system 091

By TeeKo0

1.1M 121K 5.7K

wang yibo 💞 xiao zhan [ကျေးဇူးပြုပြီးအုန်းသီးကိုလေးစားပါ] ^^^^^^^^^^^ ^^^^ [ေက်းဇူးျပဳၿပီးအုန္းသီးကိုေလးစားပ... More

intro
(1.1)Arc 1
Character introduction
(1.2)
(1.3)
(1.4)
(1.5)
(1.6)
(1.7)
(1.8)
(1.9)
(1.10)
(1.11)
(1.12)
(1.13)
(1.14)
(1.15)End....
Arc(2)
Character introduction
(2.1)
(2.2)
(2.3)
(2.4)
(2.5)
(2.6)
(2.7)
(2.8)
(2.9)
(2.10)
(2.11)
(2.12)
(2.13)
(2.14)
(2.15)
(2.16)
(2.17)
(2.18)
(2.19)
(2.20)End....
Arc(3)
Character introduction
(3.1)
(3.2)
(3.3)
(3.4)
(3.5)
(3.6)
(3.7)
(3.8)
(3.9)
(3.10)
(3.11)
(3.12)
(3.13)
(3.14)
(3.15)
(3.16)
(3.17)
(3.18)
(3.19)
(3.20)End....
Arc(4)
Character introduction
(4.1)
(4.2)
(4.3)
(4.4)
(4.5)
(4.6)
(4.7)
(4.8)
(4.9)
(4.10)
(4.11)
(4.12)
(4.13)
(4.14)
(4.15)
(4.16)
(4.17)
(4.18)
(4.19)End....
Arc(5)
Character introduction
(5.1)
(5.2)
(5.3)
(5.4)
(5.5)
(5.6)
(5.7)
(5.8)
(5.9)
(5.10)
(5.11)
(5.12)
(5.13)
(5.14)
(5.15)
(5.16)
(5.17)
(5.18)
(5.19)
(5.20)
(5.21)
(5.22)
(5.23)
(5.24)End....
Arc(6)
Character introduction
(6.1)
(6.2)
(6.3)
(6.4)
(6.5)
(6.6)
(6.7)
(6.8)
(6.9)
(6.10)
(6.11)
(6.12)
(6.13)
(6.14)
(6.15)
(6.16)
(6.17)
(6.18)
(6.19)
(6.20)
(6.21)End....
Arc(7)
Character introduction
(7.1)
(7.2)
(7.4)
(7.5)
(7.6)
(7.7)
(7.8)
(7.9)
(7.10)
(7.11)
(7.12)
(7.13)
(7.14)
(7.15)
(7.16)
(7.17)
(7.18)
(7.19)
(7.20)
(7.21)End....
Arc(1.16) [Return]
(1.17) [Return]
(1.18) [Return]
(1.19) [Return]
(1.20) [Return]
(1.21) [Return]
(1.22) [Return]
(1.23) [Return]
(1.24) [Return]
(1.25) [Return]
(1.26) [Return]
(1.27) [Return]
(1.28) [Return]
(1.29) [Return]
(1.30) [Return]
(1.31) [Return]
(1.32) [Return]End....
Arc(8)
Character introduction
(8.1)
(8.2)
(8.3)
Book ခွဲခြင်း

(7.3)

6.1K 673 88
By TeeKo0

Unicode

ရှောင်းအမတ်ကြီး၏တစ်ဦးတည်းသောသမီးကို အင်ပါယာ၏ဧကရီအဖြစ်တင်မြှောက်မည့် သတင်းကြီးဟာ တိုင်းပြည်တစ်ခုလုံးနျူးကလီးယားဗုံးပေါက်ကွဲသလိုမျိုးပျံ့နှံ့သွားသည်။

ဝမ်အင်ပါယာ၏လက်အောက်ခံတိုင်းပြည်မြောက်များစွာဟာ အမျိုးမျိုးသောတန်ဖိုးကြီးလက်ဆောင်ပစ္စည်းတွေကိုစုစည်းကြသည်။ဧကရာဇ်မင်းက မိန်းမတွေကိုစိတ်မဝင်စားတုန်းကတစ်စက်ကလေးမှလှည့်မကြည့်သလောက် သဘောကျသွားတဲ့မိန်းကလေးတစ်ယောက်ရှိလာပြန်တော့လည်း ဧကရီအဖြစ်ချက်ချင်းတင်မြှောက်လိုက်တာပါလား။

အင်ပါယာတစ်ခုလုံးကိုလက်ဖဝါးတစ်ဖက်တည်းနဲ့အုပ်ကိုင်ခြယ်လှယ်ထားတဲ့ဧကရာဇ်အတွက် ဧကရီတစ်ပါးတင်မြှောက်ဖို့ရန်တစ်ခြားရာထူးကြီးအမတ်မင်းတွေ၏ခွင့်ပြုမိန့်မလိုအပ်ပေ။

ရှောင်းအမတ်ကြီး၏သမီး ရှောင်းမေဟာတစ်ခါမှာအိမ်တော်တွင်းကနေ အပြင်ထွက်ခြင်းမရှိခဲ့တာကြောင့် သူမ၏မျက်နှာမှာမည်သို့ရှိမှန်းပင်မသိကြပေ။ပြောကြတာတော့ရှောင်းအမတ်ကြီး၏ သမီးဟာအမြဲတမ်းသူမမျက်နှာနှင့်လည်ပင်းတစ်ဝိုက်ကို မျက်နှာကာတစ်ခုဖြင့်ဖုံးအုပ်ထားတတ်သည်တဲ့။

ပြည်သူလူထုအနေနဲ့ရုတ်တရတ်ကြီးအသစ်ရရှိလာသည့်ဧကရီ၏အကြောင်းဘာဆိုဘာမှမသိပေမယ့်ဧကရာဇ်ကိုယ်တိုင်ရွေးချယ်ခဲ့မှတော့အကောင်းဆုံးသာဖြစ်မှန်းသူတို့ယုံကြည်ကြသည်။ပြည်သူတွေအားလုံးနီးပါးစိတ်ရင်းအမှန်ဖြင့်ပျော်ရွှင်ပေးခဲ့ကြသည်။

ဝမ်ဧကရာဇ်ဟာသွေးအေးရက်စက်သည်မှာမှန်သော်လည်းပဲသူနန်းတတ်စဥ်ကာလတစ်လျှောက်လုံးတိုင်းပြည်အတွင်းတစ်ခါမှငတ်မွတ်ခေါင်းပါးတာမျိုးမရှိခဲ့ဖူးပေ။ပြည်သူတိုင်းဟာဝဝလင်လင်စားသုံးနိုင်ကြပြီးကောင်းကောင်းမွန်မွန်ဝတ်စားနိုင်ကြ၏။ဒါကြောင့်လည်းဧကရာဇ်မင်းအပေါ်ပြည်သူတိုင်းက လေးစားချစ်ခင်ကြသည်။

"အမတ်မင်း!!....အမတ်မင်း!!....သခင်မလေးသောင်းကျန်းနေပြန်ပြီ...."

အစေခံတစ်ယောက်ဟာရွှယ်အမတ်ကြီးနားနေသည့်အိပ်ဆောင်အပြင်ဘက်ကနေအလောတကြီးလျှောက်တင်လာသည်။ရွှယ်အမတ်ကြီးဟာသူ့နဖူးကြောတွေကိုပွတ်လိုက်ရင်းယခုရက်ပိုင်းအတွင်းသမီးဖြစ်သူရွှယ်ရင်းရင်း၏အမျိုးမျိုးသောင်းကျန်းဖျက်စီးမှုကြောင့်အတော်လေးခေါင်းကိုက်လာ၏။

ရွှယ်အမတ်ကြီးဟာသက်ပြင်းအရှည်ကြီးချလိုက်ရင်းအဆောင်တံခါးကိုဆွဲဖွင့်လိုက်သည်။

"ငါ့ကိုလမ်းပြ...."

"ဟုတ်ကဲ့ပါအမတ်မင်း..."

အစေခံ၏လမ်းပြမှုနဲ့အတူရွှယ်အိမ်တော်၏ဥယျာဥ်ရှိရာဆီသို့ရောက်ရှိလာသည်။

ဥယျာဥ်အတွင်း၌လူအုပ်လိုက်ဖြင့်ရှုပ်ရှပ်ခတ်၍နေသည်။ရွှယ်ရင်းရင်းကိုအစေခံမိန်းကလေးတစ်ချို့မှာထိန်းကိုင်ထားလျက်ဒဏ်ရာဗလပွဖြင့်မိန်းကလေးတစ်ဦးဟာလည်းတစ်ရှုံ့ရှုံ့ငိုနေ၏။ရွှယ်အမတ်ကြီးကိုမြင်သည့်အခါတွင်ကုတ်ရာခြစ်ရာတွေဖြင့်အနှီးမိန်းကလေးဟာအားကိုးတကြီးပြေးလာသည်။

"အဖေ...အဖေ....ရင်းရင်းကရူးနေပြီလားမသိဘူး....."

ရွှယ်အမတ်ကြီးဟာသူ့သမီးကြီး၏ခေါင်းကိုပွတ်ပေးလိုက်ရင်းသူ့မျက်နှာမှာတင်းမာနေသည်။သူ့သမီးတွေထဲတွင်ရွှယ်ရင်းရင်းကိုအချစ်ဆုံးဆိုသော်လည်းတစ်ခြားကလေးတွေကိုဖြစ်သလိုသူပြစ်ထားတာတော့မဟုတ်ပေ။ရွှယ်ရင်းရင်း၏ယခုလုပ်ရက်ကအတော်လေးလွန်သည်။

"ဘာဖြစ်တာလဲ....ငါ့ကိုရှင်းပြစမ်း"

အနားမှာရှိတဲ့အစေခံတစ်ဦးဟာရွှယ်အမတ်ကြီးကိုဖြစ်သမျှအားလုံးခြုံရုံ၍ရှင်းပြသည်။

ပြဿနာ၏အစမှာထုံးစံအတိုင်းရွှယ်ရင်းရင်သာဖြစ်သည်။ရွှယ်အမတ်ကြီး၏သမီးကြီး ရွှယ်ရူဟာဥယျာဥ်ထဲ၌တစ်ခြားညီအစ်မတွေနဲ့အတူအေးအေးဆေးဆေးထိုင်စကားပြောနေခဲ့ကြခြင်းပင်။ရွှယ်ရူ၏စကားလမ်းကြောင်းဟာ ဧကရာဇ်မင်း ရှောင်းအမတ်ကြီး၏သမီးရှောင်းမေ ကိုဧကရီအဖြစ်တင်မြှောက်မည့် အဖြစ်သို့ရောက်ရှိသွားသည်။

တိုင်းပြည်ထဲကလူတိုင်းနီးပါးကဧကရာဇ်ဝမ်ကိုလေးစားချစ်ခင်ကြသည်။ထိုထဲတွင်ရွှယ်ရူလည်းပါသည်မှာမလွဲပေ။သူမက ဝမ်ဧကရာဇ်ကိုယ်တိုင်ရွေးချယ်တင်မြှောက်ခဲ့သည့်ဧကရီတစ်ပါးအနေနဲ့ သေချာပေါက်လိုက်ဖက်ညီ ပေလိမ့်မည်ဖြစ်ကြောင်း ညီအစ်မတွေကိုပြောသည်။

ထိုအချိန်မှာပဲဘယ်ကနေဘယ်လိုရောက်ချလာမှန်းမသိသည့်ရွှယ်ရင်းရင်းဟာရွှယ်ရူ၏မျက်နှာကိုဖြတ်ရိုက်ချလိုက်ပြီးတစ်ကိုယ်လုံးကိုလက်သည်းတွေဖြင့်ကုတ်ခြစ်လာ၏။တစ်ခြားညီအစ်မတွေမှာလွန်စွာလန့်ဖြန့်သွားကာ ပတ်ဝန်းကျင်ကအစေခံတွေကိုအော်ခေါ်လာသည့်အတွက် ဤသို့ဖြင့်ရုန့်ရင်းဆန်ခတ်အခြေအနေကိုဖြစ်ပေါ်သွားစေခြင်းဖြစ်သည်။

ရွှယ်ရူဟာအမတ်ကြီးရွှယ်၏အနောက်ဘက်တွင်တစ်သိမ့်သိမ့်ရှိုက်ငိုလျက်ရွှယ်ရင်းရင်းကိုကြောက်လန့်စွာကြည့်နေမိသည်။အမတ်ကြီးရွှယ်ကရွှယ်ရူကိုနှစ်သိမ့်သည့်ဟန်ဖြင့်ခပ်ဖွဖွခေါင်းလေးကိုပုတ်ပေးသည့်အခါတွင်ရွှယ်ရင်းရင်း၏မျက်နှာမှာပို၍ဆိုးရွားသွားသည်။

သူမ အဖေကသူမ မဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကိုယခုလိုတရင်းတနှီးနှစ်သိမ့်ပေးနေသည့်မြင်ကွင်းကရွှယ်ရင်းရင်းကိုမနာလိုဝန်တိုစိတ်ပိုများလာစေသည်။သူမ မျက်ဝန်းအိမ်အတွင်းမှာမျက်ရည်ဥကြီးတွေတစ်လှိမ့်လှိမ့်စီးကျလာသည်။

ရွှယ်ရင်းရင်းဟာချက်ချင်းအစေခံတွေလက်ထဲမှရုန်းထွက်လိုက်ရင်းအဖေဖြစ်သူပြေးသွားလျက်လက်မောင်းတစ်ဖက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်။

"သမီးလုပ်တာမမှားဘူးအဖေ....ရွှယ်ရူက အဲ့ဒီရှောင်းမေဆိုတဲ့မိန်းမကိုအရမ်းချီးကျူးနေတာ....ရှောင်းမေ....သူကမကောင်းတဲ့မိန်းမဆိုတာသမီးသိတယ်....သူ..သူကအရှင့်ကိုလိုချင်တပ်မက်နေတာ...."

