နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [29.1]

1.1K 125 8
By Lazy_Little_Meow

[Unicode]

အခန်း(၂၉.၁)

[T/N: E translator ပြောင်းသွားတဲ့အတွက် title မရှိတော့ပါဘူး။ စာလုံးရေများလို့ နှစ်ပိုင်းခွဲမယ်နော်။]
______________________________________
“သုံးဘဝ သုံးရောင်ခြယ်”၏ ဖွင့်ပွဲအခမ်းအနားက အလွန်တရာရိုးရှင်းလှပေသည်။ သို့သော်လည်း နဉ်ရှီ၏ကျော်ကြားမှုကြောင့် သတင်းမီဒီယာအနည်းငယ်ကတော့ သူတို့ကိုသတင်းတင်နေဆဲပင်။

သတင်းကိုတွေ့လိုက်သည့် ဖန်အချို့က သူတို့၏နတ်ဘုရားမဟာ ထုံးစံအတိုင်း လှမြဲလှဆဲဟု ပြောလာကြသည်။ အချို့က ဤဇာတ်လမ်း၏ဒါရိုက်တာကို စစ်ဆေးကြည့်ရန် အပတ်တကုတ်ကြိုးစားခဲ့ကြကာ ဤဒါရိုက်တာရိုက်ကူးသည့် ရုပ်ရှင်များက မကျော်ကြားကြောင်း တွေ့ရှိခဲ့ကြသည်။ သို့ဖြစ်၍ သူတို့က နဉ်ရှီ၏အနာဂတ်လမ်းကြောင်း တိုးတက်ရေးအတွက် စတင်ပူပန်လာတော့သည်။ ဖန်တွေအတွက်တော့ သူတို့ကြိုက်နှစ်သက်ရသော သရုပ်ဆောင်ကို အစဉ်မပြတ် တောက်ပ၍ ကြီးပွားစေရန် မမျှော်လင့်ဘဲမနေကြ။ ဇာတ်ကားကြီးတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရတာ၊ ဂုဏ်သတင်းကြီးတဲ့ ဆုတွေရတာ၊ အဓိကဘရန်း‌တွေအတွက် ပြောရေးဆိုခွင့်ရှိသူဖြစ်လာတာမျိုးပင်....။ သူမအောင်မြင်လာလေ ဖန်တွေပီတိဖြာလေပင်။

သို့သော်လည်း လုပ်ငန်းတစ်ခုထဲမှ လူတွေ၏အမြင်တွင်တော့ ကျို့ကျီကနဉ်ရှီအတွက် ‌စီစဉ်ပေးထားသည့် အခွင့်အလမ်းတွေက သူတို့သူမအပေါ်ထားသည့် မျှော်လင့်ချက်ကြီးမားကြောင်း သက်သေပြနေ၏။ အထူးသဖြင့် ချန်းရှီကွေ့က ကျို့ကျီဖျော်ဖြေရေးတွင် ရင်းနှီးမြှုပ်နှံမည်ဟူသော သတင်းထုတ်ပြန်ပြီး နှစ်ရက်ဆိုသည့်အချိန်တိုလေးအတွင်းမှာပင် ကျို့ကျီ၏စတော့ရှယ်ရာက တစ်သန်းနီးပါးထိ ထိုးတက်သွားတော့သည်။

ဖျော်ဖြေရေးလောကမှ လူတိုင်းသည် ကျို့ကျီကဖက်တွယ်ထားသည့် ရွှေပေါင်လုံးကြီးကြောင့် ရှော့ခ်ရနေဆဲမှာပင် “ပျော်ပျော်ရွှင်ရွှင် စကားပြောကြမယ်” ၏ ထုတ်လုပ်ရေးအဖွဲ့က ပရိုမိုးရှင်းအစီအစဉ်အနေဖြင့် season အသစ်၏ စိတ်ဝင်စားဖွယ်အစီအစဉ်များကို ထုတ်လွှင့်လိုက်၏။ ထို့ပြင် အတိတ်မှာ နဉ်ရှီခပ်ဝဝမိန်းကလေးဖြစ်ခဲ့သည် ဟူသော သတင်းက အမျိုးမျိုးသော မီဒီယာကုမ္ပဏီ‌ကြီးတွေကြောင့် ချက်ချင်းပင်ပျံ့နှံ့သွားတော့သည်။

နဉ်ရှီ၏လက်ရှိကျော်ကြားမှုဟာ ပထမအနေဖြင့် “လှပသောတိမ်တိုက်နီများ”ထဲက သူမ၏နှစ်လိုဖွယ်ကောင်းသည့် ဇာတ်ကောင်ကြောင့်ဖြစ်၏။ ဒုတိယအနေဖြင့် နဉ်ရှီကို သူမ၏မျက်နှာကြောင့်‌တွေ့ခဲ့သည့် ဖန်အချို့၏ စိတ်ထဲစွဲသွားစေသည့် သူမ၏‌ရည်မွန်ကြော့ရှင်းသည့် အသွင်အပြင်ကြောင့်ဖြစ်၏။ နဉ်ရှီဟာ အတိတ်က ခပ်ဝဝကောင်မလေးတစ်ယောက်ဖြစ်ခဲ့ဖူးသည့် သတင်းကိုကြားလိုက်သည်နှင့် ဖန်တော်တော်များများက ထိုသတင်းကိုမယုံနိုင်ဖြစ်ခဲ့ကြ၏။ အချို့ဆိုလျှင် ၎င်းက သူမ၏ဂုဏ်သတင်းညှိုးနွမ်းစေရန် မီဒီယာကဆင်သည့် ပရိယာယ်ဟုပင် ထင်သွားကြသေး၏။

ပရိသတ် အေ: ရှီရှီက ဖက်တီးလေးဖြစ်‌ခဲ့ဖူးတယ်လို့ သူ့Weiboပေါ်မှာပြောခဲ့ဖူးတာကို နင်တို့အားလုံးမေ့သွားကြတာလား?

ပရိသတ် ဘီ: .......

ပရိသတ် စီ: .......

