system 091

By TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.12)

5.5K 607 42
By TeeKo0

Unicode

"ဒီနေ့ ကိုယ်တို့ လုပ်ကြံမှုတစ်ခုနဲ့ကြုံရ လိမ့်မယ်"

"ဘယ်သူတွေလဲ"

"ဒီအတိုင်း....ကိုယ့်လက်အောက်ခံတိုင်းပြည်တစ်ခုက ပုန်ကန်ချင်နေတဲ့ပိုးမွှားလေးတစ်အုပ်ပါ..."

"သူတို့က အမဲလိုက်ပွဲကိုအခွင့်ကောင်းယူပြီးလုပ်ကြံကြ မလို့လား"

"အင်း"

"ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲလေ....ရာထူးကြီးအတွင်းလူတစ်ယောက်မပါနေသ၍ အမဲလိုက်ပွဲ မပြောနဲ့....ဝမ်တိုင်းပြည်ထဲတောင်ခြေချလို့ရမှမဟုတ်ဘူး"

"ကိုယ့်ဇနီးလေးက တော်လိုက်တာ"

ဝမ်ရိပေါ်က မထိန်းချုပ်နိုင်စွာ ရှောင်ကျန့်ရဲ့နှုတ်ခမ်းရဲရဲလေးကိုငုံ့နမ်းလိုက်သည်။ ပြီးနောက် နှစ်ဦးသား နဖူးချင်းထိကပ်ရင်း ရှင်းပြသည်။

"အမှန်တော့ အတွင်းလူက ယောင်အမတ်ကြီးနဲ့...."

"???"

"နောက်တစ်ယောက်က မင်းလေးသိပါတယ်"

"အင်း....ခန့်မှန်းကြည့်ရအောင်....ရွှယ်ရင်းရင်းလား"

"ဒီတစ်ခါလည်းမှန်သွားပြန်ပြီ"

ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့နှုတ်ခမ်းကိုနောက်တစ်ဖန် ငုံ့နမ်းလာရင်း ဒီတစ်ခေါက်တွင် ပွင့်ဟနေသည့် နှုတ်ခမ်းလွှာထဲသူ့လျှာကိုပါထိုးထည့် မွှေနှောက်လိုက်သည်။ အတန်ကြာ နမ်းပြီးနောက်တွင် ရှောင်ကျန့်က ရိပေါ်ကိုမနည်းတွန်းလွှတ်လိုက်ရ၏။

သူက ဒီအတိုင်း ဇာတ်လိုက်မ၏နာမည်ကိုထုတ်ပြောလိုက်တာဖြစ်သော်လည်း အမှန်တကယ်ကြီး ဇာတ်လိုက်မ ကဝင်ပါနေမည်ဟု မထင်မှတ်ထားပေ။

"အရင်ဆုံး ကျွန်တော့်ကိုအကြောင်းစုံ ရှင်းပြစမ်းပါဦး"

"ဟုတ်ပါပြီ....ယောင်အမတ်ကြီးက အရင်အမတ်ချုပ်ကြီးနဲ့ သူငယ်ချင်းကောင်းတွေလေ...."

"အမတ်ချုပ်ကြီးဆိုတာ ခင်ဗျားကို အောက်လမ်းပညာနဲ့ပြုစားလို့ ကွပ်မျက် ခံလိုက်ရတဲ့ တစ်ယောက်လား"

"အင်း....ဟုတ်တယ်....သူတို့နှစ်ယောက်လုံးက အကျင့်စရိုက်တော်တော်များများတူညီကြတယ်....အမတ်ချုပ်ကြီးသေသွားတော့ လစ်လပ်နေတဲ့ အမတ်ချုပ်ကြီးရာထူးကို သူမျက်စောင်းထိုးနေတာကြာပြီ....အခွင့်မသာလို့သာစောင့်နေတာ...."

ရှောင်ကျန့် : "....."

"ဒါဆို လွန်ခဲ့တဲ့သုံးနှစ်က ဟန်းနီးမွန်းခရီးထွက်တဲ့အချိန်မှာ သူအာဏာတတ်မသိမ်းသွားဘူးလား"

"သူလုပ်ချင်ရင်တောင် လုံးဝမဖြစ်နိုင်တဲ့ကိစ္စကြီးလေ....အခု ကိုယ့်ဇနီးလေးကြောင့် တိုင်းပြည်က အရင်တုန်းကထက် အများကြီးတိုးတတ်လာတဲ့အပြင် လူတိုင်းက ကိုယ်တို့နှစ်ယောက်အပေါ် အရင်ကထက်ပိုပြီး ယုံကြည်အားကိုးလာကြတယ်....အရေးကြီးဆုံးအချက်က အရင်အမတ်ချုပ်ဟောင်း ကိစ္စမှာ သူပါတဲ့အကြောင်းကိုယ်သိနေမှန်းကို သူ မတော်တဆ သိသွားတယ်....ဒါကြောင့် မဖြစ်မနေ လုပ်ကြံရတဲ့အခြေအနေကိုစိုက်ရောက်သွားတာ"

အိုး....သူ့ယောက်ျားက အကုန်သိနေတာပဲ။အင်အားကြီးလိုက်တာ။

"ယောင်အမတ်ကြီးက မဖြစ်မနေမို့ လက်အောက်ခံ တိုင်းပြည်တစ်ချို့ကို သိမ်းသွင်းပြီး လုပ်ကြံတာက ထားလိုက်ပါတော့....ရွှယ်ရင်းရင်းက ဘယ်ကနေဘယ်လိုပါလာရပြန်တာလဲ"

"အဲ့ဒီမိန်းမက မင်းကိုအရမ်းမုန်းနေတာလေ"

ဝမ်ရိပေါ်၏ပယင်းရောင်မျက်ဝန်းတွေမှာရွှယ်ရင်းရင်း အကြောင်းပြောသည့်အခါတွင် နှိုင်းယှဥ်မရလောက်အောင် အေးစက်ခက်ထန်သွားသည်။ ထိုမိန်းမပျက်ကို သူသေလောက်အောင် ခုတ်ဖြတ်သတ်ပြစ်ချင်နေသော်လည်း သူ့ဇနီးလေးက ဘာကြောင့်ရယ်မှန်းမသိ ကာကွယ်ပေးနေလေသည်။ ဤသည်မှာ ဝမ်ရိပေါ်ကို အလွန်အမင်း သဝန်တိုချဥ်စုတ် လွန်းလို့ ရူးတော့မလိုတောင်ခံစားရစေသည်။

"ယောင်အမတ်ကြီးက သူနဲ့ပူးပေါင်းနိုင်မယ့်လူကို လိုက်ရှာပေမယ့် ဘယ်သူကရော ကိုယ်တို့ကိုလုပ်ကြံဖို့ စဥ်းစားရဲပါ့မလဲ....ကိုယ်တို့နဲ့ရန်ငြှိုးရှိပြီး မုန်းတီးတဲ့သူဆိုလို့ ပြီးခဲ့တဲ့သုံးနှစ်အတွင်း မင်းလွှတ်ပေးလိုက်တဲ့ အဲ့ဒီမိန်းမ ပဲရှိတာလေ....ဒါ့အပြင် ရွှယ်အမတ်ကြီးနဲ့လည်းရန်ငြှိုးနည်းနည်းရှိနေတော့ သူ့အချစ်ဆုံးသမီးကို အသုံးချတဲ့သဘောမျိုး...."

"အော်....ယောင်အမတ်ကြီးက ဘယ်လိုစည်းရုံးလိုက်တာလဲ"

ရိပေါ်၏ မျက်နှာမှာ ပိုမိုဆိုးရွားသွားသည်။ သူ့ဇနီးလေးရှေ့မှာမူမပျက်ချင်၍ အတတ်နိုင်ဆုံးထိန်းသိမ်းထားပါသော်လည်း ကြောက်မက်ဖွယ်ရာ လူသတ်ငွေ့တွေ သိပ်သည်းတတ်လာသည်ကို ထိန်းမရပေ။

"ဘယ်လိုရှိရမှာလဲ....သူတို့က မင်း....မင်းကို လုပ်ကြံတဲ့ကိစ္စအဆင်ပြေသွားရင် ကိုယ်က အဲ့ဒီမိန်းမပျက် အပိုင်ဖြစ်လာနိုင်ပြီတဲ့....ကျစ်...."

