Unicode
"ဒီကောင်....ငါ့ကိုအရေးကြီးဧည့်သည်ရှိတယ်ပြောပြီးသူကိုယ်တိုင်ကျအရိပ်တောင်ရှာမရအောင်ပျောက်သွားတယ်....ကျစ်..."
အယ်ဗင်ဟာသူ့ဆံပင်တွေကိုဖွလိုက်ရင်းသူ့ရဲ့ချောမောတဲ့မျက်နှာမှာတင်းမာနေသည်။ဆိုဘတ်ကသူ့ကိုအရေးကြီးဧည့်သည်ရောက်လာကြောင်းလာပြောပြီးပြီးချင်းမှာပဲဘယ်ချောင်ပျောက်လို့ပျောက်သွားမှန်းတောင်မသိလိုက်ချေ။
ပြီးတော့ကြောင်တောင်တောင်ဖြင့်စံအိမ်ဘေးကတောင်ကုန်းလေးဆီမှာအနှီးဧည့်သည်ကစောင့်ဆိုင်းနေကြောင်းပြောသွားသေးသည်။
ဘယ်မအေဘေးဧည့်သည်ကများအဲ့ဒီနေရာမှာအိမ်ကြီးရှင်ကိုစောင့်ဆိုင်းဖို့တွေးမိသွားတာများလဲ။ဟမ်။သူ့ကိုယ်သူလျှို့ဝှက်ဆန်းကျယ်ချင်ယောင်ဆောင်နေရအောင်ရုပ်ရှင်ရိုက်နေတယ်များထင်နေတာလား။
အယ်ဗင်ကဒေါသတကြီးဖြင့်သူ့ဆံပင်သူဆောင့်ဆွဲလိုက်မိသည်။
စံအိမ်ဘေးကတောင်ကုန်းမှာအတော်လေးရှုခင်းလှသည်။စိမ်းစိုနေတဲ့မြက်ခင်းပြင်တွေရယ်။တောင်ကုန်းထိပ်ကစိမ်းလန်းအုံ့ဆိုင်းနေသည့်ဧရာမသစ်ပင်ကြီးရယ်ကြောင့်အယ်ဗင်အနေနဲ့တစ်ခါတစ်လေတော့ထိုနေရာတွင်လာရောက်အပန်းဖြေဖြစ်သည်။
"ငါ့ကိုအရေးကြီးဧည့်သည်ကဘယ်သူလဲဆိုတာတောင်ပြောမသွားဘူး....."
အယ်ဗင်ဟာစဥ်းစဥ်းစားစားဖြင့်အိမ်တော်ထိန်းဆိုဘတ်ကိုဒီလအတွက်သွေးအိတ်တွေလျှော့ပြစ်ရမည်ဟုတွေးလိုက်သည်။သူတောင်ကုန်းထိပ်သို့ရောက်သည့်အခါတွင်သစ်ပင်ကြီး၏အောက်ခြေ၌သူ့ကိုကျောပေးရင်းစောင့်ဆိုင်းနေဟန်ရသည့်အရပ်မြင့်မြင့်ကိုယ်ဟန်တစ်ခုကိုတွေ့လိုက်ရသည််။
အယ်ဗင်ကမျက်မှောင်တင်းတင်းကြုပ်လိုက်မိသည်။သူ့အသိမိတ်ဆွေတွေထဲမှာဒီလိုကျောပြင်နှင့်တူညီသည့်ပုံသဏ္ဍာန်မရှိပေ။
"ဘယ်သူလဲ...."
အယ်ဗင်၏တင်းမာအေးစက်သည့်အသံကိုကြားသည့်အခါတွင်ထိုသူကလှည့်ကြည့်လာ၏။လှပတဲ့အညိုရောင်မျက်ဝန်းပိုင်ရှင်အနှီးချောမောတဲ့သူဟာအယ်ဗင်ကိုမှင်သပ်စွာငေးကြည့်လာသည်။ထိုအခိုက်အတန့်လေးတွင်ညင်သာသောလေညှင်းတစ်ရပ်ဟာသူတို့နှစ်ဦးကြားဖြတ်တိုက်သွားသည်။
ပန်းနုရောင်နှင်းဆီပွင့်ချပ်လေးတွေမှာလေပြေလေညှင်း၏သယ်ဆောင်ဖေးမမှုနဲ့အတူလှပစွာဖြင့်ပတ်ဝန်းကျင်ကိုပုံဖော်လာသည်။ဒါကအရမ်းကိုကဗျာဆန်ပြီးလှပလွန်သည်။
"ဟုတ်ပြီ....ဟေး....ပွင့်ချပ်တွေကိုအဲ့ဒီလောက်အမြန်ကြီးပြစ်ချမနေနဲ့ဟ...."
"လေ...လေ....လေကအဲ့လောက်ကြီးကြမ်းနေစရာမလိုဘူးလေ...."
"သစ်ရွက်တစ်ရွက်နှစ်ရွက်လောက် ကိုကဗျာဆန်ဆန်နဲ့ ပြစ်ချတဲ့ပန်းချပ်တွေထဲရောထည့်လိုက်...."
"ဟေး...ဟေး....ညင်ညင်သာသာလေးကျဲချစမ်းပါ...."
သစ်ပင်ကြီးပေါ်တွင်မြေပြင်ပေါ်ရှိနူးညံ့သိမ်မွေ့သည့်ခံစားချက်တွေနှင့်မကိုက်ညီစွာအတော်လေးပြာယာခတ်နေ၏။အမွှာတွေဖြစ်ကြတဲ့အလတ်နှင့်အငယ်ကောင်နှစ်ယောက်ဟာနှင်းဆီပွင့်ဖက်တွေအပြည့်ဖြင့်ပုံးကြီးတစ်ပုံးကိုရင်ဘတ်ထဲပိုက်လျက်၎င်းနှင်းဆီပွင့်ဖက်တွေကိုရှောင်ကျန့်ရဲ့အမိန့်ပေးမှုနဲ့အညီဂရုတစိုက်နူးနူးညံ့ညံ့ကျဲချပေးသည်။
အကြီးကောင်'လီ'သူပါးကြီးဖောင်းလျက်တစ်ဖူးဖူးဖြင့်လေတွေမှုတ်ထုတ်နေသည်။vampireတစ်ကောင်၏လုပ်နိုင်ကိုင်နိုင်စွမ်းကြောင့်'လီ'၏လေမှုတ်ထုတ်မှုမှာအနီးအနားပတ်ဝန်းကျင်ရှိငြိမ်သက်နေသည့်လေတွေကိုလှုပ်လှုပ်ရှားရှားဖြစ်လာစေပြီးသိမ်မွေ့သည့်လေပြေလေညှင်းအဖြစ်သို့ပြောင်းလဲသွားသည်။
၎င်းလေပြေလေညှင်းတစ်သုတ်မှာလေထဲကပွင့်ဖက်တွေကိုသယ်ယူပို့ဆောင်ပေးရင်းမြက်ခင်းပြင်ထက်သို့ဖြည်းညင်း၊ညင်သာစွာကျဆင်းသွားစေသည်။
"လေကနည်းနည်းထပ်လိုနေသေးတယ်...."
ရှောင်ကျန့်၏မကျေနပ်သလိုစကားကိုကြားသည့်အခါတွင်'လီ'ခမျာလျှာတန်းလန်းကျနေရင်းကနေခါးသီးစွာပြန်ပြောလိုက်မိသည်။
"ကျွန်တော်လည်းအသက်ထွက်တော့မယ်....ဒီထက်ပိုပြီးမလုပ်နိုင်တော့ဘူး...."
"ဟူး....ငါကိုယ်တိုင်ဝင်ပါမှဖြစ်တော့မယ်ထင်တယ်...."
သို့ပေမယ့်ရှောင်ကျန့်မှာအင်္ကျီလက်ဆွဲတင်နေစဥ်မှာပဲသူ့ဘေးရှိဟေးလစ်ခ်ကတားဆီးလိုက်သည်။
"ကျွန်တော်ကူညီပေးမယ်...."
"ဟီး....တကယ်လား..."
ရှောင်ကျန့်၏မျက်ဝန်းတောက်တောက်တွေအောက်မှာပင်ဟေးလစ်ခ်ဟာသူ့ပါးကိုဖောင်း၍လေတစ်ချို့မှုတ်ထုတ်လိုက်သည်။မှော်ပညာတစ်ခုဖြင့်ခိုင်းစေခံလိုက်ရသလိုမျိုးအနီးအနားမှာရှိတဲ့'လေ' တွေဟာသစ်ပင်အောက်ရှိအယ်ဗင်နှင့်လင်သုန့်တို့နှစ်ယောက်၏အဝတ်အစားတွေနူးနူးညံ့ညံ့လှုပ်ခါလာသည်အထိစည်းစနစ်ကျတိုက်ခတ်ပေးလာသည်။
"ဟုတ်ပြီ...ဟုတ်ပြီ.....ပွင့်ဖက်တွေကိုအချိန်ကိုက်ကျဲချလိုက်တော့...."
'အေ'နှင့်'ဝိုင်'ဟာပန်းနုရောင်နှင်းဆီပွင့်ဖက်တွေကိုလှလှပပဖြင့်အောက်ဘက်သို့ကျဲချလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးပန်းနုရောင်အငွေ့အသက်တွေဖြင့်လွမ်းဆွတ်ကြည်နူးဖွယ်ရာအဖြစ်ပုံသွင်းခြင်းခံလိုက်ရသည်ကိုကြည့်ရင်းရှောင်ကျန့်ဟာတိုးတိုးလေးရေရွတ်လိုက်သည်။
"ဒီလိုအခိုက်အတန့်မှာအလွမ်းအဆွေးအချစ်သီချင်းလေးတစ်ပုဒ်သာထည့်လိုက်ရင်ပိုပြီးမိုက်သွားမှာ...."
ရှောင်ကျန့်ကတိုးတိုးလေးသာပြောလိုက်တာမှန်သော်လည်း'လီ'ကကြားဖြစ်အောင်ကြားလိုက်သေးသည်။
"ကျွန်တော်အချစ်သီချင်းတစ်ပုဒ်လောက်ဖွင့်လိုက်ရမလား...."
