system 091

Da TeeKo0

1.1M 121K 5.8K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... Altro

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.3)
(7.4)
(7.5)
(7.6)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.7)

5.5K 617 16
Da TeeKo0

Unicode

ရှောင်ကျန့်ဟာ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ရသည့် အမျိုးသားဇာတ်လိုက် ဖင်းဂူဖေးကိုသူ့စိတ်ထဲကထုတ်လိုက်ပြီး အုန်းသီးလမ်းညွှန်တဲ့အတိုင်း ဇာတ်လိုက်မရှိရာဆီဦးတည်သည်။အနောက်မှာကျန်ရစ်ခဲ့သည့် ဖင်းဂူဖေးဟာ သူ့မေးစေ့ကိုစိတ်ဝင်တစားပွတ်သပ်လိုက်ရင်း ရှောင်ကျန့်နောက်ခိုးကြောင်ခိုးဝှက်လိုက်လာသည်။

[host....အမျိုးသားဇာတ်လိုက်က hostနောက်လိုက်လာတယ်]

'ငါသိတယ်'

ရှောင်ကျန့်ကသူ့မျက်ဝန်းတွေကိုအနည်းငယ်မျှမှေးကျဥ်းလိုက်သော်လည်း သတိမထားမိသလိုမျိုး ရှေ့ဆက်သွားနေလိုက်သည်။

'အုန်းသီး....ဖင်းဂူဖေးကဘာကြောင့်ကွမ်ကျိုးကိုရောက်နေတာလဲ မင်းသိလား'

[အမ်း....သိပြီhost....သူကနောက်ထပ်အမျိုးသားဇာတ်လိုက်တစ်ယောက်ဖြစ်တဲ့ ဝမ်နဥ်းနဲ့အတူ တိုင်းပြည်တစ်ခုကိုသံတမန်ရေးရာကိစ္စရပ်တွေအတွက် သက်တော်စောင့်အနေနဲ့လိုက်ပါသွားတာပါ....အခုတာဝန်ပြီးမြောက်သွားတော့ မြို့တော်ဆီပြန်လာရင်းကွမ်ကျိုးက ဖြတ်သွားဖြတ်လာသဘောမျိုးပါပဲhost]

ဝမ်နဥ်း?

ရှောင်ကျန့် အံတင်းတင်းတစ်ချက်ကြိတ်လိုက်သည်။အမျိုးသားဇာတ်လိုက်တွေထဲတွင်ရှောင်ကျန့်ကြည့်မရဆုံးတစ်ယောက်ကိုရည်ညွှန်းရရင် ထိုဝမ်နဥ်းဆိုသည့်တစ်ယောက်ပင်ဖြစ်သည်။ထိုသူက ဝမ်ဧကရာဇ်နှင့်အမေတစ်ယောက်တည်းကမွေးဖွားကြီးပြင်းလာခဲ့သည့်ညီအရင်းခေါက်ခေါက်ဖြစ်သည်။

မူလဝမ်ဧကရာဇ်က သူ့ညီကိုအရမ်းသံယောဇဥ်ရှိသည်။ဒါကြောင့်လည်း သူသတ်ဖြတ်ခဲ့သည့်ဖအေတူမအေကွဲမောင်နှမတွေထဲတွင် ဝမ်နဥ်းတစ်ယောက်တည်းကိုသာ အသက်ရှင်ခွင့်ပေးခဲ့သည့်အပြင် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် 'ပင်းဝမ်'ဘွဲ့ကိုပေးအပ်ထားခဲ့သည်။သို့ပေမယ့်လည်း ဇာတ်လိုက်မနှင့်တွေ့ဆုံသွားသည့်အခါတွင် ထိုဝမ်နဥ်းဆိုသည့်ငနွားမှာ မစိတ်မွှန်လျက် ပြောသမျှစုံလုံးကန်းယုံရင်း ကိုယ့်အကိုရင်းကိုလုပ်ကြံသတ်ဖြတ်ဖို့ရန်ထိပ်ဆုံးကဦးဆောင်ခဲ့၏။

ယုံကြည်ရသူ၏နောက်ကျောကိုဓားနဲ့ထိုးခြင်းခံခဲ့ရသည့်ဝမ်ဧကရာဇ်ဟာမယုံကြည်နိုင်မှုများစွာဖြင့်သေဆုံးခဲ့ရသည်။ပုံမှန်ဆိုရှောင်ကျန့်အနေနဲ့ထိုသို့ အမျိုးသားဇာတ်လိုက်တွေရဲ့အပြုအမူနဲ့ပတ်သပ်ပြီးသိပ်ဂရုထားနေမည်မဟုတ်ပေ။

သို့သော်လည်းအခုဝမ်ဧကရာဇ်မှာသူ့ရဲ့ တရားဝင်ယောက်ျားတစ်ယောက်ဖြစ်နေသည်။ကိုယ့်ယောက်ျားအပေါ်ဒီလိုသစ္စာဖောက်နိုင်ချေများတဲ့သူကိုဘယ်လိုလုပ်ကြည်ကြည်ဖြူဖြူလက်ခံနိုင်ပါ့မလဲ။

ရှောင်ကျန့်မဲ့ပြုံးပြုံးလိုက်သည်။သူ့အနောက်ကို ခိုးကြောင်ခိုးဝှက်လိုက်လာသည့် ဖင်းဂူဖေးကိုသတိရသည့်အခါတွင်သူ့အပြုံးမှာပိုတောင်ပီပြင်လာသေးသည်။ ပထမက ဇာတ်လိုက်မကိုနည်းနည်းကလိချင်စိတ်ရှိရုံပင်ဖြစ်ပေမယ့် အခုတော့အမျိုးသားဇာတ်လိုက်တစ်ယောက်ရဲ့ရင်ထဲကို ရွှယ်ရင်းရင်း၏ဆိုးဝါးတဲ့ပုံရိပ်တွေသာပြည့်သိပ်သွားအောင်ပြုလုပ် ရန်ဆုံးဖြတ်လိုက်သည်။

[ရောက်ပြီhost....အရှေ့ကလူအုပ်ထဲမှာဇာတ်လိုက်မ ရှိတယ်]

ရှောင်ကျန့်ကရုတ်ရုတ်သဲသဲဖြင့်တစ်စုံတစ်ခုကိုဝိုင်းအုံကြည့်နေဟန်ပေါ်သောလူအုပ်ကြီးကိုကြည့်ရင်း လူတွေကြားထဲတိုးဝင်လိုက်သည်။အနောက်ကလိုက်လာသည့် ဖင်းဂူဖေး ရှောင်ကျန့်ဘာကြောင့်ထိုလူအုပ်ထဲအတင်းတိုးဝင်သွားမှန်းနားမလည်ပေ။သို့ပေမယ့်သိချင်စိတ်ကများနေသဖြင့်သိပ်ဂရုမစိုက်ပဲလူအုပ်စုကြားထဲလွယ်လွယ်ကူကူတိုးဝင်လိုက်သည်။

လူတွေကြားထဲတွင်ခပ်ကျယ်ကျယ်နေရာလွတ်တစ်ခုရှိပြီး ယခုချိန်၌ဇာတ်လိုက်မ ရွှယ်ရင်းရင်းဟာ အဖွားအိုတစ်ဦးနှင့် အသည်းအသန်ငြင်းခုံနေလေသည်။ဘေးလူတွေ၏စကားအရ ရွှယ်ရင်းရင်းဟာ သူ့ရဲ့ငွေထည့်ထားတဲ့အိတ်ကိုဒီအဖွားအိုက ခိုးပါတယ်ဟုချက်ကျလက်ကျ စွပ်စွဲနေတာကြောင့်ပင်။

ဇာတ်လိုက်မအရှိန်အဝါကြောင့်အနီးအနားကလူတိုင်းနီးပါးစိတ်ဝင်တစားဖြင့်ဝိုင်းအုံကြည့်ရှု့လာကြကာ မည်သူမှားသည်မှန်သည်ကိုဝေခွဲမရပဲရှိနေ၏။ တော်တော်များများကတော့ ရွှယ်ရင်းရင်းကိုရိုင်းစိုင်းသည်ဟုထင်မှတ်ကြသည်။ကိုယ့်အဖွားအရွယ်လောက်ရှိတဲ့အမယ်အိုကြီးကို သက်သေခိုင်ခိုင်လုံလုံမရှိပဲ သူခိုးဟုစွပ်စွဲသည်မှာ လွန်သည်ဟုထင်ကြသည်။

သို့ပေမယ့်ရှောင်ကျန့်ကတော့ထိုအဖွားအိုမှာ အမှန်တကယ်ကိုသူခိုးတစ်ယောက်ဖြစ်မှန်းသိသည်။အဖွားအိုက ဝါရင့်သူခိုးတစ်ယောက်ဖြစ်ဟန်ရသည်။မျက်ရည်လေးစမ်းတမ်းစမ်းတမ်းဖြင့် သူမ မလုပ်ကြောင်းငြင်းဆိုနေသည်မှာ ဖင်းဂူဖေးတောင်မှ အဖွားအိုမလိမ်ဟု ထင်မှတ်သွားသည်အထိပင်။

ရှောင်ကျန့်ကနောက်ဆက်တွဲဖြစ်ရပ်တွေကိုခန့်မှန်းရန်တောင်မလိုအပ်ပေ။ပထမတွင်လူတိုင်းက ဇာတ်လိုက်မကို မကောင်းတဲ့မိန်းကလေးတစ်ယောက်အဖြစ်ထင်မှတ်မှား နေပေလိမ့်မည်။ပြီးနောက် ဇာတ်လိုက်မအရှိန်အဝါဖြင့် အဖွားအိုဟာ ဝါရင့်သူခိုးတစ်ယောက်ဖြစ်ကြောင်း ပေါ်ပေါက်သွားသည့်အခါတွင် လူတိုင်း၏အမြင်၌ ရွှယ်ရင်းရင်းမှာ အမှန်တရား၏ဘက်တော်သား အမျိုးကောင်းမိန်းကလေးအဖြစ် ပြောင်းလဲသွားမည်မှာသေချာသည်။

ဒါပေမယ့်ရှောင်ကျန့်ကဘာကြောင့်ထိုသို့အဖြစ်ခံရမှာလဲ။

ရှောင်ကျန့်ဟာသူ့ရဲ့သရုပ်ဆောင်'မု'ကိုချက်ချင်းဆိုသလိုသွင်းလိုက်ပြီး အဖွားအိုနားသို့ လူအုပ်ကြားထဲမှ ပြေးဝင်သွားလိုက်သည်။သူ့ရဲ့မျက်ဝန်းထဲ၌မျက်ရည်ခပ်ပါးပါးဝေ့သီနေပြီး၎င်းမှာ ရှိုက်ကြီးတစ်ငင်ငိုယိုပြနေသည်ထက်ပို၍ လူတိုင်း၏ နှလုံးသားကိုကိုင်လှုပ်နိုင်လေသည်။

"အဖွား!"

