နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [31.2]

1.1K 130 10
By Lazy_Little_Meow

[Unicode]

ဖုန်းချပြီးသည့်နောက် ချန်းရှီကွေ့၏အကြည့်တွေက ကွန်ပျူတာစခရင်ထက် ပြန်ရောက်သွားသည်။ သူ့မျက်နှာပေါ်က အပြုံးမှာမူ ချက်ချင်းပင်ပျောက်ကွယ်သွားလေ၏။

မီဒီယာအများစု၏အမြင်တွင်တော့ နဉ်ရှီလို‌အနုပညာရှင်အသေးစားက ချန်းရှီကွေ့နှင့် ထမင်းတစ်နပ်အတူသွားစားသည့် သတင်းကိုတင်လိုက်ရသည်က ဘာမှထွေထွေထူးထူးဖြစ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့ကြသည်။ အဆုံးတွင် ချန်းရှီကွေ့လို အထင်ကရပုဂ္ဂိုလ်က အတင်းအဖျင်းတွေကို ဂရုစိုက်လေ့မရှိပေ။ နဉ်ရှီ၏ဂုဏ်သတင်းက အချိန်တိုလေးအတွင်း ထိခိုက်သွားလျှင်တောင်မှ သူမကိုကြောငြာပေးသည့်သဘောဖြစ်၍ win-win situation ပါပင်။

သို့သော်လည်း ဒီနေ့တွင်တော့ ဘယ်သူမှမထင်ထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာသည်။

အကြောင်းမူကား အင်တာဗျုးဖြေခဲလှသူ၊ ဆိုရှယ်မီဒီယာအကောင့်မရှိသူ ဥက္ကဌကြီးဟာဆိုရင်ဖြင့် မမျှော်လင့်ဘဲ ဝေ့ပေါ်အကောင့်တစ်ခု မှတ်ပုံတင်လိုက်လို့ပါပင်။ သူပထမဆုံးတင်သည့်ပို့စ်ကတောင် နဉ်ရှီပေါင်လုံးကြီးဖက်တွယ်ထားသည် ဆို‌သော ကောလာဟလကို ပြန်တုံ့ပြန်ထားသည့်ပို့စ် ဖြစ်နေပေသည်။

ချန်းရှီကွေ့ V: ကျွန်တော် နဉ်ရှီနဲ့သူငယ်ချင်းဖြစ်လာတာ နှစ်တော်တော်ကြာနေပါပြီ။ သူမကူညီပေးတာနဲ့ မိတ်ဆက်ပေးတာကြောင့် ကျို့ကျီဖျော်ဖြေရေးကုမ္ပဏီဥက္ကဌ မစ္စတာလီနဲ့ ကျွန်တော်ဆုံခဲ့ရတာပါ။ အင်တာနက်ပေါ်က နဉ်ရှီရဲ့သတင်းအမှားတွေကြောင့် ကျွန်တော် အရမ်းကိုစိတ်ဆိုးဒေါသထွက်မိပါတယ်။ ဒီသတင်းနဲ့ဆက်စပ်နေတဲ့မီဒီယာတွေအားလုံးပဲ နဉ်ရှီရဲ့သတင်းအမှားတွေကို ဖျက်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

ချစ်စရာကောင်းအောင်ပြောနေခြင်းမရှိ၊ လောကဝတ်ပြုခြင်း(saying hello)မရှိသည့် ရိုးရိုးရှင်းရှင်းဝေ့ပေါ်ပို့စ်တစ်ခုပင်။ အင်တာနက်သုံးစွဲသူအများစုက ၎င်းကိုချက်ချင်းforwardလုပ်ကြကာ အချို့က ချန်းရှီကွေ့ဟာ စိတ်ကြီးဝင်နေသော ဥက္ကဌတစ်ယောက်ဟု ပြောကြသည်။ အချို့ကလည်း ချန်းရှီကွေ့လို ပုဂ္ဂိုလ်ကြီးတစ်ယောက်နှင့် သူငယ်ချင်းဖြစ်နေသည့်နဉ်ရှီက အမှန်ပင်နှစ်လိုဖွယ်ကောင်းသည်ဟု ထင်မြင်လာကြသည်။ ဘော့စ်ချန်းက ဖျော်ဖြေရေးကုမ္ပဏီပေါင်းများစွာကို မရွေးဘဲ နဉ်ရှီရဲ့မျက်နှာကြောင့် ကျို့ကျီတွင်ရှယ်ယာဝင်ရန် ရွေးချယ်ခဲ့သည်မှာ အဆန်းမဟုတ်တော့ပါပေ။

[T/N: ကိုယ်ဒီမှာသုံးထားတဲ့ ‘နဉ်ရှီရဲ့မျက်နှာ’က အလှကိုကိုယ်စားပြုတာမဟုတ်ဘူးနော်။ ‘ဆက်ဆံရေး’ကို ရည်ညွှန်းထားတာ။ ဥပမာ - ကိုယ့်မှာသူငယ်ချင်းတစ်ယောက်ရှိတယ်ဆိုပါစို့။ အဲ့သူငယ်ချင်းအမက စက်ချုပ်တယ်ပေါ့။ ကိုယ်က အားပေးတဲ့အနေနဲ့ အထည်သွားအပ်တယ်ထားပါ။ အထည်ရလာတော့ စိတ်ကျေနပ်မှုမရှိဘူးပေါ့။ ဒါပေမဲ့ သူငယ်ချင်းမျက်နှာနဲ့ ငါဗွေမယူတော့ပါဘူးလေ လို့ ကိုယ်ကတွေးပြီး ငြိမ်နေလိုက်မယ်။ အဲ့မှာသုံးထားတဲ့ မျက်နှာမျိုးပါ]

ပို့စ်တင်ပြီးသည့်နောက် ဖိအားအများဆုံးလူတွေကား အနှီအနုပညာလောကမီဒီယာတွေနှင့် အချို့အတင်းအဖျင်းဘလော့ဂါတွေပင်။ နဉ်ရှီနှင့်ချန်းဥက္ကဌတို့က အမှန်ပင်မပြောသင့်သည့် ဆက်ဆံရေးမျိုးရှိနေတာမဟုတ်ဘဲ သူငယ်ချင်းဟောင်းတွေဖြစ်၍နေ၏။

ကျို့ကျီက ဖျော်ဖြေရေး‌လောကရှိကုမ္ပဏီများအနက် အကြီးဆုံးနှင့်ကတိအတည်ဆုံးကုမ္ပဏီတစ်ခု မဟုတ်သော်ငြား ချန်းရှီကွေ့၏ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်လိုက်သည်မှာ အဆန်းမဟုတ်တော့။ လက်စသတ်တော့ သူတို့လူတွေမှာ အဆက်အသွယ်ရှိနေတာကိုး။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : “ပျော်ပျော်ရွှင်ရွှင် စကားပြောကြမယ်” အစီအစဉ်ရဲ့ နောက်ဆုံးအကြောင်းကို netizenဘယ်လောက်များများ ကြည့်ခဲ့လဲဆိုတာတော့ ငါမသိဘူး။ အထူးဧည့်သည်တစ်ယောက်ဖြစ်တဲ့ နဉ်ရှီက ပြည်ပကဘယ်ကျောင်းမှာသွားသင်ခဲ့လဲဆိုတာ မပြောခဲ့ဘူး။ ဒါပေမဲ့ သူဘယ်မှာနေလဲ၊ ကျောင်းထဲက ရှုခင်း‌နေရာတချို့‌တွေနဲ့ ဘယ်အတန်းရဲ့ကျောင်းသူဖြစ်တယ် ဆိုတာတော့ ပြောသွားတယ်နော်။ ငါပျင်းနေတုန်းက ငါသွားရှာကြည့်ပြီး နဉ်ရှီရဲ့ဖော်ပြချက်နဲ့ကိုက်ညီတဲ့ ကျောင်းတစ်ကျောင်းပဲရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။ အဲ့ဒီတက္ကသိုလ်ရဲ့ဘွဲ့ရတွေထဲမှာလဲ နဉ်ရှီဆိုတဲ့နာမည်နဲ့ ကျောင်းသူတစ်ယောက် မမျှော်လင့်ဘဲပါနေတယ်။ နဉ်ရှီ ဘယ်တက္ကသိုလ်ကဘွဲ့ရခဲ့လဲဆိုတာ နင်တို့ခန့်မှန်းနိုင်ကြမှာပါ။

