နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [31.1]

1.1K 129 6
By Lazy_Little_Meow

[Unicode]

နဉ်ရှီသည် သူမဖုန်းထံမှ အဆက်မပြတ်မြည်သံတွေကြောင့် နိုးသွားရသည်။ သူမလက်က စောင်အောက်ကနေ ဆန့်ထွက်လာပြီး ခုတင်ဘေးရှိ ဗီရိုထက်မှဆဲလ်ဖုန်းကိုယူလိုက်သည်။ “ဟယ်လို...”

“မင်း မနေ့က ချန်းလုပ်ငန်းစုရဲ့ဥက္ကဌနဲ့ နေ့လယ်စာသွားစားခဲ့တာလား?”

ဖုန်းတစ်ဖက်ရှိ ကျန်းချင်းယွင်၏အသံက အရေးတကြီးဖြစ်နေပုံရသည်။ ရုတ်တရက်မေးလာတာကြောင့် သူမစိတ်ရှုပ်သွားရပြီး မျက်မှောင်ကြုတ်လိုက်၏။ “ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ?”

“မင်းတို့နှစ်ယောက် စားသောက်ဆိုင်ထဲဝင်သွားတဲ့ပုံတွေကို တစ်ယောက်ယောက်က အင်တာနက်ပေါ်တင်လိုက်တယ်...အခု အင်တာနက်ပေါ်မှာ ပွတ်လောရိုက်နေတော့တာပဲ...ဘာကောမန့်မှ သွားမရေးနဲ့နော်...ကုမ္မဏီက ကူပြီး‌ဖြေရှင်းပေးမယ်” ကျန်းချင်းယွင်က အင်တာနက်ပေါ်မှ ‘စပွန်ဆာပေး(အမ်း)ခံထားရတာ’ နှင့် ‘ပေါင်လုံးကြီးကိုဖက်တွယ်ထားတာ’ စသည့် ကောမန့်တွေအကြောင်းကိုတော့ နဉ်ရှီကိုမပြောပြလိုက်ပေ။ အင်တာနက်ပေါ်မှ လူတချို့က အလွန့်အလွန်ကို ပေါက်ကွဲနေကြလေသည်။ သူမ၏အသွင်အပြင်ကြောင့် သူတို့သူမကိုကြိုက်ရင်ကြိုက်လိမ့်မည်၊ သို့သော် နဉ်ရှီကိုအကောင်ကြီးကြီးတစ်ယောက်နှင့် တွဲမြင်လိုက်သည်နှင့် သူတို့ဟာ ညစ်ညမ်းဇာတ်ကွက်တွေအားလုံးကို စိတ်ကူးယဉ်တွေးတောကြလိမ့်မည်။ ပြီးလျှင် သူတို့၏စင်ကြယ်လှသည့် စိတ်ဝိဉာဉ်ကို နဉ်ရှီကပဲစွန်းထင်း‌‌စေသည့်အလား တစ်ကြိမ်ပြီးတစ်ကြိမ် ၎င်းကိုအသုံးပြုပြီး သူမကိုဆဲရေးတိုင်းထွာကြလိမ့်မည်။

အင်တာနက်အသုံးပြုသူတွေ၏ အမျိုးသမီးအနုပညာရှင်တွေအပေါ် အပြစ်ရှာတတ်သည့်သဘောထားနှင့် ချမ်းသာကြွယ်ဝမှုအပေါ် သူတို့၏မုန်းတီးမှုကို အချိန်အတော်ကြာ အသားကျနေပြီဖြစ်သည့် ကျန်းချင်းယွင်ကတော့ အဖြစ်အပျက်အကြောင်းကို မြန်မြန်ဆန်ဆန်ပင် ကုမ္ပဏီဆီတင်ပြလိုက်သည်။ မီဒီယာကသူ့ကို ဖုန်းခေါ်လာသည့်အချိန်တိုင်း ‘သူတို့က သာမန်သူငယ်ချင်းတွေပါပဲ’ဟုသာ တစ်ပုံစံတည်းပြန်ဖြေ၏။

