Unicode
"ကွမ်ကျိုးကရှု့ခင်းတွေက တကယ်လှတာလား"
"အင်း....ကိုယ်တစ်ခါမှတော့မရောက်ဖူးပေမယ့် ညီလာခံကအမတ်တွေအမြဲတမ်းပြောပြောနေတာကြားဖူးတယ်....ကွမ်ကျိုးရဲ့ ညဘက် ကောင်းကင်ပေါ်ကရှု့ခင်းကအရမ်းလှတယ်တဲ့....ချစ်သူတွေအတူတူကြည့်ဖို့အတွက်အသင့်တော်ဆုံးလို့လည်း ပြောတယ်...."
"ဒါဆိုကောင်းတာပေါ့...."
"အင်း....ပြီးတော့ကွမ်ကျိုးက ညဈေး ကခရီးသွားတွေအများကြီးကိုဆွဲဆောင်နိုင်တယ်လို့လည်းပြောကြတယ်...."
"ခင်ဗျားကစီစဥ်တတ်လိုက်တာ"
"ဒီ....ဒီလိုပါပဲ....အဟမ်း"
ဝမ်ရိပေါ်၏မျက်နှာချောချောမှာအနည်းငယ်နီရဲတတ်လာပြီးကျေနပ်စွာချောင်းဟမ့်လိုက်သည်။အခုသူတို့နှစ်ယောက်ဟာ သာမန်ခရီးသွားမြင်းလှည်းတစ်ခုထဲမှာဖြစ်ပြီး ဟန်းနီးမွန်းအတွက်လည်ပတ်လို့ကောင်းမည့်နေရာကို ရိပေါ်ကကြိုးစားပမ်းစားရှာဖွေထားသည်။
နိုင်ငံရေးကိစ္စအရပ်ရပ်တွေကိုတော့......အမတ်တွေကငတုံးမှမဟုတ်တာ။နှစ်ရက်သုံးရက်လောက်တော့ ဧကရာဇ်မင်းမရှိလဲ ကိုင်တွယ်ဖြေရှင်းနိုင်သင့်တယ်။
မြို့တော်မှာကျန်ရစ်ခဲ့သည့်အမတ်အပေါင်းမှာတော့ ငိုကြီးချက်မဖြင့် ရင်ထုမနာဖြစ်နေကြရရှာသည်။ဧကရာဇ်အရှင်က ပြဿနာအားလုံးကို ဝှီးကနဲဆိုပြီးသူတို့ခေါင်းပေါ် ပြစ်တင်၍ အသစ်စက်စက်ဧကရီလေးနှင့်အတူ ပျော်ပျော်ရွှင်ရွှင်ခရီးထွက်သွားသည်တဲ့လေ။
အော်.....အရမ်းတွေတရားကျဖို့ကောင်းပါလား။
ရှောင်ကျန့်ကယခုအချိန်တွင်သူ့ရဲ့မူရင်းယောက်ျားလေး သဏ္ဍာန်ကိုသာဖော်ပြထားသည်။ ဒီလိုအခြေအနေမျိုး၌ မိန်းကလေးတစ်ယောက်လိုရှုပ်ရှုပ်ခတ်ခတ်ဝတ်စားပြီး သွားလာချင်စိတ်မရှိပါချေ။
အခုကသူနဲ့သူ့ယောက်ျားတို့နှစ်ယောက်၏ ဟန်းနီးမွန်းခရီးစဥ်ဖြစ်တာကြောင့် မည်သည့်အစောင့်ရဲမက်ကိုမှခေါ်မလာခဲ့ပေ။မြို့တော်က အမတ်မင်းတွေတောင်မှ ဧကရာဇ်နှင့်ဧကရီမှာ မည်သည့်နေရာကိုဦးတည်နေမှန်းမသိကြတာကြောင့်အတော်လေးအခက်တွေ့ရင်း ကျန်ရစ်ခဲ့ကြသည်မဟုတ်ပါလား။
အမတ်တွေဟာအစပထမတော့ အစောင့်အရှောက်တွေတစ်ယောက်မှမပါပဲ ခရီးထွက်ချင်နေသည့်ဧကရာဇ်ကြောင့်အသည်းအသန်ငြင်းဆန်ခဲ့ပါသော်လည်း ဘာမှထူးခြားမလာခဲ့ချေ။
ရှောင်ကျန့်ကဝမ်ရိပေါ်၏ပါးတစ်ဖက်ကိုမွကနဲမြည်အောင်နမ်းလိုက်ပြီး ရွေ့လျားနေသည့်မြင်းလှည်း၏တံခါးကနေတစ်ဆင့်သူ့ခေါင်းလေးကိုထုတ်လိုက်သည်။
"ဦးလေးကြီး....ကွမ်ကျိုးရောက်ဖို့ဘယ်လောက်လိုသေးလဲ"
လှည်းမောင်းနေသည့်ဦးလေးကြီးပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်ပြန်ဖြေသည်။
"သိပ်မကြာတော့ပါဘူး ကောင်လေးရ....နေ့တစ်ဝက်လောက်ဆိုရောက်ပါပြီ"
"ဟုတ်....ရောက်ရင်သတိပေးဦးနော်ဦးလေးကြီး"
"အေး...အေး...."
ရှောင်ကျန့်က တတ်ကြွစွာပင်လှည်းထဲပြန်ဝင်ထိုင်လိုက်ပြီး ဝမ်ရိပေါ်ကို ရရင်ရသလိုဆက်ကလူနေသည်။မြင်းလှည်းမောင်းတဲ့ဦးလေးကြီးပြောတဲ့အတိုင်းပင်နေ့ခင်း၌ ကွမ်ကျိုးသို့စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့၏။
ဝမ်ရိပေါ်ပြောတာမှန်သည်။ကွမ်ကျိုးကလွန်စွာလူစည်ပြီးပတ်ဝန်းကျင်မှာသန့်ရှင်းသပ်ရပ်သည်။ရိပေါ်က သူတို့နှစ်ယောက်ယာယီနေထိုင်ရန်အတွက် မြို့လည်ကအိမ်တော်တစ်ခုကို ဝယ်ယူလိုက်သည်။ရှောင်ကျန့်က အကြာကြီးနေရမည်မဟုတ်တာကြောင့်ငှားဖို့ရန်သာပြောသော်လည်းဝမ်ရိပေါ်က အကျိုးသင့်အကြောင်းသင့်ရှင်းပြသည်။
"ကွမ်ကျိုးကရှု့ခင်းတွေကတကယ်လှတယ်.....ဒါကြောင့်ကိုယ်တို့နှစ်ယောက်အားရင်အားသလိုဒီကိုလာလည်သင့်တယ်...."
"ဒါကြောင့်တစ်ခါတည်းတန်းဝယ်လိုက်တာပေါ့လေ...."
"အင်း....ကိုယ့်မှာငွေမရှားပါဘူး"
"....."