ဤပို့စ်အောက်တွင် ထိုအစီအစဉ်ကိုကြည့်ဖူးသည့် အင်တာနက်သုံးစွဲသူအချို့က အချက်အလက်တွေစုဆောင်းဖို့ ထွက်လာကြပြီး ပြည်ပမှာပညာသင်ယူခဲ့ကြသည့် လူတွေကလည်း သူတို့ရဲ့အမြင်ကိုဖော်ပြဖို့ ထွက်လာကြသည်။ ရိုးရှင်းစွာပင် သူတို့က သံသယဖြစ်ဖွယ်နေရာများကို မလွဲသွားချင်ကြပေ။

အင်တာနက်သုံးစွဲသူ အေ : နတ်ဘုရားမနဉ်ရှီ ဘယ်တက္ကသိုလ်ကဘွဲ့ရလဲဆိုတာ ငါသိပြီထင်တယ်။ ငါပြောချင်တာက ဘာလဲဆို လှတာနဲ့တင် အဆင်ပြေနေပြီမလား ဘာလို့ပညာသင်ဆုရကျောင်းသားပါ ဖြစ်နေရတာလဲ?

အင်တာနက်သုံးစွဲသူ ဘီ : မင်းသိတာတွေကို မဖုံးထားနဲ့...မင်းမှာသတ္တိရှိရင် ထုတ်သာပြောလိုက်!

ခန့်မှန်းချက်ပေးနေကြသည့်ကောမန့်တွေက များသထက်များလာပြီး သတင်းကိုအငမ်းမရသိချင်နေသည့် အင်တာနက်သုံးစွဲသူတွေကို တန်းလန်းထားခဲ့‌လေသော ‌အနုပညာ‌လောကရဲ့ အတင်းအဖျင်းဘဒိုကြီးတစ်ယောက် နောက်ဆုံးတွင်တော့ Weiboတွင် နောက်တစ်ဖန်ပေါ်‌လာလေပြီ။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : နဉ်ရှီက အက်ဒင်ယူနီဗာစီတီရဲ့ နာမည်အကြီးဆုံး ဘွဲ့ရတစ်ယောက်ဆိုတာကို တချို့သူငယ်ချင်းတွေ ခန့်မှန်းမိကြပြီထင်ပါတယ်။ ရုပ်ရှင်မင်းသမီးနဲ့သူငယ်ချင်းဖြစ်နေတဲ့လူတွေကို ‌ပတ်ရမ်းပြီးဆဲဆိုနေတဲ့ တချို့သောလူတို့ရေ...လူတွေကိုကြိမ်းမောင်းဖို့ထွက်မလာခင် နင်တို့ကရော တခြားသူတွေထက် တော်နေရဲ့လား သွားပြန်ကြည့်ကြပါအုံး!

[T/N: နဉ်ရှီဘွဲ့ရခဲ့တာ Scotland က The University of Edinburgh ကပါ။ United Kingdom က England, Scotland, Wales နဲ့ Nothern Irelandတို့နဲ့ ဖွဲ့စည်းထားတာဆိုတော့ အရှေ့ကနဉ်ရှီပြောခဲ့တဲ့ United Kingdom မှာနေခဲ့တယ်ဆိုတာ မှန်တယ်လို့ပြောရမှာပေါ့။ တော်ကြာ ရောနေကြမှာစိုးလို့]

မုန်းတီးသူ အေ: ဟဟ မင်းတို့မားကတ်တင်းအကောင့်တွေက တော်တော်ကြွားလုံးထုတ်ကြတာပဲ။ မင်းတို့မှာအစွမ်းအစရှိရင် သက်သေပြလေ။ အမှန်တရားကိုမသိရင်လဲ သူမကကမ္ဘာ့အဆင့်သုံးစာရင်းဝင် ကျောင်းရဲ့ဘွဲ့ရတစ်ယောက်လို့ ဘာလို့မပြောလိုက်တာလဲ?

မုန်းတီးသူ ဘီ : နတ်ဘုရားမနဉ်က အံ့ဖွယ်ကောင်းချက်‌အေ။ နတ်ဘုရားမနဉ်ရဲ့ ကိုယ်ရည်သွေးတဲ့စကေးလ်ကတော့ မိုးကောင်းကင်ကြီးကို ထိုးဖောက်သွားမတတ်ပဲနော်။ လုံးဝဖျက်စီးမရတာဆိုလို့ နတ်ဘုရားမနဉ်ရဲ့မျက်နှာပဲရှိတယ်။ အဲ့ဒါ(အက်ဒင်ကဘွဲ့ရခဲ့တာ)သာမှန်တယ်ဆိုရင် ငါဒူးထောက်ပြီး မင်းကိုအဖေခေါ်လိုက်မယ်။

“ဒီမားကတ်တင်းအကောင့်တွေကတော့!” အတင်းအဖျင်းဘလော့ဂါတစ်ယောက်အနေနှင့် ယန်းကျင်းဖုန်းဟာ ဘာမှလုပ်စရာမရှိတဲ့အချိန်များတွင် အနုပညာရှင်များ၏ အချက်အလက် အသေးစားလေးတွေကို ပုံမှန်အားဖြင့် ဖော်ထုတ်လေ့ရှိသည်။ ဒါပေမယ့် သူအမုန်းဆုံးကဘာလဲဆိုရင် သူ့သတင်းအချက်အလက်တွေကို အမှား ဟု လူတွေသံသယဝင်တာနှင့် သူ့စာတွေကို ချက်ချင်းပြန်ဖြည့်ရေးရတာပင်ဖြစ်သည်။

မူလအစကတော့ နဉ်ရှီဟာ အက်ဒင်ယူနီဗာစီတီက ဘွဲ့ရတစ်ယောက် ဟုတ်သလော၊မဟုတ်သလော သူလည်းမသိခဲ့ပါ။ လွန်ခဲ့သောနှစ်ရက်ကမှ တရုတ်ပြည်ကိုပြန်ရောက်လာသည့် သူ့ဘော်ဒါက သူ့ကိုလာရှာပြီး ဘီယာသွားသောက်ခဲ့ကြသည်။ ထိုအချိန်၌ ဆိုင်ထဲတွင် “ပျော်ပျော်ရွှင်ရွှင် စကားပြောကြမယ်” အစီအစဉ်အား ပြထားသည်။ သူ့ဘော်ဒါက တီဗီထဲကနဉ်ရှီကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။ “ဒီမိန်းကလေးကို တော်‌‌တော်လေး ရင်းနှီးနေပါတယ်လို့။ ငါတို့အိမ်နီးချင်းကျောင်းက နိုင်ငံခြားသားတွေ နတ်ဘုရားမ လို့သတ်မှတ်ထားတဲ့ မိန်းကလေးနဲ့တော်တော်တူနေတယ်”

ယန်ကျင်းဖုန်းဘော်ဒါတွေက ပိုက်ဆံသုံးဖြုန်းနိုင်၍ ပြည်ပတွင် သွားရောက်ပညာသင်ခဲ့ကြသည်။ သို့ပေမယ့် သူတို့နားကကျောင်းက တစ်ကမ္ဘာလုံးတွင် top 30ဝင်သည့် အက်ဒင်ယူနီဗာစီတီပင်။ သို့ဖြစ်၍ သူ့ဘော်ဒါတွေပြောတာကို ကြားမိသည့်အလျောက် သူလည်းအင်တာနက်ပေါ်သွားရှာမိ၏။ သူတကယ်ပဲရှာတွေ့သွားမယ်လို့ ဘယ်သူသွားသိမှာလဲ!