ရှောင်ကျန့်ဟာစိုးရိမ်သည့်အသံနေအသံထားဖြင့်အဖွားအိုကိုသွားရောက်ထိန်းကိုင်လိုက်သည်။ရွှယ်ရင်းရင်းနှင့် ကြည့်ရှု့နေသည့်လူတွေအပါအဝင် အဖွားအိုကိုယ်တိုင်ကြောင်အ သွားရှာလေသည်။

လူတိုင်းဟာရှောင်ကျန့်၏မျက်နှာကိုမြင်သည့်အခါတွင်ချက်ချင်းမှင်သပ်မိန်းမောသွား၏။ဒီမျက်နှာလေးကလှရက်နိုင်လွန်းသည်။ ဒါကယောက်ျားလေးတစ်ယောက်ဖြစ်နေသည်မှာသိသာသော်လည်းပဲ တစ်ချို့ယောက်ျားလေးတော်တော်များများကိုတောင် ရင်တုန်လာစေသည်အထိပြုစားနိုင်လွန်းသည်။

ရွှယ်ရင်းရင်းက ရှောင်ကျန့်၏မျက်နှာကိုမြင်သည့်အခါတွင်ချက်ချင်းအူကြောင်ကြောင်ဖြစ်သွားရှာသည်။

ဒါကရှောင်းမေ ဆိုတဲ့မိန်းမ မဟုတ်ဘူးလား။မဟုတ်ဘူး။ဒီတစ်ယောက်က ယောက်ျားလေးဆိုတာအရမ်းသိသာလွန်းနေသည်။

လောကမှာဒီလောက်ထိတူညီတဲ့မျက်နှာပိုင်ရှင်နှစ်ယောက် တကယ်ရှိတယ်ပေါ့လေ။

အဖွားအိုက ပထမတွင် နားမလည်ပေမယ့် ရှောင်ကျန့်ကသူ့ကို ဒီက ကယ်ထုတ်ပေးဖို့ရန်ကြိုးစားနေကြောင်း သတိထားမိသွားသည်။ချက်ချင်းပင်သရုပ်ဆောင်ကောင်းသောအနှီးအဖွားအိုဟာရှောင်ကျန့်ရဲ့လက်ကောက်ဝတ်သွယ်သွယ်ကိုအားကိုးတကြီးဆုတ်ကိုင်လိုက်၏။

"မြေးလေး....ဒီမိန်းကလေးကအဖွားကို သူ့ငွေတွေခိုးတယ်ဆိုပြီးအတင်းစွပ်စွဲနေတယ်"

ရှောင်ကျန့်ဟာအလိုက်အထိုက် နေနိုင်သည့် အဖွားအိုကို စိတ်ထဲကလက်မ ထောင်ပြလိုက်ရင်း သူ့ရဲ့ကောင်းမွန်လွန်းလှတဲ့ သရုပ်ဆောင်စွမ်းရည်ကိုဖော်ပြလိုက်သည်။

"မဖြစ်နိုင်လိုက်တာ....ကျွန်တော်တို့ကအရမ်းကြီးချမ်းသာနေတာမျိုးမဟုတ်ပေမယ့် တစ်ဘဝလုံးစာ အေးအေးဆေးဆေး စားနိုင်၊သောက်နိုင်လောက်တဲ့အထိစုဆောင်းထားတာတွေရှိပါတယ်.....အလကားသက်သက်မိန်းကလေးရဲ့ ငွေတွေကိုခိုးစရာအကြောင်းမရှိဘူး"

ရွှယ်ရင်းရင်းဒေါသထွက်သွားသည်။သူမကိုလေသံမာမာနှင့်ပြောရင်သူမအရမ်းစိတ်ဆိုးသည်။ပြီးတော့ ဒီကောင်လေး၏မျက်နှာမှာ သူမ မနှစ်မြို့သည့်ရှောင်းမေ ဟူသည့်မိန်းမနှင့်အနည်းဆုံး80%လောက်တူညီနေတာကြောင့် သူမ၏စိတ်ခံစားချက်မှာပိုမိုဆိုးရွားသွားသေးသည်။

"ငါမလိမ်ဘူး....ဒီအဖွားကြီးကငါ့ကိုဝင်တိုက်သွားပြီးမှ ရှုံအိတ်ကပျောက်သွားတာ"

"အဖွားကအသက်ကြီးနေပြီ....သက်ကြီးရွယ်အိုတွေလမ်းလျှောက်ရင် တုန်ချိချိဖြစ်တတ်တာလူတိုင်းအသိပဲ....မတော်တဆမင်းကိုဝင်တိုက်မိရုံနဲ့ မင်းရဲ့ငွေအိတ်ကိုခိုးတယ်ဖြစ်ရောလား"

"နင်!!"

ရွှယ်ရင်းရင်း မည်သို့ပြန်လည်ချေပ ရမှန်းမသိတော့ပေ။ပတ်ဝန်းကျင်ရှိလူအများ၏အပြစ်တင်ရှုံ့ချလိုသည့်အကြည့်ပေါင်းများစွာကိုမြင်သည့်အခါတွင်သူမ ရင်ထဲထိတ်လန့်ပြီး ငိုချင်လာသည်။တစ်ခါမှအနိုင်ကျင့်မခံရဖူးသည့် ရွှယ်ရင်းရင်းဟာ ရှောင်ကျန့်ကပဲသူမကိုအနိုင်ကျင့်နေသလိုပုံစံမျိုးဖြင့်မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာ၏။

"ဟေး.....မိန်းကလေး....မင်းကိုငါဘာလုပ်ရသေးလို့ဒီလောက်တောင်ငိုနေရတာလဲ....ငါက ချက်ကျလက်ကျနဲ့ရှင်းပြနေရုံပါ"

လူတိုင်းကရှောင်ကျန့်စကားကိုထောက်ခံကြသည်။ရှောင်ကျန့်စကားပြောရာတွင်အတော်လေးညင်သာပြီးရိုင်းစိုင်းတာတစ်လုံးမှမပါသည့်အပြင် သူ့ရဲ့အတိုင်းအဆမဲ့လှပလွန်းသည့်မျက်နှာလေးကြောင့် လူတိုင်း၏စိတ်ထဲတွင်ဖြူစင်သည့်နတ်သားလေးတစ်ပါးဟု အလိုအလျောက်ထွင်းထုထားပြီးသားဖြစ်သွားခဲ့သည်။

နှိုင်းယှဥ်ရရင် ရွှယ်ရင်းရင်း၏ဘောက်ဆတ်ဆတ် စကားအပြောအဆိုနှင့်သက်ကြီးရွယ်အိုတစ်ဦးအပေါ်တွင် သက်သေမရှိ၊ ရိုင်းပြနေမှုက လူတိုင်း၏သဘောထားကိုဆိုးရွားသွားစေသည်။

"ငါ့ကိုမတရားမပြောနဲ့!!....အဲ့ဒီအဖွားကြီးခိုးတာသေချာတယ်!"

ဖင်းဂူဖေး အပါအဝင်ပတ်ဝန်းကျင်ရှိလူတိုင်းမျက်မှောင်တင်းတင်းကြုပ်လိုက်သည်။ သူမ၏စကားအပြောအဆိုမှာ အမျိုးကောင်းသမီးတစ်ယောက်နှင့်ဆန့်ကျင်စွာရုတ်ရင်းကြမ်းတမ်းလွန်းသည်။

ရှောင်ကျန့်ဟာမတတ်သာဟန်ဖြင့်သက်ပြင်းခပ်ဖွဖွချလိုက်သည်။သူ့ရဲ့လှုပ်ရှားမှုသေးသေးလေးတိုင်းကထူးခြားသည့်ညှို့ဓာတ်တစ်မျိုးကို သယ်ဆောင်ထားဟန်ရပြီးလူတိုင်းကိုအရူးအမူးဖြစ်သွားစေသည်။

"ဒါဆိုမင်းမယုံရင် အဖွားရဲ့ခန္ဓာကိုယ်ပေါ်မှာစစ်ဆေးကြည့်နိုင်တယ်.... ဒါပေမယ့်...."

အဖွားအို၏ထိတ်လန့်သွားသည့်မျက်လုံးတွေကို မြင်သည့်အခါတွင်ရှောင်ကျန့်ကပြုံးရုံသာပြုံးပြလိုက်သည်။သူဆက်ပြော၏။

"တကယ်လို့မင်းဘာမှရှာမတွေ့ရင် အဖွားကိုတောင်းပန်ရမယ်...."

ဒါကလွန်စွာတရားနည်းလမ်းကျသည်။ဒါပေမယ့်ရွှယ်ရင်းရင်းဟာထိုမျှနှင့်ကျေနပ်သည့်ဟန်မပေါ်သေးပဲ သူမလိုချင်သည့်အရာကိုထပ်ဖြည့်လိုက်သည်။

"ကောင်းပြီလေ....တကယ်လို့ငါ့ငွေတွေကိုသာ နင့်အဖွားရဲ့ကိုယ်ပေါ်မှာရှာတွေ့ခဲ့ရင် အခိုးခံရတဲ့ငွေပမာဏရဲ့ ငါးဆကိုနင်လျော်ပေးရမယ်...."

လူတိုင်း၏အမြင်ထဲ၌ဇာတ်လိုက်မ၏ပုံရိပ်မှာပိုမိုဆိုးဝါးသထက်ဆိုးဝါးလာသည်။တစ်ဖက်ကောင်လေးက တရားနည်းလမ်းကျကျဖြင့်မည်သည့်အလျော်အစားကိုမှ မတောင်းဆိုပဲ 'တောင်းပန်ပါတယ်'ဟူသည့်စကားတစ်ခွန်းကိုသာ လိုချင်ခဲ့သည်။သို့ပေမယ့်ထိုမိန်းကလေးကတော့ သူမရုပ်ရည်လေးနှင့်မှမလိုက် အဓိပ္ပါယ်မရှိစွာ ခိုးယူထားသည့်ငွေ၏ ငါးဆတောင်အလျော်ပေးရမည်ဟု ပြောနေ၏။

ဘယ်လိုကြည့်ကြည့်ကောင်လေးတို့ဘက်ကနစ်နာသည်ချည်းသာ။

ဖင်းဂူဖေးက လူကြားထဲတိုးထွက်လိုက်ပြီး အပြုံးတစ်ခုဖြင့်ဝင်ပြောလိုက်သည်။

"ကိုယ်အလကားစစ်ဆေးပေးနိုင်ပါတယ်"

ဒါပေမယ့်ရွှယ်ရင်းရင်းက ဖင်းဂူဖေးကိုခြေစွန်းခေါင်းစွန်းကြည့်ရင်းနှာခေါင်းတစ်ချက်မျှရှုံ့လိုက်သည်။သူမမျက်လုံးထဲတွင် ဧကရာဇ်မင်း၏အနှိုင်းမဲ့တဲ့မျက်နှာချောချောကိုမြင်တွေ့ပြီးတည်းက မည်သည့်ယောက်ျားမှ မဝင်ရောက်နိုင်တော့ပေ။သူမက ကလေးဆိုးလေးတစ်ယောက်လိုမျိုးခြေဆောင့်၍ ဖင်ဂူဖေးကိုမျက်စောင်းထိုးလိုက်သည်။

"ရှင်ကရော သူတို့နဲ့တစ်ဖွဲ့တည်းမဟုတ်ပါဘူးလို့ ဘယ်လိုသက်သေပြနိုင်လို့လဲ"

"မင်း!!"