ရှောင်ကျန့် : "....."
"ထား....ထားလိုက်ပါ"
ရှောင်ကျန့်တို့အဖွဲ့ပြီးပြည့်စုံသည်ဟုထင်မှတ်နေသည့်မြင်ကွင်းမှာအမှန်တကယ်တွင်ဘယ်လောက်ကို့ယို့ကားယားနိုင်ကြောင်းကာရကံရှင်နှစ်ယောက်သာသိသည်။ရုပ်ရှင်ဇာတ်ကွင်တွေထဲကအချစ်ဇာတ်ဝင်ခန်းတွေလိုမျိုးယခုအဖြစ်အပျက်မှာပထမပိုင်းတွင်မှင်သပ်အံ့ဩအဆင်ပြေနေသေးသော်လည်းနောက်ပိုင်းမည်သို့ဆက်လုပ်ရမည်မှန်းမသိတော့ချေ။
မျက်နှာကြီးတစ်ခုလုံးရဲတွတ်နေသည့်လင်သုန့်နှင့်ဆန်ကျင်စွာအယ်ဗင်ကခဏမျှမှင်သပ်သွားပြီးနောက်သူ့ပုခုံးပေါ်တင်နေသည့်နှင်းဆီပွင့်ချပ်တစ်ခုကိုလက်နှစ်ချောင်းဖြင့်ညှပ်၍ယူလိုက်သည်။သူမျက်နှာတွင်သံသယအရိပ်အယောင်ပေါ်ပေါက်လာပြီးသစ်ပင်ပေါ်မော့ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်ကသစ်ပင်ပေါ်တွင်တစ်ဖူးဖူးဖြင့်ပါးကြီးဖောင်းလျက်လေမှုတ်ထုတ်နေသူ သူ၏သားတော်မောင်နှင့်လူတစ်စုကိုဖြစ်သည်။
အယ်ဗင် : "....."
အမွှာနှစ်ယောက်၏လက်ထဲတွင်နှင်းဆီပွင့်ဖက်အပြည့်ဖြင့်ပုံးကြီးကိုယ်စီရှိနေကြပြီး သူ့သား၏ဘေးတွင်လွန်စွာလှပတဲ့လူငယ်တစ်ယောက်ကိုတွေ့ရသည်။
"မင်းတို့....အပင်ပေါ်တတ်ပြီးဘာလုပ်နေကြတာလဲ..."
အိုး....သူတို့ကိုတွေ့သွားပြီ။
ဤသို့နှင့်ကို့ယို့ကားယားတွေ့ဆုံမှုကနေစံအိမ်တော်ကြီးအတွင်းသို့အကုန်လုံးရောက်ရှိလို့သွားသည်။စံအိမ်ထဲ၌အယ်ဗင်ပျောက်နေသည်ဟုထင်သောအိမ်တော်ထိန်းဆိုဘတ်ဟာသွေးအိတ်တစ်အိတ်ကိုကိုင်၍ဧည့်ခန်းထဲတွင်ဇိမ်ကျကျဖြင့်ထိုင်သောက်နေလေသည်။
အယ်ဗင်ခမျာဒေါသထွက်လွန်းလို့ဆိုဘတ်ကိုကန်ချလိုက်သည်။
"ပြောစမ်းပါဦး....မင်းတို့ဘယ်အချိန်တည်းကပြန်ရောက်နေကြတာလဲ...."
"သိပ်မကြာသေးပါဘူး"
ဟေးလစ်ခ်ကမျက်နှာတည်ကြီးဖြင့်ပြန်ဖြေသည်။အယ်ဗင်ကဟေးလစ်ခ်၏အမူအကျင့်ကိုကျင့်သားရနေပုံပေါ်သည်။သူ့မျက်ခုံးကိုအသာအယာပင့်တင်လိုက်ရင်းသူ့သားတော်မောင်ဘေးနားတွင်ကုပ်ကုပ်လေးထိုင်နေသည့်ရှောင်ကျန့်ကိုမေးငေါ့ပြရင်းမေးလိုက်သည်။
"သူကဘယ်သူလဲ...."
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။အခန်းတွင်းရှိvampireတွေမှာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းအမှန်တိုင်းပြန်မဖြေရဲပဲရှိနေ၏။ဆိုဘတ်ဟာသူ့ခေါင်းကိုအယ်ဗင်နှင့်ဆန့်ကျင်ဘက်သို့လှည့်လိုက်ရင်းမသိချင်ယောင်ဆောင်လိုက်သည်။
သူဘာမှမသိဘူး။သူဘာမှမမြင်ဘူး။
လူတိုင်း၏ထူးဆန်းသည့်မျက်နှာကိုမြင်သည့်အခါတွင်အယ်ဗင်ကမျက်မှောင်ကြုပ်လိုက်သည်။သူမေးတာကဖြေရဒီလောက်တောင်ခက်ခဲနေလို့လား။
ရှောင်ကျန့်အနေနဲ့အယ်ဗင်ကိုကတိဖျက်ခဲ့တာကြောင့်အနည်းငယ်လိပ်ပြာမလုံခံစားရသည်။သူဘယ်သူလဲဆိုတာသိရင်သတ်တော့မသတ်လောက်ဘူးမလား။
လူတိုင်း၏စိုးရိမ်ပူပန်မှုကိုဟေးလစ်ခ်ကတည့်တိုးပင်ဖြေရှင်းချလိုက်သည်။
"သူကခင်ဗျားရဲ့ သမက်..."
အယ်ဗင် : "....."
ရှောင်ကျန့် : "....."
ဆိုဘတ် : "....."
အမွှာသုံးယောက် : "....."
"မင်း....ဘာပြောလိုက်တာ...."
"ကျွန်တော်ပြောတာ....သူကလုမင်ယွင်လို့လေ...."
အယ်ဗင်ကဆိုဖာပေါ်ကနေဝုန်းကနဲမတ်တပ်ထရပ်လိုက်သည်။ရှောင်ကျန့်၏ခန္ဓာကိုယ်လေးမှာတုန်တတ်သွားသည်။
ဘုရားရေ!!!သူ့ကိုကတိမတည်တဲ့သူဆိုပြီးတော့လာသတ်တော့မှာလားမသိဘူး။
အယ်ဗင်ကကြောက်လန့်တကြားဖြင့်ဟေးလစ်ခ်ရင်ခွင်ထဲဝင်ခွေနေသည့်ရှောင်ကျန့်အရှေ့လျှောက်လာရင်းလက်ဖြန့်လိုက်သည်။
"ငါ့အတွက်သွေးအိတ်တွေရော...."
ရှောင်ကျန့် : "....."
ဟမ်!!
အယ်ဗင်ကသူ့မျက်နှာကိုတည်တင်းနေဟန်ဆောင်ထားသော်လည်းပဲသူ့မျက်လုံးတွေမှာတစ်မူထူးခြားစွာတောက်ပနေလေသည်။သူ့ပါးစပ်ထောင့်ကနေကျလာသည့်သရေတွေကိုမသိမသာလက်ဖြင့်သုတ်လိုက်သေးသည်။
ရှောင်ကျန့်၏ပါးစပ်လေးဟရင်းကြောင်အနေပုံကိုမြင်တော့သူ့မျက်လုံးတွေမှာစူးရဲသွားသည်။
"ဘာလဲ!!မင်းကတိကိုမင်းမေ့သွာတာတော့မဟုတ်ပါဘူးနော်....ဆယ့်ခြောက်နှစ်!!!ငါဆယ့်ခြောက်နှစ်လုံးလုံးဒုက္ခခံပြီးစောင့်ဆိုင်းလာခဲ့ရတာကွ!!"
"....."
ရှောင်ကျန့်ကကြောင်တောင်တောင်မျက်နှာလေးဖြင့်မျက်တောင်ခတ်လိုက်မိသည်။
အမ်....ဒါပဲလား။သူကအရိုက်ခံရတော့မယ်လို့တောင်ထင်လိုက်တာလေ။
အယ်ဗင်၏တင်းမာသည့်စကားနှင့်အဓိပ္ပါယ်ကိုရှောင်ကျန့်ကထူးထူးခြားခြားမတွေးသော်လည်းပဲဟေးလစ်ခ်၏မျက်နှာကတော့အတော်လေးတင်းမာနေသည်။
သူတောင်သူ့ကိုကို ကိုလေသံမာမာနဲ့ပြောဖို့မပြောနဲ့။အနည်းငယ်ဖြစ်ဖြစ်နာကျင်အောင်လုပ်မိမှာစိုးလို့သူ့ရဲ့တစ်ချို့ဆန္ဒတွေကိုတောင်ထိန်းချုပ်ထားရတာလေ။
"ဘာလို့ဒီလောက်ထိတောင်အော်နေတာလဲ....ကျန့်ကောကိုဒီလောက်ထိအော်ပြီးပြောစရာမလိုဘူး....သူ့ဘာသာသူငတ်တုန်းကငတ်နေပြီးတော့များ...."
