နတ်ဘုရားမအဖြစ် ပြန်လည်ပေါ်ထွက...

By Lazy_Little_Meow

157K 16.6K 764

Original Title - 回归的女神 English Title - Return of The Goddess Author - Butterfly's Shadow Beneath the Moon Yue... More

Note
Description
Chapter [1]
Chapter [2]
Chapter [3]
Chapter [4]
Chapter [5]
Chapter [6]
Chapter [7]
Chapter [8]
Chapter [9]
Chapter [10]
Chapter [11]
Chapter [12]
Chapter [13]
Chapter [14]
Chapter [15]
Chapter [16]
Chapter [17]
Chapter [19]
Chapter [20]
Chapter [21]
Chapter [22]
Chapter [23]
Chapter [24]
Chapter [25]
Chapter [26]
Chapter [27]
Chapter [28]
Chapter [29.1]
Chapter [29.2]
Chapter [30]
Chapter [31.1]
Chapter [31.2]
Chapter [32.1]
Chapter [32.2]
Chapter [33.1]
Chapter [33.2]
Chapter [34]
Chapter [35.1]
Chapter [35.2]
Chapter [36]
Chapter [37.1]
Chapter [37.2]
Chapter [38]
Chapter [39]
Chapter [40]
Chapter [41]
Chapter [42]
Chapter [43]
Chapter [44]
Chapter [45]
Chapter [46]
Chapter [47]
Chapter [48]
Chapter [49]
Chapter [50]
Chapter [51]
Chapter [52]
Chapter [53]
Chapter [54]
Chapter [55]
Chapter [56]
Chapter [57]
Chapter [58]
Chapter [59]
Chapter [60]
Chapter [61.1]
Chapter [61.2]
Chapter [62.1]
Chapter [62.2]
Chapter [63.1]
Chapter [63.2]
Chapter [64.1]
Chapter [64.2]
Chapter [65.1]
Chapter [65.2]
Chapter [66.1]
Chapter [66.2]
Chapter [67.1]
Chapter [67.2]
Chapter [68.1]
Chapter [68.2]
Chapter [69.1]
Chapter [69.2]
Chapter [70]
Chapter [71]
Chapter [72.1]
Chapter [72.2]
Chapter [73]
Chapter [74.1]
Chapter [74.2]
Chapter [75.1]
Chapter [75.2]
Chapter [76.1]
Chapter [76.2]
Chapter [77]
Chapter [78]
Chapter [79]
Chapter [80]
Chapter [81]
Chapter [82.1]
Chapter [82.2]
Chapter [83]
Chapter [84]
Chapter [85]
Chapter [86]
Chapter [87]
Chapter [88]
Chapter [89]
Chapter [90]
Chapter[91]
Chapter [92]
Chapter [93]
Chapter [94]
Chapter [95]
Chapter [96]
Chapter [97]
Chapter [98]
Chapter [99]
Chapter [100]
Chapter [101]
Chapter [102]
Chapter [103] - End
Chapter [104] - Extra 1
Chapter [105] - Extra 2
Chapter [106] - Extra 3

Chapter [18]

1.3K 152 15
By Lazy_Little_Meow

Translated by Melinoe_Megami

Double updates!!! Please vote and comment as a reward, thank you.
__________________________________

[Unicode]

အခန်း (၁၈) - နှစ်သစ်ကူး

“ဒဏ်ရာက မပြင်းပါဘူး.. ပိုးမဝင်ရင်ရပြီ..” ဆရာဝန်က အိုင်အိုဒင်းဆေးရည်သုံးကာ ဒဏ်ရာကို သန့်စင်ပေးပြီး ပတ်တီးစည်းပေးခဲ့သည်။ “ဒဏ်ရာကို ရေမထိစေနဲ့.. ရက်အနည်းငယ်လောက်အထိ အလုပ်တွေအားလုံး မင်းရဲ့ရည်းစားကိုပဲ လုပ်ခိုင်းချေ..”

နဉ်ရှီ အသံတိတ် မျက်နှာလွှဲလိုက်သည်။ ချန်းရှီကွေ့ကို လှည့်မကြည့်မိအောင် ထိန်းချုပ်ထားရင်း ဆရာဝန်ပြောတာ မကြားသလို ဟန်ဆောင်နေလိုက်သည်။

“ခေတ်တွေပြောင်းလာပြီပဲ.. ယောက်ျားလေး မီးဖိုချောင်ဝင်တာ ရှက်စရာမဟုတ်တော့ဘူး..” ဆရာဝန်အိုကြီးက နှာခေါင်းပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်ရင်း နဉ်ရှီကို လှည့်ကြည့်လာသည်။ “မင်းကို ဂရုစိုက်တဲ့လူတွေ စိတ်ပူနေရလိမ့်မယ်.. ကိုယ့်ကိုယ်ကို ဒုက္ခမခံနဲ့..”

ဆရာဝန်ဦးလေးကြီးရေ.. ဦးလေး ဆက်ပြောနေမယ်ဆိုရင် ကျွန်မ ချန်းရှီကွေ့နဲ့ မျက်နှာချင်းဆိုင်ရဲတော့မှာမဟုတ်ဘူး..!

သို့နှင့် နဉ်ရှီလည်း ကပျာကယာ ဝင်ပြောလိုက်သည်။
“Doctor.. သူက မဟုတ်…….”

“Doctor မှန်တယ်.. မင်းအနားကလူတွေ စိတ်ပူနေရလိမ့်မယ်..”

ချန်းရှီကွေ့က နူးညံ့နွေးထွေးသော အပြုံးလေးဖြင့် လှည့်ကြည့်လာ၏။ ထိုအချင်းအရာကိုကြည့်ရင်း နဉ်ရှီတစ်ယောက် ရှက်ရွံ့လာတော့သည်။

ဆရာဝန်က အိုင်အိုဒင်းပုလင်းနှင့် ပတ်တီးလိပ်တချို့ ကိုင်ထားရင်း သူမ၏ဒဏ်ရာကို ရေထိခွင့်မပြုရန် ဆက်လက်တိုက်တွန်းနေတော့သည်။

ဆေးခန်းမှ ပြန်ထွက်လာသည့်အချိန်အထိ နဉ်ရှီ၏မျက်နှာထက်ဝယ် ခပ်တောင့်တောင့် အပြုံးလေးတစ်ခု နေရာယူထားခဲ့သည်။ သူမက ချန်းရှီလက်ထဲကိုင်ထားသော အိတ်နှစ်အိတ်ကို လှမ်းကြည့်လိုက်သည်။ ထိုအိတ်နှစ်အိတ်က ထိုအမျိုးသား၏ ‘လွှမ်းမိုးချုပ်ကိုင်နိုင်သော ဥက္ကဋ္ဌ’ အရှိန်အဝါကို သိသိသာသာ လျော့ကျစေနေသလိုပင်။

“ကျေးဇူးတင်ပါတယ် Mr.ချန်း.. ကျွန်မအိမ်က ရှေ့နားလေးတင်.. အိတ်တွေကူသယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

သူ့လက်ထဲမှ အိတ်နှစ်လုံးကို နဉ်ရှီ လှမ်းယူလိုက်ရင်း ရယ်ပြလိုက်သည်။ ပြီးနောက် လှည့်ထွက်သွားတော့သည်။

“ခနလေး..!” ချန်းရှီကွေ့က သူမနောက် ပြေးလိုက်လာပြီး ဦးထုပ်ကမ်းပေးခဲ့သည်။ “မင်းဦးထုပ်ကျန်ခဲ့ပြီ..”

“ကျေးဇူး..” နဉ်ရှီ ဦးထုပ်ကို လှမ်းယူလိုက်ပြီး နောက်တစ်ကြိမ် လှည့်ထွက်သွားပြန်၏။

ချန်းရှီကွေ့က ထိုနေရာမှာသာ ရပ်တန့်နေပြီး တဖြည်းဖြည်းဝေးကွာသွားသော ကျောပြင်လေးကို အစက်အပျောက်လေး ဖြစ်သွားသည်အထိ ငေးကြည့်နေခဲ့လေသည်။ ပြီးနောက် အကြည့်လွှဲလိုက်သည်။ သူ့ရဲ့ပုခုံးပေါ်တွင် သူကိုယ်တိုင်တောင် သတိမထားမိဘဲ နှင်းပွင့်များ ပုံနေခဲ့လေသည်။

ကားပေါ်ပြန်ရောက်သည်နှင့် အနောက်မှာထိုင်နေသော အမျိုးသမီးကြီးက ခပ်ပြုံးပြုံး မေးလာသည်။

“အဲ့ကောင်မလေးက သားသူငယ်ချင်းလား..?”