ဖင်းဂူဖေးဟာလည်ပင်းသွေးကြောတွေထောင်သည်အထိဒေါသထွက်သွားသည်။သူကဂုဏ်သရေရှိစစ်သူကြီးတစ်ဦးဖြစ်သည်။ဒါကြောင့်သူ့တွင်ကိုယ်ပိုင်မာနတစ်ခုတော့ရှိသည်။ဒီမိန်းကလေးက ရိုင်းစိုင်းသည့်အပြင် တစ်လောကလုံးတွင်သူသာလျှင်အမှန်တရားလိုပြုမူနေပုံက သူ့ကိုအော်ဂလီဆန်လာစေသည်။

ဒါပေမယ့်တစ်ဖက် လူကအားနွဲ့သည်မိန်းကလေးတစ်ဦးဖြစ်နေဆဲပင်။ထို့ကြောင့်သူ့ရဲ့ မျက်နှာကြီးပဲလှိမ့်ပိတ်ဆွဲထိုးချင်နေသည့်စိတ်ဆန္ဒကိုထိန်းချုပ်ထားလိုက်သည်။

သူ့ခါးကြားထဲတွင်ထိုးထားသည့် ရာထူးအဆင့်အတန်းဖော်ပြထားသော ကျောက်စိမ်းပြားတစ်ခုကိုဆွဲထုတ်ယူရင်းလူတိုင်းရှေ့ဖော်ပြလိုက်သည်။

"ကျုပ်က တော်ဝင်မြို့တော်၊ ဖင်းအိမ်တော်က စစ်သူကြီးဖင်းပါ.... ဒါကြောင့်ဒီကမိန်းကလေး စိတ်.သန့်.သန့်.နဲ့.ယုံ.ကြည်.လို့.ရ.ပါ.တယ်..."

ဖင်းဂူဖေးက စကားတစ်လုံးချင်းဆီကိုပြတ်ပြတ်သားသားပြောရင်းသူ့အဆင့်အတန်းကိုဖော်ပြလိုက်သည်။ရွှယ်ရင်းရင်း အနည်းငယ်တော့လန့်ဖြန့်သွားသည်။ဒါပေမယ့် သူ့ကိုအလိုလိုက်အကြိုက်ဆောင်ပေးသည့် ရွှယ်အိမ်တော်တစ်ခုလုံး ရှိသည်ကိုသတိရသွားသောအခါတွင် စိတ်ဆိုးမာန်ဆိုးဖြင့်ဟွန်းကနဲနှာမှုတ်၍မျက်နှာလွှဲလိုက်သည်။

သူမအနေနဲ့ငြင်းဆန်ခြင်းတော့မရှိတော့ပေ။

ပတ်ဝန်းကျင်ကလူတွေဟာ ဖင်းဂူဖေး၏သရုပ်မှန်ကြောင့်အံ့ဩထိတ်လန့်၍သွားသည်။ရာထူးမြင့်စစ်သူကြီးတစ်ဦးကို မျက်မြင်ကိုယ်တွေ့ကြုံနေရမှန်းမယုံကြည်နိုင်ပင်ဖြစ်မိသည်။

ဖင်းဂူဖေးက ရွှယ်ရင်းရင်းနှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းတစ်တွတ်တွတ်ဖြင့်ဆူညံနေသည့်လူအုပ်ကိုဂရုမစိုက်တော့ပဲအဖွားအို၏ခန္ဓာကိုယ်အနှံ့ထိကိုင်၍စစ်ဆေးလိုက်သည်။အတန်ကြာသည်အထိအသေးစိတ်ရှာဖွေပါသော်လည်း မကြွေစေ့အနည်းငယ်ရှိတဲ့ ရှုံ့အိတ်တစ်အိတ်သာထွက်ကျလာသည်။

ရွှယ်ရင်းရင်း၏မျက်နှာမှာပိုမိုစိုးရိမ်လာသည်။သူမပျောက်သွားသည့် အိတ်ထဲတွင်ရွှေဒင်္ဂါးတွေအပြည့်ပါကြောင်း ပြောထားပြီးသားဖြစ်တာကြောင့် ထိုအိတ်မှာသူမဟာမဟုတ်မှန်းလူတိုင်းတန်းသိလိုက်သည်။

"ကဲ....မိန်းကလေး...မင်းပြောတဲ့ငွေအိတ်ကိုငါလုံးဝရှာမတွေ့ဘူး...."

အဖွားအိုကကြောင်တောင်တောင်ဖြင့် သာကြည့်နေမိသည်။သူမခန္ဓာကိုယ်ပေါ်ရှိ ရှုံ့အိတ်လေးမှာဘယ်ရောက်သွားမှန်းသူမလုံးဝမသိတော့ပေ။ရှောင်ကျန့်က သူ့စိတ်တွင်းပြုံးလိုက်ရင်း အပြင်ပန်းတွင်ဖြောင့်မတ်သည့်မျက်နှာဘေးလေးဖြင့် ရွှယ်ရင်းရင်းကိုပြောသည်။

"မင်းကတိပေးထားတဲ့အတိုင်းအဖွားကိုတောင်းပန်ပေးပါ"

ရွှယ်ရင်းရင်းကအံကြိတ်လိုက်သည်။သူမကအမြဲတမ်းအလိုလိုက်ခံရသည့် မင်းသမီးလေးဖြစ်တာကြောင့်ဒီလိုမျိုး တစ်ဖက်လူကို တောင်းပန်ရသည့်ကိစ္စမှာလုံးဝမရှိခဲ့ဖူးပါချေ။

"မဟုတ်ဘူး!!!နင်ကအဖွားကြီးနဲ့ကြံရာပါပဲဖြစ်ရမယ်....သူ..သူ ငွေအိတ်ကို အဖွားကြီးဆီက ခိုးကြောင်ခိုးဝှက်ယူပြီးဖွက်ထားလိုက်တာ..."

လူတိုင်းကရွှယ်ရင်းရင်းကိုဆွံ့အ စွာကြည့်နေမိကြသည်။ဖင်းဂူဖေး ဟာဒီမိန်းကလေးကိုအမှန်တကယ်ရွံရှာသွား၏။

သူမအမှားကိုဝန်ခံပြီးမတောင်းပန်ချင်တာနဲ့ အပြစ်မဲ့တဲ့သူကို ပြဿနာရှာနေသည်မဟုတ်ပါလား။

"မိန်းကလေး....ငါတစ်လျောက်လုံးမင်းတို့ရဲ့အဖြစ်အပျက်ကိုရပ်ကြည့်နေခဲ့တာ....ဒီလူငယ်လေးကမင်းပြောသလို ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုမျိုးလုံးဝ မလုပ်ခဲ့ဖူးဆိုတာ ကျုပ်ရာထူးနဲ့တိုင်တယ်ပြီး အသေအချာပြောနိုင်တယ်....မင်းကတိပေးခဲ့တယ်မဟုတ်လား....အခုအဖွားအိုကို မင်းအမှားအတွက် တောင်းပန်ပါ"

ရွှယ်ရင်းရင်း၏ချစ်စဖွယ်မျက်နှာနုနုလေးမှာနီရဲတတ်လာပြီး အကုန်လုံးကသူမ ကိုဝိုင်းအနိုင်ကျင့်နေသလိုမျိုး စိုက်ကြည့်လာ၏။

"မတောင်းပန်နိုင်ဘူး.....သူ..သူတို့မှားနေတာအသိအသာကြီးကို...."

ရှောင်ကျန့်က ရွှယ်ရင်းရင်း၏ဖြစ်ပျက်နေပုံကိုကြည့်ရင်းစိတ်ထဲကနေလှောင်ပြုံးပြုံးလိုက်သည်။အမြဲတမ်း လူတိုင်း၏ကာကွယ်မှုအောက်တွင်နေသားကျနေသည့်ဇာတ်လိုက်မ ဟာ ရှေးခေတ်လူတွေက ကတိတစ်လုံးကိုလွန်စွာတန်ဖိုးထားတတ်ကြကြောင်းနားမလည်ခဲ့ပေ။

သူမရဲ့လုပ်ရပ်ကဘေးပတ်ဝန်းကျင်ကလူတိုင်း ၏ဒေါသကိုခဏခဏဆွပေးနေသလိုပင်။

သည်းမခံနိုင်တော့သည့်ဘေးလူတစ်ယောက်ကခပ်ကျယ်ကျယ်အသံနှင့်အော်ပြောလိုက်သည်။

"တောင်းပန်လိုက်!"

လူတစ်ဦး၏ဦးဆောင်လမ်းပြမှုကိုခံလိုက်ရသည့်ဘေးလူအပေါင်းဟာစတင်ထောက်ခံစွာအော်ပြောလာ၏။

"ဟုတ်တယ်....တောင်းပန်လိုက်"

"ကိုယ့်ဘက်က စမှားလို့တောင်းပန်တာပဲဟာ....ဒီလောက်ထိတင်းခံနေစရာလိုလို့လား"

"ကတိပေးတုန်းကပေးထားပြီးမှ ငြင်းချင်နေတယ်...."

"ဟုတ်ပါ့....တကယ်လို့ အိတ်ကိုသာရှာတွေ့ခဲ့ရင် ကောင်လေးကအဲ့မိန်းမ ကိုငါးဆလောက်တိုးလျော်ရမှာ....ဟိုဘက်က စိတ်သဘောထားပြည့်ဝလွန်းလို့တောင်းပန်ခိုင်းရုံနဲ့ပြီးသွားတာကို ဘာတွေအရစ်ရှည်နေမှန်း နားမလည်နိုင်တော့ဘူး"

ရုတ်တရတ်ဆိုသလိုပင် ရွှယ်ရင်းရင်းဟာကြက်ဥတစ်လုံးနှင့်ပြစ်ပေါက်ခြင်းခံလိုက်ရသည်။ကြက်ဥအနှစ်တွေ သူမခေါင်းပေါ်ပေပွသွားသည့်အခါတွင် မူလကြောက်လန့်နေသည့်ရွှယ်ရင်းရင်းဟာအလွန်ဒေါပွသွား၏။

တရားခံကိုကြည့်လိုက်တော့ ဖြူဖွေးဖွေးအသားအရည်၊ပါးဖောင်းဖောင်းနှင့်သုံး၊လေးနှစ်အရွယ် ကလေးမလေးတစ်ယောက်ဖြစ်သည်။ကလေးမလေးက ဆူပုတ်နေသည့်မျက်နှာသေးသေးလေးဖြင့် ရွှယ်ရင်းရင်းကိုအော်ပြောလိုက်သည်။

"မကောင်းတဲ့မိန်းမကြီး!..ဖွားဖွားကိုတောင်းပန်လိုက်!!"

"နင်!!!"

ဒေါသစိတ်မွှန်ထူသွားသည့် ရွှယ်ရင်းရင်းဟာ ဘာကိုမှမစဥ်းစားမဆင်ခြင်လိုက်နိုင်တော့ပါပဲ ကလေးမလေးကိုအားဖြင့်တွန်းထုတ်လိုက်သည်။

"အား!!"