ပရိသတ် ဒီ: ငါကသရုပ်ဆောင်တော်တော်များများရဲ့ ပရိသတ်တစ်ယောက်ဆိုပေမဲ့ အရမ်းကိုရိုးသားလွန်းတဲ့ အမျိုးသမီးသရုပ်ဆောင်ကိုတော့ တစ်ခါမှမတွေ့ဖူးဘူး။ အမျိုးသမီးသရုပ်ဆောင်အများစုက သူတို့ရဲ့အတိတ်ဆိုးကို မဖုံးထားဘဲမနေကြဘူး။ ဒါပေမဲ့ ငါတို့မိသားစုရဲ့ရှီရှီလေးကတော့ သူမရဲ့ပုံဟောင်းတွေသုံးပြီး အ‌သရေဖျက်လာမှကိုမကြောက်ဘဲ  ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာနော့...

ပရိသတ် အေ: ငါတို့မိသားစုရဲ့ အူကြူးကြူးပူတူးပဲစေ့လေး[1] အရမ်းမိုက်မဲတာပဲ...ငါသူမကိုပိုပြီးအချစ်တိုးလာရော။

ဝေစစ်ချီအိမ်ပြန်ရောက်သည့်အချိန် ညကိုးနာရီထိုးသွားပြီ။ အခန်းမီးကပွင့်မနေဘဲ တီဗွီကနေထုတ်လွှတ်နေသည့် အလင်းရောင်က အိမ်ကို ထူးထူးခြားခြား မှောင်မဲကာ အေးစက်နေပုံပေါက်စေ၏။

သူမပြန်လာသည်ကိုမြင်သည့်တိုင် ချန်းယီကျွင်းက တစ်စက်မှမရွှေ့လာပေ။ သူတို့အရင်တစ်‌ခေါက်ရန်ဖြစ်ပြီး ဝေစစ်ချီသူ့ကားနောက်ပိုင်းကို ကားမောင်းတိုက်ပြီးကတည်းက သူတို့၏ဆက်ဆံရေးက မတိုးသာမဆုတ်သာအခြေအနေတွင် ပိတ်မိနေရသည်။

ချန်း*နှင့်ဝေမိသားစုက နှစ်ဦးနှစ်ဖက်လုံး လူမှုရေးအဆင့်အတန်းအရကိုက်ညီသည့် လက်ထပ်ပွဲဖြင့် ဆက်နွှယ်ထားကြခြင်းဖြစ်ပြီး ၎င်းက နှစ်ဖက်လုံးအတွက် အပြန်အလှန်အကျိုးရှိသည့် ကိစ္စရပ်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် သူတို့နှစ်ဦးလုံးက နှစ်ပေါင်းများစွာ အတူရှိလာကြကာ တရားဝင်ဇနီးမောင်နှံအဖြစ်ရောက်ရှိမည့် မင်္ဂလာပွဲအခမ်းအနား ကျင်းပရန်လိုနေခြင်းသာ။ ထိုအကြောင်းကြောင့် ယခုနှစ်ယောက်အတူနေ‌ရတာက စိတ်ဆင်းရဲဖွယ်ဖြစ်နေသော်လည်း လူထုရှေ့မှာတော့ အရမ်းချစ်ကြသည့်စုံတွဲပုံ လုပ်ပြနေကြဆဲပင်။

ဝေစစ်ချီက ချန်းယီကျွင်းအ‌ရှေ့တွင် သူမ၏လက်ဝတ်လက်စားတွေနှင့်သော့ကို  စားပွဲပုပေါ်ပစ်တင်လိုက်သည်။ တီ‌ဗီဆီမှာ အကြည့်‌တွေကော်လိုကပ်နေသည့် ထိုသူ့ကို ခေါင်းငုံ့၍ ကြည့်လိုက်သည်။ သူမဝတ်ထားသည့် ဒေါက်မြင့်ဖိနပ်ကိုကန်ထုတ်လိုက်ရင်း ခြောက်ကပ်ကပ်ရယ်လိုက်သည်။

တီဗွီမှာ လူငယ်အချို့‌က ငွေရပေါက်တစ်ခုဖန်တီးနေကြသည်။ အဲ့အကြောင်းနဲ့ပက်သတ်လို့ ဘာစိတ်ဝင်စားစရာရှိလဲဆိုတာ ဘယ်သူသွားသိမလဲ?
[T/N: ငွေရပေါက်ဖန်တီးတယ်ဆိုတာ ရွှီးထားတာရယ်။ make a dime ရဲ့ meaning ကို သိတဲ့သူရှိလားဟင်။ ကိုယ်ရှာတာမတွေ့လို့]

“နဉ်ရှီ...မင်းကနှစ်ပေါင်းများစွာ နိုင်ငံခြားမှာနေ‌လာတော့ အချက်အပြုတ်လက်ရာက ရှယ်ဖြစ်နေမှာပေါ့ ဟုတ်လား?”

သူမရုတ်တရုတ် ခေါင်းလှည့်လာသည်။ ဖန်သားပြင်ထက်မှ အမျိုးသမီးငယ်လေးကို ကြောက်မက်ဖွယ်အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေသည်။

ဤအမျိုးသမီးက နှစ်လိုဖွယ်ကောင်းစွာနှင့် ဆွဲဆောင်မှုရှိစွာရယ်ရင်း တီဗွီရှေ့ကပရိသတ်တွေကို မျက်နှာချင်းဆိုင်နေ၏။ အမျိုးသမီးတစ်ယောက်ဖြစ်သည့် သူမကိုယ်တိုင်တောင်မှ သူမ(နဉ်ရှီ)၏အပြုံးတွင် ဘာချို့ယွင်းချက်မှမတွေ့ရချေ။

သို့သော် သူမ ‘နဉ်ရှီ’ ဆိုသည့် စကားလုံးနှစ်လုံးကို ကြားလိုက်သည်နှင့် အလိုလိုတောင့်သွားရသည်။

သိသာစွာပင် တီဗွီထဲကအမျိုးသမီး၏အပြုံးက ပန်းတစ်ပွင့်အလား ပွင့်လန်းနေကာ ဆောင်းရာသီအစကိုကြိုဆိုနေသည့် ‌မနက်ခင်းနေ၏တောက်ပမှုနှင့်အတူ ရောင်ခြည်ဖြာထွက်နေ၏။ သို့သော် သူမကတော့ အအေးဓာတ်တွေက သူမခြေဖဝါးတစ်လျှောက် စိမ့်ဝင်နေကာ သွေးပြန်ကြောက‌နေနှလုံးအထိ တစ်လျှောက်လုံး စီးဆင်းနေသည်ကိုခံစားနေရသည်။

သူမပဲ! ဆရာ‌ကျန်းရဲ့မွေးနေ့ဧည့်ခံပွဲမှာ ပေါ်လာတဲ့ အမျိုးသမီး!