မီဒီယာသည် နဉ်ရှီနှင့်ချန်းရှီကွေ့တို့က သူငယ်ချင်းကောင်းတွေဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ဂရုမစိုက်။ “နဥ်ရှီနှင့်ချန်းလုပ်ငန်းစုဥက္ကဌ၏ သံသယဖြစ်ဖွယ်ဆက်ဆံရေး”၊ “နဉ်ရှီရဲ့နောက်ကွယ်ကယောက်ျားက တကယ်တော့သူဖြစ်နေတာပဲ!” ဒါမှမဟုတ် “နဉ်ရှီဟု လူသိများသည့်အလှလေးကို ချန်းလုပ်ငန်းစုဥက္ကဌက အမြတ်တနိုးဂရုစိုက်” စသည့်သတင်းတွေက ဝေ့ပေါ်တစ်ခုလုံး လွှမ်းမိုးနေလျက်ရှိ၏။ ဤသတင်း‌တွေက သူတို့နှစ်ယောက်ကြားရှိ အချစ်ရေးအဖြစ်သို့ ပေါက်ကွဲသွားပုံရသည်။ သို့သော်လည်း ပြောထားသည့်စာသားတွင်တော့ သူတို့ကဘယ်လောက်ချမ်းသာကြောင်း၊ အင်အားကြီးကြောင်းကို အလေးပေးပြောထားပြီး သတင်းထဲတွင် နဉ်ရှီကချမ်းသာတဲ့လူကိုကပ်နေတာပဲ ဟူ၍ အံ့အားတကြီးပြောထားသေး၏။

အင်တာနက်ပေါ်တွင် ကောင်းတာရော မကောင်းတာရော ပါသည်။ လူအများစုက ချန်းရှီကွေ့ကကန်းနေသည်ဟု ခံစားနေရသည်။ ပလတ်စတစ်ဆာဂျရီ လုပ်ထားလား မလုပ်ထားလား မသိနိုင်တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ကိုမှ သူဘာလို့သဘောကျရတာလဲ?

ကွန်ရက်တစ်ခွင်တွင်ပျံ့နှံ့နေသည့် မလိုမုန်းထားမှုတွေက မကြာခဏပြင်းထန်လျက်ရှိသည်။ သူတို့နဉ်ရှီကို အထင်သေးနှာခေါင်းရှုံ့နေရင်းပင် အနှီအင်တာနက်သုံးစွဲသူတို့က ချန်းရှီကွေ့ကိုအမွှမ်းတင်နေကြ၏။ ဘာလို့ဆို တချို့လူတွေက နဉ်ရှီသည် ချန်းရှီကွေ့နှင့်မတန်ဟု ခံစားနေရတာကြောင့်ပင်။ သူတို့သဘောကျသည့်အနုပညာရှင်ကိုတောင်မှ မုန်းသည့်လူတချို့ရှိသေးသည်။ အကြောင်းမှာမူ သူတို့ကိုကျောခိုင်း၍ သူတို့၏ဘဝတစ်သက်တာတွင် မဖြစ်နိုင်သည့် အာဏာရှိလူတစ်ယောက်နှင့် လက်တွဲသွား၍ပါပင်။ ထိုအစား သူတို့၏မလိုလားမှုနှင့် မနာလိုမှုတို့ကို ဒေါသအဖြစ်ပြောင်းလိုက်ပြီး နဉ်ရှီထံသို့ မဆိုင်းမတွပင် ပုံချလိုက်တော့သည်။

သူမကအမျိုးသမီးအနုပညာရှင်တစ်ယောက်၊ လှပသည့်လူထုပုံရိပ်တစ်ယောက်၊ သရုပ်မှန် ဒါမှမဟုတ် နောက်ခံမရှိသည့် ကူကယ်ရာမဲ့နေသော လူတစ်ယောက်ဖြစ်သည်မို့ သူတို့၏မကျေနပ်ချက်အားလုံးကို သူမဆီမှာထွက်ပေါက်ရှာခြင်းဖြင့် သူတို့နှလုံးထားထဲက သနားစဖွယ်ဟစ်ဟာ‌မှုကို ဖြည့်ဆည်းနိုင်ပေသည်။

နဉ်ရှီသည် ကွန်ပျူတာကိုဖွင့်ပြီး အင်တာနက်ပေါ်တွင် ထိန်းမနိုင်သိမ်းမရ လောင်မြိုက်နေကြသည့် အင်တာနက်သုံးစွဲသူများကို ကြည့်နေလိုက်သည်။ သူမလှောင်ရယ်လိုက်ကာ သူမလက်ထဲရှိမောက်စ်ကို ပစ်ထုတ်လိုက်၏။ ခံစားချက်မကောင်းနေတာကြောင့် သူမရေသွားချိုးလိုက်သည်။ သူမတရုတ်ပြည်ကိုပြန်လာဖို့မဆုံးဖြတ်ခင်ကပင် ဖြစ်နိုင်ချေအားလုံးကို ကြိုတင်မျှော်မှန်းထားနှင့်ပြီဖြစ်သည်။ အနှီဖန်သားပြင်တစ်ခုခြားနေသည့် ဆိုးရွားသောဘာသာစကားတွေက သူမအပေါ်တစိုးတစိမျှ သက်ရောက်မှုမရှိ။