ချန်းရှီကွေ့က ခါးပတ်ပတ်ရင်း ခေါင်းယမ်းပြလိုက်သည်။ သူ လက်ရှိအခြေအနေကို မရှင်းပြလိုပေ။

သူ့ရဲ့မြုံစိစိအမူအရာကြောင့် အမျိုးသမီးကြီးလည်း ပြုံးရုံသာပြုံးနေလိုက်ပြီး ဆက်မမေးတော့ချေ။

ချန်းရှီကွေ့က သူ့ရဲ့မိခင်ကို တစ်ချက်ကြည့်လိုက်ရင်း..

“ဟိုတစ်နေ့က ကျွန်တော် အော်ဒါမှာပေးထားတဲ့လည်ဆွဲကို သဘောကျရဲ့လား..?”

“ဒါပေါ့ ကြိုက်တာပေါ့.. သားလိမ္မာလေးကြောင့် အမေ့ကို လူတိုင်းမနာလိုနေကြရောပဲ.. မနေ့က သူငယ်ချင်းတွေနဲ့ ဖဲကစားသေးတယ်.. ပိုင်ကတော်က သားကို အရမ်းချီးမွမ်းနေတာလေ.. ဘာတဲ့ သူ့ရဲ့သားလေးဖြစ်ရင် သိပ်ကောင်းမှာပဲတဲ့..” ချန်းရှီကွေ့၏မိခင်က အောင်နိုင်သူလို အပြုံးပန်းဆင်ရင်း.. “သားဖြစ်သူက သူတို့မျှော်မှန်းထားသလို ဖြစ်မလာဘူးလေ.. အဲ့မိသားစုက သမီးမိန်းကလေးထက် သားဆိုမှသား.. မိန်းမတစ်ယောက်ကို စီမံခန့်ခွဲခွင့် ပေးရမှာထက် သူ့ရဲ့သားကြောင့် ကုမ္ပဏီပျက်စီးသွားဖို့ကို ပိုလိုလားနေကြတယ်.. အမေ့အထင်တော့ အဲ့မိသားစုက တကယ့်ကို…..”

သူမက ခေါင်းတရမ်းရမ်းဖြင့်.. “ပိုင်မိသားစုရဲ့သမီးလေးအတွက်တော့ စိတ်မကောင်းစရာပဲ..”

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ဖြစ်ရပ်တစ်ခုကို ချန်းရှီကွေ့ သတိရသွားသည်။ နဉ်မိသားစုအကြောင်း အတန်းပိုင်ဆရာမက ပြန်ပြောပြရင်း ဤသို့ပြောခဲ့သည်။ ‘နဉ်ရှီအတွက်တော့ စိတ်မကောင်းစရာပဲ.. ဒီလောက်လိမ္မာတဲ့ကလေး..”

ချန်းရှီကွေ့ နဉ်ရှီအကြောင်းစုံစမ်းရန် သူမရဲ့ကျောင်းကို ပြန်သွားခဲ့သော်လည်း နဉ်ရှီက ကျောင်းထွက်သွားခဲ့ချေပြီ။ သူမ ဘယ်ရောက်သွားမှန်း မည်သူမျှ မသိကြပေ။ သူမ၏ အတန်းပိုင်ဆရာမတစ်ဦးတည်းသာ နဉ်ရှီ နိုင်ငံခြားသို့ ပညာတော်သင်ထွက်သွားပြီဖြစ်ကြောင်း ပြောပြလာခဲ့သည်။ ထိုအကြောင်းမှလွဲ၍ ဘာမှထပ်မသိရခဲ့ချေ။

ထိုနေ့မှစ၍ သူမအကြောင်း ထပ်မကြားရတော့ပေ။

“အမေကြားတာတော့ သား ချန်း*မိသားစု(ချန်းယီကျွင်း)နဲ့ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စ ငြင်းလိုက်တယ်ဆို..?” ချန်းမူက သက်ပြင်းချလိုက်သည်။ “ဟိုတလောကဆို ချန်း*မိသားစုက မင်းရဲ့ဒေါ်လေးကို အမေနဲ့စကားပြောပေးဖို့ တောင်းဆိုခဲ့တယ်တဲ့.. ဒီအကြောင်းပြောရတာက မင်းဒေါ်လေးရဲ့မျက်နှာကို ထောက်စေချင်လို့ပါ.. ဒါပေမဲ့ ကုမ္ပဏီကိစ္စကတော့ သားသဘောပဲ..”

“ချန်း*မိသားစုက ဒေါ်လေးနဲ့ အဆက်အသွယ်ရှိနေတာလား..?” ချန်းရှီကွေ့၏အသံက အေးစက်နေလေ၏။ “သူတို့မိသားစုရဲ့ စီးပွားရေးလုပ်ပုံကိုင်ပုံက ကျွန်တော်တို့နဲ့ အရမ်းကွာခြားလွန်းတယ်.. သူတို့နဲ့ပူးပေါင်းဖို့ကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး..”

“ဒီလိုဆိုမှတော့ သားဒေါ်လေး ထပ်မေးလာရင် သားကိုယ်စား အမေငြင်းလိုက်မယ်..” ချန်းရှီကွေ့၏အမေက ပြုံးလိုက်သည်။ “သားလည်း သားရဲ့အကျင့်လေးကို နည်းနည်း ပြောင်းလဲမှရမယ်.. အဲ့လိုမှမဟုတ်ရင် သားကြိုက်တဲ့ကောင်မလေးမျိုး တွေ့လာတဲ့အချိန် ကောင်မလေးက သားကို အဖက်မလုပ်ဘဲနေလိမ့်မယ်..”

“အမေ..” ချန်းရှီကွေ့က သူ့ရဲ့မိခင်ကို လှည့်ကြည့်လိုက်ပြီး.. “အရင်နှစ်တွေကလည်း ကျွန်တော် အိမ်ထောင်ပြုအောင် အဲ့နည်းလမ်းကို သုံးပြီးပြီနော်..”

“အဲ့‌လိုလား..?”

သူ့ရဲ့အမေလည်း ပါးစပ်ပိတ်သွားပြီး ထိုနည်းလမ်း သုံးပြီးပြီလားဆိုတာ ပြန်တွေးနေတော့သည်။

နှစ်သစ်အကူးအပြောင်းကာလဖြစ်၍ မြို့တော်တွင် နှင်းများတဖွဲဖွဲ ကျဆင်းနေလေ၏။ ကျန်းချင်းယွင်က နဉ်ရှီအား ပိတ်ရက်တွင် အိမ်ပြန်လည်ရန် ပြောခဲ့ပါသော်လည်း နဉ်ရှီက ငြင်းပယ်ခဲ့သည်။ နှစ်တစ်နှစ်၏ အစနှင့်အဆုံး အချိန်များသည် မိသားစုများအတွက် ပွဲတော်ကာလများပင်။ နဉ်ရှီအတွက်တော့ ထိုပွဲတော်များတွင် ပါဝင်ခဲပြီး အပြင်လူတစ်ယောက်လို ဖြစ်နေခဲ့လေ၏။ သူမလို အထီးကျန်သူတစ်ယောက်အတွက် ပွဲတော်များက ပျော်စရာမကောင်းပါချေ။

ပလက်စတစ်လက်အိတ်ဝတ်ကာ အသီးအရွက်များကို ဆေးကြောလိုက်သည်။ ပြီးနောက် ထမင်းအိုးတည်ကာ မီးဖိုပေါ်သို့ ဟင်းရည်အိုး တင်ထားလိုက်သည်။

အသီးအရွက်နှင့် အသားငါးများပါဝင်သော ဟော့ပေါ့ဟင်းရည်က သူမအတွက်တော့ နှစ်သစ်ကူးညစာပင်။

(TN : ပုံမှန်ဆိုရင် နှစ်သစ်ကူးညမှာ ဖက်ထုပ်တို့၊ သက်ရှည်ခေါက်ဆွဲတို့ စားကြပေမယ့် ဟော့ပေါ့စားနေတာက နဉ်ရှီ၏အထီးကျန်မှုကို ဖော်ပြတာပါ။)

TV ပေါ်မှ ဟာသသရုပ်ဆောင်က ပရိသတ်များ ရယ်မောရလေအောင် ကြိုးစားတင်ဆက်နေလေ၏။ သို့သော် နဉ်ရှီ အမှန်ပင် မရယ်မောနိုင်ခဲ့ချေ။ သူမ၏ Contact list ထဲမှလူတိုင်းသို့ နှစ်သစ်ကူးဆုတောင်း ပေးပို့ခဲ့ပြီးနောက် ကုမ္ပဏီ၏ Wechat gp ထဲဝင်ကာ ဆုတောင်းစကားများ ပို့ပေးခဲ့သည်။

Group Chat ကတော့ အချိန်တိုင်း စည်းကားနေတတ်၏။ သရုပ်ဆောင်ငယ်လေးများက စီနီယာသရုပ်ဆောင်များကို ဆုတောင်းစကား ပေးပို့နေကြပြီး စီနီယာများက နွေးထွေးကြင်နာစွာ ပြန်လည်တုန့်ပြန်ကြသည်။ အထူးသဖြင့် စာအိတ်နီများက Group Chat ကို ပိုမိုအသက်ဝင်လာစေခဲ့သည်။

စာအိတ်နီကိုနှိပ်လိုက်တိုင်း နဉ်ရှီ၏လက်က အလွန်လျင်မြန်သည်။ သို့သော် ကံမကောင်းခဲ့ပေ။ တခြားလူများ ရာချီထောင်ချီ မုန့်ဖိုးရကြသော်လည်း နဉ်ရှီကတော့ အကြွေအနည်းငယ်သာ ရရှိခဲ့လေသည်။

သူမ၏ကံမကောင်းပုံကိုကြည့်ရင်း ဂရုထဲမှလူများပင် သူမအတွက် ကရုဏာသက်နေတော့သည်။

ကျိုးကျန်းချွမ် : “ရှီရှီ.. ဒီနေ့ည လက်မဆေးထားဘူးလား..?”

