နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

158K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [18]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [23]

1.2K 156 3
By Lazy_Little_Meow

Translated by Melinoe_Megami

[Unicode]

အခန်း (၂၃) - ထိခိုက်မိခြင်း

ချန်းရှီကွေ့က ထိုမြင်ကွင်းကို မမှိတ်မသုန် စိုက်ကြည့်နေတာကြောင့် ပရိုဂျူဆာလည်း ရိုက်ကွင်းအကြောင်း သိချင်နေတာထင်ပြီး ကင်မရာများကို မည်သို့မည်ပုံ ထိန်းချုပ်ထားကြောင်း၊ ဝါယာကြိုးချိတ်ဆက်ပုံနှင့် လှလှပပလေးထွက်လာအောင် မည်သို့မည်ပုံ ရိုက်ကူးရကြောင်း စသည်ဖြင့် ရှင်းပြတော့သည်။ သို့သော် သူအကြာကြီးရှင်းပြနေခဲ့သော်လည်း ချန်းရှီကွေ့၏ မျက်နှာအမူအရာက ပြောင်းလဲမှုမရှိ။ တကယ်တမ်းတော့ သူဘာပြောပြော ချန်းရှီကွေ့က မျက်နှာသေဖြင့်ပင်။ ပရိုဂျူဆာကသာ မမှတ်မိခြင်းသာ။

ချန်းရှီကွေ့က အောင်မြင်ကျော်ကြားသော အမျိုးသားများ၏စံနမူနာ ဖြစ်ထိုက်ပါပေသည်။ သူ၏ခံစားချက်သာမက မျက်နှာအမူအရာကိုပင် ခန့်မှန်းရခက်လှသည်။

ရိုက်ကူးရေးအဖွဲနှင့် လက်တွဲလာတာ ကြာပြီဖြစ်တာကြောင့် ပရိုဂျူဆာလည်း ဇာတ်ညွှန်းရေးဆရာလို ဖြစ်လာခဲ့၏။ သူ့ရဲ့စိတ်ထဲ ‘အေးစက်စက်ဥက္ကဋ္ဌ’၏ပုံရိပ်များ ဖြတ်သန်းသွားပြီး အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာတော့သည်။

“ဒီလိုရိုက်ကွင်းတွေမှာ မတော်တဆထိခိုက်တာမျိုး ဖြစ်တတ်လား..?”

ချန်းရှီကွေ့က ဒါရိုက်တာနှင့်မလှမ်းမကမ်းတွင် မတ်တပ်ရပ်လိုက်ကာ သရုပ်ဆောင်များ ဇာတ်ကောင်အလိုက် သရုပ်ဆောင်နေသည်ကို ရပ်ကြည့်နေခဲ့လေသည်။ ကင်မရာအများအပြားက ရှုထောင့်အမျိုးမျိုးမှ ရိုက်ကူးနေ၍ ရိုက်ကူးရေးအဖွဲ့သားများလည်း ပတ်ပတ်လည် ဝန်းရံနေတော့သည်။ ထို့ကြောင့် မြင်ကွင်းတစ်ခုလုံးက အလုပ်ရှုပ်နေသလို ရှုပ်ထွေးနေသည်။

“အနည်းနဲ့အများဆိုသလိုတော့ ရှိတတ်ပါတယ်..” ပရိုဂျူဆာက ပြန်ဖြေလိုက်သည်။ “ရိုက်ကွင်းခေါင်းဆောင်က အတွေ့အကြုံများပြီးသားဆိုတော့ ကြီးကြီးမားမား ထိခိုက်တာမျိုး ရှိလာမှာမဟုတ်ပါဘူး..”

ထိုစကားပြောပြီးရုံသာရှိသေးသည်။ ကြိုးပေါ်မှအမျိုးသမီးသရုပ်ဆောင်တစ်ယောက် ဟန်ချက်ပျက်သွားပြီး ကင်မရာနှင့် ဝင်ဆောင့်မိလေ၏။ သူမ၏ကျောနှင့် ထိခိုက်မိသွားပြီး ဘမ်းခနဲအသံကြီးပင် ပေါ်ထွက်လာရသည်။

ပရိုဂျူဆာခမျာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ့ရဲ့မျက်နှာပေါ် တက်နင်းခံလိုက်ရသလို ခံစားလိုက်ရသည်။

လူအများကြီးရှေ့ တစ်စုံတစ်ရာနှင့်ထိခိုက်မိချိန်တွင် နဉ်ရှီ၏စိတ်ထဲ အကြောက်တရားများသာ စိုးမိုးသွားခဲ့၏။ သူမ ဘာမှမတုံ့ပြန်နိုင်ခဲ့ချေ။ ထိခိုက်မိသွားသည်နောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ရှောင်ယန်၏အော်သံကို ကြားလိုက်ရသလိုလို၊ ပတ်လည်မှ ရိုက်ကူးရေးအဖွဲ့သားများ ပြေးလွှားနေသံကို ကြားလိုက်ရသလိုလို။ ထိုအသံများကို အာရုံမစိုက်နိုင်တော့။ လက်ရှိအရေးကြီးသည်က ထိုတဒင်္ဂလေးတွင် အသက်ရှူမဝဖြစ်လာခဲ့ပြီး နှလုံးခုန်ရပ်တော့မယောင် ခံစားလိုက်ရသည်။

“သွားမလှုပ်လိုက်နဲ့.. မလှုပ်လိုက်နဲ့ဦးနော်..” ဆရာဝန်များက နဉ်ရှီထံအပြေးသွားချင်နေသော ရှောင်ယန်ကို တားလိုက်သည်။ ပြီးနောက် နဉ်ရှီထံအမြန်သွားကာ မျက်လုံးသူငယ်အိမ်ကို စစ်ဆေးကြည့်လိုက်၏။ နဉ်ရှီ ရှော့ရနေတာကို မြင်လိုက်ရတာကြောင့်.. “အဆင်ပြေရဲ့လား..?”

လက်တစ်ဖက်၏အကူအညီဖြင့် နဉ်ရှီ ထထိုင်လိုက်ချိန်တွင် သူမ၏နောက်ကျောမှ အောင့်တက်လာသလို ခံစားလိုက်ရသည်။ နာကျင်မှုကြောင့် စုတ်သပ်မိသည်အထိ။

ရှောင်ယန်ခမျာလည်း အတော်လေး ကြောက်လန့်နေရှာပြီး မျက်လုံးများပင် နီရဲတက်လာတော့သည်။ နဉ်ရှီ ဘာမှကြီးကြီးမားမား မထိခိုက်သွားတာကို မြင်လိုက်ရတော့မှ အဖွဲ့သားများလည်း အနားကပ်လာပြီး သူမ,မတ်တပ်ရပ်ရန် ကူညီပေးတော့သည်။ ဆရာဝေ့ရာလည်း နဉ်ရှီအနား အမြန်ရောက်လာပြီး ခါးမှကြိုးကိုဖြည်ပေးကာ တောင်းပန်ခဲ့လေသည်။

“ရပါတယ်.. ကျွန်မအဆင်ပြေပါတယ်.. မတော်တဆဖြစ်သွားတာပဲကို..”

နဉ်ရှီက ဆရာဝေ့ရာကို ပြုံးပြလိုက်ပြီး သူမ၏ထိုင်ခုံရှိရာသွား၍ ထိုင်လိုက်သည်။

“ရှီလေး.. အဆင်ပြေရဲ့လား..?” ချင်းချုံဟိုင်လည်း မျက်နှာအပျက်ပျက်ဖြင့် ရောက်ချလာတော့သည်။ “ထိခိုက်မိသွားတာကို ပေါ့ပေါ့တန်တန် လုပ်မနေနဲ့..”

နဉ်ရှီက သူမ,ဘာမှမဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့ပါသော်လည်း ချင်းချုံဟိုင်က တိုက်တွန်းနေဆဲပင်။

“အဲ့တာဆိုလည်း ခနတဖြုတ်တော့ အနားယူဦး.. အဆင်ပြေတဲ့အထိ စောင့်ပေးလို့ရတယ်..”