ပြောရင်းဆိုရင်းဖြင့် ရိပေါ်ဟာအသားတွေတစ်ဆတ်ဆတ်တုန်တဲ့အထိဒေါသထွက်လာ၏။ အကယ်၍ ထိုဖြစ်ရပ်အားလုံး၏ဦးတည်ရာမှာ သူကိုယ်တိုင်သာဆိုရင် သိပ် ဂရုစိုက်မည်မဟုတ်သော်လည်းပဲ သူ့ဇနီးလေးကိုငါးစာအဖြစ်အသုံးချ လိုက်တာက သူ့ရင်ထဲလှိုက်လှိုက်တတ်လာသလိုခံစားရသည်။ သူရှောင်ကျန့်ကိုဆုံးရှုံးရမှာကြောက်သည်။

ဒါကသူ့ဘဝမှာ သွေးပျက်ခြောက်ခြားဆုံးသောအရာဖြစ်ပြီး စကားလေးနဲ့တောင်အမှားအယွင်းမခံနိုင်သည်အထိ သူကအတ္တကြီးသည်။

ရှောင်ကျန့်က ဝမ်ရိပေါ်၏အကျင့်စရိုက်တော်တော်များများကို နားလည်သဘောပေါက်သူပီပီ ဆူပုတ်မဲမှောင်နေသည့် မျက်နှာကြီးကို ဆွဲညှစ်လိုက်သည်။

"ဒေါသမထွက်ပါနဲ့....သူတို့က ကျွန်တော့်ကို လွယ်လွယ်လုပ်ကြံနိုင်မယ်လို့ထင်လား"

"ဟင့်အင်း!!...သူတို့မလုပ်နိုင်မှန်းကိုယ်သိပါတယ်....ကိုယ် ကိုယ်တိုင်လည်း ဒီလိုလုံးဝအဖြစ်မခံနိုင်ဘူး"

"ခင်ဗျားမှာ ရွှယ်ရင်းရင်း ဒီ​လုပ်ကြံမှုထဲကြံရာပါ ဖြစ်ကြောင်းသက်သေအပြည့်အစုံရှိလား"

"အင်း...ရှိတယ်"

"ခင်ဗျား ယောင်အမတ်ကို ဖမ်းဆီးတဲ့အခါ ရွှယ်ရင်းရင်းကို လွှတ်ပေးလိုက်ပါ"

"!!!!"

ဝမ်ရိပေါ်၏ မျက်လုံးတွေမှာ ပြူးကျယ်သွားပြီး သူ့ရင်ထဲချဥ်စူး တတ်လာ၍ အရူးတစ်ယောက်လို ပြုမူမိမတတ်ပင်။ ဘာကြောင့် သူ့ဇနီးလေးက ဒီမိန်းမ ကို ထပ်လွှတ်ပေးချင်ပြန်တာလဲ။မဟုတ်မှ.......

ရှောင်ကျန့်က တဖြည်းဖြည်းရူးသွပ်လာသည့် ဝမ်ရိပေါ်၏ မျက်ဝန်းတွေကိုကြည့်ရင်း နရင်းပိတ်အုပ်ချလိုက်သည်။

ဝမ်ရိပေါ် : "....."

"ဘာတွေမဟုတ်တာတွေးနေတာလဲ....ကျွန်တော်က သူမ ကိုကြည့်မရတာကြာပေါ့....ကျွန်တော်ဖြစ်စေချင်တာက သူ့ကို လွယ်လွယ်သေသွားတာထက် လူတိုင်းရဲ့ရင်ထဲ စက်စုပ်ရွံရှာသွားအောင် လုပ်ချင်တာ....ဒါက သူ့လိုကြာပန်းဖြူလေးအတွက် သေတာထက်ခံစားရဆိုးတယ်လေ....ဒီဖြစ်ရပ်အပြီးမှာ သူကအမြဲတမ်း စိုးထိတ်နေရလိမ့်မယ်"

ဝမ်ရိပေါ်၏ မျက်နှာမှာချက်ချင်းဝင်းပ သွားသည်။ သူချက်ချင်း ရှောင်ကျန့်၏တစ်ကိုယ်လုံးကိုသိမ်းကျုံးပွေ့ဖက်၍ လေပေါ်မြှောက်တင်လိုက်သည်။

"ရား....ဝမ်ရိပေါ်!!"

"ဟား....ဟား....."

***********

ဆောင်းဦးအမဲလိုက်ပွဲဟာ တိုင်းပြည်တစ်ခုတွင် အရေးပါအရာရောက်သည့် အခမ်းအနားတစ်ခုအဖြစ်သတ်မှတ်နိုင်သည်။

နိုင်ငံအတွင်းမှာရှိတဲ့ အမျိုးသားတွေအတွက် သူတို့ရဲ့အရည်အချင်းကိုပြသ ရာရောက်ပြီး သားကောင်ဘယ်လောက်များများ အမဲလိုက် နိုင်လဲဆိုတာကိုပြိုင်ဆိုင်ကြသည်။

ရှေးအချိန်တွေတုန်းက ငယ်ရွယ်ကျန်းမာလှတဲ့ ဧကရာဇ်မင်းမြတ်ဟာ ဆောင်းဦးအမဲလိုက်ပွဲကို မျက်နှာပြရုံလောက်ပဲ ထွက်လာလေ့ရှိပြီး အမတ်မင်းတစ်ချို့သာ အခမ်းအနားပြီးဆုံးသည်အထိ ဆောင်ရွက်ကြရသည်။ ဒါပေမယ့် ယခုတစ်ခေါက် ဆောင်းဦးအမဲလိုက်ပွဲစဥ်ကလွန်စွာထူးခြားသည်။

ဘာကြောင့်ဆို ဧကရာဇ်မင်းကိုယ်တိုင် ဧကရီနဲ့အတူ အမဲလိုက်ပွဲတွင် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း သတင်းထွက်လာ၍ ဖြစ်သည်။ အမဲလိုက်ပွဲစဥ်တစ်လျောက်တွင် ပုံမှန်အားဖြင့် အမျိုးသမီးတွေကို တားမြစ်ထားခြင်းမရှိသော်လည်းပဲ ယောက်ျားသားတွေသာဝင်ရောက်ယှဥ်ပြိုင်သည်ကများ၏။

ယခုလို ဧကရီကိုယ်တိုင်ပါဝင်လာခြင်းဟာ မျိုးရိုးမြင့် လူငယ်တွေကို စိတ်လှုပ်ရှားလာစေသည်။ သူတို့အမြဲတမ်း ဧကရီ၏ လှပမှုနဲ့ဂုဏ်ကျက်သရေ အကြောင်းကြားဖူးကြသည်။ အခုတွင် ထိုဒဏ္ဍာရီလာဧကရာဇ်မင်းနှင့်အတူ လျှို့ဝှက်ဆန်းကျယ်သည့် ဧကရီကိုပါမြင်တွေ့ခွင့်ရနိုင်တော့မည်ဖြစ်တာကြောင့်သူတို့မည်သို့ စိတ်မလှုပ်ရှားပဲနေမည်နည်း။

အမဲလိုက်ပွဲတွင် တိုင်းပြည်အနှံ့ ကျောင်းတော်ကြီးတွေ၏ သက်ဆိုင်ရာဘာသာရပ်ရှိ ထိပ်ဆုံးကျောင်းသားသုံးဦးတိတိ ဝင်ရောက် ဆင်နွဲခွင့်ရှိသည်။ ဒါကကျောင်းသားတိုင်းကိုအထူးပျော်ရွှင်စေသည်။ သူတို့အားလုံးအတွက် ဧကရီမှာ အနှိုင်းမဲ့ကျေးဇူးအရှင်အဖြစ်သတ်မှတ်နိုင်သည်။ဧကရီကြောင့် သူတို့နှစ်သက်ရာ ပညာရပ်တွေကို အတားအဆီးမရှိ လွတ်လွတ်လပ်လပ်သင်ကြားခွင့်ရခဲ့သည်။

ကိုယ့်ကျေးဇူးရှင် ကိုယ်မြင်တွေ့ခွင့်ရတဲ့ကိစ္စကိုမှ မပျော်ရင် သူတို့လူမဟုတ်တော့ဘူးလို့တောင်ဆိုနိုင်သည်။

မြို့တော်၌တည်ဆောက်ထားသည့် ကျောင်းတော်ရှိ တိုက်ခိုက်ရေး နှင့်ပတ်သတ်သော အတန်းတွင်ကျောင်းသားသုံးယောက်ဟာ သူတို့သက်ဆိုင်ရာနေရာတွင် ငြိမ်သက်နေ၏။ ထိုသူတွေမှာ လူငယ်နှစ်ယောက်နှင့်မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်။မြို့တော်တွင် ငယ်စဥ်ကထဲက ပညာရပ်မျိုးစုံကိုသင်ကြားခံထားရသည့် မျိုးရိုးမြင့် လူငယ်ပေါင်းများစွာရှိသည့်ထဲက ကျောင်းတော် တိုက်ခိုက်ရေးအတန်းတွင် ထိပ်ဆုံးသုံးနေရာ ရယူထားနိုင်ခဲ့ကတည်းက မည်မျှထူးချွန်ထက်မြတ်ကြောင်းဖော်ညွှန်းနေလေသည်။