ရှစ်ဖန်း : “ဒီလောက်ကံဆိုးတာ.. ကျွန်တော်တောင် မကြည့်ရက်တော့ဘူး..”

နဉ်ရှီ၏အဖြစ်ကြောင့် လူတိုင်း ရယ်မောမိကြ၏။

ကျို့ကျီကုမ္ပဏီတွင် အမျိုးသားသရုပ်ဆောင်များစွာ ရှိပါသော်လည်း သူတို့နှင့်အတူ ရပ်တည်နိုင်သော အမျိုးသမီးသရုပ်ဆောင်ကတော့ အနည်းအကျဉ်းသာ။ ထို့ကြောင့် သိပ်ပြီးနာမည်မကြီးသေးပါသော်လည်း ကုမ္ပဏီတွင် နဉ်ရှီ၏အဆင့်က သိပ်မနိမ့်ပါးချေ။

သူမအကြောင်း ရက်ရက်စက်စက် ဟာသလုပ်နေသူတွေကိုကြည့်ရင်း နဉ်ရှီက ‘ဂရုမစိုက်ပါဘူး’ ဟူသော Emoji လေးဖြင့် အနီရောင်စာအိတ်တစ်ခုကို password ခံကာ ပို့လိုက်သည်။

Password : ဧကရီနဉ်က တုနှိုင်းမဲ့ကံကောင်းခြင်းတို့ရဲ့ ဘုရင်ပဲ။

သိပ်မကြာခင်မှာပင် တစ်ယောက်ပြီးတစ်ယောက် Password ရိုက်ထည့်ပြီး စာအိတ်နီများဖွင့်ကာ သူတို့ပို့ထားသော Message များ လိမ်လိမ်မာမာ ပြန်ဖျက်သွားတာကို မြင်လိုက်ရလေသည်။

ထိုအခိုက်အတန့် နဉ်ရှီ တွေးလိုက်မိသည်။ : ‘ကျို့ကျီကုမ္ပဏီက သိပ်မကောင်းတာလား.. ဒီလူတွေက နာမည်ကျော်ကြယ်ပွင့်တွေ မဟုတ်တော့တာလား..?’

ကျိုးကျန်းချွမ် : “ခနနေရင် စင်ပေါ်တက်ရတော့မယ်.. ငါပြန်လာတာ စောင့်ကြဦးနော်..”

ထိုသတင်းကြောင့် Group Chat တစ်ခုလုံး ကျိုးကျန်းချွမ်အတွက် ချီးမြှောက်သံများ၊ ဂုဏ်ပြုသံများဖြင့် ပေါက်ကွဲထွက်လာတော၏။ သိပ်မကြာခင်မှာပင် နွေဦးပွဲတော်အတွက် တိုက်ရိုက်ထုတ်လွှင့်နေသော TV ရုပ်သံပေါ်၌ ကျိုးကျန်းချွမ် ပေါ်ထွက်လာသည်ကို နဉ်ရှီ မြင်လိုက်ရလေသည်။

“Buzz..”

သူမ၏ဖုန်းမှ message ဝင်ကြောင်း အချက်ပြလာသည်။

သူမ,ဖွင့်ကြည့်လိုက်သောအခါ အမည်မသိ ID နှင့် ဖုန်းနံပါတ်စိမ်းမှ နှစ်သစ်ကူးဆုတောင်းစကား ဖြစ်နေခဲ့လေ၏။ ထိုလူကို သူမ,မသိပါချေ။ သို့သော် တစ်ပါးသူအပေါ် အပြစ်မလုပ်မိစေရန်အလို့ငှာ နဉ်ရှီက စာပြန်လိုက်သည်။

တစ်မိနစ်တောင်မကြာဘဲ ထိုနံပါတ်ထံမှ ပြန်စာရောက်လာသည်။

လူစိမ်း : “ကျေးဇူးတင်ပါတယ်.. ဒဏ်ရာဘယ်လိုနေသေးလဲ..?”

ထိုစာသားကြောင့် နဉ်ရှီ အံဆွဲထဲမှ Visiting Card တစ်ခုကို လှမ်းယူလိုက်မိ၏။ ကဒ်ပေါ်တွင် ပုံနှိပ်ထားသော ဖုန်းနံပါတ်သည် ဤလူစိမ်း၏နံပါတ်နှင့် ကွက်တိတူနေခဲ့လေသည်။

Boss ချန်းဘက်က ဆုတောင်းစကား အရင်ပို့လာတာလား..?

နဉ်ရှီ ကိုယ့်ခေါင်းကိုယ်ပြန်ခေါက်လိုက်သည်။ သူမ မယုံကြည်နိုင်ဖြစ်နေပြီး ဖုန်းနံပါတ်ကို ထပ်မံစစ်ဆေးလိုက်သည်။ သူမ၏မျက်စိက သူမကို မလိမ်ညာခဲ့ပါချေ။ နောက်တစ်စက္ကန့်မှာတော့ နဉ်ရှီ စိတ်ရှုပ်ထွေးသွားတော့သည်။

နွေးနွေးထွေးထွေး စာပြန်သင့်လား..? ယဉ်ယဉ်ကျေးကျေး စာပြန်သင့်လား..? ရွေးရခက်လိုက်တာ.. စိတ်ရှုပ်စရာပဲ..!

နဉ်ရှီ မလှုပ်မယှက်ဖြင့် ဖုန်းမျက်နှာပြင်ကို နှစ်မိနစ်လောက်ကြာအောင် ငေးကြည့်နေခဲ့မိသည်။ ပြီးနောက် Screen ပေါ်မှ Lock ဖြေလိုက်ပြီး စာပြန်ပို့ခဲ့သည်။

ချန်းမူက သူမ,သားရဲ့ စိတ်လှုပ်ရှားနေသော အမူအရာကို မျက်ဝန်းထောင့်လေးမှ ချောင်းကြည့်နေခဲ့၏။ ပြီးနောက် ကပျာကယာ အကြည့်လွှဲလိုက်ပြီး TV ကြည့်နေသလိုလို၊ ဘာမှမမြင်သလိုလို ဟန်ဆောင်နေခဲ့လေသည်။

အား… တစ်ချိန်တုန်းက အင်တိုက်အားတိုက် ခုန်ပေါက်နေတတ်တဲ့၊ သီချင်းတွေ အော်ဆိုနေတတ်တဲ့ ကလေးက အရွယ်ရောက်လာပြီပဲ.. အခုဆို မိန်းမယူပြီး မိသားစုတစ်ခု တည်ထောင်နိုင်တဲ့အထိ ရင့်ကျက်လာခဲ့ပြီ..!

မိခင်တိုင်း၏အမြင်မှာတော့ သူတို့၏ကလေးများဟာ အမြဲတမ်း အလှပဆုံးမြင်ကွင်းပါပင်။

“မိန်းကလေးနဉ်..”

ချန်းရှီကွေ့သည် ဆိုဖာပေါ်မှထသွားပြီး ပြတင်းပေါက်အနား လျှောက်သွား၏။ တစ်ဖက်မှအသံလေးကို နားထောင်ရင်း သူကိုယ်တိုင်ပင်မသိအောင် ပြုံးနေခဲ့မိသည်။

နဉ်ရှီတစ်ယောက် ချန်းရှီကွေ့ ဖုန်းခေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အံ့ဩစိတ်ကြောင့် ဟင်းရည်ပန်းကန်ထဲ ပြုတ်ကျလုမတတ် လက်တုန်နေခဲ့သည်။

“မစ္စတာချန်း.. Happy new year..”