သူမ၏သွားတွေ ကတုန်ကယင်ဖြစ်နေသည့်အသံကိုပင် ကြားနေရကာ မျက်လုံးတစ်စုံက ကြောက်ရွံ့မှုဖြင့် တီဗွီကိုစူးစိုက်ကြည့်နေ၏။ တီဗွီထဲကနေ သားရဲတစ်ကောင်က အချိန်မရွေး ခုန်ထွက်လာပြီး သူမကိုဝါးမျိုတော့မည့်အတိုင်းပင်။

“သူမပြန်လာပြီ!”သူမပါးစပ်ဟလိုက်ရင်း အော်ပစ်လိုက်ချင်သည်။ ချန်းယီကျွင်းကို ဘာကြောင့်ဒီအစီအစဉ်ကြည့်နေရလဲ မေးပစ်လိုက်ချင်သည်။ သို့သော်လည်း လက်တွေ့မှာတော့ ခြင်တစ်ကောင်အလား တိုးညှင်းကာအားနည်းသည့် အသံလေးသာထွက်လာ၏။ သူမကိုယ်တိုင်ကလွဲ၍ ချန်းယီကျွင်းကတော့ သူမကိုတစိုးတပါဒမျှ ကြားရလိမ့်မည်မဟုတ်။

နဉ်ရှီ ဘာလို့ဒီလောက်လှလာရတာလဲ? ချန်းယီကျွင်းကရော ဘာလို့သူ့နောက်လိုက်နေရတာလဲ? သူမဘာလို့ပြန်လာရတာလဲ?

လွန်ခဲ့သောခြောက်နှစ်က အဖြစ်အပျက်များကို ရုတ်တရက်ပြန်တွေးမိသွားသည်။ နဉ်ရှီကကျောင်းထွက်ရန် လုပ်ထုံးအဆင့်ဆင့်ဖြတ်သန်းနေချိန် သူမဘယ်သူ့ကိုမှအသိပေးခြင်းမရှိခဲ့။ ထို့နေ့က ကျောင်းနောက်ကျသည့် ဝေစစ်ချီတစ်ယောက်သာလျှင် ကျောင်းဂိတ်ဝရှေ့တွင် သူမနှင့်ပက်ပင်းတိုးမိခြင်းဖြစ်သည်။

ထိုကဲ့‌သို့သော ကြောက်မက်ဖွယ်ရာ နက်ရှိုင်းပြီးမည်း‌နက်နေသည့် မျက်လုံးမျိုးကို သူမတစ်ခါမှမတွေ့ခဲ့ဖူးပေ။ ထိုမျက်လုံးများပ ငရဲကနေကုပ်တွယ်တက်လာသည့် သူမကိုအချိန်မ‌ရွေး အပိုင်းပိုင်းစုတ်ဖြဲသွားနိုင်သော သရဲမတစ်‌ယောက်အလားပင်။  

ဒါပေမဲ့ နဉ်ရှီဘာမှမလုပ်သွားခဲ့။ လူတွေကြားထဲမပျောက်သွားခင် သူမကိုတဒင်္ဂမျှသာ ကြည့်သွားခဲ့၏။ ထိုအချိန်မှစ၍ သူမနဉ်ရှီကိုမတွေ့ရတော့။

အချိန်အကြာကြီးပျောက်သွားခဲ့တဲ့ လူတစ်ယောက်က ဘာလို့ပြန်လာရတာလဲ? ကလဲ့စားချေဖို့ပြန်လာတာများလား?  

ယီကျွင်းကိုသူမဆီက လုယူသွားဖို့ ပြန်လာတာလား?သူမမှာရှိခဲ့တဲ့အရာအားလုံးအရယူဖို့ ပြန်လာတာလား?

“မင်းကြောက်နေပြီလား?” ချန်းယီကျွင်း၏အကြည့်က ဖန်သားပြင်ပေါ်တွင်ရှိနေဆဲပင်။ ဝေစစ်ချီကို ကျောခိုင်းရင်း... “အဲ့ဒီနှစ်က သူမဖုန်းကိုဖွက်ထားတာ မင်းလား?”

အချိန်အတော်ကြာတန့်နေပြီးမှ သူမပြန်ဖြေလိုက်ချိန် ဝေစစ်ချီ၏နှုတ်ခမ်းထောင့်စွန်းက မသိမသာတုန်ယင်သွားသည်။ “သူမကအခုမှပြန်လာတုံးရှိ‌သေး၊ ရှင်ကတော့ သူမအတွက် မေးခွန်းထုတ်ဖို့မစောင့်နိုင်တော့ဘူးပေါ့?”

ဤစကားတွေကိုနားထောင်ရင်း ချန်းယီကျွင်းကသရော်ဟန်နှင့် ရယ်လိုက်သည်။ လောလောဆယ်တွင် တီဗွီထဲကနဉ်ရှီက တင်ဆက်သူကို လိုက်နောက်နေပြီး တင်ဆက်သူကလည်း ဟက်ဟက်ပက်ပက်မရယ်ဘဲ မနေနိုင်တော့ချေ။ “မင်းကိုမေးခွန်းထုတ်ဖို့ ငါ့မှာဘာအရည်အချင်းများရှိလို့လဲ?”

သူဟာလည်း ထိုနှစ်ကသူမကို စနောက်လှောင်ပြောင်ခဲ့သည့် အပြစ်သားတစ်ယောက်ပါပင်....

“ယီကျွင်း...” ဝေစစ်ချီကခက်ခက်ခဲခဲပြောထုတ်ရင်း သူမမျက်လုံးတွေကိုဖုံးလိုက်သည်။ “အဲ့လိုမလုပ်ပါနဲ့နော်...ပြီးခဲ့တာတွေ ပြီးပါစေတော့....ဒီအကြောင်း ထပ်မပြောရအောင်လေ ဟုတ်ပြီလား?”   

ဒီနှစ်တွေထဲမှာ သိသိသာသာကို သူတို့အဆင်ပြေနေကြသော်လည်း  နဉ်ရှီနဲ့ပက်သတ်တဲ့ကိစ္စကြောင့် ဘာလို့ဒီလိုဖြစ်လာရပြန်တာလဲ?

