Unicode
ကွမ်ကျိုးမြို့၏ ညဘက်ဈေးပွဲတော်၌ အတော်လေးလူစည်သည်။ရှောင်ကျန့်နှင့်ဝမ်ရိပေါ်ဟာ တိုးဝှေ့နေကြသည့်လူအုပ်ကြားထဲ လူကွဲခြင်းမရှိစေရန် တစ်ယောက်လက်တစ်ယောက်တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြသည်။
ကွမ်ကျိုး၏ညဈေးကအတော်လေးလှသည်။လမ်းတစ်ခုလုံးကို မီးပုံးလှလှလေးတွေဖြင့်အလှဆင် ထားတာသည့်အပြင် မီးပုံးပျံတွေကိုလည်း ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းမတတ်မြင်တွေ့နေရ၏။
ရှောင်ကျန့်၏ မျက်လုံးလေးတွေမှာ မျက်နှာဖုံးဆိုင်တစ်ခုရှေ့၌ရပ်တန့်သွားသည်။ရိပေါ်ကို မျက်နှာဖုံးဆိုင်ရှိရာသို့ဆွဲခေါ်လာရင်း ဝက်မျက်နှာဖုံးလေးတစ်ခုကိုသဘောတကျ လှမ်းယူလိုက်သည်။
"ခေါင်းငုံ့ပေး"
ရိပေါ်က ရှောင်ကျန့်စိတ်တိုင်းကျသူ့ခေါင်းကိုငုံ့ကိုင်းပေးသည့်အခါတွင် ရှောင်ကျန့်လက်ထဲရှိဝက်မျက်နှာဖုံးမှာ သူ့မျက်နှာထက်တွင် ဘုမသိဘမသိတပ်ဆင်ပေးခြင်းကိုခံလိုက်သည်။
"ဟီး...ဟီး....အခုရိပေါ်က ဝက်ကလေးနဲ့တူသွားပြီ"
အကယ်၍ရှောင်ကျန့်၏ထိုစကားကို မြို့တော်မှ အမတ်တစ်အုပ်သာကြားရင် သွေးတတ်ပြီးငေါက်ကနဲလဲသေသွားမည်ကိုစိုးရိမ်ရပေသည်။
ဘယ်သူကများ အင်ပါယာတစ်ခုလုံး၏ အာဏာရှင် ဧကရာဇ်မင်းကို 'ဝက်ကလေး' ဟုခိုင်းနှိုင်းပြီးပြောရဲပါမည်နည်း။
ဒါပေမယ့် အချစ်ရူးတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေသည့် ဝမ်ရိပေါ်ကတော့ရှောင်ကျန့်စကားကိုကြားသည့်အခါတွင်ပျော်ရွှင်စွာရယ်မောလိုက်သည်။ သူချက်ချင်းပင် များစွာသောမျက်နှာဖုံးတွေထဲက ယုန်မျက်နှာဖုံးလေးတစ်ခုကိုမျက်စိကျသွားကာ ဆွဲယူ၍ရှောင်ကျန့်၏မျက်နှာထက်တပ်ပေးလိုက်သည်။
"ကိုယ်က 'ဝက်' ဆိုရင် မင်းက 'ယုန်' သေးသေးလေးပေါ့"
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရယ်လိုက်မိကြသည်။ ဆိုင်ပိုင်ရှင်၏အူကြောင်ကြောင်အကြည့်တွေကိုလျစ်လျူရှု့၍မျက်နှာဖုံး ဖိုး ပေးချေလိုက်ပြီးလျှင် လက်ချင်းတွဲချိတ်လျက် မီးပုံးတွေဝယ်ယူလွှင့်တင်ကြသည်။အရသာရှိတဲ့အစားအသောက်တွေဝယ်ယူ ကြပြီး ကွမ်ကျိုးမြို့လည်ရှိရေကန်၌ ကြာပန်းသဏ္ဍာန်စက္ကူ မီးအိမ်လှလှလေးတွေ ကိုအတူတကွ ရေထဲမြောဖြစ်ကြသည်။
နှစ်ယောက်လုံး၏မျက်နှာထက်၌ ဝက်မျက်နှာဖုံးနှင့်ယုန်မျက်နှာဖုံးကိုယ်စီ တပ်ဆင်ထားပါသော်လည်း သူတို့နှစ်ဦးသား၏အပြုံးတွေနှင့်ပျော်ရွှင်မှုအဖြာဖြာကိုမဖုံးကွယ်နိုင်ပဲရှိနေ၏။
သူတို့နှစ်ယောက် အချိန်အတော်ကြာ ညဈေးတစ်ခုလုံးလျှောက်လည်ပတ်ဖြစ်ကြသည်။ရိပေါ်ဘဝတွင်တစ်ခါမှထိုမျှ မပျော်ရွှင်ခဲ့ဖူးသလိုခံစားရသည်။သူအရမ်းပျော်သည်။ပျော်လွန်းလို့ သူ့ရင်ဘတ်တစ်ခုလုံးတစ်သိမ့်သိမ့်ခုန်လှုပ်နေသည့်အထိပင်။
လည်ပတ်ပြီးစီးသွားသည့်နောက် ဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကို ကျောပိုးလျက် မြို့ပြင်အနီးအနားမှာရှိတဲ့မြက်ခင်းစိမ်းတွေနဲ့တောင်ကုန်းပေါ်သို့ခေါ်ဆောင်လာခဲ့သည်။ရှောင်ကျန့်ကပျင်းရိစွာ ရိပေါ်၏ပုခုံးပေါ်သူ့မေးလေးကိုတင်ထားရင်း မက်မွန်သီးသဏ္ဍာန်မျက်ဝန်းလေးတွေကိုမှေးစဥ်းလျက် ဝှါးသမ်းလိုက်သည်။
ရိပေါ်ကခပ်ဟဟ ရယ်သည်။
"အိပ်ချင်နေပြီလား"
"အင်း"
"ခဏလောက်စောင့်ပါဦးလား....ကိုယ်တို့နှစ်ယောက်အတူတူ ကြယ်ကြည့်ရအောင်လေ....ကွမ်ကျိုးမှာ ပုံပြင်တစ်ချို့ရှိတယ်....ချစ်သူရည်းစားနှစ်ယောက်က ကြယ်စုံတဲ့ညမှာ အတူတူလက်တွဲရင်း ကြယ်ကြည့်ဖြစ်ခဲ့ရင် အဲ့ဒီစုံတွဲက ဘဝဆက်တိုင်းမလွဲမသွေပေါင်းစပ်နိုင်ကြတယ်တဲ့"
"ခင်ဗျားတကယ်ပဲ ဒီလိုရိုးရာပုံပြင်တွေကိုယုံတယ်ပေါ့လေ"
"အရင်တုန်းကတော့ မယုံဘူး.....ဒါပေမယ့်အခုကိုယ့်မှာ မင်းရှိနေပြီလေ....မင်းနဲ့သာ အမြဲတမ်း အတူတူနီးစပ်ခွင့်ရမယ်ဆိုရင် ယုတ်တိမတန်တဲ့ဟာဖြစ်နေရင်လည်း ကိုယ်ယုံယုံကြည်ကြည်နဲ့ ပြုလုပ်မိမှာသေချာတယ်"
"ရိပေါ်...."