နဉ်ရှီ တူဖြင့်ညှပ်ယူထားသော အစားအစာများကို လေမှုတ်လိုက်ပြီး သူမပါးစပ်ထဲ ထည့်လိုက်၏။ ထိုသို့လုပ်ပြီးခါမှ စကားပြောနေရင်း အစားစားတာ မယဉ်ကျေးမှန်း သတိရလိုက်သည်။ ထို့ကြောင့် တစ်ချက်နှစ်ချက်သာဝါးပြီး မြိုချလိုက်ရသည်။

“အဟွတ်.. အဟွတ်..”

တစ်ဖက်မှ ချောင်းဆိုးသံကြောင့် ချန်းရှီကွေ့မှာ တခဏ တိတ်ဆိတ်သွားပြီး မေးလာခဲ့သည်။

“မိန်းကလေးနဉ်.. အဆင်ပြေရဲ့လား..?”

“အဆင်ပြေပါတယ်.. အဆင်ပြေတယ်..” နဉ်ရှီတစ်ယောက် ရေနှစ်ခွက်ခန့် ဆင့်သောက်ပြီးခါမှ လည်ပင်းကို ပွတ်သပ်လိုက်မိရင်း.. “အမှုမဲ့အမှတ်မဲ့ဖြစ်သွားတာပါ..”

နဉ်ရှီက မျက်ရည်စများ သုတ်လိုက်ရင်း အနည်းငယ် စိတ်ဓာတ်ကျသွား၏။ သူမက နတ်ဘုရားမတစ်ပါးလို ပုံရိပ်မျိုး ဖန်တီးချင်ခဲ့ပါသော်လည်း ဤမျှရှက်ရွံ့ဖွယ်အခြေအနေမျိုးနှင့် အဘယ်ကြောင့် အဆုံးသတ်သွားသနည်း။

ချန်းရှီကွေ့မှာ မပြုံးပဲမနေနိုင်တော့ချေ။ ပြတင်းပေါက်အပြင်မှ တဖွဲဖွဲကျနေသော နှင်းပွင်းများကို ငေးမောကြည့်ရင်း ပို၍ကြည်နူးလာမိ၏။

“ကျွန်တော်ဖုန်းဆက်တာ အချိန်မှားသွားပုံပဲ..”

“မဟုတ်တာ.. ကျွန်မ အမှားပါ..” နဉ်ရှီ ခေါင်းကုတ်လိုက်ရင်း ဟော့ပေါ့အိုးကို ကြည့်နေခဲ့သည်။ “ဟော့ပေါ့ကို အရမ်းပူအောင် ချက်မိတဲ့ ကျွန်မကိုယ်ကျွန်မပဲ အပြစ်တင်ရတော့မယ်..”

ပုံမှန်စကားလုံးများကို ပြောလာခဲ့သည်။ သို့သော် ချန်းရှီကွေ့၏ရင်ထဲ သူ့ရဲ့နှလုံးသားကို ပိုးချည်မျှင်များဖြင့် ရစ်ပတ်ခံလိုက်ရသလို တဆစ်ဆစ် နာကျင်လာစေ၏။

“အင်း.. နှင်းကျနေတဲ့အချိန် ဟော့ပေါ့စားတာ ကောင်းတာပေါ့..”

“ဒါပေါ့.. ဒီအတိုင်း ဟော့ပေါ့စားချင်လာလို့လေ.. ဖက်ထုပ်စားရတာ ရိုးအီနေပြီ.. မစ္စတာချန်း ပြောတဲ့အတိုင်းပဲ..”

သူမက အသံတစ်ချက်မှ တုန်မသွားဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေ၏။

“အွန်း..” ချန်းရှီကွေ့က မီးပန်းဖောက်သံများ ကြားလိုက်ရတာကြောင့်.. “ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကူးပါ.. မစ္စနဉ်..”

မီးရှူးမီးပန်းများက ကောင်းကင်ယံထက် တောက်ပလျက်၊ မြင်ကွင်းလှလှလေးများ ဖန်တီးနေလေ၏။ သို့သော် ချန်းရှီကွေ့၏ အာရုံကတော့ သူ့ရဲ့ဖုန်းအပေါ်သာ ရှိနေခဲ့သည်။

“ကျေးဇူးတင်ပါတယ်.. ချန်းကုမ္ပဏီတစ်ခုလုံး ဒီထက်မက တိုးတက်ကြီပွားပါစေလို့ တောင်းဆုပြုပါတယ်..” နဉ်ရှီက ပြုံးလိုက်ရင်း.. “ပြီးတော့ မစ္စတာချန်းရဲ့မိသားစုဝင်တွေလည်း ကျန်းမာရေးကောင်းပြီး ပျော်ရွှင်ပါစေလို့ တောင်းဆုပြုပါတယ်..”

“ကိုယ့်ရဲ့အမေကို မင်းရဲ့ဆုတောင်းစကား ပြန်ပြောလိုက်ပါ့မယ်..” သူက သူ့အမေကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် ဆက်ပြောလာသည်။ “အဲ့မှာရော မီးရှူးမီးပန်းတွေ မြင်ရလား..?”

နဉ်ရှီ တောင့်ခဲသွားသည်။ သူမ တူကိုချကာ မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်အနား လျှောက်သွားလိုက်သည်။ ထို့နောက် လိုက်ကာစကို ဖယ်လိုက်၏။ အပြင်ပန်းတွင် မီးရှူးမီးပန်းများက ပွင့်လန်းလာသော ပန်းပွင့်ကြီးများနှယ် ကောင်းကင်ယံထက် စိုးမိုးနေလေ၏။ ထိုမြင်ကွင်းက ကမ္ဘာမြေပြင်တစ်ခုလုံး နတ်ပြည်နတ်နန်းသဖွယ် ပြောင်းလဲသွားရသလိုပင်။

“မြင်ရတယ်..” သူမက ပြုံးလိုက်ရင်း စိတ်ပေါ့ပါးစွာ ဆက်ပြောခဲ့သည်။ “အရမ်းလှတယ်..”

တစ်ဖက်လူထံမှ အသံမကြားရတော့ချေ။ သို့သော် မီးပန်းဖောက်သံများက ဖုန်းကိုဖြတ်၍ ပေါ်ထွက်လာခဲ့သည်။

“ကိုယ်ကြားဖူးတာတော့ နှစ်သစ်ကူးပွဲတော်ကြည့်ရင်း ဟော့ပေါ့စားရင်း မီးပန်းအလှတွေကိုတွေ ခံစားတာက နှစ်သစ်ကူးတဲ့ အကောင်းဆုံးနည်းလမ်းတဲ့..”

နဉ်ရှီ အတန်ငယ် တောင့်ခဲသွားပြီး တခဏကြာတော့ ရယ်မောလာခဲ့၏။

သူမ၏ရယ်မောသံလေး ကြားလိုက်ရပြီးနောက် ချန်းရှီကွေ့က နူးညံ့နွေးထွေးစွာ ပြောလာခဲ့သည်။

“ဟော့ပေါ့စားနေတာကို မနှောင့်ယှက်တော့ပါဘူး.. Good Night.. ပြီးတော့ Happy New Year..”

“Good Night..” နဉ်ရှီ ထိုအမျိုးသား၏စကားကြောင့် ရယ်မောလိုက်ရင်း ဖုန်းကျသွားမည်ကို စောင့်ဆိုင်းနေလိုက်သည်။ သို့သော် စက္ကန့်သုံးဆယ်အကြာထိ ဖုန်းမကျသေးပေ။ “မစ္စတာချန်း..?”

“ကိုယ်ရှိတယ်..”

သူ့စကားကြောင့် နဉ်ရှီ၏ရင်ထဲ ထူးထူးဆန်းဆန်း ခံစားလိုက်ရသည်။

“တာ့တာ..”

“တာ့တာ..”

ဤတစ်ခေါက်တော့ ဖုန်းတကယ်ကျသွားချေပြီ။ နဉ်ရှီ အနက်ရောင်စခရင်လေးကိုကြည့်ပြီး ဟော့ပေါ့အိုးကို ပြန်ကြည့်လိုက်မိသည်။ ပြီးနောက် ရုတ်ချည်း ထအော်လိုက်သည်။

သူမရဲ့ဟင်းချက်စကေးက လက်ရည်ကျသွားတာပဲ..!

………………………………………………………..

[Zawgyi]

အခန္း (၁၈) - ႏွစ္သစ္ကူး

“ဒဏ္ရာက မျပင္းပါဘူး.. ပိုးမဝင္ရင္ရၿပီ..” ဆရာဝန္က အိုင္အိုဒင္းေဆးရည္သံုးကာ ဒဏ္ရာကို သန႔္စင္ေပးၿပီး ပတ္တီးစည္းေပးခဲ့သည္။ “ဒဏ္ရာကို ေရမထိေစနဲ႔.. ရက္အနည္းငယ္ေလာက္အထိ အလုပ္ေတြအားလံုး မင္းရဲ့ရည္းစားကိုပဲ လုပ္ခိုင္းေခ်..”