သူတို့၏ပူဆွေးမှုတွေက တီဗွီဖန်သားပြင်ထက်မှ လူသားအပေါ်မသက်ရောက်၊ နဉ်ရှီနှင့်ဧည့်သည်များက ယခင်အတိုင်း ရယ်ရယ်မောမောနှင့် စကားလက်ဆုံကျနေကြဆဲပင်။

“နဥ်ရှီ....မင်းတကယ်ပဲ အတိတ်မှာအသားပြည့်ပြည့်နဲ့ မိန်းကလေးဖြစ်ခဲ့တယ်ဆိုတော့ ကောင်လေးတစ်ယောက်ယောက်က မင်းရဲ့အပြင်ပန်းပုံကိုမကြည့်ဘဲ အတွင်းစိတ်ကိုကြည့်ပြီး ချစ်ရေးလာဆိုဖူးလား?

“အစ်ကိုကျောက် မရယ်ဘူးလို့ မျှော်လင့်တာပဲ....အဲ့နှစ်က ကျွန်မကိုအချစ်စာပို့တဲ့ ယောက်ျားတစ်ယောက် တကယ်ပဲ ရှိခဲ့တယ်....ဒါပေမဲ့ အဲ့ဒါကို သူရေးထားတာတော့မဟုတ်ဘူး...သူ့ဝမ်းကွဲက စာပို့ခိုင်းလိုက်တာ”

“ဒါဆို အချစ်စာမှာ ဘာရေးထားတာလဲ?”  

“ကျွန်မ မသိဘူး”

“မင်းကဘာလို့မသိရတာလဲ?”

“အဲ့နေ့က ကျွန်မအက်စီးဒင့်အသေးစားလေး ဖြစ်သွားတော့ အဲ့အချစ်စာကိုဖွင့်တောင်မဖွင့်ရသေးဘူး ပျောက်သွားတယ်လေ....ဒါပေမဲ့ ကျွန်မကတော့ တစ်‌ယောက်ယောက်စနောက်လိုက်တာလို့ ခံစားရတာပဲ...အဲ့အချိန်က ကျွန်မကဝပေမဲ့ အဆင့်ကကောင်းတော့ လွယ်လွယ်နဲ့လူမုန်းခံရတယ်”

ဝေစစ်ချီက ကြမ်းပြင်ပေါ်ထိုင်ရင်း ငိုနေသည်။ သူမယီကျွင်းနှင့်အတူ အတိတ်ကိုပြန်သွား၍မရမှန်းသိသည်။ ဒီတစ်ခေါက်နဉ်ရှီ၏ပြန်လာမှုက ယီကျွင်း၏နှလုံးသားကို ပြင်းထန်သောထိုးနှက်မှုတစ်ခုကို ယူဆောင်လာခဲ့သောကြောင့်ပင်။ သူက စိတ်‌သောကရောက်နေရကာ သူမလည်းပဲစိတ်ဖိစီးရသည်ပင်။

“ကျွန်မ သူ့ကိုသွားတောင်းပန်ပြီး အမှားပြန်ပြင်ပါ့မယ် ရပြီလား?” ဝေစစ်ချီကချန်းယီကျွင်းကိုကြည့်လိုက်ချိန် သူမ၏မိတ်ကပ်က မျက်ရည်တွေကြောင့်ပေကျံနေသည်။ “ယီကျွင်း...ရှင် ကျွန်မကို ဒီလိုလုပ်လို့မရဘူး”

ချန်းယီကျွင်းက သူ့နားထင်ကို ပင်ပန်းစွာ နှိပ်လိုက်သည်။ ဤအချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ပြုံးပြနေသည့်နဉ်ရှီကိုကြည့်ပြီး remote control မှ ပိတ်သည့်ခလုတ်ကို နှိပ်လိုက်သည်။

အိမ်ကြီးက ရုတ်ခြည်းဆိုသလို အမှောင်အတိကျသွားတော့သည်။

အမှောင်ထုအတွင်း ဝေစစ်ချီ၏မျက်လုံးတွေက  ပျော်ရွှင်မှုအရိပ်အ‌ယောင်‌ဖျော့ဖျော့လေးကို သယ်လာရင်း သူမ၏ပါးပြင်ထက်ရှိ ပေကျံနေသည့် မျက်ရည်တွေကိုသုတ်လိုက်သည်။

နဉ်ရှီပြန်လာတော့ရော ဘာဖြစ်လဲ?သူမလှလာတော့ရောဘာဖြစ်လဲ?အခုချိန်မှာ ယီကျွင်းက သူမကိုထားသွားလို့မရနိုင်...ဝေမိသားစု၏ထောက်ပံ့မှုမရှိလျှင် ယီကျွင်းက ချန်း*မိသားစု၏ ဆက်ခံသူဖြစ်လာရန် ခက်ခဲသည်လေ...
___________
[1] lovely bean - အိုင်ဒေါတွေကိုခေါ်သည့် ဗန်းစကား; lovely bean က မန်ဒရင်းအသံနဲ့ဆို 愛(ai)豆(dou)အိုင်‌ဒေါလ်လိုမျိုး အသံထွက်တယ်။
___________

[Zawgyi]

အခန္း(၂၉.၁)

[T/N: E translator ေျပာင္းသြားတဲ့အတြက္ title မရိွေတာ့ပါဘူး။ စာလံုးေရမ်ားလို႔ ႏွစ္ပိုင္းခြဲမယ္ေနာ္။]
______________________________________
“သံုးဘဝ သံုးေရာင္ျခယ္”၏ ဖြင့္ပြဲအခမ္းအနားက အလြန္တရာရိုးရွင္းလွေပသည္။ သို႔ေသာ္လည္း နဉ္ရွီ၏ေက်ာ္ၾကားမႈေၾကာင့္ သတင္းမီဒီယာအနည္းငယ္ကေတာ့ သူတို႔ကိုသတင္းတင္ေနဆဲပင္။