လွန်ခဲ့သောနှစ်အနည်းငယ်က ပျက်ရယ်ပြုခံရခြင်းနှင့် အလှောင်ခံရခြင်းဆိုသည့် ခံစားချက်များကို ကိုယ်တွေ့ခံစားခဲ့ရပြီးဖြစ်သည်။ အနှီငယ်ရွယ်ပြီးဦးနှောက်မရှိသည့် ရယ်စရာလူငယ်တွေနှင့်ယှဉ်လျှင် အင်တာနက်ပေါ်မှ ကောမန့်တွေက ပမွှားလေးပါပင်။

ရေနွေးနွေးလေးက စီးကျလာကာ သူမကိုယ်ကိုဆေးကြောနေ၏။ သူမရေပန်းကိုပိတ်နေရင်း စိတ်ကတော့ သူမအပေါ် စနောက်လှောင်ပြောင်ခဲ့ကြသည့်အထဲတွင် ပါဝင်သူများကို ပြန်တွေးနေ၏။ နဉ်ရှီဆံပင်အခြောက်ခံလိုက်ပြီး သူမကိုယ်ကိုတဘက်နှင့်သုတ်လိုက်ကာ မှန်ထက်ရှိရေငွေ့တွေကိုသုတ်လိုက်သည်။ မှန်ထဲတွင် ထင်ဟပ်နေသော သူမ၏ပုံရိပ်ကိုကြည့်ရင်း ရုတ်တရက်ပြုံးလိုက်၏။

သူမရေချိုးခန်းမှပြန်ထွက်လာတော့ သူမ၏ဖုန်းပေါ်တွင် မစ္စတာချန်း ဟုပေါ်နေသည့် မစ်ကောလ်ငါးခုရှိကြောင်း ‌တွေ့လိုက်ရသည်။

သူမဖုန်းစခရင်ကို စက္ကန့်အနည်းငယ်လောက်စိုက်ကြည့်နေပြီးနောက် ထိုနံပါတ်ကိုပြန်ခေါ်လိုက်၏။

“နဉ်ရှီ...အင်တာနက်ပေါ်မှာ ဘာဖြစ်နေလဲဆိုတာ ကိုယ်ခုနကမှ သိလိုက်ရတယ်...ကိုယ်မင်းကို ဒုက္ခအကြီးကြီး ပေးမိတဲ့အတွက် တကယ်ကိုတောင်းပန်ပါတယ်”

ဖုန်း၏တစ်ဖက်ခြမ်းရှိ ချန်းရှီကွေ့၏အသံဟာ စိုးရိမ်ကြောင့်ကြ၍သတိထားနေပုံပေါက်သည်။

နဉ်ရှီ ရုတ်တရက်ပြုံးလိုက်ပြီး ဝရန်တာသို့‌လျှောက်သွားကာ သူမစိုက်ထားသည့် အပင်တွေကိုကြည့်နေ၏။ “မစ္စတာချန်း တောင်းပန်စရာမလိုပါဘူးရှင်....ရှင်မဟုတ်ရင်တောင်မှ တခြားသူတွေရှိနေမှာပဲလေ....အနာဂတ်မှာ ကျွန်မချမ်းသာတဲ့သူနဲ့အတူ ပေါ်လာတဲ့အလျောက် သွားပုတ်လေလွင့်ပြောကြမဲ့သူ နည်းမှာမဟုတ်ဘူး...‌ဒီလောက,က ကျော်ကြားမှုနှင့်ဂုဏ်သတင်းကိုပဲ ဂရုစိုက်တာ....ဘယ်သူမှ ကိုယ့်ရဲအပြစ်ကင်းစင်မှုကို ဂရုမစိုက်ဘူး...ကိုယ်မှားမှား၊မှန်မှန် တခြားသူတွေရဲ့စကား‌အပေါ်ပဲ မူတည်တာလေ...အဲ့တော့ ကျွန်မ ကျင့်သားရနေပါပြီ”