အက်ဒင်ယူနီဗာစီတီဟာ ဝင်ခွင့်လျှောက်ဖို့အတွက် အလွန်တရာကိုမှ ခက်ခဲလှသည့်တက္ကသိုလ်တစ်ခုဖြစ်ပြီး ဤကျောင်းတွင် Make-up examination system မရှိချေ။ သို့ဖြစ်၍ ဒီကျောင်းတွင် စာလာသင်ကြသည့် တရုတ်ကျောင်းသားများ သိပ်မရှိပါပေ။ နဉ်ရှီကတော့ ပြောင်မြောက်လှသော စာမေးပွဲရလဒ်များဖြင့် ‌အနှီတက္ကသိုလ်ကို ဝင်ခွင့်ရလိုက်၏။ ထိုကဲ့သို့သောလူမျိုးက သက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် သူ၏အရည်အချင်းအပေါ် မှီခို၍ရပေ၏။ ဘယ်လိုလုပ် သူမက စားဝတ်‌နေရေးအတွက် ရုပ်ရည်ကိုမှီခိုပြီး အနုပညာလောကထဲဝင်လာရတာလဲ?
[T/N: Make-up examination system - စာမေးပွဲကျတာ၊ ဒါမှမဟုတ် မဖြေဖြစ်တဲ့ ကျောင်းသားတွေကို special test အနေနဲ့ ပြန်ဖြေခွင့်ပေးတဲ့စနစ်]

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : ဟား ဟား တချို့လူတွေ မယုံဘူးဆိုတာ ငါသိနေတယ်။ သက်သေကဒီမှာပဲ။ ငါ့ကိုအဖေလို့ခေါ်ချင်တဲ့တစ်ယောက်ရေ ငါ့မှာအဲ့လိုခပ်ပိန်းပိန်း သားတစ်ယောက်မရှိဘူးကွ။ [ပုံ ပုံ] 

အတင်းအဖျင်းအိုးကြီးက ပုံကိုးပုံတင်လိုက်သည်ကို အင်တာနက်သုံးစွဲသူတွေက တွေ့လိုက်ကြသည်။ ပုံထဲတွင် အက်ဒင်ယူနီဗာစီတီ၏ဘွဲ့လက်မှတ်တွေ၊ ဘွဲ့ဝတ်စုံဝတ်ထားသည့် နဉ်ရှီနှင့်ကျောင်းသားအဖွဲ့တို့ပါလေသည်။ သူတို့အားလုံး၏မျက်နှာကိုဝါးထားသော်လည်း နောက်ခံကတော့ အမှန်ပင် အက်ဒင်ယူနီဗာစီတီဖြစ်နေ၏။

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး : နဉ်ရှီရဲ့ ပညာရေး ဘယ်လောက်ထူးချွန်လဲဆိုတာ မင်း‌တို့တွေ သေချာကြည့်ကြစမ်း! သူတို့ရဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ နဉ်ရှီကိုမန်းရှင်းထားတဲ့ အက်ဒင်ကအတန်းဖော်ဟောင်းတွေ ဘယ်လိုတောင်စိတ်လှုပ်ရှားနေလဲဆိုတာပါ သေချာကြည့်လိုက်ကြ! ဟို‌ပေါ့ပျက်ပျက်Hater‌တွေ မတ်တပ်ရပ်၊ ခြေနှစ်လှမ်းတိုးလာလိုက်ကြ နင်တို့ဘယ်လောက်တော်နေလဲ ငါကြည့်စမ်းမယ်!

အနုပညာလောကရဲ့ အတင်းအဖျင်းအိုးကြီး ပို့စ်တင်လိုက်သည်နှင့်တစ်ပြိုင်နက် Weiboတစ်ခုလုံး ချက်ချင်းပင် ပွက်ပွက်ညံသွားတော့သည်။ နဉ်ရှီကိုစိတ်ဝင်စားနေကြသည့် အင်တာနက်သုံးစွဲသူအများစုမှာ ဖြတ်သွားဖြတ်လာများသာ။ သို့သော် သူမ၏ပညာရေးနောက်ခံက ထောက်ပံ့ပေး‌နေတာကြောင့် သူမအပေါ်အထင်အမြင်ကောင်းတွေ ရှိလာကြသည်။

“လွန်ခဲ့တဲ့နာရီအနည်းငယ်ကကျ ညီမက ‘ပေါင်လုံးကြီးတွေကို ဖက်တွယ်ရတာ’ကြိုက်တဲ့ အရှက်မဲ့တဲ့ မင်းသမီးတဲ့...အခုကျတော့ ညီမကအနုပညာလောကကြီးက သင်ယူခြင်းနတ်ဘုရားမလို့ ထင်သွားကြပြန်ရော” နဉ်ရှီက ကျန်းချင်းယွင်အား တက်ဘ်လက်ကွန်ပျူတာကို ပြန်ပေးလိုက်၏။ “ပညာရေးအဆင့်ကလဲ လူတစ်ယောက်ရဲ့စရိုက်ကို တိုင်းတာလို့ရနိုင်တာပဲလား?”

“မင်းအပေါ်သူတို့အမြင်ပြောင်းသွားတာကို မပျော်ဘူးလား?” ကျန်းချင်းယွင် ပြုံးလိုက်၏။ “topicကို ဆွဖို့အတွက် မင်းရဲ့ပညာအရည်အချင်းကို အစ်ကိုငှားသုံးတော့မလို့ပဲ...မစ္စတာချန်းက မင်းကိုကူညီဖို့အတွက် မားမားမတ်မတ်ရပ်တည်လာပေးမယ်လို့ ဘယ်သူထင်မှာလဲ...ပြီးတော့ အင်တာနက်သုံးစွဲသူတွေက မင်းရဲ့ပညာအရည်အချင်းနဲ့ပက်သတ်လို့ သွားပြီးရှာဖွေစုဆောင်းလာကြသေး....ငါ့အစီအစဉ်က တကယ်ကိုအသုံးမဝင်ဖြစ်သွားတာပဲ”

ကျန်းချင်းယွင် ချန်းရှီကွေ့၏နာမည်ကို ပြောလာသည်ကို ကြားလိုက်သည့်အခိုက် နဉ်ရှီတိတ်သွားသည်။ “ညီမလည်း မသိတော့ဘူး”

ကျန်းချင်းယွင်ကသူမကို အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ်လေ ဒီဖြေရှင်းချက်က အလုပ်ဖြစ်သွားတဲ့အပြင် မင်းရဲ့ပုံရိပ်ကိုအကောင်းမြင်လာတဲ့ထိတောင် အကူအညီဖြစ်သွားသေးတယ်။ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ထမင်းသွားစားမယ်ဆိုရင်တောင် ဘယ်မီဒီယာဆီကမှ ပရမ်းပတာသတင်းတွေထွက်လာမှာ မဟုတ်တော့ဘူး”

နဉ်ရှီက ချန်းရှီကွေ့လို ပုဂ္ဂိုလ်ကြီးနဲ့တောင် သူငယ်ချင်းဖြစ်နိုင်တယ်ဆိုရင် အခြားသူတွေနဲ့အတူ ထမင်းသွားစားတာလောက်ကတော့ အံ့ဩစရာဖြစ်မှာမဟုတ်တော့။