နဉ္ရွီ အသံတိတ္ မ်က္ႏွာလႊဲလိုက္သည္။ ခ်န္းရွီေကြ့ကို လွၫ့္မၾကၫ့္မိေအာင္ ထိန္းခ်ဳပ္ထားရင္း ဆရာဝန္ေျပာတာ မၾကားသလို ဟန္ေဆာင္ေနလိုက္သည္။

“ေခတ္ေတြေျပာင္းလာၿပီပဲ.. ေယာက္်ားေလး မီးဖိုေခ်ာင္ဝင္တာ ရွက္စရာမဟုတ္ေတာ့ဘူး..” ဆရာဝန္အိုႀကီးက ႏွာေခါင္းေပၚမွ မ်က္မွန္ကို ပင့္တင္လိုက္ရင္း နဉ္ရွီကို လွၫ့္ၾကၫ့္လာသည္။ “မင္းကို ဂရုစိုက္တဲ့လူေတြ စိတ္ပူေနရလိမ့္မယ္.. ကိုယ့္ကိုယ္ကို ဒုကၡမခံနဲ႔..”

ဆရာဝန္ဦးေလးႀကီးေရ.. ဦးေလး ဆက္ေျပာေနမယ္ဆိုရင္ ကြၽန္မ ခ်န္းရွီေကြ့နဲ႔ မ်က္ႏွာခ်င္းဆိုင္ရဲေတာ့မွာမဟုတ္ဘူး..!

သို႔ႏွင့္ နဉ္ရွီလည္း ကပ်ာကယာ ဝင္ေျပာလိုက္သည္။
“Doctor.. သူက မဟုတ္…….”

“Doctor မွန္တယ္.. မင္းအနားကလူေတြ စိတ္ပူေနရလိမ့္မယ္..”

ခ်န္းရွီေကြ့က ႏူးညံ့ေနြးေထြးေသာ အၿပံဳးေလးျဖင့္ လွၫ့္ၾကၫ့္လာ၏။ ထိုအခ်င္းအရာကိုၾကၫ့္ရင္း နဉ္ရွီတစ္ေယာက္ ရွက္ရြံ႔လာေတာ့သည္။

ဆရာဝန္က အိုင္အိုဒင္းပုလင္းႏွင့္ ပတ္တီးလိပ္တခ်ိဳ႕ ကိုင္ထားရင္း သူမ၏ဒဏ္ရာကို ေရထိခြင့္မျပဳရန္ ဆက္လက္တိုက္တြန္းေနေတာ့သည္။

ေဆးခန္းမွ ျပန္ထြက္လာသၫ့္အခ်ိန္အထိ နဉ္ရွီ၏မ်က္ႏွာထက္ဝယ္ ခပ္ေတာင့္ေတာင့္ အၿပံဳးေလးတစ္ခု ေနရာယူထားခဲ့သည္။ သူမက ခ်န္းရွီလက္ထဲကိုင္ထားေသာ အိတ္ႏွစ္အိတ္ကို လွမ္းၾကၫ့္လိုက္သည္။ ထိုအိတ္ႏွစ္အိတ္က ထိုအမ်ိဳးသား၏ ‘လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ေသာ ဥကၠ႒’ အရိွန္အဝါကို သိသိသာသာ ေလ်ာ့က်ေစေနသလိုပင္။

“ေက်းဇူးတင္ပါတယ္ Mr.ခ်န္း.. ကြၽန္မအိမ္က ေရ႔ွနားေလးတင္.. အိတ္ေတြကူသယ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္..”

သူ႔လက္ထဲမွ အိတ္ႏွစ္လံုးကို နဉ္ရွီ လွမ္းယူလိုက္ရင္း ရယ္ျပလိုက္သည္။ ၿပီးေနာက္ လွၫ့္ထြက္သြားေတာ့သည္။

“ခနေလး..!” ခ်န္းရွီေကြ့က သူမေနာက္ ေျပးလိုက္လာၿပီး ဦးထုပ္ကမ္းေပးခဲ့သည္။ “မင္းဦးထုပ္က်န္ခဲ့ၿပီ..”

“ေက်းဇူး..” နဉ္ရွီ ဦးထုပ္ကို လွမ္းယူလိုက္ၿပီး ေနာက္တစ္ႀကိမ္ လွၫ့္ထြက္သြားျပန္၏။

ခ်န္းရွီေကြ့က ထိုေနရာမွာသာ ရပ္တန႔္ေနၿပီး တျဖည္းျဖည္းေဝးကြာသြားေသာ ေက်ာျပင္ေလးကို အစက္အေပ်ာက္ေလး ျဖစ္သြားသည္အထိ ေငးၾကၫ့္ေနခဲ့ေလသည္။ ၿပီးေနာက္ အၾကၫ့္လႊဲလိုက္သည္။ သူ႔ရဲ့ပုခံုးေပၚတြင္ သူကိုယ္တိုင္ေတာင္ သတိမထားမိဘဲ ႏွင္းပြင့္မ်ား ပံုေနခဲ့ေလသည္။

ကားေပၚျပန္ေရာက္သည္ႏွင့္ အေနာက္မွာထိုင္ေနေသာ အမ်ိဳးသမီးႀကီးက ခပ္ၿပံဳးၿပံဳး ေမးလာသည္။

“အဲ့ေကာင္မေလးက သားသူငယ္ခ်င္းလား..?”

ခ်န္းရွီေကြ့က ခါးပတ္ပတ္ရင္း ေခါင္းယမ္းျပလိုက္သည္။ သူ လက္ရိွအေျခအေနကို မရွင္းျပလိုေပ။

သူ႔ရဲ့ၿမံဳစိစိအမူအရာေၾကာင့္ အမ်ိဳးသမီးႀကီးလည္း ၿပံဳးရံုသာၿပံဳးေနလိုက္ၿပီး ဆက္မေမးေတာ့ေခ်။

ခ်န္းရွီေကြ့က သူ႔ရဲ့မိခင္ကို တစ္ခ်က္ၾကၫ့္လိုက္ရင္း..

“ဟိုတစ္ေန့က ကြၽန္ေတာ္ ေအာ္ဒါမွာေပးထားတဲ့လည္ဆြဲကို သေဘာက်ရဲ့လား..?”

“ဒါေပါ့ ႀကိဳက္တာေပါ့.. သားလိမၼာေလးေၾကာင့္ အေမ့ကို လူတိုင္းမနာလိုေနၾကေရာပဲ.. မေန့က သူငယ္ခ်င္းေတြနဲ႔ ဖဲကစားေသးတယ္.. ပိုင္ကေတာ္က သားကို အရမ္းခ်ီးမြမ္းေနတာေလ.. ဘာတဲ့ သူ႔ရဲ့သားေလးျဖစ္ရင္ သိပ္ေကာင္းမွာပဲတဲ့..” ခ်န္းရွီေကြ့၏မိခင္က ေအာင္ႏိုင္သူလို အၿပံဳးပန္းဆင္ရင္း.. “သားျဖစ္သူက သူတို႔ေမ်ွာ္မွန္းထားသလို ျဖစ္မလာဘူးေလ.. အဲ့မိသားစုက သမီးမိန္းကေလးထက္ သားဆိုမွသား.. မိန္းမတစ္ေယာက္ကို စီမံခန႔္ခြဲခြင့္ ေပးရမွာထက္ သူ႔ရဲ့သားေၾကာင့္ ကုမၸဏီပ်က္စီးသြားဖို႔ကို ပိုလိုလားေနၾကတယ္.. အေမ့အထင္ေတာ့ အဲ့မိသားစုက တကယ့္ကို…..”

သူမက ေခါင္းတရမ္းရမ္းျဖင့္.. “ပိုင္မိသားစုရဲ့သမီးေလးအတြက္ေတာ့ စိတ္မေကာင္းစရာပဲ..”

လြန္ခဲ့ေသာႏွစ္အနည္းငယ္ခန႔္က ျဖစ္ရပ္တစ္ခုကို ခ်န္းရွီေကြ့ သတိရသြားသည္။ နဉ္မိသားစုအေၾကာင္း အတန္းပိုင္ဆရာမက ျပန္ေျပာျပရင္း ဤသို႔ေျပာခဲ့သည္။ ‘နဉ္ရွီအတြက္ေတာ့ စိတ္မေကာင္းစရာပဲ.. ဒီေလာက္လိမၼာတဲ့ကေလး..”