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး ကလေးမလေး၏ရှိုက်ကြီးတငင် ငိုရှိုက်သံတစ်သံကိုသာကြားနိုင်တော့သည်။

"အီးဟီး....မေမေရေ....မီးမီးနာတယ်"

ရှောင်ကျန့်၏မူလကတည်ငြိမ်နေသည့်မျက်နှာမှာလုံးဝပြောင်းလဲသွားသည်။ရွှယ်ရင်းရင်းက ဘာမှသေသေချာချာမစဥ်းစားနိုင်သေးတဲ့ ကလေးမလေးတစ်ယောက်ကို ဒီလိုလုပ်လိမ့်မည်ဟုသူလုံးဝမထင်ထားပေ။

အစတည်းက ကလေးချစ်တတ်သူပီပီ ရှောင်ကျန့်ဟာမြေပြင်ပေါ်တွင်လဲကျနေလျက် ရှိုက်ကြီးတငင် အော်ငိုနေသည့် ကလေးမလေးနားပြေးသွားလိုက်ပြီး ပွေ့ချီလိုက်သည်။ကလေးငယ်၏ဒူးခေါင်းဖြူဖြူနုနုလေးတွင် နီရဲနေပြီးသွေးတွေစိမ့်ထွက်နေသည်။

ရှောင်ကျန့်အတော်လေးဒေါသထွက်သွားသည်။

ကလေးမလေး၏မိဘနှစ်ပါးဖြစ်ပုံရသည့်လူနှစ်ယောက်ဟာလူအုပ်ကြားထဲအတင်းအကြပ်တိုးဝင်လာပြီး ရှောင်ကျန့်ရင်ခွင်ထဲတွင် အော်ငိုနေသည့်ကလေးမလေးကိုမြင်သည့်အခါတွင်ပြာယာခပ်သွားကြသည်။ သူတို့သမီးလေးဟာ သူမရဲ့ခန္ဓာကိုယ်သေးသေးလေးဖြင့်လူအုပ်ကြားထဲအတင်းတိုးဝင်သွား​သောကြောင့် အချိန်မှီအနားမှာမရှိပေးနိုင်လိုက်တာဖြစ်သည်။

ကလေးမိဘတွေပြန်လည်မတုံ့ပြန်ရသေးခင်မှာပဲ ရွှယ်ရင်းရင်းဟာ ဂေါ်ဖီထုတ်တစ်ခုဖြင့်ပြစ်ပေါက်ခြင်းခံလိုက်ရသည်။

"မကောင်းဆိုးဝါးမ!!"

ချက်ချင်းဆိုသလိုပင် ရွှယ်ရင်းရင်းဟာ ဘေးပတ်ဝန်းကျင်မှလူတွေဆီကနေ ပုတ်နေတဲ့အသီးတွေ ၊ကြက်ဥတွေဖြင့်ကောက်ပေါက်ခြင်းခံလိုက်ရ၏။

"ထွက်သွား!"

"မိန်းမယုတ်!!"

"ဘာမှမသိတဲ့ ကလေးတစ်ယောက်ကိုတောင်ထိခိုက်အောင်လုပ်ရဲတယ်!...ရိုင်းစိုင်းတဲ့မိန်းမ!!"

"ရွံစရာကောင်းတဲ့ပြည့်တန်ဆာလိုမိန်းမ!!ထွက်သွား!!!"

"ကွမ်ကျိုးကမင်းကိုမကြိုဆိုဘူး!"

"ကွမ်ကျိုးကထွက်သွား!!"

ရွှယ်ရင်းရင်း၏မျက်နှာမှာမယုံကြည်နိုင်မှုတွေနဲ့အတူ သွေးပျက်ခြောက်ခြားလာ၏။လူတိုင်း၏ စက်စုပ်ရွံရှာသည့်အကြည့်တွေက သူမကိုအသည်းခိုက်မတတ်ကြောက်ရွံ့လာစေသည်။

"အား!!!"

တစ်ကိုယ်လုံးနံစော်ပေပွသွားသည့် ရွှယ်ရင်းရင်းဟာ သူမခေါင်းကိုအရူးတစ်ယောက်လိုအုပ်ကိုင်ထားရင်းအားလုံးရှေ့မှပြေးထွက်သွားသည်။

ရှောင်ကျန့်က ကလေးမလေးကိုအငိုတိတ်စေရန်ချော့မြူ၍ မိဘနှစ်ပါး၏လက်ထဲသို့အသေအချာပြန်ထည့်ပေးလိုက်သည်။ပြီးနောက် ဖင်းဂူဖေး၏ စကားပြောချင်နေသည့်ဟန်ဖြင့်အပြုအမူတွေကိုလျစ်လျူရှု့၍ အဖွားအိုကိုတွဲကိုင်ထားရင်းလူတွေကြားထဲတိုးဝင်ပျောက်ကွယ်သွားသည်။

ဖင်းဂူဖေးဟာ ဘယ်လိုပဲအသည်းအသန်ရှာပါစေ၊ ရှောင်ကျန့်၏အရိပ်အယောင်လေးကိုတောင်မှဖမ်းမိခြင်းမရှိခဲ့ပါချေ။

ရှောင်ကျန့်ကအဖွားအိုကို လူပျက်သည့်လမ်းကြားတစ်နေရာသို့ဆွဲခေါ်လာသည်။ချက်ချင်းပင် သူ့ရဲ့ရိုသေလေးစားသည့်ဟန်ပန်မှာပျောက်ကွယ်သွားပြီးအဖွားအိုလက်ထဲသို့အိတ်တစ်အိတ် ပြစ်ပေးလိုက်သည်။

၎င်းရှုံ့အိတ်လေးမှာ ဇာတ်လိုက်မ ၏ပျောက်ဆုံးနေသောငွေအိတ်ပင်ဖြစ်သည်။ ဖင်းဂူဖေး အဖွားအို၏ခန္ဓာကိုယ်ကိုရှာဖွေစဥ်က အုန်းသီးကို ထိုအိတ်လေးအားဖွက်ထားပေးဖို့ရန်အတွက်သတိပေးခဲ့ခြင်းကြောင့် အနှီးရှုံ့အိတ်လေးမှာ အဆုံးမရှိအစမရှိပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

"ခင်ဗျားရဲ့ အလိုက်တစ်သင့်တုံ့ပြန်ပေးမှုအတွက်တော့ကျေးဇူးပဲ.....ဒါကိုဆုလို့သဘောထားလိုက်"

အဖွားအိုဟာ လေးတစ် နေသည့်ရှုံ့အိတ်လေးကိုကိုင်ရင်းပျော်ရွှင်စွာပြုံးလိုက်သည်။သူမမော့ကြည့်လိုက်ချိန်၌ လှပလွန်းသောလူငယ်လေးမှာအစအနတောင်ရှာမရအောင်ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။

*********

"ရိပေါ်.....ငါပြန်လာပြီ"

သူတို့ဝယ်ယူထားတာ မကြာသေးသည့်အိမ်တော်သို့ပြန်ရောက်သည့်အခါတွင်ရှောင်ကျန့်ပထမဆုံးလုပ်သည်က ဝမ်ရိပေါ်ကိုအော်ခေါ်တာသာဖြစ်သည်။ဝမ်ရိပေါ်က ကမန်းကတန်းထွက်လာပြီး သူ့ဆီပြေးဝင်လာသည့်ရှောင်ကျန့်၏ခန္ဓာကိုယ်လေးကို ထိန်းကိုင်လိုက်သည်။

"ပင်ပန်းလို့လား"

"အင်း.....ငါ့ကိုချီ"

ရှောင်ကျန့်ကပျင်းရိပျင်းတွဲမှီထားရင်းသူ့လက်လေးနှစ်ဖက်ဖြင့်ဝမ်ရိပေါ်ကိုကပ်တွယ်လျက် ကပ်ပါးကောင်လေးလိုမျိုးပြုမူသည်။ဝမ်ရိပေါ်ကစိတ်မကွက်သည့်အပြင် သဘောတောင်ကျသေးသည်။

သူကရှောင်ကျန့်၏ ဖိနပ်ရှည်တွေကိုဂရုတစိုက်ချွတ်ပေးလိုက်ရင်းညင်ညင်သာသာပွေ့ချီလိုက်သည်။

"ဒီည ကွမ်ကျိုးမှာ ညဈေးရှိတယ်....ဒါကြောင့် အရမ်းပင်ပန်းနေရင် အခုထဲကကြိုတင်အားမွေးထားမှရမယ်...."

"အင်းပါ....လောလောဆည်ငါမလှုပ်ချင်တော့ဘူး"

"ကိစ္စမရှိဘူး....ကိုယ့်ရဲ့ ဧကရီလေးကဒီအတိုင်းငြိမ်ငြိမ်လေးနေပေး....ကိုယ်ကမင်းရဲ့ခြေနဲ့လက် ဖြစ်ပေးမယ်လေ"

_________________________________________________________

Zawgyi

ေရွာင္က်န့္ဟာ တိုက္တိုက္ဆိုင္ဆိုင္ေတြ႕ခဲ့ရသည့္ အမ်ိဳးသားဇာတ္လိုက္ ဖင္းဂူေဖးကိုသူ႕စိတ္ထဲကထုတ္လိုက္ၿပီး အုန္းသီးလမ္းၫႊန္တဲ့အတိုင္း ဇာတ္လိုက္မရွိရာဆီဦးတည္သည္။အေနာက္မွာက်န္ရစ္ခဲ့သည့္ ဖင္းဂူေဖးဟာ သူ႕ေမးေစ့ကိုစိတ္ဝင္တစားပြတ္သပ္လိုက္ရင္း ေရွာင္က်န့္ေနာက္ခိုးေၾကာင္ခိုးဝွက္လိုက္လာသည္။

[host....အမ်ိဳးသားဇာတ္လိုက္က hostေနာက္လိုက္လာတယ္]

'ငါသိတယ္'

ေရွာင္က်န့္ကသူ႕မ်က္ဝန္းေတြကိုအနည္းငယ္မွ်ေမွးက်ဥ္းလိုက္ေသာ္လည္း သတိမထားမိသလိုမ်ိဳး ေရွ႕ဆက္သြားေနလိုက္သည္။

'အုန္းသီး....ဖင္းဂူေဖးကဘာေၾကာင့္ကြမ္က်ိဳးကိုေရာက္ေနတာလဲ မင္းသိလား'

[အမ္း....သိၿပီhost....သူကေနာက္ထပ္အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္ျဖစ္တဲ့ ဝမ္နဥ္းနဲ႕အတူ တိုင္းျပည္တစ္ခုကိုသံတမန္ေရးရာကိစၥရပ္ေတြအတြက္ သက္ေတာ္ေစာင့္အေနနဲ႕လိုက္ပါသြားတာပါ....အခုတာဝန္ၿပီးေျမာက္သြားေတာ့ ၿမိဳ႕ေတာ္ဆီျပန္လာရင္းကြမ္က်ိဳးက ျဖတ္သြားျဖတ္လာသေဘာမ်ိဳးပါပဲhost]

ဝမ္နဥ္း?