"ရွှယ်ရင်းရင်း!!"

ရွှယ်အမတ်ကြီးဟာမယုံကြည်နိုင်သည့်မျက်ဝန်းတွေဖြင့်ရွှယ်ရင်းရင်းကိုပထမဆုံးအကြိမ်လေသံမာမာနှင့်ခေါ်လိုက်မိသည်။ဧကရာဇ်မင်းကဘယ်လောက်ပဲ ခံစားချက်ကင်းမဲ့ပြီးသွေးအေးနေပါစေ။အမတ်တိုင်း၏ရင်ထဲ၌သူကနတ်ဘုရားတစ်ပါးနှင့်တူသည်။ထို့အပြင်ရှောင်းအမတ်ကြီးဆိုသည်မှာ ရွှယ်အမတ်နှင့်ရင်းနှီးခြင်းမရှိသော်လည်း ရိုးသားဖြောင့်မတ်သူဖြစ်ကြောင်းအမတ်တွေကြားထဲနာမည်ကြီးသည်။ထို့ကြောင့်ရှောင်းအမတ်ကြီး၏သမီးမှာဆိုးဝါးသူလုံးဝမဖြစ်နိုင်ချေ။

ဒါကိုသူ့သမီးကဘာအကြောင်းကြောင့် ဧကရာဇ်မင်း၏ဆုံးဖြတ်ချက်ကိုဝေဖန်ရဲရသနည်း။သူတို့ဘယ်လောက်ပဲကန့်ကွက်ချင်နေပါစေ၊ရှောင်းမေဆိုသည်မှာဧကရီတစ်ဦးဖြစ်ရန်အတွက်သတ်မှတ်ထားပြီးသားဖြစ်သည်။နိုင်ငံ၏ဧကရီကိုမကောင်းတဲ့မိန်းမဟုလူတွေကြားထဲ ကျယ်ကျယ်လောင်လောင်ပြောနိုင်တဲ့သူ့သမီးကိုရွှယ်အမတ်ကြီးအနေနဲ့စိတ်မဆိုး မှသာထူးဆန်းနေပေလိမ့်မည်။

အနားမှာရှိတဲ့အစေခံတွေမှာရိုရိုကျိုးကျိုးခေါင်းငုံ့ထားပါသော်လည်း ရွှယ်ရင်းရင်းအပေါ်သူတို့အမြင်တွေမှာအတော်လေးထိုးကျသွားမှန်းရွှယ်အမတ်ကြီးအနေနဲ့ခန့်မှန်းနိုင်သည်။

ရွှယ်ရင်းရင်းကသူမအဖေကိုမယုံကြည်နိုင်သည့်မျက်ဝန်းတွေဖြင့်မော့ကြည့်လိုက်မိသည်။သူမတစ်သက်တွင်အဖေဖြစ်သူ၏ယခုလိုလေသံမာမာဖြင့်နာမည်အပြည့်အစုံခေါ်ခြင်းကိုမကြုံခဲ့ရဖူးပေ။

ရွှယ်ရင်းရင်း၏မျက်ဝန်းအတွင်းမှမျက်ရည်တွေပိုမိုစီးကျလာပြီးကျယ်လောင်စွာအော်ဟစ်ငိုယိုတော့သည်။ရွှယ်အမတ်ကြီးဟာသူ့အချစ်ဆုံးသမီးလေးယခုလိုသည်းသည်းထန်ထန်အော်ငိုသည့်အခါတွင်ကိုယ့်ကိုယ်ကိုအပြစ်မကင်းခံစားလိုက်ရပြီးအတော်လေးနောင်တရသွားသည်။

ရွှယ်ရူကိုအစေခံတွေလက်ထဲထည့်လိုက်ပြီးအသေအချာဂရုစိုက်ပေးရန်မှာကြားလိုက်ကာလူတိုင်းကိုဥယျာဥ်ထဲမှထွက်သွားစေသည်။နောက်ဆုံးရှိုက်ကြီးတငင်ငိုကျွေးနေသည့်ရွှယ်ရင်းရင်းနှင့်ရွှယ်အမတ်ကြီးသာကျန်ရစ်ခဲ့သည်။

"သမီးလေး....ရင်းရင်း...အဖေမှားတာပါကွယ်....တိတ်တော့နော်...အရမ်းငိုရင်မျက်လုံးတွေဖောင်းအစ်လာလိမ့်မယ်...."

"ဝူး.....အဖေသမီးကိုအော်တယ်...."

"အဖေတောင်းပန်ပါတယ်ကွယ်....အခုတလောအဖေနည်းနည်းစိတ်ဖိစီးနေလို့ပါ...."

ရွှယ်အမတ်ကြီးဟာရွှယ်ရင်းရင်းကိုပွေ့ဖက်နှစ်သိမ့်ပေးရင်းမျက်ရည်တွေကိုအသေအချာသုတ်ပေးသည်။

"သမီးလိုချင်တာတစ်ခုခုရှိရင်အဖေ့ကိုပြောလေ....အဖေအတတ်နိုင်ဆုံးဖြစ်အောင်လုပ်ပေးပါ့မယ်...."

"တ..တကယ်လား..."

"အင်း"

"ဒါဆိုသမီးအရှင့်ကိုလိုချင်တယ်အဖေ...."

"....."

"သမီးဧကရီဖြစ်ချင်တယ်....အရှင့်ကိုအဲ့ဒီရှောင်းမေ ဆိုတဲ့မကောင်းတဲ့မိန်းမလက်ကနေသမီးကယ်တင်ပေးမယ်အဖေ...."

ရွှယ်အမတ်ကြီး : "....."

ရွှယ်အမတ်ကြီး၏နဂိုသနားစိတ်ဝင်နေသည့်ခံစားချက်အပြည့်မှာဘယ်ပျောက်လို့ဘယ်ရောက်သွားမှန်းမသိအောင်သူ့သမီးကိုမယုံကြည်နိုင်စွာဖြင့်ငုံ့ကြည့်မိသည်။

"မင်းဘာပြောလိုက်တာ!...ဧကရီ...ဟုတ်လား!!!မင်းလိုချင်တိုင်းယူပေးရအောင်အရှင်မင်းမြတ်ကိုအရုပ်တစ်ရုပ်များမှတ်နေလား!!!နောက်တစ်ခါဒီလိုစကားမျိုးတစ်ခြားသူတွေရှေ့မှာမပြောမိစေနဲ့..."

ရွှယ်အမတ်ကြီးဟာဒေါသတကြီးဖြင့်ရွှယ်ရင်းရင်းကိုတွန်းထုတ်လိုက်ပြီးဥယျာဥ်ထဲမှဒေါနဲ့မောနဲ့ထွက်သွားသည်။သူအလိုလိုက်အကြိုက်ဆောင်ထားတဲ့သမီးဖြစ်သူက ဒီလောက်ထိတောင်တုံးအ မိုက်မဲလှမှန်းသူမသိခဲ့ပေ။သူ့သမီးအတွက်သူဘာမဆိုလုပ်ပေးနိုင်သည်။ဒါပေမယ့်ထိုထဲတွင်တိုင်းပြည်၏ဧကရာဇ်တော့မပါပေ။

သူမ၏လုပ်ရပ်ကရွှယ်တစ်မိသားစုလုံးကိုချောက်နက်နက်ထဲတွန်းပို့နေမှန်းသတိမထားမိရလောက်အောင်အထိရူးမိုက်လွန်းနေသည်မဟုတ်ပါလား။

ရွှယ်ရင်းရင်းမှာမြေပြင်ပေါ်တွင်ကြောင်တောင်တောင်မျက်နှာဖြင့်ရှိနေရင်းယခုချိန်ထိဒီအဖြစ်အပျက်တွေကိုယုံကြည်နိုင်ခြင်းမရှိသေးပေ။

ဘာကြောင့်လဲ။သူမ ဘာမှားလို့လဲ။လူတိုင်းက အဲ့ဒီရှောင်းမေဆိုတဲ့မိန်းမနဲ့ပတ်သပ်ရင်အမြဲတမ်းကာကွယ်ပေးတတ်ကြတယ်။အခုဆိုရင်သူမအဖေတောင်သူမဘက်မှာမရှိတော့ဘူး။

သူမက အရှင့်ကိုဒီမကောင်းတဲ့မိန်းမရဲ့ပြုစားထားတာကနေ ကူညီပေးချင်ရုံပါ။ဒါကို.....

ရွှယ်ရင်းရင်းဟာတွေးရင်းတွေးရင်းဖြင့်ပုခုံးတွေတစ်သိမ့်သိမ့်တုန်ရီလာသည်အထိငို၏။ဘာအတွက်ကြောင့်လူတိုင်းကအမှန်ကိုမမြင်နိုင်ရတာလဲသူမ မသိတော့ပေ။

***********

မင်္ဂလာရက်တွင်တိုင်းပြည်တစ်ခုလုံးတွင်အနီရောင်ဖဲကြိုးစတွေဖြင့်ပျော်ပွဲရွှင်ပွဲကဲ့သို့ဗျောက်အိုးဖောက်သံတွေဆူညံနေလေသည်။လူတိုင်းနီးပါး ဧကရာဇ်အတွက်စိတ်ရင်းဖြင့်ပျော်ရွှင်ပေးခဲ့ကြသည်။

ရှောင်းအိမ်တော်၊ သတို့သမီးအခန်း။

ရှောင်ကျန့်ဟာမှန်တင်ခုံရှေ့တွင်မျက်နှာသေဖြင့်ထိုင်နေရင်းအပျိုတော်မိန်းကလေးတစ်စု၏ပြင်ဆင်မှုကိုငြိမ်နေသည်။

[ရွှတ်....အမလေး...hostတောင်လက်ထပ်တော့မှာပါလား.....ဝူး...hostချစ်သူရောက်လာရင်ဘယ်လိုရှင်းပြဖို့စိတ်ကူးထားလဲဟင်....ဝူး..ဝူး...အုန်းသီးတော့ငိုချင်တာပဲသိတော့တယ်....]

အုန်းသီးကသမီးရှင်အမေကြီးတစ်ယောက်လိုမျိုးတစ်ရွှတ်ရွှတ်ဖြင့်ငိုယိုနေရှာသည်။သူ့hostချစ်သူပြဿနာလာရှာမှာလဲကြောက်သလို အခုချိန်ထိသူ့hostအချောလေးလက်ထပ်ရတော့မယ်ဆိုတာလည်းမယုံကြည်နိုင်သေးပေ။

'အုန်းသီး'

[ဗျာ]

'မင်းခဏလောက်ငြိမ်ငြိမ်လေးနဲ့အသံတိတ်ပေးလို့ရမလား'

[ဝူး....အုန်းသီးလည်းကြိုးစားတာပဲ...ဒါပေမယ့်ငိုချင်စိတ်ကများနေတယ်ဗျ]

ရှောင်ကျန့် : "......"

[သေချာတာကတော့hostချစ်သူသာသိရင်တကယ့်ကမ္ဘာပျက်ပြီပဲ...hostထွက်ပြေးလိုက်ပါလား]

'မင်းကအရူးလား...ဟမ်...'

[????]

'တကယ်လို့ငါထွက်ပြေးသွားရင်ဇာတ်လိုက်မနဲ့ဘာကွာတော့မှာလဲ....'