ခ်န္းရွီေကြ့ နဉ္ရွီအေၾကာင္းစံုစမ္းရန္ သူမရဲ့ေက်ာင္းကို ျပန္သြားခဲ့ေသာ္လည္း နဉ္ရွီက ေက်ာင္းထြက္သြားခဲ့ေခ်ၿပီ။ သူမ ဘယ္ေရာက္သြားမွန္း မည္သူမ်ွ မသိၾကေပ။ သူမ၏ အတန္းပိုင္ဆရာမတစ္ဦးတည္းသာ နဉ္ရွီ ႏိုင္ငံျခားသို႔ ပညာေတာ္သင္ထြက္သြားၿပီျဖစ္ေၾကာင္း ေျပာျပလာခဲ့သည္။ ထိုအေၾကာင္းမွလြဲ၍ ဘာမွထပ္မသိရခဲ့ေခ်။

ထိုေန့မွစ၍ သူမအေၾကာင္း ထပ္မၾကားရေတာ့ေပ။

“အေမၾကားတာေတာ့ သား ခ်န္း*မိသားစု(ခ်န္းယီကြၽင္း)နဲ႔ ပူးေပါင္းေဆာင္ရြက္မယ့္ကိစၥ ျငင္းလိုက္တယ္ဆို..?” ခ်န္းမူက သက္ျပင္းခ်လိုက္သည္။ “ဟိုတေလာကဆို ခ်န္း*မိသားစုက မင္းရဲ့ေဒၚေလးကို အေမနဲ႔စကားေျပာေပးဖို႔ ေတာင္းဆိုခဲ့တယ္တဲ့.. ဒီအေၾကာင္းေျပာရတာက မင္းေဒၚေလးရဲ့မ်က္ႏွာကို ေထာက္ေစခ်င္လို႔ပါ.. ဒါေပမဲ့ ကုမၸဏီကိစၥကေတာ့ သားသေဘာပဲ..”

“ခ်န္း*မိသားစုက ေဒၚေလးနဲ႔ အဆက္အသြယ္ရိွေနတာလား..?” ခ်န္းရွီေကြ့၏အသံက ေအးစက္ေနေလ၏။ “သူတို႔မိသားစုရဲ့ စီးပြားေရးလုပ္ပံုကိုင္ပံုက ကြၽန္ေတာ္တို႔နဲ႔ အရမ္းကြာျခားလြန္းတယ္.. သူတို႔နဲ႔ပူးေပါင္းဖို႔ကို ဘယ္လိုနည္းနဲ႔မွ လက္မခံႏိုင္ဘူး..”

“ဒီလိုဆိုမွေတာ့ သားေဒၚေလး ထပ္ေမးလာရင္ သားကိုယ္စား အေမျငင္းလိုက္မယ္..” ခ်န္းရွီေကြ့၏အေမက ၿပံဳးလိုက္သည္။ “သားလည္း သားရဲ့အက်င့္ေလးကို နည္းနည္း ေျပာင္းလဲမွရမယ္.. အဲ့လိုမွမဟုတ္ရင္ သားႀကိဳက္တဲ့ေကာင္မေလးမ်ိဳး ေတြ့လာတဲ့အခ်ိန္ ေကာင္မေလးက သားကို အဖက္မလုပ္ဘဲေနလိမ့္မယ္..”

“အေမ..” ခ်န္းရွီေကြ့က သူ႔ရဲ့မိခင္ကို လွၫ့္ၾကၫ့္လိုက္ၿပီး.. “အရင္ႏွစ္ေတြကလည္း ကြၽန္ေတာ္ အိမ္ေထာင္ျပဳေအာင္ အဲ့နည္းလမ္းကို သံုးၿပီးၿပီေနာ္..”

“အဲ့‌လိုလား..?”

သူ႔ရဲ့အေမလည္း ပါးစပ္ပိတ္သြားၿပီး ထိုနည္းလမ္း သံုးၿပီးၿပီလားဆိုတာ ျပန္ေတြးေနေတာ့သည္။

ႏွစ္သစ္အကူးအေျပာင္းကာလျဖစ္၍ ၿမိဳ႔ေတာ္တြင္ ႏွင္းမ်ားတဖြဲဖြဲ က်ဆင္းေနေလ၏။ က်န္းခ်င္းယြင္က နဉ္ရွီအား ပိတ္ရက္တြင္ အိမ္ျပန္လည္ရန္ ေျပာခဲ့ပါေသာ္လည္း နဉ္ရွီက ျငင္းပယ္ခဲ့သည္။ ႏွစ္တစ္ႏွစ္၏ အစႏွင့္အဆံုး အခ်ိန္မ်ားသည္ မိသားစုမ်ားအတြက္ ပြဲေတာ္ကာလမ်ားပင္။ နဉ္ရွီအတြက္ေတာ့ ထိုပြဲေတာ္မ်ားတြင္ ပါဝင္ခဲၿပီး အျပင္လူတစ္ေယာက္လို ျဖစ္ေနခဲ့ေလ၏။ သူမလို အထီးက်န္သူတစ္ေယာက္အတြက္ ပြဲေတာ္မ်ားက ေပ်ာ္စရာမေကာင္းပါေခ်။

ပလက္စတစ္လက္အိတ္ဝတ္ကာ အသီးအရြက္မ်ားကို ေဆးေၾကာလိုက္သည္။ ၿပီးေနာက္ ထမင္းအိုးတည္ကာ မီးဖိုေပၚသို႔ ဟင္းရည္အိုး တင္ထားလိုက္သည္။

အသီးအရြက္ႏွင့္ အသားငါးမ်ားပါဝင္ေသာ ေဟာ့ေပါ့ဟင္းရည္က သူမအတြက္ေတာ့ ႏွစ္သစ္ကူးညစာပင္။

(TN : ပံုမွန္ဆိုရင္ ႏွစ္သစ္ကူးညမွာ ဖက္ထုပ္တို႔၊ သက္ရွည္ေခါက္ဆြဲတို႔ စားၾကေပမယ့္ ေဟာ့ေပါ့စားေနတာက နဉ္ရွီ၏အထီးက်န္မႈကို ေဖာ္ျပတာပါ။)

TV ေပၚမွ ဟာသသရုပ္ေဆာင္က ပရိသတ္မ်ား ရယ္ေမာရေလေအာင္ ႀကိဳးစားတင္ဆက္ေနေလ၏။ သို႔ေသာ္ နဉ္ရွီ အမွန္ပင္ မရယ္ေမာႏိုင္ခဲ့ေခ်။ သူမ၏ Contact list ထဲမွလူတိုင္းသို႔ ႏွစ္သစ္ကူးဆုေတာင္း ေပးပို႔ခဲ့ၿပီးေနာက္ ကုမၸဏီ၏ Wechat gp ထဲဝင္ကာ ဆုေတာင္းစကားမ်ား ပို႔ေပးခဲ့သည္။

Group Chat ကေတာ့ အခ်ိန္တိုင္း စည္းကားေနတတ္၏။ သရုပ္ေဆာင္ငယ္ေလးမ်ားက စီနီယာသရုပ္ေဆာင္မ်ားကို ဆုေတာင္းစကား ေပးပို႔ေနၾကၿပီး စီနီယာမ်ားက ေနြးေထြးၾကင္နာစြာ ျပန္လည္တုန႔္ျပန္ၾကသည္။ အထူးသျဖင့္ စာအိတ္နီမ်ားက Group Chat ကို ပိုမိုအသက္ဝင္လာေစခဲ့သည္။

စာအိတ္နီကိုႏိွပ္လိုက္တိုင္း နဉ္ရွီ၏လက္က အလြန္လ်င္ျမန္သည္။ သို႔ေသာ္ ကံမေကာင္းခဲ့ေပ။ တျခားလူမ်ား ရာခ်ီေထာင္ခ်ီ မုန႔္ဖိုးရၾကေသာ္လည္း နဉ္ရွီကေတာ့ အေႂကြအနည္းငယ္သာ ရရိွခဲ့ေလသည္။

သူမ၏ကံမေကာင္းပံုကိုၾကၫ့္ရင္း ဂရုထဲမွလူမ်ားပင္ သူမအတြက္ ကရုဏာသက္ေနေတာ့သည္။

က်ိဳးက်န္းခြၽမ္ : “ရွီရွီ.. ဒီေန့ည လက္မေဆးထားဘူးလား..?”

ရွစ္ဖန္း : “ဒီေလာက္ကံဆိုးတာ.. ကြၽန္ေတာ္ေတာင္ မၾကၫ့္ရက္ေတာ့ဘူး..”