စကားဆုံးသည်နှင့် သူ့အနောက်ဘက်မှ ခြေသံတစ်ခုကြားလိုက်ရလေ၏။ ပရိုဂျူဆာက မျက်မှောင်ကြီးကြုတ်ကာ ရောက်ချလာသည်။ ချင်းချုံဟိုင်က ဒါရိုက်တာတစ်ယောက်အနေဖြင့် ပရိုဂျူဆာများနှင့် ကတောက်ကဆများစွာ ဖြစ်ဖူးသည်။ ထို့ကြောင့် ပရိုဂျူဆာရောက်ချလာတာကို မြင်လိုက်သောအခါ နဉ်ရှီကြောင့် ရိုက်ကူးရေးနှောင့်နှေးရသည်ဟု ထင်မြင်သွားမှာကို စိုးရိမ်နေခဲ့လေသည်။

သို့သော် သူခန့်မှန်းတာ အစပိုင်းသာမှန်ခဲ့လေသည်။ ပရိုဂျူဆာက တကယ့်ကို နဉ်ရှီကြောင့် ရောက်ချလာခြင်းပင်။ သို့သော် ပြဿနာရှာရန်မဟုတ်။

“နဉ်ရှီ.. ဒါကျွန်တော်တို့ရဲ့အဓိကရင်းနှီးမြှုပ်နှံသူ မစ္စတာချန်းလေ..”

“မစ္စတာချန်း..?”

နဉ်ရှီက ရေခွက်ကိုချကာ မတ်တပ်ရပ်ရန်ပြင်လိုက်သော်လည်း ချန်းရှီကွေ့က တားဆီးခဲ့လေသည်။

“အနားယူဦး..” ချန်းရှီကွေ့က ပြောလိုက်သည်။ သူ့ရဲ့စိတ်ထဲ သူမအရှေ့မတ်တပ်ရပ်ကာ ဘယ်နားနာသွားသလဲဟု မေးချင်လာသည်။ ဘာကြောင့်များ ဒီလိုခက်ခဲကြမ်းတမ်းတဲ့အလုပ်ကို လုပ်ရသလဲဟု မေးချင်လာသည်။ အိမ်ပြန်ပြီး ရက်အနည်းငယ်လောက် အနားယူလိုက်ပါလားဟု ပြောချင်လာသည်။ သို့သော် အဆုံးမှာတော့ သူ့စိတ်သူထိန်းချုပ်ထားရင်း တည်တည်ငြိမ်ငြိမ် နှုတ်ဆက်လိုက်မိ၏။ “အရမ်းထိခိုက်သွားတာလား..?”

“စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ်.. တကယ်မထိခိုက်ပါဘူး.. ကျွန်မကြောင့် ရိုက်ကူးရေးမနှောင့်နှေးပါဘူး..”

နဉ်ရှီက ကပျာကယာပင် ရှင်းပြလိုက်သည်။

သူမ၏ ယဉ်ကျေးပျူငှာသော အပြုံးလေးကိုကြည့်ရင်း ချန်းရှီကွေ့ရဲ့ရင်ထဲ နာကျင်သွားရ၏။ စကားတချို့ကို မနည်းညှစ်ထုတ်၍ ပြောလိုက်ရသည်။

“မင်းရဲ့လုံခြုံရေးကသာ အမြဲတမ်းပထမ အရေးကြီးဆုံးပါ..”

“မစ္စတာချန်းက တကယ့်ကို သူဌေးကောင်းတစ်ယောက်ပဲ.. နဉ်ရှီ.. မစ္စတာချန်းကို ကျေးဇူးအမြန်တင်လေ.. ဘာလုပ်နေတာလဲ..?”

ပရိုဂျူဆာက ချန်းရှီကွေ့ကို ဖားယားရန်မအောင့်နိုင်တော့ပေ။ လက်ရှိအချိန်၌ နဉ်ရှီသာ ချန်းရှီကွေ့ကို ကျေးဇူးတင်ကြောင်း ပြောခဲ့လျှင် ပရိုဂျူဆာဖြစ်သည့် သူကိုယ်တိုင်လည်း နဉ်ရှီကို ကျေးဇူးတင်စကားပြောရန် ဝန်မလေးလောက်ပေ။ ဥက္ကဋ္ဌချန်း စိတ်ကျေနပ်နေသရွေ့ အရာအားလုံး အဆင်ပြေသည်။

ထပ်ရောက်လာသောအမျိုးသား၏ ဂုဏ်ပုဒ်နှင့်ရာထူးကို ကြားသိလိုက်ချိန်တွင် ရိုက်ကွင်းမှဝန်ထမ်းအားလုံး စိတ်လှုပ်ရှားကုန်တော့၏။ သူက ချန်းအုပ်စုရဲ့ဥက္ကဋ္ဌကြီးပေါ့..!

“ကျုပ်နဲ့နဉ်ရှီက သိကျွမ်းတာကြာပြီဆိုတော့ ယဉ်ကျေးနေစရာမလိုတော့ပါဘူး..” ချန်းရှီကွေ့က ပရိုဂျူဆာ၏ မျက်နှာချိုသွေးသောလုပ်ရပ်ကို သိသိသာသာပင် ငြင်းပယ်ပစ်လိုက်သည်။ ပြီးနောက် ချင်းချုံဟိုင်ဘက်လှည့်ကာ.. “ဒါရိုက်တာချင်း..?”

“Hello .. မစ္စတာချန်း..” ချင်းချုံဟိုင်ဘက်မှ ချန်းရှီကွေ့နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလာခဲ့သည်။ သူက ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ပြုံးလိုက်ရင်း.. “ဒီရက်ပိုင်းအတွင်း ရောက်လာမယ်လို့ မထင်လိုက်ဘူးဗျာ.. အဲ့တာကြောင့် ဘာမှကြိုမပြင်ထားမိဘူး.. မစ္စတာချန်း စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်..”

“အားမနာပါနဲ့.. ကျုပ်လည်း ရုပ်ရှင်လောကမှာ ဒါပထမဆုံးရင်းနှီးမြှုပ်နှံဖူးတာ.. တခြားတော့မသိပေမယ့် သရုပ်ဆောင်တွေနဲ့ ရိုက်ကွင်းအဖွဲ့သားတွေ အလုပ်အရမ်းကြိုးစားကြောင်း ကြားခဲ့ရပါတယ်..” ချန်းရှီကွေ့က နဉ်ရှီဘေးမှခုံအလွတ်တွင် ထိုင်ချလိုက်သည်။ ပြီးနောက် ဆက်ပြောခဲ့သည်။ “နဉ်ရှီက ခင်ဗျားရဲ့ရုပ်ရှင်အဖွဲ့သားဖြစ်နေမယ်လို့ တကယ်ကို မထင်ထားခဲ့မိဘူး..”

ချင်းချုံဟိုင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

“နဉ်ရှီက အရမ်းကောင်းတဲ့မိန်းကလေးပဲ.. သရုပ်ဆောင်တွေရော အဖွဲ့သားတွေပါ သူ့ကို သဘောကျကြတယ်လေ..”

နာမည်ကြီးတွေသာ နဉ်ရှီနဲ့ချန်းရှီကွေ့တို့ရဲ့ ခင်မင်မှုအကြောင်းသိသွားရင် အရင်ထက်ပိုပြီးတောင် နဉ်ရှီကို သဘောကျလာကြဦးမှာ..!

နဉ်ရှီက ချန်းရှီကွေ့အား နားလည်ရခက်သော မျက်ဝန်းများဖြင့် ငေးကြည့်နေခဲ့သည်။ ချန်းရှီကွေ့က သူတို့ရဲ့ခင်မင်မှုအကြောင်း၊ နဉ်ရှီဟာ နောက်ခံမရှိသည့် သရုပ်ဆောင်အသစ်လေးမဟုတ်ပါဘဲ နောက်ခံအဖြစ် သူရှိနေကြောင်း ရိုက်ကွင်းတစ်ခုလုံးအား တမင်တကာ အသိပေးလိုက်ခြင်းပင်။ ထိုအချင်းအရာကို နဉ်ရှီ ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ချန်းရှီကွေ့က သာမာန်ကာလျှံကာ ပြောလိုက်ခြင်းလော၊ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ကူညီပေးနေခြင်းလော။ နဉ်ရှီ နားမလည်ပါသော်လည်း မည်သို့ပင်ဆိုစေ သူမကိုကူညီပေးသည့်အတွက် ကျေးဇူးတင်ရမည်ပင်။

လူသားများဟာ အသက်ကြီးလာသည်နှင့်အမျှ လက်ကမ်းကူညီမယ့်လူ နည်းပါးလာကြောင်း သိလာရလိမ့်မည်။ တစ်ခါတရံတွင် နွေးထွေးစွာသော အပြုအမူလေးတစ်ခု၊ စကားလေးတစ်ခွန်းကပင် တစ်ဖက်လူအား ဝမ်းသာမျက်ရည်ကျအောင် စေစားနိုင်ပေသည်။