[အဲ...ဟုတ်သား]

'ပြီးတော့...ဧကရာဇ်ကငါ့ချစ်သူဖြစ်နိုင်တယ်'

[အမ်....ဟုတ်လား]

'သူမဟုတ်ရင်ဘယ်သူရှိရအုံးမှာလဲ....မျက်နှာကာ တတ်ထားပြီးရုပ်က ဆိုးလား၊လှလားတောင်မသိရတဲ့ အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက်ကို အရူးပဲ မြင်မြင်ချင်း ဧကရီတင်မြှောက်လိမ့်မယ်...'

[.....]

'ငါ့ချစ်သူအရူးကြီးမှမဟုတ်ရင် ဒီလိုကြောင်တောင်တောင်အချစ်ရူးပုံစံမျိုး နဲ့နှစ်ယောက်မြောက်လူကိုငါစဥ်းစားလို့မရတော့ဘူး'

အုန်းသီး : [.....]

ဟုတ်သလိုလိုတော့ရှိသား။

[ဒါ...ဒါပေမယ့်hostရာ....ကျွန်တော်တို့ကသူ့ဝိဥာဥ်ကိုမစစ်ဆေးရသေးဘူးလေ....ဖြစ်နိုင်ချေအမျိုးမျိုးထဲက....အမ်း....သိတယ်မလား]

'မဟုတ်ဘူး'

[ဟမ်...]

ရှောင်ကျန့်၏မျက်နှာလှလှလေးထက်အရာအားလုံးအရည်ပျော်ကျသွားစေနိုင်သည့်နူးညံ့တဲ့အပြုံးလေးတစ်ခုပေါ်ပေါက်လာသည်။

'ငါခံစားမိတယ်'

[.....]

'ငါ့ခံစားချက်တွေကဘယ်တော့မှမလိမ်ဘူး'

[.....]

hostသေချာတယ်ဆိုလဲပြီးတာပါပဲလေ။

"ဝါး....သခင်မလေး ကလှလိုက်တာ..."

အပျိုတော်မိန်းကလေးတစ်ယောက်ဟာသူမပါးစပ်ကိုအုပ်ကိုင်လိုက်ရင်းနီရဲနေသည့်မျက်နှာလေးဖြင့်မနေနိုင်စွာပြောလိုက်မိသည်။

"နင်မှားနေပြီ....သခင်မလေးရှောင်းကမကြာခင်မှာပဲ ဧကရီဖြစ်လာတော့မှာလေ"

"ဟုတ်တယ်...ဟုတ်တယ်....ကျွန်တော်မျိုးမတို့မြင်ဖူးသမျှဘယ်မိန်းကလေးမှ ဧကရီရဲ့လှပမှုနဲ့ကျက်သရေကိုမမှီကြဘူး"

အပျိုတော်မိန်းကလေးတွေမှာရှောင်ကျန့်ကိုကြည့်ရင်းမိန်းကလေးအချင်းချင်းဖြစ်နေသော်လည်းရစ်မူးမိစွာဖြင့်ထုတ်ပြောမိကြသည်။

ရှောင်ကျန့်ကအမှန်တကယ်လှပသည်။မိတ်ကပ်ခပ်ပါးပါးသာလိမ်းချယ်ထားသော်လည်းပဲအရာအားလုံးကိုမှေးမှန်သွားစေသည်အထိကိုတောက်ပ၊ လှပလွန်းနေလေသည်။ခေါင်းပေါ်တွင်ဇာမဏီသဏ္ဍာန်ခေါင်းဆောင်းရှိနေလျက် ဆံနွယ်ရှည်တွေကိုခပ်မြင့်မြင့်ထုံးဖွဲ့ထား၏။နီရဲတောက်နေသည့်မင်္ဂလာသတို့သမီးဝတ်စုံနှင့်နှုတ်ခမ်းတစ်စုံမှာ သူ့ရဲ့နှင်းကဲ့သို့ဖြူဖွေးနူးညံ့လှသည့်အသားအရည်နှင့်ဆန့်ကျင်လျက်ရှိသည်။သို့သော်ထိုအရာကပင်ရူးလောက်သည့်ညှို့ဓာတ်တစ်မျိုးနှင့်အရိုးထိတိုင်စွဲမြဲနေသော ကျက်သရေအဖြာဖြာနှင့်အရှိန်အဝါဖြင့် ကျားမ မရွေးအရာအားလုံးကိုဆွဲဆောင်နိုင်သည်။

ဒီလိုအရာရာပြီးပြည့်စုံတဲ့မိန်းကလေးကမှ ဧကရာဇ်နဲ့ထိုက်တန်ကြောင်းသူမတို့ခံစားလိုက်ရသည်။

သိပ်မကြာမြင့်လိုက်ပါပဲမင်္ဂလာဝေါယာဥ်ပေါ်သို့ရှောင်ကျန့်ဟာရောက်ရှိသွားသည်။လမ်းတစ်လျှောက်များပြားလှသောပြည်သူတွေမှာအသစ်ရရှိလာမည့်ဧကရီလောင်းကိုမမြင်တွေ့နိုင်မှန်းသိသော်လည်းချီးကျူးဩဘာအပြည့်ဖြင့်ကြိုဆိုနေကြဆဲသာ။

လမ်းမတစ်လျှောက်လုံးစည်ကားလွန်းတာကြောင့်မင်္ဂလာဝေါယာဥ်ထဲကနေတစ်ဆင့်ရှောင်ကျန့်ဟာ သံစဥ်အမျိုးမျိုးနှင့်ဆူညံသံတွေကိုကြားနေရသည်။

ကျစ်....သတို့သမီးတွေရဲ့မျက်နှာကိုပုဝါအုပ်ထားဖို့ဘယ်သူများတီထွင်လိုက်တာလဲ။ဒါကသောက်ရမ်းပူတယ်ဟ။

နန်းတော်သို့ရောက်သည့်အခါတွင်အနီရောင်သတို့သားဝတ်စုံဖြင့်ချောမောလှပ ပါသောဧကရာဇ်မင်းဟာဝေါယာဥ်လိုက်ကာစကိုမ၍ သတို့သမီးဖြစ်သူကိုလက်ကမ်းပေးသည်။ရှောင်ကျန့်၏ဖြူဖြူသွယ်သွယ်လက်ချောင်းတွေမှာဝမ်ဧကရာဇ်၏ကြီးမားသွယ်လျသည့်လက်ဖဝါးကြီးပေါ်သို့ထပ်တင်လိုက်သည့်အခါတွင်ထုံးစံအတိုင်း ဧကရာဇ်မင်းခမျာအရှက်လွန်ပြီးလက်တွေတောင်တုန်လာရသည်အထိပင်။

မင်္ဂလာဝတ်စုံတွေနှင့်အပြိုင်နီရဲတွတ်နေသည့်ဧကရာဇ်မင်း၏မျက်နှာချောချောကြောင့်နန်းတွင်းမူးမတ်တွေနှင့်အပျိုတော်တွေခမျာ ရယ်ချင်စိတ်ကိုအောင့်ထားလိုက်ရသည်။

မင်္ဂလာအခမ်းအနားကလွန်စွာကြီးကျယ်ခမ်းနားသည်။လက်အောက်ခံတိုင်းပြည်မြောက်များစွာနှင့်မျိုးရိုးဂုဏ်ရာထူးကြီးမားသည့်အထက်တန်းလွှာတွေအပြင် ပြည်သူတွေဟာလည်းနန်းတော်အပြင်ဘက်တွင်အုံလိုက်ကိင်းလိုက် စောင့်စားနေကြသည်။

ဧကရာဇ်မင်းကနေ့ထူးနေ့မြတ်အနေနဲ့ပြည်သူတစ်ယောက်ချင်းစီတိုင်းကိုဆန်တစ်အိတ်နှင့်ရွှေပြားနှစ်ပြားစီဆုချီးမြှင့်စေသည်။ဒါကပြည်သူတိုင်းကိုအတိုင်းထက်လွန်ပျော်ရွင်ဝမ်းမြောက်စေပြီး ဧကရာဇ်နှင့်ဧကရီနှစ်ပါးကို အကောင်းမွန်ဆုံးသောကောင်းချီးတွေပေးအပ်ခဲ့ကြသည်။

မင်္ဂလာ အခမ်းအနားတစ်လျှောက်လုံး မည်သည့်အရာအားလုံးကို မဆိုတိတိကျကျကိုင်တွယ်စီမံနိုင်သည့်ဧကရာဇ်ဝမ်ခမျာ တုန်တုန်ရီရီဖြင့် တလွဲတွေဖြစ်ကုန်မည်အားစိုးရိမ်နေရရှာသည်။သူ့ဘေးနားရှိလူသားလေး၏ကိုယ်ငွေ့ကိုခံစားမိရုံနှင့်တင်မင်္ဂလာခန်းစည်းတွေနှင်အပြိုင် ဧကရာဇ်မင်း၏မျက်နှာမှာနီရဲ၍နေသည်။

ရှောင်ကျန့်၏ကိုယ်သင်းနံ့မှာသင်းသင်းလေးနှင့်စိတ်ကိုကြည်လင်လန်းဆန်းသွားစေတာမျိုးပင်။

မိုးမြေကန်တော့ခြင်းအခမ်းအနားပြီးမြောက်ပြီးနောက် ဧကရာဇ်ဝမ်တစ်ယောက်တည်းသာဧည့်သည်တွေကိုဧည့်ခံဖို့ရန်ကျန်ရစ်ခဲ့သည်။ရှောင်ကျန့်ဟာထူထဲလှသည့်အနီရောင်ပုဝါစကြီးကိုခေါင်းပေါ်တင်ထားလျက်ပင်မင်္ဂလာအိပ်ခန်းထဲ၌ငုတ်တုပ်ထိုင်စောင့်၍နေရသည်။ မင်္ဂလာအခမ်းအနားမှာလွန်စွာပင်ပန်းလှပါသော်လည်းရှောင်ကျန့်ဟာအတော်လေးစိတ်လှုပ်ရှားပျော်ရွှင်နေမိသည်ကိုငြင်းမရပေ။

ဤအရာကပဲဧကရာဇ်ဝမ်မှာသူ့ချစ်သူဖြစ်နိုင်ကြောင်းခန့်မှန်းချက်ကိုပို၍သေချာသွားစေသည်။ထိုသူကိုယ်တိုင်လည်းထပ်တူထပ်မျှစိတ်လှုပ်ရှားပျော်ရွှင်မည်ဟုသူယုံကြည်သည်။

အစပိုင်းတွင်မင်္ဂလာဦးညအတွက်စိတ်လှုပ်ရှားနေခဲ့ပါသော်လည်းတဖြည်းဖြည်းဖြင့်ပျင်းရိလာသည်။သူ့ခေါင်းပေါ်ကပုဝါအနီကြီးကိုဆွဲဆတ်ချွတ်ပြစ်ချင်လာသည်အထိပင်။

ဟိုမအေဘေးကလည်း လာကိုမလာနိုင်တော့ဘူး။

ရှောင်ကျန့်၏ထွက်ပြူစပြုလာသည့်ဒေါသသေးသေးလေးအောက်မှာပင်အခန်းတံခါးဟာကျွီကနဲပွင့်ဟလာသည်။ဝမ်ဧကရာဇ်ဟာ သူ့ရဲ့တုန်ရီနေသည့်ရင်ဘတ်ကိုမနည်းထိန်းချုပ်လိုက်ရင်းတံခါးကိုပြန်ပိတ်လိုက်သည်။

ယနေ့ကသူတို့နှစ်ယောက်၏မင်္ဂလာဦးညဖြစ်သည်။တစ်ခါမှအတွေ့အကြုံမရှိဖူးသည့်ဧကရာဇ်ကြီးဟာ ဟိုဒင်းဟိုဟာစာပေတွေကိုအသေအလဲလေ့လာထားပါသော်လည်းအမှန်တကယ်ကြုံတွေ့ရသည့်အခါတွင်ခြေမကိုင်မိလက်မကိုင်မိဖြင့်တုန်တုန်ရီရီဖြစ်နေလေသည်။

ရဲဆေးတင်ပြီးသောက်လာတဲ့သေရည်ဟူသည်မှာလည်းဘယ်ချောင်ရောက်လို့ရောက်မှန်းတောင်မသိတော့ပေ။

ရင်တုန်ပန်းတုန်ဖြင့်ဧကရာဇ် ဟာနီနီရဲရဲသတို့သမီးဝတ်စုံဖြင့်လှပနေသည့်အသစ်စက်စက်သတို့သမီးလေးနားလျှောက်သွားရင်းခေါင်းပေါ်ကပုဝါအနီကိုဖယ်ရှားလိုက်သည်။အကြာကြီးတင်ထားရတာပင်ပန်းနေလောက်သည်။