"ဟမ်"
"ခင်ဗျားဘာလို့ဒီလောက်ထိတောင်ချစ်ဖို့ကောင်းရတာလဲ"
"....."
ရှောင်ကျန့်ကပြောရင်းဆိုရင်းဖြင့်ဝမ်ရိပေါ်၏ ပါးပြင်တစ်ဖက်ကို မွကနဲမြည်အောင်ဖိနမ်းလိုက်သည်။ထုံးစံအတိုင်း ဧကရာဇ်ဝမ်းမျက်နှာမှာ ပန်းသီးလေးတစ်လုံးလိုနီရဲတတ်လာလေသည်။ရှောင်ကျန့်ကဒါကိုပဲသဘောကျစွာတစ်ခစ်ခစ်ရယ်၏။
တောင်ကုန်းပေါ်ရောက်တော့ ဝမ်ရိပေါ်ဟာ ညဈေးမှာတုန်းကဝယ်ယူထားသည့် ပိုးသားလိုနူးညံ့သည့်အထည်တွေကိုမြက်ခင်းပြင်ပေါ်ဖြန့်ခင်းလိုက်သည်။ပြီးမှရှောင်ကျန့်နဲ့အတူ ထိုအပေါ်တွင်လှဲချသည်။
သတင်းတွေထဲကအတိုင်း ကွမ်ကျိုး၏ညကောင်းကင်မှာကြယ်တွေများစွာဖြင့်တဖြတ်ဖြတ်လက်နေလျက် လွန်စွာလှပသည်။
ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ဟာ သူတို့ လက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရင်း တိမ်ကင်းစင်သည့် ကောင်းကင်ကြီးကိုအတူတကွကြည့်ခဲ့ကြသည်။ရိပေါ်က အပြုံးဖျော့ဖျော့လေးတစ်ခုဖြင့်ရှောင်ကျန့်ဘက်သို့ သူ့ခေါင်းကိုလှည့်လိုက်သည်။
"ရှောင်ကျန့်"
"ဟင်"
ရှောင်ကျန့်ဟာ သူ့ခေါင်းလေးကိုရိပေါ်ရှိရာသို့ဦးတည်၍လှည့်ကြည့်လိုက်သည်။
"တော်ဝင်နန်းတော်ကိုပြန်ရောက်ရင် ကိုယ်မင်းအတွက် ဧကရီတင်မြှောက်ပွဲခမ်းခမ်းနားနားလုပ်ပေးမယ်"
ပြောရင်းဆိုရင်းဖြင့်ရိပေါ်ဟာရှောင်ကျန့်ရဲ့လက်ဖမိုးလေးကိုဖိနမ်းလိုက်သည်။
ရှောင်ကျန့်ကပြုံးသည်။သူကယခုဆိုရင် အမည်ခံဧကရီတစ်ပါးအဖြစ်သတ်မှတ်နိုင်သော်လည်း ဧကရာဇ်မင်းနဲ့ရာထူးအဆင့်အတန်းချင်းတူညီသည့်ဧကရီတစ်ပါးအတွက် တရားဝင်တင်မြှောက်ပွဲ လိုအပ်သည်။
ဒါကတိုင်းပြည် ဧကရာဇ်တင်မြှောက်ပွဲနှင့်အလားတူ၏။ရိပေါ်ကဆက်ပြောသည်။
"မင်းက ကိုယ့်တစ်ယောက်တည်းရဲ့ အပိုင်ဆိုတာ အကုန်လုံးကိုသိစေချင်တာ"
"သေချာတာပေါ့....ခင်ဗျားစိတ်ကြိုက်သာလုပ်"
"တကယ်လား"
"အင်း....ခင်ဗျားကသာကျွန်တော့်ကိုမစွန့်ပြစ်ရင်တော်ပြီ"
"ကိုယ်...ကိုယ်ကဘာကြောင့်မင်းကိုစွန့်ပြစ်ရမှာလဲ"
ရိပေါ်၏မျက်လုံးတွေမှာထိတ်လန့်တုန်လှုပ်မှုအရိပ်အငွေ့တွေရစ်သမ်း လာပြီးကြောက်လန့်စွာရှောင်ကျန့်တစ်ကိုယ်လုံးကိုသိမ်းကျုံးပွေ့ဖက်လိုက်သည်။
စွန့်ပြစ်ရမယ်။ဒါကိုသူတစ်ခါမှတွေးတောင်မတွေးဖူးဘူး။သူဝိဥာဥ်တစ်စစီကွဲကြေသွားရင်တောင် ရှောင်ကျန့်ကို လက်လွှတ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။
ရှောင်ကျန့်ကအပြုံးလေးတစ်ခုဖြင့်ရိပေါ်ရင်ခွင်ထဲ ကြောင်လေးတစ်ကောင်လိုတိုးဝှေ့ပွေ့ဖက်လိုက်သည်။
ကြယ်တွေစုံတဲ့ကောင်းကင်ကြီးရယ်၊ ညင်သာနူးညံ့တဲ့လေပြေနှင့် ခပ်ဖြာဖြာထွန်းလင်းနေသည့်လရောင်ဟာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ပံ့ပိုး၍ ချစ်သူနှစ်ဦးနဲ့အတူ အလှပဆုံးအလှဆင်လျက်ရှိနေလေသည်။
************
လေးရက်ကြာမြင့်ပြီးနောက် ဧကရာဇ်နှင့်ဧကရီနှစ်ဦးမှ တော်ဝင်နန်းတော်ဆီ အန္တရာယ်ကင်းကင်းဖြင့်ပြန်လည်ရောက်ရှိလာကြသည်။ အမတ်အပေါင်းမှာ ထိုအခါမှသက်ပြင်းအသာချနိုင်ကြသည်။ထိုလေးရက်တွင်အမတ်တွေမှာသူတို့ထိပ်တောင်ပြောင်လာသည်အထိ နိုင်ငံရေးကိစ္စတွေနှင့်အချင်းချင်းရှုပ်ထွေးနေကြသည်။