ရှောင်ကျန့်၏တစ်ကိုယ်လုံးကိုရင်ခွင်ထဲသိမ်းကျုံးပွေ့ဖက်ထားရင်းဟေးလစ်ခ်၏မျက်လုံးတွေမှာလွန်စွာစူးရဲလို့နေသည်။အယ်ဗင်ကိုသူ့ရဲ့အဖေအဖြစ်သတ်မှတ်လို့ရပေမယ့် အတိအကျကြီးအဖေတော့မဟုတ်ပေ။ဒါကြောင့်ဟေးလစ်ခ်ကအယ်ဗင်ကို အဖေဟုတစ်ခါတောင်မှာခေါ်ခဲ့ခြင်းမရှိခဲ့ချေ။
အယ်ဗင်ကိုယ်တိုင်လည်းထိုအသုံးအနှုန်းကိုသင့်တော်သည်ဟုထင်၏။ဘာကြောင့်ဆိုဟေးလစ်ခ်ဖြစ်တည်လာဖို့သူ့ရဲ့နှလုံးသွေးဆိုသည်မှာသာမန်ဓာတ်ကူပစ္စည်းတစ်ခုသာဖြစ်ခဲ့တာကြောင့်ပင်။သူရှိမနေခဲ့ရင်တောင်ဟေးလစ်ခ်မွေးဖွားလာသည်ကိုမည်သည့်အရာကမှတားဆီး၍မရပေ။
ဟေးလစ်ခ်၏မျက်လုံးတွေမှာစူးရဲနေသည်။ရှောင်ကျန်ကြသူ့နှလုံးသားနှင့်ဝိဥာဥ်ထဲတွင်အထိမခံနိုင်ဆုံးသောအရာလေးဖြစ်တာကြောင့်တစ်ခြားသူတစ်ယောက်ဆီကယခုလိုလေသံတင်းတင်းဖြင့်အပြောခံရသည်ကိုသူလုံးဝလက်မခံနိုင်ပေ။ဟေးလစ်ခ်၏လူသတ်ချင်သည့်အကြည့်ကိုမြင်သည့်အခါတွင်အယ်ဗင်ခမျာအတော်လေးလန့်ဖြန့်သွားသည်။
ဒီကောင်လေးကကြီးလာတော့ငယ်ငယ်တုန်းကထက်တောင်ပိုပြီးဆိုးသွမ်းကာထိန်းရခက်လာသည်။သူဟေးလစ်ခ်ကိုငယ်ငယ်ကတည်းမနိုင်သလိုကြီးလာတော့သူ့မြင်တာနဲ့စိတ်အခြေအနေကိုအကဲခတ်ရင်းအချိန်တိုင်းထိတ်လန့်နေရသည့်အဖြစ်။
သို့သော်.....
ထိုတိတ်ဆိတ်နေသည့်အချိန်လေး၌ဟေးလစ်ခ်၏ခေါင်းမှာဂွက်ကနဲမြည်အောင်အခေါက်ခံလိုက်ရသည်။
"ကိုယ့်အဖေကိုယ်ဒီလိုရိုင်းရိုင်းစိုင်းစိုင်းပြောရသလား....ဒါကမင်းကိုမွေးခဲ့တဲ့အဖေ....ဟုတ်ပြီလား..."
အယ်ဗင် : "....."
ဘောက်မဲ့ကြောင့်ငါကကိုးလလွယ်၊ဆယ်လဖွားပြီးခက်ခက်ခဲခဲ ဗိုက်ကြီးသည်ဘဝနဲ့မွေးလာခဲ့ရတဲ့အဓိပ္ပါယ်မျိုးပေါက်နေတယ်လို့ခံစားနေရတာလဲ။
စကားပြောရင်နည်းနည်းပါပါးအဓိပ္ပါယ်ကိုရှင်းရှင်းလင်းလင်းဖော်ပြလေကွာ။အနည်းဆုံးတော့မွေးခဲ့တဲ့အဖေနေရာမှာ ကျွေးခဲ့တဲ့အဖေလို့ပြောင်းခေါ်ရင်ပဲငါကျေနပ်ပါပြီ။
ရှောင်ကျန့်ကသူဆိုလိုချင်သည့်အဓိပ္ပါယ်မှာဘယ်ရောက်သွားမှန်းသတိမထားမိသေးပဲနှုတ်ခမ်းလေးတစ်ထော်ထော်ဖြင့်ဟေးလစ်ခ်ကိုဆုံးမသည်။ဟေးလစ်ခ်၏နဂိုအေးစက်ခက်ထန်နေသည့်မျက်နှာချောချောမှာချက်ချင်းဆိုသလိုမိုးရေစိုရွှဲနေသည့်သနားစရာခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပြောင်းလဲသွားသည်။
"တောင်းပန်ပါတယ်ကျန့်ကော...."
"ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူး....ကိုယ့်အဖေဖြစ်သူကိုတောင်းပန်ရမှာ..."
ဟေးလစ်ခ်၏မျက်နှာမှာအနည်းငယ်ရှုံ့မဲ့သွားသော်လည်းငြင်းဆန်ခြင်းမပြုခဲ့ပေ။သူကအယ်ဗင်ဘက်လှည့်ရင်းပြောသည်။
"တောင်းပန်ပါတယ်...."
"အဖေ လို့ထည့်ပြော...."
"အာ....တောင်းပန်ပါတယ်အဖေ..."
အယ်ဗင် : "....."
ငါဘယ်သူလဲ။ငါဘယ်မှာလဲ။ငါဘာတွေမြင်နေရတာလဲ။
သူအခုအပြိုင်ကမ္ဘာတစ်ခုကိုမတော်တဆရောက်နေတာများလား။
သူ့သားတော်မောင်ကသူ့ကိုမျက်နှာငယ်လေးနဲ့တောင်းပန်တယ်တဲ့။ပြီးတော့အဖေဆိုစကားတောင်ပါလိုက်သေးတယ်။
အယ်ဗင်ကအတော်ကြာကျောက်ရုပ်တစ်ခုလိုတောင့်ခဲနေသည်။အိမ်တော်ထိန်း ဆိုဘတ် ဆိုရင်ပါးစပ်ကြီးဟောင်းလောင်းဖြင့်ဒိုင်နိုဆောတစ်ကောင်လုံးဝင်နေလို့ရသည်အထိပွင့်ဟနေရှာသည်။
ဒီလောကကြီးမှာသခင်လေးကိုထိန်းနိုင်တဲ့သူရှိတယ်တဲ့လား။
တစ်ခြားသူတွေအတွေးကိုဘာဆိုဘာမှမသိသည့်ရှောင်ကျန့်ဟာပြုံးရွှင်နေသည့်မျက်နှာလေးဖြင့်အယ်ဗင်ကိုကြည့်ကာပြောလိုက်သည်။
"မျိုးနွယ်စုခေါင်းဆောင်ကအခုချိန်ထိဒီကတိကိုမှတ်မိနေအုံးမယ်လို့တကယ်မထင်ထားဘူး..."
"ငါကဘာကြောင့်ဒီကိစ္စကိုမေ့ပြစ်လိုက်ရမှာလဲ....ဟူး....ထားလိုက်ပါ....မင်းအသက်ရှင်နေတာပဲအဆင်ပြေပါပြီ....ဒီအကြောင်းမင်းမိဘတွေရောသိလား...."
"ဟင့်အင်း....ကျွန်တော်သူတို့နဲ့မဆက်သွယ်တာ၁၆နှစ်တိတိရှိပြီ...."
"ဘာကြောင့်အကုန်လုံးနဲ့အဆက်အသွယ်ဖျက်ထားတာလဲ....ဟေးလစ်ခ်ဆိုရင်မင်းသေ....အဟမ်း....မင်းပျောက်သွားမှန်းသိတုန်းကအရူးလိုပဲ...."
အယ်ဗင်ခမျာရှောင်ကျန့်ကိုရည်ညွှန်းသော'သေ'ဟူသည့်စကားကိုအဆုံးထိပြောမထွက်တော့ချေ။ဘာလို့လဲဟုတ်လား။သူ့ရဲ့သားတော်မောင်ကြီးကသူ့ကိုနုတ်နုတ် နုတ်နုတ်ဆင်းမလိုကြည့်နေတာလေ။ဖြစ်နိုင်ရင်သူ့ကိုတောင်အသားစဥ်းကောလုပ်ပြစ်မှာလားပဲ။
အဖေတစ်ယောက်ဖြစ်ရတာလဲလွယ်ကူမနေဘူး။အားနေကိုယ့်သားကိုယ်ပြန်ကြောက်နေရတယ်။
"ကျွန်တော်လည်းပြန်လာချင်တာပေါ့ဗျာ.....ဒါပေမယ့်ကျွန်တော့်မူရင်းခန္ဓာကိုယ်ကချက်ချင်းလက်ငင်းကြီးပိန်ပါးသွားမယ်မှန်းထင်မထားဘူးလေ.....ကျွန်တော်သာပြန်လာခဲ့ရင်ကျွန်တော့်ခန္ဓာကိုယ်ထဲထူးထူးဆန်းဆန်းမျိုးရိုးဗီဇရှိတယ်ဆိုပြီးအကြီးအကဲတွေကစမ်းသပ်စစ်ဆေးမှုအမျိုးမျိုးမလုပ်နိုင်ဘူးလို့ထင်လား....."
"....."
"ကျွန်တော်ကကျွန်တော့်ကိုယ်ကျွန်တော်ကာကွယ်ခဲ့တာပါ....အဖေနဲ့အမေကိုသတိမပေးခဲ့တာကသူတို့နှစ်ယောက်ကိုပါအန္တရာယ်ထဲဆွဲခေါ်မိမှာစိုးတယ်လေ....တကယ်လို့အကြီးအကဲကောင်စီကသာကျွန်တော့်ခန္ဓာကိုယ်ကိုစမ်းသပ်ခံပစ္စည်း၊ဒါမှမဟုတ်ယဇ်ပူဇော်ခံပစ္စည်အဖြစ်အသုံးချခဲ့ရင်သူတို့နှစ်ယောက်လုံးဒီအတိုင်းငြိမ်ငြိမ်နေမှာမဟုတ်ဘူး....."
အယ်ဗင်ကသက်ပြင်းချလိုက်သည်။ရှောင်ကျန့်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသူနားလည်သည်။ဘာကြောင့်ဆိုဟေးလစ်ခ်ကိုယ်တိုင်တောင်မှသူ့ရဲ့ထူးခြားမှုကြောင့်အကြီးအကဲအဖွဲ့၏ဖမ်းဆီးယဇ်ပူဇော်ခြင်းကိုခံခဲ့ရသည်မဟုတ်ပါလား။
ဒါကိုမျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့သူကိုယ်တိုင်တောင်တားဆီးမရခဲ့ချေ။အကယ်၍ဟေးလစ်ခ်သာဟုံလုံလောက်လောက်မသန်မာ၊မရက်စက်ခဲ့ဘူးဆိုရင်ဒီအချိန်ထိကောင်းကောင်းမွန်မွန်အသက်ရှင်နေထိုင်နိုင်ဖို့ရန်မှာမဖြစ်နိုင်ပေ။
"အမ်....နေစမ်းပါဦး.....အရင်နှစ်တွေတုန်းကမင်းလူတိုင်းနဲ့အဆက်အသွယ်ဖျက်လိုက်တာငါနားလည်လို့ရပါတယ်.....ဒါပေမယ့်အခုမင်းကိုယ်မင်းဖုံးကွယ်ဖို့မကြိုးစားတော့ဘူးလား...."