အနီရောင်ပိုးပုဝါစဟာမင်္ဂလာကုတင်ပေါ်သို့ပြုတ်ကျသွားရင်းဝမ်ဧကရာဇ်၏ဖီးနစ်သဏ္ဍာန်မျက်ဝန်းတစ်စုံမှာငေးမောမှင်သပ်သွားဟန်ပေါ်ပေါက်လာသည်။

သူ့ရဲ့ဧကရီလေးကလှပမည်မှန်းသူသိနေသော်လည်းယခုလောက်ထိရက်ရက်စက်စက်လှပပြီးဆွဲဆောင်မှုရှိ လွန်းမည်ဟုမထင်ထားခဲ့ချေ။ဖယောင်းတိုင်မီးရောင်အောက်တွင်နှင်းကဲ့သို့ဖြူဖွေးနူးညံ့တဲ့အသားအရေမှာအနီရောင်အလွှာလေးတစ်လွှာလွှမ်းခြုံထားသကဲ့သို့ထင်ရပြီး လူတိုင်းကိုရူးသွပ်သွားစေရန်ဆွဲဆောင်နိုင်သော နတ်ဆိုးမလေးတစ်ယောက်ကဲ့သို့ပင်။

နီရဲတောက်နေသည့်နှုတ်ခမ်းပါးလေးနှင့်သေးသေးသွယ်သွယ်လည်တိုင်ဖြူဖြူလေးကိုကြည့်ရင်းဧကရာဇ်မင်း၏လည်စေ့မှာအပေါ်အောက်လှုပ်ရှားသွားသည်။မက်မွန်သီးသဏ္ဍာန်ရွှန်းလဲ့လဲ့မျက်ဝန်းလေးတွေကိုကြည့်ရင်းမျက်နှာတစ်ခုလုံးရဲတတ်လာပြန်၏။

"ဟို...ဟို....ကိုယ်...ကိုယ်မင်းကို....အမ်...ဟိုလို...နမ်း...နမ်း...နမ်းလို့...ရ.."

"အဟမ်း....အရှင်....ကျွန်တော်မျိုးမတစ်ခုလောက် တောင်းဆိုခွင့်ရနိုင်မလား...."

"ရတယ်....မင်းလုပ်ချင်တာဘာမဆိုကိုယ့်ကိုပြောလို့ရတယ်....ပြီး..ပြီးတော့.....ကိုယ့်ကိုအရှင်လို့မခေါ်ပါနဲ့....ကိုယ့်နာမည်ရင်းက ဝမ်ရိပေါ်....ရိပေါ်လို့ခေါ်ရင်ပဲရပါပြီ...."

"....."

ရှောင်ကျန့်၏မျက်လုံးလှလှလေးတွေမှာပြူးကျယ်သွားပြီး အံ့အားသင့်ထိတ်လန့်စွာဖြင့်ရှက်ရွံ့နေသည့်ဝမ်ဧကရာဇ်...မဟုတ်...ဝမ်ရိပေါ်ကိုကြည့်လိုက်မိသည်။

ဝမ်ရိပေါ်.....ရိပေါ်။

ထိုနာမည်ကသူတို့နှစ်ယောက်စတင်တွေ့ဆုံရာကမ္ဘာ၌ သူ့ချစ်သူ၏နာမည်ဖြစ်သလိုရှောင်ကျန့်အတွက်လည်းကမ္ဘာအမျိုးမျိုးကနာမည်ပေါင်းများစွာထက် ရိပေါ်ဟူသောနာမည်ကပိုပြီးရင်းနှီးသည်။

ရှောင်ကျန့်၏မျက်ဝန်းအိမ်အတွင်း၌တဖြည်းဖြည်းဖြင့်မျက်ရည်တွေဝေ့သီလာသည်။ဒါကရိပေါ်ကိုထိတ်လန့်တုန်လှုပ်သွားစေသည်။

"ကိုယ်....ကိုယ်ပြောတာတစ်ခုခုများမှားသွားလို့လား.....တောင်းပန်ပါတယ်....တောင်းပန်ပါတယ်.....မငိုပါနဲ့နော်.....မကျေနပ်ရင်ကိုယ့်ကိုရိုက်လေ....ဒါကြောင့်မငိုပါနဲ့တော့"

ဝမ်ရိပေါ်၏အရူးတစ်ယောက်လိုပြာယာနေမှုကိုမြင်သည့်အခါတွင်ရှောင်ကျန့်ဟာ ရယ်လည်းရယ်ချင်လာသလိုငိုလည်းငိုချင်လာ၏။

"မဟုတ်ပါဘူး....ဒီအတိုင်း....ဖက်ပေးထားလို့ရမလား...."

ရှောင်ကျန့်ကသူ့လက်လေးနှစ်ဖက်ကိုဖွင့်ဟဆန့်တန်းလိုက်သည့်အခါတွင်ဝမ်ရိပေါ်မှာခေတ္တမျှကြောင်အ သွားပါသော်လည်းပျော်ရွှင်စွာဖြင့်ရှောင်ကျန့်၏တစ်ကိုယ်လုံးကိုသိမ်းကျုံးပွေ့ဖက်လိုက်သည်။

ရိပေါ်၏ကိုယ်သင်းရနံ့နှင့်ယောက်ျားပီသ သည့်ကိုယ်ငွေ့ကိုခံစားရင်းစိတ်ထဲကနေအုန်းသီးကိုသတိပေးလိုက်သည်။

'အုန်းသီး....စစ်ဆေးလိုက်တော့....'

[ဟုတ်ကဲ့ပါhost....ဝိဥာဥ်ချင်းကိုက်ညီမှုရှိမရှိစစ်ဆေးနေပါသည်.....ငါးမိနစ်ခန့်စောင့်ဆိုင်းပေးပါ....]

ရှောင်ကျန့်ကသူ့မျက်လုံးလေးတွေကိုစိတ်အေးလက်အေး မှေးမှတ်ထားရင်းငြိမ်ငြိမ်သက်သက်လေးစောင့်ဆိုင်းနေသည်။ရိပေါ်ကိုယ်တိုင်ကလည်းကျေကျေနပ်နပ်ကြီးပင် မငြီးမညူပွေ့ဖက်ထားပေးသည်။တစ်ချက်တစ်ချက်သူ့ရင်ခွင်ထဲကမိန်းမငယ်လေး၏ကိုယ်သင်းနံ့ကိုခိုး၍ရှုရှိုက်နေလိုက်သေးသည်။သူ့ရဲ့ပယင်းရောင်မျက်ဝန်းတွေထဲ၌အရူးအမူးပိုင်ဆိုင်လိုစိတ်ဖြင့်ပြင်းပြသည့်ဆန္ဒတွေမှာမဖုံးကွယ်နိုင်အောင်များပြားလွန်းလှသော်လည်းပဲ သူ့မိန်းမလေးမကြောက်လန့်သွားစေရန်ကြိုးစားထိန်းချုပ်ထားလိုက်သည်။

[ဒင်.....ဝိဥာဥ်နှစ်ခုလုံး100%ကိုက်ညီမှုရှိနေပါတယ်host....ဝိုး....hostကကျွန်တော့်ထက်တောင်ပိုပြီးသေသေချာချာသိထားတာပဲ]

'သူကငါ့အချစ်တုံးကြီးလေ'

သူ့ရဲ့အချစ်ရူးကြီး။

ရှောင်ကျန့်ဟာသူ့စိတ်ထဲကျေနပ်သွားသည်အထိပွေ့ဖက်နှစ်သိမ့်နေရင်း အတော်ကြာမှာဝမ်ရိပေါ်၏ရင်ဘတ်ကိုခပ်ဖွဖွတွန်း၍လွှတ်လို့ရပြီဖြစ်ကြောင်းသတိပေးလိုက်သည်။

ဧကရာဇ်ဝမ်ဟာအနည်းငယ်မကျေနပ်သေးသော်လည်းငြင်းဆန်နိုင်ခြင်းမရှိပဲပွေ့ဖက်ထားရာမှလွှတ်ပေးလိုက်သည်။

ရှောင်ကျန့်ကခပ်ညစ်ညစ်လေးပြုံးရင်းဝမ်ရိပေါ်ကိုမော့ကြည့်လိုက်သည်။သူ့ချစ်သူမှန်းသေချာသွားမှတော့ယဥ်ယဥ်ကျေးကျေးစကားလေးတွေဖြင့်အစဥ်အလာကိုလိုက်နာနေစရာအကြောင်းမရှိတော့ပေ။သူပိုပြီးလွတ်လပ်ပေါ့ပါးစွာဆက်ဆံပြောဆိုတာကသူ့ချစ်သူကိုပို၍စိတ်ကျေနပ်ပျော်ရွှင်စေကြောင်းသူ့လောက်မည်သူမှနားမလည်ပေ။

"ဒီတော့....အရှင့်နာမည်ကဝမ်ရိပေါ်ပေါ့နော်...."

"....."

"ဒါဆို ရိပေါ်လို့ပဲခေါ်လို့ရတယ်မဟုတ်လား...."

ဝမ်ရိပေါ်ကအရူးလေးတစ်ယောက်လိုခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ပြသည်။

"ရိပေါ်....မင်းသိလား....ငါ့မှာလျှို့ဝှက်ချက်တစ်ခုရှိတယ်...."

ပြောရင်းဆိုရင်းဖြင့်ရှောင်ကျန့်ဟာဝမ်ရိပေါ်၏တစ်ကိုယ်လုံးကိုအိပ်ယာပေါ်လှဲချလိုက်ပြီးသူကိုယ်တိုင်ကအပေါ်မှအုပ်မိုးလိုက်သည်။ဝမ်ရိပေါ်ကဆာလောင်စွာတံတွေးမျိုချသည်။

ရှောင်ကျန့်၏မိန်းကလေးဆန်ဆန်မျက်နှာလှလှလေးဟာခပ်ဟဟပြုံးရယ်လာရင်းသူ့လက်ကောက်ဝတ် တစ်နေရာကိုငါးကြိမ်တိတိလက်ညှိုးနဲ့ထိလိုက်သည်။

ချက်ချင်းဆိုသလိုပင် ဝမ်ရိပေါ်ရှေ့မှောက်ရှိအန္တရာယ်များစွာလှပလွန်းသောမိန်းမပျိုလေး၏လည်တိုင်ဖြူဖြူကျော့ကျော့လေးထက်၌လည်စိသဏ္ဍာန်အနည်းငယ်ဖောင်းတတ်လာသည်။နူးညံ့သည့်မျက်နှာထားမှာသိပ်မပြောင်းလဲသော်လည်းပဲမေးရိုးတွေမှာပိုမိုတိကျလာပြီးအရပ်လည်းအနည်းငယ်ပိုရှည်ထွက်လာ၏။

မက်မွန်သီးကဲ့သို့မျက်ဝန်းလေးတစ်စုံမှာပိုမိုအသက်ဝင်လာဟန်ထင်ရပြီး မျက်နှာတစ်ခုလုံးပြောင်းလဲ၍သွားသည်။အထူးဖြင့်ဖောင်းတတ်နေသည့်ရင်ဘတ်တစ်နေရာမှာမျက်စိအောက်မှာတင်ပြားကပ်သွားရှာ၏။

ရှောင်ကျန့်၏စားချင်စဖွယ်နှုတ်ခမ်းရဲရဲလေးတွေမှာချစ်စရာလျှာလေးကိုမြင်ရသည်အထိပွင့်ဟလို့လာသည်။ထို့နောက်ခုနကမိန်းကလေးတစ်ယောက်၏နူးညံ့တဲ့အသံနှင့်မတူညီစွာသာယာသောယောက်ျားပျိုတစ်ယောက်၏အသံသေးသေးလေးမှာနားယားစဖွယ်ထွက်ပေါ်လာ၏။

"ကျွန်တော်ကယောက်ျားလေးတစ်ယောက်လေ...."

ဝမ်ရိပေါ် : "....."