သတင္းကိုေတြ့လိုက္သၫ့္ ဖန္အခ်ိဳ႕က သူတို႔၏နတ္ဘုရားမဟာ ထံုးစံအတိုင္း လွၿမဲလွဆဲဟု ေျပာလာၾကသည္။ အခ်ိဳ႕က ဤဇာတ္လမ္း၏ဒါရိုက္တာကို စစ္ေဆးၾကၫ့္ရန္ အပတ္တကုတ္ႀကိဳးစားခဲ့ၾကကာ ဤဒါရိုက္တာရိုက္ကူးသၫ့္ ရုပ္ရွင္မ်ားက မေက်ာ္ၾကားေၾကာင္း ေတြ့ရိွခဲ့ၾကသည္။ သို႔ျဖစ္၍ သူတို႔က နဉ္ရွီ၏အနာဂတ္လမ္းေၾကာင္း တိုးတက္ေရးအတြက္ စတင္ပူပန္လာေတာ့သည္။ ဖန္ေတြအတြက္ေတာ့ သူတို႔ႀကိဳက္ႏွစ္သက္ရေသာ သရုပ္ေဆာင္ကို အစဉ္မျပတ္ ေတာက္ပ၍ ႀကီးပြားေစရန္ မေမ်ွာ္လင့္ဘဲမေနၾက။ ဇာတ္ကားႀကီးတစ္ခုတြင္ ပါဝင္သရုပ္ေဆာင္ရတာ၊ ဂုဏ္သတင္းႀကီးတဲ့ ဆုေတြရတာ၊ အဓိကဘရန္း‌ေတြအတြက္ ေျပာေရးဆိုခြင့္ရိွသူျဖစ္လာတာမ်ိဳးပင္....။ သူမေအာင္ျမင္လာေလ ဖန္ေတြပီတိျဖာေလပင္။

သို႔ေသာ္လည္း လုပ္ငန္းတစ္ခုထဲမွ လူေတြ၏အျမင္တြင္ေတာ့ က်ိဳ႕က်ီကနဉ္ရွီအတြက္ ‌စီစဉ္ေပးထားသၫ့္ အခြင့္အလမ္းေတြက သူတို႔သူမအေပၚထားသၫ့္ ေမ်ွာ္လင့္ခ်က္ႀကီးမားေၾကာင္း သက္ေသျပေန၏။ အထူးသျဖင့္ ခ်န္းရွီေကြ့က က်ိဳ႕က်ီေဖ်ာ္ေျဖေရးတြင္ ရင္းႏွီးျမႇဳပ္ႏွံမည္ဟူေသာ သတင္းထုတ္ျပန္ၿပီး ႏွစ္ရက္ဆိုသၫ့္အခ်ိန္တိုေလးအတြင္းမွာပင္ က်ိဳ႕က်ီ၏စေတာ့ရွယ္ရာက တစ္သန္းနီးပါးထိ ထိုးတက္သြားေတာ့သည္။

ေဖ်ာ္ေျဖေရးေလာကမွ လူတိုင္းသည္ က်ိဳ႕က်ီကဖက္တြယ္ထားသၫ့္ ေရႊေပါင္လံုးႀကီးေၾကာင့္ ေရွာ့ခ္ရေနဆဲမွာပင္ “ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာၾကမယ္” ၏ ထုတ္လုပ္ေရးအဖြဲ႔က ပရိုမိုးရွင္းအစီအစဉ္အေနျဖင့္ season အသစ္၏ စိတ္ဝင္စားဖြယ္အစီအစဉ္မ်ားကို ထုတ္လႊင့္လိုက္၏။ ထို႔ျပင္ အတိတ္မွာ နဉ္ရွီခပ္ဝဝမိန္းကေလးျဖစ္ခဲ့သည္ ဟူေသာ သတင္းက အမ်ိဳးမ်ိဳးေသာ မီဒီယာကုမၸဏီ‌ႀကီးေတြေၾကာင့္ ခ်က္ခ်င္းပင္ပ်ံ့ႏွံ႔သြားေတာ့သည္။

နဉ္ရွီ၏လက္ရိွေက်ာ္ၾကားမႈဟာ ပထမအေနျဖင့္ “လွပေသာတိမ္တိုက္နီမ်ား”ထဲက သူမ၏ႏွစ္လိုဖြယ္ေကာင္းသၫ့္ ဇာတ္ေကာင္ေၾကာင့္ျဖစ္၏။ ဒုတိယအေနျဖင့္ နဉ္ရွီကို သူမ၏မ်က္ႏွာေၾကာင့္‌ေတြ့ခဲ့သၫ့္ ဖန္အခ်ိဳ႕၏ စိတ္ထဲစြဲသြားေစသၫ့္ သူမ၏‌ရည္မြန္ေၾကာ့ရွင္းသၫ့္ အသြင္အျပင္ေၾကာင့္ျဖစ္၏။ နဉ္ရွီဟာ အတိတ္က ခပ္ဝဝေကာင္မေလးတစ္ေယာက္ျဖစ္ခဲ့ဖူးသၫ့္ သတင္းကိုၾကားလိုက္သည္ႏွင့္ ဖန္ေတာ္ေတာ္မ်ားမ်ားက ထိုသတင္းကိုမယံုႏိုင္ျဖစ္ခဲ့ၾက၏။ အခ်ိဳ႕ဆိုလ်ွင္ ၄က သူမ၏ဂုဏ္သတင္းၫွိုးႏြမ္းေစရန္ မီဒီယာကဆင္သၫ့္ ပရိယာယ္ဟုပင္ ထင္သြားၾကေသး၏။

ပရိသတ္ ေအ: ရွီရွီက ဖက္တီးေလးျဖစ္‌ခဲ့ဖူးတယ္လို႔ သူ႔Weiboေပၚမွာေျပာခဲ့ဖူးတာကို နင္တို႔အားလံုးေမ့သြားၾကတာလား?

ပရိသတ္ ဘီ: .......

ပရိသတ္ စီ: .......

ပရိသတ္ ဒီ: ငါကသရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ားရဲ့ ပရိသတ္တစ္ေယာက္ဆိုေပမဲ့ အရမ္းကိုရိုးသားလြန္းတဲ့ အမ်ိဳးသမီးသရုပ္ေဆာင္ကိုေတာ့ တစ္ခါမွမေတြ့ဖူးဘူး။ အမ်ိဳးသမီးသရုပ္ေဆာင္အမ်ားစုက သူတို႔ရဲ့အတိတ္ဆိုးကို မဖံုးထားဘဲမေနၾကဘူး။ ဒါေပမဲ့ ငါတို႔မိသားစုရဲ့ရွီရွီေလးကေတာ့ သူမရဲ့ပံုေဟာင္းေတြသံုးၿပီး အ‌သေရဖ်က္လာမွကိုမေၾကာက္ဘဲ  ပြင့္ပြင့္လင္းလင္း ထုတ္ေျပာခဲ့တာေနာ့...