နဉ်ရှီက သူမဖုန်းကိုထုတ်လိုက်ပြီး Weiboထဲဝင်လိုက်၏။ သူမက ချန်းရှီကွေ့ထံမှ ‘ဂရုစိုက်’ခံနေရသည့်အကြောင်းနှင့် ပက်သတ်‌သော သတင်းတွေအားလုံးက အရိပ်အယောင်လေးတစွန်းတစမျှပင် မတွေ့ရဘဲ ပျောက်သွားလေပြီ။ Weibo တွင် trending ဖြစ်နေသည့် topic ကား “နတ်ဘုရားမနဉ်666” ဖြစ်သည်။ ဒုတိယရေပန်းစားနေသည့်တစ်ခုမှာမူ “စာသင်နှစ်အဆုံးမှာ စာမေးပွဲမကျအောင် နဉ်ရှီကိုကိုးကွယ်ကြ” ပင်ဖြစ်လေ၏။

သူမအဲ့ဒါကိုဝင်ကြည့်လိုက်ချိန်မှာ ဘယ်သူကသူမပုံကို နတ်ဘုရားမအဖြစ်ပြောင်းလိုက်သလဲတော့ နဉ်ရှီမသိ။ သူမရှေ့မှာ လူရွယ်တစ်ယောက်က ဒူးထောက်နေသည်။ သူ့ခေါင်းထက်တွင် “ထိပ်တန်းကျောင်းသူမုဒ်ဝင်သွားရန် တောင်းဆိုပါတယ်” ဆိုသည့် စာလုံးငါးလုံးရှိနေသည်။

နဉ်ရှီ: .....

သူမသာမကိုင်တွယ်တော့ဘူးဆိုရင် နောက်တစ်ကြိမ် အင်တာနက်ဆယ်လီဖြစ်တော့မှာပဲ...။

သူမခဏမျှတွေးလိုက်ပြီးနောက် Weiboတွင်ပို့စ်တင်လိုက်သည်။

နဉ်ရှီ V: ယောက်ျားတစ်ယောက်ကို သူဘာလုပ်ခဲ့လဲဆိုတာကိုကြည့်ပြီး ယောက်ျားကောင်းတစ်ယောက်အဖြစ် သတ်မှတ်တယ်။ သူ့မှာဘယ်လိုပညာရေးမျိုးရှိခဲ့လဲဆိုတာနဲ့မဟုတ်ဘူး။ ကျွန်မက ဘာအကျိုးအမြတ်မှမရဘဲ နာမည်ကြီးလာဖို့အတွင် မျက်နှာကိုမှီတည်နေရတဲ့ သရုပ်ဆောင်လေးတစ်ယောက်ပါပဲ။ ဒီတော့ ကျွန်မကိုကိုးကွယ်နေလို့ ဘာမှမထူးပါဘူး။ လူတိုင်းလည်း ကိုယ့်ကွန်ပျူတာကိုပိတ်၊ ဆဲလ်ဖုန်းတွေကိုပိတ်ပြီး စာသွားဖတ်နေသင့်တယ်။ စာကြွင်း: စာမေးပွဲမှာကံကောင်းပါစေ။ အကောင်းဆုံးဖြစ်ပါစေလို့ အားလုံးကိုဆုတောင်းပေးလိုက်ပါတယ်!

ပရိသတ် အေ : နတ်ဘုရားမက အရမ်းချစ်ဖို့ကောင်းတာပဲ! နတ်ဘုရားမ ဘာပြောပြောမှန်တယ်...ငါတော့ ကွန်ပျူတာပိတ်ပြီး စာသွားကျက်တော့မယ်!

ပရိသတ် ဘီ : နတ်ဘုရားမရဲ့ ‘ချိုချိုချဉ်ချဉ် ကြက်စွပ်ပြုတ်’ကို သောက်ပြီးသကာလ ငါတော့စာသွားပြန်နွှေးဖို့ လိုင်းပေါ်ကဆင်းပြီဟေ။

ဖြတ်သွားဖြတ်လာ ‌အေ: ပညာတော်သင်ဆုရ ကျောင်းသူတစ်ယောက်က စားဝတ်နေရေးအတွက် ရုပ်ရည်နဲ့အရည်အချင်းကို မှီ‌ခိုနေရပေမဲ့ အားမာန်အပြည့်နဲ့ တက်တက်ကြွကြွပြောနေတာကြီးကို ကြည့်ပါအုံး! ငါတော့fandomပြောင်းပြီ။

ဖြတ်သွားဖြတ်လာ ဘီ : စာကြမ်းပိုးတစ်‌ယောက်အနေနဲ့ ငါကထိပ်တန်းကျောင်းသားတွေကို တော်တော် လေးစားတာ။ ငါလဲ fandomပြောင်းရတော့မယ် ထင်တယ်။

မုန်းတီးသူ အေ : ဟီးဟီး

မုန်းတီးသူ ဘီ : ဖန်တွေက‌ ကြောက်ဖို့ကောင်းချက်ပဲ...fandomပြောင်းပစ်တဲ့ ဖြတ်သွားဖြတ်လာတွေကလည်း တကယ့်ရွံစရာ။

ပရိသတ် ဒီ : Haterတွေရေ ပျော်ပျော်ကြီး လမ်းပျောက်နေလိုက်ကြ!

“သူဌေး” ရွှီကျိုး တံခါးခေါက်လိုက်သည်။ “ချန်း*ဥက္ကဌဒီ‌ကိုရောက်နေတယ်”

ဘော့စ်ရဲ့မိုဘိုင်းစာမျက်နှာက... Weibo နဲ့တူသလိုပဲရော?

“သူ့ကို မန်နေဂျာနဲ့ပေးတွေ့ခိုင်းလိုက်ပြီး ငါမရှိဘူးလို့ပြောလိုက်” ချန်းရှီကွေ့က သူ့မိုဘိုင်းလ်ဖုန်းကို ပိတ်လိုက်ပြီး သူ့မျက်နှာထက်က အပြုံးကပျောက်ကွယ်သွားတော့၏။
_______________

[Zawgyi]

ဖုန္းခ်ၿပီးသၫ့္ေနာက္ ခ်န္းရွီေကြ့၏အၾကၫ့္ေတြက ကြန္ပ်ူတာစခရင္ထက္ ျပန္ေရာက္သြားသည္။ သူ႔မ်က္ႏွာေပၚက အၿပံဳးမွာမူ ခ်က္ခ်င္းပင္ေပ်ာက္ကြယ္သြားေလ၏။

မီဒီယာအမ်ားစု၏အျမင္တြင္ေတာ့ နဉ္ရွီလို‌အႏုပညာရွင္အေသးစားက ခ်န္းရွီေကြ့ႏွင့္ ထမင္းတစ္နပ္အတူသြားစားသၫ့္ သတင္းကိုတင္လိုက္ရသည္က ဘာမွေထြေထြထူးထူးျဖစ္လိမ့္မည္မဟုတ္ဟု ထင္ခဲ့ၾကသည္။ အဆံုးတြင္ ခ်န္းရွီေကြ့လို အထင္ကရပုဂၢိုလ္က အတင္းအဖ်င္းေတြကို ဂရုစိုက္ေလ့မရိွေပ။ နဉ္ရွီ၏ဂုဏ္သတင္းက အခ်ိန္တိုေလးအတြင္း ထိခိုက္သြားလ်ွင္ေတာင္မွ သူမကိုေၾကာျငာေပးသၫ့္သေဘာျဖစ္၍ win-win situation ပါပင္။

