာခံအလည္တည့္တည့္တြင္ ႐ႊယ္ရင္းရင္းဟာခ်ိဳင္းေထာက္ ပုံစံ ျဖင့္တစ္စုံတစ္ခုကိုအမွီျပဳ၍ ႀကိဳးစားမတ္တပ္ရပ္ရင္း သူမ၏ မ်က္ႏွာမွာေသြးစုတ္ျဖဴေလ်ာ္ေနသည္။ သူမလုပ္လိုက္သည့္ ကိစၥေသးေသးေလးက ဒီေလာက္ထိျပႆနာႀကီးသြားမွန္းသူမ လုံးဝမထင္မွတ္ထားခဲ့ေခ်။

ေရွာင္က်န့္က ပ်င္းရိစြာ ပုလႅင္ကိုေက်ာမွီရင္း ႐ႊယ္ရင္းရင္းကိုေမးလိုက္သည္။

"ဒီဧကရီ ေမးမယ္....ဒီပုန္ကန္မႈကိစၥမွာ မင္းကိုယ္တိုင္ကိုယ့္သေဘာနဲ႕ကိုယ္ပါဝင္ခဲ့တာလား....ဒါမွမဟုတ္ ႐ႊယ္အမတ္ႀကီးရဲ႕ ခိုင္းေစမႈေၾကာင့္လား"

႐ႊယ္ရင္းရင္းက ႏႈတ္ခမ္းကိုခပ္တင္းတင္းကိုက္လိုက္ရင္း ေရွာင္က်န့္ကို မုန္းတီးစြာေမာ့ၾကည့္လိုက္သည္။ ေရွာင္က်န့္က ေလွာင္ၿပဳံးေသးေသးေလးသာ ၿပဳံးလိုက္ေသာ္လည္း ဝမ္ရိေပၚ၏ မ်က္ႏွာမွာေတာ့ သုန္မႈန္ၿပီး မဲေမွာင္ေနေလသည္။

႐ႊယ္ရင္းရင္းက ဝမ္ရိေပၚ၏ အၾကည့္ကိုျမင္ေသာအခါတြက္ ထိတ္လန့္တုန္လႈပ္စြာ ဂဏာမၿငိမ္သည့္ မ်က္လုံးေတြျဖင့္အၾကည့္လႊဲလိုက္သည္။

တစ္ဖက္တြင္ ဖမ္းခ်ဳပ္ခံထားရသည့္ သူအေဖ၏ အမွန္တိုင္းေျပာဖို႔ရန္ အားေပးေသာမ်က္လုံးေတြကိုျမင္သည့္အခါတြင္ စိတ္မလုံမလဲျဖင့္ လက္ညွိုးနဲ႕လက္မကို ဖိလိုက္မိသည္။

ဝမ္ရိေပၚက တင္းမာသည့္အသံျဖင့္ စိတ္မရွည္စြာအသံထြက္လာ၏။

"ေျပာေလ!!!"

"ဟို....ဟို....ကြၽန္မ ဖိအားေပးခံရတာပါ"

႐ႊယ္အမတ္ႀကီး၏ မ်က္ႏွာ ခဏတာမွ်ဝင္းပ လာေသာ္လည္း ႐ႊယ္ရင္းရင္း၏ ေနာက္ထပ္ ေျပာလာသည့္ စကားက သူ႕ဘဝတစ္ခုလုံးကို ဟိုး ေခ်ာက္နက္ထဲထိဆြဲေခၚသြားသည္။

"အေဖက ကြၽန္မ ဧကရီကိုအရွက္ခြဲၿပီး အကုန္လုံးသတိလက္လြတ္ အာ႐ုံစိုက္လာေစဖို႔ အတင္းအၾကပ္ခိုင္းေစခဲ့တာပါ...အဟင့္...."

"....."

႐ႊယ္အမတ္ႀကီး၏ မ်က္လုံးေတြမွာမယုံၾကည္နိုင္မႈနဲ႕အတူ ျပဴးက်ယ္ေနၿပီး ဒါသူ႕သမီးအရင္းမွဟုတ္ရဲ႕လားလို႔ေတာင္ အေတြးဝင္လာသည္။ သူဘယ္တုန္းကမ်ား သူမကိုဆိုးဆိုးဝါးဝါးဆက္ဆံမိလို႔လဲ။

႐ႊယ္ရင္းရင္းက ဆက္ေျပာသည္။

"အေဖက သူခိုင္းတဲ့အတိုင္းသာ မလုပ္ရင္ က်...ကြၽန္မကို ျပည့္တန္ဆာအျဖစ္ ေရာင္းစားမယ္တဲ့....ဝူး...."