လူငယ်နှစ်ယောက်တွင် တစ်ယောက်က သာမန်ဆန်သောမျက်နှာရှိပြီးသာမန်ထက် ထွားကြိုင်းသည်။သူက သာမန်မိသားစုက သားတစ်ယောက်ဖြစ်သော်လည်းပဲ ယခုလိုသူ့အရည်အချင်း ကို အပြည့်အဝပုံဖော်ခွင့်ရခဲ့သည့်အတွက် ဧကရာဇ်မင်းနှင့် ဧကရီကိုအလွန်အမင်းကျေးဇူးတင်မိ၏။သူ့နာမည်မှာ ရှောင်ဟေးဖြစ်ပြီး သူ့ရဲ့အနည်းငယ်မဲနက်ပြီးထွားကြိုင်းသောခန္ဓာကိုယ်ကြောင့် သူ့မိဘတွေကိုယ်တိုင် ထိုနာမည်ကိုပေးအပ်ထားခြင်းပင်။

မိန်းကလေးဖြစ်သူ၏အမည်မှာ လီဝေ့ယင် ဖြစ်ပြီး ဇာတ်လိုက်မရဲ့သူငယ်ချင်း လီမော့ဟွာ၏ ညီမအရင်းပင်ဖြစ်သည်။ လီဝေ့ယင်က ငယ်စဥ်ကတည်းက လက်နက်ပစ္စည်းတွေနှင့် တိုက်ရေးခိုက်ရေးကိုလွန်စွာဝါသနာပါသည်။သို့သော်လည်း မိန်းကလေးဟူသည့် ဖြစ်တည်မှုက သူမ ကိုအတင်းအကြပ်ပိတ်လှောင်ထားတာကြောင့် အမြဲတမ်းစိတ်ပျက်ညည်းညူနေရုံသာတတ်နိုင်ခဲ့သည်။

အခုဧကရီ၏ တစ်ချက်လွှတ်အမိန့်ကြောင့် သူမနှစ်သက်ရာ တိုက်ခိုက်ရေးအတန်းသို့ တုံ့ဆိုင်းခြင်းမရှိဝင်ရောက်ခဲ့လေသည်။ နဂိုတည်းက အရည်အချင်းရှိသူပီပီ တိုက်ခိုက်ရေးအတန်းတွင် ဒုတိယချိတ်သည်အထိ အောင်မြင်လာသောအခါတွင် လူတိုင်းကိုပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏။

ဒီလို သူတို့အားလုံး အားနွဲ့သည်ဟုထင်မှတ်ထားသည့် မိန်းကလေးတစ်ယောက်က ထွားထွားကျိုင်းကျိုင်းယောက်ျားလေးတွေကို အလွယ်တကူကျော်လွန်၍ တိုက်ခိုက်နိုင်ခဲ့သည်။ ဒါက ဧကရီ၏ မိန်းကလေးတွေကအားမနည်းဘူးဆိုသည့် စကားကိုသက်သေပြပြီးသားဖြစ်သွားသလိုပင်။

နောက်ဆုံးမှ လူငယ်တစ်ယောက်ဟာ အနည်းငယ်ထူးဆန်း၏။ သူက မြို့တော် ကျီအိမ်တော်ရှိ အငယ်ဆုံးသား ကျီစီမော့ဖြစ်ပြီး ဒီကမ္ဘာ၏ အမျိုးသားဇာတ်လိုက်တွေထဲကတစ်ယောက်လည်းဖြစ်သည်။ကျီစီမော့က တိုက်ခိုက်ရေးအတန်းတွင် အတော်ဆုံးသူအဖြစ်သတ်မှတ်ခံထားရ၏။

ထူးဆန်းသည်ဟုပြောရခြင်းမှာ ကျီစီမော့ ၏ပုံပန်းသဏ္ဍာန်မှာ အတော်လေးလှပသည့်ဘက်ပိုရောက်ပြီး ရှောင်ကျန့်ကိုမယှဥ်သာပေမယ့် ဇာတ်လိုက်မထက်တော့သာ သည်။သူ့ခန္ဓာကိုယ်မှာသွယ်လျဟန်ပေါ်ပြီး အသားအရည်ကဖြူဖွေးနူးညံ့နေလေသည်။ဒါပေမယ့် အရပ်ပုသည့်ထဲတော့မပါပေ။

တိုက်ခိုက်ရေးအတန်း၏ ထိပ်ဆုံးသုံးယောက်က အတော်လေးရင်းနှီးသည့်ပုံပင်။ သူတို့သုံးဦး အချင်းချင်း ရင်းနှီးကျွမ်းဝင်သည့် သူငယ်ချင်းကောင်းတွေကဲ့သို့ စကားပြောဆိုနေကြသည်။

ဧကရာဇ်မင်းနှင့် ဧကရီ မရောက်ရှိသေးတာကြောင့် အမဲလိုက်ပွဲကိုတရားဝင်စတင်၍မရချေ။

ထောင့်တစ်နေရာတွင် အရပ်ပုပု သေးသေးသွယ်သွယ်ဖြင့်ယောက်ျားလေးတစ်ယောက်ဟာ ကျီစီမော့တို့သုံးယောက်ကို မျက်ထောင့်နီကြီးဖြင့်စိုက်ကြည့်နေလေသည်။ အနီးအနားရှိမည်သူမှ သူ့ကို အာရုံစိုက်ခြင်းမရှိတာကိုမြင်သည့်အခါတွင် ချက်ချင်းငိုချတော့မလိုဖြင့် သူ့မျက်ဝန်းဝိုင်းတွေမှာနီရဲတတ်လာ၏။

အမှန်တကယ်တွင် ထိုချစ်စဖွယ်ကောင်လေးမှာ ဇာတ်လိုက်မ ရွှယ်ရင်းရင်းပင်ဖြစ်သည်။ရှောင်ကျန့်၏အမိန့်အရ အထက်တန်းလွှာသားသမီးတွေ မဖြစ်မနေ ကျောင်းတတ်ရမည့်ကိစ္စတွင် ရွှယ်ရင်းရင်းဟာမတတ်သာစွာပါဝင်ခဲ့ရသည်။

ကျောင်းတော်တွင် လူတိုင်းက ဧကရီကိုနှစ်သက်သဘောကျ ကြသည်။ ရွှယ်ရင်းရင်း၏ ဧကရီအပေါ်စော်ကားအပြစ်တင်ခဲ့သည့်ကိစ္စရပ်မှာ ဖုံးကွယ်ထားပါသော်လည်း အထက်တန်းလွှာ သားသမီးတော်တော်များများက ထိုအကြောင်းကိုသိထားကြ၏။ ဒါကြောင့်ပဲ ဧကရီကိုနတ်ဘုရားလိုကိုးကွယ်သည့်သာမန် အရပ်သားကျောင်းသားတွေအပြင် အထက်တန်းလွှာသားသမီးတိုင်း သူမနှင့်ပတ်သပ်လိုခြင်းမရှိပဲ ရှောင်ရှားခဲ့ကြသည်။

အထူးသဖြင့် ဧကရီကြောင့် လူ့အခွင့်အလမ်းကြီးတစ်ရပ်ရခဲ့သည့် မိန်းကလေးတွေပင်ဖြစ်သည်။ တစ်ချို့မိန်းကလေးတွေဟာ ရွှယ်ရင်းရင်းကိုအမြင်မကြည်ကြသည့်အပြင် တစ်ခါတစ်လေ နှိမ်ချအနိုင်ကျင့်တတ်တာမျိုးတောင်ရှိလာကြသည်။ လီမော့ဟွာတစ်ယောက်သာ ရွှယ်ရင်းရင်းကို ကာကွယ်နှစ်သိမ့်ပေးခဲ့တာဖြစ်သည်။ လီမော့ဟွာ၏ ညီမတစ်ယောက်ဖြစ်သည့် လီဝေ့ယင်ကဤသည်ကိုမကျေနပ်ပေ။

သူမက အစတည်းက ရွှယ်ရင်းရင်း၏သူမ ဖြစ်ချင်တိုင်း မဖြစ်မနေလုပ်ပေးရမည့် အယူဝါဒကိုမြင်ပြင်းကပ်နေသည့်အပြင် ဧကရီကိုတောင်အကြောင်းမဲ့သက်သက် ပြဿနာခဲ့သည့်ဖြစ်အင်ကြောင့် တစ်ခါတစ်လေ လှောင်ပြောင်သည့်ဖြစ်ရပ်တစ်ချို့မှာမလွဲမသွေဖြစ်တည်လာခဲ့သည်။ ရွှယ်ရင်းရင်း၏ ရှောင်ကျန့်အပေါ်အမုန်းတရားတွေနှင့်မနာလိုစိတ်မှာ ပိုမိုပြင်းထန်လာပြီး လီဝေ့ယင်အပြင် သူမသူငယ်ချင်းအရင်းကြီးဖြစ်သူ လီမော့ဟွာကိုပါ အမြင်မကြည်ဖြစ်သွား၏။