ထိုအခိုက် ချန်းရှီကွေ့က လှည့်ကြည့်လာရာ နဉ်ရှီနှင့် အကြည့်ချင်းစုံသွား၏။ သူ၏မျက်ဝန်းများက တိတ်ဆိတ်ငြိမ်သက်သော ပင်လယ်ပြင်ကြီးနှယ် နက်ရှိုင်းလှသည်။ ထိုအမျိုးသားတွင် ဆွဲဆောင်နိုင်လွန်းသော မျက်ဝန်းတစ်စုံရှိကြောင်း နဉ်ရှီ သိလိုက်ရလေသည်။

မျက်နှာလွှဲရမည့်အစား နဉ်ရှီ ပြုံးပြလိုက်မိသည်။

မနက်ခင်းနေရောင်ခြည်က နွေးထွေးသော်လည်း မပူလောင်ပါချေ။ သို့သော် ချန်းရှီကွေ့ခမျာတော့ သူ့မျက်နှာတစ်ခုလုံး နေရောင်ကြောင့် အပူလောင်သွားသလို ခံစားလိုက်ရသည်။

ချင်းချုံဟိုင်က ဒါရိုက်တာအနေဖြင့် ထက်မြက်ပါသော်လည်း လူမှုဆက်ဆံရေးတွင် ညံ့ဖျင်းလှသည်။ ချန်းရှီကွေ့နှင့် အတော်ကြာအောင် စကားပြောနေခြင်းက သူ့အတွက်တော့ တစ်ဖက်လူကို မျက်နှာသာပေးလိုက်ခြင်းပင်။ ထို့ကြောင့် နဉ်ရှီ ဘာမှမဖြစ်တာကို မြင်သောအခါ အဖွဲ့သားများကို ရောက်သည့်နေရာမှဆက်ရိုက်ရန် ပြင်ဆင်ခိုင်းတော့သည်။

ပရိုဂျူဆာလည်း ချင်းချုံဟိုင်ကို လည်ပင်းညှစ်ပြီး ဆွဲခါပစ်ချင်တော့သည်။ မင်းရိုက်မယ့်ဇာတ်ကွက်က နည်းနည်းလေးတောင် နောက်ကျလို့မရလို့လား..? Big Boss ကြီး ဒီမှာရှိနေတယ်လေ.. သူ့ရဲ့ဒဏ်ရာရနေတဲ့ သူငယ်ချင်းကို အတင်းကာရော ရုပ်ရှင်ရိုက်ခိုင်းတော့မလို့လား..? EQ ခွေးစားသွားတာလားကွ..?

ချန်းရှီကွေ့လည်း ဒါရိုက်တာချင်းက ဒီလောက်တည့်တိုးဆန်လိမ့်မည်ဟု ထင်မှတ်မထားခဲ့။ တစ်စက္ကန့်မျှ ဘာပြောရမှန်းမသိဖြစ်သွားပြီး နဉ်ရှီကို လှည့်ကြည်လိုက်မိသည်။ နဉ်ရှီ၏မျက်နှာပေါ်မှာသာ တုံ့ဆိုင်းနေသောအမူအရာမျိုး နည်းနည်းလေး ပေါ်လာခဲ့လျှင် သူ့ရဲ့ဂုဏ်ပုဒ်ကိုသုံး၍ ဒါရိုက်တာချင်းကို ချက်ချင်းရပ်တန့်ခိုင်းလိုက်မည်ပင်။

ကံမကောင်းစွာဖြင့် နဉ်ရှီက တုံ့ဆိုင်းမနေခဲ့။ ဒါရိုက်တာချင်း ရိုက်ကူးရေးအဖွဲ့သားများကို အော်ခေါ်လိုက်သည်နှင့် သူမကလည်း အပေါ်ထပ်ကုတ်အင်္ကျီကို ချွတ်ပြီးသားဖြစ်သည်။ ပြီးနောက် ရိုက်ကွင်းနေရာသို့ လျှောက်သွားပြီး ဆရာဝေ့ရာအား ဝါယာကြိုးများ ပြန်လည်ချိတ်ဆွဲခိုင်းတော့သည်။

ပရိုဂျူဆာက ကသိကအောက် ရယ်မောလိုက်သည်။ “ဒါရိုက်တာနဲ့ သရုပ်ဆောင်ကတော့ တကယ့်ကို အလုပ်ကြိုးစားတာပဲ..” ထိုစကားမှလွဲ၍ ဘာမှမပြောနိုင်ခဲ့ချေ။ တခြားရိုက်ကွင်းဆိုလျှင် ဘယ်ဒါရိုက်တာ၊ ဘယ်သရုပ်ဆောင်ကများ ပရိုဂျူဆာ‌ ရောက်လာသည်နှင့် မျက်နှာချိုမသွေးဘဲနေပါမည်နည်း။ သူတို့ရဲ့သရုပ်ဆောင်နှင့် ရုပ်ရှင်အဖွဲ့သားများကတော့….

ချင်းချုံဟိုင်၏ ခေါင်းမာလွန်းသောအကျင့်ကြောင့် ဤထုတ်လုပ်ရေးအတွက် ကုန်ကျစရိတ်အကြောင်း တွေးမိသောအခါ ပရိုဂျူဆာလည်း သူမျက်နှာသူ တိတ်တဆိတ် ပွတ်သပ်နေတော့သည်။ ပရိုဂျူဆာလုပ်ရတာ ခက်ခဲလိုက်တာ..!

“အဆင်ပြေပါတယ်..” ချန်းရှီကွေ့က မော်နီတာစခရင်ကို ကြည့်လို့ရအောင် ဒါရိုက်တာ၏နောက်တွင် ထိုင်လိုက်သည်။ မော်နီတာပေါ်တွင် မိတ်ကပ်ဆရာက နဉ်ရှီကို မိတ်ကပ်ပြင်ပေးနေပြီး နဉ်ရှီက အမျိုးသားသရုပ်ဆောင်တစ်ယောက်နှင့် စကားပြောနေလေသည်။ သူမ၏ပုံစံက နည်းနည်းလေးတောင် မနာကျင်တော့သလို။

သို့သော် သံထည်တစ်ခုနှင့် အရှိန်ပြင်းပြင်း တိုက်မိခဲ့သော သက်ရှိလူသားတစ်ယောက်က အဘယ်သို့ မနာကျင်ဘဲနေမည်နည်း။

ချင်းချုံဟိုင်က ချန်းရှီကွေ့ကို မျက်နှာသာပေးရန် ရည်ရွယ်ချက်မရှိပေ။ အသင့်ဖြစ်နေသော သရုပ်ဆောင်နှစ်ယောက်ကိုကြည့်ရင်း ရိုက်ကွင်းအဆင်သင့်ဖြစ်မဖြစ် စစ်ဆေးလိုက်သည်။ ပြီးနောက်.. “Ready, go..!”

မော်နီတာပေါ်မှ တိုက်ခိုက်နေသည့်မြင်ကွင်းသည် နောက်မှထပ်ဖြည့်ရမည့် အလင်းတန်း Effect မပါတာကြောင့် ရယ်စရာကောင်းနေတော့၏။ သို့သော် သရုပ်ဆောင်နှစ်ယောက်၏ မျက်နှာအမူအရာက အလွန်အသက်ဝင်တာကြောင့် ကြည့်နေသူများပင် ဇာတ်လမ်းထဲ စီးမျောသွားရသည်။

ချန်းရှီကွေ့ကတော့ သရုပ်ဆောင်တာ ကောင်းသလားဆိုးသလား ဘာမှမသိပါချေ။ သို့သော် သူ့ရဲ့အမြင်တွင် ရိုက်ကွင်းစလိုက်ကတည်းက နဉ်ရှီ၏အရှိန်အဝါတစ်ခုလုံး ပြောင်းလဲသွားခဲ့၏။ သူမက လူသားကမ္ဘာနှင့် ဆက်စပ်မှုမရှိသော နတ်သမီးလေးလို၊ သာမာန်လူတို့ လက်လှမ်းမမီသော နတ်မိမယ်လေးလို ဖြစ်လာတော့သည်။

“နဉ်ရှီကတော့ ဇာတ်ကောင်ထဲ အမြန်စိတ်နှစ်နိုင်တာပဲ..” လက်ထောက်ဒါရိုက်တာလျိုက မော်နီတာစခရင်ကို ကြည့်ပြီးနောက် ပြောလာခဲ့သည်။ သူက နဉ်ရှီကို ချီးကျူးနေခဲ့လေသည်။ “ဒီရုပ်ရှင်ထုတ်လွှတ်လိုက်တာနဲ့ ကျိန်းသေပေါက် ကျော်ကြားလာလိမ့်မယ်..”