ပရိသတ္ ေအ: ငါတို႔မိသားစုရဲ့ အူၾကဴးၾကဴးပူတူးပဲေစ့ေလး[1] အရမ္းမိုက္မဲတာပဲ...ငါသူမကိုပိုၿပီးအခ်စ္တိုးလာေရာ။

ေဝစစ္ခ်ီအိမ္ျပန္ေရာက္သၫ့္အခ်ိန္ ညကိုးနာရီထိုးသြားၿပီ။ အခန္းမီးကပြင့္မေနဘဲ တီဗြီကေနထုတ္လႊတ္ေနသၫ့္ အလင္းေရာင္က အိမ္ကို ထူးထူးျခားျခား ေမွာင္မဲကာ ေအးစက္ေနပံုေပါက္ေစ၏။

သူမျပန္လာသည္ကိုျမင္သၫ့္တိုင္ ခ်န္းယီကြၽင္းက တစ္စက္မွမေရႊ့လာေပ။ သူတို႔အရင္တစ္‌ေခါက္ရန္ျဖစ္ၿပီး ေဝစစ္ခ်ီသူ႔ကားေနာက္ပိုင္းကို ကားေမာင္းတိုက္ၿပီးကတည္းက သူတို႔၏ဆက္ဆံေရးက မတိုးသာမဆုတ္သာအေျခအေနတြင္ ပိတ္မိေနရသည္။

ခ်န္း*ႏွင့္ေဝမိသားစုက ႏွစ္ဦးႏွစ္ဖက္လံုး လူမႈေရးအဆင့္အတန္းအရကိုက္ညီသၫ့္ လက္ထပ္ပြဲျဖင့္ ဆက္ႏႊယ္ထားၾကျခင္းျဖစ္ၿပီး ၄က ႏွစ္ဖက္လံုးအတြက္ အျပန္အလွန္အက်ိဳးရိွသၫ့္ ကိစၥရပ္တစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ သူတို႔ႏွစ္ဦးလံုးက ႏွစ္ေပါင္းမ်ားစြာ အတူရိွလာၾကကာ တရားဝင္ဇနီးေမာင္ႏွံအျဖစ္ေရာက္ရိွမၫ့္ မဂၤလာပြဲအခမ္းအနား က်င္းပရန္လိုေနျခင္းသာ။ ထိုအေၾကာင္းေၾကာင့္ ယခုႏွစ္ေယာက္အတူေန‌ရတာက စိတ္ဆင္းရဲဖြယ္ျဖစ္ေနေသာ္လည္း လူထုေရ႔ွမွာေတာ့ အရမ္းခ်စ္ၾကသၫ့္စံုတြဲပံု လုပ္ျပေနၾကဆဲပင္။

ေဝစစ္ခ်ီက ခ်န္းယီကြၽင္းအ‌ေရ႔ွတြင္ သူမ၏လက္ဝတ္လက္စားေတြႏွင့္ေသာ့ကို  စားပြဲပုေပၚပစ္တင္လိုက္သည္။ တီ‌ဗီဆီမွာ အၾကၫ့္‌ေတြေကာ္လိုကပ္ေနသၫ့္ ထိုသူ႔ကို ေခါင္းငံု႔၍ ၾကၫ့္လိုက္သည္။ သူမဝတ္ထားသၫ့္ ေဒါက္ျမင့္ဖိနပ္ကိုကန္ထုတ္လိုက္ရင္း ေျခာက္ကပ္ကပ္ရယ္လိုက္သည္။

တီဗြီမွာ လူငယ္အခ်ိဳ႕‌က ေငြရေပါက္တစ္ခုဖန္တီးေနၾကသည္။ အဲ့အေၾကာင္းနဲ႔ပက္သတ္လို႔ ဘာစိတ္ဝင္စားစရာရိွလဲဆိုတာ ဘယ္သူသြားသိမလဲ?
[T/N: ေငြရေပါက္ဖန္တီးတယ္ဆိုတာ ရႊီးထားတာရယ္။ make a dime ရဲ့ meaning ကို သိတဲ့သူရိွလားဟင္။ ကိုယ္ရွာတာမေတြ့လို႔]

“နဉ္ရွီ...မင္းကႏွစ္ေပါင္းမ်ားစြာ ႏိုင္ငံျခားမွာေန‌လာေတာ့ အခ်က္အျပဳတ္လက္ရာက ရွယ္ျဖစ္ေနမွာေပါ့ ဟုတ္လား?”

သူမရုတ္တရုတ္ ေခါင္းလွၫ့္လာသည္။ ဖန္သားျပင္ထက္မွ အမ်ိဳးသမီးငယ္ေလးကို ေၾကာက္မက္ဖြယ္အၾကၫ့္တို႔ျဖင့္ စူးစိုက္ၾကၫ့္ေနသည္။

ဤအမ်ိဳးသမီးက ႏွစ္လိုဖြယ္ေကာင္းစြာႏွင့္ ဆြဲေဆာင္မႈရိွစြာရယ္ရင္း တီဗြီေရ႔ွကပရိသတ္ေတြကို မ်က္ႏွာခ်င္းဆိုင္ေန၏။ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သၫ့္ သူမကိုယ္တိုင္ေတာင္မွ သူမ(နဉ္ရွီ)၏အၿပံဳးတြင္ ဘာခ်ိဳ႕ယြင္းခ်က္မွမေတြ့ရေခ်။

သို႔ေသာ္ သူမ ‘နဉ္ရွီ’ ဆိုသၫ့္ စကားလံုးႏွစ္လံုးကို ၾကားလိုက္သည္ႏွင့္ အလိုလိုေတာင့္သြားရသည္။

သိသာစြာပင္ တီဗြီထဲကအမ်ိဳးသမီး၏အၿပံဳးက ပန္းတစ္ပြင့္အလား ပြင့္လန္းေနကာ ေဆာင္းရာသီအစကိုႀကိဳဆိုေနသၫ့္ ‌မနက္ခင္းေန၏ေတာက္ပမႈႏွင့္အတူ ေရာင္ျခည္ျဖာထြက္ေန၏။ သို႔ေသာ္ သူမကေတာ့ အေအးဓာတ္ေတြက သူမေျခဖဝါးတစ္ေလ်ွာက္ စိမ့္ဝင္ေနကာ ေသြးျပန္ေၾကာက‌ေနႏွလံုးအထိ တစ္ေလ်ွာက္လံုး စီးဆင္းေနသည္ကိုခံစားေနရသည္။

သူမပဲ! ဆရာ‌က်န္းရဲ့ေမြးေန့ဧၫ့္ခံပြဲမွာ ေပၚလာတဲ့ အမ်ိဳးသမီး!