ဖုန်း၏တစ်ဖက်တွင်တော့ တိတ်ဆိတ်မှုသာ ခြုံငုံလျက်ရှိသည်။ အချိန်ခဏလောက်ကြာပြီးနောက် ချန်းရှီကွေ့၏အသံဩဩက ထွက်လာပြန်သည်။ “အဲ့ဒါနဲ့အသားကျသွားတာနဲ့ပဲ မှန်တယ်လို့မဆိုလိုဘူးလေ....အနည်းဆုံးတော့ မင်းကိုသူများ‌တွေက မတရားစွပ်စွဲတာမျိုး ကိုယ်မဖြစ်စေချင်ဘူး”

“ခစ်ခစ်” ‌ဖုန်း၏တစ်ဖက်ခြမ်းတွင် နောက်ထပ်တိတ်ဆိတ်မှုက လွှမ်းခြုံသွားပြန်၏။ “မစ္စတာချန်းကို ချစ်စရာကောင်းတယ်လို့ တစ်ယောက်ယောက်များ ချီးကျူးဖူးလား?”

“အင်း” ဖုန်း၏တစ်ဖက်ခြမ်းတွင် နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်ကာ “ကိုယ့်အမေလေ”

နဉ်ရှီ ထပ်ရယ်မိပြန်ပြီ။ ဖုန်းတစ်ဖက်ခြမ်းရှိလူကတော့ သူမ၏ရယ်သံကို တိတ်တိတ်လေးနားဆင်နေလျက်...။ သူမ၏မျက်လုံးထောင့်စွန်းက အရည်များကို သုတ်လိုက်ကာ... “ဒါဆိုရင် ဆန့်ကျင်ဘက်လိင်ကို ဒီလိုနည်းနဲ့သာဆက်ဆံနေရင် အဲ့ဒါကအရမ်းလွယ်တယ်လို့.....တစ်ယောက်ယောက်ကပြောဖူးသေးလား?” သူမခေါင်းလှည့်လိုက်ကာ နံရံပေါ်ရှိ ပန်းချီကားကိုကြည့်လိုက်၏။

ဆီဆေးပန်းချီထက်ဝယ် လှိုင်းတွေပေါ် တလှိမ့်လှိမ့်သွား‌နေသည့် ရွက်သင်္ဘောဖြူများနှင့်အတူ အဆုံးမရှိသောပင်လယ်ပြာကြီးရှိနေ၏။ ပင်လယ်၏အဆုံးသတ်ကိုတော့ မမြင်နိုင်ပေ။

“ဘာကလွယ်တာလဲ?”

“ဘာမှမဟုတ်ပါဘူး” နဉ်ရှီပြုံး၍ ပြောလိုက်၏။ “ကျွန်မပြောချင်တာက ဘာရယ်လို့မဟုတ်ပါဘူး...မစ္စတာချန်း အတည်မယူလိုက်ပါနဲ့”

ချန်းရှီကွေ့၏မျက်လုံးတွေက ပို၍ညင်သာလာသည်။ ဖုန်းထဲကအမျိုးသမီး၏ ညင်သာသောအသံလေးကို နားထောင်ရင်း သူ့မျက်နှာထက်ဝယ် အပြုံးယောင်ယောင်လေးက ပွင့်လန်းလာသည်။ “အဲ့‌ဆို ဒီနေ့တော့ ကောင်းကောင်းအနားယူတော့နော်”
_________

Meow's Note: မနေ့ကမအားလို့မတင်ဖြစ်တာပါ။ နောက်တစ်ဝက်ကိုတော့ မနက်ဖြန်တင်ပေးမယ်နော်။
_________

[Zawgyi]

နဉ္ရွီသည္ သူမဖုန္းထံမွ အဆက္မျပတ္ျမည္သံေတြေၾကာင့္ ႏိုးသြားရသည္။ သူမလက္က ေစာင္ေအာက္ကေန ဆန႔္ထြက္လာၿပီး ခုတင္ေဘးရိွ ဗီရိုထက္မွဆဲလ္ဖုန္းကိုယူလိုက္သည္။ “ဟယ္လို...”

“မင္း မေန့က ခ်န္းလုပ္ငန္းစုရဲ့ဥကၠဌနဲ႔ ေန့လယ္စာသြားစားခဲ့တာလား?”

ဖုန္းတစ္ဖက္ရိွ က်န္းခ်င္းယြင္၏အသံက အေရးတႀကီးျဖစ္ေနပံုရသည္။ ရုတ္တရက္ေမးလာတာေၾကာင့္ သူမစိတ္ရႈပ္သြားရၿပီး မ်က္ေမွာင္ၾကဳတ္လိုက္၏။ “ဟုတ္တယ္ေလ...ဘာျဖစ္လို႔လဲ?”