နဉ္ရွီ၏အျဖစ္ေၾကာင့္ လူတိုင္း ရယ္ေမာမိၾက၏။

က်ိဳ႕က်ီကုမၸဏီတြင္ အမ်ိဳးသားသရုပ္ေဆာင္မ်ားစြာ ရိွပါေသာ္လည္း သူတို႔ႏွင့္အတူ ရပ္တည္ႏိုင္ေသာ အမ်ိဳးသမီးသရုပ္ေဆာင္ကေတာ့ အနည္းအက်ဉ္းသာ။ ထို႔ေၾကာင့္ သိပ္ၿပီးနာမည္မႀကီးေသးပါေသာ္လည္း ကုမၸဏီတြင္ နဉ္ရွီ၏အဆင့္က သိပ္မနိမ့္ပါးေခ်။

သူမအေၾကာင္း ရက္ရက္စက္စက္ ဟာသလုပ္ေနသူေတြကိုၾကၫ့္ရင္း နဉ္ရွီက ‘ဂရုမစိုက္ပါဘူး’ ဟူေသာ Emoji ေလးျဖင့္ အနီေရာင္စာအိတ္တစ္ခုကို password ခံကာ ပို႔လိုက္သည္။

Password : ဧကရီနဉ္က တုႏိႈင္းမဲ့ကံေကာင္းျခင္းတို႔ရဲ့ ဘုရင္ပဲ။

သိပ္မၾကာခင္မွာပင္ တစ္ေယာက္ၿပီးတစ္ေယာက္ Password ရိုက္ထၫ့္ၿပီး စာအိတ္နီမ်ားဖြင့္ကာ သူတို႔ပို႔ထားေသာ Message မ်ား လိမ္လိမ္မာမာ ျပန္ဖ်က္သြားတာကို ျမင္လိုက္ရေလသည္။

ထိုအခိုက္အတန႔္ နဉ္ရွီ ေတြးလိုက္မိသည္။ : ‘က်ိဳ႕က်ီကုမၸဏီက သိပ္မေကာင္းတာလား.. ဒီလူေတြက နာမည္ေက်ာ္ၾကယ္ပြင့္ေတြ မဟုတ္ေတာ့တာလား..?’

က်ိဳးက်န္းခြၽမ္ : “ခနေနရင္ စင္ေပၚတက္ရေတာ့မယ္.. ငါျပန္လာတာ ေစာင့္ၾကဦးေနာ္..”

ထိုသတင္းေၾကာင့္ Group Chat တစ္ခုလံုး က်ိဳးက်န္းခြၽမ္အတြက္ ခ်ီးေျမႇာက္သံမ်ား၊ ဂုဏ္ျပဳသံမ်ားျဖင့္ ေပါက္ကြဲထြက္လာေတာ၏။ သိပ္မၾကာခင္မွာပင္ ေနြဦးပြဲေတာ္အတြက္ တိုက္ရိုက္ထုတ္လႊင့္ေနေသာ TV ရုပ္သံေပၚ၌ က်ိဳးက်န္းခြၽမ္ ေပၚထြက္လာသည္ကို နဉ္ရွီ ျမင္လိုက္ရေလသည္။

“Buzz..”

သူမ၏ဖုန္းမွ message ဝင္ေၾကာင္း အခ်က္ျပလာသည္။

သူမ,ဖြင့္ၾကၫ့္လိုက္ေသာအခါ အမည္မသိ ID ႏွင့္ ဖုန္းနံပါတ္စိမ္းမွ ႏွစ္သစ္ကူးဆုေတာင္းစကား ျဖစ္ေနခဲ့ေလ၏။ ထိုလူကို သူမ,မသိပါေခ်။ သို႔ေသာ္ တစ္ပါးသူအေပၚ အျပစ္မလုပ္မိေစရန္အလို႔ငွာ နဉ္ရွီက စာျပန္လိုက္သည္။

တစ္မိနစ္ေတာင္မၾကာဘဲ ထိုနံပါတ္ထံမွ ျပန္စာေရာက္လာသည္။

လူစိမ္း : “ေက်းဇူးတင္ပါတယ္.. ဒဏ္ရာဘယ္လိုေနေသးလဲ..?”

ထိုစာသားေၾကာင့္ နဉ္ရွီ အံဆြဲထဲမွ Visiting Card တစ္ခုကို လွမ္းယူလိုက္မိ၏။ ကဒ္ေပၚတြင္ ပံုႏိွပ္ထားေသာ ဖုန္းနံပါတ္သည္ ဤလူစိမ္း၏နံပါတ္ႏွင့္ ကြက္တိတူေနခဲ့ေလသည္။

Boss ခ်န္းဘက္က ဆုေတာင္းစကား အရင္ပို႔လာတာလား..?

နဉ္ရွီ ကိုယ့္ေခါင္းကိုယ္ျပန္ေခါက္လိုက္သည္။ သူမ မယံုၾကည္ႏိုင္ျဖစ္ေနၿပီး ဖုန္းနံပါတ္ကို ထပ္မံစစ္ေဆးလိုက္သည္။ သူမ၏မ်က္စိက သူမကို မလိမ္ညာခဲ့ပါေခ်။ ေနာက္တစ္စကၠန႔္မွာေတာ့ နဉ္ရွီ စိတ္ရႈပ္ေထြးသြားေတာ့သည္။

ေနြးေနြးေထြးေထြး စာျပန္သင့္လား..? ယဉ္ယဉ္ေက်းေက်း စာျပန္သင့္လား..? ေရြးရခက္လိုက္တာ.. စိတ္ရႈပ္စရာပဲ..!

နဉ္ရွီ မလႈပ္မယွက္ျဖင့္ ဖုန္းမ်က္ႏွာျပင္ကို ႏွစ္မိနစ္ေလာက္ၾကာေအာင္ ေငးၾကၫ့္ေနခဲ့မိသည္။ ၿပီးေနာက္ Screen ေပၚမွ Lock ေျဖလိုက္ၿပီး စာျပန္ပို႔ခဲ့သည္။

ခ်န္းမူက သူမ,သားရဲ့ စိတ္လႈပ္ရွားေနေသာ အမူအရာကို မ်က္ဝန္းေထာင့္ေလးမွ ေခ်ာင္းၾကၫ့္ေနခဲ့၏။ ၿပီးေနာက္ ကပ်ာကယာ အၾကၫ့္လႊဲလိုက္ၿပီး TV ၾကၫ့္ေနသလိုလို၊ ဘာမွမျမင္သလိုလို ဟန္ေဆာင္ေနခဲ့ေလသည္။

အား… တစ္ခ်ိန္တုန္းက အင္တိုက္အားတိုက္ ခုန္ေပါက္ေနတတ္တဲ့၊ သီခ်င္းေတြ ေအာ္ဆိုေနတတ္တဲ့ ကေလးက အရြယ္ေရာက္လာၿပီပဲ.. အခုဆို မိန္းမယူၿပီး မိသားစုတစ္ခု တည္ေထာင္ႏိုင္တဲ့အထိ ရင့္က်က္လာခဲ့ၿပီ..!

မိခင္တိုင္း၏အျမင္မွာေတာ့ သူတို႔၏ကေလးမ်ားဟာ အၿမဲတမ္း အလွပဆံုးျမင္ကြင္းပါပင္။

“မိန္းကေလးနဉ္..”

ခ်န္းရွီေကြ့သည္ ဆိုဖာေပၚမွထသြားၿပီး ျပတင္းေပါက္အနား ေလ်ွာက္သြား၏။ တစ္ဖက္မွအသံေလးကို နားေထာင္ရင္း သူကိုယ္တိုင္ပင္မသိေအာင္ ၿပံဳးေနခဲ့မိသည္။

နဉ္ရွီတစ္ေယာက္ ခ်န္းရွီေကြ့ ဖုန္းေခၚလာလိမ့္မည္ဟု မထင္ထားခဲ့ေခ်။ အံ့ဩစိတ္ေၾကာင့္ ဟင္းရည္ပန္းကန္ထဲ ျပဳတ္က်လုမတတ္ လက္တုန္ေနခဲ့သည္။

“မစၥတာခ်န္း.. Happy new year..”

နဉ္ရွီ တူျဖင့္ၫွပ္ယူထားေသာ အစားအစာမ်ားကို ေလမႈတ္လိုက္ၿပီး သူမပါးစပ္ထဲ ထၫ့္လိုက္၏။ ထိုသို႔လုပ္ၿပီးခါမွ စကားေျပာေနရင္း အစားစားတာ မယဉ္ေက်းမွန္း သတိရလိုက္သည္။ ထို႔ေၾကာင့္ တစ္ခ်က္ႏွစ္ခ်က္သာဝါးၿပီး ၿမိဳခ်လိုက္ရသည္။

“အဟြတ္.. အဟြတ္..”

တစ္ဖက္မွ ေခ်ာင္းဆိုးသံေၾကာင့္ ခ်န္းရွီေကြ့မွာ တခဏ တိတ္ဆိတ္သြားၿပီး ေမးလာခဲ့သည္။

“မိန္းကေလးနဉ္.. အဆင္ေျပရဲ့လား..?”