________________________________________________________

Zawgyi

ေရွာင္းအမတ္ႀကီး၏တစ္ဦးတည္းေသာသမီးကို အင္ပါယာ၏ဧကရီအျဖစ္တင္ျမႇောက္မည့္ သတင္းႀကီးဟာ တိုင္းျပည္တစ္ခုလုံးန်ဴးကလီးယားဗုံးေပါက္ကြဲသလိုမ်ိဳးပ်ံ့ႏွံ႕သြားသည္။

ဝမ္အင္ပါယာ၏လက္ေအာက္ခံတိုင္းျပည္ေျမာက္မ်ားစြာဟာ အမ်ိဳးမ်ိဳးေသာတန္ဖိုးႀကီးလက္ေဆာင္ပစၥည္းေတြကိုစုစည္းၾကသည္။ဧကရာဇ္မင္းက မိန္းမေတြကိုစိတ္မဝင္စားတုန္းကတစ္စက္ကေလးမွလွည့္မၾကည့္သေလာက္ သေဘာက်သြားတဲ့မိန္းကေလးတစ္ေယာက္ရွိလာျပန္ေတာ့လည္း ဧကရီအျဖစ္ခ်က္ခ်င္းတင္ျမႇောက္လိုက္တာပါလား။

အင္ပါယာတစ္ခုလုံးကိုလက္ဖဝါးတစ္ဖက္တည္းနဲ႕အုပ္ကိုင္ျခယ္လွယ္ထားတဲ့ဧကရာဇ္အတြက္ ဧကရီတစ္ပါးတင္ျမႇောက္ဖို႔ရန္တစ္ျခားရာထူးႀကီးအမတ္မင္းေတြ၏ခြင့္ျပဳမိန့္မလိုအပ္ေပ။

ေရွာင္းအမတ္ႀကီး၏သမီး ေရွာင္းေမဟာတစ္ခါမွာအိမ္ေတာ္တြင္းကေန အျပင္ထြက္ျခင္းမရွိခဲ့တာေၾကာင့္ သူမ၏မ်က္ႏွာမွာမည္သို႔ရွိမွန္းပင္မသိၾကေပ။ေျပာၾကတာေတာ့ေရွာင္းအမတ္ႀကီး၏ သမီးဟာအၿမဲတမ္းသူမမ်က္ႏွာႏွင့္လည္ပင္းတစ္ဝိုက္ကို မ်က္ႏွာကာတစ္ခုျဖင့္ဖုံးအုပ္ထားတတ္သည္တဲ့။

ျပည္သူလူထုအေနနဲ႕႐ုတ္တရတ္ႀကီးအသစ္ရရွိလာသည့္ဧကရီ၏အေၾကာင္းဘာဆိုဘာမွမသိေပမယ့္ဧကရာဇ္ကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့မွေတာ့အေကာင္းဆုံးသာျဖစ္မွန္းသူတို႔ယုံၾကည္ၾကသည္။ျပည္သူေတြအားလုံးနီးပါးစိတ္ရင္းအမွန္ျဖင့္ေပ်ာ္႐ႊင္ေပးခဲ့ၾကသည္။

ဝမ္ဧကရာဇ္ဟာေသြးေအးရက္စက္သည္မွာမွန္ေသာ္လည္းပဲသူနန္းတတ္စဥ္ကာလတစ္ေလွ်ာက္လုံးတိုင္းျပည္အတြင္းတစ္ခါမွငတ္မြတ္ေခါင္းပါးတာမ်ိဳးမရွိခဲ့ဖူးေပ။ျပည္သူတိုင္းဟာဝဝလင္လင္စားသုံးနိုင္ၾကၿပီးေကာင္းေကာင္းမြန္မြန္ဝတ္စားနိုင္ၾက၏။ဒါေၾကာင့္လည္းဧကရာဇ္မင္းအေပၚျပည္သူတိုင္းက ေလးစားခ်စ္ခင္ၾကသည္။

"အမတ္မင္း!!....အမတ္မင္း!!....သခင္မေလးေသာင္းက်န္းေနျပန္ၿပီ...."

အေစခံတစ္ေယာက္ဟာ႐ႊယ္အမတ္ႀကီးနားေနသည့္အိပ္ေဆာင္အျပင္ဘက္ကေနအေလာတႀကီးေလွ်ာက္တင္လာသည္။႐ႊယ္အမတ္ႀကီးဟာသူ႕နဖူးေၾကာေတြကိုပြတ္လိုက္ရင္းယခုရက္ပိုင္းအတြင္းသမီးျဖစ္သူ႐ႊယ္ရင္းရင္း၏အမ်ိဳးမ်ိဳးေသာင္းက်န္းဖ်က္စီးမႈေၾကာင့္အေတာ္ေလးေခါင္းကိုက္လာ၏။

႐ႊယ္အမတ္ႀကီးဟာသက္ျပင္းအရွည္ႀကီးခ်လိဳက္ရင္းအေဆာင္တံခါးကိုဆြဲဖြင့္လိုက္သည္။

"ငါ့ကိုလမ္းျပ...."

"ဟုတ္ကဲ့ပါအမတ္မင္း..."

အေစခံ၏လမ္းျပမႈနဲ႕အတူ႐ႊယ္အိမ္ေတာ္၏ဥယ်ာဥ္ရွိရာဆီသို႔ေရာက္ရွိလာသည္။

ဥယ်ာဥ္အတြင္း၌လူအုပ္လိုက္ျဖင့္ရႈပ္ရွပ္ခတ္၍ေနသည္။႐ႊယ္ရင္းရင္းကိုအေစခံမိန္းကေလးတစ္ခ်ိဳ႕မွာထိန္းကိုင္ထားလ်က္ဒဏ္ရာဗလပြျဖင့္မိန္းကေလးတစ္ဦးဟာလည္းတစ္ရႈံ႕ရႈံ႕ငိုေန၏။႐ႊယ္အမတ္ႀကီးကိုျမင္သည့္အခါတြင္ကုတ္ရာျခစ္ရာေတြျဖင့္အႏွီးမိန္းကေလးဟာအားကိုးတႀကီးေျပးလာသည္။

"အေဖ...အေဖ....ရင္းရင္းက႐ူးေနၿပီလားမသိဘူး....."

႐ႊယ္အမတ္ႀကီးဟာသူ႕သမီးႀကီး၏ေခါင္းကိုပြတ္ေပးလိုက္ရင္းသူ႕မ်က္ႏွာမွာတင္းမာေနသည္။သူ႕သမီးေတြထဲတြင္႐ႊယ္ရင္းရင္းကိုအခ်စ္ဆုံးဆိုေသာ္လည္းတစ္ျခားကေလးေတြကိုျဖစ္သလိုသူျပစ္ထားတာေတာ့မဟုတ္ေပ။႐ႊယ္ရင္းရင္း၏ယခုလုပ္ရက္ကအေတာ္ေလးလြန္သည္။

"ဘာျဖစ္တာလဲ....ငါ့ကိုရွင္းျပစမ္း"

အနားမွာရွိတဲ့အေစခံတစ္ဦးဟာ႐ႊယ္အမတ္ႀကီးကိုျဖစ္သမွ်အားလုံးၿခဳံ႐ုံ၍ရွင္းျပသည္။

ျပႆနာ၏အစမွာထုံးစံအတိုင္း႐ႊယ္ရင္းရင္သာျဖစ္သည္။႐ႊယ္အမတ္ႀကီး၏သမီးႀကီး ႐ႊယ္႐ူဟာဥယ်ာဥ္ထဲ၌တစ္ျခားညီအစ္မေတြနဲ႕အတူေအးေအးေဆးေဆးထိုင္စကားေျပာေနခဲ့ၾကျခင္းပင္။႐ႊယ္႐ူ၏စကားလမ္းေၾကာင္းဟာ ဧကရာဇ္မင္း ေရွာင္းအမတ္ႀကီး၏သမီးေရွာင္းေမ ကိုဧကရီအျဖစ္တင္ျမႇောက္မည့္ အျဖစ္သို႔ေရာက္ရွိသြားသည္။

တိုင္းျပည္ထဲကလူတိုင္းနီးပါးကဧကရာဇ္ဝမ္ကိုေလးစားခ်စ္ခင္ၾကသည္။ထိုထဲတြင္႐ႊယ္႐ူလည္းပါသည္မွာမလြဲေပ။သူမက ဝမ္ဧကရာဇ္ကိုယ္တိုင္ေ႐ြးခ်ယ္တင္ျမႇောက္ခဲ့သည့္ဧကရီတစ္ပါးအေနနဲ႕ ေသခ်ာေပါက္လိုက္ဖက္ညီ ေပလိမ့္မည္ျဖစ္ေၾကာင္း ညီအစ္မေတြကိုေျပာသည္။

ထိုအခ်ိန္မွာပဲဘယ္ကေနဘယ္လိုေရာက္ခ်လာမွန္းမသိသည့္႐ႊယ္ရင္းရင္းဟာ႐ႊယ္႐ူ၏မ်က္ႏွာကိုျဖတ္ရိုက္ခ်လိဳက္ၿပီးတစ္ကိုယ္လုံးကိုလက္သည္းေတြျဖင့္ကုတ္ျခစ္လာ၏။တစ္ျခားညီအစ္မေတြမွာလြန္စြာလန့္ျဖန့္သြားကာ ပတ္ဝန္းက်င္ကအေစခံေတြကိုေအာ္ေခၚလာသည့္အတြက္ ဤသို႔ျဖင့္႐ုန့္ရင္းဆန္ခတ္အေျခအေနကိုျဖစ္ေပၚသြားေစျခင္းျဖစ္သည္။

႐ႊယ္႐ူဟာအမတ္ႀကီး႐ႊယ္၏အေနာက္ဘက္တြင္တစ္သိမ့္သိမ့္ရွိုက္ငိုလ်က္႐ႊယ္ရင္းရင္းကိုေၾကာက္လန့္စြာၾကည့္ေနမိသည္။အမတ္ႀကီး႐ႊယ္က႐ႊယ္႐ူကိုႏွစ္သိမ့္သည့္ဟန္ျဖင့္ခပ္ဖြဖြေခါင္းေလးကိုပုတ္ေပးသည့္အခါတြင္႐ႊယ္ရင္းရင္း၏မ်က္ႏွာမွာပို၍ဆိုး႐ြားသြားသည္။

သူမ အေဖကသူမ မဟုတ္တဲ့တစ္ျခားသူတစ္ေယာက္ကိုယခုလိုတရင္းတႏွီးႏွစ္သိမ့္ေပးေနသည့္ျမင္ကြင္းက႐ႊယ္ရင္းရင္းကိုမနာလိုဝန္တိုစိတ္ပိုမ်ားလာေစသည္။သူမ မ်က္ဝန္းအိမ္အတြင္းမွာမ်က္ရည္ဥႀကီးေတြတစ္လွိမ့္လွိမ့္စီးက်လာသည္။

႐ႊယ္ရင္းရင္းဟာခ်က္ခ်င္းအေစခံေတြလက္ထဲမွ႐ုန္းထြက္လိုက္ရင္းအေဖျဖစ္သူေျပးသြားလ်က္လက္ေမာင္းတစ္ဖက္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္လိုက္သည္။

"သမီးလုပ္တာမမွားဘူးအေဖ....႐ႊယ္႐ူက အဲ့ဒီေရွာင္းေမဆိုတဲ့မိန္းမကိုအရမ္းခ်ီးက်ဴးေနတာ....ေရွာင္းေမ....သူကမေကာင္းတဲ့မိန္းမဆိုတာသမီးသိတယ္....သူ..သူကအရွင့္ကိုလိုခ်င္တပ္မက္ေနတာ...."

"႐ႊယ္ရင္းရင္း!!"