“သူမက အရှိန်အဝါလေးရှိသလို တော်လည်းတော်ပါတယ်.. ဒါပေမဲ့ အတွေ့အကြုံတော့ နည်းနေသေးတယ်..” ချင်းချုံဟိုင်က မော်နီတာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။ “ရိုက်ကူးရေးအဖွဲ့ထဲ ရောက်လာပြီးကတည်းက အတော်လေး ရင့်ကျက်လာတယ်.. နောက်လည်း ဒီလိုမျိုး အလုပ်ကြိုးစားမယ်ဆိုရင် အောင်မြင်မှုက ကြိုဆိုနေမှာပဲ.. နဉ်ရှီက အနုပညာလောကထဲ ဝင်လာတာမကြာသေးပေမယ့် သရုပ်ဆောင်အသစ်တွေထဲမှာတော့ သရုပ်ဆောင်အကောင်းဆုံးလို့ သတ်မှတ်လို့ရတယ်..”

သို့သော် ချင်းချုံဟိုင်က ထိုစကားများကို ခပ်ကျယ်ကျယ် မပြောခဲ့ပေ။ သူက ထိုင်ခုံပေါ်ကျောမှီလိုက်ကာ ကင်မရာသမားကို အနီးကပ်ရိုက်ကူးရန် ညွှန်ကြားလိုက်သည်။ ကင်မရာမြင်ကွင်း နီးကပ်လာသည်နှင့် နဉ်ရှီနှင့်ဒုတိယဗီလိန်ကြားမှ ကွာခြားချက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့၏။ နဉ်ရှီ၏မျက်ဝန်းများက အလွန်အသက်ဝင်နေပါသော်လည်း ဒုတိယအမျိုးသမီးဗီလိန်ကတော့ နဉ်ရှီနှင့်ယှဉ်လျှင် နည်းနည်းလေး လိုအပ်နေခဲ့သည်။

အကယ်၍ ရုပ်ရှင်ထုတ်လွှင့်ခဲ့လျှင် နဉ်ရှီက ပရိသတ်များ၏အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်ည်။ နဉ်ရှီက သူတို့ကို ဇာတ်လမ်းထဲ စီးမျောဝင်သွားအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

“အမတအရှင်တွေရဲ့ နံပါတ်တစ် မိန်းမလှလေးက ဒီလိုပုံစံမျိုးပေါ့..” နတ်မိမယ်ချင်းယန်၏ရိုက်ချက်ကြောင့် မိစ္ဆာအမျိုးသမီးမှာ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရပြီး ယိမ်းယိုင်သွားခဲ့လေ၏။ သူမက ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ရင်း အံကြိတ်နေခဲ့သည်။ သူမကို မထီမဲ့မြင် ပြောလာခဲ့သောကြောင့် နတ်မိမယ်ချင်းယန်အား မုန်းတီးနေလေသည်။

ချင်းယန်က ထိုအမျိုးသမီးအား သနားစရာကောင်းလိုက်တာဟူသော ဟန်ပန်မျိုးဖြင့် အေးတိအေးစက် စိုက်ကြည့်နေခဲ့သည်။ ပြီးနောက် အကြင်နာမဲ့စွာဖြင့် လက်ကောက်ဝတ်ကို လှည့်လိုက်၏။ သူမ၏လက်က မိစ္ဆာမ၏လည်မျိုကို ဦးတည်နေလေပြီး ဖမ်းဆုပ်ပစ်လိုက်သည်။ နောက်ဆုံးထွက်သက်ကို နှုတ်ယူလိုက်ပြီးမှ အလွတ်ပေးခဲ့လေသည်။

နတ်မိမယ်ချင်းယန်၏ ဟန်ပင်သွင်ပြင်က ဤသို့အေးစက်လှသည်။ သနားညှာတာခြင်း မရှိသလို၊ ရက်စက်ကြမ်းကြုတ်ခြင်းလည်းမဟုတ်။ သူမက ရေခဲတုံးအလှလေးစင်စစ်ပါပင်။

အကယ်၍ သရုပ်ဆောင်က ထိုဇာတ်ကောင်အကြောင်း နှိုက်နှိုက်ချွတ်ချွတ် နားမလည်ထားလျှင် သူမ၏ပုံစံက တုံးတုံးအအဖြင့် စိတ်ဝင်စားစရာမကောင်းသလို ဖြစ်နေချေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့လျှင် သရုပ်ဆောင်များ၏အမြင်၌ စခရင်ပေါ်မှ ငါးသေတစ်ကောင်နှင့် ထူးမခြားနားတော့ပေ။

သို့သော် နဉ်ရှီက အနှီဇာတ်ကောင်၏ ဆွဲဆောင်မှုအရှိဆုံးအချက်ကို ဖမ်းဆုပ်ထားနိုင်ခဲ့တာကြောင့် ခပ်တုံးတုံးအလှလေးပုံစံမျိုး ဖြစ်မလာတော့ဘဲ အကြင်နာမဲ့သလို သန့်စင်လွန်းသော ဇာတ်ကောင်တစ်ခုအဖြစ် အသက်သွင်းနိုင်ခဲ့လေသည်။

ထိုအချက်ကြောင့်ပင် ချင်းချုံဟိုင်တစ်ယောက် နဉ်ရှီအပေါ် အတော်လေး ကျေနပ်နေတော့သည်။

ဒါရိုက်တာနှစ်ယောက် စကားပြောနေတာကို နားထောင်နေသော ချန်းရှီကွေ့က မျက်နှာသေဖြင့်ပင် နဉ်ရှီထံ အကြည့်လွှဲလိုက်သည်။

ထိုနေရာနှင့်မနီးမဝေးတွင် အမျိုးသားနှစ်ယောက် အသက်ပြင်းပြင်းရှုရင်း တောင်တက်လာကြ၏။ တစ်ယောက်က မေးလိုက်သည်။

“အားကျွင်း.. ချန်းရှီကွေ့သတင်းကို ဘယ်ကကြားလာခဲ့တာလဲ..?  သူက ငှက်တွေပျံနေတာကို လာကြည့်မယ့်လူမျိုးလည်း မဟုတ်ပါဘူး.. ဒီလိုနေရာမျိုးကို ဘာအတွက်ရောက်လာတာလဲ..?”

………………………………………

[Zawgyi]

အခန္း (၂၃) - ထိခိုက္မိျခင္း

ခ်န္းရွီေကြ့က ထိုျမင္ကြင္းကို မမိွတ္မသုန္ စိုက္ၾကၫ့္ေနတာေၾကာင့္ ပရိုဂ်ူဆာလည္း ရိုက္ကြင္းအေၾကာင္း သိခ်င္ေနတာထင္ၿပီး ကင္မရာမ်ားကို မည္သို႔မည္ပံု ထိန္းခ်ဳပ္ထားေၾကာင္း၊ ဝါယာႀကိဳးခ်ိတ္ဆက္ပံုႏွင့္ လွလွပပေလးထြက္လာေအာင္ မည္သို႔မည္ပံု ရိုက္ကူးရေၾကာင္း စသည္ျဖင့္ ရွင္းျပေတာ့သည္။ သို႔ေသာ္ သူအၾကာႀကီးရွင္းျပေနခဲ့ေသာ္လည္း ခ်န္းရွီေကြ့၏ မ်က္ႏွာအမူအရာက ေျပာင္းလဲမႈမရိွ။ တကယ္တမ္းေတာ့ သူဘာေျပာေျပာ ခ်န္းရွီေကြ့က မ်က္ႏွာေသျဖင့္ပင္။ ပရိုဂ်ူဆာကသာ မမွတ္မိျခင္းသာ။

ခ်န္းရွီေကြ့က ေအာင္ျမင္ေက်ာ္ၾကားေသာ အမ်ိဳးသားမ်ား၏စံနမူနာ ျဖစ္ထိုက္ပါေပသည္။ သူ၏ခံစားခ်က္သာမက မ်က္ႏွာအမူအရာကိုပင္ ခန႔္မွန္းရခက္လွသည္။

ရိုက္ကူးေရးအဖြဲႏွင့္ လက္တြဲလာတာ ၾကာၿပီျဖစ္တာေၾကာင့္ ပရိုဂ်ူဆာလည္း ဇာတ္ၫႊန္းေရးဆရာလို ျဖစ္လာခဲ့၏။ သူ႔ရဲ့စိတ္ထဲ ‘ေအးစက္စက္ဥကၠ႒’၏ပံုရိပ္မ်ား ျဖတ္သန္းသြားၿပီး အခ်စ္ဇာတ္လမ္းတစ္ပုဒ္ ေပၚထြက္လာေတာ့သည္။

“ဒီလိုရိုက္ကြင္းေတြမွာ မေတာ္တဆထိခိုက္တာမ်ိဳး ျဖစ္တတ္လား..?”