ရှောင်ကျန့်ကလှပတဲ့အပြုံးလေးတစ်ခုဖြင့်ဟေးလစ်ခ်၏ရင်ခွင်ထဲမှီချလိုက်သည်။
"ဘာလို့ဆို....ဟေးလစ်ခ်ကကျွန်တော့်ကိုအပြည့်အဝကာကွယ်ပေးမယ်တဲ့လေ....သူရှိနေရင်ဘာမှကြောက်စရာမလိုတော့ဘူး.....ဟုတ်တယ်မလားဟေးလစ်ခ်...."
"အင်း....အင်း......ကျန့်ကောပြောတာမှန်တယ်....."
"....."
ငါဘာကြောင့်ခွေးစာစားနေရတယ်လို့ခံစားနေရတာလဲ။
ထိုအခိုက်အတန့်လေးတွင်တစ်ချိန်လုံးဘေးကပ်နေရသည့်လင်သုန့်ဟာရှောင်ကျန့်၏အင်္ကျီစကိုဆွဲ၍သတိပေးလိုက်သည်။ထိုအခါမှသာရှောင်ကျန့်ခမျာဇာတ်လိုက်နှစ်ယောက်ကိုအောင်သွယ်ပေးရမယ့်တာဝန်ကိုလုံးလုံးသတိရသွား၏။
"အိုး....ကျွန်တော်မေ့နေတာ.....မျိုးနွယ်စုခေါင်းဆောင်ကိုကျွန်တော်မိတ်ဆက်ပေးမလို့....သူ့နာမည်ကလင်သုန့်လေ....မျိုးနွယ်စုခေါင်းဆောင်မှတ်မိလား...."
အယ်ဗင်ကစဥ်းစားသည်။သူဒီတစ်ယောက်ကိုတစ်နေရာမှာမြင်ဖူးသလိုခံစားရသော်လည်းပဲသူ့အသိထဲတွင်ဒီမျက်နှာနှင့်တစ်ယောက်မရှိတာတော့သေချာသည်။
"ကျွန်တော်မပျောက်ခင်ညတုန်းကမျိုးနွယ်စုခေါင်းဆောင်သွေးစုပ်လိုက်တဲ့တစ်ယောက်လေ.....ကျွန်တော်ကိုယ်တိုင်vampireအဖြစ်ပြောင်းလဲပေးလိုက်တာ....မှတ်မိလား...."
"အော်....အဲ့ဒီသေးသေးလေး...."
အယ်ဗင်ဟာသေးသေးလေးဟုပြောပြီးမှလင်သုန့်၏ခန္ဓာကိုယ်ကိုကြည့်ရင်းသူ့စကားတွေကိုပြန်လည်ရုတ်သိမ်းလိုက်သည်။ထိုအခါတုန်းကဖြူဖြူဖွေးဖွေးသေးသေးသွယ်သွယ်ဖြင့်ချစ်စရာကောင်ငယ်လေးကဘယ်ကနေဘယ်လိုဒီလောက်ထိတောင်ခန္ဓာကိုယ်ကထွားတတ်လာရတာလဲ။
လင်သုန့်ကအယ်ဗင်ရဲ့အကြည့်တွေသူ့ဆီရောက်စဥ်ကတည်းကစိတ်လှုပ်ရှားမှုကြောင့်အဖျားပဲတတ်ချင်သလိုလို၊သေးပဲပေါက်ချင်သလိုလိုဖြင့်ကတုန်ကရင်ဖြစ်ချင်လာသည်။သူ့လက်ကချွေးစေးတွေကိုမသိမသာသုတ်လိုက်ရင်းအရူးလေးတစ်ယောက်လိုသွားဖြဲ၍အယ်ဗင်ကိုပြုံးပြလိုက်သည်။
"ဟီး...."
အယ်ဗင် : "....."
ဒီတစ်ကောင်ကမျက်နှာရူးလား။
"အော်.....ဒါနဲ့..ခုနတုန်းကမင်းတို့တွေအပင်ပေါ်တတ်ပြီးဘာလုပ်နေကြတာလဲ..."
လူတိုင်း : "....."
"မျိုးနွယ်စုခေါင်းဆောင်!...ကျွန်တော်တို့အခုမှအလုပ်တစ်ခုရှိမှန်းသတိရတယ်....အိုက်ယား....ဒီမေ့တတ်လိုက်တဲ့ခေါင်း...."
"ဟုတ်တယ်....ဟုတ်တယ်.....ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးနော်...."
"ဟား...ဟား....နောက်မှတွေ့ကြတာပေါ့မျိုးနွယ်စုခေါင်းဆောင်...."
အမွှာသုံးယောက်လုံးဟာတစ်ယောက်တစ်ပေါက်ဖြင့်ပြောရင်းဆိုရင်းဖြင့်သူတို့ရှေ့မှချက်ချင်းပြေးထွက်သွားကြသည်။
မည်သူကရောကိုယ့်မျိုးနွယ်စုခေါင်းဆောင်ကိုလင်ပေးစားချင်နေသည့်အကြောင်းပြောထွက်ရဲမည်နည်း။အမလေး....လည်ပင်းတွေကြိမ်းတာ။
"အမ်....ဟေးလစ်ခ်....သူတို့တွေ ဘာ......"
"ကျွန်တော်တို့ကိုလည်းသွားခွင့်ပြုပါဦး....အ.ဖေ..."
"....."
ဟေးလစ်ခ်ကအယ်ဗင်၏ဘာကိုမှနားမလည်သည့်မျက်နှာကိုလျစ်လျူရှု့၍တစ်ဖက်လူစကားမဆုံးသေးခင်မှာပဲရှောင်ကျန့်ကိုကောက်ပွေ့ကာဖျက်ကနဲပျောက်ကွယ်သွားသည်။
အယ်ဗင် : "....."
ငါဒါလေးမေးမိတာကိုဘာတွေဖြစ်ပျက်သွားတာလဲ။ဟမ်။
အယ်ဗင်မျက်လုံးဝေ့ကြည့်လိုက်တော့ဧည့်ခန်းထဲတွင်ယခုချိန်ထိအရူးလေးလိုမျိုးပြုံးဖြီးနေသည့်လင်သုန့်နှင့်သူသာကျန်ရစ်နေခဲ့သည်။ဆိုဘတ်အကြောင်းပြောရရင်အမွှာသုံးယောက်နှင့်ဟေးလစ်ခ်တို့ထက်တောင်မြန်သေးသည်။
အယ်ဗင်ထိုသစ်ပင်ပေါ်ကကိစ္စအကြောင်းစမေးစဥ်ကတည်းကဘယ်ပျောက်လို့ဘယ်ရောက်မှန်းမသိအောင်ပျောက်လို့သွားခဲ့ခြင်းဖြစ်သည်။
"သခင်ကြီးအယ်ဗင်.....ခင်ဗျားကဘယ်အချိန်ကြည့်ကြည့်ဆွဲဆောင်မှုရှိနေတာပဲနော်....ဟီး..ဟီး...."
အယ်ဗင် : "....."
တစ်ယောက်ယောက်လောက်ဒီကောင်ကိုဆွဲထုတ်သွားပေးကြပါဟ။
__________________________________________________________
စာရေးသူမှာပြောစရာရှိပါတယ်။
စာရေးသူ : "မနေတုန်းကအရမ်းအလုပ်များနေလို့စာရေးဖို့အချိန်သိပ်မရလိုက်ဘူး....ဒါကြောင့်ဒီနေ့စောတင်ပေးလိုက်ပါတယ်နော်😘"
_________________________________________________________
Zawgyi
"ဒီေကာင္....ငါ့ကိုအေရးႀကီးဧည့္သည္ရွိတယ္ေျပာၿပီးသူကိုယ္တိုင္က်အရိပ္ေတာင္ရွာမရေအာင္ေပ်ာက္သြားတယ္....က်စ္..."
အယ္ဗင္ဟာသူ႕ဆံပင္ေတြကိုဖြလိုက္ရင္းသူ႕ရဲ႕ေခ်ာေမာတဲ့မ်က္ႏွာမွာတင္းမာေနသည္။ဆိုဘတ္ကသူ႕ကိုအေရးႀကီးဧည့္သည္ေရာက္လာေၾကာင္းလာေျပာၿပီးၿပီးခ်င္းမွာပဲဘယ္ေခ်ာင္ေပ်ာက္လို႔ေပ်ာက္သြားမွန္းေတာင္မသိလိုက္ေခ်။
ၿပီးေတာ့ေၾကာင္ေတာင္ေတာင္ျဖင့္စံအိမ္ေဘးကေတာင္ကုန္းေလးဆီမွာအႏွီးဧည့္သည္ကေစာင့္ဆိုင္းေနေၾကာင္းေျပာသြားေသးသည္။
ဘယ္မေအေဘးဧည့္သည္ကမ်ားအဲ့ဒီေနရာမွာအိမ္ႀကီးရွင္ကိုေစာင့္ဆိုင္းဖို႔ေတြးမိသြားတာမ်ားလဲ။ဟမ္။သူ႕ကိုယ္သူလွ်ို႔ဝွက္ဆန္းက်ယ္ခ်င္ေယာင္ေဆာင္ေနရေအာင္႐ုပ္ရွင္ရိုက္ေနတယ္မ်ားထင္ေနတာလား။
အယ္ဗင္ကေဒါသတႀကီးျဖင့္သူ႕ဆံပင္သူေဆာင့္ဆြဲလိုက္မိသည္။
စံအိမ္ေဘးကေတာင္ကုန္းမွာအေတာ္ေလးရႈခင္းလွသည္။စိမ္းစိုေနတဲ့ျမက္ခင္းျပင္ေတြရယ္။ေတာင္ကုန္းထိပ္ကစိမ္းလန္းအုံ႕ဆိုင္းေနသည့္ဧရာမသစ္ပင္ႀကီးရယ္ေၾကာင့္အယ္ဗင္အေနနဲ႕တစ္ခါတစ္ေလေတာ့ထိုေနရာတြင္လာေရာက္အပန္းေျဖျဖစ္သည္။
"ငါ့ကိုအေရးႀကီးဧည့္သည္ကဘယ္သူလဲဆိုတာေတာင္ေျပာမသြားဘူး....."