ညီလာခံ၌ ႐ႊယ္ရင္းရင္း၏ ဝမ္းနည္းပက္လက္ ေအာ္ငိုသံတစ္သံသာ ထြက္ေပၚေနသည္။

ဇာတ္လိုက္မ အရွိန္အဝါႏွင့္အတူ လူတိုင္း၏ အတြင္းစိတ္ထဲ ယုတ္တိရွိမရွိေတာင္ မေတြးေတာနိုင္ေတာ့ပဲ ႐ႊယ္ရင္းရင္းကိုဂ႐ုဏာသက္မိလာၾကသည္။ သူမ၏ စကားထဲ၌ ဟာကြက္ေတြျပည့္ႏွက္ေနေသာ္လည္းပဲ သူမရဲ႕ ဝမ္းနည္းဆို႔နင့္ေနသည့္မ်က္လုံးဝိုင္းႀကီးေတြထဲကေန မ်က္ရည္ေတြတစ္လွိမ့္လွိမ့္စီးက်လာပုံက လူတိုင္းလိုလို၏ သနားညွာတာမႈကိုႏွိုးဆြေနသည္။

ေရွာင္က်န့္က ဇာတ္လိုက္မရဲ႕ ဒရမ္မာကိုၾကည့္ရင္း အေတာ္ေလး အံ့အားသင့္ေနသည္။ သူမ ကသူ႕ကိုယ့္သူ ၾကာပန္းျဖဴေလးလို တစ္ခ်ိန္လုံးသေဘာထားေနတာမဟုတ္ဘူးလား။ ၿပီးေတာ့ ႐ႊယ္အမတ္ႀကီးဆိုတာ သူမ ဘယ္ေလာက္ အမွားေတြလုပ္လုပ္ ထိပ္ဆုံးက ကာကြယ္ေပးတတ္မွန္း သူေသခ်ာသိသည္။ ႐ႊယ္အမတ္ႀကီးက တကယ့္ကို ဖခင္ေကာင္းတစ္ေယာက္ပင္။

ဒါေပမယ့္ သိပ္စဥ္းစားစရာမလိုပဲ ေရွာင္က်န့္က ႐ႊယ္ရင္းရင္းဘာေၾကာင့္ ဒီလိုျပဳမူရလဲဆိုတာ နားလည္သြားသည္။

ဇာတ္လိုက္မက ေသရမွာေၾကာက္သည္။ သူမကိုယ္သူမ ဘယ္ေလာက္ပင္ ျဖဴစင္သေဘာေကာင္းတဲ့ ေျခာက္ျပစ္ကင္းသဲလဲစင္ ၾကာပန္းျဖဴေလးအျဖစ္ သတ္မွတ္ထားေသာ္လည္းပဲ သူမသာ ရွင္သန္ခြင့္ရခဲ့ရင္ ဘာမဆို ခ်နင္းျပစ္ဖို႔ဝန္မေလးေပ။

တကယ္လို႔ ႐ႊယ္အမတ္ႀကီးေျပာတဲ့အတိုင္း ကိုယ့္စိတ္နဲ႕ကိုယ္ ေယာင္အမတ္၏ ေသြးေဆာင္ျခင္းကိုခံယူခဲ့ၿပီး ပုန္ကန္မႈထဲပါဝင္ခဲ့သည္ဟုဝန္ခံခဲ့ရင္ အနည္းဆုံးေသဒဏ္က လြတ္ရင္ေတာင္ ေထာင္ေတာ့က်ေပလိမ့္မည္။ ေယာင္အမတ္ႀကီးက သူမကို ၿခိမ္းေျခာက္ကာ အၾကပ္ကိုင္ပါသည္ဟု ဝန္ခံခဲ့ရင္လည္း သူမ၏ေနာက္တြင္ ေထာက္ကန္ေပးထားသည့္ ႐ႊယ္အမတ္ႀကီးကိုယ္တိုင္ရွိရက္နဲ႕ အဆင့္အတန္းတူ ေယာင္အမတ္၏ ထိန္းခ်ဳပ္မႈကို ခံခဲ့ရသည္မွာ သံသယဝင္စရာေကာင္းသည္။