နိုင်ငံတော်ဘဏ္ဍာတိုက်ကြီးကိုတောင်စိတ်ကြိုက်သုံးဖြုန်းနိုင်တဲ့ ယောက်ျားကိုရထားမှတော့လည်း ရှောင်ကျန့်ဟာအနည်းငယ်ဂုဏ်ဆာမိသွားသလိုခံစားလိုက်ရသည်။
"အပြင်ထွက်လည်ရအောင်.....ခင်ဗျားတစ်ခါမှလွတ်လွတ်လပ်လပ်အပြင်မထွက်ဖူးဘူးမဟုတ်လား"
"အင်း"
ရိပေါ်ကပြုံးပြုံးရွှင်ရွှင်ဖြင့်ပင်ရှောင်ကျန့်ဆွဲခေါ်ရာနောက်လိုက်ပါသွားသည်။ရှောင်ကျန့်ပြောတာမမှားပေ။ရိပေါ်ဘဝတွင်စစ်ပွဲတွေ၊နိုင်ငံရေးတွေနှင့်ပြည့်နှက်နေပြီး တစ်ခါမှယခုလိုမျိုးစိတ်လွတ်ကိုယ်လွတ်မပျော်ပါးခဲ့ဖူးတာသေချာသည်။
လူစည်ကားလှတဲ့ ကွမ်ကျိုးမြို့လည်တွင် တစ်မူထူးခြားသည့်ရုပ်ရည်တွေပိုင်ဆိုင်ထားသည့် ယောက်ျားလေးနှစ်ယောက်ဟာ တစ်ယောက်လက်တစ်ယောက်ဆွဲရင်းလျှောက်ပတ်ကြည့်နေခဲ့ကြသည်။ရိပေါ်အတွက်တော့မြင်သမျှအရာအားလုံးက ထူးဆန်းလှသည်။
သူ့တိုင်းပြည်ထဲ၌ယခုလိုလှပသည့် နေရာမျိုးရှိမှန်းအမှန်တကယ် မထင်ထားခဲ့ပေ။ဖြတ်သွားဖြတ်လာတော်တော်များများက ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ကိုလည်ပြန်ငေးမိကြသည်။ အဓိကအကြောင်းအရင်းမှာ သူတို့နှစ်ယောက်လုံး၏ရုပ်ရည်မှ သာမန်အဝတ်အစားတွေသာဝတ်ဆင်ထားသော်လည်းပဲ အလွန်အကျူးထင်ရှားလွန်းနေခြင်းကြောင့်အပြင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည့်လက်ဖဝါးနှစ်ဖက်ကြောင့်လည်းပါ၏။
ဒါပေမယ့်ရှေးခေတ်လူတော်တော်များများဟာ ယောက်ျားလေးချင်းချစ်ကြိုက်လို့ရမှန်းတောင်မသိသည်ကများတာကြောင့် သာမန်အရမ်းချစ်ကြသည့်သူငယ်ချင်းတွေဟုသာသတ်မှတ်လိုက်ကြသည်။
"ရိပေါ်....ဟိုမှာအမှတ်တရပစ္စည်းတွေရောင်းတယ်ထင်တယ်....သွားကြည့်ကြရအောင်"
ရှောင်ကျန့်က ရိပေါ်လက်ကိုဆွဲရင်း လမ်းဘေးတစ်နေရာရှိဆိုင်လေးတစ်ဆိုင်သို့ရောက်ရှိသွားသည်။
ပစ္စည်းတွေကိုလျှောက်ကြည့်နေရင်းရှောင်ကျန့်ဟာပစ္စည်းတစ်ခုကိုမျက်စိကျသွားသည်။သူကရိုးရိုးရှင်းရှင်းဖြင့်ပုံဖော်ထားသည့်သစ်သားဆံထိုးလေးတစ်ချောင်းကိုကောက်ယူလိုက်သည်။၎င်းကရိုးရှင်းဟန်ပေါ်သော်လည်းတစ်နည်းတစ်ဖုံဖြင့်လက်ရာမြောက်ပြီးလှပနေပြန်၏။
"ဦးလေး....ဒါဘယ်လောက်ပေးရလဲ"
"ကြေးပြားနှစ်ပြားပဲပေးပါ"
ရှောင်ကျန့်ကသူ့ရှုံ့အိတ်လေးကိုဖွင့်လိုက်ပြီးဆိုင်ရှင်ဦးလေးကြီး၏လက်ထဲသို့ကြေးပြားနှစ်ပြားထည့်ပေးလိုက်သည်။၎င်းကအနည်းငယ်ဈေးကြီးဟန်ပေါ်သော်လည်းရှောင်ကျန့်အတွက်တော့ဘာမှမဟုတ်ပေ။
"ကိုယ်ဝယ်ပေးမယ်လေ"
ဝမ်ရိပေါ်၏အနည်းငယ်ဆူပုတ်ချင်နေသည့်မျက်နှာချောချောကြီးကိုမြင်သည့်အခါတွင်ရှောင်ကျန့်ဟာပတ်ဝန်းကျင်တစ်ခုလုံးကိုတောက်ပသွားစေသည့်အပြုံးလေးတစ်ခုကိုဖော်ပြလိုက်သည်။တစ်ခြားဈေးဝယ်သူတွေနှင့်ဆိုင်ရှင်ဦးလေးကြီးတောင်ရှောင်ကျန့်ကိုငေးမောမိသွားသည်အထိပင်။
ထိုအဖြစ်အပျက်ကြောင့်ဝမ်ရိပေါ်၏မျက်နှာမှာပိုမိုဆူပုတ်သွားပြီးမနာလိုဝန်တိုစိတ်တွေအလွန်အမင်းထိုးတတ်လာ၏။ရှောင်ကျန့်ကသူ့ယောက်ျား၏စိတ်အခြေအနေကိုနားလည်သော်လည်းပဲ ဘာမှပြန်ဖြေရှင်းခြင်းမရှိသေးပေ။
သူပြောလိုက်သည်။
"ခေါင်းငုံ့....."
ရိပေါ်က သူ့ဇနီးလေး၏ပြောသမျှစကားတိုင်းကိုမလွန်ဆန်နိုင်သူပီပီ သူ့ရဲ့မြင့်မားလွန်းသောအရပ်ကိုနှိမ့်ချ၍ ရှောင်ကျန့်ရှေ့ခေါင်းငုံ့ပေးသည်။ရှောင်ကျန့်က သူ့လက်ထဲရှိသစ်သားဆံထိုးလေးကို ရိပေါ်၏ဆံနွယ်တွေကြားထဲထည့်လိုက်သည်။
"ဒါကခင်ဗျားနဲ့အရမ်းလိုက်တယ်"
ဝမ်ရိပေါ်၏ ဇာမဏီသဏ္ဍာန်မျက်ဝန်းတွေမှာအနည်းငယ်ဝိုင်းစက်သွားရင်းရှောင်ကျန့်ကို အံ့ဩတကြီးကြည့်၏။ သူ့ရဲ့မျက်နှာချောချောကြီးမှာ တဖြည်းဖြည်းနီရဲတတ်လာပြီး ပယင်းရောင်မျက်ဝန်းတစ်စုံမှာကျေနပ်နှစ်သိမ့်မှုတွေပြည့်လျှံသွားသည်။
"ဒါကအရမ်း အဖိုးမတန်ပေမယ့် ခင်ဗျားသေချာသိမ်းထားပေးနော်"
ဝမ်ရိပေါ်ကခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ပြသည်။ သူ့အတွက်အရေးကြီးဆုံးမှာဈေးနှုန်းမဟုတ်ပေ။အဓိကအချက်မှာ သူ့ဇနီးလေးဆီက စိတ်ရင်းမှန်ဖြင့်ပေးအပ်လာသည့်လက်ဆောင်လေးတစ်ခုဖြစ်သည်။
ရိပေါ်၏ချောမောလှပသောမျက်နှာမှာ ပျော်ရွှင်ကျေနပ်လွန်းတာကြောင့်ခပ်ဖွဖွနီရဲနေခဲ့သည်။
ဝမ်ရိပေါ်က ချက်ချင်းပင်သူ့ခေါင်းပေါ်ရှိဆံထိုးနှင့်ပုံစံတူတစ်ခုကိုရှာဖွေလိုက်သည်။သူရှာတွေ့သွားသည်။၎င်းက ရှောင်ကျန့်သူ့ကိုပေးသည့်ဟာထက် ပိုမိုသေးသွယ်သည်။
ရိပေါ်ကဆံထိုးကိုဝယ်ယူ၍ငွေပေးချေလိုက်ပြီးရှောင်ကျန့်၏ခေါင်းထက်တွင်တပ်ဆင်ပေးလိုက်သည်။ပြီးနောက်ရှောင်ကျန့်၏ကျောက်စိမ်းဖြူကဲ့သို့နားရွက်လေးနားတိုးကပ်သွားလိုက်ရင်းခပ်တိုးတိုးပြောသည်။
"အခု ကိုယ်တို့နှစ်ယောက်မှာဆင်တူ ဆံထိုးနှစ်ချောင်းရှိသွားပြီ"
ရှောင်ကျန့်ကပြုံးရယ်ရင်းရိပေါ်လက်ကိုဆွဲ၍မြို့အတွင်းလျှောက်ပတ် လည်ကြသည်။သူတို့ သဘောကျသည့်ပစ္စည်းမျိုးစုံဝယ်ယူကြသည်။ပြီးတော့ထန်ဟူလူ တစ်ယောက်တစ်ချောင်းဆီလက်ထဲတွင်ကိုင်ရင်းလက်နှစ်ဖက်ကိုတင်းတင်းကြပ်ကြပ်တွယ်ဆက်ထားလျက် သူတို့စိတ်ကျေနပ်သည်အထိလျှောက်သွား၏။
"ကိုယ်တို့ပြန်ကြတော့မလား...."