အယ္ဗင္ဟာစဥ္းစဥ္းစားစားျဖင့္အိမ္ေတာ္ထိန္းဆိုဘတ္ကိုဒီလအတြက္ေသြးအိတ္ေတြေလွ်ာ့ျပစ္ရမည္ဟုေတြးလိုက္သည္။သူေတာင္ကုန္းထိပ္သို႔ေရာက္သည့္အခါတြင္သစ္ပင္ႀကီး၏ေအာက္ေျခ၌သူ႕ကိုေက်ာေပးရင္းေစာင့္ဆိုင္းေနဟန္ရသည့္အရပ္ျမင့္ျမင့္ကိုယ္ဟန္တစ္ခုကိုေတြ႕လိုက္ရသည္္။
အယ္ဗင္ကမ်က္ေမွာင္တင္းတင္းၾကဳပ္လိုက္မိသည္။သူ႕အသိမိတ္ေဆြေတြထဲမွာဒီလိုေက်ာျပင္ႏွင့္တူညီသည့္ပုံသ႑ာန္မရွိေပ။
"ဘယ္သူလဲ...."
အယ္ဗင္၏တင္းမာေအးစက္သည့္အသံကိုၾကားသည့္အခါတြင္ထိုသူကလွည့္ၾကည့္လာ၏။လွပတဲ့အညိုေရာင္မ်က္ဝန္းပိုင္ရွင္အႏွီးေခ်ာေမာတဲ့သူဟာအယ္ဗင္ကိုမွင္သပ္စြာေငးၾကည့္လာသည္။ထိုအခိုက္အတန့္ေလးတြင္ညင္သာေသာေလညွင္းတစ္ရပ္ဟာသူတို႔ႏွစ္ဦးၾကားျဖတ္တိုက္သြားသည္။
ပန္းႏုေရာင္ႏွင္းဆီပြင့္ခ်ပ္ေလးေတြမွာေလေျပေလညွင္း၏သယ္ေဆာင္ေဖးမမႈနဲ႕အတူလွပစြာျဖင့္ပတ္ဝန္းက်င္ကိုပုံေဖာ္လာသည္။ဒါကအရမ္းကိုကဗ်ာဆန္ၿပီးလွပလြန္သည္။
"ဟုတ္ၿပီ....ေဟး....ပြင့္ခ်ပ္ေတြကိုအဲ့ဒီေလာက္အျမန္ႀကီးျပစ္ခ်မေနနဲ႕ဟ...."
"ေလ...ေလ....ေလကအဲ့ေလာက္ႀကီးၾကမ္းေနစရာမလိုဘူးေလ...."
"သစ္႐ြက္တစ္႐ြက္ႏွစ္႐ြက္ေလာက္ ကိုကဗ်ာဆန္ဆန္နဲ႕ ျပစ္ခ်တဲ့ပန္းခ်ပ္ေတြထဲေရာထည့္လိုက္...."
"ေဟး...ေဟး....ညင္ညင္သာသာေလးက်ဲခ်စမ္းပါ...."
သစ္ပင္ႀကီးေပၚတြင္ေျမျပင္ေပၚရွိႏူးညံ့သိမ္ေမြ႕သည့္ခံစားခ်က္ေတြႏွင့္မကိုက္ညီစြာအေတာ္ေလးျပာယာခတ္ေန၏။အမႊာေတြျဖစ္ၾကတဲ့အလတ္ႏွင့္အငယ္ေကာင္ႏွစ္ေယာက္ဟာႏွင္းဆီပြင့္ဖက္ေတြအျပည့္ျဖင့္ပုံးႀကီးတစ္ပုံးကိုရင္ဘတ္ထဲပိုက္လ်က္၎ႏွင္းဆီပြင့္ဖက္ေတြကိုေရွာင္က်န့္ရဲ႕အမိန့္ေပးမႈနဲ႕အညီဂ႐ုတစိုက္ႏူးႏူးညံ့ညံ့က်ဲခ်ေပးသည္။
အႀကီးေကာင္'လီ'သူပါးႀကီးေဖာင္းလ်က္တစ္ဖူးဖူးျဖင့္ေလေတြမႈတ္ထုတ္ေနသည္။vampireတစ္ေကာင္၏လုပ္နိုင္ကိုင္နိုင္စြမ္းေၾကာင့္'လီ'၏ေလမႈတ္ထုတ္မႈမွာအနီးအနားပတ္ဝန္းက်င္ရွိၿငိမ္သက္ေနသည့္ေလေတြကိုလႈပ္လႈပ္ရွားရွားျဖစ္လာေစၿပီးသိမ္ေမြ႕သည့္ေလေျပေလညွင္းအျဖစ္သို႔ေျပာင္းလဲသြားသည္။
၎ေလေျပေလညွင္းတစ္သုတ္မွာေလထဲကပြင့္ဖက္ေတြကိုသယ္ယူပို႔ေဆာင္ေပးရင္းျမက္ခင္းျပင္ထက္သို႔ျဖည္းညင္း၊ညင္သာစြာက်ဆင္းသြားေစသည္။
"ေလကနည္းနည္းထပ္လိုေနေသးတယ္...."
ေရွာင္က်န့္၏မေက်နပ္သလိုစကားကိုၾကားသည့္အခါတြင္'လီ'ခမ်ာလွ်ာတန္းလန္းက်ေနရင္းကေနခါးသီးစြာျပန္ေျပာလိုက္မိသည္။
"ကြၽန္ေတာ္လည္းအသက္ထြက္ေတာ့မယ္....ဒီထက္ပိုၿပီးမလုပ္နိုင္ေတာ့ဘူး...."
"ဟူး....ငါကိုယ္တိုင္ဝင္ပါမွျဖစ္ေတာ့မယ္ထင္တယ္...."
သို႔ေပမယ့္ေရွာင္က်န့္မွာအကၤ်ီလက္ဆြဲတင္ေနစဥ္မွာပဲသူ႕ေဘးရွိေဟးလစ္ခ္ကတားဆီးလိုက္သည္။
"ကြၽန္ေတာ္ကူညီေပးမယ္...."
"ဟီး....တကယ္လား..."
ေရွာင္က်န့္၏မ်က္ဝန္းေတာက္ေတာက္ေတြေအာက္မွာပင္ေဟးလစ္ခ္ဟာသူ႕ပါးကိုေဖာင္း၍ေလတစ္ခ်ိဳ႕မႈတ္ထုတ္လိုက္သည္။ေမွာ္ပညာတစ္ခုျဖင့္ခိုင္းေစခံလိုက္ရသလိုမ်ိဳးအနီးအနားမွာရွိတဲ့'ေလ' ေတြဟာသစ္ပင္ေအာက္ရွိအယ္ဗင္ႏွင့္လင္သုန့္တို႔ႏွစ္ေယာက္၏အဝတ္အစားေတြႏူးႏူးညံ့ညံ့လႈပ္ခါလာသည္အထိစည္းစနစ္က်တိဳက္ခတ္ေပးလာသည္။
"ဟုတ္ၿပီ...ဟုတ္ၿပီ.....ပြင့္ဖက္ေတြကိုအခ်ိန္ကိုက္က်ဲခ်လိဳက္ေတာ့...."
'ေအ'ႏွင့္'ဝိုင္'ဟာပန္းႏုေရာင္ႏွင္းဆီပြင့္ဖက္ေတြကိုလွလွပပျဖင့္ေအာက္ဘက္သို႔က်ဲခ်လိဳက္သည္။
ပတ္ဝန္းက်င္တစ္ခုလုံးပန္းႏုေရာင္အေငြ႕အသက္ေတြျဖင့္လြမ္းဆြတ္ၾကည္ႏူးဖြယ္ရာအျဖစ္ပုံသြင္းျခင္းခံလိုက္ရသည္ကိုၾကည့္ရင္းေရွာင္က်န့္ဟာတိုးတိုးေလးေရ႐ြတ္လိုက္သည္။
"ဒီလိုအခိုက္အတန့္မွာအလြမ္းအေဆြးအခ်စ္သီခ်င္းေလးတစ္ပုဒ္သာထည့္လိုက္ရင္ပိုၿပီးမိုက္သြားမွာ...."
ေရွာင္က်န့္ကတိုးတိုးေလးသာေျပာလိုက္တာမွန္ေသာ္လည္း'လီ'ကၾကားျဖစ္ေအာင္ၾကားလိုက္ေသးသည္။
"ကြၽန္ေတာ္အခ်စ္သီခ်င္းတစ္ပုဒ္ေလာက္ဖြင့္လိုက္ရမလား...."
ေရွာင္က်န့္ : "....."