သို႔ေသာ္လည္း ဒီေန့တြင္ေတာ့ ဘယ္သူမွမထင္ထားသၫ့္ အျဖစ္အပ်က္တစ္ခု ျဖစ္လာသည္။

အေၾကာင္းမူကား အင္တာဗ်ဳးေျဖခဲလွသူ၊ ဆိုရွယ္မီဒီယာအေကာင့္မရိွသူ ဥကၠဌႀကီးဟာဆိုရင္ျဖင့္ မေမ်ွာ္လင့္ဘဲ ေဝ့ေပၚအေကာင့္တစ္ခု မွတ္ပံုတင္လိုက္လို႔ပါပင္။ သူပထမဆံုးတင္သၫ့္ပို႔စ္ကေတာင္ နဉ္ရွီေပါင္လံုးႀကီးဖက္တြယ္ထားသည္ ဆို‌ေသာ ေကာလာဟလကို ျပန္တံု႔ျပန္ထားသၫ့္ပို႔စ္ ျဖစ္ေနေပသည္။

ခ်န္းရွီေကြ့ V: ကြၽန္ေတာ္ နဉ္ရွီနဲ႔သူငယ္ခ်င္းျဖစ္လာတာ ႏွစ္ေတာ္ေတာ္ၾကာေနပါၿပီ။ သူမကူညီေပးတာနဲ႔ မိတ္ဆက္ေပးတာေၾကာင့္ က်ိဳ႕က်ီေဖ်ာ္ေျဖေရးကုမၸဏီဥကၠဌ မစၥတာလီနဲ႔ ကြၽန္ေတာ္ဆံုခဲ့ရတာပါ။ အင္တာနက္ေပၚက နဉ္ရွီရဲ့သတင္းအမွားေတြေၾကာင့္ ကြၽန္ေတာ္ အရမ္းကိုစိတ္ဆိုးေဒါသထြက္မိပါတယ္။ ဒီသတင္းနဲ႔ဆက္စပ္ေနတဲ့မီဒီယာေတြအားလံုးပဲ နဉ္ရွီရဲ့သတင္းအမွားေတြကို ဖ်က္ေပးဖို႔ ကြၽန္ေတာ္ေတာင္းဆိုပါတယ္။ ေက်းဇူးတင္ပါတယ္။

ခ်စ္စရာေကာင္းေအာင္ေျပာေနျခင္းမရိွ၊ ေလာကဝတ္ျပဳျခင္း(saying hello)မရိွသၫ့္ ရိုးရိုးရွင္းရွင္းေဝ့ေပၚပို႔စ္တစ္ခုပင္။ အင္တာနက္သံုးစြဲသူအမ်ားစုက ၄ကိုခ်က္ခ်င္းforwardလုပ္ၾကကာ အခ်ိဳ႕က ခ်န္းရွီေကြ့ဟာ စိတ္ႀကီးဝင္ေနေသာ ဥကၠဌတစ္ေယာက္ဟု ေျပာၾကသည္။ အခ်ိဳ႕ကလည္း ခ်န္းရွီေကြ့လို ပုဂၢိုလ္ႀကီးတစ္ေယာက္ႏွင့္ သူငယ္ခ်င္းျဖစ္ေနသၫ့္နဉ္ရွီက အမွန္ပင္ႏွစ္လိုဖြယ္ေကာင္းသည္ဟု ထင္ျမင္လာၾကသည္။ ေဘာ့စ္ခ်န္းက ေဖ်ာ္ေျဖေရးကုမၸဏီေပါင္းမ်ားစြာကို မေရြးဘဲ နဉ္ရွီရဲ့မ်က္ႏွာေၾကာင့္ က်ိဳ႕က်ီတြင္ရွယ္ယာဝင္ရန္ ေရြးခ်ယ္ခဲ့သည္မွာ အဆန္းမဟုတ္ေတာ့ပါေပ။

[T/N: ကိုယ္ဒီမွာသံုးထားတဲ့ ‘နဉ္ရွီရဲ့မ်က္ႏွာ’က အလွကိုကိုယ္စားျပဳတာမဟုတ္ဘူးေနာ္။ ‘ဆက္ဆံေရး’ကို ရည္ၫႊန္းထားတာ။ ဥပမာ - ကိုယ့္မွာသူငယ္ခ်င္းတစ္ေယာက္ရိွတယ္ဆိုပါစို႔။ အဲ့သူငယ္ခ်င္းအမက စက္ခ်ဳပ္တယ္ေပါ့။ ကိုယ္က အားေပးတဲ့အေနနဲ႔ အထည္သြားအပ္တယ္ထားပါ။ အထည္ရလာေတာ့ စိတ္ေက်နပ္မႈမရိွဘူးေပါ့။ ဒါေပမဲ့ သူငယ္ခ်င္းမ်က္ႏွာနဲ႔ ငါေဗြမယူေတာ့ပါဘူးေလ လို႔ ကိုယ္ကေတြးၿပီး ၿငိမ္ေနလိုက္မယ္။ အဲ့မွာသံုးထားတဲ့ မ်က္ႏွာမ်ိဳးပါ]

ပို႔စ္တင္ၿပီးသၫ့္ေနာက္ ဖိအားအမ်ားဆံုးလူေတြကား အႏွီအႏုပညာေလာကမီဒီယာေတြႏွင့္ အခ်ိဳ႕အတင္းအဖ်င္းဘေလာ့ဂါေတြပင္။ နဉ္ရွီႏွင့္ခ်န္းဥကၠဌတို႔က အမွန္ပင္မေျပာသင့္သၫ့္ ဆက္ဆံေရးမ်ိဳးရိွေနတာမဟုတ္ဘဲ သူငယ္ခ်င္းေဟာင္းေတျြဖစ္၍ေန၏။

က်ိဳ႕က်ီက ေဖ်ာ္ေျဖေရး‌ေလာကရိွကုမၸဏီမ်ားအနက္ အႀကီးဆံုးႏွင့္ကတိအတည္ဆံုးကုမၸဏီတစ္ခု မဟုတ္ေသာ္ျငား ခ်န္းရွီေကြ့၏ရင္းႏွီးျမႇဳပ္ႏွံမႈကို ဆြဲေဆာင္ႏိုင္လိုက္သည္မွာ အဆန္းမဟုတ္ေတာ့။ လက္စသတ္ေတာ့ သူတို႔လူေတြမွာ အဆက္အသြယ္ရိွေနတာကိုး။

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးႀကီး : “ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာၾကမယ္” အစီအစဉ္ရဲ့ ေနာက္ဆံုးအေၾကာင္းကို netizenဘယ္ေလာက္မ်ားမ်ား ၾကၫ့္ခဲ့လဲဆိုတာေတာ့ ငါမသိဘူး။ အထူးဧၫ့္သည္တစ္ေယာက္ျဖစ္တဲ့ နဉ္ရွီက ျပည္ပကဘယ္ေက်ာင္းမွာသြားသင္ခဲ့လဲဆိုတာ မေျပာခဲ့ဘူး။ ဒါေပမဲ့ သူဘယ္မွာေနလဲ၊ ေက်ာင္းထဲက ရႈခင္း‌ေနရာတခ်ိဳ႕‌ေတြနဲ႔ ဘယ္အတန္းရဲ့ေက်ာင္းသူျဖစ္တယ္ ဆိုတာေတာ့ ေျပာသြားတယ္ေနာ္။ ငါပ်င္းေနတုန္းက ငါသြားရွာၾကၫ့္ၿပီး နဉ္ရွီရဲ့ေဖာ္ျပခ်က္နဲ႔ကိုက္ညီတဲ့ ေက်ာင္းတစ္ေက်ာင္းပဲရိွတယ္ဆိုတာ ေတြ့လိုက္ရတယ္။ အဲ့ဒီတကၠသိုလ္ရဲ့ဘြဲ႔ရေတြထဲမွာလဲ နဉ္ရွီဆိုတဲ့နာမည္နဲ႔ ေက်ာင္းသူတစ္ေယာက္ မေမ်ွာ္လင့္ဘဲပါေနတယ္။ နဉ္ရွီ ဘယ္တကၠသိုလ္ကဘြဲ႔ရခဲ့လဲဆိုတာ နင္တို႔ခန႔္မွန္းႏိုင္ၾကမွာပါ။