ပုံမှန်ဇာတ်ကြောင်းအတိုင်းသာဆိုရင် ဇာတ်လိုက်မက လူချစ်လူခင်အရမ်းများသည်။ သူမက မည်သည့်အရည်အချင်းမှမရှိသော်လည်းပဲ ဘေးလူများစွာ၏မဆုံးနိုင်သောကူညီမှုတွေနဲ့အတူ အများအမြင်၌ ထူးချွန်ထက်မြတ်ပြီး ဖြူစင်ရိုးသားသူဖြစ်လာခဲ့ခြင်းပင်။

မူလဇာတ်ကြောင်းရှိ ကြင်ယာတော်ရွေးချယ်ပွဲတွင်လည်း ဘေးလူတစ်ချို့၏ ကူညီဖေးမ မှုတွေနဲ့အတူ အောင်မြင်ခဲ့သည်ဆိုတာကတော့ပြောစရာကိုမလိုချေ။ အမှန်ဆိုရင် ယခုလိုကျောင်းတတ်နေစဥ်အတောအတွင် ကျောင်းသူ၊ကျောင်းသားတွေနဲ့ ဆရာတွေ၏ ကူညီမှုကြောင့် ထိပ်တန်းကျောင်းသူဖြစ်လာနိုင်ပေသည်။ သို့သော်လည်း အခု လူတိုင်း၏ရင်ထဲ၌ ဧကရီဟူသည့်ဖြစ်တည်မှုမှာ သာလွန်မြင့်မြတ်လွန်းလှပြီး ရွှယ်ရင်းရင်းရဲ့ ယခင်လုပ်ရပ်တွေကြောင့် မည်သူမှ အမြင်ကြည်ဖို့ရန်မဖြစ်နိုင်တော့ပေ။ ဘယ်သူတွေကများ ကိုယ်အမြင်မကြည်တဲ့သူကို စေတနာ တလဟောနဲ့ ကူညီဖေးမ ပေးနိုင်ပါ့မလဲ။

ဒါကြောင့် အရည်အချင်းတစ်စက်ကလေးမှမရှိသည့်အပြင် ပျင်းရိ၊ အသုံးမကျသူ ရွှယ်ရင်းရင်းဟာ အနုပညာအတန်းထဲတွင် နောက်ဆုံးပိတ် အညံ့ဆုံးကျောင်းသူတစ်ဦးဖြစ်လာခဲ့သည်။

မူလဇာတ်ကြောင်းထဲတွင် ဇာတ်လိုက်မ ၏အတုအယောင် 'အရည်အချင်း' ၊ခြောက်ပြစ်ကင်း သဲလဲစင် ဂုဏ်သတင်းနှင့် ဖြူစင်မှုတွေကြောင့် ကြွေဆင်းသွားခဲ့ရသူ ဇာတ်လိုက် ကျီစီမော့ ဟာရွှယ်ရင်းရင်းအပေါ် ထိုကဲ့သို့စိတ်ထားတွေ ရှိဖို့ရန်ပင်မပြောနှင့်။ အနည်းငယ်ဆိုးဝါးသည့်သဘောထားပင်ဖြစ်ပေါ်လာသေးသည်။

ဒီလိုနဲ့ ဇာတ်လိုက်နှစ်ယောက်ဟာ ထပ်မံဝေးကွာခဲ့ရပြန်သည်။

တစ်ခါမှ လူတွေရဲ့လျစ်လျူရှု့မှုနှင့် နိမ့်ကျမှုတွေကို မခံစားဖူးသူ ရွှယ်ရင်းရင်းအတွက် ဒီတစ်နှစ်တာကာလ လုံးဟာ စိတ်ဓာတ်အကျဆုံးနဲ့ အကြောက်ရွံ့ဆုံးအချိန်တွေဖြစ်ခဲ့လေသည်။ တစ်ခြားသူတွေ အရမ်းတောက်ပနေခြင်းကို မနာလိုမုန်းတီးမိသည်။ အမှန်ဆိုထိုနေရာမှာသူမ သာဖြစ်သင့်သည်ဟုအမြဲတမ်း ခံစားရသည်။

တစ်ကျောင်းလုံးမှာ သာမန်လူတွေထက် နိမ့်ကျသည့်အရည်အချင်းကြောင့် ရွှယ်ရင်းရင်းဟာ အမဲလိုက်ပွဲသို့ဝင်ရောက်ရန်မည်သို့အရည်အချင်းပြည့်မှီမည်နည်း။

တစ်ခြားသူတွေ၏လျစ်လျူရှုမှုနှင့်မနာလိုမှုကြောင့် ရူးသွပ်တော့မလိုခံစားနေရသည့်ဇာတ်လိုက်မဟာ အမတ်တွေရှိသည့်နေရာသို့ သူမခေါင်းကိုလှည့်ကြည့်လိုက်သည်။ မုတ်ဆိတ်မွှေးဖြူတွေဖြင့် လူကြီးလူကောင်းတစ်ယောက်ဟန်ပန်ဖြင့် အမတ်ယောင်ဟာ တစ်ခြားသောရာထူးမြင့်အမတ်တွေကြား ရွှယ်ရင်းရင်းကိုခေါင်းငြှိမ့်ပြသည်။

ယေဘုယျကျစွာပင် အမတ်ယောင်၏ ထောက်ခံမှုကြောင့် သူမ အမဲလိုက်ပွဲသို့ဝင်ရောက်နိုင်ခဲ့ခြင်းပင်။ အခု ဒီနေရာတွင် သူမရှိနေကြောင်း ရွှယ်အမတ်ကြီးပင်မသိထားချေ။ တစ်ခြားသူတွေသတိမထားမိစေဖို့ရန် ရွှယ်ရင်းရင်းဟာ ယောက်ျားလေးအဝတ်အစားတွေဝတ်ဆင်၍ မိမိကိုယ်ကို ရုပ်ဖျက်ထားခဲ့လေသည်။

"ဧကရာဇ်နဲ့ဧကရီ ကြွချီလာပါပြီ"

လျှိုကုန်းကုန်း၏ အောင်မြင်လှတဲ့အသံစူးစူးက ဆူညံနေသည့်ပတ်ဝန်းကျင်ကိုတိတ်ဆိတ်သွားစေပြီး စိတ်လှုပ်ရှားမှုတွေပြည့်လျှံလာစေသည်။

နောက်ဆုံးတော့ ဧကရာဇ်နဲ့ဧကရီ ဟာ ဆောင်းဦးအမဲလိုက်ခြင်း အခမ်းအနားကိုဖွင့်လှစ်ဖို့ရန် ရောက်ရှိလာခဲ့ပြီဖြစ်သည်။

_________________________________________________________

Zawgyi

"ဒီေန႕ ကိုယ္တို႔ လုပ္ႀကံမႈတစ္ခုနဲ႕ႀကဳံရ လိမ့္မယ္"

"ဘယ္သူေတြလဲ"

"ဒီအတိုင္း....ကိုယ့္လက္ေအာက္ခံတိုင္းျပည္တစ္ခုက ပုန္ကန္ခ်င္ေနတဲ့ပိုးမႊားေလးတစ္အုပ္ပါ..."

"သူတို႔က အမဲလိုက္ပြဲကိုအခြင့္ေကာင္းယူၿပီးလုပ္ႀကံၾက မလို႔လား"

"အင္း"

"ဒါက လုံးဝမျဖစ္နိုင္တဲ့ကိစၥပဲေလ....ရာထူးႀကီးအတြင္းလူတစ္ေယာက္မပါေနသ၍ အမဲလိုက္ပြဲ မေျပာနဲ႕....ဝမ္တိုင္းျပည္ထဲေတာင္ေျခခ်လိဳ႕ရမွမဟုတ္ဘူး"

"ကိုယ့္ဇနီးေလးက ေတာ္လိုက္တာ"

ဝမ္ရိေပၚက မထိန္းခ်ဳပ္နိုင္စြာ ေရွာင္က်န့္ရဲ႕ႏႈတ္ခမ္းရဲရဲေလးကိုငုံ႕နမ္းလိုက္သည္။ ၿပီးေနာက္ ႏွစ္ဦးသား နဖူးခ်င္းထိကပ္ရင္း ရွင္းျပသည္။

"အမွန္ေတာ့ အတြင္းလူက ေယာင္အမတ္ႀကီးနဲ႕...."

"???"