"ထား....ထားလိုက္ပါ"
ေရွာင္က်န့္တို႔အဖြဲ႕ၿပီးျပည့္စုံသည္ဟုထင္မွတ္ေနသည့္ျမင္ကြင္းမွာအမွန္တကယ္တြင္ဘယ္ေလာက္ကို႔ယို႔ကားယားနိုင္ေၾကာင္းကာရကံရွင္ႏွစ္ေယာက္သာသိသည္။႐ုပ္ရွင္ဇာတ္ကြင္ေတြထဲကအခ်စ္ဇာတ္ဝင္ခန္းေတြလိုမ်ိဳးယခုအျဖစ္အပ်က္မွာပထမပိုင္းတြင္မွင္သပ္အံ့ဩအဆင္ေျပေနေသးေသာ္လည္းေနာက္ပိုင္းမည္သို႔ဆက္လုပ္ရမည္မွန္းမသိေတာ့ေခ်။
မ်က္ႏွာႀကီးတစ္ခုလုံးရဲတြတ္ေနသည့္လင္သုန့္ႏွင့္ဆန္က်င္စြာအယ္ဗင္ကခဏမွ်မွင္သပ္သြားၿပီးေနာက္သူ႕ပုခုံးေပၚတင္ေနသည့္ႏွင္းဆီပြင့္ခ်ပ္တစ္ခုကိုလက္ႏွစ္ေခ်ာင္းျဖင့္ညွပ္၍ယူလိုက္သည္။သူမ်က္ႏွာတြင္သံသယအရိပ္အေယာင္ေပၚေပါက္လာၿပီးသစ္ပင္ေပၚေမာ့ၾကည့္လိုက္သည္။
သူျမင္လိုက္ရသည္ကသစ္ပင္ေပၚတြင္တစ္ဖူးဖူးျဖင့္ပါးႀကီးေဖာင္းလ်က္ေလမႈတ္ထုတ္ေနသူ သူ၏သားေတာ္ေမာင္ႏွင့္လူတစ္စုကိုျဖစ္သည္။
အယ္ဗင္ : "....."
အမႊာႏွစ္ေယာက္၏လက္ထဲတြင္ႏွင္းဆီပြင့္ဖက္အျပည့္ျဖင့္ပုံးႀကီးကိုယ္စီရွိေနၾကၿပီး သူ႕သား၏ေဘးတြင္လြန္စြာလွပတဲ့လူငယ္တစ္ေယာက္ကိုေတြ႕ရသည္။
"မင္းတို႔....အပင္ေပၚတတ္ၿပီးဘာလုပ္ေနၾကတာလဲ..."
အိုး....သူတို႔ကိုေတြ႕သြားၿပီ။
ဤသို႔ႏွင့္ကို႔ယို႔ကားယားေတြ႕ဆုံမႈကေနစံအိမ္ေတာ္ႀကီးအတြင္းသို႔အကုန္လုံးေရာက္ရွိလို႔သြားသည္။စံအိမ္ထဲ၌အယ္ဗင္ေပ်ာက္ေနသည္ဟုထင္ေသာအိမ္ေတာ္ထိန္းဆိုဘတ္ဟာေသြးအိတ္တစ္အိတ္ကိုကိုင္၍ဧည့္ခန္းထဲတြင္ဇိမ္က်က်ျဖင့္ထိုင္ေသာက္ေနေလသည္။
အယ္ဗင္ခမ်ာေဒါသထြက္လြန္းလို႔ဆိုဘတ္ကိုကန္ခ်လိဳက္သည္။
"ေျပာစမ္းပါဦး....မင္းတို႔ဘယ္အခ်ိန္တည္းကျပန္ေရာက္ေနၾကတာလဲ...."
"သိပ္မၾကာေသးပါဘူး"
ေဟးလစ္ခ္ကမ်က္ႏွာတည္ႀကီးျဖင့္ျပန္ေျဖသည္။အယ္ဗင္ကေဟးလစ္ခ္၏အမူအက်င့္ကိုက်င့္သားရေနပုံေပၚသည္။သူ႕မ်က္ခုံးကိုအသာအယာပင့္တင္လိုက္ရင္းသူ႕သားေတာ္ေမာင္ေဘးနားတြင္ကုပ္ကုပ္ေလးထိုင္ေနသည့္ေရွာင္က်န့္ကိုေမးေငါ့ျပရင္းေမးလိုက္သည္။
"သူကဘယ္သူလဲ...."
ပတ္ဝန္းက်င္တစ္ခုလုံးတိတ္ဆိတ္သြားသည္။အခန္းတြင္းရွိvampireေတြမွာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္းအမွန္တိုင္းျပန္မေျဖရဲပဲရွိေန၏။ဆိုဘတ္ဟာသူ႕ေခါင္းကိုအယ္ဗင္ႏွင့္ဆန့္က်င္ဘက္သို႔လွည့္လိုက္ရင္းမသိခ်င္ေယာင္ေဆာင္လိုက္သည္။
သူဘာမွမသိဘူး။သူဘာမွမျမင္ဘူး။
လူတိုင္း၏ထူးဆန္းသည့္မ်က္ႏွာကိုျမင္သည့္အခါတြင္အယ္ဗင္ကမ်က္ေမွာင္ၾကဳပ္လိုက္သည္။သူေမးတာကေျဖရဒီေလာက္ေတာင္ခက္ခဲေနလို႔လား။
ေရွာင္က်န့္အေနနဲ႕အယ္ဗင္ကိုကတိဖ်က္ခဲ့တာေၾကာင့္အနည္းငယ္လိပ္ျပာမလုံခံစားရသည္။သူဘယ္သူလဲဆိုတာသိရင္သတ္ေတာ့မသတ္ေလာက္ဘူးမလား။
လူတိုင္း၏စိုးရိမ္ပူပန္မႈကိုေဟးလစ္ခ္ကတည့္တိုးပင္ေျဖရွင္းခ်လိဳက္သည္။
"သူကခင္ဗ်ားရဲ႕ သမက္..."
အယ္ဗင္ : "....."
ေရွာင္က်န့္ : "....."
ဆိုဘတ္ : "....."
အမႊာသုံးေယာက္ : "....."
"မင္း....ဘာေျပာလိုက္တာ...."
"ကြၽန္ေတာ္ေျပာတာ....သူကလုမင္ယြင္လို႔ေလ...."
အယ္ဗင္ကဆိုဖာေပၚကေနဝုန္းကနဲမတ္တပ္ထရပ္လိုက္သည္။ေရွာင္က်န့္၏ခႏၶာကိုယ္ေလးမွာတုန္တတ္သြားသည္။
ဘုရားေရ!!!သူ႕ကိုကတိမတည္တဲ့သူဆိုၿပီးေတာ့လာသတ္ေတာ့မွာလားမသိဘူး။
အယ္ဗင္ကေၾကာက္လန့္တၾကားျဖင့္ေဟးလစ္ခ္ရင္ခြင္ထဲဝင္ေခြေနသည့္ေရွာင္က်န့္အေရွ႕ေလွ်ာက္လာရင္းလက္ျဖန့္လိုက္သည္။
"ငါ့အတြက္ေသြးအိတ္ေတြေရာ...."
ေရွာင္က်န့္ : "....."
ဟမ္!!
အယ္ဗင္ကသူ႕မ်က္ႏွာကိုတည္တင္းေနဟန္ေဆာင္ထားေသာ္လည္းပဲသူ႕မ်က္လုံးေတြမွာတစ္မူထူးျခားစြာေတာက္ပေနေလသည္။သူ႕ပါးစပ္ေထာင့္ကေနက်လာသည့္သေရေတြကိုမသိမသာလက္ျဖင့္သုတ္လိုက္ေသးသည္။
ေရွာင္က်န့္၏ပါးစပ္ေလးဟရင္းေၾကာင္အေနပုံကိုျမင္ေတာ့သူ႕မ်က္လုံးေတြမွာစူးရဲသြားသည္။
"ဘာလဲ!!မင္းကတိကိုမင္းေမ့သြာတာေတာ့မဟုတ္ပါဘူးေနာ္....ဆယ့္ေျခာက္ႏွစ္!!!ငါဆယ့္ေျခာက္ႏွစ္လုံးလုံးဒုကၡခံၿပီးေစာင့္ဆိုင္းလာခဲ့ရတာကြ!!"
"....."
ေရွာင္က်န့္ကေၾကာင္ေတာင္ေတာင္မ်က္ႏွာေလးျဖင့္မ်က္ေတာင္ခတ္လိုက္မိသည္။
အမ္....ဒါပဲလား။သူကအရိုက္ခံရေတာ့မယ္လို႔ေတာင္ထင္လိုက္တာေလ။
အယ်ဗင်၏တင်းမာသည့်စကားနှင့်အဓိပ္ပါယ်ကိုရှောင်ကျန့်ကထူးထူးခြားခြားမတွေးသော်လည်းပဲဟေးလစ်ခ်၏မျက်နှာကတော့အတော်လေးတင်းမာနေသည်။
သူေတာင္သူ႕ကိုကို ကိုေလသံမာမာနဲ႕ေျပာဖို႔မေျပာနဲ႕။အနည္းငယ္ျဖစ္ျဖစ္နာက်င္ေအာင္လုပ္မိမွာစိုးလို႔သူ႕ရဲ႕တစ္ခ်ိဳ႕ဆႏၵေတြကိုေတာင္ထိန္းခ်ဳပ္ထားရတာေလ။
"ဘာလို႔ဒီေလာက္ထိေတာင္ေအာ္ေနတာလဲ....က်န့္ေကာကိုဒီေလာက္ထိေအာ္ၿပီးေျပာစရာမလိုဘူး....သူ႕ဘာသာသူငတ္တုန္းကငတ္ေနၿပီးေတာ့မ်ား...."