ေရွာင္က်န့္ အံတင္းတင္းတစ္ခ်က္ႀကိတ္လိုက္သည္။အမ်ိဳးသားဇာတ္လိုက္ေတြထဲတြင္ေရွာင္က်န့္ၾကည့္မရဆုံးတစ္ေယာက္ကိုရည္ၫႊန္းရရင္ ထိုဝမ္နဥ္းဆိုသည့္တစ္ေယာက္ပင္ျဖစ္သည္။ထိုသူက ဝမ္ဧကရာဇ္ႏွင့္အေမတစ္ေယာက္တည္းကေမြးဖြားႀကီးျပင္းလာခဲ့သည့္ညီအရင္းေခါက္ေခါက္ျဖစ္သည္။

မူလဝမ္ဧကရာဇ္က သူ႕ညီကိုအရမ္းသံေယာဇဥ္ရွိသည္။ဒါေၾကာင့္လည္း သူသတ္ျဖတ္ခဲ့သည့္ဖေအတူမေအကြဲေမာင္ႏွမေတြထဲတြင္ ဝမ္နဥ္းတစ္ေယာက္တည္းကိုသာ အသက္ရွင္ခြင့္ေပးခဲ့သည့္အျပင္ ၿငိမ္းခ်မ္းေရးသံတမန္တစ္ဦးအျဖစ္ 'ပင္းဝမ္'ဘြဲ႕ကိုေပးအပ္ထားခဲ့သည္။သို႔ေပမယ့္လည္း ဇာတ္လိုက္မႏွင့္ေတြ႕ဆုံသြားသည့္အခါတြင္ ထိုဝမ္နဥ္းဆိုသည့္ငႏြားမွာ မစိတ္မႊန္လ်က္ ေျပာသမွ်စုံလုံးကန္းယုံရင္း ကိုယ့္အကိုရင္းကိုလုပ္ႀကံသတ္ျဖတ္ဖို႔ရန္ထိပ္ဆုံးကဦးေဆာင္ခဲ့၏။

ယုံၾကည္ရသူ၏ေနာက္ေက်ာကိုဓားနဲ႕ထိုးျခင္းခံခဲ့ရသည့္ဝမ္ဧကရာဇ္ဟာမယုံၾကည္နိုင္မႈမ်ားစြာျဖင့္ေသဆုံးခဲ့ရသည္။ပုံမွန္ဆိုေရွာင္က်န့္အေနနဲ႕ထိုသို႔ အမ်ိဳးသားဇာတ္လိုက္ေတြရဲ႕အျပဳအမူနဲ႕ပတ္သပ္ၿပီးသိပ္ဂ႐ုထားေနမည္မဟုတ္ေပ။

သို႔ေသာ္လည္းအခုဝမ္ဧကရာဇ္မွာသူ႕ရဲ႕ တရားဝင္ေယာက္်ားတစ္ေယာက္ျဖစ္ေနသည္။ကိုယ့္ေယာက္်ားအေပၚဒီလိုသစၥာေဖာက္နိုင္ေခ်မ်ားတဲ့သူကိုဘယ္လိုလုပ္ၾကည္ၾကည္ျဖဴျဖဴလက္ခံနိုင္ပါ့မလဲ။

ေရွာင္က်န့္မဲ့ၿပဳံးၿပဳံးလိုက္သည္။သူ႕အေနာက္ကို ခိုးေၾကာင္ခိုးဝွက္လိုက္လာသည့္ ဖင္းဂူေဖးကိုသတိရသည့္အခါတြင္သူ႕အၿပဳံးမွာပိုေတာင္ပီျပင္လာေသးသည္။ ပထမက ဇာတ္လိုက္မကိုနည္းနည္းကလိခ်င္စိတ္ရွိ႐ုံပင္ျဖစ္ေပမယ့္ အခုေတာ့အမ်ိဳးသားဇာတ္လိုက္တစ္ေယာက္ရဲ႕ရင္ထဲကို ႐ႊယ္ရင္းရင္း၏ဆိုးဝါးတဲ့ပုံရိပ္ေတြသာျပည့္သိပ္သြားေအာင္ျပဳလုပ္ ရန္ဆုံးျဖတ္လိုက္သည္။

[ေရာက္ၿပီhost....အေရွ႕ကလူအုပ္ထဲမွာဇာတ္လိုက္မ ရွိတယ္]

ေရွာင္က်န့္က႐ုတ္႐ုတ္သဲသဲျဖင့္တစ္စုံတစ္ခုကိုဝိုင္းအုံၾကည့္ေနဟန္ေပၚေသာလူအုပ္ႀကီးကိုၾကည့္ရင္း လူေတြၾကားထဲတိုးဝင္လိုက္သည္။အေနာက္ကလိုက္လာသည့္ ဖင္းဂူေဖး ေရွာင္က်န့္ဘာေၾကာင့္ထိုလူအုပ္ထဲအတင္းတိုးဝင္သြားမွန္းနားမလည္ေပ။သို႔ေပမယ့္သိခ်င္စိတ္ကမ်ားေနသျဖင့္သိပ္ဂ႐ုမစိုက္ပဲလူအုပ္စုၾကားထဲလြယ္လြယ္ကူကူတိုးဝင္လိုက္သည္။

လူေတြၾကားထဲတြင္ခပ္က်ယ္က်ယ္ေနရာလြတ္တစ္ခုရွိၿပီး ယခုခ်ိန္၌ဇာတ္လိုက္မ ႐ႊယ္ရင္းရင္းဟာ အဖြားအိုတစ္ဦးႏွင့္ အသည္းအသန္ျငင္းခုံေနေလသည္။ေဘးလူေတြ၏စကားအရ ႐ႊယ္ရင္းရင္းဟာ သူ႕ရဲ႕ေငြထည့္ထားတဲ့အိတ္ကိုဒီအဖြားအိုက ခိုးပါတယ္ဟုခ်က္က်လက္က် စြပ္စြဲေနတာေၾကာင့္ပင္။

ဇာတ္လိုက္မအရွိန္အဝါေၾကာင့္အနီးအနားကလူတိုင္းနီးပါးစိတ္ဝင္တစားျဖင့္ဝိုင္းအုံၾကည့္ရႈ႕လာၾကကာ မည္သူမွားသည္မွန္သည္ကိုေဝခြဲမရပဲရွိေန၏။ ေတာ္ေတာ္မ်ားမ်ားကေတာ့ ႐ႊယ္ရင္းရင္းကိုရိုင္းစိုင္းသည္ဟုထင္မွတ္ၾကသည္။ကိုယ့္အဖြားအ႐ြယ္ေလာက္ရွိတဲ့အမယ္အိုႀကီးကို သက္ေသခိုင္ခိုင္လုံလုံမရွိပဲ သူခိုးဟုစြပ္စြဲသည္မွာ လြန္သည္ဟုထင္ၾကသည္။

သို႔ေပမယ့္ေရွာင္က်န့္ကေတာ့ထိုအဖြားအိုမွာ အမွန္တကယ္ကိုသူခိုးတစ္ေယာက္ျဖစ္မွန္းသိသည္။အဖြားအိုက ဝါရင့္သူခိုးတစ္ေယာက္ျဖစ္ဟန္ရသည္။မ်က္ရည္ေလးစမ္းတမ္းစမ္းတမ္းျဖင့္ သူမ မလုပ္ေၾကာင္းျငင္းဆိုေနသည္မွာ ဖင္းဂူေဖးေတာင္မွ အဖြားအိုမလိမ္ဟု ထင္မွတ္သြားသည္အထိပင္။

ေရွာင္က်န့္ကေနာက္ဆက္တြဲျဖစ္ရပ္ေတြကိုခန့္မွန္းရန္ေတာင္မလိုအပ္ေပ။ပထမတြင္လူတိုင္းက ဇာတ္လိုက္မကို မေကာင္းတဲ့မိန္းကေလးတစ္ေယာက္အျဖစ္ထင္မွတ္မွား ေနေပလိမ့္မည္။ၿပီးေနာက္ ဇာတ္လိုက္မအရွိန္အဝါျဖင့္ အဖြားအိုဟာ ဝါရင့္သူခိုးတစ္ေယာက္ျဖစ္ေၾကာင္း ေပၚေပါက္သြားသည့္အခါတြင္ လူတိုင္း၏အျမင္၌ ႐ႊယ္ရင္းရင္းမွာ အမွန္တရား၏ဘက္ေတာ္သား အမ်ိဳးေကာင္းမိန္းကေလးအျဖစ္ ေျပာင္းလဲသြားမည္မွာေသခ်ာသည္။

ဒါေပမယ့္ေရွာင္က်န့္ကဘာေၾကာင့္ထိုသို႔အျဖစ္ခံရမွာလဲ။

ေရွာင္က်န့္ဟာသူ႕ရဲ႕သ႐ုပ္ေဆာင္'မု'ကိုခ်က္ခ်င္းဆိုသလိုသြင္းလိုက္ၿပီး အဖြားအိုနားသို႔ လူအုပ္ၾကားထဲမွ ေျပးဝင္သြားလိုက္သည္။သူ႕ရဲ႕မ်က္ဝန္းထဲ၌မ်က္ရည္ခပ္ပါးပါးေဝ့သီေနၿပီး၎မွာ ရွိုက္ႀကီးတစ္ငင္ငိုယိုျပေနသည္ထက္ပို၍ လူတိုင္း၏ ႏွလုံးသားကိုကိုင္လႈပ္နိုင္ေလသည္။

"အဖြား!"