"ေနာက္တစ္ေယာက္က မင္းေလးသိပါတယ္"

"အင္း....ခန့္မွန္းၾကည့္ရေအာင္....႐ႊယ္ရင္းရင္းလား"

"ဒီတစ္ခါလည္းမွန္သြားျပန္ၿပီ"

ဝမ္ရိေပၚက ေရွာင္က်န့္ရဲ႕ႏႈတ္ခမ္းကိုေနာက္တစ္ဖန္ ငုံ႕နမ္းလာရင္း ဒီတစ္ေခါက္တြင္ ပြင့္ဟေနသည့္ ႏႈတ္ခမ္းလႊာထဲသူ႕လွ်ာကိုပါထိုးထည့္ ေမႊႏွောက္လိုက္သည္။ အတန္ၾကာ နမ္းၿပီးေနာက္တြင္ ေရွာင္က်န့္က ရိေပၚကိုမနည္းတြန္းလႊတ္လိုက္ရ၏။

သူက ဒီအတိုင္း ဇာတ္လိုက္မ၏နာမည္ကိုထုတ္ေျပာလိုက္တာျဖစ္ေသာ္လည္း အမွန္တကယ္ႀကီး ဇာတ္လိုက္မ ကဝင္ပါေနမည္ဟု မထင္မွတ္ထားေပ။

"အရင္ဆုံး ကြၽန္ေတာ့္ကိုအေၾကာင္းစုံ ရွင္းျပစမ္းပါဦး"

"ဟုတ္ပါၿပီ....ေယာင္အမတ္ႀကီးက အရင္အမတ္ခ်ဳပ္ႀကီးနဲ႕ သူငယ္ခ်င္းေကာင္းေတြေလ...."

"အမတ္ခ်ဳပ္ႀကီးဆိုတာ ခင္ဗ်ားကို ေအာက္လမ္းပညာနဲ႕ျပဳစားလို႔ ကြပ္မ်က္ ခံလိုက္ရတဲ့ တစ္ေယာက္လား"

"အင္း....ဟုတ္တယ္....သူတို႔ႏွစ္ေယာက္လုံးက အက်င့္စရိုက္ေတာ္ေတာ္မ်ားမ်ားတူညီၾကတယ္....အမတ္ခ်ဳပ္ႀကီးေသသြားေတာ့ လစ္လပ္ေနတဲ့ အမတ္ခ်ဳပ္ႀကီးရာထူးကို သူမ်က္ေစာင္းထိုးေနတာၾကာၿပီ....အခြင့္မသာလို႔သာေစာင့္ေနတာ...."

ေရွာင္က်န့္ : "....."

"ဒါဆို လွန်ခဲ့တဲ့သုံးနှစ်က ဟန်းနီးမွန်းခရီးထွက်တဲ့အချိန်မှာ သူအာဏာတတ်မသိမ်းသွားဘူးလား"

"သူလုပ္ခ်င္ရင္ေတာင္ လုံးဝမျဖစ္နိုင္တဲ့ကိစၥႀကီးေလ....အခု ကိုယ့္ဇနီးေလးေၾကာင့္ တိုင္းျပည္က အရင္တုန္းကထက္ အမ်ားႀကီးတိုးတတ္လာတဲ့အျပင္ လူတိုင္းက ကိုယ္တို႔ႏွစ္ေယာက္အေပၚ အရင္ကထက္ပိုၿပီး ယုံၾကည္အားကိုးလာၾကတယ္....အေရးႀကီးဆုံးအခ်က္က အရင္အမတ္ခ်ဳပ္ေဟာင္း ကိစၥမွာ သူပါတဲ့အေၾကာင္းကိုယ္သိေနမွန္းကို သူ မေတာ္တဆ သိသြားတယ္....ဒါေၾကာင့္ မျဖစ္မေန လုပ္ႀကံရတဲ့အေျခအေနကိုစိုက္ေရာက္သြားတာ"

အိုး....သူ႕ေယာက္်ားက အကုန္သိေနတာပဲ။အင္အားႀကီးလိုက္တာ။

"ေယာင္အမတ္ႀကီးက မျဖစ္မေနမို႔ လက္ေအာက္ခံ တိုင္းျပည္တစ္ခ်ိဳ႕ကို သိမ္းသြင္းၿပီး လုပ္ႀကံတာက ထားလိုက္ပါေတာ့....႐ႊယ္ရင္းရင္းက ဘယ္ကေနဘယ္လိုပါလာရျပန္တာလဲ"

"အဲ့ဒီမိန္းမက မင္းကိုအရမ္းမုန္းေနတာေလ"

ဝမ္ရိေပၚ၏ပယင္းေရာင္မ်က္ဝန္းေတြမွာ႐ႊယ္ရင္းရင္း အေၾကာင္းေျပာသည့္အခါတြင္ ႏွိုင္းယွဥ္မရေလာက္ေအာင္ ေအးစက္ခက္ထန္သြားသည္။ ထိုမိန္းမပ်က္ကို သူေသေလာက္ေအာင္ ခုတ္ျဖတ္သတ္ျပစ္ခ်င္ေနေသာ္လည္း သူ႕ဇနီးေလးက ဘာေၾကာင့္ရယ္မွန္းမသိ ကာကြယ္ေပးေနေလသည္။ ဤသည္မွာ ဝမ္ရိေပၚကို အလြန္အမင္း သဝန္တိုခ်ဥ္စုတ္ လြန္းလို႔ ႐ူးေတာ့မလိုေတာင္ခံစားရေစသည္။

"ေယာင္အမတ္ႀကီးက သူနဲ႕ပူးေပါင္းနိုင္မယ့္လူကို လိုက္ရွာေပမယ့္ ဘယ္သူကေရာ ကိုယ္တို႔ကိုလုပ္ႀကံဖို႔ စဥ္းစားရဲပါ့မလဲ....ကိုယ္တို႔နဲ႕ရန္ျငႇိုးရွိၿပီး မုန္းတီးတဲ့သူဆိုလို႔ ၿပီးခဲ့တဲ့သုံးႏွစ္အတြင္း မင္းလႊတ္ေပးလိုက္တဲ့ အဲ့ဒီမိန္းမ ပဲရွိတာေလ....ဒါ့အျပင္ ႐ႊယ္အမတ္ႀကီးနဲ႕လည္းရန္ျငႇိုးနည္းနည္းရွိေနေတာ့ သူ႕အခ်စ္ဆုံးသမီးကို အသုံးခ်တဲ့သေဘာမ်ိဳး...."

"ေအာ္....ေယာင္အမတ္ႀကီးက ဘယ္လိုစည္း႐ုံးလိုက္တာလဲ"

ရိေပၚ၏ မ်က္ႏွာမွာ ပိုမိုဆိုး႐ြားသြားသည္။ သူ႕ဇနီးေလးေရွ႕မွာမူမပ်က္ခ်င္၍ အတတ္နိုင္ဆုံးထိန္းသိမ္းထားပါေသာ္လည္း ေၾကာက္မက္ဖြယ္ရာ လူသတ္ေငြ႕ေတြ သိပ္သည္းတတ္လာသည္ကို ထိန္းမရေပ။

"ဘယ္လိုရွိရမွာလဲ....သူတို႔က မင္း....မင္းကို လုပ္ႀကံတဲ့ကိစၥအဆင္ေျပသြားရင္ ကိုယ္က အဲ့ဒီမိန္းမပ်က္ အပိုင္ျဖစ္လာနိုင္ၿပီတဲ့....က်စ္...."

ေျပာရင္းဆိုရင္းျဖင့္ ရိေပၚဟာအသားေတြတစ္ဆတ္ဆတ္တုန္တဲ့အထိေဒါသထြက္လာ၏။ အကယ္၍ ထိုျဖစ္ရပ္အားလုံး၏ဦးတည္ရာမွာ သူကိုယ္တိုင္သာဆိုရင္ သိပ္ ဂ႐ုစိုက္မည္မဟုတ္ေသာ္လည္းပဲ သူ႕ဇနီးေလးကိုငါးစာအျဖစ္အသုံးခ် လိုက္တာက သူ႕ရင္ထဲလွိုက္လွိုက္တတ္လာသလိုခံစားရသည္။ သူေရွာင္က်န့္ကိုဆုံးရႈံးရမွာေၾကာက္သည္။

ဒါကသူ႕ဘဝမွာ ေသြးပ်က္ေျခာက္ျခားဆုံးေသာအရာျဖစ္ၿပီး စကားေလးနဲ႕ေတာင္အမွားအယြင္းမခံနိုင္သည္အထိ သူကအတၱႀကီးသည္။

ေရွာင္က်န့္က ဝမ္ရိေပၚ၏အက်င့္စရိုက္ေတာ္ေတာ္မ်ားမ်ားကို နားလည္သေဘာေပါက္သူပီပီ ဆူပုတ္မဲေမွာင္ေနသည့္ မ်က္ႏွာႀကီးကို ဆြဲညွစ္လိုက္သည္။

"ေဒါသမထြက္ပါနဲ႕....သူတို႔က ကြၽန္ေတာ့္ကို လြယ္လြယ္လုပ္ႀကံနိုင္မယ္လို႔ထင္လား"

"ဟင့္အင္း!!...သူတို႔မလုပ္နိုင္မွန္းကိုယ္သိပါတယ္....ကိုယ္ ကိုယ္တိုင္လည္း ဒီလိုလုံးဝအျဖစ္မခံနိုင္ဘူး"

"ခင္ဗ်ားမွာ ႐ႊယ္ရင္းရင္း ဒီလုပ္ႀကံမႈထဲႀကံရာပါ ျဖစ္ေၾကာင္းသက္ေသအျပည့္အစုံရွိလား"

"အင္း...ရွိတယ္"

"ခင္ဗ်ား ေယာင္အမတ္ကို ဖမ္းဆီးတဲ့အခါ ႐ႊယ္ရင္းရင္းကို လႊတ္ေပးလိုက္ပါ"

"!!!!"