ခ်န္းရွီေကြ့က ဒါရိုက္တာႏွင့္မလွမ္းမကမ္းတြင္ မတ္တပ္ရပ္လိုက္ကာ သရုပ္ေဆာင္မ်ား ဇာတ္ေကာင္အလိုက္ သရုပ္ေဆာင္ေနသည္ကို ရပ္ၾကၫ့္ေနခဲ့ေလသည္။ ကင္မရာအမ်ားအျပားက ရႈေထာင့္အမ်ိဳးမ်ိဳးမွ ရိုက္ကူးေန၍ ရိုက္ကူးေရးအဖြဲ႔သားမ်ားလည္း ပတ္ပတ္လည္ ဝန္းရံေနေတာ့သည္။ ထို႔ေၾကာင့္ ျမင္ကြင္းတစ္ခုလံုးက အလုပ္ရႈပ္ေနသလို ရႈပ္ေထြးေနသည္။

“အနည္းနဲ႔အမ်ားဆိုသလိုေတာ့ ရိွတတ္ပါတယ္..” ပရိုဂ်ူဆာက ျပန္ေျဖလိုက္သည္။ “ရိုက္ကြင္းေခါင္းေဆာင္က အေတြ့အႀကံဳမ်ားၿပီးသားဆိုေတာ့ ႀကီးႀကီးမားမား ထိခိုက္တာမ်ိဳး ရိွလာမွာမဟုတ္ပါဘူး..”

ထိုစကားေျပာၿပီးရံုသာရိွေသးသည္။ ႀကိဳးေပၚမွအမ်ိဳးသမီးသရုပ္ေဆာင္တစ္ေယာက္ ဟန္ခ်က္ပ်က္သြားၿပီး ကင္မရာႏွင့္ ဝင္ေဆာင့္မိေလ၏။ သူမ၏ေက်ာႏွင့္ ထိခိုက္မိသြားၿပီး ဘမ္းခနဲအသံႀကီးပင္ ေပၚထြက္လာရသည္။

ပရိုဂ်ူဆာခမ်ာ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး သူ႔ရဲ့မ်က္ႏွာေပၚ တက္နင္းခံလိုက္ရသလို ခံစားလိုက္ရသည္။

လူအမ်ားႀကီးေရ႔ွ တစ္စံုတစ္ရာႏွင့္ထိခိုက္မိခ်ိန္တြင္ နဉ္ရွီ၏စိတ္ထဲ အေၾကာက္တရားမ်ားသာ စိုးမိုးသြားခဲ့၏။ သူမ ဘာမွမတံု႔ျပန္ႏိုင္ခဲ့ေခ်။ ထိခိုက္မိသြားသည္ေနာက္ ေျမျပင္ေပၚသို႔ ျပဳတ္က်သြားေတာ့သည္။

ေရွာင္ယန္၏ေအာ္သံကို ၾကားလိုက္ရသလိုလို၊ ပတ္လည္မွ ရိုက္ကူးေရးအဖြဲ႔သားမ်ား ေျပးလႊားေနသံကို ၾကားလိုက္ရသလိုလို။ ထိုအသံမ်ားကို အာရံုမစိုက္ႏိုင္ေတာ့။ လက္ရိွအေရးႀကီးသည္က ထိုတဒဂၤေလးတြင္ အသက္ရႉမဝျဖစ္လာခဲ့ၿပီး ႏွလံုးခုန္ရပ္ေတာ့မေယာင္ ခံစားလိုက္ရသည္။

“သြားမလႈပ္လိုက္နဲ႔.. မလႈပ္လိုက္နဲ႔ဦးေနာ္..” ဆရာဝန္မ်ားက နဉ္ရွီထံအေျပးသြားခ်င္ေနေသာ ေရွာင္ယန္ကို တားလိုက္သည္။ ၿပီးေနာက္ နဉ္ရွီထံအျမန္သြားကာ မ်က္လံုးသူငယ္အိမ္ကို စစ္ေဆးၾကၫ့္လိုက္၏။ နဉ္ရွီ ေရွာ့ရေနတာကို ျမင္လိုက္ရတာေၾကာင့္.. “အဆင္ေျပရဲ့လား..?”

လက္တစ္ဖက္၏အကူအညီျဖင့္ နဉ္ရွီ ထထိုင္လိုက္ခ်ိန္တြင္ သူမ၏ေနာက္ေက်ာမွ ေအာင့္တက္လာသလို ခံစားလိုက္ရသည္။ နာက်င္မႈေၾကာင့္ စုတ္သပ္မိသည္အထိ။

ေရွာင္ယန္ခမ်ာလည္း အေတာ္ေလး ေၾကာက္လန႔္ေနရွာၿပီး မ်က္လံုးမ်ားပင္ နီရဲတက္လာေတာ့သည္။ နဉ္ရွီ ဘာမွႀကီးႀကီးမားမား မထိခိုက္သြားတာကို ျမင္လိုက္ရေတာ့မွ အဖြဲ႔သားမ်ားလည္း အနားကပ္လာၿပီး သူမ,မတ္တပ္ရပ္ရန္ ကူညီေပးေတာ့သည္။ ဆရာေဝ့ရာလည္း နဉ္ရွီအနား အျမန္ေရာက္လာၿပီး ခါးမွႀကိဳးကိုျဖည္ေပးကာ ေတာင္းပန္ခဲ့ေလသည္။

“ရပါတယ္.. ကြၽန္မအဆင္ေျပပါတယ္.. မေတာ္တဆျဖစ္သြားတာပဲကို..”

နဉ္ရွီက ဆရာေဝ့ရာကို ၿပံဳးျပလိုက္ၿပီး သူမ၏ထိုင္ခံုရိွရာသြား၍ ထိုင္လိုက္သည္။

“ရွီေလး.. အဆင္ေျပရဲ့လား..?” ခ်င္းခ်ံဳဟိုင္လည္း မ်က္ႏွာအပ်က္ပ်က္ျဖင့္ ေရာက္ခ်လာေတာ့သည္။ “ထိခိုက္မိသြားတာကို ေပါ့ေပါ့တန္တန္ လုပ္မေနနဲ႔..”

နဉ္ရွီက သူမ,ဘာမွမျဖစ္ေၾကာင္း ထပ္ခါတလဲလဲ ေျပာခဲ့ပါေသာ္လည္း ခ်င္းခ်ံဳဟိုင္က တိုက္တြန္းေနဆဲပင္။

“အဲ့တာဆိုလည္း ခနတျဖဳတ္ေတာ့ အနားယူဦး.. အဆင္ေျပတဲ့အထိ ေစာင့္ေပးလို႔ရတယ္..”

စကားဆံုးသည္ႏွင့္ သူ႔အေနာက္ဘက္မွ ေျခသံတစ္ခုၾကားလိုက္ရေလ၏။ ပရိုဂ်ူဆာက မ်က္ေမွာင္ႀကီးၾကဳတ္ကာ ေရာက္ခ်လာသည္။ ခ်င္းခ်ံဳဟိုင္က ဒါရိုက္တာတစ္ေယာက္အေနျဖင့္ ပရိုဂ်ူဆာမ်ားႏွင့္ ကေတာက္ကဆမ်ားစြာ ျဖစ္ဖူးသည္။ ထို႔ေၾကာင့္ ပရိုဂ်ူဆာေရာက္ခ်လာတာကို ျမင္လိုက္ေသာအခါ နဉ္ရွီေၾကာင့္ ရိုက္ကူးေရးေနွာင့္ေနွးရသည္ဟု ထင္ျမင္သြားမွာကို စိုးရိမ္ေနခဲ့ေလသည္။

သို႔ေသာ္ သူခန႔္မွန္းတာ အစပိုင္းသာမွန္ခဲ့ေလသည္။ ပရိုဂ်ူဆာက တကယ့္ကို နဉ္ရွီေၾကာင့္ ေရာက္ခ်လာျခင္းပင္။ သို႔ေသာ္ ျပႆနာရွာရန္မဟုတ္။

“နဉ္ရွီ.. ဒါကြၽန္ေတာ္တို႔ရဲ့အဓိကရင္းႏွီးျမႇဳပ္ႏွံသူ မစၥတာခ်န္းေလ..”

“မစၥတာခ်န္း..?”