ေရွာင္က်န့္ဟာစိုးရိမ္သည့္အသံေနအသံထားျဖင့္အဖြားအိုကိုသြားေရာက္ထိန္းကိုင္လိုက္သည္။႐ႊယ္ရင္းရင္းႏွင့္ ၾကည့္ရႈ႕ေနသည့္လူေတြအပါအဝင္ အဖြားအိုကိုယ္တိုင္ေၾကာင္အ သြားရွာေလသည္။

လူတိုင္းဟာေရွာင္က်န့္၏မ်က္ႏွာကိုျမင္သည့္အခါတြင္ခ်က္ခ်င္းမွင္သပ္မိန္းေမာသြား၏။ဒီမ်က္ႏွာေလးကလွရက္နိုင္လြန္းသည္။ ဒါကေယာက္်ားေလးတစ္ေယာက္ျဖစ္ေနသည္မွာသိသာေသာ္လည္းပဲ တစ္ခ်ိဳ႕ေယာက္်ားေလးေတာ္ေတာ္မ်ားမ်ားကိုေတာင္ ရင္တုန္လာေစသည္အထိျပဳစားနိုင္လြန္းသည္။

႐ႊယ္ရင္းရင္းက ေရွာင္က်န့္၏မ်က္ႏွာကိုျမင္သည့္အခါတြင္ခ်က္ခ်င္းအူေၾကာင္ေၾကာင္ျဖစ္သြားရွာသည္။

ဒါကေရွာင္းေမ ဆိုတဲ့မိန္းမ မဟုတ္ဘူးလား။မဟုတ္ဘူး။ဒီတစ္ေယာက္က ေယာက္်ားေလးဆိုတာအရမ္းသိသာလြန္းေနသည္။

ေလာကမွာဒီေလာက္ထိတူညီတဲ့မ်က္ႏွာပိုင္ရွင္ႏွစ္ေယာက္ တကယ္ရွိတယ္ေပါ့ေလ။

အဖြားအိုက ပထမတြင္ နားမလည္ေပမယ့္ ေရွာင္က်န့္ကသူ႕ကို ဒီက ကယ္ထုတ္ေပးဖို႔ရန္ႀကိဳးစားေနေၾကာင္း သတိထားမိသြားသည္။ခ်က္ခ်င္းပင္သ႐ုပ္ေဆာင္ေကာင္းေသာအႏွီးအဖြားအိုဟာေရွာင္က်န့္ရဲ႕လက္ေကာက္ဝတ္သြယ္သြယ္ကိုအားကိုးတႀကီးဆုတ္ကိုင္လိုက္၏။

"ေျမးေလး....ဒီမိန္းကေလးကအဖြားကို သူ႕ေငြေတြခိုးတယ္ဆိုၿပီးအတင္းစြပ္စြဲေနတယ္"

ေရွာင္က်န့္ဟာအလိုက္အထိုက္ ေနနိုင္သည့္ အဖြားအိုကို စိတ္ထဲကလက္မ ေထာင္ျပလိုက္ရင္း သူ႕ရဲ႕ေကာင္းမြန္လြန္းလွတဲ့ သ႐ုပ္ေဆာင္စြမ္းရည္ကိုေဖာ္ျပလိုက္သည္။

"မျဖစ္နိုင္လိုက္တာ....ကြၽန္ေတာ္တို႔ကအရမ္းႀကီးခ်မ္းသာေနတာမ်ိဳးမဟုတ္ေပမယ့္ တစ္ဘဝလုံးစာ ေအးေအးေဆးေဆး စားနိုင္၊ေသာက္နိုင္ေလာက္တဲ့အထိစုေဆာင္းထားတာေတြရွိပါတယ္.....အလကားသက္သက္မိန္းကေလးရဲ႕ ေငြေတြကိုခိုးစရာအေၾကာင္းမရွိဘူး"

႐ႊယ္ရင္းရင္းေဒါသထြက္သြားသည္။သူမကိုေလသံမာမာႏွင့္ေျပာရင္သူမအရမ္းစိတ္ဆိုးသည္။ၿပီးေတာ့ ဒီေကာင္ေလး၏မ်က္ႏွာမွာ သူမ မႏွစ္ၿမိဳ႕သည့္ေရွာင္းေမ ဟူသည့္မိန္းမႏွင့္အနည္းဆုံး80%ေလာက္တူညီေနတာေၾကာင့္ သူမ၏စိတ္ခံစားခ်က္မွာပိုမိုဆိုး႐ြားသြားေသးသည္။

"ငါမလိမ္ဘူး....ဒီအဖြားႀကီးကငါ့ကိုဝင္တိုက္သြားၿပီးမွ ရႈံအိတ္ကေပ်ာက္သြားတာ"

"အဖြားကအသက္ႀကီးေနၿပီ....သက္ႀကီး႐ြယ္အိုေတြလမ္းေလွ်ာက္ရင္ တုန္ခ်ိခ်ိျဖစ္တတ္တာလူတိုင္းအသိပဲ....မေတာ္တဆမင္းကိုဝင္တိုက္မိ႐ုံနဲ႕ မင္းရဲ႕ေငြအိတ္ကိုခိုးတယ္ျဖစ္ေရာလား"

"နင္!!"

႐ႊယ္ရင္းရင္း မည္သို႔ျပန္လည္ေခ်ပ ရမွန္းမသိေတာ့ေပ။ပတ္ဝန္းက်င္ရွိလူအမ်ား၏အျပစ္တင္ရႈံ႕ခ်လိဳသည့္အၾကည့္ေပါင္းမ်ားစြာကိုျမင္သည့္အခါတြင္သူမ ရင္ထဲထိတ္လန့္ၿပီး ငိုခ်င္လာသည္။တစ္ခါမွအနိုင္က်င့္မခံရဖူးသည့္ ႐ႊယ္ရင္းရင္းဟာ ေရွာင္က်န့္ကပဲသူမကိုအနိုင္က်င့္ေနသလိုပုံစံမ်ိဳးျဖင့္မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာ၏။

"ေဟး.....မိန္းကေလး....မင္းကိုငါဘာလုပ္ရေသးလို႔ဒီေလာက္ေတာင္ငိုေနရတာလဲ....ငါက ခ်က္က်လက္က်နဲ႕ရွင္းျပေန႐ုံပါ"

လူတိုင္းကေရွာင္က်န့္စကားကိုေထာက္ခံၾကသည္။ေရွာင္က်န့္စကားေျပာရာတြင္အေတာ္ေလးညင္သာၿပီးရိုင္းစိုင္းတာတစ္လုံးမွမပါသည့္အျပင္ သူ႕ရဲ႕အတိုင္းအဆမဲ့လွပလြန္းသည့္မ်က္ႏွာေလးေၾကာင့္ လူတိုင္း၏စိတ္ထဲတြင္ျဖဴစင္သည့္နတ္သားေလးတစ္ပါးဟု အလိုအေလ်ာက္ထြင္းထုထားၿပီးသားျဖစ္သြားခဲ့သည္။

ႏွိုင္းယွဥ္ရရင္ ႐ႊယ္ရင္းရင္း၏ေဘာက္ဆတ္ဆတ္ စကားအေျပာအဆိုႏွင့္သက္ႀကီး႐ြယ္အိုတစ္ဦးအေပၚတြင္ သက္ေသမရွိ၊ ရိုင္းျပေနမႈက လူတိုင္း၏သေဘာထားကိုဆိုး႐ြားသြားေစသည္။

"ငါ့ကိုမတရားမေျပာနဲ႕!!....အဲ့ဒီအဖြားႀကီးခိုးတာေသခ်ာတယ္!"

ဖင္းဂူေဖး အပါအဝင္ပတ္ဝန္းက်င္ရွိလူတိုင္းမ်က္ေမွာင္တင္းတင္းၾကဳပ္လိုက္သည္။ သူမ၏စကားအေျပာအဆိုမွာ အမ်ိဳးေကာင္းသမီးတစ္ေယာက္ႏွင့္ဆန့္က်င္စြာ႐ုတ္ရင္းၾကမ္းတမ္းလြန္းသည္။

ေရွာင္က်န့္ဟာမတတ္သာဟန္ျဖင့္သက္ျပင္းခပ္ဖြဖြခ်လိဳက္သည္။သူ႕ရဲ႕လႈပ္ရွားမႈေသးေသးေလးတိုင္းကထူးျခားသည့္ညွို႔ဓာတ္တစ္မ်ိဳးကို သယ္ေဆာင္ထားဟန္ရၿပီးလူတိုင္းကိုအ႐ူးအမူးျဖစ္သြားေစသည္။

"ဒါဆိုမင္းမယုံရင္ အဖြားရဲ႕ခႏၶာကိုယ္ေပၚမွာစစ္ေဆးၾကည့္နိုင္တယ္.... ဒါေပမယ့္...."

အဖြားအို၏ထိတ္လန့္သြားသည့္မ်က္လုံးေတြကို ျမင္သည့္အခါတြင္ေရွာင္က်န့္ကၿပဳံး႐ုံသာၿပဳံးျပလိုက္သည္။သူဆက္ေျပာ၏။

"တကယ္လို႔မင္းဘာမွရွာမေတြ႕ရင္ အဖြားကိုေတာင္းပန္ရမယ္...."

ဒါကလြန္စြာတရားနည္းလမ္းက်သည္။ဒါေပမယ့္႐ႊယ္ရင္းရင္းဟာထိုမွ်ႏွင့္ေက်နပ္သည့္ဟန္မေပၚေသးပဲ သူမလိုခ်င္သည့္အရာကိုထပ္ျဖည့္လိုက္သည္။

"ေကာင္းၿပီေလ....တကယ္လို႔ငါ့ေငြေတြကိုသာ နင့္အဖြားရဲ႕ကိုယ္ေပၚမွာရွာေတြ႕ခဲ့ရင္ အခိုးခံရတဲ့ေငြပမာဏရဲ႕ ငါးဆကိုနင္ေလ်ာ္ေပးရမယ္...."

လူတိုင္း၏အျမင္ထဲ၌ဇာတ္လိုက္မ၏ပုံရိပ္မွာပိုမိုဆိုးဝါးသထက္ဆိုးဝါးလာသည္။တစ္ဖက္ေကာင္ေလးက တရားနည္းလမ္းက်က်ျဖင့္မည္သည့္အေလ်ာ္အစားကိုမွ မေတာင္းဆိုပဲ 'ေတာင္းပန္ပါတယ္'ဟူသည့္စကားတစ္ခြန္းကိုသာ လိုခ်င္ခဲ့သည္။သို႔ေပမယ့္ထိုမိန္းကေလးကေတာ့ သူမ႐ုပ္ရည္ေလးႏွင့္မွမလိုက္ အဓိပ္ပါယ်မရှိစွာ ခိုးယူထားသည့္ေငြ၏ ငါးဆေတာင္အေလ်ာ္ေပးရမည္ဟု ေျပာေန၏။

ဘယ္လိုၾကည့္ၾကည့္ေကာင္ေလးတို႔ဘက္ကနစ္နာသည္ခ်ည္းသာ။

ဖင္းဂူေဖးက လူၾကားထဲတိုးထြက္လိုက္ၿပီး အၿပဳံးတစ္ခုျဖင့္ဝင္ေျပာလိုက္သည္။

"ကိုယ္အလကားစစ္ေဆးေပးနိုင္ပါတယ္"

ဒါေပမယ့္႐ႊယ္ရင္းရင္းက ဖင္းဂူေဖးကိုေျခစြန္းေခါင္းစြန္းၾကည့္ရင္းႏွာေခါင္းတစ္ခ်က္မွ်ရႈံ႕လိုက္သည္။သူမမ်က္လုံးထဲတြင္ ဧကရာဇ္မင္း၏အႏွိုင္းမဲ့တဲ့မ်က္ႏွာေခ်ာေခ်ာကိုျမင္ေတြ႕ၿပီးတည္းက မည္သည့္ေယာက္်ားမွ မဝင္ေရာက္နိုင္ေတာ့ေပ။သူမက ကေလးဆိုးေလးတစ္ေယာက္လိုမ်ိဳးေျခေဆာင့္၍ ဖင္ဂူေဖးကိုမ်က္ေစာင္းထိုးလိုက္သည္။

"ရွင္ကေရာ သူတို႔နဲ႕တစ္ဖြဲ႕တည္းမဟုတ္ပါဘူးလို႔ ဘယ္လိုသက္ေသျပနိုင္လို႔လဲ"

"မင္း!!"