သူမ၏သြားေတြ ကတုန္ကယင္ျဖစ္ေနသၫ့္အသံကိုပင္ ၾကားေနရကာ မ်က္လံုးတစ္စံုက ေၾကာက္ရြံ႔မႈျဖင့္ တီဗြီကိုစူးစိုက္ၾကၫ့္ေန၏။ တီဗြီထဲကေန သားရဲတစ္ေကာင္က အခ်ိန္မေရြး ခုန္ထြက္လာၿပီး သူမကိုဝါးမ်ိဳေတာ့မၫ့္အတိုင္းပင္။

“သူမျပန္လာၿပီ!”သူမပါးစပ္ဟလိုက္ရင္း ေအာ္ပစ္လိုက္ခ်င္သည္။ ခ်န္းယီကြၽင္းကို ဘာေၾကာင့္ဒီအစီအစဉ္ၾကၫ့္ေနရလဲ ေမးပစ္လိုက္ခ်င္သည္။ သို႔ေသာ္လည္း လက္ေတြ့မွာေတာ့ ျခင္တစ္ေကာင္အလား တိုးၫွင္းကာအားနည္းသၫ့္ အသံေလးသာထြက္လာ၏။ သူမကိုယ္တိုင္ကလြဲ၍ ခ်န္းယီကြၽင္းကေတာ့ သူမကိုတစိုးတပါဒမ်ွ ၾကားရလိမ့္မည္မဟုတ္။

နဉ္ရွီ ဘာလို႔ဒီေလာက္လွလာရတာလဲ? ခ်န္းယီကြၽင္းကေရာ ဘာလို႔သူ႔ေနာက္လိုက္ေနရတာလဲ? သူမဘာလို႔ျပန္လာရတာလဲ?

လြန္ခဲ့ေသာေျခာက္ႏွစ္က အျဖစ္အပ်က္မ်ားကို ရုတ္တရက္ျပန္ေတြးမိသြားသည္။ နဉ္ရွီကေက်ာင္းထြက္ရန္ လုပ္ထံုးအဆင့္ဆင့္ျဖတ္သန္းေနခ်ိန္ သူမဘယ္သူ႔ကိုမွအသိေပးျခင္းမရိွခဲ့။ ထို႔ေန့က ေက်ာင္းေနာက္က်သၫ့္ ေဝစစ္ခ်ီတစ္ေယာက္သာလ်ွင္ ေက်ာင္းဂိတ္ဝေရ႔ွတြင္ သူမႏွင့္ပက္ပင္းတိုးမိျခင္းျဖစ္သည္။

ထိုကဲ့‌သို႔ေသာ ေၾကာက္မက္ဖြယ္ရာ နက္ရိႈင္းၿပီးမည္း‌နက္ေနသၫ့္ မ်က္လံုးမ်ိဳးကို သူမတစ္ခါမွမေတြ့ခဲ့ဖူးေပ။ ထိုမ်က္လံုးမ်ားပ ငရဲကေနကုပ္တြယ္တက္လာသၫ့္ သူမကိုအခ်ိန္မ‌ေရြး အပိုင္းပိုင္းစုတ္ၿဖဲသြားႏိုင္ေသာ သရဲမတစ္‌ေယာက္အလားပင္။  

ဒါေပမဲ့ နဉ္ရွီဘာမွမလုပ္သြားခဲ့။ လူေတြၾကားထဲမေပ်ာက္သြားခင္ သူမကိုတဒဂၤမ်ွသာ ၾကၫ့္သြားခဲ့၏။ ထိုအခ်ိန္မွစ၍ သူမနဉ္ရွီကိုမေတြ့ရေတာ့။

အခ်ိန္အၾကာႀကီးေပ်ာက္သြားခဲ့တဲ့ လူတစ္ေယာက္က ဘာလို႔ျပန္လာရတာလဲ? ကလဲ့စားေခ်ဖို႔ျပန္လာတာမ်ားလား?  

ယီကြၽင္းကိုသူမဆီက လုယူသြားဖို႔ ျပန္လာတာလား?သူမမွာရိွခဲ့တဲ့အရာအားလံုးအရယူဖို႔ ျပန္လာတာလား?

“မင္းေၾကာက္ေနၿပီလား?” ခ်န္းယီကြၽင္း၏အၾကၫ့္က ဖန္သားျပင္ေပၚတြင္ရိွေနဆဲပင္။ ေဝစစ္ခ်ီကို ေက်ာခိုင္းရင္း... “အဲ့ဒီႏွစ္က သူမဖုန္းကိုဖြက္ထားတာ မင္းလား?”

အခ်ိန္အေတာ္ၾကာတန႔္ေနၿပီးမွ သူမျပန္ေျဖလိုက္ခ်ိန္ ေဝစစ္ခ်ီ၏ႏႈတ္ခမ္းေထာင့္စြန္းက မသိမသာတုန္ယင္သြားသည္။ “သူမကအခုမျွပန္လာတံုးရိွ‌ေသး၊ ရွင္ကေတာ့ သူမအတြက္ ေမးခြန္းထုတ္ဖို႔မေစာင့္ႏိုင္ေတာ့ဘူးေပါ့?”

ဤစကားေတြကိုနားေထာင္ရင္း ခ်န္းယီကြၽင္းကသေရာ္ဟန္ႏွင့္ ရယ္လိုက္သည္။ ေလာေလာဆယ္တြင္ တီဗြီထဲကနဉ္ရွီက တင္ဆက္သူကို လိုက္ေနာက္ေနၿပီး တင္ဆက္သူကလည္း ဟက္ဟက္ပက္ပက္မရယ္ဘဲ မေနႏိုင္ေတာ့ေခ်။ “မင္းကိုေမးခြန္းထုတ္ဖို႔ ငါ့မွာဘာအရည္အခ်င္းမ်ားရိွလို႔လဲ?”

သူဟာလည္း ထိုႏွစ္ကသူမကို စေနာက္ေလွာင္ေျပာင္ခဲ့သၫ့္ အျပစ္သားတစ္ေယာက္ပါပင္....

“ယီကြၽင္း...” ေဝစစ္ခ်ီကခက္ခက္ခဲခဲေျပာထုတ္ရင္း သူမမ်က္လံုးေတြကိုဖံုးလိုက္သည္။ “အဲ့လိုမလုပ္ပါနဲ႔ေနာ္...ၿပီးခဲ့တာေတြ ၿပီးပါေစေတာ့....ဒီအေၾကာင္း ထပ္မေျပာရေအာင္ေလ ဟုတ္ၿပီလား?”   