ထိုအခါမှ ဧကရာဇ်မင်း၏ တန်ဖိုးကိုပိုပြီးသိမြင်လာမိကြသည်။ဝမ်ဧကရာဇ်က ပြန်လည်ရောက်ရှိလာသည်နှင့် ပထမဆုံးသောအမိန့်စကားမှာ ရှောင်းအမတ်ကြီး၏သမီးအတွက် တရားဝင် ဧကရီတင်မြှောက်ပွဲကျင်းပဖို့ရန်သာဖြစ်သည်။လက်အောက်ခံတိုင်းပြည်တွေမှ ဧကရီတင်မြှောက်ပွဲအတွက် လက်ဆောင်အမျိုးမျိုးပြင်ဆင်နေကြ၏။
အကြောင်းအရင်းက ဧကရီတင်မြှောက်ပွဲဆိုသည်မှ နောက်ထပ်အခွင့်အာဏာတူ ဧကရာဇ်တစ်ပါးတင်မြှောက်တာနဲ့တူညီသောကြောင့်ပင်ဖြစ်သည်။အသစ်ရရှိလာမည့်ဧကရီကို အမတ်တော်တော်များများ မြင်တွေ့ဖူးခြင်းမရှိတာကြောင့် ဘယ်နည်းဘယ်ပုံမှန်းတိတိကျကျမသိကြချေ။
တော်ဝင်နန်းတော်တစ်ခုလုံး ဖိတ်ကြားရမည့်တိုင်းပြည်တစ်ချို့နှင့်မျိုးရိုးမြင့်အိမ်တော်တွေကိုစီစစ်သည့်ကိစ္စအပါအဝင် အခမ်းအနားအတွက် အလုပ်ရှုပ်နေစဥ် ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့နှစ်ယောက်ကတော့တော်ဝင်ဥယျာဥ်ထဲ ရောက်ရှိလို့နေသည်။
"မင်းအချိုပွဲကြိုက်လား.....ကိုယ် တော်ဝင်စားဖိုမှုးကိုပြင်ခိုင်း လိုက်မယ်"
ရှောင်ကျန့်က ခုံပေါ်တွင်သူ့လက်ချောင်းလေး တွေဖြင့်တစ်တောက်တောက်ခေါက်၍ အလေးအနက်စဥ်းစားလိုက်သည်။အနီးအနားမှာရိုရိုကျိုးကျိုးမတ်တပ်ရပ်နေသည့် လျိုကုန်းကုန်းဟာလည်း သူ့ရဲ့အသစ်စက်စက် သခင်မဖြစ်သူဘာကြိုက်တတ်လည်းဆိုတာလိုက်မှတ်ဖို့ရန်အသေအချာ ဂရုတစိုက်နားထောင်နေ၏။
ဝမ်ရိပေါ်နှင့်ရှောင်ကျန့်နှစ်ယောက်လုံးဟာ သူတို့ စိတ်အေးသက်သာစွာအပန်းဖြေနေစဥ်အတောအတွင်း အခြွေရံပေါင်းမြောက်များစွာဖြင့် ခြံရံမထားချင်တာကြောင့် လျှိုကုန်းကုန်းနှင့် ယုံကြည်စိတ်ချရသည့်အခြွေရံမိန်းကလေးနှစ်ယောက်ကိုသာအနားတွင်ထားရှိခဲ့သည်။
ရှောင်ကျန့်၏ မိန်းကလေးဆန်သောမျက်နှာလှလှလေးမှာ စဥ်းစားရကြပ်နေဟန်ဖြင့် နှုတ်ခမ်းအနည်းငယ်ဆူရင်း သူ့အကြည့်တွေမှာ ဝမ်ရိပေါ်ဆီသို့စိုက်စိုက်မြိုက်မြိုက်ကျရောက် သွားသည်။ရှောင်ကျန့်ရဲ့မျက်လုံးလေးတွေမှာတောက်ပသွား၏။
သူချက်ချင်းဆိုသလို ဝမ်ရိပေါ်ရဲ့လက်ဖဝါးကြီးတွေကိုဆွဲယူ၍ မျက်တောင်လေးတစ်ချက်ခတ်လိုက်သည်။
"လောင်ကုန်း"
"....."
ထုံးစံမပြတ်ပင် ဧကရာဇ်ဝမ်၏မျက်နှာချောချောမှ ထိုစကားတစ်ခွန်းနဲ့တင်ပေါက်ကွဲမတတ်နီရဲလာလေသည်။
"ဘာ...ဘာ လို..လိုချင်လို့လဲ"
"ဟီး.....လောင်ကုန်းကိုယ်တိုင် လုပ်ပေးတဲ့အချိုပွဲ စားချင်တယ်.....ခေါက်ဆွဲကောင်းကောင်းလေးပြုတ်ပေးရင်ပိုတောင်ကောင်းသေးတယ်"
ဘေးနားမှာရှိတဲ့လျှိုကုန်းကုန်းအပါအဝင် အစေခံမလေးနှစ်ယောက်မှာလန့်ဖြန့်သွားရှာသည်။ဧကရာဇ်မင်းကို စားဖိုဆောင်ဝင်ခိုင်းတယ်။စားဖိုဆောင်ကြီးမီးမလောင်ရင်ကံကောင်း။
ဧကရာဇ်မင်းဟာတစ်ခါမှချက်ပြုတ်ဖူးခြင်းမရှိသည်ကို လျှိုကုန်းကုန်းအနေနဲ့ကောင်းကောင်းကြီးသိသည်။အကယ်၍များဝမ်ဧကရာဇ်မှာ စားဖိုဆောင်ကိုမီးလောင်တိုက်သွင်းနိုင်တဲ့အရည်အချင်းသာရှိနေခဲ့ရင်......