ဝမ္ရိေပၚ၏ မ်က္လုံးေတြမွာ ျပဴးက်ယ္သြားၿပီး သူ႕ရင္ထဲခ်ဥ္စူး တတ္လာ၍ အ႐ူးတစ္ေယာက္လို ျပဳမူမိမတတ္ပင္။ ဘာေၾကာင့္ သူ႕ဇနီးေလးက ဒီမိန္းမ ကို ထပ္လႊတ္ေပးခ်င္ျပန္တာလဲ။မဟုတ္မွ.......

ေရွာင္က်န့္က တျဖည္းျဖည္း႐ူးသြပ္လာသည့္ ဝမ္ရိေပၚ၏ မ်က္ဝန္းေတြကိုၾကည့္ရင္း နရင္းပိတ္အုပ္ခ်လိဳက္သည္။

ဝမ္ရိေပၚ : "....."

"ဘာေတြမဟုတ္တာေတြးေနတာလဲ....ကြၽန္ေတာ္က သူမ ကိုၾကည့္မရတာၾကာေပါ့....ကြၽန္ေတာ္ျဖစ္ေစခ်င္တာက သူ႕ကို လြယ္လြယ္ေသသြားတာထက္ လူတိုင္းရဲ႕ရင္ထဲ စက္စုပ္႐ြံရွာသြားေအာင္ လုပ္ခ်င္တာ....ဒါက သူ႕လိုၾကာပန္းျဖဴေလးအတြက္ ေသတာထက္ခံစားရဆိုးတယ္ေလ....ဒီျဖစ္ရပ္အၿပီးမွာ သူကအၿမဲတမ္း စိုးထိတ္ေနရလိမ့္မယ္"

ဝမ္ရိေပၚ၏ မ်က္ႏွာမွာခ်က္ခ်င္းဝင္းပ သြားသည္။ သူခ်က္ခ်င္း ေရွာင္က်န့္၏တစ္ကိုယ္လုံးကိုသိမ္းက်ဳံးေပြ႕ဖက္၍ ေလေပၚျမႇောက္တင္လိုက္သည္။

"ရား....ဝမ္ရိေပၚ!!"

"ဟား....ဟား....."

***********

ေဆာင္းဦးအမဲလိုက္ပြဲဟာ တိုင္းျပည္တစ္ခုတြင္ အေရးပါအရာေရာက္သည့္ အခမ္းအနားတစ္ခုအျဖစ္သတ္မွတ္နိုင္သည္။

နိုင္ငံအတြင္းမွာရွိတဲ့ အမ်ိဳးသားေတြအတြက္ သူတို႔ရဲ႕အရည္အခ်င္းကိုျပသ ရာေရာက္ၿပီး သားေကာင္ဘယ္ေလာက္မ်ားမ်ား အမဲလိုက္ နိုင္လဲဆိုတာကိုၿပိဳင္ဆိုင္ၾကသည္။

ေရွးအခ်ိန္ေတြတုန္းက ငယ္႐ြယ္က်န္းမာလွတဲ့ ဧကရာဇ္မင္းျမတ္ဟာ ေဆာင္းဦးအမဲလိုက္ပြဲကို မ်က္ႏွာျပ႐ုံေလာက္ပဲ ထြက္လာေလ့ရွိၿပီး အမတ္မင္းတစ္ခ်ိဳ႕သာ အခမ္းအနားၿပီးဆုံးသည္အထိ ေဆာင္႐ြက္ၾကရသည္။ ဒါေပမယ့္ ယခုတစ္ေခါက္ ေဆာင္းဦးအမဲလိုက္ပြဲစဥ္ကလြန္စြာထူးျခားသည္။

ဘာေၾကာင့္ဆို ဧကရာဇ္မင္းကိုယ္တိုင္ ဧကရီနဲ႕အတူ အမဲလိုက္ပြဲတြင္ ပါဝင္ဆင္ႏႊဲမည္ျဖစ္ေၾကာင္း သတင္းထြက္လာ၍ ျဖစ္သည္။ အမဲလိုက္ပြဲစဥ္တစ္ေလ်ာက္တြင္ ပုံမွန္အားျဖင့္ အမ်ိဳးသမီးေတြကို တားျမစ္ထားျခင္းမရွိေသာ္လည္းပဲ ေယာက္်ားသားေတြသာဝင္ေရာက္ယွဥ္ၿပိဳင္သည္ကမ်ား၏။

ယခုလို ဧကရီကိုယ္တိုင္ပါဝင္လာျခင္းဟာ မ်ိဳးရိုးျမင့္ လူငယ္ေတြကို စိတ္လႈပ္ရွားလာေစသည္။ သူတို႔အၿမဲတမ္း ဧကရီ၏ လွပမႈနဲ႕ဂုဏ္က်က္သေရ အေၾကာင္းၾကားဖူးၾကသည္။ အခုတြင္ ထိုဒ႑ာရီလာဧကရာဇ္မင္းႏွင့္အတူ လွ်ို႔ဝွက္ဆန္းက်ယ္သည့္ ဧကရီကိုပါျမင္ေတြ႕ခြင့္ရနိုင္ေတာ့မည္ျဖစ္တာေၾကာင့္သူတို႔မည္သို႔ စိတ္မလႈပ္ရွားပဲေနမည္နည္း။

အမဲလိုက္ပြဲတြင္ တိုင္းျပည္အႏွံ႕ ေက်ာင္းေတာ္ႀကီးေတြ၏ သက္ဆိုင္ရာဘာသာရပ္ရွိ ထိပ္ဆုံးေက်ာင္းသားသုံးဦးတိတိ ဝင္ေရာက္ ဆင္ႏြဲခြင့္ရွိသည္။ ဒါကေက်ာင္းသားတိုင္းကိုအထူးေပ်ာ္႐ႊင္ေစသည္။ သူတို႔အားလုံးအတြက္ ဧကရီမွာ အႏွိုင္းမဲ့ေက်းဇူးအရွင္အျဖစ္သတ္မွတ္နိုင္သည္။ဧကရီေၾကာင့္ သူတို႔ႏွစ္သက္ရာ ပညာရပ္ေတြကို အတားအဆီးမရွိ လြတ္လြတ္လပ္လပ္သင္ၾကားခြင့္ရခဲ့သည္။

ကိုယ့္ေက်းဇူးရွင္ ကိုယ္ျမင္ေတြ႕ခြင့္ရတဲ့ကိစၥကိုမွ မေပ်ာ္ရင္ သူတို႔လူမဟုတ္ေတာ့ဘူးလို႔ေတာင္ဆိုနိုင္သည္။

ၿမိဳ႕ေတာ္၌တည္ေဆာက္ထားသည့္ ေက်ာင္းေတာ္ရွိ တိုက္ခိုက္ေရး ႏွင့္ပတ္သတ္ေသာ အတန္းတြင္ေက်ာင္းသားသုံးေယာက္ဟာ သူတို႔သက္ဆိုင္ရာေနရာတြင္ ၿငိမ္သက္ေန၏။ ထိုသူေတြမွာ လူငယ္ႏွစ္ေယာက္ႏွင့္မိန္းမငယ္ေလးတစ္ေယာက္ျဖစ္သည္။ၿမိဳ႕ေတာ္တြင္ ငယ္စဥ္ကထဲက ပညာရပ္မ်ိဳးစုံကိုသင္ၾကားခံထားရသည့္ မ်ိဳးရိုးျမင့္ လူငယ္ေပါင္းမ်ားစြာရွိသည့္ထဲက ေက်ာင္းေတာ္ တိုက္ခိုက္ေရးအတန္းတြင္ ထိပ္ဆုံးသုံးေနရာ ရယူထားနိုင္ခဲ့ကတည္းက မည္မွ်ထူးခြၽန္ထက္ျမတ္ေၾကာင္းေဖာ္ၫႊန္းေနေလသည္။