ဒါ့အျပင္ ေယာင္အမတ္ႀကီးကလည္း ထိုသို႔အေျဖမ်ိဳးေပးရင္ အသည္းအသန္ျငင္းဆိုလ်က္ သူမရဲ႕ လုပ္ရပ္ေတြအားလုံးဘူးေပၚသလိုေပၚကုန္ေပလိမ့္မည္။ ဒါေၾကာင့္ သံသယအဝင္ခံရနိုင္ေသာ္ျငားလည္း ေယာင္အမတ္ေက်နပ္ေစရန္အတြက္ သူမအေဖကို သူမကိုယ္တိုင္ထိုးေကြၽး၍ ကိုယ္လြတ္႐ုန္း႐ုံအျပင္မတတ္နိုင္ေပ။ အနည္းဆုံးေတာ့ ေယာင္အမတ္၏ ရည္႐ြယ္ခ်က္မွာၿပီးေျမာက္သြားၿပီျဖစ္တာေၾကာင့္ အျပစ္ကင္းစင္တဲ့ သူမကို ထပ္မံျပစ္မွတ္ထားေနေတာ့မည္မဟုတ္ေပ။

ေရွာင္က်န့္ဟာ ဆြံ႕အ ၍သြားသည္။ သူကအနည္းဆုံးေတာ့ ဇာတ္လိုက္မက ကိုယ့္အေပၚေကာင္းတဲ့သူေတြကို သိတတ္နားလည္မည္ဟု ထင္မွတ္ထားတာျဖစ္သည္။ ႐ႊယ္အမတ္ႀကီးဆိုတာ သူမကို ငယ္စဥ္ကတည္းက အခ်စ္ေတြအမ်ားႀကီးျဖင့္ ေကြၽးေမြးေစာင့္ေရွာက္လာခဲ့တဲ့ အေဖအရင္းႀကီးေလ။

ၾကည့္ရတာ သူ ႐ႊယ္ရင္းရင္ရဲ႕ စိတ္ဓာတ္ကို အထင္ႀကီးမိသြားသည့္ပုံပင္။

အစတုန္းကေတာ့ ၾကာပန္းျဖဴဇာတ္လိုက္မ အေနနဲ႕ သူမ အေဖကိုအတတ္နိုင္ဆုံးကယ္တင္ဖို႔ရန္ႀကိဳးစားမည္ထင္ခဲ့ေသးသည္။ ထိုအခါတြင္ သေဘာထားႀကီးသည့္ဟန္ျဖင့္ ဧကရီက ျပစ္မႈေတြကိုလ်စ္လ်ဴရႈ႕၍ အျပစ္ရွိတဲ့ ဇာတ္လိုက္မအပါအဝင္ ႐ႊယ္အမတ္ႀကီးကိုကင္းလြတ္ခြင့္ျပဳလိုက္မည္ဟု။

အခုေတာ့ သူတကယ္ ဒီဇာတ္လိုက္မကို ခပ္ၾကာၾကာလႊတ္ေပးခ်င္စိတ္မရွိေတာ့ေပ။

သူဝမ္ရိေပၚနားတိုးကပ္သြားလိုက္ၿပီး ခပ္တိုးတိုးေျပာလိုက္သည္။

"႐ႊယ္ရင္းရင္း ပုန္ကန္မႈထဲကိုယ့္စိတ္နဲ႕ကိုယ္ဝင္ပါခဲ့တဲ့အေၾကာင္း သက္ေသတိတိက်က် ရွိတယ္မဟုတ္လား"

"အင္း....လိုခ်င္လို႔လား"

"ဟုတ္တယ္....ဖုံးထားခ်င္စိတ္မရွိေတာ့ဘူး....အကုန္ေဖာ္ထုတ္လိုက္တာပိုေကာင္းတယ္"