ဤပို႔စ္ေအာက္တြင္ ထိုအစီအစဉ္ကိုၾကၫ့္ဖူးသၫ့္ အင္တာနက္သံုးစြဲသူအခ်ိဳ႕က အခ်က္အလက္ေတြစုေဆာင္းဖို႔ ထြက္လာၾကၿပီး ျပည္ပမွာပညာသင္ယူခဲ့ၾကသၫ့္ လူေတြကလည္း သူတို႔ရဲ့အျမင္ကိုေဖာ္ျပဖို႔ ထြက္လာၾကသည္။ ရိုးရွင္းစြာပင္ သူတို႔က သံသယျဖစ္ဖြယ္ေနရာမ်ားကို မလြဲသြားခ်င္ၾကေပ။

အင္တာနက္သံုးစြဲသူ ေအ : နတ္ဘုရားမနဉ္ရွီ ဘယ္တကၠသိုလ္ကဘြဲ႔ရလဲဆိုတာ ငါသိၿပီထင္တယ္။ ငါေျပာခ်င္တာက ဘာလဲဆို လွတာနဲ႔တင္ အဆင္ေျပေနၿပီမလား ဘာလို႔ပညာသင္ဆုရေက်ာင္းသားပါ ျဖစ္ေနရတာလဲ?

အင္တာနက္သံုးစြဲသူ ဘီ : မင္းသိတာေတြကို မဖံုးထားနဲ႔...မင္းမွာသတၲိရိွရင္ ထုတ္သာေျပာလိုက္!

ခန႔္မွန္းခ်က္ေပးေနၾကသၫ့္ေကာမန႔္ေတြက မ်ားသထက္မ်ားလာၿပီး သတင္းကိုအငမ္းမရသိခ်င္ေနသည့္ အင္တာနက္သံုးစြဲသူေတြကို တန္းလန္းထားခဲ့‌ေလေသာ ‌အႏုပညာ‌ေလာကရဲ့ အတင္းအဖ်င္းဘဒိုႀကီးတစ္ေယာက္ ေနာက္ဆံုးတြင္ေတာ့ Weiboတြင္ ေနာက္တစ္ဖန္ေပၚ‌လာေလၿပီ။

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးႀကီး : နဉ္ရွီက အက္ဒင္ယူနီဗာစီတီရဲ့ နာမည္အႀကီးဆံုး ဘြဲ႔ရတစ္ေယာက္ဆိုတာကို တခ်ိဳ႕သူငယ္ခ်င္းေတြ ခန႔္မွန္းမိၾကၿပီထင္ပါတယ္။ ရုပ္ရွင္မင္းသမီးနဲ႔သူငယ္ခ်င္းျဖစ္ေနတဲ့လူေတြကို ‌ပတ္ရမ္းၿပီးဆဲဆိုေနတဲ့ တခ်ိဳ႕ေသာလူတို႔ေရ...လူေတြကိုႀကိမ္းေမာင္းဖို႔ထြက္မလာခင္ နင္တို႔ကေရာ တျခားသူေတြထက္ ေတာ္ေနရဲ့လား သြားျပန္ၾကၫ့္ၾကပါအံုး!

[T/N: နဉ္ရွီဘြဲ႔ရခဲ့တာ Scotland က The University of Edinburgh ကပါ။ United Kingdom က England, Scotland, Wales နဲ႔ Nothern Irelandတို႔နဲ႔ ဖြဲ႔စည္းထားတာဆိုေတာ့ အေရ႔ွကနဉ္ရွီေျပာခဲ့တဲ့ United Kingdom မွာေနခဲ့တယ္ဆိုတာ မွန္တယ္လို႔ေျပာရမွာေပါ့။ ေတာ္ၾကာ ေရာေနၾကမွာစိုးလို႔]

မုန္းတီးသူ ေအ: ဟဟ မင္းတို႔မားကတ္တင္းအေကာင့္ေတြက ေတာ္ေတာ္ႂကြားလံုးထုတ္ၾကတာပဲ။ မင္းတို႔မွာအစြမ္းအစရိွရင္ သက္ေသျပေလ။ အမွန္တရားကိုမသိရင္လဲ သူမကကမ႓ာ့အဆင့္သံုးစာရင္းဝင္ ေက်ာင္းရဲ့ဘြဲ႔ရတစ္ေယာက္လို႔ ဘာလို႔မေျပာလိုက္တာလဲ?

မုန္းတီးသူ ဘီ : နတ္ဘုရားမနဉ္က အံ့ဖြယ္ေကာင္းခ်က္‌ေအ။ နတ္ဘုရားမနဉ္ရဲ့ ကိုယ္ရည္ေသြးတဲ့စေကးလ္ကေတာ့ မိုးေကာင္းကင္ႀကီးကို ထိုးေဖာက္သြားမတတ္ပဲေနာ္။ လံုးဝဖ်က္စီးမရတာဆိုလို႔ နတ္ဘုရားမနဉ္ရဲ့မ်က္ႏွာပဲရိွတယ္။ အဲ့ဒါ(အက္ဒင္ကဘြဲ႔ရခဲ့တာ)သာမွန္တယ္ဆိုရင္ ငါဒူးေထာက္ၿပီး မင္းကိုအေဖေခၚလိုက္မယ္။

“ဒီမားကတ္တင္းအေကာင့္ေတြကေတာ့!” အတင္းအဖ်င္းဘေလာ့ဂါတစ္ေယာက္အေနႏွင့္ ယန္းက်င္းဖုန္းဟာ ဘာမွလုပ္စရာမရိွတဲ့အခ်ိန္မ်ားတြင္ အႏုပညာရွင္မ်ား၏ အခ်က္အလက္ အေသးစားေလးေတြကို ပံုမွန္အားျဖင့္ ေဖာ္ထုတ္ေလ့ရိွသည္။ ဒါေပမယ့္ သူအမုန္းဆံုးကဘာလဲဆိုရင္ သူ႔သတင္းအခ်က္အလက္ေတြကို အမွား ဟု လူေတြသံသယဝင္တာႏွင့္ သူ႔စာေတြကို ခ်က္ခ်င္းျပန္ျဖၫ့္ေရးရတာပင္ျဖစ္သည္။

မူလအစကေတာ့ နဉ္ရွီဟာ အက္ဒင္ယူနီဗာစီတီက ဘြဲ႔ရတစ္ေယာက္ ဟုတ္သေလာ၊မဟုတ္သေလာ သူလည္းမသိခဲ့ပါ။ လြန္ခဲ့ေသာႏွစ္ရက္ကမွ တရုတ္ျပည္ကိုျပန္ေရာက္လာသၫ့္ သူ႔ေဘာ္ဒါက သူ႔ကိုလာရွာၿပီး ဘီယာသြားေသာက္ခဲ့ၾကသည္။ ထိုအခ်ိန္၌ ဆိုင္ထဲတြင္ “ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာၾကမယ္” အစီအစဉ္အား ျပထားသည္။ သူ႔ေဘာ္ဒါက တီဗီထဲကနဉ္ရွီကို လက္ၫွိုးထိုးရင္း ေျပာလိုက္သည္။ “ဒီမိန္းကေလးကို ေတာ္‌‌ေတာ္ေလး ရင္းႏွီးေနပါတယ္လို႔။ ငါတို႔အိမ္နီးခ်င္းေက်ာင္းက ႏိုင္ငံျခားသားေတြ နတ္ဘုရားမ လို႔သတ္မွတ္ထားတဲ့ မိန္းကေလးနဲ႔ေတာ္ေတာ္တူေနတယ္”

ယန္က်င္းဖုန္းေဘာ္ဒါေတြက ပိုက္ဆံသံုးျဖဳန္းႏိုင္၍ ျပည္ပတြင္ သြားေရာက္ပညာသင္ခဲ့ၾကသည္။ သို႔ေပမယ့္ သူတို႔နားကေက်ာင္းက တစ္ကမ႓ာလံုးတြင္ top 30ဝင္သၫ့္ အက္ဒင္ယူနီဗာစီတီပင္။ သို႔ျဖစ္၍ သူ႔ေဘာ္ဒါေတြေျပာတာကို ၾကားမိသၫ့္အေလ်ာက္ သူလည္းအင္တာနက္ေပၚသြားရွာမိ၏။ သူတကယ္ပဲရွာေတြ့သြားမယ္လို႔ ဘယ္သူသြားသိမွာလဲ!