ေရွာင္က်န့္၏တစ္ကိုယ္လုံးကိုရင္ခြင္ထဲသိမ္းက်ဳံးေပြ႕ဖက္ထားရင္းေဟးလစ္ခ္၏မ်က္လုံးေတြမွာလြန္စြာစူးရဲလို႔ေနသည္။အယ္ဗင္ကိုသူ႕ရဲ႕အေဖအျဖစ္သတ္မွတ္လို႔ရေပမယ့္ အတိအက်ႀကီးအေဖေတာ့မဟုတ္ေပ။ဒါေၾကာင့္ေဟးလစ္ခ္ကအယ္ဗင္ကို အေဖဟုတစ္ခါေတာင္မွာေခၚခဲ့ျခင္းမရွိခဲ့ေခ်။
အယ္ဗင္ကိုယ္တိုင္လည္းထိုအသုံးအႏႈန္းကိုသင့္ေတာ္သည္ဟုထင္၏။ဘာေၾကာင့္ဆိုေဟးလစ္ခ္ျဖစ္တည္လာဖို႔သူ႕ရဲ႕ႏွလုံးေသြးဆိုသည္မွာသာမန္ဓာတ္ကူပစၥည္းတစ္ခုသာျဖစ္ခဲ့တာေၾကာင့္ပင္။သူရွိမေနခဲ့ရင္ေတာင္ေဟးလစ္ခ္ေမြးဖြားလာသည္ကိုမည္သည့္အရာကမွတားဆီး၍မရေပ။
ေဟးလစ္ခ္၏မ်က္လုံးေတြမွာစူးရဲေနသည္။ေရွာင္က်န္ၾကသူ႕ႏွလုံးသားႏွင့္ဝိဥာဥ္ထဲတြင္အထိမခံနိုင္ဆုံးေသာအရာေလးျဖစ္တာေၾကာင့္တစ္ျခားသူတစ္ေယာက္ဆီကယခုလိုေလသံတင္းတင္းျဖင့္အေျပာခံရသည္ကိုသူလုံးဝလက္မခံနိုင္ေပ။ေဟးလစ္ခ္၏လူသတ္ခ်င္သည့္အၾကည့္ကိုျမင္သည့္အခါတြင္အယ္ဗင္ခမ်ာအေတာ္ေလးလန့္ျဖန့္သြားသည္။
ဒီေကာင္ေလးကႀကီးလာေတာ့ငယ္ငယ္တုန္းကထက္ေတာင္ပိုၿပီးဆိုးသြမ္းကာထိန္းရခက္လာသည္။သူေဟးလစ္ခ္ကိုငယ္ငယ္ကတည္းမနိုင္သလိုႀကီးလာေတာ့သူ႕ျမင္တာနဲ႕စိတ္အေျခအေနကိုအကဲခတ္ရင္းအခ်ိန္တိုင္းထိတ္လန့္ေနရသည့္အျဖစ္။
သို႔ေသာ္.....
ထိုတိတ္ဆိတ္ေနသည့္အခ်ိန္ေလး၌ေဟးလစ္ခ္၏ေခါင္းမွာဂြက္ကနဲျမည္ေအာင္အေခါက္ခံလိုက္ရသည္။
"ကိုယ့္အေဖကိုယ္ဒီလိုရိုင္းရိုင္းစိုင္းစိုင္းေျပာရသလား....ဒါကမင္းကိုေမြးခဲ့တဲ့အေဖ....ဟုတ္ၿပီလား..."
အယ္ဗင္ : "....."
ေဘာက္မဲ့ေၾကာင့္ငါကကိုးလလြယ္၊ဆယ္လဖြားၿပီးခက္ခက္ခဲခဲ ဗိုက်ကြီးသည်ဘဝနဲ့မွေးလာခဲ့ရတဲ့အဓိပ္ပါယ်မျိုးပေါက်နေတယ်လို့ခံစားနေရတာလဲ။
စကားပြောရင်နည်းနည်းပါပါးအဓိပ္ပါယ်ကိုရှင်းရှင်းလင်းလင်းဖော်ပြလေကွာ။အနည်းဆုံးတော့မွေးခဲ့တဲ့အဖေနေရာမှာ ေကြၽးခဲ့တဲ့အေဖလို႔ေျပာင္းေခၚရင္ပဲငါေက်နပ္ပါၿပီ။
ရှောင်ကျန့်ကသူဆိုလိုချင်သည့်အဓိပ္ပါယ်မှာဘယ်ရောက်သွားမှန်းသတိမထားမိသေးပဲနှုတ်ခမ်းလေးတစ်ထော်ထော်ဖြင့်ဟေးလစ်ခ်ကိုဆုံးမသည်။ဟေးလစ်ခ်၏နဂိုအေးစက်ခက်ထန်နေသည့်မျက်နှာချောချောမှာချက်ချင်းဆိုသလိုမိုးရေစိုရွှဲနေသည့်သနားစရာခွေးပေါက်လေးတစ်ကောင်ကဲ့သို့ပြောင်းလဲသွားသည်။
"ေတာင္းပန္ပါတယ္က်န့္ေကာ...."
"ငါ့ကိုေတာင္းပန္ရမွာမဟုတ္ဘူး....ကိုယ့္အေဖျဖစ္သူကိုေတာင္းပန္ရမွာ..."
ေဟးလစ္ခ္၏မ်က္ႏွာမွာအနည္းငယ္ရႈံ႕မဲ့သြားေသာ္လည္းျငင္းဆန္ျခင္းမျပဳခဲ့ေပ။သူကအယ္ဗင္ဘက္လွည့္ရင္းေျပာသည္။
"ေတာင္းပန္ပါတယ္...."
"အေဖ လို႔ထည့္ေျပာ...."
"အာ....ေတာင္းပန္ပါတယ္အေဖ..."
အယ္ဗင္ : "....."
ငါဘယ္သူလဲ။ငါဘယ္မွာလဲ။ငါဘာေတြျမင္ေနရတာလဲ။
သူအခုအၿပိဳင္ကမၻာတစ္ခုကိုမေတာ္တဆေရာက္ေနတာမ်ားလား။
သူ႕သားေတာ္ေမာင္ကသူ႕ကိုမ်က္ႏွာငယ္ေလးနဲ႕ေတာင္းပန္တယ္တဲ့။ၿပီးေတာ့အေဖဆိုစကားေတာင္ပါလိုက္ေသးတယ္။
အယ္ဗင္ကအေတာ္ၾကာေက်ာက္႐ုပ္တစ္ခုလိုေတာင့္ခဲေနသည္။အိမ္ေတာ္ထိန္း ဆိုဘတ္ ဆိုရင္ပါးစပ္ႀကီးေဟာင္းေလာင္းျဖင့္ဒိုင္နိုေဆာတစ္ေကာင္လုံးဝင္ေနလို႔ရသည္အထိပြင့္ဟေနရွာသည္။
ဒီေလာကႀကီးမွာသခင္ေလးကိုထိန္းနိုင္တဲ့သူရွိတယ္တဲ့လား။
တစ္ျခားသူေတြအေတြးကိုဘာဆိုဘာမွမသိသည့္ေရွာင္က်န့္ဟာၿပဳံး႐ႊင္ေနသည့္မ်က္ႏွာေလးျဖင့္အယ္ဗင္ကိုၾကည့္ကာေျပာလိုက္သည္။
"မ်ိဳးႏြယ္စုေခါင္းေဆာင္ကအခုခ်ိန္ထိဒီကတိကိုမွတ္မိေနအုံးမယ္လို႔တကယ္မထင္ထားဘူး..."
"ငါကဘာေၾကာင့္ဒီကိစၥကိုေမ့ျပစ္လိုက္ရမွာလဲ....ဟူး....ထားလိုက္ပါ....မင္းအသက္ရွင္ေနတာပဲအဆင္ေျပပါၿပီ....ဒီအေၾကာင္းမင္းမိဘေတြေရာသိလား...."
"ဟင့္အင္း....ကြၽန္ေတာ္သူတို႔နဲ႕မဆက္သြယ္တာ၁၆ႏွစ္တိတိရွိၿပီ...."
"ဘာေၾကာင့္အကုန္လုံးနဲ႕အဆက္အသြယ္ဖ်က္ထားတာလဲ....ေဟးလစ္ခ္ဆိုရင္မင္းေသ....အဟမ္း....မင္းေပ်ာက္သြားမွန္းသိတုန္းကအ႐ူးလိုပဲ...."
အယ္ဗင္ခမ်ာေရွာင္က်န့္ကိုရည္ၫႊန္းေသာ'ေသ'ဟူသည့္စကားကိုအဆုံးထိေျပာမထြက္ေတာ့ေခ်။ဘာလို႔လဲဟုတ္လား။သူ႕ရဲ႕သားေတာ္ေမာင္ႀကီးကသူ႕ကိုႏုတ္ႏုတ္ ႏုတ္ႏုတ္ဆင္းမလိုၾကည့္ေနတာေလ။ျဖစ္နိုင္ရင္သူ႕ကိုေတာင္အသားစဥ္းေကာလုပ္ျပစ္မွာလားပဲ။
အေဖတစ္ေယာက္ျဖစ္ရတာလဲလြယ္ကူမေနဘူး။အားေနကိုယ့္သားကိုယ္ျပန္ေၾကာက္ေနရတယ္။
"ကြၽန္ေတာ္လည္းျပန္လာခ်င္တာေပါ့ဗ်ာ.....ဒါေပမယ့္ကြၽန္ေတာ့္မူရင္းခႏၶာကိုယ္ကခ်က္ခ်င္းလက္ငင္းႀကီးပိန္ပါးသြားမယ္မွန္းထင္မထားဘူးေလ.....ကြၽန္ေတာ္သာျပန္လာခဲ့ရင္ကြၽန္ေတာ့္ခႏၶာကိုယ္ထဲထူးထူးဆန္းဆန္းမ်ိဳးရိုးဗီဇရွိတယ္ဆိုၿပီးအႀကီးအကဲေတြကစမ္းသပ္စစ္ေဆးမႈအမ်ိဳးမ်ိဳးမလုပ္နိုင္ဘူးလို႔ထင္လား....."
"....."
"ကြၽန္ေတာ္ကကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ကာကြယ္ခဲ့တာပါ....အေဖနဲ႕အေမကိုသတိမေပးခဲ့တာကသူတို႔ႏွစ္ေယာက္ကိုပါအႏၱရာယ္ထဲဆြဲေခၚမိမွာစိုးတယ္ေလ....တကယ္လို႔အႀကီးအကဲေကာင္စီကသာကြၽန္ေတာ့္ခႏၶာကိုယ္ကိုစမ္းသပ္ခံပစၥည္း၊ဒါမွမဟုတ္ယဇ္ပူေဇာ္ခံပစၥည္အျဖစ္အသုံးခ်ခဲ့ရင္သူတို႔ႏွစ္ေယာက္လုံးဒီအတိုင္းၿငိမ္ၿငိမ္ေနမွာမဟုတ္ဘူး....."