လျှိုကုန်းကုန်း : "....."
ဆက်တောင်မတွေးရဲတော့ဘူး။
လျှိုကုန်းကုန်းနှင့်အစေခံမလေးနှစ်ယောက်ဟာ ဧကရာဇ်မင်းကသေချာပေါက် ထိုတောင်းဆိုချက်ကိုငြင်းမည်ဟုထင်မှတ်လိုက်သော်လည်း ဝမ်ရိပေါ်ကခုံပေါ်မှချက်ချင်းမတ်တပ်ရပ်လိုက်သည်။သူ့မျက်နှာမှာအသေအချာဆုံးဖြတ်ထားဟန်ဖြင့်တည်ကြည်လေးနက်နေ၏။
သူ့ခါးကိုငုံ့ကိုင်းရင်းရှောင်ကျန့်ရဲ့ပါးဖြူဖြူလေးကိုနမ်းလိုက်ကာ ပြုံးရင်းပြောလိုက်သည်။
"ကိုယ်တော့်ဧကရီလေးက ကိုယ်လုပ်ပေးတဲ့အချိုပွဲကိုမှစားချင်တာလား"
"အင်း"
"ဒါဆို ဒီမှာခဏစောင့်နော်....ကိုယ်မဖြစ်ဖြစ်အောင်ကြိုးစားပေးပါ့မယ်"
ဝမ်ရိပေါ်ဟာ စစ်ချီတတ်တော့မည့် ဟန်ဖြင့်သူ့အင်္ကျီလက်ကိုဆွဲတင်လိုက်သည်။
"လျှိုကုန်းကုန်း"
"အမိန့်ရှိပါအရှင်"
"ဧကရီ ဘာခိုင်းခိုင်းမငြင်းဆန်ပါနဲ့...."
"ကျွန်တော်မျိုးလိုက်နာပါမယ့်အရှင်"
ဝမ်ရိပေါ်ဟာ ကျေနပ်စွာခေါင်းငြှိမ့်လိုက်ရင်း ရှောင်ကျန့်၏ နှုတ်ခမ်းထက်ကိုအနမ်းဖွဖွခြွေ၍ ချက်ချင်းလှည့်ထွက်သွားသည်။သူထွက်သွားသည့်လမ်းကိုကြည့်ရင်းလျှိုကုန်းကုန်းဟာ အနည်းငယ်တုန့်ဆိုင်းသွားဟန်ဖြင့် ရိပေါ်ကိုအသိပေးလိုက်သည်။
"အရှင်မင်းမြတ်....စားဖိုဆောင်က ဒီဘက်မှာပါ"
ဝမ်ရိပေါ်ဟာအရှက်ပြေချောင်းတစ်ချက်ဟမ့်လိုက်ရင်း လျှိုကုန်းကုန်းညွှန်ပြသည့် သူနဲ့ဆန့်ကျင်ဘက်လမ်းသို့ ချက်ချင်းပြန်လှည့်၍ လျှောက်သွားသည်။
လျှိုကုန်းကုန်း : "....."
စားဖိုဆောင်တောင်ဘယ်နားရှိလို့ရှိမှန်းမသိတဲ့ အရှင်မင်းမြတ်တစ်ယောက် ပေါက်ကရတွေလုပ်မလာပါစေနဲ့လို့ပဲ စိတ်ထဲကြိတ်မှိတ်ဆုတောင်းစရာရှိတော့သည်။
ရှောင်ကျန့်က ဝမ်ရိပေါ်သူ့မြင်ကွင်းမှပျောက်သွားသည့်အခါတွင် သူထိန်းချုပ်ထားသမျှ ခွက်ထိုးခွက်လန် ရယ်မောမိလေသည်။
သူ့ယောက်ျားကအရမ်းချစ်ဖို့ကောင်းတာပဲ။
နောက်ဆုံးသူ့ရဲ့ မိန်းကလေးဂုဏ်သိက္ခာနှင့်မီမထောက် ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောနေသောကြောင့် လျှိုကုန်းကုန်းမှာ မနေနိုင်စွာဝင်ပြောလိုက်မိသည်။
"အဟမ်း...ဧကရီခင်ဗျ....နည်းနည်းပါးပါး သိက္ခာလေးထိန်းပါဦး"
ရှောင်ကျန့်၏စပ်ဖြဲဖြဲမျက်နှာမှာ ချက်ချင်းတည်တံ့သွားပြီး ဂုဏ်သိက္ခာရှိသည့် ပြီးပြည့်စုံသောဧကရီတစ်ပါး၏ဟန်ပန်ပြန်လည်ရောက်ရှိသွားသည်။သူ့မျက်နှာအပြောင်းအလဲမှာမြန်လွန်းလို့လျှိုကုန်းကုန်းနှင့်အစေခံမလေးနှစ်ယောက်မှာပါးစပ်အဟောင်းသားဖြစ်သွားရရှာသည်။
__________________________________________________________
Zawgyi
ကြမ္က်ိဳးၿမိဳ႕၏ ညဘက္ေဈးပြဲေတာ္၌ အေတာ္ေလးလူစည္သည္။ေရွာင္က်န့္ႏွင့္ဝမ္ရိေပၚဟာ တိုးေဝွ႕ေနၾကသည့္လူအုပ္ၾကားထဲ လူကြဲျခင္းမရွိေစရန္ တစ္ေယာက္လက္တစ္ေယာက္တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားၾကသည္။
ကြမ္က်ိဳး၏ညေဈးကအေတာ္ေလးလွသည္။လမ္းတစ္ခုလုံးကို မီးပုံးလွလွေလးေတြျဖင့္အလွဆင္ ထားတာသည့္အျပင္ မီးပုံးပ်ံေတြကိုလည္း ေကာင္းကင္တစ္ခုလုံးဖုံးလႊမ္းမတတ္ျမင္ေတြ႕ေနရ၏။