လူငယ္ႏွစ္ေယာက္တြင္ တစ္ေယာက္က သာမန္ဆန္ေသာမ်က္ႏွာရွိၿပီးသာမန္ထက္ ထြားႀကိဳင္းသည္။သူက သာမန္မိသားစုက သားတစ္ေယာက္ျဖစ္ေသာ္လည္းပဲ ယခုလိုသူ႕အရည္အခ်င္း ကို အျပည့္အဝပုံေဖာ္ခြင့္ရခဲ့သည့္အတြက္ ဧကရာဇ္မင္းႏွင့္ ဧကရီကိုအလြန္အမင္းေက်းဇူးတင္မိ၏။သူ႕နာမည္မွာ ေရွာင္ေဟးျဖစ္ၿပီး သူ႕ရဲ႕အနည္းငယ္မဲနက္ၿပီးထြားႀကိဳင္းေသာခႏၶာကိုယ္ေၾကာင့္ သူ႕မိဘေတြကိုယ္တိုင္ ထိုနာမည္ကိုေပးအပ္ထားျခင္းပင္။

မိန္းကေလးျဖစ္သူ၏အမည္မွာ လီေဝ့ယင္ ျဖစ္ၿပီး ဇာတ္လိုက္မရဲ႕သူငယ္ခ်င္း လီေမာ့ဟြာ၏ ညီမအရင္းပင္ျဖစ္သည္။ လီေဝ့ယင္က ငယ္စဥ္ကတည္းက လက္နက္ပစၥည္းေတြႏွင့္ တိုက္ေရးခိုက္ေရးကိုလြန္စြာဝါသနာပါသည္။သို႔ေသာ္လည္း မိန္းကေလးဟူသည့္ ျဖစ္တည္မႈက သူမ ကိုအတင္းအၾကပ္ပိတ္ေလွာင္ထားတာေၾကာင့္ အၿမဲတမ္းစိတ္ပ်က္ညည္းၫူေန႐ုံသာတတ္နိုင္ခဲ့သည္။

အခုဧကရီ၏ တစ္ခ်က္လႊတ္အမိန့္ေၾကာင့္ သူမႏွစ္သက္ရာ တိုက္ခိုက္ေရးအတန္းသို႔ တုံ႕ဆိုင္းျခင္းမရွိဝင္ေရာက္ခဲ့ေလသည္။ နဂိုတည္းက အရည္အခ်င္းရွိသူပီပီ တိုက္ခိုက္ေရးအတန္းတြင္ ဒုတိယခ်ိတ္သည္အထိ ေအာင္ျမင္လာေသာအခါတြင္ လူတိုင္းကိုပါးစပ္အေဟာင္းသားျဖစ္သြားခဲ့၏။

ဒီလို သူတို႔အားလုံး အားႏြဲ႕သည္ဟုထင္မွတ္ထားသည့္ မိန္းကေလးတစ္ေယာက္က ထြားထြားက်ိဳင္းက်ိဳင္းေယာက္်ားေလးေတြကို အလြယ္တကူေက်ာ္လြန္၍ တိုက္ခိုက္နိုင္ခဲ့သည္။ ဒါက ဧကရီ၏ မိန္းကေလးေတြကအားမနည္းဘူးဆိုသည့္ စကားကိုသက္ေသျပၿပီးသားျဖစ္သြားသလိုပင္။

ေနာက္ဆုံးမွ လူငယ္တစ္ေယာက္ဟာ အနည္းငယ္ထူးဆန္း၏။ သူက ၿမိဳ႕ေတာ္ က်ီအိမ္ေတာ္ရွိ အငယ္ဆုံးသား က်ီစီေမာ့ျဖစ္ၿပီး ဒီကမၻာ၏ အမ်ိဳးသားဇာတ္လိုက္ေတြထဲကတစ္ေယာက္လည္းျဖစ္သည္။က်ီစီေမာ့က တိုက္ခိုက္ေရးအတန္းတြင္ အေတာ္ဆုံးသူအျဖစ္သတ္မွတ္ခံထားရ၏။

ထူးဆန္းသည္ဟုေျပာရျခင္းမွာ က်ီစီေမာ့ ၏ပုံပန္းသ႑ာန္မွာ အေတာ္ေလးလွပသည့္ဘက္ပိုေရာက္ၿပီး ေရွာင္က်န့္ကိုမယွဥ္သာေပမယ့္ ဇာတ္လိုက္မထက္ေတာ့သာ သည္။သူ႕ခႏၶာကိုယ္မွာသြယ္လ်ဟန္ေပၚၿပီး အသားအရည္ကျဖဴေဖြးႏူးညံ့ေနေလသည္။ဒါေပမယ့္ အရပ္ပုသည့္ထဲေတာ့မပါေပ။

တိုက္ခိုက္ေရးအတန္း၏ ထိပ္ဆုံးသုံးေယာက္က အေတာ္ေလးရင္းႏွီးသည့္ပုံပင္။ သူတို႔သုံးဦး အခ်င္းခ်င္း ရင္းႏွီးကြၽမ္းဝင္သည့္ သူငယ္ခ်င္းေကာင္းေတြကဲ့သို႔ စကားေျပာဆိုေနၾကသည္။

ဧကရာဇ္မင္းႏွင့္ ဧကရီ မေရာက္ရွိေသးတာေၾကာင့္ အမဲလိုက္ပြဲကိုတရားဝင္စတင္၍မရေခ်။

ေထာင့္တစ္ေနရာတြင္ အရပ္ပုပု ေသးေသးသြယ္သြယ္ျဖင့္ေယာက္်ားေလးတစ္ေယာက္ဟာ က်ီစီေမာ့တို႔သုံးေယာက္ကို မ်က္ေထာင့္နီႀကီးျဖင့္စိုက္ၾကည့္ေနေလသည္။ အနီးအနားရွိမည္သူမွ သူ႕ကို အာ႐ုံစိုက္ျခင္းမရွိတာကိုျမင္သည့္အခါတြင္ ခ်က္ခ်င္းငိုခ်ေတာ့မလိုျဖင့္ သူ႕မ်က္ဝန္းဝိုင္းေတြမွာနီရဲတတ္လာ၏။

အမွန္တကယ္တြင္ ထိုခ်စ္စဖြယ္ေကာင္ေလးမွာ ဇာတ္လိုက္မ ႐ႊယ္ရင္းရင္းပင္ျဖစ္သည္။ေရွာင္က်န့္၏အမိန့္အရ အထက္တန္းလႊာသားသမီးေတြ မျဖစ္မေန ေက်ာင္းတတ္ရမည့္ကိစၥတြင္ ႐ႊယ္ရင္းရင္းဟာမတတ္သာစြာပါဝင္ခဲ့ရသည္။

ေက်ာင္းေတာ္တြင္ လူတိုင္းက ဧကရီကိုႏွစ္သက္သေဘာက် ၾကသည္။ ႐ႊယ္ရင္းရင္း၏ ဧကရီအေပၚေစာ္ကားအျပစ္တင္ခဲ့သည့္ကိစၥရပ္မွာ ဖုံးကြယ္ထားပါေသာ္လည္း အထက္တန္းလႊာ သားသမီးေတာ္ေတာ္မ်ားမ်ားက ထိုအေၾကာင္းကိုသိထားၾက၏။ ဒါေၾကာင့္ပဲ ဧကရီကိုနတ္ဘုရားလိုကိုးကြယ္သည့္သာမန္ အရပ္သားေက်ာင္းသားေတြအျပင္ အထက္တန္းလႊာသားသမီးတိုင္း သူမႏွင့္ပတ္သပ္လိုျခင္းမရွိပဲ ေရွာင္ရွားခဲ့ၾကသည္။

အထူးသျဖင့္ ဧကရီေၾကာင့္ လူ႕အခြင့္အလမ္းႀကီးတစ္ရပ္ရခဲ့သည့္ မိန္းကေလးေတြပင္ျဖစ္သည္။ တစ္ခ်ိဳ႕မိန္းကေလးေတြဟာ ႐ႊယ္ရင္းရင္းကိုအျမင္မၾကည္ၾကသည့္အျပင္ တစ္ခါတစ္ေလ ႏွိမ္ခ်အနိုင္က်င့္တတ္တာမ်ိဳးေတာင္ရွိလာၾကသည္။ လီေမာ့ဟြာတစ္ေယာက္သာ ႐ႊယ္ရင္းရင္းကို ကာကြယ္ႏွစ္သိမ့္ေပးခဲ့တာျဖစ္သည္။ လီေမာ့ဟြာ၏ ညီမတစ္ေယာက္ျဖစ္သည့္ လီေဝ့ယင္ကဤသည္ကိုမေက်နပ္ေပ။