“မင္းတို႔ႏွစ္ေယာက္ စားေသာက္ဆိုင္ထဲဝင္သြားတဲ့ပံုေတြကို တစ္ေယာက္ေယာက္က အင္တာနက္ေပၚတင္လိုက္တယ္...အခု အင္တာနက္ေပၚမွာ ပြတ္ေလာရိုက္ေနေတာ့တာပဲ...ဘာေကာမန႔္မွ သြားမေရးနဲ႔ေနာ္...ကုမၼဏီက ကူၿပီး‌ေျဖရွင္းေပးမယ္” က်န္းခ်င္းယြင္က အင္တာနက္ေပၚမွ ‘စပြန္ဆာေပး(အမ္း)ခံထားရတာ’ ႏွင့္ ‘ေပါင္လံုးႀကီးကိုဖက္တြယ္ထားတာ’ စသၫ့္ ေကာမန႔္ေတြအေၾကာင္းကိုေတာ့ နဉ္ရွီကိုမေျပာျပလိုက္ေပ။ အင္တာနက္ေပၚမွ လူတခ်ိဳ႕က အလြန႔္အလြန္ကို ေပါက္ကြဲေနၾကေလသည္။ သူမ၏အသြင္အျပင္ေၾကာင့္ သူတို႔သူမကိုႀကိဳက္ရင္ႀကိဳက္လိမ့္မည္၊ သို႔ေသာ္ နဉ္ရွီကိုအေကာင္ႀကီးႀကီးတစ္ေယာက္ႏွင့္ တြဲျမင္လိုက္သည္ႏွင့္ သူတို႔ဟာ ညစ္ညမ္းဇာတ္ကြက္ေတြအားလံုးကို စိတ္ကူးယဉ္ေတြးေတာၾကလိမ့္မည္။ ၿပီးလ်ွင္ သူတို႔၏စင္ၾကယ္လွသၫ့္ စိတ္ဝိဉာဉ္ကို နဉ္ရွီကပဲစြန္းထင္း‌‌ေစသၫ့္အလား တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ၄ကိုအသံုးျပဳျပီး သူမကိုဆဲေရးတိုင္းထြာၾကလိမ့္မည္။

အင္တာနက္အသံုးျပဳသူေတြ၏ အမ်ိဳးသမီးအႏုပညာရွင္ေတြအေပၚ အျပစ္ရွာတတ္သၫ့္သေဘာထားႏွင့္ ခ်မ္းသာႂကြယ္ဝမႈအေပၚ သူတို႔၏မုန္းတီးမႈကို အခ်ိန္အေတာ္ၾကာ အသားက်ေနၿပီျဖစ္သၫ့္ က်န္းခ်င္းယြင္ကေတာ့ အျဖစ္အပ်က္အေၾကာင္းကို ျမန္ျမန္ဆန္ဆန္ပင္ ကုမၸဏီဆီတင္ျပလိုက္သည္။ မီဒီယာကသူ႔ကို ဖုန္းေခၚလာသၫ့္အခ်ိန္တိုင္း ‘သူတို႔က သာမန္သူငယ္ခ်င္းေတြပါပဲ’ဟုသာ တစ္ပံုစံတည္းျပန္ေျဖ၏။

မီဒီယာသည္ နဉ္ရွီႏွင့္ခ်န္းရွီေကြ့တို႔က သူငယ္ခ်င္းေကာင္းေတြဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ သူတို႔ဂရုမစိုက္။ “နဥ္ရွီႏွင့္ခ်န္းလုပ္ငန္းစုဥကၠဌ၏ သံသယျဖစ္ဖြယ္ဆက္ဆံေရး”၊ “နဉ္ရွီရဲ့ေနာက္ကြယ္ကေယာက္်ားက တကယ္ေတာ့သူျဖစ္ေနတာပဲ!” ဒါမွမဟုတ္ “နဉ္ရွီဟု လူသိမ်ားသၫ့္အလွေလးကို ခ်န္းလုပ္ငန္းစုဥကၠဌက အျမတ္တႏိုးဂရုစိုက္” စသၫ့္သတင္းေတြက ေဝ့ေပၚတစ္ခုလံုး လႊမ္းမိုးေနလ်က္ရိွ၏။ ဤသတင္း‌ေတြက သူတို႔ႏွစ္ေယာက္ၾကားရိွ အခ်စ္ေရးအျဖစ္သို႔ ေပါက္ကြဲသြားပံုရသည္။ သို႔ေသာ္လည္း ေျပာထားသၫ့္စာသားတြင္ေတာ့ သူတို႔ကဘယ္ေလာက္ခ်မ္းသာေၾကာင္း၊ အင္အားႀကီးေၾကာင္းကို အေလးေပးေျပာထားၿပီး သတင္းထဲတြင္ နဉ္ရွီကခ်မ္းသာတဲ့လူကိုကပ္ေနတာပဲ ဟူ၍ အံ့အားတႀကီးေျပာထားေသး၏။