ေရွာင္က်န့္၏ မ်က္လုံးေလးေတြမွာ မ်က္ႏွာဖုံးဆိုင္တစ္ခုေရွ႕၌ရပ္တန့္သြားသည္။ရိေပၚကို မ်က္ႏွာဖုံးဆိုင္ရွိရာသို႔ဆြဲေခၚလာရင္း ဝက္မ်က္ႏွာဖုံးေလးတစ္ခုကိုသေဘာတက် လွမ္းယူလိုက္သည္။
"ေခါင္းငုံ႕ေပး"
ရိေပၚက ေရွာင္က်န့္စိတ္တိုင္းက်သဴ႕ေခါင္းကိုငုံ႕ကိုင္းေပးသည့္အခါတြင္ ေရွာင္က်န့္လက္ထဲရွိဝက္မ်က္ႏွာဖုံးမွာ သူ႕မ်က္ႏွာထက္တြင္ ဘုမသိဘမသိတပ္ဆင္ေပးျခင္းကိုခံလိုက္သည္။
"ဟီး...ဟီး....အခုရိေပၚက ဝက္ကေလးနဲ႕တူသြားၿပီ"
အကယ္၍ေရွာင္က်န့္၏ထိုစကားကို ၿမိဳ႕ေတာ္မွ အမတ္တစ္အုပ္သာၾကားရင္ ေသြးတတ္ၿပီးေငါက္ကနဲလဲေသသြားမည္ကိုစိုးရိမ္ရေပသည္။
ဘယ္သူကမ်ား အင္ပါယာတစ္ခုလုံး၏ အာဏာရွင္ ဧကရာဇ္မင္းကို 'ဝက္ကေလး' ဟုခိုင္းႏွိုင္းၿပီးေျပာရဲပါမည္နည္း။
ဒါေပမယ့္ အခ်စ္႐ူးတစ္ေယာက္ျဖစ္မွန္းမသိျဖစ္ေနသည့္ ဝမ္ရိေပၚကေတာ့ေရွာင္က်န့္စကားကိုၾကားသည့္အခါတြင္ေပ်ာ္႐ႊင္စြာရယ္ေမာလိုက္သည္။ သူခ်က္ခ်င္းပင္ မ်ားစြာေသာမ်က္ႏွာဖုံးေတြထဲက ယုန္မ်က္ႏွာဖုံးေလးတစ္ခုကိုမ်က္စိက်သြားကာ ဆြဲယူ၍ေရွာင္က်န့္၏မ်က္ႏွာထက္တပ္ေပးလိုက္သည္။
"ကိုယ္က 'ဝက္' ဆိုရင္ မင္းက 'ယုန္' ေသးေသးေလးေပါ့"
သူတို႔ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းရယ္လိုက္မိၾကသည္။ ဆိုင္ပိုင္ရွင္၏အူေၾကာင္ေၾကာင္အၾကည့္ေတြကိုလ်စ္လ်ဴရႈ႕၍မ်က္ႏွာဖုံး ဖိုး ေပးေခ်လိဳက္ၿပီးလွ်င္ လက္ခ်င္းတြဲခ်ိတ္လ်က္ မီးပုံးေတြဝယ္ယူလႊင့္တင္ၾကသည္။အရသာရွိတဲ့အစားအေသာက္ေတြဝယ္ယူ ၾကၿပီး ကြမ္က်ိဳးၿမိဳ႕လည္ရွိေရကန္၌ ၾကာပန္းသ႑ာန္စကၠဴ မီးအိမ္လွလွေလးေတြ ကိုအတူတကြ ေရထဲေျမာျဖစ္ၾကသည္။
ႏွစ္ေယာက္လုံး၏မ်က္ႏွာထက္၌ ဝက္မ်က္ႏွာဖုံးႏွင့္ယုန္မ်က္ႏွာဖုံးကိုယ္စီ တပ္ဆင္ထားပါေသာ္လည္း သူတို႔ႏွစ္ဦးသား၏အၿပဳံးေတြႏွင့္ေပ်ာ္႐ႊင္မႈအျဖာျဖာကိုမဖုံးကြယ္နိုင္ပဲရွိေန၏။
သူတို႔ႏွစ္ေယာက္ အခ်ိန္အေတာ္ၾကာ ညေဈးတစ္ခုလုံးေလွ်ာက္လည္ပတ္ျဖစ္ၾကသည္။ရိေပၚဘဝတြင္တစ္ခါမွထိုမွ် မေပ်ာ္႐ႊင္ခဲ့ဖူးသလိုခံစားရသည္။သူအရမ္းေပ်ာ္သည္။ေပ်ာ္လြန္းလို႔ သူ႕ရင္ဘတ္တစ္ခုလုံးတစ္သိမ့္သိမ့္ခုန္လႈပ္ေနသည့္အထိပင္။
လည္ပတ္ၿပီးစီးသြားသည့္ေနာက္ ဝမ္ရိေပၚဟာ ေရွာင္က်န့္ကို ေက်ာပိုးလ်က္ ၿမိဳ႕ျပင္အနီးအနားမွာရွိတဲ့ျမက္ခင္းစိမ္းေတြနဲ႕ေတာင္ကုန္းေပၚသို႔ေခၚေဆာင္လာခဲ့သည္။ေရွာင္က်န့္ကပ်င္းရိစြာ ရိေပၚ၏ပုခုံးေပၚသူ႕ေမးေလးကိုတင္ထားရင္း မက္မြန္သီးသ႑ာန္မ်က္ဝန္းေလးေတြကိုေမွးစဥ္းလ်က္ ဝွါးသမ္းလိုက္သည္။
ရိေပၚကခပ္ဟဟ ရယ္သည္။
"အိပ္ခ်င္ေနၿပီလား"
"အင္း"
"ခဏေလာက္ေစာင့္ပါဦးလား....ကိုယ္တို႔ႏွစ္ေယာက္အတူတူ ၾကယ္ၾကည့္ရေအာင္ေလ....ကြမ္က်ိဳးမွာ ပုံျပင္တစ္ခ်ိဳ႕ရွိတယ္....ခ်စ္သူရည္းစားႏွစ္ေယာက္က ၾကယ္စုံတဲ့ညမွာ အတူတူလက္တြဲရင္း ၾကယ္ၾကည့္ျဖစ္ခဲ့ရင္ အဲ့ဒီစုံတြဲက ဘဝဆက္တိုင္းမလြဲမေသြေပါင္းစပ္နိုင္ၾကတယ္တဲ့"
"ခင္ဗ်ားတကယ္ပဲ ဒီလိုရိုးရာပုံျပင္ေတြကိုယုံတယ္ေပါ့ေလ"
"အရင္တုန္းကေတာ့ မယုံဘူး.....ဒါေပမယ့္အခုကိုယ့္မွာ မင္းရွိေနၿပီေလ....မင္းနဲ႕သာ အၿမဲတမ္း အတူတူနီးစပ္ခြင့္ရမယ္ဆိုရင္ ယုတ္တိမတန္တဲ့ဟာျဖစ္ေနရင္လည္း ကိုယ္ယုံယုံၾကည္ၾကည္နဲ႕ ျပဳလုပ္မိမွာေသခ်ာတယ္"
"ရိေပၚ...."