ရှောင်ကျန့်ကခေါင်းငြှိမ့်ပြရန်ပြင်လိုက်ချိန်၌ အုန်းသီး၏အသံသေးအသံညောင်မှ သူ့စိတ်ထဲထွက်ပေါ်လာသည်။
[hostရေ!!....အရေးကြီးသတင်းဗျ!....အရေးကြီးသတင်း!]
'ဘာသတင်းလဲ?'
[ဇာတ်လိုက်မ ကွမ်ကျိုးမြို့ကိုရောက်နေပြီဗျ...]
'.....'
ရှောင်ကျန့်ကြောင်သွားသည်။
'နေစမ်းပါဦး....သူကဘယ်ကနေဘယ်လိုရောက်လာရပြန်တာလဲ'
[အမ်း....ခဏနေအုံး....ကျွန်တော်ပြန်စစ်ဆေးကြည့်လိုက်ဦးမယ်]
အုန်းသီးကခဏမျှတိတ်ဆိတ်သွားသည်။အပြင်ဘက်တွင်ရိပေါ်ဟာငြိမ်သက်သွားသည့်ရှောင်ကျန့်ကြောင့် သူ့လက်ဖဝါးလေးကိုအားအနည်းငယ်ထည့်၍ ဖြစ်ညှစ်လိုက်သည်။
"ဟမ်....ဘာဖြစ်လို့လဲ"
"ကိုယ်မေးနေတာလေ....အိမ်ပြန်နားတော့မယ်မဟုတ်လားလို့"
"အာ....အင်း....ခုနကကျွန်တော်ဈေးဝယ်ရင်း တစ်ခုခုမေ့ကျန်ခဲ့တာသတိရလို့.....ရိပေါ်ပြန်နှင့်လိုက်လေ.....ကျွန်တော်သွားရှာကြည့်မလို့....."
"ကိုယ်ပါလိုက်ခဲ့လို့မရဘူးလား"
"လက်ထဲကဟာတွေကို အိမ်ပြန်ပြီးသွားထားဖို့လိုတယ်လေ.....မဟုတ်ရင်သွားသွားလာလာနဲ့ ပိုပြီးပင်ပန်းရုံပဲရှိတော့တာပေါ့.....ကဲပါ....ကျွန်တော်ကလေးမဟုတ်ပါဘူး....ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါတယ်"
ရှောင်ကျန့်ကလက်ထဲ ပစ္စည်းမျိုးစုံဖြင့်ပြည့်နှက်နေသည့်ရိပေါ်ကိုနောက်ကျောမှာတွန်း၍သူ့မျက်လုံးလေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။
ရိပေါ်၏မျက်နှာချောချောမှာချက်ချင်းဆိုသလိုနီရဲသွားပြီး သူ့ဇနီးလေး၏တောင်းဆိုမှုမှန်သမျှကိုမငြင်းဆန်နိုင်သူပီပီခေါင်းငြှိမ့်ပြလိုက်သည်။ရှောင်ကျန့်ကိုစိတ်မချနိုင်သည့်မျက်ဝန်းတွေဖြင့်လှည့်ကြည့် လှည့်ကြည့်လုပ်ရင်း တွန့်ဆုတ်စွာထွက်သွားရရှာသည်။ရိပေါ်၏နောက်ကျောပြင် သူ့အမြင်ထဲကပျောက်သွားတာနဲ့ရှောင်ကျန့်၏ နဂိုပြုံးရွှင်နေသည့်မျက်နှာလှလှလေးမှာ ချက်ချင်းဆိုသလိုဆန့်ကျင်ဘက်သို့ပြောင်းလဲသွားသည်။
သူ့ရဲ့မက်မွန်သီးသဏ္ဍာန်မျက်ဝန်းတွေကိုမှေးကျဥ်းလိုက်ရင်းနဖူးပေါ်ဝဲကျနေသည့်ဆံပင်တွေကို သပ်တင်လိုက်သည်။ပါးစောင်ထဲလျှာထိုးထည့်ထားသည့်ရှောင်ကျန့်၏ထီမထင်သည့်ဟန်ဖြင့် ယခုပုံစံလေးမှာလွန်စွာဆွဲဆောင်ညှို့ငင်နိုင်စွမ်းပြင်းထန်လွန်းသည့်နတ်ဆိုးလေးတစ်ကောင် နှင့်တူ၏
ပတ်ဝန်းကျင်ရှိ ပျိုပျိုအိုအို လူအပေါင်းဟာသူ့ကိုငေးကြည့်ရင်းရှက်သွေးမဖြာပဲမနေနိုင်လောက်အောင်ပင်။
'အုန်းသီး....အဲ့ဒီမိန်းမက မြို့တော်မှာရှိနေရမှာမဟုတ်ဘူးလား'
[ခဏ...အာ....ကျွန်တော်သိပြီ]
'ပြော'
[သူ ရွှယ်အမတ်ကြီးဆီကမတော်တဆကြားသွားတာ]
'မဖြစ်နိုင်လိုက်တာ....ငါတို့နှစ်ယောက်ကွမ်ကျိုးကိုလာမယ်ဆိုတာဘယ်သူမှသိထားတာမဟုတ်ဘူး'
[ဒါတော့ဟုတ်ပါတယ်hostရဲ့....ဒါပေမယ့် သူကအမြဲတမ်းလိုချင်တာမှန်သမျှရတဲ့ဇာတ်လိုက်မ လေဗျာ....သူက hostချစ်သူနဲ့တွေ့ချင်တဲ့အချိန်မှာ ရွှယ်အမတ်ကြီးက နန်းတွင်းအလုပ်တွေပိပြီး ညည်းညူနေတာကိုကြားသွားခဲ့တာ.....]
[hostတို့နှစ်ယောက်ဘယ်ရောက်နေမှန်းသူ မသိပေမယ့် ရွှယ်အိမ်တော်ကနေခိုးထွက်လာပြီးပြီးချင်းမှာပဲ ပထမဆုံးလူကြုံလိုက်မယ့်ကုန်သည်လှည်းက ကွမ်ကျိုးကိုသွားမယ့်လှည်းဖြစ်နေတယ်လေ...."
'.....'
ရှောင်ကျန့်ကစိတ်ပျက်စွာကျစ်သပ်လိုက်သည်။
'ဒီတော့ ဇာတ်လိုက်မရဲ့လိုတိုင်းရနေတဲ့ ကံကြမ္မာက ကွမ်ကျိုးအထိ အဓိပ္ပါယ်လုံးဝမရှိအောင်ဆွဲခေါ်လာတာလို့ဆိုလိုချင်တာပေါ့'
[အဲ့ဒီလိုပါပဲhost]
'ဒီလိုကိစ္စမျိုးကျတော့ စည်းမျဥ်းတွေကလွှတ်ပေးထားတာပဲလား'
[စည်းမျဥ်းတွေရဲ့တည်ရှိမှုကကြီးမြင့်တာမှန်ပေမယ့် ဒီကမ္ဘာရဲ့ဖန်တီးရှင် စာရေးဆရာကိုလွန်ဆန်လို့မရပါဘူးhost....ဒါကြောင့်လည်း အပြင်လူဖြစ်တဲ့ hostကိုအကူအညီတောင်းနေရတာဗျ.....မဟုတ်ရင်သူတို့ကိုယ်တိုင် ဇာတ်လမ်းဇာတ်ကွက်တွေကိုပြောင်းလဲလိုက်တာကြာပေါ့....]