အင္တာနက္ေပၚတြင္ ေကာင္းတာေရာ မေကာင္းတာေရာ ပါသည္။ လူအမ်ားစုက ခ်န္းရွီေကြ့ကကန္းေနသည္ဟု ခံစားေနရသည္။ ပလတ္စတစ္ဆာဂ်ရီ လုပ္ထားလား မလုပ္ထားလား မသိႏိုင္တဲ့ ရုပ္ရွင္မင္းသမီးတစ္ေယာက္ကိုမွ သူဘာလို႔သေဘာက်ရတာလဲ?

ကြန္ရက္တစ္ခြင္တြင္ပ်ံ့ႏွံ႔ေနသၫ့္ မလိုမုန္းထားမႈေတြက မၾကာခဏျပင္းထန္လ်က္ရိွသည္။ သူတို႔နဉ္ရွီကို အထင္ေသးႏွာေခါင္းရႈံ႔ေနရင္းပင္ အႏွီအင္တာနက္သံုးစြဲသူတို႔က ခ်န္းရွီေကြ့ကိုအမႊမ္းတင္ေနၾက၏။ ဘာလို႔ဆို တခ်ိဳ႕လူေတြက နဉ္ရွီသည္ ခ်န္းရွီေကြ့ႏွင့္မတန္ဟု ခံစားေနရတာေၾကာင့္ပင္။ သူတို႔သေဘာက်သၫ့္အႏုပညာရွင္ကိုေတာင္မွ မုန္းသၫ့္လူတခ်ိဳ႕ရိွေသးသည္။ အေၾကာင္းမွာမူ သူတို႔ကိုေက်ာခိုင္း၍ သူတို႔၏ဘဝတစ္သက္တာတြင္ မျဖစ္ႏိုင္သၫ့္ အာဏာရိွလူတစ္ေယာက္ႏွင့္ လက္တြဲသြား၍ပါပင္။ ထိုအစား သူတို႔၏မလိုလားမႈႏွင့္ မနာလိုမႈတို႔ကို ေဒါသအျဖစ္ေျပာင္းလိုက္ၿပီး နဉ္ရွီထံသို႔ မဆိုင္းမတြပင္ ပံုခ်လိုက္ေတာ့သည္။

သူမကအမ်ိဳးသမီးအႏုပညာရွင္တစ္ေယာက္၊ လွပသၫ့္လူထုပံုရိပ္တစ္ေယာက္၊ သရုပ္မွန္ ဒါမွမဟုတ္ ေနာက္ခံမရိွသၫ့္ ကူကယ္ရာမဲ့ေနေသာ လူတစ္ေယာက္ျဖစ္သည္မို႔ သူတို႔၏မေက်နပ္ခ်က္အားလံုးကို သူမဆီမွာထြက္ေပါက္ရွာျခင္းျဖင့္ သူတို႔ႏွလံုးထားထဲက သနားစဖြယ္ဟစ္ဟာ‌မႈကို ျဖၫ့္ဆည္းႏိုင္ေပသည္။

နဉ္ရွီသည္ ကြန္ပ်ူတာကိုဖြင့္ၿပီး အင္တာနက္ေပၚတြင္ ထိန္းမႏိုင္သိမ္းမရ ေလာင္ၿမိဳက္ေနၾကသၫ့္ အင္တာနက္သံုးစြဲသူမ်ားကို ၾကၫ့္ေနလိုက္သည္။ သူမေလွာင္ရယ္လိုက္ကာ သူမလက္ထဲရိွေမာက္စ္ကို ပစ္ထုတ္လိုက္၏။ ခံစားခ်က္မေကာင္းေနတာေၾကာင့္ သူမေရသြားခ်ိဳးလိုက္သည္။ သူမတရုတ္ျပည္ကိုျပန္လာဖို႔မဆံုးျဖတ္ခင္ကပင္ ျဖစ္ႏိုင္ေခ်အားလံုးကို ႀကိဳတင္ေမ်ွာ္မွန္းထားႏွင့္ၿပီျဖစ္သည္။ အႏွီဖန္သားျပင္တစ္ခုျခားေနသၫ့္ ဆိုးရြားေသာဘာသာစကားေတြက သူမအေပၚတစိုးတစိမ်ွ သက္ေရာက္မႈမရိွ။