"ဟမ္"
"ခင္ဗ်ားဘာလို႔ဒီေလာက္ထိေတာင္ခ်စ္ဖို႔ေကာင္းရတာလဲ"
"....."
ေရွာင္က်န့္ကေျပာရင္းဆိုရင္းျဖင့္ဝမ္ရိေပၚ၏ ပါးျပင္တစ္ဖက္ကို မြကနဲျမည္ေအာင္ဖိနမ္းလိုက္သည္။ထုံးစံအတိုင္း ဧကရာဇ္ဝမ္းမ်က္ႏွာမွာ ပန္းသီးေလးတစ္လုံးလိုနီရဲတတ္လာေလသည္။ေရွာင္က်န့္ကဒါကိုပဲသေဘာက်စြာတစ္ခစ္ခစ္ရယ္၏။
ေတာင္ကုန္းေပၚေရာက္ေတာ့ ဝမ္ရိေပၚဟာ ညေဈးမွာတုန္းကဝယ္ယူထားသည့္ ပိုးသားလိုႏူးညံ့သည့္အထည္ေတြကိုျမက္ခင္းျပင္ေပၚျဖန့္ခင္းလိုက္သည္။ၿပီးမွေရွာင္က်န့္နဲ႕အတူ ထိုအေပၚတြင္လွဲခ်သည္။
သတင္းေတြထဲကအတိုင္း ကြမ္က်ိဳး၏ညေကာင္းကင္မွာၾကယ္ေတြမ်ားစြာျဖင့္တျဖတ္ျဖတ္လက္ေနလ်က္ လြန္စြာလွပသည္။
ေရွာင္က်န့္နဲ႕ဝမ္ရိေပၚဟာ သူတို႔ လက္ႏွစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားရင္း တိမ္ကင္းစင္သည့္ ေကာင္းကင္ႀကီးကိုအတူတကြၾကည့္ခဲ့ၾကသည္။ရိေပၚက အၿပဳံးေဖ်ာ့ေဖ်ာ့ေလးတစ္ခုျဖင့္ေရွာင္က်န့္ဘက္သို႔ သူ႕ေခါင္းကိုလွည့္လိုက္သည္။
"ေရွာင္က်န့္"
"ဟင္"
ေရွာင္က်န့္ဟာ သူ႕ေခါင္းေလးကိုရိေပၚရွိရာသို႔ဦးတည္၍လွည့္ၾကည့္လိုက္သည္။
"ေတာ္ဝင္နန္းေတာ္ကိုျပန္ေရာက္ရင္ ကိုယ္မင္းအတြက္ ဧကရီတင္ျမႇောက္ပြဲခမ္းခမ္းနားနားလုပ္ေပးမယ္"
ေျပာရင္းဆိုရင္းျဖင့္ရိေပၚဟာေရွာင္က်န့္ရဲ႕လက္ဖမိုးေလးကိုဖိနမ္းလိုက္သည္။
ေရွာင္က်န့္ကၿပဳံးသည္။သူကယခုဆိုရင္ အမည္ခံဧကရီတစ္ပါးအျဖစ္သတ္မွတ္နိုင္ေသာ္လည္း ဧကရာဇ္မင္းနဲ႕ရာထူးအဆင့္အတန္းခ်င္းတူညီသည့္ဧကရီတစ္ပါးအတြက္ တရားဝင္တင္ျမႇောက္ပြဲ လိုအပ္သည္။
ဒါကတိုင္းျပည္ ဧကရာဇ္တင္ျမႇောက္ပြဲႏွင့္အလားတူ၏။ရိေပၚကဆက္ေျပာသည္။
"မင္းက ကိုယ့္တစ္ေယာက္တည္းရဲ႕ အပိုင္ဆိုတာ အကုန္လုံးကိုသိေစခ်င္တာ"
"ေသခ်ာတာေပါ့....ခင္ဗ်ားစိတ္ႀကိဳက္သာလုပ္"
"တကယ္လား"
"အင္း....ခင္ဗ်ားကသာကြၽန္ေတာ့္ကိုမစြန့္ျပစ္ရင္ေတာ္ၿပီ"
"ကိုယ္...ကိုယ္ကဘာေၾကာင့္မင္းကိုစြန့္ျပစ္ရမွာလဲ"
ရိေပၚ၏မ်က္လုံးေတြမွာထိတ္လန့္တုန္လႈပ္မႈအရိပ္အေငြ႕ေတြရစ္သမ္း လာၿပီးေၾကာက္လန့္စြာေရွာင္က်န့္တစ္ကိုယ္လုံးကိုသိမ္းက်ဳံးေပြ႕ဖက္လိုက္သည္။
စြန့္ျပစ္ရမယ္။ဒါကိုသူတစ္ခါမွေတြးေတာင္မေတြးဖူးဘူး။သူဝိဥာဥ္တစ္စစီကြဲေၾကသြားရင္ေတာင္ ေရွာင္က်န့္ကို လက္လႊတ္လိုက္ဖို႔ လုံးဝမျဖစ္နိုင္ဘူး။
ေရွာင္က်န့္ကအၿပဳံးေလးတစ္ခုျဖင့္ရိေပၚရင္ခြင္ထဲ ေၾကာင္ေလးတစ္ေကာင္လိုတိုးေဝွ႕ေပြ႕ဖက္လိုက္သည္။
ၾကယ္ေတြစုံတဲ့ေကာင္းကင္ႀကီးရယ္၊ ညင္သာႏူးညံ့တဲ့ေလေျပႏွင့္ ခပ္ျဖာျဖာထြန္းလင္းေနသည့္လေရာင္ဟာ ေဘးပတ္ဝန္းက်င္တစ္ခုလုံးကို ပံ့ပိုး၍ ခ်စ္သူႏွစ္ဦးနဲ႕အတူ အလွပဆုံးအလွဆင္လ်က္ရွိေနေလသည္။