ရှောင်ကျန့်ကအုန်းသီးပြောချင်တာကိုနားလည်သည်။
'ဒါဆို....အခုအဲ့ဒီမိန်းမ ဘယ်မှာရှိနေလဲ'
[hostနဲ့အရမ်းမဝေးပါဘူးဗျ....မြောက်ဘက်လမ်းမ အတိုင်းနာရီဝက်လောက်လျှောက်သွားရင်ဇာတ်လိုက်မ ကိုတွေ့လိမ့်မယ်....အမ်း....သူအခု လူတစ်ယောက်နဲ့ စကားများနေတယ်]
ရှောင်ကျန့်ကအချိန်ဆိုင်းမနေပဲ ဇာတ်လိုက်မရှိရာဆီဦးတည်လိုက်သည်။သူဘယ်လိုလုပ်မခန့်မှန်းမိပဲနေမှာတဲ့လဲ။ရွှယ်ရင်းရင်းက သူယောက်ျားကိုတပ်မက်နေသည်။ဒါကြောင့်လည်းအကြောင်းအမျိုးမျိုးဖြင့်တွေ့ခွင့်ရစေရန် ကြိုးစားနေခြင်းဖြစ်သည်။ဒီလိုမိန်းမ မျိုးကိုနည်းနည်းလေးမှ မကလိရရင်ရှောင်ကျန့်ကျေနပ်နိုင်မှာမဟုတ်ပေ။
ရှောင်ကျန့်က အုန်းသီး၏လမ်းညွှန်ရာအတိုင်းအလောတကြီးပြေးထွက်သွားသည်။လူရှုပ်ထွေးနေသည့်လမ်းမကြီး၌ လူတစ်ချို့ကိုဂရုတစိုက်ဖြတ်ကျော်နေရင်းတစ်နေရာအရောက်တွင်လူတစ်ယောက်နှင့် ပုခုံးချင်းမတော်တဆတိုက်မိသွား၏။ တိုက်မိသည့်အားမှာအနည်းငယ်ပြင်းထန်တာကြောင့်ရှောင်ကျန့်နှင့်တစ်ဖက်လူ၏ခန္ဓာကိုယ်မှာအနည်းငယ်လည်ထွက်သွားသည်။
တစ်ဖက်လူက အတော်လေးချောမောသော အရပ်မြင့်မြင့်ယောက်ျားတစ်ယောက်ဖြစ်သည်။သို့ပေမယ့် ဝမ်ရိပေါ်ကိုတော့နှိုင်းယှဥ်မရပေ။
ထိုသူကသူ့ကိုတစ်စုံတစ်ယောက်အရှိန်ဖြင့်ဝင်တိုက်လိုက်သည့်အခါတွင်သူ့မျက်လုံးတွေကိုမကျေနပ်မှုအပြည့်ဖြင့်မှေးကျဥ်းလိုက်သော်ငြား တရားခံဖြစ်သူ၏မက်မွန်သီးသဏ္ဍာန်မျက်ဝန်းတွေနှင့်ထိပ်တိုက်ကြုံတွေ့လိုက်ရသောအခါတွင်လုံးဝကြက်သေသေ သွားရှာသည်။
ဒါကသိသိသာသာယောက်ျားလေးတစ်ယောက်ဖြစ်သော်လည်းပဲ မည်သည့်မိန်းကလေးတိုင်းထက်မဆို သာလွန်လှပလွန်းသည့်မျက်နှာလေးက သူ့ကိုတစ်နည်းတစ်ဖုံဖြင့်အံ့အားသင့်စေသည်။သူ့ရင်ထဲ၌မြင်းအကောင်တစ်သောင်းလောက် ဒုန်းဆိုင်းပြေးသွားသလိုခံစားလိုက်ရသည်။
ရှောင်ကျန့်က ရွှယ်ရင်းရင်းကိုပြဿနာရှာမည့်ဘက်စိတ်ရောက်နေတာကြောင့်တစ်ဖက်လူကိုအလောတကြီးသာတောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်....တောင်းပန်ပါတယ်....ကျွန်တော်အရေးကြီးကိစ္စတစ်ခုရှိနေလို့ပါ"
ရှောင်ကျန့်ကချက်ချင်းလှည့်ထွက်သွားတော့မည်ဟန်ကိုမြင်သည့်အခါတွင်ထိုသူဟာ ခြေမကိုင်မိလက်မကိုင်မဖြင့် သူ့လက်ကိုလှမ်းဆွဲလိုက်သည်။ရှောင်ကျန့်၏မျက်နှာမှာချက်ချင်းတည်တန့်သွားသည်။
"မင်းဘာလုပ်တာလဲ"
"ကိုယ်..."
[ကျွန်တော့်ရဲ့ချစ်လှစွာသောhostရေ....အဲ့ဒါဇာတ်လိုက်မရဲ့ထောက်တိုင်ကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသားဇာတ်လိုက် ၊ စစ်သူကြီး ဖင်းဂူဖေးလေ]
အုန်းသီးရဲ့သတိပေးချက်ကိုရသည့်အခါတွင်ရှောင်ကျန့်၏မျက်ခုံးတွေမှာပိုမိုတွန့်ချိုးသွားသေးသည်။သူတကယ်ဇာတ်လိုက်မ၏ စဥ်းစားဆင်ခြင်းနိုင်စွမ်းမရှိသည့် ယောက်ျားတွေကို လုံးဝကြည့်မရပေ။
ရှောင်ကျန့်ကနှစ်ခါတောင်စဥ်းစားမနေပဲ ဖင်းဂူဖေး လက်ထဲရှိသူ့လက်ကောက်ဝတ်ကိုဆောင့်ဆွဲယူလိုက်သည်။ဖင်းဂူဖေး အံ့အားသင့်သွားသည်။သူကမြို့တော်မှာတောင်ရာထူးကြီးစစ်သူကြီးတစ်ဦးဖြစ်တာနဲ့အညီ သူ့ရဲ့တိုက်ပွဲဝင်ခွန်အားမှာ အားမနည်းပေ။သို့သော်လည်းဒီလှပသည့်လူငယ်လေးက သူ့လက်ထဲကနေ အသာအယာလွတ်သွားခဲ့သည်။
သူဒီလူငယ်လေးကိုပိုမိုစိတ်ဝင်စားလာသည်။
"ကျုပ်တောင်းပန်ပြီးသွားပြီလေ! နစ်နာကြေးလိုချင်တယ်ဆိုရင်လည်းပါးစပ်နဲ့ပြောရင်ရပါတယ်....ကျုပ်အသားကိုထိချင်သလိုထိပြီး လက်ပါစရာအကြောင်းမရှိဘူး"
ရှောင်ကျန့်ကမာနကြီးစွာသူ့မေးလေးကိုပင့်မလိုက်ရင်း ရွှေပြားအပြည့်ရှိတဲ့အိတ်တစ်အိတ်ကိုလှမ်းပြစ်ပေးလိုက်ရင်း ချက်ချင်းလှည့်ထွက်သွားသည်။ဖင်းဂူဖေးမှာတားချိန်တောင်မရလိုက်ပေ။
ရှောင်ကျန့်က အမျိုးသားဇာတ်လိုက်တွေကိုကြည့်မရတာအကြောင်းအရင်းတစ်ခုသာရှိသည်။၎င်းက မူလဇာတ်ကြောင်းတွင်ရွှယ်ရင်းရင်း၏ယောက်ျားတွေဟာအချင်းချင်းပူးပေါင်း၍ဝမ်ဧကရာဇ်ကိုသတ်ဖြတ်ခဲ့တာကြောင့်ပင်ဖြစ်သည်။ဇာတ်ကြောင်းထဲက ဝမ်ဧကရာဇ်မှာသူ့ချစ်သူမဟုတ်ကြောင်းသိသော်လည်းပဲ အခုသူ့ယောက်ျားမှာဝမ်ဧကရာဇ်ဖြစ်လာခဲ့ပြီမဟုတ်ပါလား။
ဒါကြောင့်ဝမ်ရိပေါ်ကိုသူ နည်းနည်းလေးတောင်အထိအခိုက်မခံနိုင်ပါချေ။
__________________________________________________________
Zawgyi
"ကြမ္က်ိဳးကရႈ႕ခင္းေတြက တကယ္လွတာလား"
"အင္း....ကိုယ္တစ္ခါမွေတာ့မေရာက္ဖူးေပမယ့္ ညီလာခံကအမတ္ေတြအၿမဲတမ္းေျပာေျပာေနတာၾကားဖူးတယ္....ကြမ္က်ိဳးရဲ႕ ညဘက္ ေကာင္းကင္ေပၚကရႈ႕ခင္းကအရမ္းလွတယ္တဲ့....ခ်စ္သူေတြအတူတူၾကည့္ဖို႔အတြက္အသင့္ေတာ္ဆုံးလို႔လည္း ေျပာတယ္...."
"ဒါဆိုေကာင္းတာေပါ့...."
"အင္း....ၿပီးေတာ့ကြမ္က်ိဳးက ညေဈး ကခရီးသြားေတြအမ်ားႀကီးကိုဆြဲေဆာင္နိုင္တယ္လို႔လည္းေျပာၾကတယ္...."