လြန္ခဲ့ေသာႏွစ္အနည္းငယ္က ပ်က္ရယ္ျပဳခံရျခင္းႏွင့္ အေလွာင္ခံရျခင္းဆိုသၫ့္ ခံစားခ်က္မ်ားကို ကိုယ္ေတြ့ခံစားခဲ့ရၿပီးျဖစ္သည္။ အႏွီငယ္ရြယ္ၿပီးဦးေနွာက္မရိွသၫ့္ ရယ္စရာလူငယ္ေတြႏွင့္ယွဉ္လ်ွင္ အင္တာနက္ေပၚမွ ေကာမန႔္ေတြက ပမႊားေလးပါပင္။

ေရႏြေးေနြးေလးက စီးက်လာကာ သူမကိုယ္ကိုေဆးေၾကာေန၏။ သူမေရပန္းကိုပိတ္ေနရင္း စိတ္ကေတာ့ သူမအေပၚ စေနာက္ေလွာင္ေျပာင္ခဲ့ၾကသၫ့္အထဲတြင္ ပါဝင္သူမ်ားကို ျပန္ေတြးေန၏။ နဉ္ရွီဆံပင္အေျခာက္ခံလိုက္ၿပီး သူမကိုယ္ကိုတဘက္ႏွင့္သုတ္လိုက္ကာ မွန္ထက္ရိွေရေငြ့ေတြကိုသုတ္လိုက္သည္။ မွန္ထဲတြင္ ထင္ဟပ္ေနေသာ သူမ၏ပံုရိပ္ကိုၾကၫ့္ရင္း ရုတ္တရက္ၿပံဳးလိုက္၏။

သူမေရခ်ိဳးခန္းမျွပန္ထြက္လာေတာ့ သူမ၏ဖုန္းေပၚတြင္ မစၥတာခ်န္း ဟုေပၚေနသၫ့္ မစ္ေကာလ္ငါးခုရိွေၾကာင္း ‌ေတြ့လိုက္ရသည္။

သူမဖုန္းစခရင္ကို စကၠန႔္အနည္းငယ္ေလာက္စိုက္ၾကၫ့္ေနၿပီးေနာက္ ထိုနံပါတ္ကိုျပန္ေခၚလိုက္၏။

“နဉ္ရွီ...အင္တာနက္ေပၚမွာ ဘာျဖစ္ေနလဲဆိုတာ ကိုယ္ခုနကမွ သိလိုက္ရတယ္...ကိုယ္မင္းကို ဒုကၡအႀကီးႀကီး ေပးမိတဲ့အတြက္ တကယ္ကိုေတာင္းပန္ပါတယ္”

ဖုန္း၏တစ္ဖက္ျခမ္းရိွ ခ်န္းရွီေကြ့၏အသံဟာ စိုးရိမ္ေၾကာင့္ၾက၍သတိထားေနပံုေပါက္သည္။

နဉ္ရွီ ရုတ္တရက္ၿပံဳးလိုက္ၿပီး ဝရန္တာသို႔‌ေလ်ွာက္သြားကာ သူမစိုက္ထားသၫ့္ အပင္ေတြကိုၾကၫ့္ေန၏။ “မစၥတာခ်န္း ေတာင္းပန္စရာမလိုပါဘူးရွင္....ရွင္မဟုတ္ရင္ေတာင္မွ တျခားသူေတြရိွေနမွာပဲေလ....အနာဂတ္မွာ ကြၽန္မခ်မ္းသာတဲ့သူနဲ႔အတူ ေပၚလာတဲ့အေလ်ာက္ သြားပုတ္ေလလြင့္ေျပာၾကမဲ့သူ နည္းမွာမဟုတ္ဘူး...‌ဒီေလာက,က ေက်ာ္ၾကားမႈႏွင့္ဂုဏ္သတင္းကိုပဲ ဂရုစိုက္တာ....ဘယ္သူမွ ကိုယ့္ရဲအျပစ္ကင္းစင္မႈကို ဂရုမစိုက္ဘူး...ကိုယ္မွားမွား၊မွန္မွန္ တျခားသူေတြရဲ့စကား‌အေပၚပဲ မူတည္တာေလ...အဲ့ေတာ့ ကြၽန္မ က်င့္သားရေနပါၿပီ”