ဖင္းဂူေဖးဟာလည္ပင္းေသြးေၾကာေတြေထာင္သည္အထိေဒါသထြက္သြားသည္။သူကဂုဏ္သေရရွိစစ္သူႀကီးတစ္ဦးျဖစ္သည္။ဒါေၾကာင့္သူ႕တြင္ကိုယ္ပိုင္မာနတစ္ခုေတာ့ရွိသည္။ဒီမိန္းကေလးက ရိုင္းစိုင္းသည့္အျပင္ တစ္ေလာကလုံးတြင္သူသာလွ်င္အမွန္တရားလိုျပဳမူေနပုံက သူ႕ကိုေအာ္ဂလီဆန္လာေစသည္။

ဒါေပမယ့္တစ္ဖက္ လူကအားႏြဲ႕သည္မိန္းကေလးတစ္ဦးျဖစ္ေနဆဲပင္။ထို႔ေၾကာင့္သူ႕ရဲ႕ မ်က္ႏွာႀကီးပဲလွိမ့္ပိတ္ဆြဲထိုးခ်င္ေနသည့္စိတ္ဆႏၵကိုထိန္းခ်ဳပ္ထားလိုက္သည္။

သူ႕ခါးၾကားထဲတြင္ထိုးထားသည့္ ရာထူးအဆင့္အတန္းေဖာ္ျပထားေသာ ေက်ာက္စိမ္းျပားတစ္ခုကိုဆြဲထုတ္ယူရင္းလူတိုင္းေရွ႕ေဖာ္ျပလိုက္သည္။

"က်ဳပ္က ေတာ္ဝင္ၿမိဳ႕ေတာ္၊ ဖင္းအိမ္ေတာ္က စစ္သူႀကီးဖင္းပါ.... ဒါေၾကာင့္ဒီကမိန္းကေလး စိတ္.သန့္.သန့္.နဲ႕.ယုံ.ၾကည္.လို႔.ရ.ပါ.တယ္..."

ဖင္းဂူေဖးက စကားတစ္လုံးခ်င္းဆီကိုျပတ္ျပတ္သားသားေျပာရင္းသူ႕အဆင့္အတန္းကိုေဖာ္ျပလိုက္သည္။႐ႊယ္ရင္းရင္း အနည္းငယ္ေတာ့လန့္ျဖန့္သြားသည္။ဒါေပမယ့္ သူ႕ကိုအလိုလိုက္အႀကိဳက္ေဆာင္ေပးသည့္ ႐ႊယ္အိမ္ေတာ္တစ္ခုလုံး ရွိသည္ကိုသတိရသြားေသာအခါတြင္ စိတ္ဆိုးမာန္ဆိုးျဖင့္ဟြန္းကနဲႏွာမႈတ္၍မ်က္ႏွာလႊဲလိုက္သည္။

သူမအေနနဲ႕ျငင္းဆန္ျခင္းေတာ့မရွိေတာ့ေပ။

ပတ္ဝန္းက်င္ကလူေတြဟာ ဖင္းဂူေဖး၏သ႐ုပ္မွန္ေၾကာင့္အံ့ဩထိတ္လန့္၍သြားသည္။ရာထူးျမင့္စစ္သူႀကီးတစ္ဦးကို မ်က္ျမင္ကိုယ္ေတြ႕ႀကဳံေနရမွန္းမယုံၾကည္နိုင္ပင္ျဖစ္မိသည္။

ဖင္းဂူေဖးက ႐ႊယ္ရင္းရင္းႏွင့္ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းတစ္တြတ္တြတ္ျဖင့္ဆူညံေနသည့္လူအုပ္ကိုဂ႐ုမစိုက္ေတာ့ပဲအဖြားအို၏ခႏၶာကိုယ္အႏွံ႕ထိကိုင္၍စစ္ေဆးလိုက္သည္။အတန္ၾကာသည္အထိအေသးစိတ္ရွာေဖြပါေသာ္လည္း မေႂကြေစ့အနည္းငယ္ရွိတဲ့ ရႈံ႕အိတ္တစ္အိတ္သာထြက္က်လာသည္။

႐ႊယ္ရင္းရင္း၏မ်က္ႏွာမွာပိုမိုစိုးရိမ္လာသည္။သူမေပ်ာက္သြားသည့္ အိတ္ထဲတြင္ေ႐ႊဒဂၤါးေတြအျပည့္ပါေၾကာင္း ေျပာထားၿပီးသားျဖစ္တာေၾကာင့္ ထိုအိတ္မွာသူမဟာမဟုတ္မွန္းလူတိုင္းတန္းသိလိုက္သည္။

"ကဲ....မိန္းကေလး...မင္းေျပာတဲ့ေငြအိတ္ကိုငါလုံးဝရွာမေတြ႕ဘူး...."

အဖြားအိုကေၾကာင္ေတာင္ေတာင္ျဖင့္ သာၾကည့္ေနမိသည္။သူမခႏၶာကိုယ္ေပၚရွိ ရႈံ႕အိတ္ေလးမွာဘယ္ေရာက္သြားမွန္းသူမလုံးဝမသိေတာ့ေပ။ေရွာင္က်န့္က သူ႕စိတ္တြင္းၿပဳံးလိုက္ရင္း အျပင္ပန္းတြင္ေျဖာင့္မတ္သည့္မ်က္ႏွာေဘးေလးျဖင့္ ႐ႊယ္ရင္းရင္းကိုေျပာသည္။

"မင္းကတိေပးထားတဲ့အတိုင္းအဖြားကိုေတာင္းပန္ေပးပါ"

႐ႊယ္ရင္းရင္းကအံႀကိတ္လိုက္သည္။သူမကအၿမဲတမ္းအလိုလိုက္ခံရသည့္ မင္းသမီးေလးျဖစ္တာေၾကာင့္ဒီလိုမ်ိဳး တစ္ဖက္လူကို ေတာင္းပန္ရသည့္ကိစၥမွာလုံးဝမရွိခဲ့ဖူးပါေခ်။

"မဟုတ္ဘူး!!!နင္ကအဖြားႀကီးနဲ႕ႀကံရာပါပဲျဖစ္ရမယ္....သူ..သူ ေငြအိတ္ကို အဖြားႀကီးဆီက ခိုးေၾကာင္ခိုးဝွက္ယူၿပီးဖြက္ထားလိုက္တာ..."

လူတိုင္းက႐ႊယ္ရင္းရင္းကိုဆြံ႕အ စြာၾကည့္ေနမိၾကသည္။ဖင္းဂူေဖး ဟာဒီမိန္းကေလးကိုအမွန္တကယ္႐ြံရွာသြား၏။

သူမအမွားကိုဝန္ခံၿပီးမေတာင္းပန္ခ်င္တာနဲ႕ အျပစ္မဲ့တဲ့သူကို ျပႆနာရွာေနသည္မဟုတ္ပါလား။

"မိန္းကေလး....ငါတစ္ေလ်ာက္လုံးမင္းတို႔ရဲ႕အျဖစ္အပ်က္ကိုရပ္ၾကည့္ေနခဲ့တာ....ဒီလူငယ္ေလးကမင္းေျပာသလို ခိုးေၾကာင္ခိုးဝွက္လႈပ္ရွားမႈမ်ိဳးလုံးဝ မလုပ္ခဲ့ဖူးဆိုတာ က်ဳပ္ရာထူးနဲ႕တိုင္တယ္ၿပီး အေသအခ်ာေျပာနိုင္တယ္....မင္းကတိေပးခဲ့တယ္မဟုတ္လား....အခုအဖြားအိုကို မင္းအမွားအတြက္ ေတာင္းပန္ပါ"

႐ႊယ္ရင္းရင္း၏ခ်စ္စဖြယ္မ်က္ႏွာႏုႏုေလးမွာနီရဲတတ္လာၿပီး အကုန္လုံးကသူမ ကိုဝိုင္းအနိုင္က်င့္ေနသလိုမ်ိဳး စိုက္ၾကည့္လာ၏။

"မေတာင္းပန္နိုင္ဘူး.....သူ..သူတို႔မွားေနတာအသိအသာႀကီးကို...."

ေရွာင္က်န့္က ႐ႊယ္ရင္းရင္း၏ျဖစ္ပ်က္ေနပုံကိုၾကည့္ရင္းစိတ္ထဲကေနေလွာင္ၿပဳံးၿပဳံးလိုက္သည္။အၿမဲတမ္း လူတိုင္း၏ကာကြယ္မႈေအာက္တြင္ေနသားက်ေနသည့္ဇာတ္လိုက္မ ဟာ ေရွးေခတ္လူေတြက ကတိတစ္လုံးကိုလြန္စြာတန္ဖိုးထားတတ္ၾကေၾကာင္းနားမလည္ခဲ့ေပ။

သူမရဲ႕လုပ္ရပ္ကေဘးပတ္ဝန္းက်င္ကလူတိုင္း ၏ေဒါသကိုခဏခဏဆြေပးေနသလိုပင္။

သည္းမခံနိုင္ေတာ့သည့္ေဘးလူတစ္ေယာက္ကခပ္က်ယ္က်ယ္အသံႏွင့္ေအာ္ေျပာလိုက္သည္။

"ေတာင္းပန္လိုက္!"

လူတစ္ဦး၏ဦးေဆာင္လမ္းျပမႈကိုခံလိုက္ရသည့္ေဘးလူအေပါင္းဟာစတင္ေထာက္ခံစြာေအာ္ေျပာလာ၏။

"ဟုတ္တယ္....ေတာင္းပန္လိုက္"

"ကိုယ့္ဘက္က စမွားလို႔ေတာင္းပန္တာပဲဟာ....ဒီေလာက္ထိတင္းခံေနစရာလိုလို႔လား"

"ကတိေပးတုန္းကေပးထားၿပီးမွ ျငင္းခ်င္ေနတယ္...."

"ဟုတ္ပါ့....တကယ္လို႔ အိတ္ကိုသာရွာေတြ႕ခဲ့ရင္ ေကာင္ေလးကအဲ့မိန္းမ ကိုငါးဆေလာက္တိုးေလ်ာ္ရမွာ....ဟိုဘက္က စိတ္သေဘာထားျပည့္ဝလြန္းလို႔ေတာင္းပန္ခိုင္း႐ုံနဲ႕ၿပီးသြားတာကို ဘာေတြအရစ္ရွည္ေနမွန္း နားမလည္နိုင္ေတာ့ဘူး"

႐ုတ္တရတ္ဆိုသလိုပင္ ႐ႊယ္ရင္းရင္းဟာၾကက္ဥတစ္လုံးႏွင့္ျပစ္ေပါက္ျခင္းခံလိုက္ရသည္။ၾကက္ဥအႏွစ္ေတြ သူမေခါင္းေပၚေပပြသြားသည့္အခါတြင္ မူလေၾကာက္လန့္ေနသည့္႐ႊယ္ရင္းရင္းဟာအလြန္ေဒါပြသြား၏။

တရားခံကိုၾကည့္လိုက္ေတာ့ ျဖဴေဖြးေဖြးအသားအရည္၊ပါးေဖာင္းေဖာင္းႏွင့္သုံး၊ေလးႏွစ္အ႐ြယ္ ကေလးမေလးတစ္ေယာက္ျဖစ္သည္။ကေလးမေလးက ဆူပုတ္ေနသည့္မ်က္ႏွာေသးေသးေလးျဖင့္ ႐ႊယ္ရင္းရင္းကိုေအာ္ေျပာလိုက္သည္။

"မေကာင္းတဲ့မိန္းမႀကီး!..ဖြားဖြားကိုေတာင္းပန္လိုက္!!"