"ခင္ဗ်ားကစီစဥ္တတ္လိုက္တာ"
"ဒီ....ဒီလိုပါပဲ....အဟမ္း"
ဝမ္ရိေပၚ၏မ်က္ႏွာေခ်ာေခ်ာမွာအနည္းငယ္နီရဲတတ္လာၿပီးေက်နပ္စြာေခ်ာင္းဟမ့္လိုက္သည္။အခုသူတို႔ႏွစ္ေယာက္ဟာ သာမန္ခရီးသြားျမင္းလွည္းတစ္ခုထဲမွာျဖစ္ၿပီး ဟန္းနီးမြန္းအတြက္လည္ပတ္လို႔ေကာင္းမည့္ေနရာကို ရိေပၚကႀကိဳးစားပမ္းစားရွာေဖြထားသည္။
နိုင္ငံေရးကိစၥအရပ္ရပ္ေတြကိုေတာ့......အမတ္ေတြကငတုံးမွမဟုတ္တာ။ႏွစ္ရက္သုံးရက္ေလာက္ေတာ့ ဧကရာဇ္မင္းမရွိလဲ ကိုင္တြယ္ေျဖရွင္းနိုင္သင့္တယ္။
ၿမိဳ႕ေတာ္မွာက်န္ရစ္ခဲ့သည့္အမတ္အေပါင္းမွာေတာ့ ငိုႀကီးခ်က္မျဖင့္ ရင္ထုမနာျဖစ္ေနၾကရရွာသည္။ဧကရာဇ္အရွင္က ျပႆနာအားလုံးကို ဝွီးကနဲဆိုၿပီးသူတို႔ေခါင္းေပၚ ျပစ္တင္၍ အသစ္စက္စက္ဧကရီေလးႏွင့္အတူ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ခရီးထြက္သြားသည္တဲ့ေလ။
ေအာ္.....အရမ္းေတြတရားက်ဖိဳ႕ေကာင္းပါလား။
ေရွာင္က်န့္ကယခုအခ်ိန္တြင္သူ႕ရဲ႕မူရင္းေယာက္်ားေလး သ႑ာန္ကိုသာေဖာ္ျပထားသည္။ ဒီလိုအေျခအေနမ်ိဳး၌ မိန္းကေလးတစ္ေယာက္လိုရႈပ္ရႈပ္ခတ္ခတ္ဝတ္စားၿပီး သြားလာခ်င္စိတ္မရွိပါေခ်။
အခုကသူနဲ႕သူ႕ေယာက္်ားတို႔ႏွစ္ေယာက္၏ ဟန္းနီးမြန္းခရီးစဥ္ျဖစ္တာေၾကာင့္ မည္သည့္အေစာင့္ရဲမက္ကိုမွေခၚမလာခဲ့ေပ။ၿမိဳ႕ေတာ္က အမတ္မင္းေတြေတာင္မွ ဧကရာဇ္ႏွင့္ဧကရီမွာ မည္သည့္ေနရာကိုဦးတည္ေနမွန္းမသိၾကတာေၾကာင့္အေတာ္ေလးအခက္ေတြ႕ရင္း က်န္ရစ္ခဲ့ၾကသည္မဟုတ္ပါလား။
အမတ္ေတြဟာအစပထမေတာ့ အေစာင့္အေရွာက္ေတြတစ္ေယာက္မွမပါပဲ ခရီးထြက္ခ်င္ေနသည့္ဧကရာဇ္ေၾကာင့္အသည္းအသန္ျငင္းဆန္ခဲ့ပါေသာ္လည္း ဘာမွထူးျခားမလာခဲ့ေခ်။
ေရွာင္က်န့္ကဝမ္ရိေပၚ၏ပါးတစ္ဖက္ကိုမြကနဲျမည္ေအာင္နမ္းလိုက္ၿပီး ေ႐ြ႕လ်ားေနသည့္ျမင္းလွည္း၏တံခါးကေနတစ္ဆင့္သူ႕ေခါင္းေလးကိုထုတ္လိုက္သည္။
"ဦးေလးႀကီး....ကြမ္က်ိဳးေရာက္ဖို႔ဘယ္ေလာက္လိုေသးလဲ"
လွည္းေမာင္းေနသည့္ဦးေလးႀကီးၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ပင္ျပန္ေျဖသည္။
"သိပ္မၾကာေတာ့ပါဘူး ေကာင္ေလးရ....ေန႕တစ္ဝက္ေလာက္ဆိုေရာက္ပါၿပီ"
"ဟုတ္....ေရာက္ရင္သတိေပးဦးေနာ္ဦးေလးႀကီး"
"ေအး...ေအး...."
ေရွာင္က်န့္က တတ္ႂကြစြာပင္လွည္းထဲျပန္ဝင္ထိုင္လိုက္ၿပီး ဝမ္ရိေပၚကို ရရင္ရသလိုဆက္ကလူေနသည္။ျမင္းလွည္းေမာင္းတဲ့ဦးေလးႀကီးေျပာတဲ့အတိုင္းပင္ေန႕ခင္း၌ ကြမ္က်ိဳးသို႔စိုက္စိုက္ၿမိဳက္ၿမိဳက္ေရာက္ရွိလာခဲ့၏။
ဝမ္ရိေပၚေျပာတာမွန္သည္။ကြမ္က်ိဳးကလြန္စြာလူစည္ၿပီးပတ္ဝန္းက်င္မွာသန့္ရွင္းသပ္ရပ္သည္။ရိေပၚက သူတို႔ႏွစ္ေယာက္ယာယီေနထိုင္ရန္အတြက္ ၿမိဳ႕လည္ကအိမ္ေတာ္တစ္ခုကို ဝယ္ယူလိုက္သည္။ေရွာင္က်န့္က အၾကာႀကီးေနရမည္မဟုတ္တာေၾကာင့္ငွားဖို႔ရန္သာေျပာေသာ္လည္းဝမ္ရိေပၚက အက်ိဳးသင့္အေၾကာင္းသင့္ရွင္းျပသည္။
"ကြမ္က်ိဳးကရႈ႕ခင္းေတြကတကယ္လွတယ္.....ဒါေၾကာင့္ကိုယ္တို႔ႏွစ္ေယာက္အားရင္အားသလိုဒီကိုလာလည္သင့္တယ္...."
"ဒါေၾကာင့္တစ္ခါတည္းတန္းဝယ္လိုက္တာေပါ့ေလ...."
"အင္း....ကိုယ့္မွာေငြမရွားပါဘူး"
"....."