နဉ္ရွီက ေရခြက္ကိုခ်ကာ မတ္တပ္ရပ္ရန္ျပင္လိုက္ေသာ္လည္း ခ်န္းရွီေကြ့က တားဆီးခဲ့ေလသည္။

“အနားယူဦး..” ခ်န္းရွီေကြ့က ေျပာလိုက္သည္။ သူ႔ရဲ့စိတ္ထဲ သူမအေရ႔ွမတ္တပ္ရပ္ကာ ဘယ္နားနာသြားသလဲဟု ေမးခ်င္လာသည္။ ဘာေၾကာင့္မ်ား ဒီလိုခက္ခဲၾကမ္းတမ္းတဲ့အလုပ္ကို လုပ္ရသလဲဟု ေမးခ်င္လာသည္။ အိမ္ျပန္ၿပီး ရက္အနည္းငယ္ေလာက္ အနားယူလိုက္ပါလားဟု ေျပာခ်င္လာသည္။ သို႔ေသာ္ အဆံုးမွာေတာ့ သူ႔စိတ္သူထိန္းခ်ဳပ္ထားရင္း တည္တည္ၿငိမ္ၿငိမ္ ႏႈတ္ဆက္လိုက္မိ၏။ “အရမ္းထိခိုက္သြားတာလား..?”

“စိုးရိမ္ေပးတာ ေက်းဇူးတင္ပါတယ္.. တကယ္မထိခိုက္ပါဘူး.. ကြၽန္မေၾကာင့္ ရိုက္ကူးေရးမေနွာင့္ေနွးပါဘူး..”

နဉ္ရွီက ကပ်ာကယာပင္ ရွင္းျပလိုက္သည္။

သူမ၏ ယဉ္ေက်းပ်ူငွာေသာ အၿပံဳးေလးကိုၾကၫ့္ရင္း ခ်န္းရွီေကြ့ရဲ့ရင္ထဲ နာက်င္သြားရ၏။ စကားတခ်ိဳ႕ကို မနည္းၫွစ္ထုတ္၍ ေျပာလိုက္ရသည္။

“မင္းရဲ့လံုၿခံဳေရးကသာ အၿမဲတမ္းပထမ အေရးႀကီးဆံုးပါ..”

“မစၥတာခ်န္းက တကယ့္ကို သူေဌးေကာင္းတစ္ေယာက္ပဲ.. နဉ္ရွီ.. မစၥတာခ်န္းကို ေက်းဇူးအျမန္တင္ေလ.. ဘာလုပ္ေနတာလဲ..?”

ပရိုဂ်ူဆာက ခ်န္းရွီေကြ့ကို ဖားယားရန္မေအာင့္ႏိုင္ေတာ့ေပ။ လက္ရိွအခ်ိန္၌ နဉ္ရွီသာ ခ်န္းရွီေကြ့ကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့လ်ွင္ ပရိုဂ်ူဆာျဖစ္သၫ့္ သူကိုယ္တိုင္လည္း နဉ္ရွီကို ေက်းဇူးတင္စကားေျပာရန္ ဝန္မေလးေလာက္ေပ။ ဥကၠ႒ခ်န္း စိတ္ေက်နပ္ေနသေရြ့ အရာအားလံုး အဆင္ေျပသည္။

ထပ္ေရာက္လာေသာအမ်ိဳးသား၏ ဂုဏ္ပုဒ္ႏွင့္ရာထူးကို ၾကားသိလိုက္ခ်ိန္တြင္ ရိုက္ကြင္းမွဝန္ထမ္းအားလံုး စိတ္လႈပ္ရွားကုန္ေတာ့၏။ သူက ခ်န္းအုပ္စုရဲ့ဥကၠ႒ႀကီးေပါ့..!

“က်ဳပ္နဲ႔နဉ္ရွီက သိကြၽမ္းတာၾကာၿပီဆိုေတာ့ ယဉ္ေက်းေနစရာမလိုေတာ့ပါဘူး..” ခ်န္းရွီေကြ့က ပရိုဂ်ူဆာ၏ မ်က္ႏွာခ်ိဳေသြးေသာလုပ္ရပ္ကို သိသိသာသာပင္ ျငင္းပယ္ပစ္လိုက္သည္။ ၿပီးေနာက္ ခ်င္းခ်ံဳဟိုင္ဘက္လွၫ့္ကာ.. “ဒါရိုက္တာခ်င္း..?”

“Hello .. မစၥတာခ်န္း..” ခ်င္းခ်ံဳဟိုင္ဘက္မွ ခ်န္းရွီေကြ့ႏွင့္ လက္ဆြဲႏႈတ္ဆက္ရန္ လက္ကမ္းလာခဲ့သည္။ သူက ေဘးပတ္ဝန္းက်င္ကိုၾကၫ့္ကာ ၿပံဳးလိုက္ရင္း.. “ဒီရက္ပိုင္းအတြင္း ေရာက္လာမယ္လို႔ မထင္လိုက္ဘူးဗ်ာ.. အဲ့တာေၾကာင့္ ဘာမွႀကိဳမျပင္ထားမိဘူး.. မစၥတာခ်န္း စိတ္မကြက္ဖို႔ ေမ်ွာ္လင့္ပါတယ္..”

“အားမနာပါနဲ႔.. က်ဳပ္လည္း ရုပ္ရွင္ေလာကမွာ ဒါပထမဆံုးရင္းႏွီးျမႇဳပ္ႏွံဖူးတာ.. တျခားေတာ့မသိေပမယ့္ သရုပ္ေဆာင္ေတြနဲ႔ ရိုက္ကြင္းအဖြဲ႔သားေတြ အလုပ္အရမ္းႀကိဳးစားေၾကာင္း ၾကားခဲ့ရပါတယ္..” ခ်န္းရွီေကြ့က နဉ္ရွီေဘးမွခံုအလြတ္တြင္ ထိုင္ခ်လိုက္သည္။ ၿပီးေနာက္ ဆက္ေျပာခဲ့သည္။ “နဉ္ရွီက ခင္ဗ်ားရဲ့ရုပ္ရွင္အဖြဲ႔သားျဖစ္ေနမယ္လို႔ တကယ္ကို မထင္ထားခဲ့မိဘူး..”

ခ်င္းခ်ံဳဟိုင္က ၿပံဳးကာ ေခါင္းညိတ္ျပလိုက္သည္။

“နဉ္ရွီက အရမ္းေကာင္းတဲ့မိန္းကေလးပဲ.. သရုပ္ေဆာင္ေတြေရာ အဖြဲ႔သားေတြပါ သူ႔ကို သေဘာက်ၾကတယ္ေလ..”

နာမည္ႀကီးေတြသာ နဉ္ရွီနဲ႔ခ်န္းရွီေကြ့တို႔ရဲ့ ခင္မင္မႈအေၾကာင္းသိသြားရင္ အရင္ထက္ပိုၿပီးေတာင္ နဉ္ရွီကို သေဘာက်လာၾကဦးမွာ..!

နဉ္ရွီက ခ်န္းရွီေကြ့အား နားလည္ရခက္ေသာ မ်က္ဝန္းမ်ားျဖင့္ ေငးၾကၫ့္ေနခဲ့သည္။ ခ်န္းရွီေကြ့က သူတို႔ရဲ့ခင္မင္မႈအေၾကာင္း၊ နဉ္ရွီဟာ ေနာက္ခံမရိွသၫ့္ သရုပ္ေဆာင္အသစ္ေလးမဟုတ္ပါဘဲ ေနာက္ခံအျဖစ္ သူရိွေနေၾကာင္း ရိုက္ကြင္းတစ္ခုလံုးအား တမင္တကာ အသိေပးလိုက္ျခင္းပင္။ ထိုအခ်င္းအရာကို နဉ္ရွီ ရွင္းရွင္းလင္းလင္း သိလိုက္သည္။

ခ်န္းရွီေကြ့က သာမာန္ကာလ်ွံကာ ေျပာလိုက္ျခင္းေလာ၊ ဒါမွမဟုတ္ ရည္ရြယ္ခ်က္ရိွရိွ ကူညီေပးေနျခင္းေလာ။ နဉ္ရွီ နားမလည္ပါေသာ္လည္း မည္သို႔ပင္ဆိုေစ သူမကိုကူညီေပးသၫ့္အတြက္ ေက်းဇူးတင္ရမည္ပင္။

လူသားမ်ားဟာ အသက္ႀကီးလာသည္ႏွင့္အမ်ွ လက္ကမ္းကူညီမယ့္လူ နည္းပါးလာေၾကာင္း သိလာရလိမ့္မည္။ တစ္ခါတရံတြင္ ေနြးေထြးစြာေသာ အျပဳအမူေလးတစ္ခု၊ စကားေလးတစ္ခြန္းကပင္ တစ္ဖက္လူအား ဝမ္းသာမ်က္ရည္က်ေအာင္ ေစစားႏိုင္ေပသည္။