ဖုန္း၏တစ္ဖက္တြင္ေတာ့ တိတ္ဆိတ္မႈသာ ၿခံဳငံုလ်က္ရိွသည္။ အခ်ိန္ခဏေလာက္ၾကာၿပီးေနာက္ ခ်န္းရွီေကြ့၏အသံဩဩက ထြက္လာျပန္သည္။ “အဲ့ဒါနဲ႔အသားက်သြားတာနဲ႔ပဲ မွန္တယ္လို႔မဆိုလိုဘူးေလ....အနည္းဆံုးေတာ့ မင္းကိုသူမ်ား‌ေတြက မတရားစြပ္စြဲတာမ်ိဳး ကိုယ္မျဖစ္ေစခ်င္ဘူး”

“ခစ္ခစ္” ‌ဖုန္း၏တစ္ဖက္ျခမ္းတြင္ ေနာက္ထပ္တိတ္ဆိတ္မႈက လႊမ္းၿခံဳသြားျပန္၏။ “မစၥတာခ်န္းကို ခ်စ္စရာေကာင္းတယ္လို႔ တစ္ေယာက္ေယာက္မ်ား ခ်ီးက်ူးဖူးလား?”

“အင္း” ဖုန္း၏တစ္ဖက္ျခမ္းတြင္ ေနာက္တစ္ႀကိမ္ တိတ္ဆိတ္သြားျပန္ကာ “ကိုယ့္အေမေလ”

နဉ္ရွီ ထပ္ရယ္မိျပန္ၿပီ။ ဖုန္းတစ္ဖက္ျခမ္းရိွလူကေတာ့ သူမ၏ရယ္သံကို တိတ္တိတ္ေလးနားဆင္ေနလ်က္...။ သူမ၏မ်က္လံုးေထာင့္စြန္းက အရည္မ်ားကို သုတ္လိုက္ကာ... “ဒါဆိုရင္ ဆန႔္က်င္ဘက္လိင္ကို ဒီလိုနည္းနဲ႔သာဆက္ဆံေနရင္ အဲ့ဒါကအရမ္းလြယ္တယ္လို႔.....တစ္ေယာက္ေယာက္ကေျပာဖူးေသးလား?” သူမေခါင္းလွၫ့္လိုက္ကာ နံရံေပၚရိွ ပန္းခ်ီကားကိုၾကၫ့္လိုက္၏။

ဆီေဆးပန္းခ်ီထက္ဝယ္ လိႈင္းေတြေပၚ တလိွမ့္လိွမ့္သြား‌ေနသၫ့္ ရြက္သေဘၤာျဖဴမ်ားႏွင့္အတူ အဆံုးမရိွေသာပင္လယ္ျပာႀကီးရိွေန၏။ ပင္လယ္၏အဆံုးသတ္ကိုေတာ့ မျမင္ႏိုင္ေပ။

“ဘာကလြယ္တာလဲ?”

“ဘာမွမဟုတ္ပါဘူး” နဉ္ရွီၿပံဳး၍ ေျပာလိုက္၏။ “ကြၽန္မေျပာခ်င္တာက ဘာရယ္လို႔မဟုတ္ပါဘူး...မစၥတာခ်န္း အတည္မယူလိုက္ပါနဲ႔”

ခ်န္းရွီေကြ့၏မ်က္လံုးေတြက ပို၍ညင္သာလာသည္။ ဖုန္းထဲကအမ်ိဳးသမီး၏ ညင္သာေသာအသံေလးကို နားေထာင္ရင္း သူ႔မ်က္ႏွာထက္ဝယ္ အၿပံဳးေယာင္ေယာင္ေလးက ပြင့္လန္းလာသည္။ “အဲ့‌ဆို ဒီေန့ေတာ့ ေကာင္းေကာင္းအနားယူေတာ့ေနာ္”
_________

Meow's Note: မေန့ကမအားလို႔မတင္ျဖစ္တာပါ။ ေနာက္တစ္ဝက္ကိုေတာ့ မနက္ျဖန္တင္ေပးမယ္ေနာ္။
_________

Continue Reading

You'll Also Like

107K 8.9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
28.4K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
235K 25.9K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်