မဟုတ္ရင္ အမတ္ေကာင္းတစ္ေယာက္ျဖစ္သည့္ ႐ႊတ္အမတ္ႀကီးကို လုံးဝလက္လႊတ္လိုက္ရေပလိမ့္မည္။ ယုတ္မာေကာက္က်စ္သည့္ သမီးတစ္ေယာက္ေၾကာင့္ အရင္ဘဝတည္းက ခံစားခဲ့ရၿပီးၿပီမဟုတ္ပါလား။ ဒီဘဝမွာေတာ့ သူ႕သမီးရဲ႕ အစစ္အမွန္မ်က္ႏွာကိုျမင္႐ုံနဲ႕တင္ လုံေလာက္ၿပီ။

ဝမ္ရိေပၚက သူ႕ လက္ကို ေဝွ႕ယမ္းရင္း အေစာင့္ တစ္ေယာက္ကို အခ်က္ျပလိုက္သည္။

"လူ သက္ေသကို ဆြဲထုတ္လာခဲ့"

အေစာင့္က စုတ္ပ်က္ေနသည့္ အဝတ္ေတြႏွင့္မိန္းကေလးတစ္ေယာက္ကို ညီလာခံ ခန္းမအလည္သို႔ဆြဲထုတ္လာသည္။

ထိုအေစခံ၏ မ်က္ႏွာကိုျမင္သည့္အခါတြင္ ႐ႊယ္ရင္းရင္း၏မ်က္ႏွာမွာ လူေသေကာင္ကဲ့သို႔ျဖဴစုတ္သြားၿပီး သူမ ရင္ထဲမေကာင္းတဲ့ခံစားခ်က္ေတြမွာ ျပည့္လွ်ံလာသည္။

သူမေၾကာက္လြန္းလို႔ မ်က္ရည္လည္လာသည္။ ျဖစ္နိုင္ရင္ အခုခ်ိန္၌ လူတိုင္း၏ အာ႐ုံကိုဆြဲေဆာင္နိုင္ဖို႔ရန္ ေရွာင္းေမဆိုသည့္မိန္းမ ကို ေငါက္ကနဲႏွလုံးရပ္ၿပီး လဲေသသြားေစခ်င္ေနသည္။

မေကာင္းတဲ့မိန္းမယုတ္။ အားလုံးအဲ့ဒီမိန္းမေၾကာင့္။ သူ႕ေၾကာင့္သာမဟုတ္ရင္ သူမအေဖကို ဆြဲခ်ရသည္အထိ က်ဥ္းထဲ ၾကပ္ထဲေရာက္လာခဲ့မွာမဟုတ္ဘူး။

အေစာင့္ ဆြဲေခၚလာသည့္မိန္းကေလးမွာ ႐ႊယ္ရင္းရင္း၏ အနီးကပ္ အေစခံမိန္းကေလးျဖစ္သူ အားေျမာင္ ပင္ျဖစ္သည္။ ႐ႊယ္ရင္းရင္း၏ အယုံၾကည္ရဆုံး အေစခံမိန္းကေလးျဖစ္တာေၾကာင့္ ဇာတ္လိုက္မ လုပ္သမွ်အရာအားလုံးျမင္ဖူးေတြ႕ဖူးသည္။ ထို ထဲ၌႐ႊယ္ရင္းရင္း အမတ္ေယာင္ႏွင့္ ပုန္ကန္မႈကိစၥအလုံးစုံေတာင္ပါဝင္ေသးသည္။

ဧကရာဇ္ကို ပိုင္ဆိုင္ခြင့္ရေတာ့မည္ဟု စိတ္ကူးယဥ္ေပ်ာ္ေမြ႕ေနသည့္ ႐ႊယ္ရင္းရင္းဟာ သူမရဲ႕ကိုယ္ပိုင္အေစခံ အားေျမာင္ကို အားလုံးေဖာက္သည္ခ်လ်က္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီးေျပာခ်ခဲ့ေလသည္။

အခုေတာ့ သူမလုပ္ရပ္မွာကိုယ့္ေပါင္ကိုယ္လွန္ေထာင္းသလိုျဖစ္လာခဲ့ေခ်ၿပီ။

ေရွာင္က်န့္က သူ႕ႏႈတ္ခမ္းေထာင့္စြန္းေလးကိုပင့္တင္ရင္း စတင္ေမးျမန္းလိုက္သည္။

"မင္းက ႐ႊယ္ရင္းရင္းရဲ႕ ကိုယ္ပိုင္အေစခံ အားေျမာင္ ေနာ္"