ထိုအခိုက္ ခ်န္းရွီေကြ့က လွည့္ၾကည့္လာရာ နဉ္ရွီႏွင့္ အၾကၫ့္ခ်င္းစံုသြား၏။ သူ၏မ်က္ဝန္းမ်ားက တိတ္ဆိတ္ၿငိမ္သက္ေသာ ပင္လယ္ျပင္ႀကီးႏွယ္ နက္ရိႈင္းလွသည္။ ထိုအမ်ိဳးသားတြင္ ဆြဲေဆာင္ႏိုင္လြန္းေသာ မ်က္ဝန္းတစ္စံုရိွေၾကာင္း နဉ္ရွီ သိလိုက္ရေလသည္။

မ်က္ႏွာလႊဲရမၫ့္အစား နဉ္ရွီ ၿပံဳးျပလိုက္မိသည္။

မနက္ခင္းေနေရာင္ျခည္က ေနြးေထြးေသာ္လည္း မပူေလာင္ပါေခ်။ သို႔ေသာ္ ခ်န္းရွီေကြ့ခမ်ာေတာ့ သူ႔မ်က္ႏွာတစ္ခုလံုး ေနေရာင္ေၾကာင့္ အပူေလာင္သြားသလို ခံစားလိုက္ရသည္။

ခ်င္းခ်ံဳဟိုင္က ဒါရိုက္တာအေနျဖင့္ ထက္ျမက္ပါေသာ္လည္း လူမႈဆက္ဆံေရးတြင္ ညံ့ဖ်င္းလွသည္။ ခ်န္းရွီေကြ့ႏွင့္ အေတာ္ၾကာေအာင္ စကားေျပာေနျခင္းက သူ႔အတြက္ေတာ့ တစ္ဖက္လူကို မ်က္ႏွာသာေပးလိုက္ျခင္းပင္။ ထို႔ေၾကာင့္ နဉ္ရွီ ဘာမွမျဖစ္တာကို ျမင္ေသာအခါ အဖြဲ႔သားမ်ားကို ေရာက္သၫ့္ေနရာမွဆက္ရိုက္ရန္ ျပင္ဆင္ခိုင္းေတာ့သည္။

ပရိုဂ်ူဆာလည္း ခ်င္းခ်ံဳဟိုင္ကို လည္ပင္းၫွစ္ၿပီး ဆြဲခါပစ္ခ်င္ေတာ့သည္။ မင္းရိုက္မယ့္ဇာတ္ကြက္က နည္းနည္းေလးေတာင္ ေနာက္က်လို႔မရလို႔လား..? Big Boss ႀကီး ဒီမွာရိွေနတယ္ေလ.. သူ႔ရဲ့ဒဏ္ရာရေနတဲ့ သူငယ္ခ်င္းကို အတင္းကာေရာ ရုပ္ရွင္ရိုက္ခိုင္းေတာ့မလို႔လား..? EQ ေခြးစားသြားတာလားကြ..?

ခ်န္းရွီေကြ့လည္း ဒါရိုက္တာခ်င္းက ဒီေလာက္တၫ့္တိုးဆန္လိမ့္မည္ဟု ထင္မွတ္မထားခဲ့။ တစ္စကၠန႔္မ်ွ ဘာေျပာရမွန္းမသိျဖစ္သြားၿပီး နဉ္ရွီကို လွၫ့္ၾကည္လိုက္မိသည္။ နဉ္ရွီ၏မ်က္ႏွာေပၚမွာသာ တံု႔ဆိုင္းေနေသာအမူအရာမ်ိဳး နည္းနည္းေလး ေပၚလာခဲ့လ်ွင္ သူ႔ရဲ့ဂုဏ္ပုဒ္ကိုသံုး၍ ဒါရိုက္တာခ်င္းကို ခ်က္ခ်င္းရပ္တန႔္ခိုင္းလိုက္မည္ပင္။

ကံမေကာင္းစြာျဖင့္ နဉ္ရွီက တံု႔ဆိုင္းမေနခဲ့။ ဒါရိုက္တာခ်င္း ရိုက္ကူးေရးအဖြဲ႔သားမ်ားကို ေအာ္ေခၚလိုက္သည္ႏွင့္ သူမကလည္း အေပၚထပ္ကုတ္အက်ႌကို ခြၽတ္ၿပီးသားျဖစ္သည္။ ၿပီးေနာက္ ရိုက္ကြင္းေနရာသို႔ ေလ်ွာက္သြားၿပီး ဆရာေဝ့ရာအား ဝါယာႀကိဳးမ်ား ျပန္လည္ခ်ိတ္ဆြဲခိုင္းေတာ့သည္။

ပရိုဂ်ူဆာက ကသိကေအာက္ ရယ္ေမာလိုက္သည္။ “ဒါရိုက္တာနဲ႔ သရုပ္ေဆာင္ကေတာ့ တကယ့္ကို အလုပ္ႀကိဳးစားတာပဲ..” ထိုစကားမွလြဲ၍ ဘာမွမေျပာႏိုင္ခဲ့ေခ်။ တျခားရိုက္ကြင္းဆိုလ်ွင္ ဘယ္ဒါရိုက္တာ၊ ဘယ္သရုပ္ေဆာင္ကမ်ား ပရိုဂ်ူဆာ‌ ေရာက္လာသည္ႏွင့္ မ်က္ႏွာခ်ိဳမေသြးဘဲေနပါမည္နည္း။ သူတို႔ရဲ့သရုပ္ေဆာင္ႏွင့္ ရုပ္ရွင္အဖြဲ႔သားမ်ားကေတာ့….

ခ်င္းခ်ံဳဟိုင္၏ ေခါင္းမာလြန္းေသာအက်င့္ေၾကာင့္ ဤထုတ္လုပ္ေရးအတြက္ ကုန္က်စရိတ္အေၾကာင္း ေတြးမိေသာအခါ ပရိုဂ်ူဆာလည္း သူမ်က္ႏွာသူ တိတ္တဆိတ္ ပြတ္သပ္ေနေတာ့သည္။ ပရိုဂ်ူဆာလုပ္ရတာ ခက္ခဲလိုက္တာ..!

“အဆင္ေျပပါတယ္..” ခ်န္းရွီေကြ့က ေမာ္နီတာစခရင္ကို ၾကၫ့္လို႔ရေအာင္ ဒါရိုက္တာ၏ေနာက္တြင္ ထိုင္လိုက္သည္။ ေမာ္နီတာေပၚတြင္ မိတ္ကပ္ဆရာက နဉ္ရွီကို မိတ္ကပ္ျပင္ေပးေနၿပီး နဉ္ရွီက အမ်ိဳးသားသရုပ္ေဆာင္တစ္ေယာက္ႏွင့္ စကားေျပာေနေလသည္။ သူမ၏ပံုစံက နည္းနည္းေလးေတာင္ မနာက်င္ေတာ့သလို။

သို႔ေသာ္ သံထည္တစ္ခုႏွင့္ အရိွန္ျပင္းျပင္း တိုက္မိခဲ့ေသာ သက္ရိွလူသားတစ္ေယာက္က အဘယ္သို႔ မနာက်င္ဘဲေနမည္နည္း။

ခ်င္းခ်ံဳဟိုင္က ခ်န္းရွီေကြ့ကို မ်က္ႏွာသာေပးရန္ ရည္ရြယ္ခ်က္မရိွေပ။ အသင့္ျဖစ္ေနေသာ သရုပ္ေဆာင္ႏွစ္ေယာက္ကိုၾကၫ့္ရင္း ရိုက္ကြင္းအဆင္သင့္ျဖစ္မျဖစ္ စစ္ေဆးလိုက္သည္။ ၿပီးေနာက္.. “Ready, go..!”

ေမာ္နီတာေပၚမွ တိုက္ခိုက္ေနသၫ့္ျမင္ကြင္းသည္ ေနာက္မွထပ္ျဖၫ့္ရမၫ့္ အလင္းတန္း Effect မပါတာေၾကာင့္ ရယ္စရာေကာင္းေနေတာ့၏။ သို႔ေသာ္ သရုပ္ေဆာင္ႏွစ္ေယာက္၏ မ်က္ႏွာအမူအရာက အလြန္အသက္ဝင္တာေၾကာင့္ ၾကၫ့္ေနသူမ်ားပင္ ဇာတ္လမ္းထဲ စီးေမ်ာသြားရသည္။

ခ်န္းရွီေကြ့ကေတာ့ သရုပ္ေဆာင္တာ ေကာင္းသလားဆိုးသလား ဘာမွမသိပါေခ်။ သို႔ေသာ္ သူ႔ရဲ့အျမင္တြင္ ရိုက္ကြင္းစလိုက္ကတည္းက နဉ္ရွီ၏အရိွန္အဝါတစ္ခုလံုး ေျပာင္းလဲသြားခဲ့၏။ သူမက လူသားကမ႓ာႏွင့္ ဆက္စပ္မႈမရိွေသာ နတ္သမီးေလးလို၊ သာမာန္လူတို႔ လက္လွမ္းမမီေသာ နတ္မိမယ္ေလးလို ျဖစ္လာေတာ့သည္။

“နဉ္ရွီကေတာ့ ဇာတ္ေကာင္ထဲ အျမန္စိတ္ႏွစ္ႏိုင္တာပဲ..” လက္ေထာက္ဒါရိုက္တာလ်ိဳက ေမာ္နီတာစခရင္ကို ၾကၫ့္ၿပီးေနာက္ ေျပာလာခဲ့သည္။ သူက နဉ္ရွီကို ခ်ီးက်ူးေနခဲ့ေလသည္။ “ဒီရုပ္ရွင္ထုတ္လႊတ္လိုက္တာနဲ႔ က်ိန္းေသေပါက္ ေက်ာ္ၾကားလာလိမ့္မယ္..”