“အဆင္ေျပပါတယ္.. အဆင္ေျပတယ္..” နဉ္ရွီတစ္ေယာက္ ေရႏွစ္ခြက္ခန႔္ ဆင့္ေသာက္ၿပီးခါမွ လည္ပင္းကို ပြတ္သပ္လိုက္မိရင္း.. “အမႈမဲ့အမွတ္မဲ့ျဖစ္သြားတာပါ..”

နဉ္ရွီက မ်က္ရည္စမ်ား သုတ္လိုက္ရင္း အနည္းငယ္ စိတ္ဓာတ္က်သြား၏။ သူမက နတ္ဘုရားမတစ္ပါးလို ပံုရိပ္မ်ိဳး ဖန္တီးခ်င္ခဲ့ပါေသာ္လည္း ဤမ်ွရွက္ရြံ႔ဖြယ္အေျခအေနမ်ိဳးႏွင့္ အဘယ္ေၾကာင့္ အဆံုးသတ္သြားသနည္း။

ခ်န္းရွီေကြ့မွာ မၿပံဳးပဲမေနႏိုင္ေတာ့ေခ်။ ျပတင္းေပါက္အျပင္မွ တဖြဲဖြဲက်ေနေသာ ႏွင္းပြင္းမ်ားကို ေငးေမာၾကၫ့္ရင္း ပို၍ၾကည္ႏူးလာမိ၏။

“ကြၽန္ေတာ္ဖုန္းဆက္တာ အခ်ိန္မွားသြားပံုပဲ..”

“မဟုတ္တာ.. ကြၽန္မ အမွားပါ..” နဉ္ရွီ ေခါင္းကုတ္လိုက္ရင္း ေဟာ့ေပါ့အိုးကို ၾကၫ့္ေနခဲ့သည္။ “ေဟာ့ေပါ့ကို အရမ္းပူေအာင္ ခ်က္မိတဲ့ ကြၽန္မကိုယ္ကြၽန္မပဲ အျပစ္တင္ရေတာ့မယ္..”

ပံုမွန္စကားလံုးမ်ားကို ေျပာလာခဲ့သည္။ သို႔ေသာ္ ခ်န္းရွီေကြ့၏ရင္ထဲ သူ႔ရဲ့ႏွလံုးသားကို ပိုးခ်ည္မ်ွင္မ်ားျဖင့္ ရစ္ပတ္ခံလိုက္ရသလို တဆစ္ဆစ္ နာက်င္လာေစ၏။

“အင္း.. ႏွင္းက်ေနတဲ့အခ်ိန္ ေဟာ့ေပါ့စားတာ ေကာင္းတာေပါ့..”

“ဒါေပါ့.. ဒီအတိုင္း ေဟာ့ေပါ့စားခ်င္လာလို႔ေလ.. ဖက္ထုပ္စားရတာ ရိုးအီေနၿပီ.. မစၥတာခ်န္း ေျပာတဲ့အတိုင္းပဲ..”

သူမက အသံတစ္ခ်က္မွ တုန္မသြားဘဲ ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ေလ၏။

“အြန္း..” ခ်န္းရွီေကြ့က မီးပန္းေဖာက္သံမ်ား ၾကားလိုက္ရတာေၾကာင့္.. “ေပ်ာ္ရႊင္ဖြယ္ရာ ႏွစ္သစ္ကူးပါ.. မစၥနဉ္..”

မီးရႉးမီးပန္းမ်ားက ေကာင္းကင္ယံထက္ ေတာက္ပလ်က္၊ ျမင္ကြင္းလွလွေလးမ်ား ဖန္တီးေနေလ၏။ သို႔ေသာ္ ခ်န္းရွီေကြ့၏ အာရံုကေတာ့ သူ႔ရဲ့ဖုန္းအေပၚသာ ရိွေနခဲ့သည္။

“ေက်းဇူးတင္ပါတယ္.. ခ်န္းကုမၸဏီတစ္ခုလံုး ဒီထက္မက တိုးတက္ႀကီပြားပါေစလို႔ ေတာင္းဆုျပဳပါတယ္..” နဉ္ရွီက ၿပံဳးလိုက္ရင္း.. “ၿပီးေတာ့ မစၥတာခ်န္းရဲ့မိသားစုဝင္ေတြလည္း က်န္းမာေရးေကာင္းၿပီး ေပ်ာ္ရႊင္ပါေစလို႔ ေတာင္းဆုျပဳပါတယ္..”

“ကိုယ့္ရဲ့အေမကို မင္းရဲ့ဆုေတာင္းစကား ျပန္ေျပာလိုက္ပါ့မယ္..” သူက သူ႔အေမကို လွၫ့္ၾကၫ့္လိုက္သည္။ ၿပီးေနာက္ ဆက္ေျပာလာသည္။ “အဲ့မွာေရာ မီးရႉးမီးပန္းေတြ ျမင္ရလား..?”

နဉ္ရွီ ေတာင့္ခဲသြားသည္။ သူမ တူကိုခ်ကာ မတ္တပ္ရပ္လိုက္ၿပီး ျပတင္းေပါက္အနား ေလ်ွာက္သြားလိုက္သည္။ ထို႔ေနာက္ လိုက္ကာစကို ဖယ္လိုက္၏။ အျပင္ပန္းတြင္ မီးရႉးမီးပန္းမ်ားက ပြင့္လန္းလာေသာ ပန္းပြင့္ႀကီးမ်ားႏွယ္ ေကာင္းကင္ယံထက္ စိုးမိုးေနေလ၏။ ထိုျမင္ကြင္းက ကမ႓ာေျမျပင္တစ္ခုလံုး နတ္ျပည္နတ္နန္းသဖြယ္ ေျပာင္းလဲသြားရသလိုပင္။

“ျမင္ရတယ္..” သူမက ၿပံဳးလိုက္ရင္း စိတ္ေပါ့ပါးစြာ ဆက္ေျပာခဲ့သည္။ “အရမ္းလွတယ္..”

တစ္ဖက္လူထံမွ အသံမၾကားရေတာ့ေခ်။ သို႔ေသာ္ မီးပန္းေဖာက္သံမ်ားက ဖုန္းကိုျဖတ္၍ ေပၚထြက္လာခဲ့သည္။

“ကိုယ္ၾကားဖူးတာေတာ့ ႏွစ္သစ္ကူးပြဲေတာ္ၾကၫ့္ရင္း ေဟာ့ေပါ့စားရင္း မီးပန္းအလွေတြကိုေတြ ခံစားတာက ႏွစ္သစ္ကူးတဲ့ အေကာင္းဆံုးနည္းလမ္းတဲ့..”

နဉ္ရွီ အတန္ငယ္ ေတာင့္ခဲသြားၿပီး တခဏၾကာေတာ့ ရယ္ေမာလာခဲ့၏။

သူမ၏ရယ္ေမာသံေလး ၾကားလိုက္ရၿပီးေနာက္ ခ်န္းရွီေကြ့က ႏူးညံ့ေနြးေထြးစြာ ေျပာလာခဲ့သည္။

“ေဟာ့ေပါ့စားေနတာကို မေနွာင့္ယွက္ေတာ့ပါဘူး.. Good Night.. ၿပီးေတာ့ Happy New Year..”

“Good Night..” နဉ္ရွီ ထိုအမ်ိဳးသား၏စကားေၾကာင့္ ရယ္ေမာလိုက္ရင္း ဖုန္းက်သြားမည္ကို ေစာင့္ဆိုင္းေနလိုက္သည္။ သို႔ေသာ္ စကၠန႔္သံုးဆယ္အၾကာထိ ဖုန္းမက်ေသးေပ။ “မစၥတာခ်န္း..?”

“ကိုယ္ရိွတယ္..”

သူ႔စကားေၾကာင့္ နဉ္ရွီ၏ရင္ထဲ ထူးထူးဆန္းဆန္း ခံစားလိုက္ရသည္။

“တာ့တာ..”

“တာ့တာ..”

ဤတစ္ေခါက္ေတာ့ ဖုန္းတကယ္က်သြားေခ်ၿပီ။ နဉ္ရွီ အနက္ေရာင္စခရင္ေလးကိုၾကၫ့္ၿပီး ေဟာ့ေပါ့အိုးကို ျပန္ၾကၫ့္လိုက္မိသည္။ ၿပီးေနာက္ ရုတ္ခ်ည္း ထေအာ္လိုက္သည္။

သူမရဲ့ဟင္းခ်က္စေကးက လက္ရည္က်သြားတာပဲ..!

………………………………………………………..

Continue Reading

You'll Also Like

108K 9K 153
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
63.5K 3.7K 90
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
230K 20.2K 54
What's going on with savage male empress Ru Ru from heaven ? MAHARVERSE SEASON 2|| START DATE - June 26 2023 END DATE - May 9 2024
125K 12.3K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်