"ဟုတ္...ဟုတ္ပါတယ္ ဧကရီ"

အစပိုင္းတြင္ မည္သည့္အတြက္ေၾကာင့္ အေစခံ မိန္းကေလးတစ္ေယာက္ကို ေခၚထုတ္လိုက္မွန္း နားမလည္သည့္ ညီလာခံထဲရွိ ရာထူးအဆင့္ဆင့္က အမတ္ေတြဟာ တစ္ခုခုကိုသေဘာေပါက္သြားသလိုခံစားလိုက္ရသည္။ ၾကည့္ရတာ ဧကရာဇ္နဲ႕ဧကရီက အျဖစ္မွန္ကိုသိၿပီးသားျဖစ္ေနပုံပင္။

ေရွာင္က်န့္က ပ်င္းရိစြာဆက္ေမးသည္။

"ဒီဧကရီ တည့္ပဲေမးမယ္....႐ႊယ္ရင္းရင္း က ေယာင္အမတ္ႀကီးနဲ႕ ပူးေပါင္းခဲ့တာ ဘာအေၾကာင္းေၾကာင့္လဲ"

"ဟို...ဟို...."

"အမွန္တိုင္းေျပာ!"

အေစခံမေလး၏ခႏၶာကိုယ္မွာ ေၾကာက္လန့္မႈေၾကာင့္တုန္ရီ သြားသည္။ သူမဘယ္လိုလုပ္ တိုင္းျပည္ရဲ႕ ဖခင္နဲ႕မိခင္ႏွစ္ပါးကို လိမ္ညာရဲတဲ့ သတၱိရွိမွာလဲ။ ၿပီးေတာ့ အားလုံးကို အမွန္တိုင္းဖြင့္ေျပာၿပီးသားပဲေလ။

"အမွန္တကယ္ေတာ့ သခင္မေလးက ဧကရာဇ္မင္းကိုတပ္မက္ေနတာၾကာပါၿပီ...."

ညီလာခံတစ္ခုလုံးတိတ္ဆိတ္သြားသည္။ အားေျမာင္က ဆက္မေျပာရဲေတာ့သလို ေခါင္းငုံ႕ထားသည္။ ေရွာင္က်န့္ရဲ႕ မ်က္ဝန္းတစ္စုံမွာ ေရခဲေတြျဖာထြက္ေနသည္ဟုထင္မွတ္ရၿပီး သူ႕အသံမွာ အရာအားလုံးကိုထြင္းေဖာက္သြားသလိုမ်ိဳး လူတိုင္းကိုတုန္ရီသြားေစသည္။

"ဆက္ေျပာ..."

"သ...သခင္မေလးကို ေယာင္အမတ္က လာကမ္းလွမ္းတယ္....သူ..သူတို႔က ဧကရီကို ရွင္းျပစ္ခ်င္လို႔တဲ့....ၿပီးရင္ ဧကရာဇ္က သခင္မေလးရဲ႕ အပိုင္ျဖစ္လာနိုင္ၿပီလို႔ ေသြးေဆာင္ခဲ့တယ္...."

"....."

ညီလာခံတစ္ခုလုံး ဘာေျပာရမွန္းမသိေတာ့ေလာက္ေအာင္ ဆြံ႕အ မွင္သပ္ေနသည္။ ႐ႊယ္ရင္းရင္းက လူတိုင္း၏ ႐ြံရွာစက္စုပ္သည့္အၾကည့္ေတြကို ခံစားမိသည့္ အခါတြင္ သူမ ေၾကာက္လန့္မႈနဲ႕အတူ ႐ူးသြပ္သြားသည္။

"အား!!!.....ေခြးမ အားေျမာင္....ငါ့ကိုသစၥာေဖာက္ရဲတယ္....."