“သူမက အရိွန္အဝါေလးရိွသလို ေတာ္လည္းေတာ္ပါတယ္.. ဒါေပမဲ့ အေတြ့အႀကံဳေတာ့ နည္းေနေသးတယ္..” ခ်င္းခ်ံဳဟိုင္က ေမာ္နီတာကို မ်က္ေတာင္မခတ္တမ္း စိုက္ၾကၫ့္ေနခဲ့သည္။ “ရိုက္ကူးေရးအဖြဲ႔ထဲ ေရာက္လာၿပီးကတည္းက အေတာ္ေလး ရင့္က်က္လာတယ္.. ေနာက္လည္း ဒီလိုမ်ိဳး အလုပ္ႀကိဳးစားမယ္ဆိုရင္ ေအာင္ျမင္မႈက ႀကိဳဆိုေနမွာပဲ.. နဉ္ရွီက အႏုပညာေလာကထဲ ဝင္လာတာမၾကာေသးေပမယ့္ သရုပ္ေဆာင္အသစ္ေတြထဲမွာေတာ့ သရုပ္ေဆာင္အေကာင္းဆံုးလို႔ သတ္မွတ္လို႔ရတယ္..”

သို႔ေသာ္ ခ်င္းခ်ံဳဟိုင္က ထိုစကားမ်ားကို ခပ္က်ယ္က်ယ္ မေျပာခဲ့ေပ။ သူက ထိုင္ခံုေပၚေက်ာမွီလိုက္ကာ ကင္မရာသမားကို အနီးကပ္ရိုက္ကူးရန္ ၫႊန္ၾကားလိုက္သည္။ ကင္မရာျမင္ကြင္း နီးကပ္လာသည္ႏွင့္ နဉ္ရွီႏွင့္ဒုတိယဗီလိန္ၾကားမွ ကြာျခားခ်က္ကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ခဲ့၏။ နဉ္ရွီ၏မ်က္ဝန္းမ်ားက အလြန္အသက္ဝင္ေနပါေသာ္လည္း ဒုတိယအမ်ိဳးသမီးဗီလိန္ကေတာ့ နဉ္ရွီႏွင့္ယွဉ္လ်ွင္ နည္းနည္းေလး လိုအပ္ေနခဲ့သည္။

အကယ္၍ ရုပ္ရွင္ထုတ္လႊင့္ခဲ့လ်ွင္ နဉ္ရွီက ပရိသတ္မ်ား၏အာရံုကို ဆြဲေဆာင္ႏိုင္ေပလိမ့္ည္။ နဉ္ရွီက သူတို႔ကို ဇာတ္လမ္းထဲ စီးေမ်ာဝင္သြားေအာင္ လုပ္ေဆာင္ႏိုင္ေပလိမ့္မည္။

“အမတအရွင္ေတြရဲ့ နံပါတ္တစ္ မိန္းမလွေလးက ဒီလိုပံုစံမ်ိဳးေပါ့..” နတ္မိမယ္ခ်င္းယန္၏ရိုက္ခ်က္ေၾကာင့္ မိစၧာအမ်ိဳးသမီးမွာ ေျခလွမ္းအနည္းငယ္ခန႔္ ေနာက္ဆုတ္လိုက္ရၿပီး ယိမ္းယိုင္သြားခဲ့ေလ၏။ သူမက ကိုယ့္ကိုယ္ကို ျပန္ထိန္းလိုက္ရင္း အံႀကိတ္ေနခဲ့သည္။ သူမကို မထီမဲ့ျမင္ ေျပာလာခဲ့ေသာေၾကာင့္ နတ္မိမယ္ခ်င္းယန္အား မုန္းတီးေနေလသည္။

ခ်င္းယန္က ထိုအမ်ိဳးသမီးအား သနားစရာေကာင္းလိုက္တာဟူေသာ ဟန္ပန္မ်ိဳးျဖင့္ ေအးတိေအးစက္ စိုက္ၾကၫ့္ေနခဲ့သည္။ ၿပီးေနာက္ အၾကင္နာမဲ့စြာျဖင့္ လက္ေကာက္ဝတ္ကို လွၫ့္လိုက္၏။ သူမ၏လက္က မိစၧာမ၏လည္မ်ိဳကို ဦးတည္ေနေလၿပီး ဖမ္းဆုပ္ပစ္လိုက္သည္။ ေနာက္ဆံုးထြက္သက္ကို ႏႈတ္ယူလိုက္ၿပီးမွ အလြတ္ေပးခဲ့ေလသည္။

နတ္မိမယ္ခ်င္းယန္၏ ဟန္ပင္သြင္ျပင္က ဤသို႔ေအးစက္လွသည္။ သနားၫွာတာျခင္း မရိွသလို၊ ရက္စက္ၾကမ္းၾကဳတ္ျခင္းလည္းမဟုတ္။ သူမက ေရခဲတံုးအလွေလးစင္စစ္ပါပင္။

အကယ္၍ သရုပ္ေဆာင္က ထိုဇာတ္ေကာင္အေၾကာင္း ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္ နားမလည္ထားလ်ွင္ သူမ၏ပံုစံက တံုးတံုးအအျဖင့္ စိတ္ဝင္စားစရာမေကာင္းသလို ျဖစ္ေနေခ်လိမ့္မည္။ ထိုသို႔ျဖစ္လာခဲ့လ်ွင္ သရုပ္ေဆာင္မ်ား၏အျမင္၌ စခရင္ေပၚမွ ငါးေသတစ္ေကာင္ႏွင့္ ထူးမျခားနားေတာ့ေပ။

သို႔ေသာ္ နဉ္ရွီက အႏွီဇာတ္ေကာင္၏ ဆြဲေဆာင္မႈအရိွဆံုးအခ်က္ကို ဖမ္းဆုပ္ထားႏိုင္ခဲ့တာေၾကာင့္ ခပ္တံုးတံုးအလွေလးပံုစံမ်ိဳး ျဖစ္မလာေတာ့ဘဲ အၾကင္နာမဲ့သလို သန႔္စင္လြန္းေသာ ဇာတ္ေကာင္တစ္ခုအျဖစ္ အသက္သြင္းႏိုင္ခဲ့ေလသည္။

ထိုအခ်က္ေၾကာင့္ပင္ ခ်င္းခ်ံဳဟိုင္တစ္ေယာက္ နဉ္ရွီအေပၚ အေတာ္ေလး ေက်နပ္ေနေတာ့သည္။

ဒါရိုက္တာႏွစ္ေယာက္ စကားေျပာေနတာကို နားေထာင္ေနေသာ ခ်န္းရွီေကြ့က မ်က္ႏွာေသျဖင့္ပင္ နဉ္ရွီထံ အၾကၫ့္လႊဲလိုက္သည္။

ထိုေနရာႏွင့္မနီးမေဝးတြင္ အမ်ိဳးသားႏွစ္ေယာက္ အသက္ျပင္းျပင္းရႈရင္း ေတာင္တက္လာၾက၏။ တစ္ေယာက္က ေမးလိုက္သည္။

“အားကြၽင္း.. ခ်န္းရွီေကြ့သတင္းကို ဘယ္ကၾကားလာခဲ့တာလဲ..?  သူက ငွက္ေတြပ်ံေနတာကို လာၾကၫ့္မယ့္လူမ်ိဳးလည္း မဟုတ္ပါဘူး.. ဒီလိုေနရာမ်ိဳးကို ဘာအတြက္ေရာက္လာတာလဲ..?”

………………………………………

Continue Reading

You'll Also Like

109K 9.1K 156
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
297K 30.2K 200
Original Title: National School Prince Is A Girl Author: Warring Young Seven စာစဉ် အမည်= ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ ဘာသာပြန်သူ= JustCBo...
281K 19.8K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^