႐ႊယ္အမတ္ႀကီးဟာမယုံၾကည္နိုင္သည့္မ်က္ဝန္းေတြျဖင့္႐ႊယ္ရင္းရင္းကိုပထမဆုံးအႀကိမ္ေလသံမာမာႏွင့္ေခၚလိုက္မိသည္။ဧကရာဇ္မင္းကဘယ္ေလာက္ပဲ ခံစားခ်က္ကင္းမဲ့ၿပီးေသြးေအးေနပါေစ။အမတ္တိုင္း၏ရင္ထဲ၌သူကနတ္ဘုရားတစ္ပါးႏွင့္တူသည္။ထို႔အျပင္ေရွာင္းအမတ္ႀကီးဆိုသည္မွာ ႐ႊယ္အမတ္ႏွင့္ရင္းႏွီးျခင္းမရွိေသာ္လည္း ရိုးသားေျဖာင့္မတ္သူျဖစ္ေၾကာင္းအမတ္ေတြၾကားထဲနာမည္ႀကီးသည္။ထို႔ေၾကာင့္ေရွာင္းအမတ္ႀကီး၏သမီးမွာဆိုးဝါးသူလုံးဝမျဖစ္နိုင္ေခ်။

ဒါကိုသူ႕သမီးကဘာအေၾကာင္းေၾကာင့္ ဧကရာဇ္မင္း၏ဆုံးျဖတ္ခ်က္ကိုေဝဖန္ရဲရသနည္း။သူတို႔ဘယ္ေလာက္ပဲကန့္ကြက္ခ်င္ေနပါေစ၊ေရွာင္းေမဆိုသည္မွာဧကရီတစ္ဦးျဖစ္ရန္အတြက္သတ္မွတ္ထားၿပီးသားျဖစ္သည္။နိုင္ငံ၏ဧကရီကိုမေကာင္းတဲ့မိန္းမဟုလူေတြၾကားထဲ က်ယ္က်ယ္ေလာင္ေလာင္ေျပာနိုင္တဲ့သူ႕သမီးကို႐ႊယ္အမတ္ႀကီးအေနနဲ႕စိတ္မဆိုး မွသာထူးဆန္းေနေပလိမ့္မည္။

အနားမွာရွိတဲ့အေစခံေတြမွာရိုရိုက်ိဳးက်ိဳးေခါင္းငုံ႕ထားပါေသာ္လည္း ႐ႊယ္ရင္းရင္းအေပၚသူတို႔အျမင္ေတြမွာအေတာ္ေလးထိုးက်သြားမွန္း႐ႊယ္အမတ္ႀကီးအေနနဲ႕ခန့္မွန္းနိုင္သည္။

႐ႊယ္ရင္းရင္းကသူမအေဖကိုမယုံၾကည္နိုင္သည့္မ်က္ဝန္းေတြျဖင့္ေမာ့ၾကည့္လိုက္မိသည္။သူမတစ္သက္တြင္အေဖျဖစ္သူ၏ယခုလိုေလသံမာမာျဖင့္နာမည္အျပည့္အစုံေခၚျခင္းကိုမႀကဳံခဲ့ရဖူးေပ။

႐ႊယ္ရင္းရင္း၏မ်က္ဝန္းအတြင္းမွမ်က္ရည္ေတြပိုမိုစီးက်လာၿပီးက်ယ္ေလာင္စြာေအာ္ဟစ္ငိုယိုေတာ့သည္။႐ႊယ္အမတ္ႀကီးဟာသူ႕အခ်စ္ဆုံးသမီးေလးယခုလိုသည္းသည္းထန္ထန္ေအာ္ငိုသည့္အခါတြင္ကိုယ့္ကိုယ္ကိုအျပစ္မကင္းခံစားလိုက္ရၿပီးအေတာ္ေလးေနာင္တရသြားသည္။

႐ႊယ္႐ူကိုအေစခံေတြလက္ထဲထည့္လိုက္ၿပီးအေသအခ်ာဂ႐ုစိုက္ေပးရန္မွာၾကားလိုက္ကာလူတိုင္းကိုဥယ်ာဥ္ထဲမွထြက္သြားေစသည္။ေနာက္ဆုံးရွိုက္ႀကီးတငင္ငိုေကြၽးေနသည့္႐ႊယ္ရင္းရင္းႏွင့္႐ႊယ္အမတ္ႀကီးသာက်န္ရစ္ခဲ့သည္။

"သမီးေလး....ရင္းရင္း...အေဖမွားတာပါကြယ္....တိတ္ေတာ့ေနာ္...အရမ္းငိုရင္မ်က္လုံးေတြေဖာင္းအစ္လာလိမ့္မယ္...."

"ဝူး.....အေဖသမီးကိုေအာ္တယ္...."

"အေဖေတာင္းပန္ပါတယ္ကြယ္....အခုတေလာအေဖနည္းနည္းစိတ္ဖိစီးေနလို႔ပါ...."

႐ႊယ္အမတ္ႀကီးဟာ႐ႊယ္ရင္းရင္းကိုေပြ႕ဖက္ႏွစ္သိမ့္ေပးရင္းမ်က္ရည္ေတြကိုအေသအခ်ာသုတ္ေပးသည္။

"သမီးလိုခ်င္တာတစ္ခုခုရွိရင္အေဖ့ကိုေျပာေလ....အေဖအတတ္နိုင္ဆုံးျဖစ္ေအာင္လုပ္ေပးပါ့မယ္...."

"တ..တကယ္လား..."

"အင္း"

"ဒါဆိုသမီးအရွင့္ကိုလိုခ်င္တယ္အေဖ...."

"....."

"သမီးဧကရီျဖစ္ခ်င္တယ္....အရွင့္ကိုအဲ့ဒီေရွာင္းေမ ဆိုတဲ့မေကာင္းတဲ့မိန္းမလက္ကေနသမီးကယ္တင္ေပးမယ္အေဖ...."

႐ႊယ္အမတ္ႀကီး : "....."

႐ႊယ္အမတ္ႀကီး၏နဂိုသနားစိတ္ဝင္ေနသည့္ခံစားခ်က္အျပည့္မွာဘယ္ေပ်ာက္လို႔ဘယ္ေရာက္သြားမွန္းမသိေအာင္သူ႕သမီးကိုမယုံၾကည္နိုင္စြာျဖင့္ငုံ႕ၾကည့္မိသည္။

"မင္းဘာေျပာလိုက္တာ!...ဧကရီ...ဟုတ္လား!!!မင္းလိုခ်င္တိုင္းယူေပးရေအာင္အရွင္မင္းျမတ္ကိုအ႐ုပ္တစ္႐ုပ္မ်ားမွတ္ေနလား!!!ေနာက္တစ္ခါဒီလိုစကားမ်ိဳးတစ္ျခားသူေတြေရွ႕မွာမေျပာမိေစနဲ႕..."

႐ႊယ္အမတ္ႀကီးဟာေဒါသတႀကီးျဖင့္႐ႊယ္ရင္းရင္းကိုတြန္းထုတ္လိုက္ၿပီးဥယ်ာဥ္ထဲမွေဒါနဲ႕ေမာနဲ႕ထြက္သြားသည္။သူအလိုလိုက္အႀကိဳက္ေဆာင္ထားတဲ့သမီးျဖစ္သူက ဒီေလာက္ထိေတာင္တုံးအ မိုက္မဲလွမွန္းသူမသိခဲ့ေပ။သူ႕သမီးအတြက္သူဘာမဆိုလုပ္ေပးနိုင္သည္။ဒါေပမယ့္ထိုထဲတြင္တိုင္းျပည္၏ဧကရာဇ္ေတာ့မပါေပ။

သူမ၏လုပ္ရပ္က႐ႊယ္တစ္မိသားစုလုံးကိုေခ်ာက္နက္နက္ထဲတြန္းပို႔ေနမွန္းသတိမထားမိရေလာက္ေအာင္အထိ႐ူးမိုက္လြန္းေနသည္မဟုတ္ပါလား။

႐ႊယ္ရင္းရင္းမွာေျမျပင္ေပၚတြင္ေၾကာင္ေတာင္ေတာင္မ်က္ႏွာျဖင့္ရွိေနရင္းယခုခ်ိန္ထိဒီအျဖစ္အပ်က္ေတြကိုယုံၾကည္နိုင္ျခင္းမရွိေသးေပ။

ဘာေၾကာင့္လဲ။သူမ ဘာမွားလို႔လဲ။လူတိုင္းက အဲ့ဒီေရွာင္းေမဆိုတဲ့မိန္းမနဲ႕ပတ္သပ္ရင္အၿမဲတမ္းကာကြယ္ေပးတတ္ၾကတယ္။အခုဆိုရင္သူမအေဖေတာင္သူမဘက္မွာမရွိေတာ့ဘူး။

သူမက အရွင့္ကိုဒီမေကာင္းတဲ့မိန္းမရဲ႕ျပဳစားထားတာကေန ကူညီေပးခ်င္႐ုံပါ။ဒါကို.....

႐ႊယ္ရင္းရင္းဟာေတြးရင္းေတြးရင္းျဖင့္ပုခုံးေတြတစ္သိမ့္သိမ့္တုန္ရီလာသည္အထိငို၏။ဘာအတြက္ေၾကာင့္လူတိုင္းကအမွန္ကိုမျမင္နိုင္ရတာလဲသူမ မသိေတာ့ေပ။

***********

မဂၤလာရက္တြင္တိုင္းျပည္တစ္ခုလုံးတြင္အနီေရာင္ဖဲႀကိဳးစေတြျဖင့္ေပ်ာ္ပြဲ႐ႊင္ပြဲကဲ့သို႔ေဗ်ာက္အိုးေဖာက္သံေတြဆူညံေနေလသည္။လူတိုင္းနီးပါး ဧကရာဇ္အတြက္စိတ္ရင္းျဖင့္ေပ်ာ္႐ႊင္ေပးခဲ့ၾကသည္။

ေရွာင္းအိမ္ေတာ္၊ သတို႔သမီးအခန္း။

ေရွာင္က်န့္ဟာမွန္တင္ခုံေရွ႕တြင္မ်က္ႏွာေသျဖင့္ထိုင္ေနရင္းအပ်ိဳေတာ္မိန္းကေလးတစ္စု၏ျပင္ဆင္မႈကိုၿငိမ္ေနသည္။

[႐ႊတ္....အမေလး...hostေတာင္လက္ထပ္ေတာ့မွာပါလား.....ဝူး...hostခ်စ္သူေရာက္လာရင္ဘယ္လိုရွင္းျပဖို႔စိတ္ကူးထားလဲဟင္....ဝူး..ဝူး...အုန္းသီးေတာ့ငိုခ်င္တာပဲသိေတာ့တယ္....]

အုန္းသီးကသမီးရွင္အေမႀကီးတစ္ေယာက္လိုမ်ိဳးတစ္႐ႊတ္႐ႊတ္ျဖင့္ငိုယိုေနရွာသည္။သူ႕hostခ်စ္သူျပႆနာလာရွာမွာလဲေၾကာက္သလို အခုခ်ိန္ထိသူ႕hostအေခ်ာေလးလက္ထပ္ရေတာ့မယ္ဆိုတာလည္းမယုံၾကည္နိုင္ေသးေပ။

'အုန္းသီး'

[ဗ်ာ]

'မင္းခဏေလာက္ၿငိမ္ၿငိမ္ေလးနဲ႕အသံတိတ္ေပးလို႔ရမလား'

[ဝူး....အုန္းသီးလည္းႀကိဳးစားတာပဲ...ဒါေပမယ့္ငိုခ်င္စိတ္ကမ်ားေနတယ္ဗ်]

ေရွာင္က်န့္ : "......"

[ေသခ်ာတာကေတာ့hostခ်စ္သူသာသိရင္တကယ့္ကမၻာပ်က္ၿပီပဲ...hostထြက္ေျပးလိုက္ပါလား]

'မင္းကအ႐ူးလား...ဟမ္...'

[????]

'တကယ္လို႔ငါထြက္ေျပးသြားရင္ဇာတ္လိုက္မနဲ႕ဘာကြာေတာ့မွာလဲ....'

[အဲ...ဟုတ္သား]

'ၿပီးေတာ့...ဧကရာဇ္ကငါ့ခ်စ္သူျဖစ္နိုင္တယ္'

[အမ္....ဟုတ္လား]

'သူမဟုတ္ရင္ဘယ္သူရွိရအုံးမွာလဲ....မ်က္ႏွာကာ တတ္ထားၿပီး႐ုပ္က ဆိုးလား၊လွလားေတာင္မသိရတဲ့ အရပ္ျမင့္ျမင့္မိန္းကေလးတစ္ေယာက္ကို အ႐ူးပဲ ျမင္ျမင္ခ်င္း ဧကရီတင္ျမႇောက္လိမ့္မယ္...'

[.....]

'ငါ့ခ်စ္သူအ႐ူးႀကီးမွမဟုတ္ရင္ ဒီလိုေၾကာင္ေတာင္ေတာင္အခ်စ္႐ူးပုံစံမ်ိဳး နဲ႕ႏွစ္ေယာက္ေျမာက္လူကိုငါစဥ္းစားလို႔မရေတာ့ဘူး'

အုန္းသီး : [.....]

ဟုတ္သလိုလိုေတာ့ရွိသား။

[ဒါ...ဒါေပမယ့္hostရာ....ကြၽန္ေတာ္တို႔ကသူ႕ဝိဥာဥ္ကိုမစစ္ေဆးရေသးဘူးေလ....ျဖစ္နိုင္ေခ်အမ်ိဳးမ်ိဳးထဲက....အမ္း....သိတယ္မလား]

'မဟုတ္ဘူး'

[ဟမ္...]

ေရွာင္က်န့္၏မ်က္ႏွာလွလွေလးထက္အရာအားလုံးအရည္ေပ်ာ္က်သြားေစနိုင္သည့္ႏူးညံ့တဲ့အၿပဳံးေလးတစ္ခုေပၚေပါက္လာသည္။

'ငါခံစားမိတယ္'

[.....]

'ငါ့ခံစားခ်က္ေတြကဘယ္ေတာ့မွမလိမ္ဘူး'

[.....]

hostေသခ်ာတယ္ဆိုလဲၿပီးတာပါပဲေလ။

"ဝါး....သခင္မေလး ကလွလိုက္တာ..."