နိုင္ငံေတာ္ဘ႑ာတိုက္ႀကီးကိုေတာင္စိတ္ႀကိဳက္သုံးျဖဳန္းနိုင္တဲ့ ေယာက္်ားကိုရထားမွေတာ့လည္း ေရွာင္က်န့္ဟာအနည္းငယ္ဂုဏ္ဆာမိသြားသလိုခံစားလိုက္ရသည္။
"အျပင္ထြက္လည္ရေအာင္.....ခင္ဗ်ားတစ္ခါမွလြတ္လြတ္လပ္လပ္အျပင္မထြက္ဖူးဘူးမဟုတ္လား"
"အင္း"
ရိေပၚကၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ပင္ေရွာင္က်န့္ဆြဲေခၚရာေနာက္လိုက္ပါသြားသည္။ေရွာင္က်န့္ေျပာတာမမွားေပ။ရိေပၚဘဝတြင္စစ္ပြဲေတြ၊နိုင္ငံေရးေတြႏွင့္ျပည့္ႏွက္ေနၿပီး တစ္ခါမွယခုလိုမ်ိဳးစိတ္လြတ္ကိုယ္လြတ္မေပ်ာ္ပါးခဲ့ဖူးတာေသခ်ာသည္။
လူစည္ကားလွတဲ့ ကြမ္က်ိဳးၿမိဳ႕လည္တြင္ တစ္မူထူးျခားသည့္႐ုပ္ရည္ေတြပိုင္ဆိုင္ထားသည့္ ေယာက္်ားေလးႏွစ္ေယာက္ဟာ တစ္ေယာက္လက္တစ္ေယာက္ဆြဲရင္းေလွ်ာက္ပတ္ၾကည့္ေနခဲ့ၾကသည္။ရိေပၚအတြက္ေတာ့ျမင္သမွ်အရာအားလုံးက ထူးဆန္းလွသည္။
သူ႕တိုင္းျပည္ထဲ၌ယခုလိုလွပသည့္ ေနရာမ်ိဳးရွိမွန္းအမွန္တကယ္ မထင္ထားခဲ့ေပ။ျဖတ္သြားျဖတ္လာေတာ္ေတာ္မ်ားမ်ားက ေရွာင္က်န့္နဲ႕ဝမ္ရိေပၚကိုလည္ျပန္ေငးမိၾကသည္။ အဓိကအေၾကာင္းအရင္းမွာ သူတို႔ႏွစ္ေယာက္လုံး၏႐ုပ္ရည္မွ သာမန္အဝတ္အစားေတြသာဝတ္ဆင္ထားေသာ္လည္းပဲ အလြန္အက်ဴးထင္ရွားလြန္းေနျခင္းေၾကာင့္အျပင္ တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားသည့္လက္ဖဝါးႏွစ္ဖက္ေၾကာင့္လည္းပါ၏။
ဒါေပမယ့္ေရွးေခတ္လူေတာ္ေတာ္မ်ားမ်ားဟာ ေယာက္်ားေလးခ်င္းခ်စ္ႀကိဳက္လို႔ရမွန္းေတာင္မသိသည္ကမ်ားတာေၾကာင့္ သာမန္အရမ္းခ်စ္ၾကသည့္သူငယ္ခ်င္းေတြဟုသာသတ္မွတ္လိုက္ၾကသည္။
"ရိေပၚ....ဟိုမွာအမွတ္တရပစၥည္းေတြေရာင္းတယ္ထင္တယ္....သြားၾကည့္ၾကရေအာင္"
ေရွာင္က်န့္က ရိေပၚလက္ကိုဆြဲရင္း လမ္းေဘးတစ္ေနရာရွိဆိုင္ေလးတစ္ဆိုင္သို႔ေရာက္ရွိသြားသည္။
ပစၥည္းေတြကိုေလွ်ာက္ၾကည့္ေနရင္းေရွာင္က်န့္ဟာပစၥည္းတစ္ခုကိုမ်က္စိက်သြားသည္။သူကရိုးရိုးရွင္းရွင္းျဖင့္ပုံေဖာ္ထားသည့္သစ္သားဆံထိုးေလးတစ္ေခ်ာင္းကိုေကာက္ယူလိုက္သည္။၎ကရိုးရွင္းဟန္ေပၚေသာ္လည္းတစ္နည္းတစ္ဖုံျဖင့္လက္ရာေျမာက္ၿပီးလွပေနျပန္၏။
"ဦးေလး....ဒါဘယ္ေလာက္ေပးရလဲ"
"ေၾကးျပားႏွစ္ျပားပဲေပးပါ"
ေရွာင္က်န့္ကသူ႕ရႈံ႕အိတ္ေလးကိုဖြင့္လိုက္ၿပီးဆိုင္ရွင္ဦးေလးႀကီး၏လက္ထဲသို႔ေၾကးျပားႏွစ္ျပားထည့္ေပးလိုက္သည္။၎ကအနည္းငယ္ေဈးႀကီးဟန္ေပၚေသာ္လည္းေရွာင္က်န့္အတြက္ေတာ့ဘာမွမဟုတ္ေပ။
"ကိုယ္ဝယ္ေပးမယ္ေလ"
ဝမ္ရိေပၚ၏အနည္းငယ္ဆူပုတ္ခ်င္ေနသည့္မ်က္ႏွာေခ်ာေခ်ာႀကီးကိုျမင္သည့္အခါတြင္ေရွာင္က်န့္ဟာပတ္ဝန္းက်င္တစ္ခုလုံးကိုေတာက္ပသြားေစသည့္အၿပဳံးေလးတစ္ခုကိုေဖာ္ျပလိုက္သည္။တစ္ျခားေဈးဝယ္သူေတြႏွင့္ဆိုင္ရွင္ဦးေလးႀကီးေတာင္ေရွာင္က်န့္ကိုေငးေမာမိသြားသည္အထိပင္။
ထိုအျဖစ္အပ်က္ေၾကာင့္ဝမ္ရိေပၚ၏မ်က္ႏွာမွာပိုမိုဆူပုတ္သြားၿပီးမနာလိုဝန္တိုစိတ္ေတြအလြန္အမင္းထိုးတတ္လာ၏။ေရွာင္က်န့္ကသူ႕ေယာက္်ား၏စိတ္အေျခအေနကိုနားလည္ေသာ္လည္းပဲ ဘာမွျပန္ေျဖရွင္းျခင္းမရွိေသးေပ။
သူေျပာလိုက္သည္။
"ေခါင္းငုံ႕....."
ရိေပၚက သူ႕ဇနီးေလး၏ေျပာသမွ်စကားတိုင္းကိုမလြန္ဆန္နိုင္သူပီပီ သူ႕ရဲ႕ျမင့္မားလြန္းေသာအရပ္ကိုႏွိမ့္ခ်၍ ေရွာင္က်န့္ေရွ႕ေခါင္းငုံ႕ေပးသည္။ေရွာင္က်န့္က သူ႕လက္ထဲရွိသစ္သားဆံထိုးေလးကို ရိေပၚ၏ဆံႏြယ္ေတြၾကားထဲထည့္လိုက္သည္။
"ဒါကခင္ဗ်ားနဲ႕အရမ္းလိုက္တယ္"
ဝမ္ရိေပၚ၏ ဇာမဏီသ႑ာန္မ်က္ဝန္းေတြမွာအနည္းငယ္ဝိုင္းစက္သြားရင္းေရွာင္က်န့္ကို အံ့ဩတႀကီးၾကည့္၏။ သူ႕ရဲ႕မ်က္ႏွာေခ်ာေခ်ာႀကီးမွာ တျဖည္းျဖည္းနီရဲတတ္လာၿပီး ပယင္းေရာင္မ်က္ဝန္းတစ္စုံမွာေက်နပ္ႏွစ္သိမ့္မႈေတြျပည့္လွ်ံသြားသည္။
"ဒါကအရမ္း အဖိုးမတန္ေပမယ့္ ခင္ဗ်ားေသခ်ာသိမ္းထားေပးေနာ္"
ဝမ္ရိေပၚကေခါင္းတစ္ဆတ္ဆတ္ျငႇိမ့္ျပသည္။ သူ႕အတြက္အေရးႀကီးဆုံးမွာေဈးႏႈန္းမဟုတ္ေပ။အဓိကအခ်က္မွာ သူ႕ဇနီးေလးဆီက စိတ္ရင္းမွန္ျဖင့္ေပးအပ္လာသည့္လက္ေဆာင္ေလးတစ္ခုျဖစ္သည္။
ရိေပၚ၏ေခ်ာေမာလွပေသာမ်က္ႏွာမွာ ေပ်ာ္႐ႊင္ေက်နပ္လြန္းတာေၾကာင့္ခပ္ဖြဖြနီရဲေနခဲ့သည္။
ဝမ္ရိေပၚက ခ်က္ခ်င္းပင္သူ႕ေခါင္းေပၚရွိဆံထိုးႏွင့္ပုံစံတူတစ္ခုကိုရွာေဖြလိုက္သည္။သူရွာေတြ႕သြားသည္။၎က ေရွာင္က်န့္သူ႕ကိုေပးသည့္ဟာထက္ ပိုမိုေသးသြယ္သည္။
ရိေပၚကဆံထိုးကိုဝယ္ယူ၍ေငြေပးေခ်လိဳက္ၿပီးေရွာင္က်န့္၏ေခါင္းထက္တြင္တပ္ဆင္ေပးလိုက္သည္။ၿပီးေနာက္ေရွာင္က်န့္၏ေက်ာက္စိမ္းျဖဴကဲ့သို႔နား႐ြက္ေလးနားတိုးကပ္သြားလိုက္ရင္းခပ္တိုးတိုးေျပာသည္။
"အခု ကိုယ္တို႔ႏွစ္ေယာက္မွာဆင္တူ ဆံထိုးႏွစ္ေခ်ာင္းရွိသြားၿပီ"
ေရွာင္က်န့္ကၿပဳံးရယ္ရင္းရိေပၚလက္ကိုဆြဲ၍ၿမိဳ႕အတြင္းေလွ်ာက္ပတ္ လည္ၾကသည္။သူတို႔ သေဘာက်သည့္ပစၥည္းမ်ိဳးစုံဝယ္ယူၾကသည္။ၿပီးေတာ့ထန္ဟူလူ တစ္ေယာက္တစ္ေခ်ာင္းဆီလက္ထဲတြင္ကိုင္ရင္းလက္ႏွစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္တြယ္ဆက္ထားလ်က္ သူတို႔စိတ္ေက်နပ္သည္အထိေလွ်ာက္သြား၏။
"ကိုယ္တို႔ျပန္ၾကေတာ့မလား...."