"နင္!!!"

ေဒါသစိတ္မႊန္ထူသြားသည့္ ႐ႊယ္ရင္းရင္းဟာ ဘာကိုမွမစဥ္းစားမဆင္ျခင္လိုက္နိုင္ေတာ့ပါပဲ ကေလးမေလးကိုအားျဖင့္တြန္းထုတ္လိုက္သည္။

"အား!!"

ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားၿပီး ကေလးမေလး၏ရွိုက္ႀကီးတငင္ ငိုရွိုက္သံတစ္သံကိုသာၾကားနိုင္ေတာ့သည္။

"အီးဟီး....ေမေမေရ....မီးမီးနာတယ္"

ေရွာင္က်န့္၏မူလကတည္ၿငိမ္ေနသည့္မ်က္ႏွာမွာလုံးဝေျပာင္းလဲသြားသည္။႐ႊယ္ရင္းရင္းက ဘာမွေသေသခ်ာခ်ာမစဥ္းစားနိုင္ေသးတဲ့ ကေလးမေလးတစ္ေယာက္ကို ဒီလိုလုပ္လိမ့္မည္ဟုသူလုံးဝမထင္ထားေပ။

အစတည္းက ကေလးခ်စ္တတ္သူပီပီ ေရွာင္က်န့္ဟာေျမျပင္ေပၚတြင္လဲက်ေနလ်က္ ရွိုက္ႀကီးတငင္ ေအာ္ငိုေနသည့္ ကေလးမေလးနားေျပးသြားလိုက္ၿပီး ေပြ႕ခ်ီလိုက္သည္။ကေလးငယ္၏ဒူးေခါင္းျဖဴျဖဴႏုႏုေလးတြင္ နီရဲေနၿပီးေသြးေတြစိမ့္ထြက္ေနသည္။

ေရွာင္က်န့္အေတာ္ေလးေဒါသထြက္သြားသည္။

ကေလးမေလး၏မိဘႏွစ္ပါးျဖစ္ပုံရသည့္လူႏွစ္ေယာက္ဟာလူအုပ္ၾကားထဲအတင္းအၾကပ္တိုးဝင္လာၿပီး ေရွာင္က်န့္ရင္ခြင္ထဲတြင္ ေအာ္ငိုေနသည့္ကေလးမေလးကိုျမင္သည့္အခါတြင္ျပာယာခပ္သြားၾကသည္။ သူတို႔သမီးေလးဟာ သူမရဲ႕ခႏၶာကိုယ္ေသးေသးေလးျဖင့္လူအုပ္ၾကားထဲအတင္းတိုးဝင္သြားေသာေၾကာင့္ အခ်ိန္မွီအနားမွာမရွိေပးနိုင္လိုက္တာျဖစ္သည္။

ကေလးမိဘေတြျပန္လည္မတုံ႕ျပန္ရေသးခင္မွာပဲ ႐ႊယ္ရင္းရင္းဟာ ေဂၚဖီထုတ္တစ္ခုျဖင့္ျပစ္ေပါက္ျခင္းခံလိုက္ရသည္။

"မေကာင္းဆိုးဝါးမ!!"

ခ်က္ခ်င္းဆိုသလိုပင္ ႐ႊယ္ရင္းရင္းဟာ ေဘးပတ္ဝန္းက်င္မွလူေတြဆီကေန ပုတ္ေနတဲ့အသီးေတြ ၊ၾကက္ဥေတြျဖင့္ေကာက္ေပါက္ျခင္းခံလိုက္ရ၏။

"ထြက္သြား!"

"မိန္းမယုတ္!!"

"ဘာမွမသိတဲ့ ကေလးတစ္ေယာက္ကိုေတာင္ထိခိုက္ေအာင္လုပ္ရဲတယ္!...ရိုင္းစိုင္းတဲ့မိန္းမ!!"

"႐ြံစရာေကာင္းတဲ့ျပည့္တန္ဆာလိုမိန္းမ!!ထြက္သြား!!!"

"ကြမ္က်ိဳးကမင္းကိုမႀကိဳဆိုဘူး!"

"ကြမ္က်ိဳးကထြက္သြား!!"

႐ႊယ္ရင္းရင္း၏မ်က္ႏွာမွာမယုံၾကည္နိုင္မႈေတြနဲ႕အတူ ေသြးပ်က္ေျခာက္ျခားလာ၏။လူတိုင္း၏ စက္စုပ္႐ြံရွာသည့္အၾကည့္ေတြက သူမကိုအသည္းခိုက္မတတ္ေၾကာက္႐ြံ႕လာေစသည္။

"အား!!!"

တစ္ကိုယ္လုံးနံေစာ္ေပပြသြားသည့္ ႐ႊယ္ရင္းရင္းဟာ သူမေခါင္းကိုအ႐ူးတစ္ေယာက္လိုအုပ္ကိုင္ထားရင္းအားလုံးေရွ႕မွေျပးထြက္သြားသည္။

ေရွာင္က်န့္က ကေလးမေလးကိုအငိုတိတ္ေစရန္ေခ်ာ့ျမဴ၍ မိဘႏွစ္ပါး၏လက္ထဲသို႔အေသအခ်ာျပန္ထည့္ေပးလိုက္သည္။ၿပီးေနာက္ ဖင္းဂူေဖး၏ စကားေျပာခ်င္ေနသည့္ဟန္ျဖင့္အျပဳအမူေတြကိုလ်စ္လ်ဴရႈ႕၍ အဖြားအိုကိုတြဲကိုင္ထားရင္းလူေတြၾကားထဲတိုးဝင္ေပ်ာက္ကြယ္သြားသည္။

ဖင္းဂူေဖးဟာ ဘယ္လိုပဲအသည္းအသန္ရွာပါေစ၊ ေရွာင္က်န့္၏အရိပ္အေယာင္ေလးကိုေတာင္မွဖမ္းမိျခင္းမရွိခဲ့ပါေခ်။

ေရွာင္က်န့္ကအဖြားအိုကို လူပ်က္သည့္လမ္းၾကားတစ္ေနရာသို႔ဆြဲေခၚလာသည္။ခ်က္ခ်င္းပင္ သူ႕ရဲ႕ရိုေသေလးစားသည့္ဟန္ပန္မွာေပ်ာက္ကြယ္သြားၿပီးအဖြားအိုလက္ထဲသို႔အိတ္တစ္အိတ္ ျပစ္ေပးလိုက္သည္။

၎ရႈံ႕အိတ္ေလးမွာ ဇာတ္လိုက္မ ၏ေပ်ာက္ဆုံးေနေသာေငြအိတ္ပင္ျဖစ္သည္။ ဖင္းဂူေဖး အဖြားအို၏ခႏၶာကိုယ္ကိုရွာေဖြစဥ္က အုန္းသီးကို ထိုအိတ္ေလးအားဖြက္ထားေပးဖို႔ရန္အတြက္သတိေပးခဲ့ျခင္းေၾကာင့္ အႏွီးရႈံ႕အိတ္ေလးမွာ အဆုံးမရွိအစမရွိေပ်ာက္ကြယ္သြားခဲ့ျခင္းျဖစ္သည္။

"ခင္ဗ်ားရဲ႕ အလိုက္တစ္သင့္တုံ႕ျပန္ေပးမႈအတြက္ေတာ့ေက်းဇူးပဲ.....ဒါကိုဆုလို႔သေဘာထားလိုက္"

အဖြားအိုဟာ ေလးတစ္ ေနသည့္ရႈံ႕အိတ္ေလးကိုကိုင္ရင္းေပ်ာ္႐ႊင္စြာၿပဳံးလိုက္သည္။သူမေမာ့ၾကည့္လိုက္ခ်ိန္၌ လွပလြန္းေသာလူငယ္ေလးမွာအစအနေတာင္ရွာမရေအာင္ေပ်ာက္ကြယ္သြားခဲ့ၿပီးျဖစ္သည္။

*********

"ရိေပၚ.....ငါျပန္လာၿပီ"

သူတို႔ဝယ္ယူထားတာ မၾကာေသးသည့္အိမ္ေတာ္သို႔ျပန္ေရာက္သည့္အခါတြင္ေရွာင္က်န့္ပထမဆုံးလုပ္သည္က ဝမ္ရိေပၚကိုေအာ္ေခၚတာသာျဖစ္သည္။ဝမ္ရိေပၚက ကမန္းကတန္းထြက္လာၿပီး သူ႕ဆီေျပးဝင္လာသည့္ေရွာင္က်န့္၏ခႏၶာကိုယ္ေလးကို ထိန္းကိုင္လိုက္သည္။

"ပင္ပန္းလို႔လား"

"အင္း.....ငါ့ကိုခ်ီ"

ေရွာင္က်န့္ကပ်င္းရိပ်င္းတြဲမွီထားရင္းသူ႕လက္ေလးႏွစ္ဖက္ျဖင့္ဝမ္ရိေပၚကိုကပ္တြယ္လ်က္ ကပ္ပါးေကာင္ေလးလိုမ်ိဳးျပဳမူသည္။ဝမ္ရိေပၚကစိတ္မကြက္သည့္အျပင္ သေဘာေတာင္က်ေသးသည္။

သူကေရွာင္က်န့္၏ ဖိနပ္ရွည္ေတြကိုဂ႐ုတစိုက္ခြၽတ္ေပးလိုက္ရင္းညင္ညင္သာသာေပြ႕ခ်ီလိုက္သည္။

"ဒီည ကြမ္က်ိဳးမွာ ညေဈးရွိတယ္....ဒါေၾကာင့္ အရမ္းပင္ပန္းေနရင္ အခုထဲကႀကိဳတင္အားေမြးထားမွရမယ္...."

"အင္းပါ....ေလာေလာဆည္ငါမလႈပ္ခ်င္ေတာ့ဘူး"

"ကိစၥမရွိဘူး....ကိုယ့္ရဲ႕ ဧကရီေလးကဒီအတိုင္းၿငိမ္ၿငိမ္ေလးေနေပး....ကိုယ္ကမင္းရဲ႕ေျခနဲ႕လက္ ျဖစ္ေပးမယ္ေလ"

_________________________________________________________

Continua a leggere

Ti piacerà anche

635K 84.6K 143
Start Date - 10 Feb 2021 End Date - ? { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
12.5K 754 10
[Unicode] Xiao hei Bai ဟာတရုတ်ပြည်ရဲ့top3 ကုမ္မဏီတွေထဲကတစ်ခုကိုဦးစီးတဲ့ ငယ်ရွယ်ထက်မြတ်တဲ့Ceo တစ်ယောက် တစ်နေ့အလုပ်ကိစ္စနဲ့ခရီးသွားရင်းလမ်းမှာကား acci...
15.1K 1.2K 20
CFY×LYX= Love Starting date- 9.6.2020 Finish date- 3.8.2020
1.7M 70K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...