အပ်ိဳေတာ္မိန္းကေလးတစ္ေယာက္ဟာသူမပါးစပ္ကိုအုပ္ကိုင္လိုက္ရင္းနီရဲေနသည့္မ်က္ႏွာေလးျဖင့္မေနနိုင္စြာေျပာလိုက္မိသည္။

"နင္မွားေနၿပီ....သခင္မေလးေရွာင္းကမၾကာခင္မွာပဲ ဧကရီျဖစ္လာေတာ့မွာေလ"

"ဟုတ္တယ္...ဟုတ္တယ္....ကြၽန္ေတာ္မ်ိဳးမတို႔ျမင္ဖူးသမွ်ဘယ္မိန္းကေလးမွ ဧကရီရဲ႕လွပမႈနဲ႕က်က္သေရကိုမမွီၾကဘူး"

အပ်ိဳေတာ္မိန္းကေလးေတြမွာေရွာင္က်န့္ကိုၾကည့္ရင္းမိန္းကေလးအခ်င္းခ်င္းျဖစ္ေနေသာ္လည္းရစ္မူးမိစြာျဖင့္ထုတ္ေျပာမိၾကသည္။

ေရွာင္က်န့္ကအမွန္တကယ္လွပသည္။မိတ္ကပ္ခပ္ပါးပါးသာလိမ္းခ်ယ္ထားေသာ္လည္းပဲအရာအားလုံးကိုေမွးမွန္သြားေစသည္အထိကိုေတာက္ပ၊ လွပလြန္းေနေလသည္။ေခါင္းေပၚတြင္ဇာမဏီသ႑ာန္ေခါင္းေဆာင္းရွိေနလ်က္ ဆံႏြယ္ရွည္ေတြကိုခပ္ျမင့္ျမင့္ထုံးဖြဲ႕ထား၏။နီရဲေတာက္ေနသည့္မဂၤလာသတို႔သမီးဝတ္စုံႏွင့္ႏႈတ္ခမ္းတစ္စုံမွာ သူ႕ရဲ႕ႏွင္းကဲ့သို႔ျဖဴေဖြးႏူးညံ့လွသည့္အသားအရည္ႏွင့္ဆန့္က်င္လ်က္ရွိသည္။သို႔ေသာ္ထိုအရာကပင္႐ူးေလာက္သည့္ညွို႔ဓာတ္တစ္မ်ိဳးႏွင့္အရိုးထိတိုင္စြဲၿမဲေနေသာ က်က္သေရအျဖာျဖာႏွင့္အရွိန္အဝါျဖင့္ က်ားမ မေ႐ြးအရာအားလုံးကိုဆြဲေဆာင္နိုင္သည္။

ဒီလိုအရာရာၿပီးျပည့္စုံတဲ့မိန္းကေလးကမွ ဧကရာဇ္နဲ႕ထိုက္တန္ေၾကာင္းသူမတို႔ခံစားလိုက္ရသည္။

သိပ္မၾကာျမင့္လိုက္ပါပဲမဂၤလာေဝါယာဥ္ေပၚသို႔ေရွာင္က်န့္ဟာေရာက္ရွိသြားသည္။လမ္းတစ္ေလွ်ာက္မ်ားျပားလွေသာျပည္သူေတြမွာအသစ္ရရွိလာမည့္ဧကရီေလာင္းကိုမျမင္ေတြ႕နိုင္မွန္းသိေသာ္လည္းခ်ီးက်ဴးဩဘာအျပည့္ျဖင့္ႀကိဳဆိုေနၾကဆဲသာ။

လမ္းမတစ္ေလွ်ာက္လုံးစည္ကားလြန္းတာေၾကာင့္မဂၤလာေဝါယာဥ္ထဲကေနတစ္ဆင့္ေရွာင္က်န့္ဟာ သံစဥ္အမ်ိဳးမ်ိဳးႏွင့္ဆူညံသံေတြကိုၾကားေနရသည္။

က်စ္....သတို႔သမီးေတြရဲ႕မ်က္ႏွာကိုပုဝါအုပ္ထားဖို႔ဘယ္သူမ်ားတီထြင္လိုက္တာလဲ။ဒါကေသာက္ရမ္းပူတယ္ဟ။

နန္းေတာ္သို႔ေရာက္သည့္အခါတြင္အနီေရာင္သတို႔သားဝတ္စုံျဖင့္ေခ်ာေမာလွပ ပါေသာဧကရာဇ္မင္းဟာေဝါယာဥ္လိုက္ကာစကိုမ၍ သတို႔သမီးျဖစ္သူကိုလက္ကမ္းေပးသည္။ေရွာင္က်န့္၏ျဖဴျဖဴသြယ္သြယ္လက္ေခ်ာင္းေတြမွာဝမ္ဧကရာဇ္၏ႀကီးမားသြယ္လ်သည့္လက္ဖဝါးႀကီးေပၚသို႔ထပ္တင္လိုက္သည့္အခါတြင္ထုံးစံအတိုင္း ဧကရာဇ္မင္းခမ်ာအရွက္လြန္ၿပီးလက္ေတြေတာင္တုန္လာရသည္အထိပင္။

မဂၤလာဝတ္စုံေတြႏွင့္အၿပိဳင္နီရဲတြတ္ေနသည့္ဧကရာဇ္မင္း၏မ်က္ႏွာေခ်ာေခ်ာေၾကာင့္နန္းတြင္းမူးမတ္ေတြႏွင့္အပ်ိဳေတာ္ေတြခမ်ာ ရယ္ခ်င္စိတ္ကိုေအာင့္ထားလိုက္ရသည္။

မဂၤလာအခမ္းအနားကလြန္စြာႀကီးက်ယ္ခမ္းနားသည္။လက္ေအာက္ခံတိုင္းျပည္ေျမာက္မ်ားစြာႏွင့္မ်ိဳးရိုးဂုဏ္ရာထူးႀကီးမားသည့္အထက္တန္းလႊာေတြအျပင္ ျပည္သူေတြဟာလည္းနန္းေတာ္အျပင္ဘက္တြင္အုံလိုက္ကိင္းလိုက္ ေစာင့္စားေနၾကသည္။

ဧကရာဇ္မင္းကေန႕ထူးေန႕ျမတ္အေနနဲ႕ျပည္သူတစ္ေယာက္ခ်င္းစီတိုင္းကိုဆန္တစ္အိတ္ႏွင့္ေ႐ႊျပားႏွစ္ျပားစီဆုခ်ီးျမႇင့္ေစသည္။ဒါကျပည္သူတိုင္းကိုအတိုင္းထက္လြန္ေပ်ာ္႐ြင္ဝမ္းေျမာက္ေစၿပီး ဧကရာဇ္ႏွင့္ဧကရီႏွစ္ပါးကို အေကာင္းမြန္ဆုံးေသာေကာင္းခ်ီးေတြေပးအပ္ခဲ့ၾကသည္။

မဂၤလာ အခမ္းအနားတစ္ေလွ်ာက္လုံး မည္သည့္အရာအားလုံးကို မဆိုတိတိက်က်ကိဳင္တြယ္စီမံနိုင္သည့္ဧကရာဇ္ဝမ္ခမ်ာ တုန္တုန္ရီရီျဖင့္ တလြဲေတြျဖစ္ကုန္မည္အားစိုးရိမ္ေနရရွာသည္။သူ႕ေဘးနားရွိလူသားေလး၏ကိုယ္ေငြ႕ကိုခံစားမိ႐ုံႏွင့္တင္မဂၤလာခန္းစည္းေတြႏွင္အၿပိဳင္ ဧကရာဇ္မင္း၏မ်က္ႏွာမွာနီရဲ၍ေနသည္။

ေရွာင္က်န့္၏ကိုယ္သင္းနံ႕မွာသင္းသင္းေလးႏွင့္စိတ္ကိုၾကည္လင္လန္းဆန္းသြားေစတာမ်ိဳးပင္။

မိုးေျမကန္ေတာ့ျခင္းအခမ္းအနားၿပီးေျမာက္ၿပီးေနာက္ ဧကရာဇ္ဝမ္တစ္ေယာက္တည္းသာဧည့္သည္ေတြကိုဧည့္ခံဖို႔ရန္က်န္ရစ္ခဲ့သည္။ေရွာင္က်န့္ဟာထူထဲလွသည့္အနီေရာင္ပုဝါစႀကီးကိုေခါင္းေပၚတင္ထားလ်က္ပင္မဂၤလာအိပ္ခန္းထဲ၌ငုတ္တုပ္ထိုင္ေစာင့္၍ေနရသည္။ မဂၤလာအခမ္းအနားမွာလြန္စြာပင္ပန္းလွပါေသာ္လည္းေရွာင္က်န့္ဟာအေတာ္ေလးစိတ္လႈပ္ရွားေပ်ာ္႐ႊင္ေနမိသည္ကိုျငင္းမရေပ။

ဤအရာကပဲဧကရာဇ္ဝမ္မွာသူ႕ခ်စ္သူျဖစ္နိုင္ေၾကာင္းခန့္မွန္းခ်က္ကိုပို၍ေသခ်ာသြားေစသည္။ထိုသူကိုယ္တိုင္လည္းထပ္တူထပ္မွ်စိတ္လႈပ္ရွားေပ်ာ္႐ႊင္မည္ဟုသူယုံၾကည္သည္။

အစပိုင္းတြင္မဂၤလာဦးညအတြက္စိတ္လႈပ္ရွားေနခဲ့ပါေသာ္လည္းတျဖည္းျဖည္းျဖင့္ပ်င္းရိလာသည္။သူ႕ေခါင္းေပၚကပုဝါအနီႀကီးကိုဆြဲဆတ္ခြၽတ္ျပစ္ခ်င္လာသည္အထိပင္။

ဟိုမေအေဘးကလည္း လာကိုမလာနိုင္ေတာ့ဘူး။

ေရွာင္က်န့္၏ထြက္ျပဴစျပဳလာသည့္ေဒါသေသးေသးေလးေအာက္မွာပင္အခန္းတံခါးဟာကြၽီကနဲပြင့္ဟလာသည္။ဝမ္ဧကရာဇ္ဟာ သူ႕ရဲ႕တုန္ရီေနသည့္ရင္ဘတ္ကိုမနည္းထိန္းခ်ဳပ္လိုက္ရင္းတံခါးကိုျပန္ပိတ္လိုက္သည္။

ယေန႕ကသူတို႔ႏွစ္ေယာက္၏မဂၤလာဦးညျဖစ္သည္။တစ္ခါမွအေတြ႕အႀကဳံမရွိဖူးသည့္ဧကရာဇ္ႀကီးဟာ ဟိုဒင္းဟိုဟာစာေပေတြကိုအေသအလဲေလ့လာထားပါေသာ္လည္းအမွန္တကယ္ႀကဳံေတြ႕ရသည့္အခါတြင္ေျခမကိုင္မိလက္မကိုင္မိျဖင့္တုန္တုန္ရီရီျဖစ္ေနေလသည္။

ရဲေဆးတင္ၿပီးေသာက္လာတဲ့ေသရည္ဟူသည္မွာလည္းဘယ္ေခ်ာင္ေရာက္လို႔ေရာက္မွန္းေတာင္မသိေတာ့ေပ။

ရင္တုန္ပန္းတုန္ျဖင့္ဧကရာဇ္ ဟာနီနီရဲရဲသတို႔သမီးဝတ္စုံျဖင့္လွပေနသည့္အသစ္စက္စက္သတို႔သမီးေလးနားေလွ်ာက္သြားရင္းေခါင္းေပၚကပုဝါအနီကိုဖယ္ရွားလိုက္သည္။အၾကာႀကီးတင္ထားရတာပင္ပန္းေနေလာက္သည္။

အနီေရာင္ပိုးပုဝါစဟာမဂၤလာကုတင္ေပၚသို႔ျပဳတ္က်သြားရင္းဝမ္ဧကရာဇ္၏ဖီးနစ္သ႑ာန္မ်က္ဝန္းတစ္စုံမွာေငးေမာမွင္သပ္သြားဟန္ေပၚေပါက္လာသည္။

သူ႕ရဲ႕ဧကရီေလးကလွပမည္မွန္းသူသိေနေသာ္လည္းယခုေလာက္ထိရက္ရက္စက္စက္လွပၿပီးဆြဲေဆာင္မႈရွိ လြန္းမည္ဟုမထင္ထားခဲ့ေခ်။ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ႏွင္းကဲ့သို႔ျဖဴေဖြးႏူးညံ့တဲ့အသားအေရမွာအနီေရာင္အလႊာေလးတစ္လႊာလႊမ္းၿခဳံထားသကဲ့သို႔ထင္ရၿပီး လူတိုင္းကို႐ူးသြပ္သြားေစရန္ဆြဲေဆာင္နိုင္ေသာ နတ္ဆိုးမေလးတစ္ေယာက္ကဲ့သို႔ပင္။

နီရဲေတာက္ေနသည့္ႏႈတ္ခမ္းပါးေလးႏွင့္ေသးေသးသြယ္သြယ္လည္တိုင္ျဖဴျဖဴေလးကိုၾကည့္ရင္းဧကရာဇ္မင္း၏လည္ေစ့မွာအေပၚေအာက္လႈပ္ရွားသြားသည္။မက္မြန္သီးသ႑ာန္႐ႊန္းလဲ့လဲ့မ်က္ဝန္းေလးေတြကိုၾကည့္ရင္းမ်က္ႏွာတစ္ခုလုံးရဲတတ္လာျပန္၏။

"ဟို...ဟို....ကိုယ္...ကိုယ္မင္းကို....အမ္...ဟိုလို...နမ္း...နမ္း...နမ္းလို႔...ရ.."