ေရွာင္က်န့္ကေခါင္းျငႇိမ့္ျပရန္ျပင္လိုက္ခ်ိန္၌ အုန္းသီး၏အသံေသးအသံေညာင္မွ သူ႕စိတ္ထဲထြက္ေပၚလာသည္။
[hostေရ!!....အေရးႀကီးသတင္းဗ်!....အေရးႀကီးသတင္း!]
'ဘာသတင္းလဲ?'
[ဇာတ္လိုက္မ ကြမ္က်ိဳးၿမိဳ႕ကိုေရာက္ေနၿပီဗ်...]
'.....'
ေရွာင္က်န့္ေၾကာင္သြားသည္။
'ေနစမ္းပါဦး....သူကဘယ္ကေနဘယ္လိုေရာက္လာရျပန္တာလဲ'
[အမ္း....ခဏေနအုံး....ကြၽန္ေတာ္ျပန္စစ္ေဆးၾကည့္လိုက္ဦးမယ္]
အုန္းသီးကခဏမွ်တိတ္ဆိတ္သြားသည္။အျပင္ဘက္တြင္ရိေပၚဟာၿငိမ္သက္သြားသည့္ေရွာင္က်န့္ေၾကာင့္ သူ႕လက္ဖဝါးေလးကိုအားအနည္းငယ္ထည့္၍ ျဖစ္ညွစ္လိုက္သည္။
"ဟမ္....ဘာျဖစ္လို႔လဲ"
"ကိုယ္ေမးေနတာေလ....အိမ္ျပန္နားေတာ့မယ္မဟုတ္လားလို႔"
"အာ....အင္း....ခုနကကြၽန္ေတာ္ေဈးဝယ္ရင္း တစ္ခုခုေမ့က်န္ခဲ့တာသတိရလို႔.....ရိေပၚျပန္ႏွင့္လိုက္ေလ.....ကြၽန္ေတာ္သြားရွာၾကည့္မလို႔....."
"ကိုယ္ပါလိုက္ခဲ့လို႔မရဘူးလား"
"လက္ထဲကဟာေတြကို အိမ္ျပန္ၿပီးသြားထားဖို႔လိုတယ္ေလ.....မဟုတ္ရင္သြားသြားလာလာနဲ႕ ပိုၿပီးပင္ပန္း႐ုံပဲရွိေတာ့တာေပါ့.....ကဲပါ....ကြၽန္ေတာ္ကေလးမဟုတ္ပါဘူး....ကိုယ့္ကိုယ္ကို ကာကြယ္နိုင္ပါတယ္"
ေရွာင္က်န့္ကလက္ထဲ ပစၥည္းမ်ိဳးစုံျဖင့္ျပည့္ႏွက္ေနသည့္ရိေပၚကိုေနာက္ေက်ာမွာတြန္း၍သူ႕မ်က္လုံးေလးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ျပလိုက္သည္။
ရိေပၚ၏မ်က္ႏွာေခ်ာေခ်ာမွာခ်က္ခ်င္းဆိုသလိုနီရဲသြားၿပီး သူ႕ဇနီးေလး၏ေတာင္းဆိုမႈမွန္သမွ်ကိုမျငင္းဆန္နိုင္သူပီပီေခါင္းျငႇိမ့္ျပလိုက္သည္။ေရွာင္က်န့္ကိုစိတ္မခ်နိဳင္သည့္မ်က္ဝန္းေတြျဖင့္လွည့္ၾကည့္ လွည့္ၾကည့္လုပ္ရင္း တြန့္ဆုတ္စြာထြက္သြားရရွာသည္။ရိေပၚ၏ေနာက္ေက်ာျပင္ သူ႕အျမင္ထဲကေပ်ာက္သြားတာနဲ႕ေရွာင္က်န့္၏ နဂိုၿပဳံး႐ႊင္ေနသည့္မ်က္ႏွာလွလွေလးမွာ ခ်က္ခ်င္းဆိုသလိုဆန့္က်င္ဘက္သို႔ေျပာင္းလဲသြားသည္။
သူ႕ရဲ႕မက္မြန္သီးသ႑ာန္မ်က္ဝန္းေတြကိုေမွးက်ဥ္းလိုက္ရင္းနဖူးေပၚဝဲက်ေနသည့္ဆံပင္ေတြကို သပ္တင္လိုက္သည္။ပါးေစာင္ထဲလွ်ာထိုးထည့္ထားသည့္ေရွာင္က်န့္၏ထီမထင္သည့္ဟန္ျဖင့္ ယခုပုံစံေလးမွာလြန္စြာဆြဲေဆာင္ညွို႔ငင္နိုင္စြမ္းျပင္းထန္လြန္းသည့္နတ္ဆိုးေလးတစ္ေကာင္ ႏွင့္တူ၏
ပတ္ဝန္းက်င္ရွိ ပ်ိဳပ်ိဳအိုအို လူအေပါင္းဟာသူ႕ကိုေငးၾကည့္ရင္းရွက္ေသြးမျဖာပဲမေနနိုင္ေလာက္ေအာင္ပင္။
'အုန္းသီး....အဲ့ဒီမိန္းမက ၿမိဳ႕ေတာ္မွာရွိေနရမွာမဟုတ္ဘူးလား'
[ခဏ...အာ....ကြၽန္ေတာ္သိၿပီ]
'ေျပာ'
[သူ ႐ႊယ္အမတ္ႀကီးဆီကမေတာ္တဆၾကားသြားတာ]
'မျဖစ္နိုင္လိုက္တာ....ငါတို႔ႏွစ္ေယာက္ကြမ္က်ိဳးကိုလာမယ္ဆိုတာဘယ္သူမွသိထားတာမဟုတ္ဘူး'
[ဒါေတာ့ဟုတ္ပါတယ္hostရဲ႕....ဒါေပမယ့္ သူကအၿမဲတမ္းလိုခ်င္တာမွန္သမွ်ရတဲ့ဇာတ္လိုက္မ ေလဗ်ာ....သူက hostခ်စ္သူနဲ႕ေတြ႕ခ်င္တဲ့အခ်ိန္မွာ ႐ႊယ္အမတ္ႀကီးက နန္းတြင္းအလုပ္ေတြပိၿပီး ညည္းၫူေနတာကိုၾကားသြားခဲ့တာ.....]
[hostတို႔ႏွစ္ေယာက္ဘယ္ေရာက္ေနမွန္းသူ မသိေပမယ့္ ႐ႊယ္အိမ္ေတာ္ကေနခိုးထြက္လာၿပီးၿပီးခ်င္းမွာပဲ ပထမဆုံးလူႀကဳံလိုက္မယ့္ကုန္သည္လွည္းက ကြမ္က်ိဳးကိုသြားမယ့္လွည္းျဖစ္ေနတယ္ေလ...."
'.....'
ေရွာင္က်န့္ကစိတ္ပ်က္စြာက်စ္သပ္လိုက္သည္။
'ဒီေတာ့ ဇာတ္လိုက္မရဲ႕လိုတိုင္းရေနတဲ့ ကံၾကမၼာက ကြမ္က်ိဳးအထိ အဓိပ္ပါယ်လုံးဝမရှိအောင်ဆွဲခေါ်လာတာလို့ဆိုလိုချင်တာပေါ့'
[အဲ့ဒီလိုပါပဲhost]
'ဒီလိုကိစၥမ်ိဳးက်ေတာ့ စည္းမ်ဥ္းေတြကလႊတ္ေပးထားတာပဲလား'
[စည္းမ်ဥ္းေတြရဲ႕တည္ရွိမႈကႀကီးျမင့္တာမွန္ေပမယ့္ ဒီကမၻာရဲ႕ဖန္တီးရွင္ စာေရးဆရာကိုလြန္ဆန္လို႔မရပါဘူးhost....ဒါေၾကာင့္လည္း အျပင္လူျဖစ္တဲ့ hostကိုအကူအညီေတာင္းေနရတာဗ်.....မဟုတ္ရင္သူတို႔ကိုယ္တိုင္ ဇာတ္လမ္းဇာတ္ကြက္ေတြကိုေျပာင္းလဲလိုက္တာၾကာေပါ့....]