************
ေလးရက္ၾကာျမင့္ၿပီးေနာက္ ဧကရာဇ္ႏွင့္ဧကရီႏွစ္ဦးမွ ေတာ္ဝင္နန္းေတာ္ဆီ အႏၱရာယ္ကင္းကင္းျဖင့္ျပန္လည္ေရာက္ရွိလာၾကသည္။ အမတ္အေပါင္းမွာ ထိုအခါမွသက္ျပင္းအသာခ်နိဳင္ၾကသည္။ထိုေလးရက္တြင္အမတ္ေတြမွာသူတို႔ထိပ္ေတာင္ေျပာင္လာသည္အထိ နိုင္ငံေရးကိစၥေတြႏွင့္အခ်င္းခ်င္းရႈပ္ေထြးေနၾကသည္။
ထိုအခါမွ ဧကရာဇ္မင္း၏ တန္ဖိုးကိုပိုၿပီးသိျမင္လာမိၾကသည္။ဝမ္ဧကရာဇ္က ျပန္လည္ေရာက္ရွိလာသည္ႏွင့္ ပထမဆုံးေသာအမိန့္စကားမွာ ေရွာင္းအမတ္ႀကီး၏သမီးအတြက္ တရားဝင္ ဧကရီတင္ျမႇောက္ပြဲက်င္းပဖို႔ရန္သာျဖစ္သည္။လက္ေအာက္ခံတိုင္းျပည္ေတြမွ ဧကရီတင္ျမႇောက္ပြဲအတြက္ လက္ေဆာင္အမ်ိဳးမ်ိဳးျပင္ဆင္ေနၾက၏။
အေၾကာင္းအရင္းက ဧကရီတင္ျမႇောက္ပြဲဆိုသည္မွ ေနာက္ထပ္အခြင့္အာဏာတူ ဧကရာဇ္တစ္ပါးတင္ျမႇောက္တာနဲ႕တူညီေသာေၾကာင့္ပင္ျဖစ္သည္။အသစ္ရရွိလာမည့္ဧကရီကို အမတ္ေတာ္ေတာ္မ်ားမ်ား ျမင္ေတြ႕ဖူးျခင္းမရွိတာေၾကာင့္ ဘယ္နည္းဘယ္ပုံမွန္းတိတိက်က်မသိၾကေခ်။
ေတာ္ဝင္နန္းေတာ္တစ္ခုလုံး ဖိတ္ၾကားရမည့္တိုင္းျပည္တစ္ခ်ိဳ႕ႏွင့္မ်ိဳးရိုးျမင့္အိမ္ေတာ္ေတြကိုစီစစ္သည့္ကိစၥအပါအဝင္ အခမ္းအနားအတြက္ အလုပ္ရႈပ္ေနစဥ္ ေရွာင္က်န့္နဲ႕ဝမ္ရိေပၚတို႔ႏွစ္ေယာက္ကေတာ့ေတာ္ဝင္ဥယ်ာဥ္ထဲ ေရာက္ရွိလို႔ေနသည္။
"မင္းအခ်ိဳပြဲႀကိဳက္လား.....ကိုယ္ ေတာ္ဝင္စားဖိုမႈးကိုျပင္ခိုင္း လိုက္မယ္"
ေရွာင္က်န့္က ခုံေပၚတြင္သူ႕လက္ေခ်ာင္းေလး ေတြျဖင့္တစ္ေတာက္ေတာက္ေခါက္၍ အေလးအနက္စဥ္းစားလိုက္သည္။အနီးအနားမွာရိုရိုက်ိဳးက်ိဳးမတ္တပ္ရပ္ေနသည့္ လ်ိဳကုန္းကုန္းဟာလည္း သူ႕ရဲ႕အသစ္စက္စက္ သခင္မျဖစ္သူဘာႀကိဳက္တတ္လည္းဆိုတာလိုက္မွတ္ဖို႔ရန္အေသအခ်ာ ဂ႐ုတစိုက္နားေထာင္ေန၏။
ဝမ္ရိေပၚႏွင့္ေရွာင္က်န့္ႏွစ္ေယာက္လုံးဟာ သူတို႔ စိတ္ေအးသက္သာစြာအပန္းေျဖေနစဥ္အေတာအတြင္း အေႁခြရံေပါင္းေျမာက္မ်ားစြာျဖင့္ ၿခံရံမထားခ်င္တာေၾကာင့္ လွ်ိုကုန္းကုန္းႏွင့္ ယုံၾကည္စိတ္ခ်ရသည့္အေႁခြရံမိန္းကေလးႏွစ္ေယာက္ကိုသာအနားတြင္ထားရွိခဲ့သည္။
ေရွာင္က်န့္၏ မိန္းကေလးဆန္ေသာမ်က္ႏွာလွလွေလးမွာ စဥ္းစားရၾကပ္ေနဟန္ျဖင့္ ႏႈတ္ခမ္းအနည္းငယ္ဆူရင္း သူ႕အၾကည့္ေတြမွာ ဝမ္ရိေပၚဆီသို႔စိုက္စိုက္ၿမိဳက္ၿမိဳက္က်ေရာက္ သြားသည္။ေရွာင္က်န့္ရဲ႕မ်က္လုံးေလးေတြမွာေတာက္ပသြား၏။
သူခ်က္ခ်င္းဆိုသလို ဝမ္ရိေပၚရဲ႕လက္ဖဝါးႀကီးေတြကိုဆြဲယူ၍ မ်က္ေတာင္ေလးတစ္ခ်က္ခတ္လိုက္သည္။
"ေလာင္ကုန္း"
"....."