အက္ဒင္ယူနီဗာစီတီဟာ ဝင္ခြင့္ေလ်ွာက္ဖို႔အတြက္ အလြန္တရာကိုမွ ခက္ခဲလွသၫ့္တကၠသိုလ္တစ္ခုျဖစ္ၿပီး ဤေက်ာင္းတြင္ Make-up examination system မရိွေခ်။ သို႔ျဖစ္၍ ဒီေက်ာင္းတြင္ စာလာသင္ၾကသၫ့္ တရုတ္ေက်ာင္းသားမ်ား သိပ္မရိွပါေပ။ နဉ္ရွီကေတာ့ ေျပာင္ေျမာက္လွေသာ စာေမးပြဲရလဒ္မ်ားျဖင့္ ‌အႏွီတကၠသိုလ္ကို ဝင္ခြင့္ရလိုက္၏။ ထိုကဲ့သို႔ေသာလူမ်ိဳးက သက္ေမြးဝမ္းေက်ာင္းလုပ္ငန္းအတြက္ သူ၏အရည္အခ်င္းအေပၚ မွီခို၍ရေပ၏။ ဘယ္လိုလုပ္ သူမက စားဝတ္‌ေနေရးအတြက္ ရုပ္ရည္ကိုမွီခိုၿပီး အႏုပညာေလာကထဲဝင္လာရတာလဲ?
[T/N: Make-up examination system - စာေမးပြဲက်တာ၊ ဒါမွမဟုတ္ မေျဖျဖစ္တဲ့ ေက်ာင္းသားေတြကို special test အေနနဲ႔ ျပန္ေျဖခြင့္ေပးတဲ့စနစ္]

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးႀကီး : ဟား ဟား တခ်ိဳ႕လူေတြ မယံုဘူးဆိုတာ ငါသိေနတယ္။ သက္ေသကဒီမွာပဲ။ ငါ့ကိုအေဖလို႔ေခၚခ်င္တဲ့တစ္ေယာက္ေရ ငါ့မွာအဲ့လိုခပ္ပိန္းပိန္း သားတစ္ေယာက္မရိွဘူးကြ။ [ပံု ပံု] 

အတင္းအဖ်င္းအိုးႀကီးက ပံုကိုးပံုတင္လိုက္သည္ကို အင္တာနက္သံုးစြဲသူေတြက ေတြ့လိုက္ၾကသည္။ ပံုထဲတြင္ အက္ဒင္ယူနီဗာစီတီ၏ဘြဲ႔လက္မွတ္ေတြ၊ ဘြဲ႔ဝတ္စံုဝတ္ထားသည့္ နဉ္ရွီႏွင့္ေက်ာင္းသားအဖြဲ႔တို႔ပါေလသည္။ သူတို႔အားလံုး၏မ်က္ႏွာကိုဝါးထားေသာ္လည္း ေနာက္ခံကေတာ့ အမွန္ပင္ အက္ဒင္ယူနီဗာစီတီျဖစ္ေန၏။

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးႀကီး : နဉ္ရွီရဲ့ ပညာေရး ဘယ္ေလာက္ထူးခြၽန္လဲဆိုတာ မင္း‌တို႔ေတြ ေသခ်ာၾကၫ့္ၾကစမ္း! သူတို႔ရဲ့ေဖ့စ္ဘြတ္ပို႔စ္ေတြမွာ နဉ္ရွီကိုမန္းရွင္းထားတဲ့ အက္ဒင္ကအတန္းေဖာ္ေဟာင္းေတြ ဘယ္လိုေတာင္စိတ္လႈပ္ရွားေနလဲဆိုတာပါ ေသခ်ာၾကၫ့္လိုက္ၾက! ဟို‌ေပါ့ပ်က္ပ်က္Hater‌ေတြ မတ္တပ္ရပ္၊ ေျခႏွစ္လွမ္းတိုးလာလိုက္ၾက နင္တို႔ဘယ္ေလာက္ေတာ္ေနလဲ ငါၾကၫ့္စမ္းမယ္!

အႏုပညာေလာကရဲ့ အတင္းအဖ်င္းအိုးႀကီး ပို႔စ္တင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ Weiboတစ္ခုလံုး ခ်က္ခ်င္းပင္ ပြက္ပြက္ညံသြားေတာ့သည္။ နဉ္ရွီကိုစိတ္ဝင္စားေနၾကသၫ့္ အင္တာနက္သံုးစြဲသူအမ်ားစုမွာ ျဖတ္သြားျဖတ္လာမ်ားသာ။ သို႔ေသာ္ သူမ၏ပညာေရးေနာက္ခံက ေထာက္ပံ့ေပး‌ေနတာေၾကာင့္ သူမအေပၚအထင္အျမင္ေကာင္းေတြ ရိွလာၾကသည္။

“လြန္ခဲ့တဲ့နာရီအနည္းငယ္ကက် ညီမက ‘ေပါင္လံုးႀကီးေတြကို ဖက္တြယ္ရတာ’ႀကိဳက္တဲ့ အရွက္မဲ့တဲ့ မင္းသမီးတဲ့...အခုက်ေတာ့ ညီမကအႏုပညာေလာကႀကီးက သင္ယူျခင္းနတ္ဘုရားမလို႔ ထင္သြားၾကျပန္ေရာ” နဉ္ရွီက က်န္းခ်င္းယြင္အား တက္ဘ္လက္ကြန္ပ်ူတာကို ျပန္ေပးလိုက္၏။ “ပညာေရးအဆင့္ကလဲ လူတစ္ေယာက္ရဲ့စရိုက္ကို တိုင္းတာလို႔ရႏိုင္တာပဲလား?”

“မင္းအေပၚသူတို႔အျမင္ေျပာင္းသြားတာကို မေပ်ာ္ဘူးလား?” က်န္းခ်င္းယြင္ ၿပံဳးလိုက္၏။ “topicကို ဆြဖို႔အတြက္ မင္းရဲ့ပညာအရည္အခ်င္းကို အစ္ကိုငွားသံုးေတာ့မလို႔ပဲ...မစၥတာခ်န္းက မင္းကိုကူညီဖို႔အတြက္ မားမားမတ္မတ္ရပ္တည္လာေပးမယ္လို႔ ဘယ္သူထင္မွာလဲ...ၿပီးေတာ့ အင္တာနက္သံုးစြဲသူေတြက မင္းရဲ့ပညာအရည္အခ်င္းနဲ႔ပက္သတ္လို႔ သြားၿပီးရွာေဖြစုေဆာင္းလာၾကေသး....ငါ့အစီအစဉ္က တကယ္ကိုအသံုးမဝင္ျဖစ္သြားတာပဲ”

က်န္းခ်င္းယြင္ ခ်န္းရွီေကြ့၏နာမည္ကို ေျပာလာသည္ကို ၾကားလိုက္သၫ့္အခိုက္ နဉ္ရွီတိတ္သြားသည္။ “ညီမလည္း မသိေတာ့ဘူး”