ေရွာင္က်န့္ကအုန္းသီးေျပာခ်င္တာကိုနားလည္သည္။
'ဒါဆို....အခုအဲ့ဒီမိန္းမ ဘယ္မွာရွိေနလဲ'
[hostနဲ႕အရမ္းမေဝးပါဘူးဗ်....ေျမာက္ဘက္လမ္းမ အတိုင္းနာရီဝက္ေလာက္ေလွ်ာက္သြားရင္ဇာတ္လိုက္မ ကိုေတြ႕လိမ့္မယ္....အမ္း....သူအခု လူတစ္ေယာက္နဲ႕ စကားမ်ားေနတယ္]
ေရွာင္က်န့္ကအခ်ိန္ဆိုင္းမေနပဲ ဇာတ္လိုက္မရွိရာဆီဦးတည္လိုက္သည္။သူဘယ္လိုလုပ္မခန့္မွန္းမိပဲေနမွာတဲ့လဲ။႐ႊယ္ရင္းရင္းက သူေယာက္်ားကိုတပ္မက္ေနသည္။ဒါေၾကာင့္လည္းအေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ေတြ႕ခြင့္ရေစရန္ ႀကိဳးစားေနျခင္းျဖစ္သည္။ဒီလိုမိန္းမ မ်ိဳးကိုနည္းနည္းေလးမွ မကလိရရင္ေရွာင္က်န့္ေက်နပ္နိုင္မွာမဟုတ္ေပ။
ေရွာင္က်န့္က အုန္းသီး၏လမ္းၫႊန္ရာအတိုင္းအေလာတႀကီးေျပးထြက္သြားသည္။လူရႈပ္ေထြးေနသည့္လမ္းမႀကီး၌ လူတစ္ခ်ိဳ႕ကိုဂ႐ုတစိုက္ျဖတ္ေက်ာ္ေနရင္းတစ္ေနရာအေရာက္တြင္လူတစ္ေယာက္ႏွင့္ ပုခုံးခ်င္းမေတာ္တဆတိုက္မိသြား၏။ တိုက္မိသည့္အားမွာအနည္းငယ္ျပင္းထန္တာေၾကာင့္ေရွာင္က်န့္ႏွင့္တစ္ဖက္လူ၏ခႏၶာကိုယ္မွာအနည္းငယ္လည္ထြက္သြားသည္။
တစ္ဖက္လူက အေတာ္ေလးေခ်ာေမာေသာ အရပ္ျမင့္ျမင့္ေယာက္်ားတစ္ေယာက္ျဖစ္သည္။သို႔ေပမယ့္ ဝမ္ရိေပၚကိုေတာ့ႏွိုင္းယွဥ္မရေပ။
ထိုသူကသူ႕ကိုတစ္စုံတစ္ေယာက္အရွိန္ျဖင့္ဝင္တိုက္လိုက္သည့္အခါတြင္သူ႕မ်က္လုံးေတြကိုမေက်နပ္မႈအျပည့္ျဖင့္ေမွးက်ဥ္းလိုက္ေသာ္ျငား တရားခံျဖစ္သူ၏မက္မြန္သီးသ႑ာန္မ်က္ဝန္းေတြႏွင့္ထိပ္တိုက္ႀကဳံေတြ႕လိုက္ရေသာအခါတြင္လုံးဝၾကက္ေသေသ သြားရွာသည္။
ဒါကသိသိသာသာေယာက္်ားေလးတစ္ေယာက္ျဖစ္ေသာ္လည္းပဲ မည္သည့္မိန္းကေလးတိုင္းထက္မဆို သာလြန္လွပလြန္းသည့္မ်က္ႏွာေလးက သူ႕ကိုတစ္နည္းတစ္ဖုံျဖင့္အံ့အားသင့္ေစသည္။သူ႕ရင္ထဲ၌ျမင္းအေကာင္တစ္ေသာင္းေလာက္ ဒုန္းဆိုင္းေျပးသြားသလိုခံစားလိုက္ရသည္။
ေရွာင္က်န့္က ႐ႊယ္ရင္းရင္းကိုျပႆနာရွာမည့္ဘက္စိတ္ေရာက္ေနတာေၾကာင့္တစ္ဖက္လူကိုအေလာတႀကီးသာေတာင္းပန္လိုက္သည္။
"ေတာင္းပန္ပါတယ္....ေတာင္းပန္ပါတယ္....ကြၽန္ေတာ္အေရးႀကီးကိစၥတစ္ခုရွိေနလို႔ပါ"
ေရွာင္က်န့္ကခ်က္ခ်င္းလွည့္ထြက္သြားေတာ့မည္ဟန္ကိုျမင္သည့္အခါတြင္ထိုသူဟာ ေျခမကိုင္မိလက္မကိုင္မျဖင့္ သူ႕လက္ကိုလွမ္းဆြဲလိုက္သည္။ေရွာင္က်န့္၏မ်က္ႏွာမွာခ်က္ခ်င္းတည္တန့္သြားသည္။
"မင္းဘာလုပ္တာလဲ"
"ကိုယ္..."
[ကြၽန္ေတာ့္ရဲ႕ခ်စ္လွစြာေသာhostေရ....အဲ့ဒါဇာတ္လိုက္မရဲ႕ေထာက္တိုင္ႀကီးေတြထဲကတစ္ေယာက္ျဖစ္တဲ့ အမ်ိဳးသားဇာတ္လိုက္ ၊ စစ္သူႀကီး ဖင္းဂူေဖးေလ]
အုန္းသီးရဲ႕သတိေပးခ်က္ကိုရသည့္အခါတြင္ေရွာင္က်န့္၏မ်က္ခုံးေတြမွာပိုမိုတြန့္ခ်ိဳးသြားေသးသည္။သူတကယ္ဇာတ္လိုက္မ၏ စဥ္းစားဆင္ျခင္းနိုင္စြမ္းမရွိသည့္ ေယာက္်ားေတြကို လုံးဝၾကည့္မရေပ။
ေရွာင္က်န့္ကႏွစ္ခါေတာင္စဥ္းစားမေနပဲ ဖင္းဂူေဖး လက္ထဲရွိသူ႕လက္ေကာက္ဝတ္ကိုေဆာင့္ဆြဲယူလိုက္သည္။ဖင္းဂူေဖး အံ့အားသင့္သြားသည္။သူကၿမိဳ႕ေတာ္မွာေတာင္ရာထူးႀကီးစစ္သူႀကီးတစ္ဦးျဖစ္တာနဲ႕အညီ သူ႕ရဲ႕တိုက္ပြဲဝင္ခြန္အားမွာ အားမနည္းေပ။သို႔ေသာ္လည္းဒီလွပသည့္လူငယ္ေလးက သူ႕လက္ထဲကေန အသာအယာလြတ္သြားခဲ့သည္။
သူဒီလူငယ္ေလးကိုပိုမိုစိတ္ဝင္စားလာသည္။
"က်ဳပ္ေတာင္းပန္ၿပီးသြားၿပီေလ! နစ္နာေၾကးလိုခ်င္တယ္ဆိုရင္လည္းပါးစပ္နဲ႕ေျပာရင္ရပါတယ္....က်ဳပ္အသားကိုထိခ်င္သလိုထိၿပီး လက္ပါစရာအေၾကာင္းမရွိဘူး"
ေရွာင္က်န့္ကမာနႀကီးစြာသူ႕ေမးေလးကိုပင့္မလိုက္ရင္း ေ႐ႊျပားအျပည့္ရွိတဲ့အိတ္တစ္အိတ္ကိုလွမ္းျပစ္ေပးလိုက္ရင္း ခ်က္ခ်င္းလွည့္ထြက္သြားသည္။ဖင္းဂူေဖးမွာတားခ်ိန္ေတာင္မရလိုက္ေပ။
ေရွာင္က်န့္က အမ်ိဳးသားဇာတ္လိုက္ေတြကိုၾကည့္မရတာအေၾကာင္းအရင္းတစ္ခုသာရွိသည္။၎က မူလဇာတ္ေၾကာင္းတြင္႐ႊယ္ရင္းရင္း၏ေယာက္်ားေတြဟာအခ်င္းခ်င္းပူးေပါင္း၍ဝမ္ဧကရာဇ္ကိုသတ္ျဖတ္ခဲ့တာေၾကာင့္ပင္ျဖစ္သည္။ဇာတ္ေၾကာင္းထဲက ဝမ္ဧကရာဇ္မွာသူ႕ခ်စ္သူမဟုတ္ေၾကာင္းသိေသာ္လည္းပဲ အခုသူ႕ေယာက္်ားမွာဝမ္ဧကရာဇ္ျဖစ္လာခဲ့ၿပီမဟုတ္ပါလား။
ဒါေၾကာင့္ဝမ္ရိေပၚကိုသူ နည္းနည္းေလးေတာင္အထိအခိုက္မခံနိုင္ပါေခ်။
__________________________________________________________