အယ်ဗင်ကသက်ပြင်းချလိုက်သည်။ရှောင်ကျန့်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသူနားလည်သည်။ဘာကြောင့်ဆိုဟေးလစ်ခ်ကိုယ်တိုင်တောင်မှသူ့ရဲ့ထူးခြားမှုကြောင့်အကြီးအကဲအဖွဲ့၏ဖမ်းဆီးယဇ်ပူဇော်ခြင်းကိုခံခဲ့ရသည်မဟုတ်ပါလား။
ဒါကိုမ်ိဳးႏြယ္စုေခါင္းေဆာင္ျဖစ္တဲ့သူကိုယ္တိုင္ေတာင္တားဆီးမရခဲ့ေခ်။အကယ္၍ေဟးလစ္ခ္သာဟုံလုံေလာက္ေလာက္မသန္မာ၊မရက္စက္ခဲ့ဘူးဆိုရင္ဒီအခ်ိန္ထိေကာင္းေကာင္းမြန္မြန္အသက္ရွင္ေနထိုင္နိုင္ဖို႔ရန္မွာမျဖစ္နိုင္ေပ။
"အမ္....ေနစမ္းပါဦး.....အရင္ႏွစ္ေတြတုန္းကမင္းလူတိုင္းနဲ႕အဆက္အသြယ္ဖ်က္လိုက္တာငါနားလည္လို႔ရပါတယ္.....ဒါေပမယ့္အခုမင္းကိုယ္မင္းဖုံးကြယ္ဖို႔မႀကိဳးစားေတာ့ဘူးလား...."
ေရွာင္က်န့္ကလွပတဲ့အၿပဳံးေလးတစ္ခုျဖင့္ေဟးလစ္ခ္၏ရင္ခြင္ထဲမွီခ်လိဳက္သည္။
"ဘာလို႔ဆို....ေဟးလစ္ခ္ကကြၽန္ေတာ့္ကိုအျပည့္အဝကာကြယ္ေပးမယ္တဲ့ေလ....သူရွိေနရင္ဘာမွေၾကာက္စရာမလိုေတာ့ဘူး.....ဟုတ္တယ္မလားေဟးလစ္ခ္...."
"အင္း....အင္း......က်န့္ေကာေျပာတာမွန္တယ္....."
"....."
ငါဘာေၾကာင့္ေခြးစာစားေနရတယ္လို႔ခံစားေနရတာလဲ။
ထိုအခိုက္အတန့္ေလးတြင္တစ္ခ်ိန္လုံးေဘးကပ္ေနရသည့္လင္သုန့္ဟာေရွာင္က်န့္၏အကၤ်ီစကိုဆြဲ၍သတိေပးလိုက္သည္။ထိုအခါမွသာေရွာင္က်န့္ခမ်ာဇာတ္လိုက္ႏွစ္ေယာက္ကိုေအာင္သြယ္ေပးရမယ့္တာဝန္ကိုလုံးလုံးသတိရသြား၏။
"အိုး....ကြၽန္ေတာ္ေမ့ေနတာ.....မ်ိဳးႏြယ္စုေခါင္းေဆာင္ကိုကြၽန္ေတာ္မိတ္ဆက္ေပးမလို႔....သူ႕နာမည္ကလင္သုန့္ေလ....မ်ိဳးႏြယ္စုေခါင္းေဆာင္မွတ္မိလား...."
အယ္ဗင္ကစဥ္းစားသည္။သူဒီတစ္ေယာက္ကိုတစ္ေနရာမွာျမင္ဖူးသလိုခံစားရေသာ္လည္းပဲသူ႕အသိထဲတြင္ဒီမ်က္ႏွာႏွင့္တစ္ေယာက္မရွိတာေတာ့ေသခ်ာသည္။
"ကြၽန္ေတာ္မေပ်ာက္ခင္ညတုန္းကမ်ိဳးႏြယ္စုေခါင္းေဆာင္ေသြးစုပ္လိုက္တဲ့တစ္ေယာက္ေလ.....ကြၽန္ေတာ္ကိုယ္တိုင္vampireအျဖစ္ေျပာင္းလဲေပးလိုက္တာ....မွတ္မိလား...."
"ေအာ္....အဲ့ဒီေသးေသးေလး...."
အယ္ဗင္ဟာေသးေသးေလးဟုေျပာၿပီးမွလင္သုန့္၏ခႏၶာကိုယ္ကိုၾကည့္ရင္းသူ႕စကားေတြကိုျပန္လည္႐ုတ္သိမ္းလိုက္သည္။ထိုအခါတုန္းကျဖဴျဖဴေဖြးေဖြးေသးေသးသြယ္သြယ္ျဖင့္ခ်စ္စရာေကာင္ငယ္ေလးကဘယ္ကေနဘယ္လိုဒီေလာက္ထိေတာင္ခႏၶာကိုယ္ကထြားတတ္လာရတာလဲ။
လင္သုန့္ကအယ္ဗင္ရဲ႕အၾကည့္ေတြသူ႕ဆီေရာက္စဥ္ကတည္းကစိတ္လႈပ္ရွားမႈေၾကာင့္အဖ်ားပဲတတ္ခ်င္သလိုလို၊ေသးပဲေပါက္ခ်င္သလိုလိုျဖင့္ကတုန္ကရင္ျဖစ္ခ်င္လာသည္။သူ႕လက္ကေခြၽးေစးေတြကိုမသိမသာသုတ္လိုက္ရင္းအ႐ူးေလးတစ္ေယာက္လိုသြားၿဖဲ၍အယ္ဗင္ကိုၿပဳံးျပလိုက္သည္။
"ဟီး...."
အယ္ဗင္ : "....."
ဒီတစ္ေကာင္ကမ်က္ႏွာ႐ူးလား။
"ေအာ္.....ဒါနဲ႕..ခုနတုန္းကမင္းတို႔ေတြအပင္ေပၚတတ္ၿပီးဘာလုပ္ေနၾကတာလဲ..."
လူတိုင္း : "....."
"မ်ိဳးႏြယ္စုေခါင္းေဆာင္!...ကြၽန္ေတာ္တို႔အခုမွအလုပ္တစ္ခုရွိမွန္းသတိရတယ္....အိုက္ယား....ဒီေမ့တတ္လိုက္တဲ့ေခါင္း...."
"ဟုတ္တယ္....ဟုတ္တယ္.....ကြၽန္ေတာ္တို႔ကိုသြားခြင့္ျပဳပါဦးေနာ္...."
"ဟား...ဟား....ေနာက္မွေတြ႕ၾကတာေပါ့မ်ိဳးႏြယ္စုေခါင္းေဆာင္...."
အမႊာသုံးေယာက္လုံးဟာတစ္ေယာက္တစ္ေပါက္ျဖင့္ေျပာရင္းဆိုရင္းျဖင့္သူတို႔ေရွ႕မွခ်က္ခ်င္းေျပးထြက္သြားၾကသည္။
မည္သူကေရာကိုယ့္မ်ိဳးႏြယ္စုေခါင္းေဆာင္ကိုလင္ေပးစားခ်င္ေနသည့္အေၾကာင္းေျပာထြက္ရဲမည္နည္း။အမေလး....လည္ပင္းေတြႀကိမ္းတာ။
"အမ္....ေဟးလစ္ခ္....သူတို႔ေတြ ဘာ......"
"ကြၽန္ေတာ္တို႔ကိုလည္းသြားခြင့္ျပဳပါဦး....အ.ေဖ..."
"....."
ေဟးလစ္ခ္ကအယ္ဗင္၏ဘာကိုမွနားမလည္သည့္မ်က္ႏွာကိုလ်စ္လ်ဴရႈ႕၍တစ္ဖက္လူစကားမဆုံးေသးခင္မွာပဲေရွာင္က်န့္ကိုေကာက္ေပြ႕ကာဖ်က္ကနဲေပ်ာက္ကြယ္သြားသည္။
အယ္ဗင္ : "....."
ငါဒါေလးေမးမိတာကိုဘာေတြျဖစ္ပ်က္သြားတာလဲ။ဟမ္။
အယ္ဗင္မ်က္လုံးေဝ့ၾကည့္လိုက္ေတာ့ဧည့္ခန္းထဲတြင္ယခုခ်ိန္ထိအ႐ူးေလးလိုမ်ိဳးၿပဳံးၿဖီးေနသည့္လင္သုန့္ႏွင့္သူသာက်န္ရစ္ေနခဲ့သည္။ဆိုဘတ္အေၾကာင္းေျပာရရင္အမႊာသုံးေယာက္ႏွင့္ေဟးလစ္ခ္တို႔ထက္ေတာင္ျမန္ေသးသည္။
အယ္ဗင္ထိုသစ္ပင္ေပၚကကိစၥအေၾကာင္းစေမးစဥ္ကတည္းကဘယ္ေပ်ာက္လို႔ဘယ္ေရာက္မွန္းမသိေအာင္ေပ်ာက္လို႔သြားခဲ့ျခင္းျဖစ္သည္။
"သခင္ႀကီးအယ္ဗင္.....ခင္ဗ်ားကဘယ္အခ်ိန္ၾကည့္ၾကည့္ဆြဲေဆာင္မႈရွိေနတာပဲေနာ္....ဟီး..ဟီး...."
အယ္ဗင္ : "....."
တစ္ေယာက္ေယာက္ေလာက္ဒီေကာင္ကိုဆြဲထုတ္သြားေပးၾကပါဟ။
__________________________________________________________
စာေရးသူမွာေျပာစရာရွိပါတယ္။
စာေရးသူ : "မေနတုန္းကအရမ္းအလုပ္မ်ားေနလို႔စာေရးဖို႔အခ်ိန္သိပ္မရလိုက္ဘူး....ဒါေၾကာင့္ဒီေန႕ေစာတင္ေပးလိုက္ပါတယ္ေနာ္😘"
_________________________________________________________