သူမက အစတည္းက ႐ႊယ္ရင္းရင္း၏သူမ ျဖစ္ခ်င္တိုင္း မျဖစ္မေနလုပ္ေပးရမည့္ အယူဝါဒကိုျမင္ျပင္းကပ္ေနသည့္အျပင္ ဧကရီကိုေတာင္အေၾကာင္းမဲ့သက္သက္ ျပႆနာခဲ့သည့္ျဖစ္အင္ေၾကာင့္ တစ္ခါတစ္ေလ ေလွာင္ေျပာင္သည့္ျဖစ္ရပ္တစ္ခ်ိဳ႕မွာမလြဲမေသြျဖစ္တည္လာခဲ့သည္။ ႐ႊယ္ရင္းရင္း၏ ေရွာင္က်န့္အေပၚအမုန္းတရားေတြႏွင့္မနာလိုစိတ္မွာ ပိုမိုျပင္းထန္လာၿပီး လီေဝ့ယင္အျပင္ သူမသူငယ္ခ်င္းအရင္းႀကီးျဖစ္သူ လီေမာ့ဟြာကိုပါ အျမင္မၾကည္ျဖစ္သြား၏။

ပုံမွန္ဇာတ္ေၾကာင္းအတိုင္းသာဆိုရင္ ဇာတ္လိုက္မက လူခ်စ္လူခင္အရမ္းမ်ားသည္။ သူမက မည္သည့္အရည္အခ်င္းမွမရွိေသာ္လည္းပဲ ေဘးလူမ်ားစြာ၏မဆုံးနိုင္ေသာကူညီမႈေတြနဲ႕အတူ အမ်ားအျမင္၌ ထူးခြၽန္ထက္ျမတ္ၿပီး ျဖဴစင္ရိုးသားသူျဖစ္လာခဲ့ျခင္းပင္။

မူလဇာတ္ေၾကာင္းရွိ ၾကင္ယာေတာ္ေ႐ြးခ်ယ္ပြဲတြင္လည္း ေဘးလူတစ္ခ်ိဳ႕၏ ကူညီေဖးမ မႈေတြနဲ႕အတူ ေအာင္ျမင္ခဲ့သည္ဆိုတာကေတာ့ေျပာစရာကိုမလိုေခ်။ အမွန္ဆိုရင္ ယခုလိုေက်ာင္းတတ္ေနစဥ္အေတာအတြင္ ေက်ာင္းသူ၊ေက်ာင္းသားေတြနဲ႕ ဆရာေတြ၏ ကူညီမႈေၾကာင့္ ထိပ္တန္းေက်ာင္းသူျဖစ္လာနိုင္ေပသည္။ သို႔ေသာ္လည္း အခု လူတိုင္း၏ရင္ထဲ၌ ဧကရီဟူသည့္ျဖစ္တည္မႈမွာ သာလြန္ျမင့္ျမတ္လြန္းလွၿပီး ႐ႊယ္ရင္းရင္းရဲ႕ ယခင္လုပ္ရပ္ေတြေၾကာင့္ မည္သူမွ အျမင္ၾကည္ဖို႔ရန္မျဖစ္နိုင္ေတာ့ေပ။ ဘယ္သူေတြကမ်ား ကိုယ္အျမင္မၾကည္တဲ့သူကို ေစတနာ တလေဟာနဲ႕ ကူညီေဖးမ ေပးနိုင္ပါ့မလဲ။

ဒါေၾကာင့္ အရည္အခ်င္းတစ္စက္ကေလးမွမရွိသည့္အျပင္ ပ်င္းရိ၊ အသုံးမက်သဴ ႐ႊယ္ရင္းရင္းဟာ အႏုပညာအတန္းထဲတြင္ ေနာက္ဆုံးပိတ္ အညံ့ဆုံးေက်ာင္းသူတစ္ဦးျဖစ္လာခဲ့သည္။

မူလဇာတ္ေၾကာင္းထဲတြင္ ဇာတ္လိုက္မ ၏အတုအေယာင္ 'အရည္အခ်င္း' ၊ေျခာက္ျပစ္ကင္း သဲလဲစင္ ဂုဏ္သတင္းႏွင့္ ျဖဴစင္မႈေတြေၾကာင့္ ေႂကြဆင္းသြားခဲ့ရသူ ဇာတ္လိုက္ က်ီစီေမာ့ ဟာ႐ႊယ္ရင္းရင္းအေပၚ ထိုကဲ့သို႔စိတ္ထားေတြ ရွိဖို႔ရန္ပင္မေျပာႏွင့္။ အနည္းငယ္ဆိုးဝါးသည့္သေဘာထားပင္ျဖစ္ေပၚလာေသးသည္။

ဒီလိုနဲ႕ ဇာတ္လိုက္ႏွစ္ေယာက္ဟာ ထပ္မံေဝးကြာခဲ့ရျပန္သည္။

တစ္ခါမွ လူေတြရဲ႕လ်စ္လ်ဴရႈ႕မႈႏွင့္ နိမ့္က်မႈေတြကို မခံစားဖူးသူ ႐ႊယ္ရင္းရင္းအတြက္ ဒီတစ္ႏွစ္တာကာလ လုံးဟာ စိတ္ဓာတ္အက်ဆဳံးနဲ႕ အေၾကာက္႐ြံ႕ဆုံးအခ်ိန္ေတြျဖစ္ခဲ့ေလသည္။ တစ္ျခားသူေတြ အရမ္းေတာက္ပေနျခင္းကို မနာလိုမုန္းတီးမိသည္။ အမွန္ဆိုထိုေနရာမွာသူမ သာျဖစ္သင့္သည္ဟုအၿမဲတမ္း ခံစားရသည္။

တစ္ေက်ာင္းလုံးမွာ သာမန္လူေတြထက္ နိမ့္က်သည့္အရည္အခ်င္းေၾကာင့္ ႐ႊယ္ရင္းရင္းဟာ အမဲလိုက္ပြဲသို႔ဝင္ေရာက္ရန္မည္သို႔အရည္အခ်င္းျပည့္မွီမည္နည္း။

တစ္ျခားသူေတြ၏လ်စ္လ်ဴရႈမႈႏွင့္မနာလိုမႈေၾကာင့္ ႐ူးသြပ္ေတာ့မလိုခံစားေနရသည့္ဇာတ္လိုက္မဟာ အမတ္ေတြရွိသည့္ေနရာသို႔ သူမေခါင္းကိုလွည့္ၾကည့္လိုက္သည္။ မုတ္ဆိတ္ေမႊးျဖဴေတြျဖင့္ လူႀကီးလူေကာင္းတစ္ေယာက္ဟန္ပန္ျဖင့္ အမတ္ေယာင္ဟာ တစ္ျခားေသာရာထူးျမင့္အမတ္ေတြၾကား ႐ႊယ္ရင္းရင္းကိုေခါင္းျငႇိမ့္ျပသည္။

ေယဘုယ်က်စြာပင္ အမတ္ေယာင္၏ ေထာက္ခံမႈေၾကာင့္ သူမ အမဲလိုက္ပြဲသို႔ဝင္ေရာက္နိုင္ခဲ့ျခင္းပင္။ အခု ဒီေနရာတြင္ သူမရွိေနေၾကာင္း ႐ႊယ္အမတ္ႀကီးပင္မသိထားေခ်။ တစ္ျခားသူေတြသတိမထားမိေစဖို႔ရန္ ႐ႊယ္ရင္းရင္းဟာ ေယာက္်ားေလးအဝတ္အစားေတြဝတ္ဆင္၍ မိမိကိုယ္ကို ႐ုပ္ဖ်က္ထားခဲ့ေလသည္။

"ဧကရာဇ္နဲ႕ဧကရီ ႂကြခ်ီလာပါၿပီ"

လွ်ိုကုန္းကုန္း၏ ေအာင္ျမင္လွတဲ့အသံစူးစူးက ဆူညံေနသည့္ပတ္ဝန္းက်င္ကိုတိတ္ဆိတ္သြားေစၿပီး စိတ္လႈပ္ရွားမႈေတြျပည့္လွ်ံလာေစသည္။

ေနာက္ဆုံးေတာ့ ဧကရာဇ္နဲ႕ဧကရီ ဟာ ေဆာင္းဦးအမဲလိုက္ျခင္း အခမ္းအနားကိုဖြင့္လွစ္ဖို႔ရန္ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။

_________________________________________________________

Continue Reading

You'll Also Like

119K 10.7K 85
host: ဇာတ်လိုက်တွေက ငါလေးကို ကြိတ်ကြံနေတယ် system : mission အတွက်အထောက်အကူဖြစ်တယ် အစားခံလိုက်ပါhost someone: အဟက် ဘယ်လိုလုပ်မလဲ မင်းဘယ်ပြေးပြေး မလွတ...
33.8K 4.2K 19
All the little things. ©® Helen_Fighter_Hnin Edits are mine unless stated otherwise. Some drabbles are inspired by random prompts from other social m...
42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
292K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်