႐ႊယ္ရင္းရင္းဟာ ျငင္းဆန္ဖို႔ရန္ေမ့ေလ်ာသြားသည့္ပုံပင္။ သူမရဲ႕လုပ္္ရက္က အားေျမာင္ေျပာသည္မွာ အမွန္ေတြသာျဖစ္ေၾကာင္း တိုက္ရိုက္ ဝန္ခံသြားသည္ႏွင့္တူ၏။

႐ႊယ္ရင္းရင္းက အားေျမာင္ကို ရိုက္ႏွက္ဖို႔ရန္ ေထာ့နဲ႕ ေထာ့နဲ႕ျဖင့္ ေျပးဝင္သြားေသာ္လည္း အေစာင့္ေတြရဲ႕ ဖမ္းခ်ဳပ္ျခင္းကိုခံလိုက္ရသည္။ ႐ႊယ္ရင္းရင္း၏ ျပဳမူပုံက အားေျမာင္ရဲ႕မ်က္ဝန္းေတြကိုနီရဲတတ္လာေစၿပီး သူမ တစ္သက္လုံးမတရား ခံစားလာခဲ့ရသမွ်ကို ဖြင့္ထုတ္မိသြားေစသည္။

"ရွင့္ကိုသစၥာေဖာက္တာတဲ့လား!!တကယ့္တရားခံကရွင္ေလ....ရွင္ကငယ္ငယ္ေလးထဲက သူမ်ားပိုင္ဆိုင္တဲ့အရာေတြကိုလုယူရတာႀကိဳက္တယ္....ကြၽန္မ အသက္ထက္တန္ဖိုးထားခဲ့ရတဲ့ မိဘအေမြအႏွစ္ ဆြဲသီးေလးကို လုယူၿပီး ေရထဲလႊင့္ျပစ္ခဲ့တာဘယ္သူလဲ.....ရွင္စားခ်င္တဲ့ စပ်စ္သီးေလး မရွိတာေၾကာင့္နဲ႕ ကြၽန္မ တစ္ပါတ္တိတိဒူးေထာက္ခဲ့ရတာ ဘာေၾကာင့္လဲ.....ရွင္အငတ္ထားလို႔ စားဖိုေဆာင္က အစားအေသာက္ အႂကြင္းအက်န္ေလးေတြ ခိုးစားခဲ့မိတာကို အေသအလဲ ႀကိမ္ဒဏ္ေပးခဲ့တာ ဘယ္သူလဲ.....ထားလိုက္ပါ....ဒီ့ထက္ပိုဆိုးတဲ့ အရာအားလုံးကိုကြၽန္မ သည္းခံနိုင္ပါတယ္...."

"....."

"ဒါေပမယ့္ ကြၽန္မ ႏွလုံးသားတစ္ခုလုံးျဖစ္တဲ့ ၃ႏွစ္အ႐ြယ္ေမာင္ေလးကို ေရထဲတြန္းခ်ၿပီး အားရပါးရေအာ္ရယ္ခဲ့တဲ့ကိစၥကို ဘယ္လိုမ်က္ႏွာနဲ႕မ်ား ဆက္ၾကည့္ေနရအုံးမွာလဲ!!....ကြၽန္မေမာင္ေလး အဲ့ဒီကိစၥေၾကာင့္ပဲ ငါးရက္တိတိ ဖ်ားနာခဲ့ၿပီးအသက္ဆုံးရႈံးခဲ့ရတယ္ေလ.....အဲ့အခါမွ ကြၽန္မ အနားမွာ စိတ္မေကာင္းတဲ့မ်က္လုံးေတြနဲ႕ ဝမ္းနည္းေၾကာင္း လာႏွစ္သိမ့္ေပးခဲ့တာကေရာ.... ျဖစ္နိုင္ရင္ ကြၽန္မ ေအာ္သာရယ္လိုက္ခ်င္တယ္....ဒါေတြအားလုံးကရွင္ ကြၽန္မ အနာထဲ ဆားထည့္သိပ္ေနတာပဲ မဟုတ္ဘူးလား.....ဒါကိုမ်ား ကိုယ့္ကိုယ္ကို ျဖဴစင္အျပစ္ကင္းစင္တဲ့ပုံမွတ္ယူထားေသးတာ ကြၽန္မျဖင့္ ယုံေတာင္မယုံၾကည္နိုင္ဘူး"

_________________________________________________________

Continue Reading

You'll Also Like

12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
51.4K 5K 22
ခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
369K 9K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."