ထုံးစံမျပတ္ပင္ ဧကရာဇ္ဝမ္၏မ်က္ႏွာေခ်ာေခ်ာမွ ထိုစကားတစ္ခြန္းနဲ႕တင္ေပါက္ကြဲမတတ္နီရဲလာေလသည္။
"ဘာ...ဘာ လို..လိုခ်င္လို႔လဲ"
"ဟီး.....ေလာင္ကုန္းကိုယ္တိုင္ လုပ္ေပးတဲ့အခ်ိဳပြဲ စားခ်င္တယ္.....ေခါက္ဆြဲေကာင္းေကာင္းေလးျပဳတ္ေပးရင္ပိုေတာင္ေကာင္းေသးတယ္"
ေဘးနားမွာရွိတဲ့လွ်ိုကုန္းကုန္းအပါအဝင္ အေစခံမေလးႏွစ္ေယာက္မွာလန့္ျဖန့္သြားရွာသည္။ဧကရာဇ္မင္းကို စားဖိုေဆာင္ဝင္ခိုင္းတယ္။စားဖိုေဆာင္ႀကီးမီးမေလာင္ရင္ကံေကာင္း။
ဧကရာဇ္မင္းဟာတစ္ခါမွခ်က္ျပဳတ္ဖူးျခင္းမရွိသည္ကို လွ်ိုကုန္းကုန္းအေနနဲ႕ေကာင္းေကာင္းႀကီးသိသည္။အကယ္၍မ်ားဝမ္ဧကရာဇ္မွာ စားဖိုေဆာင္ကိုမီးေလာင္တိုက္သြင္းနိုင္တဲ့အရည္အခ်င္းသာရွိေနခဲ့ရင္......
လွ်ိုကုန္းကုန္း : "....."
ဆက္ေတာင္မေတြးရဲေတာ့ဘူး။
လွ်ိုကုန္းကုန္းႏွင့္အေစခံမေလးႏွစ္ေယာက္ဟာ ဧကရာဇ္မင္းကေသခ်ာေပါက္ ထိုေတာင္းဆိုခ်က္ကိုျငင္းမည္ဟုထင္မွတ္လိုက္ေသာ္လည္း ဝမ္ရိေပၚကခုံေပၚမွခ်က္ခ်င္းမတ္တပ္ရပ္လိုက္သည္။သူ႕မ်က္ႏွာမွာအေသအခ်ာဆုံးျဖတ္ထားဟန္ျဖင့္တည္ၾကည္ေလးနက္ေန၏။
သူ႕ခါးကိုငုံ႕ကိုင္းရင္းေရွာင္က်န့္ရဲ႕ပါးျဖဴျဖဴေလးကိုနမ္းလိုက္ကာ ၿပဳံးရင္းေျပာလိုက္သည္။
"ကိုယ္ေတာ့္ဧကရီေလးက ကိုယ္လုပ္ေပးတဲ့အခ်ိဳပြဲကိုမွစားခ်င္တာလား"
"အင္း"
"ဒါဆို ဒီမွာခဏေစာင့္ေနာ္....ကိုယ္မျဖစ္ျဖစ္ေအာင္ႀကိဳးစားေပးပါ့မယ္"
ဝမ္ရိေပၚဟာ စစ္ခ်ီတတ္ေတာ့မည့္ ဟန္ျဖင့္သူ႕အကၤ်ီလက္ကိုဆြဲတင္လိုက္သည္။
"လွ်ိုကုန္းကုန္း"
"အမိန့္ရွိပါအရွင္"
"ဧကရီ ဘာခိုင္းခိုင္းမျငင္းဆန္ပါနဲ႕...."
"ကြၽန္ေတာ္မ်ိဳးလိုက္နာပါမယ့္အရွင္"
ဝမ္ရိေပၚဟာ ေက်နပ္စြာေခါင္းျငႇိမ့္လိုက္ရင္း ေရွာင္က်န့္၏ ႏႈတ္ခမ္းထက္ကိုအနမ္းဖြဖြေႁခြ၍ ခ်က္ခ်င္းလွည့္ထြက္သြားသည္။သူထြက္သြားသည့္လမ္းကိုၾကည့္ရင္းလွ်ိုကုန္းကုန္းဟာ အနည္းငယ္တုန့္ဆိုင္းသြားဟန္ျဖင့္ ရိေပၚကိုအသိေပးလိုက္သည္။
"အရွင္မင္းျမတ္....စားဖိုေဆာင္က ဒီဘက္မွာပါ"
ဝမ္ရိေပၚဟာအရွက္ေျပေခ်ာင္းတစ္ခ်က္ဟမ့္လိုက္ရင္း လွ်ိုကုန္းကုန္းၫႊန္ျပသည့္ သူနဲ႕ဆန့္က်င္ဘက္လမ္းသို႔ ခ်က္ခ်င္းျပန္လွည့္၍ ေလွ်ာက္သြားသည္။
လွ်ိုကုန္းကုန္း : "....."
စားဖိုေဆာင္ေတာင္ဘယ္နားရွိလို႔ရွိမွန္းမသိတဲ့ အရွင္မင္းျမတ္တစ္ေယာက္ ေပါက္ကရေတြလုပ္မလာပါေစနဲ႕လို႔ပဲ စိတ္ထဲႀကိတ္မွိတ္ဆုေတာင္းစရာရွိေတာ့သည္။
ေရွာင္က်န့္က ဝမ္ရိေပၚသူ႕ျမင္ကြင္းမွေပ်ာက္သြားသည့္အခါတြင္ သူထိန္းခ်ဳပ္ထားသမွ် ခြက္ထိုးခြက္လန္ ရယ္ေမာမိေလသည္။
သူ႕ေယာက္်ားကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ။
ေနာက္ဆုံးသူ႕ရဲ႕ မိန္းကေလးဂုဏ္သိကၡာႏွင့္မီမေထာက္ က်ယ္က်ယ္ေလာင္ေလာင္ႏွင့္ ရယ္ေမာေနေသာေၾကာင့္ လွ်ိုကုန္းကုန္းမွာ မေနနိုင္စြာဝင္ေျပာလိုက္မိသည္။
"အဟမ္း...ဧကရီခင္ဗ်....နည္းနည္းပါးပါး သိကၡာေလးထိန္းပါဦး"
ေရွာင္က်န့္၏စပ္ၿဖဲၿဖဲမ်က္ႏွာမွာ ခ်က္ခ်င္းတည္တံ့သြားၿပီး ဂုဏ္သိကၡာရွိသည့္ ၿပီးျပည့္စုံေသာဧကရီတစ္ပါး၏ဟန္ပန္ျပန္လည္ေရာက္ရွိသြားသည္။သူ႕မ်က္ႏွာအေျပာင္းအလဲမွာျမန္လြန္းလို႔လွ်ိုကုန္းကုန္းႏွင့္အေစခံမေလးႏွစ္ေယာက္မွာပါးစပ္အေဟာင္းသားျဖစ္သြားရရွာသည္။
__________________________________________________________