က်န္းခ်င္းယြင္ကသူမကို အၾကၫ့္တစ္ခ်က္ ပစ္လႊတ္လိုက္သည္။ “ဘယ္လိုပဲျဖစ္ျဖစ္ေလ ဒီေျဖရွင္းခ်က္က အလုပ္ျဖစ္သြားတဲ့အျပင္ မင္းရဲ့ပံုရိပ္ကိုအေကာင္းျမင္လာတဲ့ထိေတာင္ အကူအညီျဖစ္သြားေသးတယ္။ အနာဂတ္မွာ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ထမင္းသြားစားမယ္ဆိုရင္ေတာင္ ဘယ္မီဒီယာဆီကမွ ပရမ္းပတာသတင္းေတြထြက္လာမွာ မဟုတ္ေတာ့ဘူး”

နဉ္ရွီက ခ်န္းရွီေကြ့လို ပုဂၢိုလ္ႀကီးနဲ႔ေတာင္ သူငယ္ခ်င္းျဖစ္ႏိုင္တယ္ဆိုရင္ အျခားသူေတြနဲ႔အတူ ထမင္းသြားစားတာေလာက္ကေတာ့ အံ့ဩစရာျဖစ္မွာမဟုတ္ေတာ့။

နဉ္ရွီက သူမဖုန္းကိုထုတ္လိုက္ၿပီး Weiboထဲဝင္လိုက္၏။ သူမက ခ်န္းရွီေကြ့ထံမွ ‘ဂရုစိုက္’ခံေနရသၫ့္အေၾကာင္းႏွင့္ ပက္သတ္‌ေသာ သတင္းေတြအားလံုးက အရိပ္အေယာင္ေလးတစြန္းတစမ်ွပင္ မေတြ့ရဘဲ ေပ်ာက္သြားေလၿပီ။ Weibo တြင္ trending ျဖစ္ေနသၫ့္ topic ကား “နတ္ဘုရားမနဉ္666” ျဖစ္သည္။ ဒုတိယေရပန္းစားေနသၫ့္တစ္ခုမွာမူ “စာသင္ႏွစ္အဆံုးမွာ စာေမးပြဲမက်ေအာင္ နဉ္ရွီကိုကိုးကြယ္ၾက” ပင္ျဖစ္ေလ၏။

သူမအဲ့ဒါကိုဝင္ၾကၫ့္လိုက္ခ်ိန္မွာ ဘယ္သူကသူမပံုကို နတ္ဘုရားမအျဖစ္ေျပာင္းလိုက္သလဲေတာ့ နဉ္ရွီမသိ။ သူမေရ႔ွမွာ လူရြယ္တစ္ေယာက္က ဒူးေထာက္ေနသည္။ သူ႔ေခါင္းထက္တြင္ “ထိပ္တန္းေက်ာင္းသူမုဒ္ဝင္သြားရန္ ေတာင္းဆိုပါတယ္” ဆိုသၫ့္ စာလံုးငါးလံုးရိွေနသည္။

နဉ္ရွီ: .....

သူမသာမကိုင္တြယ္ေတာ့ဘူးဆိုရင္ ေနာက္တစ္ႀကိမ္ အင္တာနက္ဆယ္လီျဖစ္ေတာ့မွာပဲ...။

သူမခဏမ်ွေတြးလိုက္ၿပီးေနာက္ Weiboတြင္ပို႔စ္တင္လိုက္သည္။

နဉ္ရွီ V: ေယာက္်ားတစ္ေယာက္ကို သူဘာလုပ္ခဲ့လဲဆိုတာကိုၾကၫ့္ၿပီး ေယာက္်ားေကာင္းတစ္ေယာက္အျဖစ္ သတ္မွတ္တယ္။ သူ႔မွာဘယ္လိုပညာေရးမ်ိဳးရိွခဲ့လဲဆိုတာနဲ႔မဟုတ္ဘူး။ ကြၽန္မက ဘာအက်ိဳးအျမတ္မွမရဘဲ နာမည္ႀကီးလာဖို႔အတြင္ မ်က္ႏွာကိုမွီတည္ေနရတဲ့ သရုပ္ေဆာင္ေလးတစ္ေယာက္ပါပဲ။ ဒီေတာ့ ကြၽန္မကိုကိုးကြယ္ေနလို႔ ဘာမွမထူးပါဘူး။ လူတိုင္းလည္း ကိုယ့္ကြန္ပ်ူတာကိုပိတ္၊ ဆဲလ္ဖုန္းေတြကိုပိတ္ၿပီး စာသြားဖတ္ေနသင့္တယ္။ စာႂကြင္း: စာေမးပြဲမွာကံေကာင္းပါေစ။ အေကာင္းဆံုးျဖစ္ပါေစလို႔ အားလံုးကိုဆုေတာင္းေပးလိုက္ပါတယ္!

ပရိသတ္ ေအ : နတ္ဘုရားမက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ! နတ္ဘုရားမ ဘာေျပာေျပာမွန္တယ္...ငါေတာ့ ကြန္ပ်ူတာပိတ္ၿပီး စာသြားက်က္ေတာ့မယ္!

ပရိသတ္ ဘီ : နတ္ဘုရားမရဲ့ ‘ခ်ိဳခ်ိဳခ်ဉ္ခ်ဉ္ ၾကက္စြပ္ျပဳတ္’ကို ေသာက္ၿပီးသကာလ ငါေတာ့စာသြားျပန္ေနႊးဖို႔ လိုင္းေပၚကဆင္းၿပီေဟ။

ျဖတ္သြားျဖတ္လာ ‌ေအ: ပညာေတာ္သင္ဆုရ ေက်ာင္းသူတစ္ေယာက္က စားဝတ္ေနေရးအတြက္ ရုပ္ရည္နဲ႔အရည္အခ်င္းကို မွီ‌ခိုေနရေပမဲ့ အားမာန္အျပၫ့္နဲ႔ တက္တက္ႂကြၾကြေျပာေနတာႀကီးကို ၾကၫ့္ပါအံုး! ငါေတာ့fandomေျပာင္းၿပီ။

ျဖတ္သြားျဖတ္လာ ဘီ : စာၾကမ္းပိုးတစ္‌ေယာက္အေနနဲ႔ ငါကထိပ္တန္းေက်ာင္းသားေတြကို ေတာ္ေတာ္ ေလးစားတာ။ ငါလဲ fandomေျပာင္းရေတာ့မယ္ ထင္တယ္။

မုန္းတီးသူ ေအ : ဟီးဟီး

မုန္းတီးသူ ဘီ : ဖန္ေတြက‌ ေၾကာက္ဖို႔ေကာင္းခ်က္ပဲ...fandomေျပာင္းပစ္တဲ့ ျဖတ္သြားျဖတ္လာေတြကလည္း တကယ့္ရြံစရာ။

ပရိသတ္ ဒီ : Haterေတြေရ ေပ်ာ္ေပ်ာ္ႀကီး လမ္းေပ်ာက္ေနလိုက္ၾက!

“သူေဌး” ရႊီက်ိဳး တံခါးေခါက္လိုက္သည္။ “ခ်န္း*ဥကၠဌဒီ‌ကိုေရာက္ေနတယ္”

ေဘာ့စ္ရဲ့မိုဘိုင္းစာမ်က္ႏွာက... Weibo နဲ႔တူသလိုပဲေရာ?

“သူ႔ကို မန္ေနဂ်ာနဲ႔ေပးေတြ့ခိုင္းလိုက္ၿပီး ငါမရိွဘူးလို႔ေျပာလိုက္” ခ်န္းရွီေကြ့က သူ႔မိုဘိုင္းလ္ဖုန္းကို ပိတ္လိုက္ၿပီး သူ႔မ်က္ႏွာထက္က အၿပံဳးကေပ်ာက္ကြယ္သြားေတာ့၏။
_______________

Continue Reading

You'll Also Like

606K 93.2K 145
Name(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao...
107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.