"အဟမ္း....အရွင္....ကြၽန္ေတာ္မ်ိဳးမတစ္ခုေလာက္ ေတာင္းဆိုခြင့္ရနိုင္မလား...."

"ရတယ္....မင္းလုပ္ခ်င္တာဘာမဆိုကိုယ့္ကိုေျပာလို႔ရတယ္....ၿပီး..ၿပီးေတာ့.....ကိုယ့္ကိုအရွင္လို႔မေခၚပါနဲ႕....ကိုယ့္နာမည္ရင္းက ဝမ္ရိေပၚ....ရိေပၚလို႔ေခၚရင္ပဲရပါၿပီ...."

"....."

ေရွာင္က်န့္၏မ်က္လုံးလွလွေလးေတြမွာျပဴးက်ယ္သြားၿပီး အံ့အားသင့္ထိတ္လန့္စြာျဖင့္ရွက္႐ြံ႕ေနသည့္ဝမ္ဧကရာဇ္...မဟုတ္...ဝမ္ရိေပၚကိုၾကည့္လိုက္မိသည္။

ဝမ္ရိေပၚ.....ရိေပၚ။

ထိုနာမည္ကသူတို႔ႏွစ္ေယာက္စတင္ေတြ႕ဆုံရာကမၻာ၌ သူ႕ခ်စ္သူ၏နာမည္ျဖစ္သလိုေရွာင္က်န့္အတြက္လည္းကမၻာအမ်ိဳးမ်ိဳးကနာမည္ေပါင္းမ်ားစြာထက္ ရိေပၚဟူေသာနာမည္ကပိုၿပီးရင္းႏွီးသည္။

ေရွာင္က်န့္၏မ်က္ဝန္းအိမ္အတြင္း၌တျဖည္းျဖည္းျဖင့္မ်က္ရည္ေတြေဝ့သီလာသည္။ဒါကရိေပၚကိုထိတ္လန့္တုန္လႈပ္သြားေစသည္။

"ကိုယ္....ကိုယ္ေျပာတာတစ္ခုခုမ်ားမွားသြားလို႔လား.....ေတာင္းပန္ပါတယ္....ေတာင္းပန္ပါတယ္.....မငိုပါနဲ႕ေနာ္.....မေက်နပ္ရင္ကိုယ့္ကိုရိုက္ေလ....ဒါေၾကာင့္မငိုပါနဲ႕ေတာ့"

ဝမ္ရိေပၚ၏အ႐ူးတစ္ေယာက္လိုျပာယာေနမႈကိုျမင္သည့္အခါတြင္ေရွာင္က်န့္ဟာ ရယ္လည္းရယ္ခ်င္လာသလိုငိုလည္းငိုခ်င္လာ၏။

"မဟုတ္ပါဘူး....ဒီအတိုင္း....ဖက္ေပးထားလို႔ရမလား...."

ေရွာင္က်န့္ကသူ႕လက္ေလးႏွစ္ဖက္ကိုဖြင့္ဟဆန့္တန္းလိုက္သည့္အခါတြင္ဝမ္ရိေပၚမွာေခတၱမွ်ေၾကာင္အ သြားပါေသာ္လည္းေပ်ာ္႐ႊင္စြာျဖင့္ေရွာင္က်န့္၏တစ္ကိုယ္လုံးကိုသိမ္းက်ဳံးေပြ႕ဖက္လိုက္သည္။

ရိေပၚ၏ကိုယ္သင္းရနံ႕ႏွင့္ေယာက္်ားပီသ သည့္ကိုယ္ေငြ႕ကိုခံစားရင္းစိတ္ထဲကေနအုန္းသီးကိုသတိေပးလိုက္သည္။

'အုန္းသီး....စစ္ေဆးလိုက္ေတာ့....'

[ဟုတ္ကဲ့ပါhost....ဝိဥာဥ္ခ်င္းကိုက္ညီမႈရွိမရွိစစ္ေဆးေနပါသည္.....ငါးမိနစ္ခန့္ေစာင့္ဆိုင္းေပးပါ....]

ေရွာင္က်န့္ကသူ႕မ်က္လုံးေလးေတြကိုစိတ္ေအးလက္ေအး ေမွးမွတ္ထားရင္းၿငိမ္ၿငိမ္သက္သက္ေလးေစာင့္ဆိုင္းေနသည္။ရိေပၚကိုယ္တိုင္ကလည္းေက်ေက်နပ္နပ္ႀကီးပင္ မၿငီးမၫူေပြ႕ဖက္ထားေပးသည္။တစ္ခ်က္တစ္ခ်က္သူ႕ရင္ခြင္ထဲကမိန္းမငယ္ေလး၏ကိုယ္သင္းနံ႕ကိုခိုး၍ရႈရွိုက္ေနလိုက္ေသးသည္။သူ႕ရဲ႕ပယင္းေရာင္မ်က္ဝန္းေတြထဲ၌အ႐ူးအမူးပိုင္ဆိုင္လိုစိတ္ျဖင့္ျပင္းျပသည့္ဆႏၵေတြမွာမဖုံးကြယ္နိုင္ေအာင္မ်ားျပားလြန္းလွေသာ္လည္းပဲ သူ႕မိန္းမေလးမေၾကာက္လန့္သြားေစရန္ႀကိဳးစားထိန္းခ်ဳပ္ထားလိုက္သည္။

[ဒင္.....ဝိဥာဥ္ႏွစ္ခုလုံး100%ကိုက္ညီမႈရွိေနပါတယ္host....ဝိုး....hostကကြၽန္ေတာ့္ထက္ေတာင္ပိုၿပီးေသေသခ်ာခ်ာသိထားတာပဲ]

'သူကငါ့အခ်စ္တုံးႀကီးေလ'

သူ႕ရဲ႕အခ်စ္႐ူးႀကီး။

ေရွာင္က်န့္ဟာသူ႕စိတ္ထဲေက်နပ္သြားသည္အထိေပြ႕ဖက္ႏွစ္သိမ့္ေနရင္း အေတာ္ၾကာမွာဝမ္ရိေပၚ၏ရင္ဘတ္ကိုခပ္ဖြဖြတြန္း၍လႊတ္လို႔ရၿပီျဖစ္ေၾကာင္းသတိေပးလိုက္သည္။

ဧကရာဇ္ဝမ္ဟာအနည္းငယ္မေက်နပ္ေသးေသာ္လည္းျငင္းဆန္နိုင္ျခင္းမရွိပဲေပြ႕ဖက္ထားရာမွလႊတ္ေပးလိုက္သည္။

ေရွာင္က်န့္ကခပ္ညစ္ညစ္ေလးၿပဳံးရင္းဝမ္ရိေပၚကိုေမာ့ၾကည့္လိုက္သည္။သူ႕ခ်စ္သူမွန္းေသခ်ာသြားမွေတာ့ယဥ္ယဥ္ေက်းေက်းစကားေလးေတြျဖင့္အစဥ္အလာကိုလိုက္နာေနစရာအေၾကာင္းမရွိေတာ့ေပ။သူပိုၿပီးလြတ္လပ္ေပါ့ပါးစြာဆက္ဆံေျပာဆိုတာကသူ႕ခ်စ္သူကိုပို၍စိတ္ေက်နပ္ေပ်ာ္႐ႊင္ေစေၾကာင္းသူ႕ေလာက္မည္သူမွနားမလည္ေပ။

"ဒီေတာ့....အရွင့္နာမည္ကဝမ္ရိေပၚေပါ့ေနာ္...."

"....."

"ဒါဆို ရိေပၚလို႔ပဲေခၚလို႔ရတယ္မဟုတ္လား...."

ဝမ္ရိေပၚကအ႐ူးေလးတစ္ေယာက္လိုေခါင္းတစ္ဆတ္ဆတ္ျငႇိမ့္ျပသည္။

"ရိေပၚ....မင္းသိလား....ငါ့မွာလွ်ို႔ဝွက္ခ်က္တစ္ခုရွိတယ္...."

ေျပာရင္းဆိုရင္းျဖင့္ေရွာင္က်န့္ဟာဝမ္ရိေပၚ၏တစ္ကိုယ္လုံးကိုအိပ္ယာေပၚလွဲခ်လိဳက္ၿပီးသူကိုယ္တိုင္ကအေပၚမွအုပ္မိုးလိုက္သည္။ဝမ္ရိေပၚကဆာေလာင္စြာတံေတြးမ်ိဳခ်သည္။

ေရွာင္က်န့္၏မိန္းကေလးဆန္ဆန္မ်က္ႏွာလွလွေလးဟာခပ္ဟဟၿပဳံးရယ္လာရင္းသူ႕လက္ေကာက္ဝတ္ တစ္ေနရာကိုငါးႀကိမ္တိတိလက္ညွိုးနဲ႕ထိလိုက္သည္။

ခ်က္ခ်င္းဆိုသလိုပင္ ဝမ္ရိေပၚေရွ႕ေမွာက္ရွိအႏၱရာယ္မ်ားစြာလွပလြန္းေသာမိန္းမပ်ိဳေလး၏လည္တိုင္ျဖဴျဖဴေက်ာ့ေက်ာ့ေလးထက္၌လည္စိသ႑ာန္အနည္းငယ္ေဖာင္းတတ္လာသည္။ႏူးညံ့သည့္မ်က္ႏွာထားမွာသိပ္မေျပာင္းလဲေသာ္လည္းပဲေမးရိုးေတြမွာပိုမိုတိက်လာၿပီးအရပ္လည္းအနည္းငယ္ပိုရွည္ထြက္လာ၏။

မက္မြန္သီးကဲ့သို႔မ်က္ဝန္းေလးတစ္စုံမွာပိုမိုအသက္ဝင္လာဟန္ထင္ရၿပီး မ်က္ႏွာတစ္ခုလုံးေျပာင္းလဲ၍သြားသည္။အထူးျဖင့္ေဖာင္းတတ္ေနသည့္ရင္ဘတ္တစ္ေနရာမွာမ်က္စိေအာက္မွာတင္ျပားကပ္သြားရွာ၏။

ေရွာင္က်န့္၏စားခ်င္စဖြယ္ႏႈတ္ခမ္းရဲရဲေလးေတြမွာခ်စ္စရာလွ်ာေလးကိုျမင္ရသည္အထိပြင့္ဟလို႔လာသည္။ထို႔ေနာက္ခုနကမိန္းကေလးတစ္ေယာက္၏ႏူးညံ့တဲ့အသံႏွင့္မတူညီစြာသာယာေသာေယာက္်ားပ်ိဳတစ္ေယာက္၏အသံေသးေသးေလးမွာနားယားစဖြယ္ထြက္ေပၚလာ၏။

"ကြၽန္ေတာ္ကေယာက္်ားေလးတစ္ေယာက္ေလ...."

ဝမ္ရိေပၚ : "....."

________________________________________________________

Continue Reading

You'll Also Like

42.6K 4.2K 25
[ host လုပ်ရမှာက တာဝန်ထမ်းဆောင်တဲ့ ကမ္ဘာက ဇာတ်လိုက်မ ကံကြမ္မာကို ခိုးယူပြီး host က ဇာတ်လိုက်မဖြစ်ဖို့ပဲ.. ] ' ဒါကြီးက ခက်နေသလားလို့ ' [ ကျနော် ကူညီမှ...
51.2K 5K 22
ခရမ်းရင့်ရောင် အိပ်မက်တွေထဲ ငါ.. မင်းကို လိုက်ရှာနေဆဲ ထာဝရအယ်လန် .... ။ ။ [ Unicode Only available ]
1.1M 56.7K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...