ဒီႏွစ္ေတြထဲမွာ သိသိသာသာကို သူတို႔အဆင္ေျပေနၾကေသာ္လည္း  နဉ္ရွီနဲ႔ပက္သတ္တဲ့ကိစၥေၾကာင့္ ဘာလို႔ဒီလိုျဖစ္လာရျပန္တာလဲ?

သူတို႔၏ပူေဆြးမႈေတြက တီဗြီဖန္သားျပင္ထက္မွ လူသားအေပၚမသက္ေရာက္၊ နဉ္ရွီႏွင့္ဧၫ့္သည္မ်ားက ယခင္အတိုင္း ရယ္ရယ္ေမာေမာႏွင့္ စကားလက္ဆံုက်ေနၾကဆဲပင္။

“နဥ္ရွီ....မင္းတကယ္ပဲ အတိတ္မွာအသားျပည့္ျပည့္နဲ႔ မိန္းကေလးျဖစ္ခဲ့တယ္ဆိုေတာ့ ေကာင္ေလးတစ္ေယာက္ေယာက္က မင္းရဲ့အျပင္ပန္းပံုကိုမၾကၫ့္ဘဲ အတြင္းစိတ္ကိုၾကၫ့္ၿပီး ခ်စ္ေရးလာဆိုဖူးလား?

“အစ္ကိုေက်ာက္ မရယ္ဘူးလို႔ ေမ်ွာ္လင့္တာပဲ....အဲ့ႏွစ္က ကြၽန္မကိုအခ်စ္စာပို႔တဲ့ ေယာက္်ားတစ္ေယာက္ တကယ္ပဲ ရိွခဲ့တယ္....ဒါေပမဲ့ အဲ့ဒါကို သူေရးထားတာေတာ့မဟုတ္ဘူး...သူ႔ဝမ္းကြဲက စာပို႔ခိုင္းလိုက္တာ”

“ဒါဆို အခ်စ္စာမွာ ဘာေရးထားတာလဲ?”  

“ကြၽန္မ မသိဘူး”

“မင္းကဘာလို႔မသိရတာလဲ?”

“အဲ့ေန့က ကြၽန္မအက္စီးဒင့္အေသးစားေလး ျဖစ္သြားေတာ့ အဲ့အခ်စ္စာကိုဖြင့္ေတာင္မဖြင့္ရေသးဘူး ေပ်ာက္သြားတယ္ေလ....ဒါေပမဲ့ ကြၽန္မကေတာ့ တစ္‌ေယာက္ေယာက္စေနာက္လိုက္တာလို႔ ခံစားရတာပဲ...အဲ့အခ်ိန္က ကြၽန္မကဝေပမဲ့ အဆင့္ကေကာင္းေတာ့ လြယ္လြယ္နဲ႔လူမုန္းခံရတယ္”

ေဝစစ္ခ်ီက ၾကမ္းျပင္ေပၚထိုင္ရင္း ငိုေနသည္။ သူမယီကြၽင္းႏွင့္အတူ အတိတ္ကိုျပန္သြား၍မရမွန္းသိသည္။ ဒီတစ္ေခါက္နဉ္ရွီ၏ျပန္လာမႈက ယီကြၽင္း၏ႏွလံုးသားကို ျပင္းထန္ေသာထိုးႏွက္မႈတစ္ခုကို ယူေဆာင္လာခဲ့ေသာေၾကာင့္ပင္။ သူက စိတ္‌ေသာကေရာက္ေနရကာ သူမလည္းပဲစိတ္ဖိစီးရသည္ပင္။

“ကြၽန္မ သူ႔ကိုသြားေတာင္းပန္ၿပီး အမွားျပန္ျပင္ပါ့မယ္ ရၿပီလား?” ေဝစစ္ခ်ီကခ်န္းယီကြၽင္းကိုၾကည့္လိုက္ခ်ိန္ သူမ၏မိတ္ကပ္က မ်က္ရည္ေတြေၾကာင့္ေပက်ံေနသည္။ “ယီကြၽင္း...ရွင္ ကြၽန္မကို ဒီလိုလုပ္လို႔မရဘူး”

ခ်န္းယီကြၽင္းက သူ႔နားထင္ကို ပင္ပန္းစြာ ႏိွပ္လိုက္သည္။ ဤအခ်ိန္တြင္မွ တိုက္တိုက္ဆိုင္ဆိုင္ ၿပံဳးျပေနသၫ့္နဉ္ရွီကိုၾကၫ့္ၿပီး remote control မွ ပိတ္သၫ့္ခလုတ္ကို ႏိွပ္လိုက္သည္။

အိမ္ႀကီးက ရုတ္ျခည္းဆိုသလို အေမွာင္အတိက်သြားေတာ့သည္။

အေမွာင္ထုအတြင္း ေဝစစ္ခ်ီ၏မ်က္လံုးေတြက  ေပ်ာ္ရႊင္မႈအရိပ္အ‌ေယာင္‌ေဖ်ာ့ေဖ်ာ့ေလးကို သယ္လာရင္း သူမ၏ပါးျပင္ထက္ရိွ ေပက်ံေနသၫ့္ မ်က္ရည္ေတြကိုသုတ္လိုက္သည္။

နဉ္ရွီျပန္လာေတာ့ေရာ ဘာျဖစ္လဲ?သူမလွလာေတာ့ေရာဘာျဖစ္လဲ?အခုခ်ိန္မွာ ယီကြၽင္းက သူမကိုထားသြားလို႔မရႏိုင္...ေဝမိသားစု၏ေထာက္ပံ့မႈမရိွလ်ွင္ ယီကြၽင္းက ခ်န္း*မိသားစု၏ ဆက္ခံသူျဖစ္လာရန္ ခက္ခဲသည္ေလ...
___________
[1] lovely bean - အိုင္ေဒါေတြကိုေခၚသၫ့္ ဗန္းစကား; lovely bean က မန္ဒရင္းအသံနဲ႔ဆို 愛(ai)豆(dou)အိုင္‌ေဒါလ္လိုမ်ိဳး အသံထြက္တယ္။
___________

Continue Reading

You'll Also Like

230K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
297K 30.2K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
1.5M 192K 157
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
121K 18.4K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...